၅နာရီထိုးပြီး ၅မိနစ်မှာ ကျီဖန်ယင်းသည် သူပို့ထားတဲ့လိပ်စာကို ရောက်ရှိလာသည်။
စားသောက်ဆိုင်သည် တံတားပေါ်တွင် တည်ရှိတာကြောင့် ရှုခင်းသည် အတော်လေးကောင်းပါသည်။ ဒီနေရာသည် အလွန်စျေးကြီးသော်လည်း လူံခြုံရေးသည် အလွန်ကောင်းမွန်ပါသည်။ ထို့အတွက်ကြောင့် နာမည်ကြီးအများစုသည် ဒီနေရာတွင် လာရောက်စားသောက်တတ်ကြသည်။
ကျီဖန်ယင်းသည် ဧည့်ကြိုကောင်တာတွင် အခန်းနံပါတ်ကို ပြောလိုက်ပြီး စားပွဲထိုးတစ်ယောက်က သူမကို ခေါ်သွားပေးခဲ့သည်။
လူခြောက်ယောက်အတွက် အခန်းဖြစ်သော်လည်း ဘိုင်ကျိုး တစ်ယောက်တည်းသာ အခန်းထဲတွင် ရှိနေသည်။ သူ့လက်ထဲမှာ ဖုန်းကို အလျားလိုက် ကိုင်ထားပြီး နားကြပ်တပ်ကာ ဂိမ်းဆော့နေသည်။ သူ၏ ညာခြေထောက်ကို ဘယ်ဘက်ခြေထောက်ကို ပေါ့ပေါ့ဆဆ တင်ထားသဖြင့် ဆိုးသွမ်းသောကောင်ငယ်လေးကဲ့သို့ ဖြစ်နေသည်။
တံခါးဖွင့်သံကို ကြားလိုက်ချိန်သည် သူသည် အမှုမဲ့အမှတ်မဲ့ မော့ကြည့်လိုက်သည်။
တံခါးဝမှာ ရပ်နေတဲ့လူကို မြင်လိုက်ရတော့ ချက်ချင်းဆိုသလို စက္ကန့်အတော်ကြာ အေးခဲသွားတယ်။ သူသည် ကြောင်တက်တက်နဲ့ ခြေထောက်ကိုချကာ ချီတုံချတုံနဲ့ "မမ?"
သူ့အသင်းဖော်တွေက နားကြပ်ပေါ်ကနေ သူ့ကို အော်ဟစ်ဆဲဆိုနေကြပေမယ့် သူ၏ခေါင်းထဲဝင်မသွားချေ။ သူကိုင်နေသည့် heroသည် စက္ကန့်အနည်းငယ်အတွင်း ရန်သူများ၏တိုက်ခိုက်မှုကို ခံလိုက်ပြီး သေသွားသော်လည်း သူစိတ်မဝင်စားနိုင်ပေ။
ခဏအကြာတွင် သူသည် ဖုန်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး "မင်း သူနဲ့ဘာမှတူမနေဘူး။"
တံခါးဝမှာ ရပ်နေတဲ့ အမျိုးသမီးက သူ့ကို သံသယဖြစ်စွာ ကြည့်ပြီး "ဘယ်သူနဲ့ တူတာကိုပြောနေတာလဲ။"ဟု မေးလိုက်သည်။
တကယ်တော့ ဘိုင်ကျိုးဟာ မနေ့ညက စုန့်ရှီးယွီ ပြောတာကို မယုံခဲ့ပါဘူး။ ကျီရှင်းရှင်း ပဲရစ်မြို့ကို ထွက်ခွာသွားပြီးနောက် သူစိတ်လွတ်သွားသည်ဟုသာ ထင်ခဲ့သည်။
ကျီဖန်ယင်းက ဘယ်လိုလူလဲဆိုတာ မသိတဲ့လူရောရှိလား။ သူနဲ့ ငါ့မမကို နှိုင်းလို့ကိုမရဘူး။
ဘိုင်ကျိုးဟာ သူမရဲ့ သရုပ်ဆောင်မှုထဲမှ အမှားများကို ရွေးပြီး အရှက်ခွဲဖို့ ရည်ရွယ်ချက်နဲ့ ချိန်းခဲ့ပေမယ့် တွေ့ဆုံပြီး တစ်မိနစ်အတွင်းမှာပဲ သူမ၏ အမှားကိုမရှာနိုင်ဘူးဆိုတာ သိလိုက်ရသည်။
ကျီရှင်းရှင်းကိုယ်တိုင် သူ့ရှေ့မှာ ရပ်နေတဲ့အတိုင်းပါပဲ။
အံ့သြစရာတောင်မရှိဘူး၊ စုန့်ရှီးယွီက ဘာလို့...
သေစမ်း။
ဘိုင်ကျိုး ရုတ်တရက် ကျပ်တည်းသွားသည်။ ကျီဖန်ယင်းကို အနိုင်ယူချင်သည့်အတွက် သူ၏အသိစိတ်ကို သစ္စာဖောက်ပြီး စောစောကပြောခဲ့သမျှကို ပြန်ရုတ်သိမ်းကာ "မင်းသူနဲ့ဘာမှတူမနေဘူး။ မမက လုံးဝ… လုံးဝ…"
သူပြောစရာ ဘာမှမရှိတာကြောင့် ချောင်ပိတ်သွားသည်။
ကျီဖန်ယင်းသည် ဘိုင်ကျိုးဆီသို့ လျှောက်သွားကာ သူ့အနားတွင် ကပ်ထိုင်လိုက်သည်။ သူသည် အရမ်းစိတ်လှုပ်ရှားနေတာကြောင့် မသိစိတ်မှ အသက်အောင့်ကာ အနည်းငယ် နောက်ကိုပြန်ဆုတ်သွားတယ်။
"ငါမင်းကို ခဏခဏ ပြောတယ်မဟုတ်ဘူးလား။" သူမသည် ဘိုင်ကျိုး၏နဖူးကို လက်ညိုးဖြင့် ဖွဖွလေး တောက်လိုက်ကာ သက်ပြင်းချလိုက်သည်။ "မျက်ကွင်းတွေညိုနေတာကို ကြည့်ဦး။ ထပ်ပြီး ညနောက်ကျတဲ့အထိ ဂိမ်းဆော့ပြန်ပြီ။ မင်းစောစောမအိပ်ရင် အရပ်ရှည်လာမှာမဟုတ်ဘူးနော်~"
ဘိုင်ကျိုးက မသိစိတ်မှ တုံ့ပြန်လိုက်သည် "ကျွန်တော် အရွယ်ရောက်နေပါပြီ။ ကျွန်တော့အရပ်က ၆ပေတောင်ရှိနေပြီ၊ မမထပ် ခေါင်းတစ်လုံးတောင် ပိုရှည်…"
ဒါပေမယ့် သူ့စကားက တစ်ဝက်မှာ ရပ်တန့်သွားတယ်။ သူသည် မျက်လုံးကိုတင်းကျပ်စွာမှိတ်လိုက်ပြီး "ကျီဖန်ယင်း!"
ကျီဖန်ယင်းသည် သူမနာမည်ကို ကျယ်လောင်စွာအော်နေသော်လည်း မတုံ့ပြန်ခဲ့ပေ။ အဲဒီအစား သူမဟာ မကျေမနပ်နဲ့ "ငါတို့ အတူတူထမင်းစားဖို့က မလွယ်တာကို မင်းကတခြားတစ်ယောက်အကြောင်းပဲ ပြောနေတော့မှာလား"
ဒီအချိန်မှာ ဘိုင်ကျိုး၏ စိတ်ထဲတွင် မရေမတွက်နိုင်သော ဆိုးရွားသောစကားများစွာ ရှိနေခဲ့ပေမယ့် ကျီဖန်ယင်းရဲ့ မျက်နှာကို မြင်လိုက်ရချိန်မှာတော့ သူထုတ်မပြောနိုင်တော့ပေ။
မမကို စော်ကားမိသလိုပဲ။
"မင်းဒီလိုထပ်လုပ်နေရင် ငါသွားတော့မယ်။" ကျီဖန်ယင်းက တင်းမာစွာပြောသည်။ "ငါအခုချက်ချင်း ထွက်သွားပြီး မင်းတစ်ယောက်တည်းပဲ စားချင်လား။"
ဘိုင်ကျိုးက သူမကို ကြည့်ဖို့ ခေါင်းကို မော့လိုက်သည်။
ဒါဟာ လုံးဝရယ်ရပါသည်။ သူမရဲ့ အသွင်အပြင်၊ အမူအရာတွေမပြောနဲ့၊ မျက်လုံးတွေထဲမှာတောင် ကွာခြားမှုကို မတွေ့နိုင်ပေ။ ကျီဖန်ယင်းကိုသာ ယွမ်သုံးသိန်းပေးပြီး ကြိုချိန်းခဲ့တာကိုမသိရင် တကယ် ကျီရှင်းရှင်းက သူနဲ့တွေ့ဖို့ ပဲရစ်ကနေ သီးသန့်လေယာဉ်နဲ့ ပြန်လာခဲ့တယ်လို့ သူတကယ်ထင်တော့မလို့ပင်။
ကျီဖန်ယင်း သရုပ်ဆောင်နေတဲ့ ရှိုးတစ်ခုမှန်းသိပေမယ့်...
စုန့်ရှီးယွီသည် ကျီဖန်ယင်းကို အစားထိုးပြီး အလွမ်းဖြေနေတာကို သိလိုက်ရချိန်တုန်းက သူ ရွံရှာခဲ့ပေမဲ့လည်း...
"မသွားနဲ့" ဘိုင်ကျိုးက ပြောလိုက်သည်၊ "မသွားနဲ့၊ ငါနဲ့အတူလာစား။"
သူသည် ဘေးက ကုလားထိုင်ကို ဆွဲထုတ်ကာ မီနူးကို စားပွဲပေါ် အသံကျယ်ကြီးဖြင့် ပစ်ချလိုက်သည်။
နောက်ဆုံးတွင် ကျီဖန်ယင်းက ထိုင်လိုက်ပြီး "ဒီလိုမှပေါ့။" ဟု ချီးကျူးလိုက်ပါတယ်။
_____________________________________________
Zawgyi
သေစမ်း။
_____________________________________________