ဘိုင်ကျိုးသည် အရက်မူးနေပြီး ဆိုင်ကယ်မမောင်းနိုင်သဖြင့် ဝန်ထမ်းခေါ်ရန် အချိန်အနည်းငယ်ကြာဦးမည်ဖြစ်သည်။
ရွေးစရာလမ်းမရှိတော့တာကြောင့် မောက်မာစွာဖြင့် ကျီဖန်ယင်းကို လျစ်လျူရှုပြီး စုန့်ရှီးယွီနှင့်သာ စာရင်းရှင်းရန်လုပ်ခဲ့သည်။
စုန့်ရှီးယွီက ဆိုဖာပေါ်မှာ အိပ်နေစဉ် ဘိုင်ကျိုးက သူ့မျက်နှာပေါ် ရေအေးတစ်ခွက်ကို မညှာမတာ ပက်လိုက်ပါတယ်။ စုန့်ရှီးယွီသည် ချက်ချင်းပင် မျက်လုံးဖွင့်လိုက်သော်လည်း အရက်ရှိန်ကြောင့် သတိသိပ်မကပ်တုန်းပင်။ သူ၏မျက်နှာပေါ်ရှိ ရေများကို သုတ်လိုက်ပြီး စိုစွတ်နေသော ဆံပင်များကို အနောက်သို့ သပ်လိုက်ကာ "ရှင်းရှင်းရော" ဟု အလိုလိုမေးသည်။
"မမက ပဲရစ်မှာဆိုတာ မသိလို့လား။" ဟု ဘိုင်ကျိုးက လှောင်ပြောင်လိုက်သည်။
စုန့်ရှီးယွီသည် သူ့ကို အချိန်မရွေး ထရိုက်တော့မည့်ပုံပေါ်နေသော ဘိုင်ကျိုးကို မော့ကြည့်ကာ ပုံမှန်အတိုင်းပင် "မင်းသိသွားပြီပေါ့။ ကျန်တဲ့သူတွေ ခဏအပြင်ထွက်နေကြဦး။ ငါသူနဲ့ သီးသန့်ပြောစရာစကားရှိလို့။"
သူ၏စကားက သူတို့နှစ်ယောက် ရန်ပွဲဖြစ်မည်ကို စိုးရိမ်စွာ တံခါးဝနားတွင် ထိတ်လန့်စွာ ရပ်နေသော မန်နေဂျာနှင့် စားပွဲထိုးကို ရည်ရွယ်ပြောလိုက်ခြင်းဖြစ်သည်။
မန်နေဂျာက စားပွဲထိုးကို အမြန်ခေါ်သွားကာ သူတို့နောက်က တံခါးကိုပါ ပိတ်ခဲ့ပေးလိုက်သည်။
ထို့ကြောင့် အခန်းထဲတွင် စုန့်ရှီးယွီနှင့် ဘိုင်ကျိုးတို့သာကျန်ခဲ့တော့သည်။
စုန့်ရှီးယွီသည် နှေးကွေးစွာဖြင့် စတင်ပြောဆိုခဲ့သည်၊ "လူတွေက အထီးကျန်တယ်လို့ ခံစားရတဲ့အခါ အိမ်မွေးတိရစ္ဆာန်တွေကို မွေးတတ်ကြတယ်။ အဲ့လိုပဲ ရှင်းရှင်းမရှိတဲ့အချိန် လွမ်းတာဖြေဖို့ ကျီဖန်ယင်းကိုသုံးနေတာ။ မင်းလည်း သူ့မျက်နှာကိုလည်း မြင်ဖူးတာပဲ။ အမွှာတွေ တော်တော်များများက ကြီးလာတာနဲ့ ရုပ်ရည်တွေ မတူကြတော့ပေမဲ့ သူတို့နှစ်ယောက်ကတော့ ချွတ်စွပ်တူနေကြတုန်းပဲလေ။
"အဲဒါ ငါ့ကိစ္စမဟုတ်ဘူး" ဘိုင်ကျိုးက အေးစက်စက်နဲ့ ပြန်ဖြေတယ်။ "ငါ့လက်ထဲမှာ သက်သေတွေ ရှိပြီးသား။ မင်းမမရှေ့မှာ ထပ်ပေါ်မလာစေနဲ့။"
စုန့်ရှီးယွီသည် ဘိုင်ကျိုးကိုကြည့်ပြီး ရယ်မောလိုက်သည်။ သူသည် အရွယ်မရောက်သေးသောသူကို ဆက်ဆဲနေသကဲ့သို့ "ကျီဖန်ယင်း သရုပ်ဆောင်တာ အရမ်းကောင်းတယ်။ တကယ် ရှင်းရှင်းက ငါ့ဘေးမှာ ရှိနေတဲ့အတိုင်းပဲ။ ပြီးတော့ သူက ပါးနပ်ပြီး ငါကြားချင်တာတွေကိုလည်း သိတယ်။ ကမ္ဘာပေါ်မှာ ဒီထက် ပိုကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန်မျိုး ရှိပါ့မလား။"
စုန့်ရှီးယွီသည် ဘိုင်ကျိုး၏ မျက်နှာအမူအရာကို လျစ်လျူရှုပြီး သူ့ကို ကြည့်နေလေသည်။
"ငါမင်းကို စမ်းကြည့်ဖို့ အကြံပေးတယ်။ မင်းသေချာပေါက် သဘောကျမှာပါ။ ငါမင်းအတွက် လျှို့ဝှက်ထားပေးမယ်။"
ဘိုင်ကျိုးသည် စုန့်ရှီးယွီကို ပြန်လည်အသုံးပြု၍မရတော့သော အမှိုက်ကဲ့သို့ ကြည့်လိုက်သည်။
မိနစ်အနည်းငယ်ကြာတော့ စိတ်မြန်လက်မြန်ရှိသောလူငယ်လေးသည် အခန်းထဲက ကြမ်းတမ်းစွာထွက်သွားသည်။
စုန့်ရှီးယွီက သူ့ကို မတားပေ။ အဲဒီအစား သူသည် ဆိုဖာပေါ်သို့ လှဲချလိုက်ပြီး စီးကရက်ကို မီးညှိလိုက်တယ်။ သူ၏ခေါင်းကို အပေါ်သို့ မော့ကာ ရှည်လျားသော မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။
သူသိသွားပြီဆိုတော့ ငါသူ့ကိုပါ ဒီထဲကြံရာပါအဖြစ် ပါလာအောင် ဆွဲခေါ်ရမယ်။ မဟုတ်ရင် သူ ဒီအကြောင်းကို တကယ် ရှင်းရှင်းကို ပြောပြလိမ့်မယ်။
…
ကျီဖန်ယင်းသည် ဘားတွင် စုန့်ရှီးယွီကို တစ်ယောက်တည်း ထားခဲ့ပေမဲ့လည်း မည်သည့်အပြစ်ရှိစိတ်ကိုမှ မခံစားနေရပေ။ ဘားက သူတို့ရဲ့ အဖိုးတန်VIPဧည့်သည်ကို တစ်ခုခုဖြစ်စေမှာမဟုတ်သလို ဘိုင်ကျိုးသည်လည်း သူ့ကို 'အဖော်ပြုပေး'နေသည်။
သူမသည် ဒီနေ့တစ်နေကုန် အလုပ်ကို ကြိုးကြိုးစားစားလုပ်ခဲ့သည်ဟု ခံစားနေရပြီး အိမ်သို့ရောက်သည်နှင့် မိတ်ကပ်ကိုအမြန်ဖျက်ကာ အိပ်ယာပေါ်တက်အိပ်လိုက်တော့သည်။
နောက်တစ်နေ့တွင် ကျီဖန်ယင်းသည် 'Do Not Disturb' မုဒ်တွင် နံပါတ်တစ်ခုထဲမှ ဖုန်းခေါ်ဆိုမှုများစွာ လွတ်သွားကြောင်း မြင်လိုက်ရသည်။
သူမသည် လျစ်လျူရှုကာ ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။ ထို့နောက် သူမ မနက်စာအတွက် ကြက်ဥမွှေကြော် လုပ်ရန် မီးဖိုချောင်ထဲသို့ ဝင်နေချိန် တူညီသောနံပါတ်မှ ထပ်မံခေါ်ဆိုလာသည်။ ဖုန်းခေါ်ဆိုသူသည် သူမကိုင်မချင်း ဖုန်းခေါ်နေမည့်ပုံပင်။
လက်တစ်ဖက်မှ ကြက်ဥများကို မွှေနေရင်း တခြားလက်တစ်ဖက်ဖြင့် ဖုန်းကိုကိုင်ကာ ပေါ့ပေါ့ပါးပါး အသံဖြင့် "ဟဲလို?"
ဖုန်း၏ တခြားတစ်ဖက်မှလူသည် ဒေါသထွက်နေပုံရပြီး "ငါပါ။"
အာ... ဘိုင်ကျိုးပဲ။
"နံပါတ်မှားနေတယ်ထင်တယ်နော်၊ ဒါပါပဲ။" လို့ ကျီဖန်ယင်းက စိတ်မ၀င်စားတဲ့ လေသံနဲ့ ပြန်ဖြေလိုက်တယ်။
"သရုပ်ဆောင်မနေနဲ့။" ဘိုင်ကျိုးက သူမဆီမှ လှည့်စားမခံလိုက်ရဘဲ "စုန့်ရှီးယွီနဲ့ မင်းတို့ ဆက်ဆံရေးအကြောင်း ငါသိတယ်။"
ဒီစကားများကို ခြိမ်းခြောက်မှုတစ်ခုကဲ့သို့ ပြောနေပေမယ့် ကျီဖန်ယင်းကိုတော့ မထိရောက်ပေ၊ "ဟုတ်တယ်၊ အဲ့တော့။"
"မင်းဘာတွေလုပ်နေလဲဆိုတာ မင်းမိသားစုကသိလား။"
"သူတို့ဘယ်လိုမြင်မြင် ငါဂရုမစိုက်ဘူး။"
"မင်းညီမကရော။"
"ပြောချင်ပြောလိုက်၊ စိတ်မဆိုးဘူး။"
ဘိုင်ကျိုးသည် အဓိပ္ပါယ်မရှိသော မေးခွန်းအချို့ကို မေးပြီးနောက် ခဏလောက် တိတ်ဆိတ်သွားပြီး "... စုန့်ရှီးယွီက မင်းကို ဘယ်လောက်ပေးလဲ။" ဟူသော အဓိကမေးခွန်းကို တွန့်ဆုတ်စွာ မေးလာသည်။
{T/N:ဒါလေးကိုpaidဖွင့်ရမလားလို့ စဉ်းစားနေတာပါ။ ဝင်မဲ့လူလေးများရှိကြလား။}
_____________________________________________
Zawgyi
ဘိုင္က်ိဳးသည္ အရက္မူးေနၿပီး ဆိုင္ကယ္မေမာင္းနိုင္သျဖင့္ ဝန္ထမ္းေခၚရန္ အခ်ိန္အနည္းငယ္ၾကာဦးမည္ျဖစ္သည္။
ေ႐ြးစရာလမ္းမရွိေတာ့တာေၾကာင့္ ေမာက္မာစြာျဖင့္ က်ီဖန္ယင္းကို လ်စ္လ်ဴရႈၿပီး စုန့္ရွီးယြီႏွင့္သာ စာရင္းရွင္းရန္လုပ္ခဲ့သည္။
စုန့္ရွီးယြီက ဆိုဖာေပၚမွာ အိပ္ေနစဥ္ ဘိုင္က်ိဳးက သူ႕မ်က္ႏွာေပၚ ေရေအးတစ္ခြက္ကို မညွာမတာ ပက္လိုက္ပါတယ္။ စုန့္ရွီးယြီသည္ ခ်က္ခ်င္းပင္ မ်က္လုံးဖြင့္လိုက္ေသာ္လည္း အရက္ရွိန္ေၾကာင့္ သတိသိပ္မကပ္တုန္းပင္။ သူ၏မ်က္ႏွာေပၚရွိ ေရမ်ားကို သုတ္လိုက္ၿပီး စိုစြတ္ေနေသာ ဆံပင္မ်ားကို အေနာက္သို႔ သပ္လိုက္ကာ "ရွင္းရွင္းေရာ" ဟု အလိုလိုေမးသည္။
"မမက ပဲရစ္မွာဆိုတာ မသိလို႔လား။" ဟု ဘိုင္က်ိဳးက ေလွာင္ေျပာင္လိုက္သည္။
စုန့္ရွီးယြီသည္ သူ႕ကို အခ်ိန္မေ႐ြး ထရိုက္ေတာ့မည့္ပုံေပၚေနေသာ ဘိုင္က်ိဳးကို ေမာ့ၾကည့္ကာ ပုံမွန္အတိုင္းပင္ "မင္းသိသြားၿပီေပါ့။ က်န္တဲ့သူေတြ ခဏအျပင္ထြက္ေနၾကဦး။ ငါသူနဲ႕ သီးသန့္ေျပာစရာစကားရွိလို႔။"
သူ၏စကားက သူတို႔ႏွစ္ေယာက္ ရန္ပြဲျဖစ္မည္ကို စိုးရိမ္စြာ တံခါးဝနားတြင္ ထိတ္လန႔္စြာ ရပ္ေနေသာ မန္ေနဂ်ာႏွင့္ စားပြဲထိုးကို ရည္႐ြယ္ေျပာလိုက္ျခင္းျဖစ္သည္။
မန္ေနဂ်ာက စားပြဲထိုးကို အျမန္ေခၚသြားကာ သူတို႔ေနာက္က တံခါးကိုပါ ပိတ္ခဲ့ေပးလိုက္သည္။
ထို႔ေၾကာင့္ အခန္းထဲတြင္ စုန့္ရွီးယြီႏွင့္ ဘိုင္က်ိဳးတို႔သာက်န္ခဲ့ေတာ့သည္။
စုန့္ရွီးယြီသည္ ႏွေးေကြးစြာျဖင့္ စတင္ေျပာဆိုခဲ့သည္၊ "လူေတြက အထီးက်န္တယ္လို႔ ခံစားရတဲ့အခါ အိမ္ေမြးတိရစ္ဆာန္ေတြကို ေမြးတတ္ၾကတယ္။ အဲ့လိုပဲ ရွင္းရွင္းမရွိတဲ့အခ်ိန္ လြမ္းတာေျဖဖို႔ က်ီဖန္ယင္းကိုသုံးေနတာ။ မင္းလည္း သူ႕မ်က္ႏွာကိုလည္း ျမင္ဖူးတာပဲ။ အမႊာေတြ ေတာ္ေတာ္မ်ားမ်ားက ႀကီးလာတာနဲ႕ ႐ုပ္ရည္ေတြ မတူၾကေတာ့ေပမဲ့ သူတို႔ႏွစ္ေယာက္ကေတာ့ ခြၽတ္စြပ္တူေနၾကတုန္းပဲေလ။
"အဲဒါ ငါ့ကိစၥမဟုတ္ဘူး" ဘိုင္က်ိဳးက ေအးစက္စက္နဲ႕ ျပန္ေျဖတယ္။"ငါ့လက္ထဲမွာ သက္ေသေတြ ရွိၿပီးသား။မင္းမမေရွ႕မွာ ထပ္ေပၚမလာေစနဲ႕။"
စုန့္ရွီးယြီသည္ ဘိုင္က်ိဳးကိုၾကည့္ၿပီး ရယ္ေမာလိုက္သည္။ သူသည္ အ႐ြယ္မေရာက္ေသးေသာသူကို ဆက္ဆဲေနသကဲ့သို႔ "က်ီဖန္ယင္း သ႐ုပ္ေဆာင္တာ အရမ္းေကာင္းတယ္။တကယ္ ရွင္းရွင္းက ငါ့ေဘးမွာ ရွိေနတဲ့အတိုင္းပဲ။ ၿပီးေတာ့ သူက ပါးနပ္ၿပီး ငါၾကားခ်င္တာေတြကိုလည္း သိတယ္။ ကမၻာေပၚမွာ ဒီထက္ ပိုေကာင္းတဲ့ အိမ္ေမြးတိရိစ္ဆာန္မ်ိဳး ရွိပါ့မလား။"
စုန့္ရွီးယြီသည္ ဘိုင္က်ိဳး၏ မ်က္ႏွာအမူအရာကို လ်စ္လ်ဴရႈၿပီး သူ႕ကို ၾကည့္ေနေလသည္။
"ငါမင္းကို စမ္းၾကည့္ဖို႔ အႀကံေပးတယ္။မင္းေသခ်ာေပါက္ သေဘာက်မွာပါ။ ငါမင္းအတြက္ လွ်ို႔ဝွက္ထားေပးမယ္။"
ဘိုင္က်ိဳးသည္ စုန့္ရွီးယြီကို ျပန္လည္အသုံးျပဳ၍မရေတာ့ေသာ အမွိုက္ကဲ့သို႔ ၾကည့္လိုက္သည္။
မိနစ္အနည္းငယ္ၾကာေတာ့ စိတ္ျမန္လက္ျမန္ရွိေသာလူငယ္ေလးသည္ အခန္းထဲက ၾကမ္းတမ္းစြာထြက္သြားသည္။
စုန့္ရွီးယြီက သူ႕ကို မတားေပ။ အဲဒီအစား သူသည္ ဆိုဖာေပၚသို႔ လွဲခ်လိဳက္ၿပီး စီးကရက္ကို မီးညွိလိုက္တယ္။ သူ၏ေခါင္းကို အေပၚသို႔ ေမာ့ကာ ရွည္လ်ားေသာ မီးခိုးေငြ႕မ်ားကို မႈတ္ထုတ္လိုက္သည္။
သူသိသြားၿပီဆိုေတာ့ ငါသူ႕ကိုပါ ဒီထဲႀကံရာပါအျဖစ္ ပါလာေအာင္ ဆြဲေခၚရမယ္။မဟုတ္ရင္ သူ ဒီအေၾကာင္းကို တကယ္ ရွင္းရွင္းကို ေျပာျပလိမ့္မယ္။
က်ီဖန္ယင္းသည္ ဘားတြင္ စုန့္ရွီးယြီကို တစ္ေယာက္တည္း ထားခဲ့ေပမဲ့လည္း မည္သည့္အျပစ္ရွိစိတ္ကိုမွ မခံစားေနရေပ။ ဘားက သူတို႔ရဲ႕ အဖိုးတန္VIPဧည့္သည္ကို တစ္ခုခုျဖစ္ေစမွာမဟုတ္သလို ဘိုင္က်ိဳးသည္လည္း သူ႕ကို 'အေဖာ္ျပဳေပး'ေနသည္။
သူမသည္ ဒီေန႕တစ္ေနကုန္ အလုပ္ကို ႀကိဳးႀကိဳးစားစားလုပ္ခဲ့သည္ဟု ခံစားေနရၿပီး အိမ္သို႔ေရာက္သည္ႏွင့္ မိတ္ကပ္ကိုအျမန္ဖ်က္ကာ အိပ္ယာေပၚတက္အိပ္လိုက္ေတာ့သည္။
ေနာက္တစ္ေန႕တြင္ က်ီဖန္ယင္းသည္ 'Do Not Disturb' မုဒ္တြင္ နံပါတ္တစ္ခုထဲမွ ဖုန္းေခၚဆိုမႈမ်ားစြာ လြတ္သြားေၾကာင္း ျမင္လိုက္ရသည္။
သူမသည္ လ်စ္လ်ဴရႈကာ ေရခ်ိဳးရန္ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားခဲ့သည္။ထို႔ေနာက္ သူမ မနက္စာအတြက္ ၾကက္ဥေမႊေၾကာ္ လုပ္ရန္ မီးဖိုေခ်ာင္ထဲသို႔ ဝင္ေနခ်ိန္ တူညီေသာနံပါတ္မွ ထပ္မံေခၚဆိုလာသည္။ဖုန္းေခၚဆိုသူသည္ သူမကိုင္မခ်င္း ဖုန္းေခၚေနမည့္ပုံပင္။
လက္တစ္ဖက္မွ ၾကက္ဥမ်ားကို ေမႊေနရင္း တျခားလက္တစ္ဖက္ျဖင့္ ဖုန္းကိုကိုင္ကာ ေပါ့ေပါ့ပါးပါး အသံျဖင့္ "ဟဲလို?"
ဖုန္း၏ တျခားတစ္ဖက္မွလူသည္ ေဒါသထြက္ေနပုံရၿပီး "ငါပါ။"
အာ... ဘိုင္က်ိဳးပဲ။
"နံပါတ္မွားေနတယ္ထင္တယ္ေနာ္၊ ဒါပါပဲ။" လို႔ က်ီဖန္ယင္းက စိတ္မ၀င္စားတဲ့ ေလသံနဲ႕ ျပန္ေျဖလိုက္တယ္။
"သ႐ုပ္ေဆာင္မေနနဲ႕။"ဘိုင္က်ိဳးက သူမဆီမွ လွည့္စားမခံလိုက္ရဘဲ "စုန့္ရွီးယြီနဲ႕ မင္းတို႔ ဆက္ဆံေရးအေၾကာင္း ငါသိတယ္။"
ဒီစကားမ်ားကို ၿခိမ္းေျခာက္မႈတစ္ခုကဲ့သို႔ ေျပာေနေပမယ့္ က်ီဖန္ယင္းကိုေတာ့ မထိေရာက္ေပ၊"ဟုတ္တယ္၊ အဲ့ေတာ့။"
"မင္းဘာေတြလုပ္ေနလဲဆိုတာ မင္းမိသားစုကသိလား။"
"သူတို႔ဘယ္လိုျမင္ျမင္ ငါဂ႐ုမစိုက္ဘူး။"
"မင္းညီမကေရာ။"
"ေျပာခ်င္ေျပာလိုက္၊စိတ္မဆိုးဘူး။"
ဘိုင္က်ိဳးသည္ အဓိပ္ပါယ်မရှိသော ေမးခြန္းအခ်ိဳ႕ကို ေမးၿပီးေနာက္ ခဏေလာက္ တိတ္ဆိတ္သြားၿပီး "... စုန့္ရွီးယြီက မင္းကို ဘယ္ေလာက္ေပးလဲ။" ဟူေသာ အဓိကေမးခြန္းကို တြန႔္ဆုတ္စြာ ေမးလာသည္။
{T/N:ဒါေလးကိုpaidဖြင့္ရမလားလို႔ စဥ္းစားေနတာပါ။ ဝင္မဲ့လူေလးမ်ားရွိၾကလား။}
_____________________________________________