တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
By Anaisa365
349K 43.5K 541
Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDI... More
↪ဇာတ်လမ်းမိတ်ဆက်↩
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉
အခန်း၂၀
အခန်း၂၁
အခန်း၂၂
အခန်း၂၃
အခန်း၂၄
အခန်း၂၅
အခန်း၂၆
အခန်း၂၈
အခန်း၂၉
အခန်း၃၀
အခန်း၃၁
အခန်း၃၂
အခန်း၃၃
အခန်း၃၄
အခန်း၃၅
အခန်း၃၆
အခန်း၃၇
အခန်း၃၈
အခန်း၃၉
အခန်း၄၀
အခန်း၄၁
အခန်း၄၂
အခန်း၄၃
အခန်း၄၄
အခန်း၄၅
အခန်း၄၆
အခန်း၄၇
အခန်း၄၈
အခန်း၄၉
အခန်း၅၀
အခန်း၅၁
အခန်း၅၂
အခန်း၅၃
အခန်း၅၄
အခန်း၅၅
အခန်း၅၆
အခန်း၅၇
အခန်း၅၈
အခန်း၅၉
အခန်း၆၀
အခန်း၆၁
အခန်း၆၂
အခန်း၆၃
အခန်း၆၄
အခန်း၆၅
အခန်း၆၆
အခန်း၆၇
အခန်း၆၈
အခန်း၆၉
အခန်း၇၀
အခန်း၇၁
အခန်း၇၂
အခန်း၇၃
အခန်း၇၄
အခန်း၇၅
အခန်း၇၆
အခန်း၇၇
အခန်း၇၈
အခန်း၇၉
အခန်း၈၀
အခန်း၈၁
အခန်း၈၂
အခန်း၈၃
အခန်း၈၄
အခန်း၈၅
အခန်း၈၆
အခန်း၈၇
အခန်း၈၈
အခန်း၈၉
အခန်း၉၀
အခန်း၉၁
အခန်း၉၂
အခန်း၉၃
အခန်း၉၄
အခန်း၉၅
အခန်း၉၆
အခန်း၉၇
အခန်း၉၈
အခန်း၉၉
အခန်း၁၀၀
အခန်း၁၀၁
အခန်း၁၀၂
အခန်း၁၀၃
အခန်း၁၀၄
အခန်း၁၀၅
အခန်း၁၀၆
အခန်း၁၀၇
အခန်း၁၀၈
အခန်း၁၀၉
အခန်း၁၁၀
အခန်း၁၁၁
အခန်း၁၁၂
အခန်း၁၁၃
အခန်း၁၁၄
အခန်း၁၁၅
အခန်း၁၁၆
အခန်း၁၁၇
အခန်း၁၁၈
အခန်း၁၁၉
အခန်း၁၂၀
အခန်း၁၂၁
အခန်း၁၂၂
အခန်း၁၂၃
အခန်း၁၂၄
အခန်း၁၂၅
အခန်း၁၂၆
အခန်း၁၂၇
အခန်း၁၂၈
အခန်း၁၂၉
အခန်း၁၃၀
အခန်း၁၃၁
အခန်း၁၃၂
အခန်း၁၃၃
အခန်း၁၃၄
အခန်း၁၃၅
အခန်း၁၃၆
အခန်း၁၃၇
အခန်း၁၃၈
အခန်း၁၃၉
အခန်း၁၄၀
အခန်း၁၄၁
အခန်း၁၄၂
အခန်း၁၄၃
အခန်း၁၄၄
အခန်း၁၄၅
အခန်း၁၄၆
အခန်း၁၄၇
အခန်း၁၄၈
အခန်း၁၄၉
အခန်း၁၅၀
အခန်း၁၅၁
အခန်း၁၅၂
အခန်း၁၅၃
အခန်း၁၅၄
အခန်း၁၅၅
အခန်း၁၅၆
အခန်း၁၅၇
အခန်း၁၅၈
အခန်း၁၅၉
အခန်း၁၆၀
အခန်း၁၆၁
အခန်း၁၆၂
အခန်း၁၆၃
အခန်း၁၆၄
အခန်း၁၆၅
အခန်း၁၆၆
အခန်း၁၆၇
အခန်း၁၆၈
အခန်း၁၆၉
အခန်း၁၇၀
အခန်း၁၇၁
အခန်း၁၇၂
အခန်း၁၇၃
အခန်း၁၇၄
အခန်း၁၇၅
အခန်း၁၇၆
အခန်း၁၇၇
အခန်း၁၇၈
အခန်း၁၇၉
အခန်း၁၈၀
အခန်း၁၈၁
အခန်း၁၈၂
အခန်း၁၈၃
အခန်း၁၈၄
အခန်း၁၈၅
အခန်း၁၈၆
အခန်း၁၈၇
အခန်း၁၈၈
အခန်း၁၈၉
အခန်း၁၉၀
အခန်း၁၉၁
အခန်း၁၉၂
အခန်း၁၉၃
အခန်း၁၉၄
အခန်း၁၉၅
အခန်း၁၉၆
အခန်း၁၉၇
အခန်း၁၉၈
Announcement!!
အခန်း၂၇
2.3K 275 0
By Anaisa365
ဘိုင်ကျိုးဟာ ကျီဖန်ယင်း တခြားလူတစ်ယောက်ရဲ့ ကားထဲကနေ ထွက်လာတာကို မြင်ခဲ့တုန်းက သူမ ယောက်ျားတစ်ယောက်ကို ရှာတွေ့ခဲ့တာလို့ ထင်ခဲ့တယ်။
ကျီဖန်ယင်း ဘာပဲလုပ်လုပ် သူ့ကိစ္စမဟုတ်ပေမယ့် ထိုနေ့ကသူမ ကျီရှင်းရှင်းလိုဝတ်ဆင်ထားတာကို စဉ်းစားမိပြီး ကျီရှင်းရှင်း အယောင်ဆောင်ကာ တခြားသူတွေကို လှည့်စားနေသလားဟု သံသယဝင်လာခဲ့သည်။
သူ့မမရဲ့ ဂုဏ်သတင်းက အရေးကြီးပါသည်။
ဒါကြောင့် သူမနောက်ကို နောက်ယောင်ခံလိုက်ခိုင်းခဲ့တာဖြစ်သည်။ ကျီဖန်ယင်းသည် ကျီရှင်းရှင်း၏တက္ကသိုလ်တုန်းက အတန်းဖော်နှင့် ပရောပရည်လုပ်နေခဲ့သလို၊ စဉ်းစားကြည့်လျှင် သူမသည် စုန့်ရှီးယွီနှင့်လည်း ချိတ်မိနေသေးသည်။
ပြီးတော့ ထိုသူမှာလည်း မကြာသေးမီက ကျီရှင်းရှင်းကို ချစ်ခွင့်ပန်ခဲ့သော စုန့်ရှီးယွီဖြစ်သည်။
ဘိုင်ကျိုးသည် ဒီအလှည့်အပြောင်းကြောင့် ဒေါသထွက်သွားသည်။ သူသည် စိုစွတ်နေသောဆံပင်များဖြင့် ချက်ချင်းပင် ဆိုင်ကယ်ပေါ်သို့တက်ကာ နောက်ယောင်ခံလိုက်သူပို့​ပေးသောလိပ်စာဆီသို့ အမြန်​မောင်းသွားခဲ့သည်။  သူသည် ဖောက်ပြန်သော ဇနီးသည်ကို ဖမ်းရန် ဟော်တယ်အခန်းသို့ အပြေးအလွှား သွားနေသော ခင်ပွန်းနှင့် တူလုနီးပါးပင်။
ဘား၏အဝင်ဝတွင်၊ လုံခြုံရေးဝန်ထမ်းသည် ရှေ့သို့လှမ်းလာပြီး သူ့ကို တားလိုက်သည်။  "အသက်မပြည့်သေးတဲ့လူတွေ ဝင်လို့မရပါဘူး။"
ဘိုင်ကျိုးက မျက်မှောင်ကြုတ်လိုက်သည်။  သူက လုံခြုံ​ရေးဝန်ထမ်းကို ကြည့်ကာ ဖုန်းခေါ်လိုက်တယ်။
" ဟွာဇီ၊ မင်းတို့အိမ်က K+ဘားပိုင်တယ်မလား။ မင်းတို့လူတစ်ယောက်ကို ငါ့ကိုခေါ်လာခိုင်းလိုက်။"
ဘိုင်ကျိုးက အင်အားသုံးရတဲ့ နည်းလမ်းကို သုံးနိုင်ပေမယ့် အရမ်း ပေါ်လွင်သွားပါလိမ့်မယ်။ စုန့်ရှီးယွီနှင့် ကျီဖန်ယင်းတို့ သူရောက်လာတဲ့ အကြောင်းကို သိရှိကာ လွတ်သွားလျှင် သူ့ခရီးစဉ်က အချည်းအနှီး ဖြစ်သွားပါလိမ့်မည်။
ဒါနဲ့ပဲ 'သခင်လေး'က ဒီဘားနဲ့ ဆက်နွယ်နေသော သူ၏ အသိမိတ်ဆွေတစ်ယောက်ဆီ ဖုန်းဆက်လိုက်တယ်။
မကြာခင်မှာပဲ suitဝတ်ထားတဲ့ မန်နေဂျာက သူ့ကိုခေါ်လာဖို့ ထွက်လာခဲ့တယ်။
မန်နေဂျာက ဘိုင်ကျိုးကို နွေးထွေးသော အပြုံးဖြင့် ကြိုဆိုသည်။  "သခင်လေးဘိုင်၊ သခင်လေးဒီကို ရောက်လာတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ။ ကျွန်တော် သခင်လေးအတွက် အခန်းပြင်ပေးရမလားဗျ။"
"ငါလူတစ်ယောက်ကိုလာရှာတာ။" ဘိုင်ကျိုးက ဘာအတွင်းရှိ အရက်မူးနေသော လူလတ်ပိုင်းများနှင့် အမျိုးသမီးများကို စိုက်ကြည့်ရင်း အေးစက်စွာပြောလိုက်သည်။  "စုန့်ရှီးယွီ ဘယ်မှာလဲ"
ထိုမေးခွန်းကြောင့် မန်နေဂျာက အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် သူက သေချာအောင် ထပ်မေးလာတယ် "သခင်လေးက ဒီမှာ မစ္စတာစုန့်ကို လာရှာတာလားဗျ။"
"ဟုတ်တယ်။ စောစောက မိန်းမလှလေးတစ်ယောက် သူ့ကိုလာရှာသေးတယ်မလား။" ဘိုင်ကျိုးက လှောင်ပြောင်ကာ ပြောလိုက်သည်။
မန်နေဂျာသည် သဘောပေါက်သွားကာ ထိတ်လန့်သွားသည်။
သူက ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်လာဖမ်းနေတာပဲ။ မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို ထိန်းထားဖို့ ပိုက်ဆံက မလုံလောက်ဘူးထင်ပါရဲ့။
စိတ်ထဲတွင် ထိုကဲ့သို့ အတွေးမျိုးဖြင့် သူက "သခင်​လေးဘိုင်၊  ကျွန်တော်တို့ဖောက်သည်ရဲ့ အချက်အလက်တွေကိုပြောပြလို့မရလို့ပါ။ ဒါမှမဟုတ် ကျွန်တော် တစ်ယောက်ယောက်ကို သွားခေါ်ခိုင်း..."
ဘိုင်ကျိုးက သူ့စကားကို ဆက်မနားထောင်ချင်တော့ပေ။ “ငါအခု​တောင် အရမ်းစိတ်ရှည်နေတာ။ ငါ့ကိုလာမစမ်းနဲ့။"
မန်နေဂျာသည် နားလည်သွားသည်။ သူသည် ခဏမျှ တုံ့ဆိုင်းသွားကာ "မစ္စတာစုန့်ကို ကျွန်တော်တို့ အပြစ်ပြုမိလို့ မရပါဘူး။ ဒါမှမဟုတ် ကျွန်တော်သခင်လေးကို ​စောင့်​ကြည့်ခန်းထဲ ခေါ်သွားပေးရမလား။ သူတို့ စကားပြောလို့ပြီးသွားတာနဲ့ မစ္စတာစုန့်ဆီကို သွားလို့ရပြီလေ။ ဘယ်လိုထင်လဲဗျ။"
ဘိုင်ကျိုးက စုန့်ရှီးယွီနဲ့ ကျီဖန်ယင်းတို့ကြားထဲ ဘယ်လိုအရိပ်အယောင်တွေရှိလဲဆိုတာကို သိချင်တာကြောင့် ထိုအစီအစဉ်ကို ချက်ချင်းသဘောတူလိုက်တယ်။
ဘိုင်ကျိုးကို စောင့်ကြည့်ခန်းထဲခေါ်သွားရင်း မန်နေဂျာက သက်ပြင်းတစ်ချက်ချလိုက်ပါတယ်။
လူတွေဟာ အရက်မူးတဲ့အခါ ကျိုးကြောင်းဆီလျော်မှု ပျောက်သွားတတ်တာကြောင့် လုံခြုံရေးအစီအမံအနေနဲ့ CCTVကင်မရာများ ဘားထဲတွင် ပြည့်နေဖို့ လိုအပ်ပါတယ်။ K+ကဲ့သို့ နာမည်ကြီးဘားတစ်ခုသည်လည်း ချွင်းချက်မဟုတ်ပေ။
စောင့်ကြည့်ခန်းက အပြင်ဘက်ထက် ပိုတိတ်ဆိတ်နေတယ်။  ဘိုင်ကျိုးသည် ဖန်သားပြင်များ စုဝေးနေသောနေရာသို့ လျှောက်သွားပြီး စုန့်ရှီးယွီနှင့် ကျီဖန်ယင်းတို့ကို စတင်ရှာဖွေခဲ့သည်။
မန်နေဂျာက သူ့ထက် အများကြီး ပိုအတွေ့အကြုံရှိတာကြောင့် အချိန်ခဏကြာပြီးနောက် ရှာတွေ့သွားကာ ဖန်သားပြင်များစွာထဲမှ တစ်ခုကို ညွှန်ပြပြီး "ဟိုမှာပါ" ဟု ပြောလိုက်သည်။
ဘိုင်ကျိုးက ချက်ချင်း ကြည့်လိုက်တယ်။ ပုံရိပ်မှာ အနည်းငယ် မှုန်ဝါးနေသော်လည်း အခန်းထဲတွင် ဘေးချင်းကပ်ထိုင်နေသော နှစ်ယောက်သည် ကျီဖန်ယင်းနှင့် စုန့်ရှီးယွီဆိုတာ ချက်ချင်းသိနိုင်ပါသည်။
သူတို့ တကယ်ကို ဒီမှာ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ဘိုင်ကျိုးရဲ့ ပထမဆုံးအတွေးက အခန်းထဲကို အမြန်ဝင်သွားပြီး ရိုက်နှက်လိုက်ဖို့ပေမယ့် ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည် ။
စုန့်ရှီးယွီသည် ကျီဖန်ယင်းဖြင့် ဒီလိုကိစ္စများလုပ်နေခဲ့တာကြောင့် သူသည် ကျီရှင်းရှင်း၏အချစ်ကို ရဖို့ အရည်အချင်းမပြည့်မီတော့ပေ။ လောလောဆယ် သူသည် လှည့်စားခံနေရတာဆိုလျှင်တောင် ကျီရှင်းရှင်းသာ ဒီအကြောင်းကို သိသွားရင် သေချာပေါက် သူ့အပေါ်အမြင်များ ပြောင်းလဲသွားမည်ဖြစ်သည်။
ငါ သူတို့ကို မနှောက်ယှက်သင့်ဘူး။ အဲဒီအစား၊ သူတို့နှစ်ယောက်ကို ခဏခဏ တွေ့ခိုင်းပြီး သူတို့အကြောင်း သက်သေတွေ ယူထားရမယ်။
_____________________________________________
Zawgyi