တစ်နာရီတစ်သိန်း အစားထိုးချစ်သူ

By Anaisa365

348K 43.4K 541

Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDI... More

↪ဇာတ်လမ်းမိတ်ဆက်↩
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉
အခန်း၂၀
အခန်း၂၁
အခန်း၂၂
အခန်း၂၃
အခန်း၂၄
အခန်း၂၅
အခန်း၂၇
အခန်း၂၈
အခန်း၂၉
အခန်း၃၀
အခန်း၃၁
အခန်း၃၂
အခန်း၃၃
အခန်း၃၄
အခန်း၃၅
အခန်း၃၆
အခန်း၃၇
အခန်း၃၈
အခန်း၃၉
အခန်း၄၀
အခန်း၄၁
အခန်း၄၂
အခန်း၄၃
အခန်း၄၄
အခန်း၄၅
အခန်း၄၆
အခန်း၄၇
အခန်း၄၈
အခန်း၄၉
အခန်း၅၀
အခန်း၅၁
အခန်း၅၂
အခန်း၅၃
အခန်း၅၄
အခန်း၅၅
အခန်း၅၆
အခန်း၅၇
အခန်း၅၈
အခန်း၅၉
အခန်း၆၀
အခန်း၆၁
အခန်း၆၂
အခန်း၆၃
အခန်း၆၄
အခန်း၆၅
အခန်း၆၆
အခန်း၆၇
အခန်း၆၈
အခန်း၆၉
အခန်း၇၀
အခန်း၇၁
အခန်း၇၂
အခန်း၇၃
အခန်း၇၄
အခန်း၇၅
အခန်း၇၆
အခန်း၇၇
အခန်း၇၈
အခန်း၇၉
အခန်း၈၀
အခန်း၈၁
အခန်း၈၂
အခန်း၈၃
အခန်း၈၄
အခန်း၈၅
အခန်း၈၆
အခန်း၈၇
အခန်း၈၈
အခန်း၈၉
အခန်း၉၀
အခန်း၉၁
အခန်း၉၂
အခန်း၉၃
အခန်း၉၄
အခန်း၉၅
အခန်း၉၆
အခန်း၉၇
အခန်း၉၈
အခန်း၉၉
အခန်း၁၀၀
အခန်း၁၀၁
အခန်း၁၀၂
အခန်း၁၀၃
အခန်း၁၀၄
အခန်း၁၀၅
အခန်း၁၀၆
အခန်း၁၀၇
အခန်း၁၀၈
အခန်း၁၀၉
အခန်း၁၁၀
အခန်း၁၁၁
အခန်း၁၁၂
အခန်း၁၁၃
အခန်း၁၁၄
အခန်း၁၁၅
အခန်း၁၁၆
အခန်း၁၁၇
အခန်း၁၁၈
အခန်း၁၁၉
အခန်း၁၂၀
အခန်း၁၂၁
အခန်း၁၂၂
အခန်း၁၂၃
အခန်း၁၂၄
အခန်း၁၂၅
အခန်း၁၂၆
အခန်း၁၂၇
အခန်း၁၂၈
အခန်း၁၂၉
အခန်း၁၃၀
အခန်း၁၃၁
အခန်း၁၃၂
အခန်း၁၃၃
အခန်း၁၃၄
အခန်း၁၃၅
အခန်း၁၃၆
အခန်း၁၃၇
အခန်း၁၃၈
အခန်း၁၃၉
အခန်း၁၄၀
အခန်း၁၄၁
အခန်း၁၄၂
အခန်း၁၄၃
အခန်း၁၄၄
အခန်း၁၄၅
အခန်း၁၄၆
အခန်း၁၄၇
အခန်း၁၄၈
အခန်း၁၄၉
အခန်း၁၅၀
အခန်း၁၅၁
အခန်း၁၅၂
အခန်း၁၅၃
အခန်း၁၅၄
အခန်း၁၅၅
အခန်း၁၅၆
အခန်း၁၅၇
အခန်း၁၅၈
အခန်း၁၅၉
အခန်း၁၆၀
အခန်း၁၆၁
အခန်း၁၆၂
အခန်း၁၆၃
အခန်း၁၆၄
အခန်း၁၆၅
အခန်း၁၆၆
အခန်း၁၆၇
အခန်း၁၆၈
အခန်း၁၆၉
အခန်း၁၇၀
အခန်း၁၇၁
အခန်း၁၇၂
အခန်း၁၇၃
အခန်း၁၇၄
အခန်း၁၇၅
အခန်း၁၇၆
အခန်း၁၇၇
အခန်း၁၇၈
အခန်း၁၇၉
အခန်း၁၈၀
အခန်း၁၈၁
အခန်း၁၈၂
အခန်း၁၈၃
အခန်း၁၈၄
အခန်း၁၈၅
အခန်း၁၈၆
အခန်း၁၈၇
အခန်း၁၈၈
အခန်း၁၈၉
အခန်း၁၉၀
အခန်း၁၉၁
အခန်း၁၉၂
အခန်း၁၉၃
အခန်း၁၉၄
အခန်း၁၉၅
အခန်း၁၉၆
အခန်း၁၉၇
အခန်း၁၉၈
Announcement!!

အခန်း၂၆

2.4K 292 0
By Anaisa365

ကျီဖန်ယင်းသည် သူမစိတ်ထဲတွင်ရှိနေသည့် အစီအစဉ်များကို အကဲဖြတ်ရန် အချိန်အနည်းငယ်ယူခဲ့ရသည်။  နောက်ဆုံးတွင်၊ သူမသည် ကား၏bluetoothကို သုံးကာ စုန့်ရှီးယွီကိုခေါ်ဆိုလိုက်သည်။  “ငါအခုအားနေတယ်။ ဟိုတနေ့က နင်ငါ့ကိုဖုန်းဆက်တာ ကြိုချိန်းချင်လို့လား။"

“…” စုန့်ရှီးယွီ၏ အသံသည် ပုံမှန်ထက် ပိုနက်နဲကာ ပြတ်သား​နေသည်။  "မင်းမှာဘာအလုပ်ရှိလို့လဲ။ တခြားယောက်ျားတွေနဲ့ ပရောပရည်လုပ်တာလား။”

"ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို နင့်ကိုရှင်းပြဖို့ မလိူဘူးလို့ ထင်တာပဲ။"ဟုပြောရင်း ကျီဖန်ယင်းသည် လမ်းပေါ်ရှိ ကားပါကင်အလွတ်တစ်ခုတွင် သူမကားကိုရပ်ရင်းပြောလိုက်သည်။ "ဒါပေမယ့်လည်း နင်အတွေးလွန်နေမှာစိုးလို့ နင့်မေးခွန်းကို ငါဖြေပေးလိုက်မယ်။ ငါလောလောဆယ် အချစ်ဇာတ်လမ်းတွေလုပ်ဖို့ စိတ်မဝင်စားဘူး"

စုန့်ရှီးယွီ တိတ်ဆိတ်သွားသည်။

“အခု ၉နာရီရှိ​နေပြီ” ဟု ပြောသည်။  "ချက်ချင်း ဘားမှာ ငါ့ကိုလာတွေ့။"

ကျီဖန်ယင်းက ဆင်ခြေပေးရန် စဉ်းစားလိုက်သည်။

သူမအရင်တစ်ခေါက်ကလို 'နားရက်' ဟူသော ဆင်ခြေကို မသုံးရသေးခင် စုန့်ရှီးယွီက "ငါမင်းကို နှစ်ဆပေးမယ်။"

သူက တိုးပေးနေတာလား။

ကျီဖန်ယင်းက အချိန်ကို ကြည့်ပြီး “ဒါဆို သုံးနာရီပေါ့” ဟု ပြန်ဖြေသည်။

"သန်းခေါင်ကျော်ရင်ရော"

ကျီဖန်ယင်းက ဒီပြဿနာကို တွေးတောလိုက်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် “၁၂နာရီကနေ ၃နာရီအထိဆို ၅ ဆ၊ ၃နာရီကနေ ၉နာရီထိကကျ ဆယ်ဆပေးရမယ်။” လို့ ပြန်ဖြေလိုက်တယ်။

သူမသည် လုံလောက်စွာ အနားယူရန် လိုအပ်ပြီး အချိန်ပိုအလုပ်လုပ်ရပါက လျော်ကြေးပေးသင့်သည်။ ထိုသို့သော အနားယူချိန်များတွင် သူမဘယ်လိုလုပ် အလုပ်လုပ်ချင်စိတ်ရှိပါ့မလဲ။

သူမ၏ဓားပြတိုက်သော စျေးနှုန်းများကြောင့် စုန့်ရှီးယွီသည် အချိန်ကိုမတိုးခဲ့ပေ။

သူမ ဖုန်းကို ကိုင်လိုက်ပြီး “လိပ်စာ ပို့ပေးလိုက်။ ငါအခုချက်ချင်းလာခဲ့မယ်။"

“…” စုန့်ရှီးယွီသည် ခဏတာတိတ်ဆိတ်သွားပြီးမီ ဘားတစ်ခု၏အမည်ကို ပြောလိုက်သည်။ "ကိုယ့်ဘာသာလမ်းရှာလိုက်တော့။"

နင်အတွက် လမ်းလေးပြောပြဖို့ကို အရမ်းတွေခက်ခဲနေတာလား၊ ကျီဖန်ယင်းက တွေးလိုက်တယ်။

ထိုသို့တွေးလိုက်သော်လည်း သူမသည် စုန့်ရှီးယွီ၏ မသဲကွဲသောအသံမှ ကြားခဲ့သည်ကို စိတ်ရှည်စွာ ရှာနေသေးသည်။ သူမ GPSတွင် ဘားကိုရှာတွေ့ရန် အနည်းငယ်ကြိုးစားခဲ့ရသည်။ သူမသည် ဖုန်းကို ပြန်ချလိုက်ပြီး ကားပါကင်နေရာမှ မောင်းထွက်လာခဲ့သည်။

သွားရင်းနဲ့ ဖုန်းထဲမှာ မက်ဆေ့ချ်တစ်ခု ပေါ်လာတယ်။  သူမ တစ်ချက်ကြည့်လိုက်တော့ စုန့်ရှီးယွီက ပိုက်ဆံလွှဲလိုက်သည်ကို တွေ့လိုက်ရတယ်။

ထို့နောက် သူမ၏မျက်လုံးများသည် နောက်ကြည့်မှန်ဆီသို့ ပြောင်းလိုက်သည်။ နောက်ယောင်ခံလိုက်သူ၏ မီးခိုးရောင်ကားသည် သူမနောက်မှ မနီးမဝေးတွင် လိုက်လာခဲ့သည်။

ဒီနောက်ပိုင်းမှာ ဘာ​တွေဖြစ်လာမလဲဆိုတာ တွေးရင်း သူမတိုးတိုးလေးရယ်လိုက်တယ်။

ငါနည်းနည်းစိတ်လှုပ်ရှားနေပြီ။ ပြဿနာမရှာရင် ဘဝကြီးက ငြီးငွေ့စရာကောင်းနေမှာပေါ့။

သူမကားကိုရပ်ပြီးနောက် နောက်ယောင်ခံလိုက်သူသည် သူ့ဖောက်သည်ထံ ချက်ချင်းဖုန်းဆက်သည်။

"မစ္စတာ​ဘိုင်၊ အပြောင်းအလဲတစ်ခု ​ရှိပါတယ်။ မစ္စကျီက အဲဒီလူနဲ့ လမ်းခွဲပြီးတာနဲ့ တိုက်ခန်းကို ကားနဲ့ပြန်သွားတယ်လို့ စောစောက သတင်းပို့ခဲ့ပေမဲ့ မစ္စကျီက ရုတ်တရက်ကြီး လမ်းမှာ ခဏလောက်ရပ်လိုက်ပြီးတော့ လမ်းကြောင်းပြောင်းသွားပါတယ်။ အခု မစ္စကျီက ဘားတစ်ခုမှာပါ။ ကျွန်တော် မစ္စတာ့ဆီကို ပုံတွေ ပို့လိုက်ပါပြီ။"

ဖုန်း၏ အခြားတစ်ဖက်မှ ဘိုင်ကျိုးသည် သူ၏ အလုပ်များ မပြီးသေးပေ။ သူသည် အားဖြည့်အချိုရည်ကို စားပွဲပေါ်တင်လိုက်ပြီး လက်တော့ပ်ကို အမြန်ဖွင့်လိုက်သည်။  သူသည် နောက်ဆုံး​ရောက်လာသော အီးမေးလ်ကို နှိပ်ပြီး ပုံများကိုကြည့်ကာ “သူတစ်ယောက်တည်း ဘားထဲဝင်သွားတာလား။” ဟု မေးလိုက်သည်။

“ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီဘားက မန်ဘာတွေဘဲဝင်လို့ရတာပါ။ ကျွန်တော်တို့ရဲ့ စုံစမ်းထားတဲ့အထဲ မစ္စကျီက အရင်က ဒိဘားကိုတစ်ခါမှ မရောက်ဖူးပါဘူး။ မစ္စကျီကို တစ်ယောက်ယောက်က ဖိတ်ထားတာ ဖြစ်နိုင်ပါတယ်။”

ဘိုင်ကျိုးက ဓါတ်ပုံတွေကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး ကျီဖန်ယင်းကလွဲပြီး အသေးစိတ်ကို အာရုံစိုက်​ကြည့်လိုက်တယ်။

ခဏကြာတော့ ကားပါကင်နောက်ဘက်က ကားတစ်စီးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်သွားတယ်။

“အဲဒီ VIPနေရာမှာ ရပ်ထားတဲ့ အနက်ရောင်Audiကားလေ။ လိုင်စင်နံပါတ်က ဘာတဲ့လဲ”

နောက်ယောင်ခံလိုက်သူသည် ကားလိုင်စင်နံပါတ်ကို အမြန်ရွတ်လိုက်သည်။

ဘိုင်ကျိုးက ကျီဖန်ယင်းကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျီမိသားစုစံအိမ်ကို ပြန်ပို့​​ပေးတဲ့ ကားနဲ့ လိုင်စင်နံပါတ် တူညီကြောင်း သိလိုက်သည်။  သူက ဓာတ်ပုံထဲက ကျီဖန်ယင်းရဲ့ ပုံရိပ်ကို စိုက်ကြည့်ရင်း “ကားပိုင်ရှင်က ဘယ်သူလဲဆိုတာ ရှာလိုက်” ဟု အေးစက်စွာပြောလိုက်သည်။

ထို့နောက် သူသည် ဖုန်းကိုချကာ ရေချိုးရန် ထွက်လာခဲ့သည်။

ဘိုင်ကျိုးဆီမှာ ကားပိုင်ရှင်ဘယ်သူလဲဆိုတာ အဖြေရှာဖို့ နည်းလမ်းတွေရှိသလို နောက်ယောင်ခံလိုက်သူမျာလည်း နည်းလမ်းတွေရှိပါတယ်။ ပိုက်ဆံနည်းနည်းကုန်ပေမဲ့ ဒီစုံစမ်းမှုက ဘယ်သူ့ကိုမှ ရန်မစမိဘူးဆိုရင် သူ့အတွက် ပိုအဆင်ပြေပါလိမ့်မယ်။

မကြာမီတွင် နောင်ယောင်ခံလိုက်သူက ပြန်ခေါ်လာခဲ့သည်။

"မစ္စတာဘိုင်၊ ကျွန်တော် ကားပိုင်ရှင်ကို ရှာတွေ့ခဲ့ပါတယ်။"

ဘိုင်ကျိုးက သူ့ဖုန်းကို စားပွဲပေါ်တင်ကာ စပီကာမုဒ်ကို ပြောင်းလိုက်ပြီး သူ့ရဲ့စိုစွတ်နေတဲ့ ဆံပင်တွေကို ဆက်သုတ်နေလိုက်သည်  "ဘယ်သူလဲ?"

​နောက်ယောင်ခံလိုက်သူသည် သူတွေ့ရှိထားသည်ကို အနည်းငယ် သံသယဖြစ်နေပြီး "စုန့်ရှီးယွီ"

ဘိုင်ကျိုး၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။  "နာမည်တူတဲ့လူလား။"

"မဟုတ်ပါဘူး၊ မစ္စတာဘိုင်သိတဲ့ အဲ့ဒီမစ္စတာစုန့်ပါ။"

ဘိုင်ကျိုးက နောက်ဆုံးမှာ ဘာဖြစ်နေတယ်ဆိုတာကို နားလည်သွားခဲ့သည်။ သူ၏မျက်နှာသည် မည်းမှောင်သွားပြီး မျက်နှာသုတ်ပဝါကို စားပွဲပေါ် ဒေါသတကြီး လွှင့်လိုက်သည်။

"ငါအခုချက်ချင်းလာခဲ့မယ်။ သူတို့ကို အနီးကပ် စောင့်ကြည့်နေ။ ဘားကနေထွက်သွားတာနဲ့ ချက်ချင်းအကြောင်းကြား။"

_____________________________________________

Zawgyi

က်ီဖန္ယင္းသည္ သူမစိတ္ထဲတြင္ရွိေနသည့္ အစီအစဥ္မ်ားကို အကဲျဖတ္ရန္ အခ်ိန္အနည္းငယ္ယူခဲ့ရသည္။ ေနာက္ဆုံးတြင္၊ သူမသည္ ကား၏bluetoothကို သုံးကာ စုန့္ရွီးယြီကိုေခၚဆိုလိုက္သည္။ ငါအခုအားေနတယ္။ ဟိုတေန႕က နင္ငါ့ကိုဖုန္းဆက္တာ ႀကိဳခ်ိန္းခ်င္လို႔လား။"

စုန့္ရွီးယြီ၏ အသံသည္ ပုံမွန္ထက္ ပိုနက္နဲကာ ျပတ္သားေနသည္။ "မင္းမွာဘာအလုပ္ရွိလို႔လဲ။တျခားေယာက္်ားေတြနဲ႕ ပေရာပရည္လုပ္တာလား။

"ငါ့ရဲ႕ကိုယ္ေရးကိုယ္တာကိစၥေတြကို နင့္ကိုရွင္းျပဖို႔ မလိူဘူးလို႔ ထင္တာပဲ။"ဟုေျပာရင္း က်ီဖန္ယင္းသည္ လမ္းေပၚရွိ ကားပါကင္အလြတ္တစ္ခုတြင္ သူမကားကိုရပ္ရင္းေျပာလိုက္သည္။ "ဒါေပမယ့္လည္း နင္အေတြးလြန္ေနမွာစိုးလို႔ နင့္ေမးခြန္းကို ငါေျဖေပးလိုက္မယ္။ ငါေလာေလာဆယ္ အခ်စ္ဇာတ္လမ္းေတြလုပ္ဖို႔ စိတ္မဝင္စားဘူး"

စုန့္ရွီးယြီ တိတ္ဆိတ္သြားသည္။

အခု ၉နာရီရွိေနၿပီ ဟု ေျပာသည္။ "ခ်က္ခ်င္း ဘားမွာ ငါ့ကိုလာေတြ႕။"

က်ီဖန္ယင္းက ဆင္ေျခေပးရန္ စဥ္းစားလိုက္သည္။

သူမအရင္တစ္ေခါက္ကလို 'နားရက္' ဟူေသာ ဆင္ေျခကို မသုံးရေသးခင္ စုန့္ရွီးယြီက "ငါမင္းကို ႏွစ္ဆေပးမယ္။"

သူက တိုးေပးေနတာလား။

က်ီဖန္ယင္းက အခ်ိန္ကို ၾကည့္ၿပီး ဒါဆို သုံးနာရီေပါ့ ဟု ျပန္ေျဖသည္။

"သန္းေခါင္ေက်ာ္ရင္ေရာ"

က်ီဖန္ယင္းက ဒီျပႆနာကို ေတြးေတာလိုက္ၿပီးေနာက္ စိတ္အားထက္သန္စြာျဖင့္ ၁၂နာရီကေန ၃နာရီအထိဆို ၅ ဆ၊ ၃နာရီကေန ၉နာရီထိကက် ဆယ္ဆေပးရမယ္။ လို႔ ျပန္ေျဖလိုက္တယ္။

သူမသည္ လုံေလာက္စြာ အနားယူရန္ လိုအပ္ၿပီး အခ်ိန္ပိုအလုပ္လုပ္ရပါက ေလ်ာ္ေၾကးေပးသင့္သည္။ ထိုသို႔ေသာ အနားယူခ်ိန္မ်ားတြင္ သူမဘယ္လိုလုပ္ အလုပ္လုပ္ခ်င္စိတ္ရွိပါ့မလဲ။

သူမ၏ဓားျပတိုက္ေသာ ေစ်းႏႈန္းမ်ားေၾကာင့္ စုန့္ရွီးယြီသည္ အခ်ိန္ကိုမတိုးခဲ့ေပ။

သူမ ဖုန္းကို ကိုင္လိုက္ၿပီး လိပ္စာ ပို႔ေပးလိုက္။ ငါအခုခ်က္ခ်င္းလာခဲ့မယ္။"

စုန့္ရွီးယြီသည္ ခဏတာတိတ္ဆိတ္သြားၿပီးမီ ဘားတစ္ခု၏အမည္ကို ေျပာလိုက္သည္။ "ကိုယ့္ဘာသာလမ္းရွာလိုက္ေတာ့။"

နင္အတြက္ လမ္းေလးေျပာျပဖို႔ကို အရမ္းေတြခက္ခဲေနတာလား၊ က်ီဖန္ယင္းက ေတြးလိုက္တယ္။

ထိုသို႔ေတြးလိုက္ေသာ္လည္း သူမသည္ စုန့္ရွီးယြီ၏ မသဲကြဲေသာအသံမွ ၾကားခဲ့သည္ကို စိတ္ရွည္စြာ ရွာေနေသးသည္။ သူမ GPSတြင္ ဘားကိုရွာေတြ႕ရန္ အနည္းငယ္ႀကိဳးစားခဲ့ရသည္။သူမသည္ ဖုန္းကို ျပန္ခ်လိဳက္ၿပီး ကားပါကင္ေနရာမွ ေမာင္းထြက္လာခဲ့သည္။

သြားရင္းနဲ႕ ဖုန္းထဲမွာ မက္ေဆ့ခ်္တစ္ခု ေပၚလာတယ္။ သူမ တစ္ခ်က္ၾကည့္လိုက္ေတာ့ စုန့္ရွီးယြီက ပိုက္ဆံလႊဲလိုက္သည္ကို ေတြ႕လိုက္ရတယ္။

ထို႔ေနာက္ သူမ၏မ်က္လုံးမ်ားသည္ ေနာက္ၾကည့္မွန္ဆီသို႔ ေျပာင္းလိုက္သည္။ ေနာက္ေယာင္ခံလိုက္သူ၏ မီးခိုးေရာင္ကားသည္ သူမေနာက္မွ မနီးမေဝးတြင္ လိုက္လာခဲ့သည္။

ဒီေနာက္ပိုင္းမွာ ဘာေတြျဖစ္လာမလဲဆိုတာ ေတြးရင္း သူမတိုးတိုးေလးရယ္လိုက္တယ္။

ငါနည္းနည္းစိတ္လႈပ္ရွားေနၿပီ။ ျပႆနာမရွာရင္ ဘဝႀကီးက ၿငီးေငြ႕စရာေကာင္းေနမွာေပါ့။

သူမကားကိုရပ္ၿပီးေနာက္ ေနာက္ေယာင္ခံလိုက္သူသည္ သူ႕ေဖာက္သည္ထံ ခ်က္ခ်င္းဖုန္းဆက္သည္။

"မစၥတာဘိုင္၊ အေျပာင္းအလဲတစ္ခု ရွိပါတယ္။မစၥက်ီက အဲဒီလူနဲ႕ လမ္းခြဲၿပီးတာနဲ႕ တိုက္ခန္းကို ကားနဲ႕ျပန္သြားတယ္လို႔ ေစာေစာက သတင္းပို႔ခဲ့ေပမဲ့ မစၥက်ီက ႐ုတ္တရက္ႀကီး လမ္းမွာ ခဏေလာက္ရပ္လိုက္ၿပီးေတာ့ လမ္းေၾကာင္းေျပာင္းသြားပါတယ္။ အခု မစၥက်ီက ဘားတစ္ခုမွာပါ။ ကြၽန္ေတာ္ မစၥတာ့ဆီကို ပုံေတြ ပို႔လိုက္ပါၿပီ။"

ဖုန္း၏ အျခားတစ္ဖက္မွ ဘိုင္က်ိဳးသည္ သူ၏ အလုပ္မ်ား မၿပီးေသးေပ။ သူသည္ အားျဖည့္အခ်ိဳရည္ကို စားပြဲေပၚတင္လိုက္ၿပီး လက္ေတာ့ပ္ကို အျမန္ဖြင့္လိုက္သည္။ သူသည္ ေနာက္ဆုံးေရာက္လာေသာ အီးေမးလ္ကို ႏွိပ္ၿပီး ပုံမ်ားကိုၾကည့္ကာ သူတစ္ေယာက္တည္း ဘားထဲဝင္သြားတာလား။ ဟု ေမးလိုက္သည္။

ဟုတ္ပါတယ္၊ ဒါေပမယ့္ ဒီဘားက မန္ဘာေတြဘဲဝင္လို႔ရတာပါ။ကြၽန္ေတာ္တို႔ရဲ႕ စုံစမ္းထားတဲ့အထဲ မစၥက်ီက အရင္က ဒိဘားကိုတစ္ခါမွ မေရာက္ဖူးပါဘူး။ မစၥက်ီကို တစ္ေယာက္ေယာက္က ဖိတ္ထားတာ ျဖစ္နိုင္ပါတယ္။

ဘိုင္က်ိဳးက ဓါတ္ပုံေတြကို ေနာက္တစ္ႀကိမ္ ထပ္ၾကည့္လိုက္ၿပီး က်ီဖန္ယင္းကလြဲၿပီး အေသးစိတ္ကို အာ႐ုံစိုက္ၾကည့္လိုက္တယ္။

ခဏၾကာေတာ့ ကားပါကင္ေနာက္ဘက္က ကားတစ္စီးကို စိုက္ၾကည့္ရင္း မ်က္ေမွာင္ၾကဳတ္သြားတယ္။

အဲဒီ VIPေနရာမွာ ရပ္ထားတဲ့ အနက္ေရာင္Audiကားေလ။ လိုင္စင္နံပါတ္က ဘာတဲ့လဲ

ေနာက္ေယာင္ခံလိုက္သူသည္ ကားလိုင္စင္နံပါတ္ကို အျမန္႐ြတ္လိုက္သည္။

ဘိုင္က်ိဳးက က်ီဖန္ယင္းကို လြန္ခဲ့တဲ့ ရက္အနည္းငယ္က က်ီမိသားစုစံအိမ္ကို ျပန္ပို႔ေပးတဲ့ ကားနဲ႕ လိုင္စင္နံပါတ္ တူညီေၾကာင္း သိလိုက္သည္။ သူက ဓာတ္ပုံထဲက က်ီဖန္ယင္းရဲ႕ ပုံရိပ္ကို စိုက္ၾကည့္ရင္း ကားပိုင္ရွင္က ဘယ္သူလဲဆိုတာ ရွာလိုက္ ဟု ေအးစက္စြာေျပာလိုက္သည္။

ထို႔ေနာက္ သူသည္ ဖုန္းကိုခ်ကာ ေရခ်ိဳးရန္ ထြက္လာခဲ့သည္။

ဘိုင္က်ိဳးဆီမွာ ကားပိုင္ရွင္ဘယ္သူလဲဆိုတာ အေျဖရွာဖို႔ နည္းလမ္းေတြရွိသလို ေနာက္ေယာင္ခံလိုက္သူမ်ာလည္း နည္းလမ္းေတြရွိပါတယ္။ ပိုက္ဆံနည္းနည္းကုန္ေပမဲ့ ဒီစုံစမ္းမႈက ဘယ္သူ႕ကိုမွ ရန္မစမိဘူးဆိုရင္ သူ႕အတြက္ ပိုအဆင္ေျပပါလိမ့္မယ္။

မၾကာမီတြင္ ေနာင္ေယာင္ခံလိုက္သူက ျပန္ေခၚလာခဲ့သည္။

"မစၥတာဘိုင္၊ ကြၽန္ေတာ္ ကားပိုင္ရွင္ကို ရွာေတြ႕ခဲ့ပါတယ္။"

ဘိုင္က်ိဳးက သူ႕ဖုန္းကို စားပြဲေပၚတင္ကာ စပီကာမုဒ္ကို ေျပာင္းလိုက္ၿပီး သူ႕ရဲ႕စိုစြတ္ေနတဲ့ ဆံပင္ေတြကို ဆက္သုတ္ေနလိုက္သည္ "ဘယ္သူလဲ?"

ေနာက္ေယာင္ခံလိုက္သူသည္ သူေတြ႕ရွိထားသည္ကို အနည္းငယ္ သံသယျဖစ္ေနၿပီး "စုန့္ရွီးယြီ"

ဘိုင္က်ိဳး၏ လႈပ္ရွားမႈမ်ား ရပ္တန႔္သြားသည္။ "နာမည္တူတဲ့လူလား။"

"မဟုတ္ပါဘူး၊ မစၥတာဘိုင္သိတဲ့ အဲ့ဒီမစၥတာစုန့္ပါ။"

ဘိုင္က်ိဳးက ေနာက္ဆုံးမွာ ဘာျဖစ္ေနတယ္ဆိုတာကို နားလည္သြားခဲ့သည္။ သူ၏မ်က္ႏွာသည္ မည္းေမွာင္သြားၿပီး မ်က္ႏွာသုတ္ပဝါကို စားပြဲေပၚ ေဒါသတႀကီး လႊင့္လိုက္သည္။

"ငါအခုခ်က္ခ်င္းလာခဲ့မယ္။ သူတို႔ကို အနီးကပ္ ေစာင့္ၾကည့္ေန။ဘားကေနထြက္သြားတာနဲ႕ ခ်က္ခ်င္းအေၾကာင္းၾကား။"

_____________________________________________

Continue Reading

You'll Also Like

Serçe By 🌥

Teen Fiction

90.4K 3.7K 21
"Efsun." "Nefesin bile beni tahrik ediyorken, üvey kardeşim olmanı umursayacağımı mı sanıyorsun?" Yayım tarihi | 05.02.2024 🪐 #1 komedi 24.02.24 #1...
8.4M 229K 61
Warning this book is rough. Not edited. We wanted privacy. We wanted a normal relationship with no high expectations. But that's hard when you have...
937K 27K 43
Athena is trying to adjust in her newfound freedom but she is forcefully ripped away from it. But sometimes bad things happen for better!
5.5K 314 5
ဒါ​ပေမယ့်​လေ ထင်းထင်....ကျန်းရန်က အရမ်းလည်း​ကောင်း​ပေးနိုင်ပါတယ်....သူက​လေ မင်းအတွက်ဆိုပြီး အ​ကောင်းဆုံးဖြစ်​အောင် အမြဲတမ်း​ပြောင်းလဲ​ပေး​နေခဲ့တာပါ...