ဧည့်သည်တွေကို full course mealကျွေးတာဖြစ်လို့ အဆာပြေကျွေးပြီးတာနဲ့ တပြိုင်နက် အဓိကဟင်းလျာတွေရောက်လာပါသည်။ ဧည့်သည်အရေအတွက်သည် များသောကြောင့် အနည်းငယ်တော့နှေးပါသည်။
{T/N:full course mealဆိုတာ အဆာပြေ၊ အဓိကဟင်း၊ အချိုပွဲသုံးခါလုံးပါတာကိုပြောတာပါ။ ပုံမှန်ဆို အချိုပွဲတို့ဘာတို့က သပ်သပ်မှာရတယ်လေ၊ ဒီမှာကျတော့ နဂိုကတည်းကအစုံလိုက်ပါတာပါ။}
ကျီဖန်ယင်း အဓိကဟင်းလျာကို ကုန်သွားပြီနောက မကြာခင်မှာ အချိုပွဲ ရောက်လာပါသည်။ အပေါ်တွင် ဗနီလာရေခဲမုန့်တင်ထားသော ပင်မှည့်အရသာ ချိစ့်ကိတ်တစ်ချပ်ဖြစ်သည်။ သူမ တစ်ကိုက် ကိုက်လိုက်သည်နှင့် သူမ၏လျှာဖျားမှအရသာကြောင့် အရမ်းကို ကျေနပ်အားရသွားလေသည်။
{T/N: ပင်မှည့်အရသာ ချိစ့်ကိတ်တဲ့။ တစ်ယောက်တည်း သရေယိုမခံနိုင်လို့ အကျင့်လာပုပ်တာ။}
အရသာရှိချက်ပဲ။ ငါ နောက်အားတဲ့နေ့ကျ ဒီကိုလာရမယ်။
ကျီဖန်ယင်း နောက်တစ်လုပ် စားတော့မည့်အချိန် သူမ၏ ညာဖက်မှ လူသည် ထိပင် မထိရသေးသော သူ၏ ကိတ်မုန့်ချပ်ကို သူမဘက်သို့ တွန်းပို့လာသည်။ သူမ လှည့်ကြည့်လိုက်တော့ ထလျှောက်လုံး စကားတစ်ခွန်းပင် မပြောခဲ့သော အမျိုးသားက "မင်းအတွက်" ဟုဆိုသည်။
ကျီဖန်ယင်းသည် အပြုံးဖြင့် လက်ခံကာ "ကျေးဇူးတင်ပါတယ်။"
ကျိုးချီသည် ထိုဥပမာမှ လျင်မြန်စွာ သင်ယူခဲ့သည်။ "မင်းကိတ်မုန့်တွေကို ကြိုက်တာတာလား။ ကျွန်တော် ချိုတာတွေကို သိပ်မကြိုက..."
"ရပါတယ်၊ ကျေးဇူးပါ။ ကျွန်မ နောက်တစ်ခု ထပ်မစားနိုင်လောက်တော့ဘူး။"ကျီဖန်ယင်းက သူ့ရဲ့ စေတနာကို ငြင်းလိုက်ပါသည်။
ကျိုးချီသည် ကျီဖန်ယင်း၏ညာဘက်တွင်ထိုင်နေသောလူကို စူးစူးရဲရဲကြည့်လိုက်ပြီး ထပ်မံ လျစ်လျူရှုလိုက်ပြန်သည်။
ထိုအချိန်တွင် ဒီတွေ့ဆုံပွဲကိုစီစဉ်သူဖြစ်သော ချန်လင်းသည် သူမ၏သူငယ်ချင်းများဘက်လှည့်ပြီး ရယ်မောကာ "ရယ်ရလိုက်တာ။ နည်းနည်းပါးပါး ပြင်ဆင်ပြလိုက်တာနဲ့ မျက်လုံးမကောင်းတဲ့ယောကျ်ားတွေကို ဆွဲဆောင်နိုင်သွားတယ်နော်။"
ကျီဖန်ယင်းက သူမကို ဂရုမစိုက်ဘဲ ကိတ်မုန့်ကိုသာ ဆက်စားနေသည်။
ချန်လင်း : "..."
သူမသည် အံကြိတ်ကာ ပိုမိုကျယ်လောင်သော အသံဖြင့် "မျက်နှာလှလှလေးရှိတာ တကယ်ကိုကောင်းတာပဲ။"
သူမ၏ ကျယ်လောင်သော စကားသည် ကျီဖန်ယင်းကို 'ဘာလို့ဒီလောက်အကျယ်ကြီးစကားပြောနေတာလဲ' ဟူသော အမူအရာကို ဖြစ်သွားစေသည်။ ကျီဖန်ယင်း၏ မျက်နှာပေါ်ရှိအမူအရာသည် အပြစ်ကင်းစင်ပြီး ချန်လင်းရဲ့အပြုအမူကို တကယ်စိတ်ဝင်တစားဖြစ်နေပုံပေါ်ပါတယ်။
ချန်လင်းသည် သည်းမခံနိုင်တော့ဘဲ မတ်တပ်ထရပ်လိုက်ပြီး "ကျီဖန်ယင်း၊ နင့်နာမည်ကို ထုတ်ပြောမှသိမှာလား။"
ကျီဖန်ယင်းက မျက်တောင်ခတ်လိုက်ပြီး "တောင်းပန်ပါတယ်၊ ရှင်က...?"
"ဟန်ဆောင်နေတာတွေ ရပ်လိုက်တော့။" ချန်လင်းသည် သူမ၏ ဇွန်းကို စားပွဲပေါ်ဆောင့်ချလိုက်ပြီး "ငါစီစဉ်တဲ့ တွေ့ဆုံပွဲကျ လာရဲပြီး ငါ့ကိုမသိဘူးပေါ့။"
ကျီဖန်ယင်းက သဘောပေါက်သွားပြီး မျက်လုံးပြူးသွားသည်။ "ရှင်က စီစဉ်တဲ့သူလား။ နေရာကို ကောင်းကောင်းရွေးတာပဲ။ ဒီစားသောက်ဆိုင်က အစားအသောက်တွေက အရမ်းအရသာရှိတယ်။"
"ကျေးဇူးပါပဲ။" ချန်လင်းက မသိစိတ်မှ ပြန်ဖြေလိုက်သည်။
စက္ကန့်ပိုင်းမျှကြာအောင် ကြောင်သွားပြီနောက် သူမသည် အသိဝင်လာပြီး "ဘာလို့ဒီကိစ္စကိုထပြောတာလဲ။ ငါနင့်ကို အခုပြောဆိုနေတာလေ။"
အဲဒီ့အတွက် ကျီဖန်ယင်းက "ဘာကိုလဲ။ ရှင်က ကျွန်မရဲ့ မျက်နှာကလှတယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား။"
"ဒါက ကျီရှင်းရှင်းရဲ့မျက်နှာလေ။" ချန်လင်းက မကျေမနပ်ဖြင့် အော်လိုက်သည်။
ကျီဖန်ယင်းက တိုးတိုးလေး ရယ်လိုက်ပြီး "ဟုတ်တယ်၊ ကျွန်မကို လူတော်တော်များများ သူနဲ့မှားကြတယ်။"
စုန့်ရှီးယွီ: "..."
သူက ငါ့အကြောင်းကို ပြောနေတာလား။
"ပြောရမယ်ဆိုရင် ကျွန်မကအကြီးပါ။" ကျီဖန်ယင်းက သူမရဲ့ အချိုပွဲဇွန်းလေးကို လှုပ်လိုက်ကာ "ကျွန်မက ကျီရှင်းရှင်းထက် တစ်ရက်ပိုကြီးတယ်။"
"မင်းတို့က တစ်ရက်တောင်ကွာတာလား။" ကျိုးချီက စိတ်ဝင်တစား မေးသည်။
"ကျွန်မတို့က သန်းခေါင်လောက်မှာ မွေးခဲ့တာလေ။ ပြီးတော့ သူနဲ့ကျွန်မကနာရီဝက်ခြားပြီးမွေးကြတာ။ " ဟု ကျီဖန်ယင်းက ရှင်းပြသည်။
ကျီဖန်ယင်း၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသော အမျိုးသမီးသည် တောင့်မလဲနိုင်တော့ဘဲ စကားဝိုင်းတွင် ပါဝင်လာသည် "အံ့သြစရာကောင်းတာ။ ဒါဆို ရှင်တို့မိသားစုက မွေးနေ့ကို နှစ်ရက်ဆက်တိုက်တောင် ကျင်းပတယ်ပေါ့။"
ရုတ်တရက်ဆိုသလိုပင် ချန်လင်းသည် ဒီဆွေးနွေးမှုကြီးကြောင့် အမေ့ခံလိုက်ရသည်။
"မဟုတ်ပါဘူး။ ကျွန်မတို့က သူ့မွေးနေ့မှာပဲ အတူကျင်းပကြတယ်။" လို့ ကျီဖန်ယင်းက ဖြေကြားခဲ့ပါတယ်။
ကျိုးချီ: "..."
ချန်လင်း : "..."
ထိုတုံ့ပြန်မှုတစ်ခုကြောင့် စားပွဲရှည်ကြီးတွင်ထိုင်နေကြသော လူတိုင်းသည် နေရခက်သော အခြေအနေထဲသို့ ကျရောက်သွားခဲ့သည်။ ဒီစကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို သူတို့ ချက်ချင်း နားလည်လိုက်ကြသည်။ စုန့်ရှီးယွီသည်ပင် မျက်ခုံး အနည်းငယ် ပင့်တက်လာသည်။
ဘယ်လိုပဲကြည့်ကြည့် ဒါက အရမ်းသနားစရာကောင်းတယ်...
ကျီဖန်ယင်း၏ကိတ်မုန့် ကုန်သွားပြီးနောက် သူမသည် စိတ်ကျေနပ်စွာ မျက်လုံးတွန့်လိုက်ပြီး ဒုတိယမြောက်ပန်းကန်ကို လက်လှမ်းလိုက်ကာ "ကျွန်မက အစ်မကြီးဆိုတော့ ညီမလေးကို အလျှော့ပေးရမှာပေါ့။"
"...အဲ-အဲ့လိုလား။" ကျိုးချီက မဝံ့မရဲ ပြောလိုက်သည်။
ချန်လင်းက စားပွဲကိုလက်ဖြင့် ရိုက်ကာ မတ်တပ်ရပ်လိုက်ပြီး "... နင်သူတို့ကို ပြန်ခံမပြောတတ်ဘူလား။"
ထိုစကားကိုပြောပြီးနောက် သူမသည် လက်သုတ်ပဝါကို ဘေးသို့ ပစ်ချလိုက်ပြီး စားသောက်ဆိုင်မှ ထွက်သွားခဲ့သည်။ အားလုံးက သူမကို အံ့အားသင့်စွာ ကြည့်နေကြသည်။
ကျီဖန်ယင်းသည် သူမထွက်ခွာသွားသော ပုံသဏ္ဌာန်ကို ကြည့်နေခဲ့သည်။
ကြည့်ရသည်မှာ သူမ မကောင်းသည့်သူတော့ဟုတ်ပုံမပေါ်ပေ။ သူမက လျှာစောင်းထက်ပြီး စိတ်ဓာတ်ပြတ်သားသော သူတစ်ယောက်သာ ဖြစ်သည်။ ဒီလိုလူမျိုးသည် ရှေးခေတ်နန်းတွင်းဒရမ်မာများတွင် အရင်သေတတ်၏။
ချန်လင်း၏သူငယ်ချင်းများသည်လည်း ထကာ သူမနောက်သို့ လိုက်သွားကြပြီး စားပွဲတစ်ခုလုံးတွင် နေရခက်သော အခြေအနေဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် ကျီဖန်ယင်းသည် သူမ၏ဒုတိယမြောက်ကိတ်မုန့်ကို အေးအေးဆေးဆေး ဆက်စားပြီးနောက် ငွေရှင်းကောင်တာဆီသို့ သွားကာ ငွေသွားရှင်းလိုက်သည်။
ဟုတ်ပါတယ်၊ သူမဖို့သာ ငွေချေခဲ့တာဖြစ်ပါသည်။
ငွေရှာဖို့ဆိုတာ မလွယ်ဘူး။ ငွေဘယ်လောက်သုံးသုံး 'အိမ်ပြန်ဖို့ရန် ဖျားယောင်းသွေးဆောင်ခြင်း' အက်ပ်ထဲမှာ လျော့သွားမည်မဟုတ်သော်လည်း သူမသည် ဖြုန်းမပစ်ချင်ပေ။
_____________________________________________
Zawgyi
ဧည့္သည္ေတြကို full course mealေကြၽးတာျဖစ္လို႔ အဆာေျပေကြၽးၿပီးတာနဲ႕ တၿပိဳင္နက္ အဓိကဟင္းလ်ာေတြေရာက္လာပါသည္။ ဧည့္သည္အေရအတြက္သည္ မ်ားေသာေၾကာင့္ အနည္းငယ္ေတာ့ႏွေးပါသည္။
{T/N:full course mealဆိုတာ အဆာေျပ၊ အဓိကဟင္း၊ အခ်ိဳပြဲသုံးခါလုံးပါတာကိုေျပာတာပါ။ ပုံမွန္ဆို အခ်ိဳပြဲတို႔ဘာတို႔က သပ္သပ္မွာရတယ္ေလ၊ ဒီမွာက်ေတာ့ နဂိုကတည္းကအစုံလိုက္ပါတာပါ။}
က်ီဖန္ယင္း အဓိကဟင္းလ်ာကို ကုန္သြားၿပီေနာက မၾကာခင္မွာ အခ်ိဳပြဲ ေရာက္လာပါသည္။ အေပၚတြင္ ဗနီလာေရခဲမုန့္တင္ထားေသာ ပင္မွည့္အရသာ ခ်ိစ့္ကိတ္တစ္ခ်ပ္ျဖစ္သည္။ သူမ တစ္ကိုက္ ကိုက္လိုက္သည္ႏွင့္ သူမ၏လွ်ာဖ်ားမွအရသာေၾကာင့္ အရမ္းကို ေက်နပ္အားရသြားေလသည္။
{T/N: ပင္မွည့္အရသာ ခ်ိစ့္ကိတ္တဲ့။ တစ္ေယာက္တည္း သေရယိုမခံနိုင္လို႔ အက်င့္လာပုပ္တာ။}
အရသာရွိခ်က္ပဲ။ ငါ ေနာက္အားတဲ့ေန႕က် ဒီကိုလာရမယ္။
က်ီဖန္ယင္း ေနာက္တစ္လုပ္ စားေတာ့မည့္အခ်ိန္ သူမ၏ ညာဖက္မွ လူသည္ ထိပင္ မထိရေသးေသာ သူ၏ ကိတ္မုန႔္ခ်ပ္ကို သူမဘက္သို႔ တြန္းပို႔လာသည္။ သူမ လွည့္ၾကည့္လိုက္ေတာ့ ထေလွ်ာက္လုံး စကားတစ္ခြန္းပင္ မေျပာခဲ့ေသာ အမ်ိဳးသားက "မင္းအတြက္" ဟုဆိုသည္။
က်ီဖန္ယင္းသည္ အၿပဳံးျဖင့္ လက္ခံကာ "ေက်းဇူးတင္ပါတယ္။"
က်ိဳးခ်ီသည္ ထိုဥပမာမွ လ်င္ျမန္စြာ သင္ယူခဲ့သည္။ "မင္းကိတ္မုန႔္ေတြကို ႀကိဳက္တာတာလား။ ကြၽန္ေတာ္ ခ်ိဳတာေတြကို သိပ္မႀကိဳက..."
"ရပါတယ္၊ ေက်းဇူးပါ။ ကြၽန္မ ေနာက္တစ္ခု ထပ္မစားနိုင္ေလာက္ေတာ့ဘူး။"က်ီဖန္ယင္းက သူ႕ရဲ႕ ေစတနာကို ျငင္းလိုက္ပါသည္။
က်ိဳးခ်ီသည္ က်ီဖန္ယင္း၏ညာဘက္တြင္ထိုင္ေနေသာလူကို စူးစူးရဲရဲၾကည့္လိုက္ၿပီး ထပ္မံ လ်စ္လ်ဴရႈလိုက္ျပန္သည္။
ထိုအခ်ိန္တြင္ ဒီေတြ႕ဆုံပြဲကိုစီစဥ္သူျဖစ္ေသာ ခ်န္လင္းသည္ သူမ၏သူငယ္ခ်င္းမ်ားဘက္လွည့္ၿပီး ရယ္ေမာကာ "ရယ္ရလိုက္တာ။ နည္းနည္းပါးပါး ျပင္ဆင္ျပလိုက္တာနဲ႕ မ်က္လုံးမေကာင္းတဲ့ေယာက်္ားေတြကို ဆြဲေဆာင္နိုင္သြားတယ္ေနာ္။"
က်ီဖန္ယင္းက သူမကို ဂ႐ုမစိုက္ဘဲ ကိတ္မုန႔္ကိုသာ ဆက္စားေနသည္။
ခ်န္လင္း : "..."
သူမသည္ အံႀကိတ္ကာ ပိုမိုက်ယ္ေလာင္ေသာ အသံျဖင့္ "မ်က္ႏွာလွလွေလးရွိတာ တကယ္ကိုေကာင္းတာပဲ။"
သူမ၏ က်ယ္ေလာင္ေသာ စကားသည္ က်ီဖန္ယင္းကို 'ဘာလို႔ဒီေလာက္အက်ယ္ႀကီးစကားေျပာေနတာလဲ' ဟူေသာ အမူအရာကို ျဖစ္သြားေစသည္။ က်ီဖန္ယင္း၏ မ်က္ႏွာေပၚရွိအမူအရာသည္ အျပစ္ကင္းစင္ၿပီး ခ်န္လင္းရဲ႕အျပဳအမူကို တကယ္စိတ္ဝင္တစားျဖစ္ေနပုံေပၚပါတယ္။
ခ်န္လင္းသည္ သည္းမခံနိုင္ေတာ့ဘဲ မတ္တပ္ထရပ္လိုက္ၿပီး "က်ီဖန္ယင္း၊ နင့္နာမည္ကို ထုတ္ေျပာမွသိမွာလား။"
က်ီဖန္ယင္းက မ်က္ေတာင္ခတ္လိုက္ၿပီး "ေတာင္းပန္ပါတယ္၊ ရွင္က...?"
"ဟန္ေဆာင္ေနတာေတြ ရပ္လိုက္ေတာ့။" ခ်န္လင္းသည္ သူမ၏ ဇြန္းကို စားပြဲေပၚေဆာင့္ခ်လိဳက္ၿပီး "ငါစီစဥ္တဲ့ ေတြ႕ဆုံပြဲက် လာရဲၿပီး ငါ့ကိုမသိဘူးေပါ့။"
က်ီဖန္ယင္းက သေဘာေပါက္သြားၿပီး မ်က္လုံးျပဴးသြားသည္။ "ရွင္က စီစဥ္တဲ့သူလား။ ေနရာကို ေကာင္းေကာင္းေ႐ြးတာပဲ။ ဒီစားေသာက္ဆိုင္က အစားအေသာက္ေတြက အရမ္းအရသာရွိတယ္။"
"ေက်းဇူးပါပဲ။" ခ်န္လင္းက မသိစိတ္မွ ျပန္ေျဖလိုက္သည္။
စကၠန႔္ပိုင္းမွ်ၾကာေအာင္ ေၾကာင္သြားၿပီေနာက္ သူမသည္ အသိဝင္လာၿပီး "ဘာလို႔ဒီကိစၥကိုထေျပာတာလဲ။ ငါနင့္ကို အခုေျပာဆိုေနတာေလ။"
အဲဒီ့အတြက္ က်ီဖန္ယင္းက "ဘာကိုလဲ။ ရွင္က ကြၽန္မရဲ႕ မ်က္ႏွာကလွတယ္လို႔ ေျပာလိုက္တာ မဟုတ္ဘူးလား။"
"ဒါက က်ီရွင္းရွင္းရဲ႕မ်က္ႏွာေလ။" ခ်န္လင္းက မေက်မနပ္ျဖင့္ ေအာ္လိုက္သည္။
က်ီဖန္ယင္းက တိုးတိုးေလး ရယ္လိုက္ၿပီး "ဟုတ္တယ္၊ ကြၽန္မကို လူေတာ္ေတာ္မ်ားမ်ား သူနဲ႕မွားၾကတယ္။"
စုန့္ရွီးယြီ: "..."
သူက ငါ့အေၾကာင္းကို ေျပာေနတာလား။
"ေျပာရမယ္ဆိုရင္ ကြၽန္မကအႀကီးပါ။" က်ီဖန္ယင္းက သူမရဲ႕ အခ်ိဳပြဲဇြန္းေလးကို လႈပ္လိုက္ကာ "ကြၽန္မက က်ီရွင္းရွင္းထက္ တစ္ရက္ပိုႀကီးတယ္။"
"မင္းတို႔က တစ္ရက္ေတာင္ကြာတာလား။" က်ိဳးခ်ီက စိတ္ဝင္တစား ေမးသည္။
"ကြၽန္မတို႔က သန္းေခါင္ေလာက္မွာ ေမြးခဲ့တာေလ။ ၿပီးေတာ့ သူနဲ႕ကြၽန္မကနာရီဝက္ျခားၿပီးေမြးၾကတာ။ " ဟု က်ီဖန္ယင္းက ရွင္းျပသည္။
က်ီဖန္ယင္း၏ ဆန႔္က်င္ဘက္တြင္ ထိုင္ေနေသာ အမ်ိဳးသမီးသည္ ေတာင့္မလဲနိုင္ေတာ့ဘဲ စကားဝိုင္းတြင္ ပါဝင္လာသည္ "အံ့ၾသစရာေကာင္းတာ။ ဒါဆို ရွင္တို႔မိသားစုက ေမြးေန႕ကို ႏွစ္ရက္ဆက္တိုက္ေတာင္ က်င္းပတယ္ေပါ့။"
႐ုတ္တရက္ဆိုသလိုပင္ ခ်န္လင္းသည္ ဒီေဆြးႏြေးမႈႀကီးေၾကာင့္ အေမ့ခံလိုက္ရသည္။
"မဟုတ္ပါဘူး။ ကြၽန္မတို႔က သူ႕ေမြးေန႕မွာပဲ အတူက်င္းပၾကတယ္။" လို႔ က်ီဖန္ယင္းက ေျဖၾကားခဲ့ပါတယ္။
က်ိဳးခ်ီ: "..."
ခ်န္လင္း : "..."
ထိုတုံ႕ျပန္မႈတစ္ခုေၾကာင့္ စားပြဲရွည္ႀကီးတြင္ထိုင္ေနၾကေသာ လူတိုင္းသည္ ေနရခက္ေသာ အေျခအေနထဲသို႔ က်ေရာက္သြားခဲ့သည္။ ဒီစကားလုံးေတြရဲ႕ ေနာက္ကြယ္က အဓိပ္ပါယ်ကို သူတို႔ ခ်က္ခ်င္း နားလည္လိုက္ၾကသည္။ စုန့္ရွီးယြီသည္ပင္ မ်က္ခုံး အနည္းငယ္ ပင့္တက္လာသည္။
ဘယ္လိုပဲၾကည့္ၾကည့္ ဒါက အရမ္းသနားစရာေကာင္းတယ္...
က်ီဖန္ယင္း၏ကိတ္မုန့္ ကုန္သြားၿပီးေနာက္ သူမသည္ စိတ္ေက်နပ္စြာ မ်က္လုံးတြန့္လိုက္ၿပီး ဒုတိယေျမာက္ပန္းကန္ကို လက္လွမ္းလိုက္ကာ "ကြၽန္မက အစ္မႀကီးဆိုေတာ့ ညီမေလးကို အေလွ်ာ့ေပးရမွာေပါ့။"
"...အဲ-အဲ့လိုလား။" က်ိဳးခ်ီက မဝံ့မရဲ ေျပာလိုက္သည္။
ခ်န္လင္းက စားပြဲကိုလက္ျဖင့္ ရိုက္ကာ မတ္တပ္ရပ္လိုက္ၿပီး "... နင္သူတို႔ကို ျပန္ခံမေျပာတတ္ဘူလား။"
ထိုစကားကိုေျပာၿပီးေနာက္ သူမသည္ လက္သုတ္ပဝါကို ေဘးသို႔ ပစ္ခ်လိဳက္ၿပီး စားေသာက္ဆိုင္မွ ထြက္သြားခဲ့သည္။ အားလုံးက သူမကို အံ့အားသင့္စြာ ၾကည့္ေနၾကသည္။
က်ီဖန္ယင္းသည္ သူမထြက္ခြာသြားေသာ ပုံသဏၭာန္ကို ၾကည့္ေနခဲ့သည္။
ၾကည့္ရသည္မွာ သူမ မေကာင္းသည့္သူေတာ့ဟုတ္ပုံမေပၚေပ။ သူမက လွ်ာေစာင္းထက္ၿပီး စိတ္ဓာတ္ျပတ္သားေသာ သူတစ္ေယာက္သာ ျဖစ္သည္။ ဒီလိုလူမ်ိဳးသည္ ေရွးေခတ္နန္းတြင္းဒရမ္မာမ်ားတြင္ အရင္ေသတတ္၏။
ခ်န္လင္း၏သူငယ္ခ်င္းမ်ားသည္လည္း ထကာ သူမေနာက္သို႔ လိုက္သြားၾကၿပီး စားပြဲတစ္ခုလုံးတြင္ ေနရခက္ေသာ အေျခအေနျဖစ္သြားခဲ့သည္။
ထိုအခ်ိန္တြင္ က်ီဖန္ယင္းသည္ သူမ၏ဒုတိယေျမာက္ကိတ္မုန့္ကို ေအးေအးေဆးေဆး ဆက္စားၿပီးေနာက္ ေငြရွင္းေကာင္တာဆီသို႔ သြားကာ ေငြသြားရွင္းလိုက္သည္။
ဟုတ္ပါတယ္၊ သူမဖို႔သာ ေငြေခ်ခဲ့တာျဖစ္ပါသည္။
ေငြရွာဖို႔ဆိုတာ မလြယ္ဘူး။ ေငြဘယ္ေလာက္သုံးသုံး 'အိမ္ျပန္ဖို႔ရန္ ဖ်ားေယာင္းေသြးေဆာင္ျခင္း' အက္ပ္ထဲမွာ ေလ်ာ့သြားမည္မဟုတ္ေသာ္လည္း သူမသည္ ျဖဳန္းမပစ္ခ်င္ေပ။
_____________________________________________