နောက်တစ်နေ့တွင် ကျီဖန်ယင်းသည် တွေ့ဆုံပွဲသို့ ခါတိုင်းကဲ့သို့ အချိန်ကိုက်ထွက်လာခဲ့သည်။
သူမသည် ရိုးရှင်းသော အနက်ရောင် ရိုဗာဝတ်စုံကို ၀တ်ဆင်ထားပြီး ပခုံးနှင့် ကော်လာအရိုးများက ပေါ်လွင်နေသည်။
တွေ့ဆုံပွဲသည် al fresco အနောက်တိုင်း စားသောက်ဆိုင်တစ်ခုတွင် ဖြစ်သည်။ ပွဲစီစဉ်သူက နေရာတစ်ခုလုံးကို ကြိုတင်စာရင်းပေးထားသည်။ စားပွဲထိုးက သူမကို သတိပြုမိသည်နှင့် တပြိုင်နက် သူမဆီသို့ အလျင်အမြန် လျှောက်လာပြီး ယဉ်ကျေးစွာ မေးမြန်းကာ တွေ့ဆုံပွဲဆီသို့ခေါ်လာခဲ့သည်။
[T/N: Al frescoဆိုတာက အပြင်ခြံကြီးထဲမှာ စားပွဲတွေချထားပြီး ပွဲလိုလို နေရာကြီးမျိုးကိုပြောတာပါတဲ့]
သူတို့ဘွတ်ကင်ချိတ်ထားသော ခြံထဲဝင်လိုက်ချိန်တွင် ကျီဖန်ယင်းဟာ သပ်ရပ်လှပတဲ့အဝတ်အစားများ ဝတ်ထားသော အမျိုးသမီးငယ်တချို့ အချင်းချင်း စကားစမြည်ပြောနေကြသည်ကို တွေ့လိုက်ရတယ်။ တစ်ချို့က ထိုင်နေကြပြီး တစ်ချို့ဟာ မတ်တပ်ရပ်နေကြပေမယ့် အားလုံးကတော့ သူတို့သူငယ်ချင်းများဖြင့် စကားပြောနေကြသည်။
ဝင်ပေါက်နားတွင်ရပ်နေသော အမျိုးသမီးအနည်းငယ်သည် ကျီဖန်ယင်းကို လျင်မြန်စွာ သတိထားမိသွားသည်။
"ကျီရှင်းရှင်း?!" သူတို့ထဲက တစ်ယောက်က အံ့သြတကြီးဖြငိ့ "နင်ပြင်သစ်မှာ မဟုတ်ဘူးလား"
ကျီဖန်ယင်းသည် ထိုလူကို တစ်ချက်ကြည့်ကာ "ကျွန်မက ကျီဖန်ယင်းပါ" ဟု ပြန်ပြောသည်။
ဒီရိုးရှင်းသော ကိုယ့်ကိုကိုယ် မိတ်ဆက်ခြင်းသည် ဥယျာဉ်အတွင်းရှိ လူတိုင်းကိုအာရုံစိုက်သွားစေသည် "ကျီဖန်ယင်းက ဘယ်လိုလုပ် ဒီလိုပုံစံဖြစ်နေတာလဲ။"
"ဒါဆို ကျီရှင်းရှင်းရဲ့အမြွှာက ဘယ်လိုပုံစံဖြစ်သင့်တာလဲ။" ကျီဖန်ယင်းက မေးလိုကိတယ်။
"..."
"..."
လူအုပ်ကြီးသည် နားလည်သွားကာ မျက်လုံးပြူးသွားကြသည်။
ကျီဖန်ယင်းသည် သူတို့ကို ဖြတ်ပြီး တစ်နေရာရာတွင်ဝင်ထိုင်တော့မည့်အချိန်တွင် သူမနောက်မှ စားပွဲထိုးတစ်ယောက်အသံကိုကြားလိုက်ရသည် "ဒီလမ်းပါဗျ" ဟု ပြောသည်ကို ကြားလိုက်ရသည်။ သူမထပ် ဘယ်သူက အချိန်ပိုတိကျပြီး ရောက်လာသလဲသိချင်သဖြင့် နောက်ပြန်လှည့်ကြည့်လိုက်ရာ...
စုန့်ရှီးယွီ ဖြစ်နေခဲ့ပါသည်။
လောလောဆယ်တွင် သူသည် သူ့အသက်အရွယ်ဝန်းကျင်လောက်ရှိသော တခြားလူတစ်ယောက်နှင့် စကားပြောရင်း လမ်းလျှောက်လာသည်။ ဘယ်လိုပဲကြည့်ကြည့် သူသည် ကောင်းမွန်စွာ ပျိုးထောင်ခံထားရသူနှင့် တူသည်။
တကယ်လည်း စုန့်ရှီးယွီသည် အလွန်ကောင်းမွန်စွာ ပျိုးထောင်ခံထားရသည်ပဲလေ။ သူ့စရိုက်က တခါတလေသာ ပြောင်းလဲသွားတတ်တာကလွဲလို့။
ကျီဖန်ယင်းသည် သူမအကြည့်ကိုလွှဲတော့မည့်အချိန်တွင် စုန့်ရှီးယွီသည် ခေါင်းကို ရုတ်တရက် မြှောက်လိုက်တာကြောင့် သူမတို့ မျက်လုံးချင်းဆုံမိသွားကြသည်။
စုန့်ရှီးယွီက ခဏတာ ရပ်တန့်သွားပြီးနောက် သူ့ခေါင်းကို လှည့်လိုက်သည်။ သူ၏အမူအရာသည် အနည်းငယ်တုန်လှုပ်သွားပြီး တစ်ခုခုကို ဖုံးကွယ်နေကဲ့သို့ပင်ယ
ကျီဖန်ယင်းက သူ့ကို ဂရုမစိုက်တော့ဘဲ ထိုင်ခုံတစ်ခုံမှာထိုင်ပြီး လိမ္မော်ရည်တစ်ခွက်ကို မှာလိုက်တယ်။
စုန့်ရှီးယွီ ရောက်လာသည်နှင့် တပြိုင်နက် ချက်ချင်း သူသည် အာရုံစူးစိုက်မှု၏ အလယ်သို့ရောက်သွားသည်။ လူအုပ်ကြီးက သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ကြသည်။
ဂိမ်းကစားနေရင်းဖြင့် ကျီဖန်ယင်းသည် တခြားလူများပြောနေသောစကားများကို နားထောင်နေပြီး တက်ရောက်လာသူများ၏ လူမှုအဆင့်အတန်းကို နားလည်သွားသည်။
ဒီနေရာက လူ့အဖွဲ့အစည်းကို ပိရမစ်အဖြစ် ပြောင်းလိုက်မည်ဆိုလျှင် ထိပ်ပိုင်းတွင် ရပ်နေသူများမှာ စုန့်ရှီးယွီနှင့် သူ့အဖွဲ့ဖြစ်ပြီး အခြားတက်ရောက်သူများမှာ သူ့အောက်ရှိ အဆင့်တွင်ဖြစ်သည်။ ဒါက သူတို့ရဲ့အိုဗာဖြစ်စွာ ကောင်းမွန်နေသော စိတ်သဘောထားကို ရှင်းပြပြီးနေပြီဖြစ်သည်။
ကျီဖန်ယင်းသည် မည်သည့်စကားဝိုင်းတွင်မျှ မပါဝင်ခဲ့သော်လည်း လူသားများသည် အသွင်အပြင်ကို အရမ်းအာရုံစိုက်ကြသည်။ လူမှုဆက်ဆံရေးမှာဆိုလျှင် ရုပ်ရည်ချောမောသူတွေဟာ မွေးရာပါ အားသာချက်တစ်ခု ပိုင်ဆိုင်ထားသကဲ့သို့ပင်။
သူမသည် ထောင့်နားတွင် ပျင်းရိစွာထိုင်ကာ မည်သူ့ကိုမျှမကြည့်ဘဲ ဖုန်းကိုသာ ကြည့်နေခဲ့သည်။ သို့တိုင် သူမဘယ်လိုပဲနေနေပါစေ လူအုပ်ကြီးသည် သူမရှိရာကို လှည့်လှည့်ကြည့်နေကြသည်။
သူမ၏ ပခုံးပေါ်မှ တောက်ပသော နေမင်းကြီး၏ အလင်းတန်းလေးများသည် ဖြာကျနေကာ ကမ္ဘာမြေကြီးအပေါ်မှ အဆွဲဆောင်နိုင်ဆုံး မြင်ကွင်းတစ်ခုကဲ့သို့ဖြစ်နေသည်။
သူမနှင့် စကားစမြည်ပြောရန် မထိန်းချုပ်နိုင်တော့သော လူတစ်ဦးရှိပါသည်။
"ကျီဖန်ယင်း? မတွေ့တာတောင်ကြာနေပြီ။ မင်းအရင်တုန်းကနဲ့ အရမ်းကိုကွာခြားသွားတာပဲ။ ဘယ်လိုပြောရမလဲ... အရင်ကထက် ပိုပြီးကွန်ဖီးဒန့်ရှိလာတဲ့ပုံပေါ်တယ်။"
ကျီဖန်ယင်းသည် ပိုင်ရှင်၏ဗိုက်ပေါ်တွင် ခုန်ကာ နှိပ်ပေးရန် တောင်းဆိုနေသော ချစ်စရာကြောင်လေး၏ ဗီဒီယိုကို ကြည့်ရှုနေခဲ့သည်။ ထို့အတွက်ကြောင့် သူမခေါင်းကို မြှောက်လိုက်သောအခါတွင် သူမ၏အမူအရာသည် ခါတိုင်းထက်ပို၍ နူးညံ့နေပုံပေါ်သည်။
"ဆံပင်ပုံစံပြောင်းလိုက်လို့တင်ပါ။"
အတန်းဖော် အမျိုးသား "..."
ဆံပင်ပုံစံပြောင်းလိုက်လို့တဲ့လား။ လုံးဝ ဝိညာဥ်တစ်ခုလုံးပြောင်းသွားတဲ့ပုံပေါ်နေတာကို။
"ကျွန်တော့်ကို မှတ်မိသေးလား။ ကျွန်တော်တို့ အထက်တန်းကျောင်းတုန်းက အတန်းအတူတူပဲလေ။ အဲဒီတုန်းက ကျွန်တော်က ကာယတန်းရဲ့ခေါင်းဆောင်လေ"
ကျီဖန်ယင်းက သူ့ကို ပြုံးပြပြီး "တောင်းပန်ပါတယ်၊ ကျွန်မ မမှတ်မိဘူး" လို့ ပြန်ဖြေပါတယ်။
"ရပါတယ်၊ ကျွန်တော်တို့အရင်တုန်းက စကားမှသိပ်မပြောဖြစ်ခဲ့တာ" ဟု အတန်းဖော် အမျိုးသားက နားလည်စွာ ပြန်ဖြေသည်။ သူသည် လည်ချောင်းကိုရှင်းကာ နီမြန်းသောမျက်နှာဖြင့် သူ့ကိုယ်သူ မိတ်ဆက်လာသည် "ကျွန်တော့်နာမည်က ကျိုးချီပါ"
"တွေ့ရတာဝမ်းသာပါတယ်။" ကျီဖန်ဖင်းက ပေါ့ပါးစွာ သူမလက်ကို ထုတ်လိုက်တယ်။ "ဒါကို ကျွန်မတို့ ပထမဆုံးအကြိမ်တွေ့တာလို့ပဲ သဘောထားကြတာပေါ့။"
ကျိုးချီသည် သူမ၏ တုန့်ပြန်မှုကြောင့် အံ့ဩနေသည်။ သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမလက်ကို အမြန်ဆွဲလိုက်သည်။
နှုတ်ဆက်ပြီးနောက် ကျိုးချီသည် အံ့သြနေရာမှ အဆင်ပြေလာပြီး ပို၍သဘာဝကျလာပုံရသည်။ သူသည် အလုပ်နှင့်ပတ်သက်သော ကိစ္စများကို စတင်ပြောဆိုလာခဲ့သည်။
ကျီဖန်ယင်းက သူမ၏ဖုန်းကို သိမ်းလိုက်ပြီး လက်ထောက်ကာ သူ၏ပုံပြင်များကို နားထောင်နေခဲ့သည်။ သူမ၏ ကိုယ်ဟန်အနေအထားသည် ပေါ့ပေါ့တန်တန်ဖြစ်နေပြီး ပြီးပြည့်စုံမှုမရှိသော်လည်း သူမသည် ဂရုတစိုက်နားထောင်နေကြောင်း သိသာပါသည်။
အပြင်လူတစ်ယောက်က စကားဝိုင်းထဲဝင်ပါဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုးပေ။
...
"...စီနီယာ?"
စုန့်ရှီးယွီသည် နောက်ဆုံးတွင် အသိပြန်ဝင်လာပြီး အကြည့်ကို ပြန်ရုတ်လိုက်သည်။ သူက တောင်းပန်တဲ့ အပြုံးနဲ့ "တောင်းပန်ပါတယ်၊ ကျွန်တော် ခဏလောက် အတွေးလွန်သွားတယ်။"
"ကျွန်တော်နားလည်ပါတယ်။" အတန်းဖော်တစ်ဦးက ခေါငိးကို ကုတ်ရင်း "ကျွန်တော်လည်း သူ့ကို စတွေ့တွေ့ချင်းတုန်းက အရမ်း အံ့သြသွားတာ။ အရင်တုန်းက ကျီဖန်ယင်းရဲ့ဆံပင်တွေက အမြဲတမ်း မျက်နှာကို ဖုံးနေခဲ့တာလေ။ ကျွန်တော် သူ့မျက်နှာကို သေချာမြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။ သူက ကျီရှင်းရှင်းနဲ့ လုံးဝကိုချွတ်စွပ်ပဲနော်။"
"ဒါပေမဲ့မျက်နှာပဲတူကြတာပါ။ ကျီဖန်ယင်းက ပြုံးရတာကို မကြိုက်ဘူး။ နည်းနည်းလောက်ကြည့်လိုက်တာနဲ့ သူတို့နှစ်ယောက်ကို ဘယ်သူမဆိုခွဲနိုင်တယ်။ စီနီယာက ကျီရှင်းရှင်းကို ကြိုက်နေတာဆိုတော့ သူတို့နှစ်ယောက်ကို သေချာခွဲနိုင်လောက်တယ်။"
စုန့်ရှီးယွီ : "..."
"ဒါနဲ့ကျီဖန်ယင်းမှာ ရည်းစားရှိလားမသိဘူး။" တစ်ယောက်ယောက်က မေးတယ်။ "ကျိုးချီက အကွက်ကိုအမြန်ရွှေ့နိုင်သွားတယ်။ ငါသာကြိုသိရင် ငါလည်း..."
"အခုသူတို့နဲ့သွားစကားပြောလို့ရတယ်လေ။"ဟု အတန်းဖော်တစ်ဦးက မှတ်ချက်ပြုသည်။
"ဒါပေမယ့် ငါတို့ကျောင်းတက်တုန်းက သူ့ကို လှောင်ခဲ့ကြတယ်လေ။ အခုကျမှ ဘာမှမဖြစ်ခဲ့သလိုမျိုး နေဖို့က..."
လူငယ်များသည် အကွက်ရွှေ့ဖို့ အချင်းချင်း တွန်းအားပေးနေကြသည်။
စုန့်ရှီးယွီက သူတို့ကို နှောင့်ယှက်လိုက်သည် "ဒီလိုတွေ့ဆုံပွဲတွေအတွက် ဂရုချတ်တစ်ခုရှိတယ်လို့ ပြောဖူးတယ်မလား။"
"ရှိတယ်လေ။" သူ့သူငယ်ချင်းများ၏ ရိုက်နှက်ခြင်းကို ခံနေရသော အတန်းဖော်က ခေါင်းညိတ်သည်။ "ဒါပေမယ့် စီနီယာက ဂရုချတ်တွေကို သဘောမကျလို့ ကျွန်တော်မထည့်လိုက်တာ။"
စုန့်ရှီးယွီ : "..."
သူ၏ တိတ်ဆိတ်မှုက တစ်ဖက်သား၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးစေခဲ့သည်။
"ဘာဖြစ်လို့လဲ စီနီယာ။ ကျွန်တော် အမှတ်မှားသွားတာလား။"
စုန့်ရှီးယွီက မျက်လွှာချကာ အရက်ကို တစ်ငုံသောက်လိုက်ပြီး "... မဟုတ်ပါဘူး၊ မင်းပြောတာမှန်တယ်။ ကျွန်တော် ဂရုချတ်တွေကို သိပ်သဘောမကျဘူး။"
သူတို့အဖွဲ့သည် အခြားအကြောင်းအရာများသို့ လျင်မြန်စွာ ခေါင်းစဉ်ပြောင်းလိုက်ကြသည်။ သူတို့သည် အချိန်အကြာကြီးဘစကားစမြည်ပြောနေကြပြီး တစ်စုံတစ်ဦးမှ ရုတ်တရက် "ဟိတ်ကောင်တွေ၊ ဟိုကိုအမြန်ကြည့်လိုက်။" ဟုအော်လိုက်သည်။
စုန့်ရှီးယွီသည် ကျီဖန်ယင်း ထိုင်နေရာသို့ မသိစိတ်မှ လှမ်းကြည့်လိုက်သည်။
ကျိုးချီနှင့် ကျီဖန်ယင်းတို့သည် သူတို့၏ဖုန်းများကိုထုတ်ကာ အချင်းချင်း၏ WeChat QRကုဒ်များကို စကင်န်ဖတ်နေကြသည်။ သူတို့သည် ခင်မင်သွားကြတာကြောင့် အဆက်အသွယ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်နိုင်သည်။
_____________________________________________
Zawgyi
ေနာက္တစ္ေန႕တြင္ က်ီဖန္ယင္းသည္ ေတြ႕ဆုံပြဲသို႔ ခါတိုင္းကဲ့သို႔ အခ်ိန္ကိုက္ထြက္လာခဲ့သည္။
သူမသည္ ရိုးရွင္းေသာ အနက္ေရာင္ ရိုဗာဝတ္စုံကို ၀တ်ဆင်ထားပြီး ပခုံးႏွင့္ ေကာ္လာအရိုးမ်ားက ေပၚလြင္ေနသည္။
ေတြ႕ဆုံပြဲသည္ al fresco အေနာက္တိုင္း စားေသာက္ဆိုင္တစ္ခုတြင္ ျဖစ္သည္။ ပြဲစီစဥ္သူက ေနရာတစ္ခုလုံးကို ႀကိဳတင္စာရင္းေပးထားသည္။ စားပြဲထိုးက သူမကို သတိျပဳမိသည္ႏွင့္ တၿပိဳင္နက္ သူမဆီသို႔ အလ်င္အျမန္ ေလွ်ာက္လာၿပီး ယဥ္ေက်းစြာ ေမးျမန္းကာ ေတြ႕ဆုံပြဲဆီသို႔ေခၚလာခဲ့သည္။
[T/N: Al frescoဆိုတာက အျပင္ၿခံႀကီးထဲမွာ စားပြဲေတြခ်ထားၿပီး ပြဲလိုလို ေနရာႀကီးမ်ိဳးကိုေျပာတာပါတဲ့]
သူတို႔ဘြတ္ကင္ခ်ိတ္ထားေသာ ၿခံထဲဝင္လိုက္ခ်ိန္တြင္ က်ီဖန္ယင္းဟာ သပ္ရပ္လွပတဲ့အဝတ္အစားမ်ား ဝတ္ထားေသာ အမ်ိဳးသမီးငယ္တခ်ိဳ႕ အခ်င္းခ်င္း စကားစျမည္ေျပာေနၾကသည္ကို ေတြ႕လိုက္ရတယ္။ တစ္ခ်ိဳ႕က ထိုင္ေနၾကၿပီး တစ္ခ်ိဳ႕ဟာ မတ္တပ္ရပ္ေနၾကေပမယ့္ အားလုံးကေတာ့ သူတို႔သူငယ္ခ်င္းမ်ားျဖင့္ စကားေျပာေနၾကသည္။
ဝင္ေပါက္နားတြင္ရပ္ေနေသာ အမ်ိဳးသမီးအနည္းငယ္သည္ က်ီဖန္ယင္းကို လ်င္ျမန္စြာ သတိထားမိသြားသည္။
"က်ီရွင္းရွင္း?!" သူတို႔ထဲက တစ္ေယာက္က အံ့ၾသတႀကီးျဖငိ့ "နင္ျပင္သစ္မွာ မဟုတ္ဘူးလား"
က်ီဖန္ယင္းသည္ ထိုလူကို တစ္ခ်က္ၾကည့္ကာ "ကြၽန္မက က်ီဖန္ယင္းပါ" ဟု ျပန္ေျပာသည္။
ဒီရိုးရွင္းေသာ ကိုယ့္ကိုကိုယ္ မိတ္ဆက္ျခင္းသည္ ဥယ်ာဥ္အတြင္းရွိ လူတိုင္းကိုအာ႐ုံစိုက္သြားေစသည္ "က်ီဖန္ယင္းက ဘယ္လိုလုပ္ ဒီလိုပုံစံျဖစ္ေနတာလဲ။"
"ဒါဆို က်ီရွင္းရွင္းရဲ႕အႁမႊာက ဘယ္လိုပုံစံျဖစ္သင့္တာလဲ။" က်ီဖန္ယင္းက ေမးလိုကိတယ္။
"..."
"..."
လူအုပ္ႀကီးသည္ နားလည္သြားကာ မ်က္လုံးျပဴးသြားၾကသည္။
က်ီဖန္ယင္းသည္ သူတို႔ကို ျဖတ္ၿပီး တစ္ေနရာရာတြင္ဝင္ထိုင္ေတာ့မည့္အခ်ိန္တြင္ သူမေနာက္မွ စားပြဲထိုးတစ္ေယာက္အသံကိုၾကားလိုက္ရသည္ "ဒီလမ္းပါဗ်" ဟု ေျပာသည္ကို ၾကားလိုက္ရသည္။ သူမထပ္ ဘယ္သူက အခ်ိန္ပိုတိက်ၿပီး ေရာက္လာသလဲသိခ်င္သျဖင့္ ေနာက္ျပန္လွည့္ၾကည့္လိုက္ရာ...
စုန့္ရွီးယြီ ျဖစ္ေနခဲ့ပါသည္။
ေလာေလာဆယ္တြင္ သူသည္ သူ႕အသက္အ႐ြယ္ဝန္းက်င္ေလာက္ရွိေသာ တျခားလူတစ္ေယာက္ႏွင့္ စကားေျပာရင္း လမ္းေလွ်ာက္လာသည္။ ဘယ္လိုပဲၾကည့္ၾကည့္ သူသည္ ေကာင္းမြန္စြာ ပ်ိဳးေထာင္ခံထားရသူႏွင့္ တူသည္။
တကယ္လည္း စုန့္ရွီးယြီသည္ အလြန္ေကာင္းမြန္စြာ ပ်ိဳးေထာင္ခံထားရသည္ပဲေလ။ သူ႕စရိုက္က တခါတေလသာ ေျပာင္းလဲသြားတတ္တာကလြဲလို႔။
က်ီဖန္ယင္းသည္ သူမအၾကည့္ကိုလႊဲေတာ့မည့္အခ်ိန္တြင္ စုန့္ရွီးယြီသည္ ေခါင္းကို ႐ုတ္တရက္ ျမႇောက္လိုက္တာေၾကာင့္ သူမတို႔ မ်က္လုံးခ်င္းဆုံမိသြားၾကသည္။
စုန့္ရွီးယြီက ခဏတာ ရပ္တန့္သြားၿပီးေနာက္ သူ႕ေခါင္းကို လွည့္လိုက္သည္။ သူ၏အမူအရာသည္ အနည္းငယ္တုန္လႈပ္သြားၿပီး တစ္ခုခုကို ဖုံးကြယ္ေနကဲ့သို႔ပင္ယ
က်ီဖန္ယင္းက သူ႕ကို ဂ႐ုမစိုက္ေတာ့ဘဲ ထိုင္ခုံတစ္ခုံမွာထိုင္ၿပီး လိေမၼာ္ရည္တစ္ခြက္ကို မွာလိုက္တယ္။
စုန့္ရွီးယြီ ေရာက္လာသည္ႏွင့္ တၿပိဳင္နက္ ခ်က္ခ်င္း သူသည္ အာ႐ုံစူးစိုက္မႈ၏ အလယ္သို႔ေရာက္သြားသည္။ လူအုပ္ႀကီးက သူ႕ကို လွိုက္လွိုက္လွဲလွဲ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။
ဂိမ္းကစားေနရင္းျဖင့္ က်ီဖန္ယင္းသည္ တျခားလူမ်ားေျပာေနေသာစကားမ်ားကို နားေထာင္ေနၿပီး တက္ေရာက္လာသူမ်ား၏ လူမႈအဆင့္အတန္းကို နားလည္သြားသည္။
ဒီေနရာက လူ႕အဖြဲ႕အစည္းကို ပိရမစ္အျဖစ္ ေျပာင္းလိုက္မည္ဆိုလွ်င္ ထိပ္ပိုင္းတြင္ ရပ္ေနသူမ်ားမွာ စုန့္ရွီးယြီႏွင့္ သူ႕အဖြဲ႕ျဖစ္ၿပီး အျခားတက္ေရာက္သူမ်ားမွာ သူ႕ေအာက္ရွိ အဆင့္တြင္ျဖစ္သည္။ ဒါက သူတို႔ရဲ႕အိုဗာျဖစ္စြာ ေကာင္းမြန္ေနေသာ စိတ္သေဘာထားကို ရွင္းျပၿပီးေနၿပီျဖစ္သည္။
က်ီဖန္ယင္းသည္ မည္သည့္စကားဝိုင္းတြင္မွ် မပါဝင္ခဲ့ေသာ္လည္း လူသားမ်ားသည္ အသြင္အျပင္ကို အရမ္းအာ႐ုံစိုက္ၾကသည္။ လူမႈဆက္ဆံေရးမွာဆိုလွ်င္ ႐ုပ္ရည္ေခ်ာေမာသူေတြဟာ ေမြးရာပါ အားသာခ်က္တစ္ခု ပိုင္ဆိုင္ထားသကဲ့သို႔ပင္။
သူမသည္ ေထာင့္နားတြင္ ပ်င္းရိစြာထိုင္ကာ မည္သူ႕ကိုမွ်မၾကည့္ဘဲ ဖုန္းကိုသာ ၾကည့္ေနခဲ့သည္။ သို႔တိုင္ သူမဘယ္လိုပဲေနေနပါေစ လူအုပ္ႀကီးသည္ သူမရွိရာကို လွည့္လွည့္ၾကည့္ေနၾကသည္။
သူမ၏ ပခုံးေပၚမွ ေတာက္ပေသာ ေနမင္းႀကီး၏ အလင္းတန္းေလးမ်ားသည္ ျဖာက်ေနကာ ကမၻာေျမႀကီးအေပၚမွ အဆြဲေဆာင္နိုင္ဆုံး ျမင္ကြင္းတစ္ခုကဲ့သို႔ျဖစ္ေနသည္။
သူမႏွင့္ စကားစျမည္ေျပာရန္ မထိန္းခ်ဳပ္နိုင္ေတာ့ေသာ လူတစ္ဦးရွိပါသည္။
"က်ီဖန္ယင္း? မေတြ႕တာေတာင္ၾကာေနၿပီ။ မင္းအရင္တုန္းကနဲ႕ အရမ္းကိုကြာျခားသြားတာပဲ။ ဘယ္လိုေျပာရမလဲ... အရင္ကထက္ ပိုၿပီးကြန္ဖီးဒန့္ရွိလာတဲ့ပုံေပၚတယ္။"
က်ီဖန္ယင္းသည္ ပိုင္ရွင္၏ဗိုက္ေပၚတြင္ ခုန္ကာ ႏွိပ္ေပးရန္ ေတာင္းဆိုေနေသာ ခ်စ္စရာေၾကာင္ေလး၏ ဗီဒီယိုကို ၾကည့္ရႈေနခဲ့သည္။ ထို႔အတြက္ေၾကာင့္ သူမေခါင္းကို ျမႇောက္လိုက္ေသာအခါတြင္ သူမ၏အမူအရာသည္ ခါတိုင္းထက္ပို၍ ႏူးညံ့ေနပုံေပၚသည္။
"ဆံပင္ပုံစံေျပာင္းလိုက္လို႔တင္ပါ။"
အတန္းေဖာ္ အမ်ိဳးသား "..."
ဆံပင္ပုံစံေျပာင္းလိုက္လို႔တဲ့လား။ လုံးဝ ဝိညာဥ္တစ္ခုလုံးေျပာင္းသြားတဲ့ပုံေပၚေနတာကို။
"ကြၽန္ေတာ့္ကို မွတ္မိေသးလား။ ကြၽန္ေတာ္တို႔ အထက္တန္းေက်ာင္းတုန္းက အတန္းအတူတူပဲေလ။ အဲဒီတုန္းက ကြၽန္ေတာ္က ကာယတန္းရဲ႕ေခါင္းေဆာင္ေလ"
က်ီဖန္ယင္းက သူ႕ကို ၿပဳံးျပၿပီး "ေတာင္းပန္ပါတယ္၊ ကြၽန္မ မမွတ္မိဘူး" လို႔ ျပန္ေျဖပါတယ္။
"ရပါတယ္၊ ကြၽန္ေတာ္တို႔အရင္တုန္းက စကားမွသိပ္မေျပာျဖစ္ခဲ့တာ" ဟု အတန္းေဖာ္ အမ်ိဳးသားက နားလည္စြာ ျပန္ေျဖသည္။ သူသည္ လည္ေခ်ာင္းကိုရွင္းကာ နီျမန္းေသာမ်က္ႏွာျဖင့္ သူ႕ကိုယ္သူ မိတ္ဆက္လာသည္ "ကြၽန္ေတာ့္နာမည္က က်ိဳးခ်ီပါ"
"ေတြ႕ရတာဝမ္းသာပါတယ္။" က်ီဖန္ဖင္းက ေပါ့ပါးစြာ သူမလက္ကို ထုတ္လိုက္တယ္။ "ဒါကို ကြၽန္မတို႔ ပထမဆုံးအႀကိမ္ေတြ႕တာလို႔ပဲ သေဘာထားၾကတာေပါ့။"
က်ိဳးခ်ီသည္ သူမ၏ တုန႔္ျပန္မႈေၾကာင့္ အံ့ဩေနသည္။ သူက ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ သူမလက္ကို အျမန္ဆြဲလိုက္သည္။
ႏႈတ္ဆက္ၿပီးေနာက္ က်ိဳးခ်ီသည္ အံ့ၾသေနရာမွ အဆင္ေျပလာၿပီး ပို၍သဘာဝက်လာပုံရသည္။ သူသည္ အလုပ္ႏွင့္ပတ္သက္ေသာ ကိစၥမ်ားကို စတင္ေျပာဆိုလာခဲ့သည္။
က်ီဖန္ယင္းက သူမ၏ဖုန္းကို သိမ္းလိုက္ၿပီး လက္ေထာက္ကာ သူ၏ပုံျပင္မ်ားကို နားေထာင္ေနခဲ့သည္။ သူမ၏ ကိုယ္ဟန္အေနအထားသည္ ေပါ့ေပါ့တန္တန္ျဖစ္ေနၿပီး ၿပီးျပည့္စုံမႈမရွိေသာ္လည္း သူမသည္ ဂ႐ုတစိုက္နားေထာင္ေနေၾကာင္း သိသာပါသည္။
အျပင္လူတစ္ေယာက္က စကားဝိုင္းထဲဝင္ပါဖို႔ မျဖစ္နိုင္တဲ့ အေျခအေနမ်ိဳးေပ။
...
"...စီနီယာ?"
စုန့္ရွီးယြီသည္ ေနာက္ဆုံးတြင္ အသိျပန္ဝင္လာၿပီး အၾကည့္ကို ျပန္႐ုတ္လိုက္သည္။ သူက ေတာင္းပန္တဲ့ အၿပဳံးနဲ႕ "ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္ ခဏေလာက္ အေတြးလြန္သြားတယ္။"
"ကြၽန္ေတာ္နားလည္ပါတယ္။" အတန္းေဖာ္တစ္ဦးက ေခါငိးကို ကုတ္ရင္း "ကြၽန္ေတာ္လည္း သူ႕ကို စေတြ႕ေတြ႕ခ်င္းတုန္းက အရမ္း အံ့ၾသသြားတာ။ အရင္တုန္းက က်ီဖန္ယင္းရဲ႕ဆံပင္ေတြက အၿမဲတမ္း မ်က္ႏွာကို ဖုံးေနခဲ့တာေလ။ ကြၽန္ေတာ္ သူ႕မ်က္ႏွာကို ေသခ်ာျမင္ဖူးတာ ဒါပထမဆုံးအႀကိမ္ပဲ။ သူက က်ီရွင္းရွင္းနဲ႕ လုံးဝကိုခြၽတ္စြပ္ပဲေနာ္။"
"ဒါေပမဲ့မ်က္ႏွာပဲတူၾကတာပါ။ က်ီဖန္ယင္းက ၿပဳံးရတာကို မႀကိဳက္ဘူး။ နည္းနည္းေလာက္ၾကည့္လိုက္တာနဲ႕ သူတို႔ႏွစ္ေယာက္ကို ဘယ္သူမဆိုခြဲနိုင္တယ္။ စီနီယာက က်ီရွင္းရွင္းကို ႀကိဳက္ေနတာဆိုေတာ့ သူတို႔ႏွစ္ေယာက္ကို ေသခ်ာခြဲနိုင္ေလာက္တယ္။"
စုန့္ရွီးယြီ : "..."
"ဒါနဲ႕က်ီဖန္ယင္းမွာ ရည္းစားရွိလားမသိဘူး။" တစ္ေယာက္ေယာက္က ေမးတယ္။ "က်ိဳးခ်ီက အကြက္ကိုအျမန္ေ႐ႊ႕နိုင္သြားတယ္။ ငါသာႀကိဳသိရင္ ငါလည္း..."
"အခုသူတို႔နဲ႕သြားစကားေျပာလို႔ရတယ္ေလ။"ဟု အတန္းေဖာ္တစ္ဦးက မွတ္ခ်က္ျပဳသည္။
"ဒါေပမယ့္ ငါတို႔ေက်ာင္းတက္တုန္းက သူ႕ကို ေလွာင္ခဲ့ၾကတယ္ေလ။ အခုက်မွ ဘာမွမျဖစ္ခဲ့သလိုမ်ိဳး ေနဖို႔က..."
လူငယ္မ်ားသည္ အကြက္ေ႐ႊ႕ဖို႔ အခ်င္းခ်င္း တြန္းအားေပးေနၾကသည္။
စုန့္ရွီးယြီက သူတို႔ကို ႏွောင့္ယွက္လိုက္သည္ "ဒီလိုေတြ႕ဆုံပြဲေတြအတြက္ ဂ႐ုခ်တ္တစ္ခုရွိတယ္လို႔ ေျပာဖူးတယ္မလား။"
"ရွိတယ္ေလ။" သူ႕သူငယ္ခ်င္းမ်ား၏ ရိုက္ႏွက္ျခင္းကို ခံေနရေသာ အတန္းေဖာ္က ေခါင္းညိတ္သည္။ "ဒါေပမယ့္ စီနီယာက ဂ႐ုခ်တ္ေတြကို သေဘာမက်လိဳ႕ ကြၽန္ေတာ္မထည့္လိုက္တာ။"
စုန့္ရွီးယြီ : "..."
သူ၏ တိတ္ဆိတ္မႈက တစ္ဖက္သား၏ ရည္႐ြယ္ခ်က္မ်ားႏွင့္ ပတ္သက္၍ စိတ္ရႈပ္ေထြးေစခဲ့သည္။
"ဘာျဖစ္လို႔လဲ စီနီယာ။ ကြၽန္ေတာ္ အမွတ္မွားသြားတာလား။"
စုန့္ရွီးယြီက မ်က္လႊာခ်ကာ အရက္ကို တစ္ငုံေသာက္လိုက္ၿပီး "... မဟုတ္ပါဘူး၊ မင္းေျပာတာမွန္တယ္။ ကြၽန္ေတာ္ ဂ႐ုခ်တ္ေတြကို သိပ္သေဘာမက်ဘဴး။"
သူတို႔အဖြဲ႕သည္ အျခားအေၾကာင္းအရာမ်ားသို႔ လ်င္ျမန္စြာ ေခါင္းစဥ္ေျပာင္းလိုက္ၾကသည္။ သူတို႔သည္ အခ်ိန္အၾကာႀကီးဘစကားစျမည္ေျပာေနၾကၿပီး တစ္စုံတစ္ဦးမွ ႐ုတ္တရက္ "ဟိတ္ေကာင္ေတြ၊ ဟိုကိုအျမန္ၾကည့္လိုက္။" ဟုေအာ္လိုက္သည္။
စုန့္ရွီးယြီသည္ က်ီဖန္ယင္း ထိုင္ေနရာသို႔ မသိစိတ္မွ လွမ္းၾကည့္လိုက္သည္။
က်ိဳးခ်ီႏွင့္ က်ီဖန္ယင္းတို႔သည္ သူတို႔၏ဖုန္းမ်ားကိုထုတ္ကာ အခ်င္းခ်င္း၏ WeChat QRကုဒ္မ်ားကို စကင္န္ဖတ္ေနၾကသည္။ သူတို႔သည္ ခင္မင္သြားၾကတာေၾကာင့္ အဆက္အသြယ္လုပ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္နိုင္သည္။
_____________________________________________