တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
By Anaisa365
348K 43.5K 541
Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDI... More
↪ဇာတ်လမ်းမိတ်ဆက်↩
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉
အခန်း၂၀
အခန်း၂၁
အခန်း၂၂
အခန်း၂၃
အခန်း၂၄
အခန်း၂၅
အခန်း၂၆
အခန်း၂၇
အခန်း၂၈
အခန်း၂၉
အခန်း၃၀
အခန်း၃၁
အခန်း၃၂
အခန်း၃၃
အခန်း၃၄
အခန်း၃၅
အခန်း၃၆
အခန်း၃၇
အခန်း၃၈
အခန်း၃၉
အခန်း၄၀
အခန်း၄၁
အခန်း၄၂
အခန်း၄၃
အခန်း၄၄
အခန်း၄၅
အခန်း၄၆
အခန်း၄၇
အခန်း၄၈
အခန်း၄၉
အခန်း၅၀
အခန်း၅၁
အခန်း၅၂
အခန်း၅၃
အခန်း၅၄
အခန်း၅၅
အခန်း၅၆
အခန်း၅၇
အခန်း၅၈
အခန်း၅၉
အခန်း၆၀
အခန်း၆၁
အခန်း၆၂
အခန်း၆၃
အခန်း၆၄
အခန်း၆၅
အခန်း၆၆
အခန်း၆၇
အခန်း၆၈
အခန်း၆၉
အခန်း၇၀
အခန်း၇၁
အခန်း၇၂
အခန်း၇၃
အခန်း၇၄
အခန်း၇၅
အခန်း၇၆
အခန်း၇၇
အခန်း၇၈
အခန်း၇၉
အခန်း၈၀
အခန်း၈၁
အခန်း၈၂
အခန်း၈၃
အခန်း၈၄
အခန်း၈၅
အခန်း၈၆
အခန်း၈၇
အခန်း၈၈
အခန်း၈၉
အခန်း၉၀
အခန်း၉၁
အခန်း၉၂
အခန်း၉၃
အခန်း၉၄
အခန်း၉၅
အခန်း၉၆
အခန်း၉၇
အခန်း၉၈
အခန်း၉၉
အခန်း၁၀၀
အခန်း၁၀၁
အခန်း၁၀၂
အခန်း၁၀၃
အခန်း၁၀၄
အခန်း၁၀၅
အခန်း၁၀၆
အခန်း၁၀၇
အခန်း၁၀၈
အခန်း၁၀၉
အခန်း၁၁၀
အခန်း၁၁၁
အခန်း၁၁၂
အခန်း၁၁၃
အခန်း၁၁၄
အခန်း၁၁၅
အခန်း၁၁၆
အခန်း၁၁၇
အခန်း၁၁၈
အခန်း၁၁၉
အခန်း၁၂၀
အခန်း၁၂၁
အခန်း၁၂၂
အခန်း၁၂၃
အခန်း၁၂၄
အခန်း၁၂၅
အခန်း၁၂၆
အခန်း၁၂၇
အခန်း၁၂၈
အခန်း၁၂၉
အခန်း၁၃၀
အခန်း၁၃၁
အခန်း၁၃၂
အခန်း၁၃၃
အခန်း၁၃၄
အခန်း၁၃၅
အခန်း၁၃၆
အခန်း၁၃၇
အခန်း၁၃၈
အခန်း၁၃၉
အခန်း၁၄၀
အခန်း၁၄၁
အခန်း၁၄၂
အခန်း၁၄၃
အခန်း၁၄၄
အခန်း၁၄၅
အခန်း၁၄၆
အခန်း၁၄၇
အခန်း၁၄၈
အခန်း၁၄၉
အခန်း၁၅၀
အခန်း၁၅၁
အခန်း၁၅၂
အခန်း၁၅၃
အခန်း၁၅၄
အခန်း၁၅၅
အခန်း၁၅၆
အခန်း၁၅၇
အခန်း၁၅၈
အခန်း၁၅၉
အခန်း၁၆၀
အခန်း၁၆၁
အခန်း၁၆၂
အခန်း၁၆၃
အခန်း၁၆၄
အခန်း၁၆၅
အခန်း၁၆၆
အခန်း၁၆၇
အခန်း၁၆၈
အခန်း၁၆၉
အခန်း၁၇၀
အခန်း၁၇၁
အခန်း၁၇၂
အခန်း၁၇၃
အခန်း၁၇၄
အခန်း၁၇၅
အခန်း၁၇၆
အခန်း၁၇၇
အခန်း၁၇၈
အခန်း၁၇၉
အခန်း၁၈၀
အခန်း၁၈၁
အခန်း၁၈၂
အခန်း၁၈၃
အခန်း၁၈၄
အခန်း၁၈၅
အခန်း၁၈၆
အခန်း၁၈၇
အခန်း၁၈၈
အခန်း၁၈၉
အခန်း၁၉၀
အခန်း၁၉၁
အခန်း၁၉၂
အခန်း၁၉၃
အခန်း၁၉၄
အခန်း၁၉၅
အခန်း၁၉၆
အခန်း၁၉၇
အခန်း၁၉၈
Announcement!!
အခန်း၈
2.9K 310 1
By Anaisa365
ကျီဖန်ယင်း​သည် မီနူးကို လှန်ကြည့်လိုက်သည်။
ယခုအချိန်တွင် စုန့်ရှီးယွီ ဘယ်လိုပဲ တွေးနေပါစေ သူရွေးချယ်သော စားသောက်ဆိုင်သည် တော်တော်လေးအထက်တန်းဆန်နေပါသေးသည်။
...မဟုတ်လည်း အနည်းဆုံးတော့ မီနူးထဲက စျေးနှုန်းတွေက ပြောနေတာတော့ အဲ့လိုပဲ။
ကျီဖန်ယင်းသည် ယနေ့ 'ဒိတ်' တွင် ကုန်ကျမည့် ကုန်ကျစရိတ်အားလုံးကို သူရှင်းရမည့်အကြောင်းကို စောစောပိုင်းတွင် သေချာအတည်ပြုခဲ့သည်။ ဒါကြောင့် တစ်ခုတည်းသော မကောင်းတဲ့အချက်ကတော့ ကျီရှင်းရှင်းကြိုက်တဲ့ ဟင်းလျာတွေကိုပဲ မှာယူနိုင်တာပါ။
ဒါကို​တော့ အလကားစားရလို့ သည်းခံလိုက်ပါ့မယ်။
ဟမ်… မှိုစွပ်ပြုတ်၊ ပုစွန်အသားလုံးနဲ့ အမဲသားမီးကင်ကိုမှာလိုက်ကြတာပေါ့။ ဖျော်ရည်အတွက်ကတော့ ကျီရှင်းရှင်းရဲ့အကြိုက်နဲ့ဆိုရင် လိုက်ချီးချယ်ရီဆိုဒါကို သောက်​လောက်မယ်လို့ထင်တာပဲ။
ဟင်းပွဲများကို ဆုံးဖြတ်ပြီးနောက် ကျီဖန်ယင်းသည် သူမ၏ဆန့်ကျင်ဘက်တွင် ထိုင်နေသော အမျိုးသားကို ​မော့ကြည့်လိုက်ပြီး စိတ်ပူစွာဖြင့်"အဆင်ပြေရဲ့လား။ နင်​ကြည့်ရတာသိပ်နေမကောင်းသလိုပဲ။ နေလို့မကောင်းရင်လည်း ကိုယ့်ကိုကိုယ်ဖိအားပေးပြီးနေပေးစရာမလိုပါဘူး။ ပြန်ရင်ပြန်ကြမယ်လေ။"
သေချာပေါက် ဝန်ဆောင်မှုကိုကြိုအဆုံးသတ်လိုက်လို့ ပြန်အမ်းငွေရမှာတော့မဟုတ်ဘူးပေါ့။
စုန့်ရှီးယွီ၏မျက်နှာသည် မည်း​မှောင်နေခဲ့သည်။  သူမဝတ်ထားတဲ့ မျက်နှာဖုံးကို ဖယ်ရှားနေသကဲ့သို့ ကျီဖန်ယင်းကို လေးနက်စွာ စိုက်ကြည့်နေတယ်။  "မင်းဘယ်တုန်းကတည်းက စပြင်ဆင်ခဲ့တာလဲ... ထားလိုက်ပါတော့၊ ဒါက အရေးမကြီးဘူး"
"ဟုတ်တယ်၊ အရေးမကြီးဘူးပေါ့။" ကျီဖန်ယင်းက စုန့်ရှီးယွီကို ပြုံးပြရင်း လက်ထဲက မီနူးကိုချလိုက်သည်။ "ငါတို့ကြားကဝန်ဆောင်မှု စည်းကမ်းချက်တွေက ရိုးရှင်းတယ်၊ ဒါကြောင့် အရမ်းတွေးမနေနဲ့။ ဒီအချိန်အတွင်း နင်ငါ့ကို တခြားလူလို့ပဲ စဉ်းစားရမယ်။ အရင်တုန်းက ငါသူနဲ့မတူတာကို သဘောမကျခဲ့ဘူးလေ။ အခုကရောဘာဖြစ်ပြန်တာလဲ။"
စုန့်ရှီးယွီ၏ မျက်လုံးများသည် စူးရှစွာ ကျဉ်းမြောင်းသွားသည်။
"ဒီမှာ ငါပြောချင်တာက ဒါကဘာခံစားချက်မှမပါတဲ့ လုပ်ငန်းသဘောအရကိစ္စပဲ။" ကျီဖန်ယင်းက သူမမေးစေ့ကို လက်ဖြင့် အေးအေးဆေးဆေး ထောက်လိုက်ပြီး "ငါ့ဆီမှာ ငါ့ညီမကို ဒီကိစ္စကို ထုတ်ပြောဖို့ ရည်ရွယ်ချက်မရှိသလို နင့်ဘက်ကိုလည်း ပြဿနာဖြစ်အောင်မလုပ်ချင်ဘူး။ ဒါကြောင့် နင်အရမ်းကြောက်နေစရာ မလိုဘူး။"
စုန့်ရှီးယွီက လှောင်ပြောင်စွာ ရယ်လိုက်သည်။
"ပြီးတော့ နင်ခဏခဏ တွေးမိတယ်မဟုတ်ဘူးလား။"
"... ဘာကိုလဲ"
"ငါ့ရဲ့ကိုယ်ရည်ကိုယ်​သွေးအစစ်ကို သူသိသွားရင် ငါ့ကိုမုန်းမလားလို့လေ။" ကျီဖန်ယင်းက ပြန်ပြောသည်။
"... ကျီဖန်ယင်း"  သူမကို ပြင်းထန်စွာ သတိပေးရင်း စုန့်ရှီးယွီ၏ ခန္ဓာကိုယ်သည် မတ်လာသည်။
"စိတ်ထဲထည့်နေစရာမလိုပါဘူး။ ငါပြောခဲ့သလိုပဲ၊ ငါသူ့ကိုပြောပြမဲ့ စိတ်ကူးမရှိဘူး။" ဟု ကျီဖန်ယင်းက ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "နင့်ရဲ့စိတ်ကူးတွေကို ငါဖြည့်ဆည်းပေးနိုင်တယ်။ နင်သူ့​ရှေ့မှာ မလုပ်ရဲ​တဲ့အရာ​တွေကို ဒီမှာ လုပ်နိုင်တယ်လေ။ တကယ်လို့ နင်အဆင်မပြေဘူးဆိုရင်လည်း ငါတို့က ဒီမှာပဲအဆုံးသတ်လိုက်လို့ရတယ်။"
စုန့်ရှီးယွီလိုလူမျိုးကို မျက်နှာ နှစ်ခုရှိတဲ့လူဟု ခေါ်နိုင်သည်။ လူမှုဆက်ဆံအသိုင်းအဝိုင်းတွင် ယဉ်ကျေးသိမ်မွေ့ချင်ယောင်ဆောင်ထားတာကြောင့် သူအတွင်းမှာ ဘယ်လောက်ထိပုပ်​နေလဲ ဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး။
သူ့ကိုယ်သူ နက်ရှိုင်းစွာ ဖုံးကွယ်ထားသူတစ်ယောက်နဲ့ မိတ်မဖွဲ့သင့်ပေမဲ့ သူနဲ့ထပ်တူ နက်ရှိုင်းတဲ့ အိတ်ကပ်ကြောင့် သူနဲ့ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အနည်းဆုံးတော့ ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ထင်တာပါပဲ။
စုန့်ရှီးယွီသည် ကျီဖန်ယင်း၏ စကားများကို ခဏတာ ငြိမ်သက်စွာ နားထောင်ကာ ခဏတာတွေးလိုက်ပြီးနောက် ရုတ်တရက် နှုတ်ခမ်းထောင့်များ ပင့်တက်လာကာ ​ပြုံးလိုက်သည်။  "ကျီဖန်ယင်း၊ မင်းက ဒီသဘောတူညီချက်ကို အရင်ပြောတဲ့သူနော်။ နောက်ကျမှ နောင်တမရစေနဲ့။"
ကျီဖန်ယင်းက ပြုံးပြီး ပြန်ပြောတယ် "စိတ်ချ၊ သေချာပေါက်နောင်တရမှာမဟုတ်ဘူး။"
စုန့်ရှီးယွီသည် သူ့အကြည့်များကိုလွှဲလိုက်ပြီး စားပွဲထိုးကို ခေါ်ရန် စားပွဲပေါ်ရှိ ခေါင်းလောင်းကို နှိပ်လိုက်သည်။
သူ့စိတ်ကိုလေးလံ​စေသည့် ကျောက်တုံးကြီးကို လွှင့်ပစ်လိုက်သလိုပင်၊ သူ့သည် ပို၍ သဘာဝကျကျ ဖြစ်လာခဲ့သည်။ သူသည် ကျီဖန်ယင်း စားချင်တာကို နူးညံ့စွာမေးပြီး မှာ​ကြားလိုက်တယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ကြတဲ့ သူငယ်ချင်းဟောင်းများကဲ့သို့ သူတို့ရဲ့နေ့စဉ်ဘဝကို မျှဝေလာကြတယ်။
ကျီဖန်ယင်းသည် ကျီရှင်းရှင်း၏ WeChat Momentsများနှင့် Weiboအကောင့်များကို တစ်ညလုံးနီးပါးကြည့်ခဲ့တာကြောင့် စုန့်ရှီးယွီ၏မေးခွန်းများကို ချောမွေ့စွာဖြေဆိုနိုင်ခဲ့သည်။ သူမလည်း ပြောနေသည်ဆိုပေမဲ့ များသောအားဖြင့် သူမသည် သူပြောသည်ကိုသာ ငြိမ်ငြိမ်လေး နားထောင်ပေးနေသည်။
ဒီနောက်ကွယ်မှာ အကြောင်းရင်းတစ်ခုပဲရှိနိုင်တယ်။
​ယောကျ်ားတစ်ယောက်သည် သူသဘောကျတဲ့ မိန်းကလေးရှေ့တွင် ကောင်းသောကိစ္စများကိုကြွားဝါချင်ကြသည်။
စုန့်ရှီးယွီ သူ၏အလုပ်နှင့် ​နေ့စဉ်ဘဝအကြောင်းကို ပေါ့ပေါ့ပါးပါးပြောနေချိန်တွင် သူမသည် ဂုံးထဲမှအသားကိုထုတ်​ပြီး သန့်ရှင်းသပ်ရပ်စွာ သူ၏ပန်းကန်ထံသို့ ထည့်ပေးလိုက်သည်။
စုန့်ဖန်ယင်း၏ စကားများသည် ချက်ချင်းပင် ရပ်တန့်သွားသည်။
"ဘာဖြစ်လို့လဲ။" ကျီဖန်ယင်းက အံ့သြတကြီးနဲ့ ခေါင်းကို မော့လိုက်တယ်။ "နင်အရင်တုန်းက စားသောက်ဆိုင်တွေမှာ စားရတာအဆင်မပြေလို့ဆိုပြီး ယောက်သွားတွေကိုမစားခဲ့ဘူးလေ၊ အဲဒါကြောင့် ငါနင့်အတွက် အသားထုတ်ပေးလိုက်တာ။"
စုန့်ရှီးယွီသည် သူမကို အပေါက်ဖောက်တော့မဲ့အတိုင်း ပြင်းထန်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။
စက္ကန့်အနည်းငယ်အကြာတွင်တော့ သူသည် "ဘာမှမဖြစ်ပါဘူး၊ မင်းကို သတိထားမိမယ်လို့ မထင်ထားလို့ပါ… ကျေးဇူးပါပဲ"
"ကျေးဇူးတင်​နေစရာ မလိုပါဘူး။ ငါတို့က သူငယ်ချင်းတွေပဲလေ"ဟုပြောရင်း ကျီဖန်ယင်းသည် နောက်ထပ် ဂုံးနှစ်ကောင်ထဲက အသားကို ထုတ်ပြီး သူ့ထဲသို့ထည့်ပေးလိုက်ကာ သူမ၏အမဲသားကင်ဆီသို့ အာရုံပြန်စိုက်လိုက်သည်။
"...အဲ့တော့ မနေ့က ငါမင်းကို လက်ထပ်ခွင့်တောင်းလိုက်တာတောင် ငါတို့က သူငယ်ချင်းဖြစ်နေတုန်းပဲလား" စုန့်ရှီးယွီသည် ရုတ်တရက် မေးလိုက်သည်။
ကျီဖန်ယင်းသည် စုန့်ရှီးယွီ၏စကားနောက်ကွယ်ရှိ ရည်ရွယ်ချက်ကို တွေးတောရင်း ခဏရပ်လိုက်သည်။
ကျီရှင်းရှင်းအစစ်သာဆိုရင် စုန့်ရှင်းယွီကို မရှင်းမလင်းပြောပြီး နောက်တစ်ကြိမ် ငြင်းဆန်မည်ဆိုပေမယ့် အခုပြဿနာက...
ကျီဖန်ယင်း အခုသရုပ်ဆောင်နေတဲ့လူက ကျီရှင်းရှင်းအစစ်မဟုတ်ဘဲ စုန့်ရှီးယွီ လိုချင်တဲ့ ကျီရှင်းရှင်း​​​ဖြစ်သည်။ တစ်နည်းအားဖြင့် စုန့်ရှီးယွီသည် သူမ၏အစားထိုးလုပ်ငန်းဝန်ဆောင်မှုကို လိုချင်သလား မသေချာပေ။
ထိုသို့သော ဝန်ဆောင်မှုကိုတော့ သူမ မလုပ်ပေးနိုင်ပေ။
_____________________________________________
Zawgyi
...မဟုတ်လည်း အနည်းဆုံးတော့ မီနူးထဲက ဈေးနှုန်းတွေက ပြောနေတာတော့ အဲ့လိုပဲ။
"... ဘာကိုလဲ"
ယောက်ျားတစ်ယောက်သည် သူသဘောကျတဲ့ မိန်းကလေးရှေ့တွင် ကောင်းသောကိစ္စများကိုကြွားဝါချင်ကြသည်။
_____________________________________________
Continue Reading
You'll Also Like
481K 17K 194
Won Yoo-ha, a trainee unfairly deprived of the opportunity to appear on a survival program scheduled to hit the jackpot, became a failure of an idol...
264K 16.8K 47
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...
1.7M 141K 65
RATHOD In a broken family, every person suffers from his insecurities and guilt. Successful in every field but a big failure when it comes to emotio...