အစ်မ (သို့မဟုတ်) အဝါရောင်ပျော...

By AyeThu2

117K 15K 1.3K

အစ်မသည် အဝါရောင်လေးဖြစ်သည်။ အစ်မသည် ပျော်ရွှင်မှုရဲ့သင်္ကေတဖြစ်သလို နွေးထွေးမှုတစ်စိတ်တစ်ပိုင်းလဲဖြစ်သည်။ တိမ... More

အခန်း ၁။ လူတစ်ယောက်ကိုဘယ်လောက်ကြာအောင်ချစ်ဖူးသလဲ
အခန်း ၂။ လွဲချော်သွားသောနွေဦး
အခန်း ၃။ ဟောင်းနွမ်းသွားတဲ့ပြက္ခဒိန်အပိုင်းအစများ
အခန်း ၄။ ရက်စွဲပျောက်တဲ့တနင်္ဂနွေ
အခန်း ၅။ သူယောင်မယ်
အခန်း ၆။ အတူတူနားမထောင်ဖြစ်တော့တဲ့ သီချင်းတွေ
အခန်း ၇။ အစွဲအလမ်းတွေရဲ့အစ
အခန်း ၈။ စာအုပ်ဆိုင်ကရေစက်
အခန်း ၉။ ပျောက်သောသူ
အခန်း ၁၀။ အတိတ်သည်လှပ၏၊ သို့သော်...
အခန်း ၁၁။ မွေးနေ့မှာပျော်ရွှင်ပါစေ
အခန်း ၁၂။ မပျော်ရတဲ့အခါ
အခန်း ၁၃။ အဝါရောင်တွေကအလှဆုံးပါ
အခန်း ၁၄။ အဝါရောင်တွေကိုပြန်လည်ရှာတွေ့ခြင်း
အခန်း ၁၅။ အကြောင်းပြချက်တွေမလိုပါဘူး
အခန်း ၁၆။ လွန်လေပြီးသောကာလများ
အခန်း ၁၇။ ခွဲခွါရခြင်းများ
အခန်း ၁၈။ အမှတ်တရစာ
အခန်း ၂၀။ အရင်းနှီးဆုံး
အခန်း ၂၁။ ချစ်သူသိစေ
အခန်း ၂၂။ လမ်းခွဲရာသီ
အခန်း ၂၃။ အဆုံးသတ်
Extra-1
Extra-2
Extra-3
Extra-4
Extra-5
Parallel World
Parallel World- The End!
အဝါရောင်စာမျက်နှာများ

အခန်း ၁၉။ မသက်ဆိုင်တော့တဲ့အခါ

2.8K 473 53
By AyeThu2

ပြက္ခဒိန်တွေ တစ်ရွက်ပြီးတစ်ရွက်လှန်လိုက်သလို ရာသီတွေကလည်းမြန်ဆန်စွာပဲ အလှည့်ကျလည်ပတ်နေတယ်။ တကယ်တမ်းကြတော့ ဆယ်လလောက်ပါပဲလို့ပြောသွားသည့် အစ်မဟာ တစ်နှစ်ကျော်အောင်ကြာခဲ့သည်။

ပြန်ရောက်လာတော့လည်း ရန်ကုန်မှာပဲအလုပ်တွေကိုလုပ်နေရတာကြောင့် နောက်ထပ်လပေါင်းများစွာကြာခဲ့သည်။ တောင်ပေါ်မြို့လေးကို အစ်မပြန်ရောက်တဲ့အချိန်မှာကြတော့ ၂၀၁၅ ခုနှစ်ရဲ့နွေဦးကိုတောင်ရောက်နေပြီဖြစ်သည်။ ပြန်ရောက်ရောက်ချင်းမှာပဲ အစ်မကသူတို့အိမ်ကို အလည်လာခဲ့သည်။ လက်ဆောင်တွေလည်းပေးခဲ့သလို မေမေတို့နှင့်လည်း စကားတွေအများကြီးပြောခဲ့သည်။ မေမေတို့အလုပ်သွားတဲ့အထိ အစ်မကမပြန်သေးဘဲသူနှင့်အတူထိုင်နေခဲ့သည်။

အစ်မရဲ့ပခုံးကျော်သောဆံနွယ်တွေဟာ အခုချိန်မှာတော့ ကျောလယ်ကိုရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။ ပို၍လှလာသည်ဟုတော့မညွှန်းဆိုချင် အစ်မဟာ အစကတည်းက ကောင်းချီးများစွာနှင့်လှနေပြီးသားသူပင်။

ကော်ဖီခွက်ကိုယူလိုက်တာကအစ အစ်မရဲ့နှုတ်ခမ်းဖျားတွေထိတွေ့မှုအဆုံး မျက်တောင်ခပ်တာတွေကိုပါ သူလိုက်ကြည့်နေမိခဲ့သည်။ လွမ်းလိုက်တာလို့ပြေးမဖက်မိသလို တီတီတာတာစကားတွေလည်း သူမပြောမိပါ။ အစ်မ ပြန်လာပြီ ဆိုတာကပင် သူ့ကိုအလိုလိုပြုံးမိသွားစေတာမျိုးပင်။

"အလုပ်ဝင်စကတည်းက ကော်ဖီတွေသောက်ဖြစ်ခဲ့တာ မကြိုက်ပေမဲ့လည်းပေါ့ သောက်ဖြစ်နေတုန်းပဲ ဖြတ်လို့မရဘူး"

ညင်သာနေတဲ့အစ်မရဲ့အသံဟာ သက္ကရာဇ်တွေကုန်လွန်သွားတာတောင်မှမပြောင်းလဲသေးဘူး။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ညို့ငင်နိုင်တုန်းပါပဲ။

"ပူတူးတော့မသောက်ဖြစ်ဘူး အခုချိန်အထိ အစ်မငယ်ငယ်က အဲ့ဒါတွေကိုမကြိုက်ဘူးလေ"

"ဟုတ်တယ်..ဒါပေမဲ့ အခြေအနေနဲ့အချိန်အခါအရ တစ်ချို့အရာတွေကလုပ်ကိုလုပ်ရမှဖြစ်မယ်ဆိုတော့ လုပ်ရတာပါပဲ"

"အဆင်ပြေရဲ့လား အရာအားလုံးအတွက်"

အစ်မဟာ တွေဝေနေသော အကြည့်တွေနှင့်သူ့ကိုကြည့်လာသည်။ အမြဲတမ်းမေးချင်နေခဲ့တဲ့စကားဟာ ဒီစကားပဲဖြစ်ပေလိမ့်မည်။ ဘာမှမလုပ်ပေးနိုင်ခဲ့ရင်တောင်မှ အစ်မရဲ့ရင်ဖွင့်သံကိုနားထောင်ပေးမည်။ အစ်မပင်ပန်းနေရင် ပခုံးတစ်ဖက်ကိုငှါးပေးမည်။

အစ်မကအကြည့်ကိုပြန်လွှဲလိုက်ကာ တစ်ချက်ပြုံးလေသည်။ စားပွဲခုံပေါ်ကလက်ချောင်းလှလှလေးတွေဟာ ငြိမ်မနေဘဲ လှုပ်ရှားလို့နေသည်။ အစ်မရဲ့အမူအကျင့်တွေကို အလွတ်မှတ်မိနေသောသူကတော့ အစ်မစိတ်လှုပ်ရှားနေသည်ဆိုတာကို အလိုလိုသိလို့နေသည်။

"ဒီလိုပဲ နေ့ရက်တိုင်း ငါအဆင်ပြေပါတယ်လို့ပြောခဲ့ရတယ် ကျင့်သားရသွားတာလားတော့မသိပေမဲ့လို့ အဆင်ပြေပါတယ်ဆိုတဲ့စကားက အလွယ်တကူထွက်လာနိုင်ခဲ့တယ်"

ပို၍ပိန်ပါးသွားသော မျက်နှာသေးသေးကိုကြည့်ကာ သူရင်နာလာသည်။ အစ်မအရမ်းကြိုးစားနေခဲ့တာဟာ ဘယ်သူ့အတွက်လဲဟုမေးလိုက်ချင်ပေမဲ့လို့ ကိုယ့်အတွက် မဟုတ်တာသေချာနေသည့်ကိစ္စတွေဟာ ရင်နာစရာမို့လို့ လည်ချောင်းထဲမှာပင်ပျောက်ကွယ်သွားတော့သည်။ တချို့စကားတွေဟာမပြောလိုက်ခြင်းကသာ ကိုယ့်အတွက်ပိုအဆင်ပြေနိုင်တာမျိုး၊ မျိုသိပ်ရတာဟာခံရခက်ပေမဲ့ ပြောမိတဲ့အခါ ပိုနာကျင်ရတယ်လေ။

"အရမ်းပင်ပန်းခဲ့မှာပဲ"

"အိုး အစ်မကလေးလေးက တကယ်ကိုကြီးပြင်းလာပြီပဲ အစ်မကိုတောင် နှစ်သိမ့်ပေးနိုင်ပြီဆိုတော့"

အမြဲတမ်းရှိခဲ့တာပါလို့ သူမပြောဖြစ်ခဲ့တော့။ တိတ်ဆိတ်စွာနေလိုက်ခြင်းဟာ သူ့အတွက်ပိုကောင်းသည်လေ။

"အစ်မတို့ လမ်းလျှောက်ကြမလား ကန်တော်ကြီးထဲကိုလေ"

"သွားတာပေါ့"

ကန်တော်ကြီးနှင့်သိပ်မဝေးသည့် သူတို့အိမ်ကနေဆိုရင် ခဏနေလေးနှင့်ရောက်သည်။ ကန်တော်ကြီးတစ်ပတ်ပတ်သည်ဟုဆိုရမလားမသိ သူတို့လမ်းစလျှောက်ဖြစ်ကြသည်။ အပင်တွေက နွေဦးဆိုတော့ခြောက်သွေ့ကာ အဝါရောင်သမ်းလို့နေသည်။ ရွက်ကြွေတွေဟာလည်း အမှိုက်သိမ်းမနိုင်တော့ဟုထင်ရလောက်အောင် လေဝှေ့တိုင်း တဖြုတ်ဖြုတ်ကြွေကျလျက်။

"ပန်းပွဲတော်ဆိုရင် အစ်မဒီကိုမကြာခဏရောက်ဖြစ်တယ် ကလေးတို့ကို ဒီမှာနေမှန်းအစ်မ မသိခဲ့ဘူး"

"ရေဦးကို အစ်မ မပြန်ဖြစ်လို့နဲ့တူပါတယ် ပူတူးလူတိုင်းကိုမှာခဲ့တယ် အစ်မလာရင် ပြောပေးဖို့ကိုပေါ့"

တိတ်ဆိတ်သွားသည်။ ရွက်ကြွေတွေကိုနင်းမိလို့ထွက်လာသည့်ခြေသံရယ်၊ ကျေးငှက်တွေရဲ့ တစ်ချက်တစ်ချက်အော်သံရယ်၊ လေတိုးသံရယ်ကလွဲလို့ပေါ့။

"အစ်မ မရောက်ဖြစ်ခဲ့ဘူး"

ခပ်တိုးတိုးထွက်လာသော အစ်မရဲ့အသံဟာ အနည်းငယ် ကြေကွဲနေသယောင်ယောင်။

"ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ် အခု အစ်မကိုတွေ့နေရပြီပဲ"

အစ်မရယ်လိုက်သည်။ နွေဦးလေပြည်တွေနဲ့အတူ ရယ်မောနေသော အစ်မဟာ အတိတ်ကလိုပါပဲ။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် သက်ရှိပန်းချီကားလေးတစ်ချပ်လို သူ့အတွက်တော့ အမြဲတမ်းငေးကြည့်နေစရာ။

"သွားစို့ အစ်မတို့ငယ်ငယ်ကလို အမြဲလမ်းလျှောက်သင့်တယ်ထင်တယ်"

ကမ်းလာသော အစ်မရဲ့လက်တစ်ဖက်ကို သူဆုပ်ကိုင်လိုက်သည်။ ဘယ်လောက်ထိမြဲမြံမယ်လို့တော့ သူမသိပေမဲ့လို့ပေါ့။ သူလိုချင်ခဲ့တာကတော့ သံသရာအဆက်ဆက်ထိဖြစ်သည်။ အစ်မရဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ရင်း အတိတ်တွေစီ အလည်သွားဖြစ်ခဲ့သည်။ အဝါရောင်ပျော်ရွှင်ခြင်း ပန်းချီကားထဲမှာ သူနဲ့အစ်မဟာ တစ်ယောက်နှင့်တစ်ယောက် ပျော်ရွှင်စွာပဲ လက်တွေကိုမြဲမြံစွာဆုပ်ကိုင်ထားလို့ပေါ့။

-------------------

သူတွင် အခုတလော အလုပ်တစ်ခုပိုလာခဲ့သည်။ ဘာလဲဆိုရင်တော့ အစ်မနဲ့အတူတူ ထမင်းစားဖို့ရယ် ညနေခင်းတွေမှာ အတူတူလမ်းလျှောက်ဖို့ရယ် ပိတ်ရက်တွေမှာ စာအုပ်ဆိုင်တွေကို အတူတူသွားဖို့ရယ်ပေါ့။ အတိတ်တွေဟာ အခုလက်ရှိကိုပြန်ရောက်လာသည်။ ငယ်စဉ်ကလိုပင် မပြောင်းလဲစွာ အစ်မအနားတွယ်ကပ်ချင်နေသည့်စိတ်ကိုထိန်းလို့မရ။

"ပူတူးအရမ်းလှလာတာ အစားအသောက်တွေ ဂျီးမများတော့လို့ပဲဖြစ်မယ်"

"အစ်မကြောင့်ပါ လိမ္မာတော့မယ်လို့ ဆုံးဖြတ်ခဲ့တာ"

"လိမ္မာတဲ့ကလေးလေးတွေက ချစ်စရာအကောင်းဆုံးပဲကို"

အစ်မရဲ့ဟင်းချက်လက်ရာတွေဟာလည်း အတိတ်ကလိုပင် မပြောင်းလဲ။ အထက်ပိုင်းဒေသလက်ရာတွေကို သူအများကြီးလွမ်းနေခဲ့တာပင်။

"များများစားနော် အခုတော့အစားမရွေးတော့ဘူးမလား"

ခရမ်းချဉ်သီးအစိမ်းသုပ်ကို သူ့ပန်းကန်ထဲထည့်ပေးတော့ သူရယ်မိသည်။ ငယ်ငယ်ကဆိုရင် ခရမ်းချဉ်သီးပါသည့် ဘယ်ဟင်းကိုမှမစား အကြောက်အကန်ငြင်းကာ လွှင့်ပစ်တတ်သေးသည်။ မရရင် အာခေါင်ခြစ်ကာ အော်ငိုသည်။

"ပူတူးငယ်ငယ်က ခရမ်းချဉ်သီးစားရမယ်ဆိုရင် အော်ငိုတာလေ အစ်မမှတ်မိသေးတယ်"

သူရှက်ရွံ့သွားတာကြောင့် နားရွက်တွေပါပူလာသလိုခံစားရသည်။ အသေးစိတ်တွေကအစမှတ်မိနေတာဟာ ပျော်စရာကောင်းပေမဲ့လို့ ရှက်စရာကောင်းသော အပြုအမူကိုတွေးမိတော့ တကယ်အရှက်ရစရာပင်။

"အစ်မပဲပြောခဲ့တာလေ ခရမ်းချဉ်သီးစားရင် အသားအရည်လှတယ်လို့"

ငယ်ငယ်က အဖေတူသမီးပီသစွာ ညိုတာထက်ကိုပိုသည့်အသားအရည်ကြောင့် အစ်မနဲ့ယှဉ်လိုက်တိုင်း သူ့မှာ အိမ်ရှေ့မှာအာအာနေသည့် ကျီးကန်းလိုခံစားရသည်။

"အခုရောမလှလာလို့လား အစ်မကအမှန်ပဲပြောတာပါ"

Puberty hit တယ်လို့ပဲဆိုရလေမလားမသိ ဆယ်တန်းအောင်ပြီးနောက် အပျိုဖော်စဝင်သည့်အချိန်မှာ သူတော်တော်ပြောင်းလဲသွားခဲ့သည်။ ညိုနေသည့်အသားအရည်ဟာ ဖြူလာတာမျိုးမဟုတ်ပေမဲ့လို့ ကြည်လင်လာသည်။ သေးကွေးနေသော ခန္ဓာကိုယ်ဟာလည်း ဖွံ့ထွားလာသလို အခုဆိုအရပ်တောင်မှ အစ်မနဲ့မတိမ်းမယိမ်းပင်။

"တကယ်လှလာတယ်ထင်လို့လား"

အစ်မရဲ့မျက်ဝန်းတွေနဲ့ဆုံအောင်ကြည့်ကာ သူမေးလိုက်သည်။ အပျော်ရိပ်တွေသမ်းနေသော အစ်မရဲ့မျက်ဝန်းတွေဟာ အရမ်းလှသည်။ ဒီမျက်ဝန်းတွေကို ငွေ့ရည်ဖွဲ့လာမှာကိုတော့ သူအကြောက်ဆုံးပင်။ ဘာမှမလုပ်ပေးနိုင်တဲ့အခါ သူနာကျင်ရသည်။

"အင်း တကယ်လှလာတယ် ဒါပေမဲ့လှတယ်မလှဘူးဆိုတာ ပူတူးနဲ့အစ်မကြားမှာအရေးကြီးလို့လား ပူတူးက အစ်မအတွက်အမြဲတမ်း မပြောင်းလဲပါဘူး"

အကြည့်တွေကိုအရင်လွှဲဖယ်မိသူဟာ သူဖြစ်လို့နေသည်။ ရင်မဆိုင်ရဲတာမဟုတ်ပေမဲ့လို့ မြန်လာသော ရင်ခုန်သံတွေဟာ ထိန်းချုပ်ဖို့ခက်သည်။ ရောင့်ရဲနိုင်စွမ်းတွေပျောက်ဆုံးသွားမှာကို သူကြောက်မိသည်။

"အစ််မဒီမှာပဲနေတော့မှာမလား"

"ဟုတ်တယ် အလုပ်ကတော့ အထက်ဗမာပြည်ကိုတာဝန်ယူထားတာဆိုတော့ မန္တလေးမှာပဲရုံးထိုင်ရပေမဲ့ မန္တလေးနဲ့ဒီနဲ့ကဝေးတာမှမဟုတ်တာ ခဏပဲကို"

"ကောင်းလိုက်တာ.. အစ်မကိုအမြဲတွေ့ရတော့မှာပေါ့"

"အရင်လိုပဲ အိမ်နီးနားချင်းလုပ်ကြတာပေါ့"

"အွန်း"

"ညနေကျရင်လည်း ထမင်းလာစားလေ ဒါမှမဟုတ် ဟော့ပေါ့သွားစားကြမလား ငယ်လည်းလာမှာလေ အစ်မသူ့ကို သွားကြိုရဦးမှာ"

သူတိတ်ဆိတ်သွားမိသည်။ ဒီကိစ္စကိုမတွေးမိအောင် သူ့ကိုယ်သူသတိပေးထားပေမဲ့လို့ အစ်မရဲ့နှုတ်ဖျားကထွက်လာတော့ သူဘယ်လိုလုပ်ရမည်နည်း။ ငယ်တုန်းကလို အစ်မသူ့ကိုမကြိုက်နဲ့လို့ပြောခွင့်ရော သူ့မှာရှိသေးလို့လား။

"အစ်မ"

"အွန်း"

"ငယ်ငယ်ကလေ အစ်မမှတ်မိလား အစ်မကျောင်းတက်တုန်းကလေ အစ်မတို့ကျောင်းကအစ်ကိုကြီးက အစ်မကိုကြိုက်တာလေ"

"အာ..မှတ်မိတာပေါ့ ဘာလို့လဲ သူနဲ့တွေ့လို့လား"

"မဟုတ်ပါဘူး"

သူဆက်မပြောဖြစ်ခဲ့ပါ။ အဲ့တုန်းကတော့ အစ်မဆီကိုနွေကျောင်းပိတ်ရက်တွေမှာရောက်လာတဲ့စာတွေ၊ အိမ်ပြန်လာရင် ပါလာသော လက်ဆောင်တွေကိုကြည့်ကာ အစ်မက ထိုလူကိုကြိုက်သွားပြီလားဟုမေးကာ သူငိုခဲ့သော အချိန်ကိုပြန်တွေးမိခဲ့သည်။

အစ်မသူ့ကိုမကြိုက်ရဘူးနော်ဟု အော်ငိုခဲ့သောအချိန်တွေဟာ မနေ့တစ်နေ့ကလို။ အခုချိန်မှာရော သူအော်ငိုခွင့်ရှိသေးရဲ့လား။ မဖြစ်နိုင်တော့ပေ။ ကြည့်နေရုံသာ သူတတ်နိုင်သည်လေ။

"မှတ်မိပါသေးတယ် ပူတူးအော်ငိုတာလေ အစ်မကိုစိတ်ကောက်ပြီးတော့"

ဟုတ်တာပေါ့ ပထမဆုံးအကြိမ် အစ်မကိုစိတ်ဆိုးစိတ်ကောက်ခဲ့မိတာပင်။ အရောင်ပြောင်းခါစ မေတ္တာတွေက အဲ့အချိန်တုန်းကတော့ သေသေချာချာ ဘာရယ်လို့မပြောပြတတ်တော့ အစ်မကိုတခြားသူလုသွားမှာကိုသာ စိုးရိမ်ခဲ့သည်လေ။ ကြားထဲက ကိုကိုကလည်း သူ့ကို နင့်အစ်မက ရည်းစားရတော့မှာလို့မကြာခဏပြောလေတော့ စိုးရိမ်စိတ်ကြောင့် အစ်မကိုစိတ်ဆိုးစွာငိုခဲ့တာပင်။

"အဲ့တုန်းက တကယ်ကြောက်ခဲ့တာ အစ်မတခြားသူလက်ထဲပါသွားမှာကို"

အခုလည်းကြောက်နေမိတာပဲဆိုတာကိုတော့ သူမပြောဖြစ်ခဲ့ပေ။ အစ်မမျက်နှာလှလှလေးကိုငေးကြည့်ရင်း မပိုင်ဆိုင်ရခြင်းတွေအကြောင်းတွေးမိတော့ စားနေသော ထမင်းဟာမြိုမကျတော့။

"မပါပါဘူးကလေးရဲ့ အစ်မကအမြဲတမ်း ပူတူးရဲ့အစ်မပါပဲ"

သူပြုံးပြလိုက်သည်။ နာကျင်ခြင်းတစ်စွန်းတစ်စကိုတော့ နှလုံးသားထဲမှာမြှုပ်နှံရင်းပေါ့။ အခုလိုအနေအထားလေးကိုတောင် သူရောင့်ရဲနေတတ်ပါသည်။ ပိုင်ဆိုင်ခြင်းဆိုတာကတော့ သူနဲ့မသက်ဆိုင်သော ခေါင်းစဉ်တစ်ခုလိုပါပဲ။

အစ်မကိုဒီလိုလေးမြင်နေရရုံဟာ သူ့အတွက်တိမ်တိုက်အဝါတွေကိုငေးကြည့်နေရသလိုမျိုး မပိုင်ဆိုင်ရပေမဲ့ သူပျော်ပါသည်။

17.6.2022

Zawgyi >>>

ျပကၡဒိန္ေတြ တစ္႐ြက္ၿပီးတစ္႐ြက္လွန္လိုက္သလိုပဲ ရာသီေတြကလည္းျမန္ဆန္စြာပဲ အလွည့္က်လည္ပတ္ေနတယ္။ တကယ္တမ္းၾကေတာ့ ဆယ္လေလာက္ပါပဲလို႔ေျပာသြားသည့္ အစ္မဟာ တစ္ႏွစ္ေက်ာ္ေအာင္ၾကာခဲ့သည္။

ျပန္ေရာက္လာေတာ့လည္း ရန္ကုန္မွာပဲအလုပ္ေတြကိုလုပ္ေနရတာေၾကာင့္ ေနာက္ထပ္လေပါင္းမ်ားစြာၾကာခဲ့သည္။ ေတာင္ေပၚၿမိဳ႕ေလးကို အစ္မျပန္ေရာက္တဲ့အခ်ိန္မွာၾကေတာ့ ၂၀၁၅ ခုႏွစ္ရဲ႕ေႏြဦးကိုေတာင္ေရာက္ေနၿပီျဖစ္သည္။ ျပန္ေရာက္ေရာက္ခ်င္းမွာပဲ အစ္မကသူတို႔အိမ္ကို အလည္လာခဲ့သည္။ လက္ေဆာင္ေတြလည္းေပးခဲ့သလို ေမေမတို႔ႏွင့္လည္း စကားေတြအမ်ားႀကီးေျပာခဲ့သည္။ ေမေမတို႔အလုပ္သြားတဲ့အထိ အစ္မကမျပန္ေသးဘဲသူႏွင့္အတူထိုင္ေနခဲ့သည္။

အစ္မရဲ႕ပခုံးေက်ာ္ေသာဆံႏြယ္ေတြဟာ အခုခ်ိန္မွာေတာ့ ေက်ာလယ္ကိုေရာက္လုနီးပါးျဖစ္ေနၿပီျဖစ္သည္။ ပို၍လွလာသည္ဟုေတာ့မၫႊန္းဆိုခ်င္ အစ္မဟာ အစကတည္းက ေကာင္းခ်ီးမ်ားစြာႏွင့္လွေနၿပီးသားသူပင္။

ေကာ္ဖီခြက္ကိုယူလိုက္တာကအစ အစ္မရဲ႕ႏႈတ္ခမ္းဖ်ားေတြထိေတြ႕မႈအဆုံး မ်က္ေတာင္ခပ္တာေတြကိုပါ သူလိုက္ၾကည့္ေနမိခဲ့သည္။ လြမ္းလိုက္တာလို႔ေျပးမဖက္မိသလို တီတီတာတာစကားေတြလည္း သူမေျပာမိပါ။ အစ္မ ျပန္လာၿပီ ဆိုတာကပင္ သူ႕ကိုအလိုလိုၿပဳံးမိသြားေစတာမ်ိဳးပင္။

"အလုပ္ဝင္စကတည္းက ေကာ္ဖီေတြေသာက္ျဖစ္ခဲ့တာ မႀကိဳက္ေပမဲ့လည္းေပါ့ ေသာက္ျဖစ္ေနတုန္းပဲ ျဖတ္လို႔မရဘူး"

ညင္သာေနတဲ့အစ္မရဲ႕အသံဟာ သကၠရာဇ္ေတြကုန္လြန္သြားတာေတာင္မွမေျပာင္းလဲေသးဘူး။ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ညို႔ငင္နိုင္တုန္းပါပဲ။

"ပူတူးေတာ့မေသာက္ျဖစ္ဘူး အခုခ်ိန္အထိ အစ္မငယ္ငယ္က အဲ့ဒါေတြကိုမႀကိဳက္ဘူးေလ"

"ဟုတ္တယ္..ဒါေပမဲ့ အေျခအေနနဲ႕အခ်ိန္အခါအရ တစ္ခ်ိဳ႕အရာေတြကလုပ္ကိုလုပ္ရမွျဖစ္မယ္ဆိုေတာ့ လုပ္ရတာပါပဲ"

"အဆင္ေျပရဲ႕လား အရာအားလုံးအတြက္"

အစ္မဟာ ေတြေဝေနေသာ အၾကည့္ေတြႏွင့္သူ႕ကိုၾကည့္လာသည္။ အၿမဲတမ္းေမးခ်င္ေနခဲ့တဲ့စကားဟာ ဒီစကားပဲျဖစ္ေပလိမ့္မည္။ ဘာမွမလုပ္ေပးနိုင္ခဲ့ရင္ေတာင္မွ အစ္မရဲ႕ရင္ဖြင့္သံကိုနားေထာင္ေပးမည္။ အစ္မပင္ပန္းေနရင္ ပခုံးတစ္ဖက္ကိုငွါးေပးမည္။

အစ္မကအၾကည့္ကိုျပန္လႊဲလိုက္ကာ တစ္ခ်က္ၿပဳံးေလသည္။ စားပြဲခုံေပၚကလက္ေခ်ာင္းလွလွေလးေတြဟာ ၿငိမ္မေနဘဲ လႈပ္ရွားလို႔ေနသည္။ အစ္မရဲ႕အမူအက်င့္ေတြကို အလြတ္မွတ္မိေနေသာသူကေတာ့ အစ္မစိတ္လႈပ္ရွားေနသည္ဆိုတာကို အလိုလိုသိလို႔ေနသည္။

"ဒီလိုပဲ ေန႕ရက္တိုင္း ငါအဆင္ေျပပါတယ္လို႔ေျပာခဲ့ရတယ္ က်င့္သားရသြားတာလားေတာ့မသိေပမဲ့လို႔ အဆင္ေျပပါတယ္ဆိုတဲ့စကားက အလြယ္တကူထြက္လာနိုင္ခဲ့တယ္"

ပို၍ပိန္ပါးသြားေသာ မ်က္ႏွာေသးေသးကိုၾကည့္ကာ သူရင္နာလာသည္။ အစ္မအရမ္းႀကိဳးစားေနခဲ့တာဟာ ဘယ္သူ႕အတြက္လဲဟုေမးလိုက္ခ်င္ေပမဲ့လို႔ ကိုယ့္အတြက္ မဟုတ္တာေသခ်ာေနသည့္ကိစၥေတြဟာ ရင္နာစရာမို႔လို႔ လည္ေခ်ာင္းထဲမွာပင္ေပ်ာက္ကြယ္သြားေတာ့သည္။ တခ်ိဳ႕စကားေတြဟာမေျပာလိုက္ျခင္းကသာ ကိုယ့္အတြက္ပိုအဆင္ေျပနိုင္တာမ်ိဳး၊ မ်ိဳသိပ္ရတာဟာခံရခက္ေပမဲ့ ေျပာမိတဲ့အခါ ပိုနာက်င္ရတယ္ေလ။

"အရမ္းပင္ပန္းခဲ့မွာပဲ"

"အိုး အစ္မကေလးေလးက တကယ္ကိုႀကီးျပင္းလာၿပီပဲ အစ္မကိုေတာင္ ႏွစ္သိမ့္ေပးနိုင္ၿပီဆိုေတာ့"

အၿမဲတမ္းရွိခဲ့တာပါလို႔ သူမေျပာျဖစ္ခဲ့ေတာ့။ တိတ္ဆိတ္စြာေနလိုက္ျခင္းဟာ သူ႕အတြက္ပိုေကာင္းသည္ေလ။

"အစ္မတို႔ လမ္းေလွ်ာက္ၾကမလား ကန္ေတာ္ႀကီးထဲကိုေလ"

"သြားတာေပါ့"

ကန္ေတာ္ႀကီးႏွင့္သိပ္မေဝးသည့္ သူတို႔အိမ္ကေနဆိုရင္ ခဏေနေလးႏွင့္ေရာက္သည္။ ကန္ေတာ္ႀကီးတစ္ပတ္ပတ္သည္ဟုဆိုရမလားမသိ သူတို႔လမ္းစေလွ်ာက္ျဖစ္ၾကသည္။ အပင္ေတြက ေႏြဦးဆိုေတာ့ေျခာက္ေသြ႕ကာ အဝါေရာင္သမ္းလို႔ေနသည္။ ႐ြက္ေႂကြေတြဟာလည္း အမွိုက္သိမ္းမနိုင္ေတာ့ဟုထင္ရေလာက္ေအာင္ ေလေဝွ႕တိုင္း တျဖဳတ္ျဖဳတ္ေႂကြက်လ်က္။

"ပန္းပြဲေတာ္ဆိုရင္ အစ္မဒီကိုမၾကာခဏေရာက္ျဖစ္တယ္ ကေလးတို႔ကို ဒီမွာေနမွန္းအစ္မ မသိခဲ့ဘူး"

"ေရဦးကို အစ္မ မျပန္ျဖစ္လို႔နဲ႕တူပါတယ္ ပူတူးလူတိုင္းကိုမွာခဲ့တယ္ အစ္မလာရင္ ေျပာေပးဖို႔ကိုေပါ့"

တိတ္ဆိတ္သြားသည္။ ႐ြက္ေႂကြေတြကိုနင္းမိလို႔ထြက္လာသည့္ေျခသံရယ္၊ ေက်းငွက္ေတြရဲ႕ တစ္ခ်က္တစ္ခ်က္ေအာ္သံရယ္၊ ေလတိုးသံရယ္ကလြဲလို႔ေပါ့။

"အစ္မ မေရာက္ျဖစ္ခဲ့ဘူး"

ခပ္တိုးတိုးထြက္လာေသာ အစ္မရဲ႕အသံဟာ အနည္းငယ္ ေၾကကြဲေနသေယာင္ေယာင္။

"ဘာပဲျဖစ္ျဖစ္ အဆင္ေျပပါတယ္ အခု အစ္မကိုေတြ႕ေနရၿပီပဲ"

အစ္မရယ္လိုက္သည္။ ေႏြဦးေလေျပေတြနဲ႕အတူ ရယ္ေမာေနေသာ အစ္မဟာ အတိတ္ကလိုပါပဲ။ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ သက္ရွိပန္းခ်ီကားေလးတစ္ခ်ပ္လို သူ႕အတြက္ေတာ့ အၿမဲတမ္းေငးၾကည့္ေနစရာ။

"သြားစို႔ အစ္မတို႔ငယ္ငယ္ကလို အၿမဲလမ္းေလွ်ာက္သင့္တယ္ထင္တယ္"

ကမ္းလာေသာ အစ္မရဲ႕လက္တစ္ဖက္ကို သူဆုပ္ကိုင္လိုက္သည္။ ဘယ္ေလာက္ထိၿမဲၿမံမယ္လို႔ေတာ့ သူမသိေပမဲ့လို႔ေပါ့။ သူလိုခ်င္ခဲ့တာကေတာ့ သံသရာအဆက္ဆက္ထိျဖစ္သည္။ အစ္မရဲ႕လက္တစ္ဖက္ကိုဆုပ္ကိုင္ရင္း အတိတ္ေတြစီ အလည္သြားျဖစ္ခဲ့သည္။ အဝါေရာင္ေပ်ာ္႐ႊင္ျခင္း ပန္းခ်ီကားထဲမွာ သူနဲ႕အစ္မဟာ တစ္ေယာက္ႏွင့္တစ္ေယာက္ ေပ်ာ္႐ႊင္စြာပဲ လက္ေတြကိုၿမဲၿမံစြာဆုပ္ကိုင္ထားလို႔ေပါ့။

-------------------

သူတြင္ အခုတေလာ အလုပ္တစ္ခုပိုလာခဲ့သည္။ ဘာလဲဆိုရင္ေတာ့ အစ္မနဲ႕အတူတူ ထမင္းစားဖို႔ရယ္ ညေနဖက္ေတြမွာ အတူတူလမ္းေလွ်ာက္ဖို႔ရယ္ ပိတ္ရက္ေတြမွာ စာအုပ္ဆိုင္ေတြကို အတူတူသြားဖို႔ရယ္ေပါ့။ အတိတ္ေတြဟာ အခုလက္ရွိကိုျပန္ေရာက္လာသည္။ ငယ္စဥ္ကလိုပင္ မေျပာင္းလဲစြာ အစ္မအနားတြယ္ကပ္ခ်င္ေနသည့္စိတ္ကိုထိန္းလို႔မရ။

"ပူတူးအရမ္းလွလာတာ အစားအေသာက္ေတြ ဂ်ီးမမ်ားေတာ့လို႔ပဲျဖစ္မယ္"

"အစ္မေၾကာင့္ပါ လိမၼာေတာ့မယ္လို႔ ဆုံးျဖတ္ခဲ့တာ"

"လိမၼာတဲ့ကေလးေလးေတြက ခ်စ္စရာအေကာင္းဆုံးပဲကို"

အစ္မရဲ႕ဟင္းခ်က္လက္ရာေတြဟာလည္း အတိတ္ကလိုပင္ မေျပာင္းလဲ။ အထက္ပိုင္းေဒသလက္ရာေတြကို သူအမ်ားႀကီးလြမ္းေနခဲ့တာပင္။

"မ်ားမ်ားစားေနာ္ အခုေတာ့အစားမေ႐ြးေတာ့ဘူးမလား"

ခရမ္းခ်ဥ္သီးအစိမ္းသုပ္ကို သူ႕ပန္းကန္ထဲထည့္ေပးေတာ့ သူရယ္မိသည္။ ငယ္ငယ္ကဆိုရင္ ခရမ္းခ်ဥ္သီးပါသည့္ ဘယ္ဟင္းကိုမွမစား အေၾကာက္အကန္ျငင္းကာ လႊင့္ပစ္တတ္ေသးသည္။ မရရင္ အာေခါင္ျခစ္ကာ ေအာ္ငိုသည္။

"ပူတူးငယ္ငယ္က ခရမ္းခ်ဥ္သီးစားရမယ္ဆိုရင္ ေအာ္ငိုတာေလ အစ္မမွတ္မိေသးတယ္"

သူရွက္႐ြံ႕သြားတာေၾကာင့္ နား႐ြက္ေတြပါပူလာသလိုခံစားရသည္။ အေသးစိတ္ေတြကအစမွတ္မိေနတာဟာ ေပ်ာ္စရာေကာင္းေပမဲ့လို႔ ရွက္စရာေကာင္းေသာ အျပဳအမူကိုေတြးမိေတာ့ တကယ္အရွက္ရစရာပင္။

"အစ္မပဲေျပာခဲ့တာေလ ခရမ္းခ်ဥ္သီးစားရင္ အသားအရည္လွတယ္လို႔"

ငယ္ငယ္က အေဖတူသမီးပီသစြာ ညိုတာထက္ကိုပိုသည့္အသားအရည္ေၾကာင့္ အစ္မနဲ႕ယွဥ္လိုက္တိုင္း သူ႕မွာ အိမ္ေရွ႕မွာအာအာေနသည့္ က်ီးကန္းလိုခံစားရသည္။

"အခုေရာမလွလာလို႔လား အစ္မကအမွန္ပဲေျပာတာပါ"

Puberty hit တယ္လို႔ပဲဆိုရေလမလားမသိ ဆယ္တန္းေအာင္ၿပီးေနာက္ အပ်ိဳေဖာ္စဝင္သည့္အခ်ိန္မွာ သူေတာ္ေတာ္ေျပာင္းလဲသြားခဲ့သည္။ ညိုေနသည့္အသားအရည္ဟာ ျဖဴလာတာမ်ိဳးမဟုတ္ေပမဲ့လို႔ ၾကည္လင္လာသည္။ ေသးေကြးေနေသာ ခႏၶာကိုယ္ဟာလည္း ဖြံ႕ထြားလာသလို အခုဆိုအရပ္ေတာင္မွ အစ္မနဲ႕မတိမ္းမယိမ္းပင္။

"တကယ္လွလာတယ္ထင္လို႔လား"

အစ္မရဲ႕မ်က္ဝန္းေတြနဲ႕ဆုံေအာင္ၾကည့္ကာ သူေမးလိုက္သည္။ အေပ်ာ္ရိပ္ေတြသမ္းေနေသာ အစ္မရဲ႕မ်က္ဝန္းေတြဟာ အရမ္းလွသည္။ ဒီမ်က္ဝန္းေတြကို ေငြ႕ရည္ဖြဲ႕လာမွာကိုေတာ့ သူအေၾကာက္ဆုံးပင္။ ဘာမွမလုပ္ေပးနိုင္တဲ့အခါ သူနာက်င္ရသည္။

"အင္း တကယ္လွလာတယ္ ဒါေပမဲ့လွတယ္မလွဘူးဆိုတာ ပူတူးနဲ႕အစ္မၾကားမွာအေရးႀကီးလို႔လား ပူတူးက အစ္မအတြက္အၿမဲတမ္း မေျပာင္းလဲပါဘူး"

အၾကည့္ေတြကိုအရင္လႊဲဖယ္မိသူဟာ သူျဖစ္လို႔ေနသည္။ ရင္မဆိုင္ရဲတာမဟုတ္ေပမဲ့လို႔ ျမန္လာေသာ ရင္ခုန္သံေတြဟာ ထိန္းခ်ဳပ္ဖို႔ခက္သည္။ ေရာင့္ရဲနိုင္စြမ္းေတြေပ်ာက္ဆုံးသြားမွာကို သူေၾကာက္မိသည္။

"အစ္္မဒီမွာပဲေနေတာ့မွာမလား"

"ဟုတ္တယ္ အလုပ္ကေတာ့ အထက္ဗမာျပည္ကိုတာဝန္ယူထားတာဆိုေတာ့ မႏၲေလးမွာပဲ႐ုံးထိုင္ရေပမဲ့ မႏၲေလးနဲ႕ဒီနဲ႕ကေဝးတာမွမဟုတ္တာ ခဏပဲကို"

"ေကာင္းလိုက္တာ.. အစ္မကိုအၿမဲေတြ႕ရေတာ့မွာေပါ့"

"အရင္လိုပဲ အိမ္နီးနားခ်င္းလုပ္ၾကတာေပါ့"

"အြန္း"

"ညေနက်ရင္လည္း ထမင္းလာစားေလ ဒါမွမဟုတ္ ေဟာ့ေပါ့သြားစားၾကမလား ငယ္လည္းလာမွာေလ အစ္မသူ႕ကို သြားႀကိဳရဦးမွာ"

သူတိတ္ဆိတ္သြားမိသည္။ ဒီကိစၥကိုမေတြးမိေအာင္ သူ႕ကိုယ္သူသတိေပးထားေပမဲ့လို႔ အစ္မရဲ႕ႏႈတ္ဖ်ားကထြက္လာေတာ့ သူဘယ္လိုလုပ္ရမည္နည္း။ ငယ္တုန္းကလို အစ္မသူ႕ကိုမႀကိဳက္နဲ႕လို႔ေျပာခြင့္ေရာ သူ႕မွာရွိေသးလို႔လား။

"အစ္မ"

"အြန္း"

"ငယ္ငယ္ကေလ အစ္မမွတ္မိလား အစ္မေက်ာင္းတက္တုန္းကေလ အစ္မတို႔ေက်ာင္းကအစ္ကိုႀကီးက အစ္မကိုႀကိဳက္တာေလ"

"အာ..မွတ္မိတာေပါ့ ဘာလို႔လဲ သူနဲ႕ေတြ႕လို႔လား"

"မဟုတ္ပါဘူး"

သူဆက္မေျပာျဖစ္ခဲ့ပါ။ အဲ့တုန္းကေတာ့ အစ္မရဲ႕စီကိုေႏြေက်ာင္းပိတ္ရက္ေတြမွာေရာက္လာတဲ့စာေတြ၊ အိမ္ျပန္လာရင္ ပါလာေသာ လက္ေဆာင္ေတြကိုၾကည့္ကာ အစ္မက ထိုလူကိုႀကိဳက္သြားၿပီလားဟုေမးကာ သူငိုခဲ့ေသာ အခ်ိန္ကိုျပန္ေတြးမိခဲ့သည္။

အစ္မသူ႕ကိုမႀကိဳက္ရဘူးေနာ္ဟု ေအာ္ငိုခဲ့ေသာအခ်ိန္ေတြဟာ မေန႕တစ္ေန႕ကလို။ အခုခ်ိန္မွာေရာ သူေအာ္ငိုခြင့္ရွိေသးရဲ႕လား။ မျဖစ္နိုင္ေတာ့ေပ။ ၾကည့္ေန႐ုံသာ သူတတ္နိုင္သည္ေလ။

"မွတ္မိပါေသးတယ္ ပူတူးေအာ္ငိုတာေလ အစ္မကိုစိတ္ေကာက္ၿပီးေတာ့"

ဟုတ္တာေပါ့ ပထမဆုံးအႀကိမ္ အစ္မကိုစိတ္ဆိုးစိတ္ေကာက္ခဲ့မိတာပင္။ အေရာင္ေျပာင္းခါစ ေမတၱာေတြက အဲ့အခ်ိန္တုန္းကေတာ့ ေသေသခ်ာခ်ာ ဘာရယ္လို႔မေျပာျပတတ္ေတာ့ အစ္မကိုတျခားသူလုသြားမွာကိုသာ စိုးရိမ္ခဲ့သည္ေလ။ ၾကားထဲက ကိုကိုကလည္း သူ႕ကို နင့္အစ္မက ရည္းစားရေတာ့မွာလို႔မၾကာခဏေျပာေလေတာ့ စိုးရိမ္စိတ္ေၾကာင့္ အစ္မကိုစိတ္ဆိုးစြာငိုခဲ့တာပင္။

"အဲ့တုန္းက တကယ္ေၾကာက္ခဲ့တာ အစ္မတျခားသူလက္ထဲပါသြားမွာကို"

အခုလည္းေၾကာက္ေနမိတာပဲဆိုတာကိုေတာ့ သူမေျပာျဖစ္ခဲ့ေပ။ အစ္မမ်က္ႏွာလွလွေလးကိုေငးၾကည့္ရင္း မပိုင္ဆိုင္ရျခင္းေတြအေၾကာင္းေတြးမိေတာ့ စားေနေသာ ထမင္းဟာၿမိဳမက်ေတာ့။

"မပါပါဘူးကေလးရဲ႕ အစ္မကအၿမဲတမ္း ပူတူးရဲ႕အစ္မပါပဲ"

သူၿပဳံးျပလိုက္သည္။ နာက်င္ျခင္းတစ္စြန္းတစ္စကိုေတာ့ ႏွလုံးသားထဲမွာျမႇုပ္ႏွံရင္းေပါ့။ အခုလိုအေနအထားေလးကိုေတာင္ သူေရာင့္ရဲေနတတ္ပါသည္။ ပိုင္ဆိုင္ျခင္းဆိုတာကေတာ့ သူနဲ႕မသက္ဆိုင္ေသာ ေခါင္းစဥ္တစ္ခုလိုပါပဲ။

အစ္မကိုဒီလိုေလးျမင္ေနရ႐ုံဟာ သူ႕အတြက္တိမ္တိုက္အဝါေတြကိုေငးၾကည့္ေနရသလိုမ်ိဳး မပိုင္ဆိုင္ရေပမဲ့ သူေပ်ာ္ပါသည္။

17.6.2022

Continue Reading

You'll Also Like

1M 65.7K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင္ဒါသစ္ခြေတြကိုျမင္တိုင္း အတိတ္...
240K 6.9K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
843K 58.2K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)