ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

82.8K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅

အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

771 49 1
By KazunoMora

စာစဥ် ၃၅ : အပိုင်း ၆

အပိုင်း ၆၅၆ : ပုံမမှန်သော လူငယ်နှစ်ယောက်

ယွဲ့ဟုန်ယန်သည် ဟိုချိုးသည်ကွေ့ အနည်းငယ် လုပ်သွားပြီးသော အချိန်တွင် သူမသည် နိဗ္ဗာန်ကမ္ဘာ၏ အနက်ပိုင်း အတွင်းသို့ ရောက်သွားခဲ့သည်။ ထိုနေရာတွင် ကျယ်ပြန့်သော ကွင်းပြင် တစ်ခုတွင် နေရာယူထားသည့် ကြီးမားသော ကျောက်တုံးအိမ်ကြီး တစ်လုံးရှိနေသည်။ ထိုအိမ်၏ အမိုးသည်လည်း အတော်ကို မြင့်မားပေသည်။

ကျောက်တုံးအိမ်ကြီး တစ်ခုထက်စာလျှင် သူသည် ဧရာမ ဝင်းခြံတစ်ခုနှင့်သာ တူနေသည်။ ဝင်းခြံအတွင်းမှ ပုံစံသည် ရိုးရှင်းနေသည်။ ကြမ်းပြင်ပေါ်တွင် ဖျာချပ်များ အနည်းငယ် ရှိနေကာ ယန်ချင်နှင့် ကျိုးယွင်ချုံးတို့သည် တင်ပလ္လင်ခွေကာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ယန်ချင်၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုကို တွေ့နိုင်ကာ ခင်မင်ရင်းနှီးသည့်ပုံ ပေါက်နေခဲ့သည်။

သူသည် ကြမ်းပြင်ပေါ်မှ ထလိုက်ကာ ယွဲ့ဟုန်ယန်အား နှုတ်ဆက်လိုက်သည်။ "နံပါတ်လေး စီနီယာ၊ စီနီယာတို့က အခုတလောမှာ အလုပ်အရမ်း များနေကြမှာပဲ"

ယွဲ့ဟုန်ယန်က ရယ်လိုက်သည်။ "စိတ်မပူပါနဲ့။ မင်းမှာက အရေးကြီးတဲ့ အရာတွေ လုပ်စရာ ရှိနေတာပဲ။ မင်းက တမင်သက်သက် ခေါင်းရှောင်နေတာမှ မဟုတ်တာ။ အတိတ်တုံးက မင်းက ဂိုဏ်းအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့တယ်။ ငါတို့က မင်းကိုတောင် ကျေးဇူးတင်ရဦးမယ်"

ယန်ချင်သည် ထိုစကားအား ကြားရသောအခါ ပြုံးလိုက်ကာ သူ၏ခေါင်းကို ခါလိုက်သည်။ "ဘာမှ အပန်းမကြီးပါဘူး။ ဂိုဏ်းအတွက် လုပ်ပေးရတာ ကျွန်တော်က ပျော်ပါတယ်"

သူ၏စကားဆုံးသည်နှင့် သူသည် ခေါင်းငုံ့လိုက်ကာ ကျိုးယွင်ချုံးအား ကြည့်လိုက်သည်။ "ယွင်ချုံး"

သူသည်လည်း ခရမ်းရောင် ဝတ်စုံအား ဝတ်ထားသည်။ သို့သော်လည်း သူ့ဝတ်စုံ၏ ပုံစံသည် ယန်ချင်၏ ဝတ်ရုံရှည်နှင့် မတူပေ။ သူသည် လျှိုရှဖုန်းနှင့် ကျန်သောသူများ၏ ခရမ်းရောင် ကိုယ်ကျပ်ဝတ်စုံနှင့် ပိုတူသည်။ သို့သော်လည်း သူ့ဝတ်စုံမှ အင်္ကျီလက်စတွင် ရွှေရောင်စက်ဝိုင်းခြမ်းနှင့် အစိမ်းရောင် စက်ဝိုင်းခြမ်းတို့ဖြင့် ဖွဲ့စည်းထားသော စက်ဝိုင်းပုံသဏ္ဌာန် ရှိနေသည်။ ဒါသည် သူက ယန်ချင်၏ လက်ရင်းတပည့် ဖြစ်သည်ကို ပြသနေခြင်းပင် ဖြစ်၏။

သူ၏ မျက်နှာသွင်ပြင်သည် သူ့အားပို၍ ကြည့်ကောင်းနေစေခဲ့သော်လည်း သူ့အား ကြည့်ရသည်မှာ အနည်းငယ် ခက်ထန်ကြမ်းတမ်းပေသည်။ ယခုအချိန်တွင် သူသည် ယန်ချင်၏ လမ်းညွှန်မှုများကို အလေးအနက် စဥ်းစားနေခဲ့သဖြင့် သူ၏ ပတ်ဝန်းကျင်မှ အရာအားလုံးတို့ကို သတိမထားမိခဲ့ပေ။

ယန်ချင်က သူ့အား ခေါ်လိုက်မှသာ သူသည် သတိပြန်ဝင်လာခဲ့၍ သူ့အားလှမ်းကြည့်လိုက်သည်။ ပြီးမှာသာ သူက ယွဲ့ဟုန်ယန်အား သတိပြုမိခြင်း ဖြစ်သည်။

သူသည် မတ်တက်ထရပ်လိုက်ကာ ယွဲ့ဟုန်ယန်အား နှုတ်ဆက်လိုက်သည်။ သူမကို နှုတ်ဆက်အပြီးတွင် သူသည် မြေပေါ်တွင်သာ ကျောက်တုံးအလား ရပ်နေ၍ ဘာမှမပြောခဲ့ပေ။

ယန်ချင်သည် ကျိုးယွင်ချုံးအား ကြည့်လိုက်ကာ သူ၏ခေါင်းကို ခါလိုက်သည်။ သူသည် ယန်ချင်၏ တစ်ဦးတည်းသော လက်ရင်းတပည့် ဖြစ်သည်။ ယန်ချင်နှင့် ဇူရီတို့သည် ပြီးခဲ့သော တပည့်လက်ခံပွဲ အခမ်းအနားအပြီးတွင် အပြင်ထွက်၍ လေ့ကျင့်နေခိုက်တွင် သူ့အား တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

သူ့အားတောင်ပေါ်သို့ ပြန်ခေါ်လာအပြီးတွင် အခြေခံ စမ်းသပ်မှုများကို အောင်မြင်၍ အခြေခံတပည့် တစ်ယောက် ဖြစ်လာခဲ့သည်။ ပြီးတာနှင့် သူသည် အဓိက စစ်ဆေးမှုများကို အောင်မြင်အပြီးတွင် ယန်ချင်၏ လက်ရင်းတပည့် ဖြစ်လာခဲ့၏။

သူနှင့် ကြာရှည်စွာ ဆက်ဆံခဲ့အပြီးတွင် ယန်ချင်သည် သူ့တပည့်၏ ပင်ကိုစရိုက်ကို နားလည်လာခဲ့ကာ သူသည် ဤအတိုင်းပင် ဖြစ်သည်ကို သိလာခဲ့သည်။

သို့သော်လည်း ဒါသည် သူ့အား ပထမအကြိမ် စတင်ဆုံတွေ့ခဲ့စဥ်ကထက် အများကြီး တော်လာခဲ့သည်။

ယွဲ့ဟုန်ယန်ကလည်း နေသားကျနေခဲ့ပြီ ဖြစ်သည်။ သူမသည် သူ့အား တစ်ချက်ကြည့်ကာ အကဲခတ်လိုက်ရင်း သူမ၏ ခေါင်းများကို ညိတ်လိုက်သည်။ "နောက်ထပ်ထပ်ပြီး တိုးတက်သွားပြန်ပြီ"

ယန်ချင်က ပြန်ဖြေလိုက်၏။ "ကျင့်ကြံမှုနဲ့ ပတ်သတ်ပြီးတော့ ဘာပြဿနာမှ သိပ်မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်က ရုပ်ခန္ဓာကိုယ် သိုင်းပညာရပ်နဲ့ ပတ်သတ်ပြီး သိပ်မကျွမ်းကျင်တော့ သူ့ကို ဒီနေရာမှာ သိပ်ပြီးတော့ ညွှန်မပြနိုင်ဘူး။ ကျွန်တော်က သူ့ရဲ့ အသွေးအသားတွေကို အားဖြည့်ပေးလို့ ရပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို အစွမ်းထက်တဲ့ သိုင်းပညာရပ် နည်းစနစ်တွေ မရှိပဲ လေ့ကျင့်ပေးလို့ မရဘူး"

သူက ခါးသီးစွာနှင့် ရယ်လိုက်သည်။ "ကျွန်တော်က အရေအတွက်သုံးခု အင်းရှစ်ကွက် လက်သီးကိုပဲ သိပြီး ဒါကိုတောင် ကောင်းကောင်း မကျွမ်းကျင်ဘူး"

အရေအတွက်သုံးခု အင်းရှစ်ကွက် လက်သီးသည် ကောင်းကင်နှင့် မြေကြီးတို့၏ မှော်ကျိန်စာ ရှစ်ကွက်နှင့် တူညီသည်။ သူသည် ရှောင်ယန်တို့ တစ်အုပ်စုက တီထွင်ထားကြခြင်း ဖြစ်သည်။ ဒါသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ အခြေခံ နည်းစနစ်များ အတွင်းမှ တစ်ခုလည်း ဖြစ်၏။

သူ့အား လေ့ကျင့်ရန် ခက်ခဲမှုသည် သိပ်မမြင့်ပေ။ သို့သော်လည်း သူ၏စွမ်းအားများသည် သာမန်မဟုတ်ချေ။ တစ်ယောက်၏ အခြေခံကို သန်စွမ်းလာအောင် ကူညီပေးနိုင်သည့်အပြင် တိုက်ပွဲတွင်လည်း အသုံးဝင်သည့် နည်းစနစ်တစ်ခု ဖြစ်သည်။

ထိုနည်းစနစ်ကို ပထမဆုံး ဖန်တီးခဲ့သောအခါ အဓိက အားထုတ်ခဲ့သော သူများမှာ ရှောင်ယန်၊ ရှီထျန်းဟောင်နှင့် ယွဲ့ဟုန်ယန်တို့ ဖြစ်ကြ၏။

ယန်ချင်ကလည်း သူ့အား သိနေခဲ့သည်။ သူ၏လက်ရှိ ကျင့်ကြံမှုနှင့် သူသည် ထိုသိုင်းကွက်၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်နိုင်သည်။ သူသည် သိပ်မကျွမ်းကျင်ဟု ပြောခြင်းမှာ ယွဲ့ဟုန်ယန်၏ အရှေ့သို့ ရောက်နေခဲ့သောကြောင့် ဖြစ်သည်။

သူသည် သူအတန်ငယ် ကျွမ်းကျင်သော ထိုနည်းစနစ်ကို အသုံးပြု၍ ကျိုးယွင်ချုံးအား လမ်းညွှန်ပေးခဲ့သည်။ သို့သော်လည်း ဘာပဲပြောပြော ယွဲ့ဟုန်ယန်သည် ထိုနည်းစနစ်အား သူ့ထက်ပို၍ နားလည်နိုင်ပေသည်။

ယွဲ့ဟုန်ယန်သည် ယန်ချင်၏ စကားများကို ကြားရသောအခါ သူမ၏ခေါင်းအား တည်ငြိမ်စွာနှင့် ညိတ်လိုက်သည်။ "ငါကမင်းကို တစ်ခါကစားပြမယ်။ ယွင်ချုံး၊ အသေအချာ ကြည့်ထားပါ"

သူမ၏ စကားဆုံးသည်နှင့် ယွဲ့ဟုန်ယန်သည် မြေပေါ်သို့ တက်လှမ်းလိုက်ကာ သူ့အား အသာ တုန်ခါသွားစေခဲ့သည်။ သူမ၏ တစ်ကိုယ်လုံးသည် မြေပေါ်တွင် ကပ်နေသကဲ့သို့ ဖြစ်သွားခဲ့သည်။ သူမသည် မြေကြီးနှင့် တစ်သားတည်းသကဲ့သို့ ဖြစ်သွားခဲ့ကာ အလွန်ပင် တည်ငြိမ်နေခဲ့သည်။

အရေအတွက်သုံးခု အင်းရှစ်ကွက် လက်သီဂ၏ စတင်သော အနေအထား ကောင်းကင်မြေကြီးအကွက်သည် လက်များမှ မစပဲ ခြေထောက်များမှ စခြင်းဖြစ်သည်။ ခြေနှစ်ချောင်းသည် မြေပြင်ပေါ်သို့ ထိသွားသောအခါ သူသည် ကောင်းကင်နှင့် မြေကြီးတို့မှ အရာအားလုံးတို့အား သယ်ဆောင်ထားသကဲ့သို့ ဖြစ်ကာ သက်တောင့်သက်သာ တည်ငြိမ်စွာနှင့် နေနိုင်ခဲ့သည်။

ပြီးတာနှင့် ယွဲ့ဟုန်ယန်သည် သူမ၏ ဘယ်လက်သီးကို ခါးဘေးတွင် ထားထားခဲ့ကာ ချက်ချင်းပင် အားကြီးသော တောင်တစ်လုံးကဲ့သို့ ဖြစ်သွားခဲ့၏။ ဘယ်တော့မှ ပြိုကျလိမ့်မည် မဟုတ်သော တောင်တစ်လုံးကဲ့သို့ ဖြစ်၏။ ဒါသည် အရေအတွက်သုံးခု အင်းရှစ်ကွက် လက်သီး၏ ဂျန်တောင်လက်သီးအကွက် ဖြစ်သည်။

ယွဲ့ဟုန်ယန်သည် ခါးအနားတွင် ထားထားသော သူမ၏ ဘယ်လက်သီးကို ညင်သာစွာ ခါလိုက်သည်။ သူမသည် သူမ၏ စွမ်းအားများကို ထိန်းမချုပ်နိုင်သောကြောင့် မဟုတ်ပေ။ ထိုညင်သာစွာ လှုပ်ခါလိုက်သော သူမ၏ လက်သီးသည် ဖျက်ဆီးနိုင်သော ပေါက်ကွဲသည့် စွမ်းအားများ ပါဝင်နေခဲ့သည်။ ဒါသည် ကောင်းကင်ကိုးလွှာမှ တိမ်တိုက်များအတွင်းတွင် သိုဝှက်ထားသည့် မထုတ်လွှတ်ရသေးသော်လည်း အချိန်မရွေး ပေါက်ကွဲနိုင်သော လျှပ်စီးများနှင့် တူနေခဲ့၏။

ကျိုးယွင်ချုံးသည် ယွဲ့ဟုန်ယန်၏ လုပ်ဆောင်ချက်များကို အသေအချာ စိုက်ကြည့်နေခဲ့သည်။ သူသည် သူသင်ယူထားခဲ့သည့် အရာနှင့် ပေါင်းစပ်စဥ်းစားကြည့်လိုက်သောအခါ ဒါသည် အရေအတွက်သုံးခု အင်းရှစ်ကွက် လက်သီး၏ ပေါက်ကွဲလျှပ်စီး လက်သီးဖြစ်ကြောင်းကို သိခဲ့လိုက်သည်။

ယွဲ့ဟုန်ယန်သည် မြေပြင်ပေါ်တွင် ရပ်နေခဲ့ရင်း သူမ၏ ခေါင်းပေါ်မှ အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။ သူမသည် ကျောက်တုံးအိမ်၏ အတွင်းတွင် ရှိနေခဲ့သော်လည်း သူမသည် ကောင်းကင်နှင့် ဆက်သွယ်နေခဲ့သကဲ့သို့ ဖြစ်သည်။ သူမသည် အင်အားများနှင့် ပြည့်နေခဲ့ကာ အားများအားလုံးတို့သည် သူမ၏ ခေါင်းပေါ်တွင် စုစည်းလာခဲ့၏။ သူမအား အပေါ်သို့ ပင့်တင်ပေးနေသော မမြင်နိုင်သည့် မျဥ်းကြောင်းတစ်ခု ရှိနေသကဲ့သို့ ဖြစ်သည်။

သူမ၏ စွမ်းအင်များအား သူမ၏ ခေါင်းအပေါ်တွင် စုစည်းထားသော်လည်း ယွဲ့ဟုန်ယန်၏ ခန္ဓာကိုယ်သည် တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူမသည် ကောင်းကင်နှင့် မြေကြီးတို့နှင့် ဆက်သွယ်ထားသော တိုင်လုံးတစ်ခုနှင့် တူနေခဲ့သည်။

အရေအတွက်သုံးခု အင်းရှစ်ကွက် လက်သီး၊ ကောင်းကင်တိုင်လုံး

ကောင်းကင်မြေကြီး အကွက်နှင့် ဂျန်တောင် လက်သီးအကွက် ကဲ့သို့ပင် ကောင်းကင်တိုင်လုံးသည် ကျင့်ကြံမှုအတွက်သာ အသုံးဝင်သည် မဟုတ်ပဲ တိုက်ပွဲများတွင်လည်း အသုံးဝင်သည်။

ယွဲ့ဟုန်ယန်၏ ဘယ်လက်သီးသည် သူမ၏ ခါးတွင် ထားထားခဲ့သော်လည်း သူမ၏ ညာလက်သည် သူမ၏ ခန္ဓာကိုယ် အရှေ့သို့ ဖြည်းဖြည်းချင်း လှည့်လာခဲ့၏။ သူမသည် စွမ်းအားကြီးသော အင်အားတစ်ခုအား ခုခံနေသကဲ့သို့ ဖြစ်သည်။ သူမသည် တွေကျိ ကစဥ့်ကလျား လက်ဝါးကို ထုတ်ဖော်နေခဲ့ခြင်း ဖြစ်သည်။

သူမ၏ ညာလက်က လှုပ်ရှားနေရင်း ညာလက်ချောင်းများသည် ကွေးလိုက်ဆန့်လိုက် ဖြစ်နေကြ၏။ လက်သီး၏ ပုံစံသည် အမျိုးမျိုး ပြောင်းနေခဲ့သည်။ တစ်ချိန်တွင် သူသည် မီးတောက်များကဲ့သို့ ကခုန်နေခဲ့၍ တစ်ချိန်တွင် သူသည် စီးဆင်းနေသော ရေများကဲ့သို့ သိမ်မွေ့နေခဲ့သည်။ လီဟော်လက်သီးနှင့် ကန်းစွေ့လက်သီးတို့အား တစ်ချိန်တည်း ပြသနေခြင်း ဖြစ်သည်။

ယွဲ့ဟုန်ယန်သည် တည်ငြိမ်နေဆဲပင်ဖြစ်ကာ ဖြည်းဖြည်းချင်း အသက်ရှူသွင်းလိုက်သည်။ သို့သော်လည်း သူမသည် သူမ၏ အော်ရာများကို ဖော်ထုတ်လိုက်သောအခါ အမတန်ကိုမှပင် ခက်ထန်ကြမ်းကြုတ်နေပေသည်။

"လျှင်မြန်သောလေပြင်း၊ ဒါက တစ်ယောက်ရဲ့ သွေးလည်ပတ်မှုကို သန့်စင်စေရုံတင် မကဘူး၊ တစ်ယောက်ရဲ့ ကိုယ်ခန္ဓာ ကျင့်ကြံမှု ဒါမှမဟုတ် လက်သီးနည်းစနစ် အဖြစ်လည်း အသုံးပြုလို့ရတယ်"

"ဒါက ဂိုဏ်းရဲ့ အခြေခံ နည်းစနစ်သာ ဖြစ်ပေမဲ့ တကယ် စွမ်းရည်ကို ရိုးရှင်းမှုကနေတဆင့် မြင်တွေ့နိုင်ခဲ့တယ်။ နံပါတ်လေး စီနီယာ၊ စီနီယာက တကယ့်ကို ဒီစကားလုံးတွေရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို ထုတ်ဖော်ပြသနိုင်ခဲ့တာပဲ"

သူမသည် အရေအတွက်သုံးခု အင်းရှစ်ကွက် လက်သီး၏ အကွက်အားလုံးအား တစ်ခဏချင်းတွင်းပင် ထုတ်ဖော်ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ လက်များသည် မရပ်တန့်ပဲ လှုပ်ရှားနေခဲ့ကာ အရေအတွက်သုံးခု အင်းရှစ်ကွက် လက်သီး၏ မတူညီသော နည်းစနစ်ရှစ်မျိုးကို ပြသခဲ့ခြင်း ဖြစ်သည်။

သူမ၏ လုပ်ဆောင်ချက်များသည် မြန်ဆန်သော်လည်း တစ်ခုချင်းစီကို ကျိုးယွင်ချုံးက အသေအချာ လေ့လာနိုင်ခဲ့သည်။ သူမသည် ထူးခြားဆန်းကြယ်သော စည်းချက်များကို ပေါင်းစည်းထားခြင်း ဖြစ်၏။ ဒါသည် မြန်ဆန်သည်ဟု ထင်နေရသော်လည်း အမှန်မှာမူ နှေးကွေးပေသည်။

သူမသည် အရေအတွက်သုံးခု အင်းရှစ်ကွက် လက်သီးကို ပြသပြီးသောအခါ ယွဲ့ဟုန်ယန်သည် ခြံဝင်းတစ်ပတ် ပတ်သွားပြီးဖြစ်ကာ သူမ၏ စတင်သော မူလနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူမသည် ကောင်းကင်မြေကြီး အကွက်ဖြင့် စတင်ခဲ့၍ တူညီသော နေရာမှာပင် သူနှင့် အဆုံးပြန်သတ်ခဲ့သည်။

ခြံဝင်းအတွင်းတွင် မြေပြင်အပေါ်၌ သူမသည် ထင်ရှားသော လက်သီးရာများကို ချန်ထားခဲ့သည်။ သူတို့သည် အရေအတွက်သုံးခု အင်းရှစ်ကွက်၏ ပုံရိပ်များကို ကိုယ်စားပြုနေခဲ့သည်။

ပုံရိပ်ရှစ်ခုတို့သည် ပေါင်းစည်းသွားကြ၍ စက်ဝိုင်းတစ်ခု ဖြစ်သွားကာ လေဟာနယ် အတွင်းတွင် ထွင်းထုထားသကဲ့သို့ ဖြစ်နေခဲ့၏။ သို့သော်လည်း သူတို့သည် အမှန်တကယ်တွင် ယွဲ့ဟုန်ယန်၏ စွမ်းအားများမှတဆင့် ပေါင်းစည်းသွားခဲ့ကာ အစစ်အမှန်အဖြစ် အသက်ဝင်လာတော့မည်ကဲ့သို့ ဖြစ်နေခဲ့သည်။

ယန်ချင်က ရယ်လိုက်သည်။ "ကျေးဇူးပါ၊ နံပါတ်လေး စီနီယာ"

ယွဲ့ဟုန်ယန်က သူမ၏ခေါင်းကို ခါလိုက်သည်။ "ငါ့အတွက် ဒါက ဘာမှမဟုတ်ပါဘူး။ ယွင်ချုံးက ဉာဏ်ကောင်းတယ်။ သူက ဒီကနေ အကျိုးအမြတ် ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ယန်ချင်သည် လှည့်ကြည့်လိုက်ရာ ကျိုးယွင်ချုံးသည် ယွဲ့ဟုန်ယန် ချန်ထားခဲ့သည့် လက်သီးရာများကို လေ့လာကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။

"ယွင်ချုံး"

ယန်ချင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ "မင်းက တစ်ခုခုများ မေ့နေသလား"

ကျိုးယွင်ချုံးသည် သဘောပေါက်သွားခဲ့ကာ ယွဲ့ဟုန်ယန်အားကြည့်၍ ပြောလိုက်သည်။ "နံပါတ်လေး ဂိုဏ်းတူဒေါ်လေးကို ကျေးဇူးတင်ပါတယ်" ပြီးတာနှင့် သူသည် လက်သီးရာများဘက်သို့ ပြန်လှည့်သွားခဲ့သည်။

သူသည် ခေတ္တမျှ စဥ်းစားနေခဲ့ပြီးမှ စတင်လှုပ်ရှားခဲ့သည်။ သူသည် လက်သီးရာများ၏ အနောက်သို့ လိုက်ပြီးမှ အရေအတွက်သုံးခု အင်းရှစ်ကွက် လက်သီးကို လေ့ကျင့်နေခဲ့သည်။

ကျိုးယွင်ချုံးသည် ယခင်ကလည်း ယန်ချင်ထံမှ အရေအတွက်သုံးခု အင်းရှစ်ကွက် လက်သီးအား သင်ကြားခဲ့ဖူးသည်။ သို့သော်လည်း ယနေ့ ယွဲ့ဟုန်ယန်၏ သရုပ်ဖော်မှုအား ကြည့်လိုက်အပြီးတွင် သူသည် နောက်ထပ် အသစ်တစ်မျိုး နားလည်သွားနိုင်ခဲ့သည်။

သူသည် ပထမ စတင်သင်ယူခင်က ကျိုးယွင်ချုံးသည် သိပ်နားမလည်နိုင်ခဲ့ပေ။ သို့သော်လည်း သူက ရပ်နားခဲ့ခြင်း မရှိခဲ့ပေ။ အရေအတွက်သုံးခု အင်းရှစ်ကွက် လက်သီးအား လေ့ကျင့်ပြီးသွားသော အချိန်တွင် သူသည် ရပ်တန့်လိုက်ကာ ဆက်လက်စဥ်းစားနေခဲ့သည်။ ပြီးတာနှင့် သူသည် ဒုတိယ တစ်ခေါက်၊ တတိယ တစ်ခေါက် ဆက်လေ့ကျင့်ခဲ့သည်။ သူတစ်ခေါက် ပြီးသွားသော အချိန်တိုင်းတွင် သူသည် ရပ်တန့်ခဲ့ကာ စဥ်းစားနေခဲ့၍ နောက်တစ်ခေါက် ပြန်လည်စတင်ခဲ့၏။

ယွဲ့ဟုန်ယန်သည် သူလေ့ကျင့်နေပုံအား ကြည့်လိုက်ကာ သဘောကျနေခဲ့သည်။ သူမသည် ဤနည်းစနစ်အား ဖန်တီးသူများ အတွင်းတွင် တစ်ယောက် အပါအဝင် ဖြစ်သည်။ သူမသည် ကျိုးယွင်ချုံးသည် သူ့အား နက်ရှိုင်းစွာ နားလည်သဘောပေါက်လာသည်ကို သိမြင်နိုင်ခဲ့သည်။ သူသည် ထိုနည်းစနစ်အား သူ၏ကိုယ်ပိုင် ဖြစ်လာအောင် ကြိုးစားလေ့ကျင့် နေခဲ့ခြင်း ဖြစ်သည်။

"သူက လေ့ကျင့်ရင်းနဲ့ လက်တန်း တီထွင်ကြံဆနေတာ" ယွဲ့ဟုန်ယန်သည် သူမ၏ ခေါင်းအားလှည့်လိုက်ကာ ပြောလိုက်သည်။ "နံပါတ်ငါး ဂျူနီယာ၊ နင့်ရဲ့ ဒီနှစ်တွေ အတွင်းက ကြိုးစားအားထုတ်မှုက အလဟဿ ဖြစ်မသွားခဲ့ဘူး"

ယန်ချင်က ရယ်လိုက်သည်။ "သူက ဉာဏ်ထက်မြက်တယ်။ ကျွန်တော်က သူ့ကို လမ်းညွှန်ပေးရုံ သက်သက်ပါ"

ယွဲ့ဟုန်ယန်သည် သူမ၏ လက်များကို ဝှေ့ယမ်းလိုက်သည်။ "ငါက အနာဂတ်မှပဲ နင့်ကို တာဝန်ယူခိုင်းတော့မယ်။ အခုလောလောဆယ် ယွင်တောင်ထိပ်ကို ပြန်သွားလိုက်ဦးမယ်။ နောက်မှပဲ တွေ့ကြတာပေါ့"

ယန်ချင်က သူ၏ခေါင်းကို ညိတ်လိုက်သည်။ "ဂရုစိုက်ပြီးသွားပါ၊ နံပါတ်လေး စီနီယာ"

ယွဲ့ဟုန်ယန်သည် ယုကျင်းတောင်မှ ထွက်ခွာလာခဲ့ကာ ယွင်တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့သည်။ သူမသည် ဇူရီနှင့် ရှီရှင်းယွမ်တို့က တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြသည်ကို တွေ့လိုက်ရ၏။

ရှီရှင်းယွမ်သည် ယွင်တောင်ထိပ်အား အကဲခတ်လိုက်သည်။ သူမသည် ပြည့်နှက်နေသော အဆောက်အအုံများ၊ စိတ်ဝိညာဥ် စွမ်းအင်များ၊ ကောင်းကင်ကိုးလွှာထံသို့ လင်းလက်နေသော အလင်းရောင်များအား မြင်လိုက်ရသော် မအောင့်နိုင်ပဲ ရယ်လိုက်သည်။ "ဒီယွင်တောင်ထိပ်နဲ့ ကြေးမုံရေကန်တို့ဟာ အတော်လေး ကောင်းမွန်တဲ့ ကံကောင်းခြင်း နယ်မြေ ဖြစ်လာခဲ့ပြီ"

နှစ်ပေါင်းများစွာ ပြုပြင်မွမ်းမံအပြီးတွင် ယွင်တောင်ထိပ်သည် အခြေခံ တပည့်များ၏ နေထိုင်ရာသာ ဖြစ်သော်လည်း သူသည် အောင်မြင်သော နေရာတစ်ခု ဖြစ်လာခဲ့၏။

တောင်ထိပ်၏ အလယ်ဗဟိုတွင် မဟာကောင်းကင် ခန်းမဆောင်ကဲ့သို့ ခန်းမဆောင် တစ်ခုကို တည်ဆောက်ထားသည်။ သူသည် မဟာကောင်းကင် ခန်းမဆောင်ထက် တစ်ဆင့်နိမ့်သော်လည်း အတော့်ကို ခမ်းနားကြီးကျယ်လှပြီ ဖြစ်သည်။

ပုံမှန်ရက်မျိုးတွင် ရှောင်ယန်၊ ဇူရီနှင့် ကျန်သောသူများသည် အလှည့်ကျ တောင်အောက်သို့ဆင်းကာ ထိုခန်းမဆောင်အတွင်းတွင် သင်ခန်းစာများ ပို့ချပေးခဲ့၏။ သူတို့သည် အခြေခံ တပည့်များကို မည်ကဲ့သို့ ကျင့်ကြံရမည်နှင့် သူတို့၏ ကျင့်ကြံမှုများ အပေါ်တွင် အကြံဉာဏ်များ ပေးခဲ့ကြသည်။

ခန်းမဆောင်၏ အနောက်တွင် အဆောက်အအုံများ များစွာရှိကြသည်။ ထိုအဆောက်အအုံများသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဧည့်သည်များ တည်းခိုရာ တည်းခိုဆောင်များ ဖြစ်ကြသည်။ ရှီရှင်းယွမ်နှင့် ကျန်သောသူများသည် တည်းခိုဆောင်များ အသီးသီးတွင် နေရာချထားခြင်းကို ခံခဲ့ရသည်။

ရှီရှင်းယွမ်သည် ယွင်တောင်ထိပ်၏ တည်ဆောက်မှုများကို အကဲခတ်နေခဲ့ရင်း သူမ၏ အကြည့်သည် ရုတ်တရက် လင်းလက်သွားခဲ့သည်။ "အိုး၊ သူကလည်း ဒီနေရာကို ရောက်နေတာလား"

ဇူရီနှင့် ယွဲ့ဟုန်ယန်တို့သည် သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြသည်။ သူတို့သည် အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်က အဝေးတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူသည်လည်း ယွင်တောင်ထိပ်မှ အဆောက်အအုံများကို လေ့လာနေခဲ့သည်။

ထိုလူငယ်သည် ဟင်းလင်းပြင် ဘုရားကျောင်းမှ ဖြစ်သည်။


စာစဥ် ၃၅ : အပိုင်း ၇

အပိုင်း ၆၅၇ : နီးကပ်သော ပြိုင်ဘက်များ

ထိုအဖြူရောင် ဝတ်စုံနှင့် လူငယ်သည် ယွင်တောင်ထိပ်၏ ခန်းမဆောင် အနောက်မှ တည်းခိုဆောင် အတွင်းမှ ထွက်လာခဲ့ကာ ဘေးပတ်ပတ်လည်မှ အဆောက်အအုံများကို လေ့လာနေခဲ့သည်။

သူသည် စိတ်ဝင်စားနေခဲ့သော်လည်း စည်းမျဥ်းများကို လိုက်နာခဲ့သည်။ သူသည် အဝေးမှသာ ကြည့်ရှုနေခဲ့ပြီး အနီးသို့ မကပ်ခဲ့ပေ။

ဇူရီသည် သူအား ကြည့်လိုက်ကာ ရှီရှင်းယွမ်ထံသို့ ပြန်ကြည့်လိုက်သည်။ "သူ့ကို သိနေတာလား" သူသည် သူ့အား တစ်ချက်သာ ကြည့်လိုက်ခြင်း ဖြစ်သော်လည်း ဇူရီသည် ထိုလူငယ်သည် ရွှေရောင်ဗဟိုချက် အဆင့်တွင် ရှိနေသည်ကို သိနေခဲ့သည်။

သတိပြုရမည့် အချက်မှာ သူ၏ အသက်အရွယ် အစစ်အမှန်သည် သူမြင်တွေ့နေရသည့် အတိုင်းဖြစ်ခြင်း ဖြစ်သည်။ သူ၏ လက်ရှိ ကျင့်ကြံမှုအရဆိုလျှင် ဒါသည် အတော်ရှားပါးလှသည်။ သို့သော်လည်း ပြန်လည်စဥ်းစားကြည့်လိုက်လျှင် သူသည် ဟင်းလင်းပြင် ဘုရားကျောင်းမှ ဖြစ်၏။ ထိုသို့ဆိုလျှင် ဒါသည် သိပ်ပြီး အံ့ဩစရာ သိပ်မကောင်းလှတော့ချေ။

သို့သော်လည်း သူသည် လျှို့ဝှက်ချက် အချို့ကို ကွယ်ဝှက်ထားသည်ဟု ဇူရီက ရေးရေးလေး ခံစားနေခဲ့ရသည်။ သူသည် ထိုလူငယ်အား တစ်ခေါက်ကြည့်ရုံနှင့် ထွင်းဖောက်၍ မမြင်နိုင်ခဲ့ပေ။

ပို၍ သေချာစွာ စူးစမ်းလိုလျှင် ဇူရီသည် သူ၏ ကိုယ်ပိုင် စွမ်းအားများကို ထုတ်ဖော်၍ နက်နက်ရှိုင်းရှိုင်း လေ့လာရမည် ဖြစ်သည်။ သို့သော်လည်း ထိုလူငယ်သည် ဧည့်သည်တစ်ယောက် ဖြစ်သည်။ သူကသာ မည်သည့်ပြဿနာမှ မရှာပါက ဇူရီကလည်း သူ့အား ပြဿနာရှာမည် မဟုတ်ပေ။

ရှီရှင်းယွမ်သည် ထိုအဖြူရောင် ဝတ်စုံနှင့် လူငယ်အား ကြည့်လိုက်သည်။ "ကျွန်မကလည်း သူ့အကြောင်းကို ကြားဖူးရုံပဲ ကြားဖူးပြီး သူ့ရုပ်ပုံကိုပဲ မြင်ဖူးတာ။ အခုမှသာ လူကိုယ်တိုင် တွေ့ဖူးခြင်း ဖြစ်တယ်"

"သူ့နာမည်ကို ချန်းရှင်းယုလို့ ခေါ်တယ်။ သူက ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ လူငယ်ကြယ်ပွင့် အသစ်တစ်ယောက် ဖြစ်တယ်။ သူက ပိုင်ယွင်တောင်ပေါ်မှာ ငယ်စဥ်ကတည်းက ကျင့်ကြံလာခဲ့တာ။ သူက ရွှေရောင်ဗဟိုချက် အဆင့်မှာပဲ ရှိနေပေမဲ့ သူ့က အမတန်မှ အရေးပေးခံရတယ်"

ရှီရှင်းယွင်သည် ခေတ္တမျှ ရပ်နားလိုက်ကာ ဆက်ပြောလိုက်သည်။ "သူက လင်းတောက်ဟန်ရဲ့ လက်ရင်းတပည့် ဖြစ်တယ်။ ကျွန်မသိထားသလောက်အရ သူဟာ လင်းတောက်ဟန်ရဲ့ တစ်ဦးတည်းသော တပည့်ဖြစ်တယ်။ နောက်ထပ်တပည့် တစ်ယောက်မှ လက်မခံခဲ့ဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ ဇူရီနှင့် ယွဲ့ဟုန်ယန်တို့၏ မျက်လုံးများသည် တောက်ပလာခဲ့သည်။ သူတို့သည် စိတ်လှုပ်ရှားသွားခဲ့သည်။

"အိုး၊ ဒါဆိုရင် သူက အတော်ထူးခြားတာပေါ့" ဇူရီက ရယ်လိုက်သည်။ "လင်းတောက်ဟန်က ယန်နန်းလိုင်ရဲ့ လက်ရင်းတပည့် ဖြစ်တယ်။ တကယ်လို့ အမှားအယွင်း တစ်ခုခု မရှိခဲ့ရင် သူက ယန်နန်းလိုင် နေရာကို ဆက်ခံပြီး ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ခေါင်းဆောင်နေရာကို ရနိုင်မယ်။ တကယ်လို့ ချန်းရှင်းယုကလည်း အတူတူပဲ ထူးချွန်ထက်မြက်လို့ရှိရင် သူက ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အနာဂတ်ခေါင်းဆောင် တစ်ယောက်ဖြစ်နိုင်တယ်"

ရှီရှင်းယွမ်ကလည်း ရယ်လိုက်သည်။ "တကယ်ပဲ ဒီလို ဖြစ်နိုင်ခြေရှိတယ်"

ယွဲ့ဟုန်ယန်သည် ချန်းရှင်းယုအား ကြည့်လိုက်ကာ သူမ၏ခေါင်းကို အနည်းငယ် ခါလိုက်သည်။ "ကျွန်မကတော့ သူဘယ်လောက် ကောင်းသလဲ ဆိုတာကို မပြောနိုင်ပေမဲ့ သူက ပါရမီရှင် တစ်ယောက်ဆိုတာကတော့ သေချာတယ်"

ဤအချိန်တွင် ယွင်တောင်ထိပ်ပေါ်တွင် ဧည့်သည်နောက်တစ်သုတ် ရောက်ရှိလာကြသည်။ သူတို့သည် အလယ်အလတ် အဆင့် စွမ်းအားစုများမှ လာကြခြင်း ဖြစ်သည်။ သူတို့အား ကြိုဆိုရန် တာဝန်ကျသော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်မှာ ခရမ်းရောင် ဝတ်စုံနှင့် ကောင်မလေး ဖြစ်သည်။ သူမဝတ်စုံ အပေါ်တွင် ထိုက်ကျိ ရုပ်ပုံကို ရေးထိုးထားကာ သူမ၏ အင်္ကျီလက်စပေါ်တွင် အမှတ်အသား တစ်ခုရှိသည်။ ထိုအမှတ်အသားသည် တစ်ခြမ်းဖြူ၊ တစ်ခြမ်းမည်းနေသော စက်ဝိုင်းတစ်ခု ဖြစ်သည်။

ဒါသည် ထိုက်ကျိရုပ်ပုံနှင့် ခြားနားပေသည်။ ဤတစ်ခြမ်းဖြူ တစ်ခြမ်းမည်းနေသော စက်ဝိုင်းသည် အလယ်တွင် ကွဲပြားနေခဲ့ကာ စက်ဝိုင်းခြမ်းနှစ်ခုက အတူတကွ ပေါင်းစည်းထားသကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုခရမ်းရောင် ဝတ်စုံနှင့် မိန်းကလေးသည် မြေပေါ်သို့ ကျလာခဲ့ကာ ဇူရီနှင့် ကျန်သောသူများအား တွေ့လိုက်သည်။ သူသည် သူမအား နှုတ်ဆက်လိုက်၏။ "လီရှင်းဖေးက ဒုတိယ ဂိုဏ်းတူဦးလေးနဲ့ စတုတ္ထ ဂိုဏ်းတူဒေါ်လေးကို နှုတ်ဆက်ပါတယ်"

ပြီးတာနှင့် သူမသည် ရှီရှင်းယွမ်အား နှုတ်ဆက်လိုက်၏။ "အကြီးအကဲရှီကို နှုတ်ဆက်ပါတယ်"

ရှီရှင်းယွမ်သည် ပြုံးလိုက်ကာ လီရှင်းဖေးအား ခေါင်းညိတ်ပြလိုက်သည်။

လီရှင်းဖေးနှင့် ကျန်သောသူများ ထွက်ခွာသွားသောအခါ ရှီရှင်းယွမ်သည် ဇူရီနှင့် ယွဲ့ဟုန်ယန်တို့အား ကြည့်လိုက်ကာ မေးလိုက်သည်။ "ဒီတစ်ချိန်မှာ ရှင်တို့ရဲ့ဂိုဏ်းက ဟင်းလင်းပြင် ဘုရားကျောင်းကို ဖိတ်ခေါ်ထားခဲ့ပေမဲ့ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ဆက်ခံသူတွေက ဂျူနီယာ တပည့်တွေရဲ့ ယှဥ်ပြိုင်ပွဲမှာ ဝင်ပါမှာလားဆိုတာ ရှင်တို့ကလည်း သေချာမသိဘူးမလား"

ဇူရီက ပြုံးလိုက်ကာ ချန်းရှင်းယုအား အကဲခတ်နေခဲ့သည်။ သူသည် ရှီရှင်းယွင်က ဘာဆိုလိုချင်နေသနည်း ဟူသည်ကို သဘောပေါက်နေခဲ့သည်။

လီရှင်းဖေးသည် ကြည့်ရသည်မှာ အလွန်ငယ်ရွယ်နေသည်ဟု ထင်နေရသော်လည်း သူမသည် အမှန်တကယ်တွင် ရှုယွင်စန်း၊ လျှိုရှဖုန်းနှင့် ကျန်သောသူများနှင့် အသက်အတူတူပင် ဖြစ်သည်။ သူမသည် အသက်၂၀ကျော် ရှိနေခဲ့ပြီ ဖြစ်ကာ အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်တွင် ရောက်နေကြပြီ ဖြစ်သည်။

သို့သော်လည်း သူတို့သည် ဆယ်ကျော်သက် အရွယ်သို့ ရောက်မှသာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသို့ ဝင်ခဲ့ကြခြင်း ဖြစ်သည်။ ကျင့်ကြံမှု အချိန်နှင့် တွက်လိုက်လျှင် သူတို့သည် ချန်းရှင်းယုနှင့် သိပ်မကွာခြားလှပေ။

သို့သော်လည်း ချန်းရှင်းယုနှင့် ယှဥ်လိုက်လျှင် သူတို့သည် သံသယဖြစ်ဖွယ်မရှိပဲ အားနည်းပေသည်။

လက်တွေ့တိုက်ခိုက်ကြရာတွင် အတွေ့အကြုံ၊ တစ်ယောက်၏ ကိုယ်ပိုင်စွမ်းအား၊ မှော်အိုင်တမ်များ၊ ပတ်ဝန်းကျင် အခြေအနေ၊ တစ်ယောက်၏ စိတ်အခြေအနေနှင့် အခြားအရာများစွာတို့ ပါဝင်ခဲ့သော်လည်း ကျင့်ကြံမှု အဆင့်သက်သက်တွင် ချန်းရှင်းယုသည် များစွာပို၍ ထူးချွန်ထက်မြက်ပေသည်။

ထို့အပြင် ဇူရီနှင့် ယွဲ့ဟုန်ယန်တို့သည် ချန်းရှင်းယုသည် ဟင်းလင်းပြင် ဘုရားကျောင်းမှ ပါရမီရှင်များ အတွင်းတွင် ထူးခြားသည်ဟု ခံစားနေမိခဲ့သည်။

"ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ရှေ့ဆောင်လမ်းစဥ်ပါတီက ကွန်ဆာဗေးတစ်ပါတီကို ကျော်လွှားနိုင်ဖို့ ရှီထျန်းရီ၊ လျှမ်အန်း၊ ပိုင်ရှီချန်နဲ့ အခြားသူတွေကို မွေးမြူခဲ့တယ်" ဇူရီက ပြောလိုက်သည်။ "ကွန်ဆာဗေးတစ်ပါတီကလည်း သူတို့ရဲ့ကိုယ်ပိုင် ပါရမီရှင် ဆက်ခံသူတွေကို မွေးထုတ်ဖို့ လျစ်လျူမရှုထားခဲ့ဘူး"

ချန်းရှင်းယုသည် ကွန်ဆာဗေးတစ်ပါတီ၏ အဓိက ဆက်ခံသူ ဖြစ်ပေလိမ့်မည်။ သူသည် ရှီထျန်းရီ၊ လျှမ်အန်းနှင့် ကျန်သောသူများက ပေးလာနိုင်သော ပြဿနာများကို ကိုင်တွယ်နိုင်သည့် လင်းတောက်ဟန်၏ ဆက်ခံသူ ဖြစ်ပေလိမ့်မည်။

သို့တိုင်အောင် ဇူရီက တည်ငြိမ်လျှက်ပင် ရှိခဲ့သည်။ သူသည် ပြုံးလိုက်ကာ ပြောလိုက်သည်။ "ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ဆက်ခံသူတွေက တကယ့်ကို ထူးခြားလှပါတယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်တွေက သူတို့နဲ့ ယှဥ်ပြိုင်ခွင့်ရရင် ငါတို့တပည့်တွေ အတွက်လည်း အကျိုးအမြတ် ရှိနိုင်မှာပဲ"

ယွဲ့ဟုန်ယန်၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာခဲ့သော်လည်း ဘာတစ်ခွန်းမှ မပြောခဲ့ပေ။ ဤအပိုင်းတွင် သူမသည် သူမ၏ အမြင်များကို ပြောရန် ပို၍ထိုက်တန်ပေသည်။

လွန်ခဲ့သော သုံးနှစ်က ရှီးလင်မြို့မှ ပိုင်ရှီချန်နှင့် တိုက်ပွဲတွင် သူမသည် အကျိုးများစွာ ရရှိခဲ့သည်။

ရှီရှင်းယွမ်သည် ဇူရီနှင့် ယွဲ့ဟုန်ယန်တို့အား အသေအချာ ကြည့်လိုက်ကာ မအောင့်နိုင်ပဲ ရယ်လိုက်မိသည်။ "ကြည့်ရတာ ငါက ဆောင်ကန်းနဲ့ ကျင်းယွမ်တို့ကို အာရုံစိုက်ခိုင်းမှ ရတော့မယ်။ မဟုတ်လို့ရှိရင် သူတို့က ယှဥ်ပြိုင်ပွဲမှာ အရှက်ကွဲကြလိမ့်မယ်"

ဇူရီက ဖွဖွလေး ပြုံးလိုက်သည်။ "မဟာချင် အင်ပါယာရဲ့ အနာဂတ် ပါရမီရှင်တွေက တကယ်ကို မျှော်မှန်းဖို့ ထိုက်တန်ပါတယ်"

သူတို့အချို့ စကားစမြည် ပြောနေကြစဥ်တွင်ပင် ဟင်းလင်းပြင်သည် ရုတ်တရက် အက်ကွဲသွားခဲ့၏။ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့သည် အတွင်းမှ လမ်းလျှောက်ကာ ထွက်လာကြသည်။ အမျိုးသားသည် ခရမ်းရောင် ကိုယ်ကျပ်အင်္ကျီတွင် အနက်ရောင် ဝတ်ရုံကို ထပ်ဝတ်ထားသည်။ သူသည် ရှောင်ယန်ဖြစ်၏။

အမျိုးသမီးမှာ အထူးပင် ကြည့်၍ကောင်းကာ အစိမ်းရောင် ဝတ်စုံကို ဝတ်ထားခဲ့သည်။ သူမ၏ခါးတွင် ခရမ်းရောင် ခါးပတ်ကို ပတ်ထားကာ သူမ၏ လှပသော ကိုယ်လုံးကို ပိုမိုပေါ်လွင်စေခဲ့သည်။

သူမ၏ ပုခုံးဘေးမှနေ၍ နူးညံ့သော အစိမ်းရောင် ပိုးစများသည် သူမ၏ခါးတိုင်အောင် တွဲကျနေသည်။ သူမသည် ကျက်သရေရှိစွာ ရပ်နေခဲ့၍ ကြည်လင်သန့်စင်ကာ စိတ်ဝိညာဥ် စွမ်းအင်များဖြင့် ပြည့်နေသော အစိမ်းရောင် ကြာပန်းတစ်ပွင့် ဖူးပွင့်လာသည်ဟု ထင်နေရ၏။

သူမသည် ရှောင်ကျန်းအာ ဖြစ်သည်။ သူမသည် ရှောင်ယန်၏ဘေးတွင် ရပ်နေခဲ့ကာ အပြုံးပန်းတစ်ပွင့်ကို ဖော်ပြလိုက်သည်။

ဇူရီနှင့် ယွဲ့ဟုန်ယန်တို့သည် သူမအား နှုတ်ဆက်လိုက်၏။ "ကျန်းအာမိန်းကလေး၊ မတွေ့ရတာ ကြာပြီ"

ရှောင်ကျန်းအာကလည်း ပြန်ပြုံးပြလိုက်ကာ နှုတ်ဆက်လိုက်သည်။ သူမသည် ရှီရှင်းယွမ်နှင့် ပထမအကြိမ် တွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရှောင်ယန်၊ ဇူရီနှင့် ယွဲ့ဟုန်ယန်တို့က မိတ်ဆက်ပေးခဲ့သဖြင့် သူတို့ကလည်း မကြာမီပင် အချင်းချင်း ရင်းနှီးကျွမ်းဝင်သွားခဲ့သည်။

ခေတ္တမျှ စကားစမြည် ပြော၍အပြီးတွင် ရှီရှင်းယွမ်သည် နှုတ်ဆက်ကာ သူမ၏ တည်းခိုဆောင်သို့ ပြန်၍ အနားသွားယူခဲ့သည်။

ရှောင်ယန်၊ ဇူရီ၊ ယွဲ့ဟုန်ယန်နှင့် ရှောင်ကျန်းအာတို့သာ ကျန်ရစ်ခဲ့၏။

"အိုး၊ ဂျူနီယာ အငယ်ဆုံးလေးက တံခါးပိတ် ကျင့်ကြံနေတာ ပြီးသွားပြီလား" ရှောင်ယန်သည် ရုတ်တရက် တွေးမိလိုက်ကာ ဇူရီနှင့် ယွဲ့ဟုန်ယန်တို့အား မေးလိုက်သည်။ ယွဲ့ဟုန်ယန်က ပြန်ဖြေလိုက်၏။ "မပြီးသေးဘူး။ ဒါပေမဲ့ ကျွန်မရဲ့ တွက်ချက်မှုအရ ဒီရက်ပိုင်းအတွင်းမှာ ပြီးတော့မှာ"

ရှောင်ယန်က ဆက်ပြောလိုက်သည်။ "တတိယ ဂျူနီယာနဲ့ ပဥ္စမဂျူနီယာတို့က သူတို့ရဲ့ တပည့်တွေကို သင်ကြားပြသနေတုံးပဲလား"

ယွဲ့ဟုန်ယန်က သူမ၏ခေါင်းကို ညိတ်လိုက်သည်။ "တတိယ စီနီယာဆီကနေ ဒီနေ့မနက်မှာ သတင်းကြားရတယ်။ ယုတင်းက သူမရဲ့ တာဝန်ကို တပည့်လက်ခံခြင်း အခမ်းအနား မတိုင်ခင်မှာ ပြီးဆုံးနိုင်မယ်။ ဒါပေမဲ့ သူမက သူမရဲ့ စွမ်းအားတွေကို အားဖြည့်ဖို့တော့ အချိန်ရှိမှာ မဟုတ်ဘူး။ နံပါတ်ငါး ဂျူနီယာ အနေနဲ့…"

သူမသည် ခေတ္တမျှ ရပ်နားလိုက်ကာ ဆက်ပြောလိုက်သည်။ "ပြဿနာ မရှိလောက်ပါဘူး"

သူမ၏စကား ဆုံးသည်နှင့် ယွဲ့ဟုန်ယန်သည် ဟင်းလင်းပြင် အတွင်းသို့ ကြည့်လိုက်သည်။ "ယွင်ချုံးက အရံအတားကို အရမ်းကာရော မချိုးဖောက်ခဲ့ရင် အခြေအနေတွေက သိပ်မဆိုးပါဘူး။ သူ့ရဲ့ လက်ရှိ စုဆောင်းမှုတွေက အရံအတားကို ချိုးဖောက်ဖို့ မလုံလောက်သေးဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် ဂိုဏ်းတွင်း ပြိုင်ဆိုင်မှု အတွက်တော့ လုံလောက်လောက်တယ်"

ဇူရီက ပြောလိုက်သည်။ "သူ့ရဲ့ အခြေအနေတွေက ထူးခြားလို့ သူက နံပါတ်ငါး ဂျူနီယာကို ဆရာအဖြစ် ရွေးလိုက်တာ။ အားလုံးကလည်း ဒါက အကောင်းဆုံးလို့ ယူဆနေကြတယ်။ ဒါပေမဲ့ သူရဲ့ စွမ်းရည်တွေအနေနဲ့ သူဟာ အစ်ကိုကြီးရဲ့ ကျင့်ကြံမှုလမ်းစဥ်နဲ့ ပိုသင့်တော်တယ်"

ရှောင်ယန်က ရယ်လိုက်သည်။ "တကယ်လို့ သူက ငါနဲ့သာ ကျင့်ကြံခဲ့ရင် သူက ငါ့လိုမျိုး ဖြစ်လာမှာပဲ။ သူက အရာအားလုံးကို အောင်မြင်နိုင်သလို အားလုံးကိုလည်း ဆုံးရှုံးသွားနိုင်တယ်။ နံပါတ်ငါး ဂျူနီယာ အနားကနေ သင်ယူတာက ပိုပြီးတော့ တည်ငြိမ်တယ်"

ဇူရီက ပြောလိုက်၏။ "သင့်တော်တဲ့ ပစ္စည်းတွေနဲ့ ကျင့်ကြံဖို့က အရေးကြီးသလို တစ်ယောက်ရဲ့ အခြေအနေကို သေချာကြည့်ဖို့ကလည်း အရေးကြီးတယ်။ ယွင်ချုံးရဲ့ ကိုယ်ကျင့်စရိုက်အရ သူဟာ နံပါတ်ငါး ဂျူနီယာနဲ့ ကျင့်ကြံရင် ပိုပြီးတော့ အကျိုးရှိနိုင်တယ်။ တကယ်လို့ သူက အစ်ကိုကြီးရဲ့ လမ်းစဥ်ကို လိုက်လို့ရှိရင် သူက အတော့်ကို အလျှင်စလိုနဲ့ ခက်ထန်ကြမ်းတမ်းလာခဲ့မှာ"

ယွဲ့ဟုန်ယန်က သူမ၏ခေါင်းကို ညိတ်လိုက်သည်။ "အားထုတ်ကြိုးစားတဲ့ အချိန်မှာ ခက်ထန်ဖို့ အရေးကြီးသလို အရံအတားကို မျက်စိမှိတ်ပြီး ချိုးဖောက်ရင်တော့ ဇာတ်သိမ်းလှနိုင်မှာ မဟုတ်ဘူး"

ရှောင်ကျန်းအာသည် တစ်ဘက်တွင် ရပ်နေခဲ့ကာ သူတို့ပြောနေကြသည်ကို နားထောင်နေခဲ့သည်။ သူမသည် ဖွဖွလေးသာ ရယ်နေခဲ့ကာ ဘာကိုမှ ဝင်မပြောခဲ့ပေ။

ရှောင်ယန်သည် သူမအား တစ်ချက်ကြည့်လိုက်ကာ တိုးတိုးလေး စကားအချို့ကို ပြောလိုက်သည်။ ရှောင်ကျန်းအာကလည်း ရုတ်တရက် အံ့ဩသွားခဲ့၏။ "သူ့ရဲ့ အရည်အချင်းတွေက သမိုင်းမှတ်တမ်းတွေမှာပဲ ဖတ်ဖူးတယ်။ အပြင်မှာ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး"

ရှောင်ယန်က တစ်ဟီးဟီးနှင့် ရယ်လိုက်သည်။ "ဒါကို အံ့အားသင့်စေခြင်းလို့ခေါ်တယ်။ နင်က လုံးဝ ထင်မထားခဲ့ဘူးမလား"

သူမသည် ဇူရီနှင့် ကျန်သောသူများနှင့် ရင်းနှီးကျွမ်းဝင်နေသဖြင့် ရှောင်ကျန်းအာကလည်း ခပ်တည်တည်နှင့် ပြန်နောက်လိုက်သည်။ "အခုတော့ လျှို့ဝှက်ချက်ကို ကျွန်မသိသွားပြီ။ ဒါဆိုဘယ်လိုလုပ်မလဲ"

ဇူရီနှင့် ကျန်သောသူများသည် ထိုစကားကို ကြားလိုက်သောအခါ ရယ်လိုက်ကြ၏။ ဇူရီက ရှောင်ယန်အား စလိုက်သည်။ "အစ်ကိုကြီး၊ အစ်ကိုကြီးက သူမကို လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားအောင် လာဘ်ထိုးရင်ထိုး၊ မထိုးရင် အပြတ်ရှင်းလိုက်မှရမယ်။ အစ်ကိုကြီးက အခုပဲ ဆုံးဖြတ်ပါ"

"မင်းတို့ကွာ.." ရှောင်ယန်က သူ၏ခေါင်းကို ခါလိုက်ကာ ရယ်လိုက်သည်။

သူတို့အားလုံးတို့ ရယ်မောနေခိုက်တွင် ရှောင်ယန်နှင့် ဇူရီတို့၏ အမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားကြသည်။ သူတို့သည် အခြားတစ်ဘက်သို့ ကြည့်လိုက်ကြ၏။ ရှောင်ကျန်းအာနှင့် ယွဲ့ဟုန်ယန်တို့ကလည်း သူတို့အနောက်သို့ လှည့်ကြည့်လိုက်ကြသည်။

သူတို့သည် အဝါရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်တိုတိုနှင့် လူငယ်တစ်ယောက်က သူတို့ထံသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ သူသည် ပြုံးနေသည့်ပုံ ပေါက်နေ၏။ သူသည် ကျင်းဟွမ်အမတ် ဖြစ်သည်။

ရှောင်ယန်သည် ရှောင်ကျန်းအာအား ယခင်က သွားကြိုနေခဲ့သည့် အတွက် ဤနေရာတွင် ကျင်းဟွမ်အမတ်ကို ပထမဆုံး တွေ့ခဲ့ခြင်း ဖြစ်သည်။ သူက နှာမှုတ်လိုက်၏။ "ဒီလူက ဘယ်လိုလုပ်ပြီး ပါလာရတာလဲ။ လျှမ်ပန်းက တမင်သက်သက်လုပ်နေတာလား"

ကျင်းဟွမ်အမတ်သည် သူ၏နေရာတွင် ရပ်နေခဲ့ကာ ရှောင်ယန်အား ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ငါက မဟာကျိုး အင်ပါယာရဲ့ကိုယ်စား အခမ်းအနား လာတက်တာ။ ငါက ဧည့်သည်ကောင်းတစ်ယောက် ဖြစ်တဲ့အတွက် မင်းက စိတ်ပူစရာ မလိုပါဘူး"

ရှောင်ယန်က ရယ်လိုက်ကာ သူ့အား မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်သည်။ "ငါကစိတ်ပူတယ်၊ ဟုတ်လား။ ငါတို့စတွေ့တဲ့ အချိန်ကစပြီး စိုးရိမ်နေရတဲ့သူက ငါမဟုတ်သလိုပဲ"

ကျင်းဟွမ်အမတ်သည် သူ၏ခေါင်းကို တည်ငြိမ်စွာနှင့် ညိတ်လိုက်သည်။ "မင်းကို အရင်က လျှော့တွက်မိခဲ့တယ် ဆိုတာကို ဝန်ခံပါတယ်။ ငါက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနဲ့ မင်းဆရာကိုလည်း လျှော့တွက်ခဲ့မိတယ်။ ဒါက သေစေနိုင်တဲ့ အမှားတစ်ခုပဲ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ငါက မသေခဲ့ဘူး"

"ငါက ဒီလိုမျိုး အမှားတွေကို နောက်ထပ်ကျူးလွန်တော့မှာ မဟုတ်ဘူး"

ရှောင်ယန်၊ ဇူရီနှင့် ယွဲ့ဟုန်ယန်တို့သည် တစ်ပြိုင်နက်တည်း သူတို့၏ မျက်မှောင်များကို ကြုတ်လိုက်ကြသည်။ သူတို့၏ အရှေ့မှသူသည် သူ၏အမှားကို ဝန်ခံနေသည်နှင့် တူနေ၏။ သို့သော်လည်း သူ၏စကားများအရ သူသည် အသေအချာ ဂရုစိုက်ကာ သူတို့အား လျှော့မတွက်တော့ ဟူ၍သာ ဆိုလိုနေ၏။ သူသည် အနာဂတ်တွင် သူတို့အား မတိုက်ခိုက်ဟူ၍ ဆိုလိုနေခြင်း မဟုတ်ပေ။

ဒါသည် အမှန်တော့ သူသည် သူတို့အား အနာဂတ်တွင် တိုက်ခိုက်လိမ့်မည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

"ငါကမင်းနဲ့ ယှဥ်ပြိုင်ချင်တယ်။ မင်းက စိန်ခေါ်မှုကို လက်ခံသလား" ရှောင်ယန်သည် သူ၏လက်ကို ကျောနောက်တွင် ပစ်ထားခဲ့ကာ သူ၏ မျက်လုံးသူငယ်အိမ်များသည် မီးတောက်များဖြင့် လင်းလက်လာခဲ့သည်။

ကျင်းဟွမ်အမတ်က ရယ်လိုက်၏။ "ငါက ဧည့်သည်ကောင်း လုပ်မယ်လို့ ပြောထားပြီးသားလေ။ မင်းက ဘာလုပ်မယ်လို့ ပြောပြော ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ မင်းက ယှဥ်ပြိုင်ချင်တယ် ဆိုတော့လည်း လက်ခံရမှာပေါ့"

"ဒါပေမဲ့ ငါက အစွမ်းကုန် တိုက်လိုက်မှာနော်" ကျင်းဟွမ်အမတ်၏ မျက်ခုံးများသည် တွန့်သွားခဲ့သည်။ သူသည် ရှောင်ယန်အား ကြည့်လိုက်၏။ "အဲ့ဒီအချိန်ကျရင် တစ်ယောက်ယောက်က သူ့ဆရာဆီ ပြေးသွားပြီး မငိုပြဖို့ မျှော်လင့်ပါတယ်"

ရှောင်ယန်က အေးစက်စက်နှင့် ရယ်လိုက်သည်။ "မင်းကိုယ့်ကိုယ်ပဲ စိတ်ပူပါ။ မင်းက ဒီတစ်ကြိမ်မှာတော့ လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်တော့ဘူး"

စာစဥ် ၃၅ : အပိုင်း ၈

အပိုင်း ၆၅၈ : ဆက်ခံသူ တပည့်နှင့် ပထမတပည့်

"ငါ့ရဲ့ ရှေးဟောင်း တော်ဝင်ဓားမြှောင်ကို သိမ်းယူသွားတာ မင်းရဲ့ဆရာ မဟုတ်လား" ကျင်းဟွမ်အမတ်သည် စကားပြောနေရင်း သူ၏ တစ်ကိုယ်လုံးမှာ ပူလောင်လာခဲ့သည်။

ရှောင်ယန်က အေးစက်စွာနှင့် ရယ်လိုက်၏။ "ငါကမင်းရဲ့ မှော်ရတနာကို မလိုချင်ဘူး။ မင်းရဲ့ အသက်ကို ချန်ထားခဲ့ရင် ရပြီ"

ကျင်းဟွမ်အမတ်ကလည်း ရယ်လိုက်သည်။ "အဓိပ္ပာယ် မရှိတာတွေ တော်လောက်ပြီ။ ဘယ်သူက ပိုကောင်းသလဲ ကြည့်ကြတာပေါ့"

သူစကားပြောနေရင်း အဝေးမှ အသံတစ်ခုသည် ပဲ့တင်ရိုက်လာခဲ့သည်။ "လျှမ်အန်း၊ နောက်ဆုတ်လာခဲ့ပါ။ မင်းက မင်းကိုယ်မင်း ကိုယ်စားပြုနေတာ မဟုတ်ဘူး။ မဟာကျိုး အင်ပါယာကိုလည်း ကိုယ်စားပြုနေတာ"

ထိုအသံမှာ နူးညံ့သည်ဟု ထင်နေရသော်လည်း ခက်ထန်သည်ဟုလည်း ထင်နေရသည်။ ဒါသည် လျှမ်ယွမ်၏ အသံဖြစ်၏"

ကျင်းဟွမ်အမတ်၏ နှုတ်ခမ်းများသည် အနည်းငယ် တွန့်သွားခဲ့သည်။ သူသည် ပုံမှန်ဆိုလျှင် လျှမ်ယွမ်အား အလေးမထားခဲ့ပေ။

လျှမ်ယွမ်က ပြောလိုက်သည်။ "မင်းက လွန်ခဲ့တဲ့ သုံးနှစ်က အဖြစ်အပျက်အတွက် ဘာမှ တာဝန်မယူခဲ့ဘူးမလား။ ဒီကိစ္စက ဖြေရှင်းပြီးသွားပြီလို့ ထင်နေတာလား"

ကျင်းဟွမ်အမတ်သည် သူ၏ မျက်မှောင်များကို ကြုတ်လိုက်သည်။ ခဏအကြာတွင် သူကရယ်လိုက်၏။ "ကောင်းပြီလေ၊ မင်းပြောတဲ့ အတိုင်းပဲပေါ့"

"ရဲဘော်ရှောင်၊ အခုအဖြစ်အပျက်အတွက် တောင်းပန်ပါတယ်" အလင်းတန်း ပုံရိပ်တစ်ခုသည် ရှောင်ယန်နှင့် ကျန်သောသူများ၏ အရှေ့တွင် ပေါ်လာခဲ့သည်။ ဒါသည် လျှမ်ယွမ်၏ မှော်စွမ်းအင်ဖြင့် ထုတ်လွှတ်ထားခြင်း ဖြစ်သည်။ သူသည် လက်သီးနှင့် လက်ဝါးများကို ဆုပ်လိုက်ကာ ရှောင်ယန်၊ ဇူရီနှင့် ကျန်သောသူများကို ပြောလိုက်သည်။

"ခင်ဗျားတို့ဂိုဏ်းနဲ့ မဟာကျိုး အင်ပါယာတို့က တစ်ဘက်တည်းမှာ ရှိနေကြတယ်။ ကျုပ်တို့က လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်သင့်တယ်။ လျှမ်အန်းက မယဥ်ကျေးခဲ့ဘူး။ ခင်ဗျားတို့က ခွင့်လွှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

လျှမ်ယွမ်သည် တည်ငြိမ်နေခဲ့ကာ ရိုးသားသည့်ပုံ ပေါက်နေခဲ့သည်။

မဟာကျိုး အင်ပါယာ၏ အိမ်ရှေ့မင်းသားတစ်ယောက် အနေနှင့် သူသည် လင်းဖုန်းနှင့် ဆက်ဆံရာတွင် မည်ကဲ့သို့ နှိမ့်နှိမ့်ချချ ဆက်ဆံခဲ့သော်လည်း အကျိုးအကြောင်း ဆီလျှော်သည်။ သို့သော်လည်း ယခုအချိန်တွင် ရှောင်ယန်၊ ဇူရီနှင့် ကျန်သောသူများ၏ အရှေ့တွင်လည်း သူသည် သင့်တင့်လျှောက်ပတ်စွာနှင့် ဆက်ဆံခဲ့သည်။

သို့သော်လည်း ရှောင်ယန်၊ ဇူရီ၊ ယွဲ့ဟုန်ယန်နှင့် ရှောင်ကျန်းအာတို့သည် သူ့အား အထင်မသေးရဲကြပေ။

အမှန်အတိုင်းပြောရလျှင် လျှမ်ယွမ်ကလည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် ရင်းနှီးသော ဆက်ဆံရေးများ မရှိပေ။ ယခင်က သူ၏ကိုယ်ပွားသည် ခွန်းဖန် လျှို့ဝှက်ကျမ်းစာ အတွင်းတွင် ဇူရီ၊ ရှီထျန်းဟောင်နှင့် ကျန်သောသူများနှင့် တိုက်ခိုက်ခဲ့သေး၏။

ဇူရီသည် နန်းတွင်းစာမေးပွဲ လာဖြေသောအခါ လျှမ်ယွမ်ကလည်း နိမ့်ကျသော လှည့်ကွက်အချို့ကို သုံးခဲ့သေးသည်။ သို့သော်လည်း ဇူရီက ပြန်လည်တုံ့ပြန်ခဲ့ကာ သူ၏ အကြံအစည်များကို ဖျက်ဆီးခဲ့သည်။ သူသည် အခြေတည်ဝိညာဥ် အဆင့်မှ လျှမ်ယွမ်၏ လက်အောက်ငယ်သား အချို့ကို သတ်ခဲ့သေး၏။

သူသည် ကျင်းဟွမ်အမတ်နှင့် ဘာမှ သိပ်မကွာခြားပေ။ သို့သော်လည်း ယခုအချိန်တွင် လျှမ်ယွမ်သည် သင့်တင့်လျှောက်ပတ်စွာနှင့် ဆောင်ရွက်နေကာ နှစ်ဦးနှစ်ဘက် အကြားတွင် စေ့စပ်ညှိနှိုင်းပေးနေခဲ့သည်။ ထို့ကြောင့် ရှောင်ယန်နှင့် ကျန်သောသူများကလည်း သူ့ကို အထင်မသေးရဲကြပေ။

လျှမ်ယွမ်သည် ကိစ္စများကို ဆောင်ရွက်ရာတွင် မှန်ကန်သော နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။ သူသည် နှိမ့်ချစွာ နေခဲ့သော်လည်း ဦးမညွှတ်ခဲ့ပေ။ သူသည် မဟာကျိုး အင်ပါယာ၏ မျက်နှာကို မပျက်စေပဲ သဘောထားကြီးသည့်ပုံပင် ပေါက်နေခဲ့သည်။ သူ၏ ဤအခြေအနေကို ကိုယ်တွယ်ဖြေရှင်းပုံမှာ ကောင်းမွန်လှပေသည်။

သူ၏ယခင်က ရှုံးနိမ့်မှုများကြောင့် သူသည် ရင့်ကျက်လာခဲ့ပြီ ဖြစ်သည်။ သူသည် အိမ်ရှေ့မင်းသား ရာထူးကို ထိန်းသိမ်းထားနိုင်ရုံသာမက ပိုမိုခိုင်မြဲအောင် လုပ်ဆောင်နိုင်ခဲ့သည်။ မဟာချင် အင်ပါယာ၏ အိမ်ရှေ့မင်းသား ရှီချုံးယွမ်ပင်လျှင် သူနှင့် မယှဥ်နိုင်ခဲ့ပေ။ သူတို့နှစ်ယောက်သားတို့သည် အဆင့်တူခြင်း မဟုတ်တော့ပေ။

မဟာချင်နှင့် မဟာကျိုး အင်ပါယာတို့၏ စွမ်းအားများကို တစ်ဘက်တွင် ထားလိုက်၍ သူတို့၏ ဆက်ခံသူများကို နှိုင်းယှဥ်ကြည့်လျှင် မဟာကျိုး အင်ပါယာက မဟာချင် အင်ပါယာထက် တစ်ဆင့်ပိုမြင့်နေခဲ့ပြီ ဖြစ်သည်။

ကျင်းဟွမ်အမတ်သည် လျှမ်ယွမ်အား အထင်သိပ်မသေးရဲတော့ပေ။ သူသည်လည်း သူ့အား စတင်၍ သုံးသပ်လာခဲ့သည်။ ယခင်က သူသည် လျှမ်ယွမ်အား အလေးမထားခဲ့ပေ။ အိမ်ရှေ့မင်းသား ဖြစ်သော်လည်း လျှမ်ယွမ်သည် လျှမ်အမ်းနှင့် ပါရမီ၊ စွမ်းရည်များနှင့် တိုင်းပြည်အတွက် အကျိုးပြုမှုတို့တွင် မယှဥ်နိုင်ခဲ့ပေ။

သို့သော်လည်း သူ၏ ရုတ်တရက် ပြောင်းလဲလာမှုသည် လျှမ်အန်းအား သူ့ကို သတိထား၍ ကြည့်ရှုစေခဲ့သည်။

လျှမ်ယွမ်၏ စွမ်းအားများသည် လျှမ်အန်းထက် အားနည်းနေသေးသည်။ သူတို့၏ လက်ရှိကျင့်ကြံမှု အဆင့်နှင့် သူတို့၏စွမ်းအားသည် အရေးကြီးသော်လည်း အစိတ်အပိုင်း တစ်ခုကိုသာ လွှမ်းမိုးနိုင်သည်။ အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်ရှိရန် ကျင့်ကြံသူ တစ်ယောက်၏ စိတ်အခြေအနေသည် အတော့်ကို အရေးကြီးသည်။

လျှမ်ယွမ်၏ ပင်ကိုယ်စွမ်းရည်သည် အတော့်ကို မဆိုးပေ။ မဟာကျိုး အင်ပါယာ၏ အရင်းအမြစ်များနှင့် ဆိုလျှင် သူ၏ စိတ်အခြေအနေသာ တိုးတက်လာခဲ့လျှင် တစ်ဆို့ကြန့်ကြာနေသော အတားအဆီးများကို ကျော်လွှားရန် အခြားသူများထက်စာလျှင် ပိုလွယ်သွားမည် ဖြစ်သည်။

ရှောင်ယန်နှင့် ဇူရီတို့သည် အချင်းချင်း ကြည့်လိုက်ကြသည်။ ရှောင်ယန်သည် ကျင်းဟွမ်အမတ်အား လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ အားလုံးက ဧည့်သည်တွေ ဖြစ်ကြတော့ ကျုပ်တို့က လေးလေးစားစား ဆက်ဆံမှာပဲ။ ဒါပေမဲ့ ကျုပ်တို့က မိတ်ဆွေတွေကို ကောင်းမွန်စွာ ဆက်ဆံပြီး ရန်သူတွေကို ပြတ်သားစွာ ဆက်ဆံတဲ့ မူဝါဒကို စွဲကိုင်ထားတယ်"

ကျင်းဟွမ်အမတ်သည် ရယ်လိုက်ကာ ရှောင်ကျန်းအာနှင့် ယွဲ့ဟုန်ယန်တို့အား အကဲခတ်လိုက်သည်။ နောက်ဆုံးတွင် သူ၏ အကြည့်သည် ရှောင်ယန်အပေါ်သို့ ကျရောက်လာခဲ့သည်။ သူကပြောလိုက်၏။ "အနည်းဆုံးတော့ ဂိုဏ်းဖွင့်ပွဲ အခမ်းအနား အတွင်းမှာ ငါက ဧည့်သည်ကောင်း တစ်ယောက်အနေနဲ့ နေပေးပါမယ်"

ရှောင်ယန်က သူ့အား စိုက်ကြည့်လိုက်ကာ ရယ်လိုက်သည်။ "အဲ့လိုမျိုး နေမှသာ ကောင်းလိမ့်မယ်"

ဇူရီသည် လျှမ်ယွမ်အား လှည့်ကြည့်လိုက်သည်။ "ငါတို့အားလုံးက လိုက်လျောညီထွေ နေချင်ကြတာပဲ။ ဒါပေမဲ့ ငါတို့က ရည်ရွယ်ချက်တွေက မှန်သလားဆိုတာကို ပြောနိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အကျိုးပြုနိုင်ကြရင် အကောင်းဆုံးပဲ"

လျှမ်ယွမ်က ပြန်ဖြေလိုက်သည်။ "ဒီလိုပဲ ဖြစ်သင့်တာပေါ့"

သူ၏စကားဆုံးသည်နှင့် လျှမ်ယွမ်၏ စွမ်းအားများဖြင့် ထုတ်လွှတ်ထားသော အလင်းတန်းပုံရိပ်သည် ပျောက်ကွယ်သွားခဲ့သည်။ ကျင်းဟွမ်အမတ်သည် ရှောင်ယန်အား နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ကာ ရုတ်တရက် ရယ်လိုက်သည်။ "ငါ့ရဲ့ လက်အောက်က လူအချို့ဟာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နည်းစနစ်နဲ့ မှော်ကျိန်စာတွေကို လေ့လာနေလိုကြတယ်။ အဆင်ပြေမလား"

ရှောင်ယန်က အေးစက်စွာနှင့် ပြန်ဖြေလိုက်သည်။ "အချိန်မရွေးပဲ"

ကျင်းဟွမ်အမတ်သည် အဝေးသို့ လှည့်ထွက်သွားခဲ့သည်။ "တိုက်ပွဲမှာ သေရတာက အသက်ကြီးလို့ သေရတာထက် ကောင်းတယ်။ ငါ့လက်အောက်က လူတိုင်းဟာ အစွမ်းအစ ရှိကြတာချည်းပဲ"

သူသည် သူ၏ယာယီ တည်းခိုဆောင်ဖြစ်သော အိမ်ငယ်လေး တစ်လုံးသို့ ပြန်သွားခဲ့သည်။ သူသည် ထိုနေရာသို့ ဝင်သွားခဲ့သော် လူတစ်အုပ်ကို တွေ့လိုက်ရ၏။ အားလုံးတို့၏ အလယ်တွင် လျှမ်ယွမ်ရှိနေကာ ကျောက်တုံးခုံရှည် တစ်ခုအပေါ်တွင် ထိုင်နေခဲ့သည်။

ကျင်းဟွမ်အမတ်သည် အံ့ဩသွားပုံ မပေါက်ခဲ့ပဲ ပြောလိုက်သည်။ "အိမ်ရှေ့မင်းသားက ကျုပ်ဆီလာလည်တာကို ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ကျုပ်မရှိတဲ့ အချိန်မှာ ကျုပ်နေရာ အတွင်းကို ဝင်နေတာကတော့ သိပ်မသင့်တော်သလိုပဲ"

လျှမ်ယွမ်သည် သူ့အား စိုက်ကြည့်နေခဲ့ကာ သူ၏အရှေ့မှ ကျောက်တုံးစားပွဲကို ပုတ်လိုက်သည်။ "လျှမ်အန်း၊ သုံးနှစ်ရှိသွားပြီ။ မင်းက မိစ္ဆာဖီးနစ် မျိုးနွယ်စုကို ရန်စခဲ့တဲ့ အကြောင်းကို မေ့သွားပြီလို့တော့ မပြောနဲ့နော်"

ကျင်းဟွမ်အမတ်သည် သူတို့နှစ်ဦးတို့ အကြားတွင် အဆင့်အတန်း ကွာခြားခြင်း မရှိသကဲ့သို့ လျှမ်ယွမ်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူသည် လျှမ်ယွမ်အား တည်ငြိမ်စွာဖြင့် စိုက်ကြည့်နေလိုက်ကာ ပြောလိုက်၏။ "ငါက ဘယ်မေ့ပါမလဲ"

"ဒါဆိုရင်တော့ မင်းရဲ့ အမှားတွေအတွက် ဘယ်လိုပေးဆပ်ရမလဲ ဆိုတာကိုလည်း မှတ်မိသင့်တာပေါ့" လျှမ်ယွမ်က ပြောလိုက်သည်။ "သုံးနှစ်ရှိသွားပြီ။ ဟိုရုပ်ပုံကျမ်းစာရဲ့ လက်ကျန်တစ်ဝက်က ဘယ်မှာလဲ။ မင်းရဲ့ကတိကို မေ့သွားပြီလို့တော့ မပြောနဲ့နော်"

ကျင်းဟွမ်အမတ်က ပြန်ဖြေလိုက်သည်။ "မှတ်မိတာပေါ့၊ ဒါပေမဲ့ ငါကတိပေးထားတဲ့ အချိန်မပြည့်သေးဘူး။ သိပ်ပြီးတော့ လောမကြီးပါနဲ့"

"မင်းက အရင်ကထက် တိုးတက်လာတယ် ဆိုတာကိုတော့ အသိအမှတ် ပြုရလိမ့်မယ်။ အနည်းဆုံးတော့ ငါကမင်းကို အမှိုက်အနေနဲ့ သဘောမထားတော့ဘူး။ ဒါပေမဲ့ မင်းက အရှင်မင်းမြတ်နဲ့ ရွှမ်ကျိအမတ်တို့နဲ့ စာရင် အများကြီး လိုနေသေးတယ်။ သူတို့ဆိုရင် ဒီလောက်အထိ လောကြီးနေမှာ မဟုတ်ဘူး"

လျှမ်ယွမ်သည် ကျင်းဟွမ်အမတ်၏ ဆုံးမခြင်းကို ခံလိုက်ရသော်လည်း အမျက်ထွက်မသွားခဲ့ပေ။ သူက တည်ငြိမ်စွာဖြင့်သာ ပြောလိုက်၏။ "ငါက မင်းအတွက် သတိပေးနေတာပါ။ မင်းသိရင် ပြီးတာပါပဲ"

သူ၏စကားဆုံးသည်နှင့် သူသည် မတ်တတ်ထရပ်လိုက်ကာ အဝေးသို့ ထွက်သွားခဲ့သည်။ သူ၏ နောက်လိုက်များကလည်း စကားတစ်ခွန်းမှ မပြောပဲ သူ၏ အနောက်သို့သာ လိုက်ပါသွားကြသည်။

"လျှမ်အန်း၊ မင်းက တစ်နည်းမဟုတ် တစ်နည်းနဲ့ အောင်မြင်လိမ့်မယ်လို့ တွေးမထားနဲ့။ နောက်ဆုံးမှာ မင်းက ဘယ်မှသွားစရာ နေရာမရှိပဲ ဖြစ်သွားလိမ့်မယ်။ မင်းရဲ့ လုပ်ဆောင်ချက်တွေကို ဖခမည်းတော်က စောင့်ကြည့်နေတာ။ ကိုယ့်နေရာကိုယ် သိပါ"

ကျင်းဟွမ်အမတ်သည် ထိုစကားကို ကြားရသောအခါ သူ၏ မျက်လုံးများသည် အနည်းငယ် ရွေ့သွားခဲ့ကာ လျှမ်ယွမ်ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။

သူက ဖွဖွလေး ရယ်လိုက်၏။ "ငါက တစ်နည်းမဟုတ် တစ်နည်းနဲ့ အောင်မြင်အောင် ကြိုးစားနေတာ မဟုတ်ဘူး။ အားလုံးဟာ ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်"

ကျင်းဟွမ်အမတ်သည် လက်ခုပ်တီးလိုက်ရာ လူငယ်နှစ်ယောက်တို့က သူ၏အရှေ့ကို လျှင်မြန်စွာနှင့် ရောက်လာခဲ့သည်။ သူတို့သည် သူ့အား တည်ငြိမ်စွာနှင့် ကြည့်နေကြသည်။ သူတို့သည် ကျင်းဟွမ်အမတ်၏ အခြား လက်အောက်ငယ်သားများကဲ့သို့ စစ်ဝတ်စုံကို ဝတ်ဆင်ထားကြသော်လည်း သူတို့က သူ့အားကြည့်နေပုံမှာ စစ်သားက သူ၏အရာရှိအား ရိုသေလေးစားစွာဖြင့် ကြည့်နေသည့်ပုံ ပေါက်မနေချေ။

လေးစားမှုများ ရှိနေကြသော်လည်း ဒါသည် ကျင်းဟွမ်အမတ်၏ ကျင့်ကြံမှုအဆင့်နှင့် စွမ်းအားများကို လေးစားကြခြင်း ဖြစ်သည်။

"ဆရာကြီးက မင်းတို့နှစ်ယောက်ကို ငါ့ဆီပို့လိုက်တယ်။ ငါကလည်း မင်းတို့နှစ်ယောက်ကို အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ခေါ်လာခဲ့တယ်" ကျင်းဟွမ်အမတ်က ပြောလိုက်သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်တွေနဲ့ ယှဥ်ပြိုင်တိုက်ခိုက်နိုင်မယ့် အခွင့်အရေးကို ငါက မင်းတို့နှစ်ယောက်အတွက် ယူထားပေးခဲ့ပြီ။ မင်းတို့က မင်းတို့တိုက်ခိုက်ချင်နေတဲ့သူနဲ့ တွေ့မတွေ့ဆိုတာကတော့ ကံကြမ္မာအပေါ်မှာပဲ မူတည်နေတယ်"

လူငယ်နှစ်ယောက်တို့က သူတို့၏ ခေါင်းများကို ညိတ်လိုက်ကြကာ သူ့အား ဦးညွှတ်လိုက်ကြသည်။ "ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က ဆက်ပြီးတော့ လှုပ်ရှားလိုက်ပါ့မယ်"

ကျင်းဟွမ်အမတ်သည် သူတို့နှစ်ယောက်အား ကြည့်လိုက်ကာ ပြောလိုက်သည်။ "ငါကမင်းတို့ကို သတိမပေးထားဘူးလို့တော့ မပြောနဲ့နော်။ မင်းတို့နှစ်ယောက်က သူ့ကို ရှာတွေ့ခဲ့ရင်တောင် ဒီနေရာမှာ သူ့ကို ဘာမှလုပ်လို့မရဘူး။ သူက ဒီနေရာကနေ ထွက်ခွာတဲ့ အချိန်ကို အခွင့်ကောင်း ယူရမယ်။ တကယ်လို့ ဒီနေရာမှ တစ်ခုခုဖြစ်ခဲ့ရင် ဆရာကြီးတောင်မှ မင်းတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး"

သူတို့အနက်မှ တစ်ယောက်က ပြောလိုက်သည်။ "စိတ်ချပါ အရှင်၊ ကျွန်တော်တို့က ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိပါတယ်"

ကျင်းဟွမ်အမတ်က သူ၏လက်အား ဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ယောက်တို့ ထွက်ခွာသွားကြသည်။

"ငါက နောက်ထပ် ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ရုံပဲ ရှိတော့တယ်" ကျင်းဟွမ်အမတ်သည် မတ်တတ်ထရပ်လိုက်သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ အချောအလှလေးတွေ အများကြီးရှိတယ်။ နှမြောစရာ ကောင်းတာက ငါက ဒီအချိန်မှာ သူတို့ကို ထိလို့မရသေးတာပဲ။ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး။ ဒီလိုမျိုး ဖြစ်လေလေ စိတ်ဝင်စားစရာ ကောင်းလေလေပဲ။ တကယ်လို့ လွယ်လွယ်နဲ့ ရခဲ့ရင် ပျော်စရာ မကောင်းတော့ဘူး"

သူ၏ မျက်မှောင်များကို အနည်းငယ် ကြုတ်လိုက်ကာ အမှုမထားသော အမူအရာ တစ်ခုကို ဖော်ပြလိုက်သည်။ "ငါက ဝက်တစ်ကောင် မွေးထားတာကို စဥ်းစားမိပြီ။ ရှောင်ယန်က အခုအချိန်မှာ သတ်ဖြတ်ဖို့အတွက် အတော်ကို ဆူဖြိုးနေပြီ။ မကြာခင်မှာ သတ်မှရတော့မယ်။ မဟုတ်လို့ရှိရင် ဒီဝက်က ထွက်ပြေးသွားတော့မယ်"

လျှမ်ယွမ်သည် ကျင်းဟွမ်အမတ်၏ အဆောင်အတွင်းမှ ထွက်ခွာလာခဲ့ကာ သူ၏ ကိုယ်ပိုင်အဆောင်သို့ ပြန်လာခဲ့သည်။

လမ်းလျှောက်နေရင်းနှင့် လျှမ်ယွမ်သည် သူ၏ဘေးမှ လူများနှင့် ဆက်သွယ်လိုက်သည်။ "ငါတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အတွင်းမှာ ထည့်ထားတဲ့ ပွန်းရဲ့ အခြေအနေက ဘယ်လိုလဲ"

သူ၏ဘေးမှ အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်သည် သူ၏ခေါင်းကို တိတ်ဆိတ်စွာနှင့် ညိတ်လိုက်ကာ လူအုပ်အတွင်းမှ ထွက်သွားခဲ့သည်။

အသံလွှင့် ကျောက်တုံးတစ်ခုအား မြှုပ်နှံခဲ့ကာ အမှတ်အသားတစ်ခု ထားခဲ့လိုက်အပြီးတွင် ထိုအခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူသည် လျှမ်ယွမ်၏ အဆောင်သို့ ပြန်လာခဲ့သည်။

သူ၏အဆောင်သို့ ပြန်ရောက်သောအခါ လျှမ်ယွမ်သည် သူ၏နေရာတွင် ထိုင်လိုက်ကာ ထိုအခြေတည် ဝိညာဥ်အဆင့်မှ ကျင့်ကြံသူက ပြောလိုက်သည်။ "ကျွန်တော်တို့ရဲ့ပွန်းက ဘယ်အချိန်မှာ ဒီအသံလွှင့်ကျောက်တုံးကို လာယူနိုင်မလဲ ဆိုတာကို ကြည့်ကြတာပေါ့။ ဒီနေရာက ယုကျင်းတောင် မဟုတ်တော့ သိပ်ပြီးတော့ တင်းကျပ်မှုတွေ မရှိနိုင်လောက်ဘူး"

"ကျွန်တော်တို့ရဲ့ပွန်းက အောင်မြင်စွာနဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ဆက်ခံသူ တပည့် ဖြစ်သွားခဲ့ပြီ။ ဒါပေမဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ဒီရက်ပိုင်းတွေ အတွင်းမှာ ဧည့်သည်တွေကို ကြိုဆိုဖို့ သူတို့ကို ခွန်းလွန်တောင်ရဲ့ နေရာအသီးသီးမှာ တာဝန်ချထားခဲ့တယ်။ သူက ဘယ်အချိန်မှာ ယွင်တောင်ထိပ်ကို ပြန်လာပြီး အသံလွှင့်ကျောက်တုံးကို ယူနိုင်မလဲဆိုတာကိုတော့ မသေချာဘူး"

လျှမ်ယွမ်က ပြောလိုက်သည်။ "ကိစ္စမရှိဘူး။ ငါတို့က စိတ်ရှည်မှရမယ်"

သူ၏စကားမဆုံးမီတွင်ပင် ထိုအခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ၏ အမူအရာသည် ပြောင်းသွားခဲ့၏။ "အရှင်မင်းသား၊ တုံ့ပြန်မှုတစ်ခု ရပြီ"

သူသည် အသံလွှင့်ကျောက်တုံးကို ထုတ်ယူလိုက်ကာ သူ၏ စွမ်းအားများကို ဆင့်ခေါ်လိုက်သည်။ ခေတ္တမျှ အာရုံခံလိုက်အပြီးတွင် သူက ခေါင်းကိုညိတ်လိုက်သည်။ "ဒါကို အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက အခြားတပည့်တွေက တွေ့ရှိခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ပွန်းက တွေ့ရှိခဲ့တာပဲ ဖြစ်တယ်"

လျှမ်ယွမ်သည် အမူအရာ ပြလိုက်၏။ "သူ့ကို ဆက်သွယ်လိုက်ပါ"

ထိုအခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူသည် တစ်ဘက်ကို ဆက်သွယ်လိုက်၏။ ခဏအကြာတွင် အခြားတစ်ဘက်မှ အသံထွက်ပေါ်လာခဲ့သည်။ "ကျွန်တော်ပါ"

"မင်းရဲ့ လက်ရှိအခြေအနေနဲ့ မစ်ရှင်ရဲ့ တိုးတက်မှုက ဘယ်လိုလဲ" အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူသည် အဓိက အကြောင်းအရာကို တိုက်ရိုက်ပင် မေးလိုက်သည်။

အခြားတစ်ဘက်မှ ပြန်ဖြေလိုက်၏။ "လောလောဆယ် အထိတော့ အခြေအနေက မဆိုးပါဘူး။ အားလုံးက ပုံမှန်ပါပဲ။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို လုပ်ခိုင်းထားတဲ့ အရာက အခုအချိန်မှာ အနည်းငယ် ခက်ခဲနေသေးတယ်"

"မဟာကောင်းကင် တာအိုကျမ်းစာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်က လင်းဖုန်းနဲ့ သူ့ရဲ့ လက်ရင်းတပည့်တွေကသာ ပိုင်ဆိုင်ထားတာ။ ဆက်ခံသူ တပည့်တွေ လေ့ကျင့်ရတဲ့ နည်းစနစ်တွေက ဂိုဏ်းရဲ့ လျှို့ဝှက်ကျမ်းစာတွေ ဖြစ်ပေမဲ့ သူတို့က မဟာကောင်းကင် တာအိုကျမ်းစာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်ကနေ ဆင်းသက်လာကြတာ"

"သူတို့ကလည်း အမတန်ကိုမှ အစွမ်းထက်ကြပေမဲ့ ကျွန်တော့်ရဲ့ ဆရာက သူတို့ကို ပြောင်းပြန်လှန်ပြီးမှ မဟာကောင်းကင် တာအိုကျမ်းစာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်ကို ပြန်ပြီးတော့ ဖော်ထုတ်လို့ မရဘူးလို့ ပြောခဲ့တယ်။ ကြည့်ရတာ ဒီစကားက မှန်နေသလိုပဲ"

အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူက သူ၏မျက်ခုံးကို ပင့်လိုက်၏။ "သူ့ကို လေ့ကျင့်နိုင်တဲ့သူတော့ ရှိရမယ်။ မင်းရဲ့ဆရာ မျိုးဆက်မှာပဲ အဆုံးသတ်သွားမှာ မဖြစ်နိုင်ဘူး"

အခြားဘက်မှ အသံသည် သိပ်မသေချာသော လေသံဖြင့် ပြောလိုက်သည်။ "ဟုတ်တယ်။ ကျွန်တော်ကြားထားတာက အခုဂိုဏ်းတွင် ယှဥ်ပြိုင်ပွဲ အတွင်းမှာ ဂိုဏ်းခွဲတစ်ခုစီက အထူးချွန်ဆုံး ဆက်ခံသူတပည့်တွေကို ရွေးချယ်ပြီးတော့ ပထမတပည့် အဖြစ် တိုးမြှင့်ပေးခြင်းကို ခံရမယ်တဲ့"

"ကျွန်တော်က သိပ်ပြီးတော့မှ မသေချာပေမဲ့ ပထမ တပည့်တွေဟာ သူတို့ရဲ့ ဆရာတွေဆီက အကုန်လုံးကို အမွေဆက်ခံနိုင်ဖို့ အခွင့်အရေး အများကြီးရှိတယ်"

စာစဥ် ၃၅ : အပိုင်း ၉

အပိုင်း ၆၅၉ : တပည့်လက်ခံပွဲ အခမ်းအနားနေ့ရက် ရောက်ရှိလာခြင်း

"ရှောင်ယန်၊ ဇူရီနဲ့ ကျန်တဲ့သူတွေက သူတို့ရဲ့ ပထမ တပည့်တွေကို ရွေးချင်နေတာလား" ထိုအခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ၏ အမူအရာက ပြောင်းသွားခဲ့သည်။ "ဒါက အရေးကြီးတဲ့ သတင်းတစ်ပုဒ်ပဲ"

သူသည် ခေတ္တမျှ စဥ်းစားခဲ့ကာ သူ၏ မျက်ခုံးများကို ပင့်လိုက်သည်။ "သူတို့အကုန်လုံးက ကိုယ်ပိုင် ပထမတပည့်တွေကို ရွေးချယ်ကြမှာလား။ ဒါပေမဲ့ ငါသိထားသလောက်ဆိုရင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ လက်ရင်းတပည့် ရှစ်ယောက်အနက်မှာ အကုန်လုံးက တပည့်တွေကို လက်မခံရသေးဘူး။ သူတို့အချို့မှာ ဆက်ခံသူ တပည့်တွေ သိပ်မရှိကြဘူး။ တချို့က တပည့် တစ်ယောက်၊ နှစ်ယောက်ပဲ ရှိကြပြီး တချို့ဆိုရင် တစ်ယောက်မှတောင် မရှိကြသေးဘူး"

"တပည့်မရှိသေးတဲ့ သူတွေကို ဖယ်ထုတ်ထားလို့ရတယ်။ ဒါပေမဲ့ တပည့် တစ်ယောက်၊ နှစ်ယောက်ပဲ ရှိတဲ့သူတွေက ရွေးချယ်ခွင့် ဘယ်ရှိတော့မလဲ"

အခြားဘက်မှ ပြန်ဖြေလိုက်သည်။ "အနာဂတ်မှာ ဆက်ခံသူ တပည့်တွေ ဖြစ်လာမယ့် အခြေခံ တပည့်တွေ ရောက်လာလိမ့်မယ်။ တကယ်လို့ အခုအချိန်မှာ သင့်တော်တဲ့သူ မရှိသေးရင် သူတို့က သင့်တော်တဲ့သူ ရောက်လာတဲ့အထိ စောင့်လို့ရတယ်"

ထိုအခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူက ရုတ်တရက် မေးလိုက်သည်။ "ပထမတပည့် ဖြစ်ဖို့ ဘာတွေလိုအပ်ပြီး မင်းမှာက ယုံကြည်ချက် ဘယ်လောက် ရှိသလဲ"

တဘက်သားမှာ အချိန်အနည်းငယ်မျှ ငြိမ်သက်သွားခဲ့ကာ ပြန်ဖြေလိုက်၏။ "နေ့စဥ် လုပ်ဆောင်ချက်တွေက အရေးပါတဲ့ အချက်တစ်ခုဖြစ်တယ်။ ဒါ့အပြင် အခုကျင်းပတဲ့ ဂိုဏ်းတွင်းပြိုင်ပွဲကလည်း အရမ်းကို အရေးကြီးတယ်။ ဂိုဏ်းထဲကသူ အချင်းချင်း အပြင် တခြားဂိုဏ်းက ပါရမီရှင်တွေနဲ့လည်း ယှဥ်ပြိုင်ဖို့ အခွင့်အရေးတွေကို ရနိုင်မယ်"

"အကြီးအကဲတွေက ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကို စောင့်ကြည့်ပြီး အဆုံးအဖြတ် လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ ထူးချွန်ပြောင်မြောက်တဲ့ သူတွေကို ရွေးချယ်ကြလိမ့်မယ်"

အခြေတည်ဝိညာဥ် အဆင့် ကျင့်ကြံသူသည် လျှမ်ယွမ်အား ကြည့်လိုက်သည်။ လျှမ်ယွမ်သည် တည်ငြိမ်နေခဲ့ကာ သူ၏လက်ကို အသာဝှေ့ယမ်းလိုက်သည်။ ထိုအခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူသည် သူ၏ခေါင်းကို ညိတ်လိုက်၏။ ခေတ္တမျှ စဥ်းစားလိုက်ကာ သူကပြောလိုက်သည်။ "သွားပြီးတော့ ပြင်ဆင်ထားတော့။ အချိန်ကျလာရင် မင်းရှိသမျှ အကုန်လုံးကို ထုတ်ဖော်လိုက်။ တခြားဘာကိုမှ စဥ်းစားစရာ မလိုဘူး"

"မဟာကျိုးနဲ့ အခြားဂိုဏ်းက ပါရမီရှင် တပည့်တွေနဲ့ တိုက်ခိုက်ဖို့ကိုတော့ ငါက စီစဥ်ပေးမယ်။ မင်းကို ပထမတပည့် ရနိုင်ဖို့ ငါက ကူညီပေးမယ်။ ကျန်တာတွေကတော့ မင်းအပေါ်မှာပဲ မူတည်တယ်"

သူ၏စကားအရဆိုလျှင် မဟာကျိုး အင်ပါယာကသာ စီစဥ်နိုင်သည် မဟုတ်ပဲ အခြား အင်အားစုများကလည်း ထိန်းချုပ်နိုင်သော အခွင့်အရေးများ ရှိနေသည်။

တစ်ဘက်မှသူသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သော်လည်း သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ကာ ပြန်ပြောလိုက်သည်။ "ကျွန်တော် နားလည်ပါတယ်"

သူတို့သည် ဆက်သွယ်မှုများကို ဖြတ်တောက်လိုက်အပြီးတွင် အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူသည် လျှမ်ယွမ်အား လှည့်ကြည့်လိုက်သည်။ သူက ချီတုံချတုံ ဖြစ်စွာဖြင့် မေးလိုက်သည်။ "အရှင်မင်းသား၊ ဒီလောက်အထိ အရင်းအမြစ်တွေကို အသုံးချဖို့ တန်ပါ့မလား"

လျှမ်ယွမ်သည် ချက်ချင်း အဖြေပြန်မပေးခဲ့ပေ။ သူသည် အနည်းငယ် စိတ်ပျံ့လွင့်သွားခဲ့ကာ ခွန်းလွန်တောင်သို့ မလာမီ လျှမ်ပန်းက သူ့အား တစ်စုံတစ်ခု ပြောခဲ့သည်ကို အမှတ်ရလာခဲ့သည်။

စကားများသည် အမတန်ပင် ရိုးရှင်းသည်။ စကားတစ်ခွန်းတည်းပင် ဖြစ်၏။ သို့သော်လည်း လျှမ်ယွမ်အား အမတန်မှ စိတ်လှုပ်ရှားစေခဲ့သည်။

"ဟင်းလင်းပြင် ဘုရားကျောင်း အပြင် နောက်တစ်ဂိုဏ်းက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းပဲ"

လျှမ်ယွမ်သည် လျှမ်ပန်းက သူ့အား ပြောထားခဲ့သည်ကို ပြန်လည်စဥ်းစားနေခဲ့သည်။ ခဏအကြာတွင် သူသည် သက်ပြင်းတစ်ချက် ချလိုက်ကာ သူ၏အရှေ့မှ လူအားလုံးအား ကြည့်လိုက်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ငါ့အမိန့်အတိုင်းသာ လုပ်ကြပါ"

အားလုံးတို့ကလည်း တပြိုင်နက်တည်း အသိအမှတ် ပြုလိုက်ကြသည်။ "အမိန့်အတိုင်းပါ အရှင်မင်းသား"

အချိန်နှစ်ရက်သည် လျှင်မြန်စွာနှင့် ကုန်လွန်သွားခဲ့၏။ ယွင်တောင်ထိပ်တွင် ရှောင်ယန်နှင့် ကျန်သောသူများသည် ဧည့်သည်များကို လက်ခံနေခဲ့ကာ ဖိတ်ထားသော လူများအားလုံးကလည်း ရောက်ရှိလာကြပြီ ဖြစ်သည်။

သူတို့အချို့သည် တစ်နေရာတွင် စုစည်းခဲ့ကြသည်။ ရှောင်ယန်သည် ဇူရီ၊ ယွဲ့ဟုန်ယန်နှင့် လီယွမ်ဖန်းတို့အား ကြည့်လိုက်ကာ ပြောလိုက်သည်။ "ဧည့်သည်တွေက စုံသလောက် ရှိနေပြီ။ နံပါတ်ခြောက် ဂျူနီယာ ယင်ယန်ပင်လယ်ကို သွားပြီးမှ အငယ်ဆုံး ဂျူနီယာလေးကို သွားတွေ့လိုက်ပါ။ ငါ့ရဲ့ တွက်ချက်မှု အရဆိုရင် သူမက မကြာခင်မှာ တံခါးပိတ်ပြီး လေ့ကျင့်နေရာကနေ ထွက်လာတော့မယ်"

လီယွမ်ဖန်းက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ၊ အစ်ကိုကြီး"

ယုကျင်းတောင်ပေါ်သို့ ရောက်လာအပြီးတွင် လီယွမ်ဖန်းသည် ချောက်ကမ်းပါးထံသို့ လာခဲ့သည်။ ချောက်ကမ်းပါး၏အောက်တွင် အနက်ရောင် ပင်လယ်သည် လှိုင်းထန်လျှက် ရှိသည်။ ဒါသည် ယင်ယန်ပင်လယ် ဖြစ်၏။

သူသည် ချောက်ကမ်းပါးပေါ်မှ ခုန်ချလိုက်ကာ အနက်ရောင် ပင်လယ်အတွင်းသို့ ထိုးဆင်းသွားခဲ့သည်။

သူသည် တစ်ဝက်သို့ ငုပ်ပြီးသွားသောအခါ သူ၏အရှေ့တွင် ကြီးမားလှသော မိစ္ဆာအင်အား လှိုင်းတစ်လှိုင်းကို ခံစားလိုက်ရ၏။ သူသည် ရပ်တန့်လိုက်ကာ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ၊ မျက်မဲ့ အကြီးအကဲ"

လီယွမ်ဖန်း၏ အရှေ့မှ ပင်လယ်ရေ အတွင်းတွင် လူသားပုံရိပ်တစ်ခုသည် ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။ အနီးကပ် ကြည့်လိုက်လျှင် သူသည် အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် ဖြစ်သည်ကို တွေ့နိုင်ခဲ့သည်။ သူသည် သာမန်ဟုသာ ထင်နေရကာ သူ၏ မျက်လုံး သူငယ်အိမ်များသည် လုံးဝ ဖြူဖွေးနေခဲ့ကာ အနည်းငယ် ကြောက်စရာ ကောင်းနေပေသည်။

ထိုအနက်ရောင် ဝတ်စုံနှင့်သူမှာ မျက်မဲ့ပင် ဖြစ်၏။ သူသည် အနည်းငယ် လန့်သွား၍ လီယွမ်ဖန်းအား ပြန်လည်နှုတ်ဆက်လိုက်သည်။ "မင်းကလည်း မင်္ဂလာပါ"

"အကြီးအကဲခင်ဗျာ၊ ကျွန်တော့်ရဲ့ ဂျူနီယာ အငယ်ဆုံးလေး ဘယ်မှာလဲ ဆိုတာကို သိပါသလား" လီယွမ်ဖန်းက မေးလိုက်ရာ မျက်မဲ့က ပြန်ဖြေလိုက်သည်။ "ငါ့နောက်ကို လိုက်ခဲ့ပါ" သူသည် လှည့်လိုက်ရာ လီယွမ်ဖန်းက သူ့အနောက်ကို လိုက်လာခဲ့သည်။

သူတို့နှစ်ယောက်သားတို့သည် မကြာမီပင် ပင်လယ်အောက်ခြေသို့ ရောက်လာခဲ့၏။ အရှေ့တွင် ဧရာမ ဝဲကတော့ကြီးက ပေါ်လာခဲ့သည်။ ပင်လယ်ရေများသည် အဆက်မပြတ် မာန်ထနေကြသည်။

ထိုဧရာမ ဝဲကတော့ကြီးသည် မရေမတွက်နိုင်သော ရွှေရောင်မျက်စိနှင့် အနက်ရောင် ငါးများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် လျှင်မြန်စွာနှင့် ကူးခတ်နေကြရာ စက်ဝိုင်းပုံစံရှိသော နံရံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မျက်မဲ့ ရောက်လာသောအခါ သူတို့အားလုံးတို့က မှင်သက်သွားကြ၏။ သူတို့သည် ကူးခတ်နှုန်းကို အနည်းငယ် လျှော့ချလိုက်ရာ မျက်မဲ့က သူတို့အား အမူအရာဖြင့် ပြလိုက်သည်။ "ဆက်ကူးကြပါ၊ မရပ်ကြနဲ့"

သူ၏အမိန့်ကို ရပြီးသွားသောအခါမှ ထိုငါးများသည် အမြန်နှုန်း ပြန်တင်လိုက်ကြကာ ဆက်လက် ကူးခတ်နေကြလေသည်။

ထိုငါးများက ဖန်ဆင်းထားသော ဝဲကတော့ကြီး၏ အလယ်တွင် လူသားပုံရိပ်တစ်ခု ရှိနေသည်။

လီယွမ်ဖန်းသည် အသေအချာ အကဲခတ်လိုက်ကာ သူ၏ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်သည်။ ပြီးတာနှင့် သူသည် မျက်မဲ့အား အလေးအနက် ကျေးဇူးတင်လိုက်သည်။ "အကြီးအကဲက အတော် အားစိုက်ခဲ့ရမှာပဲ။ ဒီအချိန် အတောအတွင်းမှာ ကျွန်တော်တို့ရဲ့ ဂျူနီယာလေးကို စောင့်ရှောက်ထားတဲ့အတွက် ကျေးဇူးတင်ပါတယ်"

မျက်မဲ့က သူ၏ခေါင်းကို ခါလိုက်သည်။ "ကိစ္စမရှိပါဘူး။ ဘာမှ ကိစ္စမရှိပါဘူး။ သူမရဲ့ ကျင့်ကြံမှုဟာ ငါ့ရဲ့ မျိုးနွယ်စုတွေကိုလည်း အကျိုးရှိစေခဲ့တယ်"

သူတို့နှစ်ယောက်သား စကားပြောနေကြချိန်တွင် သူတို့၏အရှေ့မှ ဝဲကတော့ကြီးသည် ပို၍ ထကြွလှုပ်ရှားလာခဲ့သည်။ ဝဲကတော့၏ အလယ်မှ ကြီးမားသော စုပ်အားတစ်ခု ပေါ်လာခဲ့၏။

မျက်မဲ့သည် လှမ်းကြည့်လိုက်၍ သူ၏ အသိစိတ်က လှုပ်ရှားသွားခဲ့သည်။ ရွှေရောင်မျက်စိနှင့် အနက်ရောင်ငါးများသည် အဘက်ဘက်သို့ စတင်ပျံ့နှံ့လာခဲ့၏။

မရေမတွက်နိုင်သော ပင်လယ်ရေများသည် ဝဲကတော့ကြီး၏ အလယ်မှ လူသားပုံရိပ်၏ ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူခြင်းကို ခံလိုက်ရသည်။

ခဏအကြာတွင် ခက်ထန်စွာ လှုပ်ရှားနေသော ယင်ယန်ပင်လယ်သည် တည်ငြိမ်လာခဲ့ကာ တင်ပလ္လင်ခွေ ထိုင်နေသော လူသားပုံရိပ် တစ်ခုအား ဖော်ပြခဲ့သည်။ ဤအချိန်တွင် သူမသည် မတ်တက်ထရပ်လိုက်ကာ သူမ၏ ခန္ဓာကိုယ်မှနေ၍ နွေးထွေးသော အလင်းတန်းတစ်ခုဖြင့် လင်းလက်နေခဲ့၏။ ထိုအလင်းတန်းသည် အနက်ရောင် ပင်လယ်ရေများ၏ လွှမ်းခြုံခြင်းအား ခံနေရသော်လည်း လီယွမ်ဖန်းနှင့် မျက်မဲ့တို့ နှစ်ယောက်စလုံးတို့သည် အလင်းတန်းနှင့် လွှမ်းခြုံနေသော သူကို တွေ့နိုင်ခဲ့သည်။

သူမသည် အသက် ၁၄နှစ်၊ ၁၅နှစ်ထက် မကြီးသေးသော ခရမ်းရောင် ဝတ်စုံနှင့် မိန်းမငယ် တစ်ယောက်ဖြစ်သည်။ သူမသည် အပြစ်ကင်းစင်သောပုံ ပေါက်နေသော်လည်း ကြည့်၍အလွန် ကောင်းလှပေသည်။

ထိုမိန်းမငယ်သည် လင်းဖုန်း၏ အငယ်ဆုံး လက်ရင်းတပည့်လေး ဖြစ်သော လော်ချင်းဝူပင် ဖြစ်သည်။ ဤနှစ်များအတွင်းတွင် သူမသည် ကြီးပြင်းလာခဲ့သလို အရပ်ကလည်း အတော်ရှည်လာခဲ့သည်။

သူမသည် လီယွမ်ဖန်းအား တွေ့လိုက်သော် သူမ၏ မျက်နှာတွင် ပျော်ရွှင်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။ "စီနီယာ ယွမ်ဖန်း"

လီယွမ်ဖန်းကလည်း သူ၏ခေါင်းကို ညိတ်လိုက်သည်။ "ဂျူနီယာလေးရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ်"

လော်ချင်းဝူသည် တောက်ပစွာနှင့် ပြုံးလိုက်ကာ လီယွမ်ဖန်းနှင့် မျက်မဲ့တို့၏ အရှေ့သို့ ရောက်လာခဲ့သည်။ သူမသည် မျက်မဲ့အား အရင်နှုတ်ဆက်လိုက်၏။ "အကြီးအကဲ၊ ဒီအတောအတွင်းမှာ အကြီးအကဲရဲ့ အကူအညီအတွက် အရမ်းကို ကျေးဇူးတင်ပါတယ်"

မျက်မဲ့သည် အနည်းငယ် မှင်သက်သွားခဲ့ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "ကိစ္စမရှိဘူး။ ကိစ္စမရှိဘူး။ ငါ့အနေနဲ့ ဘာမှ မလုပ်ရပါဘူး။ ငါက ယင်ယန်ပင်လယ်ထဲမှာ ငါ့ရဲ့ မျိုးနွယ်စုတွေကို သင်ကြားပေးနေရတာပဲ"

"ဘာပဲပြောပြော ကျေးဇူးတော့ တင်ရမှာပဲ" လော်ချင်းဝူသည် ပြုံးလိုက်၏။ အချိန်ကို တွက်ကြည့်အပြီးတွင် သူမသည် ပျော်ရွှင်စွာနှင့် ပြောလိုက်သည်။ "ကံကောင်းစွာနဲ့ ကျွန်မက နောက်မကျခဲ့ဘူး။ ကျွန်မက ဒါကို တပည့်လက်ခံခြင်း အခမ်းအနား မတိုင်မီ အပြီးသတ်နိုင်ခဲ့တယ်"

လီယွမ်ဖန်းက သူ၏ခေါင်းကို ညိတ်လိုက်ကာ လေးနက်စွာနှင့် ပြောလိုက်သည်။ "နင်က နောက်မကျခဲ့ဘူး။ နဂိုခန့်မှန်းထားတဲ့ အချိန်ထက် ၈နာရီတောင် စောသေးတယ်"

လော်ချင်းဝူက ဂုဏ်ယူစွာနှင့် ပြောလိုက်သည်။ "ကျွန်မက အရမ်းကို ကြိုးစားတာကို"

လီယွမ်ဖန်းက ပြန်ပြောလိုက်၏။ "အနာဂတ်မှာ ပိုပြီးတော့ ကြိုးစားရမယ်"

လော်ချင်းဝူသည် သူမ၏ ခေါင်းလေးကို ပုလိုက်ကာ လိမ္မာစွာနှင့် ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ၊ စီနီယာ ယွမ်ဖန်း"

"သွားကြစို့။ တပည့်လက်ခံခြင်း အခမ်းအနားက စတင်တော့မယ်။ နင်က ဧည့်သည်တွေကို ကြိုဆိုဖို့ မလိုဘူး။ နင့်ဂူထဲကို ပြန်ပြီးတော့ အားတွေကို မွေးမြူထား။ နင့်ရဲ့ အခြေခံတွေကို ခိုင်မာအောင် ပြုလုပ်ခြင်းက နင့်အတွက် အကျိုးရှိစေလိမ့်မယ်။ အပျင်းမထူနေနဲ့ဦး" လီယွမ်ဖန်းသည် စကားပြောနေရင်း မျက်မဲ့ထံသို့ လှည့်ကြည့်လိုက်သည်။ "အကြီးအကဲ၊ ကျွန်တော်ကို ပြန်ပါဦးမယ်"

လော်ချင်းဝူသည်လည်း မျက်မဲ့နှင့် သူ၏အနောက်မှ ရွှေရောင်မျက်စိနှင့် အနက်ရောင် ငါးများစွာတို့အား ကြည့်လိုက်၏။ သူမက ရယ်လိုက်ကာ ပြောလိုက်သည်။ "အကြီးအကဲ၊ ကျွန်မက သိပ်မကြာခင် အားလုံးတို့ကို ပြန်လာကြည့်မယ်"

မျက်မဲ့က ရယ်လိုက်၏။ "မလောနဲ့၊ မလောနဲ့"

လီယွမ်ဖန်းနှင့် လော်ချင်းဝူတို့သည် ယင်ယန်ပင်လယ်အတွင်းမှ အတူတကွ ထွက်ခွာလာ၍ ယုကျင်းတောင်ပေါ်သို့ ပြန်လာခဲ့ကြသည်။ လော်ချင်းဝူသည် ကျောဆန့်လိုက်ကာ ပျော်ရွှင်စွာနှင့် ပြောလိုက်သည်။ "ကျွန်မကို ဆရာအဖြစ် တင်ချင်တဲ့သူတွေ အများကြီးများ ရှိမလား မသိဘူး"

လီယွမ်ဖန်းကမူ ဘာမှမပြောခဲ့ပေ။ ထိုကဲ့သို့သော မသေချာသည့် အရာများကို သူသည် သူ၏ ထင်မြင်ချက်များကို ဖော်ပြလေ့ မရှိပေ။

လော်ချင်းဝူသည် လီယွမ်ဖန်း၏ အကျင့်စရိုက်များကို သိနေခဲ့သဖြင့် သူမကိုယ့်ကိုယ်သာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမသည် ဟင်းလင်းပြင်အား ကြည့်လိုက်သည်။ "အငယ်ဆုံး စီနီယာပဲ ကျန်တော့တယ်"

လီယွမ်ဖန်းက ပြောလိုက်သည်။ "သူက အချိန်မီ ပြန်လာမယ်လို့တော့ ပြောတာပဲ"

လော်ချင်းဝူသည် အောက်သို့ငုံ့ကြည့်လိုက်၏။ သူမသည် ယွင်တောင်ထိပ်အား မမြင်ရသော်လည်း သူမ၏ အကြည့်သည် ထိုနေရာသို့ ကျရောက်သွားခဲ့သည်။ "ဒီအချိန်မှာ ဧည့်သည်တွေ အများကြီး ရောက်နေကြမှာပဲ။ စီနီယာ ရှောင်ယန်၊ ဇူရီနဲ့ ယွဲ့ဟုန်ယန်တို့က အရမ်းအလုပ်ရှုပ်နေကြလိမ့်မယ်။ ကျွန်မက အောက်ဆင်းသွားပြီး ကူညီလို့ရတယ်"

လီယွမ်ဖန်းက သူ၏ခေါင်းကိုခါလိုက်သည်။ "ဧည့်သည်တွေ အားလုံးကို နေရာချပြီးသွားပြီ။ သူတို့က အစောပိုင်း ရက်တွေမှာတော့ အလုပ်တော်တော်ရှုပ်နေခဲ့တယ်"

လော်ချင်းဝူက သူမ၏ခေါင်းကို ညိတ်လိုက်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်တစ်ရက် မနက်သို့ ရောက်လာခဲ့သည်။ နေမင်းက မြင့်တက်လာသည်နှင့် အမျှ ခွန်းလွန်တောင်၏ အပေါ်မှ တိမ်တိုက်များကလည်း ကင်းစင်သွားခဲ့သည်။ တတိယအကြိမ် တပည့်လက်ခံပွဲ အခမ်းအနားရက်သည် နောက်ဆုံးတွင် ရောက်လာခဲ့လေပြီ။

ယွင်တောင်ထိပ်တွင် ခန်းမဆောင်၏ အနောက်မှ တည်းခိုဆောင်များတွင် ဂိုဏ်းအသီးသီးမှ လာခဲ့ကြသော ဧည့်သည်များကလည်း ဖြည်းဖြည်းချင်း ထိုနေရာများမှ ထွက်ခွာလာခဲ့ကာ ခန်းမဆောင်သို့ ရောက်လာခဲ့ကြသည်။

ချူးယန်သည် ထာဝရတောင်တန်းဂိုဏ်းနှင့် ဝူယွမ်လန်နှင့် မုန့်ချောင်ယန်တို့၏ အနောက်မှ လိုက်လာခဲ့သည်။ သူတို့သည် လမ်းလျှောက်နေရင်းနှင့် ယွင်တောင်ထိပ်မှ ရှုခင်းများကို လေ့လာနေကြသည်။

ခန်းမဆောင်၏ အရှေ့တွင် ကွင်းပြင်ကျယ်ကြီး တစ်ခုရှိသည်။ မြေပြင်၏ အပေါ်တွင် ထိုက်ကျိပုံရိပ် တစ်ခု၏ ရုပ်ပုံကို ထွင်းထုထားသည်။ ယင်နှင့်ယန်တို့က ဆုံတွေ့နေကြကာ အဖြူနှင့် အနက်တို့က တွေ့ဆုံနေကြသည်။

ဂိုဏ်းမှ ပြောစရာ တစ်ခုခု ရှိသောအခါ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ အခြေခံတပည့်များသည် ဤနေရာတွင် စုဝေးကြကာ ညွှန်ကြားချက်များကို နားထောင်ကြခြင်း ဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် ဒါသည် အခြေခံ တပည့်များ အချင်းချင်း ယှဥ်ပြိုင်လေ့ရှိကြသော နေရာလည်း ဖြစ်၏။

ဤကွင်းပြင်ကျယ်၏ အရှေ့တွင် ယွင်တောင်ထိပ်၏ တံခါးဖြစ်သည်။ တစ်ယောက်သည် ထိုတံခါးမှတဆင့် ထွက်သွားလျှင် နှလုံးသားကို ဖော်ပြသော လှေကားများမှတဆင့် ယုကျင်းတောင်ပေါ်သို့ တက်နိုင်ကြ၏။

ဤကွင်းပြင်ကျယ်၏ ညာဘက်တွင် အခြေခံ တပည့်များ နေထိုင်ကြသော နေရာဖြစ်သည်။ အိမ်ပေါင်းမျာစွာ ရှိ၍ လူတစ်ယောက်ချင်းစီသည် အခန်းတစ်ခုစီတွင် နေထိုင်ကြသည်။ အခန်းတစ်ခန်းချင်းစီ၏ အတွင်းတွင် စိတ်ဝိညာဥ် ဝင်္ကပါ အသေးစားတစ်ခုစီ ရှိကြ၏။

ဤဝင်္ကပါတို့၏ အစွမ်းသည် ယုကျင်းတောင် သို့မဟုတ် စကြာဝဠာ အလင်းတန်း ခန်းမဆောင်နှင့် မယှဥ်နိုင်သော်လည်း သူ့တွင် စိတ်ဝိညာဥ် စွမ်းအင်များကို စုစည်းပေးသော အစွမ်းရှိသည်။ ထိုအခန်းများ အတွင်းတွင် ကျင့်ကြံခြင်းသည် ကျင့်ကြံသူများအား များစွာပို၍ တိုးတက်စေနိုင်သည်။

ဤကွင်းပြင်ကျယ်၏ ဘယ်ဘက်တွင် အခြား အဆောက်အအုံများ ရှိသည်။ သူတို့သည် ဆေးလုံးများကို ပေးဝေရန်၊ မှော်အိုင်တမ်နှင့် အဆောင်လက်ဖွဲ့များကို ဖြန့်ဖြူးရန် စသည့် ရည်ရွယ်ချက်များဖြင့် အသုံးပြုကြခြင်း ဖြစ်သည်။

သို့သော်လည်း ထိုအဆောက်အအုံအတွင်းမှ ပစ္စည်းများသည် အဆင့်သိပ်မမြင့်ကြချေ။ အခြေခံ တပည့်များသည် ဆက်ခံသူ တပည့်များနှင့် ကွဲပြားခြားနားစွာ ဆက်ဆံခြင်း ခံရသော်လည်း သူတို့သည် ကျင့်ကြံမှု အဆင့်တစ်ခုသို့ ရောက်သောအခါ ဂိုဏ်းမှနေ၍ သူတို့အား သင့်တော်သော ဆုလာဘ်များကို ချီးမြှင့်ပေးသည်။ ဒါသည် သူတို့အား စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ခြင်း တစ်မျိုးလည်း ဖြစ်၏။

ချူးယန်သည် တစ်ဘက်မှနေ၍ ကြည့်နေရင်း သူ၏ခေါင်းကို ညိတ်လိုက်သည်။ သူသည် ရှီရှင်းယွင်နှင့် တူညီသော အမြင်ရှိနေ၏။ "ယုကျင်းတောင် မဆိုထားနဲ့၊ ယွင်တောင်ထိပ်ကတောင်မှ ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခု ဖြစ်နေပြီ"

သူတွေးတောနေဆဲတွင် သူ၏အပေါ်မှ လေဟာနယ်က တုန်ခါလာခဲ့သည်။ ခရမ်းရောင် တိမ်တိုက်များက စတင်ပေါ်ပေါက်လာခဲ့ကာ ကျောက်စိမ်းတောင် တစ်တောင်နှင့် အနက်ရောင် ပင်လယ်တစ်ခုတို့သည် ဟင်းလင်းပြင်အတွင်းမှ ထွက်ခွာလာကာ မဟာကမ္ဘာ အတွင်းသို့ ဆင်းသက်လာခဲ့သည်။

စာစဥ် ၃၅ : အပိုင်း ၁၀

အပိုင်း ၆၆၀ : ပထမဆုံး စမ်းသပ်ခံရမည့်သူ

အားလုံးတို့သည် ယွင်တောင်ထိပ်မှ အလယ်ဗဟို မဟာခန်းမဆောင် အတွင်းသို့ ဝင်ရောက်လာကြသည်။ အပြင်မှနေ၍ ကြည့်ရလျှင် ဤခန်းမဆောင်သည် အလွန်တရာမှ ကြီးမားလှ၍ ခမ်းနားလှသည်။ ခန်းမဆောင်၏ အတွင်းမှ နေရာကလည်း အလွန်ကို ကျယ်ပြန့်လှသဖြင့် မဟာဂိုဏ်းများ အသီးသီးမှ ကျင့်ကြံသူပေါင်း ထောင်နှင့်ချီ၍ ဝင်လာခဲ့ကြသော်လည်း သူတို့သည် ကျပ်သိပ်နေသည်ဟု လုံးဝ မခံစားခဲ့ကြရပေ။ ထို့အစား သူတို့သည် အမတန်ကိုမှ ချောင်ချိနေသည်ဟုသာ ခံစားခဲ့ကြရသည်။

ခန်းမဆောင်၏ အဓိက နေရာတွင် လင်းဖုန်းက ထိုင်နေခဲ့သည်။ သို့သော်လည်း ဒါသည် သူ၏ မူလခန္ဓာကိုယ် မဟုတ်ပဲ မှော်စွမ်းအင်ကို အသုံးပြု၍ ရုပ်ပုံထုတ်လွှင့်ထားခြင်း ဖြစ်သည်။

ကျင်းဟွမ်အမတ်သည် ဤအချိန်တွင် ခန်းမဆောင် အတွင်းသို့ ရောက်ရှိလာခဲ့သည်။ သူသည် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ဇူဟုန်ဝူကို မြင်လိုက်ရသည်။

ဇူဟုန်ဝူသည် ထူးမခြားနား ပုံစံဖြင့် လျှမ်ယွမ်နှင့် အတူတူ ရပ်နေခဲ့သည်။ သို့သော်လည်း သူရပ်နေသည့်ပုံမှာ ကောင်းကင်နှင့် မြေကြီးတို့၏ အလယ်တွင် ရှိနေသည်ဟု ထင်နေရ၏။ သူသည် အခြားသူများ၏ ဂရုစိုက်မှုကို အမှတ်တမဲ့နှင့် ခံနေရ၏။ လင်းတောက်ဟန်၏ အနားမှ လူများနှင့် ရှီယု၏ကိုယ်ပွား၊ လင်းဖုန်း၏ ပုံရိပ်တို့သာ ဇူဟုန်ဝူအား လှည့်မကြည့်မိကြခြင်း ဖြစ်သည်။

ကျင်းဟွမ်အမတ်သည် ဇူဟုန်ဝူနှင့် လျှမ်ယွမ်တို့၏ အနားသို့ ရောက်လာခဲ့ကာ ပြောလိုက်သည်။ "ကျွန်တော်က ရွှမ်ကျိအမတ်က တောင်ပေါ်ကနေ ဆင်းသွားခဲ့ပြီ ထင်နေခဲ့တာ"

သူက ထိုကဲ့သို့ ပြောလိုက်သောအခါ လျှမ်ယွမ်ကသာ မျက်မှောင်ကြုတ်သွားသည် မဟုတ်ပဲ မိုးပြာရောင် သွေးကြော ဓားမာစတာနှင့် လေလေတို့ကပါ ထိုကဲ့သို့ ဖြစ်သွားကြသည်။

အခြားတစ်ဘက်တွင်မူ ဇူဟုန်ဝူက တည်ငြိမ်လျှက်ပင် ရှိသေး၏။ "မင်းရဲ့ ခန့်မှန်းမှုက မှားယွင်းနေတယ်။ မင်းရဲ့ ကျင့်ကြံမှုက အများကြီး လိုသေးတယ်"

"ကျွန်တော်က တကယ်ပဲ မှားယွင်းတွက်ချက်ခဲ့မိတယ်" ကျင်းဟွမ်အမတ်က ရယ်လိုက်သည်။ "ခင်ဗျားလို စွမ်းအားကြီးတဲ့ လူတစ်ယောက် အနေနဲ့ ဒီနေ့အခြေအနေကို ရောက်လာတာ အဆက်မပြတ် အရှေ့ကို တက်လှမ်းပြီး ရှုံးနိမ့်မှုကို နောက်မဆုတ်လို့ပဲ။ ခင်ဗျားက လင်းဖုန်းကို အနိုင်မတိုက်နိုင်မှန်း သိပေမဲ့ ခင်ဗျားက အရှက်ခွဲ ခံလိုက်ရပြီးရင် ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး"

ဇူဟုန်ဝူသည် သူ၏လက်များကို ကျောနောက်တွင် ပစ်ထားခဲ့ကာ သက်တောင့်သက်သာ ပုံစံဖြင့် နေနေခဲ့သည်။ "လင်းဖုန်းက တကယ့်ကို သန်မာတယ်။ ဒါပေမဲ့ သူ့ကို အနိုင်တိုက်နိုင် မတိုက်နိုင် ဆိုတာက အရင်စိန်ခေါ်ပြီးမှ သိနိုင်လိမ့်မယ်။ တကယ်လို့ ငါတို့က တစ်ခါမှ မတိုက်ခိုက်ဖူးကြရင် ရလဒ်တွေကို မသိနိုင်ဘူး"

"ပြိုင်ဘက်က ဘယ်လောက်ပဲ သန်မာသန်မာ၊ ငါက အရင်တိုက်ခိုက်ဖို့ ဘယ်တော့မှ သတ္တိနည်းမှာ မဟုတ်ဘူး။ ဒါက ငါ့ရဲ့ ယုံကြည်ချက် ဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်က ခွန်းလွန်တောင်ပေါ်မှာ ဆိုတော့ ငါက လင်းဖုန်းကို စိန်ခေါ်မှာ မဟုတ်ဘူး"

ဇူဟုန်ဝူသည် မျက်လွှာချလိုက်ကာ လင်းဖုန်းဘက်သို့ ကြည့်ပင် မကြည့်ခဲ့ပေ။ သူသည် ကြောက်ရွံ့နေသကဲ့သို့ ဖြစ်၏။

ကျင်းဟွမ်အမတ် အပါအဝင် အားလုံးတို့သည် ဇူဟုန်ဝူက ယခုအချိန်တွင် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းနေသည်ကို ခံစားနေနိုင်ခဲ့သည်။ သူသည် လင်းဖုန်းအား မကြည့်နေခြင်းမှာ သူသည် လှုပ်ရှားမိမည်ကို စိုးရိမ်သောကြောင့် သူ့ကိုယ်သူ ဖိနှိပ်နေခြင်း ဖြစ်သည်"

"ငါက ဒီအရှက်ရမှုကို အနာဂတ်မှာ ပြန်လည်တုံ့ပြန်နိုင်တယ်။ ဒါပေမဲ့ ဒီကနေ့မှာတော့ မဟုတ်ဘူး" ဇူဟုန်ဝူ၏ လေသံသည် ထူးမခြားနားပင် ဖြစ်သည်။ "လျှမ်အန်း၊ မင်းကငါ့ရဲ့ ယုံကြည်ချက်ကို ဖျက်စီးချင်နေတဲ့ လှည့်ကွက်က အလုပ်မဖြစ်ဘူး"

"မင်းရဲ့အလုပ်ကိုသာ အာရုံစိုက်ပြီးလုပ်၊ မကောင်းတဲ့ စိတ်ထား မထားနဲ့။ ငါက မင်းကို သည်းခံနိုင်သေးတယ်။ မဟုတ်လို့ရှိရင် မင်းလုပ်ထားတဲ့ အမှားတွေဟာ မဟာကျိုးရဲ့ ဥပဒေတွေအရဆိုရင် သေမိန့်ပေးလို့ရတယ်"

သူ၏လေသံသည် လွန်စွာတည်ငြိမ်နေသော်လည်း ကျင်းဟွမ်အမတ်သည် ကြီးမားသော ဖိအားများကို ခံစားနေခဲ့ရသည်။ သို့သော်လည်း သူသည် တည်ငြိမ်နေခဲ့ကာ သူ၏ခေါင်းကို ညိတ်လိုက်သည်။ "ကျုပ်နားလည်ပါတယ်။ ကျုပ်က ခင်ဗျားနဲ့ အများကြီး ကွာခြားနေသေးတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒီကွာခြားချက်ကို ပယ်ဖျက်နိုင်လိမ့်မယ်။ အဲ့ဒီအချိန်ကျမှ စကားဆက်ပြောကြတာပေါ့"

"မဟုတ်လို့ရှိရင် ခင်ဗျားက အားနည်းသူကို အနိုင်ကျင့်ပြီး သန်မာသူကို ကြောက်တယ်လို့ အပြောခံနေရမယ်"

ကျင်းဟွမ်အမတ်၏ စော်ကားသော စကားများကို ဇူဟုန်ဝူက အမှုမထားခဲ့ပေ။ သူ၏ ခံစားချက်များသည် မပြောင်းလဲခဲ့ပဲ ကျင်းဟွမ်အမတ်အား ခပ်တည်တည်ဖြင့်သာ ကြည့်လိုက်၏။ "လျှမ်အန်း၊ မင်းကအတော်ကို ရူးမိုက်တယ်။ မင်းက ဒီဗျူဟာက ငါ့အပေါ်မှာ အသုံးမဝင်ပဲ မင်းကိုလည်း အကာအကွယ် မပေးနိုင်ဘူးဆိုတာကို သိထားသင့်တယ်"

"ဇူရီလိုပဲ ငါကမင်းကို မသတ်သေးတာက အချိန်မကျသေးလို့ ဖြစ်တယ်။ တကယ်လို့ ငါကမင်းတို့ကို သတ်ချင်ရင် မင်းတို့က အင်မော်တယ် ဝိညာဥ် အဆင့်ကို ရောက်သွားလည်း ဘာမှ မထူးဘူး" ဇူဟုန်ဝူက ပြောလိုက်သည်။

"ဒီသားမိုက်က သူက လင်းဖုန်းရဲ့ အကာအကွယ်ကို ရထားတယ်လို့ ထင်နေပြီး မင်းကလည်း မင်းမှာ ကျောထောက်နောက်ခံ တစ်ခုမက ရှိနေတယ်လို့ ထင်နေတယ်။ ဒါပေမဲ့ မင်းတို့နှစ်ယောက်စလုံးဟာ ငါက မင်းတို့ရဲ့ ကျောထောက်နောက်ခံတွေကို ဂရုမစိုက်ဘူးဆိုတာ မသိကြဘူး"

"တကယ်လို့ငါက မင်းတို့နှစ်ယောက်စလုံးကို သတ်ချင်ရင် သတ်မှာပဲ။ မင်းတို့ရဲ့ ကျောထောက်နောက်ခံတွေက ငါ့ကိုလာရှာရင် မင်းတို့ကို သတ်ပြီးတဲ့ အချိန်မှ ဖြစ်လိမ့်မယ်"

"ဟိုသားမိုက်က သူက ထျန်းကျင်းမှာတုံးက ကပ်ဘေးကို ရှောင်လွဲနိုင်ခဲ့တာ လင်းဖုန်းရဲ့ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်လို့ကြောင့် ထင်နေတယ်။ အမှန်က အချိန်မကျသေးလို့ ဖြစ်တယ်။ ရယ်စရာ ကောင်းတာက သူက မင်းလိုမျိုးပဲ ဘာဖြစ်လာမလဲ ဆိုတာကို မသိနေခဲ့ဘူး"

ဇူဟုန်ဝူသည် စကားဆုံးသောအခါ သူ၏ခေါင်းကို ခါလိုက်၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူသည် ကျင်းဟွမ်အမတ်သို့ ဆက်ကြည့်ရန် ပျင်းရိသွားပြီ ဖြစ်သည်။

ကျင်းဟွမ်အမတ်သည် ဇူဟုန်ဝူ၏ စကားများကို ကြားရသောအခါ တည်ငြိမ်နေမြဲ ဖြစ်၏။ ဇူဟုန်ဝူက သူ၏ တစ်ယောက်မကသော ကျောထောက်နောက်ခံများကို သိသည်ဟူသော အချိန်မှသာ သူက ဒုက္ခရောက်သည့်ပုံ ပေါက်သွားခဲ့သည်။ သို့သော်လည်း သူသည် ဘာကိုမှ မပြောခဲ့ပဲ နေရာတွင်သာ ရပ်နေခဲ့သည်။

ဇူဟုန်ဝူသည် သူ၏အကြည့်ကို ရွှေ့သွားမှသာ ကျင်းဟွမ်အမတ်သည် ဖွဖွလေး ရယ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏အကြည့်ကို အခြားနေရာများသို့ ရွှေ့လိုက်၏။

သူတို့နှစ်ယောက် အကြားမှ စကားဝိုင်းသည် မရှိခဲ့သကဲ့သို့ ဖြစ်၏။ လျှမ်ယွမ်၊ မိုးပြာရောင် သွေးကြော ဓားမာစတာနှင့် လေလေတို့ကလည်း သူတို့က ဘာကိုမှ မကြားခဲ့ရသကဲ့သို့ အမူအရာများ တည်ငြိမ်နေကြသည်။

လင်းဖုန်း၏ ထုတ်လွှတ်ထားသော ပုံရိပ်သည် ခန်းမဆောင်၏ အဓိက နေရာတွင် ထိုင်နေခဲ့ကာ ခန်းမဆောင်ကို တည်ငြိမ်စွာနှင့် ကြည့်နေခဲ့သည်။ ဤနေရာတွင် ငြိမ်းချမ်းနေသည်ဟု ထင်နေရသော်လည်း မုန်တိုင်းက အစပြုနေသည်ဟုလည်း ထင်နေရ၏။ သူသည် တည်ငြိမ်စွာသာ နေနေခဲ့ကာ စကားမပြောခဲ့ပေ။ အခြားသူများက သူ့အား လာရောက်နှုတ်ဆက်မှသာ သူက ပြန်၍ နှုတ်ဆက်ခဲ့သည်။ အခြားအချိန်များတွင် သူ၏နေရာတွင်သာ ကျောက်ရုပ်ကဲ့သို့ ထိုင်နေခဲ့သည်။

ဧည့်သည်အားလုံး စုံလင်သွားမှသာ လင်းဖုန်းက ပြုံးလိုက်သည်။ "အားလုံးတို့ကို တပည့်လက်ခံခြင်း အခမ်းအနားကို တက်ရောက်လာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ရှီယုက ပြောလိုက်၏။ "ဒီလိုမျိုး ပျော်ရွှင်ဖွယ် အခမ်းအနားကို တက်ရောက်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်"

လင်းဖုန်းက ရယ်လိုက်ကာ သူ၏ခေါင်းကို ညိတ်လိုက်ပြီး ရှောင်ယန်အား ကြည့်လိုက်သည်။ ရှောင်ယန်သည် အရှေ့သို့ ထွက်လာခဲ့ကာ လေထု၏ အလယ်တွင် တစ်ခုခုကို ရေးဆွဲလိုက်၏။ သူ၏ မှော်စွမ်းအင်သည် အလင်းတန်း ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အလင်းတန်း ပုံရိပ် အတွင်းမှ ရုပ်ပုံများက ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ယွင်တောင်ထိပ်၏ အောက်ခြေမှ မြင်ကွင်းကို ဖော်ပြခဲ့သည်။

ဇူရီသည် ယခုအချိန်တွင် ယွင်တောင်ထိပ်၏ အောက်ခြေတွင် ရပ်နေခဲ့သည်။ သူ၏အရှေ့တွင် လူငယ်ပေါင်း ရာနှင့်ချီ၍ ရပ်နေခဲ့၏။ သူတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသို့ တပည့်အဖြစ် ဝင်ချင်ကြသူများ ဖြစ်ကြသည်။

ဒါသည် စမ်းသပ်ချက် တစ်ကျော့ပြီးသွားသော အခြေအနေ ဖြစ်သည်။ ရှောင်ယန်၊ ဇူရီနှင့် ကျန်သောသူများသည် နေရာဒေသ အသီးသီးသို့ သွားရောက်ခဲ့ကာ ဂိုဏ်းသို့ ဝင်ရောက်လိုသူများကို တွေ့ဆုံခဲ့သည်။ သူတို့သည် ထိုနေရာများတွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကာ လူအများစုကို ပယ်ချခဲ့ကြ၏။ စမ်းသပ်မှုများကို အောင်မြင်သော သူများကိုသာ ခွန်းလွန်တောင်သို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။

အားလုံးတို့ကို စုပေါင်းလိုက်သောအခါ ရာဂဏန်း အနည်းငယ်မျှ ရှိပေသည်။

ယခင်က တပည့်လက်ခံခြင်း အခမ်းအနား နှစ်ခုထက် အရေအတွက်များ ပိုများသလို အရည်အချင်းကလည်း ပိုကောင်းပေသည်။ ဤသုံးနှစ်အတွင်းတွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ မြင့်မြတ်နယ်မြေ တစ်ခုဖြစ်လာနိုင်သည့် အလားအလာ အဆင့်အတန်းကြောင့် လူများစွာတို့က စိတ်ဝင်စားနေကြသည်။ ပါရမီရှင် လူငယ်လေးများ များစွာတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသို့ ဝင်ချင်နေကြ၏။

ယွင်တောင်ထိပ်၏ အောက်ခြေမှ စမ်းသပ်မှုသည် ပို၍ ပါရမီရှိသောသူများကို ရွေးချယ်ပေးမည် ဖြစ်သည်။

လင်းဖုန်းက ပြောလိုက်သည်။ "စလိုက်ကြစို့" သူ၏အသံသည် မကျယ်လောင်သော်လည်း ခွန်းလွန်တောင် တစ်ခုလုံးတွင် ပဲ့တင်ရိုက်သွားခဲ့သည်။

ဇူရီသည် ဤစမ်းသပ်ချက်အတွက် အဆင်သင့် ဖြစ်နေကြသော သူများကို ကြည့်လိုက်ကာ ပြောလိုက်သည်။ "မင်းတို့အားလုံးရဲ့ အရှေ့မှာ ရှိနေကြတာက နှလုံးသားကို ဖော်ပြတဲ့ လှေကားတွေ ဖြစ်ကြတယ်။ ဒါကမင်းတို့အားလုံးကို စမ်းသပ်စစ်ဆေးလိမ့်မယ်။ ဂိုဏ်းကို ဝင်ချင်တဲ့ သူတွေအားလုံးဟာ တစ်ကြိမ်တော့ သူ့ကို ဖြတ်သန်းရလိမ့်မယ်"

"ဒီလှေကားတွေအတိုင်း အပေါ်ကိုတက်သွားကြ။ ထိပ်ကို ရောက်တဲ့သူတွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ဝင်နိုင်ကြမယ်။ ဒါပေမဲ့ အချိန် အကန့်အသတ်တော့ ရှိတယ်။ တစ်ရက်ထက်ပိုပြီး အချိန်ယူတဲ့သူတွေက ကျရှုံးလိမ့်မယ်။ တကယ်လို့ ကျရှုံးသွားခဲ့ရင် အိမ်ပြန်ပြီး နောက်ထပ် အခွင့်အရေး တစ်ခုကို စောင့်နေရမယ်"

ဇူရီသည် တိမ်တိုက်ကြေးမုံမြို့ဘက်သို့ လှမ်းကြည့်လိုက်သည်။ "မင်းတို့က နေရာဒေသ အသီးသီးက လာခဲ့ကြတာ ဖြစ်တယ်။ တကယ်လို့ မင်းတို့က အနာဂတ်မှာ နှလုံးသားကို ဖော်ပြတဲ့ လှေကားစမ်းသပ်ချက်ကို ထပ်ပြီးတော့ အစစ်ဆေးခံချင်သေးရင် တိမ်တိုက်ကြေးမုံမြို့မှာ ယာယီနေနိုင်ကြတယ်။ အားလုံးက မင်းတို့ရဲ့ အပေါ်မှာ မူတည်နေတယ်"

ဇူရီက ပြောလိုက်သည်။ "တကယ်လို့ ပြဿနာ မရှိခဲ့ရင် မင်းတို့အားလုံးက တောင်ပေါ်ကို စတက်နိုင်ပြီ"

နှလုံးသားကို ဖော်ပြသော လှေကားများသည် အတော့်ကို နာမည်ကြီးပေသည်။ သူသည် လင်းဖုန်း၏ မှော်စွမ်းအင်များဖြင့် ပြုလုပ်ထား၍ စိတ်ဝိညာဥ် သဘာဝ ရှိသည်။ သူသည် လူသားများ၏ ထိန်းချုပ်ခြင်းကို မခံရသောကြောင့် အလွန် တရားမျှတမှုရှိ၏။ သူ့အား လှည့်ကွက်များကို အသုံးပြု၍ တက်နိုင်ရန်လည်း မဖြစ်နိုင်ပေ။ သူ့အား ကျော်လွှားနိုင်မည့် လျှို့ဝှက်ကျမ်းစာလည်း မရှိပေ။

နှလုံးသားကို ဖော်ပြသော လှေကားများကို အကြိမ်ပေါင်း မြောက်မြားစွာ စမ်းသပ်ပြီးနောက်တွင် လင်းဖုန်းသည် သူ့အား ပြီးပြည့်စုံအောင် ပြင်ဆင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဒါသည် သူ့အား ဂိုဏ်းအတွက် အထူးချွန်ဆုံး ပါရမီရှင်များကို ရှာဖွေနိုင်စေခဲ့သည်။

သူတို့သည် နှလုံးသားကို ဖော်ပြသော လှေကားများ၏ အပေါ်သို့ ရောက်သွားသောအချိန်တွင် အရာအားလုံးတို့သည် သူတို့၏ ကိုယ်ပိုင်စွမ်းရည်များ အပေါ်တွင်သာ မူတည်နေလိမ့်မည် ဖြစ်သည်။ တက်ရောက်နိုင်သော အရည်အသွေး ရှိသူများက တက်နိုင်ကြမည် ဖြစ်ပြီး အရည်အသွေး မပြည့်မှီကြသော သူများမှာ တက်နိုင်ကြမည် မဟုတ်ပေ။

အကယ်၍ တစ်ယောက်သည် ဂိုဏ်းအတွင်းတွင် အသိအကျွမ်းများရှိသော်လည်း ထိုသူမှာ ကူညီနိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် နှလုံးသားကို ဖော်ပြသော လှေကားများ၏ စမ်းသပ်ချက်သည် လူတစ်ဦးတစ်ယောက်ချင်းအတွက် သီးသန့်ပြုလုပ်ထားသောကြောင့် ဖြစ်၏။ မည်သည့်အိုင်တမ်က လှေကားတက်ရာတွင် အသုံးဝင်သည်ဟူ၍ မရှိပေ။

အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများ၏ စွမ်းအားသည် လိမ်ညာနိုင်ကောင်း လိမ်ညာနိုင်လိမ့်မည် ဖြစ်သော်လည်း ထိုစွမ်းအားများကို လင်းဖုန်းက ချက်ချင်း သတိထားမိမည် ဖြစ်သည်။ ဤစမ်းသပ်ချက်ကို လိမ်ညာဖြေဆိုနိုင်မည် နည်းလမ်း မရှိသလောက်ပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် နောက်တံခါးမှ ဝင်ရောက်ရန် နည်းလမ်းများ၊ လာဘ်ထိုးခြင်း၊ အကူအညီ တောင်းခြင်းများ စသည်တို့သည် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

အလယ်ဗဟို မဟာခန်းမဆောင်တွင် လင်းဖုန်းသည် တည်ငြိမ်စွာနှင့် တင်ပလ္လင်ခွေထိုင်ကာ ထိုင်နေခဲ့သည်။ ဧည့်သည်များကလည်း ငြိမ်သက်စွာနှင့်ပင် သူတို့၏ နေရာအသီးသီး၌ ထိုင်နေကြကာ လေထုအလယ်မှ အလင်းတန်း ပုံရိပ်ကို ကြည့်နေခဲ့ကြသည်။ လင်းဖုန်း၏ စွမ်းအားများ၏ ကူညီမှုဖြင့် ရှောင်ယန်သည် နှလုံးသားကို ဖော်ပြသော လှေကားများပေါ်မှ အရာအားလုံးကို ပြသနိုင်ခဲ့သည်။

အားလုံးတို့သည် ပါဝင်သူများက သူတို့၏ အတွင်းအကျဆုံး စိတ်ခံစားချက်များမှ ပေါ်ပေါက်လာသည့် ကိုယ်ပိုင် ပုံရိပ်ယောင်များ အတွင်းတွင် နစ်မြောနေသည်ကို စောင့်ကြည့်နေကြသည်။

ရှောင်ယန်သည် ထိုအရာကို တွေ့လိုက်ရသောအခါ သူ၏မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာ၍ လင်းဖုန်းနှင့် ဆက်သွယ်လိုက်သည်။ "ဆရာ၊ ဒီတစ်ခေါက်မှာ အလားအလာရှိတဲ့ ပါရမီရှင်တွေ အများကြီးပါတယ်"

လင်းဖုန်းက ပြုံးလိုက်၏။ "ဟုတ်တယ်။ ဒီတစ်ခေါက်တော့ အကျိုးအမြတ် တော်တော်ရှိသွားပြီ"

ကျန်သော ကျင့်ကြံသူများသည် နှလုံးသားကို ဖော်ပြသော လှေကားများသည် မည်သည့် စံနှုန်းများဖြင့် စစ်ဆေးသည်ကို မသိခဲ့ကြသော်လည်း အမြင်စူးရှသောသူများက ဤတပည့်တစ်အုပ်တွင် ပါရမီရှင် များစွာ ပါလာကြသည်ကို သိနေကြ၏။ သူတို့၏ စွမ်းဆောင်ရည်များသည် ကျန်သောသူများထက် သိသိသာသာကြီးကို ချွန်ထွက်နေခဲ့သည်။

"အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ အခြေခံဟာ ပိုပိုပြီးတော့ ခိုင်မာလာခဲ့ပြီ" အားလုံးက တွေးလိုက်ကြ၏။

ဂိုဏ်းငယ်များမှ ကျင့်ကြံသူများသည် သူတို့၏ အာရုံများကို အနောက်တွင် ကျန်နေကြသော သူများအပေါ်တွင် စူးစိုက်လိုက်ကြသည်။ အကယ်၍ ထိုသူတို့အား အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ လက်မခံခဲ့ပါက သူတို့သည် သူတို့ဂိုဏ်းအတွင်းသို့ ဆွဲဆောင်နိုင်ရန် စဥ်းစားနေကြခြင်း ဖြစ်သည်။

အားလုံးတို့၏ ခေါင်းအတွင်းတွင် အတွေးကိုယ်စီ ရှိနေကြသည်။ လေလေသည် ဟန်ပန်အမူအရာ ကင်းမဲ့နေခဲ့သော်လည်း သူ၏ မျက်လုံးအတွင်းတွင် မကောင်းသော အရိပ်အရောင်များကို တွေ့မြင်နိုင်သည်။

သူ၏အာရုံများကို လူတစ်ယောက်တည်း၏ အပေါ်တွင် စူးစိုက်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသူက လှုပ်ရှားနေခဲ့စဥ်တွင် သူသည် သက်ပြင်းတစ်ချက် ချလိုက်ကာ ဇူဟုန်ဝူနှင့် လျှမ်ယွမ်တို့အား ဆက်သွယ်လိုက်သည်။ "သူက ဒီအထဲမှာ ပါနေတယ်"

ဇူဟုန်ဝူသည် မရေမတွက်နိုင်သော ပုံရိပ်များကို ကြည့်နေခဲ့ကာ ဘာကိုမှ မပြောခဲ့ပေ။ လျှမ်ယွမ်ကသာ မေးလိုက်သည်။ "ဘယ်တစ်ယောက်လဲ"

လေလေက ပြောလိုက်သည်။ "ထိပ်ဆုံးကတစ်ယောက်ပဲ"

လျှမ်ယွမ်က ခေတ္တမျှ ငြိမ်သက်သွားခဲ့သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နှလုံးသားကို ဖော်ပြသော လှေကားထစ် စမ်းသပ်မှုရဲ့ ခက်ခဲမှု အဆင့်အတန်းက အတော်မြင့်တယ်။ ကြည့်ရတာ ဒီစကားက မှန်တယ်နဲ့ တူတယ်။ ဒါပေမဲ့ ဒီလူကလည်း အတော်ကို ပါရမီကောင်းတာပဲ။ ကြည့်ရတာ ခင်ဗျားရဲ့ အစပိုင်းက ခန့်မှန်းချက်တွေက တကယ်မှန်တာပဲ"

လေလေက ပြန်ပြောလိုက်သည်။ "ဒါပေမဲ့ အခုသူက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အတွင်းကို ဝင်သွားခဲ့ရင် အခြေအနေတွေက လုပ်ရကိုင်ရ ခက်ခဲသွားတော့မှာ ဖြစ်တယ်"

"ခက်ခဲမယ် ဆိုရင်လည်း ရအောင်လုပ်ရမှာပဲ" ဇူဟုန်ဝူက ယခုမှသာ သူ၏ပါးစပ်ကို ဟလိုက်သည်။

လျှမ်ယွမ်က သူ၏ခေါင်းကို ညိတ်လိုက်သည်။ "အချိန်ရှိပါသေးတယ်။ ခင်ဗျားက အစီအစဥ်ချပြီး ဆက်ဆံရေး ကောင်းအောင်လုပ်နိုင်ရင် အသုံးဝင်လာနိုင်တယ်"

"ဘာပဲပြောပြော သူက ခင်ဗျားရဲ့ မြေးအရင်းပဲ"

လေလေသည် ငြိမ်သက်သွားခဲ့ကာ အချိန်အတော်ကြာမျှ စကားမပြောခဲ့ပေ။

နှလုံးသားကို ဖော်ပြသော လှေကားများသည် ထူးချွန်ပြောင်မြောက်သော ပါရမီရှင်များကို ရွေးချယ်သည့် စမ်းသပ်မှုဖြစ်သည်။ အထူးသဖြင့် သူသည် တစ်ယောက်၏ ကိုယ်ကျင့်စရိုက်ကို စမ်းသပ်နိုင်သည်။ မကောင်းသော ရည်ရွယ်ချက်နှင့် သူများကို ချန်ထားခဲ့နိုင်၏။

နှလုံးသားကို ဖော်ပြသော လှေကားများသည် ကျော်ကြားလာပြီးသောအခါ ကျန်သောသူများသည် သူတို့၏ကံကို မစမ်းကြတော့ချေ။ ကံကောင်းနိုင်မည်ထင်၍ လာခဲ့ကြသော သူများမှာ နောက်ဆုံးတွင် အရှက်တကွဲ အကျိုးနည်း၍သာ တပ်ခေါက်ပြန်သွားကြရသည်။

ရှောင်ယန်၊ ဇူရီနှင့် ကျန်သောသူများ၏ ပထမအကြိမ် စစ်ဆေးမှုကို ဖြတ်ကျော်လာနိုင်ကြ၍ သူတို့၏ အရည်အသွေးများသည် သိပ်မဆိုးလှပေ။ အခြားဂိုဏ်းမှ ကျင့်ကြံသူများသည် ငြိမ်သက်စွာနှင့် ဤဖြေဆိုသူ တစ်အုပ်စုကို ကြည့်နေခဲ့ကြသည်။

လာရောက်ဖြေဆိုသူ တပည့်များ၏ အရည်အသွေးမှာ ပို၍ပို၍ မြင့်မားလာကြ၏။ ဒါသည် နတ်ဘုရားနယ်မြေ အတွင်းမှ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂုဏ်သတင်းအား ရောင်ပြန်ဟပ်နေခြင်း ဖြစ်ကာ သူတို့၏ လွှမ်းမိုးမှုမှာ ပို၍ပို၍ အားကောင်းလာကြသည်။

Continue Reading

You'll Also Like

40.7K 3.5K 199
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
29.7K 2.9K 43
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
68.7K 6.1K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး