ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.8K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်

347 42 0
By KazunoMora

စာစဥ် ၃၄ : အပိုင်း ၁၀

အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်

ယုကျင်းတောင်သည် ဟင်းလင်းပြင်မှနေ၍ ကျဆင်းလာခဲ့၏။ မဟူရာကောင်းကင် ရတနာသစ်ပင်၏ သစ်ကိုင်းများသည် တုန်ခါသွားကာ အဆုံးမဲ့ လေဟာနယ် အတွင်းသို့ ထွင်းဖောက်သွားခဲ့သည်။ မြောက်မြားလှစွာသော ခရမ်းရောင် တိမ်တိုက်များသည် နေရာအနှံ့ ပျံ့နှံ့သွားကြ၏။

အံ့ဖွယ် ကောင်းကင်ကမ္ဘာသည် နှစ်ခြမ်းကွဲသွားသောအခါ သူတို့အနက်မှ တစ်ခြမ်း၏ လေဟာနယ်သည် ပြောင်းလဲသွားခဲ့ကာ အရွယ်အစား ကျုံ့ဝင်သွားခဲ့သည်။

လင်းဖုန်းသည် သူ၏အတွင်းသို့ မှော်စွမ်းအင်များ တစ်စပြီးတစ်စ ထည့်သွင်းခဲ့လိုက်၏။ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ၏ အစွမ်းအောက်တွင် ဤကမ္ဘာတစ်ခြမ်း၏ ယခင်မှ စိတ်ဝိညာဥ် စွမ်းအင် စီးဆင်းမှုသည် ပြောင်းလဲသွားခဲ့ကာ ယုကျင်းတောင်နှင့် ကိုက်ညီလာခဲ့သည်။

ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များသည် ဤအံ့ဖွယ် ကောင်းကင်ကမ္ဘာ တစ်ခြမ်းအား စတင်၍ လွှမ်းခြုံသွားခဲ့သည်။

ခရမ်းရောင် တိမ်တိုက်များက ထိုးတက်လာခဲ့ကာ ယုကျင်းတောင်နှင့် အံ့ဖွယ် ကောင်းကင်ကမ္ဘာ တစ်ခြမ်းအား ဝန်းရံထားလိုက်၏။ ပြီးတာနှင့် ခရမ်းရောင် တိမ်တိုက်များ၏ အပြင်ဘက်တွင် ရောင်စုံ အလင်းတန်း စက်ဝိုင်းတစ်ခု ပေါ်လာခဲ့ကာ ပြီးပြည့်စုံသော ဘောလုံးပုံစံကို ဖန်ဆင်းလိုက်သည်။

ယုကျင်းတောင်၊ ခရမ်းရောင် တိမ်တိုက်များ၊ မဟူရာကောင်းကင် ရတနာသစ်ပင်နှင့် ဤအံ့ဖွယ် ကောင်းကင်ကမ္ဘာ တစ်ခြမ်းတို့သည် ဤဧရာမ အလင်းတန်း ဘောလုံး၏ ရစ်သိုင်းခြင်းကို ခံလိုက်ရ၏

လင်းဖုန်းသည် ယုကျင်းတောင်၏ အပေါ်တွင် မရှိသော်လည်း သူ၏ သဘာဝလွန် အသိစိတ်သည် ယုကျင်းတောင်နှင့် ဆက်သွယ်ထားခဲ့သည်။ ယုကျင်းတောင်သည် ကိုယ်ပိုင်ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ပြီး သူ၏အတွင်းမှ အံ့ဖွယ်ကောင်းကင် ကမ္ဘာတစ်ခြမ်းနှင့် ပေါင်းစည်းသွားခဲ့သည်။

ဧရာမ အလင်းတန်း ဘောလုံးကြီး၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတ စကားလုံးများ ပေါ်လာခဲ့ကာ မဟာကမ္ဘာ၏ စိတ်ဝိညာဥ် စွမ်းအင်များကို စုပ်ယူနေခဲ့သည်။

အံ့ဖွယ် ကောင်းကင်ကမ္ဘာ၏ လေဟာနယ် နယ်နိမိတ်များသည် ဝေဝါးလာခဲ့ကာ မဟာကမ္ဘာနှင့် ပူးပေါင်းသွားခဲ့သည်။ နယ်နိမိတ် စွမ်းအားများ ပျောက်ကွယ်သွားသောအခါ မဆုံးနိုင်သော အနက်ရောင်ရေများ ပန်းထွက်လာခဲ့၍ ဧရာမ ပင်လယ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။

ထိုအနက်ရောင် ရေများသည် အရိုးစိမ့်အောင် အေးလှ၍ အလင်းရောင် မှန်သမျှကို ဝါးမျိုသွားခဲ့သည်။ သူ၏ သန်မာလှသော ယင်အော်ရာဖြင့် သူသည် သန့်စင်သောယင်၊ အလွန်အမင်း အေးစက်မှုနှင့် အမှောင်ထုဟူသော စွမ်းအားသဘောတရား သုံးမျိုးတို့ကို ထောက်ပံ့နိုင်ခဲ့သည်။ သူတို့သည် လွန်စွာမှ နက်ရှိုင်းသော အခြေအနေ တစ်ခုတွင် ရောက်နေခဲ့၏။

သို့သော်လည်း အနက်ရောင် ပင်လယ်၏ အလယ်တွင် ယန်အော်ရာ တစ်ခုက ရှိနေခဲ့သည်။ သူသည် အဆုံးမဲ့ အလင်းတန်းကို ထုတ်လွှတ်နေခဲ့ကာ အနက်ရောင် ပင်လယ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့၏။ ယင်နှင့်ယန်တို့ ဆုံတွေ့ခဲ့ကြသော်လည်း တစ်ဦးနှင့်တစ်ဦး အမှုမထားခဲ့ကြပေ။

အနက်ရောင် ပင်လယ်ကြီးသည် ယုကျင်းတောင်၏ အောက်ခြေတွင် ရှိနေသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး မှီခိုနေကြကာ အလွန်ပင် လိုက်လျောညီထွေ ရှိနေကြ၏။ သူတို့သည် ရှေးပဝေသဏီခေတ်က မြင့်မြတ်သောတောင်နှင့် နတ်ဘုရားပင်လယ် အတွဲတစ်ခုနှင့် တူနေခဲ့၏။ အလွန်တရာမှပင် ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်သည်။

ခရမ်းရောင် တိမ်တိုက်များသည် ပင်လယ်အပေါ်တွင် လွင့်မျောနေခဲ့ကာ ယုကျင်းတောင်နှင့် မဟူရာကောင်းကင် ရတနာသစ်ပင်အား လွှမ်းခြုံသွားခဲ့သည်။

တောင်နှင့် ပင်လယ်တို့သည် ဧရာမ အလင်းတန်း ဘောလုံးကြီး၏ လွှမ်းခြုံမှုကို ခံနေရသည်။ နယ်မြေအသစ် တစ်ခုကဲ့သို့ ဖြစ်နေ၏။

မဟာကမ္ဘာအတွင်းမှ စိတ်ဝိညာဥ် စွမ်းအင်များသည် အနက်ရောင် ပင်လယ်အတွင်းသို့ အဆက်မပြတ် ထောက်ပံ့နေခဲ့ကာ ရွှေရောင်မျက်လုံးနှင့် အနက်ရောင် ငါးများကို ပိုမိုမွေးဖွားပေးနိုင်ခဲ့သည်။ ယခင်ကထက် ပို၍အားကောင်းသော စိတ်ဝိညာဥ် စွမ်းအင်များသည် ဤအနက်ရောင် ပင်လယ်အောက်မှ စက်လုံးအား ပို၍စောစီးစွာ ရင့်ကျက်လာနိုင်ရန် ရည်ရွယ်ချက်ဖြင့် အားဖြည့်ပေးနေခဲ့သည်။

ဤအချိန်တွင် စက်လုံးသည် တည်ငြိမ်သွားခဲ့ပြီ ဖြစ်ကာ အနက်ရောင် ပင်လယ်နှင့် ယုကျင်းတောင်တို့ကလည်း အတူတကွ ပေါင်းစည်းသွားခဲ့သည်။

ဤဘက်မှ ကိစ္စများ ပြီးဆုံးသွားသောအခါ လင်းဖုန်းသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါမှ စွမ်းအားများကို ရုပ်သိမ်းလိုက်၍ အခြား အံ့ဖွယ် ကောင်းကင်ကမ္ဘာ တစ်ခြမ်းကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

ကျန်သော အံ့ဖွယ် ကောင်းကင်ကမ္ဘာတစ်ခြမ်းအား လင်းဖုန်းသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါကို အသုံးပြု၍ နယ်နိမိတ် စွမ်းအားများကို ကုစားနေခဲ့ကာ ဖြည်းဖြည်းချင်း ချိတ်ပိတ်လိုက်သည်။

တွန့်လိမ်နေသော လေဟာနယ်သည် နဂိုအတိုင်း ပြန်ဖြစ်သွားကာ ဤကမ္ဘာ၏ ပျက်စီးသွားခဲ့သော စိတ်ဝိညာဥ် စွမ်းအင် စီးဆင်းမှုမျှခြေသည် ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဤကမ္ဘာအတွင်းမှ အတွင်းဒေသများသည် မည်ကဲ့သို့မှ ပြောင်းလဲပုံ မပေါ်ကြပေ။ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါသည် လေဟာနယ်ကို ရွှေ့ပြောင်းလိုက်သောအခါ စက်လုံးအပါအဝင် အနက်ရောင် ရေအိုင်ကြီးကသာ အံ့ဖွယ် ကောင်းကင်ကမ္ဘာထံမှ ကွဲထွက်သွားကြခြင်း ဖြစ်သည်။

ကျန်သောအရာများသည် ဘာမှမပြောင်းလဲကြပဲ ယခင်အတိုင်းသာ ရှိနေကြသည်။

အစပထမတွင် လင်းဖုန်းသည် အနက်ရောင် ရေအိုင်အတွင်းမှ စိတ်ဝိညာဥ် စွမ်းအင် စီးဆင်းမှုအား ပြောင်းလဲ၍ မဟာကမ္ဘာမှ စိတ်ဝိညာဥ် စွမ်းအင်များကို အံ့ဖွယ် ကောင်းကင်ကမ္ဘာအတွင်းသို့ စီးဆင်းစေကာ အံ့ဖွယ် ကောင်းကင်ကမ္ဘာမှ စိတ်ဝိညာဥ် စွမ်းအင်များအစား ဤစက်လုံးကို ထောက်ပံ့မည်ဟုသာ ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဒါသည် တည်ငြိမ်ခြင်း မရှိပေ။ ထို့အပြင် လင်းဖုန်းသည် အချိန်နှင့် လုံ့လများကို စိုက်ထုတ်ကာ စောင့်ကြည့်နေရမည် ဖြစ်သည်။ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါကလည်း ဤစက်လုံး ရင့်ကျက်လာသည်အထိ အံ့ဖွယ် ကောင်းကင်ကမ္ဘာတွင် နေနေခဲ့ကာ ထောက်ပံ့နေရမည် ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် အရာအားလုံးသည် တစ်ကွက်ထဲနှင့် ပြီးဆုံးသွားခဲ့လေပြီ။ ဘေးထွက်ဆိုးကျိုးများလည်း မရှိပေ။ အနက်ရောင် ရေအိုင်နှင့် စက်လုံးတို့သည် အံ့ဖွယ် ကောင်းကင်ကမ္ဘာမှ ကွဲထွက်ကာ ယုကျင်းတောင် အပေါ်တွင် မှီခို၍ မဟာကမ္ဘာမှ စိတ်ဝိညာဥ် စွမ်းအင်များကို ရရှိနိုင်ခဲ့သည်။

အံ့ဖွယ် ကောင်းကင်ကမ္ဘာသည်လည်း သီးသန့်ဖြစ်သွားကာ ကျန်သော အလယ်ကမ္ဘာများနှင့် ဘာမှ မကွဲပြားတော့ပေ။ သူသည် သူ့လမ်းကြောင်းနှင့်သူ နဂိုရှိရမည့် နည်းလမ်းအတိုင်း ဆောင်ရွက်သွားနိုင်ခဲ့သည်။

အံ့ဖွယ် ကောင်းကင်ကမ္ဘာ၏ ပျက်စီးသွားသော နယ်နိမိတ် စွမ်းအားများသည် ပြန်လည် တည်ငြိမ်လာခဲ့သောအခါ လင်းဖုန်းသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါအား ပြန်လည်ရုပ်သိမ်းလိုက်သည်။

အံ့ဖွယ် ကောင်းကင်ကမ္ဘာအတွင်းတွင် လင်းဖုန်းက ရယ်လိုက်၏။ "မင်းကို ကျေးဇူးတင်ရမယ်"

သူ၏စကားဆုံးသည်နှင့် လင်းဖုန်းသည် အံ့ဖွယ် ကောင်းကင်ကမ္ဘာအတွင်းမှ ထွက်ခွာလာခဲ့သည်။ သူ၏အပေါ်တွင် ကြည်လင်သော အလင်းတန်းများက လင်းလက်လာခဲ့ကာ ယုကျင်းတောင်သည် ဟင်းလင်းပြင် အတွင်းမှ နေ ပျောက်ကွယ်သွားခဲ့၏။

ရွှမ်းလီသည်လည်း လင်းဖုန်း၏ အနောက်သို့ ပြန်ရောက်သွားခဲ့သော်လည်း သူမ၏ ဓားဝိညာဥ်သည် ရန်သူအား ပစ်မှတ်ထားနေဆဲ ဖြစ်သည်။

အနက်ရောင် တိမ်တိုက်များ အတွင်းမှ ပုံရိပ်သည် ခေတ္တမျှ ငြိမ်သက်သွားကာ ပြောလိုက်၏။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်၊ ကောင်းလိုက်တဲ့ အကွက်"

"ဟိုအနက်ရောင် ပင်လယ်က ဒီအလယ်ကမ္ဘာက လာခဲ့တာဖြစ်ပြီး အရာများစွာကို ပိုင်ဆိုင်ထားတယ်။ သူ့ဆီမှာ ကြမ္မာပန်းတိုင် အဆင့်က မှော်ရတနာ တစ်ပါးရဲ့ အော်ရာတွေကိုတောင် ခံစားနေရတယ်" ထိုလူသည် စိတ်ဝင်တစားဖြင့် လင်းဖုန်းနှင့် ယုကျင်းတောင်အား ကြည့်နေခဲ့သည်။

လင်းဖုန်းသည် သူ့အား ကြည့်လိုက်ကာ ပြောလိုက်သည်။ "ခင်ဗျားရဲ့ စာအုပ်မှာလည်း ကြမ္မာပန်းတိုင် အဆင့်က မှော်ရတနာ တစ်ပါးရဲ့ အော်ရာတွေ ပါနေတယ်။ ကျုပ်ကလည်း စိတ်ဝင်စားတယ်"

စကားပြောနေရင်းနှင့် သူသည် ရွှမ်းလီ၏ အနောက်မှ ဓားအိမ်အား ပုတ်လိုက်ရာ ရွှမ်းလီသည် ဓားအိမ်နှင့် ပေါင်းစည်းသွားခဲ့သည်။ လင်းဖုန်းသည် ကောင်းကင်ဖျက်ဆီး ဓားကို ထုတ်ယူလိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူနှင့် အနက်ရောင် အလင်းတန်းများ လင်းလက်လာခဲ့၍ ကောင်းကင်ဖျက်ဆီး ဓား၏ အပေါ်တွင် အလွှာတစ်ခုအဖြစ် ဖုံးအုပ်သွားခဲ့သည်။

လေဟာနယ်တွင် သီဆိုသံများက လွင့်ပျံနေကြသည်။ လင်းဖုန်းသည် သူ၏ဓားကို ဝှေ့ယမ်းလိုက်ရာ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း ပါဝင်နေသည့် ကောင်းကင်ဖျက်ဆီး ဓားအလင်းတန်း တစ်ခုသည် ကောင်းကင်ကို ထိုးဖောက်၍ အလင်းတန်း တိမ်တိုက်အား ဖြတ်တောက်ခဲ့သည်။

အနက်ရောင်တိမ်တိုက် အတွင်းမှ ပုံရိပ်သည် သူ၏အရှေ့မှ စာအုပ်အား ပုတ်လိုက်ကာ စာအုပ်က တစ်ဖျတ်ဖျတ်နှင့် လှန်သွားခဲ့သည်။ ထိုကဲ့သို့ လှန်နေရင်း ကမ္ဘာငယ်ပေါင်း များစွာတို့က ထွက်လာခဲ့ကာ တစ်ခုနှင့်တစ်ခု ထပ်သွားကြ၏။ သူတို့သည် အရံအတား တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့ကာ လင်းဖုန်း၏ ဓားအလင်းတန်းကို တားဆီးလိုက်ကြသည်။

ဘုန်းကနဲ မြည်သံနှင့်အတူ အရံအတားသည် ကျိုးပျက်သွားခဲ့၍ ဓားအလင်းတန်းက ကွယ်ပျောက်သွားခဲ့သည်။ ထိုကဲ့သို့ ထိပ်တိုက်တွေ့ဆုံမှုမှ ထွက်လာသော လှိုင်းလုံးများသည် ကျယ်ပြန့်သွားခဲ့ကာ ဟင်းလင်းပြင် လေဟာနယ် တစ်ခုလုံးအား ရိုက်ခတ်သွားခဲ့သည်။

မဟာယာန အဆင့်မှ မှော်ရတနာ တစ်ခုဖြစ်သော ဝင်ရိုးစွန်းနှစ်ဘက် တောင်ထိပ်ကပင် ထိုလှိုင်းလုံးများကို အလေးအနက် သဘောထားကာ ရင်ဆိုင်ခဲ့ရသည်။

ယုကျင်းတောင်သည် အလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်ကာ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါနှင့် ဆက်သွယ်သွားခဲ့သည်။ သူတို့သည် ထိုလှိုင်းလုံးများကို အဝေးသို့ လမ်းလွှဲပေးလိုက်သည်။

ယုကျင်းတောင်က အကာအကွယ် အနေနှင့် ရှိနေသဖြင့် လင်းဖုန်းသည် ရန်သူနှင့် တိုက်ခိုက်ရာတွင် အံ့ဖွယ် ကောင်းကင်ကမ္ဘာ ပျက်စီးသွားမည်ကို စိတ်ပူနေစရာ မလိုနေခဲ့ပေ။

ထိပ်တိုက်တွေ့ဆုံပြီးသွားသောအခါ စာရွက်တစ်ဝက်သည် လေဟာနယ် အတွင်းတွင် လွင့်ပျံလာခဲ့သည်။ အလင်းတန်း တစ်ခုက စာရွက်ကို နှစ်ပိုင်းပိုင်းခဲ့သကဲ့သို့ ဖြစ်နေပြီး လင်းဖုန်းက အနိုင်ရသွားသည်ကို ဖော်ပြနေခဲ့သည်။

ထိုထိပ်တိုက်တွေ့ဆုံမှုကြောင့် အနက်ရောင် တိမ်တိုက်များက လွင့်ပြယ်သွားခဲ့ကာ အနက်ရောင် ဓာတ်ငွေ့များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူတို့သည် လေဟာနယ် အတွင်းတွင် ပျံ့လွင့်နေခဲ့ကာ မကြာမီတွင် ကွယ်ပျောက်သွားကြသည်။

"တကယ်လို့ငါက အနက်ရောင် ပင်လယ်အထဲက ရတနာကို ရယူနိုင်ခဲ့ရင် သူ့ကို အသုံးပြုပြီးမှ သေခြင်းနဲ့ ရှင်ခြင်း စာအုပ်ကို ကျင့်ကြံနိုင်မှာ ဖြစ်တယ်။ ဒါဆိုရင် သူ့ကို အောင်မြင်စွာနဲ့ သန့်စင်နိုင်ပြီး ကြမ္မာပန်းတိုင် အဆင့်က မှော်ရတနာ အစစ်အမှန်တစ်ခု ဖြစ်လာနိုင်မယ်။ သူက ကြမ္မာပန်းတိုင် အဆင့်ထဲမှာတောင် အကောင်းဆုံးတွေအထဲမှာ တစ်ခုဖြစ်လာနိုင်တယ်"

လေးနက်သော အသံတစ်ခုက လေဟာနယ် အတွင်းတွင် စူးရှစွာနှင့် ပဲ့တင်ရိုက်လာခဲ့သည်။

လင်းဖုန်းက ရယ်လိုက်၏။ "တကယ်လို့ ပြောင်းပြန်လှန်လိုက်ရင် သဘောတရားက အတူတူပဲ"

သူ၏လက်ကို ဆန့်တန်းလိုက်ကာ စုတ်ပြဲသွားသော စာရွက်ကို လှမ်းယူလိုက်သည်။ ထိုစာရွက်ပြဲသည် ကြမ္မာပန်းတိုင်၏ သိပ်သည်းသော အော်ရာတို့ကို ဖော်ပြနေခဲ့ကာ တုန်ခါနေသော စွမ်းအားကြီးသည့် အားတစ်ခုကို ဖော်ပြနေခဲ့သည်။

သူသည် စုတ်ပြဲသွားခဲ့သော်လည်း သူ၏အတွင်းမှ စွမ်းအားသည် သာမန် မှော်ရတနာ တစ်ခု၏ အပေါ်တွင် ရှိနေခဲ့သည်။

"အနက်ရောင် ပင်လယ်နဲ့ စက်လုံးတို့ ရောက်လာတော့ ယုကျင်းတောင်က ပတ်ဝန်းကျင်အသစ် ဖြစ်သွားခဲ့တယ်။ ဒါကြောင့် ငါ့ရဲ့ အင်မော်တယ်ဝိညာဥ်နဲ့ မပေါင်းစပ်နိုင်ခဲ့ဘူး။ မဟုတ်လို့ရှိရင် ငါကသူ့ကို ဒီနေရာမှာ ထားထားနိုင်တယ်" လင်းဖုန်းက သူ၏ခေါင်းကို ခါလိုက်ကာ ထိုစာရွက်တစ်ဝက်ကို ဖိနှိပ်ထားလိုက်သည်။ "ဒါပေမဲ့ ဒါလေးက ငါအတွက် ဝမ်းသာစရာကောင်းတဲ့ အံ့ဩမှု တစ်ခုဖြစ်တယ်"

သူသည် ထိုစာရွက်အတွင်းမှ စွမ်းအား သဘောတရားအား သုံးသပ်နေခဲ့ကာ ရွှမ်းလီအား ရင်ဆိုင်ခဲ့သည့် အချိန်တွင် ထိုသူ အသုံးပြုခဲ့သော တာအိုသစ်သီးကို ပြန်စဥ်းစားလိုက်သည်။ ထိုမှတဆင့် သူသည် သေမင်းခန်းမ၏ ကျင့်ကြံမှုကို ပို၍နက်ရှိုင်းစွာ နားလည်နိုင်ခဲ့၏။

လင်းဖုန်းသည် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုအား ဖော်ပြလိုက်သည်။ "သူ့ကိုကြည့်ရတာ သေမင်းခန်းမရဲ့ ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်။ သူက သေမင်းခန်းမရဲ့ ခေါင်းဆောင်တောင် ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ သူ့ရဲ့ မပြီးဆုံးသေးတဲ့ မှော်ရတနာက တခြားသူ တစ်ယောက်ရဲ့ ပစ္စည်းဖြစ်တယ်"

"စိတ်ဝင်စားစရာပဲ၊ တကယ့်ကို စိတ်ဝင်စားစရာပဲ"

လင်းဖုန်းသည် သူ၏ အင်္ကျီလက်ဝကို ဝှေ့ယမ်းလိုက်ကာ ရွှမ်းလီနှင့် ဝင်ရိုးစွန်းနှစ်ဘက် တောင်ထိပ်တို့ကို အံ့ဖွယ် ကောင်းကင်ကမ္ဘာအတွင်းသို့ ပြန်ခေါ်လိုက်သည်။ သူသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါအား အသုံးပြု၍ အံ့ဖွယ် ကောင်းကင်ကမ္ဘာ၏ နယ်နိမိတ် စွမ်းအားတို့အား လျှင်မြန်စွာနှင့် ပြန်လည်တည်ငြိမ်လာစေရန် ကုစားလိုက်၍ အပြည့်အဝ ချိတ်ပိတ်လိုက်၏။

ရှီကျုံးထျန်း၊ ပါရမီ ဇန်မာစတာနှင့် ကျန်သောသူများတို့သည် ဤအလယ်ကမ္ဘာ၏ စိတ်ဝိညာဥ် စွမ်းအင် စီးဆင်းမှုများကို အသေအချာ ခံစားလိုက်ကြသည်။ ယခုအချိန်တွင် အံ့ဖွယ် ကောင်းကင်ကမ္ဘာ၏ စိတ်ဝိညာဥ် စွမ်းအင် စီးဆင်းမှုသည် လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သတ္တုတွင်းများနှင့် ဆေးတောင်ကြားတို့မှ စိတ်ဝိညာဥ် စွမ်းအင် ယိုယွင်းနေမှုများသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

အံ့ဖွယ် ကောင်းကင်ကမ္ဘာအား ခြိန်းခြောက်နေခဲ့သော ပြဿနာသည် ပြေလည်သွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်မှစ၍ အံ့ဖွယ် ကောင်းကင်ကမ္ဘာသည် အခြား အလယ်ကမ္ဘာများကဲ့သို့ ဖြစ်သွားတော့မည် ဖြစ်သည်။

အရင်းအမြစ်များနှင့် ဆေးပင်များကို အလွန်အကျွံ တူးဖော်ြခင်းမပြုပဲ သတ္တုတွင်းများနှင့် ဆေးတောင်ကြားတို့၏ အခြေအနေများကို ထိန်းသိမ်းထားနိုင်ခဲ့လျှင် သူတိုသည် အချိန်အကြာကြီး အသုံးပြု၍ ရမည်ဖြစ်သည်။

အံ့ဖွယ် ကောင်းကင်ကမ္ဘာသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ အခြေခံအုတ်မြစ် ဖြစ်လာတော့မည် ဖြစ်၏။ သူသည် အနာဂတ်တွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား စွမ်းအားများတိုးတက်လာစေရန် အရင်းအမြစ် ပစ္စည်းများကို ထောက်ပံ့နိုင်မည် ဖြစ်သည်။

လင်းဖုန်းနှင့် ပတ်သတ်၍ ရှီကျုံးထျန်းသည် အစပထမတွင် ရှီထျန်းဟောင်၏ ဖော်ပြချက်များကိုသာ နားထောင်ခဲ့ရခြင်း ဖြစ်သည်။ အနက်ရောင် ရေအိုင်အတွင်းသို့ ဆင်းသက်သော အခါမှသာ ကောင်းကင်သယ်ဆောင် ဧကရာဇ်နှင့် တွေ့ဆုံခဲ့ကာ ပို၍ကောင်းကောင်း သိလာခဲ့သည်။

သူ၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်၏ စွမ်းအားများကပင် သူ့အား ထိတ်လန့်စေရန် လုံလောက်နေသည်။ သူကိုယ်တိုင်က ဘာမှပင် လုပ်စရာ မလိုခဲ့ပေ။

လင်းဖုန်းသည် စက်လုံးအား အံ့ဖွယ် ကောင်းကင်ကမ္ဘာအတွင်းမှ ခွဲခြားလိုက်သောအခါ ရှီကျုံးထျန်းသည် လင်းဖုန်း၏ နည်းလမ်းများကို လေ့လာနိုင်ခဲ့သည်။

ရန်သူက တိုက်ခိုက်လာခဲ့သော အချိန်တွင် သူသည် လင်းဖုန်း၏ လက်အတွင်းမှ ဓားတစ်ချောင်း ဖြစ်သွားကာ သူ့အား ကူညီသလိုပင် ဖြစ်သွားခဲ့သည်။

ရှီကျုံးထျန်းက သူ့ကိုယ်သူ တွေးနေခဲ့၏။ "ငါက မှော်ရတနာ သန္ဓေလောင်းနဲ့ အံ့ဖွယ် ကောင်းကင်ကမ္ဘာက အရင်းအမြစ်တွေရဲ့ ဒွိဟပွားစရာ ပြဿနာကို ဘယ်လိုမျိုး ဖြေရှင်းရမလဲလို့ တွေးနေခဲ့တာ။ ငါက ဒီလိုမျိုး ရလဒ်မျိုးကို ထင်မထားခဲ့ဘူး။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်က အဲ့ဒီကတည်းက ဘယ်လိုလုပ်ရမလဲဆိုတာကို သိထားခဲ့လို့ ယုံကြည်နေခဲ့တာ နေမှာ"

"ကျုပ်တို့က အရှက်ရမိပါတယ်" ဝင်ရိုးစွန်းနှစ်ဘက် တောင်ထိပ်နှင့် ပါရမီ ဇန်မာစတာတို့သည် တစ်ချိန်တည်းတွင် ပြောလိုက်ကြသည်။ "ကျွန်တော်တို့ရဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မလား ဆိုတာကို မသေချာပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"

လင်းဖုန်းက သူ၏ခေါင်းကို ခါလိုက်ကာ ရယ်လိုက်သည်။ "စိတ်မပူပါနဲ့။ ကျုပ်ကလည်း ရှိနေမှာပါ"

သူ၏ခေါင်းကို လှည့်လိုက်ကာ မျက်မဲ့အား ကြည့်လိုက်၏။ "မင်းကရော ဘယ်လိုလဲ။ မင်းက ဒီနေရာမှာ နေမလား၊ ငါနဲ့ ယုကျင်းတောင်ကို လိုက်ပြန်မလား"

ခေတ္တမျှ ငြိမ်သက်သွားပြီးနောက်တွင် လင်းဖုန်းက ဆက်ပြောလိုက်သည်။ "မင်းနေခဲ့တဲ့ အနက်ရောင် ရေအိုင်က အခုအချိန်မှာ ပင်လယ်တစ်ခု ဖြစ်သွားပြီ။ သူက ငါ့ရဲ့တောင်ခြေကို ရောက်သွားခဲ့ပြီ"

"ဒီကနေ့ကစပြီး သူ့ကို ယင်ယန်ပင်လယ်လို့ ခေါ်ရမယ်။ သူက ယုကျင်းတောင်နဲ့ တစ်သားတည်း ဖြစ်သွားခဲ့ပြီ"

"မျက်မဲ့သည် ခေတ္တမျှ စဥ်းစားလိုက်ကာ ပြန်ဖြေလိုက်၏။ "ကျွန်တော်က မျိုးနွယ်တူငါးတွေကို လမ်းညွှန်ပေးချင်သေးတယ်။ အဲ့ဒီတော့ ယုကျင်းတောင်ကို ပြန်လိုက်ခဲ့ပါမယ်"

လင်းဖုန်းက ရယ်လိုက်သည်။ "ဒါဆိုရင်လည်း သွားကြစို့"

ယုကျင်းတောင်သို့ ပြန်လာအပြီးတွင် သူသည် အနက်ရောင် ပင်လယ်အား ကြည့်လိုက်ကာ တွေးလိုက်သည်။ "ယင်ယန်ပင်လယ်ရဲ့ စွမ်းအားဟာ ဟိုမှော်ရတနာ သန္ဓေလောင်းကို အားဖြည့်ပေးနိုင်ရုံတင် မကဘူး။ ယင်နှင့်ယန်တို့က အတူအကွ ပေါင်းစည်းနေနိုင်တဲ့အတွက် ယုကျင်းတောင်ရဲ့ အပေါ်မှာလည်း အရမ်းကို အကျိုးရှိစေနိုင်တယ်။ ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်ရတဲ့ အတိုင်းပဲ။ ကောင်းတယ်၊ အရမ်းကောင်းတယ်"

အံ့ဖွယ် ကောင်းကင်ကမ္ဘာ၏ ပြဿနာကို ဖြေရှင်းသွားပြီးသောအခါ လင်းဖုန်းသည် နေထိုင်၍ ကောင်းနေခဲ့သော်လည်း တစ်စုံတစ်ခုက သူ့အား ထူးခြားသလို ခံစားနေစေခဲ့သည်။

သေမင်းခန်းမသည် စက်လုံး၏ တည်ရှိနေမှုကို သိသွားပြီဖြစ်၍ လင်းဖုန်းသည် သူတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ပြဿနာရှာရန် ပြင်ပကမ္ဘာသို့ သတင်းဖြန့်မည်ဟု တွေးထားခဲ့သည်။ လင်းဖုန်းသည် ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းကိုပင် ဆွဲထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း မည်သူကသိမည်နည်း၊ အချိန်များက ကုန်လွန်သွားခဲ့သော်လည်း အားလုံးတို့သည် ငြိမ်သက်နေဆဲ ဖြစ်သည်။

Continue Reading

You'll Also Like

10.7K 1.1K 74
အဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြို...
87.4K 11.7K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
48.2K 5.3K 93
စုပင်းတစ်ယောက် အိပ်နေရင်း သူနေထိုင်တဲ့ ကမ္ဘာထက်ပိုအဆင့်မြင့်တဲ့ အခြားကမ္ဘာတစ်ခုကို ကူးပြောင်းရောက်ရှိသွားပြီး ထိုကမ္ဘာသည် နည်းပညာမြင့်သော်လည်း ကြယ်တ...
11.3K 849 40
အညွန်း.. ဖျက်ဆီးခြင်း နတ်ဘုရား တစ်ပါးဖြစ်တဲ့ ချန်ပေ ကအလွန်တရာကို ပျင်းရိလှတာကြောင့် အပျင်းပြေ သေမျိုးလောက ထဲကို ဝင်ရောက်ခြေဆန့်ရာကနေ ပုံပြင်ဒဏ္ဍာရီတစ...