ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.9K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ

326 44 0
By KazunoMora

စာစဥ်၃၄ : အပိုင်း ၂

အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ

"အလင်းတန်း ပင်လယ်အတွင်းကို ဝင်ရောက်ခြင်းဟာ အသက်ရှည်ခြင်းကို ပေးစွမ်းနိုင်ပေမဲ့ ကျုပ်က တစ်သက်လုံး ထွက်ခွာလို့ မရတော့ဘူး။ ကျုပ်ထွက်သွားတာနဲ့ တပြိုင်နက် ကျုပ်က ပြာမှုန်တွေ ဘဝကို ပြောင်းသွားလိမ့်မယ်။ ဒီလိုမျိုး အသက်ရှည်ရခြင်းဟာ ကျုပ်လိုချင်တဲ့ အသက်ရှည်ခြင်းမျိုး မဟုတ်ဘူး"

လင်းဖုန်းသည် သူ၏အရှေ့မှ မျက်မဲ့ငါး၏ စကားများကို နားထောင်၍အပြီးတွင် သူ့အား ကြည့်လိုက်ကာ သက်ပြင်းဖွဖွလေး တစ်ချက်အား ချလိုက်သည်။

အသက်နှင့် လွတ်လပ်မှုတွင် မည်သည်ကပို၍ အရေးကြီးပါသနည်း။ ဤကဲ့သို့သော ဒွိဟဖြစ်ဖွယ် ဆုံးဖြတ်ချက်ကို ချလိုက်အပြီးတွင် အနာဂတ်တွင် နောင်တမရဟု မည်သူက ပြောနိုင်မည်နည်း။

လင်းဖုန်းက မေးလိုက်သည်။ "မင်းမှာနာမည် ရှိသလား"

မျက်မဲ့ငါးက ခေတ္တမျှ ငြိမ်သက်သွားခဲ့ပြီး သူ၏ခေါင်းကို ညိတ်လိုက်သည်။ "သူကကျုပ်ကို မျက်မဲ့လို့ခေါ်တယ်"

မျက်မဲ့၏ စကားအတွင်းမှ 'သူ'ဆိုသောသူမှာ အလင်းတန်း ပင်လယ်အတွင်းမှ စက်လုံးကို ဆိုလိုနေခြင်း ဖြစ်သည်။

လင်းဖုန်းနှင့် ရှီကျုံးထျန်းတို့သည် ဉာဏ်အလင်းများ ပွင့်သွားကြသည်။ ဤစက်လုံးသည် မှော်ရတနာ သန္ဓေလောင်းအဖြစ်သို့ မရောက်ခဲ့သေးသော်လည်း သူ့တွင် သူ၏ကိုယ်ပိုင် စိတ်ဝိညာဥ် အသိစိတ်များ ရှိနေနိုင်ပြီ ဖြစ်သည်။ သူသည် ဝေဝါးနေသေး၍ မကြာခဏ မပေါ်လာသေးသော်လည်း သူ့တွင် ကိုယ်ပိုင်ကမ္ဘာတစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။

သူသည် မရင့်ကျက်သေးသော်လည်း သူ့တွင် ကြမ္မာပန်းတိုင်၏ အော်ရာများ ရှိနေသည်။ သူသည် ဟင်းလင်းပြင် လျှပ်စီးကပ်ဘေးများကို ဆင့်ခေါ်နိုင်စွမ်း ရှိသည်။ ဤစက်လုံး၏ တည်ရှိနေမှုကြောင့ မျက်မဲ့သည် ဟင်းလင်းပြင် လျှပ်စီးကပ်ဘေးအား ကျော်လွှားနိုင်ခဲ့ကာ မိစ္ဆာဝိညာဥ်ကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မျက်မဲ့ကလည်း ဆက်လက်ကျင့်ကြံနိုင်ခဲ့ကာ နောက်ဆုံးတွင် မသေဝိညာဥ်ကို ဖန်ဆင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သော မှော်ရတနာ သန္ဓေလောင်း၏ စိတ်ဝိညာဥ် အသိစိတ်သည် မကြာခဏ ပေါ်လာလေ့ မရှိပေ။ အကယ်၍ လင်းဖုန်းနှင့် ရှီကျုံးထျန်းတို့သည် အနက်ရောင် ငါးများ အနည်းငယ်ကို ဖမ်းယူသွားခဲ့လျှင် သို့မဟုတ် အံ့ဖွယ် ကောင်းကင်ကမ္ဘာမှ ဤအနက်ရောင် ရေအိုင်အတွင်းသို့ ဝင်ရောက်ခဲ့လျှင် ထိုစက်လုံးသည် သူတို့အား ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း လင်းဖုန်းက ထိုအနက်ရောင် ငါးများကို အလင်းတန်း ပင်လယ်ထံသို့ ကူးခတ်လာခြင်းအား ဟန့်တားခဲ့လျှင် သို့မဟုတ် အံ့ဖွယ် ကောင်းကင်ကမ္ဘာအား ဖျက်ဆီးရန် ကြိုးစားလိုက်မှသာ ထိုစက်လုံးက လှုပ်ရှားလိမ့်မည် ဖြစ်သည်။

ဤကဲ့သို့သော ကိစ္စကြီးကြီးမားမား ဖြစ်ပေါ်မှသာ စက်လုံးက တုံ့ပြန်မည် ဖြစ်သည်။

သို့သော်လည်း မျက်မဲ့မှာ အတန်ငယ် ထူးခြားနေ၏။ သူသည် ထိုစက်လုံး၏ ကိုယ်ပိုင် စွမ်းရည်နှင့် ကြမ္မာပန်းတိုင်တို့အား ပထမဆုံး မေးခွန်းထုတ်သူလည်း ဖြစ်၏။ သူသည် အလင်းတန်း ပင်လယ်အတွင်းသို့ လာရောက်ရန် ငြင်းဆန်သော ပထမဆုံး ရွှေရောင်မျက်လုံးနှင့် အနက်ရောင်ငါး ဖြစ်သည်။

သူသည် ကြမ္မာပန်းတိုင် လမ်းကြောင်းမှ ခွဲထွက်သွားခဲ့သည်။

သူ၏ အပြုအမူများအား ထိုစက်လုံးက သတိပြုမိခဲ့သည်။ သို့သော်လည်း ထိုစက်လုံးသည် ဒေါသထွက်ခြင်းများ မရှိခဲ့ပေ။ ထို့အစား သူသည် မျက်မဲ့လျှောက်လိုသောလမ်းအား ကူပင် ကူညီပေးခဲ့သေးသည်။

သူသည် သွေးပူနေစဥ် ဆုံးဖြတ်ခဲ့လိုက်ခြင်းလည်း ဖြစ်နိုင်သလို သည်းခံနိုင်မှု အားကောင်း၍လည်း ဖြစ်နိုင်၏။ သူ့အတွက်မူ မျက်မဲ့အား ဤကဲ့သို့ ကူညီခဲ့ရခြင်းသည် ဘာမှ အပန်းမကြီးပေ။

တိမ်တိုက်တောအုပ် ကမ္ဘာအတွင်းတွင် တိမ်တိုက်တောအုပ် သစ်ပင်ဆယ်ပင်ကျော်တို့တွင် မဆုံးမဲ့ စိတ်ဝိညာဥ် စွမ်းအင်များ ပါရှိနေကြသည်။ သူတို့၏ အခြေခံများမှာ အလွန်ကို သန်မာ၍ အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများထက် အောက်မကျပေ။ သို့သော်လည်း ဟင်းလင်းပြင် လျှပ်စီးကပ်ဘေး မရှိသဖြင့် ထိုသစ်ပင်များသည် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် မိစ္ဆာဝိညာဥ်များကို ဖန်ဆင်းနိုင်စွမ်း မရှိခဲ့ပေ။

မျက်မဲ့သည် ထိုအလင်းတန်း ပင်လယ်ထံသို့ ကူးခတ်သွားဖူး၏။ သူသည် မသေဝိညာဥ်ကို ဖန်ဆင်းပြီးသွားပြီ ဖြစ်သဖြင့် ထိုအလင်းတန်း ပင်လယ်၏ နေရာကို သဘာဝလွန် အသိစိတ်များဖြင့် အကဲခတ်နိုင်ခဲ့သည်။

မျက်မဲ့သည် ထိုစက်လုံးအား ကြည့်လိုက်ကာ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

မသေဝိညာဥ်ကို ဖန်ဆင်းသွားအပြီးတွင် သူကသာ ဆန္ဒရှိမည် ဆိုပါက သူ၏ မျက်လုံးနှစ်လုံးကို ပြန်လည်ဖန်ဆင်းနိုင်သော်လည်း သူကမလုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။

လင်းဖုန်းက မေးလိုက်၏။ "မင်းလိုမျိုး အခြားသူတွေရော ရှိသေးလား"

"ရှိတယ်။ ကျုပ်ရဲ့ မှတ်ဉာဏ်ထဲမှာ ကျုပ်လိုမျိုး ငါးအချို့ ရံဖန်ရံခါ ပေါ်လာကြတယ်။ သူတို့က အသိဉာဏ် မြင့်မားစွာနဲ့ မွေးဖွားလာကြတယ်" မျက်မဲ့က ပြန်ဖြေလိုက်သည်။ "သူတို့အများစုက အသက်ကြီးလာတဲ့အခါ အလင်းတန်း ပင်လယ်ထံကို ကူးခတ်သွားကြပေမဲ့ အချို့က ကျုပ်ရဲ့လမ်းစဥ်ကို လိုက်လျှောက်ခဲ့ကြတယ်"

ဤအထိ ပြောပြီးသွားသော် မျက်မဲ့သည် စိတ်ဓာတ်အနည်းငယ် ကျသွားခဲ့သည်။ "နောက်ဆုံးမှာတော့ အဲ့ဒီအဖော်တွေက အားလုံးသေဆုံးသွားကြတယ်။ သူတို့က ဘဝနောက်ဆုံးအချိန်ကို ရောက်လာတဲ့ အချိန်မှာ သေဆုံးပျောက်ကွယ်သွားကြတယ်"

"ကျုပ်က ကျုပ်သိထားသမျှ အရာအားလုံးကို သူတို့ကို သင်ပေးခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျုပ်တစ်ကောင်ပဲ ကျန်နေရစ်တယ်"

လင်းဖုန်းနှင့် ရှီကျုံးထျန်းကလည်း မအံ့ဩနေခဲ့ပေ။ လူသားကျင့်ကြံမှု ကမ္ဘာအတွင်းတွင်လည်း အတူတူပင် ဖြစ်သည်။

ကမ္ဘာကြီးအတွင်းတွင် လူပေါင်းများစွာ ရှိသော်လည်း ချီသာဝက အဆင့်သို့ပင် ကျင့်ကြံနိုင်သူ အနည်းစုသာ ရှိကြသည်။ ကမ္ဘာကြီး၏ လူဦးရေနှင့် နှိုင်းယှဥ်ကြည့်လိုက်လျှင် ကျင့်ကြံသူ အရေအတွက်မှာ အနည်းငယ်မျှသာ ရှိနေခဲ့သည်။

ဤကမ္ဘာအတွင်းမှ လူအများစုသည် မကျင့်ကြံနိုင်ကြပေ။ သူတို့သည် ဘဝကို သာမန်သာ ဖြတ်သန်းနေကြရင်း ဆယ်စုနှစ်ပေါင်းအချို့ ကြာပြီးသွားသောအခါ ကွယ်လွန်သွားကြသည်။

ချီသာဝကနှင့် အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံသူများမှာလည်း အတူတူသာ ဖြစ်သည်။ သူတို့သည် နှစ်ပေါင်းရာနှင့်ချီ၍ အသက်ရှင်နိုင်မည် မဟုတ်ပေ။

ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူများသည် အသက်တစ်ထောင် နေနိုင်ကြ၏။ သာမန်လူနှင့် ယှဥ်လိုက်လျှင် သူတို့သည် အင်မော်တယ်ဟု ထင်နေရသော်လည်း ကမ္ဘာကြီးနှင့် ယှဥ်လိုက်လျှင် သူတို့သည် မကြာမီ ပျောက်ကွယ်သွားတော့မည့် ဖုန်မှုန့်လေး တစ်စသာ ဖြစ်သည်။

အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်သည် နှစ်ပေါင်း ၃၆၀၀ နေနိုင်သည်။ သူတို့၏ ရှည်လျားလှသော သက်တမ်းအတွင်းတွင် သူတို့သည် ကြီးမြတ်သော အရာများစွာတို့ကို ပြုလုပ်နိုင်သည်။

အလင်းတန်း ပင်လယ်အတွင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြသော ငါးများသည် သူတို့၏ အသက်ပုံစံကို ပြောင်းလဲနိုင်ခဲ့ကာ အလင်းတန်း ပင်လယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားကြ၏။ သူတို့သည် အလင်းတန်း ပင်လယ်အတွင်းမှ ထွက်ခွာခဲ့ပါက အမှုန့်ဖြစ်သွားကြမည် ဖြစ်သည်။ သို့သော်လည်း မထွက်ခွာပါက သူတို့သည် အသက်ဆက်ရှင်နိုင်ကြသည်။

သူတို့၏ အသိစိတ်နှင့် မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားရခြင်းသည် အသက်ရှင်နေခြင်းနှင့် ဘာမှမခြားပေ။ ထိုစက်လုံး၏ ကာကွယ်မှုအောက်တွင် ထိုငါးများသည် အင်မော်တယ်အလား ဖြစ်နေခဲ့၏။

အကယ်၍ အလင်းတန်းစက်လုံးသည် ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာ တစ်ပါး ဖြစ်လာခဲ့မည် ဆိုလျှင် သူသည် ကောင်းကင်နှင့် မြေကြီးတို့က ပျက်စီးသွားသော်လည်း ဆက်လက်ရှင်သန်နိုင်မည် ဖြစ်သည်။ သူ၏ ကာကွယ်မှုအောက်တွင် ထိုငါးများသည် နောက်တစ်ခတ်တိုင်အောင် အသက်ဆက်ရှင်နိုင်မည် ဖြစ်ကာ အင်မော်တယ်များ ဖြစ်လာနိုင်သည်။

သူတို့သည် ကျင့်ကြံစရာ မလိုပဲ ကပ်ဘေးများကို ကျော်လွှားကာ အဆင့်များကို မြှင့်တင်နေရန်လည်း မလိုပေ။ သူတို့သည် ထိုအလင်းတန်း ပင်လယ်အတွင်းတွင်သာ နေရန်သာလိုသည်။

သူတို့နှင့် စာလိုက်လျှင် မျက်မဲ့သည် အနည်းငယ် ရူးမိုက်သည်ဟု ဆိုရမည်။ သူသည် သက်တောင့်သက်သာ ရှိသော ထာဝရဘဝကို စွန့်လွှတ်ခဲ့ကာ ချုပ်နှောင်မှုများ ကင်းမဲ့သော ကိုယ်ပိုင်ဘဝကိုသာ ရွေးချယ်ခဲ့သည်။

"အလင်းတန်း ပင်လယ်ရဲ့ အကာအကွယ် မရှိရင် အန္တရာယ်နဲ့ အနှောင်အဖွဲ့တွေ များစွာရှိကြတယ်။ အနှောင်အဖွဲ့တွေ ရှိနေရင် လွတ်လပ်တယ်လို့ ခေါ်လို့ဘယ်ရမလဲ" မျက်မဲ့က တီးတိုးရေရွတ်လိုက်၏။ "ဒါပေမဲ့ ကျုပ်က ဒါဟာ ကျုပ်ရဲ့ ရွေးချယ်မှုဖြစ်ပြီး ကျုပ်မျိုးနွယ်စုတွေရဲ့ ကံကြမ္မာအတိုင်း မလိုက်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ဒါက ကျုပ်ကြိုးစားလျှောက်လှမ်းနေတဲ့ လွတ်လပ်မှုလမ်းကြောင်း ဖြစ်တယ်"

"ကျုပ်ရဲ့အဖော်အချို့ဟာ အခက်အခဲတွေကို မကျော်လွှားနိုင်တဲ့အတွက် နောက်ဆုံးမှာ လက်လျှော့လိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်"

"ဒါပေမဲ့ မျက်လုံးနဲ့ စွမ်းအားတွေ မရှိတော့ သူတို့ဟာ အလင်းတန်း ပင်လယ်အတွင်းကို ဝင်နိုင်စွမ်း မရှိခဲ့ကြဘူး။ သူတို့ဟာ သူ့အနီးကို ရောက်တာနဲ့ လောင်ကျွမ်းသွားကြတယ်။ တစ်ချို့ဆိုရင် အငွေ့ပါ ပျံသွားကြသေးတယ်"

"ဒါကြောင့် တချို့အဖော်တွေဟာ ကျုပ်ကို စတင်ကျိန်ဆဲလာကြတယ်။ ကျိန်ဆဲနေရင်းကပဲ သူတို့ဟာ တဖြည်းဖြည်း အသက်ကြီးရင့်လာကြပြီး သေဆုံးသွားကြတယ်"

မျက်မဲ့မှာ တွေတွေကြီး ဖြစ်နေခဲ့သည်။ "ကျုပ်ကလည်း ဒီလိုမျိုး အဖော်တွေကို တွေ့ရတော့ ဘာမှ ရွေးချယ်ခွင့် မရှိတော့ဘူး။ သူတို့မသေခင်မှာ ကျုပ်က သူတို့ကို မျိုချလိုက်ပြီး ကျုပ်ရဲ့ စွမ်းအားတွေနဲ့ သူတို့ကို အားဖြည့်ထားပေးခဲ့တယ်။ ဒါက အချိန်အနည်းငယ် ဆွဲထားပေးနိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အသက်ကြီးရင့်လာပြီး သေကြရတာပါပဲ"

"ကျုပ်က အခြားသူတွေကို နောက်ထပ်ရွေးချယ်ခွင့်တစ်ခု ရှိသေးတယ်လို့ ပြောချင်နေခဲ့ပေမဲ့ ဆက်ပြီးမှ မပြောရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အားလုံးဟာ ကျုပ်လိုဖြစ်မယ်လို့ အာမခံချက် မပေးနိုင်လို့ပဲ။ ဒီလိုမျိုးဆိုရင် သူတို့က အလင်းတန်း ပင်လယ်ဆီကို သွားရောက်ပြီး အင်မော်တယ်ဘဝကို ရနိုင်ကြရင်လည်း မဆိုးပါဘူး"

လင်းဖုန်းက သူ၏လက်ဝါးများကို ဖွင့်လိုက်ရာ ခရမ်းရောင် တိမ်တိုက် ကောင်းကင်ကမ္ဘာငယ် တစ်ခုက ပေါ်လာခဲ့သည်။ ထိုကမ္ဘာအတွင်းတွင် ဇူရီ၊ ရှီထျန်းဟောင်၊ ယန်ချင်နှင့် ထွမ်းထွမ်းတို့မှာ တိတ်ဆိတ်ငြိမ်သက်နေကြ၏။

ဖြစ်စဥ်တစ်လျှောက်လုံးတွင် လင်းဖုန်း၏ သဘာဝလွန် အသိစိတ်၏ ထိန်းချုပ်မှုဖြင့် သူတို့အားလုံးတို့သည် အပြင်တွင် ဘာဖြစ်နေသည်ကို တွေ့နိုင်ကြ၏။ လင်းဖုန်းသည် မျက်မဲ့နှင့် ဆက်သွယ်နေစဥ်တွင် ဘာပြောနေသည်ကို သိရအောင် လုပ်ထားပေးခဲ့သည်။

မျိုးနွယ်စုများ၏ လမ်းကြောင်းအတိုင်း မလိုက်ပဲ ထာဝရ အသက်ရှင်နေနိုင်မည့် အခွင့်အရေးကို စွန့်လွှတ်ကာ အကန့်အသတ်များသော ပတ်ဝန်းကျင်တွင်သာ နေထိုင်ခဲ့သည်။

အတိုင်းအတာ တစ်ခုအနေနှင့် မျက်မဲ့သည် မသိစိတ်ကို လွန်ဆန်နေခဲ့ခြင်း ဖြစ်သည်။ မသိစိတ်၏ အတွင်းမှ အခြေခံအကျဆုံးသော အရာဖြစ်သည်။

အသက်ကိုရှာဖွေလိုသော မသိစိတ်။

ဇူရီနှင့် ကျန်သောသူများသည် ဤကိစ္စကို အလေးအနက် စဥ်းစားနေကြသည်။ စက်လုံး၏ တည်ရှိနေမှုကြောင့် ရွှေရောင်မျက်လုံးနှင့် အနက်ရောင် ငါးများ၏ ကံကြမ္မာသည် လူသားကျင့်ကြံမှု ကမ္ဘာနှင့် ဆင်တူနေခဲ့သည်။

အကယ်၍ လူသားများသည် မကျင့်ကြံခဲ့လျှင် သူတို့၏ သက်တမ်းသည် အကန့်အသတ် ရှိမည်ဖြစ်သည်။ သူတို့သည် ဘဝနောက်ဆုံးအချိန်သို့ ရောက်သွားသောအခါ သေဆုံးသွားကြမည် ဖြစ်၏။ သူတို့က ကျင့်ကြံမှုများ ပြုလုပ်နေရခြင်းသည် အသက်ရှည်လိုသော ဆန္ဒရှိခြင်းကြောင့် ဖြစ်သည်။

ဤရွှေရောင်မျက်စိနှင့် အနက်ရောင် ငါးများမှာမူ အသက်ရှည်နိုင်ဖို့ ကြိုးစားပမ်းစား လေ့ကျင့်စရာ မလိုပေ။ သို့သော်လည်း မျက်မဲ့သည် ထိုကံကြမ္မာလမ်းကြောင်းမှ သွေဖယ်ကာ အန္တရာယ်များသော လမ်းကို ရွေးချယ်ခဲ့၏။ အခန့်မသင့်လျှင် အသက်ပါ ဆုံးရှုံးသွားနိုင်သည်။

ရှင်ခြင်းနှင့် သေခြင်းအကြားမှ မျဥ်းကြောင်းသည် အမတန်မှ ပါးလွှာလှသဖြင့် ဒါသည် ဟာသလုပ်ရမည့် ကိစ္စတစ်ခု မဟုတ်ချေ။

"ငါကမင်းတို့ကို ဒါတွေအားလုံး ပြသခဲ့ခြင်းဟာ မင်းတို့ကို မျက်မဲ့လိုမျိုး အသက်ကို ရှာဖွေချင်တဲ့ အသိစိတ်ကို ကျော်လွှားပြီး ရင်ထဲက လွတ်လပ်မှုကို ရှာဖွေဖို့အတွက် မဟုတ်ဘူး" လင်းဖုန်း၏ အသံသည် သူတို့၏ နားအတွင်းတွင် ပေါ်လာခဲ့သည်။ "မင်းတို့ကို သူ့ရဲ့ တောက်ပမှုတွေကို နားလည်စေချင်လို့ပဲ။ မင်းတို့အားလုံးကို ကိုယ့်ရဲ့နှလုံးသားကို နားလည်နိုင်ပြီး စိတ်ဓာတ်ခိုင်မာစေချင်တဲ့ အတွက်ကြောင့် ဖြစ်တယ်"

"အသက်၊ လွတ်လပ်မှု၊ ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ လမ်းစဥ်။ ဒါတွေက ထဲထဲဝင်ဝင် ပတ်သတ်နေတဲ့ အရာတွေ ဖြစ်တယ်။ သူတို့ဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နိုင်သလို ယှဥ်တွဲပြီးတော့လည်း တည်ရှိနိုင်တယ်။ သူ့ရဲ့အတွင်းက တောက်ပမှုဟာ ကျင့်ကြံသူတွေ နားလည်ဖို့ သင်ယူသင့်တဲ့ အရာတစ်ခုပဲ"

ဇူရီ၊ ရှီထျန်းဟောင်နှင့် ယန်ချင်တို့သည် အသက်ပြင်းပြင်း ရှူလိုက်ကြကာ လင်းဖုန်းထံသို့ ဦးညွှတ်လိုက်ကြသည်။ "ဆရာရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်"

ရှောင်ယန်နှင့် ကျန်သောသူများသည် အနားတွင် မရှိကြသော်လည်း လင်းဖုန်းသည် သူတို့အား အနာဂတ်တွင် သင်ပေးမည် ဖြစ်သည်။

"မျက်မဲ့၊ ငါက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင် လင်းဖုန်းဖြစ်တယ်။ ငါက ဒီကမ္ဘာက မဟုတ်ဘူး။ မဟာကမ္ဘာက နတ်ဘုရားနယ်မြေက ဖြစ်တယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ဒီအလယ်ကမ္ဘာအတွင်းကို ပထမဆုံး ခြေချတဲ့သူတွေ ဖြစ်တယ်။ အနာဂတ်မှာ ငါ့ဂိုဏ်းက ဒီနေရာကို ငါတို့ရဲ့ နယ်မြေအဖြစ် သိမ်းပိုက်လိုက်မယ်"

လင်းဖုန်းသည် မျက်မဲ့အား ကြည့်လိုက်သည်။ "ငါက မင်းနဲ့ မင်းရဲ့ မျိုးနွယ်တွေကို အနှောင့်အယှက်ပေးမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါက သူ့ကိုတော့ အနာဂတ်မှာ ယူဆောင်ရလိမ့်မယ်"

သူ၏ စကားဆုံးသည်နှင့် လင်းဖုန်းသည် အောက်မှ စက်လုံးအား လက်ညှိုးထိုးပြုလိုက်သည်။ "ငါကသူ့ကို ရယူမယ် ဆိုပေမဲ့ မင်းတို့ မျိုးနွယ်စုရဲ့ အသက်တွေကိုတော့ အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး။ ကမ္ဘာကြီး အပေါ်မှာ သေခြင်းနဲ့ ရှင်ခြင်းဆိုတာက အဆန်းတော့ မဟုတ်ပါဘူး"

"မင်းရဲ့ အနာဂတ် အစီအစဥ်တွေက ဘယ်လိုရှိသလဲ"

မျက်မဲ့က ပြန်ဖြေလိုက်သည်။ "ခင်ဗျားဘာလုပ်လုပ် ကျုပ်ကတော့ ဘာမှ မဖြစ်ပါဘူး။ စက်လုံးက ကျုပ်ပစ္စည်းမဟုတ်သလို ဒီကမ္ဘာကိုလည်း ကျုပ်ပိုင်တာ မဟုတ်ဘူး"

"အစီအစဥ်၊ ကျုပ်မှာက အစီအစဥ်တွေ မရှိဘူး။ ကျုပ်က ဘယ်သွားရမလဲ ဆိုတာကို မသိဘူး။ ကျုပ်ရှာဖွေနေတဲ့ လွတ်လပ်မှုဆိုတာ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှု မဟုတ်ဘူး။ ဒါကြောင့် ကျုပ်က ဒီမှာပဲ ရှိနေခဲ့တာ"

မျက်မဲ့က ပြောလိုက်သည်။ "အနာဂတ်မှာ ကျုပ်က ရေအိုင်အပြင်က ကမ္ဘာက ဘယ်လိုရှိသလဲ ဆိုတာကို သိဖို့ အပြင်ကို ထွက်ကြည့်ရမယ်"

လင်းဖုန်းနှင့် ရှီကျုံးထျန်းတို့သည် မျက်မဲ့၏ အနည်းငယ် ကလေးဆန်သော စကားများကို ကြားလိုက်ရသော် ဆွံ့အသွားကြသည်။

သူသည် ဆုံးဖြတ်ချက် ပြတ်သားကာ စိတ်နှလုံး ဖြူစင်သော်လည်း အတန်ငယ် အပြစ်ကင်းစင်ပေသည်။ သူသည် သူ၏ အတွေ့အကြုံများနှင့်လည်း သက်ဆိုင်မည် ဖြစ်သည်။ ရေအိုင်အတွင်းတွင် သူနှင့် ရွှေရောင်မျက်စိပါ အနက်ရောင် ငါးများသာ ရှိကြသည်။ သူကြီးပြင်းလာသော အခါတွင်လည်း အောက်တွင်ရှိသော စက်လုံးမှအပ သူ့အား ခြိမ်းခြောက်နိုင်သော အရာတစ်ခုမှ မရှိပေ။ သူ့အား မကောင်းကြံသည့်သူ တစ်ယောက်မှ မရှိခဲ့ပေ။

မျက်မဲ့အနေနှင့် မသေဝိညာဥ်ကို ဖန်ဆင်းနိုင်ခဲ့ခြင်းသည် တကယ့်ကို မူမမှန်မှု ဖြစ်သည်။ စက်လုံးကဲ့သို့ပင် ဒါသည် နောက်ထပ်တစ်ကြိမ် မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

အကယ်၍ သူသည် ရေအိုင်နှင့် အံ့ဖွယ် ကောင်းကင်ကမ္ဘာအတွင်းမှ ထွက်ခွာသွားပါက အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများနှင့် မတွေ့ဆုံခဲ့လျှင် ဘာမှမဖြစ်ပေ။ မကောင်းသော အကြံအစည် ရှိသောသူများနှင့် တွေ့ခဲ့လျှင် သူ့ကိုစား၍ အားဖြည့်ရန် သူသည် အသတ်ခံရမည် ဖြစ်သည်။

ထို့အပြင် ကျင်းဟွမ်အမတ်ကဲ့သို့သော အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများနှင့် တွေ့ခဲ့လျှင် လုံလောက်သော ပြင်ဆင်မှုနှင့် အကြံအစည်များ ချပြီးသွားလျှင် သူ့အား သတ်နိုင်မည် ဖြစ်သည်။

မျက်မဲ့သည် ဤမူလကောင်းကင် ကမ္ဘာကြီး တစ်ခုလုံးတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတတစ်ပါး ဖြစ်ပေလိမ့်မည်။

Continue Reading

You'll Also Like

48.2K 5.3K 93
စုပင်းတစ်ယောက် အိပ်နေရင်း သူနေထိုင်တဲ့ ကမ္ဘာထက်ပိုအဆင့်မြင့်တဲ့ အခြားကမ္ဘာတစ်ခုကို ကူးပြောင်းရောက်ရှိသွားပြီး ထိုကမ္ဘာသည် နည်းပညာမြင့်သော်လည်း ကြယ်တ...
180K 29K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
10.8K 1.1K 74
အဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြို...
86.6K 9.7K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...