ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.4K 8.8K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား

346 38 0
By KazunoMora

စာစဥ် ၃၂ : အပိုင်း ၁၃

အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား

လင်းဖုန်းကလည်း စကားမပြောနိုင်ခဲ့ပဲ နဂါးကျောက်တုံးဂိတ်ကိုသာ ကြည့်နိုင်ခဲ့သည်။ သူသည် သက်ပြင်းတစ်ချက်ကို ချလိုက်ကာ ပြောလိုက်သည်။ "ခင်ဗျားကပဲ ကူညီပေးလိုက်ပါ၊ ရဲဘော်ရှီ"

ရှီယုကလည်း ခေါင်းညိတ်လိုက်ကာ သူ၏လက်အား ဆန့်တန်းလိုက်၏။ အဆုံးမဲ့ ရွှေရောင် အလင်းတန်းများ တောက်ပလာခဲ့ကာ ရွှေရောင်နဂါး တစ်ကောင်အဖြစ်သို့ ပြောင်းသွားခဲ့၍ နဂါးကျောက်တုံးဂိတ် အတွင်းသို့ ဝင်သွားခဲ့သည်။

ခဏအကြာတွင် ထိုရွှေရောင်နဂါးသည် နဂါးကျောက်တုံးဂိတ် အတွင်းမှ ပြန်ထွက်လာခဲ့သည်။ သူ၏လက်သည်းတစ်ဘက်တွင် အရပ်ရှည်ရှည်နှင့် လူငယ်တစ်ယောက်အား ဆုပ်ကိုင်လာခဲ့သည်။ သူသည် ရှီထျန်းဟောင် ဖြစ်၏။

"နဂါးကျောက်တုံးဂိတ် အထဲက ပစ္စည်းတွေကို ကျွန်တော်ယူနိုင်တယ် မဟုတ်လား။ ကျွန်တော်က နဂါးအရိုး အနည်းငယ်ကိုသာ ယူခဲ့တာကို" ရှီထျန်းဟောင်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။

ရှီကျုံးယွဲ့နှင့် ကျန်သောသူများ၏ မျက်နှာမှာ မည်းမှောင်သွားခဲ့၏။ ရှီထျန်းဟောင်သည် မျက်စိသာ သွက်သည်မဟုတ်ပဲ လက်ကပါ သွက်လှသည်။

မဟာချင် အင်ပါယာသည် ဟင်းလင်းပြင် ဘုရားကျောင်းနှင့် မတူပေ။ ဟင်းလင်းပြင် ဘုရားကျောင်းသည် နဂါးအရှင်များကို မွေးမြူထားကြသည်။ မဟာချင် အင်ပါယာ၏ အတွင်းတွေ နဂါးသိုက်တစ်ခု ရှိသော်လည်း အများစုတို့မှာ ရှေးဟောင်းခေတ်မှ နဂါးများ ဖြစ်ကြသည်။ ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေ အတွင်းတွင် မြှုပ်နှံထားကြသော နဂါး ရုပ်အလောင်းများသည် မဟာချင် အင်ပါယာ၏ အကြီးမားဆုံး ကြွယ်ဝမှုပင် ဖြစ်သည်။

နဂါးကျောက်တုံးဂိတ်သည် လွယ်ကူစွာနှင့် ပွင့်နိုင်ခြင်း မရှိပေ။ သူ၏အခြားတစ်ဘက်တွင် ရတနာပေါင်း များစွာရှိပေသည်။ သူ၏ စိတ်ဝိညာဥ် စွမ်းအင်သည် လွန်စွာကြွယ်ဝကာ မဟာချင် အင်ပါယာသည် နဂါးရုပ်အလောင်း များစွာတို့ကို ထားရှိကာ သူတို့အား အားဖြည့်ပေးထားခဲ့သည်။

ရှီထျန်းဟောင်၏ အာသီသသည် တဖြည်းဖြည်းနှင့် ကြီးမားလာခဲ့သည်။ သူသည် တဖြည်းဖြည်းနှင့် ပို၍ ဇီဇာကြောင်လာခဲ့ပြီ ဖြစ်သည်။ သူသည် အခြား မည်သည့်အရာများကိုမှ စိတ်မဝင်စားပဲ နဂါးရုပ်ကြွင်းများကိုသာ စိတ်ဝင်စားခဲ့သည်။

ရှီရှင်းယွမ်ကလည်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ "ထျန်းဟောင်၊ နင်က ကြိုက်တာ ယူလို့ရပါတယ်။ နဂါးအရိုးတွေ ယူရင်လည်း ဘာမမဖြစ်ပါဘူး။ ဒါပေမဲ့ နင်က ညွှန်ကြားချက် တစ်ဝက်ကိုပဲကြားလိုက်တယ်နဲ့ တူတယ်"

ရှီထျန်းဟောင်က သူ၏မျက်စိများကို အပြစ်ကင်းစင်လှစွာဖြင့် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ရှီရှင်းယွမ်းက သက်ပြင်းချလိုက်၏။ "နင့်ရဲ့ အချိန်ကန့်သတ်ချက်က တစ်ရက်ဖြစ်တယ်"

"အိုး၊ ငါမေ့သွားတယ်" ရှီထျန်းရီသည် ကသိကအောက် ဖြစ်နေခဲ့ခြင်း မရှိပေ။ "ဒါပေမဲ့ တစ်ရက်က တိုလွန်းတယ်။ ရက်အနည်းငယ် တိုးပေးသင့်တယ်။ ကျင့်ကြံထားရခြင်း မရှိသေးတဲ့ နဂါးအရိုးတွေကို တူးဖော်ရတာ ဘယ်လောက်ခက်ခဲသလဲ ဆိုတာကို နင်မသိပါဘူး"

ရှီရှင်းယွမ်သည် သူ့အား နဂါးအရိုးကို တူးဖော်ရန် မည်မျှ ခက်ခဲမှန်းကို သူမသိနေကြောင်း ပြောပြချင်နေခဲ့သည်။ သို့သော်လည်း ဒါသည် သူ့၏ ပြဿနာသာဖြစ်သည်။ သူတို့အနေနှင့် သူနဂါးအရိုးများကို ပိုမိုတူးဖော်နိုင်စေရန် အချိန်တိုးပေးရန် လိုအပ်ခြင်း မရှိပေ။

လင်းဖုန်းသည် ရှီထျန်းဟောင်၏ အပြစ်ကင်းစင်ပုံ ပေါက်နေသော မျက်နှာသည် အရေခွံမည်မျှ ထူနေမှန်းကို သိနေခဲ့သည်။ သူသည် ရှီယုအား တောင်းပန်လိုက်ကာ ရှီထျန်းဟောင်အား ဂုတ်ဆွဲခေါ်ခဲ့ပြီး ထွက်လာလိုက်သည်။

လင်းဖုန်း၏ အရှေ့တွင် ရှီထျန်းဟောင်သည် ရွှတ်နောက်နောက် လုပ်မနေတော့ချေ။ သူက ရိုးသားစွာနှင့် ပြောလိုက်၏။ "ကျွန်တော်က အလုပ်အရမ်းရှုပ်နေတော့ မေ့သွားတာဗျ"

ရှီယုက ရှီထျန်းဟောင်အား ကြည့်လိုက်၍ ပြောလိုက်သည်။ "ငါကမင်းကို အမတ်ဘွဲ့ပေးလိုက်မယ်" သူ၏အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း အဝေးသို့ ပျံ့နှံ့သွားခဲ့သည်။ နဂါးတိုက်ပွဲ စင်မြင့်မှ လူများအားလုံးက ကြားခဲ့ရသည်။ ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေ၏ ပြင်ပတွင်ပင် ရှီယု၏ အသံသည် ရှီးလင်တစ်မြို့လုံး ပဲ့တင်ရိုက်နေခဲ့သည်။

မြို့အတွင်းတွင် အားလုံးတို့က ငြင်းခုံနေကြသည်။ သူတို့သည် ရှီနှစ်ရှီတို့၏ အကြားမှ တိုက်ပွဲ၏ ရလဒ်ကို သိနေကြပြီး ဖြစ်ကြ၏။ ရှီယုဆိုလိုနေသောသူမှာ ရှီထျန်းဟောင်ပင် ဖြစ်ရမည်။

ရှီထျန်းဟောင်သည် လင်းဖုန်း၏ အရှေ့တွင် ရပ်နေခဲ့သည်။ ယခုအချိန်တွင် သူသည် ဘဝ အခက်အခဲ များစွာတို့အား ကျော်ဖြတ်ခဲ့ပြီးသော သက်လတ်ပိုင်း လူကြီးတစ်ယောက်နှင့် တူနေခဲ့သည်။ သူသည် ရှီယုထံသို့ ပြေးလာကာ ဖက်လိုက်၏။ "အကြီးအကဲကို ကျေးဇူးတင်ပါတယ်"

ရှီကျုံးယွဲ့၊ ရှီရှင်းယွမ်နှင့် ရှီချုံးယွမ်တို့သည် သူ့အား ထူးခြားသော အကြည့်များနှင့် ကြည့်နေကြပြီး သူတို့၏ မျက်လုံးများ အတွင်းတွင် ခံစားချက် မျိုးစုံပေါ်လာကြသည်။

ရှီထျန်းဟောင် အမိန့်ကို လိုက်နာခဲ့သော်လည်း သူ၏ ရှီယုအား ခေါ်ဝေါ်ပုံသည် သူ၏ အစစ်အမှန် ရည်ရွယ်ချက်များကို ဖော်ပြနေခဲ့သည်။

သူ့အနေနှင့် မဟာချင် အင်ပါယာသည် ပြင်ပလူ သက်သက်သာ ဖြစ်သည်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည်သာ သူတကယ် သက်ဆိုင်သည့် နေရာဖြစ်၏။

သူက ဤဘွဲ့ထူးအား လက်ခံခဲ့ခြင်းမှာ မဟာချင် အင်ပါယာနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့ အကြားတွင် ဆက်ဆံရေး ကောင်းစေရန် ဖြစ်သည်။ အကယ်၍ နှစ်ဦးနှစ်ဘက်တို့ ပြဿနာများ ဖြစ်ခဲ့ကြပါက ရှီထျန်းဟောင်သည် ရှီယုအား လျစ်လျူရှုထားမည် ဖြစ်သည်။

သူသည် မဟာချင် အင်ပါယာ၏ သမိုင်းတလျှောက်တွင် အသက်အငယ်ဆုံးအမတ် ဖြစ်လာခဲ့သော်လည်း သူ၏စိတ်ထားမှာ ပြောင်းလဲမည် မဟုတ်ချေ။

ရှီချုံးယွမ်သည်ပင်လျှင် ဒါက ခွင့်မလွှတ်နိုင်စရာ မဟုတ်ဟု မထင်ခဲ့ပေ။ ရှီထျန်းဟောင်၏ အလားအလာနှင့် စွမ်းရည်များကြောင့်သာ မဟုတ်ပဲ လင်းဖုန်းကြောင့်လည်း ပါသည်။

ရှီယုကလည်း ဒါသည် မသင့်တော်ဟု မထင်ခဲ့ပေ။ သူသည် ရှီထျန်းဟောင်၏ ပျောက်ဆုံးနေသော ဖခင်နှင့် အဘိုးတို့အား ဘွဲ့ထူးများပင် ထပ်ပေးလိုက်သေးသည်။ ထို့အပြင် ဟင်းလင်းပြင် စစ်တလင်း အတွင်းသို့ ဝင်ရောက်ခဲ့ကြသူများ အားလုံးတို့ကို ရှီထျန်းဟောင်၏ ဆွေမျိုးတို့အား သွားရှာစေရန် အမိန့်ပေးလိုက်သည်။

ထိုဆက်တိုက်ထုတ်လိုက်သော အမိန့်များသည် ရှီထျန်းဟောင်အား စိတ်ကျေနပ်မှု ရစေခဲ့သည်။ သူ၏ မိသားစုဝင်များ ဘွဲ့ထူးဂုဏ်ထူးများ ရသည်ကို သူရခဲ့သည်ထက်ပင် ဝမ်းမြောက်နေခဲ့၏။

လင်းဖုန်းသည် ခေါင်းအနည်းငယ် ညိတ်လိုက်ကာ ရှီယု၏ ကြင်နာမှုများကို အသိအမှတ် ပြုလိုက်သည်။ ရှီထျန်းဟောင်၏ မိသားစုအား အကြောင်းပြု၍ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် မဟာချင် အင်ပါယာတို့သည် ပို၍ နီးစပ်လာကြသည်။

ရှီထျန်းဟောင်သည် နဂါးကျောက်တုံးဂိတ် အတွင်းမှ ထွက်လာခဲ့ပြီ ဖြစ်သဖြင့် လင်းဖုန်းနှင့် ကျန်သောသူများသည် ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေ အတွင်းတွင် ဆက်မနေကြတော့ချေ။ သူတို့သည် ဤသီးသန့်လေဟာနယ်မှ ထွက်လာခဲ့ကာ ရှီးလင်မြို့သို့ ပြန်လာခဲ့ကြသည်။

ဒုတိယအကြိမ် တပည့်လက်ခံမည်ဟု ကြေညာအပြီးတွင် လင်းဖုန်းသည် ရှီးလင်မြို့တွင်သာ နေနေခဲ့၍ စိတ်ဝင်စားသောသူများကို စောင့်နေခဲ့သည်။

အချို့သူများသည် လျှို့ဝှက်စွာနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းထံသို့ လာခဲ့ကြသော ပါရမီရှင်လေးများကို ကြားဖြတ်ယူရန် ကြိုးစားခဲ့ကြသည်။ လင်းဖုန်းက သူတို့၏ နိမ့်ကျသော လှည့်စားမှုများကို တုံ့ပြန်ခဲ့ကာ အားလုံးကို ထိတ်လန့်ကြောက်ရွံ့စေခဲ့သည်။

ဟင်းလင်းပြင် ဘုရားကျောင်းနှင် စူတောင်တို့အား အနိုင်ယူအပြီးတွင် လင်းဖုန်းသည် သူ၏ စွမ်းအားများကို ပြသခဲ့ပြီး ဖြစ်သည်။ တစ်ယောက်ကမှ သူ့အား ပြဿနာ မရှာရဲခဲ့ကြပေ။

တစ်လအတွင်းတွင် သာမန်ပုဂ္ဂိုလ်တစ်ယောက် အနေဖြင့် မူလကောင်းကင် ကမ္ဘာကြီးအား ဖြတ်သန်းလာရန်မှာ ခက်ခဲလှ၏။ သို့သော်လည်း လင်းဖုန်းသည် ရှီယုနှင့် လျှမ်ပန်းတို့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကာ သွားလာရေး အဆင်ပြေရန် အတွက် သူတို့၏ သယ်ယူပို့ဆောင်ရေး အရင်းအမြစ်များကို အသုံးပြုခဲ့သည်။

သူတို့သည် ယခုအချိန်တွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြပြီ ဖြစ်သည်။ မဟာချင် အင်ပါယာနှင့် မဟာကျိုး အင်ပါယာတို့သည် မလိုအပ်ပဲနှင့် ကလီကမာလုပ်မည် မဟုတ်ပေ။

သို့သော်လည်း အချို့သူများသည် အခွင့်ကောင်းယူပြီး အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ပြဿနာ ရှာနိုင်ကြသည်။ လင်းဖုန်းကလည်း ထိုအရာများအား ကြိုတင်ခန့်မှန်းထားခဲ့ကာ ဖြေရှင်းရန် နည်းလမ်းများကို ပြင်ဆင်ထားပြီး ဖြစ်သည်။

အချိန်တစ်လသည် လျှင်မြန်စွာနှင့် ကုန်ဆုံးသွားခဲ့ပြီး ထိုတစ်လအတွင်းတွင် မဟာချင် အင်ပါယာ အတွင်းတွင်း ပြောင်းလဲမှုများ များစွာ ဖြစ်ပေါ်ခဲ့သည်။

မဟာချင် အင်ပါယာ၏ မိသားစုကြီးများမှာ လုံးဝ အဖယ်ရှား ခံလိုက်ရသည်။

အများမျှော်မှန်းထားသကဲ့သို့ ဆူပူအုံကြွမှုများ ဖြစ်မလာခဲ့ပဲ အရာအားလုံးတို့သည် ငြိမ်းချမ်းစွာနှင့် ပြီးဆုံးသွားခဲ့သည်။

မိသားစုကြီး လေးခုတို့အနက် ဟော်မိသားစုသည် ယခင်ကတည်းက တော်ဝင်မိသားစုဘက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူတို့သည် မဟာလွင်တီးခေါင် ကုန်းမြေနှင့် နယ်နိမိတ်လမ်းကြောင်း တည်ရှိရာ မြောက်ပိုင်းနယ်နိမိတ်အား အမြဲတမ်း စောင့်ကြပ်နေကြသူများ ဖြစ်၏။

ယုမိသားစုသည် လွန်ခဲ့သော တစ်လအလွန်က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ချေမှုန်းခြင်းအား ခံခဲ့ရပြီး ဖြစ်သည်။ ယုရှင်းတောက်၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားသည် လင်းဖုန်း၏ ကောင်းကင်နတ်ဘုရား ချုပ်နှောင်ခြင်း အလံတံခွန် အတွင်းသို့ ထည့်ထားခြင်း ခံနေရသည်။ ယုမိသားစု၏ ဘိုးဘေးဘီဘင် နယ်မြေမှာလည်း ရှောင်ယန်ကြောင့် ပြာပုံဘဝသို့ ရောက်သွားခဲ့သည်။

နဂါးတိုက်ပွဲ စင်မြင့်မှ ရှီနှစ်ရှီတို့၏ တိုက်ပွဲအပြီးတွင် ရှီထျန်းရီအား ထောက်ခံသည့်ဘက်သည် လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။ ရှီထျန်းဟောင်၏ မိဘများကို ဝိုင်းဝန်းလုပ်ကြံခဲ့ကြသူများမှာ အထိန်းသိမ်း ခံလိုက်ရ၍ ရှီထျန်းဟောင်အား ထောက်ခံခဲ့ကြသူများမှာ မိသားစု အတွင်းတွင် အရေးပါသော နေရာများကို ရရှိသွားကြသည်။

ရှီယုနှင့် နန်းတော်အတွင်းတွင် တွေ့ဆုံခဲ့ပြီးနောက် ရှီမိသားစု၏ ခေါင်းဆောင် ရှီဝူသည် ရှီထျန်းဟောင်၏ အဘိုးနှင့် မိဘများကို ရှာဖွေရန်အတွက် ဟင်းလင်းပြင် စစ်တလင်း အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ရှီမိသားစုသည် တော်ဝင်မိသားစုဘက်တွင် ရပ်တည်ခဲ့ကာ မိသားစုကြီးများကို ဖယ်ရှားရန် အကြံကို ထောက်ခံခဲ့ကြသည်။

မိသားစုကြီး လေးခုအတွင်းတွင် အသိုသိပ်ဆုံးနေတတ်သည် လေမိသားစုသည် ယခုအချိန်တွင် အားလုံးတို့အား ကြီးမားစွာ အံ့အားသင့်စေခဲ့သည်။

လေမိသားစု တစ်ခုလုံးသည် မဟာကျိုး အင်ပါယာထံသို့ ပြောင်းရွှေ့သွားခဲ့သည်။ မဟာကျိုး အင်ပါယာသည် သူတို့၏ အင်ပါယာ အတွင်း၌ မိသားစုကြီးများအား ဖယ်ရှားထားခဲ့သော်လည်း လေမိသားစုကိုမူ လက်ခံခဲ့၏။

ဒါသည် မဟာကျိုး အင်ပါယာနှင့် မဟာချင် အင်ပါယာတို့အကြားတွင် အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော်လည်း ယုမိသားစု ပြိုကွဲသွားခြင်း၊ ရှီမိသားစု ဘက်ပြောင်းသွားခြင်း၊ လေမိသားစု ပြောင်းရွှေ့သွားခြင်းနှင့်အတူ မဟာချင် အင်ပါယာမှ မိသားစုကြီးများသည် ပျောက်ကွယ်သွားခဲ့သည်။

ကျန်နေသေးသော မိသားစုများမှာ အလယ်အလတ် အဆင့်တွင် ရှိနေကြသူများ ဖြစ်ကြသည်။ သူတို့တွင် ထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်များ မရှိကြသော်လည်း သူတို့၏ ပူးပေါင်းစွမ်းအားမှာလည်း မသေးလှချေ။ သူတို့သည် မဟာချင် အင်ပါယာ၏ နေရာအနှံတွင့် ပျံ့နှံ့တည်ရှိနေကြ၏။ သို့သော်လည်း သူတို့သည် ဤထုတ်ပယ်သန့်စင်ခြင်းနှင့် ကြုံတွေ့ခဲ့ရသောအခါ အများစုတို့မှာ အညံ့ခံရန် ဆုံးဖြတ်လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုမိသားစုများ၏ ခေါင်းဆောင်များသည် မဟာချင် အင်ပါယာ အတွင်းမှ မိသားစုကြီးများ၏ အခြေခံသည် ဟင်းလင်းပြင် ဘုရားကျောင်း၊ စူတောင်ဓားဂိုဏ်း၊ မဟာကျိုး အင်ပါယာနှင့် အခြားအင်အားစုတို့မှ လျှို့ဝှက်ထောက်ပံ့ထားခြင်း ဖြစ်ကြောင်းကို သိနေကြ၍ ဖြစ်သည်။

ရှီးလင်မြို့တိုက်ပွဲတွင် မြင့်မြတ်နယ်မြေ နှစ်ခုက အရေးနိမ့်သွားခဲ့ကာ မဟာကျိုး အင်ပါယာကလည်း ဟုန်မိသားစုအား လက်ခံခဲ့သည်မှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေခဲ့သဖြင့် ကျန်သောမိသားစုများသည် အန္တရာယ် ရှိလာနိုင်ခဲ့သည်။

သူတို့သည် မဟာချင် အင်ပါယာအား အနည်းငယ် ဒုက္ခပေးနိုင်သေးသော်လည်း ထို့ထက်ပို၍ ဘာမှလုပ်နိုင်မည် မဟုတ်ကြချေ။

မိသားစုကြီးများကို ရှင်းလင်းရန်မှာ အနည်းငယ် ရှုပ်ထွေးမည်ဖြစ်သော်လည်း အချိန်အနည်းငယ်သာ လိုအပ်မည် ဖြစ်သည်။

ဤကဲ့သို့သော ထုတ်ပယ်သန့်စင်သည့် လုပ်ရပ်သည် အကြီးအကျယ် ကသောင်းကနင်း ဖြစ်မည်ဟု မျှော်လင့်ထားရသော်လည်း အေးချမ်းစွာနှင့် ပြီးဆုံးသွားခဲ့သည်။ အစမှနေ အဆုံးအထိ တည်ငြိမ်နေခဲ့ပြီး ရုတ်ရုတ်သဲသဲများ မဖြစ်ခဲ့ကြပေ။

လင်းဖုန်းက ထိုအခြင်းအရာများကို ဂရုမစိုက်ခဲ့ပေ။ သူဂရုစိုက်သည်မှာ ဤအလယ်အလတ် မိသားစုများမှ သူ့အား ပါရမီရှင် တပည့်ပေါင်း မည်မျှ ထောက်ပံ့ပေးနိုင်သနည်း ဆိုသည်ကိုပင် ဖြစ်သည်။

သူတို့သည် မဟာချင် အင်ပါယာအား အညံ့ခံလိုက်၍ သူတို့၏ စွမ်းအားများမှာ အတော်ကို လျော့နည်းသွားကြမည် ဖြစ်သည်။ သူတို့၏ မိသားစုများကို ရေရှည်တည်တံ့စေလိုလျှင် သူတို့သည် တော်ဝင်မိသားစုကို ဖားလျှင်ဖား၊ မဖားလျှင် မဟာစွမ်းအားစု တစ်ခုထံသို့ ချဥ်းကပ်ရမည် ဖြစ်သည်။

ဤနေရာတွင် မည်သည်ဂိုဏ်းက ဟင်းလင်းပြင် ဘုရားကျောင်းနှင့် စူတောင်ဓားဂိုဏ်းတို့အား ယခုကလေးတင် အနိုင်ယူခဲ့သည့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းထက် ပိုသင့်တော်ပါမည်နည်း။

သူတို့သည် လုံလောက်အောင် စွမ်းအားကောင်းရုံတင် မကပဲ မဟာချင် အင်ပါယာနှင့်လည်း ရင်းနှီးသော ဆက်ဆံရေးများ ရှိနေကြသည်။ အကယ်၍ သူတို့၏ မိသားစုအတွင်းမှ လူငယ်များသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းထံသို့ ဝင်နိုင်ပါက မဟာချင် အင်ပါယာသည် သူတို့အား မျက်နှာသာ ပေးရမည် ဖြစ်သည်။

ထိုကဲ့သို့သော မိသားစုကြီးများမှ တပည့်များကို လင်းဖုန်းအနေနှင် လိုလားစွာ လက်ခံမည် ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် သက်သာလွန်းသော အခြေအနေတွင် မတိုးတက်နိုင်ချေ။ ဒါသည် အမှန်တရား တစ်ခုဖြစ်၏။ မိသားစုကြီးများတွင်လည်း အလားအလာများကို အပြည့်အဝ အသုံးမချနိုင်ကြသော အလကားလူများ များစွာရှိကြ၏။

သို့သော်လည်း အခြားတစ်ဘက်တွင် လုံလောက်သော ကျင့်ကြံမှု အရင်းအမြစ် ပစ္စည်းများ၊ အဆင့်မြင့် တာအိုနည်းစနစ်များ၊ အရည်အချင်းရှိသော ဆရာများနှင့် လေ့ကျင့်လိုက်လျှင် တောက်ပလာမည့် စိန်ရိုင်းတုံးများလည်း ရှိနေကြသည်။

ထိုမိသားစုကြီးများမှ သာမန်လူများ အတွင်းတွင် ပါရမီရှင်များစွာတို့ ရှိကြသည်။ သို့သော်လည်း သူတို့သည် ကောက်ရိုးပုံ အတွင်းမှ အပ်တစ်စင်းကို ရှာရသကဲ့သို့ ခက်ခဲလှ၏။ ကံပါလာမှသာ တွေ့နိုင်မည် ဖြစ်သည်။

ထိုတပည့်များတွင် ရှုပ်ထွေးသော ကျောထောက်နောက်ခံများ ရှိနိုင်သည် ဖြစ်ကာ နောက်ဆက်တွဲ ပြဿနာများလည်း ရှိနိုင်ပေသည်။ ထိုပြဿနာများကို စဥ်းစားထားရမည် ဖြစ်သော်လည်း ကြမ်းတမ်းစွာနှင့် ကိုင်တွယ်ရန် မလိုပေ။

ရှကျိုးမြို့တွင် ဝမ်လင်းနှင့် ရှောင်ယန်တို့၏ မိသားစုဝင်များသည် ပို၍သန်မာလာကြပြီ ဖြစ်သည်။ သူတို့သည် သူတို့လိုချင်သည့် တာအိုနည်းစနစ် အမျိုးမျိုးတို့ဖြင့် စတင်ကျင့်ကြံနေပြီ ဖြစ်ကြ၏။ ထိုကဲ့သို့သော အကျိုးအမြတ်များကြောင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသို့ ဝင်ရောက်ချင်သူများစွာတို့ ရှိနေကြမည် ဖြစ်သည်။

ရှောင်ယန်၏ မိသားစုသည် ကျင့်ကြံမှု မိသားစုတစ်ခုဖြစ်သည်။ ဝမ်လင်း၏ မိသားစုသည်ပင်လျှင် ယခုအချိန်တွင် တိုးတက်စ ပြုနေခဲ့ပြီ ဖြစ်သည်။

တိုးတက်ကြီးပွားလာသော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကြောင့် ရှောင်မိသားစုနှင့် ဝမ်မိသားစုတို့ကိုပင် အင်အားများ သိပ်မကြီးသေးသော်လည်း ကြောက်ရွံ့နေကြသူများ ရှိနေကြသည်။

ဒါသည် သူတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂုဏ်သိက္ခာကို မှီခိုနေခြင်းဟု ပြော၍မရသော်လည်း ကျန်သောသူများသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ထည့်သွင်းစဥ်းစားရမည် ဖြစ်သည်။

ထို့ကြောင့်ပင် လင်းဖုန်းက မိသားစုကြီးများမှ တပည့်များကို လက်ခံလိုနေခြင်း ဖြစ်သည်။ စွမ်းအားသိပ်မကြီးသော အလယ်အလတ် မိသားစုများ အပါအဝင် ဖြစ်သည်။

ထိုအလယ်အလတ် မိသားစုများသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် အဆင့်အတန်းချင်း မတူကြသဖြင့် သူတို့နှစ်ဦးအကြားတွင် ပဋိပက္ခများ ပေါ်လာစရာ အကြောင်းမရှိကြချေ။

ဒါသည် ထိပ်သီးဂိုဏ်းများ လျှောက်ရမည် လမ်းစဥ်ဖြစ်သည်။ ဟင်းလင်းပြင် ဘုရားကျောင်းနှင့် စူတောင်ဓားဂိုဏ်းတို့ကို မပြောနှင့် မုယုံယန်ရန်သည် အလင်းဓားမြန်ဂိုဏ်းအား ဝင်နိုင်ခဲ့သောကြောင့် မုယုံမိသားစုသည် ဂုဏ်ကျက်သရေ တိုးပွားခဲ့သည်။

အကယ်၍ အင်အားစု တစ်ခုသည် အခြားတစ်ယောက်အား အကျိုးအမြတ်များ၊ ပို၍ကောင်းသော အခြေအနေများကို ထောက်ပံ့နိုင်မည် ဆိုပါက လူတစ်ယောက်သည် မှန်ကန်သော ဆုံးဖြတ်ချက်များကိုသာ ချမှတ်မည် ဖြစ်သည်။

အကယ်၍ တစ်ယောက်သည် သူ့ပြိုင်ဘက်ထက် အနည်းငယ်သာ သာပါက တစ်ဘက်လူ၏ ကြံစည်မှုများကို ခံရနိုင်ကာ အမြဲတမ်း သတိထားနေရမည် ဖြစ်သည်။ သို့သော်လည်း တစ်ယောက်သည် များစွာပို၍ သန်မာနေပါက အားနည်းသော ပြိုင်ဘက်သည် အညံ့ခံရုံသာ တတ်နိုင်မည် ဖြစ်သည်။

ဒါသည် ထိပ်သီးဂိုဏ်းတစ်ဂိုဏ်း၏ တစ်ပန်းသာမှု ဖြစ်သည်။ ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေစိတ်ထား ဖြစ်၏။

သို့သော်လည်း ဒါသည် သာမန်အခြေအနေတွင်သာ အသုံးဝင်ခြင်း ဖြစ်သည်။ အကယ်၍ မကောင်းသော အကြံဖြင့် လာခဲ့သောသူများ ရှိပါက လင်းဖုန်းက သူတို့အား ဖယ်ရှားဖျောက်ဖျက်ရန် နည်းလမ်းများ ရှိသည်။ သူ့ဂိုဏ်း၏ တပည့်လက်ခံမည့် အစီအစဥ်သည် ပထမ တစ်ခေါက်နှင့်စာလျှင် များစွာ ပြင်ဆင်မှုများ ပိုလုပ်နိုင်ခဲ့သည်။

သို့သော်လည်း တစ်လတာ စောင့်အပြီးတွင် လင်းဖုန်းသည် အခြေအနေကို ကြည့်လိုက်ကာ ရယ်ရမည်လော၊ ငိုရမည်လော မသိ ဖြစ်သွားခဲ့၏။

Continue Reading

You'll Also Like

225K 29.5K 198
ပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Actio...
10.6K 1.1K 74
အဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြို...
39.8K 3.5K 199
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
108K 11.8K 200
အကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု...