ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

82.1K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!

355 40 0
By KazunoMora

စာစဥ် ၃၂ : အပိုင်း ၅

အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!

သူတို့သည် စွမ်းအားဖျက်ဆီး ကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရသောအခါ ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာများသည် သူတို့၏ အထက်တန်း ကျမှုတို့အား ပြသလိုက်ကြသည်။

သူတော်စင် ကောင်းကင်ဓားနှင့်စာလျှင် မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ်သည် အခြေခံ အနည်းငယ် အားနည်းပေသည်။

သူတို့သည် စွမ်းအားဖျက်ဆီး ကပ်ဘေးနှင့် ရင်ဆိုင်ကြရသောအခါ ထိုရတနာ နှစ်ပါးတို့သည် ဒဏ်ရာ အတိုင်းအတာ ပမာဏ အတူတူပင် ရရှိသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတော်စင် ကောင်းကင်ဓားသည် သတ်ဖြတ်ခြင်းအတွက် အသုံးပြုခြင်းဖြစ်၍ ခံစစ်စွမ်းရည်များသည် အနည်းငယ် အားနည်းသောကြောင့် ဖြစ်သည်။

သူတော်စင် ကောင်းကင်ဓား၏ ဓားအသိဉာဏ်တို့သည် စွမ်းအားဖျက်ဆီး ကပ်ဘေးတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း အတားအဆီးတို့အား ကျော်လွှားနိုင်ခဲ့သေးကာ လင်းဖုန်းထံသို့ ရောက်လာကာ တိုက်ခိုက်နိုင်ကြသေး၏။ သို့သော်လည်း လင်းဖုန်းသည် ကောင်းကင်ဖျက်ဆီး ဓားအား ဝှေ့ယမ်းလိုက်ရာ သူသည် ပျက်စီးသွားခဲ့သည်။

လင်းဖုန်းသည် ဟန်ပန်အမူအရာ ကင်းမဲ့နေခဲ့သေးကာ တတိယ ပုံရိပ်တစ်ခုက ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာ အတွင်းသို့ ကျရောက်သွားခဲ့သည်။

ကောင်းကင် အကာအကွယ်ထီးသည် တစ်ခါပွင့်သွားခဲ့ကာ လင်းဖုန်းသည် အဝတ်ကပိုကရို ဖြစ်နေသော အဘိုးအိုနှင့် နောက်ထပ် စစ်တုရင်တစ်ပွဲ ကစားခဲ့သည်။ သူသည် စစ်တုရင်ရုပ် တစ်ရုပ်အား ယူလိုက်ရာ ကောင်းကင် အကာအကွယ်ထီး၏ နေရာတစ်ပိုင်းသည် မှိုတက်သွားခဲ့သည်။

ကောင်ကင်အကာအကွယ် ထီးကြီး၏ မှိုတက်သွားသော အပိုင်းမှာ ယခုဆိုလျှင် သုံးနေရာရှိပြီ ဖြစ်၏။ သူတို့ဖုံးလွှမ်းနေကြသော မျက်နှာပြင် ဧရိယာမှာ အလွန်ပင် ကြီးမားလှကာ ထီးတစ်ဝက်နီးပါးအား လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။

အချိန်တိုလေး အတွင်းတွင် စစ်တုရင်ရုပ်များကို ဖယ်ရှားခြင်းသည် ကောင်းကင်အကာအကွယ် ထီးကြီးအား ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။

သူတော်စင် ကောင်းကင်ဓားနှင့် မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ်တို့သည် စွမ်းအားဖျက်ဆီး ကပ်ဘေးတို့၏ အဆက်မပြတ် တိုက်ခိုက်မှုများကို မခံနိုင်ခဲ့သကဲ့သို့ ကောင်ကင်အကာအကွယ် ထီးသည်လည်း မခံနိုင်ခဲ့ပေ။

လင်းဖုန်းသည် အဖြူရောင် စစ်တုရင်ရုပ်ကို မယူလိုက်ရန် ကြိုးစားခဲ့သော်လည်း သူသည် အနက်ရောင် စစ်တုရင်ရုပ်များ၏ ဝိုင်းရံသတ်ဖြတ်ခြင်းအား ခံလိုက်ရသည်နှင့် စစ်တုရင်ခုံပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။

သူသည် စစ်တုရင်ခုံ အတွင်းမှ ထူးခြားသော ကမ္ဘာအား တွေးမိလိုက်ပြီး ထူးမခြားနား အမူအရာဖြင့်သာ ရှိနေခဲ့သော အဝတ်အစား ကပိုကရိုနှင့် အဘိုးကြီးအား ကြည့်လိုက်ကာ တွေးလိုက်သည်။ "ဒီစွမ်းအားဖျက်ဆီး ကစားပွဲမှာ ငါရှာဖွေဖော်ထုတ်ရဦးမယ့် လျှို့ဝှက်ချက်တွေ၊ ဆန်းကြယ်နက်နဲမှုတွေ အများကြီး ရှိသေးတယ်"

"ဒါပေမဲ့ အခုလောလောဆယ်မှာ ဒီအနက်ရောင် စစ်တုရင်ရုပ်တွေနဲ့တင် လုံလောက်တယ်"

လင်းဖုန်းသည် ယုံကြည်ချက်အပြည့် ရှိနေခဲ့သည်။ သူသည် တတိယ အနက်ရောင် ဓာတ်ငွေ့တို့အား ထုတ်လွှတ်လိုက်ရာ သူ၏ပစ်မှတ်သည် မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ် ဖြစ်သည်။

မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ်သည် ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်လာခဲ့ကာ ရွှေရောင်အလင်းတန်း ပင်လယ်အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ရွှေရောင်အလင်းတန်းများ အကြားတွင် အဖြူရောင် တိမ်တိုက်များက ထစ်ချုန်းနေကြ၏။

ခမ်းနားထည်ဝါသော စံအိမ်သည် မူလအသွင်အပြင်တို့အား ဖယ်ရှားလိုက်ကာ ကိုယ်ပိုင်ကမ္ဘာ တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။ အပြင်မှနေ၍ ကြည့်လိုက်လျှင် သူသည် အဖြူရောင် တိမ်တိုက်များ ဖုံးလွှမ်းနေသည့် ဧရာမရွှေရောင် သန္ဓေလောင်း တစ်ခုနှင့် တူနေခဲ့သည်။

ထိုကမ္ဘာအတွင်းတွင် မရေမတွက်နိုင်သော ပုံရိပ်များ လင်းလက်နေကြ၏။ ထောင်ပေါင်းများစွာသော ဗုဒ္ဓတို့က အမူအရာ အစစ်အမှန်တို့အား ဖော်ပြနေကြသကဲ့သို့ ဖြစ်သည်။

စကြာဝဠာ တစ်ခုလုံးမှ သံစဥ်များသည် ပဲ့တင်ရိုက်လာခဲ့ကာ မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ်သည် သူ၏ စွမ်းအားများကို အဆုံးစွန်အထိ ထုတ်ဖော်လိုက်သည်။ သူသည် မြင့်မြတ်သော သုခဘုံ တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။ လူ့ပြည်သို့ မြင့်မြတ်သော နိုင်ငံတစ်ခုက ဆင်းသက်လာခဲ့သကဲ့သို့ ဖြစ်၏။

မဟာဟင်းလင်းပြင် မြင့်မြတ်သော သုခဘုံ!

မဟာဟင်းလင်းပြင် မြင့်မြတ်သော သုခဘုံ၏ အပေါ်မှနေ၍ ကြောက်မက်ဖွယ်ရာ အနက်ရောင် ဓာတ်ငွေ့များက ကျဆင်းလာကြသည်။ တစ်ချိန်တည်းတွင်ပင် မရေမတွက်နိုင်သော ကံကြမ္မာများနှင့် ဆန်းကြယ်မြင့်မြတ်သော သုခဘုံသည် ပျက်စီးခြင်းလမ်းစဥ်ပေါ်သို့ ရောက်သွားခဲ့၏။

မဟာတာအိုတို့က အားနည်းလာခြင်းနှင့်အတူ ကောင်းကင်နှင့် မြေကြီးတို့က ပြိုလဲလာကြမည် ဖြစ်သည်။ အသက်စွမ်းအင်များသည် မျိုးတုံးပျောက်ကွယ်လာကြကာ ရွှေရောင်သုခဘုံ တစ်ဝက်ခန့်သည် မည်းနက်သွားခဲ့သည်။ ပြီးတာနှင့် သူတို့သည် ပြာများအဖြစ်သို့ ပြောင်းလဲသွားကြ၏။ နောက်ဆုံးတွင် ပြာများအဖြစ်မှ ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းလဲသွားကြ၍ မတည်ရှိနေကြတော့ချေ။

သို့သော်လည်း ကပ်ဘေးများအား စဦးပိုင်း ရင်ဆိုင်ခဲ့ရအပြီးတွင် မဟာဟင်းလင်းပြင် မြင့်မြတ်သော သုခဘုံ၏ အတွင်းတွင် သံစဥ်များက ဆက်လက်ထွက်ပေါ်နေကြသည်။ အဆုံးမဲ့တာအို သင်္ကေတများက ထပ်မံထွက်ပေါ်လာကြကာ စီးဆင်းနေကြသော အလင်းတန်းများ အဖြစ်သို့ ပြောင်းသွားကြသည်။ ထိုစီးဆင်းနေသော အလင်းတန်း တစ်ခုချင်းမှာ မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များ ဝင်္ကပါများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုစီးဆင်းနေသော အလင်းတန်းများသည် မဟာဟင်းလင်းပြင် မြင့်မြတ်သော သုခဘုံအား ပြန်လည်ပြုပြင်ပေးနေကြကာ စွမ်းအားဖျက်ဆီး ကပ်ဘေး၏ ပျက်ပြယ်စေသော လွှမ်းမိုးမှုများကို ဖယ်ရှားရန် ကြိုးစားနေခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင် ဧရာမ ပုံရိပ်တစ်ခုသည် မဟာဟင်းလင်းပြင် မြင့်မြတ်သော သုခဘုံ၏ အပြင်သို့ ရောက်လာခဲ့ကာ စွမ်းအားဖျက်ဆီး ကပ်ဘေးနှင့် ရန်ဆိုင်နေသည့်ပုံကို ကြည့်နေခဲ့သည်။

"ကောင်းဟန်၊ မင်းပြောတဲ့အထဲမှာ စကားတစ်ခွန်းက မှန်တယ်"

လင်းဖုန်း၏ လေသံသည် ပဲ့တင်ရိုက်လာခဲ့၏။ သူ့အတွင်းတွင် အများလက်ခံထားကြသည့် မရေမတွက်နိုင်သော မဟာတာအို၏ အမှန်တရားများ ပါနေသကဲ့သို့ဖြစ်ကာ ထူးခြားဆန်းကြယ်၍ စိတ်ချမ်းမြေ့စေသော အသံတစ်ခု ထွက်လာခဲ့သည်။

"တစ်ခုခုက ဘယ်လောက်အထိ ကြီးမားပေမဲ့ သူက အစစ်အမှန် ဖြစ်တည်မှုတစ်ခု မဟုတ်ဘူးဆိုရင် သဘာဝလွန် ဆက်သွယ်မှုတွေရဲ့ အပေါ်မှာ မှီခိုနေရတယ်။ ဒါ့ကြောင့် ဒီဆက်သွယ်မှုတွေကို ဖျက်ဆီးပစ်ရင် ရပြီ"

သူ၏စကားဆုံးသည်နှင့် လင်းဖုန်းသည် ကောင်းကင်ဖျက်ဆီး ဓားအား ပင့်မြှောက်လိုက်သည်။ ခဏအကြာတွင် ကောင်းကင်ဖျက်ဆီး ဓားက ခုတ်ချလာခဲ့ရာ တောက်ပနီရဲသော အလင်းတန်းများက လင်းလက်သွားခဲ့၏။ ကောင်းကင်ဖျက်ဆီး ဓားချီ၏ ကြီးမားကျယ်ပြန့်သည့် စွမ်းအား သဘောတရားများက ကျယ်ပြန့်လာခဲ့ကာ ကောင်းကင်နှင့် မြေကြီးတို့အား ဖျက်ဆီးနိုင်သည့် အရိပ်အယောင်များ ပါနေခဲ့သည်။

ဤနီရဲတောက်ပသည့် ဓားအလင်းတန်းသည် ကောင်းကင်နှင့် မြေကြီးတို့အား ဆွဲဖြဲခဲ့ကာ စကြာဝဠာ အတွင်းတွင် အမာရွတ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သူ၏ပစ်မှတ်မှာ ဟင်းလင်းပြင် ဘုရားကျောင်း၏ မဟာဟင်းလင်းပြင် မြင့်မြတ်သော သုခဘုံပင် ဖြစ်သည်။

ထိုနီရဲတောက်ပသည့် ဓားအလင်းကိုယ်တိုင်ကပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။ ဤအချိန်တွင် ဓားအလင်းတန်း၏ အစွန်းတွင် အဖြူနှင့်အနက် အလင်းတန်းများကလည်း လင်းလက်နေခဲ့သေး၏။ ကောင်းကင်ဖျက်ဆီး ဓားနှင့် အတူတကွ ပါလာသည်မှာ လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း ဖြစ်သည်။

မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ်သည် သူ၏စွမ်းအား အားလုံးတို့ကို စွမ်းအားဖျက်ဆီး ကပ်ဘေးအား ရင်ဆိုင်ရန် အသုံးပြုခဲ့ရပြီး ဖြစ်သည်။ ယခုအချိန်တွင် သူသည် ကောင်းကင်ဖျက်ဆီး ဓားက ရွှေရောင်သုခဘုံ၏ အပေါ်သို့ ခုတ်ချခဲ့သည်ကို ကြည့်ရုံသာ ကြည့်နိုင်ခဲ့သည်။

ထိုရွှေရောင် အလင်းတန်းသည် လွင့်ပြယ်သွားခဲ့ကာ စကြာဝဠာ အရပ်မျက်နှာ အနှံ့သို့ ပျံ့လွင့်သွားခဲ့သည်။ ကပ်ဘေးတစ်ခုမှ ဥက္ကာပျံတစ်စင်းက ကြွေကျလာခဲ့သကဲ့သို့ ဖြစ်၏။

မဟာဟင်းလင်းပြင် မြင့်မြတ်သော သုခဘုံသည် စွမ်းအားဖျက်ဆီး ကပ်ဘေးနှင့် လင်းဖုန်း၏ ကောင်းကင်ဖျက်ဆီး ဓားတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားခဲ့ပြီ ဖြစ်သည်။

ဝင်္ကပါချိုးဖောက်ဗုံနှင့် ဟင်းလင်းပြင် ယင်ယန်နာရီတို့သည် ဟင်းလင်းပြင် လေဟာနယ် အတွင်းတွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ကောင်းဟန်နှင့် ရွှမ်းလင်သူတော်စင်တို့ကလည်း ပြန်ပေါ်လာကြ၏။ သူတို့သည် ထိတ်လန့်တုန်လှုပ်စွာနှင့် လင်းဖုန်းအား စိုက်ကြည့်လိုက်ကြသည်။

"သွားကြစို့" ဝင်္ကပါချိုးဖောက်ဗုံနှင့် ဟင်းလင်းပြင် ယင်ယန်နာရီတို့သည် ပြောလိုက်ကြကာ တွေဝေနေကြခြင်း မရှိပဲ ဆုတ်ခွာသွားကြသည်။

အကယ်၍ သူတို့နှစ်ယောက်စလုံးတို့သည် မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ်အား အတူတကွ ကျင့်ကြံနိုင်ခြင်း မရှိခဲ့လျှင် သူတို့သည် စွမ်းအားဖျက်ဆီး ကပ်ဘေးအား ထပ်မံရင်ဆိုင်ရလျှင် အခြေအနေမလှ ဖြစ်သွားပေမည်။

ကောင်းဟန်နှင့် ရွှမ်းလင်သူတော်စင်တို့၏ မျက်နှာများသည်လည်း စက္ကူစကဲ့သို့ ဖြူဖွေးနေကြ၏။ သူတို့နှစ်ယောက်စလုံးတို့ကလည်း သက်ပြင်းကိုယ်စီ ချလိုက်ကြကာ ဝင်္ကပါချိုးဖောက်ဗုံနှင့် ဟင်းလင်းပြင် ယင်ယန်နာရီတို့နှင့် အတူ ဆုတ်ခွာသွားလိုက်ကြသည်။

ရှင်းလုံစန်းသည်လည်း လင်းဖုန်းအား စိုက်ကြည့်နေခဲ့ကာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

သူတော်စင် ကောင်းကင်ဓားသည် မဟာဟင်းလင်းပြင် မြင့်မြတ်သောစံအိမ်ကဲ့သို့ အားနည်းချက် မရှိပေ။ သို့သော်လည်း သူသည် စွမ်းအားဖျက်ဆီး ကပ်ဘေးနှင့် လင်းဖုန်း၏ တိုက်ခိုက်မှုတို့အား ရင်ဆိုင်ခဲ့ရလျှင် ကောင်းကျိုးတစ်ချက်မှ ရနိုင်မည် မဟုတ်ပေ။ ဟင်းလင်းပြင် ဘုရားကျောင်းက ဆုတ်ခွာသွားပြီးနောက် စူတောင်ဓားဂိုဏ်း အနေနှင့် ဆက်ရှိနေစရာ အကြောင်းမရှိတော့ပေ။

အထူးသဖြင့် သူတော်စင် ကောင်းကင်ဓားအပေါ်မှ အမည်းရောင် အမှတ်သည် သူတော်စင် ကောင်းကင်ဓား၏ ကြမ္မာပန်းတိုင်အား အကြီးအကျယ် ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။

ရှင်းလုံစန်းသည် သူတော်စင် ကောင်းကင်ဓားအား ဆုံးဖြတ်ချက် ပြတ်သားစွာနှင့် ပြန်သိမ်းလိုက်ကာ နောက်ပြန်ဆုတ်သွားခဲ့သည်။

"မင်းတို့က သွားတော့မလို့လား" လင်းဖုန်းက ဟိန်းဟောက်လိုက်၏။ သူသည် ရှေ့တစ်လှမ်း တိုးလိုက်ကာ ကောင်းကင်ဖျက်ဆီး ဓားအား အပေါ်သို့ မြင့်မားစွာ မြှောက်လိုက်သည်။ အဖြူနှင့်အနက် အလင်းတန်းများသည် ကောင်းကင်ပေါ်တွင် ပြည့်နှက်သွားခဲ့၏။

သူ၏ခန္ဓာကိုယ်မှ မွေးညင်းပေါက်များသည် အနည်းငယ် တုန်ခါလာကြကာ အဆုံးမဲ့ စွမ်းအင်များကို ထုတ်လွှတ်လိုက်၍ အော်ရာပင်လယ် အဖြစ်သို့ ပြောင်းလဲခဲ့လိုက်သည်။

ထိုအသက်စွမ်းအားများသည် ကျယ်ပြန့်လာခဲ့ကာ ကောင်းကင်နှင့် မြေကြီးတို့အား ပြည့်သွားခဲ့သည်။

လင်းဖုန်း၏ဓား ထိုးချလိုက်သည်နှင့် အော်ရာပင်လယ်က မာန်ဟုန်ပြင်းလာခဲ့သည်။ သွေးနီရောင် ဓားအလင်းတန်း တစ်တန်းသည် ချက်ချင်းထွက်ပေါ်လာခဲ့၍ ကောင်းကင်ကို ခုတ်ချလိုက်သည်။

ကောင်းဟန်၊ ရွှမ်းလင်သူတော်စင်၊ ဝင်္ကပါချိုးဖောက်ဗုံနှင့် ဟင်းလင်းပြင် ယင်ယန်နာရီတို့က အတူတကွ ပူးပေါင်း၍ ထိုဓားချက်အား ခုခံလိုက်သည်။ ဟင်းလင်းပြင်သည် လှိုင်းတွန့်များ အဖြစ်သို့ ပြောင်းသွားခဲ့ကာ လုံးထွေးထားသော အဝတ်တစ်ထည်ကဲ့သို့ ဖြစ်သွားခဲ့၏။

ကောင်းဟန်၏ နတ်အလင်းတန်း ယင်နည်းစနစ် သစ်သီးသည် အချိန်မြစ်ရေ တစ်စင်းအဖြစ်သို့ ပြောင်းသွားခဲ့သည်။ အရာအားလုံတို့အား ဆွေးမြည့်စေခဲ့၍ လင်းဖုန်း၏ ကောင်းကင်ဖျက်ဆီး ဓားအလင်းတန်းအား ဟန့်တားလိုက်သည်။

ရွှမ်းလင်သူတော်စင်၏ ကောင်းကင်ဖျက်ဆီးခြင်း သစ်သီးသည် ပေါက်ကွဲသွားခဲ့ကာ ခက်ထန်သော စွမ်းအားက ဟင်းလင်းပြင်အား ဖျက်ဆီးခဲ့သည်။ သူသည် ဓားအလင်းတန်း၏ တိုက်ခိုက်မှုအား ရင်ဆိုင်ရန် အသင့်ဖြစ်နေခဲ့သည်။

ဝင်္ကပါချိုးဖောက်ဗုံသည် အသံမြည်လာခဲ့ကာ ရွှေရောင် အသံလှိုင်းများအဖြစ်သို့ ပြောင်းသွားခဲ့သည်။ စကြာဝဠာကြီး တစ်ခုလုံးအား တိုက်စားသွားမည့် လှိုင်းလုံးကြီးများသဖွယ် ဖြစ်နေခဲ့၏။

ဟင်းလင်းပြင် ယင်ယန်နာရီသည် အဖြူနှင့်အနက် စွမ်းအားများကို ထုတ်ဖော်လိုက်၏။ လေဟာနယ် အလွှာပေါင်းများစွာတို့က ကျုံ့ဝင်သွားကြသည်။ သူတို့သည် ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းသွားကြကာ အခြားသုံးယောက်တို့အား သယ်ဆောင်သွားကြ၍ လျှင်မြန်စွာဖြင့် ဆုတ်ခွာသွားကြသည်။ သူသည် လေဟာနယ်ကို ဖြတ်သန်းသွားခဲ့၍ ပျောက်ကွယ်သွားခဲ့သည်။

လင်းဖုန်းသည် သူ၏ဓားကို ဒုတိယအကြိမ်အဖြစ် မြှောက်လိုက်သည်။

ယုကျင်းတောင်၊ မဟူရာကောင်းကင် ရတနာသစ်ပင်နှင့် ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင်တိမ်တိုက်တို့က ပြင်းထန်စွာနှင့် တုန်ခါသွားကြသည်။

လင်းဖုန်း၏ မွေးညင်းပေါက်များသည် စတင်တုန်ခါလာကြသည်။ မွေးညင်းပေါင်းများ တစ်ခုချင်းစီ အတွင်းမှ အလင်းတန်းများက လင်းလက်လာကြ၏။

အလင်းတန်း တစ်ခုချင်းစီမှနေ၍ သန်စွမ်းသော စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ အန္တိမ အရှင်သခင် တစ်ယောက်က မွေးဖွားလာသကဲ့သို့ ဖြစ်သည်။ ဒါသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းအား ဖြစ်ပေါ်စေခဲ့သည်။

ဒုတိယ သွေးနီရောင် အလင်းတန်း တစ်ခုက ထွက်ပေါ်လာခဲ့ကာ အဆုံးမဲ့ လေဟာနယ်ကို ဖိခြေလိုက်၏။ သူသည် ဟင်းလင်းပြင် ယင်ယန်နာရီအား လိုက်မီလာခဲ့သည်။

သွေးအလင်းတန်း၏ လင်းလက်လာမှုနှင့်အတူ ဟင်းလင်းပြင် ယင်ယန်နာရီနှင့် ဝင်္ကပါချိုးဖောက်ဗုံတို့၏ ခန္ဓာကိုယ်များ အပေါ်တွင် တောက်ပသော အနီရောင် အမှတ်တို့ ပေါ်လာခဲ့၏။ ကောင်းဟန်နှင့် ရွှမ်းလင်သူတော်စင်တို့ကလည်း သူတို့၏ ပုခုံးများအပေါ်တွင် ဓားဒဏ်ရာတစ်ချက် ပေါ်လာခဲ့ကြပြီး ညည်းညူလိုက်ကြသည်။

"ရှင်းလုံစန်း၊ မင်းကငါ့ဆီကို ပြဿနာလာရှာပြီး ဘာဖြစ်လို့ အစောကြီး ပြန်ချင်နေရတာလဲ"

လင်းဖုန်း၏ လက်ညှိုးအား ညွှန်လိုက်ခြင်းနှင့်အတူ စတုတ္ထမြောက် အနက်ရောင် ဓာတ်ငွေ့တို့သည် ထွက်ပေါ်လာခဲ့၍ သူတော်စင် ကောင်းကင်ဓားအား ဟန့်တားလိုက်သည်။

သူတော်စင် ကောင်းကင်ဓားချီသည် စွမ်းအားဖျက်ဆီး ကပ်ဘေးအား ရင်ဆိုင်နေဆဲတွင် လင်းဖုန်းသည် သူ၏ဓားကို နောက်တစ်ခေါက် ထပ်မြှောက်လိုက်သည်။

အဖြူနှင့် အနက်ရောင် မြင့်မြတ်သော အလင်းတန်းများက လင်းလက်လာခဲ့ကာ သံစဥ်များက ထွက်ပေါ်လာခဲ့သည်။ အဖြူနှင့်အနက် မြင့်မြတ်သော အလင်းတန်းများ၏ ထောက်ပံ့မှုနှင့အတူ တတိယ ကောင်းကင်ဖျက်ဆီး ဓားအလင်းတန်း တစ်ခုက ထွက်ပေါ်လာခဲ့သည်။

သွေးနီရောင် ဓားအလင်းတန်း တစ်ခုသည် သူတော်စင် ကောင်းကင်ဓား၏ အပေါ်သို့ ကျရောက်သွားခဲ့ကာ တောက်ပသော အလင်းရောင် တစ်ခုက ပေါက်ကွဲလာခဲ့သည်။ မျက်လုံးကျိန်းလောက်ပေသည်။

ရှင်းလုံစန်းသည် ညည်းညူလိုက်ကာ ထိုထိတွေ့မှု၏ အရှိန်ကြောင့် သူသည် သူတော်စင် ကောင်းကင်ဓားထံမှ လွင့်ထွက်သွားခဲ့သည်။

စကြာဝဠာ အတွင်းတွင် ဤနေရာ၌ ကောင်းကင်ဖျက်ဆီး ဓား၏ ဓားအလင်းတန်းတစ်ခုသာ ကျန်နေရစ်ခဲ့သည်။ သူသည် လင်းဖုန်း၏ ဧရာမ ပုံရိပ်၏ဘေးတွင် ရှိနေခဲ့၏။

ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေ အတွင်းတွင် အားလုံးတို့သည် ငြိမ်သက်သွားခဲ့ကာ ဘာမှ မပြောနိုင်ကြတော့ပေ။

နတ်ကောင်းကင် ဓားအကြီးအကဲ၊ အလင်းဓားမြန် ဓားမာစတာ၊ ဆီးနှင်းပျံ ဓားမာစတာ၊ နေမင်းအလင်းတန်း ဓားမာစတာ၊ ကြယ်စင် ဓားမာစတာနှင့် ကောင်းကင်လှည်း တောင်ထိပ်မှ ဓားစည်းဝေးပွဲတွင် ပါဝင်ခဲ့ကြသူများသည် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲများသည် ထိတ်လန့်တုန်လှုပ်နေကြကာ ချီသာဝကနှင့် အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံသူများကဲ့သို့ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ကြခဲ့ပေ။ သူတို့၏ အတွေးတွင် အတွေးများစွာ ပေါ်ထွက်လာကြသည်။ သို့သော်လည်း ထိုအတွေးများမှာ အလွန်အမင်း ရှုပ်ထွေးနေကြ၏။

ကောင်းကင်လှည်း တောင်ထိပ်မှ စည်းဝေးပွဲ၏ တိုက်ခိုက်မှုသည် သူတို့ယနေ့ မြင်တွေ့ခဲ့ရသည့် တိုက်ပွဲနှင့် ဘာမှမဆိုင်ခဲ့ပေ။

အင်မော်တယ်ဝိညာဥ် တတိယ အဆင့်မှ အကြီးအကဲသုံးယောက်၊ ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာ နှစ်ပါးတို့သည် လင်းဖုန်းအား အနိုင်ယူရန် မတတ်စွမ်းနိုင်ခဲ့ကြပေ။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ လင်းဖုန်းသည် စွမ်းအားဖျက်ဆီး ကပ်ဘေးများအား ဆင့်ခေါ်၍ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဒါသည် အားလုံးတို့အား ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်စေခဲ့သည်။

မှန်ပေ၏။ ဒါသည် ကြောက်ရွံ့မှုဖြစ်သည်။

အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲများအား ကြောက်ရွံ့စေနိုင်သည့် စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးတို့အား ပျက်စီးစေနိုင်ခြင်းမှ အခြေခံလာခဲ့ခြင်း ဖြစ်သည်။

ရှီယုသည်ပင်လျှင် ယခုအချိန်တွင် ဆွံ့အနေခဲ့၏။

အားလုံးတို့သည် ကောင်းဟန်နှင့် ကျန်သောသူများ ထွက်ခွာသွားသည့်ဘက်သို့ ကြည့်နေခဲ့ကာ ပြောလိုက်သည်။ "ဟင်းလင်းပြင် ဘုရားကျောင်းက ဒီလိုမျိုး အလျှော့ပေးမှာတော့ မဟုတ်ဘူး"

သူတို့သည် ထိုကဲ့သို့ တွေးနေစဥ်တွင်ပင် ဟင်းလင်းပြင် အတွင်းတွင် အက်ကွဲကြောင်း တစ်ခုက ရုတ်တရက်ပေါ်လာခဲ့သည်။ အဖြူရောင် တိမ်တိုက်တစ်တန်းက ပေါက်ကွဲထွက်လာခဲ့၍ စကြာဝဠာ တစ်ခုလုံး ပြည့်သွားခဲ့ကာ ကောင်းဟန်နှင့် ကျန်သောသူများအား ဆွဲခေါ်သွားခဲ့သည်။

ဒါသည် ကောင်းဟန်၏ဆရာဖြစ်သော ကျန်းရီသူတော်စင် ဖြစ်၏။

ဟင်းလင်းပြင် ဘုရားကျောင်းမှ ရှေ့ဆောင်လမ်းစဥ်ပါတီ၏ ခေါင်းဆောင်ဖြစ်သည်။

"ဘယ်သူ့ရဲ့ ကူညီမှုမှ အသုံးဝင်မှာ မဟုတ်ဘူး"

လင်းဖုန်းသည် ဟင်းလင်းပြင် ဘုရားကျောင်းအား ကြည့်နေခဲ့ကာ သူ၏မျက်လုံးမှ အေးစက်သော အလင်းတန်းများ ပေါ်လာခဲ့သည်။ ငါးတန်းမြောက် စွမ်းအားဖျက်ဆီး ကပ်ဘေးက ထွက်ပေါ်လာခဲ့ကာ အနောက်မှနေ၍ ဓားအလင်းတန်း တစ်ခုက လိုက်လာခဲ့သည်။

အနက်ရောင် ဓာတ်ငွေ့သည် အရှေ့မှလာခဲ့ကာ အနောက်မှနေ၍ အနီရောင် ဓားအလင်းတန်းက လိုက်ပါလာခဲ့၏။ ထိုအလင်းတန်းသည် ဖျက်ဆီးခြင်း မြားတစ်ချောင်းအဖြစ်သို့ ပြောင်းသွားခဲ့ကာ စကြာဝဠာကြီးအား ထိုးဖောက်သွားခဲ့လိုက်သည်။

အဖြူရောင် တိမ်တိုက်များသည် လျှင်မြန်စွာနှင့် စုစည်းလာခဲ့ကာ ကောင်းကင်ကဲ့သို့ ကျယ်ပြန့်၍ မြေကြီးကဲ့သို့ သိပ်သည်းသော ခမ်းနားထည်ဝါသည့် တောင်တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ၏အော်ရာများ ပျံ့နှံ့လာသည်နှင့်အမျှ ထိုတောင်သည် ကိုယ်ပိုင်ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့၏။

သို့သော်လည်း ဒါသည် ဘာမှအသုံးမဝင်ခဲ့ချေ!

ဘန်း!

လေဟာနယ် ဟင်းလင်းပြင်များက ပြိုကွဲသွားခဲ့ကာ တောင်ကြီးကလည်း ကြေမွသွားခဲ့သည်။ မှေးမှိန်နေသော ရွှေရောင်သွေးအမှတ် တစ်ခုကသာ ကျန်နေခဲ့သည်။ သူသည် စကြာဝဠာအတွင်းတွင် ကျန်နေခဲ့၍ ပျောက်ဆုံးသွားခဲ့ခြင်း မရှိပေ။

ဒါသည် တကယ်သွေးအစစ် မဟုတ်ပဲ ကျိုးပဲ့သွားသော ကျန်းရီသူတော်စင်၏ မဟာတာအို အဆီအနှစ်များ ဖြစ်၏။

"အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်က ကောလာဟာလတွေနဲ့အညီ အစွမ်းထက်လှပါတယ်" ကျန်းရီသူတော်စင်သည် လေးနက်သောအသံဖြင့် မှတ်ချက်ချလိုက်ရာ ကောင်းဟန်နှင့် ကျန်သောသူများ၏ ညည်းညူသံများကို ဖုံးလွှမ်းသွားခဲ့သည်။

Continue Reading

You'll Also Like

53.1K 4.1K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
28.6K 4K 34
Genres: Fantasy/ Horror/School life *Trigger Warning*
548K 75K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
59.5K 6K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်...