ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.5K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်

309 42 0
By KazunoMora

စာစဥ် ၃၁ : အပိုင်း ၇

အပိုင်း ၅၇၇ :  နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်

အဖြူရောင် တိမ်တိုက်များသည် ဟင်းလင်းပြင်အား ဖြတ်သန်းလာခဲ့ကာ နဂါးတိုက်ပွဲ စင်မြင့်ပေါ်သို့ လျှင်မြန်စွာနှင့် ရောက်ရှိလာခဲ့သည်။

မဟာချင် အင်ပါယာသည် ရှီထျန်းဟောင်နှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ထောက်ခံကြသူများ ဖြစ်စေ၊ ရှီထျန်းရီနှင့် ဟင်းလင်းပြင် ဘုရားကျောင်းတို့အား ထောက်ခံကြသူများအား ဖြစ်စေ၊ တိုက်ပွဲကို လာကြည့်ကြသော အင်အားစု အားလုံးတို့အတွက် နေရာများကို ပြင်ဆင်ထားပေးခဲ့သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် ဟင်းလင်းပြင် ဘုရားကျောင်းတို့ အနေနှင့်မူ သူတို့သည် စင်မြင့်၏ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် မျက်နှာချင်းဆိုင် နေရာယူထားကြသည်။

အိမ်ရှင်ဖြစ်သော မဟာချင် အင်ပါယာသည် မြောက်ဘက်တွင် နေရာယူထား၏။ တိုက်ပွဲအား လာကြည့်ကြသော ပရိသတ်များသည် ကျန်သော နေရာများကို ယူလိုက်ကြသည်။

ဟင်းလင်းပြင် ဘုရားကျောင်းအား ကလေးပုံစံနှင့် လူတစ်ယောက်က ဦးဆောင်လာခဲ့သည်။ သူ၏ အမူအရာသည် တည်ငြိမ်နေခဲ့ကာ သူ၏ အကြည့်သည် ထာဝရကဲ့သို့ ဖြစ်နေ၏။

သို့သော်လည်း ရှိနေကြသူ တစ်ယောက်ကမှ သူ့အား အထင်မသေးရဲကြပေ။ သူက မည်သူဆိုသည်ကို အားလုံးက သိပေသည်။ ကလေးပုံပေါက်နေသောသူမှာ အမှန်တွင် ဟင်းလင်းပြင် ဘုရားကျောင်း၏ နာယက အကြီးအကဲ ကောင်စီဝင် တစ်ဦးဖြစ်ကာ ရှေ့ဆောင်လမ်းစဥ်ပါတီ၏ ဗဟိုအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကောင်းဟန်ပင် ဖြစ်၏။

ကောင်းဟန်၏ ဂုဏ်သတင်းသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်ကတည်းက ထင်ရှားခဲ့ပြီး ဖြစ်၏။ သူသည် ရွှမ်းလင်သူတော်စင်နှင့် လက်ရှိ ဟင်းလင်းပြင် ဘုရားကျောင်း၏ ခေါင်းဆောင် ယန်နန်းလိုင်တို့ထက် ပို၍စောကာ ကျော်ကြားခဲ့သူ ဖြစ်၏။ သူသည် မိစ္ဆာတို့နှင့်တိုက်ခိုက်သော တိုက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ ဖြစ်၏။

ကမ္ဘာနှစ်ခုအကြားမှ နောက်ဆုံးတိုက်ပွဲတွင် ထိုအချိန်က ခေါင်းဆောင်ဖြစ်သူ ထိုက်ရီသူတော်စင်သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ အငြိမ်းစားယူကာ နာယက အကြီးအကဲ ကောင်စီ အတွင်းသို့ ဝင်သွားခဲ့သည်။ ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင် အဖြစ် ရေပန်းအစားဆုံး နှစ်ယောက်မှာ ယန်နန်းလိုင်နှင့် ကောင်းဟန်တို့ ဖြစ်ကြ၏။

နောက်ဆုံးတွင် ယန်နန်းလိုင်သည် ရာထူးကို ရခဲ့ကာ ကောင်းဟန်က နာယက အကြီးအကဲ ကောင်စီ အတွင်းသို့ ဝင်သွားခဲ့သည်။

သို့သော်လည်း ကောင်းဟန်က အရွေးချယ် မခံရခြင်းမှာ သူသည် ယန်နန်းလိုင်ထက် အောက်ကျ၍ မဟုတ်ကြောင်း အားလုံးက သိထားလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရှေ့ဆောင်လမ်းစဥ် ပါတီမှ ဖြစ်၍ ယန်နန်းလိုင်က ကွန်ဆားဗေးတစ် ပါတီမှ ဖြစ်သည်။ ဟင်းလင်းပြင် ဘုရားကျောင်းသည် တည်ငြိမ်မှုအား ဦးစားပေးခြင်း ဖြစ်သည်။

ကောင်းဟန်၏ အမူအရာသည် တည်ငြိမ်လျှက်ပင် ရှိကာ သူ၏အကြည့်သည် လင်းဖုန်း၏ အပေါ်သို့ ကျရောက်သွားခဲ့သည်။ သူသည် ဝမ်းမနည်းနေသလို ပျော်ရွှင်ခြင်းလည်း မရှိနေခဲ့ပေ။ သူသည် သူ၏ခေါင်းကိုသာ အသိအမှတ်ပြုသည့်အနေနှင့် ညိတ်ပြလိုက်သည်။

လင်းဖုန်းကလည်း ပြန်ပြုံးပြလိုက်ကာ ခေါင်းပြန်ညိတ်ပြလိုက်၏။

ကောင်းဟန်၏ဘေးတွင် လူနှစ်ယောက် ရပ်နေကြသည်။ တစ်ယောက်သည် သက်လတ်ပိုင်းလူကြီး ရွှမ်းလင်သူတော်စင် ဖြစ်၍ ကျန်တစ်ယောက်မှာ အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီး ဖြစ်သော တင့်တယ်သောတိမ်တိုက် သူတော်စင်မယ် ဖြစ်၏။

စကားတစ်ခွန်းမှ မပြောခဲ့ပဲ သူတို့သုံးယောက်သားတို့သည် ကြီးမားသော ဖိအားများကို ထုတ်လွှတ်နိုင်ခဲ့၏။

သူတို့အတွင်းမှ နှစ်ယောက်သည် အင်မော်တယ် ဝိညာဥ် တတိယ အဆင့်မှ ကျင့်ကြံသူ ဖြစ်၍ ကျန်တစ်ယောက်သည် အင်မော်တယ် ဝိညာဥ် ဒုတိယ အဆင့်မှ ကျင့်ကြံသူ ဖြစ်သည်။ မည်သည့်ဂိုဏ်းမှ ဤကဲ့သို့ ကျင့်ကြံမှု အဆင့်အတန်း မြင့်မားသော ကျင့်ကြံသူများကို တစ်ခါတည်း မစေလွှတ်နိုင်ပေ။ မဟာချင် အင်ပါယာနှင့် မဟာကျိုး အင်ပါယာတို့ပင်လျှင် တတ်နိုင်ရန် ခက်ခဲပေမည်။

သူတို့အား ယှဥ်နိုင်သောဂိုဏ်းမှာ စူတောင်ဓားဂိုဏ်းပင် ရှိပေလိမ့်မည်။ သို့သော်လည်း ကောင်းဟန်နှင့် ကျန်နှစ်ယောက်မှ ဟင်းလင်းပြင် ဘုရားကျောင်း၏ သေးငယ် အစိတ်အပိုင်း တစ်ပိုင်းသာ ရှိသေး၏။ သူတို့သည် ရှေ့ဆောင်လမ်းစဥ် ပါတီမှ အဖွဲ့ဝင်တိုင်းအား မထုတ်ခဲ့ရသေးပေ။

ပို၍အသက်ကြီးကာ သတင်းအချက်အလက် ပိုစုံသော သူများမှာ ရှေ့ဆောင်လမ်းစဥ် ပါတီ၏ တက်မကိုင်သူမှာ ရွှမ်းလင်သူတော်စင်၏ ဦးလေးနှင့် ကောင်းဟန်၏ ဆရာဖြစ်သည်ကို သိထားကြ၏။ သူသည် ထိုက်ရီသူတော်စင်နှင့် မျိုးဆက်တစ်ခုတည်းဖြစ်သူ ကျန်းရီသူတော်စင် ဖြစ်၏။

ရွှမ်းလင်သူတော်စင်နှင့် တင့်တယ်သောတိမ်တိုက် သူတော်စင်မယ်တို့အား ယုမိသားစုတို့၏ ဘိုးဘေးဘီဘင် နယ်မြေမှ ခေါ်ထုတ်သွားသောသူမှာ သူဖြစ်၏။ သူသည် ပိုင်ယွင်တောင်မှ မထွက်ခွာခဲ့ပဲ ရှေးဆောင်လမ်းစဥ် ပါတီ၏ အမှုကိစ္စများကို ကောင်းဟန်နှင့် အဖွဲ့အား လွှဲအပ်ထားခဲ့သည်။

ဟင်းလင်းပြင် ဘုရားကျောင်းသည် သူတို့ကိုယ်သူတို့ သိပ်ပြီး ဖော်ပြလေ့မရှိပေ။ သူတို့သည် ကြောက်ရွံ့လေးစားမှုများကို ရရှိခဲ့သော်လည်း လူအများစုတို့သည် သူတို့၏ တည်ရှိနေမှုအား သိပ်မခံစားခဲ့ရပေ။ ယနေ့မှာသာ သူတို့အား အပြည့်အဝ ခံစားခဲ့ရခြင်း ဖြစ်သည်။

ကောင်းကင်မာစတာ ဓားဂိုဏ်းမှ နတ်ကောင်းကင် ဓားအကြီးအကဲသည် သက်ပြင်းချလိုက်ကာ တွေးလိုက်သည်။ "ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ရှေ့ဆောင်လမ်းစဥ် ပါတီကတောင် စူတောင်ဓားဂိုဏ်းထက် အများကြီးပိုပြီး အစွမ်းထက်နေပြီ။ နတ်ဘုရားနယ်မြေက ဂိုဏ်းပေါင်းများစွာတို့က ရှေ့ဆောင်လမ်းစဥ် ပါတီကို ထိန်းသိမ်းထားတဲ့ ကွန်ဆာဗေးတစ် ပါတီကို ကျေးဇူးတင်ရမယ်"

ကောင်းကင်မာစတာ ဓားဂိုဏ်းသည် စူတောင်ဓားဂိုဏ်းကို တားဆီးရန်အတွက် ဟင်းလင်းပြင် ဘုရားကျောင်းက ထောက်ပံ့ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် အခြားသူများထက်စာလျှင် ဟင်းလင်းပြင် ဘုရားကျောင်း၏ အကြောင်းကို ပိုသိပေသည်။

ယနေ့တွင် ရောက်သင့်သောသူများ အားလုံးက ရောက်လာကြပြီ ဖြစ်၏။ ဟင်းလင်းပြင် ဘုရားကျောင်းမှ အစွမ်းထက်သော ကျင့်ကြံသူ အများအပြား ရောက်လာကြခြင်းသည် အားလုံးတို့၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဖက်တီး ယန်ဝူဝေက သူ၏နှုတ်ခမ်းကို မဲ့လိုက်ကာ ပြောလိုက်သည်။ "ဘာများ ထူးခြားလို့လဲ၊ ဟန်ရေးပြရုံ သက်သက်ပဲ"

လျှိုရှဖုန်းက သူ၏ခေါင်းကို ခါလိုက်ကာ ပြောလိုက်သည်။ "ဒီလိုပြောလို့တော့ မရဘူး။ သူတို့က ကြီးစိုးနိုင်တဲ့ နေရာမှာ ရှိနေပေမဲ့ သွေးကြွေးဆပ်ဖို့ ရှိနေတဲ့ ရှီထျန်းရီကို လက်ခံခဲ့တာက သူတို့အတွက် သိက္ခာကျစရာ ဖြစ်တယ်"

သူ၏စကားဆုံးသည်နှင့် သူ၏အရှေ့တွင် ထိုင်နေသော ဇူရီက ပြောလိုက်သည်။ "တစ်ယောက်က ဟင်းလင်းပြင် ဘုရားကျောင်းဟာ စွမ်းအားတွေကို ဆာလောင်ပြီး တရားတာပဲ ဖြစ်ဖြစ်၊ မတရားတာပဲ ဖြစ်ဖြစ် ကိုယ်အနိုင်ရဖို့ကိုပဲ ကြည့်တယ်လို့ ပြောလိုက်ရတယ်။ ဒါပေမဲ့ သူတို့ကို ဂုဏ်သိက္ခာ မရှိဘူးလို့ ပြောလို့တော့မရဘူး"

"တစ်ယောက်က ရှေ့ဆောင်လမ်းစဥ် ပါတီကပဲ ဖြစ်ဖြစ်၊ ကွန်ဆာဗေးတစ်ပါတီကပဲ ဖြစ်ဖြစ်၊ တစ်ယောက်မှ ရိုးသားစွာ လုပ်ဆောင်မှာ မဟုတ်ဘူး" ဇူရီက နောက်ပြန်လှည့်မကြည့်ပဲနှင့် ပြောလိုက်သည်။

"ကွန်ဆာဗေးတစ်ပါတီက မဟာမိတ်တွေကို အကွက်ချပြီး ဆောင်ရွက်ပြီး ရှေ့ဆောင်လမ်းစဥ် ပါတီက ကြီးစိုးလွှမ်းမိုးလိုစိတ်ရှိတယ်" ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ရည်ရွယ်ချက်တွေက အမြဲတမ်း ပြတ်သားပြီး သူတို့ကို ဖြစ်မြောက်ဖို့အတွက် နည်းလမ်းအကုန်ကို အသုံးပြုကြတယ်။ သူတို့က ဒီနေရာမှာ တရားတာပဲဖြစ်ဖြစ်၊ မတရားတာပဲ ဖြစ်ဖြစ် ကိုယ်လိုချင်တာကို ရအောင်ယူကြတယ်"

"သူတို့က ရည်မှန်းချက် တစ်ခုကို ချပြီးသွားရင် ကျရှုံးမှု မရှိပဲ ရှေ့ဆက်သွားကြတယ်။ သူတို့ရဲ့ ကျော်ကြားမှုနဲ့ ဩဘာသံတွေက သူတို့ အကျိုးပြုထားခဲ့တဲ့ သူတွေဆီကနေ ရရှိလာခဲ့တာ ဖြစ်တယ်"

"ဘာဖြစ်လို့လဲဆိုတော့ အပြင်လူတွေ အနေနဲ့ဆိုရင် ဒါက အကျိုးအရှိဆုံး ရလဒ်ပဲ ဖြစ်တယ်။ သူတို့ဟာ ဒီလိုမျိုး စွမ်းအားကြီးတဲ့ အဖွဲ့ကနေ ခြိမ်းခြောက်မှုတွေ မခံစားရတော့ဘူး"

ဇူရီသည် ပြောနေရင်းနှင့် တိုးညင်းစွာ ရယ်လိုက်သည်။ "ကမ္ဘာကျော်မှုနဲ့ ဂုဏ်သိက္ခာတို့ဟာ တစ်ယောက်ရဲ့ လည်ပင်းမှာ ပတ်ထားတဲ့ ချိန်းကြိုးတွေလိုပဲ။ ရယ်စရာကောင်းတာက ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ လူငယ်မျိုးဆက်တွေဟာ ဒီချိန်းကြိုးတွေကို ပတ်ထားကြပြီ"

"ဒါပေမဲ့ ဂိုဏ်းကို အမှန်တကယ် ပဲ့ကိုင်နေတဲ့ အကြီးအကဲတွေကတော့ အသေအချာ သိနေကြတယ်။ သူတို့ရဲ့ လက်ရှိနေရာကို တခြားလူတွေရဲ့ အတွေးအမြင်တွေကို နားထောင်ပြီးမှ ရရှိလာကြတာ မဟုတ်ဘူး"

သူသည် သူ့မိဘတို့၏ အတိတ်က အကြောင်းအရာကို သိပြီးနောက်တွင် ဇူရီသည် ဟင်းလင်းပြင် ဘုရားကျောင်း၏ အကြောင်းကို အချိန်အကုန်ခံ၍ လေ့လာခဲ့ရာ သူ၏ ဗဟုသုတများသည် သာမန်လူများထက် များစွာများပေသည်။

ယန်ဝူဝေသည် အဆီအစ်နေသော လည်ပင်းအား ပုလိုက်ကာ ဘာမှ မပြောတော့ပေ။ လျှိုရှဖုန်းက သူ၏ဆံပင်အား သပ်တင်လိုက်ကာ မေးလိုက်သည်။ "ဒါပေမဲ့ ဒုတိယဦးလေး၊ ဒါဆိုရင် ဟင်းလင်းပြင် ဘုရားကျောင်း၊ စူတောင်ဓားဂိုဏ်းနဲ့ မဟာမိုးကြိုး ကျောင်းတော်တို့ကို အလယ်ခေတ်မှာ လမ်းလွဲဂိုဏ်းတွေကို ဖျက်ဆီးခဲ့တဲ့ မြင့်မြတ်နယ်မြေ သုံးခုလို့ ဘာဖြစ်လို့ ခေါ်ကြတာလဲ"

"ဦးလေးပြောသလိုဆိုရင် လမ်းလွဲဂိုဏ်းနဲ့ လမ်းမှန်ဂိုဏ်းတို့က ဘာများကွာဦးမှာလဲ။ အနိုင်ရသူကသာ သမိုင်းစာအုပ်ကို ရေးနိုင်တာ မဟုတ်ဘူးလား"

လျှိုရှဖုန်းသည် ယုကျင်းတောင်ပေါ်တွင် ကျင့်ကြံနေခဲ့သော်လည်း သူသည် ပြင်ပကမ္ဘာမှ အကြောင်းအရာများကို လိုက်စားထားခဲ့သည်။

လျှိုရှဖုန်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ ဇူရီက စိတ်မတိုသွားခဲ့ပေ။ ထို့အစား သူ၏ခေါင်းအား လှည့်လိုက်ကာ ထောက်ခံသည့်အနေနှင့် ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။ "မင်းကမှန်တယ်။ ဒါက နိုင်တဲ့သူက အကုန်ယူကြေးဆိုသလောက် မရိုးစင်းဘူး။ ဒါပေမဲ့ လမ်းမှန်နဲ့ လမ်းလွဲဆိုတာက အဖြူနဲ့ အမည်းတို့လိုမျိုး တိကျပြတ်သားစွာ ကွဲပြားနေခြင်း မရှိဘူး"

"တာအိုလမ်းစဥ်တွေ အမျိုးမျိုး ရှိနေကြသလိုမျိုး လူ့သဘာဝကလည်း ဒီအတိုင်းပဲ"

လျှိုရှဖုန်းနှင့် ကျန်သောသူများသည် ဇူရီ၏ စကားများကို စဥ်းစားနေကြဆဲတွင် ရှောင်ယန်က ရယ်လိုက်သည်။ "သေချာထိုင်ပြီး ငြိမ်ငြိမ်နေကြပါ။ ဒီလိုမျိုး ကိစ္စတွေမှာ နောက်ဆုံးမှာ ရယ်နိုင်တဲ့သူက အကျယ်ဆုံး ရယ်နိုင်မှာ ဖြစ်တယ်"

အားလုံးတို့သည် လင်းဖုန်းအား ကြည့်လိုက်ကြသောအခါ သူတို့ကလည်း တည်ငြိမ်မှု ရရှိသွားကြသည်။ ဖက်တီး ယန်ဝူဝေသည် လင်းဖုန်း၏ တည်ငြိမ်အေးချမ်းနေမှုကို ကြည့်လိုက်ကာ သူ၏ခေါင်းကို ငုံ့လိုက်၍ ပြောလိုက်သည်။ "ကျွန်တော်က လောသွားခဲ့ပါတယ်"

လင်းဖုန်းသည် သူတို့အား ကျောပေးထားခဲ့ရင်း သူ၏အမူအရာသည် မပြောင်းလဲခဲ့ပေ။ ဟင်းလင်းပြင် ဘုရားကျောင်းမှ ဖိအားပေးနေခဲ့သော မျက်စိကျစရာ အုပ်စုအား ကြည့်လိုက်ကာ သူသည် ရယ်ချင်နေခဲ့ပြီး တွေးလိုက်သည်။ "ရှောင်ယန်ပြောထားသလိုပဲ နောက်ဆုံးရယ်နိုင်သူက အကျယ်ဆုံး ရယ်နိုင်တယ်။ တစ်ယောက်က အမြင့်ရောက်နေခဲ့လေလေ ကျတဲ့အခါ နာလေလေပဲ"

ကောင်းဟန်နှင့် ကျန်သောသူများ ထိုင်လိုက်သောအခါ သူတို့၏ အနောက်တွင် ဟင်းလင်းပြင် ဘုရားကျောင်းမှ တပည့်များကိုလည်း တွေ့နိုင်ခဲ့သည်။ သူတို့အားလုံးတို့သည် အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေကြ၍ ထူးချွန်ပြောင်မြောက်ကြသည်။ သန့်စင်သောယန် ခန္ဓာကိုယ်နှင့် တင်းရန်ဖုန်းအား တွေ့နိုင်သော်လည်း ပိုင်ရှီချန်ကိုမူ မတွေ့နိုင်ခဲ့ပေ။

အားလုံးတို့သည် ဟင်းလင်းပြင် ဘုရားကျောင်းမှ တပည့်များကို ကြည့်လိုက်ကြ၍ တွေးလိုက်ကြသည်။ "သူတို့ကို ပါရမီရှင်တွေရဲ့ စုဝေးရာလို့ ပြောကြတာ မမှားပါဘူး"

ဟင်းလင်းပြင် ဘုရားကျောင်းမှ တပည့်အကြားတွင် တစ်ယောက်သောသူမှာ ပို၍ ထင်ပေါ်နေ၏။ သူ၏ အမူအရာမှာ လေးနက်နေ၍ သူ၏ မျက်လုံးအစုံအား ပိတ်ထားခဲ့သည်။ သူသည် ရှီထျန်းရီ ဖြစ်၏။

သူ့အား ယခင်က မြင်ဖူးကြသူများသည် ယခုပြန်တွေ့ခဲ့သောအခါ တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိလိုက်ကြ၏။ တစ်စုံတစ်ခုက အခြေခံကျကျ ပြောင်းလဲသွားခဲ့သကဲ့သို့ ကွဲပြားခြားနားနေခဲ့သည်။

ရှီထျန်းရီသည် သူတို့သုံးယောက်အား ကြည့်လိုက်ကာ ဦးညွှတ်လိုက်သည်။ ပြီးတာနှင့် သူသည် အောက်သို့ ခုန်ချလိုက်ကာ အောက်ခြေမှ တောင်ကြားအတွင်းသို့ ကျရောက်သွားခဲ့သည်။ သူ၏လက်များကို ကျောနောက်တွင် ပစ်ထားပြီး ငြိမ်သက်စွာနှင့် ရပ်နေခဲ့၏။

"ချစ်လှစွာသော ညီငယ်လေးက ဒီကို မရောက်သေးဘူးလား" ရှီထျန်းရီက သူ၏အသံကို ထုတ်လွှင့်လိုက်၏။

နဂါးတိုက်ပွဲ စင်မြင့်မှ လူငယ်ကျင့်ကြံသူများသည် လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ ဒါသည် ရှီထျန်းရီက ပထမဆုံး အကြိမ်အဖြစ် ရှီထျန်းဟောင်အား တိုက်ရိုက်စိန်ခေါ်လိုက်ခြင်း ဖြစ်၏။

အချိန်အတော်ကြာပြီးသည်အထိ ရှီထျန်းဟောင်၏ ဖြေကြားသံကို မည်သူကမှ မကြားခဲ့ရပေ။

နဂါးတိုက်ပွဲ စင်မြင့်တွင် မှော်စွမ်းအင် လှုပ်ရှားမှုများ တဖြည်းဖြည်း ထကြွလာခဲ့သည်။ တစ်ယောက်ကမှ မပြောခဲ့သော်လည်း အားလုံးက တိတ်တဆိတ် ဆွေးနွေးနေကြသည်။

တိုက်ပွဲနေ့ရက်တွင် ရှီထျန်းရီက ရောက်ရှိလာခဲ့သော်လည်း သူ၏ပြိုင်ဘက်မှာ ပေါ်မလာခဲ့ပေ။ ဒါသည် လူများစွာတို့၏ မျက်ခုံးများကို ပင့်စေခဲ့သည်။

ရှီထျန်းရီသည် အချိန်အတော်ကြာ စောင့်ပြီးသွားနောက်တွင် သူ၏ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ "မင်းက မပေါ်လာတော့ဘူးလား"

"မင်းက ဘာဖြစ်လို့ ဒီလောက်အထိ လောနေတာလဲ။ မင်းရဲ့ ညာမျက်စိကရော အဆင့်သင့် ဖြစ်ပြီလို့လား" အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဘက်မှ အေးစက်သော အသံတစ်ခုက ထွက်လာခဲ့၏။

ထိုအချိန်တွင် အားလုံး၏ အကြည့်တို့သည် လင်းဖုန်းနှင့် အဖွဲ့ဘက်သို့ ကြည့်လိုက်ကြသည်။ လင်းဖုန်းမှလွဲ၍ ကျန်သောသူများသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ တစ်ခေါင်းလုံး ဖြူဖွေးနေသော လူငယ်တစ်ယောက်အား ကြည့်လိုက်ကြသည်။

"ဒါက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တတိယတပည့် ဝမ်လင်းဖြစ်တယ်။ သူက ရှီထျန်းရီရဲ့ ဘယ်မျက်လုံးကို ကန်းအောင်လုပ်ခဲ့တဲ့သူ ဖြစ်တယ်"

မည်သို့ဖြစ်ခဲ့သည်ကို သိခဲ့ကြသော သူများမှာ တုန်လှုပ်ချောက်ချားကုန်ကြ၏။

"အစောပိုင်းမှာ သူက ရှီထျန်းရီကို မျက်လုံးတစ်ဘက်ကန်းအောင် လုပ်ခဲ့တုံးက ရွှေရောင်ဗဟိုချက် အဆင့်မှာပဲ ရှိသေးတယ်။ အခုအချိန်မှာ သူက အခြေတည်ဝိညာဥ်ကို ဖန်ဆင်းပြီးသွားပြီ။ သူက အခုဆိုရင် ရှီထျန်းရီထက် ပိုသန်မာသွားပြီ မဟုတ်ဘူးလား"

"ဒါကတော့ ပြောလို့မရဘူး။ ရှီထျန်းရီကလည်း ပိုမိုသန်မာလာခဲ့တော့ တိုက်ခိုက်ပြီးမှပဲ ပြောနိုင်လိမ့်မယ်။ ဒါပေမဲ့ သူကတော့ စောင့်ကြည့်ရမယ့်သူအထဲမှာ ပါတယ်။ သူက ဟင်းလင်းပြင် စစ်တလင်း အထဲမှ အခြေတည်ဝိညာဥ် အဆင့်က ကျင့်ကြံသူတွေကို တိရစ္ဆာန်တွေကို သတ်သလို သတ်ခဲ့တာလို့ ကြားထားတယ်"

ယခုအချိန်တွင် ဝမ်လင်းသည် နတ်ဘုရားနယ်မြေ အတွင်းတွင် ဒဏ္ဍာရီတစ်ပါး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ရဲတင်းသော စွမ်းဆောင်ချက် တစ်ခုဖြင့် သူသည် ဇီးရိုးမှနေ၍ ဟီးရိုးဖြစ်သွားခဲ့သည်။

အစပိုင်းတွင် သူသည် လင်းဖုန်းတပည့်များအနက် တိုးတက်မှု အနှေးကွေးဆုံး ဖြစ်သည်။ လင်းဖုန်းက တပည့်ရွေးရာတွင် ဝမ်လင်းသည် တစ်ခုတည်းသော အမှားဖြစ်သည်ဟူ၍ပင် အချို့က သရော်ခဲ့ကြ၏။

ပြီးတာနှင့် သူသည် ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးတွင် စတင်၍ ဖြည်းဖြည်းချင်း ကျော်ကြားလာခဲ့သည်။ ပြီးတာနှင့် သူသည် ဆတက်ထမ်းပိုး တိုးတက်လာခဲ့သည်။ လပေါင်းအနည်းငယ် အကြာတွင်ပင် သူသည် ရွှေရောင်ဗဟိုချက် စဦးပိုင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့အား အားလုံးတို့အား အံ့ဩတုန်လှုပ်စေခဲ့၏။

အကယ်၍ သူ၏ ယခင်မှ စွမ်းဆောင်ရည်များသည် လုံလောက်အောင် အထင်ကြီးဖွယ်ရာ မကောင်းသေးလျှင်ပင် ဟင်းလင်းပြင် စစ်တလင်း အတွင်းတွင် သူသည် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်မှ ကျင့်ကြံမှုဖြင့် ရှီထျန်းရီ၏ မျက်လုံးအား ကန်းစေခဲ့သည်။ ဒါသည် သူ့အား နတ်ဘုရားနယ်မြေ အတွင်းတွင် ကျော်ကြားစေရန် လုံလောက်ခဲ့၏။

နောက်ဆုံးတွင် လင်းဖုန်း၏ တပည့်များအတွင်းတွင် မျက်စိကျစရာ မကောင်းဆုံး ဝမ်လင်းသည် အခြေတည်ဝိညာဥ်ကို ပထမဆုံး ဖန်ဆင်းနိုင်သည့်သူ ဖြစ်ခဲ့သည်။ သူသည် အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများကိုပင် နှစ်ခါပြန်ကြည့်စေနိုင်ခဲ့သည့် လူငယ်ကြယ်ပွင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။

ဘေးမှလူများ အားလုံးတို့က ဆွေးနွေးနေကြစဥ်ပင် ရှီထျန်းရီက သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ကာ ဝမ်လင်းအား စိုက်ကြည့်လိုက်၏။ သူငယ်အိမ် တစ်လုံးသာ ရှိခဲ့သော သူ၏ ဘယ်မျက်စိသည် ကျုံ့သွားခဲ့၏။

ဤဆံပင်ဖြူနှင့် လူငယ်သည် သူ့အား မျက်စိတစ်ဘက် ကန်းစေခဲ့၍ သူ၏ ဒဏ္ဍာရီကို အဆုံးသတ်စေခဲ့သောသူ ဖြစ်၏။

သို့သော်လည်း ထို့ကြောင့်ပင် သူသည် စိတ်အားတိုးတက်လာခဲ့၍ နောက်ထပ် တိုးတက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရှီထျန်းရီ၏ ညာမျက်စိသည် မှင်သက်ဖွယ်ရာ အလင်းတန်းများဖြင့် တောက်ပလာခဲ့သည်။ ရွှေရောင် အလင်းတန်းများသည် နဂါးတိုက်ပွဲ စင်မြင့်တစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့ကာ ထိုအလင်းတန်းများ အတွင်းတွင် တစ်ယောက်သည် ပုံရိပ်များစွာတို့က မြင့်တက်ကျဆင်းလာသည်ကို တွေ့နေရ၏။ ဒါသည် သူ့ကိုယ်သူ ကမ္ဘာတစ်ခုအလား ဖြစ်စေခဲ့၏။

Continue Reading

You'll Also Like

179K 28.9K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
10.6K 1.1K 74
အဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြို...
541K 75.3K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဉ်ရှုသေဆုံးခဲ့သည်။ သို့သော် သူမ၏ကံကောင်းမှုအနည်းငယ်ကြောင့် သနားစရ...
6.7K 474 22
Title - I Inherit an auction house at the start trillion times rebate လေလံအိမ်ရဲ့အရှင်သခင် ဘာသာပြန် - ချိတ်/ဇော်ထက်နိုင် မူရင်းစာရေးဆရာ - Place of Be...