ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.8K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈

416 43 3
By KazunoMora

စာစဥ် ၃၀ : အပိုင်း ၆

အပိုင်း ၅၅၆ : ကောင်းမွန်သော နာမည်၊ ခိုင်မာသော အခြေခံအုတ်မြစ်

လွန်ခဲ့သော တစ်နှစ်က လေနတ်ဘုရားဂိုဏ်း အဖျက်ဆီးခံရပြီး ရွှေကျီး မဟာပဏ္ဍိတက ဖိနှိပ်ခြင်းကို ခံရအပြီးတွင်၊ ခွန်းလွန်တောင် တစ်ခုလုံးသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့သည်။

ခွန်းလွန်တောင် တိုက်ပွဲသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂုဏ်သတင်းက နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ပထမဆုံးအကြိမ် ကျော်ကြားသွားသည့် တိုက်ပွဲဖြစ်သည်။

ထို့နောက်ပိုင်းတွင် တိမ်တိုက်တောအုပ် ကမ္ဘာအတွင်းမှ ဖြစ်ရပ်များသည် လျှို့ဝှက်ချက်ဖြစ်ကာ လူအနည်းငယ်သာ သိခဲ့ကြသည်။ သို့သော်လည်း မြောက်ဝင်ရိုးစွန်း ပင်လယ်မှ ခွန်းဖန် လျှို့ဝှက်ကျမ်းစာ တိုက်ပွဲနှင့် ကောင်းကင်လှည်း တောင်ထိပ်မှ တိုက်ပွဲသည်၊ လင်းဖုန်းနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့၏ ဂုဏ်သတင်းအား လွန်စွာမှပင် မြှင့်တင်ပေးနိုင်ခဲ့သည်။

ပြီးတာနှင့် လင်းဖုန်းသည် ယုမိသားစုအား ဖျက်ဆီးပစ်ကာ ဟင်းလင်းပြင် ဘုရားကျောင်းမှ ဖိအားများကို ရင်ဆိုင်ခဲ့သည်။ သူသည် ရှီထျန်းဟောင်နှင့် ရှီထျန်းရီတို့အား တိုက်ခိုက်နိုင်ရန် လုပ်ဆောင်နိုင်ခဲ့၏။ ထိုအခိုက်အတန့်တွင် သူသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂုဏ်သတင်းအား ထိပ်သို့ရောက်အောင် ပို့ဆောင်နိုင်ခဲ့သည်။

မဟာကမ္ဘာ၏ အချိန်စီးဆင်းမှုအရ ယခင်နှစ်မှစ၍ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် လွန်စွာမှ မျက်စိကျစရာ ကောင်းလာခဲ့သည်။ နတ်ဘုရားနယ်မြေမှ အဓိက အဖြစ်အပျက် အတော်များများသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် ဆက်စပ်နေခဲ့သည်။ အချို့ကိစ္စမျာမှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ အပေါ်တွင် မူတည်နေခဲ့ခြင်း ဖြစ်သည်။

သိပ်မကြာခင်တွင်ပင် ဟင်းလင်းပြင် စစ်တလင်း အတွင်းမှ သတင်းသည် ပြင်ပသို့ စတင်ပျံ့နှံ့လာခဲ့၏။

ဒွိစုံသူငယ်အိမ်ကို ပိုင်ဆိုင်ထားသော၊ လူသားကျင့်ကြံသူများ၏ လူငယ်မျိုးဆက်မှ ထိပ်ဆုံး ပါရမီရှင်ဖြစ်သော၊ ကြီးမားလှသော အလားအလာများကို ပိုင်ဆိုင်ထားသော၊ ဟင်းလင်းပြင် ဘုရားကျောင်းမှ ရှီထျန်းရီသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တတိယတပည့်ဖြစ်သူ ဝမ်လင်း၏ မျက်စိတစ်ဘက်ကန်းအောင် လုပ်ခြင်းအား ခံခဲ့ရသည်။

ထိုကဲ့သို့သော သတင်းထူးသည် ကမ္ဘာအနှံ့သို့ လျှင်မြန်စွာနှင့် ပေါက်ကွဲပျံ့နှံ့သွားခဲ့သည်။

ရှီထျန်းရီနှင့် ရှီထျန်းဟောင်တို့သည် အမှန်တကယ် မတိုက်ခိုက်ရသေးခင်တွင်ပင်၊ ရှီထျန်းရီသည် ရှီထျန်းဟောင်၏ ဂိုဏ်းတူညီအစ်ကိုမှ မျက်စိကန်းအောင် အလုပ်ခံခဲ့ရလိမ့်မည်ဟု မည်သူကမှ ထင်မထားကြချေ။

ထို့အပြင် ဒါသည် မျှတစွာ တိုက်ခိုက်ခြင်း ဖြစ်သည်။ အကောက်ကြံ ဉာဏ်များခြင်းများ မပါပဲ အတွန့်တက်စရာ တစ်ကွက်မှ မရှိပေ။ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်မှ ဝမ်လင်းသည် အခြေတည်ဝိညာဥ် စဦးပိုင်း အဆင့်မှ ရှီထျန်းရီအား တစ်ယောက်ချင်း ယှဥ်ပြိုင်တိုက်ခိုက်ရာတွင် အနိုင်ယူနိုင်ခဲ့သည်။

ထိုသတင်း ပျံ့နှံ့သွားခဲ့သည်နှင့် သုံးသပ်ဆွေးနွေးမှုများသည် ပလူပျံနေခဲ့သည်။ ထိုသတင်းကို ကြားရသူများ အားလုံးတို့သည် သက်သေများ ရှာခဲ့ကြသော်လည်း ဟင်းလင်းပြင် ဘုရားကျောင်းသည် လုံးဝတိတ်ဆိတ်နေခဲ့သည်။ ထို့ကြောင့် အားလုံးတို့က ပို၍ အံ့ဩတုန်လှုပ်ခဲ့ကြသည်။

ဒွိစုံသူငယ်အိမ်နှင့် ပါရမီရှင် ကျင့်ကြံသူ ရှီထျန်းရီသည် အဘယ်မှာ ရှုံးနိမ့်နိုင်ပါမည်နည်း။

ရှောင်ယန်နှင့် ဇူရီတို့၏ အစောပိုင်းမှ မှင်သက်ဖွယ်ရာ စွမ်းဆောင်ရည်များနှင့် အတူ အားလုံးတို့သည် အနည်းငယ် နေသားမကျ ဖြစ်နေကြသည်။ ကြည့်ရသည်မှာ လင်းဖုန်း၏ လက်အောက်မှ တပည့်တိုင်းသည် ရှီထျန်းရီအား အနိုင်ယူနိုင်သကဲ့သို့ ဖြစ်နေ၏။ ဤအချိန်တွင် လူအများတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား လေးစားကြောက်ရွံ့မှုဖြင့် အကြိတ်အနယ် ဆွေးနွေးနေကြသည်။

ရှီထျန်းရီသည် ဒွိစုံသူငယ်အိမ်ကြောင့် နာမည်ကြီးလာခြင်း ဖြစ်၏။ သို့သော်လည်း ယခုအချိန်တွင် သူ၏ မျက်လုံးတစ်ဘက်သည် ကန်းသွားခဲ့ပြီ ဖြစ်၍ ဆွေးနွေးချက်များသည် ဆူကြွလှုပ်ရှားနေကြသည်။ တစ်ယောက်ကမှ ဤတိုက်ပွဲသည် သီသီလေး ကပ်၍ ရှုံးနိမ့်သွားသည်ကို သတိမထားကြတော့ပေ။

ရှီနှစ်ရှီတို့၏ အကြားမှ စီစဥ်ထားသော တိုက်ပွဲသည် မမှေးမှိန်သွားခဲ့ပဲ ထို့အစား လူအများ၏ ပိုမိုစိတ်ဝင်စားမှုကို ခံလာခဲ့ရသည်။

အားလုံးတို့သည် ရှီထျန်းရီက နတ်ဘုရားနယ်မြေ၏ နာမည်ကြီး ကျင့်ကြံသူတစ်ယောက် အနေနှင့် ကိုက်ညီသလော ဟူသည်ကို သိချင်နေကြသည်။ အားလုံးတို့က ရှီထျန်းရီသည် မျက်လုံးတစ်လုံးကို ဆုံးရှုံးသွားအပြီးတွင် မည်ကဲ့သို့ တုံ့ပြန်မည်ကို သိချင်နေကြ၏။

သူတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် လွန်စွာ အစွမ်းထက်၍ လင်းဖုန်း၏ လက်ရင်းတပည့်တိုင်းသည် ဤကဲ့သို့သော မယုံနိုင်သော စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားသည်လောကို သိချင်နေကြသည်။

သို့သော်လည်း အချို့လူများက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ လုပ်ရပ်များကို သီးသန့် ဝေဖန်နေကြ၏။ သူတို့သည် မကောင်းသော ရည်ရွယ်ချက်ဖြင့် ဝမ်လင်း၏ စွမ်းအားများကို အသုံးချကာ ရှီထျန်းရီ၏ စွမ်းအားများကို ဖယ်ရှားရန် အသုံးပြုခဲ့သည်ဟု ယုံကြည်နေကြ၏။ ရှီထျန်းရီသည် ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့အား တစ်လအတွင်းတွင် ရင်ဆိုင်ခဲ့ရခြင်းနှင့် တူနေခဲ့သည်။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့မည် ဆိုပါက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ရှီထျန်းဟောင်၏ အပေါ်တွင် ယုံကြည်မှုမရှိဟု ဆိုလိုနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဂုဏ်သိက္ခာ ကျစေသော နည်းလမ်းများကို အသုံးပြုခဲ့ခြင်း ဖြစ်မည်။

အချို့လူများ၏ တွေးတောမှုများ အောက်တွင် လူအနည်းငယ်တို့ကသာ ဤကောလဟာလများ၏ စစ်မှန်ခြင်းကို ယုံကြည်ခဲ့ကြ၏။

ထိုအကြိမ်တွင် ခွန်းလွန်တောင်မှ သတင်းတစ်ပုဒ် ထွက်လာခဲ့သည်။

ထိုသတင်း၏ အဓိက ဇာတ်လိုက်မှာ ရှီထျန်းရီအား အနိုင်ယူခဲ့သောသူ ဖြစ်၏။ သူသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင် တတိယ တပည့်ဖြစ်သော ဝမ်လင်း ဖြစ်သည်။ သူသည် ဟင်းလင်းပြင် လျှပ်စီးကပ်ဘေးများကို အောင်မြင်စွာ ကျော်လွန်နိုင်ခဲ့၍ အခြေတည်ဝိညာဥ်ကို ဖော်ဆောင်နိုင်ခဲ့သည်။

အားလုံးတို့သည် ထိုသတင်းအား ကြားရသောအခါ အံ့ဩမှင်သက်ကုန်ကြ၏။ အဘယ်ကြောင့်ဆိုသော် ဝမ်လင်းက ရွှေရောင်ဗဟိုချက်ကို ဖန်ဆင်းထားခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် သူသည် အခြေတည်ဝိညာဥ် အဆင့်ကို အောင်မြင်စွာနှင့် ရောက်ရှိသွားခဲ့လေပြီ။ အချိန်ကို လျှင်မြန်စေသည့် ဒိုင်မန်းရှင်း အတွင်းတွင် လေ့ကျင့်နေလျှင်ပင် လူအနည်းငယ်ကသာ ဤကဲ့သို့ အမြန်နှုန်းဖြင့် တိုးတက်နိုင်မည် ဖြစ်သည်။  ထိုကဲ့သို့သော အမြန်နှုန်းမျိုးသည် ယခင်က မကြားဖူးသလောက် နီးပါးပင် ဖြစ်သည်။

သူ၏ ရှီထျန်းရီနှင့် တိုက်ပွဲမှ စွမ်းဆောင်ရည်များအရ၊ သူသည် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်ဖြင့် အခြေတည်ဝိညာဥ် စဦးပိုင်း အဆင့်မှသူအား အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်မှု စွမ်းရည်တို့သည် လွန်စွာထက်မြက်၍ အထင်သေး၍ လုံးဝမရဟု သိနိုင်မည် ဖြစ်သည်။

ကျင့်ကြံသူပေါင်း များစွာတို့သည် တစ်ယောက်၏ အခြေတည်ဝိညာဥ်အား ဖော်ဆောင်ခြင်းအား အရေးမပါသော ကိစ္စအဖြစ် ရှုမြင်ကြသည်။ သို့သော်လည်း ဝမ်လင်းသည် ဤအထဲတွင် မပါချေ။

ခရမ်းရောင် တိမ်တိုက်ဂိုဏ်း၊ မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်၊ ကောင်းကင်မာစတာ ဓားဂိုဏ်းနှင့် နေလဓားဂိုဏ်းတို့သည် ထိုသတင်းအား ကြားရသောအခါ ချက်ချင်းပင် လူလွှတ်၍ ဂုဏ်ပြုစကားများကို ပြောကြားခဲ့သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် သိပ်၍ မနီးကပ်လှသော အလင်းဓားမြန်ဂိုဏ်သည်ပင်လျှင် လက်ဆောင်တစ်ခုကို ပေးပို့ခဲ့သည်။

ကောင်းကင်လှည်း တောင်ထိပ်က တိုက်ပွဲတွင် သူတို့၏ ဂုဏ်သိက္ခာအား လင်းဖုန်းက ကာကွယ်ပေးခဲ့သည့် ကြယ်စင်ဓားဂိုဏ်းနှင့် လျှပ်စီးဓားဂိုဏ်းတို့ကလည်း ခွန်းလွန်တောင်သို့ လက်ဆောင်များ ပို့ပေးခဲ့ကြ၏။

ဘေးမှ ကြည့်နေသောသူများ၏ မျက်စိအတွင်းတွင် ဒါသည် အလွန့်ကို အံ့အားသင့်စေသော အရာတစ်ခု ဖြစ်သည်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂုဏ်သိက္ခာသည် မြင့်တက်လာခြင်းနှင့်အတူ သူ၏ အခြေခံ အုတ်မြစ်များသည်လည်း ပို၍ခိုင်မာလာခဲ့သည်။ သူသည် ထိပ်သီးဂိုဏ်းကြီးများမှ ကျင့်ကြံသူများ၏ လေးစားမှုကို ရရှိနိုင်ခဲ့၏။

***************

ရှေးဟောင်းကမ္ဘာ စိမ့်မြေ၏ တောင်ဘက်မှ တောနက်ကြီး အတွင်းတွင် တောအုပ်ကျယ်ကြီး တစ်ခုရှိသည်။ သူ၏ သစ်ပင်များသည် လွန်စွာ ရှေးကျလှ၍ ထိုနေရာတွင် လူတစ်စုံတစ်ယောက်ကမှ မနေထိုင်သကဲ့သို့ ဖြစ်နေကြသည်။

ထိုတောအုပ်၏ တောနက်ပိုင်းတွင် ရေမရှိသော ဧရာမ ရေကန်ကြီးကဲ့သို့ ကြီးမားကျယ်ပြန့်လှသည့် ချိုင့်ခွက်ကြီးတစ်ခု ရှိနေသည်။

ထိုချိုင့်ခွက်၏ အောက်ခြေသည် နက်ရှိုင်းလွန်းလှသဖြင့် တစ်ယောက်သည် အောက်သို့ ငုံ့ကြည့်လိုက်လျှင် မြင်ရုံသာ မြင်နိုင်မည် ဖြစ်သည်။ ထိုနေရာတွင် တစ်ခုနှင့်တစ်ခု တင်းကျပ်စွာနှင့် ပေါင်းစည်းထား၍ လင်းလက်စွာ တောက်ပနေသော ဧရာမ မှော်ကျိန်စာ ဝင်္ကပါကြီး တစ်ခုရှိသည်။

ထိုနေရာသည် သံသရာဂိုဏ်း၏ လမ်းစဥ်တစ်ခုဖြစ်သည့် ငရဲလမ်းစဥ်၏ တည်နေရာဖြစ်သည်။

တောင်ပိုင်းတောနက်အတွင်းတွင် သံသရာဂိုဏ်းသည် ငြင်းဖွယ်မရှိသော အုပ်ချုပ်သူ ဖြစ်၏။ သူတို့အချင်းချင်းသာ ပဋိပက္ခများ ဖြစ်မနေကြလျှင် သံသရာဂိုဏ်းသည် ကျန်သောဂိုဏ်းများအား ခေါင်းကိုက်စေ၍ ပစ်မှတ်ဖြစ်စေခဲ့မည် ဖြစ်သည်။ ရှေးဟောင်းကမ္ဘာစိမ့်မြေ၏ အခြားတစ်ဘက်မှ မဟာကျိုး အင်ပါယာကလည်း အန္တရာယ် ရှိနိုင်မည်ဖြစ်၏။

သို့သော်လည်း အတွင်း ပဋိက္ခများကြောင့် သံသရာဂိုဏ်းသည် မချဲ့ထွင်နိုင်ကြပဲ တောင်ပိုင်းတောနက် အတွင်း၌သာ နေနိုင်ခဲ့ပေသည်။

သံသရာဂိုဏ်းမှ လမ်းစဥ် ခြောက်သွယ်တို့သည် တစ်ဘက်နှင့်တစ်ဘက် တိုက်ခိုက်နေကြကာ သူတို့၏ စွမ်းအားများမှာ မတိမ်းမယိမ်း ဖြစ်နေကြသည်။ တစ်ဘက်မှ အခြားတစ်ဘက်အား လုံးဝ အနိုင်မတိုက်နိုင်ကြသဖြင့် သံသရာဂိုဏ်းအား မပေါင်းစည်းနိုင်ခဲ့ကြပေ။

ငရဲလမ်းစဥ်၏ အိမ်တော် အတွင်းပိုင်းတွင် ပိန်ပိန်ပါးပါးနှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက်သည် ထိုင်နေခဲ့သည်။ သူသည် ပါးရိုးမောက်ကာ ကြေးနီရောင် အသားအရေ ရှိသည်။ အခြား ငရဲလမ်းစဥ်မှ ကျင့်ကြံသူများ၏ အပေါ်တွင် တွေ့ရလေ့ရှိသည့် သေမင်းအော်ရာများကို သူ၏ကိုယ်ပေါ်တွင် တစ်ယောက်မှ အာရုံမခံနိုင်ကြပေ။

သူသည် ငရဲကမ္ဘာ သူတော်စင် လျှိုကျိခွန်း ဖြစ်သည်။ သို့သော်လည်း သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်စမှ မတွေ့နိုင်ချေ။ သူ၏ အမူအရာမှာ လေးနက်လျှက်ရှိသည်။

"ခေါင်းဆောင်၊ ခေါင်းဆောင်က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက အကူအညီကို ယူဖို့ သေချာစဥ်းစားပြီးပြီလား။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်က ကျွန်တော်တို့ ကိုင်တွယ်ဖို့ လွယ်တဲ့သူ လုံးဝမဟုတ်ဘူးနော်။ နောက်ပိုင်းမှာဆိုရင် ကျွန်တော်တို့က အကျိုးနည်းသွားနိုင်တယ်" လျှိုကျိခွန်းက တိတ်ဆိတ်စွာနှင့် ပြောလိုက်သည်။

အမှောင်အတွင်းမှ ရှေးကျသော အသံတစ်ခု ထွက်လာခဲ့သည်။ "ဒါက ပြင်ပ အကူအညီ မဟုတ်ဘူး။ ငါတို့က ကံကြမ္မာက ဖန်တီးပေးလာတဲ့ အခွင့်အရေး တစ်ခုကို လက်လွတ်မခံတဲ့ သဘောပဲ။ ငါတို့က တခြားလမ်းစဥ် ငါးသွယ်က သူတွေကို သူ့ဆီက အကူအညီ အရင်တောင်းခံစေလို့ မရဘူး"

ထိုရှေးကျသော အသံပိုင်ရှင်သည် ငရဲလမ်းစဥ်၏ ခေါင်းဆောင် အစစ်အမှန် ဖြစ်သည်။ သူသည် ကျင့်ကြံမှုအဆင့် အမြင့်ဆုံးသောသူ မင်းကျွန်း ဖြစ်၏။

အစောပိုင်းတွင် ရှေးဟောင်းယွင်ထန်း ကမ္ဘာမှ မိသားစုကြီး တစ်ခုဖြစ်သော ယန်မိသားစုမှ အဖွဲ့ဝင်အချို့သည် ခွန်းလွန်တောင်အား ကျူးကျော်၍ လင်းဖုန်းအား အပြစ်ပြုလုပ်မိခဲ့သည်။ လင်းဖုန်းက သူတို့အား ဖမ်းဆီးထားခဲ့ရာ လျှိုကျိခွန်းက သေမင်းဓာတ်ငွေ့ ကျောက်တုံးဖြင့် သူတို့အား ပြန်ရွေးခဲ့ရ၏။

ဒါသည် သူမျှော်မှန်းထားသည့် ရလဒ်မဟုတ်သော်လည်း နှစ်ဦးနှစ်ဘက်သား ပြေလည်စွာ ညှိနှိုင်းနိုင်ခဲ့ကြသည်။

ပြီးတာနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် စွမ်းအားပိုကြီးလာခဲ့ပြီး လင်းဖုန်းကိုယ်တိုင်ကလည်း များစွာ အစွမ်းထက်လာခဲ့သည်။ လျှိုကျိခွန်းကလည်း သူ၏ မျက်နှာကို အဖတ်ဆည်ရန် အကြံအစည်ကို လက်လျှော့လိုက်သည်။

ယခုအချိန်တွင် သူက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် သူတို့အား သံသရာဂိုဏ်း၏ အခြား လမ်းစဥ်များကို လွှမ်းမိုးနိုင်ရန် သော့ချက်တစ်ခုဟု ခံစားလာခဲ့ရသည်။

မင်းကျွန်း၏ စကားများကို ကြားရသောအခါ လျှိုကျိခွန်းသည် သူ၏ခေါင်းအား ညိတ်လိုက်ကာ ပြောလိုက်၏။ "ကျွန်တော် နားလည်ပါပြီ။ ကျွန်တော်တို့က သူ့တပည့် အခြေတည်ဝိညာဥ်ကို ဖော်ဆောင်နိုင်တဲ့အတွက် ဂုဏ်ပြုလက်ဆောင် သွားပေးသင့်ပါတယ်"

"ဟုတ်တယ်။ ဒါ့အပြင် မင်းက ဒီအခွင့်အရေးကို အသုံးချပြီး သူ့တပည့် ရှီထျန်းဟောင်နဲ့ ဒွိစုံသူငယ်အိမ်နဲ့သူရဲ့ တိုက်ပွဲကို သွားကြည့်သင့်တယ်" ပြီးတာနှင့် မင်းကျွန်း၏ အသံသည် တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

လျှိုကျိခွန်းက ပြန်ဖြေလိုက်သည်။ "ကျွန်တော် နားလည်ပါတယ် ဦးလေး။ စိတ်မပူပါနဲ့"

***************

ဟန်တွမ်းတောင်တန်း၏ တောင်ဘက်ပိုင်းမှ ဟွမ်းမန်တောင်ထိပ်ပေါ်တွင် ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့မှ မဟာ လွင်တီးခေါင် ဓားဂိုဏ်းရှိသည်။

ထိုဂိုဏ်းအတွင်းတွင် အဝါရောင် ဝတ်စုံနှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက်သည် ဂိုဏ်း၏ အဓိကခန်းမဆောင်မှ ပလ္လင်အပေါ်တွင် ထိုင်နေခဲ့၏။ သူ၏ အမူအရာသည် တည်ငြိမ်လျှက်ရှိကာ သူ့ထံမှ အစွမ်းထက်သော စွမ်းအားလှိုင်းလုံးများကို ခံစားနေရသည်။ သူသည် မဟာလွင်တီးခေါင် ဓားဂိုဏ်းမှ ခေါင်းဆောင်ဖြစ်သူ မဟာလွင်တီးခေါင် ဓားမာစတာ ဖြစ်သည်။

သူ၏ အောက်တွင် လူအချို့ ထိုင်နေကြ၏။ သူတို့တစ်ယောက်ချင်းစီတို့မှ စွမ်းအားထက်သော မှော်စွမ်းအင်များ ဖြာထွက်နေကြ၍၊ အားလုံးတို့သည် အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံမှုများကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း သူတို့အားလုံးသည် စိတ်မသက်မသာ ဖြစ်နေကြ၏။

သူတို့အနက်မှ အဖြူရောင် ဆံပင်နှင့် ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားသောသူ တစ်ယောက်သည် မျက်နှာပေါ်တွင် မည်းမှောင်သော အမူအရာများ ရှိနေခဲ့သည်။

"အထီးကျန်မိုးကြိုး၊ မင်းက ဘာလုပ်ရမယ် ဆိုတာကို သိပါတယ်" မဟာလွင်တီးခေါင် ဓားမာစတာက ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။

ထိုအဘိုးအို၏ မျက်နှာသည် မည်းမှောင်နေခဲ့ကာ ပြန်ဖြေလိုက်သည်။ "မာစတာ၊ သူတို့က ကျွန်တော်တို့ရဲ့ အထီးကျန် မိုးကြိုး နတ်ဘုရားလိုက်ကာကို ယူသွားခဲ့တယ်"

မဟာလွင်တီးခေါင် ဓားမာစတာသည် သူ့အား တည်ငြိမ်စွာဖြင့် ကြည့်လိုက်ကာ ပြောလိုက်သည်။ "မင်းက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ဒါကို ခိုးယူသွားတာဖြစ်ပြီး၊ မတော်တဆ တွေ့ခဲ့တာ မဟုတ်ဘူး ဆိုတာကို သေချာသလား"

"အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်ဟာ ချန်းချွန်းတောင်ထိပ်ပေါ်မှာ ပေါ်လာခဲ့တာ မှန်ပေမဲ့၊ မင်းက သူဟာ ချူပင်းကို သတ်ပြီးမှ မင်းရဲ့ မှော်အိုင်တမ်ကို ယူသွားတဲ့သူက သူဆိုတာကို သေချာသလား။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ မင်းက အဲ့ဒီအချိန်က ဟင်းလင်းပြင် အတွင်းမှာ သူနဲ့ တိုက်ခိုက်ခဲ့ရင် သေသွားနိုင်တယ် ဆိုတာကို မတွေးမိဘူးလား"

"မင်းက ဟွမ်းမန်တောင်ထိပ်ပေါ်မှာ ရှိနေရင်တောင် မင်းကိုငါက ကာကွယ်နိုင်မလား ဆိုတာကို အာမမခံနိုင်ဘူး"

အထီးကျန်မိုးကြိုး ဂရန်းမာစတာသည် သူ့ထံမှ ရတနာအား ခိုးယူသွားသူမှာ လင်းဖုန်းဖြစ်သည်ဟု သေချာနေပေသည်။ သူသည် ကိုယ်တိုင်သွား၍ ချူပင်းအား ကူညီမည်ဟု ကြိုးစားခဲ့သောအခါ သူသည် အဟန့်တား ခံခဲ့ရ၏။

မဟာလွင်တီးခေါင် ဓားမာစတာသည် သူ့အားကြည့်လိုက်ကာ ပြောလိုက်သည်။ "ငါကမင်းကို မော်တယ် စိတ်ဝိညာဥ် ဆေးလုံးကိစ္စ အပေါ်မှာ ဘာမှ မပြောခဲ့ဘူး။ ဒီတစ်ကြိမ်မှာ မင်းက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်ဆီကို သွားပြီးတော့ သူ့တပည့် အခြေတည်ဝိညာဥ် အဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်သွားပြုရမယ်။ ငါပြောတာ ရှင်းလား"

'မော်တယ် စိတ်ဝိညာဥ်ဆေးလုံး' ဟူသော စကားကို ကြားလိုက်ရသောအခါ အထီးကျန်မိုးကြိုး ဂရန်းမာစတာသည် သူ၏အပေါ်သို့ ရေအေးတစ်ပုံးဖြင့် အလောင်းချခံခဲ့ရသကဲ့သို့ ဖြစ်သွားခဲ့သည်။ အစောပိုင်းတွင် သူသည် ဆေးဝါးတစ်ရာ ဂရန်းမာစတာနှင့် ပူးပေါင်း၍ သူက မော်တယ်စိတ်ဝိညာဥ် ဆေးလုံးအား ဖော်စပ်နေသည်ကို အကျိုးအမြတ် ရယူကာ ကာကွယ်ပေးထားခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ရာတွင် သူသည် ဂိုဏ်းမှ စည်းကမ်းများကို ဖောက်ဖျက်မိခဲ့၏။

ယခုအချိန်တွင် သူသည် အပြစ်ကို ပေးဆပ်သည့် အနေနှင့် သူ၏ အခြေတည်ဝိညာဥ် အဆင့် မှော်အိုင်တမ် တစ်ခုအား အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသို့ ပေးအပ်ရတော့မည် ဖြစ်သည်။

ထို့အပြင် သူ၏ မှော်အိုင်တမ်သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ယူဆောင်ခြင်းကို ခံခဲ့ရလျှင်ပင် သူအနေနှင့် ပြန်လည်ရယူနိုင်ရန် တောင်းဆိုခွင့် မရှိပေ။ လင်းဖုန်းကို မပြောနှင့် သူ၏ တပည့်များကိုပင် သူ့အနေနှင့် ကိုင်တွယ်ရန် ခက်ခဲမည် ဖြစ်၏။

အချိန်အတန်ကြာသွားမှ အထီးကျန်မိုးကြိုး ဂရန်းမာစတာသည် တည်ငြိမ်သွားခဲ့၏။ သူသည် သက်ပြင်း တိုးတိုးလေး ချလိုက်ကာ မဟာလွင်တီးခေါင် ဓားမာစတာအား ကြည့်လိုက်ကာ ပြောလိုက်သည်။ "ကျွန်တော်နားလည်ပါတယ်။ မာစတာ စိတ်မပူပါနဲ့၊ ကျွန်တော်က အားလုံးကို တာဝန်ယူလိုက်ပါမယ်"

***************

သတင်းပျံ့နှံ့သွား အပြီးတွင် တစ်ကမ္ဘာလုံးက အံ့ဩတုန်လှုပ်နေကြသည်။

ယုကျင်းတောင်ပေါ်တွင် လင်းဖုန်းသည် ဘာမှမဖြစ်သလိုပဲ နေနေခဲ့၏။ တစ်ဘက်တွင် မြောင်ရှီးဟောင်က လင်းဖုန်းအား တိတ်တိတ်လေး မေးလိုက်သည်။ "ဒါက ဇူရီရဲ့ နောက်ဆုံး စာမေးပွဲအတွက် ပြင်ဆင်နေတာကို ထိခိုက်နိုင်လား"

ဇူရီသည် ဝမ်လင်း၏ အောင်မြင်မှုများအား မနာလိုဖြစ်မယ် မဟုတ်သော်လည်း၊ ရှောင်ယန်နှင့် ရှီထျန်းဟောင်ကဲ့သို့ပင် သူ့ကိုယ်သူ တိုးတက်လာစေရန် စိတ်အားထက်သန်လာမည် ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် သူသည် နန်းတွင်းစာမေးပွဲအတွက် အရေးအကြီးဆုံး အချိန်သို့ ရောက်နေခဲ့သဖြင့်၊ စိတ်အာရုံ အနည်းငယ် ပျံ့လွင့်သွားလျှင်ပင် မမျှော်လင့်သော အကျိုးဆက်များ ဖြစ်လာနိုင်မည် ဖြစ်သည်။

လင်းဖုန်းက ပြောလိုက်သည်။ "ကိစ္စမရှိဘူး။ ငါက သူ့အပေါ်မှာ ယုံကြည်ချက်ရှိတယ်။ တကယ်လို့ ငါတို့က ဇူရီကို ပြောပြလိုက်ရင် သူက ပိုပြီးတော့ ကြိုးစားချင်စိတ်တွေ ဖြစ်လာလိမ့်မယ်"

မြောင်ရှီးဟောင်က သူ၏ခေါင်းကို ညိတ်လိုက်ကာ မခို့တယို့ ပြုံးလိုက်သည်။ "အရှင်၊ အရှင်က အမြဲတမ်း ယုံကြည်ချက် အပြည့်ရှိတယ်။ ဒါပေမဲ့ အရှင်က တစ်ချိန်လုံးနီးပါး မှန်နေတာပဲ"

လင်းဖုန်းက သူ၏မျက်မှောင်ကို ကြုတ်လိုက်ကာ ပြောလိုက်သည်။ "မဟုတ်သေးဘူး၊ ငါက တစ်ခုခုကို မေ့နေခဲ့တယ်လို့ ခံစားနေရတယ်"

"အရေးကြီးတဲ့ ကိစ္စလား" မြောင်ရှီးဟောင်က စပ်စုစွာဖြင့် မေးလိုက်သည်။

လင်းဖုန်းက သေချာစွာ စဥ်းစားလိုက်ပြီး ပြန်ဖြေလိုက်၏။ "အမှန်တော့ ဒီလောက် အရေးမကြီးပါဘူး။ ဒါပေမဲ့.. အိုး.. ငါက အခုပဲ စဥ်းစားမိပြီ"

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

စာစဥ် ၃၀ : အပိုင်း ၇

အပိုင်း ၅၅၇ : ဇူရီ၏ စာမေးပွဲ ဖြေဆိုခြင်း၊ ပညာရှိတစ်ရာတို့၏ ကြွေးကြာ်ခြင်း

ရှောင်ကျန်းအာအား ပြန်လည်တွေ့ဆုံရခြင်းသည် ရှောင်ယန်အား အလွန်အမင်း ဝမ်းမြောက်စေ၏။ ထိုစုံတွဲသည် ဘာမှ လုပ်စရာ မလိုပဲ အချင်းချင်း စိုက်ကြည့်နေရုံနှင့်ပင် သူတို့အတွက် လုံလောက်နေပြီ ဖြစ်သည်။

သို့သော်လည်း ဤပျော်ရွှင်မှု အတွင်းတွင် ရှောင်ယန်သည် သူက တစ်စုံတစ်ခုအား မေ့လျော့နေခဲ့သည်ဟု ခံစားနေခဲ့ရကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာခဲ့သည်။

"ဘာများလဲ" ရှောင်ယန်သည် တိုးတိုးလေး ရေရွတ်နေရင်း ရုတ်တရက်ပင် လူတစ်ယောက်၏ ပုံရိပ်သည် သူ၏ ရင်ထဲတွင်ပေါ်လာခဲ့၏။ "မှတ်မိပြီ၊ ဒါက လင်းတုန်ပဲ"

ရှောင်ကျန်းအာအား ပြန်လည်တွေ့ဆုံခဲ့သည့်အတွက် ရှောင်ယန်သည် အရာအားလုံးကို မေ့လုမတတ် ဖြစ်သွားခဲ့သည်။

ထိုအကြောင်းအား စဥ်းစားမိလိုက်သည်နှင့် ရှောင်ယန်သည် ချွေးအေးများ ထွက်လာခဲ့သည်။ ရှောင်ကျန်းအာက သူ့အား စပ်စုစွာနှင့် ကြည့်နေခဲ့၏။ သူမသည် တစ်စုံတစ်ခုက မှားယွင်းနေပြီကို သိနေခဲ့သည်။

"ကျန်းအာ၊ ဒီမှာခဏ ထိုင်နေဦးနော်။ ငါက ဆေးခန်းမဆီ သွားပြီးတော့ ကျန်းအာအတွက် လုပ်ထားတဲ့ ဆေးတချို့ကို သွားယူလိုက်မယ်" ရှောင်ယန်က ခြောက်ကပ်စွာ ပြုံးလိုက်ကာ ထလိုက်သည်။ သူသည် ဆေးခန်းမသို့ သွားရန် ဟန်ပြင်နေဆဲမှာပင် အလင်းတန်း တစ်ခုက သူ၏အခန်းအပြင်တွင် လက်ကနဲ ဖြစ်သွားခဲ့၏။

ထိုအလင်းတန်းသည် ရှောင်ယန်၏ ရင်ဘက်အတွင်းသို့ တည့်တည့်ဝင်လာခဲ့ပြီး ကျစ်ဆံမြီး နှစ်ခုနှင့် ချစ်စရာ ကောင်းလှသည့် ဖြူဖွေးနေသော ကောင်မလေး တစ်ယောက်အဖြစ်သို့ ပြောင်းသွားခဲ့သည်။ သူမသည် ရှောင်ယန်အား တင်းကျပ်စွာ ဖက်ထားလိုက်ပြီး သူ၏ ပါးနှစ်ဘက်အား နမ်းလိုက်သည်။

"အိပ်ရာထလာတော့ ဖေဖေပြန်လာတာကို ခံစားလိုက်ရတယ်။ အရမ်းကောင်းတာပဲ" ကောင်မလေးသည် တစ်ခစ်ခစ်နှင့် ရယ်နေခဲ့သည်။ သူမသည် လင်းတုန်ဖြစ်၏။

သူမသည် ပျော်ရွှင်စွာနှင့် ရယ်မောနေဆဲတွင် ရှောင်ယန်သည် ကျောက်ရုပ်ဖြစ်လုဆဲဆဲ ဖြစ်နေသည်ကို သူမက သတိမထားမိခဲ့ပေ။ သူသည် သူ၏ရင်ခွင်အတွင်းမှ လင်းတုန်အား ကြည့်လိုက်ကာ ရယ်ရမလို၊ ငိုရမလို ဖြစ်နေခဲ့သည်။ သူသည် သူ၏ခေါင်းကို ခက်ခဲစွာနှင့် လှည့်လိုက်ရာ သူ့အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည့် ရှောင်ကျန်းအာအား တွေ့လိုက်ရသည်။

"ကျန်း.. ကျန်းအာ၊ ငါပြောပြတာကို နားထောင်ဦး.." ရှောင်ယန်က ထစ်ငေါ့ထစ်ငေါ့ဖြင့် ပြောလိုက်သည်။ "ဒါ.. ဒါက လင်းတုန်လို့ခေါ်တယ်။ ဒါက ငါ့ရဲ့ မွေးစားသမီး ဖြစ်တယ်။ တကယ်ပါ သူမက ငါ့ရဲ့ မွေးစားသမီးပါပဲ"

သူသည် လင်းတုန်ဘက်သို့ လှည့်လိုက်ကာ ပြောလိုက်သည်။ "ငါပြောထားတာ ဘယ်နှစ်ခေါက် ရှိပြီလဲ။ ငါက နင့်ရဲ့ မွေးစားအဖေ၊ ဖေဖေမဟုတ်ဘူး!"

ကောင်မလေးသည် သူ့အား ဖက်ထားရင်းနှင့် သူမ၏ ခန္ဓာကိုယ် သေးသေးလေးသည် တွန့်လိမ်သွားခဲ့သည်။ သူမသည် စိတ်ကောက်သွားသကဲ့သို့ နှုတ်ခမ်းများကို စူထားခဲ့၏။

အခြားလူများ၏ မျက်စိအတွင်းတွင် ဒါသည် နားလည်မှု လွဲမှားခြင်းကို ဖြစ်စေနိုင်သည်။

ရှောင်ကျန်းအာက နှာမှုတ်လိုက်သည်။ "ဒါဆိုရင်တော့ မွေးစားမေမေလည်း ရှိမှာပေါ့။ သူမက နဂိုကတည်းက အရမ်း ချစ်စရာ ကောင်းနေပြီ။ အခုအချိန်မှာ သူက ပန်းပေါင်းတစ်ရာ ဖူးပွင့်လာသလို ပြုံးနေခဲ့တယ်"

ရှောင်ယန်က ချက်ချင်း ပြန်ပြောလိုက်သည်။ "ရှိတာပေါ့၊ နင်ပဲ မဟုတ်ဘူးလား"

"ကိုကိုရှောင်ယန်…" ရှောင်ကျန်းအာသည် ရှောင်ယန်အား အသာလေး ရိုက်လိုက်သည်။ အခြားသူများက သူမအား စသည်ကို ခံနိုင်သော်လည်း ရှောင်ယန်၏ နှုတ်ဖျားမှ ထွက်လာသော စကားလုံးများကိုမူ ခံနိုင်ရန် ခက်ခဲပေသည်။

ရှောင်ယန်သည် သတိပြန်ဝင်လာခဲ့ပြီ ရှောင်ကျန်းအာက စိတ်မဆိုးနေသည်ကို သတိပြုမိလိုက်၏။ သူသည် ရှောင်ကျန်းအာအား ကြည့်လိုက်ကာ ပြုံးလိုက်သည်။ "သူ့နာမည်က လင်းတုန်ဖြစ်တယ်၊ သူမက ဆရာ့ကို ဘိုးဘိုးလို့ ခေါ်တယ်"

ရှောင်ကျန်းအာက အနည်းငယ် တုန်လှုပ်သွားခဲ့ရာ ရှောင်ယန်က သူမအား လင်းတုန်၏ အကြောင်းကို လျှင်မြန်စွာဖြင့် ပြောပြခဲ့သည်။ သူသည် သူက မဟာလွင်တီးခေါင် ကုန်းမြေမှ နတ်ဘုရား ပါရာဆို သစ်ပင်တောအုပ်အတွင်းသို့ သွားခဲ့သည့် အကြောင်းကိုပင် ပြောပြခဲ့၏။

"ဒါက တကယ့်ကို ကံဆုံလို့ပဲ" ရှောင်ကျန်းအာသည် ဇာတ်လမ်းအစုံကို သိပြီးနောက်တွင် သူမ၏ ခေါင်းကိုခါလိုက်ကာ သက်ပြင်းဖွဖွလေး ချလိုက်သည်။ "ကျန်းအာက အစက သူမဟာ မိစ္ဆာတစ်မျိုးလို့ ထင်နေခဲ့တာ။ ဒီဇာတ်လမ်းမှာ လှည့်ကွက်တွေ အများကြီး ရှိလိမ့်မယ်လို့ တကယ့်ကို ထင်မထားခဲ့ဘူး။ သူမရဲ့ နောက်ခံက တကယ့်ကို ရှုပ်ထွေးတာပဲ'

ရှောင်ယန်က သက်ပြင်းချလိုက်ကာ ပြောလိုက်သည်။ "အမှန်အတိုင်း ပြောရရင်၊ ကိုကိုကလည်း လုံးဝ ထင်မထားမိဘူး"

"ဒါပေမဲ့…" ရှောင်ကျန်းအာသည် ရယ်ချင်နေသော အသံဖြင့် ပြောလိုက်သည်။ "သူမက စီနီယာလင်းကို အဘိုးအဖြစ်နဲ့ ခေါ်ပြီး ကိုကို့ကို မွေးစားအဖေလို့ခေါ်တော့…"

လင်းဖုန်း၏ ဆယ်ကျော်သက်လေးများကို ကူညီတတ်သည့် အကြောင်းမှာ လူတိုင်းသိနေသော ကိစ္စဖြစ်သည်။ လူအများအပြားတို့သည် မညှာမတာဖြင့် ရှောင်ယန်နှင့် ကျန်သောသူများသည် လင်းဖုန်း၏ မွေးစားသားများ ဖြစ်ကြသည်ဟု ဟာသလုပ်နေကြ၏။

ရှောင်ယန်က တဟားဟားနှင့် ရယ်လိုက်ကာ သူ၏ခေါင်းအား ခါလိုက်သည်။ "တကယ်လို့ တခြားသူတွေက ဒီအကြောင်းကို ကြားလိုက်ရင် သူတို့က နားလည်မှု လွဲမှားမှာပဲ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင်…"

သူ၏အကြည့်သည် လေးနက်လာခဲ့ကာ အတိတ်က အကြောင်းများကို ပြန်လည် အမှတ်ရလာခဲ့သည်။ သူသည် သူ၏ ဗိမာန်တွင် ရှိနေခဲ့သော်လည်း သူ၏အကြည့်သည် ယုကျင်းတောင်ပေါ်သို့ ရောက်သွားခဲ့သည်။

"ကျန်းအာ၊ ကိုကို့ရဲ့ အဖေက ငယ်ငယ်ကတည်းက ဆုံးပါးသွားတယ် ဆိုတာကို နင်လည်းသိပါတယ်။ ပြီးတာနဲ့ ငါက ဆရာနဲ့ တွေ့ခဲ့တယ်။ သူ့ရဲ့သင်ကြားမှုတွေကို နှစ်ပေါင်းများစွာ သင်ယူခဲ့ရ အပြီးမှာ တစ်ခါတစ်လေမှ ငါက…"

ရှောင်ကျန်းအာသည် သူ၏ဘေးသို့ ရောက်လာခဲ့ကာ သူ၏လက်အား ဆုပ်ကိုင်လိုက်သည်။ ရှောင်ယန်ကလည်း သူမဘက်သို့ ခေါင်းလှည့်လိုက်ကာ သူတို့နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်ကာ ပြုံးလိုက်ကြသည်။

ရှောင်ယန်က ပြုံးလိုက်၏။ "ဘိုးဘိုးက အခုအချိန်မှာ ရှကျိုးမှာ ရောက်နေတယ်။ နင်ကလည်း နတ်ဘုရားနယ်မြေကို တစ်ခါတစ်လေမှ ရောက်တာဆိုတော့၊ မနက်ဖြန် သူ့နား သွားလည်ရအောင်"

"ကောင်းပြီလေ" ရှောင်ကျန်းအာသည် တခြားသူများ အရှေ့တွင် စကားသိပ်မပြောသော်လည်း၊ ရှောင်ယန်၏ အရှေ့တွင် သူမသည် အလွန်အမင်း ဂရုစိုက်သောသူ ဖြစ်သည်။ ထို့အပြင် သူမသည် ဝူကျိုးမှ ရှောင်မိသားစု ဂေဟာအတွင်းတွင် ကလေးဘဝကို ဖြတ်သန်းခဲ့ရသူလည်း ဖြစ်၏။ ရှောင်မိသားစု အကြီးအကဲသည် သူမအား ကောင်းစွာ စောင့်ရှောက်ခဲ့၍ သူမသည် ဤတစ်ခေါက်တွင် သူ့ထံသို့ သွားလည်မည်ဟု ဆုံးဖြတ်ခဲ့သည်။

လင်းတုန်သည် ရှောင်ယန်၏ ရင်ခွင်ထဲတွင်သာ ရှိနေသေးသည်။ သူမသည် သူမ၏ လက်ချောင်း ဝဝကစ်ကစ်လေးအား ပါးစပ်တွင် စုပ်ထားရင်း ကျန်လက်တစ်ဘက်က ရှောင်ယန်၏ ဝတ်ရုံကို ကိုင်ထားကာ မေးလိုက်သည်။ "ဖေဖေ၊ သူမက အရမ်းလှတာပဲ၊ သူမက ဘယ်သူများလဲ"

ထိုစကားကို ကြားလိုက်ရသော် ရှောင်ယန်ကလည်း ခေါင်းကိုခါလိုက်ကာ သူမ၏ အသုံးအနှုန်းကို ပြင်ပေးရန် မကြိုးစားတော့ပေ။ သူသည် ရှောင်ကျန်းအာအား ပြုံးစိစိဖြင့် ကြည့်လိုက်ကာ ရှိုးတိုးရှန့်တန့်ဖြင့် ပြောလိုက်သည်။ "သူမက မွေးစားအမေလို့ ခေါ်ပါလား"

လင်းတုန်၏ မျက်လုံးအစုံသည် လက်ကနဲ ဖြစ်သွားခဲ့ကာ အသေအချာ စဥ်းစားနေသည့်ပုံ ပေါက်သွားခဲ့သည်။ ပြီးတာနှင့် လေးနက်စွာ ပြောလိုက်သည်။ "ကောင်းပြီလေ"

ရှောင်ကျန်းအာသည် ရှောင်ယန်အား တစ်ချက်ဝေ့ကြည့်လိုက်ကာ ပြောလိုက်သည်။ "ကိုကိုက အသက်ဘယ်လောက်ရှိပြီလဲ။ အခုအချိန်အထိ ကလေးလိုမျိုး လုပ်နေတုံးပဲလား" သူမသည် အနည်းငယ် အနည်းငယ် ရှက်နေသော်လည်း လင်းတုန်၏ ပြုံးဖြီးဖြီးနှင့် ချစ်စရာကောင်းသော အမူအရာအား တွေ့လိုက်ရသောအခါ၊ သူမကလည်း အတော်ချစ်ခင်နေခဲ့၏။

သို့သော်လည်း သူမသည် ရှောင်ယန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသောအခါ နှစ်ယောက်စလုံးတို့သည့် ရှက်ကိုးရှက်ကန်း ဖြစ်လှစွာနှင့် ပြုံးလိုက်ကြသည်။

သူတို့သည် လူကြီးပင် မဖြစ်ကြသေးခင်တွင် တစ်စုံတစ်ယောက်က သူတို့အား အဖေနှင့် အမေဟူ၍ ခေါ်နေခဲ့ပြီ ဖြစ်သည်။

ယုကျင်းတောင်ပေါ်တွင် လင်းဖုန်းသည် သူတို့အား ကြည့်လိုက်ကာ ပြုံးလိုက်မိသည်။

နောက်ပိုင်းနေ့များတွင် လင်းဖုန်းသည် သူ၏ တပည့်များကို သေချာစွာ သင်ကြားပေးနေခဲ့သည်။ တစ်နေ့တွင် သူ၏ရင်ထဲမှ ရုတ်တရက် လှုပ်ရှားသွားခဲ့၏။

ဇူရီ၏ အတွင်းတွင် ထည့်ထားခဲ့သော သူ၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်သည် ဇူရီက သူ၏ အခြေတည်ဝိညာဥ်အား ဖော်ဆောင်တော့မည်ကို သတိပြုမိလိုက်သည်။

လင်းဖုန်းက ရက်များကို ပြန်လည်တွက်ချက်လိုက်သည်။ "ဇူရီက သူ့ရဲ့ နန်းတွင်း စာမေးပွဲကို ဖြေပြီးသွားခဲ့ပြီ"

သူ၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်သည် ဇူရီ၏ စိတ်ဝိညာဥ် နက်ရှိုင်းသော အပိုင်းတွင် နေနေခဲ့ကာ ဇူရီ၏ လှုပ်ရှားမှုများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။ ဇူရီ၏ အနီးအနားတွင် ဖြစ်ပျက်နေသော အရာအားလုံးတို့အားလည်း ဂရုမထားခဲ့ချေ။

သို့သော်လည်း လင်းဖုန်းသည် သူ၏အနားတွင် ဖြစ်နေသမျှကို အနည်းငယ် သိနေပေသည်။ သူသည် အနည်းငယ် နိုးကြားနေသော်လည်း တစ်ချိန်တည်းတွင် အပြည့်အဝ မနိုးကြားနေသော အခြေအနေ တစ်ခုတွင် ရောက်နေခဲ့သည်။

သူ၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်သည် လတ်တလော အဖြစ်အပျက်များကို ပြန်လည်စဥ်းစားလိုက်ရာ လင်းဖုန်းသည် ဇူရီ၏ လက်ရှိ လှုပ်ရှားမှုများကို တွေ့ရှိခဲ့ရသည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။ "ကောင်းတယ်၊ လှပစွာ လှုပ်ရှားခဲ့တာပဲ"

ဇူရီသည် ယခုနှစ် မဟာကျိုး အင်ပါယာ၏ နန်းတွင်းစာမေးပွဲတွင် ကောင်းစွာ ဖြေဆိုနိုင်ခဲ့သည်။ အမှန်ဆိုရလျှင် သူသည် အဆင့်တစ်ပင် ရရှိခဲ့၏။

သူသည် ပထမ ရရှိရုံသည် မကပဲ ဇူရီသည် သူ၏ စာပေအနုပညာ လက်ရာဖြစ်သော စာစီစာကုံးအား စာမေးပွဲ အတွင်းတွင် အဆုံးသတ်နိုင်ခဲ့သည်။ ထိုစာစီစာကုံး အတွင်းတွင် ဇူရီသည် ပညာရှိ တစ်ရာ၏ ဉာဏ်ပညာတို့အား ပြသနိုင်ခဲ့၏။ လူအများတို့သည် သူ့အား 'ပညာရှိများစွာတို့၏ စာစီစာကုံး'ဟု နာမည်ပေးထားကြ၏။

ဇူရီ၏ အဖြေလွှာသည် စာမေးပွဲ ခန်းမအတွင်းမှ လူတစ်ယောက်ချင်းတိုင်းအား မှင်သက်ရှုမော ဖြစ်စေခဲ့သည်။ သူသည် ခေတ်ဟောင်းနှင့် ခေတ်သစ်တို့ နှစ်ခုစလုံးမှ ဉာဏ်ပညာများကို သယ်ဆောင်ထားခဲ့၏။

ဤတစ်နှစ်၏ နန်းတွင်းစာမေးပွဲသည် ထျန်းကျင်းတစ်မြို့လုံးအား တုန်လှုပ်စေခဲ့သည်။ ဇူရီသည် ညတွင်းချင်းပင် ထင်ရှားကျော်ကြားလာခဲ့၏။ သူသည် ထင်ရှားသော စာပေပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီး ရှေးကပညာရှိများနှင့် ညတွင်းချင်းပင် တစ်တန်းတည်း ဖြစ်သွားခဲ့သည်။

အားလုံးတို့သည် ဇူရီက ကျင့်ကြံသူ တစ်ယောက်မှန်း သိထားကြသည်။ သို့သော်လည်း ဒါသည် သူက ကောင်းမွန်စွာ ရေးနိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူ၏ စာပိုဒ် တစ်ခုတိုင်းသည် နတ်ဘုရားများက ရေးသားထားသည့်အလား ဖြစ်နေခဲ့၏။ သူ၏ ပန်းတိုင်သည် ယခင်က အတိုင်း ဖြစ်ခဲ့သော်လည်း သူလျှောက်လှမ်းခဲ့သော လမ်းကြောင်းက ကွဲပြားခြားနားနေခဲ့၏။

စာမေးပွဲ ခန်းမအတွင်းတွင် စာမေးပွဲဖြေသူများ ကိုးကွယ်ကြသော ပညာရှိပေါင်း များစွာတို့၏ ရုပ်ထုများရှိကြသည်။ ထိုပညာရှိများသည် သူတို့ အသက်ရှိစဥ်က ကောင်းကင်နှင့် မြေကြီးတို့၏ လုပ်ဆောင်ပုံများကို နားလည်ခဲ့ကြသူများ ဖြစ်၏။ ယခုအချိန်တွင် သူတို့၏ ရုပ်ထုများအား စာဖြေသူများ၏ အဖြေလွှာများကို စစ်ဆေးရန် အသုံးပြုနေခဲ့ခြင်း ဖြစ်၏။

သူတို့အားလုံးတို့က သူ၏ စာစီစာကုံးအား ချီးကျူးခဲ့ခြင်းမှာ ဇူရီ၏ စာပေ အရည်အချင်းသည် ဘက်ပေါင်းစုံမှ ပြည့်စုံနေသည်ဟု ဆိုလိုနေခြင်းသာ မကပေ။ ဇူရီသည် တာအိုကို ကျင့်ကြံကာ သူ၏ စာပေစွမ်းရည်ကို တိုးတက်စေသည့်အပြင်၊ သူ၏ ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်လုပ်နိုင်ခဲ့ကာ ကောင်းကင်နှင့် မြေကြီးတို့အပေါ်တွင် ကိုယ်ပိုင် အတွေးအမြင်များကို ရရှိနိုင်ခဲ့သည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

ပြီးတာနှင့် ဇူရီ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အရည်အသွေး ထိပ်တန်းမှ မှော်စွမ်းအင်များနှင့် ပြည့်ဝလာခဲ့သည်။ သူ၏ စုဆောင်းမှုများသည် အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီ ဖြစ်၍ သူသည် ဟင်းလင်းပြင် လျှပ်စီးကပ်ဘေးအား ရင်ဆိုင်တော့မည် ဖြစ်၏။

လင်းဖုန်း ကြိုတင်ခန့်မှန်းထားသည့် အတိုင်းပင် ဝမ်လင်း၏ အခြေတည်ဝိညာဥ်အား ဖော်ဆောင်နိုင်မှုသည် ဇူရီအား အဆိုးဘက်မှ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ ထို့အစား သူ့အား တာအိုနှလုံးသားအား ပိုမို ကြည်လင်လာစေ၍၊ တာအိုအား နားလည်မှုနှင့် သေမျိုးလောက၏ လုပ်ကိုင်ပုံများကို နားလည်မှု ပိုမိုနက်ရှိုင်းလာစေခဲ့သည်။

ဝမ်လင်း၏ စွမ်းဆောင်ရည်များသာ မရှိခဲ့လျှင်လည်း ဇူရီသည် သူ၏ စာစီစာကုံးအား အဆုံးသတ်နိုင်ခဲ့ကာ အချီးကျူး ခံရနိုင်မည် ဖြစ်သည်။ သို့သော်လည်း သူသည် ချက်ချင်းပင် ဟင်းလင်းပြင် လျှပ်စီးကပ်ဘေးအား ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

အဆုံးမဲ့ပင်လယ်ဘုရင်သည် ပေါ်လာခဲ့ကာ ဇူရီ၏ ဘေးတွင် ရပ်နေခဲ့၍ ဘေးမှလူများ၏ ဝင်ရောက်နှောင့်ယှက်မှုမှ အကာအကွယ် ပေးနေခဲ့သည်။

လင်းဖုန်းသည် ဖြစ်စဥ်တစ်ခုလုံးအား ချောင်းကြည့်နေကြသည့် လူများစွာတို့ ရှိသည်ဟု အသေအချာ ခံစားနေခဲ့ရ၏။ သို့သော်လည်း အဆုံးမဲ့ ပင်လယ်ဘုရင် ပေါ်ပေါက်လာ အပြီးတွင် သူတို့အားလုံးတို့သည် နောက်ဆုတ်ကုန်ကြသည်။

သူ၏ ကာကွယ်မှုအောက်တွင် ဇူရီသည် ဟင်းလင်းပြင် လျှပ်စီးကပ်ဘေးအား အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကာ အခြေတည်ဝိညာဥ်ကို ဖော်ဆောင်နိုင်ခဲ့သည်။ သူသည် ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် ဒုတိယမြောက် တပည့်ဖြစ်သည်။

"သင့်ရဲ့ ဒုတိယ တပည့်ဟာ အခြေတည်ဝိညာဥ် အဆင့်ကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်"

ဇူရီ၏ ခေါင်းပေါ်မှ မိုးကြိုးတိမ်တိုက်များ လွင့်ပြယ်သွားခဲ့ကာ ကလေးငယ်လေး၏ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူသည် ဇူရီငယ်စဥ်ကနှင့် တစ်ပုံစံတည်း ဖြစ်၏။

အခြေတည်ဝိညာဥ်ကို ဖန်ဆင်း၍အပြီးတွင် ဇူရီ၏ ဘေးပတ်ပတ်လည်မှ အလင်းရောင်တို့သည် ဖြည်းဖြည်းချင်း မှေးမှိန်သွားခဲ့သည်။ အခြေတည်ဝိညာဥ်၏ အပေါ်တွင် ဇူရီ၏ နာမည်ကျော် စာစီစာကုံးမှ စကားလုံးများကို တွေ့နိုင်ပေသည်။

အခြေတည်ဝိညာဥ်သည် ဇူရီ၏ နဖူးအတွင်းသို့ ဖြည်းဖြည်းချင်း ပြန်ဝင်သွားခဲ့သည်။ သူ၏မျက်လုံးများကို ဖွင့်လိုက်ကာ သူ၏ အရှေ့မှ အဆုံးမဲ့ ပင်လယ်ဘုရင်အား ကြည့်လိုက်၍ ဦးညွှတ်လိုက်သည်။ "ဆရာသခင်"

အဆုံးမဲ့ ပင်လယ်ဘုရင်သည် လင်းဖုန်းနှင့် တထေရာတည်း တူနေခဲ့သည်။ လင်းဖုန်းသည် သူ၏ စိတ်ဝိညာဥ်အား ဇူရီထံသို့ ထုတ်လွှတ်လိုက်ကာ ပြုံးလိုက်သည်။ "ဇူရီ၊ နောက်တစ်ဆင့် တက်သွားပြီး အခြေတည်ဝိညာဥ်ကို ဖော်ဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်"

သူ၏ တပည့်များအတွင်းတွင် ဇူရီသည် အတည်ငြိမ်ဆုံး ဖြစ်၏။ သူသည် အလွန်အမင်း ထူးချွန်ပြောင်မြောက်နေခြင်း မရှိသော်လည်း သူ၏ အခြေခံများမှာ လွန်စွာ ခိုင်မာ၏။ သူသည် ယခင်ကတည်းက အလွန်အမင်း ကြီးမားသော အတားအဆီးများကို ကြုံတွေ့ခဲ့ရခြင်း မရှိခဲ့ပေ။

သူသည် လျှင်မြန်စွာ တိုးတက်ခြင်းမျိုး မရှိခဲ့သော်လည်း သူ၏ တိုးတက်မှုနှုန်းမှာ တစ်ခါမှ မရပ်တန့်ခဲ့ပေ။ တစ်လှမ်းခြင်းတစ်လှမ်း သူသည် ရှေ့သို့ တည်ငြိမ်စွာ တက်လှမ်းနိုင်ခဲ့ကာ ရပ်တန့်၍ မရနိုင်ဟု ထင်နေရသည်။

ဇူရီ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "စာမေးပွဲ အပြီးမှာ ကျွန်တော်က ကျိုးဧကရာဇ်နဲ့ တွေ့ခဲ့တယ်။ ကျွန်တော့်ရဲ့ မိခင်ဟာ အခုဆိုရင် တော်ဝင်ဘွဲ့ရသွားခဲ့ပြီ။ သူတို့က ကျွန်တော့်ကို အရပ်ဘက်ရာထူးနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ကျွန်တော်က ပယ်ချခဲ့တယ်။ ကျွန်တော့်မိခင်ဟာ သေပြီးတဲ့နောက်မှာ ဘွဲ့ထူးတစ်ခု ရပြီးသွားရင်၊ ကျွန်တော်က မဟာချင် အင်ပါယာရဲ့ အနောက်ပိုင်းကို လာခဲ့မယ်"

"ကျွန်တော်က ဂျူနီယာလေးနဲ့ ဒွိစုံသူငယ်အိမ်နဲ့ ကျင့်ကြံသူ တိုက်ပွဲကို ရောက်လာခဲ့ပြီး၊ ဂျူနီယာလေးက သူ့အတွက် လက်စားပြန်ချေတာကို ကိုယ်တိုင်ကိုယ်ကျ လာကြည့်မယ်"

လင်းဖုန်းက ပြုံးလိုက်၏။ "ထျန်းဟောင်က ဒီစကားကို ကြားရတာကို ပျော်နေမှာပဲ"

ပြီးတာနှင့် သူသည် ဇူရီအား ကြည့်လိုက်ကာ ပြောလိုက်သည်။ "ဒါပေမဲ့ မင်းရဲ့ အစောက စာမေးပွဲမှာ  အခက်အခဲတွေနဲ့ ကြုံခဲ့ရသေးလား"

ဇူရီက သူ၏ခေါင်းကို ညိတ်လိုက်သည်။ "ဟုတ်ကဲ့၊ စာမေးပွဲမှာ တစ်စုံတစ်ယောက်က ကျွန်တော့်ထက်အရင် ရုပ်ထုပေါင်း မြောက်မြားစွာတို့ကို လှုပ်ခါစေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စာစီစာကုံးဟာ သူ့ထက်အနည်းငယ်စောပြီး ပြီးသွားခဲ့လို့၊ ကျွန်တော့်ရဲ့ စာသားတွေဟာ သူ့အစား ပညာရှိတို့ရဲ့ အသိအမှတ်ပြုမှုကို ခံခဲ့ရတယ်"

စာမေးပွဲ ခန်းမတွင် ထူးချွန်ထက်မြက်သော စာပေပါရမီရှင်များဖြင့် ပြည့်နေရာ၊ တစ်စုံတစ်ယောက်ကလည်း ထိုကဲ့သို့ သဘာဝလွန် ဖြစ်ရပ်မျိုးကို ဖြစ်ပေါ်စေသည့် စွမ်းရည်ရှိမည်ကို မျှော်လင့်ထားနိုင်ပေမည်။

မဟာချင် အင်ပါယာ၏ နန်းတွင်း စာမေးပွဲ အတွင်းတွင် ကျောင်ကျုံချန်းသည် ကျက်သရေ မင်္ဂလာ တိမ်တိုက်များကို ကျဆင်းလာစေနိုင်စွမ်း ရှိခဲ့သည်။ သူ၏ စာသားများသည် ထူးခြားဆန်းကြယ်သော ဖြစ်ရပ်တစ်မျိုးကို ဆင့်ခေါ်နိုင်ခဲ့ကာ သူသည်လည်း စာမေးပွဲအတွင်းမှ အခြားသူများကို အနိုင်ယူနိုင်ခဲ့သည်။

သို့သော်လည်း တစ်ယောက်သည် ပညာရှိများ၏ အသိအမှတ်ပြုမှုအား စာပေစွမ်းရည်များဖြင့်သာ ရရှိနိုင်စွမ်းမရှိပေ။

ဇူရီ၏ စကားများအရ သူမှလွဲ၍ ထိုကဲ့သို့သော စွမ်းရည်များကို ပိုင်ဆိုင်နိုင်သူမှာ ရှားပါးလှပေသည်။

"ဒါ့အပြင် ကျွန်တော်က သူက တစ်ခုခု ထူးခြားနေတယ်လို့ ထင်မိပါတယ်" ဇူရီက သူ၏မျက်မှောင်အား ကြုတ်လိုက်ကာ သုံးသပ်လိုက်၏။ "ကျွန်တော်က ကျွန်တော့်ရဲ့ စာစီစာကုံးကို တင်ပြနေတဲ့ အချိန်မှာ သူက ဖြည်းဖြည်း ပျောက်ကွယ်သွားတယ်လို့ ခံစားနေရတယ်။ ကျွန်တော်က ပြုလုပ်တာမဟုတ်ပဲ သူက တမင်သက်သက် လုပ်ပြနေတာနဲ့ တူနေတာပဲ"

"စာမေးပွဲ ပြီးသွားတဲ့ အခါမှာ သူက ဘယ်ကလဲ ဆိုတာကို စုံစမ်းလို့ မရခဲ့ဘူး။ သူ့ရဲ့ ရည်ရွယ်ချက်ဟာ ကျွန်တော့်ရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ကို ယိမ်းယိုင်အောင် လုပ်ဖို့ဆိုတာကို ခန့်မှန်းလို့ရတယ်။ သူရဲ့ ရည်ရွယ်ချက် မအောင်မြင်တာနဲ့ သူ့ရဲ့ အကြောင်းကို ဖော်ပြခြင်း မရှိပဲ အိမ်မြောင်တစ်ကောင်လို ထွက်ပြေးသွားခဲ့တယ်"


∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆


စာစဥ် ၃၀ : အပိုင်း ၈

အပိုင်း ၅၅၈ : နောက်ထပ်ခြေတစ်လှမ်း

ဇူရီ၏ စကားများကို ကြားရပြီးသောအခါ လင်းဖုန်း၏ အကြည့်သည် အနည်းငယ် လင်းလက်လာခဲ့ပြီး ပြောလိုက်သည်။ "ပညာရှိတွေရဲ့ ချီးကျူးမှုကို မင်းလိုမျိုး ရရှိအောင် လုပ်နိုင်တဲ့သူက ဒီကမ္ဘာကြီးမှာ အနည်းငယ်ပဲရှိတယ်။ မင်းက လက်ချိုးရေလို့တောင်ရတယ်။

ဇူရီက သူ၏ခေါင်းအား ညိတ်လိုက်သည်။ "ကျောင်ကျုံချန်းရဲ့ စာပေ ဗဟုသုတက သိပ်မဆိုးဘူး။ သူက ရှေးဟောင်းစာပေတွေ အကြောင်းကို အစစ်အမှန် နားလည်ပြီး ဗဟုသုတ ရှိတယ်။ သူက မဟာချင် အင်ပါယာရဲ့ နန်းတွင်းစာမေးပွဲမှာ ပထမ ရခဲ့ပေမဲ့ ပညာရှိတို့ရဲ့ ချီးကျူးမှုကို မခံရခဲ့ဘူး"

"လူအနည်းငယ်ကသာ ဒီလိုမျိုး လုပ်နိုင်စွမ်းရှိတယ်။ ခဏလောက် စဥ်းစားအပြီးမှာ သက်သေပြစရာ မရှိပေမဲ့ ငါက ဒီလိုမျိုး လုပ်နိုင်တဲ့ လုပ်နိုင်တဲ့ လူတစ်ယောက်ကိုသာ တွေးမိတယ်"

လင်းဖုန်းက ပြုံးလိုက်ကာ နာမည်တစ်ခုအား ပြောပြလိုက်သည်။ ဇူရီကလည်း ပြုံးလိုက်ကာ သူ၏ခေါင်းကို ညိတ်လိုက်၏။ "ကမ္ဘာကနေ အနားယူသွားပြီးတဲ့ ပညာတတ်တွေ ဆိုရင် သူတို့က ကျွန်တော့်ကို ပစ်မှတ်ထားကြမှာ မဟုတ်ဘူး။ လက်ရှိကမ္ဘာမှာ လှုပ်ရှားနေကြတဲ့ သူတွေ အထဲမှာ ကျွန်တော်ကလည်း သူတစ်ယောက်တည်းကို တွေးမိတယ်"

"ကိစ္စမရှိဘူး။ နောက်ဆုံးမှာ မင်းကသူ့ကို အနိုင်ယူနိုင်ခဲ့တာပဲ" လင်းဖုန်းက တည်ငြိမ်စွာနှင့် ပြောလိုက်သည်။ "နောက်ပိုင်းနေ့တွေမှာ ငါတို့က ဒီအကြွေးကို ပြန်ဆပ်ရမယ်"

သူသည် ဇူရီအား ကြည့်လိုက်ကာ ပြောလိုက်သည်။ "လာမယ့်ရက်တွေမှာ မင်းရဲ့ အခြေတည် ဝိညာဥ်ကို သေချာ ပြုစုစောင့်ရှောက်နေရမယ်။ ဒါမှသာ မင်းရဲ့ ကျင့်ကြံမှုတွေကို ခိုင်မာအောင် လုပ်နိုင်မယ်"

ဇူရီက အနည်းငယ် ပြုံးလိုက်ကာ ပြောလိုက်သည်။ "မြင့်မြတ်သော အန္တိမ ရှေးဟောင်း ချပ်ဝတ်တန်ဆာက ကျွန်တော်နဲ့အတူတူ စာပေလေ့လာခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ဘက်စလုံးက အပြန်အလှန် အကျိုးကျေးဇူးတွေ ရရှိခဲ့တဲ့ အတွက်ကြောင့်၊ ကျွန်တော်တို့က အတူတူ ရှေ့ဆက်ပြီး လက်တွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်"

ဇူရီသည် သူဝတ်ဆင်နေကျ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ခရမ်းရောင် ဝတ်စုံရှည်၏ အပေါ်တွင် အဖြူရောင် အပေါ်အင်္ကျီတို တစ်ခုအား ထပ်၍ ဝတ်ဆင်ထား၏။ ထိုအဖြူရောင် အပေါ်အင်္ကျီတိုသည် ရှေးကျသော အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့ကာ ဂန္တဝင်ဆန်လှပေသည်။

ထိုအချိန်တွင် ထိုအဖြူရောင် အပေါ်အင်္ကျီတိုမှ အဖြူရောင် အလင်းတန်း မှိန်မှိန်လေး တစ်ခုအား ထုတ်လွှတ်လိုက်ခဲ့သည်။ သင်းထုံသော ရနံ့တစ်ခုသည် ထိုဝတ်ရုံမှ ထွက်လာခဲ့၍ စာအုပ်များ၊ မင်များ၏ ရနံ့ကို ရနိုင်ခဲ့သည်။

ထိုအဖြူရောင် အလင်းတန်း၏ အတွင်းမှနေ၍ တစ်ယောက်သည် စာသင်သား များစွာတို့၏ စာပေသင်အံနေသံများကို ကြားနိုင်ခဲ့သည်။ ပြီးတာနှင့် သူသည် ပို၍ပို၍ ကျယ်လောင်လာခဲ့သည်။ ကြည့်ရသည်မှာ ကမ္ဘာကြီး တစ်ခုလုံးမှ စာဖတ်သူ တစ်ဦးချင်းတိုင်းက အတူတူ သင်ယူနေကြသကဲ့သို့ ဖြစ်၏။

ကမ္ဘာကြီး အတွင်းမှ စာပေပညာရှင် တစ်ယောက်ချင်းစီက အာရုံစူးစိုက်နေခဲ့သကဲ့သို့ ဖြစ်သည်။ သူသည် ကောင်းကင်ကို လှုပ်ခါသွားစေ၍ အချိန်ကာလအား ပဲ့တင်ရိုက်စေခဲ့သည်။

အဖြူရောင် အလင်းတန်း အတွင်းတွင် စာသင်သားနှင့် တူသော်လည်း ကြံ့ခိုင်ပုံရသည့် အဘိုးအိုတစ်ယောက် ပေါ်လာခဲ့သည်။ သူသည် လင်းဖုန်း၏ အဆုံးမဲ့ ပင်လယ် မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်အား တွေ့လိုက်ရသောအခါ သူ၏ လက်များကို ဆုပ်လိုက်ကာ နှုတ်ဆက်လိုက်၏။

လင်းဖုန်း၏ ဒုတိယတပည့်သည် ပညာရှိတို့၏ ချီးမွမ်းမှကို ရယူနိုင်ခဲ့ကာ စာမေးပွဲတွင် ပထမ ရယူနိုင်ခဲ့သည်။ သူသည် ထိပ်ဆုံးမှ ပညာရှိ သူတော်စင် ဟူသော ဘွဲ့ကို ရရှိခဲ့ပြီး စာမေးပွဲ ခန်းမ အတွင်းမှ ပညာရှိ ရုပ်ထုများကို အံ့အားသင့်စေခဲ့နိုင်ခဲ့သည်။ သူသည် မဟာကျိုး အင်ပါယာ၏ အကြီးအကဲ စာပေပညာ မှော်ရတနာအား အထင်ကြီးစေရန် စွမ်းဆောင်နိုင်ခဲ့၏။

မြင့်မြတ်သော အန္တိမ ရှေးဟောင်း ချပ်ဝတ်တန်ဆာ!

ရှေးဟောင်းခေတ်မှ အန္တိမ တော်ဝင်ဆရာတစ်ယောက်၏ ဝတ်ဆင်ခဲ့သော ဝတ်စုံသည် ပွားစည်းခြင်း အဆင့်မှ မှော်ရတနာ တစ်ပါးပင် ဖြစ်သည်။

ဤမှော်ရတနာ၏ စွမ်းရည်သည် အလွန်အမင်းကို ထူးခြားလှ၏။ သာမန် ကျင့်ကြံသူတို့၏ လက်အတွင်းတွင် သူသည် မည်သို့မှ အသုံးဝင်မှု မရှိပေ။ သူသည် သာမန် အဝတ်တစ်စနှင့်ပင် တူနေခဲ့သည်။

သို့သော်လည်း ကျင့်ကြံမှု အဆင့် မြင့်မား၍ စာပေပညာ ကောင်းမွန်စွာ တတ်မြောက်သော ကျင့်ကြံသူ၏ လက်အတွင်းတွင် သူ၏ စွမ်းအားများသည် လွန်စွာမှပင် မျက်စိကျဖွယ် ကောင်းလှပေသည်။

အစောပိုင်းတွင် ဇူရီ၏ ဖခင် ရွှမ်ကျိအမတ် ဇူဟုန်ဝူသည် စာပေပညာအား လိုက်စားကာ ကျင့်ကြံမှုအား ရပ်နားခဲ့သည်။ ထို့နောက်သူသည် ကွန်ဖြူရှပ် ဝါဒအသစ်ကို တီထွင်နိုင်ခဲ့၍ မဟာကျိုး ဧကရာဇ် လျှမ်ပန်းအား မဟာသုခမိန် ရာထူးဖြင့် တိုင်းရေးပြည်ရာများကို ကူညီပေးနိုင်ခဲ့သည်။

ဇူဟုန်ဝူသည် မြင့်မြတ်သော အန္တိမ ရှေးဟောင်း ချပ်ဝတ်တန်ဆာအား လှုံ့ဆော်နိုင်ရန် အနီးကပ်ဆုံးသော သူတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော်လည်း သူသည် သီသီလေး လွဲချော်သွားခဲ့၏။

ထို့နောက်ပိုင်းတွင် မြင့်မြတ်သော အန္တိမ ရှေးဟောင်း ချပ်ဝတ်တန်ဆာသည် စာမေးပွဲ ခန်းမအတွင်းတွင် သာမန် အဝတ်စကဲ့သို့သာ နေနေခဲ့ရသည်။

နောက်ထပ် ဆယ်စုနှစ် အနည်းငယ် အပြီးတွင် ဇူရီ၏ ကမ္ဘာကျော် စာစီစာကုံးသည် ပညာရှိများ၏ ချီးမွမ်းမှုကို ရယူနိုင်လိမ့်မည်ဟု မည်သူကမှ ထင်မထားကြချေ။ သူသည် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်တွင်သာ ရှိသေးသော်လည်း ထိုမှော်ရတနာအား အသက်ဝင်လာစေခဲ့ကာ ထိန်းချုပ်နိုင်ခဲ့သည်။

ထိုဖြစ်စဥ်သည် မဟာကျိုး အင်ပါယာ တစ်ခုလုံးအား အုန်းအုန်းကျွက်ကျွက် ဖြစ်စေခဲ့သည်။ ဤအရာသည် လွန်စွာ အငြင်းပွားဖွယ် ကောင်းလှသော်လည်း နောက်ဆုံးတွင် ကျိုးဧကရာဇ် လျှမ်ပန်းသည် နောက်ဆုံး ဆုံးဖြတ်ချက် ချရသူ ဖြစ်၏။

သူသည် ဇူရီအား မြင့်မြတ်သော အန္တိမ ရှေးဟောင်း ချပ်ဝတ်တန်ဆာကို စာမေးပွဲ ခန်းမအတွင်းမှ ထုတ်ယူခွင့် ပြုခဲ့ကာ သူနှင့်အတူ ဘယ်သွားသွား ယူဆောင်သွားခွင့် ပြုခဲ့သည်။

ဇူရီက ပြောလိုက်သည်။ "ဆရာ၊ ကျွန်တော်နဲ့ စီနီယာ မြင့်မြတ်သော အန္တိမ ရှေးဟောင်း ချပ်ဝတ်တန်ဆာက ကံရှိလို တွေ့ခဲ့ရတာပါ။ နောင်အနာဂတ်မှာ ကျွန်တော်တို့က ကမ္ဘာကြီးကို အတူတကွ လှည့်လည်ပြီး လူသားတွေ အားလုံးကို အသိဉာဏ် ဖြန့်ဝေဖို့ ဆုံးဖြတ်ထားကြပါတယ်"

"ဒါက မင်းရဲ့ ကံကြမ္မာဖြစ်တယ်။ မင်းဘာသာမင်း ဆုံးဖြတ်ပါ" လင်းဖုန်းက ပြုံးလိုက်သည်။ "မင်းက ဒီလိုမျိုး မြင့်မားတဲ့ ရည်ရွယ်ချက်တွေရှိတာကို ဆရာက ဝမ်းသာပါတယ်"

ဇူရီက လင်းဖုန်းအား ရိုသေစွာဖြင့် ဦးညွှတ်လိုက်ရာ မြင့်မြတ်သော အန္တိမ ရှေးဟောင်း ချပ်ဝတ်တန်ဆာကလည်း နောက်မှလိုက်၍ ဦးညွှတ်ခဲ့သည်။

"ဘယ်သူကပဲဖြစ်ဖြစ် အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ရှိပြီးသွားရင် မှော်ရတနာ တစ်ပါးကို ပေးမယ်လို့ ငါကပြောထားတယ်" လင်းဖုန်းက ပြောလိုက်သည်။ "ဒါကမင်းရဲ့ မှော်ရတနာ ဖြစ်သွားလိမ့်မယ်။ မြင့်မြတ်သော အန္တိမ ရှေးဟောင်း ချပ်ဝတ်တန်ဆာနဲ့အတူ မင်းက နေမင်းအောက်မှာ ကြိုက်တဲ့နေရာကို သွားလို့ရပြီ"

လင်းဖုန်း၏ မူလခန္ဓာကိုယ်သည် ယုကျင်းတောင်ပေါ်မှ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် တိမ်တိုက်များက ဟင်းလင်းပြင်အား ချိုးဖောက်လိုက်သည်။ အနက်ရောင် အလင်းတန်း တစ်တန်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ကာ ဇူရီ၏ အရှေ့တွင် ပေါ်လာခဲ့သည်။

ဒါသည် 'ထာဝရည' ဟူသော စကားလုံးများ သူ၏ ကိုယ်ပေါ်တွင် ထွင်းထုထားသည့် အနက်ရောင် ကျောက်တိုင်တစ်ခု ဖြစ်သည်။ သူမှနေ၍ အားကောင်းသော ဖိနှိပ်နိုင်သည့် အော်ရာများ ထုတ်လွှတ်နေ၍ ကမ္ဘာပေါ်မှ ဖန်ဆင်းမှုများ အားလုံးတို့အား အိပ်မွေ့ချရန် ကြိုးစားနေသကဲ့သို့ ဖြစ်သည်။

ဒါသည် အင်မော်တယ် ဝိညာဥ် အဆင့်မှ မှော်ရတနာ ထာဝရည မိစ္ဆာကျောက်တိုင် ဖြစ်သည်။

ဤမှော်ရတနာသည် လင်းဖုန်းက ကိုယ်တိုင်ကျင့်ကြံထားခြင်း မဟုတ်ပဲ သူတပါးထံမှ ရရှိထားခြင်း ဖြစ်၏။ သူ၏ နောက်ခံမှာ ပေါ့သေးသေးမဟုတ်ပေ။ သူသည် အင်အားကြီးသော ညမိစ္ဆာဂိုဏ်းမှ ဖြစ်ပြီး မယုံနိုင်အောင် စွမ်းအားကြီးလှသည်။ တစ်ချိန်တည်းတွင် သူသည် လင်းဖုန်းပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော ပွားစည်းခြင်း အဆင့်မှ မှော်ရတနာ ဖြစ်၏။

ထိုရတနာသည် ပွားစည်းခြင်း အဆင့်တွင် ရှိနေသော်လည်း လင်းဖုန်းသည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်သွားအပြီးတွင် သူ့အား ထိန်းချုပ်နိုင်ခဲ့သည်။

ထာဝရည မိစ္ဆာကျောက်တိုင်သည် ပုံမှန်တွင် အိပ်နေလေ့ရှိပြီး သူ၏ ကိုယ်ကျင့်စရိုက်မှာ ကြားနေဝါဒ ရှိသည်။ သူသည် ပေါင်းရသင်းရ လွယ်ကူ၍ မိစ္ဆာလမ်းစဥ်မှ အခြား သွေးဆာသော မှော်ရတနာများနှင့် မတူပေ။

လင်းဖုန်း၏ စွမ်းအားများကို သိရှိပြီး လင်းဖုန်းက သူ့အား နောက်တဆင့်သို့ တက်နိုင်ရန် စွမ်းဆောင်ပေးနိုင်ကြောင်း သိရအပြီးတွင် သူသည် လင်းဖုန်းထံသို့ လျှင်မြန်စွာနှင့် အညံ့ခံခဲ့သည်။

ယခုအချိန်တွင် လင်းဖုန်းသည် သူ့အား ဇူရီထံသို့ လက်ဆင့်ကမ်းလိုက်သည်။ ထာဝရည မိစ္ဆာကျောက်တိုင် အပေါ်တွင် အနက်ရောင် အလင်းတန်းတစ်ခု လက်လာခဲ့ပြီး အနက်ရောင် ဝတ်စုံနှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက် ပေါ်လာခဲ့သည်။ သူသည် ဇူရီအား စိတ်မဝင်စားလှစွာ ကြည့်လိုက်၏။

ဇူရီ၏ အကြည့်ကလည်း ထာဝရည မိစ္ဆာကျောက်တိုင် အပေါ်သို့ ကျရောက်သွားခဲ့ပြီး သူ့အား အကဲခတ်နေခဲ့သည်။

မြင့်မြတ်သော အန္တိမ ရှေးဟောင်း ချပ်ဝတ်တန်ဆာ၏ မူလစိတ်ဝိညာဥ်သည် သူ၏ဘေးတွင် ပေါ်လာခဲ့ပြီး သူ့အား ကြည့်လိုက်သည်။ ပွားစည်းခြင်း အဆင့်မှ စွမ်းအားကြီး မှော်ရတနာ နှစ်ပါးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြကာ လျှင်မြန်စွာနှင့် အကြည့်လွှဲလိုက်ကြ၏။

ထာဝရည မိစ္ဆာကျောက်တိုင်က တွေးလိုက်သည်။ "သူ့ရဲ့ တာအိုစွမ်းအင်တွေက အလွန်သန်မာပြီး ပါရမီရှိတဲ့ပုံပေါက်နေတယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်ရဲ့ ကာကွယ်မှုနဲ့အတူ သူ့ဆီမှာ အလွန်တောက်ပတဲ့ အနာဂတ် ရှိတယ်"

"ပိုပြီး အရေးကြီးတာက သူ့ဆီမှာ မြင့်မားတဲ့ ကောင်းချီးမင်္ဂလာရှိပြီး သူ့ရဲ့ကံက အလွန်ကောင်းလှတယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်ရဲ့ အဆိုအရ သူက အခြေတည်ဝိညာဥ် အဆင့်ကို မရောက်ခင်မှာပဲ မှော်ရတနာ တစ်ပါးကို ရရှိနိုင်ခဲ့ပြီ။ ဒီလိုမျိုးကံက လက်ဖျားခါလောက်ပါတယ်"

ထာဝရည မိစ္ဆာကျောက်တိုင်သည် ပုံမှန်တွင်လည်း ခေါင်းမာတတ်သောသူတစ်ယောက် မဟုတ်ချေ။ သူသည် လင်းဖုန်း၏ ရွေးချယ်မှုကို မဆန့်ကျင်ပဲ ဇူရီနောက်သို့ လိုလားစွာ လိုက်ပါလာခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်လိုက်ကာ လင်းဖုန်းက ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ အခြားသောသူများ၏ လက်ထဲတွင် မြင့်မြတ်သော အန္တိမ ရှေးဟောင်း ချပ်ဝတ်တန်ဆာသည် အမှိုက်သာဖြစ်၏။ ဇူရီ၏ လက်ထဲတွင် သူသည် အလွန်ကို ကြီးမားသော စွမ်းအားများကို ပြသနိုင်သည်။ ထာဝရည မိစ္ဆာကျောက်တိုင်နှင့်အတူ ဤမှော်ရတနာ နှစ်ပါးတို့သည် သူတို့၏ အလားအလာ အစွမ်းကုန်ကို မထုတ်ဖော်နိုင်သေးသော်လည်း သူတို့သည် လွန်စွာမှပင် မှင်သက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။

လင်းဖုန်း၏ အဆုံးမဲ့ ပင်လယ် မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်သည် ဇူရီ၏ နဖူးအတွင်းသို့ ဝင်သွားခဲ့သည်။ ဇူရီက ထျန်းကျင်းသို့ တည်ငြိမ်စွာ မျှော်ကြည့်လိုက်သည်။ အဆုံးမဲ့ ပင်လယ် မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ် ပျောက်ကွယ်သွား အပြီးတွင် သူ့အား စိုက်ကြည့်နေသော သူများရှိသည်ကို သတိပြုမိလိုက်၏။

သူတို့အနက်မှ တစ်ယောက်သည် လွန်စွာမှ စွမ်းအားကြီးလှ၏။ သူသည် အလွန်အမင်းကို ရင်းနှီးကျွမ်းဝင်နေကာ ဒါသည် သူငယ်စဥ်က လွန်စွာကြောက်ရသည့် အကြည့်ဖြစ်၏။

ဤအကြည့်သည် ရွှမ်ကျိအမတ် ဇူဟုန်ဝူ၏ အကြည့်ဖြစ်သည်။

ဇူရီသည် အသက်တစ်ချက် ရှူထုတ်လိုက်ကာ သူ၏မျက်စိကို မှိတ်လိုက်သည်။ သူသည် ပြင်ပကမ္ဘာကို ဂရုမစိုက်တော့ပဲ တရားထိုင်လိုက်ကာ သူ၏ အခြေတည်ဝိညာဥ်အား အားဖြည့်နေခဲ့၏။

ထျန်းကျင်းမြို့တွင် ရွှမ်ကျိအမတ် ဇူဟုန်ဝူသည် သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူသည် နဂါးပလ္လင်၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော ဧရာမ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေခဲ့ကာ သူ၏ အရှေ့တွင် ကျိုးဧကရာဇ် လျှမ်ပန်းက ရှိနေခဲ့သည်။

လျှမ်ပန်းသည်လည်း သူ၏အကြည့်အား ရုပ်သိမ်းခဲ့ကာ ဇူဟုန်ဝူအား ကြည့်လိုက်၍ ဖြည်းညင်းစွာနှင့် ပြောလိုက်သည်။ "ဒုတိယ တစ်ယောက်"

ဇူဟုန်ဝူကလည်း သူ၏ခေါင်းအား ညိတ်လိုက်သည်။ "ဟုတ်ပါတယ်၊ အရှင်မင်းမြတ်"

ရှောင်ယန်၊ ဇူရီနှင့် ကျန်သောသူများသည် သူတို့၏ ပါရမီစွမ်းရည်များကို ထုတ်ပြအပြီးတွင်၊ အားလုံးတို့သည် သူတို့ အစွမ်းထက်လာသောအခါ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ အထက်ပိုင်း အဆင့်များမှ လိုအပ်ချက်များကို ဖြည့်ပေးနိုင်လိမ့်မည်ဟု သိနေကြသည်။ ထိုကွက်လပ်များကို ဖြည့်ပြီးသွားသောအခါ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် တကယ့်ကို အစွမ်းထက်သော ဂိုဏ်းတစ်ဂိုဏ်းအဖြစ် ရပ်တည်နိုင်တော့မည် ဖြစ်သည်။

ယခုအချိန်ကို ကြည့်လိုက်လျှင် သူတို့သည် အခြေတည်ဝိညာဥ်ကို ဖော်ဆောင်နိုင်ခြင်းနှင့်အတူ အစွမ်းထက်လာခဲ့ကြပြီ ဖြစ်သည်။

ရှောင်ယန်နှင့် ကျန်သောသူများသည် အခြေတည်ဝိညာဥ် အဆင့်သို့ ရောက်ရှိပြီးသွားလျှင် သူတို့၏ အလားအလာနှင့် စွမ်းရည်တို့ကို ပြသရန် နတ်ဘုရား နယ်မြေမှ စင်မြင့်အပေါ်သို့ တရားဝင် တက်လှမ်းနိုင်တော့မည် ဖြစ်ကြ၏။ တစ်ချိန်တည်းတွင်ပင် သူတို့သည် အားလုံး အထင်သေး၍ မရသည့် အင်အားစုတစ်ခု ဖြစ်လာကြမည် ဖြစ်သည်။

မျက်စိတစ်မှိတ် အတွင်းတွင်ပင် ထိုအချိန်သည် ရောက်လာခဲ့လေပြီ။

လျှမ်ပန်းနှင့် ဇူဟုန်ဝူတို့၏ အဆင့်တွင် အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများသည် သူတို့အား စိုးရိမ်ပူပန်စေမည် မဟုတ်ပေ။ သို့သော်လည်း ပြဿနာမှာ ဇူရီနှင့် ကျန်သောသူများက အခြေတည်ဝိညာဥ်များကို ဖော်ဆောင်အပြီးတွင်၊ သူတို့သည် အင်မော်တယ် ဝိညာဥ် အဆင့်အောက်မှ ကျင့်ကြံသူများ အားလုံးတို့အား ကြီးစိုးလွှမ်းမိုးနိုင်ကြတော့မည် ဖြစ်သည်။

လူအနည်းငယ်တို့ကသာ အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်ရှိနိုင်ကြခြင်း ဖြစ်သည်။ လျှမ်ပန်းနှင့် ဇူဟုန်ဝူတို့က ဂရုစိုက်စရာ မလိုချေ။ မဟာကျိုး အင်ပါယာမှ အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ အချို့က ဂရုစိုက်စရာ မလိုပေ။ သို့သော်လည်း ကျန်သောသူများ အားလုံးက ဂရုစိုက်ရပေမည်။

အထူးသဖြင့် ဇူရီနှင့် ကျန်သောသူများသည် နောက်ထပ် မြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်ကြဦးမည် ဖြစ်သည်။

"ဒါက အခုအချိန်မှာ အရေးမကြီးသေးဘူး" ဇူဟုန်ဝူက တိတ်ဆိတ်စွာဖြင့် ပြောလိုက်သည်။ "အဆိုးဆုံး အခြေအနေက မဖြစ်လာသေးဘူး။ ယုကျင်းတောင်ကလည်း မှော်ရတနာတစ်ခု မဟုတ်ဘူး။ ဒါပေမဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်မှာ နောက်ထပ် ဘာလှည့်ကွက်တွေ ရှိမှန်းကို ကျွန်တော်တို့က မသိရသေးဘူး"

လျှမ်ပန်းက ပြောလိုက်သည်။ "သူ့မှာက ဘာလှည့်ကွက်တွေ ရှိသလဲဆိုတာက အရေးမကြီးပါဘူး။ ငါတို့ရဲ့ ပြင်ဆင်မှုက လုံလောက်နေဖို့ အရေးကြီးတယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ဟင်းလင်းပြင် ဘုရားကျောင်းကို ရင်ဆိုင်နေတဲ့ အချိန်မှာ မဟာကျိုး အင်ပါယာက ဘေးကနေ စောင့်ကြည့်နေလို့ရတယ်။ ဒါကြောင့်ပဲ ငါက ဇူရီကို မြင့်မြတ်သော အန္တိမ ရှေးဟောင်း ချပ်ဝတ်တန်ဆာကို ယူသွားခွင့်ပြုလိုက်တာ"

ဇူဟုန်ဝူက ရိုသေစွာနှင့် ပြောလိုက်သည်။ "အရှင်မင်းမြတ်က ဉာဏ်ပညာ ကြီးမားလှပါတယ်"

ဝမ်လင်းအပြီးတွင် ဇူရီ၏ အခြေတည်ဝိညာဥ် ဖော်ဆောင်နိုင်ခြင်း သတင်းသည်၊ သူက ပညာရှိတို့၏ ချီးမွမ်းမှုကို ခံယူနိုင်ခဲ့ပြီး ပွားစည်းခြင်း အဆင့်မှ မှော်ရတနာ မြင့်မြတ်သော အန္တိမ ရှေးဟောင်း ချပ်ဝတ်တန်ဆာအား ရရှိနိုင်မှု သတင်းနှင့်အတူ ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပေသည်။

အကယ်၍ သူသည် သာမန်ကျင့်ကြံသူသာ ဆိုလျှင် သိပ်ကိစ္စမရှိသေးချေ။ သို့သော်လည်း ဇူရီနှင့် ဝမ်လင်းတို့ ထုတ်ဖော်ပြသခဲ့သော စွမ်းအားများသည် အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများကိုပင် သတိပြုမိစေခဲ့သည်။

လင်းဖုန်း၏ လက်အောက်မှ တပည့်နှစ်ယောက်တို့သည် အခြေတည်ဝိညာဥ် အဆင့်သို့ တက်ရောက်နိုင်ကြပြီး၊ တစ်ယောက်ထက် တစ်ယောက်ကပို၍ လက်စွမ်းထက်နေကြသည်။ သူတို့ဂိုဏ်း၏ အလားအလာများသည် လှိုင်းလုံးကြီးများနှင့် တူနေပြီး နောက်တစ်လှိုင်းက ရှေ့တစ်လှိုင်းထက်ပို၍ ပြင်းထန်နေခဲ့သည်။

ဒါသည် ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေ အတွင်းမှ ရှီနှစ်ရှီတို့၏ လာမည့်တိုက်ပွဲအား အားလုံးတို့၏ အာရုံကို အထူးဆွဲဆောင်မှု ရှိစေခဲ့သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ရှီထျန်းဟောင်သည် ပို၍ပို၍ အာရုံဆွဲဆောင်မှု အားကောင်းလာခဲ့ပြီး၊ ဟင်းလင်းပြင် ဘုရားကျောင်းအား ကျောထောက်နောက်ခံ ပြုထားသည့် ရှီထျန်းရီကလည်း လုံးဝ အောက်မကျနေခဲ့ပေ။

ဒွိစုံသူငယ်အိမ်ဖြင့် မွေးဖွားလာပြီး အန္တိမ တာအို အခြေခံဖြင့် သူသည် အသက်၁၇နှစ် မပြည့်မီပင် အခြေတည်ဝိညာဥ်ကို ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် ဟင်းလင်းပြင် ဘုရားကျောင်း၏ လက်ရင်းတပည့်လည်း ဖြစ်၏။

ရှီထျန်းရီ၏ ကိုယ်ပေါ်တွင် အလင်းတန်း အလွှာပေါင်း များစွာရှိသော်လည်း၊ သူ၏ အော်ရာသည် တဖြည်းဖြည်းနှင့် သူ၏ညီငယ် ရှီထျန်းဟောင်ထက် ပို၍နိမ့်ကျလာသည်ဟု ထင်နေရသည်။

လင်းဖုန်းသည် စနစ်အတွင်းသို့ ကြည့်လိုက်ရာ သူ့ဂိုဏ်း၏ ရေပန်းစားမှုအဆင့်သည် ပစ်မှတ်သို့ရောက်ရန် အနည်းငယ်သာ လိုတော့သည်ကို တွေ့လိုက်ရ၏။

ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေအတွင်းမှ ရှီနှစ်ရှီ၏ တိုက်ပွဲအပြီးတွင် ရှီထျန်းဟောင်ကသာ နိုင်ခဲ့ပါက သူ၏ပစ်မှတ်က ပြည့်မှီနိုင်မည်ဟု သူကယုံကြည်နေခဲ့သည်။

ထိုအချိန်တွင် ပိုင်ယွင်တောင်ပေါ်တွင် ခန္ဓာကိုယ် ကြီးမားသော လူငယ်တစ်ယောက်သည် ဂူတစ်ဂူ အတွင်းတွင် ထိုင်နေခဲ့ကာ သူ၏ မှော်စွမ်းအင်များကို ငြိမ်သက်စွာနှင့် ကျင့်ကြံနေခဲ့သည်။

ထိုလူငယ်သည် ရှီထျန်းဟောင်နှင့် မကြာမီ ယှဥ်ပြိုင်ရမည့် ရှီထျန်းရီမှလွဲ၍ အခြားမဟုတ်ချေ။

ဟင်းလင်းပြင် စစ်တလင်းမှ ပြန်ရောက်အပြီးတွင် သူသည် ဘာမှမလုပ်ပဲ တံခါးပိတ်၍ ကျင့်ကြံနေခဲ့သည်။ လတ်တလောမှသာ သူက ဂူအတွင်းမှ ထွက်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူသည် ပြိုင်ပွဲမတိုင်ခင် နောက်ဆုံး ပြင်ဆင်မှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။

အဖြူရောင်တိမ်တိုက် တစ်စသည် သူ၏အရှေ့တွင် ပေါ်လာခဲ့၍ အမျိုးသမီး တစ်ယောက်၏ အသွင်သို့ ပြောင်းသွားခဲ့သည်။ သူသည် တင့်တယ်သောတိမ်တိုက် သူတော်စင်မယ် ဖြစ်၏။

ရှီထျန်းရီက သူ၏မျက်လုံးများကိုဖွင့်ကာ ဦးညွှတ်လိုက်သည်။ "မာစတာ တင့်တယ်သော တိမ်တိုက်"

သူ၏မျက်လုံးတစ်ဘက်သည် ဝမ်လင်း၏ တိုက်ပွဲအတွင်းတွင် ဒဏ်ရာရသွားခဲ့သော်လည်း ယခုအချိန်တွင် အပြည့်အဝ သက်သာသွားပြီဖြစ်၍ တစ်ယောက်ကမှ ဒဏ်ရာ၏ အရိပ်အယောင်တို့ကို မတွေ့နိုင်တော့ချေ။

သို့သော်လည်း သူသည် ယခင်ကကဲ့သို့ လူတိုင်းကြောက်ရသည့် ဒွိစုံသူငယ်အိမ်နှင့်သူ မဟုတ်တော့ချေ။ သာမန်လူတစ်ယောက်ကဲ့သို့ပင် သူသည် မျက်လုံးတစ်ဘက်စီတွင် သူငယ်အိမ် တစ်ခုစီသာ ရှိတော့၏။ သူသည် ဒွိစုံသူငယ်အိမ်နှင့် ပတ်သတ်သော စွမ်းအားများ အားလုံးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။

ဟင်းလင်းပြင် ဘုရားကျောင်းသည်ပင်လျှင် သူ၏ ပြင်ပဒဏ်ရာများကိုသာ ကုသပေးနိုင်ခဲ့ပြီး အမြင်အာရုံကိုသာ ပြန်ရအောင် လုပ်ပေးနိုင်ခဲ့သည်။ သို့သော်လည်း သူ၏ မူလစွမ်းအားများကို ပြန်ရအောင်တော့ မလုပ်ပေးနိုင်ခဲ့ပေ။

ဤအချိန်တွင် ရှီထျန်းရီသည် ယခင်အတိုင်း ပြန်၍ တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ ဘယ်ဘက်မျက်စိ ဆုံးရှုံးသွားမှုကို ဂရုမစိုက်နေ၍ မဟုတ်ချေ။ သူ၏ အရှက်ရမှုများကို ပြန်လည် ချေပနိုင်ရန် အတွက် ပို၍သန်မာသော စွမ်းအားများကို ရရှိခဲ့သောကြောင့် ဖြစ်သည်။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

Continue Reading

You'll Also Like

87.6K 11.7K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
20.2K 2K 37
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
48.2K 5.3K 93
စုပင်းတစ်ယောက် အိပ်နေရင်း သူနေထိုင်တဲ့ ကမ္ဘာထက်ပိုအဆင့်မြင့်တဲ့ အခြားကမ္ဘာတစ်ခုကို ကူးပြောင်းရောက်ရှိသွားပြီး ထိုကမ္ဘာသည် နည်းပညာမြင့်သော်လည်း ကြယ်တ...
11.3K 849 40
အညွန်း.. ဖျက်ဆီးခြင်း နတ်ဘုရား တစ်ပါးဖြစ်တဲ့ ချန်ပေ ကအလွန်တရာကို ပျင်းရိလှတာကြောင့် အပျင်းပြေ သေမျိုးလောက ထဲကို ဝင်ရောက်ခြေဆန့်ရာကနေ ပုံပြင်ဒဏ္ဍာရီတစ...