ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.8K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈

411 42 0
By KazunoMora

စာစဥ် ၂၈ : အပိုင်း ၁၆

အပိုင်း ၅၂၆ : မင်းက တိုက်ခိုက်ရဲသလား

လင်းဖုန်း၏ လေသံသည် တည်ငြိမ်နေသော်လည်း သူ၏ စကားလုံးများသည်၊ ရွှမ်းလင် သူတော်စင်နှင့် ကျန်သောသူများ၏ မျက်နှာများကို ထက်မြက်လှသော ဓားများပမာ သွေးထွက်လာသည်အထိ လှီးနေခဲ့သည် အလားဖြစ်၏။

တားမြစ်ထားသော မှော်ကျိန်စာများကို ဂိုဏ်းတူတပည့် အချင်းချင်း ပေါ်တွင် အသုံးချခြင်း၊ သူတို့အား လိုအပ်သည့် အချိန်တွင် မိမိ၏ ကိုယ်ပွားများအဖြစ် အသုံးချနိုင်ရန် သူတို့ကိုယ်ပေါ်တွင် ကျိန်စာ သင်္ကေတများ ရေးထိုးထားခြင်း၊  အစရှိသည်တို့သည် မိစ္ဆာဂိုဏ်းများတွင်သာ တွေ့ရသည့် ယုတ်ညံ့လှသည့် အပြုအမူများ ဖြစ်သည်။

ချန်ကန်နှင့် အခြားသူများသည် စိတ်တူကိုယ်ပါ သဘောတူကြသော်လည်း၊ ထိုကဲ့သို့သော လုပ်ရပ်များသည် ဟင်းလင်းပြင် ဘုရားကျောင်း၏ ထည်ဝါလှသည် ဂုဏ်ရှိန်ဂုဏ်ဝါအား အမှောင်ရိပ် ထိုးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

ဟင်းလင်းပြင် ဘုရားကျောင်းသည် နတ်ဘုရား နယ်မြေမှ ကျင့်ကြံမှု ကမ္ဘာတွင် နံပါတ်တစ် မြင့်မြတ်နယ်မြေ ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သူတို့သည် လမ်းမှန်ဂိုဏ်းများ၏ ခေါင်းဆောင်လည်း ဖြစ်၏။

သူသည် မဟာမိတ်များကို ဦးဆောင်ကာ လမ်းလွဲနေသည့် မိစ္ဆာဂိုဏ်းများကို ချေမှုန်းခဲ့ကြသူများလည်း ဖြစ်၏။ ထို့ကြောင့်ပင် ယခုလက်ရှိအချိန်တွင် လမ်းမှန်ဂိုဏ်းများက ကြီးစိုးနေကာ၊ မိစ္ဆာဂိုဏ်းများက အားနည်းပုန်းကွယ်နေရခြင်း ဖြစ်သည်။

သို့သော်လည်း မည်သူက ထင်ထားမိမည်နည်း၊ ဟင်းလင်းပြင် ဘုရားကျောင်းမှ တပည့်များသည်လည်း ယင်းကဲ့သို့ ရက်စက်ယုတ်မာသော အပြုအမူများကို ပြုလုပ်နိုင်ကြသေးသည်။ ထို့အပြင် ပန်ကျဲသည် သာမန်တပည့်တစ်ယောက် မဟုတ်ချေ။ သူသည် သူ့ခေတ်မှ အခြား တပည့်များ အားလုံးတို့၏ လမ်းပြခေါင်းဆောင် ဖြစ်သည်။ တာအိုခြေလျှင် ခရီးသည် တစ်ယောက်လည်း ဖြစ်သည်။

ဤကဲ့သို့သော သူမျိုးသည် မေးခွန်းထုတ်ဖွယ်ရာ မရှိပဲ ဟင်းလင်းပြင် ဘုရားကျောင်း၏ မျိုးဆက်သစ် တပည့်များ၏ ခေါင်းဆောင်တစ်ယောက် ဖြစ်မည့်သူ ဖြစ်သည်။

ဤကဲ့သို့သော ရုပ်ဆိုးလှသည့် သတင်းမျိုးကို အဖော်ထုတ် ခံလိုက်ရသောအခါ သူ၏ မာနနှင့် ဂုဏ်သိက္ခာကိုသာ ထိခိုက်ရုံတင် မကပဲ၊ ဟင်းလင်းပြင် ဘုရားကျောင်းသည်လည်း အလားတူပင် အရှက်ရခဲ့သည်။

နှစ်ပေါင်း၊ လပေါင်းများစွာ ကြိုးစားတည်ဆောင်ခဲ့ရသော ပြိုင်ဘက်ကင်း ဂုဏ်သိက္ခာသည် ယခုအခါတွင် ထိခိုက်ခဲ့ရပြီ ဖြစ်သည်။

ပန်ကျဲသည် ဟင်းလင်းပြင်တွင် တည်ငြိမ်စွာနှင့် ရပ်နေဆဲသာ ရှိသေးသည်။ သူ၏ အမူအရာများသည် ဘာမှ မပြောင်းလဲခဲ့ပဲ သူ၏အပေါ်သို့ ကျရောက်လာခဲ့သည့် စူးစမ်းသည့် အကြည့်များကို တည်ငြိမ်စွာသာ ခံယူခဲ့သည်။

ဤအချိန်မတိုင်ခင်က သူသည် ဟင်းလင်းပြင် ဘုရားကျောင်း၏ လက်ရှိမျိုးဆက် တပည့်များအတွင်းတွင် အထူးချွန်ဆုံး တပည့်များအနက်မှ တစ်ယောက်ဖြစ်၍၊ အလွန်တောက်ပသော အနာဂတ်တစ်ခု ရှိနေခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် သူသည် ပြန်လမ်းမရှိသော အသူရာချောက် အတွင်းသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။

ပန်ကျဲသည် ဒေါသထွက်နေခြင်း မရှိနေပေ။ ငြင်းဆန်ခြင်း မရှိသလို အကြောင်းပြချက်များကိုလည်း မပေးခဲ့ပေ။ သူသည် ထိုနေရာတွင် ငြိမ်သက်စွာနှင့်သာ ရပ်နေခဲ့သည်။

သူသည် လင်းဖုန်းအား အလွန်အမင်း ထူးခြားသော အကြည့်တစ်ခုနှင့် ကြည့်နေခဲ့သည်။

ရှကျိုးမြို့မှ တိုက်ပွဲတွင် ပန်ကျဲ၏ မူလခန္ဓာကိုယ်မှာ ရောက်မလာခဲ့ပေ။ သူသည် သူ၏ ကိုယ်ပွားတစ်ခုကိုသာ စေလွှတ်၍ လင်းဖုန်းအား စိန်ခေါ်ခဲ့ပြီး၊ နောက်ဆုံးတွင် ရှုံးနိမ့်သွားကာ အချုပ်နှောင် ခံခဲ့ရသည်။ ယန့်မင်းရွဲ့၏ အကူအညီနှင့်သာ သူလွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တာအိုခြေလျှင် ခရီးသည် တစ်ယောက်အနေနှင့် ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသည်။

နောက်ပိုင်းတွင် လင်းဖုန်း၏ အဆင့်အတန်းနှင့် စွမ်းဆောင်ရည်တို့အရ၊ သူရှုံးနိမ့်ခဲ့သည်မှာ ဂုဏ်သိက္ခာကျသည်ဟု မယူဆနိုင်တော့ပေ။ အင်မော်တယ်ဝိညာဥ် အဆင့်မှ ကောင်းကင်လေပြင်း သူတော်စင်သည် လင်းဖုန်းအား ရှုံးနိမ့်သွားခဲ့ကာ အသတ်ခံလိုက်ရ၏။ မိစ္ဆာ မဟာပဏ္ဍိတ ဆယ်ပါးအတွင်းတွင် အပါအဝင်ဖြစ်သော ရွှေကျီး မဟာပဏ္ဍိတသည်လည်း အဖမ်းခံလိုက်ရကာ အချုပ်နှောင်ခံနေရသည်။

ယခုလတ်တလောတွင် စူတောင်ဓားဂိုဏ်းမှ စင်စင် ဖြစ်တည်မှုများကို ဖန်ဆင်းပြီးကြသော အင်မော်တယ်ဝိညာဥ် ဒုတိယ အဆင့်မှ ဓားကျင့်ကြံသူ လေးယောက်တို့သည်၊ လင်းဖုန်း၏ လက်အောက်တွင် ကျရှုံးသွားခဲ့ကြသည်။

ယခုခေတ်၏ ထိပ်သီးများအတွင်းမှ တစ်ယောက်ဖြစ်သည့် စူတောင်ဓားဂိုဏ်း၏ ခေါင်းဆောင် ရှင်းလုံစန်းသည်ပင်လျှင်၊ လင်းဖုန်းအား အရေးနိမ့်ခဲ့သည်ဟူ၍ ပြော၍ရသည်။ သူ၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်သည် လင်းဖုန်း၏ နှစ်ပိုင်းဖြတ်ခြင်းအား ခံခဲ့ရ၏။

ပန်ကျဲသည် အမှန်ဆိုလျှင် ရှကျိုးမြို့ တိုက်ပွဲတွင် သူ၏ ကိုယ်ပိုင် အတွေးနဲ့ ရည်ရွယ်ချက်များ ရှိခဲ့၏။ သူ၏ အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်ရှိရန် အတားအဆီးများကို ချိုးဖောက်ရန် အတွက်၊ သူသည် သူ၏ဘွဲ့ကို စွန့်လွှတ်ရမည် ဖြစ်သည်။

တိုက်ပွဲအပြီးတွင် ပန်ကျဲသည် ပိုင်ယွင်တောင်တွင်သာ နေနေ၍ ကျင့်ကြံနေခဲ့သည်။ အချိန်သိပ်မကြာသေးမီကပင် သူသည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ နောက်ဆုံးတွင် ရောက်သွားနိုင်ခဲ့၍၊ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားအား ဖန်ဆင်းနိုင်ခဲ့သည်။

အင်မော်တယ် ဝိညာဥ် ပထမ အဆင့်သို့ ရောက်ရှိသွားခြင်းသည် သူ့အား လွတ်လပ်သွားစေ၍ ကြီးမြတ်သော လမ်းကြောင်းပေါ်တွင် အခြေချပေးလိုက်ပြီ ဖြစ်သည်။

ဤအချိန်မှစ၍ သူသည် အလားအလာရှိသော ပါရမီရှင် လူငယ်လေးတစ်ယောက်သာ မဟုတ်တော့ပေ။ သူ၏ အလားအလာများသည် အစစ်အမှန် စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ကာ ကိုယ်ပိုင် ဒဏ္ဍာရီကို ရေးထိုးနိုင်တော့မည် ဖြစ်ပြီး၊ မူလကောင်းကင် ကမ္ဘာ စင်မြင့်သို့ ခြေတစ်လှမ်း စလှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

သူသည် သူရောက်ရှိနေသည့် လမ်းကြောင်းကို ဆက်လျှောက်သွားမည် ဆိုပါက၊ သူ၏ နာမည်သည် သမိုင်းမှတ်တမ်းများတွင် ပါလာနိုင်မည် ဖြစ်သည်။ အတိတ်က ဘွဲ့ထူးဂုဏ်ထူးများသည် မီးခိုးငွေ့များ၊ မြူခိုးငွေ့များကဲ့သို့ အနောက်တွင် ကျန်ခဲ့လိမ့်မည် ဖြစ်၏။

ပန်ကျဲသည် မြင့်တက်လာနေသော နေတစ်စင်းနှင့် တူနေ၏။ သူသည် ကြီးမြတ်ခြင်း၏ အထွတ်အထိပ်သို့ တက်လှမ်းနေခြင်း ဖြစ်ကာ၊ မွန်းတည့်နေ အဆင့်သို့ ရောက်ရန် ချီတက်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဤအချိန်တွင် သူသည် လင်းဖုန်းနှင့် ထပ်မံတွေ့ဆုံခဲ့ပြန်သည်။

ရုတ်တရက်ပင် သူသည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်သွားသော်လည်း၊ လင်းဖုန်းနှင့် မည်တော့မျှ ယှဥ်နိုင်လိမ့်မည် မဟုတ်တော့မှန်းကို သဘောပေါက်လိုက်သည်။

သူတို့နှစ်ယောက်အတွင်းမှ ကွာဟမှုသည် ရှကျိုးမြို့မှ တိုက်ပွဲကထက်ပင် ပို၍ ကြီးမားနေပြီ ဖြစ်သည်။

ထိုအချိန်တုံးက သူသည် ဟင်းလင်းပြင် ဘုရားကျောင်း၏ ပါရမီရှင် တပည့်တစ်ယောက် ဖြစ်ကာ၊ တာအိုခြေလျှင် ခရီးသည်လည်း ဖြစ်၏။ သူသည် လူငယ်မျိုးဆက်များ အတွင်းမှ ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။

အခြားတစ်ဘက်တွင် လင်းဖုန်း၏ ဂုဏ်သိက္ခာသည် သိပ်မကြီးသေးပေ။ သူသည် ယခုအချိန်မှ ပေါ်လာခြင်း ဖြစ်ကာ သူ၏ ဇစ်မြစ်ကလည်း လျှို့ဝှက်ဆန်းကြယ်လှသည်။ ထိုအချိန်က ထိပ်သီးပုဂ္ဂိုလ်များသည် သူရှိနေမှန်းကိုပင် မသိသေးကြချေ။ သိသောသူများကလည်း သူက မည်သည့်နေရာမှ ထွက်လာခဲ့ခြင်း ဖြစ်သည်ကို ခန့်မှန်းနေကြ၏။

ယခုအချိန်တွင် ပန်ကျဲသည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကာ၊ ဟင်းလင်းပြင် ဘုရားကျောင်း၏ အတွင်းစက်ဝိုင်း အတွင်းသို့ ရောက်ရှိသွားနိုင်ခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သူသည် နတ်ဘုရားနယ်မြေ အတွင်းတွင် အရေးပါသောသူတစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်၏။

သူ၏ စိတ်အင်အား၊ ဇွဲသတ္တိ၊ စိတ်ရှည်သည်းခံမှု၊ စီစဥ်မှုများ အားလုံးတို့သည် အသီးအပွင့်များ ခံစားခဲ့ရကာ အောင်မြင်မှု လမ်းကြောင်းပေါ်တွင် ရောက်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူ၏အရှေ့မှ လင်းဖုန်းသည် သူ၏ဂိုဏ်းမှ အကြီးအကဲများနှင့် တူညီသော အဆင့်အတန်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် သူ၏ အဆင့်အတန်းသည် ဟင်းလင်းပြင် ဘုရားကျောင်း၏ ခေါင်းဆောင် ယန်နန်းလိုင်နှင့် တူညီပေသည်။

ပန်ကျဲသည် ခေါင်းရှင်းရှင်းထားတတ်ကာ တုန်လှုပ်မှု မရှိသော စိတ်ဓာတ်ရှိသူ ဖြစ်သော်လည်း၊ ဤအချိန်တွင် မတတ်နိုင်တော့ပဲ လမ်းပျောက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

တစ်ချိန်တုံးက လင်းဖုန်းသည် ကောင်းကင်ပေါ်မှ လွင့်မျောနေသော တိမ်များကဲ့သို့ သူ့အတွက် ဘာမှမဟုတ်ခဲ့ပေ။ နောက်တစ်ချိန်တွင် လင်းဖုန်းသည် သူနှင့် တန်းတူယှဥ်ပြိုင်နိုင်သော မဟာရန်သူ တစ်ပါး ဖြစ်လာခဲ့၏။

သို့သော်လည်း နောက်ပြန်ကြည့်လိုက်လျှင် အရာအားလုံးသည် ဟာသတစ်ပုဒ်ကဲ့သို့ပင် ဖြစ်သည်။

သူ၏ဘေးမှ အမျိုးသမီး ကျင့်ကြံသူသည် ငြိမ်သက်နေခဲ့သော်လည်း၊ ရွှမ်းလင်သူတော်စင်၏ မျက်မှောင်များမှာ ထပ်မံကြုတ်သွားခဲ့သည်။ တကယ့်ကို စိတ်ပျက်သွားသော အကြည့်တစ်ခုသည် သူ၏ မျက်လုံးအတွင်းတွင် ပေါ်လာခဲ့ကာ ပန်ကျဲအား လှည့်ကြည့်လိုက်သည်။ "မင်းက အမှားကျူးလွန်ခဲ့တယ်"

ပန်ကျဲက ငြိမ်သက်စွာပင် ပြန်ဖြေလိုက်၏။ "ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ တပည့်တွေတိုင်းဟာ သူ့ရဲ့ ဂုဏ်ကျက်သရေကနေ အကျိုးအမြတ် များစွာရရှိခဲ့တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျေးဇူးပြန်ဆပ်ရမယ်"

"နောင်လာနောက်သားတွေက အမှန်နဲ့အမှားကို ဆုံးဖြတ်ပေးကြလိမ့်မယ်"

သူ၏ခေါင်းကို မော့လိုက်ကာ ရွှမ်းလင်သူတော်စင်၏ အကြည့်ကို ရင်ဆိုင်လိုက်၏။ သူတို့၏ အကြည့်များသည် စစ်မှန်သော ရိုးသားမှုများ ရှိနေသကဲ့သို့ တစ်ချိန်တည်းတွင်ပင် ဥပေက္ခာများလည်း ရှိနေကြသည်။ အခြေအနေ နှစ်မျိုးစလုံးက တပြိုင်နက်တည်း တည်ရှိနေကြခြင်း ဖြစ်သည်။

"ကျွန်တော် ဒီကနေ့ ဒီနေရာမှာ ရပ်နေနိုင်ခြင်းဟာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ကျေးဇူးကြောင့် ဖြစ်တယ်။ တကယ်လို့ ဂျူနီယာချန်နဲ့ ကျန်တဲ့သူတွေကတောင် အနစ်နာခံနိုင်ကြသေးရင်၊ ကျွန်တော်ကလည်း ခံနိုင်ပါတယ်" ပန်ကျဲသည် ရှည်လျားနာကျင်သော သက်ပြင်းတစ်ချက်ကို ချလိုက်သည်။ "ဆရာ၊ လုပ်လိုက်ပါ။ ကျွန်တော်က ကျွန်တော့်ကြောင့် ပျက်သွားတဲ့ ဂုဏ်သိက္ခာအတွက် ဘယ်အပြစ်ကိုမဆို ခံနိုင်ပါတယ်"

ရွှမ်းလင်သူတော်စင်သည် ပန်ကျဲအား အနီးကပ် ကြည့်လိုက်သည်။ ပန်ကျဲသည် သူ၏ လက်ရင်းတပည့်များအနက်မှ တစ်ယောက်ဖြစ်သည်။ သူ့အား ဤအဆင့်သို့ရောက်အောင် သူကိုယ်တိုင် မွေးမြူစောင့်ရှောက်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ယခုအချိန်တွင် သူ၏လက်ဖြင့် သူ့အား အဆုံးသတ်ပေးရပေတော့မည်။

သူ၏လက်ကို မြှောက်လိုက်ရာ ဟင်းလင်းပြင် အတွင်းမှ မရေမတွက်နိုင်သော အဖြူရောင် အလင်းတန်းများ လင်းလက်လာကြသည်။ ကောင်းကင်ပေါ်မှ 'ပညတ်ချက်များ' ဟူသော စကားလုံးများ ရေးသားထားသည့် ဧရာမ ကျောက်ပြားကြီးတစ်ခု ကျလာခဲ့၏။ သူ၏ အခြားတစ်ဘက်တွင် ဟင်းလင်းပြင် ဘုရားကျောင်း၏ မဟာပညတ်ချက် ၉ပါးတို့အား ရေးထွင်းထားခဲ့သည်။

နံပါတ်ငါး ပညတ်ချက်သည် ဤကဲ့သို့ ဖြစ်၏။ "ဂိုဏ်းမှ တပည့်များအကြားတွင် မနာလိုမှုများ ကင်းရှင်းကာ၊ အချင်းချင်း သတ်ဖြတ်မှု မရှိစေရ" ထိုစာကြောင်းသည် တောက်ပစွာဖြင့် လင်းလက်နေခဲ့သည်။

ဤကျောက်ပြားသည် ဟင်းလင်းပြင် ဘုရားကျောင်း၏ တရားဥပဒေနှင့် အမိန့်စည်းမျဥ်းများကို ထုတ်ပြန်သည့် မှော်ရတနာ တစ်ပါးဖြစ်သည်။ သူ့အား နောက်ဆုံးအသုံးပြုခဲ့ရသည့် အချိန်မှာ အတော်ကြာသွားလေပြီ။ ထိုကျောက်ပြားကြီးသည် ကောင်းကင်ပေါ်မှ ကျလာကာ ပန်ကျဲအား ဖိနှိပ်လိုက်၏။

မဟာဟင်းလင်းပြင် မိစ္ဆာချေမှုန်းကျောက်ပြား၏ ချုပ်နှောင်ခြင်း ခံခဲ့ရသူများသည် အသက်မသေပေ။ သူတို့သည် ထိုကျောက်ပြား စွမ်းအားများ၏ ဖိနှိပ်ခြင်းကိုသာ ခံထားရခြင်း ဖြစ်သည်။ အကယ်၍ ဤကျောက်ပြားကသာ နဂိုအတိုင်း ရှိနေသေးပါက ထိုသူများသည် လုံးဝလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ ဒါသည် တစ်သက်တစ်ကျွန်း ထောင်ကျသွားခြင်းနှင့် တူနေပေသည်။

ပန်ကျဲ၏ ခန္ဓာကိုယ်သည် မဟာဟင်းလင်းပြင် မိစ္ဆာချေမှုန်း ကျောက်ပြား၏ အဖြူရောင် အလင်းတန်းများအောက်သို့ ရောက်သွာခဲ့သည်။ ခဏအကြာတွင် သူ့ခန္ဓာကိုယ် ပုံရိပ်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ သူ၏နောက်ဆုံးအချိန်တွင်ပင် သူ၏ မျက်လုံးများသည် လင်းဖုန်းအပေါ်တွင် စူးစိုက်နေခဲ့ဆဲ ဖြစ်၏။

လင်းဖုန်း၏ အမူအရာသည် တည်ငြိမ်နေဆဲ ဖြစ်သည်။ သို့သော်လည်း သူသည် ပန်ကျဲအား ကြည့်မနေပေ။ သူ၏ မျက်လုံးများသည် ကောင်းကင်ယံတွင် လွင့်မျောနေသော မဟာဟင်းလင်းပြင် မိစ္ဆာချေမှုန်း ကျောက်ပြားအပေါ်သို့ ကျရောက်နေခဲ့ကာ၊ စိတ်ဝင်တစားဖြင့် ကြည့်ရှုနေခဲ့သည်။

သူ၏အကြည့်သည် နောက်ဆုံးတွင် ရွှမ်းလင်သူတော်စင်၏ အပေါ်သို့ ကျရောက်သွားခဲ့ကာ ခေါင်းကို အသာညိတ်လိုက်သည်။

ရွှမ်းလင်သူတော်စင်သည် တစ်စက်မှ ချီတုံချတုံ ဖြစ်နေခြင်း မရှိပဲ ဆုံးဖြတ်ချက် ပြတ်သားစွာနှင့် စီရင်ခဲ့ခြင်း ဖြစ်သည်။ သူသည် သူ၏ လက်ရင်းတပည့် ဖြစ်၍ ဟင်းလင်းပြင် ဘုရားကျောင်း၏ အတွင်းစက်ဝိုင်းမှ ဆက်ခံသူ တစ်ယောက်ဖြစ်သော ပန်ကျဲအား၊ ချက်ချင်းပင် အပြစ်ပေးကာ ချုပ်နှောင်လိုက်သည်။

ကြည့်ရသည်မှာ သူသည် လင်းဖုန်း၏ ချောင်ပိတ်ခြင်းကို ခံလိုက်ရကာ အရေခွံနွှာခြင်းကို ခံလိုက်ရသော်လည်း၊ နောက်ဆုံးတွင် သူသည် ဟင်းလင်းပြင် ဘုရားကျောင်းမှ ထိပ်သီးပုဂ္ဂိုလ်များ ရှိသင့်သည့် တရားမျှတခြင်းနှင့် ဆုံးဖြတ်ချက် ပြတ်သားခြင်း ဟူသော အရည်အသွေးမျိုးကို ပြသရန် အခွင့်အရေး ယူနိုင်ခဲ့သည်။

သစ်ပင်တစ်ပင်သည် မည်မျှကြီးသည် ဆိုသော်လည်း ပိုးစားနေသော သစ်ကိုင်းများ ရှိနေမည် ဖြစ်သည်။ ပန်ကျဲ၏ လုပ်ဆောင်ချက်များသည် ဟင်းလင်းပြင် ဘုရားကျောင်း၏ ဂုဏ်သိက္ခာကို တစ်နည်းနည်းဖြင့် ညှိုးနွမ်းစေရာ ကျသော်လည်း၊ ရွှမ်းလင်သူတော်စင်၏ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပုံမှာ တစ်နည်းအားဖြင့် သိက္ခာဆည်နိုင်ခဲ့သည်။

ထိုအချိန်တွင် အခြေအနေများက ပြောင်းလဲသွားခဲ့ကာ၊ လင်းဖုန်းသည် ဟင်းလင်းပြင် ဘုရားကျောင်းအား မကောင်းသည့် ရည်ရွယ်ချက်များဖြင့် ရန်စသကဲ့သို့ ဖြစ်သွားခဲ့သည်။

လောင်းကစား သူတော်စင်သည် ရှီကျုံးယွဲ့အား အသံလွှင့်ကာ ပြောလိုက်သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်က ဒီကိစ္စကို ဟင်းလင်းပြင် ဘုရားကျောင်းနဲ့ သီးသန့်ဖြေရှင်းလို့ ရတာပဲ။ သူက အားလုံးရဲ့ အရှေ့မှ ဖော်ပြလိုက်တာက ဟင်းလင်းပြင် ဘုရားကျောင်းအတွက် ခွင့်လွှတ်လို့ မရတဲ့ စော်ကားမှု တစ်ခုပဲ"

"ဒါက သိသိသာသာကြီးကို ရန်စမှု တစ်ရပ်ဖြစ်တယ်။ ဟင်းလင်းပြင် ဘုရားကျောင်းက ပန်ကျဲကိစ္စကို ဖြေရှင်းပြီး သူထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ချမှတ်ခဲ့ပြီး ဖြစ်ပေမဲ့၊ ဒီဖြစ်ရပ်ကို အတော် မကျေမနပ် ဖြစ်သွားမှာ အသေအချာပဲ။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ဟင်းလင်းပြင် ဘုရားကျောင်းနဲ့ ဆန့်ကျင်ချင်နေတာလား။ ဒါက လုပ်သင့်တဲ့ အရာတစ်ခု မဟုတ်ဘူး"

ကြယ်စင်သူတော်စင်ကလည်း မျက်မှောင်အတန်ငယ် ကြုတ်လိုက်သည်။ "သူ့ရဲ့ တပည့်တစ်ယောက် အတွက်နဲ့ ဟင်းလင်းပြင် ဘုရားကျောင်းနဲ့ တိုက်ခိုက်ရတာ တန်ရဲ့လား"

"နှစ်ဦးနှစ်ဘက်စလုံးက စေ့စပ်ညှိနှိုင်းလို့ ရတော့မယ့်ပုံ မပေါက်ကြဘူး။ ဒါပေမဲ့ ဟင်းလင်းပြင် ဘုရားကျောင်းက ရှီထျန်းရီကို အခိုင်အမာ ကာကွယ်ပေးထားတာက သူတို့အမှား ဖြစ်တယ်" အန်းလျှန်မင်းသား ရှီကျုံးယွဲ့က ဖြည်းညင်းစွာနှင့် ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ရှေ့ဆောင်လမ်းစဥ် ပါတီက အမြဲတမ်း လွှမ်းမိုးဗိုလ်ကျချင်နေခဲ့တာ။ တကယ်လို့များ ကွန်ဆာဗေးတစ်ပါတီကသာ ထိန်းမထားပေးလို့ရှိရင်၊ သူတို့က အစောကြီးကတည်းက အင်အားသုံးပြီး နယ်ချဲ့နေလောက်ပြီ"

သူ၏အကြည့်သည် လင်းဖုန်း၏ဘေးမှ နတ်ကောင်းကင် ဓားအကြီးအကဲ၏ အပေါ်သို့ ကျရောက်သွားခဲ့သည်။ "ဒါပေမဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ဟင်းလင်းပြင် ဘုရားကျောင်းနဲ့ လုံးဝဆန့်ကျင်နေတာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် ဒါက…"

ရွှမ်းလင်သူတော်စင်၏ အကြည့်သည် လင်းဖုန်းအပေါ်သို့ ကျရောက်လာခဲ့သည်။ သူ၏မျက်လုံးများ အတွင်းမှ အကြည့်သည် အလွန်ပင် အပေါ်စီးဆန်လှသည်။

ဤနာယက အကြီးအကဲသည် ဟင်းလင်းပြင် ဘုရားကျောင်း၏ ​ရှေ့​​ဆောင်လမ်းစဥ် ပါတီမှ အဓိကပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။ သူသည် ဟင်းလင်းပြင် ဘုရားကျောင်းမှ ခေါင်းဆောင်များကို ပြုစုပျိုးထောင် ပေးနေခဲ့သည်မှာ အချိန်အကြာကြီး ရှိပြီဖြစ်ကာ၊ အလွန်အမင်း အာဏာစွမ်းအားများနှင့် ပြည့်စုံသူလည်း ဖြစ်၏။

ဟင်းလင်းပြင် ဘုရားကျောင်းသည် လက်ရှိအချိန်တွင် ကွန်ဆာဗေးတစ်ပါတီမှ အုပ်စိုးနေခဲ့ခြင်း ဖြစ်သော်လည်း၊ ရွှမ်းလင်သူတော်စင်သည် သူတို့၏ အရှေ့မှ အတားအဆီးများသည် တစ်နေ့တွင် လုံးဝကွယ်ပျောက်သွားမည်ဟု အခိုင်အမာ ယုံကြည်ထားသူလည်း ဖြစ်သည်။

ဟင်းလင်းပြင် ဘုရားကျောင်း၏ ရှေ့ဆောင်လမ်းစဥ်ပါတီသည်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ မထင်မှတ်ထားသော တောက်ပလာမှုကို သတိကြီးစွာဖြင့် ကောင်းကောင်းဖိနှိပ်ရန် ကြိုးစားမည်မှာ သေချာနေ၏။

တစ်ချိန်တည်းတွင်ပင် လင်းဖုန်းက သူတို့အား ယခုလေးတင် ပေးခဲ့သည့် အရှက်ခွဲမှုသည်၊ ရွှမ်းလင်သူတော်စင်က သူ့အား အတားအဆီး အုပ်စုအတွင်းတွင် ထည့်စေနိုင်ရန် လုံလောက်ခဲ့သည်။

ထို့ကြောင့် ရွှမ်းလင်သူတော်စင်သည် သူ့အား မိတ်ဆွေအစား ရန်သူအဖြစ်နှင့် ဆက်ဆံမည်သာ ဖြစ်၏။

လင်းဖုန်း၏ အမူအရာသည် သာမန်အတိုင်းသာဖြစ်၍ ရွှမ်းလင်သူတော်စင်အား တည်ငြိမ်စွာဖြင့် ပြန်လည်စိုက်ကြည့်နေခဲ့သည်။

သူသည် ဟင်းလင်းပြင် ဘုရားကျောင်းအား အားလုံးတို့၏ အရှေ့တွင် တမင်သက်သက် အရှက်ခွဲလိုက်သည်မှာ မှန်၏။ အမှန်ဆိုလျှင် သူတို့သည် ပဋိပက္ခမဖြစ်ပဲ အေးအေးဆေးဆေး ဆွေးနွေးနိုင်ပေသည်။ လင်းဖုန်းသည် ချန်ကန်းအား ပိုင်ဆိုင်ထားခဲ့သည်မှာ အချိန်အကြာကြီး ရှိပြီ ဖြစ်သော်လည်း၊ သူ့အား တစ်ခါမှ ထုတ်မပြခဲ့ပေ။

သို့သော်လည်း အချို့အရာများသည် လုံးဝကို ဆွေးနွေးညှိနှိုင်းကာ စေ့စပ်ပြေငြိမ်းမှု ရနိုင်မည် မဟုတ်ချေ။

အကယ်၍ ရွှမ်းလင်သူတော်စင်၊ ပန်ကျဲနှင့် အခြားသူများသည် ရှီထျန်းရီအား အကျိုးအကြောင်း မဆီလျှော်စွာ ကာကွယ်ပေးပြီး၊ လင်းဖုန်းအား လူ့ကျင့်ဝတ်ဖြင့် မညီညွှတ်သလို လာရန်စမည် ဆိုပါက လင်းဖုန်းကလည်း သည်းခံနေစရာ အကြောင်းမရှိပေ။

"ဟင်းလင်းပြင် ဘုရားကျောင်းကတော့ ဟင်းလင်းပြင် ဘုရားကျောင်းပါပဲ။ ခင်ဗျားတို့အထဲမှာ သိုးမည်းတစ်ကောင် ရှိပေမဲ့ ခင်ဗျားတို့ရဲ့ ဂုဏ်ကျက်သရေကတော့ အရင်အတိုင်း ရှိနေဦးမှာပဲ" လင်းဖုန်းက တိုးညင်းစွာနှင့် ပြောလိုက်သည်။ "ဒါပေမဲ့ ခင်ဗျားတို့က ပန်ကျဲကိုကြည့်ပြီး သင်ခန်းစာယူသင့်တယ်"

"အချို့လူတွေက ကျင့်ကြံမှု ပါရမီတွေ ပါလာပေမဲ့ စိတ်ဓာတ်တွေကတော့ ပျက်ပြားနေတယ်။ ဒီလိုလူမျိုးကို ပြုစုပျိုးထောင်ရတာက တကယ့်ကို စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်တယ်"

မဟာဟင်းလင်းပြင် မိစ္ဆာချေမှုန်း ကျောက်ပြားသည် ရွှမ်းလင်သူတော်စင်၏ဘေးတွင် အဖြူရောင် အလင်းတန်းများဖြင့် လင်းလက်နေခဲ့သည်။ သူ၏ အကြည့်သည် ဟင်းလင်းပြင်ကို ထွင်းဖောက်လာခဲ့ကာ လင်းဖုန်းအား တိုက်ရိုက် စိုက်ကြည့်နေခဲ့သည်။ "မဆိုင်တဲ့သူတွေက ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အတွင်းက ကိစ္စတွေကို ဝင်ပါစရာ မလိုဘူး"

လင်းဖုန်းက သာမန်သာ ရယ်လိုက်၏။ "မဆိုင်တဲ့သူတွေ ဟုတ်လား၊ ကောင်းပြီလေ အခုကျုပ်နဲ့ ဆိုင်သွားပြီ"

"ခင်ဗျားတို့တတွေက ရှီထျန်းရီကို ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အဓိက နောင်လာနောက်သားလို့ သတ်မှတ်ထားတယ်ဆိုတော့၊ ကျုပ်က ကျုပ်တပည့်နဲ့ ခင်ဗျားတို့ရဲ့ တပည့်ကို တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်တယ်။ မေးခွန်းက ခင်ဗျားတို့က တိုက်ခိုက်ရဲသလား"

လင်းဖုန်းသည် သူ၏လက်ကို ဆန့်တန်းလိုက်ရာ သူ၏အနောက်မှ ဟင်းလင်းပြင်သည် တွန့်လိမ်သွားခဲ့ကာ၊ ကြီးမားလှသည့် မှော်တောင်ကြီးသည် မြင်ကွင်းအတွင်းတွင် ပေါ်လာခဲ့သည်။

တောင်ထိပ်မှနေ၍ ပုံရိပ်တစ်ခုက ပျံသန်းလာခဲ့သည်။ သူသည် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ အနက်ရောင် ဆံပင်များက ပုခုံးအပေါ်တွင် ဝဲကျနေခဲ့သည်။ သူ၏နှုတ်ခမ်းများမှာ နီထွေးနေ၍ သွားများမှာ ဖြူဖွေးနေကာ အလွန်ပင် ကြည့်၍ကောင်းလှ၏။

သူသည် အသက် ၁၂နှစ်၊ ၁၃နှစ်ခန့်သာ ထင်နေရသေးသော်လည်း၊ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မှော်စွမ်းအင်များသည် ကြီးမားကျယ်ပြန့်လှသည်။ အဆုံးမဲ့ အရုဏ်ဦး အလင်းစက်ဝိုင်းမျာသည် သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားကာ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

သူသည် ရှောင်ပုတန်လေး ရှီထျန်းဟောင် ဖြစ်သည်။

သူသည် တစ်ချိန်လုံး တံခါးပိတ် ကျင့်ကြံနေခဲ့ခြင်း ဖြစ်၍ နောက်ဆုံးမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ရှီထျန်းဟောင်သည် လင်းဖုန်း၏ဘေးတွင် ရပ်နေခဲ့ကာ ရွှမ်းလင်သူတော်စင်အား ကြောက်ရွံ့မှု ကင်းစွာနှင့် ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာပင် ပြောလိုက်၏။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့် ရှီထျန်းဟောင်က ဟင်းလင်းပြင် ဘုရားကျောင်းက ရှီထျန်းရီကို စိန်ခေါ်ပါတယ်"

"ကျုပ်ရဲ့အစ်ကို၊ ခင်ဗျားတိုက်ခိုက်ရဲသလား"

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

စာစဥ် ၂၈ : အပိုင်း ၁၇

အပိုင်း ၅၂၇ : အဆင့်တူရင် ငါကအနိုင်မကျင့်ဘူး

ရှီထျန်းဟောင်သည် လင်းဖုန်း၏ဘေးတွင် ငြိမ်သက်စွာနှင့် ရပ်နေခဲ့သည်။ သူသည် အရွယ်ရောက်လာသည်နှင့် အမျှ အရပ်ပိုရှည်လာခဲ့ကာ ရုပ်ရည်သွင်ပြင်ကလည်း ပိုမိုကြည့်ကောင်းလာခဲ့ပြီ ဖြစ်သည်။

ဤလူငယ်သည် အသက်၁၃နှစ်ပင် မရှိသေးသော်လည်း၊ မည်သူကမှ လျစ်လျူမရှုနိုင်သည့် ထူးခြားထက်မြက်သည့် အော်ရာများကို ပိုင်ဆိုင်ထားသည်။

ရှီကျုံးယွဲ့နှင့် ကျန်သောသူများသည် လှမ်းကြည့်လိုက်ကြရာ၊ သူသည်လည်း ရှောင်ယန်ကဲ့သို့ပင် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်တွင် ရောက်နေပြီ ဖြစ်ကြောင်းကို သိလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည် မှော်စွမ်းအင်များသည် ရှောင်ယန်ကဲ့သို့ ကြမ်းတမ်းခက်ထန်ခြင်း မရှိသော်လည်း အလွန်အမင်း ကျယ်ပြန့်လှ၏။ သူ၏ စွမ်းရည်များကို သာမန် ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူများ၏ စံနှုန်းဖြင့် တိုင်းတာ၍ ရနိုင်မည် မဟုတ်ပေ။

သူ၏ခန္ဓာကိုယ်တွင် ရောင်စုံတိမ်တိုက်များကလည်း လျှို့ဝှက်ဆန်းကြယ်သော မြူခိုးငွေ့ အလွှာတစ်ခု အနေဖြင့် ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ဝန်းရံနေကြကာ၊ သူသည် ပဟေဠိ တစ်ခုအလား ဖြစ်နေပေသည်။

စိတ်ဝိညာဥ် စွမ်းအင်များသည် နေရာတကာသို့ ပျံ့လွင့်နေကြကာ၊ သူ၏မျက်လုံးများမှ မျက်သားဖြူများသည် အနက်ရောင် အပိုင်းများသည် သိသာစွာ ကွဲပြားနေကြ၏။ မှေးမှိန်သော နတ်ဘုရား အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို တွေ့နိုင်ပေသည်။

ရှောင်ယန်သည် မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာကို ပြန်ယူလာကာ လင်းဖုန်း၏ အရှေ့သို့ ရောက်လာခဲ့သည်။ ရှီထျန်းဟောင်သည် သူ့အား လှည့်ကြည့်လိုက်ရာ နှစ်ဦးစလုံး နွေးထွေးစွာ ပြုံးလိုက်ကြသည်။

"ရှီထျန်းဟောင်က သဘာဝအတိုင်း အထက်တန်းကျစွာ မွေးဖွာလာခဲ့တာ။ သူဟာ ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရအပြီးမှာ ပြန်လည်မွေးဖွားလာခဲ့တယ်။ သူက နဂိုမူလ ရရှိနိုင်မယ့် စွမ်းအင်တွေထက်တောင် သာလွန်နေပြီလား" ရှီကျုံးယွဲ့၊ လက်ယာမင်းသားရှန်နှင့် အခြား အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများသည် ရှီထျန်းဟောင်အား အသေအချာ စိုက်ကြည့်နေကြသည်။

သူသည် ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်တွင် ရှိစဥ်ကပင်၊ ရှီထျန်းဟောင်သည် အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ ရန်သူတစ်ယောက်အား သတ်နိုင်ခဲ့သည်။ ယခုအချိန်တွင် သူသည် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်တွင် ရှိနေခဲ့ပြီ ဖြစ်သဖြင့်၊ ရှောင်ယန်ကဲ့သို့ပင် သာမန် အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူများ၏ စကြာဝဠာ ပုံသဏ္ဌာန်များကို သာမန်သာ သဘောထားနိုင်ပြီလော။

အားလုံး၏ ကျောရိုးများကို စိမ့်ကနဲ ဖြစ်သွားစေသည့် အချက်မှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် အဆင့်တူ ကျင့်ကြံသူများထက် များစွာ အထက်တန်းကျသည့်အပြင်၊ သူတို့၏ ကျင့်ကြံမှု အဆင့်အတန်းများ မြင့်မားလာခြင်းနှင့်အတူ သူတို့နှင့် အခြား ကျင့်ကြံသူများ၏ အကြားမှ ကွာဟချက်သည် ပိုကြီးလာခြင်းပင် ဖြစ်သည်။

ရှောင်ယန်နှင့် ရှီထျန်းဟောင်တို့သည် ရွှေရောင်ဗဟိုချက် စဦးပိုင်း အဆင့်တွင် ရှိနေစဥ်က၊ သူတို့သည် အခြေတည်ဝိညာဥ် အဆင့်မှ မှော်အိုင်တမ်များကို အသုံးပြု၍ အခြေတည်ဝိညာဥ် စဦးပိုင်း အဆင့်မှ ကျင့်ကြံသူများကို သရေကျအောင် ယှဥ်ပြိုင်နိုင်ခဲ့ကြသည်။

သို့သော်လည်း သူတို့သည် ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်သို့ ရောက်လာကြသောအခါ၊ ရှီထျန်းဟောင်သည် ခွန်းလွန်တောင် တိုက်ပွဲတွင် မိမိကိုယ်ကိုယ် ဒဏ်ရာ အပြင်းအထန် အရခံကာ အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ ပြိုင်ဘက်အား အသေသတ်နိုင်ခဲ့သည်။

သူတို့သည် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်သို့ ရောက်ရှိလာကြသောအခါ၊ ရှောင်ယန်သည် အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်မှ ဂရန်းမာစတာ တစ်အုပ်စုအား အပြတ်အသတ် ချေမှုန်းနိုင်ခဲ့သည်။ သူတို့အား တစ်ယောက်ချင်း ရင်ဆိုင်နိုင်သည့် အင်မော်တယ် ဝိညာဥ် အဆင့်အောက်မှ ကျင့်ကြံသူများမှာ မရှိသလောက်ပင် ဖြစ်သွားကြပြီ ဖြစ်သည်။

သာမန်ကျင့်ကြံသူများသည် နောက်တစ်ဆင့်သို့ တက်သွားကြသောအခါ သူတို့၏ အစွမ်းများကလည်း တိုးတက်လာကြသည်။ သို့သော်လည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် ကျင့်ကြံမှု နောက်တစ်ဆင့်သို့ တက်သွားကြသည့် အချိန်တိုင်းတွင်၊ သူတို့၏ စံနှုန်းများမှာ မိုးထိုးသွားကြ၏။ အခြားသူများနှင့် ကွာခြားချက်မှာ အလွန်အမင်းကို များလှပေသည်။

သူတို့သည် ရှီထျန်းရီက အသက်၁၇နှစ် မတိုင်ခင်တွင် အခြေတည်ဝိညာဥ် အဆင့်သို့ ရောက်သွားခဲ့သည့် သတင်းကို ကြားခဲ့လိုက်ရသည့် အချိန်ကကဲ့သို့ပင် အထင်ကြီးသွားကြသည်။

ရှီထျန်းရီသည် အသက်ငယ်သေးရုံတင် မကပေ။ သူသည် ရှောင်ယန်နှင့် ရှီထျန်းဟောင်ကဲ့သို့ပင် မဟာ ပါရမီရှင်လေး တစ်ယောက် ဖြစ်သည်။ သူ၏ တိုက်ပွဲစွမ်းရည်များသည်လည်း အဆင့်တူများ အကြားတွင် ပြိုင်ဘက်မရှိချေ။

သူ၏ အခြေတည်ဝိညာဥ်အား အောင်မြင်စွာ ဖော်ဆောင်နိုင်ခြင်းသည်၊ သူ့အား ယှဥ်နိုင်သည့် အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများ သိပ်မရှိတော့ခြင်းကို ဆိုလိုခြင်းပင် ဖြစ်၏။ သာမန် အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူများက သူတို့၏ စကြာဝဠာ ပုံသဏ္ဌာန်အား ဖော်ထုတ်လိုက်လျှင်ပင်၊ ရှီထျန်းရီသည် အောင်ပွဲရယူနိုင်မည် ဖြစ်သည်။

ထိုကဲ့သို့သော ပါရမီရင် တစ်ယောက်သည် သူ၏ ဂုဏ်သတင်းနှင့် ကိုက်ညီလှပေသည်။ တစ်ယောက်သည် သူ့အား ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် နတ်ဘုရားဟုပင် ပြောနိုင်ပေသည်။ သူသည် သမိုင်းဝင် ဒဏ္ဍာရီတစ်ပါး ဖြစ်လာမည်မှာ သေချာနေ၏။

သို့သော်လည်း ရှီထျန်းဟောင်သည် ရှောင်ယန်နှင့် ဘေးချင်းယှဥ် ရပ်နေကာ၊ လင်းဖုန်း၏ဘေးတွင် ငြိမ်သက်စွာ ရပ်နေကြသည်ကို တွေ့လိုက်ရသော် အားလုံးတို့၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာခဲ့၏။

"ဒါဆိုရင်တောင်မှ 'ရှီကြီး'က 'ရှီလေး'ကို ကျော်လွှားနိုင်ပါ့မလား"

"တကယ်လို့ 'ရှီလေး'က ရှောင်ယန်လောက် စွမ်းအားကောင်းနေရင်၊ 'ရှီကြီး'က သူ့ကို အနိုင်ယူနိုင်ပါ့မလား"

ရှီထျန်းဟောင်၏ အမူအရာများသည် တည်ငြိမ်အေးဆေးလျှက်ပင် ရှိသည်။ သူ၏ ကြည်လင်ပြတ်သားသော အသံသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ပဲ့တင်ရိုက်လျှက် ရှိ၏။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ကျုပ် ရှီထျန်းဟောင်က၊ ဟင်းလင်းပြင် ဘုရားကျောင်းက ရှီထျန်းရီကို တိုက်ခိုက်ဖို့ စိန်ခေါ်ပါတယ်"

"ကျုပ်ရဲ့အစ်ကို၊ ခင်ဗျားက ကျုပ်နဲ့ တိုက်ခိုက်ရဲသလား"

"… ကျုပ်နဲ့ တိုက်ခိုက်ရဲသလား"

"… တိုက်ခိုက်ရဲသလား"

လင်းဖုန်းသည် ဖွဖွလေး ပြုံးလိုက်ကာ သူ၏အရှေ့မှ ခရမ်းရောင် စွမ်းအင်များကို အသုံးပြုလိုက်ကာ၊ သူ၏ မှော်စွမ်းအင်များဖြင့် ရှီထျန်းဟောင်၏ အသံကို အရပ်မျက်နှာ ပေါင်းစုံသို့ ထုတ်လွှင့်ပေးလိုက်သည်။  သူ၏ အသံသည် ကျယ်ပြန့်သော နယ်မြေများကို လွင့်ပျံသွားကာ ကျင့်ကြံမှု အဆင့်မျိုးစုံမှ ကျင့်ကြံသူများ၊ ကျင့်ကြံသူ မဟုတ်သောသူများ အားလုံးတို့သည် သူ၏အသံကို ကြားခဲ့ရသည်။

ဒါသည် ကောင်းကင်အောက်မှ လူများအားလုံးကို သက်သေထား၍ ရှီထျန်းရီကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်၏။

ရှီထျန်းဟောင်၏ အသံသည် လင်းဖုန်း၏ ထိန်းချုပ်မှုအောက်တွင် ဟင်းလင်းပြင်များကို ထွင်းဖောက်သွားကာ ရှီမိသားစု၏ ဘိုးဘေးဘီဘင် နယ်မြေ၊ မဟာချင် အင်ပါယာ၏ ရှီးလင်မြို့တော်နှင့် ရှီထျန်းဟောင် ကြီးပြင်းခဲ့သော ရွာငယ်လေးသို့တိုင်အောင် လွင့်ပျံသွားခဲ့သည်။

ရှီးလင်မြို့၏ တော်ဝင်နန်းတော် အတွင်းတွင်၊ ချင်ဧကရာဇ် ရှီယုနှင့် နန်းရင်းဝန် ဝူချင်လျှိုတို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ခေတ္တမျှ စဥ်းစားအပြီးတွင် ရှီယုသည် ရှီးလင်မြို့၏ မှော်စွမ်းအင် အကာအကွယ် အရံအတားများကို လျှော့ချလိုက်ကာ၊ ရှီထျန်းဟောင်၏ အသံကို မြို့အတွင်းသို့ ဝင်ခွင့်ပေးလိုက်သည်။

ဝူချင်လျှို၏ မျက်နှာသည် ခံစားချက် ကင်းမဲ့နေသော်လည်း၊ သူ၏ မျက်လုံးအစုံသည် တစ်စုံတစ်ခုအား တွက်ချက်နေသကဲ့သို့ တောက်ပလင်းလက်လာလျှက်ရှိသည်။

ရှီထျန်းဟောင်၏ အသံသည် နောက်ဆုံးတွင် ဟင်းလင်းပြင် ဘုရားကျောင်း၏ ပိုင်ယွင်တောင်၏ တောင်အဝင်ဝသို့ ရောက်လာခဲ့သည်။

ပိုင်ယွင်တောင်သည် တစ်နှစ်ပတ်လုံး အဖြူရောင် မြူခိုးငွေ့များ ထူထပ်စွာဖြင့် ကာရံထားပြီး၊ ပြင်ပလူများသည် အတွင်းတွင် ဘာဖြစ်နေကြသည်ကို မသိနိုင်ကြပေ။ ရှီထျန်းဟောင်၏ အသံသည် ပိုင်ယွင်တောင်၏ ပြင်ပတွင် အကြိမ်အနည်းငယ်မျှ ပဲ့တင်ရိုက်နေခဲ့ပြီးမှ၊ ထူထဲလှသည့် အဖြူရောင် မြူခိုးငွေ့များသည် ရုတ်တရက် လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်ကာ လင်းဖုန်း၏ ခရမ်းရောင် စွမ်းအားများနှင့် ရှီထျန်းဟောင်၏ အသံကို တောင်အတွင်းသို့ ဝင်ခွင့်ပြုလိုက်သည်။

အဖြူရောင် မြူခိုးငွေ့များ၏ ဦးဆောင်မှုဖြင့် ခရမ်းရောင် စွမ်းအင်တစ်စသည် နောက်ဆုံးတွင် တောင်အတွင်းမှ ဂူတစ်ခု အတွင်းသို့ ရောက်သွားခဲ့သည်။

ရွှမ်းလင်သူတော်စင်သည် ကြည့်နေရင်း သူ၏ မျက်ခုံးများသည် အတန်ငယ် တွန့်သွားခဲ့သည်။ "ယန်နန်းလိုင်…" သူသည် ဘာမှ မပြောခဲ့ပဲ သူ၏ မျက်လုံးများ အတွင်းမှ နတ်ဘုရား အလင်းတန်းတစ်ခု ထွက်လာခဲ့ကာ၊ ဟင်းလင်းပြင်ကို ထွင်းဖောက်သွားခဲ့၍ ပိုင်ယွင်တောင်အတွင်းမှ ထိုဂူအတွင်းသို့ ဝင်သွားခဲ့သည်။

အားလုံးတို့သည် အနည်းငယ်မျှ တုန်ခါသွားကြ၏။ ရွှမ်းလင်သူတော်စင်၏ လုပ်ဆောင်ချက်များသည် လင်းဖုန်းနှင့် ရှီထျန်းဟောင်တို့၏ စိန်ခေါ်မှုကို လက်ခံလိုက်ခြင်းနှင့် တူနေပေသည်။

နတ်ဘုရား အလင်းတန်း ဝင်ရောက်လာခြင်းနှင့်အတူ ဂူအတွင်းမှ အဖြူရောင် မြူခိုးငွေ့များသည် မြင့်တက်လာခဲ့၏။ အသက် ၁၆၊ ၁၇သာ ရှိဦးမည့် လူငယ်တစ်ယောက်၏ ပုံရိပ်က ပေါ်ပေါက်လာခဲ့သည်။ သူသည် တင်ပလ္လင်ခွေ ထိုင်နေကာ ငြိမ်သက်စွာဖြင့် တရားထိုင်နေခဲ့သည်။

သူသည် အတော်ပင် အရပ်ရှည်ကာ ရှည်လျားလှသည့် အနက်ရောင် ဆံပင်များက ပုခုံးပေါ်တွင် ဝဲကျနေခဲ့၏။ သူ၏ အသွင်အပြင်မှာ သန့်စင်၍ ကြည့်ကောင်းလှသော်လည်း သူ၏ မျက်လုံးအစုံမှာ ပိတ်ထားဆဲဖြစ်သည်။

အဖြူရောင်တိမ်တိုက် မြူခိုးငွေ့များသည် သူ၏ ခန္ဓာကိုယ် အနားတွင် လွင့်မျောနေခဲ့သည်။ ထိုအဖြူရောင် တိမ်တိုက်များအကြားတွင် မရေမတွက်နိုင်သော မှော်သင်္ကေတ ပုံသဏ္ဌာန်များတို့သည် ပေါ်ပေါက်လာကြကာ၊ အပေါ်တက်လိုက် အောက်ဆင်းလိုက် ဖြစ်နေသော ရွှေရောင် အလင်းတန်း ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လက်ယာမင်းသားရှန်၏ အနောက်တွင် ရပ်နေကြသော မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်မှ ကျင့်ကြံသူများသည် လေးနက်လာကြ၏။ "ဒါက ဒွိစုံသူငယ်အိမ်နဲ့သူ ရှီထျန်းရီလား"

ခရမ်းရောင် စွမ်းအင်တစ်စသည် ရှီထျန်းဟောင်၏ အသံကို ထိုဂူအတွင်းသို့ ယူဆောင်လာခဲ့သည်။

"ကျုပ်ရဲ့အစ်ကို၊ ခင်ဗျားက ကျုပ်နဲ့ တိုက်ခိုက်ရဲသလား"

သူသည် ထိုစကားများကို ကြားရသည်နှင့် အဖြူရောင် တိမ်တိုက်များ အတွင်းတွင် ထိုင်နေခဲ့သော လူငယ်သည်၊ မျက်လုံးများကို ပိတ်ထားလျှက်နှင့်ပင် ခေါင်းကိုအနည်းငယ် စောင်းကြည့်လိုက်ကာ ဖြေလိုက်သည်။ "ညီငယ်လေး၊ အချိန်အကြာကြီး ရှိသွားပြီ။ မင်းရဲ့ ခန္ဓာကိုယ်က ပြန်လည်သက်သာလာပြီလား"

ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားနှင့် တူနေသော လူငယ်မှာ ဒွိစုံသူငယ်အိမ်နှင့်သူ ရှီထျန်းရီပင် ဖြစ်၏။ သူ၏ညီငယ်ထံမှ အန္တိမ စိတ်ဝိညာဥ်တာဝါကို ရယူအပြီးတွင် သူသည် မူလကောင်းကင် ကမ္ဘာကြီးအား လှုပ်ခါနိုင်သည့်၊ သူ၏မျိုးဆက်အတွင်းမှ အထူးချွန်ဆုံး ပါရမီရှင်လေး အဖြစ် သတ်မှတ်ခြင်းအား ခံခဲ့ရသူ ဖြစ်သည်။ သူသည် သမိုင်းမှတ်တမ်းများအတွင်းတွင် သူ၏ နာမည်ကို ရေးထိုးနိုင်ရန် ကံပါလာခဲ့သူ ဖြစ်၍ ဒဏ္ဍာရီတစ်ပါး ဖြစ်လာမည် ဖြစ်သည်။

ရှီထျန်းဟောင်သည် ရှီထျန်းရီ၏ ပုံရိပ်ကို ငြိမ်သက်စွာပင် စောင့်ကြည့်နေခဲ့သည်။ သူ၏ အကြည့်မှာ ပို၍ပင် တည်ငြိမ်အေးဆေးနေခဲ့၏။

ရှီထျန်းရီ၏ အသံသည် နွေးထွေးကာ ဖော်ရွေမှု အငွေ့အသက်များပင် ပါနေခဲ့သော်လည်း၊ အားလုံးတို့သည် သူ၏ အသံသည် ယုံကြည်မှုအပြည့်နှင့် ဖြစ်ကာ ထူးမခြားနား ပုံစံမျိုးနှင့် သာမန်ဆန်လှသည်ကို သတိထားမိခဲ့ကြသည်။ လှောင်ပြောင်လိုသော အရိပ်အယောင်များကိုပင် တွေ့နိုင်သေး၏။

သူသည် ရှီထျန်းဟောင်၏ အန္တိမ စိတ်ဝိညာဥ် တာဝါကို ခိုးယူခဲ့ကာ ယနေ့ခတ်၏ မကြုံဖူးသော ပါရမီရှင်တစ်ယောက်အဖြစ်သို့ ရောက်ရှိနိုင်ခဲ့သော်လည်း၊ သူသည် နောင်တရခြင်း၊ အပြစ်ရှိခြင်း မျိုးကို မခံစားနေရပေ။ သူရှိနေသည်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမှုနှင့် တည်ငြိမ်အေးဆေးနေမှုတို့ပင် ဖြစ်သည်။

ရှီထျန်းဟောင်သည် အလင်းတန်း ပုံရိပ်အတွင်းမှ လူငယ်အား စိုက်ကြည့်နေခဲ့သည်။ ဤလူသည် သူ၏ကိုယ်တွင်းမှ မွေးရာပါ အန္တိမ စိတ်ဝိညာဥ် တာဝါကို မြင်နိုင်ခဲ့သူ ဖြစ်ပြီး၊ သူ၏ မိခင်နှင့်အတူ ကြံစည်ကာ လျှို့ဝှက်မှော်ကျိန်စာ တစ်မျိုးဖြင့် သူ၏ကိုယ်တွင်းမှ ထုတ်ယူခဲ့ကာ ကိုယ့်ကိုယ်အတွင်းကို ထည့်သွင်းခဲ့သူ ဖြစ်၏။ ထို့ကြောင့်ပင် သူသည် ကပ်ဘေးများစွာကို ရင်ဆိုင်ကျော်လွှား ဖြတ်သန်းခဲ့ရခြင်း ဖြစ်သည်။

"ကျုပ်ရဲ့အစ်ကို၊ ခင်ဗျားက ပိုင်ယွင်တောင်အထဲမှာ ပုန်းချင်နေတုံးပဲလား"

ရှီထျန်းရီက သာမန်သာ ပြန်ဖြေလိုက်၏။ "ငါတို့နှစ်ယောက် မတွေ့တာ အရမ်းကြာသွားခဲ့ပြီ။ ငါတို့က နောက်ဆုံးမှာ တွေ့ဆုံဖို့ အခွင့်အရေး ရရှိခဲ့ပြီပေါ့"

သူ၏စကား အဓိပ္ပာယ်မှာ ရှီထျန်းဟောင်သည် ထိုနှစ်များ အတွင်းက မွေးရာပါ အန္တိမ စိတ်ဝိညာဥ် တာဝါအား ဆုံးရှုံးသွားသည့် အချိန်မှစ၍၊ သူသည် သူ၏မျက်လုံးများအတွင်းတွင် တန်ဖိုးမရှိတော့သော သူတစ်ယောက်အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်၏။

ရှီထျန်းဟောင်သည် မျက်လုံးများ ပိတ်လျှက် ရှိနေသေးသော ရှီထျန်းရီအား ကြည့်လိုက်သည်။ သူ၏အသံသည် ယခင်ကဲ့သို့ သာမန်သာဖြစ်၏။ "တကယ်လို့များ ခင်ဗျားက ကျုပ်ရဲ့အရှေ့မှာ ရှိနေခဲ့ရင်၊ ခင်ဗျားရဲ့ မျက်လုံးတွေကို ဘယ်တော့မှ ဖွင့်ခွင့်ရတော့မှာ မဟုတ်ဘူး"

"ခင်ဗျားလုပ်နိုင်တာက ပိုင်ယွင်တောင်ပေါ်မှာ ပုန်းနေပြီး စကားကြီး စကားကျယ်တွေ ပြောနိုင်ရုံပဲ။ တကယ်လို့ ကျုပ်တို့က မျက်နှာချင်းဆိုင် တွေ့ခဲ့ရင် ခင်ဗျားကို ကျိန်းသေအနိုင်တိုက်ပြီး ခင်ဗျားရဲ့ မျက်လုံးတွေကို ထာဝရ ပိတ်ပေးလိုက်မယ်"

"ဒါဆိုရင်လည်း ငါတို့ တွေ့ကြတာပေါ့" ရှီထျန်းရီသည် နောက်ဆုံးတွင် သူ၏ မျက်လုံးအစုံကို ဖွင့်လိုက်၏။ မျက်လုံးတစ်လုံးစီတွင် သူငယ်အိမ်နှစ်ခုစီ ရှိနေခဲ့ကာ နတ်ဘုရား အလင်းတန်းများသည် နေရာတကာသို့ လွင့်ပျံသွားကြသည်။ ကောင်းကင်ပေါ်တွင် နေမင်းနှင့် လမင်းတို့က တစ်ချိန်တည်း ပေါ်လာသကဲ့သို့ ဖြစ်၏။

သူ၏ မျက်လုံးများ အတွင်းမှ သူငယ်အိမ်များသည် နတ်ဘုရား အလင်းတန်းများနှင့် လင်းလက်နေခဲ့ပြီး မပြောပြနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

လက်ယာမင်းသားရှန်၊ ကြယ်စင်သူတော်စင်၊ လောင်းကစား သူတော်စင်နှင့် ကျန်သောသူများသည် ဒွိစုံသူငယ်အိမ်နှင့်သူအား ကြည့်လိုက်ကာ အလွန်ပို၍ လေးနက်လားကြသည်။ "သူက အခြေတည်ဝိညာဥ် အဆင့်ကို ရောက်စပဲ ရှိသေးတယ်။ တကယ်လို့များ သူကပိုပြီး တိုးတက်လာခဲ့ရင်…"

ရှီကျုံးယွဲ့၏ အမူအရာသည် များစွာပို၍ ရှုပ်ထွေးလာခဲ့၏။ "အခုတော့ သူ့ကို ပြန်မြင်ရပြီ။ ဟိုတုံးကနဲ့ အခုနဲ့က မမှန်းနိုင်အောင်ကို ပြောင်းလဲသွားခဲ့ပြီ"

"သူ့ရဲ့ ဒွိစုံသူငယ်အိမ် မျက်လုံးတွေသာ မကဘူး။ တခြား ပုံမမှန်တဲ့ အရာတွေလည်း ရှိသေးတယ်" ရှီထျန်းရီ၏ သူငယ်အိမ်များ အတွင်းတွင် နေမင်းနှင့် လမင်းတို့၏ အလင်းတန်းများနှင့် တူနေသော၊ နတ်ဘုရား အလင်းတန်း တစ်တန်း လင်းလက်နေသည်ကို ရှီကျုံးယွဲ့က အသေအချာ ခံစားနေမိသည်။

အခြေတည်ဝိညာဥ် အဆင့်သို့ ရောက်သွားအပြီးတွင် ဒွိစုံသူငယ်အိမ်၏ စွမ်းအားများသည် နောက်တစ်ဆင့်သို့ တက်သွားခဲ့သည်။

သို့သော်လည်း ထို့အပြင် အခြားပြောင်းလဲခြင်းများလည်း ရှိသေး၏။

သူသည် မူလက ရှီထျန်းဟောင် ပိုင်ဆိုင်ခဲ့သည့် အန္တိမ တာအိုအခြေခံလည်း ရှိသေးသည်။ သူသည် ထိုအခြေခံအပေါ်တွင် မူတည်၍ ရွှေရောင်ဗဟိုချက် အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကာ၊ ထိုနည်းတူစွာ အခြေတည်ဝိညာဥ်အား ဖန်ဆင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဤလမ်းကြောင်းအတိုင်း ဆက်လျှောက်ကာ ကမ္ဘာကို ပြောင်းလဲနိုင်သည့် နည်းစနစ်များကို ကျင့်ကြံနိုင်မည် ဖြစ်သည်။

ဒါသည် အန္တိမစိတ်ဝိညာဥ် တာဝါကို ပိုင်ဆိုင်ထားသည့်သူများသာ ရနိုင်သည့် စွမ်းအားတစ်မျိုး ဖြစ်သည်။ ဤအရာအား အန္တိမ လုံခွက်ကို ဖော်ဆောင်ပြီး၍၊ အခြေတည်ဝိညာဥ်ကို ဖန်ဆင်းအပြီးတွင်သာ တွေ့နိုင်ခြင်း ဖြစ်သည်။

ဒဏ္ဍာရီဖြစ်ရန် ကံပါလာ၍ ကမ္ဘာကြီးအား သူ၏ ပုခုံးအပေါ်တွင် ထမ်းထားနိုင်စွမ်း ရှိသည်။ ကမ္ဘာကြီး၏ ထိပ်တန်း နည်းစနစ်များကို ကျင့်ကြံနိုင်၍ သူ၏ ခန္ဓာကိုယ် အတွင်းသို့ ပေါင်းစပ်နိုင်စွမ်း ရှိသည်။

ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသည်။ ထိုသူသည် အမှန်ကို ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံပေသည်။

ရှီထျန်းရီသည် အလင်းတန်း ပုံရိပ်၏ စွမ်းအားများကို ထုတ်ဖော်လိုက်ကာ ရွှမ်းလင်သူတော်စင်နှင့် ဘေးမှ အမျိုးသမီး ကျင့်ကြံသူတို့ဘက်သို့ လှည့်လိုက်သည်။ "အကြီးအကဲ စီနီယာများ ခင်ဗျာ၊ မင်္ဂလာပါ"

သူ၏ အကြည့်သည် လင်းဖုန်းအပေါ်တွင် ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။ သူ၏ မျက်လုံးများအတွင်းမှ သူငယ်အိမ် လေးခုတို့သည် လင်းလက်လာကြ၏။ သို့သော်လည်း လင်းဖုန်း၏ ခန္ဓာကိုယ်အား လျှို့ဝှက်ဆန်းကြယ်သော မြူခိုးငွေ့များက ဖုံးလွှမ်းထားသည်ဟုသာ ခံစားလိုက်ရသည်။ သူပိုင်ဆိုင်ထားသည့် နတ်ဘုရားအမြင်သည် ထွင်းဖောက်မြင်နိုင်စွမ်း မရှိခဲ့ပေ။

လင်းဖုန်းသည် သူ့အား သာမန်သာ ကြည့်လိုက်သည်။ ရှီထျန်းရီသည် လေအေးတစ်ချက် ရှူသွင်းလိုက်ကာ သူ၏အကြည့်ကို ရုပ်သိမ်းလိုက်၏။ သူ၏ မျက်လုံးအစုံသည် ရှီထျန်းဟောင်၏ ခန္ဓာကိုယ် အပေါ်သို့ နောက်ဆုံးတွင် ကျရောက်လာခဲ့သည်။

သူ၏ မျက်လုံးများသည် ပြန်လည်လင်းလက်လာခဲ့ကာ ရှီထျန်းဟောင်ကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်သည်။ "ညီငယ်လေး၊ မဆိုးဘူး။ မင်းကငါ့ကို တကယ်ပဲ ဝမ်းမြောက်စေခဲ့တယ်"

ရှီထျန်းဟောင်နှင့် ရှီထျန်းရီတို့သည် မတ်တတ်ရပ်နေကြကာ မျက်လုံးအချင်းချင်း စိုက်ကြည့်နေကြသည်။ ရှီထျန်းရီအား ကြည့်နေလေလေ ရှီထျန်းဟောင်၏ အကြည့်များက ပိုတည်ငြိမ်လာလေလေ ဖြစ်သည်။ သူ၏ စိတ်ဝိညာဥ်နှင့် ရုပ်ခန္ဓာကိုယ်သည် ပိုးတုံးလုံးတစ်ကောင် အသွင်ပြောင်းလာသကဲ့သို့ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

"ကျုပ်ရဲ့အစ်ကို၊ ခင်ဗျားနဲ့ကျုပ်ရဲ့ အကြားမှာ စကားအပိုတွေ ပြောဖို့မလိုပါဘူး။ ဘယ်အချိန် ကျုပ်တို့ တိုက်ခိုက်ကြမလဲ"

ရှီထျန်းရီက သာမန်သာ ပြန်ဖြေလိုက်၏။ "မင်းက မဆိုးပါဘူး။ ဒါပေမဲ့ လုံလောက်အောင် မကောင်းသေးဘူး။ ဆက်ပြီးတော့ ကြိုးစားပါဦး"

"မင်းက တကယ်ပဲ ပြန်လည်မွေးဖွားလာသလား ဆိုတာကို ငါ့ကို ပြသပါဦး။ သဘာဝ အန္တိမ တာအို အခြေခံနဲ့သူဟာ စစ်မှန်ကြီးကျယ်တဲ့ စွမ်းအားကို အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ပြီးမှ ရတယ်ဆိုတာကို သိတယ်မလား"

"ငါက အခြေတည် ဝိညာဥ်ကို ဖော်ဆောင်ပြီးသွားပြီ။ မင်းက ရွှေရောင်ဗဟိုချက် အဆင့်မှာပဲ ရှိသေးတယ်။ တကယ်လို့ ငါတို့အခု တိုက်ခိုက်ကြရင် စိတ်ဝင်စားစရာ ကောင်းဦးမှာ မဟုတ်ဘူး။ မင်းက အခြေတည် ဝိညာဥ် အဆင့်ကို ရောက်သွားတဲ့အချိန်ထိကို ငါစောင့်နေမယ်"

ရှီထျန်းဟောင်၏ လေသံမှာလည်း ထူးမခြားနား ပုံစံဖြင့် သာမန်သာ ပြောလိုက်သည်။ "အခြေတည် ဝိညာဥ် အဆင့်၊ ဟုတ်လား။ ကျုပ်က အခြေတည် ဝိညာဥ် အဆင့်ကို ရောက်သွားပြီးမှသာ ကျုပ်တို့တိုက်ပွဲက စိတ်ဝင်စားစရာ မကောင်းတော့မှာ"

"ကျင့်ကြံမှု အဆင့်အတန်း တူတဲ့လူတွေ အထဲမှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တခြားတပည့်တွေက လွဲရင် ကျုပ်က ပြိုင်ဘက်ကင်းတယ်"

သူသည် အသံကိုမြှင့်၍ ပြောနေခြင်း မဟုတ်ပဲ သူ၏ လေသံမှာ သာမန်သာ ဖြစ်၏။ သို့သော်လည်း သူသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နှင့် သူ၏ လေသံမှာ ဒွိစုံသူငယ်အိမ်နှင့်သူ ရှီထျန်းရီထက်ပင် ပို၍ လွှမ်းမိုးဗိုလ်ကျနေသေးသည်။

မင်းက အခြေတည် ဝိညာဥ် အဆင့်ကို ရောက်နေလို့ရော ဘာဖြစ်သလဲ။ မင်းက ဒွိစုံသူငယ်အိမ်နဲ့လူ ဖြစ်နေလဲ ဘာဖြစ်သလဲ။ မင်းက သဘာဝ အန္တိမ တာအို အခြေခံရဲ့ အစစ်အမှန် ကျက်သရေ ခွန်အားကို ပြသနိုင်လဲ ဘာဖြစ်သလဲ။

ငါက ရွှေရောင်ဗဟိုချက် အဆင့်မှာ ရှိနေသေးပြီး မင်းက အခြေတည် ဝိညာဥ် အဆင့်ကို ရောက်သွားလို့ ငါကမင်းနဲ့ ယှဥ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာ။

တကယ်လို့ ငါက အခြေတည် ဝိညာဥ် အဆင့်ကို ရောက်သွားရင်၊ မင်းကငါ့အတွက် ဘာမှမဟုတ်တော့ဘူး။ အဆင့်တူရင် ငါကမင်းကို အနိုင်မကျင့်ချင်ဘူး။

ရှီထျန်းရီ၏ အမူအရာသည် နောက်ဆုံးတွင် ပြောင်းလဲလာကာ ရှီထျန်းဟောင်အား လေးနက်စွာဖြင့် စိုက်ကြည့်လိုက်သည်။ "ညီငယ်လေး၊ မင်းနဲ့ မင်းရဲ့ ဂိုဏ်းတူညီအစ်ကိုတွေက တကယ့်ကို ကြီးစိုးလွှမ်းမိုးပြီး ဗိုလ်ကျလိုစိတ် ရှိကြတာပဲ"

ရှီထျန်းဟောင်သည် သူ၏ခေါင်းကို ခါလိုက်ကာ သူ့အား ရုတ်ချည်း ဖြတ်ပြောလိုက်သည်။ "စကားအပိုတွေကို ရပ်လိုက်ပါတော့၊ ကျုပ်မှာ ခင်ဗျားအတွက် မေးခွန်းတစ်ခုပဲ ရှိတယ်"

"ခင်ဗျားက ကျုပ်နဲ့ တိုက်ခိုက်ရဲသလား"

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

စာစဥ် ၂၈ : အပိုင်း ၁၈

အပိုင်း ၅၂၈ : တချို့လူတွေက ပြန်လို့ရတယ်၊ တချို့က မရဘူး

ရှီထျန်းဟောင်သည် အသက်ပိုငယ်သော်လည်း သူ၏ အမူအရာများသည် ပို၍ တည်ငြိမ်ကာ အထက်စီး ဆန်နေခဲ့သည်။

ဘာတွေကိုမှ လျှောက်ပြောမနေနဲ့တော့။

ငါက မင်းအတွက် မေးခွန်းတစ်ခုပဲ ရှိတယ်။ မင်းက ငါနဲ့ တိုက်ရဲသလား။

တိုက်ရဲသလား၊ မတိုက်ရဲဘူးလား။

ရှီထျန်းရီ၏ သူငယ်အိမ်များသည် ရှီထျန်းဟောင်ကို တည့်တည့် စိုက်ကြည့်နေခဲ့သည်။ သူသည် မူလက အဖြူရောင် တိမ်တိုက်နှင့် ရွှေရောင် အလင်းတန်းများ အကြားတွင် တင်ပလ္လင်ခွေ ထိုင်နေခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူသည် ဖြည်းညင်းစွာနှင့် မတ်တတ်ရပ်လိုက်၏။

ထိုအပြုအမူသည် တိမ်တိုက်များနှင့် ရွှေရောင် အလင်းတန်းတို့အား ပြင်းထန်စွာနှင့် တုန်ခါလာစေခဲ့သည်။ နတ်ဘုရား အငယ်စား တစ်ပါးက ထလာသကဲ့သို့ ဖြစ်၏။

"တကယ်လို့ မင်းက တိုက်ခိုက်ချင်တယ် ဆိုရင်လည်း တိုက်ကြတာပေါ့။ နေရာမရွေး အချိန်မရွေးပါပဲ"

ရှီထျန်းဟောင်သည် ဖွဖွလေး ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။ "ဒီအချိန်၊ ဒီနေရာမှာပဲ။ ကျုပ်က ခင်ဗျားကို စောင့်နေမယ်။ ခင်ဗျားက ပိုင်ယွင်တောင်ကနေ ခွာရဲတဲ့ သတ္တိရှိသလား ဆိုတာကို ကြည့်ရတာပေါ့"

ထိုအချိန်တွင် ယုမိသားစု ဘိုးဘေးဘီဘင် နယ်မြေ၏ အရှေ့မှ ကောင်းကင်ယံသည် ရုတ်တရက် ပြင်းထန်စွာနှင့် တုန်ခါသွားခဲ့သည်။ ရွှေရောင် အလင်းတန်းများ လင်းလက်လာခဲ့ပြီး သက်တန့် ရောင်စုံတိမ်တိုက်များ ပေါ်ထွက်လာခဲ့ကာ ရွှေနဂါးတစ်ကောင်၏ ပုံရိပ်ကို တွေ့မြင်ခဲ့ရသည်။

မဟာချင် အင်ပါယာ၏ လက်ရှိဧကရာဇ် ရှီယုသည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း ဒါသည် သူ၏ ကိုယ်ပွား တစ်ခုသာ ဖြစ်၏။

"ငယ်ရွယ်တဲ့ ပါရမီရှင် နှစ်ယောက်၊ အသက်၂၀တောင် မပြည့်သေးပဲ ထူးချွန်ပြောင်မြောက်တဲ့ ကျင့်ကြံမှုအဆင့်တွေကို ပိုင်ဆိုင်ထားကြပြီ။ မင်းတို့နှစ်ယောက်စလုံးရဲ့ ကိုယ်ထဲမှာ ရှီမိသားစုရဲ့ သွေးတွေ စီးဆင်းနေခဲ့တယ်"

"မင်းတို့နှစ်ယောက်ရဲ့ တိုက်ပွဲဟာ မဟာချင် အင်ပါယာရဲ့ အကြီးဆုံး ဆုံးရှုံးမှု ဖြစ်သလို၊ အခမ်းနားဆုံး အခိုက်အတန့်လည်း ဖြစ်တယ်။ ဒီလိုမျိုး အဖြစ်အပျက်က သင့်တော်တဲ့ စင်မြင့်တစ်ခု လိုတယ်"

ရှီယု၏ စကားသံမှာ ကောင်းကင်နှင့် မြေကြီးတို့ အကြားတွင် ပဲ့တင်ရိုက်နေခဲ့သည်။ "တစ်လအကြာမှာ ကျုပ်က ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေက နဂါးတိုက်ပွဲစင်မြင့်ကို မင်းတို့အတွက် ဖွင့်လှစ်ပေးမယ်"

"နဂါးကျောက်တုံးဂိတ်က နဂါးတိုက်ပွဲစင်မြင့်အတွင်းမှာ ရှိနေတယ်။ အသက်၂၀ မပြည့်သေးပဲ ထူးချွန်ထက်မြက်တဲ့ ပါရမီရှိပြီး ရှီမိသားစုရဲ့ သွေးတွေ စီးဆင်းနေတဲ့ လူတွေကသာ ဒီဂိတ်ကို ဖွင့်လှစ်နိုင်တယ်။ ဒီဂိတ်က ဒီလူနှစ်ယောက်ရဲ့ မော်ကွန်းဝင်တိုက်ပွဲရဲ့ စွမ်းအားတွေနဲ့သာ ဖွင့်လို့ရတယ်"

"ဒီနဂါးကျောက်တုံးဂိတ်ရဲ့ အထဲမှာ သိုဝှက်ထားတဲ့ ရတနာတွေ အများကြီးရှိတယ်။ အနိုင်ရတဲ့သူက အထဲကို ဝင်ရောက်နိုင်လိမ့်မယ်"

ရှီထျန်းဟောင်နှင့် ရှီထျန်းရီတို့၏ မျက်လုံးအစုံတို့သည် စိတ်လှုပ်ရှားမှုများနှင့် တောက်ပလာခဲ့သည်။

အန်းလျှန်မင်းသား ရှီကျုံးယွဲ့၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။ "အရှင်မင်းမြတ်…"

နတ်ကောင်းကင် ဓားအကြီးအကဲ၊ မိုးကြိုးတိမ်တိုက် သူတော်စင်၊ ကြယ်စင် သူတော်စင်၊ လောင်းကစား သူတော်စင်နှင့် လက်ယာမင်းသားရှန်တို့သည်လည်း တူညီစွာပင် အံ့အားသင့်တုန်လှုပ်နေကြသည်။

မဟာချင် အင်ပါယာသည် နတ်ဘုရား နယ်မြေ အတွင်းတွင် ရှေးအကျဆုံး တော်ဝင်အင်ပါယာ ဖြစ်၏။ အတိတ်နေ့များက သူတို့ ကြီးထွားလာရခြင်း၏ အခြေခံ တစ်ခုသည် ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေကြောင့် ဖြစ်သည်။ ဒဏ္ဍာရီများ၏ အလိုအရ ဒါသည် ကမ္ဘာဦးခေတ် အတွင်းက ရှေးပဝေသဏီ နတ်နဂါးတို့၏ အသိုက်ဖြစ်သည်။

ရှေးဟောင်းနဂါး နယ်မြေအတွင်းမှ စိတ်ဝိညာဥ် စွမ်းအင်တို့၏ သဘာဝသည် စတင်ပြောင်းလဲလာသောကြောင့်၊ ရှေးပဝေသဏီ နတ်နဂါးတို့ နေထိုင်ရန် မသင့်တော်တော့ပေ။ ထို့ကြောင့် မဟာနဂါး မျိုးနွယ်စုတို့သည် အခြား သင့်တော်သော နေရာတစ်ခုသို့ ရှာဖွေပြောင်းရွှေ့ နေထိုင်ကြခြင်း ဖြစ်သည်။

သို့သော်လည်း ကျန်နေခဲ့သည့် နေရာမှာ လူသားကျင့်ကြံသူများအတွက် အလွန်အမင်း အကျိုးရှိသော နေရာတစ်ခု ဖြစ်သည်။ နဂါးများကလည်း ရှေးခေတ်ကာလများက တန်ဖိုးရှိသော ရတနာ အများအပြားတို့ကို ချန်ရစ်ခဲ့ကြသည်။

မဟာချင် အင်ပါယာ၏ ပထမ ဧကရာဇ်သည် ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေ အတွင်းမှ အရင်းအမြစ်များကို အသုံးပြု၍ မဟာချင် အင်ပါယာအား တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် သူတို့သည် ဖြည်းဖြည်းချင်း နယ်မြေများ ချဲ့ထွင်၍ လက်ရှိအခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေ အတွင်းတွင် နဂါးတိုက်ပွဲစင်မြင့် ရှိသည်။ ထိုအရာသည် မဟာနဂါးများ အချင်းချင်း ယှဥ်ပြိုင်တိုက်ခိုက်ကြသော စင်မြင့်ဟောင်း ဖြစ်၍၊ ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေ၏ ဗဟိုချက်လည်း ဖြစ်၏။

မဟာချင် အင်ပါယာ၏ ဘိုးဘေးဘီဘင်များသည် လူငယ်မျိုးဆက်များကို အတတ်နိုင်ဆုံး ကြိုးစားကြရန် အားပေးအားမြှောက် ပြုလုပ်ပေးခဲ့ကြသည်။ သူတို့သည် ရှေးဟောင်းနယ်မြေ အတွင်းသို့ ဝင်ရန်ဂိတ်ကို မြင့်မြတ်သော ချိတ်တစ်ခုဖြင့် ပိတ်ထားခဲ့ကြသည်။ လူနှစ်ယောက်တို့သည် အချင်းချင်း ယှဥ်ပြိုင်တိုက်ခိုက်ကြမှသာ ထိုစွမ်းအားဖြင့် မြင့်မြတ်သောချိတ်အား ယာယီဖွင့်နိုင်မည် ဖြစ်သည်။

ထိုမြင့်မြတ်သောချိတ်အား နဂါးကျောက်တုံးဂိတ်ဟု ခေါ်သည်။ နဂါးကျောက်တုံးဂိတ်၏ အနောက်တွင် မဟာချင် အင်ပါယာ၏ ပထမ ဘိုးဘေးဘီဘင်များ ချန်ရစ်ထားခဲ့သည့် ပုံမမှန်သည့် လေဟာနယ်များ ရှိသည်။ အတွင်းတွင် အဖိုးတန်သော ရတနာများစွာတို့ကိုလည်း ဖုံးကွယ်ထားကြသေး၏။

ထိုဂိတ်ပွင့်ရန်အတွက်ဆိုလျှင် နှစ်ဦးနှစ်ဘက်တို့သည် အချက်အလက်သုံးခုဖြင့် ပြည့်စုံရမည် ဖြစ်သည်။

ပထမ၊ သူတို့သည် ရှီမိသားစု၏ နောင်လာနောက်သားများ ဖြစ်ရမည်။

ဒုတိယ၊ သူတို့သည် အသက်နှစ်ဆယ်အောက်တွင် ဖြစ်ရမည်။

တတိယ၊ သူတို့ပိုင်ဆိုင်ထားသော စွမ်းအားများသည် အလွန်ကို ထူးချွန် ပြောင်မြောက်ရမည်။

သူတို့၏ စွမ်းအားများသည် မည်မျှအထိ ထူးချွန်ပြောင်မြောက်ရမည်နည်း။ အဖြေမှန်ကို တစ်ယောက်မှ မသိကြပေ။ သို့သော်လည်း သမိုင်းအစမှနေ၍ ထောင်စုနှစ်ပေါင်း များစွာကြာသည် အထိ နဂါးကျောက်တုံးဂိတ်သည် နှစ်ကြိမ်သာ ပွင့်ခဲ့သေးသည်။

ယခုထောင်စုနှစ် အတွင်းတွင် နဂါးကျောက်တုံးဂိတ်သည် တစ်ကြိမ်မျှပင် မပွင့်သေးချေ။ ဒဏ္ဍာရီလာ ပါရမီရှင်သည် နှစ်ယောက်မပြောနှင့်၊ တစ်ယောက်ကိုပင် တွေ့ရန် ခက်ခဲလှ၏။

သို့သော်လည်း ယခုအချိန်တွင် အချက်အလက်များသည် ထပ်ဖန်တစ်ခါ ပြည့်စုံခဲ့ပြီ ဖြစ်သည်။

ရှီထျန်းရီသည် ၁၇နှစ်ပင် မရှိသေးပဲ အခြေတည် ဝိညာဥ် စဦးပိုင်း အဆင့်တွင် ရှိနေပြီ ဖြစ်သည်။ သူသည် သဘာဝ အန္တိမ တာအိုအခြေခံအားလည်း အခြေခံအုတ်မြစ် အဆင့်တွင် ရရှိထားပြီး၊ ဒွိစုံသူငယ်အိမ်အားလည်း ပိုင်ဆိုင်ထား၏။

သူသည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် တူနေပြီး၊ သူ၏ ကျင့်ကြံမှုခရီး စတင်သည့် အချိန်မှစကာ လူငယ်မျိုးဆက်များ အတွင်းတွင် နံပါတ်တစ် ပြိုင်ဘက်ကင်းဟု သတ်မှတ်ခြင်းကို ခံခဲ့ရသည်။ အားလုံးတို့က သူသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ခု ဖြစ်လာမည်ဟု သိထားကြသည်။

ရှီထျန်းဟောင်သည် ၁၃နှစ်ပင် မပြည့်သေးပဲ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ သူ၏ သဘာဝ အန္တိမ တာအိုအခြေခံကို ရှီထျန်းရီ၏ ယုတ်မာစွာ အခိုးခံခဲ့ရသော်လည်း ပြန်လည်မွေးဖွားလာနိုင်ခဲ့သည်။ ကပ်ဆိုးများကို ကျော်လွှားပြီးနောက် လမ်းကြောင်းအသစ် တစ်ခုအား ဖော်နိုင်ခဲ့သည်။

သူသည် ယုမိသားစုမှ အခြေတည် ဝိညာဥ် အလယ်အလတ် အဆင့် ဂရန်းမာစတာ တစ်ယောက်အား အနိုင်ယူ သတ်ဖြတ်နိုင်ခဲ့ကာ နတ်ဘုရား နယ်မြေတစ်ခုလုံးအား တုန်လှုပ်စေနိုင်ခဲ့သည်။

သူတို့သည် ရှီမိသားစုမှ မွေးဖွားလာသူများလည်း ဖြစ်ကြ၏။ ရှီမိသားစုသည် မဟာချင် အင်ပါယာ၏ တော်ဝင်မိသားစုမှ အခက်အလက် တစ်ခုသာ ဖြစ်ကာ သွေးမျိုးဆက်များသည် အတန်ငယ် အလှမ်းဝေးနေသော်လည်း၊ သူတို့သည် ဘာပဲပြောပြော မဟာချင် အင်ပါယာမှ ဘိုးဘေးဘီဘင်တို့၏ သွေးများ စီးဆင်းနေကြသူများ ဖြစ်ကြသည်။

နတ်ကောင်းကင် ဓားအကြီးအကဲနှင့် မိုးကြိုးတိမ်တိုက် သူတော်စင်တို့သည် အချင်းချင်း ကြည့်လိုက်ကြကာ ကိုယ့်ကိုယ်ကိုယ် တွေးလိုက်ကြသည်။ "ဘယ်သူက အနိုင်ရတာပဲ ဖြစ်ဖြစ်၊ မဟာချင် အင်ပါယာက ကောင်းကျိုးရခဲ့မှာပဲ။ ဒါက အရမ်းကို ခမ်းနားကြီးကျယ်တဲ့ အဖြစ်အပျက် တစ်ခုဖြစ်နေပြီး တစ်ကမ္ဘာလုံးက အခုဆိုရင် စောင့်ကြည့်နေကြပြီ"

အခြားတစ်ဘက်မှ ဟင်းလင်းပြင်သည် ကွဲဟသွားခဲ့ကာ ရှီမိသားစု၏ ခေါင်းဆောင် ရှီဝူက ဖြည်းဖြည်းချင်း လှမ်းထွက်လာခဲ့သည်။ သို့သော်လည်း ပါရမီ ဇန်မာစတာကိုမူ အစအနပင် မတွေ့ခဲ့ရချေ။

ယုမိသားစုသည် အဖျက်ဆီး ခံလိုက်ရပြီ ဖြစ်၍ ပါရမီ ဇန်မာစတာသည် သူ၏ တာဝန်များ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ရှီဝူကို ဆက်လက်တားဆီးခြင်း မပြုတော့ပဲ ယုကျင်းတောင်သို့ ပြန်သွားခဲ့ပြီ ဖြစ်၏။

ရှီဝူသည် ရှီထျန်းရီနှင့် ရှီထျန်းဟောင်တို့အား ကြည့်နေခဲ့ကာ သူ၏မျက်နှာသည် မည်းမှောင်လျှက်ရှိသည်။

သူသည် မဟာချင် အင်ပါယာ၏ ဆုံးဖြတ်ချက်သည် ရှီမိသားစု အပေါ်တွင် မည်သို့ အကျိုးသက်ရောက်မှုများ ရှိမည်ကို စဥ်းစားရန် အချိန်မရခဲ့ပေ။ မဟာချင် အင်ပါယာသည် လက်ရှိအချိန်တွင် မိသားစုကြီးများကို ဖိနှိပ်ရန် ကြိုးစားနေခဲ့ပြီး သန့်စင်ရန်ဆန္ဒရှိနေသကဲ့သို့ ဖြစ်သည်။

သူသည် အင်မော်တယ်ဝိညာဥ် အဆင့်သို့ တက်လှမ်းနိုင်ကတည်းက အာရုံပျံ့လွင့်သည့်အချိန် မရှိသလောက်ပင် ဖြစ်သည်။ သို့သော်လည်း ယခု ရှီထျန်းဟောင်နှင့် ရှီထျန်းရီတို့ကို တွေ့လိုက်ရသောအခါ အာရုံပျံ့လွင့်သွားခဲ့သည်။

သူတို့ နှစ်ယောက်စလုံးတို့သည် မူလက ရှီမိသားစု၏ မျိုးဆက်များ ဖြစ်ကြသည်။

ရှီထျန်းဟောင်နှင့် ရှီထျန်းရီတို့သည် မတ်တတ်ရပ်နေကြကာ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။ အချိန်အတော်ကြာမှပင် သူတို့နှစ်ယောက်စလုံးက ပြိုင်တူခေါင်းညိတ်လိုက်ကာသည်။ "ငါကမင်းကို တစ်လအကြာမှာ စောင့်နေမယ်"

အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲများသည် ထိုဝမ်းကွဲ ညီအစ်ကို နှစ်ယောက်တို့အား ရှုပ်ထွေးနေသော အမူအရာများဖြင့် ကြည့်လိုက်သည်။

သူတို့၏ ရှည်လျားလှသော သက်တမ်းအတွင်းတွင် သူတို့သည် ပါရမီရှင်ပေါင်း မြောက်မြားစွာတို့ကို တွေ့ခဲ့ကြပြီး ဖြစ်သည်။ အရေအတွက်များမှာ များပြားလွန်းလှသဖြင့် သူတို့သည် ထုံသွားကြပြီ ဖြစ်၍ သူတို့အား အာရုံစိုက်ရန် စိတ်မဝင်စားကြတော့ပေ။

ရွှေရောင်ဗဟိုချက် အဆင့်မတိုင်ခင် တစ်ယောက်သည် နှစ်တစ်ရာထက် ပိုနေ၍ မရချေ။ အခြေတည် ဝိညာဥ် အဆင့် မတိုင်ခင် သူတို့သည် နှစ်တစ်ထောင်ထက် ပိုနေ၍ မရချေ။ အင်မော်တယ်ဝိညာဥ် အဆင့်သို့ ရောက်သွားပြီးသော အချိန်တွင် ကျန်သောအရာများသည် သိပ်ပြီး အရေးမပါတော့ပေ။

သို့သော်လည်း သူတို့၏ အရှေ့မှ 'ရှီကြီး'နှင့် 'ရှီလေး'တို့သည် သူတို့အား အံ့ဩမှင်သက်စေခဲ့သည်။

အကြီးတစ်ယောက်သည် ပိုမို တည်ငြိမ်သော အမူအရာရှိကာ သူရဲကောင်း စိတ်ဓာတ်နှင့် ရပ်တန့်၍ မရနိုင်သော အရှိန်အဟုန်နှင့် ရည်မှန်းချက် ရှိသည်။

အငယ်တစ်ယောက်သည် အနည်းငယ် ကလေးဆန်နေသေးသော်လည်း သူ၏ အလားအလာမှ ပို၍ပင် ကြီးမားလှသည်။ တစ်ချိန်တုံးက သူသည် နောက်ဆုံးထွက်သက် ရှူရခါနီး ဖြစ်နေသော ကလေးငယ်လေးပင် ဖြစ်နေခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် သူ၏ မဟာရန်သူ၏ အနောက်သို့ ထပ်ကြပ်မကွာ လိုက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

ရှီကျုံးယွဲ့၏ အကြည့်သည် အားလုံးသော လူများနည်းတူ 'ရှီလေး'၏ဘေးမှ ဖခင်ကဲ့သို့ ပုံရိပ်အား ကြည့်လိုက်သည်။ ထိုလူသည် ခရမ်းရောင် ဝတ်ရုံရှည် တစ်ခုအား ဝတ်ထားကာ အမြဲတမ်း ပူပန်ကြောင့်ကြမဲ့သည့်ပုံနှင့် သာမန် အမူအရာသာ ရှိနေသည်။ အပြုံးဖွဖွလေး အရိပ်အယောင် တစ်ခုကိုပင် တွေ့နိုင်သေး၏။

ပြီးတာနှင့် သူတို့သည် ရှီထျန်းဟောင်၏ဘေးတွင် ရှိနေသော ရှောင်ယန်အား ကြည့်လိုက်ကြ၏။

သူသည်လည်း ရှီထျန်းဟောင်ထက် လုံးဝ အောက်မကျသော မကြုံဖူးသည့် ပါရမီရှင် တစ်ယောက် ဖြစ်သည်။

ရှောင်ယန်သည် လင်းဖုန်း၏ တပည့်ကြီး ဖြစ်သည်။ သူ၏အဆင့်အတန်းမှာ အထင်သေး၍ မရချေ။ သို့သော်လည်း ပြင်ပမှလူများ၏ မျက်လုံးထဲတွင် သူသည် သူ၏ဂျူနီယာလေး ရှီထျန်းဟောင်လောက် ဆွဲဆောင်မှု မရှိလှပေ။

တစ်ဘက်တွင် ဇူရီနှင့် ရှီထျန်းဟောင်တို့၏ မိသားစု နောက်ခံများမှာ အနည်းငယ်ပို၍ ထူးခြားသောကြောင့် ဖြစ်သည်။ အခြားတစ်ဘက်တွင် ရှောင်ယန်သည် ယခင်က ယုကျင်းတောင်ပေါ်တွင် တံခါးပိတ် ကျင့်ကြံနေသောကြောင့် ဖြစ်သည်။

ရှကျိုးမြို့ပြင်မှ တိုက်ပွဲနှင့် ရှင်းယွင်တောင်ထိပ်တွင် မဟာချင် အင်ပါယာမှ အိမ်ရှေ့မင်းသား ရှီချုံးယွမ်နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး နောက်တွင်၊ ရှောင်ယန်သည် အားလုံး၏ မြင်ကွင်အတွင်းမှ ပျောက်သွားခဲ့သည်။

ပန်းတစ်ပွင့်က ခေတ္တမျှ ဖူးပွင့်ခဲ့ပြီး ကောင်းကင်ပေါ်တွင် ကြယ်တစ်ချက် ကြွေသွားသကဲ့သို့ ဖြစ်သည်။

သူသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ကိစ္စအတော်များများတွင် မပါဝင်ခဲ့သည့် အပြင်၊ သူ့ကိုယ်သူအား ပြင်ပတွင် တစ်ခါမှ မပြသခဲ့ပေ။

အခြားသူများကပင် ဇူရီသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်ကြီးဖြစ်သည်ဟု ထင်လာခဲ့ရသည် အထိဖြစ်သည်။

ဝမ်လင်း၏ အခြေခံအုတ်မြစ် စဦးပိုင်း အဆင့်မှ ရွှေရောင်ဗဟိုချက် စဦးပိုင်း အဆင့်သို့ လျှင်မြန်စွာနှင့် တက်ရောက်လာနိုင်ခြင်းသည်ပင်လျှင် ရှောင်ယန်ထက်ပို၍ လူအများ၏ ဂရုစိုက်ခြင်းကို ခံခဲ့ရသည်။

တစ်ချိန်က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ မဟာတပည့်ကြီးသည် ဤကဲ့သို့ပင် လူအများ၏ အရှေ့မှနေ၍ ပျောက်ကွယ်တိတ်ဆိတ်သွားခဲ့၏။

ယနေ့မှပင် ရှောင်ယန်သည် ကမ္ဘာအတွင်းတွင် ပြန်ပေါ်လာခြင်း ဖြစ်သည်။ သူသည် ဗိုလ်ကျလွှမ်းမိုးနိုင်သော မွန်းစတား တစ်ကောင်က ဆောင်းခိုနေရာမှ ထလာသည်နှင့် တူနေပြီး၊ အင်မော်တယ် ဝိညာဥ် အဆင့်မှ ယုရှင်းတောက်မှလွဲ၍ ကျန်သော ယုမိသားစုမှ ကျင့်ကြံသူ အားလုံးကို အနိုင်ယူခဲ့ကာ သူတစ်ယောက်တည်းနှင့်ပင် ယုမိသားစုကို ပြားပြားဝပ်လုနီးပါး ဖြစ်သွားအောင် လုပ်နိုင်ခဲ့သည်။

ထိုကဲ့သို့သော စွမ်းဆောင်ရည်အား အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်အုပ်စုတို့သည် လျစ်လျူရှုထား၍ မရတော့ပေ။

သူတို့သည် ရှောင်ယန်နှင့် ရှီထျန်းဟောင်တို့အား ကြည့်နေခဲ့ပြီး လင်းဖုန်းဘက်သို့ ပြန်ကြည့်လိုက်ကာ၊ သူတို့၏ အမူအရာများသည် ပို၍ပို၍ လေးနက်လာခဲ့သည်။ "သူက တကယ်ပဲ ဒီလိုမျိုး တပည့်တွေကို မွေးထုတ်ပေးနိုင်ခဲ့တာလား။ ပြီးတော့ သူတို့နှစ်ယောက်ပဲ မကသေးဘူး။ သူ့လက်အောက်မှာ တခြားတပည့်တွေ ရှိသေးတယ်"

လင်းဖုန်းသည် ရွှမ်းလင်သူတော်စင်အား ကြည့်လိုက်ကာ ငြိမ်သက်စွာနှင့် ပြောလိုက်သည်။ "ဒါဆိုရင်လည်း ခင်ဗျားနဲ့ ကျုပ်တို့က ဒီပြိုင်ပွဲကို ငြိမ်းချမ်းစွာနဲ့ စောင့်ကြတာပေါ့။ ဒါက ကျုပ်တို့တပည့်တွေရဲ့ ပထမဆုံး ထုံးတမ်းစဥ်လာအရ တွေ့ဆုံကြခြင်းပဲ။ ကျုပ်တို့က တစ်လအကြာမှာ ပြန်တွေ့ကြတာပေါ့"

ရှီထျန်းရီ၏ ပုံရိပ်ယောင်အား ခေါ်ဆောင်ပြီးသွားသောအခါ ရွှမ်းလင်သူတော်စင်၏ အမူအရာသည် ပုံမှန် အနေအထားသို့ ပြန်ရောက်သွားခဲ့သည်။ သူသည် လင်းဖုန်း၏ အကြည့်အား တူညီစွာပင် ထူးမခြားနား ပုံစံမျိုးဖြင့် ပြန်ကြည့်လိုက်ခဲ့၏။ "တစ်လကြာရင် အားလုံးကို သိရမှာပေါ့"

ပြီးတာနှင့် ရှီထျန်းရီ၏ ပုံရိပ်ယောင်သည် ပျောက်ကွယ်သွားခဲ့၏။ ရွှမ်းလင်သူတော်စင်သည်လည်း ဟင်းလင်းပြင် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။ သူ၏ဘေးမှ အမျိုးသမီး ကျင့်ကြံသူသည် အနည်းငယ် သက်ပြင်းချလိုက်ကာ သူ၏အနောက်မှ လိုက်သွားခဲ့၏။

ရွှမ်းမင်သူတော်စင် ယုရှင်းတောက်သည် လူသေတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ သူသည် လင်းဖုန်းအား ဒေါသမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သော်လည်း ဘာကိုမှ မပြောခဲ့ပေ။

ရွှမ်းမင်းသီအိုရမ်၏ မူလစိတ်ဝိညာဥ်သည် လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ပိုင်ရှင်မရှိတော့သော ရွှမ်းမင်လေးအား ရှောင်ယန်သည် မီးတောက်နဂါး ကောင်းကင် ချပ်ဝတ်တန်ဆာကို အသုံးပြု၍ သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။

လင်းဖုန်းသည် ယုရှင်းတောက်အား မျက်လုံးထောင့်ကပ်၍ သာမန်သာ ကြည့်လိုက်သည်။ သူ၏လက်ကို ဆန့်တန်း၍ တုန်ခါနေသော ရွှမ်းမင်လေးအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ၊ ရွှမ်းမင်လေးသည် ဘာမှ မတတ်နိုင်ပဲ လင်းဖုန်း၏ မှော်စွမ်းအင်အောက်တွင် ငြိမ်သက်သွားခဲ့သည်။

ယုရှင်းတောက်၏ မျက်လုံးမှာသည် နီရဲလာခဲ့ပြီး သူ၏ မျက်နှာမှာ ပို၍မည်းမှောင်လာခဲ့သည်။ သို့သော်လည်း သူ၏ မိသားစု မှော်ရတနာအား ပြန်ယူရန် မည်သို့မှမတတ်နိုင်တော့ပဲ အံကိုကြိတ်ကာ ရွှမ်းလင်သူတော်စင်တို့၏ အနောက်ကိုသာ လိုက်သွားခဲ့ရ၏။

"ယုရှင်းတောက်၊ မင်းကို ထွက်သွားဖို့ ဘယ်သူခွင့်ပြုလို့လဲ"

ထိုအချိန်တွင် လင်းဖုန်း၏ အသံသည် ကောင်းကင်ပေါ်မှ ထွက်လာခဲ့သည်။

ယုရှင်းတောက်သည် အေးခဲသွားခဲ့သည်။ ရွှမ်းလင်သူတော်စင်၏ မျက်မှောင်များသည် ကြုတ်သွားခဲ့ပြီး လင်းဖုန်းအား အမူအရာ ကင်းမဲ့စွာဖြင့် ကြည့်လိုက်သည်။

လင်းဖုန်းက သူ၏အကြည့်အား သာမန်သာ ပြန်ကြည့်လိုက်ကာ သူ့ကိုယ်သူ ပြောဆိုနေသကဲ့သို့ တီးတိုးရေရွတ်လိုက်၏။ "တချို့လူတွေက ပြန်လို့ရတယ်၊ တချို့ကတော့ ပြန်လို့မရဘူး"

ထိုစကားသည် ယုရှင်းတောက်ကိုသာ ရည်ရွယ်နေပုံ မရချေ။ ရွှမ်းလင်သူတော်စင်၏ မျက်လုံးအစုံမှာ တောက်ပလာခဲ့သည်။

လင်းဖုန်းသည် သူ့ထံမှ အကြည့်ကို လွှဲဖယ်လိုက်ပြီး ပျက်စီးနေသော ယုမိသားစု ဘိုးဘေးဘီဘင် နယ်မြေအား ဝေ့ကြည့်လိုက်သည်။ ယုမိသားစုမှ အသက်ရှင်နေကြသော မိသားစုဝင်အချို့တို့ ရှိနေကြသေး၏။

"ကျုပ်က သတ်ဖြတ်ခြင်းကို မနှစ်သက်ဘူး။ ထျန်းဟောင်ရဲ့ မိသားစုကို လိုက်လံလုပ်ကြံခဲ့တဲ့ အခြေတည် ဝိညာဥ် အဆင့်က ကျင့်ကြံသူတွေ အားလုံးကို အပြတ်ရှင်းပြီးသွားပြီ။ ကျန်တဲ့ မဆိုင်တဲ့ ယုမိသားစုဝင်တွေကိုတော့ ပြဿနာ မရှာတော့ဘူး" လင်းဖုန်းက သာမန်သာ ပြောလိုက်သည်။ "ဒါပေမဲ့ သေချာမှတ်ထားကြပါ၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ပြဿနာ လာရှာတဲ့သူတွေတိုင်းဟာ ကမ္ဘာပေါ်ကနေ အပြတ်ရှင်းခြင်းကို ခံရမယ်"

သူ၏မျက်လုံးများသည် ယုရှင်းတောက်ထံသို့ ကျရောက်သွားခဲ့သည်။ "ယုရှင်းတောက်၊ ငါကမင်းကို ခွန်းလွန်တောင်မှာတုံးက တစ်ခေါက် လွှတ်ပေးပြီးပြီ။ ဒီတစ်ခေါက်မှာ မင်းက မလွတ်မြောက်နိုင်တော့ဘူး"

ဟင်းလင်းပြင် ဘုရားကျောင်းမှ အမျိုးသမီး ကျင့်ကြံသူသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "ရှင်က ရွှမ်းမင်သီအိုရမ်ကိုလည်း ဖျက်ဆီးပြီးပြီ၊ ယုမိသားစုရဲ့ ဘိုးဘေးဘီဘင် နယ်မြေကိုလည်း ပြားပြားဝပ်အောင် လုပ်ပြီးပြီ။ အငြိုးအတေးတွေ၊ လက်စားချေမှုတွေလည်း လုံလောက်လောက်ပါပြီ။ ဒီလောက်အထိကြီး အငြိုးကြီးကြီးနဲ့ လွန်လွန်ကဲကဲ လုပ်ဖို့ လိုလို့လား"

"ရွှမ်းမင်သူတော်စင်က အင်မော်တယ်ဝိညာဥ် အဆင့်ကို ရောက်ဖို့ဆိုတာက လွယ်တာမဟုတ်ဘူး။ အင်မော်တယ်ဝိညာဥ် အဆင့်က ကျင့်ကြံသူတိုင်းက လူသားကျင့်ကြံမှု ကမ္ဘာမှာ အရမ်းအဖိုးတန်တယ်။ ရှင်က ဘာဖြစ်လို့ သူ့ကို အပြတ်ရှင်းချင်နေရတာလဲ"

လင်းဖုန်းက သာမန်သာ ပြုံးလိုက်သည်။ "လူသားကျင့်ကြံမှုကမ္ဘာက ထိပ်သီးကျင့်ကြံသူတွေက မိစ္ဆာမျိုးနွယ်စုတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ ညီညွှတ်ဖို့ လိုအပ်တယ်။ ဒါကြောင့်ပဲ ကျုပ်က ကျုပ်လုပ်စရာ ရှိတဲ့ အရာတွေကို လုပ်ရတာပေါ့"

သူသည် မျက်နှာကြီး မည်းမှောင်နေသည့် ယုရှင်းတောက်အား လက်ညှိုးထိုးကာ ပြောလိုက်သည်။ "အနာဂတ်မှာ ကမ္ဘာနှစ်ခုအကြားက စစ်ပွဲဖြစ်ခဲ့ရင်၊ ကျုပ်က အချင်းချင်းရဲ့ နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေကို မမြင်ချင်ဘူး"

"ကျုပ်က မကြောက်ပေမဲ့ ဒါကို မုန်းတီးတယ်" လင်းဖုန်းက ဆက်ပြောလိုက်သည်။ "ဒါကြောင့် ဒီပြဿနာကို ကျုပ်က ချက်ချင်းဖြေရှင်းမှရမယ်"

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

Continue Reading

You'll Also Like

545K 74.8K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
101K 12.7K 91
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
48.2K 5.3K 93
စုပင်းတစ်ယောက် အိပ်နေရင်း သူနေထိုင်တဲ့ ကမ္ဘာထက်ပိုအဆင့်မြင့်တဲ့ အခြားကမ္ဘာတစ်ခုကို ကူးပြောင်းရောက်ရှိသွားပြီး ထိုကမ္ဘာသည် နည်းပညာမြင့်သော်လည်း ကြယ်တ...
80.8K 8.9K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...