ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.6K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆

393 47 2
By KazunoMora

စာစဥ် ၂၆ : အပိုင်း ၁၄

အပိုင်း ၄၈၄ : မူလ ကောင်းကင်နှင့်မြေကြီး ခွဲခြမ်းခြင်း နည်းစနစ်

"ဝင်္ကပါကို တည်ဆောက်ကြစမ်း!"

ရှောင်စန်း ဓားမာစတာ၏ ဟိန်းဟောက်သံ အပြီးတွင်၊ လီရှုံ ဓားမာစတာ၊ ရှောင်ဇီ ဓားမာစတာနှင့် ကွမ်းချုံ ဓားမာစတာတို့သည် နောက်ဆုတ်သွားကြသည်။

ချင်းထျန်း ဓားမာစတာနှင့် ယင်ယွဲ့ ဓားမာစတာတို့သည်၊ ဓားမှော်ကျိန်စာတစ်ခုကို လေးနက်စွာနှင့် ထုတ်ဖော်လိုက်ကြသည်။ သူတို့သည် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။ "ခံစားခြင်း!" သူတို့၏ အသံများ ပဲ့တင်ရိုက်လာသည်နှင့် တစ်ချိန်တည်း၊ ဓားအလင်းတန်း နှစ်တန်းတို့သည် ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။

တစ်တန်းသည် တည်ငြိမ်၍ အေးချမ်းနေကာ၊ အခြားတစ်တန်းမှာ ခန့်မှန်း၍ မရပေ။ သူတို့သည် အဆုံးမဲ့ ပင်လယ်ဘုရင်နှင့် ကောင်းကင်သယ်ဆောင် ဧကရာဇ်တို့၏ တိုက်ခိုက်မှုများကို အားသုံး၍ တားဆီးလိုက်ကြသည်။

ထိုအင်အားမှာ အင်မော်တယ်ဝိညာဥ် ပထမ အဆင့်မှ ကျင့်ကြံသူတစ်ယောက် ရှိသင့်သည့် အင်အားမဟုတ်ပေ။

အားလုံးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၍၊ နတ်ကောင်းကင် ဓားအကြီးအကဲက လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။ "ဒါက ရှောင်ယမ်ဓားနဲ့ မဟာလမင်း ဓားပဲ ဖြစ်တယ်!"

ထိုအချိန်တွင် ချင်းထျန်း ဓားမာစတာနှင့် ယင်ယွဲ့ ဓားမာစတာတို့သည် သူတို့၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားများကို ဖော်ပြလိုက်ကြကာ၊ သူတို့၏ အင်မော်တယ် ဝိညာဥ်များကို ဓားရှည်နှစ်ချောင်း အတွင်းသို့ ထည့်သွင်းလိုက်ကြသည်။

သူတို့သည် ကျယ်ပြန့်၍ စွမ်းအားကောင်းသည့် မှော်ဓားပျံ နှစ်ခုတို့ ဖြစ်ကြသည်။ အဆုံးမဲ့ ဓားအော်ရာတို့သည် အရပ်မျက်နှာ ပေါင်းစုံသို့ ကျယ်ပြန့်သွားကြ၏။ ဒါသည် သာမန် မှော်ရတနာ တစ်ခု ပိုင်ဆိုင်နိုင်သော အရာများ မဟုတ်ကြပေ။

စူတောင်တွင် လူသတ်ရာတွင် အသုံးပြုသည့် စွမ်းအားကြီးသည့်၊ ကောင်းကင် ဓားရတနာ တစ်ခု ရှိမှန်း လူတိုင်းက သိထားကြသည်။ သူ၏ စွမ်းအားများသည် အဆုံးမဲ့ဖြစ်၍၊ စူတောင်၏ ကောင်းချီးမင်္ဂလာကို တည်ငြိမ်အောင် ပြုလုပ်ရာတွင် အသုံးပြုထားခဲ့သည်။

ကမ္ဘာနှစ်ခု အကြားမှ တိုက်ပွဲအပြီးတွင်၊ သူသည် ပေါ်မလာခဲ့သည်မှာ နှစ်ပေါင်း ၄၀၀၀ ရှိခဲ့ပြီ ဖြစ်သည်။

ဤကောင်းကင် ရတနာဓား၏ အောက်တွင်၊ စူတောင်မှ ဓားခြောက်ချောင်းတို့ ရှိကြသည်။ သူတို့သည် ဓားမာစတာ ခြောက်ဦးတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိကာ၊ ဂုဏ်သတင်း ကျော်ကြားသည့် နာမည်ကြီး မှော်ရတနာများ ဖြစ်ကြသည်။ သူတို့အား ကျင့်ကြံခဲ့သည်မှာ နှစ်ပေါင်း သိန်းနှင့်ချီ၍ ရှိခဲ့ပြီ ဖြစ်ကာ၊ သူတို့၏ စွမ်းအားများသည် ဆက်လက်၍ တိုးတက်နေကြ၏။ ထိုဓားတစ်ချောင်းစီမှာ ကောင်းကင်နှင့် မြေကြီးအပေါ်တွင် ထင်တိုင်းသောင်းကျန်းနိုင်စွမ်း ရှိကြသည်။

ယခုအချိန်တွင် ထိုဓားခြောက်လက် အနက်မှ ဒုတိယ အစွမ်းအထက်ဆုံး ဓားသည်၊ အားလုံးတို့၏ အရှေ့တွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။

ရှောင်ယမ်ဓားသည် အလျားဆယ်ပေ တစ်လက်မရှိကာ၊ သူ၏ဓားသွားသည် တစ်ပေကျယ်ပြန့်၏။ ဓား၏ ကိုယ်ထည်သည် ရိုးစင်းလေးနက်ကာ လုံးဝန်းနေ၏။

ဓားသွား၏ အနားများသည် မထက်မြက်ပဲ၊ ချွန်ထက်သော ထိပ်ဖျားသာ ရှိ၏။

သူသည် တရားမျှတမှု၏ ခမ်းနားသော အာရုံကို ကိုယ်စားပြုထားကာ၊ လူအားလုံး၏ နှလုံးသားကို သိမ်းပိုက်စေနိုင်သည့် တည်ငြိမ်အေးချမ်းသည့် ဓားတစ်ချောင်း ဖြစ်သည်။ သူသည် အနာအဆာ ကင်းမဲ့၍ ပြိုင်ဘက်ကင်းသည်။

မဟာလမင်း ဓား၏ လက်ကိုင်ကို သာမန်မျက်လုံးများနှင့် မြင်နိုင်သော်လည်း၊ သူ၏ ဓားသွားများကိုမူ မမြင်နိုင်ချေ။ ဓားလက်ကိုင်၏ အပေါ်တွင် သိပ်သည်းလှသည့် မြူခိုးငွေ့တစ်ခု ရှိကာ၊ လွင့်မျောနေ၍ ခန့်မှန်းရ ခက်လှပေသည်။

မြူခိုးငွေ့ အလွှာများ၏ကြားတွင် တောက်ပလှသည့် ဓားအလင်းတန်းကို ရေးရေးလေး တွေ့နိုင်ပေသည်။ သူသည် လရောင်ပမာ ဘဝ၏ မတည်မြဲခြင်းနှင့်၊ အဆက်မပြတ် ဖြစ်ပေါ်နေသော ပြောင်းလဲမှုတို့ကို ဖော်ပြနေခဲ့သည်။

မဟာလမင်း ဓားမာစတာသည် ကြွေလွင့်သွားခဲ့ပြီး၊ ရှောင်ယမ် ဓားမာစတာကလည်း မလာခဲ့ပေ။ ဓားမာစတာ ခြောက်ဦးအနက်တွင်၊ လေးယောက်သာ ရှိနေကြ၏။

သို့သော်လည်း ချင်းထျန်း ဓားမာစတာနှင့် ယင်ယွဲ့ ဓားမာစတာတို့သည် ရှောင်ယမ်ဓားနှင့် မဟာလမင်း ဓားတို့ကို တစ်ပါတည်း ယူဆောင်လာကြသည်။ သူတို့၏ ကျင့်ကြံမှု အဆင့်နှင့် ထိုဓားများကို ဆင့်ခေါ်လိုက်လျှင်၊ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ဖြစ်၍ သူတို့သည် ယခင်က အသုံးမပြုခဲ့ကြပေ။

သို့သော်လည်း ယခုအချိန်တွင် သူတို့သည် ဂရုမစိုက်နိုင်ကြတော့ပေ။ သူတို့သည် ထိုဓားနှစ်လက်ကို ဖော်ထုတ်လိုက်ကာ ရှောင်စန်း ဓားမာစတာတို့ လေးယောက်နှင့် ပူးပေါင်းလိုက်ပြီး၊ တောင်ခြောက်လုံး နတ်ဓားဝင်္ကပါကို ဖန်တီးလိုက်ကြသည်။

ရှောင်စန်း ဓားမာစတာ၊ ရှောင်ဇီ ဓားမာစတာ၊ လီရှုံ ဓားမာစတာ၊ ကွမ်းချုံ ဓားမာစတာနှင့် ရှောင်ယမ်ဓားနှင့် မဟာလမင်းဓားတို့ကို ကိုင်ဆောင်ထားကြသည့်၊ ချင်းထျန်း ဓားမာစတာနှင့် ယင်ယွဲ့ ဓားမာစတာတို့သည် ဆဋ္ဌဂံပုံစံအတိုင်း နေရာယူလိုက်ကြကာ ဝင်္ကပါတစ်ခုကို ဖန်တီးလိုက်သည်။

ထိုအချိန်တွင် ရက်စက်ခက်ထန်သည့် အော်ရာတစ်ခုသည်၊ လေဟာနယ် တစ်ခုလုံးအား ပြည့်သွားကာ တဖျတ်ဖျတ် လှုပ်ခါစေခဲ့သည်။

ရှောင်စန်း ဓားမာစတာနှင့် ကျန်သောသူများကို အလယ်ဗဟိုတွင်ထားကာ၊ အလင်းတန်း ခြောက်တန်းတို့သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြသည်။ ထိုအလင်းတန်း တစ်ခုချင်းစီတွင် အဆုံးစွန် ကျင့်ကြံထားသည့် ဓားပညာရပ် တစ်ခုစီ ပါဝင်ကြ၏။

ရှောင်စန်း ဓားမာစတာအား အလယ်တွင် ထားထားသည့် အလင်းတန်းမှာ အထူထဲဆုံး ဖြစ်သည်။ အလင်းတန်းသည် ကြောက်မက်ဖွယ်ရာ လင်းလက်နေခဲ့သည်။ သူ၏ ဓားအော်ရာသည် အကြမ်းတမ်းဆုံး ဖြစ်ကာ၊ သူ့အား ဖျက်ဆီး၍မရပဲ ကမ္ဘာအတွင်းမှ အရာအားလုံးကို ဖျက်ဆီးချင်နေခဲ့၏။

ရှောင်ဇီ ဓားမာစတာ ဆင့်ခေါ်လိုက်သည့် အလင်းတန်းသည် ကြည်လင်နေ၍ ထွင်းဖောက်မြင်နေရကာ၊ အချိန်ကာလ၏ စွမ်းအား သဘောတရားများကို ထည့်သွင်းထားခဲ့သည်။ သူ၏ အတွင်းတွင် မရေမတွက်နိုင်သော အလင်းတန်း ပုံရိပ်များ လင်းလက်နေကြ၏။

ကွမ်းချုံ ဓားမာစတာသည် ငြိမ်သက်နေခဲ့ကာ၊ သူ၏ပတ်ပတ်လည်မှ အလင်းတန်းသည် လုံးဝအနက်ရောင် ဖြစ်သည်။ သူသည် အလွန်အမင်း လေးလံသည့် သန့်စင်သည့် သံပမာ ဖြစ်နေခဲ့၏။ တစ်ချိန်တည်းတွင်ပင် သူသည် ကောင်းကင်အား ထောက်ကန်ထားသည့် တိုင်လုံးတစ်လုံးပမာ ဖြစ်နေခဲ့သည်။

လီရှုံ ဓားမာစတာ၏ အနားတွင် ရှိနေသော အလင်းတန်းသည် အားအနည်းဆုံး ဖြစ်သည်။ သူသည် ချင်းထျန်း ဓားမာစတာနှင့် ယင်ယွဲ့ ဓားမာစတာတို့၏ အလင်းတန်းများကိုပင် မယှဥ်နိုင်ခဲ့ပေ။ သူသည် အားနည်းနေသည်ဟု ထင်နေရသော်လည်း၊ ထိုအလင်းတန်းတွင် လွန်စွာ ကြမ်းတမ်းခက်ထန်သော အော်ရာတစ်ခု ပါဝင်နေခဲ့သည်။ သူ၏ လူသတ်လိုစိတ်မှာ ဓားခြောက်ချောင်း အနက်တွင် အပြင်းထန်ဆုံး ဖြစ်သည်။

ချင်းထျန်း ဓားမာစတာသည် သူ၏ အင်မော်တယ်ဝိညာဥ် တစ်ခုလုံးအား၊ ဤအချိန်တွင် ရှောင်ယမ်ဓား အတွင်း၌ ထည့်သွင်းထားခဲ့သည်။ ရှောင်ယမ်ဓားသည် လေဟာနယ် အတွင်းတွင် ငြိမ်းချမ်းစွာနှင့် လွင့်မျောနေခဲ့၏။ ဓားသည် အပေါ်သို့ ဦးတည်ထားကာ ခမ်းနားထည်ဝါသော ဓားအလင်းတန်းသည်၊ အံ့ဩဖွယ်ရာ အော်ရာများကို ထုတ်ဖော်နေ၏။

ယင်ယွဲ့ ဓားမာစတာသည်လည်း ချင်းထျန်း ဓားမာစတာကဲ့သို့ပင်၊ သူ၏ အင်မော်တယ်ဝိညာဥ်အား မဟာလမင်း ဓားအတွင်းတွင် မြှုပ်နှံထားခဲ့သည်။ သူသည် ဓားခြောက်လက် အနက်တွင် အထူးခြားဆုံး ဖြစ်၏။ အခြား ဓားငါးလက်စလုံးတို့သည် ဓားအလင်းတန်းများကို ဖော်ပြထားသော်လည်း၊ သူ၏ ဓားအော်ရာ တစ်ခုသာလျှင် မြူခိုးငွေ့များနှင့် တူနေခြင်း ဖြစ်သည်။ မြူခိုးငွေ့များသည် ကောင်းကင်ကိုးလွှာ၏ အပေါ်သို့ ထိုးတက်သွားကြသောအခါ၊ သူတို့သည် တိမ်တိုက်များအဖြစ်သို့ ပြောင်းသွားကြသည်။

စူတောင်မှာ ဓားခြောက်ချောင်းတို့ ပေါင်းစည်းမိသောအခါ၊ သူတို့သည် သူတို့၏ ဓားအော်ရာများကို အစွမ်းကုန် ဖော်ထုတ်လိုက်ကြသည်။ ကြောက်မက်ဖွယ်ရာ ဓားအော်ရာများကို ပေါင်းစည်းလိုက်ခဲ့သောအခါ၊ သူတို့သည် လေဟာနယ်ကို ချိုးဖောက်သွားကြ၏။ အက်ကွဲကြောင်းများမှတဆင့် အဝေးမှ စကြာဝဠာ နဂါးငွေ့တန်းမှ ကြယ်စင်များအား မြင်နေရသည်။

ပို၍ကြောက်စရာကောင်းသည့် အချက်မှာ စူတောင်ဓားခြောက်ချောင်းတို့၏ ဓားအော်ရာများသည် တစ်ခုနှင့်တစ်ခု တသားတည်း ဖြစ်သွားကြကာ၊ အချင်းချင်း အထောက်အပံ့ ပေးကြ၍ စွမ်းအားများ ကြီးထွားလာကြခြင်း ဖြစ်သည်။

အကယ်၍ ဓားနှစ်ချောင်းတည်း ရှိလျှင်ပင် သူတို့၏ စွမ်းအားများသည် အချင်းချင်း အထောက်အပံ့ ပေးနိုင်ကြ၍၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာကြမည် ဖြစ်သည်။ ယခုအချိန်တွင် ဓားခြောက်ချောင်း ရှိနေကြသဖြင့်၊ သူတို့၏ စွမ်းအားများမှာ ဆတက်ထမ်းပိုး တိုးတက်လာခဲ့သည်။

တောင်ခြောက်လုံး နတ်ဓားဝင်္ကပါသည် နတ်ဘုရား နယ်မြေအတွင်းတွင် နာမည်ကြီးသည့် လူသတ်ဝင်္ကပါ တစ်ခုဖြစ်၏။ လူသားကျင့်ကြံမှု ကမ္ဘာ၏ သမိုင်းအတွင်းတွင် ထိုဝင်္ကပါကို ထုတ်ဖော်ခဲ့သည့် အချိန်တိုင်းတွင်၊ အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်ယောက်သည် ကြွေလွင့်ရမြဲ ဖြစ်သည်။ ထိုသို့မဖြစ်ခဲ့သည့် အကြိမ် တစ်ကြိမ်မှ မရှိခဲ့ပေ။

နတ်ကောင်းကင် ဓားအကြီးအကဲသည် ထိုမြင်ကွင်းကို တွေ့လိုက်ရသောအခါ၊ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ "တောင်ခြောက်လုံး နတ်ဓားဝင်္ကပါက တကယ်ကိုပဲ ကြောက်မက်ဖွယ်ရာ ကောင်းလှပါပေတယ်"

ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့အတွင်းမှ ဒုတိယ စွမ်းအားအကြီးဆုံး ဂိုဏ်းအနေနှင့်၊ ကောင်းကင်မာစတာ ဓားဂိုဏ်းသည် တစ်နေ့တွင် စူတောင်ဓားဂိုဏ်း၏ နေရာကို စိန်ခေါ်နိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့်၊ သူတို့၏ စွမ်းရည်များကို အဆက်မပြတ် တိုးတက်အောင် ကြိုးစားနေကြသည်။ သူတို့သည် ဓားပညာရပ်တွင် နံပါတ်တစ် မြင့်မြတ်နယ်မြေဟု အခေါ်ခံချင် နေကြသည်။

သို့သော်လည်း အချိန်ကြာလာလေလေ၊ ဒါသည် ဝေးကွာသော အိမ်မက်တစ်ခု ဖြစ်လာခဲ့သည်။

နေမင်းအလင်းတန်း ဓားမာစတာသည် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "သူတို့က ဒီဝင်္ကပါကို ဖန်ဆင်းနိုင်ဖို့အတွက်၊ ရှောင်ယမ်ဓားနဲ့ မဟာလမင်း ဓားတို့ကို ယူလာခဲ့တာပဲ"

"လင်းဖုန်းက ဘာများ လုပ်ပြဦးမှာလဲ" အားလုံးသည် လင်းဖုန်းအား ကြည့်လိုက်ကြရာ၊ သူသည် အဖြားယောင်း ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် တောင်ခြောက်လုံး နတ်ဓားဝင်္ကပါအား စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေခဲ့သည်။

"သူက ဝင်္ကပါ တည်ဆောက်နေတာကို တားဆီးဖို့တောင် မကြိုးစားဘူး။ သူက သွေးပျက်သွားပြီလား"

လင်းဖုန်းသည် လုံးဝမလှုပ်ရှားခဲ့ပဲ၊ ရှောင်စန်း ဓားမာစတာကလည်း လုံးဝ မညှာတာခဲ့ပေ။ သူတို့ခြောက်ယောက်သားတို့သည် သူတို့၏ စွမ်းအားများကို အစွမ်းကုန် ထုတ်လိုက်ကြကာ၊ အစွန်းရောက် ဓားအော်ရာ ခြောက်မျိုးတို့သည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားကြပြီး၊ အဖြူရောင် ဟင်းလင်းပြင် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ဤတွင်းနက်ကြီး အတွင်းတွင် လေစီးကြောင်းများ အဆက်မပြတ် စီးဆင်းနေကြ၍၊ အတွင်းမှနေ၍ ကြောက်မက်ဖွယ်ရာ စွမ်းအား သဘောတရား တစ်ခုသည် မွေးဖွားလာခဲ့သည်။

ပန်လေကျိသည် နာကျင်စွာနှင့် ရယ်လိုက်သည်။ "လာပြီ၊ လာပြီ။ သူတော်စင် ကောင်းကင်ဓားချီက ရောက်လာခဲ့ပြီ။ ဒါက တောင်ခြောက်လုံး နတ်ဓားဝင်္ကပါရဲ့ ကြောက်စရာအကောင်းဆုံး အပိုင်းဖြစ်တယ်"

စူတောင်မှ ဓားခြောက်လက်တို့သည် အစွမ်းကုန် ဖော်ထုတ်ခဲ့ကြသော်လည်း၊ သူတို့သည် အရင်းအမြစ် တစ်ခုအတွင်းမှ လာခဲ့ခြင်း ဖြစ်သည်။ ဒါသည် သူတော်စင် ကောင်းကင်ဓားချီ ဖြစ်သည်။

တောင်ခြောက်လုံး နတ်ဓားဝင်္ကပါသည် မူလကောင်းကင် ကမ္ဘာတွင် ကျော်ကြားနေရခြင်းမှာ၊ သူ၏ စွမ်းအားကို အစွမ်းကို ဖော်ထုတ်နိုင်သော အချိန်တွင် သူတော်စင် ကောင်းကင်ဓားချီကို ဖော်ထုတ်နိုင်ခြင်းကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် အဖြူရောင် ဟင်းလင်းပြင် အတွင်းမှ ဓားအော်ရာ တစ်တန်းသည် ထွက်လာခဲ့ကာ လင်းဖုန်းအား တိုက်ခိုက်လိုက်သည်။

ထိုဓားအော်ရာသည် လေပြည်လေညင်းကဲ့သို့ အားနည်းနေသည်ဟု ထင်ရသော်လည်း၊ သူသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

သူသည် ကောင်းကင်နှင့် မြေကြီးတို့အား ခွဲခြမ်းနိုင်သည့်၊ အံ့ဩတုန်လှုပ်ဖွယ်ရာ စွမ်းအား သဘောတရားကို သယ်ဆောင်ထားသည်။ သူသည် ဓားပညာရပ်ပေါင်း ထောင်ပေါင်းများစွာကို ထုတ်လုပ်နိုင်သည်။ သူသည် ဓားအားလုံးတို့၏ အနှစ်သာရဖြစ်ပြီး၊ ကမ္ဘာအတွင်းမှ ဓားပညာရပ် အားလုံးတို့၏ အရင်းအမြစ် ဖြစ်သည်။

ဒါသည် အရင်းအမြစ် ဖြစ်သလို နောက်ဆုံးပန်းတိုင်လည်း ဖြစ်၏။

ထိုဓားအော်ရာ ထွက်ပေါ်လာသည်နှင့် ဤနေရာတွင် ရှိနေကြသောသူ အားလုံးတို့သည်၊ မသဲမကွဲနှင့် ညည်းညူလိုက်ကြသည်။ နတ်ကောင်းကင် ဓားအကြီးအကဲဖြစ်စေ၊ ဆီးနှင်းပျံ ဓားမာစတာ ဖြစ်စေ၊ အလင်းဓားမြန် ဓားမာစတာ၊ သို့မဟုတ် နေမင်းအလင်းတန်း ဓားမာစတာနှင့် ပန်လေကျိတို့ ဖြစ်စေ၊ သူတို့၏ ခန္ဓာကိုယ်များသည် တုန်ခါသွားကြသည်။

သူတို့၏ စိတ်ဝိညာဥ်များသည် တုန်လှုပ်သွားကြကာ၊ အညံ့ခံလိုသော စိတ်များ ပေါ်လာကြသည်။ ဒါသည် သူတို့၏ ဓားဝိညာဥ်များ၏ လှုပ်ရှားမှုဖြစ်သည်။

ဒါသည် ကမ္ဘာဦးအစက လှုံ့ဆော်မှု တစ်ရပ်ကဲ့သို့ ဖြစ်၏။ ယုန်တစ်ကောင်က ခြင်္သေ့ကို တွေ့လိုက်ရသကဲ့သို့၊ နှံကောင်တစ်ကောင်က စာကလေး တစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်၏။

အရှင်သခင်သည် သူ၏ လက်အောက်ငယ်သားအား သေစေလိုသောအခါ၊ လက်အောက်ငယ်သားသည် သေကိုသေရပေမည်။ ဒါသည် သူတို့ခံစားခဲ့ရသည့် သိမ်ငယ်သော ခံစားချက်ဖြစ်သည်။

ဒါတွေအားလုံး၏ အရင်းခံသည် အားနည်းသည်ဟု ထင်နေရသောလည်း၊ ကြောက်မက်ဖွယ်ရာ ဓားအော်ရာမှ အရင်းခံလာခြင်း ဖြစ်သည်။

သူတော်စင် ကောင်းကင်ဓားချီ!

သူတော်စင် ကောင်းကင်ဓားချီကို ထုတ်လွှတ်လိုက်သည်နှင့်၊ ကျန်သောဓားများသည် ဝပ်တွားဦးညွှတ်ရပေမည်။

ဤဓားသည် မူလကောင်းကင် ကမ္ဘာအတွင်းမှ ဓားပညာရပ်များ၏ ဘုရင်ဖြစ်သည်။ သူထွက်ပေါ်လာသည်နှင့် တပြိုင်နက်၊ ကျန်သောဓားများက ခစားကြရပေမည်။

ကျယ်ပြန့်သော ပင်လယ်ဓားဂိုဏ်းမှ အခြေတည် ဝိညာဥ် အဆင့် ဓားကျင့်ကြံသူသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်၏။ သူ၏ အခြေတည် ဝိညာဥ်သည် သူ၏ကိုယ်တွင်းမှ ထွက်လာတော့မည်ကဲ့သို့ ဖြစ်သွားခဲ့၏။

နတ်ကောင်းကင် ဓားအကြီးအကဲနှင့်၊ ကျန်သော အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲများသည် မျက်စိမျက်နှာများ ပျက်နေကြသည်။ သူတို့သည် သူတော်စင် ကောင်းကင်ဓားချီ ထုတ်ဖော်ခဲ့သည့် ဖိအားများကို ခုခံနိုင်ခဲ့သော်လည်း၊ အလွန်အမင်းကို မသက်မသာ ခံစားနေရသည်။ သူတို့၏ စွမ်းအားများ မလုံလောက်ခြင်းအပြင်၊ စိတ်ပိုင်းဆိုင်ရာ အနေနှင့်လည်း နိမ့်ကျခြင်းကို ခံစားနေခဲ့ရသည်။

အဘယ်ကြောင့် ဂိုဏ်းများ အများအပြားတို့သည် စုစည်း၍၊ စူတောင်ဓားဂိုဏ်းကို အာခံချင်နေရပါသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့ကသာ မခုခံခဲ့လျှင်၊ သူတို့သည် စူတောင်ဓားဂိုဏ်း၏ လက်အောက်ခံများသာ ဖြစ်သွားခဲ့မည်ကြောင့် ဖြစ်သည်။

ဤအင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲများအနေဖြင့် ထိုကဲ့သို့သော ရန်သူနှင့် ရင်ဆိုင်ခဲ့ရသောအခါ၊ သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ အညံ့မခံရန် ဖြစ်သည်။ သူတို့သည် အချင်းချင်း ပူးပေါင်းကြကာ၊ သူတို့၏ ပြိုင်ဘက်ကို ရင်ဆိုင်ကြမည် ဖြစ်၏။

သို့သော်လည်း သူတို့သည် သူတော်စင် ကောင်းကင်ဓားချီနှင့် ရင်ဆိုင်ခဲ့ရသောအခါ၊ ကူရာမဲ့နေသကဲ့သို့ ခံစားနေခဲ့ကြရသည်။

ယခုအချိန်တွင် ကြောက်မက်ဖွယ်ရာ သူတော်စင် ကောင်းကင်ဓားချီသည် လင်းဖုန်းအား တိုက်ခိုက်နေခဲ့လေပြီ။

ထိုဓားချီအတွင်းမှ စွမ်းအား သဘောတရားသည် လွန်စွာမှ သန့်စင်၍ ရိုးရှင်းသည်။ သူသည် သူ၏ အရှေ့တွင် ပိတ်ဆို့နေမှု မှန်သမျှကို ဖြတ်တောက်ကျော်လွှားသွားမည် ဖြစ်သည်။

သူ့အား ပိတ်ဆို့တားဆီးရန် ကြိုးစားမှု မှန်သမျှသည် အချည်းနှီး ဖြစ်သည်။

ရှောင်စန်း ဓားမာစတာ၊ ရှောင်ဇီ ဓားမာစတာ၊ ကွမ်းချုံ ဓားမာစတာ၊ လီရှုံ ဓားမာစတာ၊ ချင်းထျန်း ဓားမာစတာ၊ ယင်ယွဲ့ ဓားမာစတာတို့သည် တပြိုင်နက် အော်ဟစ်လိုက်ကြသည်။ "စူတောင်ဟာ ဓားတွေရဲ့ နယ်မြေဖြစ်တယ်! အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်၊ သူတော်စင် ကောင်းကင်ဓားချီကို ရင်ဆိုင်လိုက်ပါ!"

တိမ်တိုက်တောအုပ် ကမ္ဘာအတွင်းတွင်၊ လင်းဖုန်းသည် ရှင်းလုံစန်းထံမှ သူတော်စင် ကောင်းကင်ဓားချီကို ရင်မဆိုင်ခဲ့ပေ။

သို့သော်လည်း ယခုအချိန်တွင် ပြန်တွေ့သောအခါ၊ လင်းဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများမှနေ၍ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ရှင်းလုံစန်းဆိုရင်တော့ ပိုကောင်းမယ်။ ဒါပေမဲ့ မင်းတို့တတွေကတော့ ဘာမှမဟုတ်ဘူး"

လင်းဖုန်းသည် နောက်ဆုံးတွင် လှုပ်ရှားခဲ့လိုက်သည်။ သူ၏ လက်ဝါးအစုံကို ပူးကပ်လိုက်ရာ၊ သူ၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ် လေးခုတို့သည် တပြိုင်နက်တည်း ပြိုကွဲသွားခဲ့သည်။

မြေ၊ ရေ၊ လေ၊ မီးတို့၏ အကန့်အသတ်မဲ့၊ အဆုံးမဲ့ ပုံရိပ်များသည် လေဟာနယ် တစ်ခုလုံးအား ဖရိုဖရဲ ဖြစ်စေခဲ့သည်။

သို့သော်လည်း လင်းဖုန်းသည် ထိုပုံရိပ်လေးခုကို ဤအချိန်တွင် ထင်ရာမစိုင်းစေခဲ့ပေ။ သူ၏ မှော်စွမ်းအင်များကို အသုံးပြုကာ၊ ထိုပုံရိပ်လေးခုအား တည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။

မြေ၊ ရေ၊ လေ၊ မီးတို့၏ ပုံရိပ်များသည် သူတို့၏ နဂိုနေရာသို့ ပြန်ရောက်လာကြကာ၊ တည်ငြိမ်လာခဲ့သည်။ လေဟာနယ်-အချိန်ကာလ ထကြွလှုပ်ရှားမှုများ အကြားမှ ပူဖောင်းကဲ့သို့ အရာတစ်ခု ပေါ်လာခဲ့၏။

လင်းဖုန်းသည် သူ၏ လက်ချောင်းများကို ဆန့်တန်းလိုက်ကာ၊ ထိုပူဖောင်းအားထိလိုက်သည်။ ပူဖောင်းသည် ပေါက်သွားခဲ့၍ အတွင်းမှ လေစီးကြောင်းနှစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ခုမှ ကြည်လင်နေ၍ တစ်ခုမှာ နောက်နေသည်။

အတွင်းဘက်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဒါသည် ကမ္ဘာကြီး၏ အရင်းအမြစ် ဖြစ်သည်။ ဒါသည် ကံကြမ္မာ၏ အစဖြစ်ပြီး၊ ကောင်းကင်နှင့် မြေကြီးတို့ကို ခွဲခြမ်းခဲ့သည့် စွမ်းအားဖြစ်သည်။

လင်းဖုန်းက ပြုံးလိုက်သည်။ "မူလ ကောင်းကင်နှင့်မြေကြီး ခွဲခြမ်းခြင်း နည်းစနစ်"

ကောင်းကင်နှင့် မြေကြီးတို့ကို ခွဲခြမ်းကာ ကမ္ဘာကြီးကို ဖန်တီးခဲ့သည့် ခမ်းနားထည်ဝါသည့် စွမ်းအားသည်၊ သူတော်စင် ကောင်းကင်ဓားချီနှင့် ရင်ဆိုင်လိုက်သည်။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

စာစဥ် ၂၆ : အပိုင်း ၁၅

အပိုင်း ၄၈၅ : ငါ့ရဲ့ဓားက ကောင်းကင်ရဲ့ အလွန်ကနေ လာခဲ့တာ

လင်းဖုန်း၏ လက်ချောင်းများဖြင့် ဖွဖွလေး တို့လိုက်ရာ၊ ပူဖောင်းသည် ပေါက်ကွဲသွားခဲ့၍ လေစီးကြောင်း နှစ်ခု ထွက်လာခဲ့သည်။ တစ်ခုသည် ကြည်လင်၍ တစ်ခုသည် နောက်ကျိသည်။ ကောင်းကင်နှင့် မြေကြီးတို့ကို ခွဲခြမ်းနိုင်သည့်၊ ထိတ်လန့်ဖွယ်ရာ စွမ်းအား သဘောတရား တစ်ခုသည် သူ၏အတွင်းမှ ထွက်လာခဲ့သည်။

နောက်ကျိသော လေထုသည် အောက်သို့ကျသွားခဲ့၏။ သူသည် အစစ်အမှန် ဖြစ်တည်မှု တစ်ခုအဖြစ်သို့ ပြောင်းသွားကာ၊ မြေကြီးအဖြစ်သို့ သိပ်သည်းသွားခဲ့သည်။

သန့်စင်သောလေထုသည် မြင့်တက်လာခဲ့၏။ ကျယ်ပြန့်လှသည့် နေရာကို ခြုံလွမ်းထားခဲ့ကာ ထူးခြားဆန်းကြယ်သော အာရုံတစ်မျိုးကို ထုတ်လွှတ်နေသည်။ သူသည် ကြယ်တာရာများ ရှိနေသည့် ကောင်းကင်အဖြစ်သို့ ပြောင်းသွားခဲ့သည်။

မြေ၊ ရေ၊ လေ၊ မီးတို့၏ ပုံရိပ်များကို တည်ငြိမ်အောင် ပြုလုပ်ထားကြသော စွမ်းအားများသည်၊ ကောင်းကင်နှင့် မြေကြီးတို့အား ခွဲခြားလိုက်ကြ၏။ သူသည် ရှောင်စန်း ဓားမာစတာနှင့် ကျန်သောသူများ ထုတ်ဖော်ခဲ့ကြသည့်၊ သူတော်စင် ကောင်းကင်ဓားချီအား ဖိနှိပ်ထားနိုင်ခဲ့သည်။

လင်းဖုန်း၏ နဖူးပေါ်မှ ထိုက်ကျိရုပ်ပုံသည် အဆက်မပြတ် လှည့်ပတ်လာခဲ့သည်။ သူ၏ စွမ်းအားများကို ထုတ်လွှတ်ခဲ့ကာ၊ မရပ်တန့်နိုင်သော တိုက်စစ်အဖြစ်သို့ ပြောင်းသွားခဲ့၏။ သူသည် သူ၏အရှေ့မှ မည်သည့်ပြိုင်ဘက်ကိုမဆို ဖိခြေခဲ့၏။

ဤအချိန်တွင် သူတော်စင် ကောင်းကင်ဓားချီသည်ပင် သူ၏ပြိုင်ဘက်ကောင်းကို တွေ့လိုက်ရသည်။ သူသည် ကမ္ဘာကြီး၏ ဖိနှိပ်မှုများကို ရင်ဆိုင်ရသောအခါ၊ ရှုံးနိမ့်သွားကဲ့သို့ ဖြစ်သွားခဲ့သည်။

ရှောင်စန်း ဓားမာစတာနှင့် ကျန်သောသူများသည် ဒေါသထွက်နေကြသော်လည်း၊ မည်သို့မှ မတတ်နိုင်ခဲ့ကြပေ။ သူတော်စင် ကောင်းကင်ဓားချီ၏ မရပ်တန့်နိုင်သော စွမ်းအားသည် သူတို့အပေါ်တွင်သာ ရစ်ဝဲနေခဲ့၏။

ကောင်းကင်နှင့် မြေကြီးတို့အား ခွဲခြမ်းနိုင်သည့် တုန်လှုပ်ဖွယ်ရာ စွမ်းအားသည်၊ သူတို့အား ရှုံးနိမ့်သကဲ့သို့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်ခဲ့သည်။

ရှောင်စန်း ဓားမာစတာ၊ ရှောင်ဇီ ဓားမာစတာနှင့် လီရှုံ ဓားမာစတာတို့သည် ဘာမှမဖြစ်ကြသေးပေ။ သို့သော်လည်း အသက်စွမ်းအင်များ ပြန်လည် မပြည့်ဝသေးသည့် ကွမ်းချုံ ဓားမာစတာ၊ ချင်းထျန်း ဓားမာစတာနှင့် ယင်ယွဲ့ ဓားမာစတာတို့သည် ဒုက္ခရောက်ကုန်ကြသည်။

ချင်းထျန်း ဓားမာစတာနှင့် ယင်ယွဲ့ ဓားမာစတာတို့၏ အင်မော်တယ် ဝိညာဥ်များသည်၊ ရှောင်ယမ်ဓားနှင့် မဟာလမင်း ဓားတို့ထံမှ ခုန်ထွက်လာကြ၏။ သူတို့၏ အင်မော်တယ် ဝိညာဥ်များသည် ဒဏ်ရာများ ရကုန်ကြကာ၊ ဝင်္ကပါအား ဓားနှစ်လက်တို့၏ စွမ်းအားများဖြင့်သာ ထောက်ပံ့နိုင်တော့သည်။

ကွမ်းချုံ ဓားမာစတာသည် မတတ်နိုင်တော့ပဲ သူ၏ စင်စစ် ဖြစ်တည်မှုကို ထုတ်ဖော်ကာ၊ တောင်ခြောက်လုံး နတ်ဓားဝင်္ကပါကို ထောက်ပံ့ခဲ့ရသည်။

စင်စစ် ဖြစ်တည်မှုသည် ရှားပါး၍ အဖိုးတန်လှသည်။ သူသည် အလွန် စွမ်းအားကြီးသော်လည်း သူကသာ ပျက်စီးသွားပါက၊ သူ့ကိုပိုင်ဆိုင်သည် ကျင့်ကြံသူသည် ဒဏ်ရာအပြင်းအထန် ရသွားမည် ဖြစ်သည်။ သူ့ကို ပြန်လည် ကျင့်ကြံဖို့ အမတန်မှ ခက်ပေသည်။

သို့သော်လည်း ကွမ်းချုံ ဓားမာစတာသည် ဤမျှ ဂရုမစိုက်နိုင်တော့ပေ။ မူလ ကောင်းကင်နှင့်မြေကြီး ခွဲခြမ်းခြင်း နည်းစနစ်ကြောင့်၊ သူ၏အပေါ်မှ ဖိအားမှာ ကြီးမားလှ၏။ ထိုလေစီးကြောင်း နှစ်ခုမှ ဖန်တီးထားသော စွမ်းအားများသည်၊ ဝင်္ကပါအား အဖြူရောင် ဟင်းလင်းပြင် အထဲအထိကို ဝင်ရောက်ဖိနှိပ်ထားခဲ့သည်။

စူတောင်ဓားဂိုဏ်းမှ အင်မော်တယ် ဝိညာဥ် အဆင့် ကျင့်ကြံသူများ အားလုံးတို့သည်၊ ကြောက်မက်ဖွယ်ရာ စစ်မြေပြင်အား ကြည့်လိုက်ကာ စိတ်ဒဏ်ရာများ ရကုန်ကြ၏။ သူတို့က တောင်ခြောက်လုံး နတ်ဓားဝင်္ကပါသည် လင်းဖုန်း၏ ဖိနှိပ်မှုကို ခံခဲ့ရမည်ဟု မမျှော်လင့်ထားကြပေ။

စူတောင်ဓားဂိုဏ်းတွင် အင်မော်တယ် ကောင်းကင် စကြာဝဠာ ဓားဝင်္ကပါမှလွဲ၍၊ တောင်ခြောက်လုံး နတ်ဓားဝင်္ကပါသည် အစွမ်းအထက်ဆုံး သတ်ဖြတ်ခြင်း ဝင်္ကပါဖြစ်၏။ သူသည် မူလကောင်းကင် ကမ္ဘာ အတွင်းမှ အခက်ထန်ဆုံး ဝင်္ကပါ တစ်ခုလည်း ဖြစ်၏။ သို့သော်လည်း ယခုအချိန်တွင် သူသည် ရှုံးနိမ့်တော့မည်ကဲ့သို့ ဖြစ်နေခဲ့၏။

ချင်းထျန်း ဓားမာစတာနှင့် ယင်ယွဲ့ ဓားမာစတာတို့သည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြသည်။ ကွမ်းချုံ ဓားမာစတာနှင့် ကျန်သော သုံးယောက်တို့မှာလည်း ခုခံနိုင်သာ ဆိုရုံမျှသာ ခုခံနေနိုင်ကြ၏။ နာမည်ကြီး စူတောင်ဓားဂိုဏ်းမှ အကြီးအကဲများသည်၊ လူတစ်ယောက်တည်းကြောင့် ဤကဲ့သို့သော အခြေအနေမျိုးကို ရောက်သွားကြသည်။

တောင်ဖြို ဓားမာစတာ နင်းလန်သည် လင်းဖုန်းအား ကြည့်လိုက်ကာ ခါးသီးစွာနှင့် တွေးနေခဲ့သည်။ "ငါက သူ့လိုမျိုးလူကို တကယ်ပဲ အကြိမ်ပေါင်းများစွာ ရန်စမိထားတာလား"

နတ်ကောင်းကင် ဓားအကြီးအကဲ၊ ဆီးနှင်းပျံ ဓားမာစတာ၊ နေမင်းအလင်းတန်း ဓားမာစတာနှင့် ကျန်သောသူများသည် ထိုမြင်ကွင်းအား ကြည့်လိုက်ကြကာ ကျေနပ်အားရနေကြသည်။ သို့သော်လည်း တစ်ချိန်တည်းတွင် သူတို့သည် မတတ်နိုင်ပဲ စိတ်မသက်မသာ ခံစားနေကြရ၏။

စူတောင်သည် ဤတစ်ခေါက်တွင် အသေအချာ ပြင်ဆင်၍ လာခဲ့သည်။ ဤနေရာတွင် စုဝေးနေကြသော သူများကို၊ သူတို့၏ စွမ်းအားများကို အသုံးပြု၍ ချေမှုန်းလိုနေကြသည်။

သို့သော်လည်း ယခုအချိန်တွင် လင်းဖုန်းသည်၊ စူတောင်ဓားဂိုဏ်းမှ ကျင့်ကြံသူများ အားလုံးတို့ကို သူတစ်ယောက်တည်းဖြင့် ဖိနှိပ်ထားနိုင်ခဲ့သည်။

တစ်ယောက်ချင်း တိုက်ခိုက်မှု၊ စုပေါင်းတိုက်ခိုက်မှု၊ နောက်ဆုံးတွင် ဝင်္ကပါတည်ဆောက်၍ တိုက်ခိုက်မှု။ သို့သော်လည်း အားလုံးတို့သည် အလဟဿ ဖြစ်သွားခဲ့သည်။ လင်းဖုန်းက သူတို့အား အလွယ်တကူ အနိုင်ယူနိုင်ခဲ့၏။

နတ်ကောင်းကင် ဓားအကြီးအကဲနှင့် ကျန်သောသူများသည်၊ လင်းဖုန်းက တောင်ခြောက်လုံး နတ်ဓားဝင်္ကပါအား တစ်ကိုယ်တော် အနိုင်ယူနေသည်ကို ကြည့်လိုက်ကာ အားကျနေကြသည်။

"အင်မော်တယ် ဝိညာဥ် တတိယ အဆင့်.. တခြား ဖြစ်နိုင်ခြေ မရှိဘူး!" ပန်လေကျိက သူ၏ခေါင်းကို နတ်ကောင်းကင် ဓားအကြီးအကဲထံသို့ လှည့်လိုက်သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်၊ သူက ဟင်းလင်းပြင် ဘုရားကျောင်းက ယန်နန်းလိုင်၊ စူတောင်က ရှင်းလုံစန်းတို့ထက် အားနည်းတဲ့ပုံ မပေါက်ဘူး"

နတ်ကောင်းကင် ဓားအကြီးအကဲက သူ၏ခေါင်းကို ညိတ်လိုက်သည်။ သူ၏ ကောင်းကင်မာစတာ ဓားဂိုဏ်းသည် လျှပ်စီးဓားဂိုဏ်းအား ယခင်က ဆက်သွယ်၍၊ လင်းဖုန်း၏ ကျင့်ကြံမှုအဆင့်ကို ခန့်မှန်းခဲ့ကြ၏။ အစပိုင်းတွင် သူတို့သည် သူ့အား ပိုတွက်ခဲ့သည်ဟု ထင်နေကြသော်လည်း၊ ယခုအချိန်တွင် သူတို့က လျှော့တွက်ထားမိခြင်းနှင့် တူနေပေသည်။

ဆီးနှင်းပျံ ဓားမာစတာနှင့် နေမင်းအလင်းတန်း ဓားမာစတာတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ "ဘာပဲဖြစ်ဖြစ် ငါတို့က အရှင်မင်းမြတ်ကို ပြန်လည်တင်ပြရမယ်။ ငါတို့ရဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အပေါ်ကို သုံးသပ်မှုတွေကို ပြန်လည် ဆန်းစစ်ရမယ်"

"ဟုတ်တယ်၊ ငါတို့ရဲ့ စူတောင်ဓားဂိုဏ်းနဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့ရဲ့ စွမ်းအားတွေကို နှိုင်းယှဥ်မှုကို ပြန်လည် ပြုပြင်ရမယ်။ သူ့ရဲ့ တပည့်ကျော်တွေကို ထည့်မတွက်နဲ့ဦး၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်တစ်ယောက်တည်းက စူတောင်ဓားဂိုဏ်းနဲ့ ကောင်းကောင်းတိုက်ခိုက်နိုင်တယ်"

ကျန်သောသူများ စဥ်းစားနေချိန်တွင်၊ အလင်းဓားမြန် ဓားမာစတာသည် တွေဝေမိန်းမောနေခဲ့သည်။

သူသည် အလွန်တရာမှ မာနကြီးသောသူ ဖြစ်သည်။ ရှောင်ယန်နှင့် မုယုံယန်ရန်တို့၏ အကြားမှ ပဋိပက္ခကြောင့်၊ အလင်းဓားမြန် ဓားဂိုဏ်းသည် သိက္ခာကျခဲ့ရသည်။ ထို့ကြောင့် သူသည် လင်းဖုန်းနှင့် ယှဥ်ပြိုင်နိုင်ဖို့ အမြဲတမ်း မျှော်လင့်နေခဲ့သည်။

အစပထမတွင် သူသည် သူ့တွင် လျှို့ဝှက်ဖဲချပ် တစ်ချပ်ရှိသည်ဟု ထင်နေခဲ့၏။ အင်မော်တယ် ဝိညာဥ် ဒုတိယ အဆင့်သို့ ရောက်ရှိသွားပြီး စင်စစ် ဖြစ်တည်မှုကို ကျင့်ကြံပြီးသွားလျှင်၊ သူသည် သူ၏ မျက်နှာပျက်ရမှုကို ပြန်လည် လက်စားချေနိုင်လိမ့်မည်ဟု ထင်နေခဲ့၏။

သို့သော်လည်း ယခုအချိန်တွင် အရာအားလုံးသည် ဟာသတစ်ပုဒ်ကဲ့သို့ ဖြစ်သွားခဲ့သည်။

ဤကဲ့သို့သော ကြီးမားလှသည့် ကွာခြားချက်ကြောင့် အလင်းဓားမြန် ဓားမာစတာသည် တွေဝေငေးမောနေခဲ့သည်။ သူ၏အသိစိတ် ပြန်ဝင်လာသောအခါ၊ သူသည် ခါးသီးစွာနှင့် ရယ်လိုက်ကာ ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်သည်။

ဘေးမှကြည့်နေသူများသည် အတွေးကိုယ်စီနှင့် စဥ်းစားကောင်းနေကြချိန်တွင်၊ စူတောင်ဓားဂိုဏ်းမှ မဟာ ဓားကျင့်ကြံသူ ခြောက်ယောက်တို့သည် သေလုမျောပါး ဖြစ်နေကြသည်။

ကွမ်းချုံ ဓားမာစတာသည် သူ၏ စင်စစ် ဖြစ်တည်မှုကို ဖော်ပြအပြီးတွင်၊ သူ၏ တစ်ကိုယ်လုံးမှာ တုန်ခါသွားခဲ့၏။ ဤကဲ့သို့သော ကြီးမားသည့် ဖိအားအောက်တွင်၊ သူ၏ စင်စစ် ဖြစ်တည်မှုသည် ကြေမွသွားခဲ့သည်။

အင်မော်တယ် ဝိညာဥ် ဒုတိယ အဆင့်မှ ကျင့်ကြံသူတစ်ယောက် အနေဖြင့်၊ စင်စစ် ဖြစ်တည်မှုသည် သူ၏ အခြေခံအုတ်မြစ် ဖြစ်၏။ သူ၏ စင်စစ် ဖြစ်တည်မှုသည်၊ လင်းဖုန်း၏ မူလ ကောင်းကင်နှင့်မြေကြီး ခွဲခြမ်းခြင်း နည်းစနစ်၏ ဖိအားများကြောင့် ကွဲကြေသွားခဲ့သည်။

သူ၏နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်ခဲ့မှုများသည် ဘာမှမရှိခြင်း အဖြစ်သို့ ရောက်သွားခဲ့သည်။ စင်စစ် ဖြစ်တည်မှုသည် ကွဲကြေသွားပြီးနောက်တွင်၊ သူ၏ ကျင့်ကြံမှုအဆင့်သည် အဆင့်ငယ် တစ်ဆင့်ကျသွားခဲ့သည်။

ကွမ်းချုံ ဓားမာစတာသည် လင်းဖုန်း၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့်၊ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားအဆင့်သို့ ပြန်ရောက်သွားခဲ့သည်။

ပြီးတော့ ဒါသည် အစသာ ရှိသေးသည်။ မကြာမီပင် ရှောင်စန်း ဓားမာစတာနှင့် ကျန်သောသူများသည် သူတို့၏ စင်စစ် ဖြစ်တည်မှုများကို ထုတ်ဖော်ခဲ့ရသည်။

တောင်ခြောက်လုံး နတ်ဓားဝင်္ကပါသည် ကြီးမားသည့် အန္တရာယ် အတွင်းသို့ ကျရောက်နေလေပြီ!

ဤအချိန်တွင် လေဟာနယ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ကာ၊ အဖြူရောင် အလင်းတန်းများဖြင့် လင်းလက်နေသော ဧရာမ ဘီလူးကြီး တစ်ကောင်က ဝင်ရောက်လာခဲ့သည်။

ထိုဘီလူး၏ ပုံစံသည် သက်လတ်ပိုင်း လူကြီးတစ်ယောက်နှင့် တူနေသည်။ သူ၏ မျက်နှာသည် အလွန်ကိုမှ ဖြူဖွေးနေ၍၊ သူ၏ အသွင်အပြင်သည် သာမန်သာ ဖြစ်၏။ သို့သော်လည်း သူ၏ ဓားအော်ရာမှာ ကျယ်ပြန့်လှ၍၊ အားလုံး၏ အာရုံများကို ဖမ်းစားနိုင်ခဲ့သည်။

ထိုဘီလူးကြီးသည် လင်းဖုန်း၏ မူလ ကောင်းကင်နှင့်မြေကြီး ခွဲခြမ်းခြင်း နည်းစနစ်၏ ကြောက်မက်ဖွယ် စွမ်းအားသဘောတရားများထက် အားနည်းနေပုံ မပေါက်ပေ။

သူ့အားကြည့်ရသည်မှာ ကောင်းကင်နှင့် မြေကြီးတို့ မကွဲကွာမီ၊ ကစဥ့်ကလျား ဖြစ်မှုများအကြားမှ မွေးဖွားလာသည့်ပုံ ပေါက်နေ၏။ ကောင်းကင်နှင့် မြေကြီးတို့ကို ခွဲခြမ်း၍ ကမ္ဘာအဖြစ်သို့ မဖန်ဆင်းခင်၊ ကစဥ့်ကလျား ဖြစ်မှုများကို အရင်ဖြတ်တောက်ရခြင်း ဖြစ်သည်။

ဒါသည် သူတော်စင် ကောင်းကင်ဓားချီ၏ အစစ်အမှန် အနှစ်သာရ ဖြစ်သည်။ ဘာပဲပြောပြော ရှောင်စန်း ဓားမာစတာနှင့် ကျန်သောသူတို့သည်၊ သူတော်စင် ကောင်းကင်ဓားချီအား တကယ် မကျင့်ကြံဖူးခဲ့ပေ။ သူတို့သည် သူတို့၏ စွမ်းအားများကို စုပေါင်း၍ အင်အားသုံးကာ ဆင့်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။

ဤဘီလူးကြီးသည် တောင်ခြောက်လုံး နတ်ဓားဝင်္ကပါလောက် သန်မာသော မှော်စွမ်းအင် လှုပ်ရှားမှုများ မရှိသော်လည်း၊ သူသည် သူတော်စင် ကောင်းကင်ဓားချီ၏ အနှစ်သာရ အစစ်အမှန်တို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

နေမင်းအလင်းတန်း ဓားမာစတာသည် ပင့်သက်တစ်ချက်ကို ရှိုက်လိုက်သည်။ "ဒါက ရှင်းလုံစန်းရဲ့ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်၊ သူတော်စင် ကောင်းကင် ဓားသမားပဲ ဖြစ်တယ်"

ထိုဘီလူး၏ ပုံစံနှင့် အသွင်အပြင်များသည် အင်မော်တယ် ဝိညာဥ် တတိယ အဆင့်သို့ ရောက်ရှိနေသည့်၊ စူတောင်ဓားဂိုဏ်း၏ခေါင်းဆောင် ရှင်းလုံစန်းနှင့် တူနေခဲ့သည်။

လင်းဖုန်းသည် မဟာကောင်းကင် နေမင်းလက်သီးကို အသုံးပြုကာ မဟာကောင်းကင် မီးလျှံဧကရာဇ်ကို ဖန်ဆင်းခဲ့သကဲ့သို့၊ ယခုရောက်ရှိလာသော ဘီလူးကြီးမှာ ရှင်းလုံစန်း၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်၊ သူတော်စင် ကောင်းကင်ဓားသမား ဖြစ်သည်။

သူတော်စင် ကောင်းကင်ဓားသမားသည် ရောက်လာသည်နှင့် ဘာမှမပြောခဲ့ပေ။ သူ၏ပုံရိပ်သည် လက်ကနဲ ဖြစ်သွားခဲ့၍၊ တောင်ခြောက်လုံး နတ်ဓားဝင်္ကပါ ဖန်တီးထားခဲ့သည့် အဖြူရောင် ဟင်းလင်းပြင် အတွင်းသို့ ဝင်သွားခဲ့သည်။

အဖြူရောင် ဟင်းလင်းပြင်၏ စွမ်းအားများသည် များစွာတိုးတက်လာခဲ့၍၊ သူတော်စင် ကောင်းကင်ဓားချီ တစ်စ ပေါ်လာခဲ့သည်။ သူသည် လင်းဖုန်း၏ မူလ ကောင်းကင်နှင့်မြေကြီး ခွဲခြမ်းခြင်း နည်းစနစ်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများနှင့် ရင်ဆိုင်လိုက်၏။

ဒါသည် အားနည်းသော ဓားအော်ရာ လေပြည်လေညင်းလေး မဟုတ်တော့ပေ။ ဤအချိန်တွင် သူတော်စင် ကောင်းကင်ဓားချီသည် ခက်ထန်ကြမ်းတမ်းမှုများကို ပြသနိုင်ခဲ့ကာ၊ ကြီးစိုးလွှမ်းမိုးနိုင်သော အော်ရာများသည် လေဟာနယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ယခင်က တောင်ခြောက်လုံး နတ်ဓားဝင်္ကပါဖြင့် ဖန်ဆင်းထားသော အဖြူရောင် ဟင်းလင်းပြင်သည်၊ တုန်လှုပ်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားသော်လည်း သူ့အား ထုတ်လွှတ်နိုင်စွမ်း မရှိပေ။

ယခုအချိန်တွင် သူတော်စင် ကောင်းကင်ဓားသမားက ထိန်းချုပ်နေသည် ဖြစ်၍၊ သူသည် ချက်ချင်းကိုပင် ရက်စက်ကြမ်းကြုတ်လာခဲ့သည်။ သူသည် လင်းဖုန်း၏ မူလ ကောင်းကင်နှင့်မြေကြီး ခွဲခြမ်းခြင်း နည်းစနစ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ကာ ခုခံလိုက်သည်။

နတ်ကောင်းကင် ဓားအကြီးအကဲနှင့် ကျန်သောသူများသည် ထပ်မံပူပန်သွားကြပြန်သည်။ ဒါသည် မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်တစ်ခုသာ ဖြစ်သော်လည်း၊ ရှင်းလုံစန်းသည် အားလုံးကို ကြီးမားသော ဖိအားများ ယူဆောင်လာပေးခဲ့သည်။ သူ၏ အင်မော်တယ် ဝိညာဥ် တတိယ အဆင့်မှ ကျင့်ကြံမှုနှင့်၊ မူလကောင်းကင် ကမ္ဘာမှ ထိပ်သီးဓားကျင့်ကြံသူဟူသော ဂုဏ်သိက္ခာကြောင့် အားလုံးက သတိထားနေရသည်။

လင်းဖုန်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသော်လည်း မတုန်လှုပ်သွားခဲ့ပေ။ ထို့အစား ပြုံးတောင် ပြုံးခဲ့သေးသည်။ "စူတောင်ရဲ့ ဓားပညာက နာမည်ကျော်တာနဲ့ ညီလှပါတယ်။ ဒါပေမဲ့…"

"စူတောင်ဟာ ဓားတို့ရဲ့ နယ်မြေဖြစ်တယ်။ ဒါပေမဲ့ ငါ့ရဲ့ဓားက ကောင်းကင်ရဲ့ အလွန်က လာခဲ့တာကွ"

လင်းဖုန်းသည် သူညာလက်ကို မြှောက်လိုက်ကာ ညာလက်ညှိုးကို ဆန့်တန်းလိုက်သည်။ သူ၏ လက်ချောင်းကို ကောင်းကင်ပေါ်သို့ ညွှန်လိုက်ရာ၊ ဖျက်ဆီးနိုင်သော ဓားအော်ရာတစ်ခုသည် ပေါ်ထွက်လာခဲ့သည်။

အကယ်၍ လေဟာနယ်သည် အသက်ရှိပါက၊ ဤဓားသည် ဖျက်ဆီးပစ်မည်!

အကယ်၍ ကြယ်စင်များသည် အသက်ရှိပါက၊ ဤဓားသည် ဖျက်ဆီးပစ်မည်!

အကယ်၍ မြေကြီးသည် အသက်ရှိပါက၊ ဤဓားသည် ဖျက်ဆီးပစ်မည်!

သူသည် သီးသန့် သက်ရှိဖြစ်တည်မှု တစ်ခုကို ပစ်မှတ်ထားနေခြင်း မဟုတ်ပဲ၊ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးအား ဖျက်ဆီးရန် ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

ဒါသည် စူတောင် သို့မဟုတ် ကမ္ဘာပေါ်မှ ကျန်သော အကြင်နာမဲ့စွာ သတ်ဖြတ်သည့် ဓားပညာရပ်များနှင့် ကွဲပြားခြားနားပေသည်။ သူသည် ကောင်းကင်အား ဖျက်ဆီးမည့်ဓားဖြစ်သည်။

လင်းဖုန်း၏ စိတ်အတွင်းတွင် မဟာကောင်းကင် တာအိုကျမ်းစာမှ ကြမ္မာပန်းတိုင် ခေါင်းလောင်းကို ဖော်ပြလိုက်သည်။ သူသည် အသက်ဖန်ဆင်းခြင်း တံခါး၊ အချိန်ကာလ မြစ်ရေနှင့် ပြိုကွဲခြင်းစာအုပ်တို့ အဖြစ် လျှင်မြန်စွာနှင့် ပြောင်းလဲသွားခဲ့ပြီး၊ နောက်ဆုံးတွင် အဆုံးသတ်သို့ ရောက်ရှိသွားကာ ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းသွားခဲ့သည်။

ဤအချိန်တွင် အသက်ဖန်ဆင်းခြင်း တံခါး၊ အချိန်ကာလ မြစ်ရေနှင့် ပြိုကွဲခြင်းစာအုပ်တို့အား လိုအပ်နေခြင်း မဟုတ်ပေ။ သူလိုနေသည်မှာ ပျက်စီးခြင်းနှင့် မျိုးတုံးခြင်းပင် ဖြစ်သည်။

အရာအားလုံးတို့အား ဖျက်ဆီးကာ ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းလဲရမည် ဖြစ်သည်။ စွမ်းအားများ၊ အရာဝတ္ထုများ အားလုံးကို မျိုးဖြုတ်ကာ အစအနလေးပင် မကျန်ရအောင်၊ ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းလဲမည် ဖြစ်၏။

လင်းဖုန်း၏ လက်ညှိုးအနားတွင် အဖြူနှင့်အနက်၊ မှော်စွမ်းအင် နှစ်စတို့သည် အဆက်မပြတ် လည်ပတ်နေကြ၏။ သူတို့သည် ယင်နှင့်ယန်တို့၏ ပေါင်းစပ်မှုဖြင့် ထိုက်ကျိရုပ်ပုံ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဤရုပ်ပုံ၏ အလယ်မှနေ၍ မီးခိုးရောင် ဓားထိပ်ဖျား တစ်စသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာကာ၊ မရေရာသည့် ကံကြမ္မာစွမ်းအားများကို ဖော်ထုတ်ခဲ့သည်။

ဒါသည် လင်းဖုန်းက ထိုပြိုင်ဘက်ကင်းဓားကြီးမှ နားလည်လာခဲ့သော ဓားဝိညာဥ် ဖြစ်သည်။ သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုများနှင့် တာအိုဝါဒအား နားလည်မှုများကို ပေါင်းစပ်လိုက်ပြီးသောအခါ၊ ဤဓားပညာရပ်သည် မူလကောင်းကင် ကမ္ဘာကြီးတွင် ပေါ်ပေါက်လာခဲ့ပြီး၊ မူလကောင်းကင် ကမ္ဘာကြီး၏ နံပါတ်တစ် ဓားပညာရပ်ကို စိန်ခေါ်ခဲ့လေသည်။

"ကျုပ်ရဲ့ဓားကို ကောင်းကင်ဖျက်ဆီး ဓားချီလို့ခေါ်တယ်။ ကျေးဇူးပြုပြီး အကြံပေးပါ" လင်းဖုန်းက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။ သူ၏လက်ချောင်းကို လှုပ်လိုက်ရာ မီးခိုးရောင် ဓားအော်ရာတစ်စသည်၊ တောင်ခြောက်လုံး နတ်ဓားဝင်္ကပါ ဖန်တီးထားသည့် အဖြူရောင် ဟင်းလင်းပြင် ထံသို့ ရောက်ရှိလာခဲ့သည်။

"မင်းရဲ့ဓားကို သူတော်စင် ကောင်းကင်ဓားလို့ နာမည်ပေးထားတော့၊ ငါ့ရဲ့ဓားကို ကောင်းကင်ဖျက်ဆီးဓားလို့ နာမည်ပေးလိုက်မယ်"

ဤဓားအော်ရာသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူဖြတ်သွားသော နေရာတိုင်းသည် ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းသွားကာ၊ နောက်ထပ် ဖြစ်တည်မှု မရှိနိုင်တော့ပေ။

အဖြူရောင် ဟင်းလင်းပြင်မှ ကြောက်မက်ဖွယ်ရာ အော်သံတစ်ခု ပေါ်လာခဲ့၍၊ ခက်ထန်ကြမ်းတမ်းလှသည့် သူတော်စင် ကောင်းကင်ဓားချီကို ထုတ်လွှတ်လိုက်သည်။ သူသည် စိန်အခေါ်ခံလိုက်ရသည့် ဘုရင်တစ်ပါးကဲ့သို့ နောက်မဆုတ်လိုပဲ၊ ကောင်းကင်ဖျက်ဆီး ဓားချီ၏ စိန်ခေါ်မှုကို လက်ခံလိုက်၏။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

စာစဥ် ၂၆ : အပိုင်း ၁၆

အပိုင်း ၄၈၆ : ကျုပ်က စူတောင်ကို တစ်နေ့မှာ လာခဲ့မယ်

ဓားအော်ရာ နှစ်ခုတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြရာ၊ လေဟာနယ်သည် ကြောက်မက်ဖွယ်ရာ တုန်ခါသွားခဲ့သည်။ ထိုထိပ်တိုက်တွေ့ဆုံမှုမှနေ၍ တွင်းနက်ကြီးတစ်ခုသည် ပေါ်ပေါက်လာခဲ့ကာ၊ ဓားအော်ရာများသည် အတွင်းတွင် ပိတ်မိသွားကြသည်။

ထိုတွင်းနက်ကြီး ပေါက်ကွဲသွားခဲ့သောအခါ အဆုံးမဲ့ ဓားအလင်းတန်းများသည် နေရာပေါင်းစုံသို့ လွင့်ပျံသွားကြကာ၊ အတားအဆီးများ အားလုံးတို့ကို ဖျက်ဆီးလိုက်၏။

ပျက်စီးသွားသော လေဟာနယ်သည် စကြာဝဠာအတွင်းမှ နဂါးငွေ့တန်းနှင့် ဆက်စပ်နေ၏။ သူတော်စင် ကောင်းကင်ဓားချီနှင့် ကောင်းကင်ဖျက်ဆီး ဓားချီတို့သည် နဂါးငွေ့တန်း အတွင်းသို့ ရောက်ရှိသွားကြသောအခါ၊ မရေမတွက်နိုင်သော ကြယ်တာရာ အငယ်စားများသည် ပျက်စီးကုန်ကြကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အရွယ်အစား ပို၍ကြီးမားသော ကြယ်တာရာများပင် ထိုလှိုင်းလုံးများ၏ ရိုက်ခတ်မှုကို ခံခဲ့ရကာ၊ ပြင်းထန်စွာနှင့် တုန်ခါလာကြ၏။

ဆီးနှင်းပျံ ဓားမာစတာပင် ဖြစ်စေ၊ နေမင်းအလင်းတန်း ဓားမာစတာပင် ဖြစ်စေ၊ စူတောင်မှ ဓားကျင့်ကြံသူများပင် ဖြစ်စေ၊ သူတို့သည် လျှင်မြန်စွာနှင့် နောက်ဆုတ်လိုက်ကြပြီး သူတို့၏ ဓားအော်ရာ စွမ်းအားများကို ထုတ်ဖော်ခဲ့ကြကာ၊ ဤအရှုပ်အထွေးအတွင်းသို့ မပါသွားရအောင် ကာကွယ်လိုက်သည်။

"လှိုင်းလုံးတွေကတောင် ဒီလောက်အထိ ကြောက်ဖို့ကောင်းနေပြီ" နတ်ကောင်းကင် ဓားအကြီးအကဲက သူ၏ခေါင်းကို ညိတ်လိုက်သည်။ "သူတော်စင် ကောင်းကင်ဓားချီက အခုဆိုရင် ပြိုင်ဘက်ကောင်းကို တွေ့သွားပြီ"

ပန်လေကျိက နှာမှုတ်လိုက်၏။ "ဒီကနေ့ကစပြီး စူတောင်က သူတို့ကိုယ်သူတို့ ဓားပညာရပ်မှာ ထိပ်ဆုံးပါလို့ ပြောလို့မရတော့ဘူး"

သူ၏စကား မဆုံးသေးခင်တွင် ထိပ်တိုက်တွေ့ဆုံခဲ့ကြသော လေဟာနယ်၏ အလယ်မှနေ၍၊ အပေါက်တစ်ပေါက် ဖြစ်လာသည်ကို တွေ့လိုက်ရ၏။ ထိုအပေါက်အတွင်းမှ ကြောက်မက်ဖွယ်ရာ မီးခိုးရောင် ဓားအော်ရာတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။

ဒါသည် လင်းဖုန်း၏ ကောင်းကင်ဖျက်ဆီး ဓားချီ ဖြစ်သည်။

သူတော်စင် ကောင်းကင်ဓားချီအား ခုခံပြီးသည့် အချိန်တွင် ကောင်းကင်ဖျက်ဆီး ဓားချီသည် လက်ကျန်စွမ်းအားများ ရှိနေသေး၍၊ ဖျက်ဆီးနိုင်သော ဓားအော်ရာအဖြစ်သို့ ပြောင်းသွားခဲ့ကာ အရှေ့သို့ ဆက်တိုးလာခဲ့သည်။

စူတောင်ကျင့်ကြံသူများက ကြောက်ရွံ့စွာနှင့် ကြည့်နေကြဆဲတွင်၊ မီးခိုးရောင် ဓားအော်ရာသည် အဖြူရောင် ဟင်းလင်းပြင် အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ အဖြူရောင် ဟင်းလင်းပြင်ကြီးက ပြိုကျပျက်စီးသွားခဲ့သည်။ ရှောင်စန်း ဓားမာစတာနှင့် ကျန်သောသူများသည် တုန်လှုပ်စွာနှင့် အော်ဟစ်လိုက်ကြ၏။

သူတို့၏ စင်စစ် ဖြစ်တည်မှု ဖြစ်စေ၊ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားဖြစ်စေ၊ ဖြည်းဖြည်းချင်း အဖြတ်တောက် ခံလိုက်ရသည်။ သူတို့၏ အသွေးအသားများမှ သွေးများပန်းထွက်လာနေသကဲ့သို့၊ အလင်းတန်းများ အဆက်မပြတ် ထုတ်လွှတ်နေခဲ့သည်။

အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ ခြောက်ယောက်တို့သည် အပြင်းအထန် ဒဏ်ရာရရှိသွားကြ၏။

စူတောင်ဓားဂိုဏ်းသည် မူလကောင်းကင် ကမ္ဘာအတွင်းတွင် ကြီးစိုးနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံသူပေါင်း များစွာကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့စေခဲ့သည့် တောင်ခြောက်လုံး နတ်ဓားဝင်္ကပါသည်၊ ယခုအခါတွင် အဖျက်ဆီး ခံလိုက်ရပြီ ဖြစ်သည်။

အဖြူရောင် ဟင်းလင်းပြင်သည် ပျက်စီးသွားသော်လည်း၊ မီးခိုးရောင် ဓားအော်ရာသည် မပျက်ပြယ်သွားသေးပဲ ဆက်လက်တိုက်ခိုက်လိုက်၏။

ရှင်းလုံစန်း၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်ဖြစ်သော သူတော်စင် ကောင်းကင်ဓားသမားသည် လေဟာနယ် အတွင်းတွင် ပြန်လည်ပေါ်ပေါက်လာခဲ့၏။ သို့သော်လည်း သူသည် နှေးကွေးလေးလံနေခဲ့ကာ ပျက်စီးတော့မည့်ပုံ ပေါက်နေခဲ့သည်။

သူတော်စင် ကောင်းကင်ဓားသမားသည် အဖြူရောင် ဓားအော်ရာ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ၊ ရှောင်စန်း ဓားမာစတာနှင့်တကွ စူတောင်မှ ဓားသမားများ အားလုံးတို့ကို လွှမ်းခြုံသွားခဲ့သည်။ ပြီးတာနှင့် ထိုဓားအော်ရာသည် လေဟာနယ်ကို ဖြတ်တောက်လိုက်ကာ၊ သူတို့အား စူတောင်သို့ ပြန်ပို့ပေးလိုက်သည်။

သို့သော်လည်း ကောင်းကင်ဖျက်ဆီး ဓားချီမှာ အလွန်ကို ကြောက်မက်ဖွယ် ကောင်းလှ၏။ သူသည် သူတော်စင် ကောင်းကင်ဓားသမား၏ ခန္ဓာကိုယ်ကို ခါးလည်မှနေ၍ ဖြတ်တောက်လိုက်၏။

ဤဓားချက်သည် ရှင်းလုံစန်း၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်ကို လုံးဝဖျက်ဆီးပစ်နိုင်ခဲ့သည်။

ဓားပညာရပ်၏ နံပါတ်တစ် မြင့်မြတ်နယ်မြေ ဖြစ်သော စူတောင်ဓားဂိုဏ်း၏၊ ခေါင်းဆောင်ဖြစ်သူ၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်သည် အဖျက်ဆီးခံလိုက်ရသည်။ ဒါသည် လုံးဝကို အစော်ကားခံခဲ့ရခြင်း ဖြစ်သည်။ ကမ္ဘာနှစ်ခုအကြားမှ စစ်ဖြစ်ပြီးနောက်တွင် ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သော အရေအတွက်သည်၊ လက်တစ်ဘက်နှင့်ပင် ရေတွက်၍ရသည်။

စူတောင်မှ ကျင့်ကြံသူများအား ပို၍ခံပြင်းကာ စိတ်ဓာတ်ကျစေသည့် အချက်မှာ သူတော်စင် ကောင်းကင်ဓားသမား ချေမှုန်းခံရအပြီးတွင်၊ စူတောင်သို့ ပြန်မည့်လမ်းမှာ ပြန်ပိတ်သွားခဲ့ကာ သူတို့အား ဤနေရာတွင် ချုပ်နှောင်ထားခဲ့ခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် အခြားတစ်ဘက်မှနေ၍ ဓားအလင်းတန်းတစ်ခု ထပ်ပေါ်လာခဲ့ပြီး၊ ပိတ်ခါနီး ဖြစ်နေသော လမ်းကြောင်းကို ပြန်ဖွင့်ပေးခဲ့သည်။ လွန်စွာအားကောင်းသော အင်အားတစ်ခုသည် ရှောင်စန်း ဓားမာစတာနှင့် ကျန်သောသူများကို ဆွဲသွားခဲ့၏။

လင်းဖုန်းက ရယ်လိုက်သည်။ "ရှင်းလုံစန်း၊ မင်းကသူတို့ကို ပြန်ခေါ်သွားမယ် ဆိုရင်လည်း ငါက မတားပါဘူး။ ငါက သူတို့ကို ကြင်နာသနားလို့တော့ မဟုတ်ဘူး။ သူတို့ကို သတ်လိုက်ရင် လူသားကျင့်ကြံမှု ကမ္ဘာအတွင်းမှာ အင်အားနည်းသွားမှာမို့ပဲ ဖြစ်တယ်။ ဒါက မိစ္ဆာတွေကို အကျိုးရှိစေလိမ့်မယ်"

"ငါတို့က အနာဂတ်မှာ မိစ္ဆာတွေနဲ့ တိုက်ခိုက်လို့ရှိရင်၊ သူတို့က အသုံးဝင်မှုရှိသေးတယ်။ ဒါကြောင့်မို့ ငါက သူတို့ကို ညှာတာပေးလိုက်တာ။ ဒါပေမဲ့ စူတောင်က သူတို့ရဲ့ ဗိုလ်ကျမှုတွေကို အသားကျနေပြီး၊ မထွက်ခွာခင်မှာ ထိုက်သင့်တဲ့ ပေးဆပ်မှုတွေကို မပေးခဲ့ချင်ဘူး။ မင်းကဒီလောက်လွယ်မယ် ထင်နေလား"

လင်းဖုန်းက သူ၏လက်များကို အသုံးပြုကာ လေဟာနယ်ကို ခုတ်ချလိုက်သည်။ "ကောင်းကင်၏ စည်းရိုးများ!"

ရုတ်တရက်ပင် အားကောင်းသော စွမ်းအားတစ်ခုသည် လေဟာနယ်ကို သီးခြားခွဲခဲ့ကာ၊ ရှင်းလုံစန်း၏ ဓားအလင်းတန်းသည် ပြင်းထန်စွာနှင့် တုန်ခါသွားခဲ့သည်။ မရေမတွက်နိုင်သော အလင်းတန်းများကို ထုတ်လွှတ်ခဲ့လိုက်၏။

ထိုအလင်းတန်းများအတွင်းတွင် အလင်းတန်း နှစ်ခုတို့မှာ ပို၍ သိသာထင်ရှားသည်။ လင်းဖုန်းသည် ကောင်းကင်၏ စည်းရိုးများ မှော်ကျိန်စာကို အသုံးပြု၍ ထိုအလင်းတန်း နှစ်ခုကို ချုပ်နှောင်ထားလိုက်သည်။ ပြီးတာနှင့် ဧရာမ လက်ဝါးကြီးကို ပြောင်းလဲလိုက်ကာ ဖမ်းဆီးလိုက်၏။ ဒါသည် ကောင်းကင်ဖမ်းချုပ် မှော်ကျိန်စာ ဖြစ်သည်။

အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ၊ ထိုဧရာမ လက်ဝါးအတွင်းတွင် ဆုပ်ကိုင်ထားသော အရာတို့မှာ ဓားရှည်နှစ်ချောင်းဖြစ်မှန်းကို တွေ့လိုက်ရသည်။

ဓားတစ်ချောင်းမှာ ဆယ်ပေတစ်လက်မ အရှည်ရှိပြီး၊ ဓားသွားမှာ တစ်ပေကျယ်၏။ ဓား၏ ကိုယ်ထည်မှာ ရိုးရှင်း၍ လေးနက်ကာ လုံးဝိုင်းနေ၏။ ဓား၏ ဘေးများတွင် အစွန်းများ မရှိပဲ၊ လွန်စွာ ထက်မြက်သော ထိပ်ဖျားသာ ရှိ၏။

အခြားဓား တစ်ခုမှာမူ လက်ကိုင်ရိုးကိုသာ တွေ့နိုင်ခဲ့သည်။ လက်ကိုင်၏ အပေါ်တွင် မြူခိုးငွေ့များဖြင့် ဖုံးလွှမ်းနေသောကြောင့်၊ ဓားသွားကို မမြင်နိုင်ခဲ့ပေ။ မြူခိုးငွေ့များ၏ လွင့်မျောနေမှုနှင့်အတူ၊ သူသည် လွန်စွာ ခန့်မှန်းရခက်သည့်ပုံ ပေါ်နေ၏။ မရေရာသည့် ပြောင်းလဲမှုများကို ဖော်ပြနေသော၊ လမင်းအလင်းရောင် မှေးမှိန်စွာ လင်းလက်နေသည်ကို တွေ့နေရ၏။

သူတို့သည် ရှောင်ယမ်ဓားနှင့် မဟာလမင်း ဓားတို့ပင် ဖြစ်သည်။

ထိုဓားနှစ်လက်တို့သည် အလွန်ထက်မြက်သော ရတနာဓားများ ဖြစ်ကြ၏။ သူတို့သည် အဘယ်မှာ လင်းဖုန်း၏ ချုပ်ကိုင်မှုကို ခံနိုင်ပါမည်နည်း။ သူတို့သည် ပြင်းထန်စွာ ရုန်းကန်လိုက်ကြ၏။

သို့သော်လည်း လင်းဖုန်းသည် တည်ငြိမ်စွာနှင့်၊ ကောင်းကင်ဖမ်းချုပ်ခြင်း မှော်ကျိန်စာ၏ လက်ကြီးဖြင့် သူတို့အား ဖိနှိပ်ထားခဲ့သည်။ ပြီးတာနှင့် သူသည် ကောင်းကင်၏ စည်းရိုးများ မှော်ကျိန်စာဖြင့် ခရမ်းရောင်တိမ်တိုက် ကမ္ဘာငယ်လေး တစ်ခုအား ဖန်တီးလိုက်ကာ၊ ထိုဓားနှစ်ချောင်းကို အထဲသို့ ပစ်သွင်းလိုက်သည်။

ပြီးတာနှင့် ကောင်းကင်သယ်ဆောင် လက်ဝါးမှော်ကျိန်စာကို ထုတ်လွှတ်လိုက်၏။ သုံးချက်မျှ နာနာတီးလိုက်သောအခါမှ၊ ထိုဓားနှစ်ချောင်းတို့သည် ငြိမ်ကျသွားခဲ့သည်။

လေဟာနယ် အတွင်းတွင် ရှင်းလုံစန်း၏ ဓားအလင်းတန်းသည်၊ ရှောင်စန်း ဓားမာစတာနှင့် ကျန်သောသူများကို ပြန်ခေါ်သွားခဲ့သည်။ ဓားအော်ရာတို့သည် သိပ်သည်းလာခဲ့ကာ လူပုံသဏ္ဌာန် တစ်ခုကို ဖော်ပြလိုက်၏။ ဒါသည် နောက်ထပ် သူတော်စင် ကောင်းကင်ဓားသမား တစ်ယောက် ဖြစ်သည်။

ရှင်းလုံစန်း၏ မျက်နှာသွင်ပြင်နှင့် တသွေမတိမ်း တူနေသော သူတော်စင် ကောင်းကင်ဓားသမားသည်၊ လင်းဖုန်းအား အမူအရာ ကင်းမဲ့စွာဖြင့် စိုက်ကြည့်နေ၏။ လင်းဖုန်းကလည်း ခပ်တည်တည်နှင့်ပင် ပြန်လည် စိုက်ကြည့်နေခဲ့သည်။

နေမင်းအလင်းတန်း ဓားမာစတာနှင့် ကျန်သောသူများသည်၊ အဝေးမှသာ သူတို့နှစ်ဦး အချင်းချင်း စိုက်ကြည့်နေကြသည်ကို ကြည့်နေကြသည်။ အခြေအနေများမှာ အလွန်အမင်း တင်းမာနေခဲ့၏။

သူတို့ယနေ့ မြင်ခဲ့ကြားခဲ့ရသမျှတို့သည် သူတို့အပေါ်တွင် ကြီးမားစွာ ရိုက်ခတ်မှုများ ရှိခဲ့သည်။

သူတို့သည် စူတောင်နှင့် ဖြေရှင်းရန် လာခဲ့ကြသည်။ ပထမတွင် သူတို့သည် ရှုံးနိမ့်နေခဲ့ကာ မျက်နှာပျက်ခဲ့ရသည်။ ဆီးနှင်းပျံ ဓားမာစတာသည် အသက်ဆုံးရှုံးလုနီးပါးပင် ဖြစ်ခဲ့ရ၏။

မည်သူကသိမည်နည်း၊ ဒါသည် နောက်ဆုံးတွင် လင်းဖုန်းနှင့် စူတောင်ဓားဂိုဏ်းတို့၏ အကြားမှ တိုက်ပွဲ ဖြစ်သွားခဲ့သည်။ ထိုတိုက်ပွဲ၏ ရလဒ်များမှာ ပို၍ အံ့အားသင့်ဖွယ် ကောင်းခဲ့သည်။ လင်းဖုန်းသည် စူတောင်ဓားဂိုဏ်းတစ်ခုလုံးကို သူတစ်ယောက်တည်းဖြင့် အနိုင်တိုက်နိုင်ခဲ့သည်။

ရှောင်စန်း ဓားမာစတာ၊ ကွမ်းချုံ ဓားမာစတာ၊ ရှောင်ဇီ ဓားမာစတာ၊ လီရှုံ ဓားမာစတာ၊ ယင်ယွဲ့ ဓားမာစတာ၊ ချင်းထျန်း ဓားမာစတာနှင့် တောင်ဖြို ဓားမာစတာတို့သည် အားလုံး အပြင်းအထန် ဒဏ်ရာရရှိသွားကြသည်။

သူတို့အနက်တွင် ကွမ်းချုံ ဓားမာစတာ၏ စင်စစ် ဖြစ်တည်မှုသည် အဖျက်ဆီးပင် ခံလိုက်ရသည်။ သူ၏ ကျင့်ကြံမှု အဆင့်တစ်ဆင့် ကျဆင်းသွားခဲ့၏။

ရှောင်ယမ်ဓားနှင့် မဟာလမင်းဓားတို့သည် လင်းဖုန်း၏ ယူဆောင်ခြင်းကိုပင် ခံလိုက်ရ၏။ စူတောင်ဓားဂိုဏ်းမှ ဤဓားအဖွဲ့ နှစ်ဖွဲ့တို့၏ အခြေခံကို ဖျက်ဆီးပစ်ခဲ့ခြင်းနှင့် တူနေပေသည်။

စူတောင်ဓားဂိုဏ်းတစ်ခုလုံးသည် ဤကဲ့သို့သော အဖြစ်ဆိုးမျိုးကို မကြုံခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။

အကယ်၍ ရှင်းလုံစန်းသာ မရောက်လာခဲ့လျှင် အင်မော်တယ် ဝိညာဥ် ဒုတိယ အဆင့်မှ ဓားမာစတာ လေးယောက် အပါအဝင်၊ စူတောင်ဓားဂိုဏ်းမှ မဟာ ဓားကျင့်ကြံသူများသည် ကြွေလွင့်သွားကြမည် ဖြစ်သည်။

စူတောင်ဓားဂိုဏ်းသည် လွန်စွာ အင်အားကြီးမားသော်လည်း၊ သူတို့သည် ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးကို ခံနိုင်လိမ့်မည် မဟုတ်ပေ။

ယနေ့တိုက်ပွဲတွင် လင်းဖုန်းသည်၊ စူတောင်ဓားဂိုဏ်း၏ ကျောရိုးတစ်ခုလုံးကို ဖျက်ဆီးခဲ့လိုက်သည်နှင့် တူနေသည်။

ရှင်းလုံစန်း၏ သူတော်စင် ကောင်းကင်ဓားသမားသည် လင်းဖုန်းအား အမူအရာ ကင်းမဲ့စွာဖြင့် ကြည့်နေခဲ့ကာ ပြောလိုက်သည်။ "ဆက်ပြောနေရင်လည်း ဘာမှမထူးတော့ဘူး။ လင်းဖုန်း၊ မင်းက ရှောင်ယမ်ဓားနဲ့ မဟာလမင်းဓားတို့ကို ယူထားနိုင်တယ်။ ဒါပေမဲ့ သိပ်မကြာခင် ငါက သူတို့ကို ပြန်လာယူမယ်"

လင်းဖုန်းက ဖွဖွလေးရယ်လိုက်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဒီလောက်အထိ ဒုက္ခခံစရာ မလိုပါဘူး။ ငါအချိန်ရှိလို့ရှိရင် စူတောင်ဓားဂိုဏ်းကို လာလည်ပါ့မယ်။ အဲ့ဒီအချိန်ကျရင်၊ မင်းကငါ့ကို မငြင်းပယ်ပါနဲ့လို့ မျှော်လင့်ပါတယ်"

လင်းဖုန်းသည် ထေ့ငေါ့စောင်းချိတ်၍ ပြောနေခြင်း ဖြစ်သည်။ သူသည် စူတောင်ဓားဂိုဏ်းကို ဓားများကို ပြန်ပေးရန်နှင့် တောင်းပန်ရန် သွားမည်မဟုတ်ချေ။

နတ်ကောင်းကင် ဓားအကြီးအကဲသည် အံ့ဩတုန်လှုပ်သွားခဲ့သည်။

လင်းဖုန်း၏ စကားအရဆိုလျှင် သူသည် သူတို့၏ ရတနာဓားများကို ရယူအပြီးတွင်၊ စူတောင်ကို တိုက်ခိုက်ရန်ပင် အစီအစဥ် ရှိနေသည်။

စူတောင်တွင် နတ်ဘုရားနယ်မြေ အတွင်းတွင် စွမ်းအားအကြီးဆုံး ဝင်္ကပါများအတွင်းတွင် အပါအဝင် ဖြစ်သော၊ အင်မော်တယ် ကောင်းကင် စကြာဝဠာ ဓားဝင်္ကပါ ရှိနေသည်ကို သူမသိလေသလော။

စူတောင်တွင် သူ၏ကောင်းချီးမင်္ဂလာကို တည်ငြိမ်အောင် ထိန်းသိမ်းထားသော၊ အညှာအတာ ကင်းမဲ့သည့် လူသတ်ရတနာ သူတော်စင် ကောင်းကင်ဓားရှိနေသည်ကို သူမသိလေသလော။

စူတောင်တွင် ရှင်းလုံစန်းအပြင် တံခါးပိတ် ကျင့်ကြံနေကြသော၊ အင်မော်တယ် ဝိညာဥ် တတိယ အဆင့်မှ နာယက အကြီးအကဲများ တစ်ယောက်ထက်ပို၍ ရှိနေကြသည်ကို သူမသိလေသလော။

"အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်က၊ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ မှော်ကျိန်စာတွေကိုသာ အသုံးပြုပြီး စူတောင်ကို တိုက်ခိုက်ခဲ့တာ" ကြယ်စင် ဓားမာစတာက ပြောလိုက်သည်။ "သူက မှော်ရတနာ တစ်ခုမှ မသုံးခဲ့ပဲ၊ သူ့ရဲ့ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားကိုတောင် မထုတ်ဖော်ခဲ့ဘူး"

နေမင်းအလင်းတန်း ဓားမာစတာနှင့် ကျန်သောသူများက အချင်းချင်း စိုက်ကြည့်လိုက်ကြသည်။ "သူ့မှာ ကြောက်စရာ အရမ်းကောင်းတဲ့ ယုကျင်းတောင်လည်း ရှိနေသေးတယ်"

သူတို့က ဒီအထိ တွေးမိကြသောအခါ ထိုကျင့်ကြံသူများသည်၊ လင်းဖုန်းက စူတောင်ဓားဂိုဏ်းကို ဤသို့ မောက်မာစွာဖြင့် ဆက်ဆံခဲ့သည်မှာ ဤမျှအထိ အံ့ဩဖွယ်ရာ ကောင်းသည်ဟု မခံစားကြရတော့ပေ။

သို့သော်လည်း သူတို့သည် ဤသို့ စဥ်းစားမိကြသည်နှင့်၊ အင်မော်တယ် ဝိညာဥ် အဆင့်မှ မဟာ ဓားကျင့်ကြံသူများသည် ခါးသီးစွာနှင့် ခံစားခဲ့ရသည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်က တကယ်ပဲ ဒီလောက်အထိ အစွမ်းထက်တာလား"

ရှင်းလုံစန်း၏ သူတော်စင် ကောင်းကင်ဓားသမားသည် လင်းဖုန်းအား ကြည့်လိုက်ကာ၊ သူ၏ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။ "ကျုပ်က ခွန်းလွန်တောင်ကို လာပြီး ခင်ဗျားကို အရင်လာရှာရင်လည်း၊ ခင်ဗျားက ကျုပ်ကို ရှောင်မနေနဲ့ဦး"

သူ၏စကားဆုံးသည်နှင့် သူတော်စင် ကောင်းကင်ဓားသမားသည် လေဟာနယ်အတွင်းတွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

သူတော်စင် ကောင်းကင်ဓားသမား၏ ပျောက်ကွယ်သွားမှုနှင့်အတူ၊ ဤတိုက်ပွဲသည်လည်း နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့သည်။

နတ်ကောင်းကင် ဓားအကြီးအကဲနှင့် ကျန်သောသူများသည် အနည်းငယ် သက်သာရာ ရသွားကြသည်။ စူတောင်မှ ဓားမာစတာ လေးယောက်နှင့် ရှင်းလုံစန်းတို့၏ ပေါ်ပေါက်လာမှုသည်၊ သူတို့အား ကြီးမားသော ဖိအားများကို ပေးနိုင်ခဲ့သည်။ သို့သော်လည်း သူတို့သည် သက်ပြင်းများကို ချနိုင်ခဲ့သည်နှင့် အတူ၊ ကူရာမဲ့နေသကဲ့သို့လည်း ခံစားခဲ့ကြရသည်။

"ရှင်းလုံစန်းက တံခါးပိတ် လေ့ကျင့်နေပြီး၊ သူ့ရဲ့ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်ကိုသာ စေလွှတ်နိုင်ခဲ့တာက နှမြောစရာပဲ" နေမင်းအလင်းတန်း ဓားမာစတာက သူ၏ရင်ထဲမှ တွေးနေခဲ့၏။ "မဟုတ်လို့ရှိရင် ငါတို့က သမိုင်းဝင် ဓားတိုက်ပွဲ တစ်ခုကို ကြည့်ရှုနိုင်ခဲ့မှာ"

သူတင်သာ မကပဲ ကျန်သောသူများ အားလုံးသည်လည်း ထိုအတွေးမျိုးကို တွေးမိနေကြ၏။ ပြီးတာနှင့် သူတို့သည် စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ကြပြီး၊ လင်းဖုန်းအား နှုတ်ဆက်လိုက်ကြသည်။ သူတို့သည် ပါးစပ်မှ ဖွင့်မပြောကြသော်လည်း၊ သူ၏ ကူညီမှုအား ကျေးဇူးတင်နေကြသည်။

ဆီးနှင်းပျံ ဓားမာစတာနှင့် နေမင်းအလင်းတန်း ဓားမာစတာတို့သည်၊ တူညီစွာပင် ကျေးဇူးတင်နေကြ၏။ အထူးသဖြင့် ဆီးနှင်းပျံ ဓားမာစတာ ဖြစ်သည်။ လင်းဖုန်းကသာ အချိန်မီ ရောက်မလာခဲ့လျှင်၊ သူသည် လီရှုံ ဓားမာစတာ၏ သတ်ဖြတ်ခြင်းကို ခံရတော့မည် ဖြစ်သည်။

ဤစည်းဝေးပွဲသည် မဟာချင် အင်ပါယာအတွက် စူတောင်ဓားဂိုဏ်းကို စိန်ခေါ်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း စူတောင်ဓားဂိုဏ်း တကယ်ရောက်လာသောအခါ၊ သူတို့သည် မျက်နှာများ ပျက်လုမတတ် ဖြစ်ခဲ့ရသည်။

သူတို့သည် နောက်ဆုံးတွင် မျက်နှာများ ပြန်ရခဲ့သော်လည်း၊ သူတို့သည် ဧည့်သည်ဖြစ်သူ လင်းဖုန်း၏ ကယ်တင်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ဆီးနှင်းပျံ ဓားမာစတာနှင့် နေမင်းအလင်းတန်း ဓားမာစတာတို့ နှစ်ယောက်စလုံးတို့သည် ကသိကအောက်များ ဖြစ်နေကြ၏။

"ငါက ဒီကနေ့ ဖြစ်ခဲ့သမျှကို ပြန်ပြီးမှ တင်ပြရမယ်" ဆီးနှင်းပျံ ဓားမာစတာက တွေးလိုက်၏။ ဒါသည် ဤစည်းဝေးပွဲသို့ ရောက်လာကြသူ အားလုံးတို့၏ အတွေးပင် ဖြစ်သည်။

မကြာမီတွင် ဤတိုက်ပွဲ၏ ရလဒ်နှင့် ဖြစ်စဥ်များသည် မဟာ အင်အားစု အားလုံးတို့ထံ ရောက်ရှိသွားကြ၏။ သူတို့အားလုံးတို့သည် အံ့ဩထိတ်လန့်သွားကြကာ ဆွံ့အသွားကြ၏။

ရှီးလင်မြို့မှ နန်းရင်းဝန် ဝူချင်လျှို၏ စာဖတ်ခန်းသည် ယခုအချိန်တွင် တင်းကျပ်စွာ ပိတ်ထားသည်။

ဝူချင်လျှို၏ လူယုံများသည် သူ့တွင် စဥ်းစားရခက်သည့် ပြဿနာ တစ်ခုခု ရှိမှာသာ၊ သူ၏ အခန်းတံခါးကို ဤကဲ့သို့ ပိတ်ထားကြောင်းကို သိနေကြသည်။

ဤကဲ့သို့သော အဖြစ်မျိုးသည် လွန်စွာရှားပါး၏။ သို့သော်လည်း ယခုအချိန်တွင် သူ၏ အခန်းသည် တင်းကျပ်စွာ ပိတ်ထားသည့်အပြင်၊ ယခင်ကထက်လည်း ပိုမိုကြာမြင့်စွာ ပိတ်ထားခဲ့သည်။

Continue Reading

You'll Also Like

80.6K 8.9K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
58.8K 5.8K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်...
544K 74.7K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
11.2K 848 40
အညွန်း.. ဖျက်ဆီးခြင်း နတ်ဘုရား တစ်ပါးဖြစ်တဲ့ ချန်ပေ ကအလွန်တရာကို ပျင်းရိလှတာကြောင့် အပျင်းပြေ သေမျိုးလောက ထဲကို ဝင်ရောက်ခြေဆန့်ရာကနေ ပုံပြင်ဒဏ္ဍာရီတစ...