ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.7K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃

410 43 0
By KazunoMora

စာစဥ် ၂၆ : အပိုင်း ၁၁

အပိုင်း ၄၈၁ : စူတောင် သို့မဟုတ် ဓားတို့၏ နယ်မြေ

တိမ်တိုက်တောအုပ် ကမ္ဘာအတွင်းမှ အဖြစ်ဆိုးကြောင့်၊ ကွမ်းချုံ ဓားမာစတာ၏ အသက်စွမ်းအင်များမှာ ပြန်လည် မသန်စွမ်းလာသေးပေ။ ထိုကြောင့် သူသည် အခြား ဓားမာစတာများအတွက် ခံတပ်ကိုသာ ထိန်းထားပေးခဲ့သည်။

သို့သော်လည်း သူသည် မည်သို့ပင် သိုသိပ်စွာ နေခဲ့စေကာမူ၊ သူသည် စင်စင် ဖြစ်တည်မှုကို ကျင့်ကြံထားပြီးသည့် မဟာ ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူသည် ဒီအတိုင်း ရပ်နေသော်လည်း ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ထုတ်လွှတ်နေ၍၊ ကျန်သောသူများကို သတိကြီးစွာ ထားစေခဲ့သည်။

ဤတစ်ခေါက်တွင် မဟာချင် အင်ပါယာမှ ဤစည်းဝေးပွဲကို စီစဥ်ကျင်းပခြင်း ဖြစ်သည်။ သူတို့သည် ပါးစပ်မှ ထုတ်ပြောခြင်း မရှိသော်လည်း၊ စူတောင်ဓားဂိုဏ်းအား ပစ်မှတ်ထားသည်မှာ သိသာနေ၏။ သူတို့သည် ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့မှ စူတောင်အား ပြဿနာရှာချင်နေခြင်း ဖြစ်သည်။ စူတောင်ဓားဂိုဏ်း အနေနှင့် ဤသတင်းကို ကြားခဲ့ရအပြီးတွင်၊ သူတို့သည် ထိုင်ပြီးမှ စောင့်ကြည့်မနေနိုင်ခဲ့ပေ။

ထို့ကြောင့်ပင် စင်စင် ဖြစ်တည်မှုကို ကျင့်ကြံပြီးသော ဓားမာစတာ လေးယောက်တို့ လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့အပြင် အင်မော်တယ်ဝိညာဥ် ပထမ အဆင့်မှ တောင်ဖြို ဓားမာစတာ နင်းလန်လည်း ပါလာခဲ့သည်။

စူတောင်ဓားဂိုဏ်းသည် ယခုအကြိမ်တွင် သူတို့၏ ဩဇာအာဏာကို ပြသရန် ဆုံးဖြတ်ထားကြသည်။ စူတောင်အား ကိုယ်စားပြု၍ လာကြသူများသည်၊ ဤစည်းဝေးပွဲကို လာကြသော အခြား ဓားကျင့်ကြံသူများထက် အစွမ်းထက်ကြသည်။

ကောင်းကင်မာစတာ ဓားမာစတာ၊ လျှပ်စီး ဓားမာစတာ၊ ကျယ်ပြန့်သောပင်လယ် ဓားမာစတာနှင့် မဟာချင် အင်ပါယာမှ အင်မော်တယ်ဝိညာဥ် ဒုတိယ အဆင့်မှ ကျင့်ကြံသူများ မပါလာသောကြောင့်၊ ဤစည်းဝေးပွဲသည် ကသိကအောက် မြင်ကွင်းကို ဖြစ်ပေါ်စေခဲ့သည်။ စူတောင်ဓားဂိုဏ်း၏ စွမ်းအားသည် အခြား အင်အားစုများ၏ မဟာမိတ်အဖွဲ့ကို လွှမ်းမိုးနိုင်ခဲ့၏။

အလင်းဓားမြန် ဓားမာစတာသည် အဆင့်နောက်တစ်ဆင့်ကို အောင်မြင်စွာနှင့် တက်လှမ်းနိုင်ခဲ့သော်လည်း၊ သူတို့တွင် အင်မော်တယ်ဝိညာဥ် ဒုတိယ အဆင့်မှ အကြီးအကဲ သုံးယောက်သာ ရှိသေး၏။

စူတောင်ဓားဂိုဏ်းကလည်း ကောင်းကင်မာစတာ ဓားဂိုဏ်း၊ မဟာချင် အင်ပါယာနှင့် အလင်းဓားမြန်ဂိုဏ်းတို့ကိုသာ ဦးတည်၍ တိုက်ခိုက်ကြခြင်း ဖြစ်သည်။

ကောင်းကင်မာစတာ ဓားဂိုဏ်းသည် ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့တွင် ဒုတိယ အင်အားအကြီးဆုံးဂိုဏ်း ဖြစ်သဖြင့်၊ သူတို့သည် စူတောင်ဓားဂိုဏ်း၏ ပစ်မှတ်ဖြစ်သည်မှာ သဘာဝကျပေသည်။ သူတို့သည် မည်သူက ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့၏ ခေါင်းဆောင်စစ်စစ် ဖြစ်သည်နှင့်၊မည်သူက ဓားပညာရပ်တွင် မြင့်မြတ်နယ်မြေ ဖြစ်သည်ကို ပြသရမည် ဖြစ်သည်။

ဤကိစ္စအား နောက်ကွယ်မှ အဓိက ကြိုးကိုင်သူဖြစ်သော မဟာချင် အင်ပါယာကို စူတောင်ဓားဂိုဏ်းမှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။ လီရှုံ ဓားမာစတာသည် ဆီးနှင်းပျံ ဓားမာစတာကို သတ်ဖြတ်ရန် ကြိုးစားပြီး၊ မဟာချင် အင်ပါယာကို သင်ခန်းစာပေးရန် ဆုံးဖြတ်ထားသည်။

အလင်းဓားမြန်ဂိုဏ်းသည်လည်း စူတောင်ဓားဂိုဏ်းကို သစ္စာဖောက်သောကြောင့်၊ သူတို့အား ခွင့်လွှတ်၍ မရနိုင်ပေ။

နေလဓားဂိုဏ်း၊ လျှပ်စီးဓားဂိုဏ်း၊ ကြယ်စင်ဓားဂိုဏ်းနှင့် ကျယ်ပြန့်သော ပင်လယ်ဓားဂိုဏ်းတို့ အနေနှင့်မူ၊ သူတို့အား အင်အားသုံး၍ ဖိနှိပ်၍ရသည်။

အဆုံးမဲ့ လေဟာနယ်သည် အကွာအဝေး သဘောတရား ပျောက်သွားပုံရ၏။ လေဟာနယ်တွင် အဆုံးမဲ့ ဓားအလင်းတန်းများသည် လက်ကနဲ ဖြစ်သွားကြကာ၊ အုံကြွမှုများ ဖြစ်လာခဲ့သည်။

နတ်ကောင်းကင် ဓားအကြီးအကဲ၊ ဆီးနှင်းပျံ ဓားမာစတာနှင့် အလင်းဓားမြန် ဓားမာစတာတို့သည် အင်မော်တယ်ဝိညာဥ် ဒုတိယ အဆင့်သို့ ရောက်သွားကြပြီး ဖြစ်ကြသည်။ အထူးသဖြင့် နတ်ကောင်းကင် ဓားအကြီးအကဲသည် အချိန်အကြာကြီးကတည်းက ရောက်သွားခဲ့ပြီး ဖြစ်ကာ၊ ကောင်းကင်မာစတာ ဓား၏ မဟာလမ်းစဥ်ကို ကျင့်ကြံနိုင်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း သူတို့သည် စူတောင်ဓားဂိုဏ်းမှ ဓားမာစတာ သုံးယောက်နှင့် ရင်ဆိုင်ကြရသောအခါ၊ အောက်စည်းတွင် ရောက်နေခဲ့သည်။

နေမင်းအလင်းတန်း ဓားမာစတာသည် စိုးရိမ်နေ၍၊ ပန်လေကျိသည် နတ်ကောင်းကင် ဓားအကြီးအကဲနှင့် ရှောင်ဇီ ဓားမာစတာတို့ တိုက်ခိုက်နေကြသည်ကို ကြည့်၍ ထိတ်လန့်နေခဲ့သည်။

စူတောင်ဓားဂိုဏ်းမှ လူတစ်ယောက်က ပန်လေကျိအား မေးလိုက်သည်။ "ဘာလဲ၊ မင်းကလည်း ဝင်ပါချင်နေတာလား၊ မင်းက ဆန္ဒရှိရင် ငါက ဖြည့်ဆည်းပေးလိုက်မယ်"

"လျှပ်စီးဓားဂိုဏ်းရဲ့ ဓားပညာရပ်က ရှောင်စန်းဓားအပြီးမှာ အခက်ထန်ဆုံး ဓားပညာရပ်လို့ အသတ်မှတ် ခံထားရတယ်။ မင်းကိုကြည့်ရတာ အခုမှ အင်မော်တယ်ဝိညာဥ် အဆင့်ကို ရောက်ခဲ့ပုံရတယ်။ မင်းဘယ်လောက်အထိ ကောင်းသလဲဆိုတာကို ငါက ကူညီပြီး စမ်းသပ်ပေးမယ်"

ထိုစကားကို ပြောခဲ့သူမှာ တောင်ဖြိုဓားမာစတာ နင်းလန်ပင် ဖြစ်၏။ သူလေ့ကျင့်ထားသော ဓားပညာရပ်မှာ ရှောင်စန်းဓားပင် ဖြစ်သည်။

သူ၏လေသံမှာ အမတန်မှ တည်ငြိမ်နေသော်လည်း၊ ပန်လေကျိ၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။

နင်းလန်က ပန်လေကျိအား ကြည့်လိုက်ကာ ပြောလိုက်သည်။ "မင်းဘယ်လို သဘောရသလဲ။ စူတောင်က ဓားတို့ရဲ့ နယ်မြေဖြစ်တယ်။ လျှပ်စီးဓားဂိုဏ်းရဲ့ တည်ထောင်သူဟာ တစ်ခါတုံးက၊ စူတောင်က ရှောင်စန်းတောင်ထိပ်ကို လာပြီးတော့ လမ်းညွှန်မှုကို ခံယူခဲ့သေးတယ်။ မင်းတို့ လျှပ်စီးဓားဂိုဏ်းက အဖွဲ့ဝင်တွေက ဒီအဖြစ်ကို သိသလား"

နင်းလန်၏ စကားကို ထောက်ခံနေသည့်အတိုင်း၊ တောက်ပသည့် ဓားအလင်းတန်း တစ်ခုသည် ပေါ်ပေါက်လာခဲ့ကာ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထိုကြမ်းတမ်းသော ဓားအလင်းတန်း၏ အနောက်တွင်၊ ဆီးနှင်းများက လေဟာနယ် အတွင်းတွင် တဖွဲဖွဲနှင့် ကျလာကြသည်။

အနီးကပ်ကြည့်လိုက်လျှင် ထိုဆီးနှင်းများသည် ဆီးနှင်းပျံ ဓားမာစတာ၏ ဓားအော်ရာဖြင့် ဖွဲ့စည်းထားကြခြင်း ဖြစ်သည်။ သို့သော်လည်း ဓားအော်ရာများသည် တဖြည်းဖြည်း လွင့်ပြယ်သွားကြကာ၊ ဆီးနှင်းများက တဖြည်းဖြည်း အရည်ပျော်သွားကြ၍ နောက်ဆုံးတွင် ပျောက်ကွယ်သွားကြသည်။

အစပထမတွင် ဆီးနှင်းများ အနည်းငယ်သာ ရှိသော်လည်း၊ တဖြည်းဖြည်းနှင့် များလာကြ၏။ သို့သော်လည်း သူတို့သည် နောက်ဆုံးတွင် ဘာမှ မရှိခြင်း အဖြစ်သို့ ပြောင်းလဲသွားကြသည်။

ဒါသည် ဆီးနှင်းပျံ ဓားမာစတာ ကျင့်ကြံထားသည့် ဓားအော်ရာဖြစ်သည်။ သို့သော်လည်း သူ့အား တစ်စုံတစ်ယောက်မှ အရင်းကနေစ၍ ဖျက်ဆီးပစ်ခဲ့သည်။ သူ၏ မူလစွမ်းအား သဘောတရားများ ပျောက်ဆုံးသွားကာ၊ အသုံးမကျ ဖြစ်သွားခဲ့သည်။

လေဟာနယ် အတွင်းတွင် ဆီးနှင်းများစွာတို့ စုဝေးသွားကြကာ၊ ဝတ်စုံဖြူနှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက်၏ ပုံစံကို ဖော်ပြလိုက်သည်။ သူသည် ဆီးနှင်းပျံ ဓားမာစတာ ဖြစ်၏။ သူ၏ ပုံစံမှာ နဂိုအတိုင်းပင် ဖြစ်သော်လည်း၊ ပရိသတ်များမှာ ဓားကျင့်ကြံမှုသက်တမ်း နှစ်ပေါင်းထောင်နှင့်ချီ၍ ရှိနေကြသော အကြီးအကဲများ ဖြစ်ကြသည်။ သူတို့သည် ဆီးနှင်းပျံ ဓားမာစတာက ရှုံးနိမ့်သွားပြီ ဆိုသည်ကို သိလိုက်ကြ၏။

ထိုအချိန်တွင် ဆီးနှင်းပျံ ဓားမာစတာ၏ ပုံစံသည် မပြောင်းလဲသော်လည်း၊ သူ၏ စိတ်သဘောထားသည် ပြိုင်ဘက်ကင်းဓားအဖြစ်မှ၊ ကျိုးပဲ့ သံချေးတက်နေသော သတ္တုအအပိုင်းအစ အဖြစ်သို့ ပြောင်းသွားခဲ့သည်။

ဆီးနှင်းပျံ ဓားမာစတာသည် မည်းနက်နေသော လေဟာနယ် အတွင်းကို ကြည့်နေ၍၊ လီရှုံ ဓားမာစတာက သူ့ကိုယ်သူ ရေရွတ်နေခဲ့သည်။ "နှစ်ပေါင်း ၂၀၀၀ကျော် လေ့ကျင်ပြီးပေမဲ့၊ မင်းက အရင်လိုပဲ အသုံးမကျသေးဘူး"

နေမင်းအလင်းတန်း ဓားမာစတာနှင့် ကျန်သောသူများက ငြိမ်သက်သွားကြသည်။ လူပုံစံကို ပြန်လည်ပြောင်းလဲသွားပြီးသည့် လီရှုံ ဓားမာစတာအား ကြည့်လိုက်ကာ၊ သူတို့သည် စိတ်ဓာတ်ကျနေကြသည်။

ဓားကျင့်ကြံသူ အများစုတို့သည် မှော်ကျိန်စာများ၊ မှော်အိုင်တမ်များကို မလေ့ကျင့်ကြပေ။ သူတို့သည် အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများ ဖြစ်ကြသော်လည်း၊ သူတို့သည် သူတို့၏ ဓားအပေါ်၌သာ မှီခိုနေကြ၏။ သူတို့သည် အခြားနေရာများတွင် မကျွမ်းကျင်ကြပေ။ သို့သော်လည်း သူတို့၏ ဓားပညာရပ်များမှာ အစွမ်းထက်လှသဖြင့်၊ သူတို့သည် ကျင့်ကြံမှု ကမ္ဘာအတွင်းတွင် အကောင်းဆုံးများ အထဲတွင် ပါနေကြ၏။

စူတောင်ဓားဂိုဏ်းသည် ထိုအထဲမှ အကောင်းဆုံး ဥပမာ ဖြစ်၏။

မူလကောင်းကင်ကမ္ဘာတွင် ဆိုရိုးတစ်ခု ရှိ၏။ ဒါသည် 'စူတောင်မှ ကျင့်ကြံသူများသည် အဆင့်တစ်ဆင့် ပိုမြင့်ကြသည်' ဟူ၍ ဖြစ်သည်။ ဆိုလိုသည်မှာ စူတောင်ဓားဂိုဏ်းမှ မည်သည့် ဓားကျင့်ကြံသူမဆို သူတို့ထက် အဆင့်ငယ်တစ်ဆင့် သာသောသူများနှင့် ယှဥ်ပြိုင်နိုင်ခြင်း ဖြစ်သည်။

အင်မော်တယ် ဝိညာဥ် အဆင့်တွင် သုံးဆင့်ရှိသည်။ အင်မော်တယ် ဝိညာဥ် ကိုယ်ပွား၊ စင်စစ် ဖြစ်တည်မှုနှင့် စင်စစ် ဖြစ်တည်မှု လမ်းကြောင်း ဖြစ်သည်။ သူတို့သည် အခြေတည်ဝိညာဥ် အဆင့်၊ ရွှေရောင်ဗဟိုချက် အဆင့်နှင့် အခြေခံအုတ်မြစ် အဆင့်တို့နှင့် များစွာကွာခြားကြသည်။ ထိုအဆင့်သုံးဆင့် အကြားမှ ကွာခြားချက်သည် အလွန်ကြီးမားပေသည်။

ကျင့်ကြံမှု အမြင်မှ ကြည့်ရသော အင်မော်တယ် ဝိညာဥ် အဆင့် သုံးဆင့်အတွင်းမှ ကွာခြားချက်သည်၊ အဆင့်ကြီး သုံးဆင့်အတွင်းမှ ကွာခြားချက်နှင့် တူညီပေသည်။

စူတောင်ဓားဂိုဏ်းမှ ကျင့်ကြံသူ တစ်ယောက်က ကြုံးဝါးထားသေးသည်။ စူတောင်မှ အင်မော်တယ် ဝိညာဥ် ပထမ အဆင့်မှ ကျင့်ကြံသူသည်၊ အခြားဂိုဏ်းမှ အင်မော်တယ် ဝိညာဥ် အဆင့် ဒုတိယ အဆင့်မှ ကျင့်ကြံသူအား ခုခံနိုင်သည်။ ထို့ပြင် စူတောင် ဓားကျင့်ကြံသူ တစ်ယောက်၏ စင်စစ် ဖြစ်တည်မှုသည်၊ အခြားဂိုဏ်းမှ ကျင့်ကြံသူ တစ်ယောက်၏ စင်စစ် ဖြစ်တည်မှု လမ်းကြောင်းထက် ပို၍ အထက်တန်းကျသည် ဟူ၍ဖြစ်သည်။

ဒါသည် စူတောင်ဓားဂိုဏ်းမှ အသိအမှတ် ပြုထားခြင်း မရှိပေ။ တစ်ယောက်မှလည်း ယခင်က မစမ်းသပ်ခဲ့ဖူးပေ။ သို့သော်လည်း မီးမရှိပဲနှင့် မီးခိုးရှိနိုင်မည် မဟုတ်ချေ။ ထိုကဲ့သို့သော ကောလဟာလများ ပျံ့နှံ့နေခြင်းသည်၊ စူတောင်ဓားဂိုဏ်း၏ စွမ်းအားကို ပြသနေခြင်း ဖြစ်သည်။

ယခုဖြစ်ပျက်နေသော အဖြစ်အပျက်သည် ထိုအချက်ကို သက်သေပြနေခြင်း ဖြစ်သည်။

ဆီးနှင်းပျံ ဓားမာစတာသည် လီရှုံ ဓားမာစတာနှင့် အဆင့်တူခြင်း ဖြစ်သော်လည်း၊ အလွယ်တကူပင် ရှုံးနိမ့်သွားခဲ့သည်။

ထိုမြင်ကွင်းသည် နေမင်းအလင်းတန်း ဓားမာစတာနှင့် ကျန်သောသူများကို၊ သူတို့ ရင်ဆိုင်ရန် ကြိုးစားနေကြသူများမှာ ပေါ့သေးသေး မဟုတ်ကြောင်းကို သတိပေးနေခြင်း ဖြစ်သည်။

အခြားတိုက်ပွဲ နှစ်ခုတို့မှာ ပို၍ပင် အခြေအနေ ဆိုးသေးသည်။ ရှောင်စန်း ဓားမာစတာသည် အလင်းဓားမြန် ဓားမာစတာကို ခံစစ်ကိုသာ ခုခံစေနိုင်ခဲ့သည်။ အလင်းဓားမြန် ဓားမာစတာသည် တစ်ခဏ ဓားသယ်ယူပို့ဆောင်ခြင်း နည်းစနစ်ကိုသာ အသုံးပြု၍၊ ရှောင်စန်း ဓားမာစတာ၏ တိုက်ခိုက်မှုများကို ရှောင်နေရသည်။ သူသည် လုံးဝ ပြန်လည်မတိုက်ခိုက်နိုင်ခဲ့ပေ။

အလွန်အမင်းကို အတွေ့အကြုံ ရင့်ကျက်သည့် နတ်ကောင်းကင် ဓားအကြီးအကဲသည်ပင်လျှင်၊ ရှောင်စန်း ဓားမာစတာအား အသာစီး မရခဲ့ပေ။ သူသည် တဖြည်းဖြည်းနှင့်ပင် အောက်စည်းရောက်လာကာ၊ အခြေအနေမှာ ဆိုးရွားလာခဲ့သည်။

ဆီးနှင်းပျံ ဓားမာစတာ၏ ဓားအော်ရာများသည် ကောင်းကင်ပေါ်တွင် ပြည့်နှက်နေသည်။ သူသည် မရေမတွက်နိုင်သော ပြောင်းလဲခြင်းများရှိကာ၊ သူ၏ ဖျက်ဆီးနိုင်မှု စွမ်းအားများမှာ အလွန်ကို သန်စွမ်းလှ၏။ သူသည် လေဟာနယ် တစ်ခုလုံးကို တစ်ခဏ အတွင်းတွင် ဖျက်ဆီးနိုင်သည်။

နတ်ကောင်းကင် ဓားအကြီးအကဲ၏ ကောင်းကင်မာစတာ ဓား၏ မဟာလမ်းစဥ်သည်၊ ကောင်းကင်ကိုးလွှာသို့တိုင်အောင် ထိုးတက်သွားသည့် ဓားအလင်းတန်း တစ်ခုကို ထုတ်လွှတ်ပေးလိုက်သည်။ ဒါသည် အချိန်ကာလနှင့် လေဟာနယ်ကိုပင် ချိုးဖောက်သွားနိုင်သည်ဟု ထင်နေရသည့်၊ ကောင်းကင်နှင့် မြေကြီးတို့ကို ထိုးဖောက်နိုင်သည့် စွမ်းအား သဘောတရားပင် ဖြစ်သည်။

အလင်းဓားမြန်ဂိုဏ်း၏ တစ်ခဏ ဓားသယ်ယူပို့ဆောင်ခြင်း နည်းစနစ်တွင်၊ အချိန်ကာလ၏ လျှို့ဝှက်ဆန်းကြယ်မှုများ ပါနေ၏။ သူသည် အချိန်ကာလ၏ တစ်ခဏ ဟူသော အဓိပ္ပာယ်ကို ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။

လျှပ်စီးဓားဂိုဏ်း၏ ဓားပညာရပ်သည် လွန်စွာ ခက်ထန်ကြမ်းတမ်းလှ၏။ ကြယ်စင်ဓားဂိုဏ်း၏ ဓားပညာရပ်သည် စကြာဝဠာ၏ ပြောင်းလဲမှုများကို အခြေခံထားသည်။

ထိုဓားပညာရပ်များ တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ်ရာ စွမ်းအား သဘောတရားများ ပါရှိနေကြသည်။ သူတို့တစ်ခုစီတွင် သူတို့ကိုယ်ပိုင် လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေကြ၏။

သို့သော်လည်း စူတောင်ဓားဂိုဏ်း၏ အရှေ့တွင် သူတို့သည် တစ်ဆင့်နိမ့်နေကြသည်။

စူတောင်ဓားဂိုဏ်းမှ ဓားခြောက်လက်တို့သည် ထူးခြားကြသည်။ သူတို့သည် သူတို့နေရာနှင့် သူတို့ အဆုံးစွန်အထိ ရောက်နိုင်ကြကာ၊ ဓားပညာရပ်၏ ထိပ်ဆုံးသို့ ရောက်နိုင်ကြ၏။ သူတို့၏ အရင်းအမြစ်မှာ သူတို့ထက်ပင် ပိုအစွမ်းထက်သော၊ သူတော်စင် ကောင်းကင်ဓားချီပင် ဖြစ်သည်။ သူသည် အလွန်ကျယ်ပြန့်လွန်း၍၊ နတ်ဘုရား နယ်မြေအတွင်းမှ ဓားပညာရပ် သဘောတရားများ အာလုံးတို့ကို ခြုံငုံမိနေသည်။

စူတောင်သည် ဓားတို့၏ နယ်မြေဖြစ်သည်။ ဒါသည် စိတ်အနှောင့်အယှက် ဖြစ်စေလွန်းသော စကားစုဖြစ်၍၊ နတ်ကောင်းကင် ဓားအကြီးအကဲ၊ ပိုင်လေကျိနှင့် နေမင်းအလင်းတန်း ဓားမာစတာတို့က ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။

"တောင်ဖြိုဓား၊ လေအကုန် မခံနဲ့တော့" ကွမ်းချုံ ဓားမာစတာက ပြောလိုက်သည်။ "လင်းဖုန်းကလည်း ဒီနေရာကို ရောက်နေတယ်လို့ သတင်းရထားတယ်။ ကောင်းကင်မာစတာ ဓားဂိုဏ်း၊ မဟာချင် အင်ပါယာနဲ့ အလင်းဓားမြန်ဂိုဏ်းတို့အပြင်၊ လင်းဖုန်းကလည်း ဂိုဏ်းခေါင်းဆောင် တစ်ယောက်ပဲ"

နင်းလန်က သူ၏ခေါင်းကို ညိတ်လိုက်၏။ "စူတောင်က ဓားခြောက်စင်း ပေါင်းလိုက်ရင်၊ ဘယ်သူကမှ လာပြီးတော့ မောက်မာလို့ မရဘူး"

ကွမ်းချုံ ဓားမာစတာက ပြောလိုက်သည်။ "လင်းဖုန်းက အစွမ်းထက်ပေမဲ့၊ သူက တိမ်တိုက်တောအုပ် ကမ္ဘာထဲမှာ ခေါင်းဆောင်ကို ရင်မဆိုင်ရဲခဲ့ဘူး။ ဒါက သူတော်စင် ကောင်းကင်ဓားချီက ဘယ်ဓားပညာရပ်ကိုမဆို အသာစီးယူနိုင်တယ် ဆိုတာကို ပြသနေတာပဲ။ ခေါင်းဆောင်က ပြောထားတယ်၊ သူ့ရဲ့ ဓားပညာရပ်က စူတောင်ကို အကျိုးရှိစေနိုင်တယ်တဲ့။ ဒါက ငါတို့ရဲ့ အခွင့်အရေးပဲ ဖြစ်တယ်"

"ဟုတ်တယ်၊ ကျွန်တော်တို့က သူ့ကို ဖမ်းနိုင်ရန် အကောင်းဆုံးပဲ" နင်းလန်က ပြောလိုက်သည်။ "ကျွန်တော်တို့က သူ့ကို မဖမ်းနိုင်ရင်တောင်၊ သူ့ဓားပညာရပ်ရဲ့ နောက်ခံကို ရယူရမယ်"

"အိုး၊ စူတောင်က ငါ့ကို စိတ်ဝင်စားနေမှန်း မသိခဲ့ဘူး"

သူတို့နှစ်ယောက်အကြားမှ စကားမဆုံးသေးခင်တွင်၊ လေဟာနယ် အတွင်းမှ အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ကာ၊ ခရမ်းရောင် တိမ်တိုက်များက ထိုးတက်လာခဲ့သည်။

လင်းဖုန်းသည် အားလုံး၏အရှေ့တွင် ပေါ်လာခဲ့၏။

လင်းဖုန်းအား တွေ့လိုက်သော အချိန်တွင်၊ နင်းလင်သည် မှင်သက်သွားခဲ့၏။ လင်းဖုန်း၏ ဓားသည် သူ၏အာရုံအတွင်းတွင် ပေါ်လာခဲ့ကာ၊ ရင်ထဲမှနေ၍ ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

သူ၏ ဓားကျင့်ကြံမှုနှင့်အတူ၊ သူသည် ပြတ်သားသော စိတ်ဓာတ်ရှိသူ ဖြစ်သည်။ အခြိမ်းခြောက်ခံရချိန်တွင် သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ကြောက်ရွံ့ရန် မဟုတ်ပဲ၊ တစ်ဘက်သူအား မည်သို့သတ်ရမည် ဆိုသည်ကို အကွက်ချရန် ဖြစ်သည်။

သူသည် လင်းဖုန်းအား နောက်ထပ် ထပ်တွေ့လိုက်သောအခါ၊ သူ၏ဘေးတွင် ဆရာသမားများ များစွာရှိသည်ကို တွေးမိလိုက်သည်။ နင်းလန်သည် စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်ပြီး၊ လင်းဖုန်းအား ကြည့်လိုက်ကာ ပြောလိုက်သည်။

"ကျုပ်ကလည်း ဒီစည်းဝေးပွဲမှာ လာပြီးတော့ ပါဝင်တာပါ။ ဓားပညာရပ်တွေကို ဖလှယ်တယ်ဆိုတာ၊ ရခဲတဲ့ အခွင့်အရေး တစ်ခုပဲ။ ကျုပ်ပြန်သွားပြီးကတည်းက ခင်ဗျားဆီကနေ ဓားပညာရပ်တွေကို သင်ယူချင်နေတာ"

လင်းဖုန်းသည် သူ့အားကြည့်လိုက်ကာ၊ ကျန်သော စူတောင်မှ ဓားကျင့်ကြံသူများကို အကဲခတ်လိုက်သည်။ သူ၏ အာရုံသည် ကွမ်းချုံ ဓားမာစတာ၊ လီရှုံ ဓားမာစတာနှင့် ကျန်သော ဓားမာစတာ နှစ်ယောက်အပေါ်သို့ ကျရောက်သွားခဲ့ကာ၊ သူ၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ဘာလဲ၊ မင်းရဲ့အနောက်မှာ စွမ်းအားကြီးတဲ့ သူတွေရှိမှ၊ မင်းက ဓားကိုထုတ်ရဲတာလား"

နင်းလန်သည် သူ၏မေးခွန်းကို မဖြေခဲ့ပဲ အသံနက်ကြီးနှင့် အော်လိုက်သည်။ "ဓားထုတ်လိုက်စမ်း!" သူ၏ လူပုံစံ ပျောက်သွားကာ၊ ဆယ်မီတာခန့် ရှည်လျားသော အစိမ်းရောင် ဧရာမ ကြေးဓားကြီး အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ထိုဓားသည် တံခါးတစ်ချပ်မျှ ကျယ်ဝန်းကာ ထူထဲလှသည်။ သူမှနေ၍ ခြိမ်းခြောက်နိုင်သည့် အော်ရာတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

ပထမဆုံး အကြိမ်တွင်ပင် နင်းလန်သည် ရှောင်စန်းဓား၏ စွမ်းအားများကို အဆုံးစွန်အထိ ဖော်ဆောင်လိုက်သည်။

"ဓားထုတ်ရမယ်" လင်းဖုန်းက ရယ်လိုက်၏။ "ငါက ဓားကျင့်ကြံသူ တစ်ယောက်အနေနဲ့ မင်းမှာ သတ္တိရှိလိမ့်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ အခုတော့ ကြည့်ရတာ မင်းက ငါဓားထုတ်ဖို့အတွက် မတန်ပါဘူး"

သူ၏ နဖူးမှနေ၍ ထိုက်ကျိရုပ်ပုံတစ်ခု လင်းလက်လာခဲ့သည်။

ထိုထိုက်ကျိရုပ်ပုံမှနေ၍ မရေမတွက်နိုင်သော ရွှေရောင်မီးတောက် အလင်းတန်းများ လင်းလက်လာခဲ့ကာ၊ လေပေါ်သို့ ရောက်လာခဲ့သည်။ ချက်ချင်းပင် သူတို့သည် မီးတောက်လူသား ပုံစံတစ်ခုအဖြစ်သို့ ပြောင်းသွားကာ နင်းလန်ထံသို့ ရောက်ရှိလာခဲ့၏။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

စာစဥ် ၂၆ : အပိုင်း ၁၂

အပိုင်း ၄၈၂ : ကြံရည်ဖန်ရည် များပြားခြင်း!

လင်းဖုန်းသည် သူ၏မူလနေရာတွင်သာ ရှိနေခဲ့ပြီး၊ သူ၏ နဖူးမှနေ၍ ထိုက်ကျိရုပ်ပုံ တစ်ခု လင်းလက်လာခဲ့သည်။ ထိုထိုက်ကျိရုပ်ပုံမှနေ၍ မြောက်မြားလှစွာသော ရွှေရောင်မီးတောက်များ ထွက်ပေါ်လာခဲ့၏။

ထိုရွှေရောင်မီးတောက်များမှနေ၍ ကောင်းကင်ပေါ်တွင် ပေ၂၀၀မြင့်သော ဘီလူးကြီး တစ်ကောင်ကို လျှင်မြန်စွာ ဖန်ဆင်းလိုက်၏။ သူ၏ ခေါင်းမှ ခြေဖျားအထိ ရွှေရောင် အလင်းတန်းများဖြင့် လင်းလက်နေခဲ့သည်။ သူသည် မျက်စိများကို ကျိန်းစေခဲ့၏။

ထိုရွှေရောင် အလင်းတန်းများသည် ကောင်းမွန်စွာ ကျင့်ကြံထားသော မီးတောက်များ ဖြစ်ကြသည်။ သူသည် မဟာသူရိယ အကြွင်းမဲ့ မီးတောက်၏ အလင်းတန်းများ ဖြစ်ကြ၏။

ထိုဘီလူးကြီးက ကောင်းကင်ပေါ်တွင် ပေါ်လာသောအခါ၊ ကြီးမားလှသော စွမ်းအားတစ်ခုသည် လေဟာနယ် တစ်ခုလုံးအား တုန်ခါစေခဲ့၍ အားလုံးကို အံ့ဩမှင်သက်စေခဲ့သည်။

ထိုရွှေရောင်မီးတောက် ဘီလူးကြီးသည် အဝတ်အစားနှင့် အရေပြားတို့မှာ မျက်စိကျိန်းစေသည့် ရွှေရောင်အလင်းတန်းတို့နှင့် ဖန်ဆင်းထားခြင်းမှလွဲ၍၊ လင်းဖုန်းနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။

ထိုဘီလူး၏ နဖူးတွင် နေမင်းနှင့်တူသော ပုံစံတစ်ခု ပေါ်ပေါက်လာခဲ့၏။ သူသည် နဖူးပေါ်တွင် တောက်လောင်နေသကဲ့သို့ ဖြစ်သည်။

သူသည် လေဟာနယ် အတွင်းတွင် လွင့်မျောနေသည့် နေမင်းတစ်စင်းနှင့် တူနေပေသည်။

"အသွင်သဏ္ဌာန်လေးမျိုး ကောင်းကင်ခွဲခြမ်း ကျမ်းစာ၊ မီး၊ မဟာကောင်းကင် နေမင်းလက်သီး!"

နင်းလန်မည်သို့မှ မတုံ့ပြန်နိုင်ခင်၊ ထိုရွှေရောင်မီးတောက် ဘီလူးကြီးသည် သူ၏လက်သီးဖြင့် ထိုးချလိုက်သည်။

လေဟာနယ် အတွင်းတွင် ဝုန်းကနဲ ပေါက်ကွဲသံများဖြင့် ပြည့်နှက်သွားခဲ့ပြီး၊ လေဟာနယ် တစ်ခုလုံးသည် မီးလျှံကဲ့သို့ အနီရောင် ပြောင်းသွားခဲ့၏။ လေဟာနယ် အချိန်ကာလ ထကြွလှုပ်ရှားမှုများ၏ အလယ်တွင်၊ တောက်လောင်နေသော နေမင်းတစ်စင်းကို တွေ့မြင်နိုင်ခဲ့သည်။

ကမ္ဘာအတွင်းမှ အရာအားလုံးတို့သည် ပျက်စီးသွားသကဲ့သို့ ထင်နေရပြီး၊ တောက်လောက်နေသော နေမင်းကြီးသည် ကမ္ဘာကြီး၏ အုပ်ချုပ်သူအလား ဖြစ်နေခဲ့သည်။

သူ၏ အလင်းရောင်နှင့် အပူချိန်တို့သည် သက်ရှိများကို မွေးဖွားပေးနိုင်သကဲ့သို့၊ ဖျက်ဆီးရန်လည်း တတ်နိုင်ခဲ့သည်။ ကမ္ဘာအတွင်းမှ အရာအားလုံးတို့၏ သေခြင်း၊ ရှင်ခြင်းအား သူမှနေ၍ ဆုံးဖြတ်နိုင်သကဲ့သို့ ဖြစ်နေခဲ့သည်။

ရှောင်စန်းဓားသည် ခက်ထန်ကြမ်းတမ်း၍၊ နတ်ဘုရား နယ်မြေအတွင်းတွင် အသန်မာဆုံး ဓားနည်းစနစ် ဖြစ်သည်။ သို့သော်လည်း သူသည် လင်းဖုန်း၏ လက်သီးနှင့် ရင်ဆိုင်လိုက်ရသောအခါ၊ သူ့အား မယှဥ်နိုင်ခဲ့ပေ။

သူ၏ပြိုင်ဘက်သည် ခက်ထန်ကြမ်းတမ်းလျှင်၊ လင်းဖုန်း၏ လက်သီးက ပို၍ပင် ခက်ထန်ကြမ်းတမ်းမည် ဖြစ်သည်။ ဒါသည် သူ့လက်သီး၏ စွမ်းအား သဘောတရားပင် ဖြစ်၏။

နင်းလန်၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားဖြစ်သော အစိမ်းရောင် ဧရာမ ကြေးဓားကြီးသည် ကျိုးပျက်သွားသော ကောက်ရိုးတစ်မျှင်ကဲ့သို့၊ လင်းဖုန်း၏ မဟာကောင်းကင် နေမင်းလက်သီးကြောင့် လွင့်ထွက်သွားခဲ့သည်။

မိုင်ပေါင်း ရာနှင့်ထောင်နှင့်ချီ၍ လွင့်ပျံသွားပြီးမှသာ ထိုဧရာမဓားကြီးသည် အရှိန်ကုန်ကာ ရပ်တန့်သွားခဲ့သည်။ သို့သော်လည်း သူ၏ မျက်နှာပြင်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်း များစွာတို့ ပေါ်ပေါက်လာခဲ့ကာ၊ ကြေကွဲဖွယ်ရာ ဖြစ်နေခဲ့၏။

ဓား၏ ဘေးဘက်မှလည်း အက်ကွဲကြောင်းများ ပျံ့နှံ့လာခဲ့ကာ ညည်းညူသံ တစ်ချက်နှင့်အတူ၊ သူသည် လင်းဖုန်း၏ လက်သီးချက်ကြောင့် ကွဲကြေသွားခဲ့သည်။

ကွမ်းချုံ ဓားမာစတာသည် ထိုဧရာမ ဓားကြီး၏ဘေးသို့ လျှင်မြန်စွာနှင့် ရောက်လာခဲ့ကာ၊ ကွမ်းချုံဓား၏ ဓားအော်ရာဖြင့် သူ့အား တည်ငြိမ်အောင် ထိန်းသိမ်းပေးခဲ့သည်။ ထိုဧရာမ ဓားကြီးမှာ နင်းလန်၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားဖြစ်၏။ အကယ်၍ သူကသာ ပျက်စီးသွားပါက၊ နင်းလန်သည်လည်း ဤနေရာတွင် ကြွေလွင့်သွားခဲ့မည် ဖြစ်သည်။

ရှောင်စန်းဓား၏ အမွေဆက်ခံသူ တစ်ဦးဖြစ်၍ အင်မော်တယ် ဝိညာဥ် ပထမ အဆင့်မှ ကျင့်ကြံသူဖြစ်သော နင်းလန်သည်၊ လင်းဖုန်း၏ လက်သီးချက်ကြောင့် သေလုမျောပါး ဖြစ်သွားခဲ့သည်။

နေမင်းအလင်းတန်း ဓားမာစတာနှင့် ကျန်သောသူများသည်ပင်၊ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မှင်သက်သွားကြ၏။ သူတို့သည် လင်းဖုန်းကို ထပ်မံ၍ ကြည့်လိုက်ကြကာ၊ ရင်ထဲမှနေ၍ စိမ့်ကနဲ ခံစားခဲ့ကြရသည်။

"သူက ဓားကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူးလား၊ ဘာဖြစ်လို့ သူ့ရဲ့ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားက ဒီပုံစံ ဖြစ်နေရတာလဲ… နေပါဦး၊ တစ်ခုခုက မှားနေပြီ!"

နေမင်းအလင်းတန်း ဓားမာစတာက သူ၏မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်သည်။ "ဒါက သူ့ရဲ့ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားမဟုတ်ဘူး! ဒါ.. ဒါက သူ့ရဲ့ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်မျှသာ ဖြစ်တယ်!"

ပန်လေကျိ၊ ကြယ်စင် ဓားမာစတာနှင့် ကျန်သောသူများသည် အံ့ဩတုန်လှုပ်နေကြကာ၊ လေဟာနယ် အတွင်းမှ ပုံရိပ်နှစ်ခုအား ကြည့်နေကြ၏။ တစ်ခုမှာအကြီး၊ တစ်ခုမှာ အသေးဖြစ်၏။

ပိုကြီးသော ပုံရိပ်မှာ ရွှေရောင်မီးတောက် ဘီလူးကြီးပင် ဖြစ်သည်။ ပိုသေးသော ပုံရိပ်မှာ လင်းဖုန်း၏ မူလခန္ဓာကိုယ် ဖြစ်သည်။ သူသည် ထိုနေရာတွင် ရပ်နေသော်လည်း၊ သူ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားအား မဖော်ပြခဲ့ပေ။

ထိုဘီလူးကြီးသည် သူ၏ စွမ်းအားများဖြင့် ဖန်ဆင်းထားခြင်းသာဖြစ်ပြီး၊ သူ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားနှင့် ဘာမှ မသက်ဆိုင်ခဲ့ပေ။

ဤဧရာမ ရွှေရောင်မီးတောက် ဘီလူးကြီးအား မဟာကောင်းကင် မီးလျှံဧကရာဇ်ဟု ခေါ်သည်။ ဒါသည် လင်းဖုန်း၏ မှော်ကျိန်စာ တစ်ခုဖြစ်၏။ မဟာကောင်းကင် နေမင်းလက်သီးဖြင့် သူ၏ မှော်စွမ်းအင်များကို စုစည်းခဲ့ကာ၊ အစွမ်းကုန် ကျင့်ကြံထားသော မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ် တစ်ခုဖြစ်သည်။

သူ၏ စွမ်းအားများသည် လွန်စွာ သန်မာသော်လည်း၊ သူသည် လင်းဖုန်း၏ မှော်စွမ်းအင်များဖြင့် ယာယီဖန်ဆင်းထားခြင်းသာ ဖြစ်၏။ ဒါသည် အင်မော်တယ် ဝိညာဥ် ကိုယ်ပွားနှင့် နှိုင်းယှဥ်၍ မရပဲ၊ များစွာပို၍ အားနည်းနေသည်။

ဤကဲ့သို့သော မှော်ကျိန်စာကို ဖန်တီးရန်အတွက်၊ အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူသည် သူ၏ကိုယ်ပိုင် မှော်ကျိန်စာများကို ပြည့်စုံစွာ ကျင့်ကြံထားရမည် ဖြစ်သည်။ ထို့အပြင် မှော်ကျိန်စာ ကိုယ်တိုင်ကလည်း လုံလောက်အောင် အစွမ်းထက်ရပေမည်။ ထိုကဲ့သို့သော မှော်ကျိန်စာများကို ဖန်တီးနိုင်သူမှာ အနည်းငယ်သာ ရှိပေသည်။

လင်းဖုန်းအပြင် သူတို့၏ ကိုယ်ပိုင် မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်ကို ဖန်တီးနိုင်ကြသော၊ အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ အနည်းငယ်သာ ရှိသည်။ သူ့တွင် အားသာချက် များစွာရှိ၏။ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်သည် ပျက်စီးသွားသည့်တိုင်အောင်၊ မူလခန္ဓာကိုယ်သည် ဒဏ်ရာရမည် မဟုတ်ပေ။

သို့သော်လည်း သူသည် အင်မော်တယ် ဝိညာဥ် ကိုယ်ပွား၏ စွမ်းအားကို လျှော့ကျစေနိုင်သဖြင့်၊ သူသေကိုယ်သေ တိုက်ခိုက်သော တိုက်ပွဲများတွင် သုံးလေ့မရှိချေ။

ပုံမှန်အားဖြင့် ဆိုလျှင် နှစ်ဦးနှစ်ဘက်မှ သာမန်သာ တိုက်ခိုက်ကြလျှင်၊ သို့မဟုတ် တစ်ယောက်က ကျန်တစ်ယောက်ထက် များစွာပို၍ သန်မာနေလျှင်၊ သို့မဟုတ် တစ်ယောက်က လွတ်မြောက်ရန် မတတ်နိုင်ပဲ တိုက်ပွဲတွင် သူ့အစား ကူညီတိုက်ခိုက်ပေးရန်သာ၊ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်ကို အသုံးပြုကြခြင်း ဖြစ်သည်။

ယခုအချိန်တွင် လင်းဖုန်းသည် သူ၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်ကို အသုံးချကာ၊ တောင်ဖြို ဓားမာစတာ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားကို ခြေမွခဲ့ခြင်း ဖြစ်သည်။ ဒါသည် သူ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

လေဟာနယ်သည် တွန့်လိမ်သွားခဲ့၏။ လီရှုံ ဓားမာစတာသည် ဆီးနှင်းပျံ ဓားမာစတာကို အဆုံးသတ်ချင်နေသော်လည်း၊ ဤအချိန်တွင် လျစ်လျူရှုထားလိုက်ပြီး လင်းဖုန်းထံသို့ အမြန်ရောက်ရှိလာခဲ့သည်။

"အရင်နှစ်က ခွန်းလွန်တောင်ကို လာနေတဲ့ အချိန်မှာ၊ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ဟန့်တားခြင်းကို ခံခဲ့ရတယ်။ ဒီကနေ့မှ ငါလုပ်ချင်တာကို လုပ်ရတော့မယ်"

လီရှုံ ဓားမာစတာ၏ စကားဆုံးသည်နှင့်၊ မျက်စိကျိန်းလုမတတ် အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲထွက်လာခဲ့သည်။ တစ်ခဏလေး အတွင်းမှာပင် ဓားအလင်းတန်း ထောင်ပေါင်းများစွာတို့သည် သူ၏ ခန္ဓာကိုယ် အတွင်းမှ ထွက်လာကြ၏။ သူ၏ တစ်ကိုယ်လုံးသည် ဓားအလင်းတန်းများဖြင့် ဖုံးလွှမ်းထားကာ၊ ရက်စက်သော လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

အဝေးတစ်နေရာမှ ကောင်းကင်ကို လှုပ်ခါသွားစေသော ဓားအသံတစ်ခု မြည်ဟည်းသွားပြီးနောက်၊ ဧရာမ ဓားအလင်းတန်း တစ်ခုသည် လမ်းကြောင်းတွင် ရှိသမျှ အရာအားလုံးကို ဖြတ်တောက်ခဲ့ကာ လင်းဖုန်းထံသို့ ဝင်ရောက်လာခဲ့သည်။ ဒါသည် ရှောင်စန်း ဓားမာစတာ ဖြစ်သည်။ သူသည် အလင်းဓားမြန် ဓားမာစတာကို ဖယ်ချခဲ့ကာ၊ လင်းဖုန်းထံသို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

"အုပ်စုဖွဲ့ပြီး တိုက်ခိုက်ချင်နေတာလား" လင်းဖုန်းက ရယ်လိုက်ကာ မဟာကောင်းကင် မီးလျှံဧကရာဇ်သည်၊ ရှောင်စန်း ဓားမာစတာ အနားသို့ ရောက်သွားခဲ့၏။ သူသည် လေဟာနယ် အတွင်းတွင် တည်ငြိမ်စွာ နေခဲ့ကာ၊ သူ၏ နဖူးပေါ်မှ ထိုက်ကျိရုပ်ပုံသည် လည်ပတ်လာခဲ့ပြီး  စိမ်းပြာရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ထိုစိမ်းပြာရောင် အလင်းတန်းများသည် အရပ်မျက်နှာ ပေါင်းစုံသို့ လွင့်ပျံ့သွားကြကာ၊ အဆုံးမဲ့ ကျောက်စိမ်းရောင် ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လေဟာနယ် အတွင်းတွင် ဧရာမ ပင်လယ်ကြီးက ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ လှိုင်းလုံးများ၏ လှုပ်ရှားမှုနှင့်အတူ၊ ဆူနာမီတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ပင်လယ်အတွင်းတွင် ဝဲကတော့တစ်ခု ပေါ်ပေါက်လာခဲ့ကာ အဆက်မပြတ် လည်ပတ်နေ၏။

စိတ်ဝိညာဥ် စွမ်းအင်ပေါင်း အမြောက်အမြားတို့သည် ထိုဧရာမ ဝဲကတော့ အတွင်းသို့ ဝင်သွားကြသည်။ ဝဲကတော့ကြီးသည် ပို၍ပို၍ ကြီးမားလာကာ၊ အချင်းဝက် မိုင်တစ်ရာခန့် ကျယ်ပြန့်လာခဲ့၏။

ဝဲကတော့ကြီး၏ အောက်ခြေဘက်မှနေ၍ ကြောက်မက်ဖွယ်ရာ စွမ်းအားတုန်ခါမှုတစ်ခု ပေါ်လာခဲ့သည်။ ဧရာမ လူသားပုံစံ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့၏။ သူသည်လည်း မဟာကောင်းကင် မီးလျှံဧကရာဇ်ကဲ့သို့ပင် ပေ၂၀၀ခန့် မြင့်ပြီး၊ သူ၏ ပုံသဏ္ဌာန်မှာ လင်းဖုန်းနှင့် အတူတူပင် ဖြစ်သည်။

သို့သော်လည်း ထိုဧရာမ ပုံရိပ်ကြီးသည် ကျောက်စိမ်းရောင်ရှိပြီး၊ အလင်းတန်းများဖြင့် တောက်ပနေခဲ့သည်။

"နောက်ထပ် မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ် တစ်ခု!" လီရှုံ ဓားမာစတာ၏ မျက်လုံးအစုံသည် လင်းလက်သွားခဲ့၍၊ ခက်ထန်သော ဓားအလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်ကာ ထိုဧရာမ ပုံရိပ်ကြီးအား တိုက်ခိုက်လိုက်သည်။

ဓားအလင်းတန်းသည် အလွန်အမင်းကို တောက်ပလှ၏။ သူ၏ ဓားအော်ရာသည် အစစ်အမှန် ဖြစ်တည်မှုသို့ ပြောင်းသွားခဲ့ကာ၊ ရှောင်စန်းဓားထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

"အသွင်သဏ္ဌာန်လေးမျိုး ကောင်းကင်ခွဲခြမ်း ကျမ်းစာ၊ ရေ၊ အဆုံးမဲ့ ပင်လယ်မှော်ကျိန်စာ!"

ထိုကျောက်စိမ်းရောင် ဘီလူးကြီးကို အဆုံးမဲ့ ပင်လယ်ဘုရင်ဟု နာမည်ပေးထား၏။ ဒါသည် လင်းဖုန်း၏ အဆုံးမဲ့ပင်လယ် မှော်ကျိန်စာဖြင့် ဖန်တီးထားသော မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်ဖြစ်သည်။ သူသည် ခက်ထန်လှသော လီရှုံဓားနှင့် ရင်ဆိုင်လိုက်သည်။

"ရွှပ်!"

အံ့ဩဖွယ်ရာကောင်းလောက်အောင်ပင် အဆုံးမဲ့ ပင်လယ်ဘုရင်၏ ခန္ဓာကိုယ်သည်၊ လျှင်မြန်စွာပင် ခါးမှနေ၍ လီရှုံဓား၏ ပိုင်းဖြတ်မှုအား ခံလိုက်ရသည်။

"ဒါက အပေါ်ယံသက်သက်ဖြစ်ပြီး နောက်ထပ် တစ်စုံတစ်ခု ရှိသေးတယ်လို့တော့ မပြောနဲ့နော်…" ဒါသည် အားလုံး၏ စိတ်အတွင်းတွင် ပေါ်လာသော အတွေးတစ်ခု ဖြစ်သည်။ အဆုံးမဲ့ ပင်လယ်ဘုရင်၏ အောက်မှ လှိုင်းလုံးများ၏ ရိုက်ခတ်မှုနှင့်အတူ၊ သူတို့သည် အဆုံးမဲ့ ပင်လယ်ဘုရင်၏ ပျက်စီးသွားသော ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပေးခဲ့သည်။

ပန်လေကျိသည် အိမ်မက်မက်နေရာမှ နိုးလာသကဲ့သို့ ဖြစ်နေခဲ့၏။ "ပင်လယ်ဟာ အဆုံးမဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ခန္ဓာကိုယ်က ဖျက်ဆီးလို့ မရနိုင်ဘူး။ ပင်လယ်ကြီးကသာ မပျောက်ကွယ်သွားလို့ ရှိရင်၊ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်က မပျက်စီးသွားပဲ ပြန်လည်ဖန်တီးနိုင်လိမ့်မယ်"

ကြယ်စင် ဓားမာစတာက မရေရာနေခဲ့ပေ။ "ဒါပေမဲ့ သူ့ရဲ့ ပြန်လည်ဖန်ဆင်းတဲ့ စွမ်းရည်က သန်မာတယ် ဆိုဦးတော့၊ ရန်သူကို ဘယ်လိုကျော်လွှားနိုင်မှာလဲ"

ထိုအချိန်တွင် စူတောင်ဓားဂိုဏ်းမှ တစ်စုံတစ်ယောက်က ရှေ့သို့ ထွက်လာခဲ့သည်။ "သူ့ကို ကျွန်တော် တာဝန်ယူပါရစေ"

သူသည် အင်မော်တယ် ဝိညာဥ် ပထမ အဆင့်မှ ဓားကျင့်ကြံသူ တစ်ယောက်ဖြစ်၏။ သူ၏ နာမည်ကို ယင်ယွဲ့ ဓားမာစတာဟု ခေါ်သည်။ မဟာလမင်းဓားကို ကိုယ်တွယ်သော သူများအနက်၊ အစွမ်းအထက်ဆုံး ဓားကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။

စူတောင်ဓားဂိုဏ်းသည် သူ့အပေါ်တွင် မျှော်လင့်ချက်များ ကြီးကြီးမားမား ထားရှိနေသည်။ သူသည် စင်စစ် ဖြစ်တည်မှုကို ကျင့်ကြံပြီးသည်နှင့်၊ မဟာလမင်း ဓားမာစတာ ဟူသော်ဂုဏ်ပုဒ်ကို ဆက်ခံနိုင်မည် ဖြစ်ကာ မဟာလမင်းဓား၏ ပိုင်ရှင်အသစ် ဖြစ်လာမည် ဖြစ်သည်။

အမှန်ဆိုလျှင်လည်း သူသည် မဟာလမင်းဓားကို နေ့စဥ်ပြုစုပေးနေရသော တာဝန်ကိုလည်း ယူထားရသူ ဖြစ်၏။

သူသည် မဟာလမင်းဓား၏ အစွမ်းများကို ဖော်ထုတ်လိုက်ကာ၊ အဆုံးမဲ့ ပင်လယ်ဘုရင်အား မြူခိုးငွေ့များသဖွယ် ချုပ်နှောင်ထားလိုက်သည်။

လီရှုံ ဓားမာစတာသည် အဆုံးမဲ့ ပင်လယ်ဘုရင် အဖျက်စီးခံလိုက်ရသော အခိုက်အတန့်အား အခွင့်ကောင်းယူကာ၊ ကျောက်စိမ်းရောင် ပင်လယ်အား ကျော်ဖြတ်လိုက်၍ လင်းဖုန်းကို တိုက်ခိုက်လိုက်သည်။

သို့သော်လည်း ခဏအကြာတွင် သူသည် တုန်လှုပ်သွားခဲ့ကာ နောက်သို့ ပြန်ဆုတ်သွားခဲ့၏။ ပြန်လည် တည်ဆောက်သွားပြီးသော အဆုံးမဲ့ ပင်လယ်ဘုရင်သည်၊ ဓားမှော်ကျိန်စာ တစ်ခုအား ထုတ်လွတ်လိုက်သည်ကို တွေ့ခဲ့ရ၏။ သူ၏ ခန္ဓာကိုယ်မှနေ၍ မရေမတွက်နိုင်သော ဓားအလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။ ကြောက်မက်ဖွယ်ရာ ဓားအော်ရာသည် အုပ်စုအတွင်းမှ လူအားလုံးအား ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။

ဒါသည် ထိုဓားအော်ရာက အစွမ်းထက်လွန်း၍ မဟုတ်ပေ။ ထိုဓားသည် စူတောင်မှ လီရှုံဓား ဖြစ်နေသောကြောင့် ဖြစ်သည်။

"ဒါ.. ဒါက ဘယ်လို ဖြစ်နိုင်ပါ့မလဲ" လီရှုံ ဓားမာစတာသည် အတုန်လှုပ်ဆုံးသောသူ ဖြစ်၏။ ရှင်းလုံစန်းနှင့် သက်ဆိုင်ရာ နာယက အကြီးအကဲများမှလွဲလျှင်၊ သူသည် အစွမ်းအထက်ဆုံး လီရှုံဓား ကျင့်ကြံသူ ဖြစ်သည်။

တစ်ဘက်သားသည် ပုံတူကူးချထားခြင်းလော၊ ဤဓားပညာရပ်၏ အနှစ်သာရကို ဆုပ်ကိုင်ထားခြင်းလော ဟူသည်ကို၊ လီရှုံ ဓားမာစတာသည် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သိနိုင်ခဲ့သည်။

ချောမွေ့သင့်သလောက် မချောမွေ့ပဲ ပြောင်းလဲမှု အနည်းငယ် ရှိနေသည်က လွဲလျှင်၊ အဆုံးမဲ့ ပင်လယ်ဘုရင် ဖော်ပြခဲ့သော အရာသည် လီရှုံဓားပင် ဖြစ်သည်။

ယင်ယွဲ့ ဓားမာစတာသည် လျှင်မြန်စွာနှင့် သူ့ကိုယ်သူ ဖုံးကွယ်လိုက်သည်။ လီရှုံ ဓားမာစတာသည်လည်း နောက်သို့ဆုတ်လိုက်ကာ၊ အဆုံးမဲ့ ပင်လယ်ဘုရင်၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်၏။

သို့သော်လည်း အဆုံးမဲ့ ပင်လယ်ဘုရင်၏ တိုက်ခိုက်မှုမှာ ယခုမှပင် စတင်ခြင်း ဖြစ်သည်!

လီရှုံဓားအပြီးတွင် ပေ၂၀၀မြင့်သော ဘီလူးကြီးသည် နောက်ထပ် မှော်ကျိန်စာ တစ်ခုကို ထုတ်လွှတ်လိုက်ကာ၊ ကွဲပြားခြားနားသော ဓားပညာတစ်ခုကို ဖော်ပြလိုက်၏။ ဓားအော်ရာများသည် တိမ်တိုက်များကဲ့သို့ လေဟာနယ် တစ်ခုလုံးကို ပြည့်နှက်သွားခဲ့သည်။

ယင်ယွဲ့ ဓားမာစတာသည် သွေးအန်လုနီးပါး ဖြစ်သွားခဲ့၏။

လခွမ်းပဲလေ!

မဟာလမင်းဓား!

အဆုံးမဲ့ ပင်လယ်ဘုရင် ထုတ်ဖော်ပြသခဲ့သော ဓားပညာရပ်မှာ၊ အမှန်ပင် စူတောင်၏ ဓားခြောက်လက် အနက်မှ မဟာလမင်းဓားပင် ဖြစ်သည်။

ပန်လေကျိနှင့် ကြယ်စင် ဓားမာစတာတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့သည် လင်းဖုန်းနှင့် တစ်ဖွဲ့တည်း ဖြစ်ကြသော်လည်း၊ ရင်ထဲတွင် ခါးသီးစွာဖြင့် ခံစားနေကြရသည်။ "ဒီမှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်က သူတွေ့ကြုံခဲ့ရတဲ့ မှော်ကျိန်စာတိုင်းကို၊ နားလည် သဘောပေါက်နိုင်တယ်လို့တော့ မပြောနဲ့နော်"

ထိုအချိန်တွင် အားလုံး၏ အကြည့်သည် လင်းဖုန်း၏ မူလခန္ဓာကိုယ်၏ အပေါ်သို့ ကျရောက်သွားကြသည်။ သူ၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်များသည်၊ စူတောင်မှ အင်မော်တယ် ဝိညာဥ် ဒုတိယ အဆင့်ရှိ မဟာဓား ကျင့်ကြံသူများနှင့် တိုက်ခိုက်နေခြင်းအား၊ ပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ကြရသည်။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

စာစဥ် ၂၆ : အပိုင်း ၁၃

အပိုင်း ၄၈၃ : ပြိုင်ဘက်ကင်း!

အဆုံးမဲ့ ပင်လယ်ဘုရင်သည် အစွမ်းပြနေချိန်တွင်၊ မဟာကောင်းကင် မီးလျှံဧကရာဇ်သည်လည်း နောက်ကျမနေခဲ့ပေ။

မဟာကောင်းကင် မီးလျှံဧကရာဇ်၏ ခန္ဓာကိုယ်ထံမှ ဝင်းလက်နေသော အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူ၏လက်ဝါး အတွင်းတွင် အလင်းတန်း ဘောလုံးတစ်ခု ပေါ်လာခဲ့ကာ၊ တောက်ပစွာ လင်းလက်နေသည့် နေမင်းတစ်စင်း အသွင်သို့ ပြောင်းသွားခဲ့၏။

ခဏအကြာတွင် ထိုနေမင်းသည် မျိုချခံခဲ့ရသကဲ့သို့ ငြိမ်းသက်သွား၍ ပျောက်ကွယ်သွားခဲ့သည်။

မဟာကောင်းကင် မီးလျှံဧကရာဇ်ကို ဖန်ဆင်းထားသည့် ရွှေရောင်မီးတောက်များပင် မှောင်မည်းသွားခဲ့သည်။ အမှောင်တွင်းနက်ကြီး တစ်ခုက အလင်းရောင်များကို ဝါးမျိုခဲ့သကဲ့သို့ ဖြစ်သည်။

အမှောင်ထုအတွင်းတွင် မဟာကောင်းကင် မီးလျှံဧကရာဇ်သည်၊ ကြောက်မက်ဖွယ် အော်ရာတစ်ခုအား ထုတ်လွှတ်လိုက်သည်။ သူ၏ စွမ်းအားတို့ကို စုစည်းထားခဲ့သော်လည်း မထုတ်လွှတ်သေးခဲ့ပေ။ မကြာမီလာတော့မည့် ပြစ်ဒဏ်ချမှတ်မှုတို့အား ကြိုတင်၍ သတိပေးနေသကဲ့သို့ ဖြစ်၏။

အကယ်၍ သူကသာ ဆန္ဒရှိပါက အားလုံးရှိနေသော လေဟာနယ် တစ်ခုလုံးကို၊ လက်ဖျောက်လေး တစ်ချက် တီးလိုက်ရုံနှင့် ဖျက်ဆီးနိုင်စွမ်း ရှိပေသည်။

မဟာကောင်းကင် နေမင်းလက်သီး၊ နေကြတ်ခြင်း!

လင်းဖုန်း၏ မဟာကောင်းကင် နေမင်းလက်သီးသည် မဟာသူရိယ အကြွင်းမဲ့ မီးတောက်၏ စွမ်းအားနှင့်၊ ကောင်းကင်နှင့် မြေကြီးတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့် မဟာ သဘောတရားကို ပေါင်းစည်း၍ ဖန်ဆင်းထားခြင်း ဖြစ်သည်။ သူ၏ စွမ်းအားမှာ မယုံနိုင်လောက်အောင် ကြီးစိုးနိုင်စွမ်း ရှိလှသည်။

ဤနေကြတ်ခြင်းသည် နေမင်းအလင်းရောင်၏ အဆီအနှစ်နှင့်၊ အကြွင်းမဲ့ မီးတောက်၏ အလင်းတန်းတို့ကို ငြိမ်းသတ်စေခဲ့သည်။ ထိုမှနေ၍ ထူးခြားကြီးမားသည့် စွမ်းအားတစ်မျိုးသည် ချက်ချင်းပင် ပေါ်ထွက်လာခဲ့၏။

ထိုခက်ထန်လှသည့် လက်သီးသည် ရှောင်စန်းဓားနှင့် တိုက်ခိုက်မိခဲ့ချိန်တွင်၊ ရှောင်စန်း ဓားမာစတာသည် အနောက်သို့ လွင့်ပျံသွားခဲ့သည်။

ကြီးကျယ်ခမ်းနားလှသည့် ဓားအလင်းတန်းများသည် အလင်းတန်းပေါင်း ရာနှင့်ထောင်နှင့်ချီ၍ ပြောင်းလဲသွားခဲ့ကာ၊ အရပ်မျက်နှာ ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့၏။

အလွန်အမင်း ထက်မြက်သည့် မှော်ဓားတစ်ချောင်းသည်၊ ဧရာမ တူကြီးတစ်ချောင်းနှင့် အထုခံလိုက်ရသကဲ့သို့ ဖြစ်သည်။ သူသည် မည်မျှပင် ထက်မြက်သော်လည်း၊ ဤကဲ့သို့ ကြမ်းတမ်းသော ထုထောင်းမှုကို မခံနိုင်ခဲ့ပေ။

မဟာကောင်းကင် မီးလျှံဧကရာဇ်၏ ခန္ဓာကိုယ်သည် တုန်ခါသွားခဲ့ကာ၊ နေကြတ်ခြင်း၏ စွမ်းအားသည်လည်း လွင့်ပြယ်သွားခဲ့သည်။ မီးတောက်များသည် စတင်၍ ပြန်လည် တောက်လောင်လာကြပြီး၊ ရှောင်စန်းဓား၏ အဖြတ်တောက် ခံခဲ့ရသော အချို့နေရာများမှာ၊ အစိတ်အပိုင်းပေါင်း များစွာအဖြစ် ကျိုးပဲ့သွားကြသည်။ သို့သော်လည်း ထိုဒဏ်ရာများသည် မဟာကောင်းကင် မီးလျှံဧကရာဇ်ကို အားမနည်းသွားစေခဲ့ပဲ၊ ပို၍ပင် ခက်ထန်ကြမ်းကြုတ်စေခဲ့သည်။

ဓားအလင်းတန်းများ ပျောက်ကွယ်သွားသောအခါ၊ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည့် ရန်လိုနေသည့် ပုံစံနှင့် လူတစ်ယောက်ကို ဖော်ပြခဲ့သည်။ သူသည် ပေ၁၀၀မြင့်၍ ဓားကို ကိုင်ဆောင်ထားကာ၊ မျက်လုံးများသည် လျှပ်စီးများဖြင့် လင်းလက်နေ၍ ကြည့်၍ကောင်းလှသည်။

ဒါသည် ရှောင်စန်း ဓားမာစတာ၏ စင်စင် ဖြစ်တည်မှုပင် ဖြစ်၏။ အရေးအကြီးဆုံး အချိန်တွင် ရှောင်စန်း ဓားမာစတာသည်၊ သူ၏ စွမ်းအားအကြီးဆုံး အကွက်ကို ထုတ်သုံးခဲ့၏။ သူသည် သူ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားမှ စင်စင် ဖြစ်တည်မှုသို့ ပြောင်းလဲလိုက်ကာ၊ လင်းဖုန်း၏ မဟာကောင်းကင် နေမင်းလက်သီးကြောင့် သေလုနီးပါး ဖြစ်သွားသော၊ နင်းလန်၏ လမ်းစဥ်အနောက်သို့ မလိုက်ရအောင် ကာကွယ်နိုင်ခဲ့သည်။

ကွမ်းချုံ ဓားမာစတာသည် ထိုမြင်ကွင်းကို မြင်ခဲ့ရသောအခါ၊ ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ "သူက မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်နဲ့တောင် ဒီလောက်အထိ အစွမ်းထက်နေပြီ။ သူက တိမ်တိုက်တောအုပ် ကမ္ဘာမှာတုံးက အခြေအနေတွေ ရှုပ်ထွေးနေလို့ အစွမ်းအကုန် မထုတ်ခဲ့တာလား၊ ဒါမှမဟုတ် တိမ်တိုက်တောအုပ် ကမ္ဘာကို သူ့ရဲ့ကိုယ်ပွားကိုပဲ လွှတ်လိုက်တာလား"

သူသည် ပင့်သက်တစ်ချက်ကို ရှိုက်လိုက်ကာ၊ သူ၏ရင်အတွေးမှ ပဟေဠိများကို ဖိနှိပ်ထားလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ရှောင်ဇီ၊ နတ်ကောင်းကင် ဓားအကြီးအကဲကို ဂရုမစိုက်နေနဲ့တော့"

သို့သော်လည်း သူ၏စကား မဆုံးခင်တွင်ပင်၊ ရှောင်ဇီ ဓားမာစတာသည် အရှေ့သို့ တက်လာခဲ့ကာ ရှောင်စန်း ဓားမာစတာကဲ့သို့ သူ၏ ပြိုင်ဘက်ကို စွန့်လွှတ်ခဲ့ပြီ ဖြစ်သည်။ သူသည် လင်းဖုန်းအား တိုက်ခိုက်လိုက်၏။

ချက်ချင်းပင် ရှောင်ဇီ ဓားမာစတာသည် အဆုံးမဲ့ လေဟာနယ်အား ဖြတ်ကျော်လာခဲ့ကာ၊ လင်းဖုန်း၏ အရှေ့သို့ ရောက်လာခဲ့သည်။ သူသည် ကျယ်လောင်စွာနှင့် ဟိန်းဟောက်လိုက်ကာ သရဖူနှင့် ရှေးဟောင်း ဝတ်စုံများကို ဝတ်ဆင်ထားသည့်၊ ပေနှစ်ဆယ်မြင့်သော ဓားသမားပုံရိပ်ကို ဖန်ဆင်းလိုက်သည်။ သူ၏ ဓားရှည်သည် အေးစက်သော အလင်းတန်းများကို ထုတ်လွှတ်နေခဲ့၏။

အလင်းတန်းများ လင်းလက်သွားမှုနှင့်အတူ၊ သူသည် တောက်ပစွာ လင်းလက်နေသော ကြယ်စင်ကောင်းကင် တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူသည် အကန့်အသတ်မဲ့ လေဟာနယ်ကို ဖြတ်ကျော်လာခဲ့ကာ၊ လင်းဖုန်းကို တိုက်ခိုက်လိုက်၏။

ရှောင်စန်း ဓားမာစတာနှင့် လီရှုံ ဓားမာစတာတို့၏ အမှားများမှ သင်ခန်းစာယူ၍၊ ရှောင်ဇီ ဓားမာစတာသည် ချက်ချင်းပင် သူ၏ စင်စင် ဖြစ်တည်မှုကို ဖော်ထုတ်လိုက်သည်။

အခြားတစ်ဘက်တွင် ကွမ်းချုံ ဓားမာစတာသည်၊ သူ၏ အသက်စွမ်းအင်များ ပြန်လည် မပြည့်ဝသေးသည်ကို ဂရုမထားနိုင်ခဲ့ပေ။ သူသည်လည်း သူ၏ စင်စင် ဖြစ်တည်မှုကို ဖော်ပြလိုက်ကာ၊ ဧရာမ ဓားကြီးကို ကိုင်ဆောင်ထားသည့် ပေ၇၀မြင့်သော လူသန်ကြီး တစ်ယောက်အဖြစ်သို့ ပြောင်းသွားခဲ့သည်။

ထိုဓားသည် လုံးဝိုင်းသော ပုံသဏ္ဌာန်ရှိပြီး ဧရာမ သံမဏိ ကြိမ်လုံးနှင့် တူနေပေသည်။ သို့သော်လည်း သူ့တွင် မှားယွင်းသည့် အရာအားလုံးကို ဖိနှိပ်ထားနိုင်သည့် အော်ရာရှိနေကာ၊ သန်မာလှသည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည်။

ရှောင်စန်း ဓားမာစတာနှင့် လီရှုံ ဓားမာစတာတို့အပါအဝင်၊ စူတောင်မှ စင်စင် ဖြစ်တည်မှုကို ကျင့်ကြံထားပြီးကြသည့် ဓားမာစတာ လေးယောက်တို့သည် ဝန်းရံကာ လင်းဖုန်းအား တိုက်ခိုက်လိုက်ကြသည်။

လင်းဖုန်းသည် တည်ငြိမ်နေဆဲပင် ဖြစ်ကာ၊ သူ၏ မျက်မှောင်များကို အတန်ငယ် ကြုတ်လိုက်သည်။ သူ၏ နဖူးပေါ်မှ ထိုက်ကျိရုပ်ပုံမှနေ၍ အစွမ်းထက်လှသည် စွမ်းအား သဘောတရား လှိုင်းလုံးနှစ်ခုတို့က ထွက်ပေါ်လာခဲ့သည်။

ထိုစွမ်းအား လှိုင်းလုံးနှစ်လုံးတို့သည် လေဟာနယ် အတွင်းသို့ ကျရောက်သွားခဲ့ကာ၊ ပေ၂၀၀၀ကျော် မြင့်မားသည့် ဘီလူးကြီး နှစ်ကောင် အဖြစ်သို့ ပြောင်းသွားခဲ့သည်။ သူတို့သည် လင်းဖုန်း၊ မဟာကောင်းကင် မီးလျှံဧကရာဇ်၊ အဆုံးမဲ့ ပင်လယ်ဘုရင်တို့နှင့် ပုံံစံတူနေ၏။ သူတို့သည် လင်းဖုန်း၏ နောက်ထပ် မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်နှစ်ခုတို့ ဖြစ်ကြ၏။

"အသွင်သဏ္ဌာန်လေးမျိုး ကောင်းကင်ခွဲခြမ်း ကျမ်းစာ၊ လေ၊ လောကဓာတ် အလင်းရောင်နှင့် မြင့်မြတ်သော လေပြင်း!"

"အသွင်သဏ္ဌာန်လေးမျိုး ကောင်းကင်ခွဲခြမ်း ကျမ်းစာ၊ မြေကြီး၊ ကောင်းကင်သယ်ဆောင် လက်ဝါး"

အသွင်သဏ္ဌာန်နှင့် အရောင်အဆင်း ကင်းမဲ့နေသော မုန်တိုင်းတစ်ခုသည် လေဟာနယ်တွင် ပေါ်ပေါက်လာ၍၊ ထွင်းဖောက်၍ မြင်နေရသော ဘီလူးကြီးအဖြစ်သို့ ပြောင်းသွားခဲ့သည်။ ဒါသည် လင်းဖုန်း၏ လောကဓာတ် အလင်းရောင်နှင့် မြင့်မြတ်သော လေပြင်းမှ ဖန်ဆင်းထားသည့်၊ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ် ဖြစ်သည်။ သူ့အား လောကဓာတ် အလင်းရောင်နှင့် လေပြင်းဧကရာဇ် ဟူ၍ နာမည်ပေးထားသည်။ သူသည် ရှောင်ဇီ ဓားမာစတာ၏ တိုက်ခိုက်မှုများကို လက်ခံလိုက်သည်။

ရှောင်ဇီ ဓားမာစတာသည် သူ့ဓားအော်ရာများ၏ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ သူ၏ ဓားအလင်းတန်းသည် ကြယ်စင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထိုကြယ်စင်များ တစ်ခုချင်းစီသည် အစစ်အမှန်များ ဖြစ်ကြ၏။ ထိုဓားတစ်ချက်သည် အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲတစ်ယောက်ကို၊ အကြီးအကျယ် ဒဏ်ရာရနိုင်စေရန် လုံလောက်ပေသည်။

ဓားအလင်းတန်း တစ်ခုချင်းစီသည်၊ တစ်ခဏ အချိန်ကာလ ဖွဲ့စည်းမှု ဖြစ်နိုင်ခြေများကို ကိုယ်စားပြုထားသည်။

လောကဓာတ် အလင်းရောင်နှင့် လေပြင်းဧကရာဇ်သည် ရှောင်ဇီဓားနှင့် ရင်ဆိုင်လိုက်ရသောအခါ၊ ကျယ်လောင်စွာနှင့် ဟစ်ကြွေးလိုက်သည်။ "ကမ္ဘာရဲ့ ပြောင်းလဲမှုတွေက တစ်ခဏ အတွင်းမှာ ဖြစ်ပေါ်တယ်။ ဒါပေမဲ့ အလင်းတန်း စီးဆင်းမှု ရှိနေခဲ့တာက နှစ်ပေါင်းတစ်ထောင် ရှိခဲ့ပြီ"

သူ၏ တစ်ကိုယ်လုံးမှ စွမ်းအားများသည် ပေါက်ကွဲထွက်လာခဲ့ကာ၊ ခက်ထန်သော လေပြင်းသည် အရပ်မျက်နှာ ပေါင်းစုံသို့ တိုက်ခိုက်လိုက်၍၊ ရှောင်ဇီ ဓားမာစတာ၏ ဓားအလင်းတန်းများကို လွှမ်းခြုံထားလိုက်သည်။

လေဟာနယ်တွင် ထူးဆန်းသော တုန်ခါမှုများ ဖြစ်ပေါ်လာကာ၊ ဓားအလင်းတန်းသည် ပျောက်ကွယ်သွားခဲ့၏။ ရှေးဟောင်း အဝတ်အစားနှင့် သရဖူဆောင်းထားသော ပေနှစ်ဆယ်မြင့်သည့် ဓားသမားတစ်ယောက်သာ၊ အေးစက်သော အလင်းတန်းများဖြင့် ထိပ်ဖျားတွင် လင်းလက်နေသည့် ဓားရှည်တစ်ချောင်းကို ကိုင်လျှက် ကျန်နေခဲ့သည်။

အားလုံးတို့သည် ဤအချိန်တွင် အံ့အားသင့် မှင်သက်သွားကြ၏။

အဘယ်ကြောင့်ဆိုသော် သူတို့သည့် ဤမြင်ကွင်းကို အစောကလည်း မြင်ခဲ့ရသောကြောင့် ဖြစ်သည်။ ရှောင်ဇီ ဓားမာစတာသည် သူ၏ စင်စင် ဖြစ်တည်မှုကို ဖော်ပြကာ၊ သူ၏ ဓားကို ဆွဲထုတ်ခဲ့သည့် တစ်ခဏသာ ဖြစ်သည်။

နောက်တစ်ချိန်တွင် သူ၏ ဓားထိပ်ဖျားမှ အေးစက်သော အလင်းတန်းသည် ထောင်ပေါင်းများစွာသော ဓားအလင်းတန်းများအဖြစ်သို့ ပြောင်းလဲလိုက်၍၊ ကွဲပြားခြားနားသော အချိန်ကာလ အလွှာပေါင်း မြောက်မြားစွာ အတွင်းသို့ စိမ့်ဝင်ကာ လင်းဖုန်းအား သတ်ဖြတ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုမြင်ကွင်းသည် အားလုံးတို့၏ မျက်စိအရှေ့တွင် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

နေမင်းအလင်းတန်း ဓားမာစတာနှင့် ကျန်သောသူများသည်၊ သူတို့သည် အရာများကို မြင်နေရသည်လော၊ သို့မဟုတ် အစောပိုင်းက ပုံရိပ်ယောင်ကို ခံစားခဲ့ရသည်လော ဟူ၍ မစဥ်းစားနိုင် ဖြစ်နေကြ၏။

အကြောင်းရင်း တစ်ခုသာ ရှိနိုင်သည်။ ဒါသည် လောကဓာတ် အလင်းရောင်နှင့် လေပြင်းဧကရာဇ်၏ စွမ်းအား သဘောတရားသည်၊ ရှောင်ဇီ ဓားမာစတာရှိနေသည့် လေဟာနယ် အတွင်းမှ အချိန်ကာလ စီးဆင်းမှုကို ရှေ့နောက် ပြောင်းပြန်လှန်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဒါသည် အချိန်ကာလ တိုတိုလေး ဖြစ်သော်လည်း၊ အလွန်အမင်းပင် အံ့ဩထိတ်လန့်ဖွယ်ရာ ကောင်းလှနေပြီ ဖြစ်သည်။

ရှောင်ဇီ ဓားမာစတာသည် ရှောင်ဇီဓားကို ကျင့်ကြံထားသည့် မဟာ ဓားကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ သူသည်လည်း အချိန်ကာလ၏ လျှို့ဝှက်ဆန်းကြယ်မှု အချို့ကို နားလည်ထား၏။ သူ၏ အသိစိတ်သည် ကြည်လင်နေခဲ့ကာ၊ သူဘယ်အခြေအနေသို့ ရောက်နေခဲ့သည်ကို သဘောပေါက်သွားခဲ့သည်။

သို့သော်လည်း လောကဓာတ် အလင်းရောင်နှင့် လေပြင်းဧကရာဇ်သည် အခွင့်အရေးကို ဆုပ်ကိုင်ခဲ့ပြီး ဖြစ်သည်။ ရှောင်ဇီ ဓားမာစတာသည် တိုက်ခိုက်မည် ကြံရွယ်ခဲ့စဥ်တွင်၊ တူညီစွာ စွမ်းအားကောင်းသည့် လေပြင်းတစ်ခုသည် သူ၏ စင်စင် ဖြစ်တည်မှုအား တိုက်ခိုက်ခဲ့ကာ သူ့အား အခြေအနေမလှ ဖြစ်စေခဲ့သည်။

အခြားတစ်ဘက်တွင်မူ ဝါညစ်ညစ် အလင်းတန်းပေါင်း များစွာတို့သည်၊ စုစည်းလိုက်ကြကာ ခက်ထန်သော ဘီလူးတစ်ကောင်အား ဖန်ဆင်းလိုက်သည်။

ထိုဘီလူးကြီးသည် သူ၏ လက်များဖြင့် မှော်ကျိန်စာ တစ်ခုအား ဖန်ဆင်းလိုက်ကာ၊ ကွမ်းချုံ ဓားမာစတာအား ခြေမွလိုက်သည်။ ဒါသည် သန်စွမ်းသော ခွန်အား၏ စွမ်းအား သဘောတရားများကို ဖော်ပြခဲ့သည်။ ဒါသည် ထက်မြက်ရက်စက်ခြင်း မရှိသော်လည်း၊ အလွန်အမင်း သိပ်သည်းကြမ်းတမ်းကာ ဖျက်ဆီး၍ မရနိုင်ပေ။

သူသည် အရာအားလုံးတို့၏ သယ်ဆောင်သူနှင့် ကောင်းကင်နှင့် မြေကြီးတို့၏ မွေးမြူသူအလား ဖြစ်နေခဲ့ကာ၊ ကောင်းကင်နှင့် မြေကြီးတို့အား ကျရောက်လာသော စွမ်းအားများကို သယ်ဆောင်နေနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီးတို့သည် အလွန်တရာမှ လေးလံလာခဲ့၍၊ အားလုံးကို ဖိနှိပ်ထားကာ အုံကြွခြင်း မဖြစ်လာအောင် တားဆီးထားခဲ့သည်။

ကွမ်းချုံ ဓားမာစတာ၏ စင်စင် ဖြစ်တည်မှုသည်၊ လင်းဖုန်းအား ထူးခြားထင်ရှားသည့် ကွမ်းချုံ ဓားအော်ရာဖြင့် တိုက်ခိုက်လိုက်သည်။ သို့သော်လည်း သူသည် လင်းဖုန်း၏ ကောင်းကင်သယ်ဆောင် လက်ဝါး၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်ဖြစ်သော၊ ကောင်းကင်သယ်ဆောင် ဧကရာဇ်နှင့် ရင်ဆိုင်ခဲ့ရမည်ဟု ထင်မှတ်မထားခဲ့ပေ။ သူတို့ အချင်းချင်း ထိပ်တိုက်ရင်ဆိုင် ခဲ့ကြသောအခါ၊ ကြီးမားလှသော စွမ်းအားများသည် ကွမ်းချုံး ဓားမာစတာအား ဖိနှိပ်ထားခဲ့၏။

ကွမ်းချုံ ဓားမာစတာသည် သူ၏ကိုယ်ပိုင် ဓားကမ္ဘာအား ဖန်တီးထားခဲ့သော်လည်း၊ သူသည် ထိုကြီးမားသည့် ဖိအားများကို မခုခံနိုင်ခဲ့ပေ။

စူတောင်ဓားဂိုဏ်းဘက်မှ တည်ငြိမ်အေးချမ်းသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်သည်၊ သူ၏ ဓားကို ဆွဲထုတ်ကာ ကွမ်းချုံ ဓားမာစတာကို ကူညီရန် ဟန်ပြင်လိုက်သည်။

သူထုတ်လွှတ်လိုက်သော ဓားအလင်းတန်းသည် သန့်စင်သော ရွှေရောင်ဖြစ်သည်။ သူသည် ပြတ်သားခြင်း မရှိပဲ၊ ငြိမ်းချမ်း၍ သိပ်သည်းလှသည်။ သူသည် ကောင်းကင်နှင့် ပင်လယ်တို့အား တည်ငြိမ်အောင် ထိန်းထားပေးနိုင်သည့် တောင်တစ်လုံးနှင့် တူသည်။

ထိုဓားနှင့် ရင်ဆိုင်ရသောအခါ အားလုံးတို့သည် သိမ်ငယ်သည်ဟု ခံစားခဲ့ရကာ၊ သူ့ထံတွင် ဦးညွှတ်၍ အပြစ်များကို ဝန်ခံရမည် ဖြစ်သည်။

ဒါသည် ရှောင်ယမ်ဓားဖြစ်သည်။ စူတောင်ဓားဂိုဏ်း၏ အငြိမ်းချမ်းဆုံးဓားဖြစ်၍၊ သူ့အား ကျင့်ကြံရန် အခက်ခဲဆုံး ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံအပြီးတွင်၊ သူသည် အပြစ် အနာအဆာ ကင်းမဲ့ကာ ပြိုင်ဘက်ကင်းသည်။ သူ့အား အနိုင်ယူ၍ မရပဲ ဓားခြောက်လက်အတွင်းတွင်၊ အကောင်းဆုံးဟူ၍ သတ်မှတ်ထားခြင်း ခံရသည်။

ရှောင်ယမ် ဓားမာစတာသည် စူတောင်တွင် ခံတပ်ကို စောင့်ကြပ်နေပြီး၊ ကောင်းကင်လှည်း တောင်ထိပ်သို့ ရောက်မလာခဲ့ပေ။ သို့သော်လည်း ကွမ်းချုံ ဓားမာစတာတို့နှင့်အတူ၊ ရှောင်ယမ်ဓားကို တတ်မြောက်ထားသည့် တစ်ယောက်က လိုက်ပါလာခဲ့သည်။ သူသည် ရှောင်ယမ် ဓားမာစတာထက်သာ နိမ့်ကျသော ကျွမ်းကျင်သူဖြစ်သည့်၊ ချင်းထျန်း ဓားမာစတာ ဖြစ်၏။

သူသည် အင်မော်တယ်ဝိညာဥ် ပထမ အဆင့်တွင်သာ ရှိသေးသော်လည်း၊ လွန်စွာ တည်ငြိမ်သော သူတစ်ယောက်ဖြစ်သည်။ နတ်ကောင်းကင် ဓားအကြီးအကဲ၊ ဆီးနှင်းပျံ ဓားမာစတာနှင့် အလင်းဓားမြန် ဓားမာစတာတို့ပင် သူ့အား လျှော့မတွက်ရဲကြပေ။

ချင်းထျန်း ဓားမာစတာသည် သူ၏ ရှောင်ယမ်ဓားကို အသုံးပြုကာ၊ ကွမ်းချုံ ဓားမာစတာကို ကူညီ၍ လင်းဖုန်း၏ ကောင်းကင်သယ်ဆောင် လက်ဝါးကို ဖျက်ဆီးရန် ကြိုးစားခဲ့၏။

မထင်မှတ်ထားစွာပင် လင်းဖုန်းသည် သူ့အား ဂရုမထားခဲ့ပေ။ ကောင်းကင်သယ်ဆောင် ဧကရာဇ်သည် သူ၏ လက်ဝါးများကို စုစည်းလိုက်ကာ ဖိအားများကို ဆက်ပေးလိုက်ပြီး၊ ချင်းထျန်း ဓားမာစတာကိုပါ ဖိနှိပ်ထားခဲ့သည်။

ရွှေရောင် ဓားအလင်းတန်းသည် သူ့အပေါ်သို့ ကျရောက်လာသော၊ အားကောင်းလှသည့် ဖိအားများကြောင့် ရှေ့ဆက်မတိုးနိုင်တော့ပေ။

ရှောင်စန်း ဓားမာစတာနှင့် ရှောင်ဇီ ဓားမာစတာတို့သည် လင်းဖုန်းအား ပူးပေါင်းတိုက်ခိုက်လိုက်ကြ၍၊ အလင်းဓားမြန် ဓားမာစတာနှင့် နတ်ကောင်းကင် ဓားအကြီးအကဲတို့အား လွှတ်ပေးလိုက်ကြသည်။ သူတို့သည်လည်း နေမင်းအလင်းတန်း ဓားမာစတာတို့ထံသို့ ပြန်ရောက်လာကြကာ၊ ဖြစ်ပျက်နေသော မြင်ကွင်းများကို မြင်လိုက်ရ၍ အံ့ဩမှင်သက်နေကြသည်။

သူတို့သည် လင်းဖုန်းက သူ၏လက်နှစ်ဘက်ကို ကျောနောက်တွင် ပစ်ထားကာ၊ တည်ငြိမ်သော အမူအရာကို ဖော်ပြနေသည်ကို တွေ့နေခဲ့ရသည်။ သူသည် နှုတ်ခမ်းထောင့်စွန်းများတွင် လှောင်ပြုံးတစ်ခုကိုပင် ပြုံးထားခဲ့သေး၏။

သူဖော်ပြခဲ့သော မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ် လေးခုတို့သည် တကယ့်ကိုပင် အံ့ဖွယ်ရာ ကောင်းလှပေသည်။ သူတို့သည် ရှောင်စန်း ဓားမာစတာ၊ ရှောင်ဇီ ဓားမာစတာ၊ ကွမ်းချုံ ဓားမာစတာနှင့် လီရှုံ ဓားမာစတာတို့အား ခုခံနိုင်ရုံတင် မကပဲ၊ ယင်ယွဲ့ ဓားမာစတာနှင့် ချင်းထျန်း ဓားမာစတာတို့ကိုပါ ဖိနှိပ်ထားနိုင်ခဲ့သည်။

လင်းဖုန်းသည် သူတို့ခြောက်ယောက်နှင့် တပြိုင်နက်တည်း တိုက်ခိုက်ကာ၊ စူတောင်မှ အင်မော်တယ်ဝိညာဥ် အဆင့် မဟာ ဓားကျင့်ကြံသူ ခြောက်ယောက်စလုံးကို ဖိနှိပ်ထားခဲ့၍ အသာစီးပင် ရနေခဲ့သည်။

ဤအချိန်တိုင်အောင်ပင် လင်းဖုန်းသည် သူ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိသေးပေ။

ဆီးနှင်းပျံ ဓားမာစတာသည် သူ၏ အင်အားတို့ကို မထုတ်ဖော်ရသေးသော်လည်း၊ သူသည် တိုက်ပွဲကို စိတ်အားထက်သန်စွာနှင့် ကြည့်နေခဲ့သည်။ "မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံဖို့က လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။ ဒါပေမဲ့ သူက လေးခုတောင်မှ ကျင့်ကြံထားနိုင်ခဲ့တယ်။ ပြီးတော့ သူတို့အားလုံးကို ပြီးပြည့်စုံစွာ ကျင့်ကြံထားနိုင်ခဲ့တယ်"

နတ်ကောင်းကင် ဓားအကြီးအကဲကလည်း လွန်စွာလေးနက်နေ၏။ "အစွမ်းထက်တယ်၊ အရမ်း အစွမ်းထက်တယ်! သူ့ရဲ့ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်တွေက စူတောင်က ဓားမာစတာတွေကို ကျော်လွှားနိုင်တယ်!"

"မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်တွေက အင်မော်တယ် ဝိညာဥ် ကိုယ်ပွားရဲ့ စွမ်းအားတွေကို အားနည်းစေနိုင်တယ်။ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်တွေ များစွာကို ဖန်ဆင်းထားခြင်းက၊ အင်မော်တယ်ဝိညာဥ် အပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်"

ကြယ်စင် ဓားမာစတာသည် တီးတိုးရေရွတ်လိုက်သည်။ "ဒါပေမဲ့ လင်းဖုန်းကို ကြည့်ရတာ၊ သူက အမတန်ကိုမှ သက်တောင့်သက်သာ ရှိနေတယ်။ ဒီမှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်ကို ဖော်ဆောင်ရခြင်းက သူ့အတွက် ဘာမှ မဖြစ်တဲ့ပုံပဲ။ ဒါက သူ့ရဲ့ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားရဲ့ စွမ်းအားတွေကို အကျိုးသက်ရောက်မှု မရှိသလိုပဲ"

နေမင်းအလင်းတန်း ဓားမာစတာက သက်ပြင်းချလိုက်သည်။ "သူ့ရဲ့ စွမ်းအားတွေက ဘယ်လောက်အထိ သန်မာသလဲ၊ သူ့ကိုကြည့်ရတာ ပြိုင်ဘက်ကင်းနေသလိုပဲ!"

ကျင့်ကြံသူတစ်ယောက်အား အစွမ်းထက်သည်ဟု ပြောဖို့ရာတွင်၊ သူသည် မည်မျှ ကြံရည်ဖန်ရည် ရှိသနည်း ဆိုသည်နှင့် အနိုင်ယူ၍ မရခြင်းကို ကြည့်၍ပြောရခြင်း ဖြစ်သည်။

သို့သော်လည်း မည်သူက ကြံရည်ဖန်ရည် ကောင်း၍ အနိုင်ယူ၍ မရပါသနည်း။

ထိုအချိန်တွင် စူတောင်မှ ဓားကျင့်ကြံသူများ အပါအဝင်၊ ကျန်သောသူများ အားလုံးတို့သည် လင်းဖုန်းအား ကြည့်လိုက်ကြကာ အကြောင်းအရာ တစ်ခုတည်းကို တွေးမိလိုက်ကြသည်။

သူသည် ကြံရည်ဖန်ရည် ကောင်း၍ အနိုင်ယူ၍ မရနိုင်ပေ!

ရှောင်စန်း ဓားမာစတာသည် မဟာကောင်းကင် မီးလျှံဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် နောက်ဆုတ်နေခဲ့ရင်း၊ လေးနက်စွာနှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ငါက ဒီအတွက် ကြိုတင်ပြင်ဆင်လာခဲ့တယ်။ အခုက အစွမ်းကုန် ထုတ်သုံးဖို့ အချိန်ကျပြီ"

"ဝင်္ကပါကို တည်ဆောက်လိုက်တော့!"

Continue Reading

You'll Also Like

48.7K 3.8K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
83K 9.2K 119
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...
99K 12.4K 91
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
544K 74.7K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...