ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

81K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇

435 44 0
By KazunoMora

စာစဥ် ၂၆ : အပိုင်း ၅

အပိုင်း ၄၇၅ : ဒီကနေ့ပဲ ဖြစ်တယ်!

လင်းဖုန်းသည် တိမ်တိုက်တောအုပ် သစ်ပင် တစ်ပင်လုံး၏ အဆီအနှစ်များ အားလုံးကို မျိုချလိုက်၏။  လင်းဖုန်း၏ အခြေတည်ဝိညာဥ်နှင့် စကြာဝဠာ ပုံသဏ္ဌာန်တို့သည် စိတ်ဝိညာဥ် စွမ်းအားများနှင့် ချက်ချင်း ပြည့်သွားခဲ့သည်။

တိမ်တိုက်တောအုပ် သစ်ပင်သည် မဟာ စိတ်ဝိညာဥ် သစ်ပင်လေးပင်ထက် စိတ်ဝိညာဥ်စွမ်းအင် အနည်းငယ်သာ နိမ့်ကျခြင်း ဖြစ်သည်။ ဤစိတ်ဝိညာဥ် သစ်ပင်သည် နှစ်ပေါင်း ၁၀,၀၀၀ အထက်တွင် ရှိနိုင်ပြီး၊ အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်ယောက်ပင် စုပ်ယူရန် မလွယ်ကူသော စိတ်ဝိညာဥ် စွမ်းအင်များ ပါရှိနေသည်။

ထိုကဲ့သို့သော စိတ်ဝိညာဥ် စွမ်းအင် အမြောက်အမြား ဝင်ရောက်လာမှုကြောင့်၊ လင်းဖုန်း၏ အခြေတည်ဝိညာဥ်သည် မတည်မငြိမ် ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် ခြေလက်ရှစ်ချောင်း စကြာဝဠာ ပုံသဏ္ဌာန်သည် မှော်စွမ်းအင် လက်ဝါးများကို ဖော်ဆောင်လိုက်သည်။ ခြေလက်နှစ်ချောင်းစီသည် မှော်စွမ်းအင် လက်ဝါးတစ်ခုကို ဖန်တီးလိုက်၏။

"အသွင်သဏ္ဌာန်လေးမျိုး ကောင်းကင်ခွဲခြမ်း ကျမ်းစာ၊ ကောင်းကင်သယ်ဆောင် လက်ဝါး!"

ကောင်းကင်သယ်ဆောင် လက်ဝါးတို့သည် ပေါ်ပေါက်လာကြကာ၊ ဖိနှိပ်ထားနိုင်သော စွမ်းအား သဘောတရားတို့က ကျယ်ပြန့်လာခဲ့၍ လင်းဖုန်း၏ အခြေတည်ဝိညာဥ်အား တည်ငြိမ်အောင် လုပ်ပေးလိုက်ကြသည်။

လင်းဖုန်း၏ အခြေတည်ဝိညာဥ်သည် တည်ငြိမ်လာသည်နှင့် တပြိုင်နက်၊ သူသည်လည်း ကောင်းကင်သယ်ဆောင် လက်ဝါးကို ဖော်ထုတ်လိုက်၏။ တင်ပုလ္လင်ခွေ ထိုင်နေရင်းနှင့် သူသည် တိမ်တိုက်တောအုပ် သစ်ပင်၏ အဆီအနှစ်များကို စုပ်ယူကာ ကျင့်ကြံနေခဲ့သည်။

ကျင့်ကြံမှု ဖြစ်စဥ် အတွင်းတွင် အချိန်မည်မျှ ကုန်သွားသည်ကို မသိပဲ၊ အချိန်နှင့်အမျှ လင်းဖုန်း၏ အခြေတည်ဝိညာဥ်သည် ပို၍ပို၍ ကြီးထွားသန်မာလာခဲ့သည်။ ၁၁နှစ်၊ ၁၂နှစ် အရွယ်မှ သူသည် ၁၅နှစ်၊ ၁၆နှစ် အရွယ်သို့ ရောက်လာခဲ့၏။

ပြင်ပအသွင်အပြင်အားဖြင့် အခြေတည်ဝိညာဥ်၏ အထွတ်အထိပ် အဆင့်သည်၊ အသက် ၁၅နှစ်၊ ၁၆နှစ်ခန့်ရှိသော ဆယ်ကျော်သက် တစ်ဦးနှင့် တူနေသည်။

လင်းဖုန်း၏ အခြေတည်ဝိညာဥ် အဆင့်သည် အဆုံးစွန်အထိ ကြီးထွားပြီးသောအခါ၊ သူသည် သူ၏ စကြာဝဠာ ပုံသဏ္ဌာန်အား ဆင့်ခေါ်လိုက်၍ တိမ်တိုက်တောအုပ် သစ်ပင်၏ ကျန်ရှိနေသော အဆီအနှစ်များကို စုပ်ယူလိုက်၏။

သူ၏ စကြာဝဠာ ပုံသဏ္ဌာန်သည် မူလကတည်းကပင် အလွန် စွမ်းအားကြီးနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ကျင့်ကြံသည့်အချိန်တွင်၊ အခြားသူများ၏ စကြာဝဠာ ပုံသဏ္ဌာန်တို့ထက် အရင်းအမြစ်များ၊ စွမ်းအားများကို ပိုမိုလိုအပ်မည် ဖြစ်သည်။

ကံကောင်းစွာနှင့် ယုကျင်းတောင်သည် စိတ်ဝိညာဥ် စွမ်းအင်များ ကြွယ်ဝသည့်နေရာ ဖြစ်သည်။ ထို့အပြင် တိမ်တိုက်တောအုပ် သစ်ပင်၏ အဆီအနှစ်ကလည်း ထောက်ပံ့ပေးထားသောအခါ၊ လင်းဖုန်း၏ ကျင့်ကြံမှုသည် အားထုတ်မှုတစ်ဝက်ဖြင့် အကျိုးနှစ်ဆအား ရရှိခဲ့သည်။

သူ့စကြာဝဠာ ပုံသဏ္ဌာန်၏ ကျောရိုးသည် ယုကျင်းတောင်မှ ကျောက်တုံးများ၊ မဟူရာကောင်းကင် ရတနာသစ်ပင်နှင့် ခရမ်းရောင် တိမ်တိုက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူ၏ စိတ်စွမ်းအင်မှာ လင်းဖုန်းထံမှ လာခြင်းဖြစ်၏။

လင်းဖုန်းသည် သူ၏ စကြာဝဠာ ပုံသဏ္ဌာန်အား အဆုံးစွန်အထိ ကျင့်ကြံလိုက်သောအခါ၊ သူ၏အတွင်းမှ စွမ်းအား သဘောတရားများသည် အတိတ်က သူယုကျင်းတောင်အား ထိန်းချုပ်ထားသော အချိန်နှင့် တူနေခဲ့သည်။ ယခုအချိန်တွင် သူသည် အတော်အားနည်းနေသေးသော်လည်း၊ သူ့အား ယုကျင်းတောင် အသေးစားလေးဟူ၍ ပြော၍ရသည်။

လင်းဖုန်း၏ စိတ်ကနေ အမိန့်ပေးလိုက်ရာ၊ စကြာဝဠာ ပုံသဏ္ဌာန်သည် လေဟာနယ် အတွင်းသို့ ပျံတက်သွားခဲ့သည်။ သူသည် ကောင်းကင်ယံတွင် ခရီးသွားနေခဲ့ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သက်တန့်ရောင်စဥ်များဖြင့် လင်းလက်လာခဲ့၍၊ လေဟာနယ် အချိန်ကာလ ထကြွလှုပ်ရှားမှုများကို ဖြတ်တောက်နိုင်ခဲ့သည်။

ခြေလက်များကို လှုပ်ရှား၍ လင်းဖုန်း၏ စကြာဝဠာ ပုံသဏ္ဌာန်သည် ရွေ့လျားနေကာ၊ အချိန်ကာလ လေဟာနယ်တို့၏ မတူညီသော အလွှာများအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

မျက်နှာလေးခုတို့သည် သံပြိုင်ဟစ်ကြွေးလိုက်ကြရာ၊ ခရမ်းရောင် တိမ်တိုက်များက ကောင်းကင်ယံတွင် ပြည့်နှက်သွားကြသည်။ ကျယ်ပြန့်လှသော ခရမ်းရောင် တိမ်တိုက်များ အကြားတွင် ကောင်းကင်နှင့်မြေကြီး၊ ခန်းမဆောင်များ၊ တောင်တန်းများ၊ လူသားများ၊ တိရစ္ဆာန်များနှင့် အခြား အရာဝတ္ထုများ၏ ပုံရိပ်များ ပေါ်လာခဲ့ကြ၏။

ခဏအကြာတွင် လင်းဖုန်း၏ စကြာဝဠာ ပုံသဏ္ဌာန်သည်၊ သူ၏ ခြေလက် ရှစ်ချောင်းစလုံးတို့အား အရပ်မျက်နှာ ပေါင်းစုံတို့အား ဆန့်ထုတ်လိုက်၏။ သူတို့သည် လက်သီးတစ်လုံးအဖြစ်သို့ ပြောင်းသွားကြကာ၊ လေဟာနယ် တစ်ခုလုံးသည် ပျက်စီးသွားခဲ့၍ ရွေ့လျားနေသော မြေ၊ ရေ၊ လေ၊ မီးတို့ အဖြစ်သို့ ပြောင်းသွားကြသည်။ သူတို့ ရွေ့လျားနေခြင်းကြောင့် လေဟာနယ် တစ်ခုလုံးသည် ကစဥ့်ကလျား အဖြစ်သို့ ကျရောက်သွားခဲ့သည်။

လင်းဖုန်းသည် စိတ်ကို အမိန့်ပေးလိုက်ရာ စကြာဝဠာ ပုံသဏ္ဌာန်သည် နဂိုပုံစံသို့ ပြန်ပြောင်းသွား၏။

"ငါ့ရဲ့ စကြာဝဠာ ပုံသဏ္ဌာန်ဟာ သာမန် ကျင့်ကြံသူ တစ်ယောက်ရဲ့၊ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားကို ခြေမွနိုင်လောက်အောင် သန်မာနေပြီ" လင်းဖုန်းသည် တည်ငြိမ်အေးချမ်းနေခဲ့ပြီး မထောင်လွှားနေခဲ့ပေ။ သူသည် မောက်မာနေခြင်း မရှိပဲ သူမြင်တွေ့ခဲ့ရသည်များကို သုံးသပ်နေခဲ့ခြင်းသာ ဖြစ်သည်။

"ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး!"

လင်းဖုန်း၏ စုဆောင်းထားမှုများနှင့် အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ၊ နောက်ဆုံး အဆင့်သို့ တက်လှမ်းရန်မှာ မခက်ခဲလှပေ။ သူသည် ယခင်က မချိုးဖောက်ခဲ့ခြင်းမှာ မလိုအပ်သေးဟု ယူဆနေသောကြောင့် ဖြစ်သည်။

အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်သည်၊ အလယ်အလတ် အဆင့်ထက် အဆင့်မြင့်ရခြင်းမှာ စကြာဝဠာ ပုံသဏ္ဌာန်ကြောင့်သာ ဖြစ်သည်။ လင်းဖုန်းအနေနှင့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရာတွင်၊ သူ၏ စကြာဝဠာ ပုံသဏ္ဌာန်အား ဖော်ပြဖို့ရန် အဆင်မပြေပေ။

ထို့ကြောင့်ပင် အစကတည်းက သူ၏ ရည်ရွယ်ချက်မှာ တစ်ခုတည်း ဖြစ်၏။

အင်မော်တယ်ဝိညာဥ်!

အင်မော်တယ် ဝိညာဥ် အဆင့်သို့ တစ်ခါတည်းနှင့် တက်လှမ်းနိုင်ရန် ဖြစ်၏။

လင်းဖုန်းသည် ၃၃ဘုံ ဖန်ဆင်းခြင်း သက်စောင့်ဆေးလုံးအား သောက်သုံးခဲ့ပြီး ဖြစ်သည်။ သူသည် ထိုဆေးလုံး၏ စွမ်းအားများကို အသုံးချကာ၊ မဟာတာအို ဝါဒ၏ စွမ်းပကားသည် သူ့အနားတွင် ဝန်းရံကာ ထောက်ပံ့နေခဲ့၏။

သူ့အခြေတည်ဝိညာဥ်၏ အကြည့်သည် အလင်းရောင်များဖြင့် တောက်ပလာခဲ့ကာ၊ မျက်လုံး သူငယ်အိမ် တစ်ခုစီက အဖြူနှင့် အနက်များဖြင့် ပြည့်နေခဲ့သည်။

လင်းဖုန်းသည် ပါးစပ်ဟကာ စိတ်ဝိညာဥ် စွမ်းအင် အမြောက်အမြားတို့ကို မျိုချလိုက်သည်။ သူ၏ အခြေတည်ဝိညာဥ်သည် ကစဥ့်ကလျားမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုအချိန်တွင် သူသည် တံခါးတစ်ချပ်သည် သူ့အနားသို့ ရောက်ရှိလာသည်ဟု ခံစားနေရသည်။ သူသည် တောင်တစ်လုံးကဲ့သို့ လေးလံ၍ ပိတ်ထားကာ၊ အလွန်ပင် ဝေးကွာသည်ဟု ထင်နေရသည်။

အကယ်၍သူသည် ထိုအတားအဆီးကို ချိုးဖောက်နိုင်ခဲ့ပါက၊ သူ့အား ရပ်တန့်နိုင်သည့် အရံအတားများ နောက်ထပ် ရှိတော့မည် မဟုတ်ပေ။ ကောင်းကင်နှင့် မြေကြီးတို့သည် ကွဲပြားသွားကြမည် ဖြစ်ကာ၊ သူ၏ သာမန်ပုံစံအား ဖယ်ရှားနိုင်ကာ ထူးခြားသွားခဲ့မည် ဖြစ်သည်။

မဟာတာအို၏ စွမ်းပကားသည်၊ လင်းဖုန်းအား ထိုတံခါးထံသို့ ခေါ်ဆောင်သွားသည့် လမ်းသွယ်ပမာ ဖြစ်နေခဲ့၏။

လင်းဖုန်းသည် ထိုတံခါးအား တွန်းဖွင့်ရန် ကြိုးစားလိုက်၏။ တံခါးသည် အသံအနည်းငယ် မြည်သွားသော်လည်း မပွင့်လာခဲ့ပေ။

သူသည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ရောက်ရန် တံခါးတစ်ချပ်သာ လိုတော့သည်။ သူသည် နီးကပ်နေသည်ဟု ထင်နေရသော်လည်း၊ ဝေးကွာနေဆဲ ဖြစ်၏။ လင်းဖုန်းသည် တံခါးအဝသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သော်လည်း၊ နောက်ဆုံးခြေလှမ်း တစ်ခုကို လိုနေသေး၏။

ထိုနောက်ဆုံးခြေလှမ်းသည် ဆက်လှမ်း၍ မဖြစ်နိုင်သည့်ပုံ ဖြစ်နေခဲ့၏။

လင်းဖုန်းသည် သူ၏ မျက်ခုံးများကို ပင့်လိုက်သည်။ "ငါက သိပ်ကိုများ လောကြီးသွားသလား။ အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်ကို တက်လှမ်းနိုင်အပြီးမှာ၊ အခြေခံတွေက မတည်ငြိမ်သေးပဲ အင်မော်တယ် ဝိညာဥ် အဆင့်ကို ကြိုးစားမိနေတာလား"

အင်မော်တယ် ဝိညာဥ် အဆင့်ကို ရောက်ဖို့က ဘာဖြစ်လို့ ဒီလောက်များ ခက်ခဲနေရတာလဲ။

အင်မော်တယ် ဝိညာဥ်ကို မဖော်ဆောင်နိုင်လျှင်၊ အသက်သည် အဆုံးရှိသည်။ အကယ်၍ တစ်ယောက်သည် ပျော်ရွှင်ငြိမ်းချမ်းစွာ နေနေနိုင်သော်လည်း၊ အချိန်ကျလာလျှင် သူသည် မြေကြီးအတွင်းသို့ ထပ်မံဝင်ရောက်ရမည် ဖြစ်သည်။

အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်တွင် စကြာဝဠာ ပုံသဏ္ဌာန်သည် ကြီးစိုးလွှမ်းမိုးနိုင်၏။ သို့သော်လည်း တစ်ယောက်သည် ၆၀နှစ်ပေါင်း အခေါက်၆၀သာ နေနိုင်၏။ စုစုပေါင်းသက်တမ်း ၃၆၀၀နှစ် ရှိသည်။ ဒါသည် ရှည်လျားသော သက်တမ်းဖြစ်သော်လည်း၊ ဘဝသည် အဆုံးသတ် ရှိနေသေးသည်။

အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်မှသာလျှင်၊ တစ်ယောက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ အသက်ရှင်နိုင်မည် ဖြစ်သည်။ အကယ်၍ ကောင်းကင်နှင့် မြေကြီးတို့ကသာ မပျက်စီးခဲ့လျှင်၊ တစ်ယောက်သည် ထာဝရ အသက်ရှင်နိုင်ပေမည်။

ရှေးပဝေသဏီ ကာလမှစ၍၊ လူပေါင်းများစွာတို့သည် အင်မော်တယ် ဝိညာဥ် အဆင့်၏အောက်တွင် တစ်ဆို့နေကြ၏။ သူတို့သည် ဘဝသက်တမ်း၏ အဆုံးပိုင်းသို့ ရောက်လာသည်ကို ကြည့်ရုံသာ ကြည့်နိုင်ကြသည်။

ဖြစ်နိုင်ခြေအရဆိုလျှင် အခြေတည်ဝိညာဥ် အဆင့်မှ အင်မော်တယ် ဝိညာဥ် အဆင့်သို့ တက်လှမ်းခြင်းသည် အခက်ခဲဆုံး ဖြစ်၏။ မည်သည့်အရာမှ နှိုင်းယှဥ်၍ မရချေ။

လင်းဖုန်း၏ ကျင့်ကြံမှုအဆင့်သည် ပို၍ မြင့်လာသည်နှင့်အမျှ၊ သူသည် အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများနှင့် ထိတွေ့ဆက်ဆံခဲ့ရသည်။ သို့သော်လည်း ယခုအချိန်အထိ ပြန်ကြည့်လိုက်လျှင်၊ အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်နိုင်ကြသူများမှာ အနည်းငယ်သာ ရှိပေသည်။

နတ်ဘုရား နယ်မြေအတွင်းမှ အစွမ်းထက်သော ဂိုဏ်းများ ဖြစ်ကြသော အလင်းဓားမြန်ဂိုဏ်း၊ ဟော်မိသားစု၊ ယုမိသားစု၊ မီးလျှံဓားဂိုဏ်း၊ လေနတ်ဘုရားဂိုဏ်း အစရှိသော ဂိုဏ်းများတွင်ပင်၊ သူတို့တွင် ခံတပ်ကို စောင့်နိုင်သော အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်ယောက်စီသာ ရှိကြ၏။

နေလဓားဂိုဏ်းသည် ဓားစုံတွဲများအဖြစ် ကျင့်ကြံကြသည်။ ဂိုဏ်းခေါင်းဆောင်ဖြစ်သော နေမင်းအလင်းတန်း ဓားမာစတာတစ်ယောက်တည်းသာ တစ်ကိုယ်တော် လှုပ်ရှားရသည်။ ဤနှစ်များအတွင်းတွင် သူသည် သူ၏ လမင်းအလင်းရောင် ဓားမာစတာကို စောင့်မျှော်နေခဲ့သော်လည်း၊ ယခုအချိန်အထိ တစ်ယောက်တည်းသာ ဖြစ်နေဆဲ ဖြစ်သည်။

မဟာရန်သူများ ဖြစ်ကြသော နတ်ရေကန်ဂိုဏ်းနှင့် မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော် တို့သည်၊ မြောက်ပိုင်းဒေသအား အုပ်စိုးထားနိုင်ကြသည်။ မဟာကျိုး အင်ပါယာနှင့် မဟာချင် အင်ပါယာတို့၏ ကစားပွဲအတွင်းတွင်၊ သူတို့အင်အားစု နှစ်ခုတို့သည် အလွန်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေပြီး သူတို့နှင့် မဟာမိတ် ဖွဲ့ချင်နေကြသည်။

နတ်ရေကန်ဂိုဏ်းတွင် အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ သုံးယောက်တို့ ရှိကြသည်။ ချောင်ဝေနှင့် ရေခဲမီးလျှံ အကြီးအကဲ နှစ်ပါးတို့ ဖြစ်ကြသည်။

မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်မှ အင်မော်တယ် ဝိညာဥ် အဆင့် အကြီးအကဲများမှာ၊ တော်ဝင်အိမ်တော် သခင်၊ လက်ဝဲမင်းသားရှန်၊ လက်ယာမင်းသားရှန်နှင့် တော်ဝင်အိမ်တော် မှော်ဆရာတို့ပင် ဖြစ်ကြသည်။ အစပိုင်းတွင် လေးယောက်ရှိသော်လည်း လက်ဝဲမင်းသားရှန်သည် ကြွေလွင့်ခဲ့ရသောကြောင့်၊ ယခုအချိန်တွင် သုံးယောက်သာ ကျန်တော့သည်။

ထိုမဟာ အင်အားစုများတွင် ထူးချွန်ပြောင်မြောက်သော ပါရမီရှင်များ ရှိကြသော်လည်း၊ အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်နိုင်ကြသူများမှာ အနည်းငယ်သာ ရှိကြ၏။ သူတို့သည် အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများကို ထပ်မလိုချင်ကြခြင်း မဟုတ်ကြပဲ၊ အင်မော်တယ် ဝိညာဥ်အား ဖန်ဆင်းရန်မှာ အလွန်ခက်ခဲလှသောကြောင့် ဖြစ်သည်။

နေမင်းအလင်းတန်း ဓားမာစတာ၊ အလင်းဓားမြန် ဓားမာစတာ၊ ဟော်ရှု၊ ယုရှင်းတောက်၊ ချောင်ဝေနှင့် အခြား အင်မော်တယ် ဝိညာဥ် အဆင့် အကြီးအကဲများသည်၊ သူတို့၏ ရှည်လျားလှသော သက်တမ်းတစ်လျှောက်တွင် သူတို့၏ တပည့်များစွာတို့၏ သေဆုံးမှုပေါင်း များစွာတို့ကို ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။

သူတို့သည် သူတို့၏ တပည့်များနှင့် နောင်လာနောက်သားတို့က ကြွေလွင့်သွားကြသည်ကို ကူရာမဲ့စွာနှင့်သာ ကြည့်နိုင်ကြသည်။ ပြီးတာနှင့် သူတို့သည် နည်းလမ်းများစွာတို့ကို ကြံဆကာ၊ ပါရမီရှင် မျိုးဆက်များအား မွေးထုတ်ရန် ကြိုးစားခဲ့ကြ၏။ တစ်ယောက်ယောက်က ထွက်ပေါ်လာနိုင်လိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် ဖြစ်၏။

ဟင်းလင်းပြင် ဘုရားကျောင်း၊ စူတောင်ဓားဂိုဏ်း၊ မဟာကျိုး အင်ပါယာနှင့် မဟာချင် အင်ပါယာတို့အား မဟာအင်အားစု လေးခုဟူ၍ သတ်မှတ်ရခြင်းမှာ၊ သူတို့တွင် အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ များစွာတို့ ရှိခြင်းကြောင့် ဖြစ်သည်။

သံသရာဂိုဏ်း အတွင်းတွင် အချင်းချင်း ပဋိပက္ခများ ဖြစ်ပေါ်နေခဲ့ကာ၊ သူတို့အတွင်းတွင် ပြည်တွင်းစစ် ကြီးကြီးမားမား ဖြစ်ပွားနေခဲ့၏။ သို့သော်လည်း တစ်ယောက်မှ သူတို့အား အထင်မသေးရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ လမ်းကြောင်းခြောက်သွယ်တွင်၊ အနည်းဆုံး အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်ယောက်စီ ရှိနေကြသောကြောင့် ဖြစ်သည်။

ဟင်းလင်းပြင် ဘုရားကျောင်းအား လူသားကလန် အတွင်းတွင် အဘယ်ကြောင့် ပထမ မြင့်မြတ်နယ်မြေဟု သတ်မှတ်ထားရပါသနည်း။

သူတို့၏ အဓိက အားထုတ်မှုများသည် မဟာလွင်တီးခေါင် ကုန်းမြေမှ မိစ္ဆာများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ဖြစ်သော်လည်း၊ တစ်ယောက်မှ သူတို့အား သွားမရှုပ်ရဲကြပေ။

အကြောင်းရင်း တစ်ခုသာ ရှိ၏။ သူတို့သည် လုံလောက်အောင် သန်မာကြသောကြောင့် ဖြစ်သည်။ သူတို့သည် မူလကောင်းကင်ကမ္ဘာတွင် အင်မော်တယ် ဝိညာဥ် အဆင့် ကျင့်ကြံသူ အများဆုံး ရှိကြခြင်း ဖြစ်သည်။

ဟင်းလင်းပြင် ဘုရားကျောင်း၏ တာအိုနည်းစနစ်များသည်၊ လူသားကမ္ဘာအတွင်းတွင် မဟာတာအို လမ်းစဥ်၏ အစမူလနှင့် အနီးစပ်ဆုံး ဖြစ်သည်ဟု သတ်မှတ်ခြင်း ခံထားရသည်။ ဟင်းလင်းပြင် ဘုရားကျောင်းတွင် ပါရမီရှင်ပေါင်း အမြောက်အမြားရှိပြီး၊ သူတို့အား ပါရမီရှင်များ စုဝေးရာဟူ၍ပင် ခေါ်ဆိုကြ၏။ သို့သော်လည်း ဟင်းလင်းပြင် ဘုရားကျောင်းမှ တပည့် အမြောက်အမြားတို့သည်၊ အင်မော်တယ် ဝိညာဥ် အဆင့်သို့ နောက်ဆုံးခြေလှမ်းအား မကျော်လွှားနိုင်ကြပေ။

ထိုတပည့်အုပ်စုများ အတွင်းတွင် သူတို့၏ နာမည်များကို သမိုင်းတွင် ရေးထိုးနိုင်မည်၊ ဂိုဏ်း၏ အနာဂတ် ထောက်တိုင်များ ဖြစ်လာကြမည်ဟု သတ်မှတ်ခံထားရသူများလည်း ရှိကြသည်။

အခြားသူများကို မဆိုထားနှင့် ကျင့်ကြံမှု ကမ္ဘာအတွင်းတွင် လွှမ်းမိုးထားနိုင်သည့်၊ ဟင်းလင်းပြင် ဘုရားကျောင်းမှ စတုတ္ထမျိုးဆက် တပည့်များ၏ ခေါင်းဆောင်များ အတွင်းတွင်ပင်၊ ပိုင်ယွင်တောင်တွင် အင်မော်တယ် ဝိညာဥ် အဆင့်အား ဖော်ဆောင်နိုင်ခဲ့သည် လင်းတောက်ဟန်မှလွဲ၍၊ ကျန်သုံးယောက်၏ အင်မော်တယ် ဝိညာဥ် အဆင့်သို့ သွားရာလမ်းသည် မချောမွေ့ခဲ့ပေ။

ပန်ကျဲသည် ရှကျိုးမြို့ပြင်တွင် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်၊ သူ၏ ဂုဏ်သိက္ခာသည် မြောင်းအတွင်းသို့ ပြုတ်ကျသွားခဲ့၏။ ယခုအချိန်အထိ သူသည် ပိုင်ယွင်တောင်တွင် တံခါးပိတ် ကျင့်ကြံနေကာ၊ အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်နိုင်ရန် ကြိုးစားနေဆဲ ရှိသေးသည်။

ယန့်မင်းရွဲ့သည် လုံရဲ့အား စိန်ခေါ်ရင်း သူမ၏ အသက်ဆုံးရှုံးလုနီးပါးပင် ဖြစ်ခဲ့ရ၏။ သို့သော်လည်း သူမသည် နောက်ဆုံးတွင် အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်ရှိခဲ့သည်။

သူတို့သုံးယောက် အကြားတွင် မုန့်ပင်းယွင်သည် ဝမ်းနည်းစရာ အကောင်းဆုံး ဖြစ်၏။ သူမသည် သေဆုံးရချိန်တိုင်အောင်၊ အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်ရှိခြင်း မရှိခဲ့ပေ။

ဒါသည် အင်မော်တယ် ဝိညာဥ် အဆင့် ဖြစ်၏။ သူ့အား ရရှိနိုင်ရန် ခက်ခဲမှုသည်၊ ကျင့်ကြံသူ တစ်ယောက်က ယခင်ကြုံတွေ့ခဲ့ရသော ခက်ခဲမှုများထက် များစွာပိုမိုသည်။

သို့သော်လည်း ထိုအရာများသည် လင်းဖုန်းအား စိတ်ဓာတ်ကျစေခြင်း၊ လက်လျှော့စေခြင်းမျိုးကို မဖြစ်ပေါ်စေခဲ့ပေ။ သူသည် အလွန်အမင်းကို တည်ငြိမ်လျှက်ရှိသည်။ "ငါ့ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့ဘူးလား။ မဟုတ်ဘူး၊ ငါ့ရဲ့ စုစည်းမှုတွေဟာ လုံလောက်နေပြီ ဖြစ်တယ်။ ဒီကနေ့ဟာ ငါအင်မော်တယ် ဝိညာဥ် အဆင့်ကို ရောက်မယ့်နေပဲ ဖြစ်တယ်!"

ဤအချိန်တွင် လင်းဖုန်း၏ နှလုံးသားသည် မည်သို့ပြုလုပ်ရမည်ကို ပြတ်သားစွာ သိရှိနေပြီး ဖြစ်သည်။ သူ၏စိတ်အတွင်းတွင် မကောင်းမြင်မှုများ၊ အဆိုးများကို တွေးနေခြင်းများ မရှိနေပေ။

ဟင်းလင်းပြင် ဘုရားကျောင်း၊ စူတောင်ဓားဂိုဏ်း၊ မဟာကျိုး အင်ပါယာ၊ မဟာချင် အင်ပါယာ၊ နတ်ရေကန်ဂိုဏ်း၊ ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတ၊ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတနှင့် ကျန်သောသူများသည် သူ၏စိတ်အတွင်းတွင် ပေါ်လာကြသည်။

ရှောင်ယန်၊ ဇူရီ၊ ဝမ်လင်း၊ ရှီထျန်းဟောင်၊ ယွဲ့ဟုန်ယန်၊ ယန်ချင်၊ ထွမ်းထွမ်း၊ မြောင်ရှီးဟောင်၊ ခန်းနန်ဟွာ၊ ကျဲယုနှင့် ကျန်သောသူများသည် သူ၏စိတ်အတွင်းမှ ပျောက်ကွယ်သွားကြ၏။

စနစ်ကြီး၊ သူ၏ မစ်ရှစ်များ၊ ဆုလာဘ်များ အားလုံးတို့ကိုပင် မေ့ပျောက်ထားခဲ့၏။

သူ၏ စိတ်အာရုံ တစ်ခုလုံးသည် ထိပ်ဆုံးသို့ ရောက်ရှိကာ၊ သူ၏ ရည်မှန်းချက်များ ပြည့်မြောက်ဖို့ကိုသာ ဦးတည်ထားခဲ့သည်။

သူ၏စိတ်အတွင်းတွင် စကြာဝဠာ၏ ကြမ္မာပန်းတိုင်နှင့်၊ ကောင်းကင်နှင့် မြေကြီးတို့၏ လမ်းစဥ်များအား နားလည်မှုသာ ရှိနေတော့သည်။ သူတို့သည် လင်းဖုန်း၏ စိတ်စွမ်းအားကို ကြံ့ခိုင်သန်စွမ်းလာစေရန် ကူညီပေးနေကြ၏။

အရှေ့သို့ အားတင်းပြီး ဆက်လျှောက်!

ဝုန်းကနဲ မြည်ဟည်းသံများ အကြားတွင်၊ လင်းဖုန်းသည် သူ၏ စိတ်အတွင်းမှ ပိတ်ဆို့နေသော တံခါးကြီးအား တွန်းဖွင့်ခဲ့သည်။

သူ၏ အခြေတည်ဝိညာဥ်သည် တောက်ပသော အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းသွားကာ၊ စကြာဝဠာ ပုံသဏ္ဌာန် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏ ဝိညာဥ်သည် အခွံတစ်ခု ရရှိသွားသကဲ့သို့ ဖြစ်သည်။ သူ၏ အခြေတည်ဝိညာဥ်နှင့် စကြာဝဠာ ပုံသဏ္ဌာန်တို့သည် ပူးပေါင်းသွားကြကာ၊ တံခါးကို ချိုးဖောက်နိုင်ခဲ့သည်။

ပုံရိပ်ယောင် တံခါးအား ကျော်ဖြတ်အပြီးတွင်၊ လင်းဖုန်း၏ စကြာဝဠာ ပုံသဏ္ဌာန်၏ မျက်နှာလေးခုလုံးမှနေ၍ ကျေနပ်သော အပြုံးများ ပေါ်ပေါက်လာခဲ့သည်။

ပြီးတာနှင့် စကြာဝဠာ ပုံသဏ္ဌာန်သည် ပြိုကွဲပျက်စီးသွားခဲ့သည်!

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

စာစဥ် ၂၆ : အပိုင်း ၆

အပိုင်း ၄၇၆ : ဓားပညာရပ်အား လေ့လာခြင်း

လင်းဖုန်း၏ အခြေတည် ဝိညာဥ်သည်၊ စကြာဝဠာ ပုံသဏ္ဌာန်နှင့် ပေါင်းစည်းသွား၍ တံခါးကို တွန်းဖွင့်နိုင်ခဲ့သည်။

မဟာတာအို လမ်းစဥ်၏ ကောင်းချီးပေးမှုအောက်တွင်၊ လင်းဖုန်း၏ စကြာဝဠာ ပုံသဏ္ဌာန်သည် ကွဲကြေသွား၍ မရေမတွက်နိုင်သော လင်းလက်တောက်ပနေသည့် အဆောင်လက်ဖွဲ့ သစ်စေ့လေးများ အဖြစ်သို့ ပြောင်းသွားခဲ့သည်။

ထိုအဆောင်လက်ဖွဲ့ သစ်စေ့လေးများသည် မဟာတာအို လမ်းစဥ်၏ အနှစ်သာရများကို စုပ်ယူလိုက်၏။ မဟာတာအို လမ်းစဥ် စွမ်းအားများ၏ အားဖြည့်ပေးမှုအောက်တွင်၊ သူတို့သည် လျှင်မြန်စွာနှင့် ကြီးထွားလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူတို့သည် ကောင်းကင်နှင့် မြေကြီးတို့နှင့် ဖြည်းဖြည်းချင်း ပူးပေါင်းလာနိုင်ကြသည်။

လင်းဖုန်းသည် သူ၏ စိတ်အတွင်းမှ အနည်းငယ် ဝေဝါးလာသည်ဟု ခံစားလိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးသည် ကမ္ဘာကြီးနှင့် ပေါင်းစည်းသွားသည်ဟု ခံစားနေရ၏။ စိတ်ရှုပ်ထွေးမှုများ အကြားတွင် ကြည်လင်ပြတ်သားသော ခံစားချက် တစ်မျိုးကို ရရှိခဲ့၏။ အရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားသကဲ့သို့ ဖြစ်သည်။ သူမသိသော၊ နားမလည်နိုင်သော အရာတစ်ခုမှ မရှိတော့ပေ။

သူ၏ ခန္ဓာကိုယ်သည် အဆောင်လက်ဖွဲ့များ သောင်းနှင့်သိန်းနှင့်ချီ၍ ပြောင်းလဲသွားခဲ့ကာ၊ ထိုအဆောင်လက်ဖွဲ့များသည် လေဟာနယ်အတွင်းတွင် လှုပ်ရှားနေခဲ့သည်။ ပြီးတာနှင့် သူတို့သည် ပြန်လည်စုစည်းသွားကြ၏။

မြောက်မြားလှစွာသော အဆောင်လက်ဖွဲ့များသည် ဆက်တိုက် ပေါင်းစည်းသွားကြကာ၊ တစ်ခုတည်း အဖြစ်သို့ ပြန်ပြောင်းသွားကြသည်။ ထိုအရာသည် အဖြူတစ်ဝက်၊ အမည်းတစ်ဝက်နှင့် အရာတစ်ခု ဖြစ်၏။ ဒါသည် အစွန်းနှစ်ဘက်တို့အား ပေါင်းစည်းထားသည့် ထိုက်ကျိရုပ်ပုံ ဖြစ်သည်။

ဒါသည် အရင်က မူလကောင်းကင် ကမ္ဘာတွင် မရှိဖူးပဲ၊ လင်းဖုန်းက စနစ်မှတဆင့် သူ၏ တာအို နည်းစနစ်ကို ဖန်တီးရာတွင် အသုံးပြုခဲ့သော အခြေခံဖြစ်သည်။

ယခုအချိန်တွင် ဒါသည် မဟာကောင်းကင် တာအိုကျမ်းစာအား ကျင့်ကြံအပြီးတွင် ဖန်တီးနိုင်ခဲ့သည့်၊ သူ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားဖြစ်သည်!

"ငါက ဒီလမ်းစဥ်အတွက် မွေးဖွားလာတာ မဟုတ်ဘူး။ ဒါပေမဲ့ ငါက တခြားကမ္ဘာတစ်ခုကို ရောက်လာရင်း၊ သဘာဝလွန် ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့တယ်။ အခုအချိန်မှာ ငါက အဖြူနဲ့အနက် အစွန်းနှစ်ဘက်ကို ထိန်းချုပ်နိုင်ခဲ့ပြီ"

လေဟာနယ် အတွင်းတွင် လင်းဖုန်း၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားသည်၊ ထိုက်ကျိရုပ်ပုံ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် အဆုံးမဲ့စွာ ကျယ်ပြန့်လှပြီး အလွန်အမင်း ကြီးမားလှသည်။ သူသည် စကြာဝဠာ တစ်ခုကဲ့သို့ပင် ဖြစ်သည်။

အဖြူနှင့် အနက်တို့သည် ပေါင်းစပ်သွားကြပြီးနောက်၊ သူတို့သည် အဆက်မပြတ် လည်ပတ်နေကြပြီး ကံကြမ္မာ၏ အံ့ဖွယ်ဖြစ်ရပ်များကို ဖန်တီးနေကြသည်။

အချိန်ကုန်လွန်သွားသည်နှင့်အမျှ လင်းဖုန်း၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားဖြစ်သော၊ ထိုက်ကျိရုပ်ပုံသည် ဖြည်းဖြည်းချင်း ကျုံ့ဝင်လာခဲ့သည်။ သူသည် လေဟာနယ်များကို ဖြတ်တောက်ကာ၊ ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာအတွင်းသို့ ပြန်ရောက်လာခဲ့သည်။

မဟူရာကောင်းကင် ရတနာသစ်ပင်၏ ထိပ်ဖျားတွင် ထိုင်နေသော သူ၏ ရုပ်ခန္ဓာကိုယ်သည်၊ ယခုအချိန်တွင် ပျံတက်သွားခဲ့ပြီး ထိုက်ကျိရုပ်ပုံအတွင်းသို့ ဝင်သွားခဲ့သည်။

ထိုက်ကျိရုပ်ပုံ၏ အဆက်မပြတ် လည်ပတ်နေခြင်းနှင့်အတူ၊ လင်းဖုန်း၏ ရုပ်ခန္ဓာကိုယ် အသွေးအသားတို့သည် ပျောက်ကွယ်သွားကြ၏။

အဖြူနှင့်အနက် ပုံရိပ်သည် လည်ပတ်နေရင်းနှင့်၊ လင်းဖုန်း၏ ပုံစံသို့ ပြန်ပြောင်းသွားခဲ့သည်။ သူသည် ခရမ်းရောင် ဝတ်စုံအား ဝတ်ဆင်ထားနေသေးသော်လည်း၊ သူ၏ နဖူးပေါ်တွင် ထိုက်ကျိရုပ်ပုံ ဆေးမင်ကြောင်တစ်ခု ပေါ်လာခဲ့သည်။

လင်းဖုန်း၏ အမူအရာသည် တည်ငြိမ်နေသော်လည်း၊ ပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်နေခဲ့သည်။ သူ၏ လက်ချောင်းများကို မြှောက်လိုက်ကာ နဖူးသို့ ဖွဖွလေး တို့လိုက်ရာ၊ ထိုက်ကျိရုပ်ပုံ ဆေးမင်ကြောင်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။

သူသည် မဟူရာကောင်းကင် ရတနာသစ်ပင် အသေးစား၏ အပေါ်တွင် ထိုင်နေခဲ့ပြီး၊ သူ၏စိတ်သည် ယုကျင်းတောင်၊ မဟူရာကောင်းကင် ရတနာသစ်ပင်နှင့် ခရမ်းရောင် တိမ်တိုက်တို့နှင့် ပူးပေါင်းသွားခဲ့သည်။ သူသည် အရင်ကထက် ပို၍နီးကပ်သော လန်းဆန်းသည့် လိုက်ဖက်ညီမှု တစ်ခုအား ခံစားခဲ့ရသည်။

သူတို့သည် သူ၏ အစိတ်အပိုင်း တစ်ခုဖြစ်သွားပြီး၊ သူသည် လက်ချောင်းများကို ထိန်းချုပ်နေရသော လက်တစ်ဘက်သဖွယ် သဘာဝအတိုင်း ဖြစ်သွားခဲ့သည်။

လင်းဖုန်းသည် ရယ်လိုက်ကာ သူ၏ လက်ဝါးများကို စုစည်းလိုက်သည်။ သူ၏ မျက်ခုံးများအကြားမှ အလင်းတန်း ပုံရိပ်တစ်ခု ထွက်လာခဲ့၏။ ဒါသည် ကြမ္မာပန်းတိုင် ခေါင်းလောင်း၏ ပုံရိပ်ဖြစ်သည်။

ကြမ္မာပန်းတိုင် ခေါင်းလောင်းသည် အတွေးအကြံ တစ်ခုမျှသာ ရှိသေး၏။ လင်းဖုန်းသည် သူ့အား အစစ်အမှန် ရတနာတစ်ပါး ဖြစ်လာရန်၊ ဆက်လက်ကျင့်ကြံမှုများ လိုသေးသည်။

သို့သော်လည်း လင်းဖုန်းအတွက်မူ ဒါသည် အလွန်ခက်ခဲလှသေး၏။

သူယခင်က စကြာဝဠာ ပုံသဏ္ဌာန်အား ကျင့်ကြံသကဲ့သို့၊ လင်းဖုန်းသည် ယုကျင်းတောင်ပေါ်မှ ကျောက်တုံးများ၊ မဟူရာကောင်းကင် ရတနာသစ်ပင်မှ သစ်ရွက်များကို အခြေခံအဖြစ် အသုံးချကာ ကြမ္မာပန်းတိုင် ခေါင်းလောင်းအား ကျင့်ကြံရန် ကြိုးစားခဲ့သည်။

ပုံကြမ်းပေါ်လာသောအခါ၊ ခရမ်းရောင် တိမ်တိုက်များဖြင့် အားဖြည့်ပေးခဲ့သည်။

ဒါသည် ကိုယ်ထည်တစ်ခုအား အသက်စွမ်းအင် ထည့်ပေးလိုက်သည်နှင့် တူနေသည်။ မူလကိုယ်ထည်သည် အသက်မရှိသော တိရစ္ဆာန် တစ်ကောင်နှင့် တူနေသည်။ သူသည် မည်သို့ပင် အသက်ဝင်သည် ဆိုစေကာမူ၊ တကယ့်သက်ရှိ မဟုတ်ပေ။ ယခု ကြမ္မာပန်းတိုင် ခေါင်းလောင်း၏ အလင်းတန်း ပုံရိပ်သည်၊ အသက်စွမ်းအင်များ ရရှိလာသော ပုံရိပ်တစ်ခု ဖြစ်လာခဲ့သည်။

အားနည်းသေးသော်လည်း ခမ်းနားထည်ဝါသော အော်ရာတစ်ခု ပေါ်လာခဲ့၏။ သူသည် သီးသန့် အသိစိတ်ရှိသော သက်ရှိအစစ်ကဲ့သို့ ဖြစ်လာခဲ့သည်။

ဒါသည် ကြမ္မာပန်းတိုင် ခေါင်းလောင်း၏ မူလစိတ်ဝိညာဥ် ဖြစ်သည်။

လင်းဖုန်းသည် ထိုမြင်ကွင်းအား တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့၏။ ဘာမှမရှိခြင်း အဖြစ်မှ တစ်စုံတစ်ခု အဖြစ်သို့ တိုးတက်ပြောင်းလဲလာသည့်၊ သက်ရှိ၏ စိတ်စွမ်းအားကို အာရုံခံနေခဲ့သည်။ ဒါသည် ဓာတ်နှစ်ပါးကို ခွဲခြားကာ ကစဥ့်ကလျားမှုများကို ကျော်လွှား၍၊ မွေးဖွားလာသော ကမ္ဘာဦး သက်ရှိစွမ်းအင် ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးတို့က ပေါ်ပေါက်လာခဲ့ကာ၊ ကံကြမ္မာများက မွေးဖွားလာခဲ့သည်။

ခေါင်းလောင်း၏ ပုံရိပ်မှာ ဖြည်းဖြည်းချင်း ပြောင်းလဲလာ၍၊ မည်းနက်နေသည့် ကျောက်တုံးတံခါး အဖြစ်သို့ ပြောင်းသွားခဲ့သည်။ အပေါ်ယံတွင် သူသည် ထွင်းထုထားသော ပုံရိပ်များစွာတို့ဖြင့် ပြည့်နေခဲ့သည်။ အထီးကျန်မှု အတွင်းမှ သန်စွမ်းသော အသက်အော်ရာတစ်ခု ရှိနေခဲ့သည်။

လင်းဖုန်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ဝိညာဥ်ဖန်ဆင်း တံဆိပ်သည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါအတွင်းမှ ပျံသန်းထွက်ပေါ်လာခဲ့သည်။ သူသည် ကျောက်တုံးတံခါး ပုံရိပ်အပေါ်သို့ ကျရောက်လာခဲ့၏။

"မြင့်တက်လာစမ်း!" လင်းဖုန်း၏ အဆုံးမဲ့ မှော်စွမ်းအင်များသည် ပေါ်ထွက်လာခဲ့ကာ၊ ဝိညာဥ်ဖန်ဆင်း တံဆိပ်အား အသွင်ပြောင်းပေးလိုက်သည်။ သူသည် ကျောက်တုံးတံခါး အလင်းတန်း ပုံရိပ်နှင့် ပူးပေါင်းသွားခဲ့သည်။

အဆုံးမဲ့ ခေါင်းလောင်းသံများ၏ အကြားတွင်၊ ကျောက်တံခါးကြီးမှနေ၍ သန်စွမ်းသော အသက်အော်ရာများ ထွက်လာခဲ့သည်။ ဒါသည် ကြမ္မာပန်းတိုင် ခေါင်းလောင်း၏ ပထမ ပြောင်းလဲခြင်း၊ အသက်ဖန်ဆင်းခြင်း တံခါး ဖြစ်သည်။

သူသည် အဆုံးမဲ့ သက်ရှိများနှင့် အရာဝတ္ထုများ၏ မွေးဖွားခြင်းကို ကိုယ်စားပြုနေသည်။ သူ့တွင် ဒိုင်မန်းရှင်း အသစ်တစ်ခုကို ဖွင့်လှစ်နိုင်၍၊ ပတ်ဝန်းကျင် အသစ်တစ်ခုကို ဖန်တီးနိုင်သော ကြမ္မာပန်းတိုင် ရှိသည်။

လင်းဖုန်းသည် သူ၏လက်ကို အသုံးပြုကာ၊ ထိုဧရာမ ကျောက်တုံးတံခါးကြီးကို ဆုပ်ကိုင်လိုက်သည်။ ကျောက်တုံးတံခါးသည် မကျုံ့ဝင်သွားသော်လည်း၊ လင်းဖုန်း၏ လက်ချောင်းငါးချောင်းတို့သည် လေဟာနယ် တစ်ခုလုံးကို ဆုပ်ကိုင်မိသွားခဲ့သည်။

သူသည် အသက်ဖန်ဆင်းခြင်း တံခါးအတွင်းမှ စွမ်းအားများကို ခံစားလိုက်ရ၍ လင်းဖုန်းက ရယ်လိုက်သည်။ "ဒါက ကြမ္မာပန်းတိုင် ခေါင်းလောင်းရဲ့ ပထမ ပြောင်းလဲခြင်းသာ ဖြစ်ပေမဲ့၊ သူက ဒီလောက်အထိ အံ့ဖွယ်ကောင်းနေခဲ့ပြီ"

ဤအသက်ဖန်ဆင်း တံခါးတွင် ပြိုင်ဘက်ကင်းသော အသက်စွမ်းအင်များ ပါရှိသည်။ သူသည် ပါရာဆို သစ်ပင် အဆီအနှစ်နှင့် ဝိညာဥ်ဖန်ဆင်း တံဆိပ်တို့ထက်၊ များစွာပို၍ အထက်တန်း ကျပေသည်။

ဒဏ်ရာကုစားနိုင်သော စွမ်းအားများအရ၊ သူသည် လူသေတစ်ယောက်ကိုပင် ပြန်လည် ရှင်သန်ထမြောက်စေနိုင်သည်။ ဤရတနာ ရှိနေလျှင် မကောင်းဆိုးဝါးများက သူ့အနားသို့ ကပ်နိုင်မည် မဟုတ်ပေ။ သူသည် ဒဏ်ရာရရှိသွားလျှင်ပင်၊ ချက်ချင်း ပြန်လည်သက်သာလာနိုင်မည် ဖြစ်သည်။

ထို့အပြင် ထိုရတနာသည် အသက်စွမ်းအားများကို အားဖြည့်ပေးနိုင်သည်။ တိုက်ခိုက်မှုအတွက် အသုံးချလျှင်လည်း၊ တူညီစွာပင် အစွမ်းထက်သည်။

သူသည် တစ်ချိန်တည်းတွင် တိုက်စစ်အဖြစ်ရော၊ ခံစစ်အဖြစ်ပါ အသုံးချနိုင်သည်။

လင်းဖုန်းသည် သူ၏အတွင်းမှ စွမ်းအား သဘောတရားများကို ငြိမ်သက်စွာနှင့် ပုံဖော်နေခဲ့သည်။ "ငါက မဟာကောင်းကင် တာအိုကျမ်းစာရဲ့ တတိယအခန်းကို ဖန်တီးနိုင်ခဲ့ရင်၊ ဒီရတနာရဲ့ ဒုတိယ ပြောင်းလဲမှုကို ကျင့်ကြံလို့ ရလိမ့်မယ်"

ပြောင်းလဲခြင်း လေးမျိုးအား တစ်ခုတည်း အဖြစ်သို့ ပူးပေါင်းနိုင်ကာ၊ ကံကြမ္မာနှင့် ပန်းတိုင်တို့၏ အစစ်အမှန် အဓိပ္ပာယ်အား ပြည့်စုံစေနိုင်ပါက၊ ဤရတနာကို အဆုံးစွန်အထိ ကျင့်ကြံနိုင်ပေလိမ့်မည်။

သူသည် အတွေးလေးကို တွေးမိရုံမျှနှင့်ပင် လင်းဖုန်းသည် စိတ်လှုပ်ရှားလာခဲ့သည်။ "ဒီခေါင်းလောင်းက စနစ်အထဲမှာ ပုံရိပ်လေး အနေနဲ့သာ ရှိနေပြီး၊ တန်ဖိုးအားဖြင့် ကျန်တဲ့ပစ္စည်းတွေရဲ့ စုစုပေါင်း တန်ဖိုးနဲ့ တူညီနေတာ အံ့ဩစရာတော့ မဟုတ်ပါဘူး"

"အောင်မြင်သွားပြီ" လင်းဖုန်းသည် ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာအတွင်းမှ ထွက်လာခဲ့ကာ၊ သူ၏အရှေ့မှ ယုကျင်းတောင်အား ကြည့်လိုက်သည်။ သူသည် တောင်ပေါ်မှ သစ်ပင်၊ မြက်ပင်တစ်ပင်တိုင်းစီနှင့် သက်ရှိဝိညာဥ်တိုင်းစီကို ခံစားနိုင်ခဲ့သည်။ သူသည် အရာအားလုံးအပေါ်တွင် ယခင်က မကြုံဖူးသော်လည်း၊ ရင်းနှီးကျွမ်းဝင်နေသည့် နားလည်သဘောပေါက်မှုများကို ခံစားနေရသည်။

ဒါသည် စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသည့် ထူးခြားသည့် ခံစားချက် တစ်မျိုးပင် ဖြစ်သည်။

ထိုအချိန်တွင် လင်းဖုန်းသည် အချိန်ကို ပြန်ကြည့်ရန် သတိရလာခဲ့သည်။ သူသည် ပြန်တွေးလိုက်သောအခါ၊ ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာအတွင်းတွင် အချိန်၇နှစ် နေခဲ့ပြီး ဖြစ်သည်ကို သတိထားမိလိုက်သည်။

မူလကောင်းကင် ကမ္ဘာကြီးတွင်မူ ရက်ပေါင်း၂၀သာ ကုန်လွန်ခဲ့သေးသည်။

"၇နှစ်…" လင်းဖုန်းသည် ပြန်လည်တွက်ချက်လိုက်သည်။ စနစ်ကြီးသည် သူ့အား လတိုင်းတွင် ကံစမ်းမဲတစ်ခေါက် နှိုက်ခွင့်ပေးထားသည်ကို အမှတ်ရလိုက်၏။ လွန်ခဲ့သော ၇နှစ်အတွင်းတွင် ကံစမ်းမဲနှိုက်ခွင့်ပေါင်း မြောက်မြားစွာ ရရှိခဲ့သည်ကို သတိထားမိလိုက်သည်။

သို့သော်လည်း ယခင် အတွေ့အကြုံများအရ လင်းဖုန်း၏ ကျင့်ကြံမှုသည် အဆင့်ကြီးတစ်ခု တက်သွားပြီးတိုင်းတွင်၊ စနစ်ကြီးသည် အဆင့်မြှင့်တင်မှုတစ်ခေါက် ပြုလုပ်ခဲ့သည်။

လင်းဖုန်းသည် စနစ်အတွင်းသို့ ဝင်ရောက်လိုက်၏။ ထင်ထားသည့်အတိုင်းပင် စနစ်သည် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေပြီး၊ ကံစမ်းမဲနှိုက်ခွင့် မရခဲ့ပေ။

"ဒါဆိုရင်လည်း စောင့်ရမှာပေါ့" လင်းဖုန်းသည် ပုခုံးတွန့်လိုက်ကာ စနစ်အတွင်းမှ ထွက်လာခဲ့၏။ ပြီးတာနှင့် သူသည် တောင်ပေါ်တွင် အေးအေးဆေးဆေး လမ်းလျှောက်နေခဲ့သည်။

သူသည် ဇူရီ၏ ကောင်းကင်ဘုံကျောင်း အတွင်းတွင် တပည့်တစ်အုပ်စု လေ့ကျင့်နေသည်ကို မြင်ခဲ့ရ၏။ ရှီထျန်းဟောင်၊ ထွမ်းထွမ်းနှင့် ကျန်သောသူများသည် မြေရိုင်းလွင်ပြင်တွင် ဆော့ကစားနေပြီး၊ ကျဲယုသည် သူ့ဇနီး၏ အရှေ့တွင် မိန်းမကြောက်သော အမူအရာများဖြင့် နေနေခဲ့သည်။

"အိုး" လင်းဖုန်းသည် လမ်းလျှောက်နေဆဲတွင်၊ သူ၏ ကိုယ်ပေါ်မှ အသံလွှင့်ကျောက်တုံး တစ်ခုသည် လင်းလက်လာခဲ့သည်။ တစ်စုံတစ်ယောက်သည် သူ့အား ဆက်သွယ်နေ၏။

လင်းဖုန်းသည် ကြည့်လိုက်ကာ သူ၏ မျက်ခုံးများကို ပင့်လိုက်သည်။ တစ်ဘက်မှသူမှာ နေမင်းအလင်းတန်း ဓားမာစတာ ဖြစ်၏။

သူတို့သည် ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးတွင် လမ်းခွဲခဲ့ပြီးနောက်တွင်၊ တစ်ယောက်နှင့် တစ်ယောက် အဆက်အသွယ်များ မရှိတော့ပေ။ မည်သူက သိမည်နည်း၊ နေမင်းအလင်းတန်း ဓားမာစတာသည် သူ့အား ရုတ်တရက် ဆက်သွယ်လာခဲ့သည်။

ယခင်က ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးအတွင်း မြောက်ပိုင်းလေပြင်း ပင်လယ်မှ ကန်ဘေးတွင်၊ လင်းဖုန်းက နေလဓားဂိုဏ်းမှ တပည့်များသည် ဓားစုံတွဲအဖြစ် ပါဝင်ယှဥ်ပြိုင်နိုင်ရန် အကြံပေးခဲ့သည်။

လင်းဖုန်းသည် သူ၏ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည်၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းသို့ ပိုမို ဝင်ရောက်နိုင်ရန် ရည်ရွယ်၍ ထိုအကြံကို ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူသည် နေလဓားဂိုဏ်းအား တစ်ဘက်မှနေ၍ ကူညီရာလည်း ရောက်သွားခဲ့၏။ နေမင်းအလင်းတန်း ဓားမာစတာကလည်း သူ့အား အသိအမှတ် ပြုခဲ့ပြီး၊ လင်းဖုန်းနှင့် ဆက်ဆံရေးကောင်းများ ရှိခဲ့သည်။

လင်းဖုန်းသည် ထိုဆက်သွယ်မှုအား လက်ခံလိုက်ရာ၊ နေမင်းအလင်းတန်း ဓားမာစတာ၏ အသံကို ကြားလိုက်ရ၏။ "မာစတာလင်း၊ ခင်ဗျားဆီက ဘာမှမကြားရတာ အတော်ကြာသွားပြီ"

"ခင်ဗျားဆီက ဘာမှမကြားရတာလည်း ကြာသွားပြီ၊ နေမင်းအလင်းတန်း ဓားမာစတာ" လင်းဖုန်းက ရယ်ကာ ပြန်ဖြေလိုက်သည်။ "ခင်ဗျားက ကျုပ်ကို ကိုယ်တိုင်ဆက်သွယ်ခဲ့တာ ဘာအကြောင်းကြောင့်များလဲ"

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ပိုမိုတိုးတက်လာသည်နှင့်အမျှ၊ ဆက်သွယ်မှုများကလည်း ပိုများလာခဲ့သည်။

ပြင်ပကမ္ဘာနှင့် ဆက်ဆံမှုများ ပြုလုပ်ရန် ဇူရီအား တာဝန်ပေးထားခဲ့သည်။ ဒါသည် တောက်ဇီချွမ်အား တာဝန်မပေးထားသော ကိစ္စအနည်းငယ်တွင် အပါအဝင် ဖြစ်၏။

သို့သော်လည်း အခြေတည် ဝိညာဥ် အဆင့်နှင့် အထက်မှ ကျင့်ကြံသူများ အတွက်၊ ခန်းနန်းဟွာက တာဝန်ယူရသည်။ ကောင်းကင်ကုန်သည်များ ဂေဟာနှင့် ဆက်သွယ်ရန်ကိုလည်း သူပင် တာဝန်ယူရသည်။

ယခုအချိန်တွင် လင်းဖုန်းနှင့် တိုက်ရိုက်ဆက်သွယ်၍ ရသူမှာ လူအနည်းငယ်သာ ရှိ၏။ နေမင်းအလင်းတန်း ဓားမာစတာကဲ့သို့ ဂိုဏ်းခေါင်းဆောင်များနှင့် အခြား အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲများသာ လင်းဖုန်းနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သည်။ အကယ်၍ ကိစ္စ အသေးအမွှားသာ ဆိုလျှင်၊ သူတို့သည် ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ရန် မလိုပေ။ သူတို့၏ တပည့်များ အချင်းချင်းကိုသာ ဆက်သွယ်စေလိမ့်မည် ဖြစ်သည်။

"ကျုပ်က မာစတာလင်းဟာ ဓားပညာရပ်မှာ ကျွမ်းကျင်သူ တစ်ဦးလို့ ကြားထားရတယ်" နေမင်းအလင်းတန်း ဓားမာစတာက ပြောလိုက်သည်။ "သိပ်မကြာခင်မှာ ကျုပ်တို့ ဓားကျင့်ကြံသူ အချို့က စုပြီးတော့ ဓားပညာရပ်နဲ့ ပတ်သတ်ပြီး အမြင်တွေကို ဖလှယ်ဖို့ရှိတယ်။ တကယ်လို့ စိတ်ဝင်စားရင်၊ ကျုပ်တို့နဲ့ လာပူးပေါင်းပါလား။ တစ်ချိန်တည်းမှာပဲ ကျုပ်က ခင်ဗျားဆီကနေ ဓားပညာရပ်ကို လေ့လာနိုင်တာပေါ့"

"မာစတာလင်းက ဘယ်လိုများ သဘောရသလဲ"

လင်းဖုန်း၏ အမူအရာသည် မပြောင်းလဲခဲ့ပဲ၊ ရယ်ချင်နေသော အမူအရာများကို ဖော်ပြလိုက်သည်။

နေမင်းအလင်းတန်း ဓားမာစတာ၏ 'သင်ယူ'ဟူသော စကားလုံးသည် အန္တရာယ် အငွေ့အသက်များ မရှိပဲ၊ သူသည် သူ့အား စိန်ခေါ်လိုနေခြင်း မရှိပေ။

သို့သော်လည်း 'သင်ယူ'ဟူသော စကားလုံးမှာ၊ နေမင်းအလင်းတန်း ဓားမာစတာက သာမန်ပြောခဲ့ခြင်း မဟုတ်ပေ။ သူ၏နောက်ကွယ်တွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်များ ရှိသေးသည်။ ထို့အပြင် သူသည် ဓားကျင့်ကြံသူများ စုဝေးမည်ဟု ပြောထားသေးသည်။ ဒါသည် စကားစမြည်ပြောကြရန် စုဝေးခြင်းမျိုး မဖြစ်နိုင်ပေ။

ဒါသည် သာမန် စုဝေးခြင်း မဟုတ်နိုင်ဟု လင်းဖုန်းက ခန့်မှန်းလိုက်သည်။ ခေတ္တမျှ စဥ်းစားလိုက် အပြီးတွင်၊ လင်းဖုန်းက ပြန်ဖြေလိုက်သည်။ "ကျုပ်က ခင်ဗျားကို မသင်ပြရဲပါဘူး။ ခင်ဗျားပြောသလို ဒါက အပြန်အလှန် ဆွေးနွေးမှုပဲ ဖြစ်မှာပေါ့"

နေမင်းအလင်းတန်း ဓားမာစတာက ရယ်လိုက်သည်။ "ဒါဆိုရင်လည်း၊ ကျုပ်က ခင်ဗျားကို မဟာချင် အင်ပါယာရဲ့ အရှေ့ဘက်က လင်းကျိုးနယ်နိမိတ် အနားက၊ ချင်းလင်တောင်ရဲ့ ကောင်းကင်လှည်း တောင်ထိပ်ကနေ စောင့်နေပါ့မယ်"

***************

စူတောင်ဓားဂိုဏ်း၏ အနောက်ပိုင်းတွင်၊ ထိုးထွက်နေသော တောင်ထိပ်၆ခုတို့ ရှိကြသည်။ သူတို့ တစ်ခုချင်းစီသည် မတ်စောက်ဖြောင့်မတ်ကာ၊ တိမ်တိုက်များ အကြားသို့ ထိုးထွက်နေခဲ့သည်။ သူတို့သည် ထက်မြက်သော ဧရာမ ဓားကြီး၆စင်းနှင့် တူနေပေသည်။

သူတို့သည် ဓားရှည်၆ချောင်းအလား ပြင်းထန်သော ဓားအော်ရာများကို ထုတ်လွှတ်နေ၍၊ တစ်မျိုးချင်းစီတွင် ကွဲပြားခြားနားသော သဘောတရားများ ရှိနေကြ၏။ သူတို့သည် တည်ငြိမ်အေးချမ်းမှုများ၊ ခက်ထန်ကြမ်းတမ်းမှုများ၊ အထီးကျန်မှုများ၊ လေးနက်သိမ်မွေ့မှုများကို ပိုင်ဆိုင်ထားကြ၏။

ထိုတောင်ထိပ်၆ခုတို့၏ အပေါ်မှ မိုးကုတ်စက်ဝိုင်းအပေါ်တွင်၊ နောက်ထပ် တောင်ထိပ်တစ်ခု ရှိနေသေး၏။ ထိုတောင်ထိပ်သည် ကောင်းကင်ကိုးလွှာ၏ အပေါ်တွင်၊ အောက်မှ မည်သည့် အထောက်အပံ့မှ မပါပဲ လွင့်မျောနေခဲ့သည်။ သို့သော်လည်း အမှန်တွင် သူသည် အောက်ဘက်မှ တောင်ထိပ်၆ခုတို့ထံမှ ထွက်ပေါ်နေသည့် ဓားအော်ရာများဖြင့် ထောက်ပံ့ထားကြခြင်း ဖြစ်သည်။

ထိုတောင်ထိပ်၆ခုတို့ အတွင်းမှ တောင်ထိပ်တစ်ခု၏ အပေါ်မှ ခန်းမဆောင်တစ်ခုတွင်၊ လူအချို့တို့သည် သူတို့၏ အဆင့်အတန်းအလိုက် ထိုင်နေကြ၏။ သူတို့အနက်မှ တစ်ယောက်သည် ကွမ်းချုံ ဓားမာစတာ ဖြစ်၏။ သူကပြောလိုက်သည်။ "ခင်ဗျားတံခါးပိတ် လေ့ကျင့်တာပြီးအောင် စောင့်နေတာ"

"မလိုပါဘူး" အိမ်ရှင်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။ "ငါက ဓားကို ဓားအိမ်အထဲက မထုတ်ရတာ အချိန်အတော် ကြာသွားခဲ့ပြီ။ လူအတော်များများက ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့ထဲမှာ ဘယ်သူက ဆရာကြီးလဲ ဆိုတာကို မေ့သွားကြပြီ"

"ဒီကနေ့မှာ ငါက ဘယ်သူ ဆရာကြီးလဲ ဆိုတာကို သိအောင် လုပ်ပြမယ်"

ဘေးပတ်ဝန်းကျင်မှ လူများသည် ခေါင်းများကို တစ်ပြိုင်နက် ညိတ်လိုက်ကြကာ၊ တစ်ပြိုင်နက်တည်း မတ်တတ်ရပ်လိုက်ကြသည်။ သူတို့သည် လေဟာနယ်ကို ချိုးဖောက်လိုက်ကာ ပျောက်ကွယ်သွားကြသည်။

"ချင်းလင်တောင်ရဲ့ ကောင်းကင်လှည်း တောင်ထိပ်၊ သွားကြစို့!"

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

စာစဥ် ၂၅ : အပိုင်း ၇

အပိုင်း ၄၇၇ : ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့

သူသည် အင်မော်တယ် ဝိညာဥ်အား မဖန်ဆင်းနိုင်ခဲ့ချိန်တွင်ပင်၊ လင်းဖုန်းသည် လေဟာနယ်ကို ချိုးဖောက်ပြီး လျှင်မြန်စွာနှင့် ခရီးသွားနိုင်၏။ ယခုအချိန်တွင် အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်သွားပြီးသောအခါ၊ သူ၏ အမြန်နှုန်းသည် ပို၍ပင် မြန်လာခဲ့၏။ ခဏအတွင်းတွင် သူသည် ခွန်းလွန်တောင်မှနေ၍ ခရီးများစွာ ကွာဝေးသော၊ မဟာချင် အင်ပါယာ၏ အရှေ့ဘက်မှ လင်းကျိုးသို့ ရောက်ရှိလာခဲ့သည်။

နေမင်းအလင်းတန်း ဓားမာစတာနှင့် ချိန်းဆိုထားသည့် နေရာသို့ ရောက်သောအခါ၊ လင်းဖုန်း၏ ခန့်မှန်းချက်များမှာ ပို၍သေချာလာခဲ့သည်။

ဤဆုံတွေ့မှုသည် စူတောင်ဓားဂိုဏ်းအား ဦးတည်၍ ပစ်မှတ်ထားခြင်း ဖြစ်ရမည်။

ပထဝီဝင် အနေအထားအရ လင်းကျိုးသည် အရှေ့ပိုင်းတွင်ရှိပြီး၊ စူတောင်ဓားဂိုဏ်း၏ တည်နေရာဖြစ်သော စူးကျိုးသည် အနောက်ဘက်တွင် ရှိသည်။ သူတို့သည် မဟာချင် အင်ပါယာ၏ အစွန်းနှစ်ဘက်တွင် တည်ရှိကြခြင်း ဖြစ်သည်။

ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့သည် ပြင်ပမှကြည့်လိုက်လျှင် အလွန် ညီညွှတ်ကြသည်ဟု ထင်ရသော်လည်း၊ အမှန်တွင်မူ သူတို့သည် အတွင်းတွင် ဘယ်တော့မှ မငြိမ်းချမ်းကြပေ။ အတွင်းမှ အင်အားစုများစွာတို့သည် ပြဿနာများ ရှာနေကြသည်။

ဥပမာအားဖြင့် နေလဓားဂိုဏ်းသည် မဟာချင် အင်ပါယာနှင့် အမြဲတမ်း နီးကပ်သော ဆက်ဆံရေးများ ရှိပြီး၊ ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့အတွင်းမှ မဟာချင် အင်ပါယာ၏ ကိုယ်စားလှယ်ဟူ၍ ပြော၍ရသည်။

လင်းဖုန်းသည် မဟာချင် အင်ပါယာကလည်း မငြိမ်းချမ်းနေဟူ၍ သိထားသည်။ မဟာချင် အင်ပါယာ၏ တော်ဝင်မိသားစုသည် မိသားစုကြီးများ၏ စွမ်းအားများကို သိသိသာသာနှင့် ဖိနှိပ်လာခဲ့သည်။ နှစ်ဦးနှစ်ဘက် အကြားတို့မှ ပဋိပက္ခများသည် ပို၍ပို၍ ပြင်းထန်လာကြကာ၊ မကြာခဏ ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်လာကြသည်။ သူတို့သည် ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်ရန် နီးကပ်နေပေသည်။

ရိုးသားစွာနှင့် ပြောရလျှင် မိသားစုကြီးများသည် စွမ်းအားများ ကြီးမားကြသော်လည်း၊ သူတို့သည် မဟာချင် အင်ပါယာ တစ်ခုလုံးနှင့် မယှဥ်နိုင်ကြပေ။

သို့သော်လည်း ပထမ အနေဖြင့် မိသားစုကြီးများ၏ စွမ်းအားများသည် သန်မာပြီး၊ သူတို့သည် မဟာချင် အင်ပါယာနှင့် နီးကပ်စွာ ဆက်စပ်မှုများ ရှိနေကြသည်။ သူတို့၏ ဆက်ဆံရေးများသည် ရှုပ်ထွေးလှသောကြောင့်၊ ကိစ္စသေးသေးလေးများမှ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်နိုင်သည်။

ဒုတိယ အနေနှင့် အခြားအင်အားစု များစွာတို့သည်လည်း မဟာချင် အင်ပါယာ၏ စွမ်းအားများကို ကန့်သတ်လိုနေပြီး၊ မိသားစုကြီးများကို နောက်ကွယ်မှနေ၍ တိတ်တိတ်ကလေး ထောက်ပံ့နေကြ၏။ မဟာချင် အင်ပါယာကလည်း သူတို့အား သတိထားနေရသည်။

သို့သော်လည်း လက်ရှိသတင်းများအရ မဟာချင် အင်ပါယာသည် ဤတစ်ကြိမ်တွင် သေချာလှုပ်ရှားရန် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သည်။ မိသားစုကြီး လေးခုမှလွဲ၍ ကျန်သော အခြားမိသားစုငယ်များမှာလည်း ရိုက်ခတ်မှု ကြီးကြီးမားမားကို ခံရနိုင်သည်။

မိသားစုကြီး လေးခုအတွင်းတွင် ဟော်မိသားစု တစ်ခုသာ တော်ဝင်မိသားစုနှင့် နီးကပ်သော ဆက်ဆံရေး ရှိပေသည်။

ထို့ကြောင့် မဟာချင် အင်ပါယာ အတွင်းတွင် နှစ်ထောင်ပေါင်းများစွာ စည်ပင်ကြီးပွားလာခဲ့သော မိသားစုကြီးများ၏ စွမ်းအားတို့မှာ၊ ယခုအချိန်တွင် တည်ငြိမ်ခြင်း မရှိနေတော့ပေ။

သို့သော်လည်း ထိုမိသားစုများမှာလည်း အရှင်းလင်းခံရမည်ကို ထိုင်စောင့်နေကြမည် မဟုတ်ချေ။ သူတို့သည်လည်း အကြံအစည်များ ထုတ်နေကြကာ၊ မဟာချင် အင်ပါယာ အတွင်းတွင် ပြည်တွင်း ပဋိပက္ခတစ်ခု အကြီးအကျယ်ဖြစ်ရန် ဦးတည်နေပေပြီ။ ကျန်သော အင်အားစုများကလည်း ဤအခြေအနေကို အနီးကပ် စောင့်ကြည့်နေကြသည်။

မဟာချင် အင်ပါယာသည် ပြည်တွင်းစစ်အတွင် ကြိုတင်ပြင်ဆင်နေခဲ့သော်လည်း၊ သူတို့သည် ဤအခြေအနေကို အခွင့်ကောင်း ဝင်ယူမည့် ပြင်ပမှ ရန်သူများကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေရသေးသည်။

ဤစည်းဝေးပွဲသည် ကြည့်ရသည်မှာ ထိုရလဒ်ကို ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်။

ချင်းလင်တောင်၏ ကောင်းကင်လှည်း တောင်ထိပ် အနီးအနားသို့ ရောက်ခဲ့သည်နှင့်၊ လင်းဖုန်းသည် သူ၏ မှော်စွမ်းအင်ကို ထုတ်လွှတ်လိုက်ရာ တုံ့ပြန်မှုများကို ရရှိခဲ့သည်။ ရွှေရောင်အလင်းတန်း တစ်ခုသည် ထိုးတက်လာခဲ့ကာ သူ၏အရှေ့သို့ ရောက်လာခဲ့ပြီး၊ နှစ်လိုဖွယ်ရာ လူငယ်တစ်ယောက်အဖြစ်သို့ ပြောင်းသွားခဲ့သည်။

"မာစတာလင်းကို ကျုပ်က စောင့်နေခဲ့တာ" ထိုလူငယ်က ရယ်လိုက်သည်။ သူသည် နေမင်းအလင်းတန်း ဓားမာစတာ ဖြစ်သည်။

သူသည် လူငယ်လေးပုံ ပေါက်နေသော်လည်း၊ အမှန်တွင် သူသည် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်ယောက် ဖြစ်သည်။

နေလဓားဂိုဏ်းတွင် နေမင်းအလင်းတန်းနှင့် လမင်းအလင်းရောင် ဓားစုံတွဲတို့သည် လွန်စွာ အစွမ်းထက်လှသည်။

သို့သော်လည်း သူတို့သည် တစ်ဦးချင်းစီ လှုပ်ရှားလျှင်လည်း၊ နေလဓားဂိုဏ်း၏ ဓားကျင့်ကြံမှုများမှာ ထူးချွန်ထက်မြက်လှသည်။ နေမင်းအလင်းတန်း ဓားမာစတာသည် အဆင့်တူသော အခြား အကြီးအကဲများထက် အဆင့်မနိမ့်သော၊ အန္တိမ ဓားကျင့်ကြံသူတစ်ယောက်အဖြစ် အသိအမှတ် ပြုခြင်းကို ခံထားရသည်။

လင်းဖုန်းကလည်း ပြန်ပြုံးပြလိုက်သည်။ "ခင်ဗျားရဲ့ ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုခြင်းကို ခံရတဲ့အတွက် ဂုဏ်ယူပါတယ်"

"ဒီစည်းဝေးပွဲမှာ ကျုပ်တို့တစ်ယောက်မှ ကျုပ်တို့ တပည့်တွေကို ခေါ်မလာခဲ့ဘူး" နေမင်းအလင်းတန်း ဓားမာစတာက ရယ်လိုက်သည်။ "သီးသန့်တွေ့ဆုံဖို့ ကျုပ်တို့ ခေါင်းဆောင်အချို့သာ ရှိကြတယ်"

လင်းဖုန်းသည် သူ၏ခေါင်းကို ညိတ်လိုက်ကာ၊ နေမင်းအလင်းတန်း ဓားမာစတာနှင့် ယှဥ်ကာ လျှောက်လာခဲ့သည်။ သူတို့သည် မကြာမီ ချင်းလင်တောင်၏ ကောင်းကင်လှည်း တောင်ထိပ်သို့ ရောက်လာကြသည်။

ကောင်းကင်လှည်း တောင်ထိပ်သည် ချင်းလင်တောင်၏ မြောက်ပိုင်းတောင်ခြေမှ အဓိက တောင်ထိပ်ပင် ဖြစ်သည်။ တောင်၏ကိုယ်ထည်သည် လွန်စွာရှည်လျား၍၊ တောင်၏ အလယ်ပိုင်းမှ ထိပ်ဖျားအထိ ရှိနေသော အက်ကွဲကြောင်းကြီး တစ်ခုရှိနေသည်။

ထိုအက်ကွဲကြောင်းသည် အလွန်အမင်း ကြီးမားသည်မှလွဲ၍၊ တောင်ပေါ်သို့ လှည်းတစ်စင်းက ဖြတ်သန်းသွား၍ ကျန်ခဲ့သော အမှတ်တစ်ခုနှင့် တူနေခဲ့၏။ ကောင်းကင်လှည်းကြီး တစ်စင်းက တောင်ပေါ်သို့ ဖြတ်သန်းသွားခဲ့သလို ဖြစ်နေခဲ့၍၊ သူ့အား ကောင်းကင်လှည်း တောင်ထိပ်ဟု ခေါ်ခြင်းဖြစ်သည်။

သူတို့သည် တောင်ထိပ်ပေါ်သို့ ရောက်သွားသောအခါ၊ သက်လတ်ပိုင်း လူကြီးတစ်ယောက်က ငြိမ်သက်စွာ ရပ်နေခဲ့သည်ကို တွေ့လိုက်ရ၏။ သူသည် လင်းဖုန်းနှင့် နေမင်းအလင်းတန်း ဓားမာစတာ အတူတကွ လျှောက်လာသည်ကို ဖွဖွလေးပြုံး၍ ကြည့်နေခဲ့သည်။

ထိုသူသည် ထူးခြားသော အမူအရာများ ရှိသည်။ သူသည် မာကျောခြင်းနှင့် သိမ်မွေ့ခြင်း အကြားတွင် ပြောင်းလဲနေ၍၊ သူ၏ အမူအကျင့်များကို ခန့်မှန်းရန် ခက်ခဲပေသည်။

သူ့ကို ကြည့်ရသည်မှာ သိမ်မွေ့သော ဆီးနှင်းနှင့် တူသကဲ့သို့၊ အေးစက်သော အော်ရာများကို ပေးစွမ်းနိုင်သော ထက်မြက်သော ဓားတစ်လက်နှင့်လည်း တူနေသည်။

သူသည် ထိုနေရာတွင် ရပ်နေရင်း၊ သူ၏ကိုယ်ပိုင် ကမ္ဘာအား ဖော်ဆောင်ထားနိုင်သည်နှင့် တူနေသည်။ သူ၏ ကမ္ဘာတွင် ဆီးနှင်းများ ကျလာပြီး၊ ခမ်းနားထည်ဝါ၍ လှပသော မြင်ကွင်းတစ်ခုကို မွေးဖွားပေးခဲ့သည်။

အနီးကပ်ကြည့်လိုက်လျှင် ကျဆင်းနေသော ဆီးနှင်းများမှာ၊ လင်းလက်တောက်ပနေကြသော အဆုံးမဲ့ ဓားအလင်းတန်းများ ဖြစ်ကြသည်။ သူ့အား ကြာမြင့်စွာ ကြည့်လိုက်လျှင်၊ ဓားအလင်းတန်းသည် မဟာကမ္ဘာအတွင်းသို့ နှင်းများအဖြစ်သို့ ကျဆင်းလာမည်ဟု ထင်နေရသည်။

နေမင်းအလင်းတန်း ဓားမာစတာက တစ်ဘက်မှ မိတ်ဆက်ပေးလိုက်သည်။ "ဒါက ဆီးနှင်းပျံ ဓားမာစတာ ဖြစ်ပါတယ်"

ထိုသူသည် လင်းဖုန်းအား စိုက်ကြည့်လိုက်ကာ၊ သူ၏ အကြည့်များက အရောင်လက်လာခဲ့သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်၊ ကျုပ်က ခင်ဗျားရဲ့ နာမည်ကို ကြားဖူးနေတာ အချိန်အတော်ကြာခဲ့ပြီ"

နေမင်းအလင်းတန်း ဓားမာစတာက မိတ်ဆက်ပေးစရာ မလိုပဲ၊ လင်းဖုန်းသည် ထိုသူ၏ ကျောထောက်နောက်ခံကို ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်သည်။

ဆီးနှင်းပျံ  ဓားမာစတာသည် ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့မှ အကြီးအကဲ တစ်ယောက် မဟုတ်ပေ။ သူသည် ကိုယ့်ဘာသာကိုယ် အင်မော်တယ်ဝိညာဥ် အဆင့်ကို ရောက်ရှိနိုင်ခဲ့သည့်၊ တစ်ကိုယ်တော် ဓားကျင့်ကြံသူ ဖြစ်သည်။ သူသည် ဓားပညာရပ်ဖြင့် အင်မော်တယ်ဝိညာဥ် အဆင့်သို့ ရောက်ရှိခဲ့သည့်၊ အကြီးအကဲ အနည်းငယ် အတွင်းမှ တစ်ယောက်ဖြစ်သည်။

ထို့အပြင် သူ၏ ကျင့်ကြံမှုသည် နေမင်းအလင်းတန်း ဓားမာစတာထက်ပင် မြင့်သေး၏။ သူသည် စင်စင် ဖြစ်တည်မှုကို ကျင့်ကြံပြီးသည့်၊ အင်မော်တယ်ဝိညာဥ် ဒုတိယ အဆင့်မှ ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။

သူသည် အင်မော်တယ်ဝိညာဥ် ပထမ အဆင့်တွင် ရှိစဥ်ကတည်းက၊ မဟာချင် အင်ပါယာ၏ ထိပ်တန်းအမတ် တစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏ ဓားပညာရပ်မှာ အကောင်းဆုံး အတွင်းတွင် ပါ၍၊ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက ကျော်ကြားနေခြင်း ဖြစ်သည်။ သူသည် မဟာချင် အင်ပါယာ၏ ထက်မြက်သော လက်နက်တစ်ခု ဖြစ်၏။

ယခုနှစ်များအတွင်းတွင် သူသည် အပြင်သို့ သိပ်ထွက်လေ့မရှိပေ။ ကမ္ဘာကြီး အတွင်းတွင် သူ၏ သတင်းများကို သိပ်မကြားခဲ့ရပေ။ သူသည် တံခါးပိတ်ကာ လေ့ကျင့်နေပြီး၊ အင်မော်တယ်ဝိညာဥ် ဒုတိယ အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ယခုအချိန်တွင် စင်စင် ဖြစ်တည်မှုအား အောင်မြင်စွာ ကျင့်ကြံပြီးပြီ ဖြစ်သဖြင့်၊ သူသည် နောက်ဆုံးတွင် ပြန်ပေါ်လာခဲ့သည်။

ဤကဲ့သို့သော အန္တိမ ဓားကျင့်ကြံသူ တစ်ယောက်သည်၊ ယခု စည်းဝေးပွဲတွင် ပေါ်လာခဲ့သည်မှာ အကြောင်းရင်းက ထင်ရှားနေ၏။

"ငါထင်ထားတဲ့ အတိုင်းပဲ" လင်းဖုန်းက ဆီးနှင်းပျံ ဓားမာစတာအား ကြည့်လိုက်ကာ၊ နေမင်းအလင်းတန်း ဓားမာစတာအား ကြည့်လိုက်၏။ သူ၏ ယခင်ထင်မြင်ချက်မှာ မှန်ကန်နေကြောင်းကို သိလိုက်သည်။

ဤစည်းဝေးပွဲသည် စူတောင်ဓားဂိုဏ်းအား ပစ်မှတ်ထားခြင်း ဖြစ်သည်။

"ကျုပ်ကလည်း ခင်ဗျားအကြောင်းကို အစောကြီးကတည်းက ကြားဖူးထားပါတယ်" လင်းဖုန်းသည် ဆီးနှင်းပျံ ဓားမာစတာအား နှုတ်ဆက်လိုက်သည်။ ပြီးတာနှင့် သူသည် နေမင်းအလင်းတန်း ဓားမာစတာနှင့် ဆီးနှင်းပျံ ဓားမာစတာတို့၏ အနောက်သို့ လိုက်သွားခဲ့သည်။

သူတို့သုံးယောက်သားတို့သည် သီးခြားဒိုင်မန်းရှင်း အငယ်စား တစ်ခုအတွင်းသို့ လျှင်မြန်စွာနှင့် ရောက်သွားခဲ့သည်။

လေဟာနယ် အတွင်းတွင် ဆီးနှင်းများက ကျဆင်းလျှက် ရှိသည်။ ဒါသည် ဆီးနှင်းပျံ ဓားမာစတာက သူ၏ ကိုယ်ပိုင်စွမ်းအားများကို အသုံးချ၍ ဖန်ဆင်းထားသော၊ ကမ္ဘာငယ် အသေးစားလေး တစ်ခုဖြစ်သည်။

နေမင်းအလင်းတန်း ဓားမာစတာ ဝင်လိုက်သည်နှင့်၊ ဆီးနှင်းပျံ ဓားမာစတာက နောက်လိုက်သည်။ "မင်းဝင်လိုက်တာနဲ့ ဒီနေရာကို မတည်မငြိမ် ဖြစ်စေခဲ့တယ်"

သူပြောလိုက်သည်ကို ကြားလိုက်အပြီးတွင်၊ လင်းဖုန်းနှင့် နေမင်းအလင်းတန်း ဓားမာစတာတို့က ပြုံးလိုက်ကြသည်။ နေမင်းအလင်းတန်း ဓားမာစတာ၏ နေမင်းအလင်းရောင် ဓားကျမ်းသည်၊ နေအလင်းရောင်၏ စွမ်းအားကို အသုံးပြုထားသည်။ သို့သော်လည်း ဆီးနှင်းပျံ ဓားမာစတာ၏ ကျင့်ကြံမှုအဆင့်က ပိုမြင့်သောကြောင့်၊ ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့ပေ။ အကယ်၍ သူတို့ကသာ ကျင့်ကြံမှုအဆင့် တူညီကြလျှင်၊ နှစ်ယောက်သားက ဆန့်ကျင်ဘက် ဖြစ်နေကြ၍ မတည်ငြိမ်မှုများ ဖြစ်လာနိုင်ပေသည်။

နေမင်းအလင်းတန်း ဓားမာစတာကလည်း ရယ်လိုက်သည်။ "ဟုတ်တယ်၊ ဒါကြောင့်ပဲ ကျုပ်က ခင်ဗျားဆီကို နှစ်ပေါင်း တစ်ထောင် အချိန်အတွင်းမှာ တစ်ခါမှ လာမလည်တာပေါ့"

ဆီးနှင်းပျံ ဓားမာစတာကလည်း ထိုစကားကို ကြားလိုက်သောအခါ ရယ်လိုက်သည်။

လင်းဖုန်းသည် သူတို့အား ကြည့်လိုက်ကာ တွေးလိုက်သည်။ "သူတို့နှစ်ယောက်စလုံးက အရင်ကတည်းက အတော်ရင်းနှီးပုံရတယ်။ ဒါပေမဲ့ ဘယ်သူက ဘယ်သူ့ကို မဟာချင် အင်ပါယာနဲ့ နီးစပ်အောင် ဆွဲဆောင်ခဲ့သလည်း မသိဘူး"

သူတို့သည် ထိုဓားကမ္ဘာ အတွင်းသို့ ဝင်လိုက်သောအခါ၊ အတွင်းတွင် စောင့်ဆိုင်းနေသော လူများရှိနေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။

သူတို့အထဲမှ အကြီးအကဲ တစ်ယောက်သည် လှည့်လာခဲ့ပြီး၊ လင်းဖုန်းအား ကြည့်လိုက်သည်။ "ဒါက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်လား"

ဤနေရာမှ ကျင့်ကြံသူများသည် သူတို့၏ ဓားအော်ရာများကို ဖုံးကွယ်ထားခြင်း မရှိကြပေ။ လင်းဖုန်းသည် သူ၏ သဘာဝလွန် အသိစိတ်အား အသုံးပြု၍ အကဲခတ်လိုက်ရာ၊ ထိုအကြီးအကဲ၏ ဓားအော်ရာသည် ကောင်းကင်သို့သွားသော လမ်းကြောင်းနှင့် တူနေကြောင်း ခံစားမိခဲ့သည်။ သူသည် အတားအဆီးများ အားလုံးကို ကျော်လွှား၍၊ ကောင်းကင်ကိုးလွှာတိုင်အောင် ပေါက်ကွဲလာခဲ့သည်ဟု ထင်မှတ်နေရ၏။

သူ၏ ဓားအော်ရာသည် ကောင်းကင်ကိုးလွှာအား ဖြတ်တောက်သွားခဲ့၍၊ ကောင်းကင်နှင့် မြေကြီးတို့သည် တစ်သားတည်း ဖြစ်သွားကြသည်။ ဒါသည် ကောင်းကင်မာစတာ ဓားဂိုဏ်း၏ ဓားအော်ရာ ဖြစ်သည်။

ကောင်းကင် ဓားမာစတာဂိုဏ်းသည်လည်း ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့ဝင်ဖြစ်သည်။ သူတို့၏ စွမ်းအားများသည် ကြီးမားကြကာ၊ နေလဓားဂိုဏ်းနှင့် အလင်းဓားမြန်ဂိုဏ်းတို့ထက် အဆင့်ပိုမြင့်သည်။

ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့တွင်၊ ကောင်းကင် ဓားမာစတာဂိုဏ်းသည် ဒုတိယမြောက် အင်အားအကောင်းဆုံး ဖြစ်သည်။ သူတို့၏ ဓားပညာရပ်များသည် ထိပ်တန်းကျကာ ကျွမ်းကျင်သူ အမြောက်အမြား ရှိကြသည်။ သူတို့၏ လွှမ်းမိုးမှုများသည် အားကောင်း၍၊ သူတို့၏ အပေါ်တွင် စူတောင်ဓားဂိုဏ်း တစ်ခုသာ ရှိသည်။

ကောင်းကင် ဓားမာစတာဂိုဏ်းတွင် အင်မော်တယ် ဝိညာဥ် အဆင့်မှ ဓားကျင့်ကြံသူ ငါးယောက်ရှိသည်။ ဤအကြီးအကဲ၏ ကျင့်ကြံမှု အဆင့်သည် ဆီးနှင်းပျံ ဓားမာစတာနှင့် တူညီနေသည်။ သူတို့သည် စင်စစ် ဖြစ်တည်မှုကို ကျင့်ကြံပြီးကြကာ၊ အင်မော်တယ် ဝိညာဥ် ဒုတိယ အဆင့်သို့ ရောက်သွားကြပြီ ဖြစ်ကြသည်။

နေမင်းအလင်းတန်း ဓားမာစတာက မိတ်ဆက်ပေးလိုက်သည်။ "ဒါက ကောင်းကင် မာစတာဓားဂိုဏ်းက နတ်ကောင်းကင် ဓားအကြီးအကဲ ဖြစ်ပါတယ်"

ထိုအကြီးအကဲက ရယ်လိုက်သည်။ "ကျုပ်ရဲ့ဆရာက တံခါးပိတ် ကျင့်ကြံနေတော့ မလာနိုင်ဘူး။ ဒါကြောင့်ကျုပ်ပဲ လာနိုင်ခဲ့တယ်။ ခင်ဗျားက စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်"

ဆီးနှင်းပျံ ဓားမာစတာက ခေါင်းခါလိုက်ကာ ရယ်လိုက်သည်။ "ခင်ဗျားက ကောင်းကင်မာစတာ ဓားမာစတာ ထက်တောင်မှ၊ တုန်းထျန်းတောင်ကနေ ခွာတဲ့အချိန် နည်းသေးတယ်။ ခင်ဗျားကို ကျုပ်တို့အားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမှာပေါ့"

သူနှင့် နေမင်းအလင်းတန်း ဓားမာစတာ၊ ဆီးနှင်းပျံ ဓားမာစတာတို့၏ စကားကို နားထောင်ခြင်းအားဖြင့်၊ လင်းဖုန်းသည် သူမည်သူဆိုသည်ကို သဘောပေါက်ခဲ့သည်။

နတ်ကောင်းကင် ဓားအကြီးအကဲသည် ကောင်းကင်မာစတာ ဓားဂိုဏ်း၏ နာယက တစ်ဦးဖြစ်သည်။ သူကျင့်ကြံခဲ့သည်မှာ နှစ်ပေါင်း ၁၀,၀၀၀ကျော် ရှိခဲ့ပြီ ဖြစ်ပြီး၊ သူသည် လွန်စွာ စီနီယာကျသူ တစ်ဦးဖြစ်၏။ ကောင်းကင်မာစတာ ဓားဂိုဏ်း၏ ခေါင်းဆောင်သည်ပင်လျှင်၊ သူ့ထက် မျိုးဆက်နှစ်ဆက် ပိုငယ်သည်။

နတ်ကောင်းကင် ဓားအကြီးအကဲနှင့် တွေ့ပြီးသောအခါ၊ နေမင်းအလင်းတန်း ဓားမာစတာသည် အခြား ဓားကျင့်ကြံသူများနှင့် လင်းဖုန်းအား မိတ်ဆက်ပေးခဲ့သည်။

"အိုး၊ စိတ်ဝင်စားစရာပဲ" လင်းဖုန်းသည် လူအုပ်ကြီးအား ကြည့်လိုက်ကာ၊ အမူအရာ မပြောင်းခဲ့သော်လည်း ရင်ထဲမှကျိတ်၍ စိတ်ဝင်စားနေခဲ့သည်။

ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့သည်၊ စူတောင်ဓားဂိုဏ်း အပါအဝင် ဓားဂိုဏ်းကိုးဂိုဏ်းနှင့် ဖွဲ့စည်းထား၏။

ယခု စည်းဝေးပွဲတွင် ထိုမဟာမိတ် အဖွဲ့မှ အဖွဲ့ဝင် ကိုးဂိုဏ်းအနက်၊ ခြောက်ဂိုဏ်းတို့က တက်ရောက်လာကြသည်။

ကောင်းကင်မာစတာ ဓားဂိုဏ်းနှင့် အလင်းဓားမြန်ဂိုဏ်းတို့အပြင်၊ လျှပ်စီးဓားဂိုဏ်း၊ ကြယ်စင်ဓားဂိုဏ်း၊ ကျယ်ပြန့်သော ပင်လယ်ဓားဂိုဏ်းနှင့် အလင်းဓားမြန်ဂိုဏ်းတို့ တက်ရောက်လာကြသည်။

ထိုဂိုဏ်း ခြောက်ဂိုဏ်းတို့အပြင် စူတောင်ဓားဂိုဏ်း၊ မဟာ လွင်တီးခေါင် ဓားဂိုဏ်းနှင့် မီးလျှံဓားဂိုဏ်းတို့သည် ဓားမဟာမိတ် အဖွဲ့မှ ကျန်သော အဖွဲ့ဝင်များ ဖြစ်ကြသည်။

သူတို့အတွင်းတွင် နေလဓားဂိုဏ်းသည် မဟာချင် အင်ပါယာနှင့် အမြဲတမ်း နီးကပ်စွာ တည်ရှိနေခဲ့သည်။ ကောင်းကင်မာစတာ ဓားဂိုဏ်းသည် စူတောင်ဓားဂိုဏ်းပြီးလျှင်၊ ဒုတိယ စွမ်းအားအကြီးဆုံးဂိုဏ်း ဖြစ်သည်။

လျှပ်စီးဓားဂိုဏ်းသည် ကောင်းကင်မာစတာ ဓားဂိုဏ်းနှင့် မဟာမိတ် ဖြစ်သည်။ သူတို့သည်လည်း ဤစည်းဝေးပွဲသို့ အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲတစ်ယောက်ကို စေလွှတ်ခဲ့သည်။ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ထိုသူသည် လျှပ်စီး ဓားမာစတာ မဟုတ်ပဲ၊ အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ အသစ်တစ်ယောက်ဖြစ်သူ ပန်လေကျိပင် ဖြစ်သည်။

ဒါသည် ကျန်သော ဓားကျင့်ကြံသူများအား အံ့အားသင့်စေခဲ့သည်။ လျှပ်စီး ဓားမာစတာ၏ စွမ်းအားများသည် အတော်ကို မြင့်မား၍၊ အင်မော်တယ် ဝိညာဥ် ဒုတိယ အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် သူတို့သည် နောက်ထပ် အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်ယောက်ကို မွေးထုတ်နိုင်ခဲ့ပြီ ဖြစ်၍၊ လျှပ်စီးဓားဂိုဏ်း၏ စွမ်းအားများသည် နောက်ထပ်တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ပန်လေကျိသည် လျှပ်စီးဓားဂိုဏ်းမှ အထူးချွန်ဆုံး အခြေတည်ဝိညာဥ် အဆင့်မှ ဓားကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့၍၊ အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်ရှိနိုင်မည်ဟု ထင်ကြေးပေးခြင်း ခံခဲ့ရသူ တစ်ယောက်ဖြစ်သည်။

သူ၏ အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်ရှိခြင်းသည် ဝင့်ကြွားရမည့် ကိစ္စတစ်ခု ဖြစ်သော်လည်း၊ မည်သူက သိမည်နည်း လျှပ်စီးဓားဂိုဏ်းသည် သူ့အား လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားထားခဲ့သည်။ အကယ်၍ ပန်လေကျိသည် ဤစည်းဝေးပွဲသို့ မတက်ပါက၊ သူသည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်သွားခဲ့သည်ကို မည်သူမှ သိနိုင်မည် မဟုတ်ချေ။

လျှပ်စီးဓားမာစတာသည် ကိုယ်တိုင် မလာခဲ့သော်လည်း၊ ပန်လေကျိ၏ တက်ရောက်လာမှုသည် လျှပ်စီးဓားဂိုဏ်း၏ သဘောထားကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း လင်းဖုန်းအား စိတ်ဝင်စားစေသည့် အချက်မှာ၊ အလင်းဓားမြန် ဓားမာစတာ၏ ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ကိုးလွှာ ဓားမဟာမိတ်အဖွဲ့တွင်၊ အလင်းဓားမြန်ဂိုဏ်းနှင့် မီးလျှံဓားဂိုဏ်းတို့သည် စူတောင်ဓားဂိုဏ်းအား ထောက်ခံသူများ ဖြစ်ကြသည်။

Continue Reading

You'll Also Like

180K 29K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
49.9K 4K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
87.8K 11.7K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
40.1K 3.5K 199
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...