ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

82.9K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၄၅၁ -၄၅၂ - ၄၅၃

438 42 0
By KazunoMora

စာစဥ် ၂၅ : အပိုင်း ၁

အပိုင်း ၄၅၁ : ပြိုင်ဘက်ကင်း အလှမယ်များ

ယန့်မင်းရွဲ့ဖြစ်စေ၊ လုံရဲ့ဖြစ်စေ၊ လင်းဖုန်းသည် သူတို့နှစ်ယောက်စလုံးနှင့် ထူးခြားသော ဆက်ဆံရေးများ ရှိနေခဲ့သည်။

သူတို့သည် မိတ်ဆွေများ ဖြစ်သကဲ့သို့၊ ရန်သူများလည်း ဖြစ်ကြ၏။ သူတို့သည် အတူတကွ ပူးပေါင်း ဆောင်ရွက်နေကြသော်လည်း၊ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်း အငြင်းပွားမှု ဖြစ်လာမည့် နေ့အတွက်လည်း ကြိုတင်ပြင်ဆင်ထားကြ၏။

သူတို့အားလုံးတို့သည် တစ်ယောက်နှင့်တစ်ယောက် လှည့်ပတ်ဖို့ ကြိုးစားနေကြသည်။ အကယ်၍ သူတို့အနက်မှ တစ်ယောက်သည် သတိမထားမိခဲ့လျှင်၊ အလှည့်စားခံသွားရမည် ဖြစ်သည်။

ယန့်မင်းရွဲ့နှင့် လုံရဲ့တို့အကြားမှ ဆက်သွယ်ရေး မှာမူ၊ သူတို့သည် ရန်သူသက်သက်သာ ဖြစ်ကြ၏။ အမှန်အတိုင်း ပြောရလျှင် သူတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် တစ်ခုတည်းသော အချိန်မှာ၊ လွန်ခဲ့သော ဆယ်နှစ်ခန့်က သူတို့၏ သူသေကိုယ်သေ တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲကြောင့် သူတို့နှစ်ဦး စလုံးတို့သည် သေလုနီးပါး ဖြစ်သွားကြသည်။

သို့သော်လည်း ထိုတိုက်ပွဲကြောင့်ပင် သူတို့နှစ်ဦး စလုံးတို့သည် အတားအဆီးများကို ကျော်ဖြတ်နိုင်ခဲ့ကာ၊ နောက်ထပ် ကျင့်ကြံမှု အဆင့်တစ်ခုကို တက်နိုင်သွားကြ၏။

နှစ်ဦးစလုံး အကျိုးရှိဖို့အတွက် သူတို့နှစ်ယောက်တို့သည်၊ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ နည်းလမ်းမျိုးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဤဖြစ်စဥ်ကိုကြည့်၍ တစ်ယောက်သည် သူတို့အကြားမှ ဆက်ဆံရေးကို ခန့်မှန်းနိုင်ပေသည်။ သူတို့၏ တိုက်ပွဲတွင် တစ်ယောက်ကသာ အနည်းငယ် အားနည်းနေမည် ဆိုပါက၊ ကျန်တစ်ယောက်သည် ထိုသူအား အပြတ်ရှင်းပစ်ရန် ဝန်လေးနေမည် မဟုတ်ပေ။

သို့သော်လည်း ယခုအချိန်တွင် သူတို့နှစ်ယောက်တို့သည် တိမ်တိုက်တောအုပ် ကမ္ဘာတွင်၊ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ၏ ပိတ်လှောင်၍ အမဲလိုက်ခြင်းအား ခံနေရသည်။ အားလုံးတို့သည် ယခုအချိန်တွင် သားကောင်များ ဖြစ်နေကြ၏။ ဘာမှ တိုင်ပင်နေစရာ မလိုပဲ ယန့်မင်းရွဲ့နှင့် လုံရဲ့တို့သည် ပူးပေါင်းလိုက်ကြကာ၊ ဘုံရန်သူများအား ရင်ဆိုင်လိုက်ကြသည်။

ချုံးချိ မဟာပဏ္ဍိတသည် အနက်ရောင် အလင်းတန်း စက်လုံးတစ်လုံးအား မှုတ်ထုတ်လိုက်ရာ၊ လုံရဲ့သည် သူမ၏ မျက်မှောင်များကို ကြုတ်လိုက်သည်။ သူမ၏ လက်ငါးချောင်းတို့အား လှုပ်လိုက်ရာ ကြောက်မက်ဖွယ်ရာ အပြာရောင် အလင်းတန်း စက်လုံးများသည်၊ အနက်ရောင် အလင်းတန်းဆီသို့ ပျံသန်းသွားကြကာ လိုက်ကာတစ်ခုသဖွယ် တားဆီးထားလိုက်ကြသည်။

သို့သော်လည်း အနက်ရောင် အလင်းတန်းများသည်၊ အပြာရောင် အလင်းတန်း လိုက်ကာအား ထိုးဖောက်ဝင်ရောက် လာနိုင်ခဲ့သည်။ သူသည် ထိုအပြာရောင် လိုက်ကာအား မဖျက်ဆီးခဲ့သော်လည်း၊ အနက်ရောင်သို့ ပြောင်းစေခဲ့၏။

ထိုမြင်ကွင်းအား ကြည့်နေရင်း လင်းဖုန်းသည် မည်းမှောင်စွာနှင့် တွေးနေခဲ့သည်။ "ချုံးချိမိစ္ဆာ မျိုးနွယ်စုတွေရဲ့ သဘာဝစွမ်းရည်ဟာ ရင်ဆိုင်ရ အတော်ခက်ခဲတယ်။ အကြွင်းမဲ့ သွေးမြစ်ရေလိုမျိုး၊ သူတို့ဟာ ရန်သူရဲ့မှော်စွမ်းအင်တွေ၊ မိစ္ဆာစွမ်းအားတွေကို ညစ်ညမ်းအောင် ပြုလုပ်နိုင်စွမ်း ရှိတယ်"

လုံရဲ့၏ ကြောက်မက်ဖွယ် အပြာရောင် လိုက်ကာသည် ချုံးချိ မဟာပဏ္ဍိတ၏ လုံးဝညစ်ညမ်းစေခြင်းအား ခံလိုက်ရသည်။သူသည် အနက်ရောင် ပြောင်းသွားခဲ့၍၊ လုံရဲ့ထံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

နဂိုက အဖြူရောင် အလင်းတန်း သစ်ပင်အမိုးသည် ချက်ချင်းပင် ညအမှောင်ထု အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ တစ်ယောက်သည် ကောင်းကင်ပေါ်မှ နေမင်းအား မတွေ့နိုင်တော့ပဲ၊ အဆုံးမဲ့ အမှောင်ထုများကိုသာ တွေ့နေခဲ့ရသည်။

လုံရဲ့သည် ခုခံဖို့ မကြိုးစားခဲ့ပဲ လှည့်လိုက်ကာ ယန့်မင်းရွဲ့၏ ဘေးမှနေ၍ ဖြတ်သွားခဲ့၍၊ အခြားမိစ္ဆာ မဟာပဏ္ဍိတဖြစ်သော ပင်လယ်နက် နဂါးသိမ်းငှက်အား ခုန်အုပ်လိုက်သည်။

ယန့်မင်းရွဲ့သည် ပင်လယ်နက် နဂါးသိမ်းငှက်ထံမှ အာရုံကို လွှဲပြောင်းလိုက်ကာ၊ သူမ၏ မှော်ရတနာ ကောင်းကင်တော်ဝင် ကျောက်စိမ်းအား အသုံးပြုပြီး၊ ထူထဲလှသော အဖြူရောင် တိမ်တိုက်များဖြင့် ချုံးချိ မဟာပဏ္ဍိတအား တားဆီးလိုက်သည်။

ကောင်းကင်တော်ဝင် ကျောက်စိမ်းသည် အဖြူရောင် တိမ်တိုက် အလွှာများ အဖြစ်သို့ ပြောင်းသွားခဲ့၏။ သူသည် အရွယ်အစား မကြီးမားပဲ၊ မဟာကျိုး အင်ပါယာမှ အင်မော်တယ် ဝိညာဥ် အဆင့်မှ တော်ဝင်သံတမန် ချန်းယွင်သူတော်စင်၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားနှင့် အရွယ်ချင်း မယှဥ်နိုင်ပေ။

သို့သော်လည်း ထိုအဖြူရောင် တိမ်တိုက် အလွှာများသည် သိပ်သည်းလှ၍ မလွင့်ပြယ်သွားကြပေ။ သူတို့သည် ယန့်မင်းရွဲ့အား ချုံးချိ မဟာပဏ္ဍိတ၏ အနက်ရောင် လိုက်ကာမှ တားဆီးပေးထားကြသည်။

နှစ်ဦးနှစ်ဘက် စလုံးတို့သည် ရင်ဆိုင်တိုက်ခိုက်နေကြကာ၊ တစ်ဘက်မှ စေ့စပ်ပြေငြိမ်းရန် ဆန္ဒမရှိကြပေ။ အဖြူရောင် တိမ်တိုက်များသည် အနက်ရောင် အလင်းတန်း လိုက်ကာအား မထိုးဖောက်နိုင်သကဲ့သို့၊ အနက်ရောင် အလင်းတန်း လိုက်ကာသည်လည်း အရှေ့သို့ ဆက်မတိုးနိုင်ခဲ့ပေ။ သူတို့၏ အရှေ့မှ ကမ္ဘာသည် ညီမျှ၍ သိသာသော အဖြူနှင့် အနက် နှစ်ခြမ်းအဖြစ်သို့ ကွဲပြားသွားခဲ့၏။

လင်းဖုန်းအား အာရုံစိုက်စေမိသည့် အချက်မှာ၊ ချုံးချိမိစ္ဆာ မျိုးနွယ်စု၏ အခြားသူများ၏ မှော်စွမ်းအင်များကို ညစ်ညမ်းစေသည့် ပွဲသိမ်းတိုက်ကွက်သည်၊ ကောင်းကင်တော်ဝင် ကျောက်စိမ်း၏ အဖြူရောင်တိမ်တိုက်များကို စွန်းထင်းအောင် မလုပ်နိုင်ခြင်း ဖြစ်သည်။

ယန့်မင်းရွဲ့သည် ပြီးတာနှင့် သူမ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားကို အသုံးပြုလိုက်ကာ၊ ယင်နှင့်ယန် ဓာတ်ငွေ့များ အဖြစ်သို့ ပြောင်းသွားခဲ့၍ အဖြူရောင် တိမ်တိုက်များ အကြားသို့ ဝင်ရောက်သွားခဲ့သည်။

အဖြူရောင် တိမ်တိုက်များသည် ရုတ်ချည်းပင် လှုပ်ခါလာခဲ့ကာ နှစ်ခြမ်းပိုင်းသွားခဲ့သည်။ သူ၏အတွင်းမှ ဧရာမ နန်းတော်ကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။ ကောင်းကင်ကိုးလွှာ နတ်ဘုရားနန်းတော်သည် သေမျိုးကမ္ဘာအတွင်းသို့ ကျဆင်းလာခဲ့သကဲ့သို့ ဖြစ်၏။

ကောင်းကင်တော်ဝင် ကျောက်စိမ်းသည်၊ သူ၏နာမည်ကို ကောင်းကင်ဧကရာဇ် အုပ်စိုးသည် ကောင်ကင်၏ အလယ်မှ ရရှိခဲ့ခြင်း ဖြစ်သည်။

သူတို့၏ ပတ်ပတ်လည်မှ အဖြူရောင် အလင်းတန်း သစ်ပင်အမိုးသည် စတင်၍ တုန်ခါလာခဲ့ကာ၊ အစိတ်အပိုင်းများ အဖြစ်သို့ ကြေမွသွားကြသည်။ ထူထဲသော သစ်ရွက်များနှင့် သစ်ကိုင်းများသည် ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြ၏။

နတ်ဘုရား နန်းတော်သည် မယုံနိုင်လောက်အောင် ခမ်းနာထည်ဝါလှပေသည်။ သူသည် လင်းဖုန်း၏ ခွန်းဖန် ခန်းမဆောင်ထက်ပင် ကြီးမားသေး၏။

အဖြူရောင်တိမ်တိုက် နတ်ဘုရား နန်းတော်၏ ပေါ်ပေါက်လာမှုနှင့်အတူ၊ ချုံးချိ မဟာပဏ္ဍိတ၏ အနက်ရောင် အလင်းတန်း လိုက်ကာသည် ရုတ်ချည်းပင် ပျက်ဆီးသွားခဲ့သည်။ ချုံးချိ မဟာပဏ္ဍိတသည် ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်ကာ၊ သူ၏ နဖူးတွင် ထူးခြားသော သင်္ကေတ တစ်ခုသည် အလင်းတန်းများဖြင့် တောက်ပလာခဲ့၏။

သူ၏ တစ်ကိုယ်လုံးသည် အနက်ရောင် အလင်းတန်းများဖြင့် ဖုံးအုပ်သွားကာ၊ ကောင်းကင်တော်ဝင် ကျောက်စိမ်းမှ ထုတ်လွှတ်ထားသည့် အဖြူရောင်တိမ်တိုက် နတ်ဘုရား နန်းတော်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

အဖြူရောင် အလင်းတန်းနှင့် အနက်ရောင် အလင်းတန်းတို့သည် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြကာ၊ ကမ္ဘာကြီး တစ်ခုလုံးသည် တုန်ခါသွားကြ၏။ သူတို့သည် နောက်ထပ်တစ်ခေါက် တိုက်ခိုက်လိုက်ကြရာ၊ အနက်ရောင် အလင်းတန်းနှင့် အဖြူရောင် တိမ်တိုက်အလွှာတို့သည် အရပ်မျက်နှာပေါင်းစုံသို့ ပေါက်ကွဲသွားကြကာ၊ ထိန်းမရနိုင်သော စွမ်းအားတို့သည် ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားကြ၍ အရာအားလုံးအား ဖျက်ဆီးခဲ့ကြသည်။

အခြားတစ်ဘက်တွင်မူ လုံရဲ့သည် ယန့်မင်းရွဲ့အား ကူညီ၍ ပင်လယ်နက် နဂါးသိမ်းငှက်အား တားဆီးပေးခဲ့၏။ ထူးခြားသော အပြာရောင် အလင်းရောင်များသည် သူမ၏ မျက်လုံးအစုံကို ဖုံးလွှမ်းသွားခဲ့သည်။

သူမ၏ လက်အစုံကို စုစည်းလိုက်၍၊ အပြာရောင် အလင်းတန်း စက်လုံးလေး တစ်ခုသည် သူမအရှေ့တွင် ပေါ်လာခဲ့၏။ ပြီးတာနှင့် ထောင်ပေါင်းများစွာသော မှော်ကျိန်စာများသည် ထိုအလင်းတန်း စက်လုံးအတွင်းသို့ ဝင်သွားကြ၏။

သူမထံသို့ ခုန်ဝင်လာခဲ့သော ပင်လယ်နက် နဂါးသိမ်းငှက်သည် ချက်ချင်း ရပ်တန့်သွားခဲ့သည်။ သူ၏အကြည့်သည် လုံရဲ့ထံသို့ ကျရောက်လာခဲ့ကာ ရေရွတ်လိုက်သည်။ "ဟန်ယွမ် မိစ္ဆာကျမ်းစာ"

လုံရဲ့သည် သူ့အား ပြန်မတုံ့ပြန်ခဲ့ပဲ၊ သူမ၏ အရှေ့မှ အပြာရောင် စက်လုံးလေးသည် ပို၍ပို၍ အရောင်ရင့်လာခဲ့သည်။ တစ်လက်မလောက်ပင် မရှိသော ထိုစက်လုံးလေးသည် ရုတ်တရက် အလွန်လေးလံလာသည်ဟု ခံစားခဲ့ရ၏။

သူသည် အရာဝတ္ထုတစ်ခုကဲ့သို့ လေးလံနေခြင်း မဟုတ်ပေ။ သူ့တွင် မရေမတွက်နိုင်သော လေဟာနယ် အပိုင်းအစများ၊ ဖန်ဆင်းခြင်းများ အားလုံး၏ အသိစိတ်များအား ပေါင်းစည်းထားခြင်း ဖြစ်သည်။ သူသည် စကြာဝဠာနှင့် ကမ္ဘာကြီးတို့၏ အစိတ်အပိုင်းများကို စုပေါင်းထားခြင်း ဖြစ်၏။ ထို့ကြောင့်ပင် သူသည် လေးလံနေရခြင်း ဖြစ်သည်။

လင်းဖုန်းသည်လည်း လုံရဲ့၏ အလင်းတန်း စက်လုံးလေးအား ကြည့်လိုက်ကာ အံ့အားသင့်သွားခဲ့သည်။ ဒါသည် လုံရဲ့တိုက်ခိုက်သည်ကို သူက ပထမဆုံး အကြိမ်အဖြစ် မြင်ခဲ့ရခြင်း ဖြစ်သည်။ ဟန်ယွမ် မိစ္ဆာကျမ်းစာသည် သာမန်နည်းစနစ်မျိုုး မဟုတ်ပေ။ သူသည် လင်းဖုန်း၏ ကောင်းကင် ကမ္ဘာငယ်များထက် ပိုမိုပြည့်စုံသော၊ ကမ္ဘာငယ်လေး တစ်ခုအား ဖန်ဆင်းနိုင်စွမ်း ရှိသည်။

ဒါသည် လင်းဖုန်း၏ ယုကျင်းတောင်၊ မဟူရာကောင်းကင် ရတနာသစ်ပင်နှင့် ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တို့နှင့် ဆက်သွယ်၍၊ တောင်တစ်ခုလုံးအား လက်နက်အဖြစ် အသုံးချနိုင်ခြင်းနှင့် တူသည်။

စွမ်းအားချင်း မတူညီသော်လည်း၊ သူသည် လင်းဖုန်း၏ ယုကျင်းတောင်နှင့် အခြားနှစ်ခုတို့ကို ပေါင်းစပ်ခြင်းနှင့် တူနေသည်။ ဒါသည် သူ့ကိုယ်သူ ကမ္ဘာတစ်ခု ဖန်ဆီးခြင်းနှင့် အလွန်ပင် နီးစပ်နေ၏။

ထိုအလင်းတန်း စက်လုံးအတွင်းတွင် အချိန်သည် နောက်ပြန်ဆုတ်သွားသည့်အလား ဖြစ်နေခဲ့သည်။ ဖန်ဆင်းမှုများ အားလုံးတို့သည်၊ စကြာဝဠာကြီး စတင်ဖန်ဆင်းသည့် အချိန်သို့ ပြန်ရောက်သွားခဲ့၏။ ပြီးတာနှင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်းတို့၏ စွမ်းအားများသည် ပင်လယ်နက် နဂါးသိမ်းငှက် ထံသို့ ရောက်ရှိလာကြသည်။

လင်းဖုန်းဖြစ်စေ၊ ဇူရီဖြစ်စေ၊ သူတို့သည် သူတို့၏ ကိုယ်ပိုင်ကမ္ဘာငယ်များကို ဖန်ဆင်းလိုက်ကြကာ၊ သူတို့၏ ရန်သူများကို အတွင်းတွင် ချုပ်နှောင်ခဲ့ကြသည်။ ပြီးမှသာ ထိုကမ္ဘာငယ်ကို ဖျက်ဆီးလိုက်ပြီး၊ ကောင်းကင်နှင့် မြေကြီးတို့၏ ပျက်စီးခြင်းကို ပုံတူကူးကာ ရန်သူကို ဒဏ်ရာရစေခြင်း ဖြစ်သည်။

သို့သော်လည်း လုံရဲ့သည် သူမ၏ ရန်သူကို ကမ္ဘာလေး အတွင်းတွင် ချုပ်နှောင်ထားရန် မလိုခဲ့ပေ။ ထို့အစား ဖျက်ဆီးခြင်း စွမ်းအားများကို တိုက်ရိုက်အသုံးချ၍ သူမ၏ ပြိုင်ဘက်အား တိုက်ခိုက်နိုင်ခဲ့သည်။

ဒါသည် ဟန်ယွမ် မိစ္ဆာကျမ်းစာ၏ မဟာတာအို စိတ်ဝိညာဥ် ထိုးဖောက်ဝင်ရောက်ခြင်း၊ မူလမိစ္ဆာ ပြိုကွဲခြင်းအလင်းတန်း၏ တိတ်တဆိတ် ဖျက်ဆီးခြင်း ဖြစ်သည်!

လုံရဲ့၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ၊ မသေဝိညာဥ် ဒုတိယ အဆင့်ကို ပိုင်ဆိုင်ထားသည့် ပင်လယ်နက် နဂါးသိမ်းငှက်ပင် ပေါ့ပေါ့တန်တန် သဘောမထားရဲခဲ့ပေ။ သူသည် ဟိန်းဟောက်လိုက်ကာ ပုံသဏ္ဌာန် ပြောင်းလိုက်သည်။

သူ၏ကိုယ်ပေါ်မှ အမွေးအတောင်များသည် ပျောက်ကွယ်သွားကြ၏။ အစားထိုး ဝင်ရောက်လာကြသည်မှာ အနက်ရောင် သလင်းကျောက်များနှင့် ဆင်တူသော၊ ပြောင်လက်နေသည့် အနက်ရောင် အကြေးခွံများပင် ဖြစ်သည်။

ကောင်းကင် တုန်ခါလုမတတ် ဟိန်းဟောက်သံများဖြင့်၊ ပင်လယ်နက် နဂါးသိမ်းငှက်သည် သူ၏ သိမ်းငှက်ပုံစံအား ရုပ်သိမ်းလိုက်သည်။ သူ၏အသွင်သည် နဂါးတစ်ကောင်နှင့် တူသွားခဲ့၏။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အတွင်းမှနေ၍ ပင်လယ်၏ လှိုင်းသံများအား ကြားနေရ၏။ ဟင်းလင်းပြင်၏ အစိတ်အပိုင်း တစ်စိတ်တစ်ဒေသသည် သူ၏ စွမ်းအင်များကြောင့် ပျက်စီးသွားခဲ့၏။ ယခင်က အလင်းတန်းများ၏ နေရာတွင်၊ အဆုံးမဲ့ လှိုင်းလုံးများက အစားထိုး ဝင်ရောက်လာခဲ့သည်။ ပင်လယ်နက် နဂါးသိမ်းငှက်သည် ပြောင်လက်နေသော အနက်ရောင် နဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွား၍၊ ဧရာမ လှိုင်းလုံးကြီးမှတဆင့် ဤအလယ်ကမ္ဘာသို့ ဆင်းသက်လာခဲ့သည်။

ပင်လယ်နက် နဂါးသိမ်းငှက်သည် လုံရဲ့၏ မူလမိစ္ဆာ ပြိုကွဲခြင်း အလင်းတန်း၏ တိတ်တဆိတ် ဖျက်ဆီးခြင်းအား ရင်ဆိုင်ခဲ့ရာ၊ သူ၏ခန္ဓာကိုယ်မှ အကြေးခွံများအားလုံးတို့ တုန်ခါသွားကြသည်။ ချက်ချင်းဆိုသလိုပင် သူ၏ အော်ရာများသည် အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့၏။

သူ၏ကိုယ်ပိုင် မိစ္ဆာစွမ်းအင်တို့သည် အဆုံးမဲ့ ပင်လယ်၏ စိတ်ဝိညာဥ်စွမ်းအင်၊ တိမ်တိုက်တောအုပ် ကမ္ဘာ၏ စိတ်ဝိညာဥ် စွမ်းအင်များနှင့် ပေါင်းစည်းသွားခဲ့ကာ တုန်ခါသွားခဲ့၏။ လင်းဖုန်းနှင့် ဘေးမှကြည့်နေသူများသည်လည်း သူတို့၏ကိုယ်ပိုင် စိတ်ဝိညာဥ်စွမ်းအင်များက တုန်ခါသွားကြသည်ကို ခံစားမိလိုက်ကြသည်။

ထိုစွမ်းအားများ အားလုံးကို စုစည်းလိုက်ကာ သူသည် လူသားအားလုံးတို့အား မျိုးတုန်းအောင် လုပ်ဆောင်နိုင်သည့်၊ ကမ္ဘာဖျက် ဧရာမ ဆူနာမီ လှိုင်းလုံးကြီးအား ဆင့်ခေါ်လိုက်သည်။ သူသည် လုံရဲ့၏ မူလမိစ္ဆာ ပြိုကွဲခြင်း အလင်းတန်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ထိုတိုက်ခိုက်မှု၏ အင်အားသည် ယန့်မင်းရွဲ့နှင့် ချုံးချိ မဟာပဏ္ဍိတတို့၏ တိုက်ခိုက်မှုကဲ့သို့ပင် ပြင်းထန်လှသည်။

လင်းဖုန်းသည် ထိုမြင်ကွင်းအား ကြည့်နေခဲ့ကာ သူ၏ခေါင်းအား ညိတ်လိုက်၏။ "အင်မော်တယ် ဝိညာဥ် ပထမ အဆင့်နဲ့ မသေဝိညာဥ် ပထမ အဆင့်တို့ကိုသာ ပိုင်ဆိုင်ထားပေမဲ့၊ မသေဝိညာဥ် ဒုတိယ အဆင့်က မိစ္ဆာတွေကို တန်းတူရည်တူ တိုက်ခိုက်နိုင်တယ်။ သူတို့ကို ဒီကမ္ဘာရဲ့ ပြိုင်ဘက်ကင်း အလှမယ်တွေလို့ တကယ်ကိုပဲ ခေါ်ထိုက်ပါတယ်"

သို့သော်လည်း ချုံးချိ မဟာပဏ္ဍိတနှင့် ပင်လယ်နက် နဂါးသိမ်းငှက်တို့အတွက်မူ၊ ဤတိုက်ပွဲသည် အဆင့်မြင့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရသော တိုက်ပွဲမဟုတ်ပေ။ ထို့အပြင် ဒါသည် အမဲလိုက်နေခြင်း ဖြစ်၏။ သို့ဖြစ်၍ သူတို့သည် တစ်ယောက်ချင်း ရင်ဆိုင်နေကြရန် ရည်ရွယ်ချက် မရှိကြပေ။

ဘေးပတ်ပတ်လည်မှ အခြား မိစ္ဆာ မဟာပဏ္ဍိတများသည် သူတို့အား ဝန်းရံလာကြသည်။ သူတို့သည် လူအင်အားဖြင့် အနိုင်ယူလိုနေကြသည်မှာ သိသာနေ၏။

လင်းဖုန်းသည် မျက်မှောင်များကို ကြုတ်လိုက်၏။ သူသည် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက ဘာကို လိုချင်နေသည်ကို မသိပဲ၊ ချုံးချိ မဟာပဏ္ဍိတနှင့် ပင်လယ်နက် နဂါးသိမ်းငှက်တို့အား ရင်ဆိုင်ရန်လည်း ဆန္ဒမရှိပေ။ ထို့ကြောင့် သူ၏ မျက်ခုံးအကြားမှ နေရာကို ဖိလိုက်ရာ၊ ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များ ထွက်ပေါ်လာခဲ့သည်။

ယန့်မင်းရွဲ့နှင့် လုံရဲ့တို့သည် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ကြ၏။ ဘာမှ ပြောနေစရာ မလိုပဲ ချုံးချိ မဟာပဏ္ဍိတတို့ အာရုံပျံ့လွင့်သွားကြသည်ကို အခွင့်ကောင်း ယူလိုက်ကြကာ၊ အခြား မိစ္ဆာ မဟာပဏ္ဍိတများ ဝင်ရောက်မလာခင် ထိုခရမ်းရောင် တိမ်တိုက်များအကြားသို့ ခုန်ဝင်သွားကြသည်။

လင်းဖုန်းကလည်း သူတို့အား ဝင်ခွင့်ပြုလိုက်၏။ ယခုအချိန်တွင် သူတို့၏ အဓိက ပြိုင်ဘက်မှာ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတပင် ဖြစ်၏။

လင်းဖုန်းသည် လုံရဲ့နှင့် ပါလာသော အနီရောင်တောက်တောက် ဝတ်စုံနှင့် အမျိုးသမီးအား ကြည့်လိုက်ကာ၊ ထူးဆန်းသော အမူအရာဖြင့် တွေးလိုက်သည်။ "ဒီမိစ္ဆာစွမ်းအား၊ မဟုတ်မှလွဲရော သူက ဝတ်ရုံညိုနဲ့ အဘွားအိုပဲ ဖြစ်ရမယ်"

သူသည် အတော့်ကို အံ့အားသင့်နေခဲ့သော်လည်း၊ ထို အနီရောင် ဝတ်စုံနှင့် အသက်ရှူမှားလောက်အောင် လှပသည့် အသက် ၂၀၊ ၃၀ထက် ပိုမကြီးနိုင်သည့် အမျိုးသမီးသည်၊ အစောက ရှုံ့တွနေသည့် ဝတ်ရုံညိုနှင့် အဘွားအိုဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ထိုအချိန်တွင် သူမသည် မိစ္ဆာ မဟာပဏ္ဍိတ နှစ်ပါးတို့၏ ဝန်းရံထားခြင်းကို ခံနေရ၏။ ထိတ်လန့်တုန်လှုပ် ပြာယာခတ် မနေခဲ့ပဲ သူမသည် လှုပ်ရှားလိုက်ရာ၊ အနီရောင် လျှပ်စီးတစ်တန်းသည် လေဟာနယ်အား ထွင်းဖောက်ကာ ထွက်ပေါ်လာခဲ့၏။

အဖြူရောင် အလင်းတန်းများ အကြားတွင် အနီရောင် မြူခိုးငွေ့များက ပျံ့နှံ့လာခဲ့၏။ ထိုအနီရောင် မြူခိုးငွေ့များသည် သစ်ပင်တစ်ပင်နှင့် ထိတွေ့သွား အပြီးတွင်၊ သစ်ပင်၏ အလင်းရောင်မှာ မှေးမှိန်သွား၍ သစ်ရွက်များမှာ ညှိုးရော်သွားခဲ့သည်။ သူသည် အဆိပ်အလား ဖြစ်နေခဲ့၏။

ဒါသည် ရိုးရိုးသာမန် သစ်ပင်နှင့် အသက်စွမ်းအင်တို့ မဟုတ်ပေ။ သူတို့သည် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက ကိုယ်တိုင် ထိန်းချုပ်ထား၍၊ အလယ်ကမ္ဘာ တစ်ခုလုံး၏ အသက်စွမ်းအင်များနှင့် ဆက်သွယ်ထားခြင်း ဖြစ်သည်။ ဒါသည် အလယ်ကမ္ဘာ ကိုယ်တိုင်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သို့သော်လည်း ထိုမြူခိုးငွေ့နှင့် ထိတွေ့ပြီးသောအခါ၊ သူသည် ညှိုးရော်ခြောက်သွေ့သွား၏။ ဒါသည် ကမ္ဘာ၏ တစ်စိတ်တစ်ပိုင်းက အဖျက်ဆီး ခံရခြင်းနှင့် တူနေ၏။

ထိုကဲ့သို့သော အဆိပ်မြူခိုးငွေ့သည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

ထိုဝတ်ရုံနီ အမျိုးသမီးသည် လင်းဖုန်းဘက်သို့ လှည့်ကြည့်လိုက်ကာ၊ ရှိုးတိုးရှန့်တန့်ဖြင့် ပြုံးလိုက်၏။ "ကျေးဇူးပြုပြီးတော့ လုံရဲ့ကို အရင်ခေါ်သွားလိုက်ပါ၊ ကျွန်မက အနောက်ကနေ လိုက်လာခဲ့ပါမယ်။ မာစတာလင်းကို ကျေးဇူးတင်ပါတယ်"

"သူမက ဘာဖြစ်လို့ လိုက်လာခဲ့မယ် ပြောတာလဲ။ ငါတို့က အတူတူသွားလို့ ရတာပဲ" လင်းဖုန်းက သူ၏မျက်မှောင်များကို ကြုတ်လိုက်ကာ တွေးလိုက်သည်။ "သူမက တမင်သက်သက်…"

ပြီးတာနှင့် သူထပ်တွေးလိုက်သည်။ "နေပါဦး၊ မဟုတ်မှလွဲရော…"

လင်းဖုန်းသည် မျက်ခုံးများအား တွန့်လိုက်ကာ ဘာမှ ဆက်မပြောတော့ပေ။ မဟူရာကောင်းကင် ရတနာသစ်ပင်၏ ရောင်စဥ်ခုနှစ်သွယ် ရတနာ အလင်းတန်းသည် လင်းလက်လာခဲ့ကာ၊ ဟင်းလင်းပြင်အား ချိုးဖောက်လိုက်သည်။

ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များသည် လုံရဲ့နှင့် ယန့်မင်းရွဲ့တို့အား ရစ်ပတ်လိုက်ကာ၊ ပိတ်ဆို့ဝန်းရံထားမှုများကို ဖောက်ထွက်လိုက်သည်။

ချုံးချိ မဟာပဏ္ဍိတနှင့် ပင်လယ်နက် နဂါးသိမ်းငှက်တို့သည် သူတို့အား ဟန့်တားရန် ကြိုးစားခဲ့သော်လည်း၊ သူတို့အား အနီရောင် ဝတ်စုံနှင့် မိန်းမပျိုက တားဆီးခဲ့သည်။

လင်းဖုန်းနောက်ဆုံးတွေ့ခဲ့ရသည်မှာ ထိုအမျိုးသမီး၏ နောက်ထပ် ပုံစံတစ်မျိုး ပြောင်းလဲသွားခြင်း ဖြစ်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာသည် သာမန်ပုံစံ ပြန်ပြောင်းသွား၍၊ သူမ၏ အနီရောင် ဝတ်စုံသည် အဖြူရောင် ဖြစ်သွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းတွင် အနီရောင် ဝတ်စုံနှင့် မိန်းမပျိုမှနေ၊ ဝတ်စုံဖြူ သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ယောက် ဖြစ်သွားခဲ့၏။

သို့သော်လည်း သူမသည် ယခင်ကထက်ပို၍ စွမ်းအားကြီးကာ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ သူမထံမှ ထွက်ပေါ်လာသော မြူခိုးငွေ့များသည်လည်း အဖြူရောင် ပြောင်းသွားခဲ့၏။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

စာစဥ် ၂၅ : အပိုင်း ၂

အပိုင်း ၄၅၂ : တော်ဝင်မိစ္ဆာ ဧကရာဇ်၏ အန္တိမနည်းစနစ် - ဟေးဒီးစ် အမှောင်မန္တန်

အစောက အနီရောင် မြူခိုးငွေ့များထက်စာလျှင်၊ ဤအဖြူရောင် မြူခိုးငွေ့များသည် ကြည့်၍မကောင်းလှပေ။

သို့သော်လည်း ထိုအဖြူရောင် မြူခိုးငွေ့များကို ကြည့်လိုက်ရာ၊ လင်းဖုန်းသည် ရင်ထဲမှ ထိတ်ကနဲ ဖြစ်သွားသည်။ သူသည် ထိုမြူခိုးငွေ့များ၏ ပစ်မှတ်မဟုတ်သော်လည်း၊ သူ၏ ရင်ခုန်နှုန်းမှာ မြန်ဆန်လာခဲ့သည်။ ကျန်သော မိစ္ဆာအုပ်စုများသည် ထိုအဖြူရောင် မြူခိုးငွေ့များကို မြင်လိုက်ရသောအခါ၊ သူတို့ကိုယ်မှ အမွေးများ ထောင်လာကြသည်။

မသေဝိညာဥ် ဒုတိယအဆင့်ကို ရောက်နေကြပြီးသော ချုံးချိ မဟာပဏ္ဍိတနှင့်၊ ပင်လယ်နက် နဂါးသိမ်းငှက်တို့ပင်လျှင် ကြောက်ရွံ့သွားကြ၏။

ဒါသည် လင်းဖုန်း မထွက်ခွာခင် နောက်ဆုံးတွေ့လိုက်ရသော မြင်ကွင်းဖြစ်၏။ ပြီးတာနှင့် သူ၏အရှေ့မှ မြင်ကွင်းသည် ရောင်စုံပြောင်းသွားခဲ့ကာ၊ ဟင်းလင်းပြင်၏ အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

လင်းဖုန်း၏ လှုပ်ရှားမှု ရပ်တန့်သွားသောအခါ၊ သူသည် အဖြူရောင် အလင်းတန်း သစ်ပင်အမိုး အလယ်တွင်သာ ရှိဆဲဖြစ်သည်။ သူသည် ယုကျင်းတောင်နှင့် မဟူရာကောင်းကင် ရတနာသစ်ပင်တို့အား ပြန်သိမ်းလိုက်သည်။

ဤစွမ်းအားများသည် တိမ်တိုက်တောအုပ် ကမ္ဘာ၏ ဖိနှိပ်မှုများအား ချိုးဖောက်နိုင်သောလည်း၊ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ၏ ဖော်ထုတ်ခြင်းကိုမူ အလွယ်တကူ ခံနိုင်သေး၏။

ယန့်မင်းရွဲ့နှင့် လုံရဲ့တို့သည် ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တို့၏ ဖုံးလွှမ်းမှုကို ခံနေရသဖြင့်၊ လင်းဖုန်း၏ ယုကျင်းတောင်အား သူ၏ စိတ်ဝိညာဥ် အတွင်းသို့ ပြန်သိမ်းလိုက်သည်ကို မမြင်ခဲ့ကြရပေ။

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် သူတို့သည် သူတို့၏ မှော်စွမ်းအင်များကို အသုံးပြုကာ မစစ်ဆေးရဲကြပဲ၊ လင်းဖုန်း၏ ခေါ်ဆောင်ရာနောက်ကိုသာ အလိုက်သင့် လိုက်ပါလာကြသည်။

သို့သော်လည်း သူတို့နှစ်ယောက်စလုံးတို့သည် အတော်လေးကို အံ့အားသင့်နေကြ၏။ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် တိမ်တိုက်တောအုပ် ကမ္ဘာ၏ အသိစိတ်ကို ထိန်းချုပ်ထားအပြီးတွင်၊ ကွမ်းချုံ ဓားမာစတာ၊ ရှီကျုံးယွဲ့နှင့် စီးရီးယပ် မဟာပဏ္ဍိတတို့ပင်လျှင် လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ကြပေ။ သို့သော်လည်း လင်းဖုန်းသည် အကျိုးသက်ရောက်ခြင်းကို မခံနေရသကဲ့သို့ ဖြစ်နေခဲ့သည်။

သို့သော်လည်း သူတို့နှစ်ယောက် စလုံးတို့သည်၊ မေးခွန်းများကို ရင်အတွင်းတွင်သာ ကိုယ်စီ သိမ်းထားကြသည်။

"ခုနက အမျိုးသမီးက ပါရာဆို နတ်သမီးလား" ယန့်မင်းရွဲ့သည် သူမ၏ နားစပ်မှ ဆံနွယ်များကို သပ်တင်လိုက်ကာ၊ လုံရဲ့အား အပြုံးတစ်ဝက်ဖြင့် ကြည့်ကာမေးလိုက်သည်။ "ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတရဲ့ လက်အောက်က အလျှို့ဝှက်ဆုံး မိစ္ဆာ မဟာပဏ္ဍိတက အပြင်ကို မထွက်သလောက်ပဲ။ သူမကို ဒီတိမ်တိုက်တောအုပ် ကမ္ဘာအတွင်းမှာ တွေ့ရတာကို မယုံနိုင်ခဲ့ဘူး"

လင်းဖုန်းက သူမအား ကြည့်လိုက်သည်။ "ပါရာဆို နတ်သမီး"

ယန့်မင်းရွဲ့က သူမ၏ခေါင်းအား ညိတ်လိုက်သည်။ "ဟုတ်တယ်။ ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတရဲ့ မူလရင်းမြစ်က အမတန်ကို လျှို့ဝှက်ဆန်းကြယ်ပြီး၊ ဟင်းလင်းပြင် ဘုရားကျောင်းကတောင် သူမရဲ့အကြောင်းကို သိပ်မသိဘူး။ သူမက ကလန်အဖွဲ့ဝင်တွေ မရှိပေမဲ့၊ စွမ်းအားကြီးတဲ့ မိစ္ဆာအများအပြားက သူမရဲ့လက်အောက်ကို ခိုဝင်ခဲ့ကြတယ်"

"အချို့ မိစ္ဆာတွေက ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတကို တိုက်ပွဲတွေမှာ ဦးဆောင်တိုက်ခိုက်ပေးပြီး၊ အချို့က သူမကို နယ်မြေတစ်ခုကို အုပ်စိုးနိုင်ဖို့ ကူညီပေးကြတယ်။ တချို့ လက်အောက်ငယ်သားတွေက မဟာလွင်တီးခေါင် ကုန်းမြေက အစွမ်းအထက်ဆုံး မိစ္ဆာတွေအထဲမှာ ပါပြီး၊ မိစ္ဆာ မဟာပဏ္ဍိတ ဆယ်ပါးထက် အောက်မကျဘူး။ ဥပမာ စီးရီးယပ် မဟာပဏ္ဍိတပေါ့"

ယန့်မင်းရွဲ့သည် လုံရဲ့အား ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ အချို့ မိစ္ဆာတွေက အမတန်ကိုမှ လျှို့ဝှက်ကြတယ်။ သူတို့ရဲ့ လားရာတွေကလည်း လျှို့ဝှက်ပြီး၊ ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတရဲ့ ကာကွယ်မှုအောက်မှာ ရှိနေကြတယ်။ သူတို့က အပြင်ကို ထွက်လေ့မရှိတဲ့အတွက်၊ လူသားအနည်းငယ်ကသာ သူတို့အကြောင်းကို သိကြတယ်"

"ဒါကြောင့် ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတရဲ့အောက်မှာ အစွမ်းထက်တဲ့ မိစ္ဆာဘယ်လောက် ရှိသလဲဆိုတာကို၊ ဘယ်သူမှ မသိဘူး"

"ဒါပေမဲ့ သူတို့ ရှိနေပြီဆိုရင်တော့၊ သူတို့ရဲ့ သတင်းကို လုံးဝဖုံးကွယ်ထားဖို့တော့ မဖြစ်နိုင်ဘူး။ ဥပမာ၊ ကျွန်မက ပါရာဆို နတ်သမီး အကြောင်းကို အနည်းငယ်တော့ သိထားတယ်။ သူမက လျှို့ဝှက်ဆန်းကြယ်ပြီး အပြင်ထွက်လေ့ မရှိပေမဲ့၊ ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတက သူမကို အမတန်မှ လေးစားတယ်"

"သူမဟာ ဆေးပညာနဲ့ အဆိပ်ပညာကို တစ်ဖက်ကမ်းခတ် တတ်မြောက်ထားပေမဲ့၊ နောက်ကွယ်ကနေပဲ အလုပ်လုပ်တယ်။ ဒါဟာ သူမအတွက် တစ်စုံတစ်ခု အတွက်ကြောင့် ပထမဆုံး စင်မြင့်ပေါ်ကို တက်ခြင်းလည်း ဖြစ်နိုင်တယ်"

လုံရဲ့က ငြိမ်သက်စွာ နားထောင်နေရင်း ပြုံးလိုက်သည်။ "ဒေါ်လေးက တစ်ခုခု မလုပ်ခင်မှာ၊ အသေအချာ စဥ်းစားတတ်တယ်။ အစ်မယန့်က နည်းနည်းတော့ ချဲ့ကားရာ ကျနေပါတယ်"

ပြီးတာနှင့် သူမသည် တိုးညင်းစွာနှင့် ရယ်လိုက်သည်။ "အမှန်ဆိုရင် ဒေါ်လေးက အပြင်ကို တစ်ယောက်တည်း သွားပြီးတော့၊ ဆေးဝါးတွေကို စုဆောင်းရတာကို နှစ်သက်တယ်။ ဒါပေမဲ့ သူမဟာ သူမရဲ့ လှုပ်ရှားမှုတွေကို မကြေညာတဲ့ အတွက်ကြောင့်မို့၊ လူအနည်းငယ်ကပဲ သိတာပါ"

လင်းဖုန်းက တိုးညင်းစွာနှင့် မေးလိုက်သည်။ "ပါရာဆို နတ်သမီးက အပင်အမျိုးအစား မိစ္ဆာပဲလား"

လုံရဲ့က ခေါင်းကိုညိတ်လိုက်ကာ၊ ယန့်မင်းရွဲ့က ဖြေကြားလိုက်သည်။ "အစောပိုင်းက ကျွန်မတို့ဟာ၊ ပါရာဆို နတ်သမီးက ကြွယ်ဝတဲ့ စိတ်ဝိညာဥ် စွမ်းအင်တွေ အကြားကနေ ပေါက်ဖွားလာခဲ့တဲ့ မှိုတစ်မျိုးလို့ သတင်းရထားခဲ့တယ်။ အစောက သူမရဲ့ တိုက်ခိုက်မှု ပုံစံတွေကို ကြည့်ရတာ၊ ဒီသတင်းက မှန်ကန်တဲ့ပုံပဲ"

လင်းဖုန်းက ယန့်မင်းရွဲ့၏ ရှင်းပြချက်ကို သဘောတူစွာနှင့် တွေးလိုက်သည်။ "ဒါဆိုရင် သူမက အဆိပ်မှို အမျိုးအစား တစ်မျိုးဖြစ်မယ်"

မှိုတစ်ပွင့်သည် အဆိပ်ရှိသလို၊ အဆိပ်မရှိပဲနှင့်လည်း ဖြစ်နိုင်သည်။ ပုံမှန်ဆိုလျှင် မှို၏ အရောင်က ပိုတောက်လေလေ၊ အဆိပ်ပိုပြင်းလေလေ ဖြစ်သည်။

အစောပိုင်းက ပါရာဆို နတ်သမီးသည် သာမန် အဘွားအို ပုံစံနှင့် တူနေစဥ်က၊ သူမ၏ မိစ္ဆာ စွမ်းအားများသည် အခုလောက် အားမပြင်းပေ။

သို့သော်လည်း သူမသည် ချောမောလှပသော ဝတ်ရုံနီ မိန်းမပျို ပုံစံကို ဖန်ဆင်းထားချိန်တွင်၊ သူမ၏ အဆိပ်စွမ်းအားများကို အစွမ်းကုန် ထုတ်လွှတ်နိုင်ခဲ့သည်။ သူမ၏ အဆိပ်သည် ပြင်းထန်လွန်းသဖြင့်၊ အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများပင်လျှင် အဆိပ်မမိအောင် သတိထားရမည် ဖြစ်သည်။

အမှန်တွင်မူ အချို့ သာမန်ပုံစံသာ ရှိနေသော မှိုများသည်လည်း၊ အပြင်းဆုံး အဆိပ်များကို ပိုင်ဆိုင်ထားနိုင်သည်။ သူတို့သည် အရောင်တောက်ပသော မှိုများထက်ပင် အဆိပ်ပိုပြင်းနိုင်၏။

သို့ဖြစ်၍ ပါရာဆို နတ်သမီးသည် အဖြူရောင် ဝတ်စုံနှင့် သာမန်ပုံစံ သတ်လတ်ပိုင်း အမျိုးသမီးကြီး အဖြစ်သို့ ပြောင်းလဲသွားသောအခါ၊ သူမထုတ်လွှတ်လိုက်သည့် အဆိပ်ငွေ့များသည် ပို၍ ပြင်းထန်လာခြင်း ဖြစ်သည်။ ချုံးချိ မဟာပဏ္ဍိတနှင့် ပင်လယ်နက် နဂါးသိမ်းငှက်တို့ပင်လျှင် အထူးသတိထားနေရသည်။

"ဒါပေမဲ့…" လင်းဖုန်းသည် ပြဿနာ တစ်ခုအား သတိပြုမိလိုက်သဖြင့်၊ မျက်မှောင်များအား ကြုတ်လိုက်၏။ ပါရာဆို နတ်သမီးသည် သူမ၏ ပုံသဏ္ဌာန်အား ပြောင်းနိုင်၍၊ တိုက်ပွဲပုံစံများအား ပြောင်းလဲနိုင်သည်။

သူမ၏ အဖြူရောင် ဝတ်စုံနှင့် ပုံစံမှာ အစွမ်းအထက်ဆုံး ဖြစ်မည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ သို့သော်လည်း သူ့တွင် အားနည်းချက်များလည်း ရှိသေးသည်။ သူမသည် ဝတ်စုံဖြူနှင့် ပုံစံအား အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ခြင်း မရှိဟု၊ လင်းဖုန်းက ယုံကြည်နေသည်။

အဖြူရောင် အဆိပ်ငွေ့များသည် အစွမ်းထက်သော်လည်း၊ အကန့်အသတ်များ ရှိသည်။ သူမသည် သူတို့အား အမြောက်အမြား မထုတ်လွှတ်နိုင်ပဲ၊ ထိုသို့ထုတ်လွှတ်ရာတွင် အားအင် အလွန်အမင်း ကုန်ခမ်းစေမည် ဖြစ်၏။

သူမ၏ အနီရောင်ဝတ်စုံနှင့် ပုံစံသည် တိုက်ပွဲစွမ်းအား အနည်းငယ် အားနည်းသော်လည်း၊ သူမ၏ ပုံမှန် တိုက်ပွဲပုံစံ ဖြစ်ပေမည်။ ဒါဆိုလျှင် သူမ၏ အညိုရောင် ဝတ်စုံနှင့် အဘွားအို ပုံစံမှာ မည်သည့်အကျိုး ရှိမည်နည်း။

အခြေအနေကို ကြည့်ရလျှင် ဒါသည် ပါရာဆို နတ်သမီး အချိန်အများစု အသုံးပြုသည့် ပုံစံ ဖြစ်၏။

လင်းဖုန်းက စဥ်းစားလိုက်ရာ ဒါသည် သူမ၏ အားအနည်းဆုံး ပုံစံဖြစ်သော်လည်း၊ အလယ်ကမ္ဘာ၏ ဖိအားများနှင့် အဖြူရောင် အလင်းတန်း သစ်ပင်အမိုးတို့အောက်တွင်၊ သူမသည် ထိုပုံစံနှင့်နေလျှင် သက်တောင့်သက်သာ အရှိဆုံး ဖြစ်၏။

သူတို့အုပ်စုအတွင်းတွင် ကျင့်ကြံမှု အဆင့်အရဆိုလျှင်၊ စီးရီးယပ် မဟာပဏ္ဍိတသည် အစွမ်းအထက်ဆုံး ဖြစ်၏။ အမျိုးအစား အရဆိုလျှင် လုံရဲ့နှင့် ပါရာဆို နတ်သမီးတို့ နှစ်ယောက်စလုံးတို့သည် မသေဝိညာဥ် ပထမ အဆင့်တွင် ရှိကြကာ၊ နှစ်ဦးစလုံးတို့သည် အပင် အမျိုးအစား မိစ္ဆာများ ဖြစ်ကြ၏။ သို့သော်လည်း အဖြူရောင် အလင်းတန်း သစ်ပင်အမိုး၏ ဖိနှိပ်မှုအားများအောက်တွင်၊ သူတို့နှစ်ယောက် စလုံးတို့သည် ပါရာဆို နတ်သမီးလောက် သက်တောင့်သက်သာ မရှိလှပေ။

သို့သော်လည်း ပါရာဆို နတ်သမီးသည် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ၏ လက်အောက်ငယ်သားများနှင့် ရင်ဆိုင်ရာတွင်၊ သူမသည် အနီရောင် ဝတ်စုံ ပုံစံနှင့် ဖြစ်စေ၊ အဖြူရောင် ဝတ်စုံ ပုံစံနှင့် ဖြစ်စေ၊ သူမသည် တိမ်တိုက်တောအုပ် ကမ္ဘာ၏ ဖိနှိပ်မှုအား ခံနေရ၏။

လင်းဖုန်းသည် ခဏတာမျှ တွေးလိုက်ကာ သုံးသပ်ချက် တစ်ခုအား ချမှတ်လိုက်၏။ "ဝတ်ရုံညို ဘွားဘွားသဏ္ဌာန်က ထူးခြားတဲ့ ဝိသေသတစ်ခု ရှိရမယ်"

သူမ၏ သူမအား ချန်ထားခဲ့ရန် တောင်းဆိုမှုသည်လည်း အတော်ပင် အံ့ဩဖွယ် ကောင်းလှ၏။

ယန့်မင်းရွဲ့၏ အစောက ပြောသည့်ပုံအရဆိုလျှင်၊ ပါရာဆို နတ်သမီးသည် ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတ၏ လက်အောက်တွင် သိုသိုသိပ်သိပ် နေတတ်သော လက်အောက်ငယ်သား တစ်ယောက် ဖြစ်သည်။

ပုံမှန်ဆိုလျှင် သူမသည် နောက်ကွယ်မှသာ လှုပ်ရှားတတ်၍၊ စင်မြင့်ပေါ်သို့ တက်လေ့မရှိပေ။ တိုက်ခိုက်မှု စွမ်းအားများသည် သူမ၏ အားသာချက်လည်း မဟုတ်ပေ။ ဤတစ်ခေါက်တွင် သူမ၏ တိမ်တိုက်တောအုပ် ကမ္ဘာအတွင်းသို့ ဝင်ရောက်ခြင်းမှာ၊ ရည်ရွယ်ချက်တစ်ခု ရှိရပေမည်။

လင်းဖုန်းသည် သူ၏ခေါင်းအား လှည့်လိုက်ကာ လုံရဲ့အား ကြည့်လိုက်၏။ အဖြူရောင် ဝတ်စုံနှင့် မိန်းမငယ်လေးသည် သစ်ကိုင်းတစ်ကိုင်းပေါ်တွင် အသာထိုင်နေကာ၊ သူမ၏ ခြေဗလာအစုံသည် လေပေါ်တွင် ဝဲယမ်းလျှက်ရှိသည်။ သူမအား ကြည့်ရသည်မှာ အလွန်အမင်း ပျင်းနေသည့်ပုံ ပေါက်နေ၏။

လင်းဖုန်း၏ အကြည့်အား သတိပြုမိသောအခါ၊ လုံရဲ့သည် ညင်သာစွာဖြင့် ရယ်လိုက်သည်။ "ဒေါ်လေးက ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက သူမကို သတ်ရက်မှာ မဟုတ်ဘူး။ သူမက မဟာလွင်တီးခေါင် ကုန်းမြေတစ်ခုလုံးမှာ အမတန်မှ အဖိုးတန်တဲ့သူ ဖြစ်တယ်"

"ဒါပေမဲ့ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက လူတွေလုံလောက်အောင် စုဆောင်းနေတယ် ဆိုတာကို မမေ့နဲ့ဦးနော်" လင်းဖုန်းက ခံစားချက် ကင်းမဲ့စွာနှင့် ပြောလိုက်သည်။ ပြီးတာနှင့် သူသည် လုံရဲ့အား ကြည့်လိုက်၏။ "အခုအချိန်မှာ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတရဲ့ အကြံတွေကို ပြောပြလို့ ရပြီလား"

လင်းဖုန်း၏ မေးခွန်းအား ကြားလိုက်ရသော်၊ ယန့်မင်းရွဲ့သည်လည်း လုံရဲ့အား ကြည့်လိုက်သည်။ သူမလည်း ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ၏ အကြံအစည်ကို မသိချေ။ ဟင်းလင်းပြင် ဘုရားကျောင်းသည် မိစ္ဆာကမ္ဘာအား အနီးကပ် စောင့်ကြည့်နေသော်လည်း၊ မိစ္ဆာအချင်းချင်းသည် သူတို့ကမ္ဘာအတွင်းမှ အကြောင်းကို ပိုသိပေမည်။

လုံရဲ့က ပြုံးလိုက်ကာ ပြောလိုက်သည်။ "ဦးလေးက ဒီနေရာမှာ မရှိဘူးဆိုတော့၊ ကျွန်မက ရှင့်က ပြောပြလို့ရတယ်"

လင်းဖုန်း၏ နှုတ်ခမ်းများသည် တွန့်သွားခဲ့၏။ စီးရီးယပ် မဟာပဏ္ဍိတသည် လုံရဲ့၏ ဂိုဏ်းတူဦးလေး ဖြစ်သော်လည်း၊ လုံရဲ့သည် တစ်ခုခု ပြုလုပ်ချင်လျှင် သူ၏ခွင့်ပြုချက်ကို ရယူမည်မဟုတ်ဟု သူက အဘယ်မှာ မရိပ်စားမိပဲ ရှိပါအံ့နည်း။

လုံရဲ့သည် လင်းဖုန်းအား ကြည့်လိုက်ပြီးနောက်၊ သူမ၏ အကြည့်အား ယန့်မင်းရွဲ့ထံသို့ ရွှေ့လိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက တစ်ခုခုကို လိုချင်နေတာ။ ပိုပြီးတော့ တိကျအောင် ပြောရရင်၊ ဒါက ရုပ်ဝတ္ထုပစ္စည်း မဟုတ်ပဲ မှော်ကျိန်စာ တစ်ခုဖြစ်တယ်"

"မှော်ကျိန်စာ" လင်းဖုန်းနှင့် ယန့်မင်းရွဲ့တို့သည် အချင်းချင်း အကြည့်များ ဖလှယ်လိုက်ကြသည်။ သူတို့သည် တစ်စုံတစ်ခုကိုမှ မပြောခဲ့ကြပေ။ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် မသေဝိညာဥ် တတိယ အဆင့်မှ မဟာမိစ္ဆာတစ်ပါးဖြစ်၍၊ ကောင်းကင်အား ပြောင်းပြန်လှန်နိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ထို့အပြင် သူသည် ရွှေရောင်ငှက်တောင် မဟာနတ်ငှက်တို့၏ မွေးရာပါ စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထား၏။ သူ့အား ဟန်ယွမ်မိစ္ဆာကျမ်းစာအား အသုံးပြု၍ ရင်ဆိုင်မည် ဆိုလျှင်ပင်၊ အောင်မြင်မည်ဟု အာမခံနိုင်မည် မဟုတ်ပေ။

ထိုကဲ့သို့သော စွမ်းအားကြီးသည် သူအနေဖြင့်၊ မည်သည့် မှော်ကျိန်စာကို တပ်မက်နေပါသနည်း။

လင်းဖုန်းက တွေးလိုက်၏။ "နေပါဦး၊ ငါမှတ်မိသလောက်ဆိုရင် ဟန်ယွမ် မိစ္ဆာကျမ်းစာက မိစ္ဆာတွေရဲ့ အကြားက ကောင်းကင်တာအို မိစ္ဆာမှတ်တမ်းရဲ့ ဒုတိယအပိုင်းဖြစ်တယ်။ ပထမအပိုင်းဟာ အချိန်ကာလတွေရဲ့ အကြားမှ ပျောက်ဆုံးသွားခြင်းနဲ့အတူ၊ ဟန်ယွမ် မိစ္ဆာကျမ်းစာက မိစ္ဆာတွေရဲ့ အစွမ်းအထက်ဆုံး မှော်ကျိန်စာလို့ သတ်မှတ်ခြင်းကို ခံထားရတယ်"

"ဟန်ယွမ် မိစ္ဆာကျမ်းစာထက် ဘယ်အရာကများ ပိုအစွမ်းထက်နိုင်မှာလဲ၊ မဟုတ်မှလွဲရော…"

ပြီးတာနှင့် သူသည် လုံရဲ့ ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက ဟေးဒီးစ် အမှောင်မန္တန်ကို လိုချင်နေတာ"

ယန့်မင်းရွဲ့၏ ရင်အတွင်းမှ လေးလံသွားခဲ့သည်။ သူမသည် ထိုအရာကို သိပေသည်။

လင်းဖုန်းသည် ယခင်က ဟေးဒီးစ် အမှောင်မန္တန်အား တစ်ခါမှ မကြာဖူးခဲ့ချေ။ သို့သော်လည်း သူသည် စနစ်အတွင်းသို့ ဝင်ရှာရန် မလိုပေ၊ သူသည် ဟေးဒီးစ်ကိုတော့ သိပေသည်။

လွန်ခဲ့သော နှစ်ပေါင်း၄၀၀၀ကျော်က နတ်ဘုရားနယ်မြေနှင့်  မဟာလွင်တီးခေါင် ကုန်းမြေအကြားမှ တိုက်ပွဲအပြီးတွင်၊ နောက်ဆုံးကျဆုံးသွားသူမှာ နောက်ဆုံး တော်ဝင်မိစ္ဆာ ဧကရာဇ်ပင်ဖြစ်သည်။ သေမျိုးတို့သည် သူ့အား ဟေးဒီးစ်ဧကရာဇ်ဟု ခေါ်ကြသည်။ သူ၏နာမည် အပြည့်အစုံမှာ ကောင်းကင်ပင်လယ် ဟေးဒီးစ်ဖြစ်၏။

ဟေးဒီးစ်မျိုးနွယ်စုသည် လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံး မျိုးနွယ်စု ဖြစ်၏။ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးလည်း ဖြစ်၏။ တစ်ချိန်က သူတို့သည် ကောင်းကင်တာအို မိစ္ဆာမှတ်တမ်း အပြည့်အစုံရှိ၍၊ မဟာလွင်တီးခေါင် ကုန်းမြေ တစ်ခုလုံးအား အုပ်စိုးနိုင်ခဲ့သည်။

ထိုတိုက်ပွဲအပြီးတွင် ကောင်းကင်ပင်လယ် ဟေးဒီးစ်သည် ကျဆုံးခဲ့၍၊ ဟေးဒီးစ်မျိုးနွယ်စု တစ်ခုလုံးသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်တာအို မိစ္ဆာမှတ်တမ်း၏ ပထမ အပိုင်းသည်လည်း ပျောက်ဆုံးသွားခဲ့သည်။

စစ်ပွဲအပြီးတွင် ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတ အပါအဝင် စွမ်းအားကြီးသော မိစ္ဆာအများအပြားတို့သည်၊ ဟေးဒီးစ်မျိုးနွယ်စုတို့အား လိုက်ရှာရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း သူတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ အတွင်းတွင် မအောင်မမြင် ဖြစ်ခဲ့ကြ၏။

ကောင်းကင်ပင်လယ် ဟေးဒီးစ်ကျဆုံးသွားအပြီးတွင်၊ တော်ဝင်မိစ္ဆာ ဧကရာဇ်၏ နေရာသို့ မည်သူမှ ဆက်ခံနိုင်ခြင်း မရှိခဲ့ပေ။ ထီးနန်းဆက်ခံသူ ပျက်သုန်းသွားခဲ့သည်။

ဟေးဒီးစ်အမှောင် မန္တန်သည် ကောင်းကင်ပင်လယ် ဟေးဒီးစ်က ကမ္ဘာကြီးအား လွှမ်းမိုးနိုင်ခြင်း၏ အကြောင်းရင်း ဖြစ်သည်။

တော်ဝင်မိစ္ဆာ ဧကရာဇ် သေဆုံးသွားခဲ့သော်လည်း၊ လူသားကမ္ဘာသည်လည်း တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။

စူတောင်ဓားဂိုဏ်း၏ ခေါင်းဆောင်နှင့် မဟာမိုးကြိုး ကျောင်းတော်၏ ကျောင်းထိုင်ဆရာတော်သည်လည်း တိုက်ပွဲတွင် ကျဆုံးခဲ့ကြသည်!

ဟင်းလင်းပြင် ဘုရားကျောင်း၏ ခေါင်းဆောင်သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကာ၊ ကမ္ဘာကြီးပေါ်မှ ပျောက်ကွယ်သွားခဲ့၍ မဟာအကြီးအကဲ ကောင်စီ၏ အဖွဲ့ဝင် တစ်ဝက်ကျော်တို့သည်လည်း ကျဆုံးခဲ့ကြသည်။

ထိုတိုက်ပွဲ၏ အဓိက နေရာဖြစ်သော မဟာမိုးကြိုး ကျောင်းတော်ကြီးသည် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် မဟာကျိုး အင်ပါယာသည်၊ မဟာချင် အင်ပါယာ၏ဘေးမှ တိုင်းပြည်ငယ်လေး တစ်ခုသာ ရှိသေးသည်။ ထိုအချိန်က မဟာချင် အင်ပါယာသည် များစွာပို၍ အင်အားကြီးပေသည်။ သို့သော်လည်း ထိုတိုက်ပွဲတွင် မဟာချင် ဧကရာဇ် ကျဆုံးခဲ့၍၊ တော်ဝင်မိသားစုသည် များစွာဆုံးရှုံးခဲ့ရသည်။ ထို့နောက်မှသာ မဟာကျိုး အင်ပါယာ၏ အင်အားကြီးထွားလာမှုကို ခွင့်ပြုခဲ့ရခြင်း ဖြစ်သည်။

လင်းဖုန်းသည် ယန့်မင်းရွဲ့၏ အမူအရာအား ကြည့်လိုက်ကာ၊ ဟေးဒီးစ် အမှောင်မန္တန်၏ စွမ်းအားကြီးမားပုံကို သိခဲ့သည်။ ထိုမန္တန်သည် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ၏ လက်အတွင်းသို့ ကျရောက်သွားပါက၊ မည်သို့ဖြစ်လာမည်ကိုလည်း သိပေသည်။

လုံရဲ့က တိုးညင်းစွာနှင့် ပြောလိုက်သည်။ "ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတဟာ အရင်က ဟေးဒီးစ် ဧကရာဇ် နေထိုင်ခဲ့တဲ့ နန်းတော်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း သတင်းရထားသေးတယ်"

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

စာစဥ် ၂၅ : အပိုင်း ၃

အပိုင်း ၄၅၃ : ပါရာဆို နတ်သမီးနှင့် တော်ဝင်စိတ်ဝိညာဥ် ဆီးနှင်းပေါက်

ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် ဟေးဒီးစ် အမှောင်မန္တန်၏ သဲလွန်စများကို ရထားသည်ကို သိလိုက်သော်၊ လင်းဖုန်းနှင့် ယန့်မင်းရွဲ့တို့သည် တိတ်ဆိတ်သွားကြ၏။

လုံရဲ့က ဆက်ပြောလိုက်သည်။ "ဒီသဲလွန်စတွေကို အခြေခံပြီး၊ သူက ဟေးဒီးစ် အမှောင်မန္တန်ကို ထပ်မံပေါ်ပေါက်လာအောင် လျှို့ဝှက်မှော်ကျိန်စာတစ်ခုကို တီထွင်ခဲ့တယ်။ ကျွန်မက အသေးစိတ်ကို အသေအချာ မသိပေမဲ့၊ ဒဏ္ဍာရီအရဆိုရင် သူက အင်မော်တယ်ဝိညာဥ် အဆင့် ဒါမှမဟုတ် မသေဝိညာဥ် အဆင့်က ကျင့်ကြံသူ ကိုးယောက်ကို ယဇ်ပူဇော်ဖို့ လိုအပ်တယ်"

လုံရဲ့သည် သူမ၏ခေါင်းအား လှည့်လိုက်ကာ အဖြူရောင် အလင်းတန်း သစ်ပင်အမိုးအား ကြည့်လိုက်သည်။ ထိုနေရာတွင် အလင်းရောင် တိုင်လုံးကြီး တစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်နေခဲ့သည်။ ထိုတိုင်လုံးအတွင်းတွင် မီးတောက်တစ်ခုက တောက်လောင်နေ၏။

"ဒါက ပထမဆုံး တစ်ယောက်ပဲ"

သူမ၏စကား မဆုံးမီပင်၊ နောက်ထပ် အလင်းတန်း တိုင်လုံးတစ်ခုသည် ကောင်းကင်ထံသို့ ထိုးတက်လာခဲ့သည်။

လုံရဲ့က ချီတုံချတုံ ဖြစ်စွာနှင့် ပြောလိုက်သည်။ "ဒါက ဒုတိယ တစ်ယောက်ပဲ။ ဒေါ်လေးက ဒီလောက်နဲ့ လွယ်လွယ်တော့ အဖမ်းခံရမှာ မဟုတ်ဘူး။ တခြားတစ်ယောက်က အဖမ်းခံရတာပဲ ဖြစ်လိမ့်မယ်"

လင်းဖုန်းနှင့် ယန့်မင်းရွဲ့တို့သည် အဝေးမှ သစ်ပင်အမိုး၏ အလယ်ကို ကြည့်လိုက်ရာ၊ ဒုတိယ အလင်းတန်း တိုင်လုံးသည် ရွှေရောင်မှ အရောင်ငါးမျိုး ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏။ ထိုအလင်းတန်း တိုင်လုံး၏ အတွင်းတွင် မီးတောက်တစ်ခုသည် ကခုန်နေခဲ့ကာ၊ လူတိုင်း၏ ရင်ထဲတွင် စိမ့်ကနဲ့ ခံစားခဲ့ရ၏။

"ကြည့်ရတာ စီးရီးယပ် ဖြစ်လိမ့်မယ်နဲ့တူတယ်" လင်းဖုန်းသည် သူ၏ပခုံးအား တွန့်လိုက်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ လုံရဲ့က ပြုံးလိုက်သည်။ "ဒါကလည်း ဖြစ်နိုင်တာပဲ"

လင်းဖုန်းသည် လုံရဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ "သူအောင်မြင်မလားကို မပြောခင်၊ သူအောင်မြင်သွားမှာကို အကြောက်ဆုံးက မင်းနဲ့ မင်းရဲ့ဆရာတို့ပဲ ဖြစ်ကြမယ်၊ ဟုတ်တယ်မလား"

မဟာလွင်တီးခေါင် ကုန်းမြေမှ စွမ်းအားကြီး ကျင့်ကြံသူများ အကြားတွင်၊ ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတသည် နံပါတ်တစ် နေရာတွင် ရှိနေ၏။ သူမ၏ စွမ်းအားများသည် တောင်တန်းနှင့် မြစ်ချောင်းများကဲ့သို့ ကြီးမားကျယ်ပြန့်ကာ၊ လူတိုင်းသည် သူမက တော်ဝင်မိစ္ဆာ ဧကရာဇ် ဖြစ်လာနိုင်သည်ဟု ယုံကြည်ထားကြ၏။

သို့သော်လည်း ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတအား ခြိန်းခြောက်နိုင်သည့် မိစ္ဆာအနည်းငယ် အတွင်းမှ တစ်ယောက်ဖြစ်သည်။ ချုံးချိမိစ္ဆာ မျိုးနွယ်စုတို့အား သိမ်းသွင်းနိုင်ခဲ့သဖြင့်၊ သူ၏ လွှမ်းမိုးမှုများမှာ နောက်ထပ် တိုးတက်လာခဲ့ပြန်သည်။ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါအား ရယူနိုင်ခြင်းသည်၊ သူ၏စွမ်းအားများကို တိုးသထက် တိုးလာစေသည်။

အကယ်၍ သူသည် ဟေးဒီးစ် အမှောင်မန္တန်အား ရယူနိုင်ခဲ့မည် ဆိုလျှင်၊ သူ၏ စွမ်းအားများမှာ ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတကို ယှဥ်နိုင်လာမည် ဖြစ်ပြီး၊ ကျော်ပင် ကျော်လွန်သွားနိုင်၏။

လူသားကျင့်ကြံသူ အများနှင့် ဆိုလျှင်၊ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် အလားအလာရှိသော ခြိန်းခြောက်မှု တစ်ရပ်ဖြစ်၏။ သို့သော်လည်း ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတအတွက်မူ၊ သူသည် အလားအလား ခြိမ်းခြောက်မှုသက်သက် မဟုတ်တော့ပေ။ သူသည် အမှန်တကယ် အန္တရာယ်ပေးနိုင်သည့် အစစ်အမှန် ခြိမ်းခြောက်မှု ဖြစ်သည်။

လုံရဲ့သည် အနည်းငယ် ပြုံးလိုက်ကာ သူမ၏ခေါင်းအား လှည့်လိုက်သည်။ "ဟုတ်တယ်၊ ဒါကြောင့် ကျွန်မတို့က ဒီနေရာကို လာခဲ့တာပဲ"

လင်းဖုန်းသည် ယန့်မင်းရွဲ့နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့သည် ဘာမှ မပြောခဲ့သော်လည်း၊ သူတို့နှစ်ယောက်စလုံးတို့သည် ဤအရှုပ်တော်ပုံကြီးကို တဖြည်းဖြည်းနှင့် သဘောပေါက်လာခဲ့ပြီ ဖြစ်၏။

လုံရဲ့နှင့် ကျန်သောသူများသည် တိမ်တိုက်တောအုပ် ကမ္ဘာအတွင်းသို့ ဝင်ရောက်ရာတွင်၊ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါအား လိုချင်ရုံ သက်သက်သာ မဟုတ်ပေ။ အစကတည်းက သူတို့သည် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် ဤတိမ်တိုက်တောအုပ် ကမ္ဘာအတွင်းတွင် ရှိသည်ကို သိပေသည်။

ထို့ကြောင့် လုံရဲ့၊ စီးရီးယပ် မဟာပဏ္ဍိတနှင့် ပါရာဆို နတ်သမီးတို့သည် လူအင်အား မလုံလောက်ကြပေ။ အကယ်၍ သူတို့သည် စစ်ကူများကို မရရှိပါက၊ သူတို့သည် ထောင်ချောက်အတွင်းသို့ သိသိကြီးနှင့် ဝင်လာသည်နှင့် တူနေ၏။

ထို့ကြောင့် ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတ၏ စစ်ကူများသည် မည်သည့်နေရာတွင် ရှိနေမည်နည်း။

လင်းဖုန်းသည် လုံရဲ့အား ကြည့်လိုက်ပြီးနောက်၊ အလင်းတန်း တိုင်လုံး နှစ်ခုအား ကြည့်လိုက်သည်။

အဖြူရောင် အလင်းတန်း သစ်ပင်အမိုး၏ အလယ်တွင်၊ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် သူ၏ မူလနေရာတွင်သာ မလှုပ်မရှား နေနေခဲ့သည်။ သူ၏မျက်လုံးအစုံကို ပိတ်ထားပြီး၊ ကြည့်ရသည်မှာ စွမ်းအင်ချွေတာနေသည့်ပုံ ပေါက်နေသည်။

သစ်ပင်အမိုးမှနေ၍ အနက်ရောင် အလင်းတန်း တစ်ခုသည် လက်ကနဲ ဖြစ်သွား၍၊ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ အရှေ့သို့ ကျလာခဲ့သည်။ သူသည် ချုံးချိ မဟာပဏ္ဍိတ ဖြစ်၏။ သူ၏ပါးစပ်ကို ဖွင့်လိုက်ရာ အနက်ရောင် အလင်းတန်း စက်လုံးတစ်ခု ကျလာခဲ့၏။ ထိုစက်လုံးလေး၏ အတွင်းတွင် အဘွားအို တစ်ယောက်သည် တင်ပုလ္လင်ခွေ ထိုင်နေခဲ့သည်။

ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် သူ၏မျက်လုံးအား ဖြည်းဖြည်းချင်း ဖွင့်လိုက်ကာ၊ မီးခိုးရောင် ဝတ်စုံနှင့် အဘွားအိုအား ကြည့်လိုက်သည်။ "မတွေ့ရတာ အတော်ကြာသွားပြီ၊ ပါရာဆို နတ်သမီး"

အဘွားကြီး ပုံစံနှင့် ရှိနေသော ပါရာဆို နတ်သမီးသည်၊ အနည်းငယ် ပြုံးလိုက်ကာ ပြန်ဖြေလိုက်၏။ "ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ၊ နေကောင်းပါရဲ့လား"

ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် သူ၏ခေါင်းအား အနည်းငယ် ညိတ်လိုက်ကာ၊ ချုံးချိ မဟာပဏ္ဍိတအား ကြည့်လိုက်သည်။ "မင်းကို ဒုက္ခပေးရတာ အားနာပါတယ်"

မသေဝိညာဥ် ဒုတိယအဆင့်မှ မိစ္ဆာများသည် ပါရာဆို နတ်သမီးအား သတ်ဖြတ်နိုင်သော်လည်း၊ အရှင်ဖမ်းနိုင်သောသူမှာ အရေအတွက် အနည်းငယ်သာ ရှိကြသည်။

သူ၏ ညစ်ညမ်းစေသော စွမ်းရည်များနှင့်သာ၊ ချုံးချိ မဟာပဏ္ဍိတသည် ပါရာဆို နတ်သမီး၏ အဆိပ်များကို ခုခံနိုင်ခဲ့ကာ ဖမ်းဆီးနိုင်ခြင်း ဖြစ်သည်။

ပါရာဆို နတ်သမီးသည် မြေပေါ်မှ သတ္တုပြားနှင့် လှောင်အိမ်ကိုးခုအား ကြည့်လိုက်သည်။ ခုနှစ်ခုမှာ လွတ်နေသေး၍ ကျန်နှစ်ခုမှနေ၍ ကောင်းကင်ပေါ်သို့ အလင်းတန်းများ ထိုးတက်နေခဲ့သည်။

ထိုအလင်းတန်း တိုင်လုံးများ၏ အရင်းအမြစ်မှာ လူသားနှစ်ယောက်တို့ ဖြစ်ကြသည်။ တစ်ယောက်မှာ ကြယ်စင် သူတော်စင် ဖြစ်ပြီး ကျန်တစ်ယောက်မှာ အဖြူရောင် ဝတ်စုံနှင့် ဘုန်းကြီးအိုတစ်ယောက် ဖြစ်သည်။ သူ၏ အမူအရာမှာ လေးနက်နေပြီး၊ သူသည် ယခင်က မဟာမိုးကြိုး ကျောင်းတော်မှ အင်မော်တယ်ဝိညာဥ် အဆင့် အကြီးအကဲဖြစ်သူ၊ ပါရမီ ဇန်မာစတာဖြစ်သည်။

ပါရမီ ဇန်မာစတာသည် စက်ဝိုင်း၏ အလယ်တွင် ထိုင်နေပြီး၊ အလင်းတန်း တိုင်လုံး၏ ချုပ်နှောင်မှုအား ခံနေရသည်။  သူသည် မျက်လုံးများအား မှိတ်ထားခဲ့၍ ဘုရားစာများကို အဆက်မပြတ် ရွတ်ဖတ်နေခဲ့သည်။

သူ၏ကိုယ်ပေါ်မှ အလင်းတန်းများသည် တောက်ပလာကြ၏။ သို့သော်လည်း ထိုအလင်းတန်းများ လင်းလက်လာသည်နှင့် တပြိုင်နက် အလင်းတန်း တိုင်လုံးသည် သူတို့အား ငြိမ်းသတ်လိုက်ခဲ့သည်။ ပြီးတာနှင့် ထပ်ဖန်တခါ လင်းလက်လာကြသည်။

ပါရမီ ဇန်မာစတာ၏ ကိုယ်ပေါ်မှ အလင်းတန်း လင်းလက်လာသည့် အချိန်တွင်၊ သူ၏ အားနည်းနေသော ခန္ဓာကိုယ်သည် ပုံစံပြောင်းသွားခဲ့သည်။ သူသည် ခြေထောက်အောက်တွင် ဥဒေါင်းရှစ်ကောင် ရှိနေသော ရွှေရောင်ဗုဒ္ဓ တစ်ပါးအဖြစ်သို့ ပြောင်းသွားခဲ့၏။

သူ၏ညာလက်တွင် ကြာပန်းတစ်ပွင့်အား ကိုင်ထား၍၊ ဘယ်လက်တွင် ခေါင်းလောင်းတစ်လုံး ရှိနေသည်။ သူ၏ အမူအရာမှာ ပျော်ရွှင်ခြင်း မရှိသလို ဝမ်းနည်းခြင်းလည်း မရှိပေ။ သူ၏ ခန္ဓာကိုယ်သည် တောက်ပစွာနှင့် ရွှေရောင်ဝင်းလက်နေကာ၊ ခမ်းနားထည်ဝါလှသည်။

သို့သော်လည်း ထိုအလင်းတန်းများ ငြိမ်းသတ်သွားသည့် အချိန်တွင်၊ သူ၏ ရွှေရောင်ပုံသဏ္ဌာန်သည် ပျောက်ကွယ်သွားကာ မူလပုံစံ ပြန်ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် ကျင့်ကြံမှု အဆင့်အတန်း ကွာခြားခြင်းမှာ သိသာလှပေသည်။ ကြယ်စင် သူတော်စင်သည် အလင်းတန်း တိုင်လုံး၏ ချုပ်နှောင်မှုကို ခံနေရကာ၊ နာကျင်သော အမူအရာများနှင့်သာ ထိုင်နေရသည်။ သူသည် သူ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားအား မထုတ်လွှတ်နိုင်တော့ပေ။

သို့သော်လည်း ပါရမီ ဇန်မာစတာသည် ရုန်းကန်နိုင်သေးကာ၊ သူ၏ ရွှေရောင် ပုံသဏ္ဌာန်အား ဖော်ထုတ်နိုင်သေးသည်။ သို့သော်လည်း သူသည် ရုန်းသာ ရုန်းကန်နိုင်ကာ၊ ထိုအလင်းတန်း တိုင်လုံးကြီးအား မရပ်တန့်နိုင်ခဲ့ပေ။

ပါရာဆို နတ်သမီးက သက်ပြင်းချလိုက်သည်။ "ကျွန်မကလည်း ဒီလိုမျိုး ခံစားရတော့မှာလား"

ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက ပြောလိုက်သည်။ "တကယ်လို့ ခင်ဗျားက ကျုပ်ကို အညံ့ခံမယ်ဆိုရင်၊ ဒီလိုမျိုး ခံစားစရာ မလိုပါဘူး။ မဟုတ်ဘူး ဆိုရင်တော့၊ ကျေးဇူးပြုပြီး အထဲမှာ သွားစောင့်နေပါ"

ပါရာဆို နတ်သမီးသည် အချိန်အနည်းငယ်မျှ စဥ်းစားလိုက်ကာ ပြောလိုက်သည်။ "ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက ဘာလိုချင်နေသလဲ ဆိုတာကို ကျွန်မသိပါတယ်။ ကျွန်မက မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်နဲ့ ကျွန်မရဲ့ အသက်ကို လှဲလှယ်လို့ ရမလား"

မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်ဟူသော အသံအား ကြားလိုက်သောအခါ၊ ချုံးချိ မဟာပဏ္ဍိတ၏ မျက်လုံးအစုံသည် ပြူးကျယ်လာခဲ့၏။

မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်သည် အစွမ်းထက်သော မိစ္ဆာနှင့် လူသားကျင့်ကြံသူများ အလိုရှိကြသော ရတနာ တစ်ပါးပင် ဖြစ်၏။

ဒဏ္ဍာရီ အရဆိုလျှင် မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်သည်၊ အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများအား ကျင့်ကြံမှု အဆင့်တက်စေရန် အထောက်အကူ ပြုနိုင်သည်။ ထိုဆီးနှင်းပေါက်နှင့် ဆိုလျှင်၊ သူတို့သည် နောက်ထပ် အဆင့်တစ်ဆင့်သို့ တက်နိုင်ရန် အခွင့်အရေး ပိုမြင့်သည်။

မသေဝိညာဥ် အဆင့်မှ မိစ္ဆာများအတွက်လည်း၊ ထိုအကျိုးသက်ရောက်မှုသည် ပို၍ပင် ကြီးမားသေး၏။

သို့သော်လည်း မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်သည် လွန်စွာရှားပါးလှကာ၊ ကမ္ဘာကြီးအတွင်းတွင် အနည်းငယ်သာ ရှိသည်။

ချုံးချိ မဟာပဏ္ဍိတသည် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ ရှိနေခြင်းကိုပင် လျစ်လျူရှုထားခဲ့ပြီး၊ ပါရာဆို နတ်သမီးအား တိုက်ရိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။ "မင်းက အပင်အမျိုးအစား မိစ္ဆာပဲ။ မင်းက မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်ကို မင်းရဲ့ကိုယ်ပိုင် မှော်စွမ်းအင်နဲ့ ဖန်ဆင်းထားတာလား"

ပါရာဆို နတ်သမီးသည် ဘာမှ ပြန်မဖြေခဲ့သော်လည်း၊ သူမ၏ မျက်နှာကိုကြည့်လျှင် သိနိုင်ပေသည်။

ချုံးချိ မဟာပဏ္ဍိတသည် တည်ငြိမ်အေးဆေးနေသော ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတအား ကြည့်လိုက်သည်။ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် ပါရာဆို နတ်သမီးအား ကြည့်လိုက်ကာ ဖြည်းညင်းစွာနှင့် ပြောလိုက်သည်။ "မင်းက မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်ကို ပေးလိုက်ပြီးရင်တောင်၊ ငါကမင်းကို ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတထံကို ပေးပြန်လို့ မရဘူး"

ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် မသေဝိညာဥ် တတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူသည် မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်ကို အသုံးမလိုသော်လည်း၊ သူ၏ အောက်မှ ရွှေရောင်ငှက်တောင် မဟာနတ်ငှက်များနှင့် လက်အောက်ငယ်သားများ အသုံးပြု၍ ရပေသည်။

ချုံးချိ မဟာပဏ္ဍိတသည် အကောင်းဆုံး ဥပမာ ဖြစ်သည်။ သူသည် မသေဝိညာဥ် ဒုတိယ အဆင့်၏ အထွတ်အထိပ်သို့ ရောက်ခါနီးနေပြီ ဖြစ်သည်။ အနည်းငယ် ပြင်ဆင်မှုများ ပြုလုပ်ပြီးလျှင် သူသည် မသေဝိညာဥ် တတိယအဆင့်သို့ ရောက်ရှိရန် ကြိုးစားနိုင်မည် ဖြစ်သည်။

သို့သော်လည်း မသေဝိညာဥ် တတိယအဆင့်သို့ ရောက်နိုင်ရန် အတော်ကို ခက်ခဲပေသည်။ မရေမတွက်နိုင်သော မိစ္ဆာများ ကြိုးစားခဲ့ကြသော်လည်း၊ အောင်မြင်သူများမှာ အနည်းငယ်သာ ရှိသည်။ ချုံးချိ မဟာပဏ္ဍိတကဲ့သို့ အရည်အချင်း ရှိ၍၊ ခိုင်မာသော အခြေခံအုတ်မြစ် ရှိသူများပင်လျှင် ထိုအဆင့် ရောက်မည်ကို အာမမခံနိုင်ပေ။

သူသည် ကြိုးစားရင် သေဆုံးနိုင်သည့် ဖြစ်နိုင်ခြေများလည်း ရှိသည်။

သို့သော်လည်း မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်၏ အကူအညီနှင့်ဆိုလျှင်၊ သူ၏ အောင်မြင်မှုနှုန်းသည် များစွာ တက်လာနိုင်မည် ဖြစ်၏။

ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် သူ၏လက်အောက်ငယ်သားများ စွမ်းအားပိုကောင်းလာမည်ကို စိတ်ထဲတွင် အမှုအထားပေ။ သူသည် ပို၍သန်မာလာကာ စိန်ခေါ်လာနိုင်သူများကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိသောကြောင့်၊ သူ၏နေရာအား ခြိမ်းခြောက်လာနိုင်သူများအား မကြောက်ပေ။

သို့သော်လည်း သူသည် ပါရာဆို နတ်သမီးအား၊ ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတ၏ လက်အောက်မှ သူများအား ပိုမိုသန်မာလာအောင် ကူညီပေးမည်ကို ခွင့်မပြုနိုင်ပေ။ ဒါသည် သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် မသက်ဆိုင်ပေ။ ဒါသည် ပြိုင်ဘက်အား အားနည်းစေရန် ပြုလုပ်သည် အခြေခံ အကျဆုံး သဘောတရားပင် ဖြစ်သည်။

သူသည် ပါရာဆို နတ်သမီးအား ယဇ်မပူဇော်သော်လည်း၊ အရှင်ဖမ်းထားမည် ဖြစ်ကာ သူမအား လွှတ်ပေးမည် မဟုတ်ချေ။

ပါရာဆို နတ်သမီးသည်လည်း သဘောပေါက်နေဟန် တူသည်။ သူမ၏ခေါင်းအား ညိတ်လိုက်ကာ ပြောလိုက်သည်။ "ကျွန်မက ကျွန်မအသက်ကိုပဲ လိုချင်တာပါ"

သူမ၏ မျက်လုံးအစုံအား မှိတ်လိုက်ရာ၊ သူမ၏ ပုံသဏ္ဌာန်သည် ပြောင်းလဲလာခဲ့သည်။ သူမသည် အနီရောင် ဝတ်စုံနှင့် မိန်းမပျို မဟုတ်သလို၊ အဖြူရောင်ဝတ် သက်လတ်ပိုင်း အမျိုးသမီးလည်း မဟုတ်တော့ပေ။ သူမသည် အညိုရောင် ဝတ်စုံနှင့် အဘွားအို အဖြစ်မှ အဝါရောင် ဝတ်စုံနှင့် ကညာပျို တစ်ဦးအရွယ် ဖြစ်သွားခဲ့၏။

ထိုအဝါရောင် ဝတ်စုံနှင့် ကညာပျိုသည် ၁၂နှစ်၊ ၁၃နှစ်ခန့်သာ ရှိသေးသည်။ သူမသည် အလွန်အမင်း မချောလှနေသော်လည်း၊ ငယ်ရွယ်နုပျိုနေခဲ့သည်။

ပါရာဆို နတ်သမီးသည် သူမ၏ ပုံသဏ္ဌာန် အသစ်နှင့် လက်နှစ်ဘက်ကို နောက်ပစ်ကာ ရပ်နေခဲ့သည်။ သူမ၏ မျက်လုံးအစုံကို မှိတ်ထားကာ၊ သူမ၏ ကိုယ်တွင်းမှနေ၍ ရနံ့တစ်ခု ထွက်လာခဲ့၏။

ထိုရနံ့သည် မစူးရှပဲ သင်းပျံ့နေ၏။ သို့သော်လည်း သူသည် ရှူရသူ အားလုံးအား စိတ်လက်ပေါ့ပါး စေခဲ့သည်။ မသေဝိညာဥ် တတိယအဆင့်မှ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတပင်လျှင် ခံစားမိခဲ့သည်။ သူ၏အဆင့်တွင် စိတ်ဝိညာဥ် ဆေးဝါး အနည်းငယ်သာ သူ့အပေါ်တွင် အကျိုးသက်ရောက်မှု ရှိနိုင်သည်။

ချုံးချိ မဟာပဏ္ဍိတအပေါ်သို့ သက်ရောက်မှုမှာ ပို၍ပြင်းထန်ပေသည်။ ထိုရိုးစင်းသန့်စင်သော ရနံ့သည် သူ၏စိတ်အတွင်းမှ တံခါးတစ်ချပ်၏ ပုံရိပ်ကို ဖော်ပြပေးခဲ့သည်။ ထိုတံခါး၏ အနောက်တွင် တာအိုဝါဒ၏ လျှို့ဝှက်ချက်များ ရှိပေသည်။

"သူမက တကယ်ပဲ သူမရဲ့ စိတ်ဝိညာဥ် စွမ်းအင်နဲ့ မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်တွေကို ဖန်တီးနိုင်ခဲ့တာပဲ။ ကြည့်ရတာ မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်ရဲ့ အရင်းအမြစ်က ဒီမိစ္ဆာရဲ့ အစစ်အမှန် ပုံသဏ္ဌာန် ဖြစ်တဲ့၊ စိတ်ဝိညာဥ် စွမ်းအားတွေနဲ့ ပြည့်ဝတဲ့ မှိုပဲဖြစ်ရမယ်"

ချုံးချိ မဟာပဏ္ဍိတသည် ပါရာဆို နတ်သမီးအား စိုက်ကြည့်နေခဲ့သည်။ သူ၏ အနက်ရောင် မိစ္ဆာမျက်လုံးအစုံမှာ အဆုံးမဲ့နေသကဲ့သို့ အလင်းတန်းများဖြင့် လင်းလက်နေခဲ့သည်။

ပါရာဆို နတ်သမီးသည် သူ့အား သူမ၏ ပုံစံအသစ်ဖြင့် ပြန်ကြည့်နေခဲ့၏။ သူမ၏ နဖူးတွင် လက်သည်းခွံအရွယ်ထက် မကြီးသော ဖြူဖွေးသည့် ဆီးနှင်းပေါက်တစ်စက် ပေါ်လာခဲ့သည်။

ဒါသည် မူလကောင်းကင် ကမ္ဘာကြီး၏ ကျော်ကြားသော တော်ဝင်ဆေးဝါးဖြစ်သည့်၊ မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်ဖြစ်သည်။

သူမသည် မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်အား ဖန်ဆင်းပြီးသည်နှင့်၊ ပါရာဆို နတ်သမီး၏ အနားမှ စိတ်ဝိညာဥ် စွမ်းအင်များသည် သိသိသာသာ အားနည်းသွားခဲ့သည်။ ဒါသည် သူမ၏ မိစ္ဆာစွမ်းအားများ အမြောက်အမြားကို အသုံးပြုခဲ့၍ မဟုတ်ပေ၊ သူမ၏ အဆီအနှစ်များ အားကုန်သွားသောကြောင့် ဖြစ်သည်။

ထိုဆီးနှင်းပေါက်သည် ပါရာဆို နတ်သမီး၏ နဖူးပေါ်မှ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတထံသို့ ပျံသန်းသွားခဲ့သည်။ သူမက ဖြည်းညင်းစွာနှင့် ပြောလိုက်သည်။ "မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်ကို ဖန်ဆင်းဖို့ နှစ်ပေါင်းတစ်ထောင် အချိန်ယူရတယ်။ ဒီကိစ္စအတွက် တောင်းပန်ပါတယ်"

ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည်၊ မြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်အား ကြည့်လိုက်သော်လည်း မယူခဲ့ပေ။ ထို့အစားသူသည် ချုံးချိ မဟာပဏ္ဍိတထံသို့ ပို့လွှတ်လိုက်သည်။

ချုံးချိ မဟာပဏ္ဍိတ၏ မျက်လုံးအစုံသည် တောက်ပလာခဲ့၍၊ ထိုမြင့်မြတ်သော စိတ်ဝိညာဥ် ဆီးနှင်းပေါက်အား လောဘတကြီးဖြင့် ယူလိုက်သည်။ သူသည် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတထံသို့ အားရပါးရ ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်။ "ဒီလက်ဆောင်အတွက် ဧကရာဇ် နတ်ငှက်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က အမဲဆက်လိုက်ပြီး၊ ဧကရာဇ်အတွက် လိုအပ်နေတဲ့ လူတွေအားလုံးကို ဖမ်းဆီးပေးပါမယ်"

သူသည် အနက်ရောင် အလင်းတန်း တစ်တန်း အဖြစ်သို့ ပြောင်းသွားကာ၊ သစ်ပင်အမိုးထံမှ ထွက်ခွာသွားခဲ့သည်။ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် ပါရာဆို နတ်သမီးအား ကြည့်လိုက်ကာ မေးလိုက်သည်။ "ပါရာဆို နတ်သမီး၊ မင်းက အခုအထိ ဒူးမထောက်ချင်သေးဘူးလား"

ပါရာဆို နတ်သမီးသည် အဝါရောင် ဝတ်စုံနှင့် ကညာပျို ပုံစံမှာ၊ အညိုရောင်ဝတ် အဘွားအိုအသွင်သို့ ပြန်ပြောင်းသွားခဲ့သည်။ သူမသည် သစ်ကိုင်းတစ်ကိုင်း အပေါ်တွင် အားနည်းစွာနှင့် တင်ပုလ္လင်ခွေ ထိုင်လိုက်ကာ ပြောလိုက်သည်။ "ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတက ကျွန်မကို နှစ်ထောင်ပေါင်းများစွာ စောင့်ရှောက်လာခဲ့ပါတယ်။ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

ကောင်းကင်ဘီး ရွှေရောင်နတ်ငှက်နှင့် ချုံးချိ မဟာပဏ္ဍိတကဲ့သို့ သူ့အား နတ်ငှက်ဧကရာဇ်ဟု မခေါ်ပဲ၊ သူ့အား ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတဟုသာ ခေါ်ဆိုခဲ့သည်။ ဒါသည် သူမ၏ ရပ်တည်ချက်ကို ဖော်ပြရာ ရောက်ပေသည်။

ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် သူမအား ဖိအားမပေးခဲ့ပဲ၊ သူ၏ခေါင်းအား ညိတ်လိုက်ကာ ပြောလိုက်သည်။ "နှမြောစရာပဲ" သူမ၏ အနားမှ သစ်ကိုင်းများသည် အဖြူရောင် အလင်းတန်းများဖြင့် တောက်ပလာခဲ့ကာ၊ ပါရာဆို နတ်သမီးအား ချုပ်နှောင်ခဲ့သည်။ ဒါသည် ယာယီ အချုပ်အနှောင်သာ ဖြစ်၏။ သူမသည် ကြယ်စင်သူတော်စင်နှင့် ပါရမီ ဇန်မာစတာတို့နှင့် ကွဲပြားစွာ ဆက်ဆံခြင်းကို ခံခဲ့ရသည်။

အဝေးမှ သစ်ပင်အမိုး အောက်တွင် လင်းဖုန်း၊ လုံရဲ့နှင့် ယန့်မင်းရွဲ့တို့သည် အလင်းတန်း တိုင်လုံးများကို ကြည့်နေကြ၏။ လင်းဖုန်းက ဖြည်းညင်းစွာနှင့် ပြောလိုက်သည်။ "မင်းက ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက ပါရာဆို နတ်သမီးကို ယဇ်ပူဇော်မှာ မဟုတ်ဘူးလို့ ပြောထားတယ်။ ဒါဆိုရင် သူက ယဇ်ပူဖော်မယ့်သူတွေ အလုံအလောက်ရှိမှာ မဟုတ်ဘူး။ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက သူ့ရဲ့ လက်အောက်ငယ်သားတွေကို အနစ်နာခံမှာလား"

လုံရဲ့က သူမ၏ခေါင်းအား ခါလိုက်သည်။ "သူက ဒီလိုလုပ်မှာ မဟုတ်ဘူး"

Continue Reading

You'll Also Like

40.7K 3.5K 199
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
115K 15.9K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
2.3M 317K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...