ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

79.7K 8.7K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၄၂၇ - ၄၂၈

369 43 0
By KazunoMora

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၁၇

အပိုင်း ၄၂၇ : အန္တရာယ်

လူသားကလန်သည် အင်မော်တယ် ဝိညာဥ် အဆင့်ကို လေ့ကျင့်ကြ၍၊ မိစ္ဆာကလန်သည် မသေဝိညာဥ် အဆင့်အား ကျင့်ကြံကြသည်။ အမှန်အားဖြင့်ဆိုသော် သူတို့၏ အသက်သည် အလွန်အမင်းရှည်ကြ၍၊ အကန့်အသတ်မဲ့လုနီးပါး ဖြစ်သည်။

သို့သော်လည်း ဒါသည် သူတို့က မသေနိုင်ဟု မဆိုလိုပေ။ သူတို့သည် အားကောင်းလှသော ပြင်ပစွမ်းအားစုတို့၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။

ဥပမာအနေဖြင့် ရွှေကျီး မဟာပဏ္ဍိတ၏ ရုပ်ကိုယ်ခန္ဓာသည် ပျက်စီးလုနီးပါး ဖြစ်နေခဲ့၍၊ သူ၏ စိတ်ဝိညာဥ်သည်လည်း အဖိနှိပ်ခံနေရသည်။ သို့သော်လည်း သူသည် သေဆုံးခြင်း မရှိသေးပေ။ သူသည် ဘဝကို အသစ်တစ်ဖန် ပြန်စ၍ ရနိုင်သော်လည်း၊ ယခင်က စွမ်းအားများကို ပြန်ရနိုင် မရနိုင်ဆိုသည်မှာ ကွဲပြားသော အကြောင်းအရာ တစ်ခုဖြစ်သည်။

သို့သော်လည်း ရှေးဟောင်းခွန်းဖန်၏ စိတ်ဝိညာဥ်သည် လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်ကာ၊ ရုပ်အကြွင်းအကျန်သာ ကျန်ရစ်ခဲ့သည်။ ဤကဲ့သို့သော အခြေအနေတွင် ထပ်မံ၍ သေဆုံးရန်ပင် မဖြစ်နိုင်တော့ပေ။ သူ၏ ရုပ်အလောင်းမှာ မိစ္ဆာစွမ်းအားများ ကျန်ရှိနေကာ၊ လက်ရှိခွန်းဖန် လျှို့ဝှက်ကျမ်းစာ ဖြစ်လာခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် လင်းဖုန်းနှင့် ကျန်သောသူများသည်၊ အတိတ်မှ ကြီးစိုးလွှမ်းမိုးနိုင်သည် မိစ္ဆာမှာ ပြန်လည်ရှင်သန်လာသည်ဟု အသေအချာ ခံစားနေကြရသည်!

ခွန်းဖန်း မဟာပဏ္ဍိတသည် ထိုကဲ့သို့သော စွမ်းအားများ မရှိနိုင်ပေ။ ထိုကဲ့သို့သာ မိစ္ဆာတစ်ကောင်၏ အရှေ့တွင်၊ သူသည် ကလေးတစ်ယောက်နှင့်ပင် တူနေပေလိမ့်မည်။

ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းတွင် ယင်နှင့်ယန်တို့၏ စီးဆင်းမှုကို နှောင့်ယှက်နေသည့်၊ ကြောက်မက်ဖွယ်ရာ မှော်စွမ်းအင် တုန်ခါမှုတစ်ခု ပေါ်လာခဲ့သည်။ ခွန်းဖန် လျှို့ဝှက်ကျမ်းစာသည် လေဟာနယ်မှ သွေဖယ်လာခဲ့၍၊ သူ၏ တည်ဆောက်ပုံသည် အဆက်မပြတ် ပြောင်းလဲနေခဲ့ကာ၊ နတ်ဘုရား နယ်မြေမှ မူလကောင်းကင် ကမ္ဘာနှင့် ပေါင်းစပ်လာခဲ့သည်။

ကြီးမားသည်ဟု ထင်နေရသော်လည်း သေးငယ်သည့် အနက်ရောင် အစက်လေးတစ်ခုသည်၊ လင်းဖုန်းနှင့် ကျန်သောသူများ၏ အရှေ့သို့ ပေါ်လာခဲ့သည်။

ထိုအနက်ရောင် အစက်လေး၏ ပုံသဏ္ဌာန်သည် ဖြည်းဖြည်းချင်း ပြောင်းသွားခဲ့ကာ၊ ခွန်းဖန်တစ်ကောင်၏ ပုံစံသို့ ပြောင်းသွားခဲ့သည်။ သူသည် သန္ဓေလောင်း တစ်ခုက တဖြည်းဖြည်းနှင် ပုံပေါ်လာခဲ့သလို ဖြစ်နေခဲ့၏။ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါသည် တကယ်ပဲ သူ၏ ဥအခွံကဲ့သို့ ဖြစ်နေခဲ့သည်။ သူသည် အပြည့်အဝ ရင့်ကျက်လာပါက၊ ဥအခွံကို ထိုးဖောက်၍ ထွက်လာပေတော့မည်။

ပြုစုပျိုးထောင်ခြင်း ဖြစ်စဥ်တွင် ခွန်းဖန်၏ အရွယ်အစားသည် သေးငယ်လာခဲ့ကာ၊ ဘေးပတ်ပတ်လည်မှ ထောင်စုနှစ် မဟူရာ ရေခဲထံမှ ကွာကျလာခဲ့သည်။

မဟူရာရေခဲ၏ ရေခဲစွမ်းအားသည် အခြားသက်ရှိပုံစံများကို အေးခဲနိုင်သည့် အစွမ်းရှိသည်။ တစ်ယောက်၏ အရွယ်အစားကို ပြောင်းလဲလိုက်ခြင်းသည်၊ မဟူရာရေခဲထံမှ ကွာကျခြင်းနှင့် မည်သို့မှ မသက်ဆိုင်နေပေ။

သို့သော်လည်း ထိုခွန်းဖန်သည် နိုးထလာခဲ့သည်နှင့်၊ သူသည် ကြီးမားလှသော ဖန်ဆင်းမှု စွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။ အံ့ဖွယ်ကောင်းလှစွာနှင့် သူသည် ထောင်စုနှစ် မဟူရာ ရေခဲ၏ ရေခဲစွမ်းအားများကို ချေဖျက်နိုင်ခဲ့သည်။

သူသည် ထောင်စုနှစ် မဟူရာ ရေခဲ၏ နှောင်ဖွဲ့မှုများမှနေ လွတ်မြောက်သွားခဲ့သည်နှင့်၊ ထိုခွန်းဖန်သည် ချက်ချင်းပင် သန့်စင်သောယန် အကြွင်းမဲ့ မီးတောက်၏ ဖန်ဆင်းထားသော လမ်းကြောင်းမှတဆင့် လျှောက်လှမ်းသွားခဲ့သည်။ ထိုလမ်းကြောင်း၏ အဆုံးတွင်၊ မဟာလွင်တီးခေါင် ကုန်းမြေနှင့် ဆက်သွယ်ထားသော လေဟာနယ်ကွက်လပ် ရှိပေသည်။

ထိုအနက်ရောင် အစက်လေးသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ၏ အဖြူရောင် အလင်းတန်း အတွင်းမှ ထွက်ခွာသွားခဲ့သည်။ အပြာရောင်ခန်းမ သူတော်စင်သည် ထိုအနက်ရောင် အစက်လေးအား ကြည့်လိုက်ကာ၊ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ကောလဟာလတွေ အရဆိုရင် မဟာလွင်တီးခေါင် ကုန်းမြေက မိစ္ဆာကလန်မှာ၊ သူတို့ရဲ့ သန့်စင်တဲ့ သွေးမျိုးဆက် နောင်လာနောက်သားတွေကို သူတို့ရဲ့ စိတ်ဝိညာဥ် အဆီအနှစ်တွေကို ပူဇော်ပြီး၊ သေဆုံးခဲ့တဲ့ ဘိုးဘေးဘီဘင် တစ်ယောက်ကို ပြန်လည်နိုးထအောင် လုပ်နိုင်တဲ့ လျှို့ဝှက်နည်းစနစ် တစ်ခုရှိတယ်လို့ ပြောတယ်"

"ဒါပေမဲ့ ဒါက မဟာလွင်တီးခေါင် ကုန်းမြေမှာလည်း ဒဏ္ဍာရီ တစ်ခုမျှသာ ဖြစ်တယ်။ ဒီအချိန်အထိ တစ်ယောက်မှ ဒီလိုမျိုး မစွမ်းဆောင်နိုင်ခဲ့ဖူးဘူး။ ဒါပေမဲ့ အခုအချိန်မှာ…"

လက်ဝဲမင်းသားရှန်က မှတ်ချက်ချလိုက်သည်။ "အခုတော့ ကြည့်ရတာ ဒဏ္ဍာရီက အမှန်အတိုင်း ဖြစ်လာခဲ့ပြီး၊ ကျုပ်တို့က တွေ့ကြုံရတာ ကံကောင်းတယ်လို့ ဆိုရမှာပဲ"

သူသည် လင်းဖုန်းဘက်သို့ လှည့်လိုက်ကာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ဝင်္ကပါကို လွှတ်လိုက်ပြီး၊ ကျုပ်တို့ကို ဝင်ခွင့်ပြုလိုက်ပါ။ ဒီမိစ္ဆာရဲ့ ဝိညာဥ်က စွမ်းအား အပြည့်အဝ ပြန်မရခင်၊ အခွင့်ကောင်း ယူပြီးမှ သူ့ကို နောက်တစ်ခေါက် ဖျက်ဆီးရမယ်။ မဟုတ်လို့ရှိရင် နောက်ပိုင်းမှာ သူ့ရဲ့ စွမ်းအားတွေက မမှန်းဆနိုင်လောက်တဲ့အထိ ဖြစ်သွားလိမ့်မယ်"

လင်းဖုန်းသည် သူ၏လက်ကို အသုံးပြုလိုက်ကာ မှော်ကျိန်စာအား ပြောင်းလဲလိုက်ကာ၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါမှ အဖြူရောင် အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ သူသည် ခွန်းဖန်မဟာပဏ္ဍိတ ဖန်တီးထားသည့် လမ်းကြောင်းကို တွန်းလွှတ်လိုက်၍၊ သူနှင့် အစောက ပြိုင်ဆိုင်နေခဲ့သည် ချန်းယွင်သူတော်စင်အား ပြန်ခေါ်လိုက်သည်။

သူသည် သူ၏လက်ဝါးများကို စုစည်းလိုက်ရာ၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါသည် နောက်ထပ်တစ်ခေါက် ပြောင်းလဲသွားခဲ့သည်။ သူသည် ချန်းယွင်သူတော်စင်၊ အပြာရောင်ခန်းမ သူတော်စင်၊ လက်ဝဲမင်းသားရှန်နှင့် ကျန်သောသူများကို ဝင်္ကပါ၏ အလယ်သို့ ပို့ပေးလိုက်၏။

အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်အုပ်စုတို့သည် ဘာမှအားနာ မနေခဲ့ပဲ၊ ပြန်လည်ရှင်သန်လာသော ရှေးဟောင်းခွန်းဖန်အား ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။

သူတို့၏ တပည့်များ အားလုံးတို့သည် ခွန်းဖန်၏ အစာအိမ်အတွင်းတွင် ရှိနေကြသည်။ အကယ်၍ ထိုရှေးဟောင်းခွန်းဖန်သည် အပြည့်အဝ နိုးထလာပါက၊ သူ၏ အစာအိမ်အတွင်းမှ ကျင့်ကြံသူများသည် ချက်ချင်းပင် သေဆုံးကုန်ကြမည် ဖြစ်သည်။

ရွှင်ပျော်ပျော် သူတော်စင်နှင့် ကျန်သောသူများသည် လင်းဖုန်း၏ စကားကို နားထောင်ပြီး၊ ခွန်းဖန် လျှို့ဝှက်ကျမ်းစာ၏ အတွင်းဘက်သို့ မဝင်သွားမိသည်ကို ကံကောင်းသည်ဟု ခံစားနေကြသည်။ မဟုတ်လျှင် သူတို့သည်လည်း ခွန်းဖန်၏ အစာအိမ်အတွင်းသို့ ကျရောက်သွားကြမည် ဖြစ်သည်။

ခွန်းဖန်၏ အစာအိမ် အတွင်းတွင်၊ ခွန်းဖန် ဖန်တီးထားခဲ့သည် သီးသန့်ကမ္ဘာငယ်တစ်ခု ရှိနေခြင်း ဖြစ်သည်။ အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်ယောက်ပင် ဖြစ်စေကာမူ၊ သူ့အတွက် အမတန်မှ အန္တရာယ် ကြီးမည်ဖြစ်သည်။ သူ၏စွမ်းအားများသည် အဖိနှိပ်ခံထားရမည် ဖြစ်၍၊ သူ၏ နည်းစနစ်များ၏ ၃၀%ထက်ကျော်၍ ထုတ်လွှတ်နိုင်မည် မဟုတ်ပေ။

ယခုအချိန်တွင်မူ အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများ အားလုံးတို့သည်၊ အားလုံးစုပေါင်းကာ ထိုခွန်းဖန်အား တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ဤခွန်းဖန်သည် ယခုမှ နိုးထလာခဲ့ကာ၊ အပြည့်အဝ ရှင်သန်လာခဲ့ခြင်း မရှိသေးပေ။ ရွှင်ပျော်ပျော် သူတော်စင်နှင့် ကျန်သောသူများသည် သူ့အား တိုက်ခိုက်ရန် အခွင့်အရေးများ ရှိကြသေးသည်။

သူသည် တစ်ဝက်တစ်ပျက်သာ နိုးထသေးသော်လည်း၊ အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများသည် သူတို့၏ သတိများကို မလွတ်ရဲကြပေ။ သူတို့အားလုံးတို့သည် အင်မော်တယ် ဝိညာဥ် ကိုယ်ပွားများကို တပြိုင်နက် ထုတ်လွှတ်လိုက်ကြ၏။

ချန်းယွင်သူတော်စင်သည် အဆုံးမဲ့ လေဟာနယ်ကို ဖုံးလွှမ်းထားသည့်၊ တိမ်တိုက်ပင်လယ် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါအား ဖုံးလွှမ်းသွားနိုင်ခဲ့သည်။

အပြာရောင်ခန်းမ သူတော်စင်သည် ချန်းယွင်သူတော်စင်၏ တိမ်တိုက်ပင်လယ် အတွင်းသို့ ဝင်သွားခဲ့ရာ၊ တစ်ခဏအတွင်းတွင် အဖြူရောင် တိမ်တိုက်များသည် မှောင်မည်းသွားခဲ့၏။

အနက်ရောင် တိမ်တိုက်များ အကြားတွင်၊ ခရမ်းပြာရောင် လျှပ်စီးများသည် တောက်ပလာခဲ့ကာ မိုးခြိန်းသံများ မြည်ဟည်းလာခဲ့သည်။ စစ်ခေါ်သံ တစ်ခုအလား ဖြစ်နေခဲ့သည်။

တစ်ခါတစ်ရံတွင် အပြာရောင် လျှပ်စီးနဂါးများသည်၊ အနက်ရောင် တိမ်တိုက်များ အတွင်းမှ ခေါင်းများ ပြူထွက်လာကြသည်။ သူတို့သည် သူတို့၏ လက်သည်းများ အချို့ကို ပြသခဲ့သော်လည်း၊ မကြာခင်တွင် ပြန်လည်ပျောက်ကွယ်သွားကြသည်။

လျှပ်စီးနဂါး ထောင်ပေါင်းများစွာတို့သည် တိမ်တိုက်ပင်လယ် အတွင်းတွင် လှုပ်ရှားနေကြ၏။ သူတို့သည် မြင့်လိုက်နိမ့်လိုက် ဖြစ်နေကြ၍၊ အားကောင်းလှသည့် မှော်စွမ်းအင် လှုပ်ရှားမှုများသည် အားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

အခြားတစ်ဘက်တွင် ရွှင်ပျော်ပျော် သူတော်စင်သည် အော်ဟစ်လိုက်ကာ၊ ဘီလူးကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လူခန္ဓာကိုယ် နဂါးခေါင်းနှင့် ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အစိမ်းရောင် အလင်းတန်းများက ပေါ်ထွက်လာခဲ့ကာ၊ သိပ်သည်းလှသည် အသက်စွမ်းအင် အော်ရာများနှင့် ပြည့်ဝနေခဲ့၏။

အစိမ်းရောင် အစစ်အမှန် တော်ဝင်နဂါး ဧကရာဇ်!

ရွှင်ပျော်ပျော် သူတော်စင်သည် မဟာချင် အင်ပါယာပိုင်ဆိုင်သည့် တော်ဝင်နဂါး ငါးကောင်တို့၏ လျှို့ဝှက်ကျမ်းစာမှ၊ အစိမ်းရောင် တော်ဝင်နဂါး ကျင့်စဥ်အား လေ့ကျင့်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားမှာ အစိမ်းရောင် အစစ်အမှန် တော်ဝင်နဂါး ဧကရာဇ် ဖြစ်နေခြင်း ဖြစ်သည်။

မိုးကြိုးသည် အသက်နှင့် အရာဝတ္ထုများ အားလုံးအား ဆင့်ခေါ်နိုင်သည့် စွမ်းရည်ရှိသည်။ အနက်ရောင် တိမ်တိုက်များအကြားမှ မိုးကြိုးတို့၏ အားဖြည့်ပေးမှုနှင့်အတူ၊ ရွှင်ပျော်ပျော် သူတော်စင်၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားသည် စွမ်းအားပိုမို တိုးတက်လာခဲ့သည်။

သူသည် မတိုက်ခိုက်ခဲ့ပဲ လက်ဝဲမင်းသားရှန်၏ ကိုယ်ခန္ဓာအား ဝင်စားလိုက်သည်။

လက်ဝဲမင်းသားရှန်၏ ရုပ်ခန္ဓာကိုယ် သိုင်းပညာရပ်သည် အလွန်ပင် အစွမ်းထက်လှ၏။ ရွှင်ပျော်ပျော် သူတော်စင်၏ အကူအညီနှင့်၊ သူ၏ စွမ်းအားများသည် အဆပေါင်းများစွာ ပိုမိုတိုးတက်လာကြသည်။ သူ၏လက်အား မြှောက်လိုက်သည်နှင့် တပြိုင်နက် လေဟာနယ်သည် ပြိုကွဲသွားခဲ့ကာ၊ ကြမ်းတမ်းလှသည့် စွမ်းအားများသည် ဘေးပတ်ဝန်းကျင်မှ စိတ်ဝိညာဥ် စွမ်းအင်များကို ဖျက်ဆီးပစ်ခဲ့သည်။

"ဝုန်း!" လက်ဝဲမင်းသားရှန်သည် သိုင်းကွက်ကို ထုတ်လိုက်ကာ၊ လေဟာနယ်ကို ပျက်စီးစေခဲ့သည်။ သူသည် ရှေးဟောင်းခွန်းဖန်၏ အရှေ့သို့ ရောက်သည်နှင့် တပြိုင်နက်၊ သူ၏ညာခြေကို ဆန့်တန်းလိုက်ကာ သူ့အားကန်လိုက်ရာ၊ လေဟာနယ် စိတ်ဝိညာဥ် စွမ်းအင်များသည်  ပျက်စီးသွားခဲ့ကာ ရှေးဟောင်းခွန်းဖန်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားကြသည်။

တစ်ချိန်တည်းမှာပင် ချန်းယွင်သူတော်စင်နှင့် အပြာရောင်ခန်းမ သူတော်စင်တို့သည်၊ သူတို့၏ စွမ်းအားကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြသည်။ မိုးကြိုးတိမ်တိုက်များ အကြားတွင် လျှပ်စီးများသည် လက်သွားကြကာ၊ မိုးကြိုးများသည် ခြိန်းနေကြ၍ မိုးကြိုးပင်လယ် တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။ လျှပ်စီးနဂါးများသည် ခွန်းဖန်၏ ခန္ဓာကိုယ်အား ခက်ထန်သော မိုးကြိုးမုန်တိုင်းများ အဖြစ် တိုက်ခိုက်နေကြသည်။

ချောင်ဝေနှင့် ဝင်ရိုးစွန်းပင်လယ် သူတော်စင်တို့သည် တိုက်ရိုက် မတိုက်ခိုက်ကြပဲ၊ သူတို့၏ မှော်စွမ်းအင်များကို အသုံးပြုကာ ထောင်စုနှစ် မဟူရာ ရေခဲအား ထောက်ပံ့နေကြ၏။ သူတို့သည် ထောင်စုနှစ် မဟူရာ ရေခဲ၏ အအေးစွမ်းအားများကို၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းသို့ ပို့ဆောင်နေကြသည်။ ပြီးတာနှင့် ထိုစွမ်းအားများကို အသုံးပြုကာ ခွန်းဖန်၏ လျှင်မြန်သော လှုပ်ရှားမှုများအား ကန့်သတ်နေကြ၏။ ထိုကဲ့သို့ ပြုလုပ်ကာ အပြာရောင်ခန်းမ သူတော်စင်နှင့် လက်ဝဲမင်းသားရှန်တို့အား တိုက်ခိုက်နိုင်ကြရန်၊ အခွင့်အရေးများကို ဖော်ဆောင်ပေးနေကြသည်။

အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲများသည် ယခင်က အတူတကွ ပူးပေါင်း အတိုက်ခိုက်ကြဖူးပဲ၊ အချို့ဆိုလျှင် ဆက်ဆံရေးများပင် အဆင်မပြေ ဖြစ်နေကြသည်။ သို့သော်လည်း ယခုအချိန်တွင် သူတို့အားလုံးတို့သည် အပေးအယူ မျှမျှနှင့် ပူးပေါင်းဆောင်ရွက်နေကြ၍၊ ပြင်းထန်သော အရှိန်အဟုန်ဖြင့် တိုက်ခိုက်နေကြသည်။

သို့သော်လည်း ရှေးဟောင်းခွန်းဖန်သည် သူတို့ထက်ပင် ပို၍သန်မာနေသေး၏။

ထိုကဲ့သို့သော ပြင်းထန်သည့် တိုက်ခိုက်မှုအား ခံခဲ့ရချိန်တွင်၊ ထိုအနက်ရောင် အစက်လေးသည် ဘာမှ မလှုပ်ရှားခဲ့ပေ။

သူသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ပြီးတာနှင့် ထိုသေးငယ်လှသည်ဟု ထင်ရသည့် အနက်ရောင် အစက်လေးသည်၊ ကမ္ဘာကြီး တစ်ခုလုံးအား စိုးမိုးသွားခဲ့သည်။

ကြီးစိုးလွှမ်းမိုးနိုင်သော ခွန်းဖန်၏ ကြမ်းတမ်းလှသည့် စွမ်းအားများသည်၊ နေရာတစ်ခုလုံးအား တိုက်ခတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင်၊ မိုးကြိုးတိမ်တိုက်များမှာ အဝေးသို့ လွင့်စင်သွားခဲ့သည်။

သူသည် ဧရာမ ငါးကြီးသဏ္ဌာန်ကို ဖန်ဆင်းလိုက်၍၊ သူ၏ အမြီးအား ဝှေ့ယမ်းလိုက်သည်။ ထိုအချိန်တွင် ကမ္ဘာကြီး တစ်ခုလုံးသည် တုန်ခါလာခဲ့၏။ မူလက အလွန်ခက်ထန်လှသည့် လက်ဝဲမင်းသားရှန်သည် ထိုမွန်းစတား၏ ရိုက်ချက်ကို ခံလိုက်ရသည်။

ရွှင်ပျော်ပျော် သူတော်စင်၏ အစိမ်းရောင် အစစ်အမှန် တော်ဝင်နဂါး ကိုယ်ပွားသည်၊ အတိုက်ခိုက် ခံခဲ့ရသည်နှင့် လက်ဝဲမင်းသားရှန်နှင့် ကွဲကွာသွားခဲ့သည်။

ဧရာမ ငါးကြီးသည် ဧရာမ ငှက်ကြီးပုံစံသို့ ပြန်ပြောင်းသွားခဲ့သည်။ သူ၏ အတောင်ပံများကို ဝှေ့ယမ်းလိုက်ရာ၊ ထောင်စုနှစ် မဟူရာ ရေခဲ၏ အအေးစွမ်းအားများသည် သူ့အား နှောင့်နှေးအောင် မလုပ်နိုင်ခဲ့ပေ။

ပြီးတာနှင့် ခွန်းဖန်၏ အရွယ်အစားသည် ပြန်လည် သေးငယ်သွားခဲ့ကာ၊ အနက်ရောင် အစက်လေး အဖြစ်သို့ ပြန်လည်ပြောင်းသွားခဲ့ပြီး လျှင်မြန်စွာနှင့် ရွေ့လျားသွားခဲ့၏။

အပြာရောင်ခန်းမ သူတော်စင်က ပြောလိုက်သည်။ "သူက နိုးထခါစပဲ ရှိသေးပြီး၊ သတိကောင်းကောင်း မရသေးဘူး။ သူက သွေးမျိုးဆက်ရဲ့ ဆက်သွယ်မှုနဲ့ သူ့ရဲ့ ကလန်ရှိတဲ့ မဟာလွင်တီးခေါင် ကုန်းမြေကို ပျံသန်းသွားချင်နေတာ"

သူ၏စကား မဆုံးခင်တွင် ခွန်းဖန်သည် သူ၏လမ်းကြောင်းကို ပြောင်းလိုက်ကာ၊ လှည့်လိုက်ပြီး လက်ဝဲမင်းသားရှန်၏ ဘေးသို့ ရောက်ရှိလာခဲ့သည်။

"ငါ့ရဲ့ ရုပ်အလောင်းကို တပ်မက်တဲ့ သူတွေက၊ ငါ့ရဲ့အစာတွေ ဖြစ်ရလိမ့်မယ်"

"ငါတို့ ဘိုးဘေးဘီဘင်ရဲ့ အမွေအနှစ်တွေကို တပ်မက်တဲ့ သူတွေအားလုံး သေရမယ်"

လေဟာနယ် အတွင်းတွင် အသံနှစ်ခုသည် ပဲ့တင်ထပ်နေခဲ့ကာ အချင်းချင်း ထပ်နေကြသည်။ သူတို့သည် အဆက်မပြတ် အော်မြည်နေကြ၏။

အသံ၏ စွမ်းအားနှင့်တင် လေဟာနယ်သည် တုန်ခါသွား၍၊ အက်ကွဲကြောင်းများ ပေါ်လာကြသည်။

"သူက အသိဉာဏ်ကို ပြန်ရလာပြီ!" အပြာရောင်ခန်းမ သူတော်စင်၏ အမူအရာသည် ရုတ်တရက် ပြောင်းသွားခဲ့သည်။ "လက်ဝဲမင်းသားရှန်၊ ချက်ချင်း နောက်ပြန်ဆုတ်!"

လက်ဝဲမင်းသားရှန်သည် အခုလေးတင်ကမှ ခွန်းဖန်၏ ပြင်းထန်သည့် တိုက်ခိုက်မှုအား ခံခဲ့ရသည်။ သူ၏ ရုပ်ခန္ဓာကိုယ်သည် အလွန်အမင်း သန်စွမ်းသော်လည်း၊ သူ၏ တစ်ကိုယ်လုံးသည် ကျိုးကြေတော့မည်ကဲ့သို့ ခံစားနေရ၏။

ခွန်းဖန်က သူ့ထံသို့ ခုန်အုပ်လာသည်ကို မြင်လိုက်ရသောအခါ၊ သူသည် ချက်ချင်း နောက်သို့ဆုတ်လိုက်သည်။ သို့သော်လည်း လက်သည်းများက သူ့အား ကုတ်ဆွဲလာခဲ့သည်ကို မြင်လိုက်ရသည်။

လက်ဝဲမင်းသားရှန်၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားနှင့် ရုပ်ခန္ဓာကိုယ် အသွေးအသားတို့သည် တစ်သားတည်း ဖြစ်သည်။ သူ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွား၏ အမြန်နှုန်းမှာ၊ အခြား အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများလောက် မမြန်ပေ။ သို့သော်လည်း အနီးကပ် တိုက်ခိုက်မှုတွင်၊ သူ၏ ခန္ဓာကိုယ် စွမ်းအား၏ ပေါက်ကွဲမှုသည် အခြားသူများထက် သာလွန်ခဲ့သည်။

သို့သော်လည်း ခွန်းဖန်၏ လက်သည်းများသည် လေဟာနယ် တစ်ခုလုံးကို ဖိနှိပ်ထားခဲ့ကာ၊ သူအလိုရှိသည့် နေရာအထိကို ဆန့်တန်းနိုင်စွမ်း ရှိနေခဲ့သည်။ လက်ဝဲမင်းသားရှန်သည် မည်ကဲ့သို့ ကြိုးစား၍ ရှောင်တိမ်းသော်လည်း၊ သူသည် ထိုလက်သည်းဖုံးလွှမ်းထားသည့် နေရာမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ထိုလက်သည်းသည် နေမင်းအား ဖုံးကွယ်ခဲ့ကာ၊ လက်ဝဲမင်းသားရှန်အား ရုတ်ချည်းပင် ကုတ်ဆွဲလိုက်သည်။

လက်ဝဲမင်းသားရှန်သည် ထိတ်လန့်သွားခဲ့ကာ၊ သူ၏ တစ်ကိုယ်လုံးမှ သွေးများ ဆူပွက်လာခဲ့သည်။ သူသည် လေဟာနယ်ကို ဖရိုဖရဲ ဖြစ်သွားစေသည့် ကြမ်းတမ်းသည့် ခွန်အားများကို ထုတ်လွှတ်လိုက်သည်။

သို့သော်လည်း ခွန်းဖန်၏ လက်သည်းများမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ မည်ကဲ့သို့ ကစဥ့်ကလျား ဖြစ်နေသည့် လေဟာနယ်ကိုပင်ဖြစ်စေ၊ သူသည် ဖိနှိပ်နိုင်ခဲ့သည်။

လက်ဝဲမင်းသားရှန်သည် ခွန်းဖန်အား ခုခံရန် စွမ်းအားရှိသမျှ ကြိုးစားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် အဖမ်းခံလိုက်ရ၏။ သူ၏ ရုပ်ခန္ဓာကိုယ် အသွေးအသားများသည် ကြေမွကုန်သည်ဟု ခံစားနေရသည်။

ဒါသည် ထိုခွန်းဖန်၏ အသန်မာဆုံး အခြေအနေသို့ မရောက်သေးပေ။ မဟုတ်လျှင် သူ၏ လက်သည်းများနှင့်ပင် အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်ယောက်အား သတ်ရန် လုံလောက်နေမည် ဖြစ်သည်။

အားလုံးသည် တစ်အုပ်စုတည်း ဖြစ်သဖြင့်၊ သူတို့သည် လက်ဝဲမင်းသားရှန် အဖမ်းခံနေရသည်ကို ထိုင်ကြည့်မနေကြပေ။ သူတို့သည် သူတို့၏ စွမ်းအားများကို ထုတ်ဖော်လိုက်ကြကာ၊ ခွန်းဖန်အား တိုက်ခိုက်လိုက်ကြသည်။

"သန်စွမ်းလိုက်တဲ့ မိစ္ဆာ!" ဝင်ရိုးစွန်းပင်လယ် သူတော်စင်သည် ဟိန်းဟောက်လိုက်ကာ၊ သူ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားအား ထုတ်ဖော်လိုက်သည်။ သူသည် ကျယ်ပြန့်လှသော နေရာကြီးကို လွှမ်းခြုံထားသည့် ရေခဲပင်လယ်တစ်ခု ဖြစ်သွားခဲ့သည်။

ဝင်ရိုးစွန်း ပင်လယ် သူတော်စင်၏ တိုက်ခိုက်မှုကို၊ ခွန်းဖန်သည် မရှောင်ခဲ့ပေ။ သူသည် ပါးစပ်ကိုပင် ဟလိုက်ကာ၊ တွင်းနက်ကြီးကဲ့သို့ ထိုကျယ်ပြန့်လှသည် ရေခဲပင်လယ်အား မျိုချလိုက်သည်။

ကျယ်ပြန့်လှသည့် ရေခဲပင်လယ်နှင့် ပင်လယ်ရေ အမြောက်အမြားတို့သည် ခွန်းဖန်၏ မျိုချခြင်းအား ခံလိုက်ရသည်။

ထိုရေခဲပင်လယ်ကြီးမှာ ဝင်ရိုးစွန်း ပင်လယ် သူတော်စင်၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွား ဖြစ်သည်။ ယခုအချိန်တွင် သူသည် ခွန်းဖန်၏ မျိုချခြင်းကို ခံလိုက်ရသော်လည်း၊ သူသည် ချက်ချင်းတော့ မသေသေးပေ။ သို့သော်လည်း သူသည် လက်ဝဲမင်းသားရှန်ကဲ့သို့ပင် အန္တရာယ် ကြီးမားသည့် အခြေအနေနှင့် တွေ့ကြုံနေခဲ့ရသည်။

"မင်းတို့အားလုံး သေရမယ်!" ခွန်းဖန်သည် အော်ဟစ်လိုက်ကာ၊ သူ၏လက်သည်းများကို အားပိုစိုက်လိုက်သည်။

ဘန်း! ဘန်း! ဘန်း!

ဂျွတ်! ဂျွတ်! ဂျွတ်!

လေးကြိုးပြတ်သည့် အသံနှင့် သံများ ကျိုးကြေကုန်သည့် အသံများ ပေါ်ထွက်လာခဲ့သည်။ လက်ဝဲမင်းသားရှန်သည် ခက်ထန်စွာ အော်ဟစ်လိုက်၍၊ သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။ သူ၏ အရိုးများမှာ ခွန်းဖန်၏ ခြေမွမှုအား ခံလိုက်ကြရသည်။

လေဟာနယ်ကိုပင် ဆွဲဖြဲနိုင်သည့် ရုပ်ကိုယ်ခန္ဓာ သိုင်းပညာရပ်များကို ပိုင်ဆိုင်ထားသည့်၊ စွမ်းအားကြီးလှသည် အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲတစ်ယောက်သည်၊ ခွန်းဖန်၏ အရှင်လတ်လတ် ဖိခြေသတ်ဖြတ်ခြင်းအား ခံခဲ့လိုက်ရသည်။

ကျန်နေသေးသော သူများသည် ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ မျက်စိတစ်မှိတ် အတွင်းပင်၊ အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲ နှစ်ယောက်တို့သည် ဆိုးရွားစွာ ကျရှုံးသွားခဲ့ကြသည်။ တစ်ဦးမှာ အရှင်လတ်လတ် အဖိခြေခံလိုက်ရ၍၊ တစ်ယောက်မှာ မျိုချခြင်း ခံလိုက်ရ၍ သေဆုံးရန် သိပ်မလိုတော့ပေ။

လေထုထဲတွင် အန္တရာယ်၏ အငွေ့အသက်များနှင့် ပြည့်နှက်နေကာ၊ နတ်ဆိုး၏ အခိုးအငွေ့များနှင့် လွှမ်းခြုံနေခဲ့သည်။

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu





ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၁၈

အပိုင်း ၄၂၈ : မင်းအတွက် မီးတောက်တစ်ခု ထပ်ထွန်းပေးမယ်

အချိန်ကြာလာသည်နှင့်အမျှ ခွန်းဖန်၏ စွမ်းအားများမှာ ပို၍ပို၍ သန်မာလာခဲ့သည်။ သူသည် သူ၏ အတိတ်က စွမ်းအားများကို ပြန်လည်၍ ရလာခဲ့သည်။

သူသည် ကျန်သောသူများအား အလွတ်ပေးမည် မဟုတ်သည်မှာ သိသာနေသည်။ သူ၏ လက်သည်းများမှာ လက်ဝဲမင်းသားရှန်အား ကုတ်ဆွဲထားရင်းနှင့်၊ ကျန်သောသူများထံသို့ ပျံသန်းလာခဲ့သည်။

ခွန်းဖန်သည် ပျံသန်းသော မိစ္ဆာများအနက် အစွမ်းအထက်ဆုံး ဖြစ်သည့် ငှက်ပုံသဏ္ဌာန်ကို ဖန်ဆင်းထားသဖြင့်၊ သူ၏ အမြန်နှုန်းမှာ မယုံနိုင်အောင် မြန်ဆန်လွန်းသည်။ သူကသာ သတ်ဖြတ်ချင်သည် ဆိုပါက၊ သတ်ကွင်းအတွင်းမှ လူများမှာ လွတ်နိုင်ခြေ မရှိပေ။

"နတ်ဘုရားတို့အား အံတုတော်လှန်တဲ့ ကောင်းကင်ကျောက်တုံး…" အပြာရောင်ခန်းမ သူတော်စင်နှင့် ကျန်သောသူများ၏ သတင်း အချက်အလက်များကို ပေါင်းစည်းလိုက်ကာ၊ လင်းဖုန်းသည် စနစ်၏ အတွင်းသို့ ဝင်ကြည့်လိုက်သည်။ သူသည် ရှေးဟောင်းခွန်းဖန်၏ ဝိညာဥ်က အဘယ်ကြောင့် ပြန်လာနိုင်သည်ကို သိရှိခဲ့သည်။

ခဏတာ စဥ်းစားအပြီးတွင် သူသည် စတင်လှုပ်ရှားလိုက်သည်။ သို့သော်လည်း သူသည် ဝင်္ကပါအတွင်းမှ ခွန်းဖန်အား ဦးမတည်ခဲ့ပေ။

လင်းဖုန်း၏ ပစ်မှတ်မှာ ဝင်္ကပါ၏ အပြင်ဘက်မှ၊ ခွန်းဖန် မဟာပဏ္ဍိတက ထကြွလှုပ်ရှားနေသည့် လေဟာနယ် အချိန်ကာလ အကြားမှ တည်ဆောက်ထားသည့် လမ်းကြောင်းပင် ဖြစ်သည်။

ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ၏ စွမ်းအားများကို ထုတ်ဖော်လိုက်ရာ၊ လမ်းကြောင်း၏ ထိပ်ဖျားသည် ပိတ်မိသွားခဲ့သည်။

"ကောင်းကင်၏ စည်းရိုးများ" လင်းဖုန်း၏ ဘယ်ဘက်လက်သည် လှံတံကဲ့သို့ ဆန့်တန်းလိုက်ပြီး၊ အောက်သို့ ခုတ်ချလိုက်သည်။ ကောင်းကင်၏ စည်းရိုးများ မှော်ကျိန်စာနှင့် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါတို့သည် ပေါင်းစည်းသွားခဲ့၏။

ဝင်္ကပါသည် ခက်ထန်သော သားရဲအဖြစ်သို့ ပြောင်းသွားခဲ့ကာ၊ လမ်းကြောင်းအား ဝါးမျိုလိုက်သည်။ ပြီးတာသည် သူ၏ သွားများကို အသုံးပြုလိုက်ကာ၊ လမ်းကြောင်းအား သန်မာစွာ ကိုက်ချလိုက်၏။

ထိုလမ်းကြောင်းသည် ပျက်စီးသွားခဲ့ကာ၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းတွင် ပိတ်မိသွားခဲ့သည်။

ခွန်းဖန် မဟာပဏ္ဍိတသည် အံ့ဩတုန်လှုပ်သွားခဲ့သည်။ ထိုလမ်းကြောင်း၏ အဓိက ရည်ရွယ်ချက်မှာ ပြန်လာရန် ဖြစ်ပြီး၊ တိုက်ခိုက်ရန် မဟုတ်ပေ။ သို့သော်လည်း သူ့အား အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့သဖြင့်၊ သူသည် မှင်သက်သွားခဲ့၏။ "ဟိုဘက်မှာ ဘယ်သူများ ရှိနေတာလဲ"

ခွန်းဖန် မဟာပဏ္ဍိတနှင့် ဆက်သွယ်မှု ပြတ်တောက်သွားသဖြင့်၊ လမ်းကြောင်းသည် ပြိုကွဲသွားခဲ့ကာ ကျောက်စိမ်းပြာရောင် သွေးအဆီအနှစ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ယခုသွေးအဆီအနှစ်မှာ မသေဝိညာဥ်အား ဖန်ဆင်းထားပြီးသည့် ခွန်းဖန် မဟာပဏ္ဍိတထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ တောက်ပစန္ဒာ ဂရန်းမာစတာထံမှ ရရှိခဲ့သော သွေးနှင့်မူ၊ ဆီနှင့်ရေကဲ့သို့ပင် ဖြစ်သည်။

ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းတွင် အပိတ်ဆို့ ခံနေရသော်လည်း၊ ထိုသွေး အဆီအနှစ်သည် မလွင့်ပြယ်သွားသည့်အပြင် ပို၍ပင် သန်မာလာခဲ့သည်။ ဖြည်းဖြည်းချင်းနှင့် သူသည် ခွန်းဖန်၏ ပုံစံသို့ ပြောင်းသွားခဲ့ကာ၊ ခွန်းဖန် မဟာပဏ္ဍိတ၏ ကိုယ်ပွား ဖြစ်လာခဲ့သည်။

လင်းဖုန်းသည် ထိုအခွင့်အရေးမျိုးကို မပေးခဲ့ပေ။ သူသည် ကောင်းကင်၏ စည်းရိုးများကို ထပ်မံ အသုံးပြုလိုက်ကာ၊ ခွန်းဖန် မဟာပဏ္ဍိတနှင့် သူ၏ သွေးအဆီအနှစ်၏ ဆက်သွယ်မှုအား ဖြတ်တောက်လိုက်သည်။

ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါသည် ထိုသွေး အဆီအနှစ်အား ပိတ်ဆို့ထားခဲ့ရင်း၊ လျှင်မြန်စွာနှင့် သန့်စင်လိုက်သည်။ ခွန်းဖန် မဟာပဏ္ဍိတ ထားရှိထားသည့် အတွင်းမှ သဘာဝလွန် အသိစိတ် အမှတ်များကို ဖယ်ရှားလိုက်သည်။

အချိန်အနည်းငယ်မျှ စိတ်ပျံ့လွင့်သွား အပြီးတွင်၊ ရှေးဟောင်းခွန်းဖန်၏ စွမ်းအားများမှာ ပို၍ တိုးတက်လာခဲ့သည်။ ရွှင်ပျော်ပျော် သူတော်စင်နှင့် ကျန်သောသူများ၏ တိုက်ခိုက်မှုကြောင့်သာ မဟုတ်လျှင်၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါသည် ပြိုလဲသွားပေတော့မည်။

လင်းဖုန်းသည် သူ့အားကြည့်နေရင်း တွေးလိုက်သည်။ "ရှောင်ပုတန်နဲ့ ကျန်တဲ့သူတွေက သူ့ရဲ့ အစာအိမ်ထဲမှာ ရှိနေသေးတယ်။ ဒါဆိုတော့ ငါက ယုကျင်းတောင်ကို အသုံးပြုပြီး သူ့ကို တိုက်ခိုက်ရမှာပဲ။ အခုအချိန်မှာတော့ အနည်းငယ် ရှုပ်ထွေးတဲ့ နည်းလမ်းကိုသာ အသုံးပြုနိုင်ဦးမယ်။ ငါ့ရဲ့ ခန့်မှန်းချက်တွေက မှန်မယ်လို့ ဆုတောင်းရမှာပဲ"

သူ၏ သံမဏိသစ်ပင် ကိုယ်ပွားသည် သူ၏ဘေးတွင် ပေါ်လာခဲ့သည်။ လင်းဖုန်းသည် သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်ကာ၊ သန့်စင်ထားသည် ခွန်းဖန် သွေးအဆီအနှစ်သည် သံမဏိသစ်ပင် ကိုယ်ပွား၏ မျက်ခုံးကြားသို့ ဝင်သွားခဲ့သည်။

သံမဏိသစ်ပင် ကိုယ်ပွားနှင့် ရှေးဟောင်းခွန်းဖန် အကြားတွင်၊ သေးငယ်သော ရွှေရောင်လိုင်းလေး ပေါ်လာခဲ့သည်။

သံမဏိသစ်ပင် ကိုယ်ပွားသည် အပေါ်သို့ ပျံတက်သွားခဲ့ကာ၊ အလင်းတန်း တစ်ခုအဖြစ် ရှေးဟောင်းခွန်းဖန် ထံသို့ ထိုးတက်သွားခဲ့သည်။

ခွန်းဖန်သည် မရှောင်ခဲ့ပဲ၊ သူ၏ ပါးစပ်ကို ဟလိုက်ကာ ထိုအလင်းတန်းအား မျိုချလိုက်သည်။

အပြာရောင်ခန်းမ သူတော်စင်၊ ချန်းယွင် သူတော်စင်နှင့် ကျန်သောသူများသည် အံ့အားသင်သွားကြသည်။ "ဒီလူက ဘာလုပ်နေတာလဲ"

သူတို့သည် လင်းဖုန်း၏ ကိုယ်ပွားသည် အခြေတည် ဝိညာဥ် အဆင့်တွင်သာ ရှိသေးမှန်းကို သိနေကြသည်။ သူ၏ အခြေခံ အုတ်မြစ်များမှာ ခိုင်မာ၍ တိုက်ခိုက်နိုင်စွမ်းမှာ သန်မာသော်လည်း၊ ဘာပဲပြောပြော သူသည် အခြေတည် ဝိညာဥ် အဆင့်တွင်သာ ရှိနေသေးသည်။

သူသည် ခွန်းဖန်၏ အစာအိမ် အတွင်းသို့ ရောက်သွားပါက၊ တစ်ခုခု လုပ်နိုင်မည်ဟု ထင်ထားပါက နေ့ခင်းကြောင်တောင် အိမ်မက်မက်နေခြင်းပင် ဖြစ်ပေလိမ့်မည်။ အကယ်၍ တစ်ဘက်သားသည် စွမ်းအားနည်းပါက ဖြစ်နိုင်ကောင်း ဖြစ်နိုင်လိမ့်မည်။ သို့သော်လည်း မသေဝိညာဥ် တတိယ အဆင့်မှ မိစ္ဆာတစ်ကောင် အတွက်မူ၊ သူသည် ဘာမှ မဟုတ်ပေ။

ဝင်ရိုးစွန်းပင်လယ် သူတော်စင်ပင်လျှင် ဘာမှမလုပ်နိုင်ခဲ့ရာ၊ လင်းဖုန်း၏ သံမဏိသစ်ပင် ကိုယ်ပွားက ဘာများတတ်နိုင်မည်နည်း။

ထို့အပြင် သံမဏိသစ်ပင် ကိုယ်ပွား၏ အတွင်းမှ သွေးအဆီအနှစ်သည်၊ ရှေးဟောင်းခွန်းဖန် အတွက် အားဆေးတစ်ခွက်ဖြစ်သွားကာ သူ၏ ပြန်လည်သန်စွမ်းလာမှုကို ကူညီနိုင်လိမ့်မည်။

သူ၏ အတောင်များကို ခတ်လိုက်ကာ ဧရာမ လှံတစ်ချောင်းကဲ့သို့၊ ချန်းယွင်သူတော်စင်၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွားဖြစ်သော အဖြူရောင် တိမ်တိုက်များကို ဖြတ်တောက်လိုက်သည်။ ချန်းယွင် သူတော်စင်၏ အသက်စွမ်းအင်များမှာ ထိခိုက်သွားခဲ့ပြီး၊ သူ၏ အင်္ကျီလက်ဝ အတွင်းတွင် ဖဲချပ်များ မရှိခဲ့လျှင်၊ သူသည် လက်ဝဲမင်းသားရှန်၏ အနောက်သို့ လိုက်သွားရပေတော့မည်။

အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲများသည် စိတ်ဓာတ်များ ကျကုန်ကြသည်။ လင်းဖုန်း၏ အပြုအမူများသည် ဘာမှ အကျိုးသက်ရောက်မှု မရှိပဲ၊ ရန်သူကို အားပေးအားမြှောက် ပြုလုပ်သကဲ့သို့ ဖြစ်နေခဲ့သည်။

လင်းဖုန်း၏ အမူအရာမှာ မပြောင်းခဲ့ပေ။ သူသည် သူဘာလုပ်နေမှန်း သိပေသည်။ ယခု ဖြစ်ပျက်ခဲ့သမျှမှာ သူ၏ ဆန္ဒအတိုင်းပင် ဖြစ်သည်။

သံမဏိသစ်ပင် ကိုယ်ပွားသည် စတင်အမျိုချခံလိုက်ရစဥ်တွင်၊ ကြီးကျယ်လှသော စွမ်းအားများကြောင့် ကြွေမွလုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော်လည်း ဆာရိုသံမဏိသစ်ပင်၏ ခံစစ်စွမ်းအားများသည်၊ သူ၏ စွမ်းရည်များကို အစွမ်းကုန် ဖော်ပြခဲ့သည်။ တစ်ချိန်တည်းမှာပင် ခွန်းဖန်၏ သွေးအဆီအနှစ်များသည် အကျိုးသက်ရောက်မှုများကို ပြခဲ့လိုက်သည်။ ဒါသည် လင်းဖုန်း၏ သံမဏိသစ်ပင် ကိုယ်ပွားအား ပျက်စီးခြင်းမှ ကာကွယ်ပေးခဲ့သည်။

သွေးအဆီအနှစ်များ အများစုသည် ခွန်းဖန်၏ စုပ်ယူခြင်းအား ခံခဲ့ရသော်လည်း၊ လင်းဖုန်းသည် ထိုမှတဆင့် ဆက်သွယ်မှု အချို့ကို ပြုလုပ်နိုင်ခဲ့သည်။

လင်းဖုန်းသည် ခွန်းဖန်၏ သွေးအဆီအနှစ်များမှတဆင့် မဟူရာငှက်တောင်နှင့် မဟူရာကျောက်စိမ်းတို့၏ လမ်းကြောင်းအတိုင်း လိုက်လာခဲ့ပြီး၊ ခန်းမဆောင် အတွင်းမှ ရွှေရောင်ရေကန် အနားသို့ ရောက်လာခဲ့သည်။

ဤဖြစ်စဥ် အတွင်းတွင် လင်းဖုန်းသည် တစ်စုံတစ်ခုကိုမှ မစဥ်းစား မဆင်ခြင်ပဲ မလုပ်ရဲခဲ့ပေ။ သူသည် စွမ်းအားများအားလုံးကို တစ်ခုတည်း အပေါ်တွင်သာ အာရုံစိုက်ထားခဲ့သည်။

သူ၏ စိတ်ဝိညာဥ်ကို အသုံးပြုကာ သံမဏိသစ်ပင် ကိုယ်ပွားအား ခွန်းဖန်၏ သန့်စင်ခြင်း မခံရအောင် ကာကွယ်ထားခဲ့သည်။

သူသည် ကောင်းကင်၏ စည်းရိုးများကို အသုံးမပြုနိုင်ခဲ့ပေ။ ဒါသည် ခွန်းဖန်အား သူ၏ ကိုယ်ပွားအား သန့်စင်ခြင်းမှ အကာအကွယ် ပေးနိုင်သော်လည်း၊ ဆက်သွယ်မှုများ ပြတ်တောက်သွားမည်ဖြစ်ကာ ရှေ့သို့ဆက်သွားနိုင်တော့မည် မဟုတ်ချေ။

လင်းဖုန်းသည် သူ၏လက်များကို အသုံးချလိုက်ကာ မှော်ကျိန်စာ တစ်ခုကို ထုတ်ဖော်လိုက်၍၊ ထူးဆန်းသော် မှော်စွမ်းအင် ပုံစံတစ်မျိုးကို ဖော်ထုတ်လိုက်သည်။ ပြီးတာနှင့် သူ၏ ကိုယ်အတွင်းတွင် မျိုချထားလိုက်သည်။

"အသွင်သဏ္ဌာန်လေးမျိုး ကောင်းကင်ခွဲခြမ်းကျမ်းစာ။ မြေကြီး၊ ကောင်းကင်သယ်ဆောင် လက်ဝါး!"

လင်းဖုန်း၏ သံမဏိသစ်ပင် ကိုယ်ပွား အပေါ်တွင် စွမ်းအားလှိုင်းလုံးတစ်လုံး ပေါ်လာခဲ့သည်။ သူသည် ခက်ထန်ကြမ်းတမ်းခြင်း မရှိသော်လည်း၊ အလွန်အမင်း သိပ်သည်းသန်စွမ်း မာကျောကာ ဖျက်ဆီး၍ မရနိုင်ပေ။

သူသည် အရာအားလုံး၏ အလေးချိန်ကို သယ်ဆောင်နိုင်သည့်၊ မြေကြီးကဲ့သို့ပင် ဖြစ်သည်။ မြေကြီးသည် သူ၏အပေါ်သို့ ကျရောက်လာသော စွမ်းအားမှန်သမျှကို ခံနိုင်စွမ်းရှိသည်!

ကျယ်ပြန့်ကြီးမား၍ မရွေ့လျားနိုင် မဖျက်ဆီးနိုင်ခြင်း။ ဤကိုယ်ပွားသည် ကပ်ဆိုးအားလုံးကို ရင်ဆိုင်ကျော်လွှားကာ အသက်ရှင်နိုင်မည် ဖြစ်သည်။ သူရှိနေသ၍ ကောင်းကင်နှင့် မြေကြီးတို့သည် ပျက်စီးနိုင်မည် မဟုတ်ချေ။

ခွန်းဖန်သည် လင်းဖုန်း၏ သံမဏိသစ်ပင် ကိုယ်ပွားအား အမှုမထားခဲ့ပေ။ သူ့အား တမင်သက်သက် တိုက်ခိုက်နေခြင်း မရှိပဲ၊ သူ၏ အတွင်းမှ မိစ္ဆာစွမ်းအားများကသာ၊ ခန္ဓာကိုယ် အတွင်းသို့ ဝင်လာသော မသန့်စင်သည့် အရာများကို ဖယ်ရှားချင်နေခြင်း ဖြစ်သည်။

သို့သော်လည်း လင်းဖုန်း၏ နည်းစနစ်မှာ အလွန်တည်ငြိမ်ပြီး အေးချမ်းနေသည့် စွမ်းအား သဘောတရားများကို ပိုင်ဆိုင်ထားသည်။

ခွန်းဖန်၏ မိစ္ဆာစွမ်းအားများကို ရင်ဆိုင်ခဲ့ရသည့်အခါ၊ သူသည် မတုံ့ပြန်ခဲ့သလို့ ခုခံခြင်းမျိုးလည်း မရှိခဲ့ပေ။ သူသည် ဖိအားများကို မတုံ့ပြန်ပဲ စုပ်ယူခဲ့သည်။ တဖြည်းဖြည်းနှင့် ခွန်းဖန်၏ မိစ္ဆာစွမ်းအားများသည် သူ၏ ရှိနေခြင်းကို မခံစားရတော့ပေ။

ကောင်းကင်သယ်ဆောင် လက်ဝါးသည် တိုက်ခိုက်မှုများကို စုပ်ယူရုံ သက်သက်သာ မဟုတ်ပေ။ သို့သော်လည်း လင်းဖုန်းသည် ထိုနည်းစနစ်၏ ခံစစ်စွမ်းရည်များကိုသာ လိုအပ်နေ၍၊ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ခဲ့သည်။

ထိုနည်းစနစ်ကို အသုံးပြုပြီးသောအခါ၊ လင်းဖုန်းသည် သူသွားချင်သလို သွား၍မရတော့ပေ။ သွေးအဆီအနှစ် စွမ်းအားများ၏ လမ်းညွှန်မှုအတိုင်း အရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

သူသည် သူ၏ အရှေ့မှ ပုံရိပ်များအား ငြိမ်သက်စွာနှင့် ကြည့်ရှုနေခဲ့သည်။ အရှေ့တွင် တံခါးများစွာနှင့် ကျောက်ဂူပေါင်း များစွာတို့ ရှိပေသည်။ သူတို့အားလုံးတို့သည် ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြကာ၊ ခက်ထန်ကြမ်းတမ်းနေကြ၏။

အသွေးအသားနှင့် အရိုးများကို ဖြည်းဖြည်းချင်း ပြန်လည်ဖွဲ့စည်းနေကြသည်။

အရာအားလုံးကို ဖွဲ့စည်းပြီးပါက ရှေးဟောင်းခွန်းဖန်သည် အပြည့်အဝ နိုးထလာပေတော့မည်။

ထိုအချိန်တွင် မဟူရာငှက်တောင်မှာ ဤကမ္ဘာကြီး အတွင်းတွင် ရှိတော့မည် မဟုတ်ပေ။

သူသည် သူ့ကိုယ်သူ အနစ်နာခံကာ နတ်ဘုရားတို့အား အံတုတော်လှန်သည် ကောင်းကင်ကျောက်တုံးကို အသက်သွင်းလိုက်၍၊ သူ၏ ဘိုးဘေးဘီဘင်ကို ပြန်လည် အသက်သွင်းနေခြင်း ဖြစ်သည်။

"ဒီလိုမျိုး သန်မာတဲ့ ပြိုင်ဘက်ရဲ့ အရှေ့မှာ၊ သူက သူ့ခန္ဓာကိုယ်ထဲက ဖြစ်ပျက်နေသမျှကို အကုန်သိနေမှာပဲ။ တစ်ခုမှ လွတ်မှာ မဟုတ်ဘူး။ ပုံမှန် အခြေအနေမှာသာ ဆိုရင် ငါက အင်မော်တယ်ဝိညာဥ် အဆင့်ကို ရောက်နေရင်တောင်၊ ကောင်းကင်သယ်ဆောင် လက်ဝါးကို အသုံးပြုထားလည်း ငါ့ကို ရှာတွေ့နိုင်မှာ ဖြစ်တယ်"

လင်းဖုန်းက တွေးလိုက်သည်။ "ငါက ခွန်းဖန် အပြည့်အဝ နိုးထမလာခင် အချိန်အတွင်းမှာ စွန့်စားရမယ်။ သူ့ရဲ့ စွမ်းအားတွေက အပြင်ဘက်မှာ ပေါက်ကွဲနေပေမဲ့၊ သူ့ခန္ဓာကိုယ် အတွင်းက အသေးစိတ် အချက်အလက်တွေကို သိနိုင်စွမ်း သိပ်မရှိသေးဘူး။ ဒီ့အတွက်ကြောင့် ငါအောင်မြင်နိုင်သေးတယ်"

လင်းဖုန်းသည် ခန်းမဆောင် အတွင်းမှ ရွှေရောင်ရေကန် အတွင်းသို့ ရောက်ရှိသွားသော အချိန်မှသာ၊ ခွန်းဖန်သည် သတိထားမိခဲ့သော်လည်း အချိန်နှောင်းသွားခဲ့သည်။

ထိုနေရာတွင် တောက်ပနေသော ခွန်းဖန်ပုံရိပ်သည် ဖြည်းဖြည်းချင်း မှေးမှိန်လာခဲ့သည်။ ထိုပုံရိပ်သည် လုံးဝပျောက်ကွယ်သွားသော အချိန်တွင်၊ ရှေးဟောင်း ခွန်းဖန်သည် အပြည့်အဝ နိုးထလာနိုင်မည် ဖြစ်သည်။

လင်းဖုန်းသည် ခန်းမဆောင်၏ အလယ်သို့ ရောက်ရှိလာမှသာ၊ ခွန်းဖန်သည် ချက်ချင်း ရိပ်မိခဲ့၏။ ခန်းမဆောင် အတွင်းမှ ရွှေရောင် အလင်းတန်းသည် တောက်ပလာခဲ့ကာ၊ ခက်ထန်သော စွမ်းအားများဖြင့် လင်းဖုန်းအား သတ်ချင်နေခဲ့သည်။

သို့သော်လည်း သူသည် ပစ်မှတ်နေရာသို့ အန္တရာယ်ကင်းစွာနှင့် ရောက်ရှိလာခဲ့ပြီ ဖြစ်သဖြင့်၊ လင်းဖုန်းသည် အားလုံးကို ဖော်ထုတ်ခဲ့လိုက်သည်။ သူသည် ရယ်လိုက်ကာ အနက်ရောင် ဧရာမ ထီးကြီးကို ထုတ်ယူလိုက်၍၊ အပေါ်သို့မြှောက်လိုက်သည်။

ထိုရွှေရောင် အလင်းတန်းသည် မည်ကဲ့သို့ သူ့အား ကြိုးစား၍ တိုက်ခိုက်နေသော်လည်း၊ သူသည် ကောင်းကင် အကာအကွယ် ထီးကြီး၏ ခံစစ်ကို မချိုးဖောက်နိုင်ခဲ့ပေ။

ထီးကြီးသည် ကောင်းကင်အား ကာကွယ်ထားချိန်တွင်၊ သူ၏အောက်မှာ အရာအားလုံးတို့သည် အထိခိုက် မခံခဲ့ရပေ။ မည်သည့် မှော်ကျိန်စာမှ သူ့အား မချိုးဖောက်နိုင်ပဲ၊ သူမကျော်လွှားနိုင်သော ကပ်ဘေးတစ်ခုမှ မရှိပေ။

လင်းဖုန်းသည် ကောင်းကင် အကာအကွယ် ထီးကြီးကို ဆောင်းထားခဲ့ကာ၊ အရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ ရွှေရောင်အလင်းတန်းများသည် ထီးအပေါ်သို့ နေရောင်ကဲ့သို့ ကျရောက်လာခဲ့ကာ၊ သူ၏ ခက်ထန်ကြမ်းတမ်းမှုများ အကုန်လုံး ပျောက်ကွယ်သွားခဲ့သည်။

"ဒါက နတ်ဘုရားကို အံတုတော်လှန်တဲ့ ကောင်းကင်ကျောက်တုံးပဲ ဖြစ်မယ်" လင်းဖုန်းသည် လေဟာနယ်၏ အလယ်တွင် လွင့်မျောနေခဲ့သော စိတ်ဝိညာဥ် ကျောက်တုံးအား ကြည့်လိုက်သည်။

ဝတ်ပြုအခမ်းအနား စတင်သောအချိန်တွင် ထိုကျောက်တုံးသည် ရေအိုင်အတွင်းတွင် နစ်မြှုပ်နေခဲ့သော်လည်း၊ ယခုအချိန်တွင် သူသည် လေပေါ်တွင် ရောက်နေခဲ့ပြီ ဖြစ်သည်။

ဤစိတ်ဝိညာဥ် ကျောက်တုံးမှ မှော်စွမ်းအင် လှုပ်ရှားမှုများသည် မသန်မာသော်လည်း၊ ထူးခြားဆန်းကြယ်သည့် ခံစားချက်များကို ပေးစွမ်းနိုင်သည်။ သူ့တွင် ထူးဆန်းသော နည်းစနစ် စွမ်းအားများ ပါရှိနေသည်။

လင်းဖုန်းသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ "သူက စွမ်းအားအဆင့် ဘယ်လောက်ရှိသလဲ မသိပေမဲ့၊ အောင်မြင်မယ်လို့တော့ မျှော်လင့်ရတာပဲ"

သူသည် လက်သီးဆုပ် အရွယ်ရှိသော ရွှေရောင်ပုလဲ တစ်ခုကို ထုတ်လိုက်၏။ ဒါသည် ကောင်းကင်ယောက်သွား ရွှေပုလဲဖြစ်သည်။

လင်းဖုန်းသည် ကောင်းကင်ယောက်သွား ရွှေပုလဲအား၊ နတ်ဘုရားတို့အား အံတုတော်လှန်သည့် ကောင်းကင်ကျောက်တုံးထံသို့ ပစ်ပေါက်လိုက်သည်။

"ပွင့်စမ်း!" လင်းဖုန်းသည် အော်ဟစ်လိုက်ရာ၊ ပုလဲအတွင်းမှ ရွှေရောင်မြူခိုးငွေ့များသည် တွန့်လိမ်ပြောင်းလဲလာခဲ့ကာ အပြင်သို့ စိမ့်ထွက်လာခဲ့သည်။

ပုလဲသည် မကြာခင်မှာပင် ရွှေရောင် မြူခိုးငွေ့များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။ နတ်ဘုရားတို့အား အံတုတော်လှန်သည့် ကောင်းကင်ကျောက်တုံး ကိုလည်း လွှမ်းခြုံသွားခဲ့၏။

ခွန်းဖန်သည် တစ်စုံတစ်ခုက မှားယွင်းနေကြောင်းကို အာရုံခံမိလိုက်သည်။ လင်းဖုန်းအား ဘာမှ မပြုလုပ်နိုင်သဖြင့်၊ သူသည် ကောင်းကင်ယောက်သွား ရွှေပုလဲအား ဖျက်ဆီးရန် ဆုံးဖြတ်ခဲ့သည်။

မိစ္ဆာစွမ်းအား၏ ဖိအားများ၏ အောက်တွင် ရွှေရောင် မြူခိုးငွေ့များ အကြားမှ ပုလဲလုံးသည် တုန်ခါလာခဲ့ကာ၊ အချိန်မရွေး ကြေမွတော့မည်ကဲ့သို့ ဖြစ်သွားခဲ့သည်။

လင်းဖုန်းသည် လှုပ်ရှားရန် ဟန်ပြင်လိုက်ရာ၊ ရွှေရောင် မြူခိုးငွေ့အတွင်းမှ အလင်းတန်း ပုံရိပ်တစ်ခု ထွက်လာသည်ကို တွေ့လိုက်၏။

သူ၏အတွင်းမှ ကြောက်မက်ဖွယ်ရာများကို ထုတ်လွှတ်လိုက်သည်။ ဒါသည် ရှေးဟောင်းခွန်းဖန်ထက်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။ ဒါသည် အော်ရာ တစ်စသာ ဖြစ်သော်လည်း၊ ရှေးဟောင်းခွန်းဖန်သည် တုန်လှုပ်သွားခဲ့ကာ သူ၏ အင်အားများကို လျှော့ချလိုက်သည်။

သူ၏စွမ်းအားများကို လျှော့ချလိုက်မှပင်၊ ထိုကြောက်မက်ဖွယ် အော်ရာသည် ဖြည်းဖြည်းချင်း မှေးမှိန်သွားခဲ့သည်။ ကောင်းကင်ယောက်သွား ရွှေပုလဲသည် နဂိုအတိုင်းပင် ဖြစ်သွားခဲ့၏။ မြူခိုးငွေ့များ ပျောက်ကွယ်သွားသော အချိန်တွင်၊ သူသည် နတ်ဘုရားတို့အား အံတုတော်လှန်သည် ကောင်းကင်ကျောက်တုံးကဲ့သို့ စိတ်ဝိညာဥ် ကျောက်တုံး တစ်ခုအား ဖော်ပြလိုက်သည်။

လင်းဖုန်းသည် ကျန်သော အရာများကို လျစ်လျူရှုထားလိုက်ပြီး၊ ရွှေပုလဲ၏ ပုံတူပွားထားသော ထိုစိတ်ဝိညာဥ် ကျောက်တုံးအား ရွှေရောင်‌ရေကန် အတွင်းသို့ ပစ်ထည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ကိုယ်ပွား အတွင်းတွင် ကျန်နေသော ခွန်းဖန်၏ သွေးများကို ဆင့်ခေါ်လိုက်သည်။

ကောင်းကင် အကာအကွယ် ထီးအား သိမ်းလိုက်ကာ၊ လင်းဖုန်း၏ သံမဏိသစ်ပင် ကိုယ်ပွားသည် ရွှေရောင်ရေကန် အတွင်းသို့ ခုန်ချလိုက်သည်။

ဝိညာဥ်ကို ဆင့်ခေါ်နေသော ဝတ်ပြုခြင်း အခမ်းအနားသည် ဆက်လက်ရှေ့ဆက်နေခဲ့ပြီး၊ လင်းဖုန်းသည် သူ့အား မနှောင့်ယှက်ခဲ့ပေ။ သူ့အတွက်ဆိုလျှင် ဒါသည် ရှားပါးသည့် အခွင့်အရေး တစ်ခုဖြစ်သည်။

မဟူရာငှက်တောင်သည် ဝတ်ပြုခြင်း အခမ်းအနားကို စတင်ခဲ့ပြီး ဖြစ်သည်။ လင်းဖုန်းသည် သူ့အား တားဆီးရန် မလိုခဲ့ပေ။ သူသည် ခွန်းဖန်၏ သွေးအဆီအနှစ်ကို အသုံးပြုလိုက်လျှင်၊ သူလည်း ဝင်ပါ၍ရသည်။

သိပ်မကြာမီတွင် နတ်ဘုရားတို့အား အံတုတော်လှန်သည့် ကောင်းကင်ကျောက်တုံးမှနေ၍ အဖြူရောင် မြူခိုးငွေ့များ ပေါ်လာခဲ့ကာ၊ သံမဏိသစ်ပင် ကိုယ်ပွားနှင့် ခွန်းဖန် အလင်းရောင် ပုံရိပ်နှင့် ဆက်သွယ်သွားခဲ့သည်။ သူသည် ခွန်းဖန်၏ သွေးအဆီအနှစ်ကို စုပ်ယူ၍ ထိုအလင်းတန်း ပုံရိပ်နှင့် ဆက်သွယ်လိုက်၏။

သွေးအဆီအနှစ်အပြင်၊ အခြားအရာများကိုလည်း ထည့်သွင်းပေါင်းစပ်ထားခဲ့သေးသည်။

ခွန်းဖန်၏ အလင်းတန်း ပုံရိပ်သည် ပြင်းထန်စွာနှင့် စတင်တုန်ခါလာခဲ့သည်။

ခန်းမဆောင်သည် ခွန်းဖန်၏ ဒေါသတကြီး အော်ဟစ်သံများဖြင့် ပဲ့တင်ရိုက်လာခဲ့၏။ လင်းဖုန်းသည် ထိုအသံကို ကြားလိုက်ရသောအခါ၊ အပြုံးတစ်ခုက သူ၏မျက်နှာတွင် ပေါ်လာခဲ့သည်။ "ခင်ဗျားအတွက် မီးတောက်တစ်ခု နောက်ထပ် ထပ်ထွန်းပေးမယ်"

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

17.5K 1.7K 36
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
225K 29.5K 198
ပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Actio...
12.1K 462 144
Review မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီ...