ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

81K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၄၂၃ - ၄၂၄

421 42 0
By KazunoMora

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၁၃

အပိုင်း ၄၂၃ : တကယ်လို့ သေချာပြင်ဆင်မှုတွေ လုပ်ထားရင်၊ ပြဿနာတွေ မရှိနိုင်ဘူး

အခြေတည်ဝိညာဥ် အဆင့်မှ ဂရန်းမာစတာ အမြောက်အမြားတို့သည် တစ်ချိန်တည်းတွင် လှုပ်ရှားလိုက်ကြရာ၊ ၁၀ပေမှ ပေ၁၀၀ခန့်ထိ ရှိကြသော စကြာဝဠာ ပုံသဏ္ဌာန်ပေါင်း ဆယ်ခုခန့်တို့သည် စက်ဝိုင်း စိတ်ဝိညာဥ် ဝင်္ကပါ၏ အပေါ်တွင် ပြင်းထန်သော တိုက်ပွားတစ်ခုအား ဆင်နွဲလိုက်ကြ၏။

ဤတိုက်ပွဲမှ ထွက်လာသော လှိုင်းလုံးများသည်ပင်လျှင် ပင်လယ်ကြမ်းပြင် တစ်ခုလုံးအား ရှင်းလင်းသွားအောင် လုပ်နိုင်ပြီး၊ အားနည်းသော ကျင့်ကြံသူများအား တစ်ဘက်သို့ ပို့ဆောင်ပေးလိုက်သည်။

အစပထမတွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် စိတ်ဝိညာဥ် ဝင်္ကပါသို့ ရောက်လုနီးပါး ဖြစ်နေခဲ့သော်လည်း၊ တစ်ခဏ အတွင်းတွင် သူတို့သည် အစွန်အဖျားသို့ ရောက်ရှိသွားကြ၏။

လျှမ်ယွမ်၊ ရှီရှင်းယွမ်နှင့် ဂူလေနှင့် ကျန်သောသူများသည် သူတို့၏ အခြေတည်ဝိညာဥ် အဆင့်မှ အကြီးအကဲများ၏ ကာကွယ်မှုနှင့်အတူ၊ ဂူပေါက်ဝသို့ ပြေးသွားနေကြသည်။ သူတို့သည် အချင်းချင်းလည်း အဟန့်အတားများ ပြုလုပ်ခဲ့ကြသဖြင့်၊ ဂူပေါက်အရှေ့တွင် ရုန်းရင်းဆန်ခတ် အခြေအနေများ ဖြစ်ပေါ်နေကြသည်။

ရှီထျန်းဟောင်နှင့် ဇူရီတို့သည် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ကြကာ၊ အပြုံးကိုယ်စီ ပြုံးလိုက်ကြ၏။ ရှီထျန်းဟောင်က ရယ်လိုက်ကာ၊ "ကျွန်တော်က တက်သွားတော့မယ်။ ဒုတိယ စီနီယာ၊ ပြင်ဆင်မှုတွေ လုပ်ထားပေတော့"

ဇူရီ၊ မြောင်ရှီးဟောင်၊ ခန်းနန်ဟွာနှင့် ကွေနွားဘုရင်တို့သည် သူတို့၏ခေါင်းများကို တပြိုင်နက်တည်း ညိတ်လိုက်ကြ၏။

ရှီထျန်းဟောင်သည် ဟိန်းဟောက်လိုက်ရာ၊ သူ၏ခန္ဓာကိုယ်တွင် မိုးကြိုးနှင့် လေပြင်းများက ထိုးတက်လာခဲ့သည်။

သူသည် မဟာပဏ္ဍိတ၏ အရေပြားကို သူ၏ကိုယ်တွင် ကပ်လိုက်ရာ၊ သူ၏ တစ်ကိုယ်လုံးသည် ရွှေရောင် အလင်းတန်းများနှင့် လင်းလက်လာခဲ့သည်။ သူသည် အလွန်ကို ကြမ်းတမ်းသည့်ပုံ ပေါက်သွားခဲ့သည်။ ရွှေရောင်အရေပြား အောက်တွင် အစိမ်းရောင် အလင်းတန်းများ လင်းလက်နေခဲ့၏။ ဒါသည် မဟာလမင်း အကြွင်းမဲ့ရေက သူ့၏ အသွေးအသားကို အားဖြည့်ပေးခြင်းကြောင့်၊ ပိုမိုသန်စွမ်းလာခြင်း ဖြစ်သည်။

သူ၏ ရွှေရောင်အရေပြား အပေါ်တွင် ခရမ်းစိမ်းရောင် လျှပ်စီးမိုးကြိုး မုန်တိုင်းတစ်ခု ပေါ်ပေါ်လာခဲ့ကာ၊ ရှီထျန်းဟောင်သည် နှစ်မီတာမြင့်သော ဘီလူတစ်ကောင်အလား ဖြစ်သွားခဲ့သည်။ သူ၏ တစ်ကိုယ်လုံးတွင် နတ်ဘုရား အလား၊ မိုးကြိုးနှင့် လေပြင်းများက ဝိုင်းရံထားခဲ့သည်။

မာန်ထနေသော မုန်တိုင်း၏အောက်တွင် ရွှေရောင်အလင်းတန်းသည် အဆက်မပြတ် လင်းလက်နေခဲ့ကာ၊ မုန်တိုင်းနှင့် မျှခြေတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဒါသည် လျှပ်စီးမုန်တိုင်း၏ စွမ်းအားများကို နောက်ထပ်တိုးတက်စေခဲ့သည်။

ထိုအချိန်တွင် ရှီထျန်းဟောင်သည် သူ၏ ရုပ်ခန္ဓာကိုယ် အသွေးအသားများ၏ စွမ်းအားကို အစွမ်းကုန် မြှင့်တင်ပြီး ဖြစ်သဖြင့်၊ မယုံနိုင်စရာ ရွှေရောင်ဗဟိုချက် အဆင့်၏ စံနှုန်းထက် များစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ရှေးပဝေသဏီမှ လွန်စွာသန်စွမ်းသော မိစ္ဆာမျိုးနွယ်စုတို့မှာ မိစ္ဆာအုပ်ချုပ်သူအဆင့် မိစ္ဆာများပင်၊ သူ့အား တိုက်ခိုက်ရဲတော့မည် မဟုတ်ချေ။ သူ့အား ရုပ်ခန္ဓာကိုယ် သိုင်းပညာရပ်တွင် အနိုင်ယူနိုင်သည်မှာ၊ ရွှေရောင်ဗဟိုချက် အဆင့်တွင် ရှိနေစဥ်က လင်းဖုန်း၏ အေးရီးစ်ကိုယ်ပွားသာ ရှိပေလိမ့်မည်။

သူ၏ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်မှ ခန္ဓာကိုယ်သည်သာ၊ သူ၏ ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်မှ ခန္ဓာကိုယ်အား အနိုင်တိုက်နိုင်ပေလိမ့်မည်။  ပြီးတော့ ဒါသည် အစပိုင်းသာ ရှိသေးသည်!

ရှီထျန်းဟောင်သည် မိုးကြိုးမုန်တိုင်း မိစ္ဆာနတ်ဘုရား အသွင်သို့ ပြောင်းသွားအပြီးတွင်၊ သူ၏ မျက်ခုံးများကို ပင့်လိုက်ကာ ပြောလိုက်သည်။ "ထွက်လာစမ်း!" သူ၏ မျက်ခုံးအကြားတွင် မီးတောက်များက စတင်ထွက်ပေါ်လာခဲ့၏။

ခဏအကြာတွင် ကြောက်မက်ဖွယ်ရာ နဂါးအော်သံသည် ပဲ့တင်ထပ်ကာ ပေါ်လာခဲ့၍၊ ကြက်သွေးရောင် မီးတောက်များ ထွက်ပေါ်လာခဲ့၏။ သူမှနေ၍ သက်တန့်ရောင်စဥ်များကို ထုတ်လွှတ်နေခဲ့ကာ၊ ရှီထျန်းဟောင်၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားခဲ့သည်။

သူသည် ပင်လယ်အောက်ခြေတွင် ရောက်နေခဲ့သော်လည်း၊ မီးတောက်များသည် လွန်စွာ ခက်ထန်လှ၏။ သူတောက်လောင်နေရင်းနှင့် မဟူရာ ပင်လယ်ရေများကို ဆူပွက်စေခဲ့ကာ၊ ရှီထျန်းဟောင်၏ ဘေးပတ်ပတ်လည်ကို ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းပေးလိုက်သည်။

မီးတောက်များသည် ရှီထျန်းဟောင်အား လွှမ်းခြုံလိုက်ကာ၊ နဂါးအော်သံများ အကြားတွင်၊ ချပ်ဝတ်တန်ဆာ အသွင်သို့ ပြောင်းသွားခဲ့ကာ ရှီထျန်းဟောင်၏ ကိုယ်ပေါ်၌ အံဝင်ခွင်ကျ ဝတ်ဆင်ပြီးသား ဖြစ်သွားခဲ့သည်။

ထိုချပ်ဝတ်တန်ဆာ၏ ခေါင်းစွပ်မှာ နဂါးခေါင်းနှင့် တူနေသည်။ ထိုခေါင်းစွပ်အား ဝတ်ဆင်ပြီးသွားသောအခါ၊ ရှီထျန်းဟောင်သည် နဂါးခေါင်းနှင့် ဘီလူးတစ်ကောင် ဖြစ်သွားခဲ့သည်။

ချပ်ဝတ်တန်ဆာ၏ လှုပ်ရှားမှုသည် နဂါးအကြေးခွံ၏ တုန်ခါမှုအလား ဖြစ်နေခဲ့၏။

မီးတောက်နဂါးများသည် ထွက်ပေါ်လာကြကာ တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြ၏။ မီးတောက်များသည် ရှီထျန်းဟောင်၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေကြသည်။ ရှေးပဝေသဏီက နတ်နဂါး တစ်ကောင်သည် ရှီထျန်းဟောင်၏ အနောက်မှနေ၍ ရေးရေးလေး ပေါ်လာခဲ့သည်။ သူ၏ အကြေးခွံများ တုန်ခါသွားခြင်းနှင့်အတူ၊ ဖျက်ဆီးခြင်းများကို ဖြစ်ပေါ်စေခဲ့သည်!

ဒါသည် လင်းဖုန်းက သူ့အားပေးလိုက်သည့် မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာပင် ဖြစ်ပေတော့သည်။

ထိုရတနာသည် ရုပ်ခန္ဓာကိုယ် သိုင်းပညာရပ်များကို လေ့ကျင့်ထားသည့် ကျင့်ကြံသူ တစ်ယောက်၏ ကိုယ်ပေါ်တွင်၊ သူ၏ အလားအလာများကို အစွမ်းကုန် ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။ ရှီထျန်းဟောင်သည် မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာအား ဝတ်ဆင်အပြီးတွင်၊ သူ၏ မှော်စွမ်းအင်များမှာ ဆတက်ထမ်းပိုး တိုးတက်လာခဲ့သည်။ သူသည် အဆုံးမဲ့ စွမ်းအားများအား ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။

သူသည် အသက်ပြင်းပြင်း တစ်ချက်ကို ရှူလိုက်ရာ၊ ချပ်ဝတ်တန်ဆာ ပတ်ပတ်လည်မှ မီးတောက်များ အတွင်းမှနေ၍ ခရမ်းစိမ်းရောင် လျှပ်စီးမိုးကြိုးများ ထွက်လာခဲ့သည်။ ချပ်ဝတ်တန်ဆာမှ အကြေးခွံများ လှုပ်ရှားသွားသည့် အချိန်တွင်၊ တောက်လောင်နေသည့် ရွှေရောင်အလင်းတန်းများက လင်းလက်လာကြ၏။

ထိုအလင်းတန်းများသည် အလင်းလက်ဆုံး ဖြစ်၏။ မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာ၏ အထောက်အပံအောက်တွင်၊ မဟာပဏ္ဍိတ ပိုးမျှင်အရေပြားသည် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ခက်ထန်သော သားရဲတစ်ကောင်က နိုးထလာသကဲ့သို့ ဖြစ်ကာ၊ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်လိုက်သည်။

ရှီထျန်းဟောင်၏ အနောက်မှ လေဟာနယ်မှနေ၍ ရှေးပဝေသဏီမှ နတ်နဂါး၏ ဘေးတွင်၊ လှုပ်ရှားနေသော သားရဲတစ်ကောင် ပေါ်လာခဲ့၏။ သူ၏ပုံရိပ်အား ကွဲပြားစွာ မတွေ့နိုင်သော်လည်း၊ အလွန်အမင်းပင် ခက်ထန်ကြမ်းကြုတ်ကာ တစ်ယောက်အား တုန်လှုပ်ချောက်ချား စေနိုင်ခဲ့သည်။

သာမန် ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်သည်၊ အင်မော်တယ် ဝိညာဥ် အဆင့်မှ မှော်ရတနာ တစ်ပါးအား အမိန့်ပေးနိုင်မည် မဟုတ်ချေ။ ရှီထျန်းဟောင်ကဲ့သို့ ထူးခြားသည့်သူများကသာ လင်းဖုန်း၏ အကူအညီနှင့်၊ ဤ မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာအား အမိန့်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ရှီထျန်းဟောင်၏ ကျင့်ကြံမှုနှင့် ထိုချပ်ဝတ်တန်ဆာ၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ခြင်း မရှိသော်လည်း၊ လုံလောက်အောင် သန်မာနေခဲ့ပေသည်။

မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာ ပေါ်လာသောအခါတွင်၊ အကြီးအကဲများသည် ကပ်ဆိုးတစ်ပါးက ဆိုက်လာတော့မည်ဟု ခံစားခဲ့လိုက်ရသည်။ အထူးသဖြင့် အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်မှ ဂရန်းမာစတာများပင် ဖြစ်၏။ သူတို့သည် ရှီထျန်းဟောင်က မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သဘောပေါက်လာကြသည်။

"မင်းတစ်ယောက်တည်းမှာပဲ မှော်ရတနာ ရှိတယ်လို့ ထင်နေတာလား" အချို့ အခြေတည်ဝိညာဥ် အဆင့်မှ ဂရန်းမာစတာများသည် မပျော်မရွှင် ဖြစ်လာကြ၏။ သူတို့မလာခင်တွင် ရတနာများကို ရယူနိုင်ရန် အခွင့်အရေးများ ပိုမိုရရှိနိုင်ရန်အတွက်၊ မှော်ရတနာများကို ရရှိထားကြသည်။

တစ်ခဏလေး အတွင်းတွင် မှော်ရတနာပေါင်း မြောက်မြားစွာတို့သည် ထွက်ပေါ်လာကြကာ၊ ကြောက်မက်ဖွယ်ရာ မှော်စွမ်းအင် တုန်ခါမှုများ ပေါ်လာကြသည်။

ရှီထျန်းဟောင်သည် သူတို့အား တိုက်ရိုက်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ သူသည် သူ၏ကိုယ်အား ကြက်သွေးရောင် လျှပ်စီးတစ်တန်းအဖြစ် ပြောင်းလဲခဲ့သော်လည်း၊ စိတ်ဝိညာဥ် ဝင်္ကပါ၏ အလယ်သို့ မပြေးသွားခဲ့ပေ။ ထို့အစား သူသည် ဝင်္ကပါ၏ အစွန်းတစ်ဘက်သို့ ပြေးသွားခဲ့သည်။

အားလုံးတို့သည် မှင်သက်သွားကြ၏။ "ဒီကောင်လေးက ရူးနေတာလား၊ သူက ဒီဝင်္ကပါကို ချိုးဖောက်ချင်နေတာလား၊ ဘာဟာသတွေ လုပ်နေတာလဲ၊ ဒါက ခွန်းဖန် မဟာပဏ္ဍိတ အသက်မသေခင်က တည်ဆောက်သွားခဲ့တာ၊ အင်မော်တယ် ဝိညာဥ် အဆင့်က အကြီးအကဲတောင်မှ ထိုးဖောက်နိုင်မှာ မဟုတ်ဘူး"

"သူက ချိုးဖောက်နိုင်ခဲ့မယ် ဆိုရင်တောင် ဒီဝင်္ကပါက ပြိုလဲသွားခဲ့မှာ၊ ခွန်းဖန် လျှို့ဝှက်ကျမ်းစာ တစ်ခုလုံးက ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမှာ။ ရတနာတွေကို ရယူဖို့ မပြောနဲ့၊ အသက်တွေတောင် ဆုံးရှုံးသွားနိုင်တယ်။ သူက ရူးသွားပြီလား"

ရှီထျန်းဟောင်သည် ရူးမသွားခဲ့ပေ။ မည်သူ၏ ဟန့်တားမှုကိုမှ မခံခဲ့ရသဖြင့်၊ သူသည် စိတ်ဝိညာဥ် ဝင်္ကပါ၏ အစွန်းတစ်ဘက်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ခြေထောက်ကို မြှောက်လိုက်ကာ၊ ဝင်္ကပါအပေါ်သို့ အားဖြင့် ဖိနင်းလိုက်၏။ ကြီးမားလှသော စွမ်းအားကြီးသည် စိတ်ဝိညာဥ် ဝင်္ကပါအား တုန်ခါသွားစေခဲ့သည်။

မဟာကျိုး အင်ပါယာမှ အခြေတည်ဝိညာဥ် အဆင့် ဂရန်းမာစတာ တစ်ယောက်၏ မျက်နှာ အမူအရာသည် ပြောင်းသွားခဲ့သည်။ "သူ့ကို မြန်မြန် တားမှရမယ်!"

အားလုံးတို့သည် လျှင်မြန်စွာဖြင့် တုံ့ပြန်လိုက်ကြ၏။ မဟာချင် အင်ပါယာမှ ဂရန်းမာစတာ တစ်ယောက်သည် ဓားတစ်ချောင်းကို ချက်ချင်းထုတ်ကိုင်လိုက်သည်။ ထိုဓား၏ စွမ်းအားသည် လေဟာနယ်ကို တည်ငြိမ်မှုမရှိအောင် ပြုလုပ်လိုက်၏။ ရွှေရောင်နဂါး တစ်ကောင်သည် ဓားအပေါ်မှ ပေါ်ထွက်လာခဲ့၍ သူ၏မျက်လုံးအား ဖွင့်လိုက်ကာ၊ ကျယ်လောင်စွာနှင့် ဟိန်းဟောက်လိုက်သည်။

ထိုဓားသည် ပေ၁၀၀ရှိသော ရွှေနဂါး တစ်ကောင်အဖြစ်သို့ ချက်ချင်းပြောင်းသွားခဲ့ကာ၊ ရှီထျန်းဟောင်ထံသို့ ပြေးဝင်လာခဲ့သည်။

သို့သော်လည်း သူတို့သည် အနည်းငယ် နောက်ကျသွားခဲ့သည်။ စိတ်ဝိညာဥ် ဝင်္ကပါသည် ရှီထျန်းဟောင်၏ တိုက်ခိုက်မှုအောက်တွင်၊ ပြောင်းလဲမှုတစ်ခု စတင်ဖြစ်ပေါ်လာခဲ့၏။

စိတ်ဝိညာဥ် ဝင်္ကပါသည် အလင်းတန်းများဖြင့် လင်းလက်နေသေးသော်လည်း၊ အလင်းတန်းများသည် ခက်ထန်ကြမ်းတမ်းလာခဲ့သည်။

အလင်းတန်းများ၏ တောက်ပလာခြင်းနှင့် အတူ၊ စိတ်ဝိညာဥ် ဝင်္ကပါ၏ အပေါ်မှ အနက်ရောင် ပင်လယ်ရေသည် နောက်ဆုတ်ပျောက်ကွယ်သွားကြသည်။

အားလုံးတို့သည် မှင်သက်သွားကြကာ ထိုမြင်ကွင်းအား စိုက်ကြည့်နေကြ၏။ သူတို့အနက်မှ အချို့သည် မဟူရာ ပင်လယ်ရေများ ပျောက်ကွယ်သွားကြသဖြင့်၊ စိတ်လက်ပေါ့ပါးသွားကြသည်။ သို့သော်လည်း သူတို့ဘာမှ မတုံ့ပြန်နိုင်ခင်တွင် မုန်တိုင်းတစ်ခုက ရုတ်ချည်း ပေါ်ပေါက်လာခဲ့သည်။

ပင်လယ်ရေ နောက်ဆုတ်သွားသည်နှင့် တပြိုင်နက်၊ ကြမ်းတမ်းသည့် လေပြင်းမုန်တိုင်း တစ်ခုက ပေါ်လာခဲ့ကာ ထိုနေရာကို တိုက်ခတ်လိုက်၏။

လေဟာနယ်သည် ထိန်းချုပ်လို့ မရနိုင်ပဲ တွန့်လိမ်သွားခဲ့ကာ၊ လေပြင်း တစ်သုတ်ပြီးမှ တစ်သုတ်တို့သည် လမ်းကြောင်းတွင်ရှိသော အရာမှန်သမျှကို ဖြတ်တောက်လာခဲ့သည်။

ထိုခက်တန်သော မုန်တိုင်းသည် သူတို့ လျှို့ဝှက်ကျမ်းစာ အတွင်းသို့ စတင်ဝင်ရောက်ခဲ့စဥ်က တွေ့ရှိခဲ့သည့်၊ အနက်ရောင် ပင်လယ်ရေများ၏ အပေါ်က လေဆင်နှာမောင်းများထက် လုံးဝအားနည်းနေခြင်း မရှိခဲ့ပေ။

အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများပင်လျှင် သူတို့၏ အတွင်းသို့ ရောက်ရှိသွားလျှင်၊ ဒုက္ခရောက်သွားကြမည် ဖြစ်သည်။ သူတို့သည် ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်းထက် ပိုမိုသန်မာခြင်း မရှိကြသော်လည်း ပို၍အားမနည်းခဲ့ပေ။

"ဒီကလေး!" အားလုံးတို့သည် စိတ်ထဲမှကျိတ်၍ ကျိန်ဆဲလိုက်ကြကာ၊ ရှီထျန်းဟောင်ကို မုန်းတီးစွာနှင့် စိုက်ကြည့်နေကြသည်။ သူတို့သည် ရတနာသိုက် အတွင်းသို့ လှမ်းကြည့်နေကြရင်၊ စိတ်လှုပ်ရှားလာကြသည်။

ခွန်းဖန်သည် ဧရာမ ပင်လယ်သတ္တဝါ တစ်ကောင်သာ မကပေ၊ သူသည် သမုဒ္ဒရာ၏ အုပ်စိုးသူ သက်သက်သာ မကပေ။

သူသည် ရေထဲမှ ထွက်လိုက်သောအခါ တိမ်တိုက်များအကြားမှ ကောင်းကင်ကိုးလွှာသို့ ပျံသန်းသွားသည့် ဧရာမ ငှက်ကြီးသဏ္ဌာန် ဖြစ်သွားခဲ့သည်။

ရေအတွင်းမှ ထွက်သွားလျှင်လည်း၊ ခွန်းဖန်သည် ကောင်းကင်အတွင်းတွင် ဘုရင်ဖြစ်သည်။ ထိုဝင်္ကပါသည် လေပြင်းနှင့် ရေပြင်တို့၏ စွမ်းအားတို့နှင့် ပေါင်းစည်း၍ တည်ဆောက်ထားခြင်း ဖြစ်၏။ သူသည် အစက အသက်မဝင်လာသေးသော်လည်း၊ ရှီထျန်းဟောင်က တိုက်ခိုက်လိုက်သည့် အချိန်တွင် ရန်အစခံလိုက်ရသည် တန်ခိုးရှင်တစ်ယောက်အလား ဒေါသထွက်လာခဲ့သည်။

ထိုကဲ့သို့သော် ခက်ထက်သည့် လေပြင်းမုန်တိုင်းများသည်၊ အကာအကွယ် မှော်ရတနာများရှိသည့် အခြေတည် ဝိညာဥ် အဆင့်မှ ဂရန်းမာစတာများအား၊ သူတို့၏ မှော်စွမ်းအင်များကို ရုပ်သိမ်းစေ၍ ဤနေရာကို တည်ငြိမ်အောင် ပြုလုပ်စေခဲ့သည်။ မှော်ရတနာ မရှိသည့် သူများမှာ ကိုယ့်ကိုယ်ကိုယ်သာ ကြိုးစား၍ ကာကွယ်နေရလေသည်။

သူတို့အနက်မှ အချို့သည် ရှီထျန်းဟောင်အား ရန်လိုစွာနှင့် ကြည့်လိုက်ကြသည်။ "သူများတွေကို အချွန်နဲ့ မတဲ့ကောင်ပဲ၊ ကိုယ့်အတွက်လည်း အကျိုးမရှိပဲ သူများတွေကို ဒုက္ခရောက်အောင် လုပ်တယ်။ မင်းမှာက အကာအကွယ် မှော်ရတနာတစ်ခု ရှိပေမဲ့၊ ကျန်တဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက လူတွေက ဘာတွေ ဖြစ်ကုန်ကြမှာလဲ"

ဇူရီနှင့် ကျန်သောသူမျာသည် သူတို့အား ချက်ချင်း အဖြေပေးလိုက်ကြသည်။

"ကောင်းကင်ကိုးလွှာ လေပြင်းဝင်္ကပါ၊ ပွင့်စမ်း!"

ရှီထျန်းဟောင် မလှုပ်ရှားမီကတည်းက ဇူရီသည် သူ၏လက်များကို အသုံးပြုကာ၊ ဝင်္ကပါမြေပုံ တစ်ခုအား ထုတ်ယူခဲ့ပြီး ဖြစ်သည်။ ဒါသည် လင်းဖုန်းက ကောင်းကင်လေပြင်း သူတော်စင်ထံမှ ရရှိခဲ့သည့်၊ ကောင်းကင်ကိုးလွှာ လေပြင်းဝင်္ကပါ၏ ဝင်္ကပါမြေပုံ ဖြစ်သည်။ ထိုမြေပုံသည် အနည်းငယ် ပျက်စီးသွားခဲ့သော်လည်း၊ လင်းဖုန်း၏ ပြုပြုအပြီးတွင် အရင်ကလောက် အစွမ်းမထက်သော်လည်း အသုံးပြု၍တော့ ရခဲ့သည်။

တောင်ပေါ်သို့ ရောက်လာကတည်းက နောက်တန်းတွင်သာ နေနေရသော ဖေးလျှန်ဘုရင်သည်၊ အစွမ်းပြနိုင်မည့် အခွင့်အရေး တစ်ရပ်အား ရရှိခဲ့သည်။ ဝင်္ကပါ၏ အုပ်ချုပ်သူ အနေဖြင့်၊ သူသည် ကောင်းကင်ကိုးလွှာ လေပြင်းဝင်္ကပါအား ထိန်းချုပ်နေခဲ့၏။ ဇူရီ၊ ကျဲယု၊ ထွမ်းထွမ်း၊ ကွေနွားဘုရင်နှင့် ခန်းနန်းဟွာ၊ မြောင်ရှီးဟောင်တို့သည့် ဘေးမှနေ၍ အကူအညီ ပေးနေခဲ့သည်။

အားလုံးတို့၏ စုပေါင်းအားဖြင့် ကောင်းကင်ကိုးလွှာ လေပြင်းဝင်္ကပါ၏ စွမ်းအားကို ထုတ်ဖော်လိုက်သည်။ ခွန်းဖန် စိတ်ဝိညာဥ် ဝင်္ကပါ၏ ကောင်းကင်လေပြင်း အလွှာအား ဖန်တီးအပြီးတွင်၊ သူတို့သည် ဒဏ်ရာများ မရကြသည့်အပြင် ရေအတွင်းမှ ငါးများကဲ့သို့၊ ဝင်္ကပါ၏ အလယ်ရှိ ဂူပေါက်ထံသို့ လွယ်ကူစွာဖြင့် ရောက်လာခဲ့ကြသည်။

ကျန်သောသူများသည် ခွန်းဖန်၏ လျှို့ဝှက်ကျမ်းစာ အကြောင်းကို ကြားသိအပြီးတွင်၊ ရတနာများကို ရယူချင်သဖြင့် လာခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် လင်းဖုန်း၏ လမ်းညွှန်မှုများအောက်တွင်၊ ကြိုတင်ပြင်ဆင်လာကြခြင်း ဖြစ်သည်။ အားလုံးတို့သည် အတူတူ ဝင်လာကြသော်လည်း၊ အခွင့်အရေး အတူတူ ရလိမ့်မည်ဟု ဆိုလိုခြင်း မရှိပေ။

ပြင်ဆင်မှုများကို သေချာစွာ ပြုလုပ်ထားပါက၊ ပြဿနာများ ရှိနိုင်မည် မဟုတ်ချေ။

လမ်းတစ်လျှောက်တွင် သူတို့သည် သက်တောင့်သက်သာဖြင့်၊ ခရမ်းရောင် တိမ်တိုက်ဂိုဏ်းမှ ဂူလေနှင့် ကျန်သော ကံစမ်းမဲ့ပေါက်သည့်သူများကိုပင် ခေါ်ဆောင်ပေးသွားကြသေးသည်။

"ငါက သူတစ်ပါးတွေကို ဒုက္ခရောက်စေပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် အကျိုးမရှိစေဘူးလို့ ဘယ်သူက ပြောတာလဲ" ရှီထျန်းဟောင်သည် ရယ်လိုက်ကာ ဝင်္ကပါ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် ကျန်သောသူများနှင့်အတူ ဂူပေါက်အတွင်းသို့ လိုက်ဝင်သွားကာ၊ ကျန်သောသူများကို ဒေါသတကြီးနှင့် ကျန်ရစ်စေခဲ့သည်။

လေဟာနယ် တစ်ခုလုံးတွင် ဂူပေါက်ဝ၏ အပေါ်နေရာ တစ်ခုသာ၊ တည်ငြိမ်အေးချမ်းလျှက် ရှိသည်။ ရွှေရောင်အလင်းတန်းသည် လေပြင်းမုန်တိုင်းများအား မျက်နှာဖုံး တစ်ခုကဲ့သို့ တားဆီးထားပေးခဲ့၏။

လျှမ်ယွမ်၊ ရှီရှင်းယွမ်နှင့် ဝင်ရိုးစွန်း ပင်လယ် သူတော်စင်၏ တပည့်များ၊ နတ်ရေကန်ဂိုဏ်းမှ ဂရန်းမာစတာတို့သည် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြသဖြင့်၊ သူတို့တစ်ယောက်မှ ဂူအတွင်းသို့ အရင်မဝင်နိုင်ခဲ့ကြပေ။

ရှီထျန်းဟောင်သည် ပျော်ရွှင်စွာဖြင့် နတ်ရေကန်ဂိုဏ်းမှ အခြေတည် ဝိညာဥ် အဆင့် ဂရန်းမာစတာအား ကြည့်လိုက်၏။ "အိုး၊ ရင်းနှီးနေတဲ့ မျက်နှာပဲ၊ ဒီလူက နှင်းတောင်ထိပ် ဂရန်းမာစတာ မဟုတ်လား"

နှင်းတောင်ထိပ် ဂရန်းမာစတာ ဖြစ်စေ၊ လျှမ်ယွမ်နှင့် ကျန်သောသူများဖြစ်စေ၊ သူတို့၏ မျက်နှာများသည် အနားသို့ ရောက်ရှိလာသော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များကို ကြည့်လိုက်ကာ၊ အမူအရာများ ပြောင်းကုန်ကြသည်။

ထိုအချိန်တွင် ရှီထျန်းဟောင်သည် မီးတောက်နဂါး ကောင်းကင် ချပ်ဝတ်တန်ဆာအား ဝတ်ထား၍၊ သူသည် မိုးကောင်းကင်မှ ဆင်းသက်လာသော မီးနတ်ဘုရားကဲ့သို့ ဖြစ်နေခဲ့သည်။

နဂါး၏ ဟိန်းဟောက်သံနှင့်အတူ၊ ကြမ်းတမ်းသော အင်အားတစ်ခုသည် ဂူပေါက်ဝ၏ အလည်ဗဟိုသို့ လမ်းတစ်ခု ဖောက်ပေးခဲ့သည်။

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu





ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၁၄

အပိုင်း ၄၂၄ : ခွန်းဖန် မျိုးနွယ်စုတို့၏ အနစ်နာခံ ယဇ်ပူဇော်မှု

အားလုံးတို့သည် အောက်ခြေမှ ဂူပေါက်ဝသည် တည်ငြိမ်အေးချမ်းနေ၍၊ လေပြင်းများ၏ တိုက်ခိုက်ခြင်းအား မခံနေရဟု သိသွားကြသဖြင့်၊ ထိုနေရာသို့ အတတ်နိုင်ဆုံး လျှင်မြန်စွာဖြင့် ပြေးလာကြ၏။

ကောင်းကင်ကိုးလွှာ လေပြင်းဝင်္ကပါ၏ အကူအညီဖြင့်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် အသာစီး ရသွားခဲ့၏။ သို့သော်လည်း သူတို့သည် အချိန်တစ်စက်မှ မဆွဲနေခဲ့ပေ။ သူတို့သည် အနည်းငယ် တွေဝေနေခဲ့လျှင်၊ အနောက်မှလူများသည် လိုက်မီလာပေမည်။

ထို့ကြောင့်ပင် ရှီထျန်းဟောင်သည် မီးတောက်နဂါး ကောင်းကင် ချပ်ဝတ်တန်ဆာ၏ မီးစွမ်းအားများကို အစွမ်းကုန် ထုတ်လွှတ်နေခဲ့၍၊ သူ၏ အပေါက်ကိုးပေါက် ရွှေရောင်ဗဟိုချက်သည် ဖွင့်လိုက်ပိတ်လိုက်နှင့် စိတ်ဝိညာဥ်စွမ်းအင် အမြောက်အမြားကို မျိုချနေခဲ့ကာ၊ ကြီးမားလှသော စွမ်းအားအဖြစ်သို့ ပြောင်းလဲနေခဲ့သည်။

ဇူရီသည် အရာအားလုံးကို အနိုင်ယူနိုင်သော စွမ်းအားရှိသည့် စာပိုဒ်နှစ်ပိုဒ်အား လျှင်မြန်စွာနှင့် ရေးလိုက်သည်။ ထိုစာသားများသည် ရှီထျန်းဟောင်အား အားဖြည့်ပေးခဲ့ကာ၊ သူ၏ စွမ်းအားများကို အရင်ကထက် သန်စွမ်းစေခဲ့သည်။

"စကြာ!" "ဝဠာ!" ရှီထျန်းဟောင်သည် သူ၏ ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ၏ ပထမဆုံး စကားလုံး နှစ်ခုအား ရေရွတ်လိုက်သည်။

"စကြာ!" ဟူသော စကားလုံးသည် ကြီးကျယ်ခမ်းနားသော စွမ်းအားများ ပါရှိ၍၊ လေဟာနယ် တစ်ခုလုံးအား တည်ငြိမ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

"ဝဠာ"ဟူသော စကားလုံးအား ထုတ်လွှတ်လိုက်ချိန်တွင်၊ လျှမ်ယွမ်၊ ရှီရှင်းယွမ်နှင့် ကျန်သောသူများသည် သူတို့သည် ကျောက်ရုပ်ဖြစ်သွားကြသည်ဟု ခံစားမိလိုက်ကြသည်။ သူတို့သည် စကားမပြောနိုင်သလို လှုပ်လည်း မလှုပ်ရှားနိုင်ကြတော့ပေ။ သူတို့သည် အသံများကိုပင် ကြားနိုင်စွမ်း မရှိကြတော့ချေ။ သူတို့၏ အတွေးများသည်ပင်လျှင် ရပ်တန့်သွားကာ၊ မစဥ်းစားနိုင်ကြတော့ပေ။

လေဟာနယ်နှင့် အချိန်ကာလတို့က ပေါင်းစည်းသွားသောအခါ၊ စကားလုံး နှစ်လုံးတို့သည် တစ်ခုတည်း ဖြစ်သွားကြပြီး ကမ္ဘာဦးအကျဆုံး ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဂူပေါက်ဝ၏ အလယ်ဗဟို နေရာတွင်၊ သီးသန့်လေဟာနယ် နေရာတစ်ခု ရှိပေသည်။ ဤအချိန်တွင် ဒါသည် ရှီထျန်းဟောင်၏ ကမ္ဘာကဲ့သို့ ဖြစ်သွားခဲ့သည်။ ဤကမ္ဘာအတွင်းတွင် သူသည် အချိန်ကာလနှင့် လေဟာနယ်ကို ထိန်းချုပ်သော တန်ခိုးရှင် ဖြစ်ပေသည်။

မီးတောက်နဂါး ကောင်းကင် ချပ်ဝတ်တန်ဆာ၊ မဟာပဏ္ဍိတ၏ ပိုးမျှင်အရေပြား၊ ဇူရီ၏ အကူအညီနှင့်အတူ၊ ရှီထျန်းဟောင်၏ ရွှမ်ဟွမ်ကမ္ဘာ လေးခုမှ စကားလုံး နှစ်လုံးတို့သည် အသက်ဝင်လာကြ၏။ အခြေတည် ဝိညာဥ် အဆင့်မှ ဂရန်းမာစတာ နှစ်ယောက်၊ လျှမ်ယွမ်နှင့် ရှီရှင်းယွမ်တို့သည်၊ ရှီထျန်းဟောင်၏ မှော်စွမ်းအင်ကြောင့် မလှုပ်မရှားနိုင် ဖြစ်ကုန်ကြ၏။

"စွမ်းအားကြီးလိုက်တာ!" ဘာပဲပြောပြော သူတို့လေးယောက်စလုံးတို့သည် အရင်းအမြစ်များ ကြွယ်ဝကာ၊ မယုံနိုင်စရာ အားကောင်းသော စွမ်းအားများနှင့် တည်ငြိမ်သော စိတ်ဝိညာဥ်တို့ကို ပိုင်ဆိုင်ထားကြသည်။

"စကြာ"ဟူသော စကားလုံးက သူတို့အား ဖိနှိပ်ထားချိန်တွင်၊ သူတို့သည် မလှုပ်ရှားနိုင်တော့ဟု ခံစားခဲ့ရသည်။ သူတို့တစ်ကိုယ်လုံးမှ မှော်စွမ်းအင်များသည် အေးခဲသွားသကဲ့သို့ ဖြစ်သွားကြသည်။ "ဝဠာ"ဟူသော စကားလုံး၏ ဖိနှိပ်မှုအောက်တွင်၊ သူတို့၏ စဥ်းစားနိုင်စွမ်းများသည် နှေးကွေးသွားကြ၏။

ဘာမှ ချီတုံချတုံ မဖြစ်နေကြပဲ သူတို့ လေးယောက်သားသည် သူတို့၏ အစွမ်းအထက်ဆုံး နည်းစနစ်များကို ထုတ်ဖော်လိုက်ကြကာ၊ ရှီထျန်းဟောင်၏ စကားလုံး နှစ်ခု၏ ဖိနှိပ်မှုအောက်မှ ရုန်းကန်လိုက်ကြသည်။

နှင်းတောင်ထိပ် ဂရန်းမာစတာနှင့် ဝင်ရိုးစွန်းပင်လယ် သူတော်စင်၏ တပည့်တို့သည်၊ သူတို့၏ ကျင့်ကြံမှုများကို ကျုံ့လိုက်ပြီးမှ ပြန်လည် ဖောက်ခွဲလိုက်ကြသည်။

လျှမ်ယွမ်သည် သူလေ့ကျင့်ထားသည် အေကာလာ တထာဂတ မန္တန်အား အဆုံးစွန်အထိ ထုတ်ဖော်လိုက်သည်။

ရှေးကျသော ရွှေဗုဒ္ဓသည် လျှမ်ယွမ်၏ ခန္ဓာကိုယ် အတွင်းသို့ ပေါင်းစည်းသွားပြီးသော အချိန်တွင်၊ လျှမ်ယွမ်သည် သူ၏မျက်လုံး အစုံတို့ကို ဖွင့်လိုက်ရာ သူ၏မျက်လုံး သူငယ်အိမ်များ အတွင်းတွင် ဗုဒ္ဓပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူသည် မလှုပ်မရှား ထိုင်နေခဲ့၍ ရှေးကျ၍ ကြီးစိုးလွှမ်းမိုးနိုင်သည့် စွမ်းအား သဘောတရားတို့က ပေါ်လာခဲ့သည်။ သူသည် နတ်ဆိုးဝိညာဥ်များကို နှိန်နင်းပေး၍ မိစ္ဆာများကို ဖယ်ရှားပေးခဲ့သည်။

သူသည် ဘယ်ကမ္ဘာမှာပဲ ရှိရှိ၊ မည်သည့် ပတ်ဝန်းကျင်ကိုပဲ ရောက်နေနေ၊ တစ်ယောက်သည် သူ၏ အစစ်အမှန် သဘာဝအား ခွဲခြားနိုင်မည်ဆိုလျှင်၊ မည်သည့်မိစ္ဆာမျိုးကိုမဆို ကြောက်ရွံ့ခြင်းကင်းစွာနှင့် ရင်ဆိုင်နိုင်မည် ဖြစ်သည်။

ထိုကဲ့သို့သော သန်စွမ်းသည့် စွမ်းအားသဘောတရားများအား၊ ရှီထျန်းဟောင်၏ စကားနှစ်လုံးတို့ပင် တားဆီးနိုင်မည် မဟုတ်ချေ။

သူသည် အဖိနှိပ် ခံနေရသော်လည်း၊ လျှမ်ယွမ်သည် ဂူပေါက်ဝထံသို့ ဖြည်းဖြည်းမှန်မှန် အနားကပ်လာနိုင်ခဲ့သည်။

ရှီရှင်းယွမ်သည်လည်း သူမ၏ စွမ်းအားများကို ဖော်ပြလိုက်ကာ၊ ဓာတ်ငါးပါး အလင်းတန်း နဂါးသည် ပေါ်ပေါက်လာခဲ့သည်။ သူတို့၏ ခေါင်းများ အမြီးများကို ဆက်သွယ်လိုက်ကာ၊ ဓာတ်ငါးပါးတို့သည် အသက်ဝင်လာခဲ့၍၊ ထိတ်လန့်ဖွယ် စွမ်းအားများကို ထုတ်လွှတ်ခဲ့လိုက်သည်။

ဟွမ်ဟိုင်စိတ်ဝိညာဥ် အစည်းအဝေးမှ ထောင်ရောင်ရောင်နှင့် တိုက်ပွဲတွင်၊ သူမသည် မတိုက်ခိုက်ခဲ့ပဲ ခံစစ်ကိုသာ အာရုံစိုက်ခဲ့သည်။ သူမသည် သူမ၏ နည်းစနစ်၏ ခံစစ်စွမ်းရည်အား အစွမ်းကုန် ထုတ်ဖော်ပြသနိုင်ခဲ့သည်။ ယခုအချိန်တွင် သူမသည် ခံစစ်များကို လျစ်လျူရှုထားခဲ့၍၊ ဤနည်းစနစ်၏ တိုက်ခိုက်မှု စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

အဖြူရောင်၊ အစိမ်းရောင်၊ အနက်ရောင်၊ အဝါရောင် အလင်းတန်း နဂါးများသည် ပူးပေါင်းလိုက်ကြကာ၊ ရောင်စုံအလင်းတန်း စက်ဝိုင်းကြီးအဖြစ် ပြောင်းလဲသွားကြသည်။ ထိုအလင်းရောင် စက်ဝိုင်းကြီးသည် ရှီထျန်းဟောင် ဖန်ဆင်းထားသော ကမ္ဘာအတွင်းမှ ထွက်လာအပြီးတွင်၊ ထိုကမ္ဘာသည် အက်ကွဲကြောင်းများနှင့် ပြည့်သွားခဲ့သည်။

အလန်းတန်း စက်ဝိုင်း၏ အလယ်တွင်မူ၊ အားကောင်းလှသည့် အသက်စွမ်းအင်တစ်ခုက ကြီးထွားလာခဲ့သည်။ ဓာတ်ကြီးငါးပါးတို့သည် အသက်ဝင်လာကြသောအခါ၊ သူ၏စွမ်းအားသည် လျှင်မြန်စွာနှင့် တိုးတက်လာကြ၏။

ရှီထျန်းဟောင်သည် သူတို့လေးယောက်နှင့် တိုက်ခိုက်နေရသော်လည်း၊ ကြောက်ရွံခြင်း မရှိခဲ့ပေ။ သူသည် အပေါက်ကိုးပေါက် ရွှေရောင်ဗဟိုချက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ စွမ်းအားများသည် အခြေတည် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများနှင့် ယှဥ်နိုင်ပြီး၊ သူ၏ ရုပ်ခန္ဓာကိုယ် သိုင်းပညာရပ်များကလည်း ထူးချွန်ထက်မြက်လှသည်။

သာမန် ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူများသည် အင်မော်တယ်ဝိညာဥ် အဆင့်မှ မှော်ရတနာများကို ကိုင်တွယ်နိုင်ခြင်း မရှိသော်လည်း၊ သူသည် မီးတောက်နဂါး ကောင်းကင် ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားသည့် အချိန်တွင်၊ သူသည် မည်သို့မှ အဆင်မပြေ မဖြစ်ခဲ့ပေ။

ဤအချိန်တွင် ဇူရီနှင့် ကျန်သောသူများသည် စိတ်ဝိညာဥ် ဝင်္ကပါ၏ အပေါ်မှ ကျောက်တုံးကြီး အပေါ်သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။ ပြီးတာနှင့် သူတို့သည် ကျောက်တုံး၏ အပေါ်မှ ဂူပေါက်ဝအတွင်းသို့ လျှင်မြန်စွာနှင့် ဝင်ရောက်သွားကြ၏။

"ငါတို့နောက်က သိပ်ပြီးမှ ကပ်မလိုက်လာနဲ့" ရှီထျန်းဟောင်၏ ခန္ဓာကိုယ်သည် ကြက်သွေးရောင် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့ကာ၊ လျှမ်ယွမ်နှင့် နှင်းတောင်ထိပ် ဂရန်းမာစတာတို့အား နောက်ဆုတ်စေခဲ့သည်။ ရှီရှင်းယွမ်က ဘာမှမလုပ်နိုင်ခင်တွင်၊ သူသည် ဇူရီ၏ အနောက်သို့လိုက်ကာ ဂူအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့၏။

လျှမ်ယွမ်နှင့် နှင်းတောင်ထိပ် ဂရန်းမာစတာတို့သည် ငုံ့ကြည့်လိုက်ကြကာ၊ ဂူပေါက်ဝ အတွင်းသို့ ဘာမှမပြောကြပဲ လိုက်ဝင်သွားကြသည်။ ရှီရှင်းယွမ်ကလည်း လိုက်ဝင်သွားခဲ့ရင်း တွေးနေခဲ့သည်။ "ဟိုချပ်ဝတ်တန်ဆာ ရတနာ မပါပဲနဲ့တောင်၊ သူက အရင်ကထက် အများကြီး သန်မာလာတယ်။ ဒွိစုံသူငယ်အိမ်နဲ့သူကတော့ ဒုက္ခရောက်ပြီ"

ခဏအကြာတွင် အခြေတည် ဝိညာဥ် အဆင့်မှ ဂရန်းမာစတာများ၏ အကာအကွယ်အောက်တွင် ရှိနေကြသော လူအုပ်ကြီးသည်၊ ကောင်းကင်လေပြင်း အလွှာမှ လွတ်မြောက်နိုင်ခဲ့ကြပြီး ကျောက်တုံးကြီး အပေါ်သို့ ရောက်ရှိလာကြသည်။ သူတို့အားလုံးတို့သည် မပျော်မရွှင် ဖြစ်နေကြပြီး ကျိန်ဆဲနေကြ၏။ "သေစမ်း! ဟိုကောင်စုတ်လေးကို မမိစေနဲ့၊ မဟုတ်လို့ရှိရင် သင်ခန်းစာကောင်းကောင်း ပေးလိုက်မယ်!"

ခွန်းဖန် လျှို့ဝှက်ကျမ်းစာ၏ အပြင်ဘက်တွင်၊ လင်းဖုန်း၊ ချန်းယွင်သူတော်စင်နှင့် ရွှင်ပျော်ပျော် သူတော်စင်တို့သည် သူတို့ အရှေ့မှ အလင်းတန်း ပုံရိပ်များကို ကြည့်နေကြသည်။

အနီးအနားတွင် မြောက်ဝင်ရိုးစွန်း ပင်လယ်မှ ကျင့်ကြံသူအချို့က ထွက်မသွားကြသေးပဲ၊ ရစ်သီရစ်သီ လုပ်နေကြသေးသည်။ သူတို့သည် ထိုပုံရိပ်များကို ခိုးကြည့်နေကြသော်လည်း၊ လင်းဖုန်းနှင့် ကျန်သောသူများက ဂရုမစိုက်ကြပေ။

သူတို့သည် ရှီထျန်းဟောင်က စိတ်ဝိညာဥ် ဝင်္ကပါ၏ အရံအတားများကို ချိုးဖျက်လိုက်သောအခါ၊ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။ "ဒီကောင်လေးက ဘာလုပ်တာလဲ၊ သူက ရူးနေပြီလား"

"သူ့ရဲ့အဖွဲ့က ရတနာတွေ ရဖို့အတွက် အလှမ်းဝေးသွားလို့ အဖျက်လုပ်ငန်းတွေ လုပ်နေတာလား"

"သူက အရမ်းကို ကောက်ကျစ်တာပဲ"

"ရှူး၊ တိုးတိုး၊ ဟိုမှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင် ထိုင်နေတာ မတွေ့ဘူးလား။ သူ့တပည့်ကို သွားဝေဖန်နေတာ၊ မင်းနောက်တစ်နေ့ နေထွက်တာကို မတွေ့ချင်တော့ဘူးလား"

ပြီးတာနှင့် သူတို့သည် ဇူရီနှင့် ကျန်သောသူများက ကောင်းကင်ကိုးလွှာ လေပြင်းဝင်္ကပါအား ထုတ်ဖော်လိုက်ကာ၊ ဂူပေါက်ဝ၏ အလယ်ဗဟိုသို့ လွယ်ကူစွာ ရောက်ရှိလာကြသည်ကို တွေ့လိုက်ကြ၏။

သူတို့အားလုံးတို့သည် ဆွံ့အကုန်ကြ၏။ "သေစမ်း၊ ဒီလိုလဲ အလုပ်ဖြစ်တာပဲလား"

သူတို့သည် ထိုမြင်ကွင်းကို မြင်လိုက်ကြသောအခါ၊ ချောင်ဝေနှင့် ဝင်ရိုးစွန်းပင်လယ် သူတော်စင်သည် အမူအရာ မပြောင်းကြသော်လည်း၊ လက်ဝဲမင်းသားရှန်မှာ မျက်နှာမဲ့သွားခဲ့ကာ၊ ရွှင်ပျော်ပျော် သူတော်စင်နှင့် ချန်းယွင်သူတော်စင်တို့မှာ ခါးသီးစွာနှင့် ရယ်လိုက်ကြလေသည်။

အပြာရောင်ခန်းမ သူတော်စင်ကလည်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကာ၊ လင်းဖုန်းထံသို့ လှည့်ကာမေးလိုက်သည်။ "ဒါက လေနတ်ဘုရားဂိုဏ်းရဲ့ ကောင်းကင်ကိုးလွှာ လေပြင်းဝင်္ကပါ မဟုတ်လား"

လင်းဖုန်းက သူ၏ခေါင်းအား ညိတ်လိုက်သည်။ "ဟုတ်တယ်၊ သူက အရင်တုံးက ပျက်စီးသွားခဲ့တယ်။ ကျုပ်က ပြုပြင်ဖို့ ကြိုးစားခဲ့ပေမဲ့၊ ပုံမှန်စွမ်းအားတော့ ပြန်မရသေးဘူး။ ဘာပဲပြောပြော ဝင်္ကပါ တစ်ခုက အပြည့်အဝ ပြန်ကောင်းဖို့ဆိုရင်၊ ရတနာတွေ အများကြီး လိုတယ်ဗျ"

"ခင်ဗျားတို့ရဲ့ အရှေ့မှာ ကျုပ်ရဲ့ဝင်္ကပါက ရယ်စရာကြီး ဖြစ်သွားပြီဗျာ"

လင်းဖုန်း၏ မှတ်ချက်အပြီးတွင် အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ အချို့တို့သည်၊ လင်းဖုန်းဘက်သို့ မျက်စောင်းထိုးကြည့်လိုက်ကြကာ နှာခေါင်းရှုံ့လိုက်ကြသည်။

လူတစ်ယောက်သည် စိတ်ဝိညာဥ် ဝင်္ကပါ၏ အလယ်မှ ကျောက်တုံးပေါ်သို့ ရောက်ရှိသွားသည်နှင့်၊ လင်းဖုန်းနှင့် အခြား အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများက သူတို့၏ တပည့်များ အပေါ်တွင် ထားခဲ့ကြသော မှော်စွမ်းအင်များသည်၊ ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်စွမ်းများ ပျောက်ကွယ်သွားခဲ့သည်။ ကျန်နေခဲ့သည်မှာ ဘယ်နေရာတွင် ရောက်နေသည်ကို ပြနိုင်စွမ်းသာ ရှိတော့သည်။

ဤအချိန်တွင် အလင်းတန်း ပုံရိပ်များသည် စတင်ပျောက်ကွယ်ကုန်ကြသည်။ လင်းဖုန်းနှင့် ကျန်သောသူများက အမူအရာမပြောင်းကြပဲ သူတို့ကိုယ်သူတို့ တွေးနေကြသည်။ "အခုအချိန်ကစပြီး စာမေးပွဲ အစစ်က စပြီ။ မင်းတို့ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်နေတော့မယ်"

****************

နတ်ဘုရားနယ်မြေနှင့် ကျယ်ပြန့်သော လေဟာနယ်ကြီး ခြားနားထားသည့် မဟာလွင်တီးခေါင် ကုန်းမြေတွင် ဖြစ်သည်။

မဟာလွင်တီးခေါင် ကုန်းမြေ၏ မြောက်ပိုင်းနယ်နိမိတ်သည် အဆုံးမဲ့ ပင်လယ်ကြီး ဖြစ်သည်။ ပင်လယ်၏ နက်ရှိုင်းသော နေရာတစ်ခုတွင် ပင်လယ်ရေများသည် တဖြည်းဖြည်းနှင့် အရောင်များ ပြောင်းလဲလာခဲ့ကာ၊ အပြာရောင် မသန်းတော့ချေ။ သူသည် အနက်ရောင်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့၏။

မြောက်ပိုင်း ပိုရောက်လေလေ၊ ပင်လယ်ရေများက ပိုနက်လာလေလေ ဖြစ်သည်။ သို့သော်လည်း ရေညစ်ညမ်းမှု မရှိပဲ စိတ်ဝိညာဥ်စွမ်းအင်များက ပေါ်ထွက်လာကာ အသက်စွမ်းအင်များကို ဖန်ဆင်းနေလေသည်။

ပင်လယ်၏ အလယ်တွင် ကြီးမားလှစွာသော ကျွန်းကြီးတစ်ကျွန်းအား တွေ့နိုင်ပေသည်။ သူ၏ ဧရိယာသည် လွန်စွာ ကျယ်ပြန့်လှ၏။ ကျွန်းဟုဆိုရမည်ထက်၊ ကုန်းမြေတစ်ခုဟု ဆိုရလျှင် ပိုမှန်ပေမည်။

ထိုနေရာတွင် အသိုက်ကြီး တစ်ခုရှိသည်။ သူအားကြည့်ရသည်မှာ ရိုးရှင်းပုံ ပေါက်နေသော်လည်း၊ ရွှေရောင်သန်းနေခဲ့ကာ မျက်စိပသာဒ ရှိလှပေသည်။ သူသည် ကောင်းကင်ပေါ်မှ နေမင်းထက် အောက်မကျချေ။

ဒါသည် ခွန်းဖန် မိစ္ဆာ မျိုးနွယ်စုတို့၏ အိမ်ဖြစ်သည်။

တစ်ခါတစ်ရံတွင် ဧရာမ ခွန်းဖန်များသည် အသိုက်ပေါ်မှ ပျံသန်းသွားကြသောအခါ၊ သူတို့၏ အတောင်များကို ဖြန့်လိုက်လျှင် နေမင်းကြီးအား ဖုံးကွယ်သွားခဲ့သည်။

ခွန်းဖန်များသည် ကောင်းကင်ပေါ်တွင် ပျံသန်းနေရာမှ သူတို့၏ အတောင်များကို ရုပ်လိုက်ကာ၊ အနက်ရောင် ပင်လယ်အတွင်းသို့ ထိုးဆင်းသွားခဲ့၏။ သူတို့သည် ရေအတွင်းသို့ ရောက်သွားကြသောအခါ၊ သူတို့သည် ဧရာမ အနက်ရောင် ငါးကြီးတစ်ကောင် အဖြစ်သို့ ပြောင်းသွားကြသည်။ သူတို့၏ အရှေ့တွင် ဝေလငါးတစ်ကောင်သည် ပုစွန်ဆိတ်လေးနှင့်သာ တူနေခဲ့ပေသည်။

တစ်ချိန်တည်းမှာပင် အချို့ အနက်ရောင် ငါးကြီးများသည် ပင်လယ်အတွင်းမှ ခုန်ထွက်လာကြ၏။ ရေမျက်နှာပြင် အပေါ်သို့ ရောက်သောအခါ၊ သူတို့သည် ဧရာမ အစိမ်းရောင် ငှက်ကြီးများ ဖြစ်သွားကြသည်။

သူတို့သည် သူတို့၏ အတောင်များကို ဖြန့်လိုက်ကြကာ၊ သူတို့၏ ကိုယ်ပေါ်မှ ရေစက်များကို ခါကြလိုက်ကြရာ ပင်လယ် အတွင်းတွင် မုန်တိုင်းပမာ ဖြစ်သွားကြသည်။ အစိမ်းရောင် ငှက်ကြီးများသည် သူတို့၏ အတောင်များကို ဖြန့်လိုက်ကြကာ ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြ၏။

ကုန်းမြေအတွင်းတွင် ဧရာမ ခွန်းဖန်တစ်ကောင်သည် သူ၏ အတောင်များကို ရုပ်သိမ်းလိုက်ကာ၊ ကောင်းကင်သို့ မလှုပ်မရှားပဲ ကြည့်နေခဲ့သည်။ သူ၏ အရွယ်အစားသည် ပုံမှန်ခွန်းဖန် တစ်ကောင်ထက် ကြီးမားလှပေသည်။

သူ၏ဘေးတွင်လည်း ငှက်အသွင်နှင့် ခွန်းဖန်တစ်ကောင် ရှိနေခဲ့သည်။

ခွန်းဖန်တစ်ကောင်က မေးလိုက်သည်။ "ဖခင်၊ အချိန်ဘယ်တော့ ကျမှာလဲ"

ပို၍ကြီးသော ခွန်းဖန်သည် ခွန်းဖန် မိစ္ဆာမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် မသေဝိညာဥ်အား ဖော်ဆောင်ထားပြီး၊ လက်ရှိ ခွန်းဖန် မဟာပဏ္ဍိတ ဖြစ်သည်။

"ဒီကနေ့မှာ ငါတို့က ငါတို့ရဲ့ ဘိုးဘေးဘီဘင်ရဲ့ ရုပ်ကြွင်းနဲ့ အမွေအနှစ်တွေကို ပြန်ယူရမယ်!" ခွန်းဖန် မဟာပဏ္ဍိတက ကြုံးဝါးလိုက်သည်။ သူသည် သူ၏သားအား လှမ်းကြည့်လိုက်သည်။ "ငါ့သား၊ မဟူရာငှက်တောင်၊ မင်းက အဆင်သင့် ဖြစ်ပြီလား"

မဟူရာငှက်တောင် ခွန်းဖန်သည် ခွန်းဖန် မျိုးနွယ်စု၏ သခင်လေး ဖြစ်သည်။ သူသည် မိစ္ဆာဝိညာဥ်အား ဖော်ဆောင်ပြီး၍၊ မိစ္ဆာသခင် အဆင့်သို့ ရောက်သွားပြီး ဖြစ်သည်။ သူ၏ခေါင်းကို တည်ငြိမ်စွာဖြင့် ညိတ်လိုက်ကာ ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ဖခင်၊ ကျွန်တော်က ဒီအချိန်ကိုပဲ စောင့်နေတာပါ"

ခွန်းဖန် မဟာပဏ္ဍိတက ပြောလိုက်သည်။ "ဟုတ်တယ်၊ ငါတို့အားလုံးက ဒီအချိန်ကိုပဲ စောင့်နေကြတာ"

ကျန်နေသော ခွန်းဖန်များသည် သူတို့၏ ခေါင်းကို ငုံ့ထားကြကာ၊ သူတို့၏ အတောင်များ တုန်ခါနေကြ၍ ပျော်ရွှင်မှုများဖြင့် ပြည့်နေကြ၏။

ခွန်းဖန် မဟာပဏ္ဍိတသည် သူ၏ခေါင်းအား လှည့်လိုက်ကာ၊ သူ၏ပုခုံးအား ကြည့်လိုက်သည်။ ထိုနေရာတွင် ရွှေရောင် အစက်ကလေးများ ရှိသည်။ ကြီးမားလှသော ခွန်းဖန် မဟာပဏ္ဍိတ၏ အရွယ်အစားနှင့် ယှဥ်လိုက်သော်၊ သူတို့အား ရှာတွေ့ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

သို့သော်လည်း သူထံမှ မိစ္ဆာအော်ရာမှာ ပြင်းထန်လှ၏။ အသိုက်တစ်ခုလုံးတွင် ခွန်းဖန် မဟာပဏ္ဍိတနှင့် အခြား ခွန်းဖန်အိုကြီး တစ်ကောင်ကသာ သူ့အား အနိုင်တိုက်နိုင်သည်။ မဟူရာ ငှက်တောင်သည်ပင်လျှင် သူ့အား အနိုင်မတိုက်နိုင်ပေ။

သူသည် အနက်ရောင် ဖီးနစ်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရွှေရောင် အလင်းတန်းများနှင့် တောက်ပနေ၏။ သူ၏ မျက်လုံးများမှနေ၍ အဖြူရောင် မီးတောက်များကို တွေ့နေနိုင်သည်။

ခွန်းဖန် မဟာပဏ္ဍိတက ပြောလိုက်သည်။ "ဘေးပတ်ဝန်းကျင်တွေမှာ ထောင်စုနှစ် မဟူရာ ရေခဲတွေနဲ့ ပိတ်ဆို့နေတယ်။ အဲ့ဒါတွေကို ဖြေရှင်းပေးလိုက်ပါ"

အနက်ရောင် ဖီးနစ်သည် ကြည်လင်ပြတ်သားသော လေသံဖြင့် ပြန်ပြောလိုက်သည်။ "စိတ်ပူနေစရာ မလိုပါဘူး။ ကျွန်မက ဒီကိုရောက်လာပြီဆိုတော့၊ အတတ်နိုင်ဆုံး ကူညီမှာပဲ။ ဒါပေမဲ့ လျှို့ဝှက်ကျမ်းစာက သဘောတူထားတဲ့ ရတနာကိုတော့၊ ကျွန်မက ကိုယ်တိုင်ယူရလိမ့်မယ်။ ဒါကိုတော့ စိတ်မရှိပါနဲ့"

ခွန်းဖန် မဟာပဏ္ဍိတက ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ အချိန်ကျလာရင် မင်းနဲ့ မဟူရာငှက်တောင်နဲ့ အတူတကွ ဝင်ကြရမယ်။ မင်းပြောထားတဲ့ ပစ္စည်းကိုတွေ့ရင်၊ မင်းယူလိုက်လို့ရတယ်"

ဖီးနစ်က သူမ၏ခေါင်းကို ညိတ်လိုက်ရာ၊ ခွန်းဖန် မဟာပဏ္ဍိတက ပြောလိုက်သည်။ "ဒါဆိုရင်၊ စလိုက်ကြရအောင်။ ခွန်းဖန် အနစ်နာခံ ယဇ်ပူဇော်မှုကို စတင်ပြီး၊ ငါတို့ရဲ့ ဘိုးဘေးဘီဘင်ကို ပြန်ခေါ်ရမယ်"

သူသည် အသိုက်အပေါ်သို့ ပျံတက်သွားခဲ့သည်။ သူ၏တောင်ပံနှစ်ဘက်အား ဆန့်တန်းလိုက်လျှင်၊ မိုင်ထောင်ပေါင်းများစွာရှိ၍ သူ၏ ကိုယ်ပေါ်မှနေ၍ တောက်ပသည့် ရွှေရောင်အလင်းတန်းများ ထွက်လာကြသည်။ ထိုရွှေရောင် အလင်းတန်းများ အကြားတွင်၊ မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များ လွင့်မျောနေကြ၏။

ခွန်းဖန် မဟာပဏ္ဍိတသည် သူ၏ခေါင်းပေါ်မှ ကောင်းကင်အား ကြည့်လိုက်ကာ၊ သူ၏ မျက်လုံးများ အတွင်းမှ သွေးများကျလာခဲ့၏။ ထိုကျောက်စိမ်းပြာရောင် သွေးများသည် ရွှေရောင် အလင်းတန်းများ အတွင်းတွင်၊ လျှင်မြန်စွာနှင့် အငွေ့ပျံသွားကြသည်။ သူတို့သည် မြူခိုးငွေ့များအဖြစ်သို့ ပြောင်းသွားကြသည်။ ရွှေရောင်အလင်းတန်းများသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြကာ၊ လေဟာနယ်တွင် အပေါက်တစ်ခုအား ဖောက်ပေးလိုက်သည်။

လေဟာနယ် အချိန်ကာလများ တုန်ခါလာကြကာ၊ ကစဥ့်ကလျား ဖြစ်သွားကြ၏။ သို့သော်လည်း ခွန်းဖန် မဟာပဏ္ဍိတ၏ သွေးဖြင့် ဖန်တီးထားသော မြူခိုးငွေ့များသည်၊ အရှေ့သို့ ဖြည်းဖြည်းချင်း ဆက်သွားနေခဲ့ကာ၊ ရွှေရောင်လမ်းကြောင်း တစ်ခုအား ဖန်ဆင်းပေးနေခဲ့သည်။

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

546K 74.9K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
542K 75.5K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဉ်ရှုသေဆုံးခဲ့သည်။ သို့သော် သူမ၏ကံကောင်းမှုအနည်းငယ်ကြောင့် သနားစရ...
50K 4K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
48.3K 5.3K 93
စုပင်းတစ်ယောက် အိပ်နေရင်း သူနေထိုင်တဲ့ ကမ္ဘာထက်ပိုအဆင့်မြင့်တဲ့ အခြားကမ္ဘာတစ်ခုကို ကူးပြောင်းရောက်ရှိသွားပြီး ထိုကမ္ဘာသည် နည်းပညာမြင့်သော်လည်း ကြယ်တ...