ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.8K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၄၁၇ - ၄၁၈

424 47 0
By KazunoMora

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၇

အပိုင်း ၄၁၇ : ရတနာသိုက်အား ဖွင့်လှစ်ခြင်း

ရွှင်ပျော်ပျော် သူတော်စင်၏ အကြံပြုချက်အား ကြားရသောအခါ၊ အခြား အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများက လှမ်းကြည့်လိုက်ကြသည်။

လင်းဖုန်းသည် ပြုံးလိုက်၍ သူ၏ လက်ခုပ်အား တီးလိုက်သည်။ သူ၏ခေါင်းပေါ်မှ ယုကျင်းတောင်၏ ပုံရိပ်သည် ပို၍ပို၍ ကြည်လင်ပြတ်သားလာခဲ့သည်။

သူတို့သည် ယုကျင်းတောင်၏ ဖိအားများကို ခံစားခဲ့ရသောအခါ၊ သူတို့၏ အမူအရာများသည် မပြောင်းလဲကြသော်လည်း၊ အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲ အချို့၏ အမူအရာများသည် လေးနက်လာကြသည်။

ကျင့်ကြံမှု အဆင့်နိမ့်သော သူများမှာ ကြောက်ရွံ့လာကြသည်။

လင်းဖုန်းသည် သူ၏ မှော်စွမ်းအင်များကို ထုတ်လွှတ်လိုက်သောအခါ၊ ယုကျင်းတောင်မှ ရွှေရောင်မီးတောက်တစ်ခုသည် ပျံသန်းထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ဒါသည် လင်းဖုန်း၏ မှော်စွမ်းအင်များမှ ဖန်ဆင်းထားခြင်း မဟုတ်ပဲ၊ ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာ အတွင်းတွင် ဖိနှိပ်ခံထားရသည့် ရွှေကျီး မဟာပဏ္ဍိတ၏ မဟာသူရိယ အကြွင်းမဲ့ မီးတောက် ဖြစ်သည်။

လင်းဖုန်းသည် သူ့ထံမှ အရည်ညှစ်၍ရသလောက်ကို တစ်စက်မှ မကျန်ပဲနှင့် ညှစ်ယူခဲ့ခြင်း ဖြစ်သည်။

သူသည် သူ၏ ကိုယ်ပိုင် မှော်စွမ်းအင်များကို အသုံးပြု၍ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို ထုတ်လွှတ်ခဲ့ပါက၊ သူ၏မှော်စွမ်းအင် များစွာတို့ကို အသုံးပြုရမည် ဖြစ်သည်။ ဤကဲ့သို့သော ရှုပ်ထွေးနေသည့် အခြေအနေမျိုးတွင်၊ တတ်နိုင်သလောက် သူ၏စွမ်းရည်များကို အကောင်းဆုံး အခြေအနေတွင် ထိန်းသိမ်းထားရမည် ဖြစ်၏။

"နှမြောစရာ ကောင်းတာက၊ မီးလျှံရေခဲ သစ်သီးကို အသုံးမပြုနိုင်တာပဲ။ မဟုတ်လို့ရှိရင် လက်ရှိအခြေအနေမှာ အတော့်ကို အသုံးကျမှာ ဖြစ်တယ်" လင်းဖုန်းသည် အနည်းငယ် နောင်တရနေခဲ့သည်။

မီးလျှံရေခဲသစ်သီးသည် လင်းဖုန်းက ရွှေရောင်ဗဟိုချက် အဆင့်သို့ ရောက်ရှိသွား အပြီးတွင်၊ စနစ်အတွင်းမှ ကံစမ်းမဲ ပေါက်ခဲ့သော ပထမဆုံး အိုင်တမ်ဖြစ်သည်။ သူသည် အလွန်အမင်း ပူပြင်းသော နေရာတစ်ခုမှ ပေါက်ပွားလာခဲ့ခြင်း ဖြစ်၏။

ထိုသစ်သီးသည် သူ၏ အတွင်းတွင် အပူနှင့်အအေး အရည်အသွေး နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားသည်။ အလွန်အေးသော နေရာတစ်ခုတွင်၊ သူသည် အအေးမှအပူသို့ ပြောင်းလဲနိုင်သည်။ အပြင်မှ ပိုအေးလေလေ၊ သူသည် ပို၍ ပူလာလေလေ ဖြစ်၏။ ပြောင်းပြန်ပင် အလွန်ပူသော ပတ်ဝန်းကျင်တွင်၊ အပြင်မှ ပူလေလေ သူက ပိုအေးလေလေ ဖြစ်သည်။

ပုံမှန်အခြေအနေမျိုးတွင် ရေခဲသလင်းကျောက်များကို ကြုံတွေ့ခဲ့ပါက၊ မီးလျှံရေခဲ သစ်သီးအား ပစ်ထည့်လိုက်ပါက ရေခဲသလင်းကျောက်များကို ပြင်းထန်သည့် မီးတောက်များအဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။ ပြီးတာနှင့် အရည်ပျော်သွားမည် ဖြစ်၏။ မီးတောက်က ပြင်းထန်လေလေ၊ ရေခဲ၏ အရည်ပျော်နှုန်းက ပိုမြန်လေလေ ဖြစ်သည်။

သို့သော်လည်း မီးလျှံရေခဲ သစ်သီး၏ စိတ်ဝိညာဥ် စွမ်းအင်သည် အကန့်အသတ် ရှိ၏။ ရေခဲများမှ မီးတောက်များကို ပြောင်းလဲရာတွင်၊ အကြွင်းမဲ့မီးတောက် ခုနှစ်မျိုးအား အသုံးပြု၍ မရချေ။

ပြီးတော့ ထောင်စုနှစ် မဟူရာ ရေခဲသည် အအေးဆုံး အရာဝတ္ထုဖြစ်သည့် အားလျှော်စွာ၊ မီးလျှံရေခဲ သစ်သီး၏ မီးတောက်အဖြစ် ပြောင်းလဲနိုင်သည့် အကန့်အသတ်၏ အလွန်တွင် ရှိနေ၏။

သူ၏ နောင်တများကို မျိုသိပ်ရင်းနှင့် လင်းဖုန်းသည် မဟာသူရိယ အကြွင်းမဲ့ မီးတောက်အား ထိန်းချုပ်လိုက်ကာ၊ ထောင်စုနှစ် မဟူရာ ရေခဲအပေါ်သို့ ကျရောက်စေခဲ့သည်။

လင်းဖုန်း၏ သံမဏိသစ်ပင် ကိုယ်ပွားသည်၊ ထွမ်းထွမ်းအား ထိုနေရာမှ အစောကြီးကတည်းက ခေါ်ထုတ်သွားခဲ့ပြီ ဖြစ်သည်။ မဟာသူရိယ အကြွင်းမဲ့ မီးတောက်သည် ရေခဲပင်လယ်အပေါ်သို့ ကျရောက်လာခဲ့ကာ၊ နှစ်ပေါင်းများစွာ အေးခဲနေခဲ့သည့် မဟူရာ ရေခဲများကို အရည်ဖျော်ပစ်ခဲ့သည်။

ရွှင်ပျော်ပျော် သူတော်စင်သည် မဟာသူရိယ အကြွင်းမဲ့ မီးတောက်နှင့်၊ အေးခဲနေသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည့် မဟူရာ ရေခဲကို ကြည့်လိုက်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ "နှမြောစရာ ကောင်းတာက အခုရှိနေကြတဲ့ သူတွေအားလုံးအနက်မှာ၊ သူတစ်ယောက်ကသာ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို ထိန်းချုပ်နိုင်တာပဲ။ ကျန်တဲ့သူတွေ အားလုံးက ဒီထောင်စုနှစ် မဟူရာရေခဲကို မချိုးဖောက်နိုင်ဘူး"

သူ၏ခေါင်းကို ခါလိုက်ရင်း၊ သူသည် ချန်းယွင်သူတော်စင်၏ ကူရာမဲ့နေသည့် မျက်လုံးအစုံအား တွေ့လိုက်သည်။

အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲ နှစ်ယောက်၏ အကြည့်များ ဆုံသွားကြသည့် အချိန်တွင်၊ သူတို့သည် အကြည့်များကို လွှဲလိုက်ကြကာ ရင်ထဲမှနေ၍ သက်ပြင်းများအား ကျိတ်ချလိုက်ကြသည်။

ထိုမြင်ကွင်းကို တွေ့နေရသော လင်းဖုန်းသည်၊ ရင်ထဲမှနေ၍ ကျိတ်ရယ်နေခဲ့သည်။

ဒဏ္ဍာရီလာ အကြွင်းမဲ့မီးတောက်များသည် လွန်စွာရှားပါးကြသော ပစ္စည်းများ ဖြစ်ကြသည်။ ရှောင်ယန်အနေဖြင့် သူတို့အထဲမှ အနည်းငယ်ကို ပိုင်ဆိုင်ထားသည်မှာ ပုံမှန်မဟုတ်သော အဖြစ်အပျက် တစ်ခုဖြစ်သည်။

အကြွင်းမဲ့မီးတောက် ခုနှစ်မျိုးအနက် ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်၊ ကောင်းကင် ကမ္ဘာဖျက် မီးတောင်နှင့် ခိစတိဂါဘ အစစ်အမှန် မီးရှူးတိုင်တို့သည် ပိုင်ရှင်မရှိပဲ၊ သေမျိုးကမ္ဘာတွင် ရှိနေကြခြင်း ဖြစ်သည်။

အခြားအကြွင်းမဲ့ မီးတောက်များအနက် ရွှေကျီး မဟာပဏ္ဍိတသည် မဟာသူရိယ အကြွင်းမဲ့ မီးတောက်၊ ဖီးနစ် မျိုးနွယ်စုသည် သန့်စင်သောယန် အကြွင်းမဲ့ မီးတောက်၊ ရှောင်ကျန်းအာ၏ မိသားစုသည် နန်းမင် အကြွင်းမဲ့ မီးတောက်တို့အား ပိုင်ဆိုင်ထားကြသည်။

သူတို့အပြင် နတ်ဘုရားနယ်မြေမှ သံသရာဂိုဏ်းသည်၊ အနီရောင်ကြာပန်း မီးတောက်ကို ပိုင်ဆိုင်ထားခဲ့၏။

သူတို့သည် လင်းဖုန်းနှင့် ယှဥ်ပြိုင်ရန် အလားအလာ အရှိဆုံးသူများ ဖြစ်ကြ၏။ သို့သော်လည်း သံသရာဂိုဏ်း၏ ပြည်တွင်းစစ်သည် အရှိန်အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေကြောင်းကို လင်းဖုန်းက သတိပြုမိပြီး ဖြစ်သည်။

သံသရာဂိုဏ်းသည် အနီရောင်ကြာပန်း မီးတောက်အား ပိုင်ဆိုင်ထားသော်လည်း၊ သူတို့သည် ဤနေရာသို့လာ၍ ခွန်းဖန် လျှို့ဝှက်ကျမ်းစာအား လာလုရန် အချိန်ရှိမည် မဟုတ်ချေ။

သို့သော်လည်း လင်းဖုန်းသည် သူ၏ သတိကိုမူ လျှော့ထားခြင်း အလျဥ်းမရှိပေ။ မဟာသူရိယ အကြွင်းမဲ့ မီးတောက်၊ သန့်စင်သောယန် အကြွင်းမဲ့မီးတောက်၊ နန်းမင် အကြွင်းမဲ့ မီးတောက်နှင့် အနီရောင်ကြာပန်း မီးတောက်တို့အပြင်၊ ကျန်သော အကြွင်းမဲ့မီးတောက် သုံးမျိုးတို့သည် သိပ်ပြီးမှ သတိထားစရာ မရှိချေ။

သူတို့အနက်မှ တစ်ခုဖြစ်သော ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်သည် ရှောင်ယန်ထံတွင် ရှိနေသည်။ ဟူရန်ရန်သည် ကောင်းကင်ကမ္ဘာဖျက် မီးတောက်အား ပိုင်ဆိုင်ထားသော်လည်း၊ သူမသည် လောလောဆယ်တွင် ယုကျင်းတောင်ပေါ်တွင် ရှိနေ၏။

ကျန်ရှိနေသော ခိစတိဂါဘ အစစ်အမှန် မီးရှူးတိုင်သည်သာလျှင် ပြဿနာ ရှိနိုင်သည်။ လင်းဖုန်းသိထားသမျှဆိုလျှင် ယွဲ့ဟုန်ယန်၏ ယခင်ဆရာ ကျန်းလေသည်၊ ခိစတိဂါဘ အစစ်အမှန် မီးရှူးတိုင်အား ထိန်းချုပ်နိုင်သည်။

သူ၏ လှုပ်ရှားမှုများမှာ နောက်ယောင်ခံရ ခက်ပေသည်။ သူသည် သူတစ်ယောက်တည်း လှုပ်ရှားနေသည်လော၊ အင်အားစုကြီး တစ်ခု၏ နောက်ကွယ်တွင် ရှိနေသည်လော ဟူသည်မှာလည်း မှန်းဆရခက်ပေသည်။

အကယ်၍ သူသည် မဟာ အင်အားစု တစ်ခုနှင့် ပူးပေါင်းနေခဲ့လျှင်၊ သူကသာ ခိစတိဂါဘ အစစ်အမှန် မီးရှူးတိုင်အား ဤနေရာသို့ ယူလာခဲ့ပါက၊ အခြေအနေသည် တစ်မျိုးပြောင်းသွားနိုင်ပေ၏။

ဖြစ်နိုင်ခြေသည် နည်းပါးသော်လည်း လင်းဖုန်းသည် ထိုအရာကို ထည့်တွက်ထားရပေမည်။ ကြိုကြိုတင်တင် တွက်ဆထားသည်မှာ အန္တရာယ် မရှိပေ။

သို့သော်လည်း ထိုကဲ့သို့သော အခြေအနေမျိုးက ဖြစ်မလာခဲ့ချေ။

ရေခဲ၏ ထူထဲသော အလွှာသည် နောက်ဆုံးတွင် ပြိုကွဲသွားခဲ့၏။ ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာ အတွင်းတွင်၊ ရွှေကျီး မဟာပဏ္ဍိတသည် လင်းဖုန်း၏ နှိပ်စက်မှုကြောင့် သေအံ့မူးမူး ဖြစ်၍နေပေသည်။

ထောင်စုနှစ် မဟူရာ ရေခဲသည် အရည်ပျော်သွားသောအခါ၊ အားလုံး၏ အရှေ့တွင် မည်းနက်နေသော အမှောင်ထုတစ်ခုက ပေါ်လာခဲ့သည်။ အသက်စွမ်းအင်များ မရှိနေသလို၊ မှော်စွမ်းအင် လှုပ်ရှားမှုများကိုလည်း အာရုံခံ၍ မရခဲ့ချေ။

သို့သော်လည်း လင်းဖုန်းသည် ထိုအမှောင်ထုအတွင်းမှနေ၍ မြေအောက်ရေစီးကြောင်းများကို အာရုံခံ၍ ရနိုင်ခဲ့သည်။

မြစ်ပြင်မြေပုံ ဂရန်းမာစတာသည် ထိုအမှောင်ထု အတွင်းသို့ စိုက်ကြည့်နေခဲ့ကာ၊ သူ၏တပည့်များထံသို့ လှည့်ကြည့်လိုက်၏။ "ဒါက ခွန်းဖန်မသေခင် တည်ဆောင်သွားခဲ့တဲ့ အတားအဆီး တစ်ခုဖြစ်တယ်။ သူ့ရဲ့ ရုပ်အလောင်းကို ကာကွယ်ထားတဲ့အတွက်၊ ဒါက အလွန့်ကို အားကောင်းတဲ့ အရံအတားဖြစ်တယ်"

"သူက တိုက်ခိုက်ခြင်းကို မပြုလုပ်နိုင်ပေမဲ့၊ သူ့ရဲ့ ခံစစ်စွမ်းရည်တွေက ထိုးဖောက်ဖို့ အရမ်းခက်ခဲတယ်"

လီယွမ်ဖန်းမှလွဲ၍ ကျန်သော ကျင့်ကြံသူများသည်၊ ရေခဲပြင်၏ အောက်မှ ပိန်းပိတ်အောင် မှောင်နေသော အမှောင်ထုကြီး အတွင်းသို့ စိုက်ကြည့်နေခဲ့သည်။ သူသည် ဖျက်ဆီး၍ မရနိုင်သော ခံစားချက်တစ်မျိုးကို ပေးစွမ်းနေခဲ့၏။

လင်းဖုန်းသည် ရေခဲကို ချိုးဖောက်နိုင်ခဲ့သော်လည်း၊ သူ၏ စွမ်းရည်များမှာ အကန့်အသတ် ရှိ၏။ သူသည် ထိုအနက်ရောင် တွင်းကြီး၏ မျက်နှာပြင်မှာ အလွန်ကျယ်ပြန့်သည်ဟု ခန့်မှန်းနိုင်ခဲ့သော်လည်း၊ အဆုံးအထိကိုမူ ထွင်းဖောက်မြင်နိုင်ခြင်း မရှိခဲ့ပေ။

ရွှင်ပျော်ပျော် သူတော်စင်နှင့် ချန်းယွင်သူတော်စင်တို့သည် အချင်းချင်း ကြည့်လိုက်ကြကာ၊ ခါးသီးစွာနှင့် ရယ်လိုက်ကြ၏။

လင်းဖုန်း၏ အားသာချက်သည် ထောင်စုနှစ် မဟူရာ ရေခဲအား ချိုးဖောက်နိုင်သည့် မဟာသူရိယ အကြွင်းမဲ့ မီးတောက် တစ်ခုတည်းသာ မဟုတ်ပေ။ သူ၏အဆိုအရဆိုလျှင် အတွင်းမှ ကန့်သတ်နယ်မြေများကို ဝင်ရောက်နိုင်သည့် သော့ချက်ဖြစ်သည့်၊ ခွန်းဖန်၏ သန့်စင်သော သွေးမျိုးဆက်အားလည်း ပိုင်ဆိုင်ထားသေး၏။

ခွန်းဖန်၏ သွေးမျိုးဆက် မရှိပဲ၊ ကန့်သတ်နယ်မြေအား ဖြတ်ကျော်ရန် လွန်စွာခက်ခဲမည် ဖြစ်သည်။ ဘာပဲပြောပြော ဤနေရာ၌ သေဆုံးခဲ့သည့် ခွန်းဖန် မဟာပဏ္ဍိတသည် မသေဝိညာဥ် တတိယ အဆင့်တွင် ရှိနေခြင်းဖြစ်သည်။

ဤနေရာတွင် ရှိနေကြသော လူများအားလုံး ပူးပေါင်းလိုက်လျှင်ပင်၊ အကာအကွယ် ကန့်သတ်နယ်မြေအား ချိုးဖောက်နိုင်မည် မဟုတ်ပေ။

တစ်ချက်ပြန်၍ စဥ်းစားလိုက်လျှင်လည်း၊ အကယ်၍ သူတို့သည် ကန့်သတ်နယ်မြေအား ကျော်လွန်နိုင်သည် ဆိုဦးတော့၊ ခွန်းဖန် မဟာပဏ္ဍိတသည် ထောင်ချောက်တစ်ခုအား ဆင်ထားနိုင်သည်။

ကန့်သတ်နယ်မြေအား အင်အားသုံး၍ ကျော်ဖြတ်ခဲ့လျှင်၊ ယန္တရားများက အသက်ဝင်လာပြီး လျှို့ဝှက်ကျမ်းစာအား ဖျက်ဆီးပစ်နိုင်သည်။ ထိုသို့ဆိုလျှင် သူတို့အားလုံး၏ လုံ့လများသည် အလဟဿ ဖြစ်သွားကြမည် ဖြစ်သည်။

လင်းဖုန်းသည် သူ၏လက်အား ဝှေ့ယမ်းလိုက်ရာ၊ ကျောက်စိမ်းပြာရောင် သွေးတစ်တန်းသည် လေဟာနယ်၏ အလယ်သို့ ပျံသန်းသွားခဲ့၏။ သူသည် အပြာရောင် လျှပ်စီးတစ်တန်းက လေဟာနယ် အတွင်းတွင် တုန်ခါနေသည်နှင့် တူနေခဲ့၏။ ဒါသည် သူက တောက်ပစန္ဒာ ဂရန်းမာစတာအား သတ်ပြီးနောက်တွင် ရရှိလာခဲ့သည့်၊ ခွန်းဖန်၏ သွေးပင်ဖြစ်သည်။

တောက်ပစန္ဒာ ဂရန်းမာစတာသည် လူသားတစ်ယောက် ဖြစ်သည်။ သူသည် သူ၏ခန္ဓာကိုယ် အတွင်းသို့ ခွန်းဖန်၏ သွေးမျိုးဆက်အား ပေါင်းစည်းအပြီးတွင်၊ မူလက သန့်စင်သော ခွန်းဖန်၏သွေးသည် ညစ်ညမ်းသွားခဲ့၏။ လင်းဖုန်းသည် လုံ့လကြီးစွာ စိုက်ထုတ်ခဲ့ပြီးမှ၊ သူ့အားပြန်လည် ခွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

လင်းဖုန်းသည် ထိုအနက်ရောင် အပေါက်အား စိုက်ကြည့်နေခဲ့ကာ သူ၏လက်ချောင်းများကို ဆန့်တန်းလိုက်ရာ၊ ကျောက်စိမ်းပြာရောင် သွေးများသည် အောက်သို့ ကျဆင်းသွားခဲ့၍ မြေပေါ်သို့ ကျသွားခဲ့သည်။

"ဝုန်း!"

ကျောက်စိမ်းပြာရောင် သွေးသည် အနက်ရောင် အပေါက်အတွင်းသို့ ကျရောက်သွား အပြီးတွင်၊ အတွင်းမှနေ၍ ရွှေရောင်အလင်းတန်း တစ်တန်း စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအလင်းတန်းသည် အဆက်မပြတ် တောက်ပနေခဲ့၍၊ နေရာတစ်ခုလုံးသည် ရွှေရောင်ပင်လယ်ကြီးအလား ဖြစ်သွားခဲ့၏။

ရွှေရောင်အလင်းတန်း အပေါ်၌ မရေမတွက်နိုင်သည့် သင်္ကေတ ပုံစံများ ပေါ်ပေါက်လာခဲ့သည်။ ထိုအလင်းတန်းသည် မြင့်တက်လာခဲ့၍ ကောင်းကင်သို့တိုင်အောင် တက်သွားခဲ့ကာ၊ ကောင်းကင်မှ တိမ်တိုက်များကို ရွှေရောင်တိမ်တိုက် ပင်လယ်ကြီး ဖြစ်သွားစေခဲ့သည်။

ထိုရွှေရောင် အလင်းတန်းများသည် ပတ်ဝန်းကျင်သို့ ကျရောက်လာခဲ့သော အချိန်တွင်၊ သူတို့သည် လှိုင်းတွန့်များသဖွယ် ပျံ့နှံ့သွားကြ၍ အရပ်မျက်နှာ ပေါင်းစုံသို့ တိုက်ခိုက်နေခဲ့ကြ၏။

အားလုံးတို့သည် အံ့ဩမှင်သက်နေခဲ့ကြသည်။ "ခွန်းဖန်ရဲ့ ရုပ်အလောင်းနဲ့ ဖန်တီးထားတဲ့ ဝင်္ကပါကတောင် ဒီလောက်အထိ စွမ်းအားကောင်းနေပြီ။ သူအသက်ရှင်နေစဥ်က ဘယ်လောက်အထိများ ခက်ထန်ကြမ်းကြုတ်လိမ့်မလဲ"

လင်းဖုန်းနှင့် ကျန်သောသူများသည် ချီးမွမ်းရန် မအားကြပေ။ သူတို့သည် အောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ၊ ရွှေရောင်အလင်းတန်း၏ မူလမြေပြင်သည် မြင့်တက်လာသည်ကို တွေ့လိုက်ကြရသည်။

ထိုနေရာသည် ချက်ချင်းပင် ကစဥ့်ကလျား ဖြစ်သွားခဲ့၏။ အလယ်မှနေ၍ လေကတော့ကြီး တစ်ခုက ပေါ်လာခဲ့ကာ၊ အဆက်မပြတ် ကျယ်ပြန့်လာခဲ့သည်။ နောက်ဆုံးတွင် ခက်ထန်သော ဧရာမ ဝဲကတော့ကြီးတစ်ခု ဖြစ်လာခဲ့သည်။

တောင့်တင်းခိုင်မာလှသော ထောင်စုနှစ် မဟူရာ ရေခဲသည်ပင်၊ ထိုပြင်းထန်သော ဝဲကတော့နှင့် ရင်ဆိုင်လိုက်ရသောအခါ တုန်ခါလာခဲ့၏။

အနက်ရောင် ဝဲကတော့ကြီး၏ အလယ်တွင် လွန်စွာနက်ရှိုင်းသည့် အနက်ရောင် တွင်းပေါက်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့၏။

ထိုနေရာသည် ခွန်းဖန် လျှို့ဝှက်ကျမ်းစာ၏ ဝင်ပေါက်ပင် ဖြစ်ပေသည်။

ထိုအနက်ရောင် ဝဲကတော့ အပေါက်မှနေ၍၊ သူတို့သည် လျှို့ဝှက်ခွန်းဖန် ရတနာသိုက် အတွင်းသို့ ဝင်ခဲ့ကြသည်။ ထိုဝင်ပေါက် အတွင်းသို့ ဝင်ခဲ့ကြ အပြီးတွင်၊ လင်းဖုန်းနှင့် ကျန်သောသူများသည် ရေလှိုင်းများ မုန်တိုင်းများ၏ အသံများကို ကြားနေခဲ့ရသည်။

ဝဲကတော့၏ ဆက်လက်၍ လည်ပတ်နေခြင်းနှင့်အတူ၊ သူ၏ဘေးမှ လေဟာနယ်သည် ပြင်းထန်စွာနှင့် တွန့်လိမ်နေခဲ့၏။ ကမ္ဘာနှစ်ခု၏ နယ်နိမိတ်များသည် အချင်းချင်း ပွတ်တိုက်နေသကဲ့သို့၊ ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

လင်းဖုန်းနှင့် ကျန်သောသူများသည် ထိုမြင်ကွင်းအား မြင်ခဲ့ရသောအချိန်တွင် လွန်စွာ လေးနက်လာခဲ့သည်။

ခွန်းဖန် မဟာပဏ္ဍိတသည် မသေဆုံးချိန်တွင်၊ သူ၏ လျှို့ဝှက်ကျမ်းစာနှင့် ခန္ဓာကိုယ်တို့ဖြင့် သီးသန့်ကမ္ဘာဖြစ်သော ကမ္ဘာငယ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

ခွန်းဖန်၏ သွေးမျိုးဆက်ဖြင့် ခွန်းဖန် လျှို့ဝှက်ကျမ်းစာအား ဖွင့်လှစ်ခြင်းသည်၊ မဟာကမ္ဘာဖြစ်သော နတ်ဘုရား နယ်မြေမှ ဤကမ္ဘာငယ်လေး အတွင်းသို့ ဝင်ရောက်ခြင်း ဖြစ်သည်။

လင်းဖုန်းက ပြောလိုက်သည်။ "ကျုပ်တို့သဘောတူညီထားတဲ့အတိုင်း၊ ဒီနေရာမှာပဲ စောင့်နေမယ်။ ခင်ဗျားတို့ အားလုံးက ခင်ဗျားတို့ရဲ့ တပည့်တွေကို အတွင်းကို စေလွှတ်နိုင်တယ်။ သူတို့က ဘာရတနာတွေ ရလာမလဲ ဆိုတာက၊ သူတို့ရဲ့ ကံကြမ္မာသာ ဖြစ်တယ်"

"တကယ်လို့ တခြားလူတွေ ထပ်လာခဲ့ရင်၊ ကျုပ်တို့က တားဆီးရမယ်"

အပြာရောင်ခန်းမ သူတော်စင်နှင့် လက်ဝဲမင်းသားရှန်တို့က ချက်ချင်းပြန်တုံ့ပြန်လိုက်၏။ "ဒါက ကျုပ်တို့ သဘောတူညီထားတဲ့ အတိုင်းပဲ"

ရွှင်ပျော်ပျော် သူတော်စင်နှင့် ချန်းယွင်သူတော်စင်သည် သူတို့၏ ခေါင်းများကို ညိတ်လိုက်ကြသည်။ "ကျုပ်တို့ရဲ့ သဘောတူညီချက်အတိုင်း၊ ဒီနေရာမှာပဲ စောင့်ကြပ်နေရမယ်"

လင်းဖုန်းသည် ဝင်ရိုးစွန်း ပင်လယ် သူတော်စင်အား ကြည့်လိုက်ကာ ပြောလိုက်သည်။ "ကျုပ်တို့တပည့်တွေ ဘယ်နှစ်ယောက် ဝင်ရမလဲ ဆိုတာက အကန့်အသတ်ရှိတယ်။ မြောက်ဝင်ရိုးစွန်း ကျင့်ကြံသူတွေ အနေနဲ့၊ ခင်ဗျားရဲ့ လက်အောက်ကလူတွေ မဟုတ်ရင်လည်း ဝင်နိုင်တယ်။ ဒါပေမဲ့ သူတို့ကလည်း အကန့်အသတ်နဲ့ပဲ ဝင်ရမယ်။ ဘယ်သူတွေကို ပေးဝင်မလဲ ဆိုတာက၊ ခင်ဗျားကပဲ ဆုံးဖြတ်လိုက်ပါ"

သူသည် ဤအထိ ဦးဆောင်လာခဲ့ပြီးဖြစ်ရာ၊ လင်းဖုန်းသည် ကျန်သောကိစ္စများကို ဝင်ရိုးစွန်းပင်လယ် သူတော်စင်အား ဆုံးဖြတ်ခွင့်ပေးလိုက်၏။ ဝင်ရိုးစွန်းပင်လယ် သူတော်စင်အား သူ၏ကိုယ်ပိုင် နယ်မြေတွင်၊ မျက်နှာမပျက်စေလိုပေ။

ဝင်ရိုးစွန်းပင်လယ် သူတော်စင်သည်၊ လင်းဖုန်းအား ငြိမ်သက်စွာဖြင့် ကြည့်လိုက်ကာ သူ၏ခေါင်းအား ညိတ်လိုက်သည်။ သူ၏ အမူအရာများသည် မပြောင်းလဲခဲ့ပဲ ပြောလိုက်သည်။ "ကောင်းပါပြီ"

ချောင်ဝေသည်လည်း ငြိမ်သက်နေခဲ့ကာ စကားတစ်ခွန်းမှ မပြောခဲ့ပေ။

လင်းဖုန်းသည် သူအား စိုက်မကြည့်နေခဲ့ပဲ သူ့ကိုယ်သူ တွေးနေခဲ့၏။ "ခင်ဗျားက ပြဿနာကို ဗြောင်မရှာရင်၊ တစ်ခုခုကို တိတ်တိတ်ကလေး ကြံစည်နေတာ ဖြစ်ရမယ်။ ကျုပ်က ခင်ဗျား ပစ်မှတ်ထားနိုင်အောင် တောက်ဇီချွမ်ကို တမင်သက်သက် ထားထားပေးတယ်။ ကျုပ်ကို စိတ်မပျက်စေနဲ့ပေါ့"

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu




ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၈

အပိုင်း ၄၁၈ : ချုံးချိ မိစ္ဆာမျိုးနွယ်စု၊ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ

မြောက်ဝင်ရိုးစွန်း ပင်လယ်၏အောက်တွင် ရေခဲအလွှာများသည် အက်ကွဲကုန်ကြ၍၊ အပေါက်ကြီး တစ်ပေါက်က ပေါ်ပေါက်လာခဲ့သည်။ ထောင်စုနှစ် မဟူရာ ရေခဲသည် အရည်ပျော်သွားခဲ့ကာ၊ ရွှေရောင်အလင်းတန်း တစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့၏။ ကောင်းကင်ပေါ်မှ တိမ်များသည် ရွှေရောင်ပြောင်းသွားခဲ့ပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံးအား ရွှေရောင်ဆိုးပေးလိုက်သည်။

မရေမတွက်နိုင် သင်္ကေတ ပုံစံများသည် အလင်းတန်းအတွင်းမှ ထွက်ပေါ်လာကြကာ၊ သားရဲများ၏ အော်သံများကလည်း မြည်ဟည်းနေခဲ့သည်။

ရွှေရောင်အလင်းတန်း၏ အောက်တွင်မူ၊ မည်းနက်နေသော အမှောင်ထုကြီးရှိပေသည်။ ဧရာမ ဝဲကတော့ တစ်ခုကလည်း အဆက်မပြတ် လည်ပတ်နေခဲ့၏။ ရွှေရောင်အလင်းတန်းများ လင်းလက်နေသော်လည်း၊ သူသည် ပိတ်ပိတ်ပိန်းအောင် မှောင်နေဆဲဖြစ်သည်။ ဝဲကတော်ကြီး၏ လှုပ်ရှားမှုများသည် အသံများ မထွက်ခဲ့သော်လည်း၊ သူသည် အလင်းရောင်နှင့် အသံများအားလုံးအား စုပ်ယူသွားနိုင်ခဲ့သည်။

ဝဲကတော့၏ အလယ်တွင် ရှိနေသည်မှာ အနက်ရောင် တွင်းပေါက်ကြီး တစ်ခုဖြစ်၏။ ထိုအပေါက်၏ အခြားတစ်ဘက်တွင် နောက်ထပ် သီးသန့်ကမ္ဘာ တစ်ခုရှိပေသည်။ ဒါသည် ခွန်းဖန်၏ သင်္ချိုင်းဖြစ်သလို လျှို့ဝှက်ကျမ်းစာ၏ တည်နေရာလည်း ဖြစ်၏။

ထိုကမ္ဘာအတွင်းသို့ ဝင်ရောက်မှသာ ခွန်းဖန် လျှို့ဝှက်ကျမ်းစာအား ရယူနိုင်ရန် အခွင့်အရေး ရှိမည်ဖြစ်သည်။

သူတို့သည် အတွင်းသို့ လိုက်မဝင်ကြသော်လည်း၊ လင်းဖုန်းနှင့် အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်အုပ်စုတို့သည် အတွင်းမှ သေမင်းအော်ရာများကို ခံစားနိုင်ခဲ့ပေသည်။

ခွမ်းဖန် လျှို့ဝှက် ရတနာသိုက်၏ အတွင်းပိုင်းသည်၊ သာယာလှပသည့် အပန်းဖြေစရာ နေရာတစ်ခု မဟုတ်သည်မှာ သိသာလှသည်။ သူသည် သေမင်းအော်ရာများဖြင့် ပြည့်နေသည့် အလွန်တရာမှ အန္တရာယ်များလှသည့် နေရာတစ်ခု ဖြစ်သည်။

ရွှင်ပျော်ပျော် သူတော်စင်က ပြောလိုက်သည်။ "ကောလဟာလတွေ အရဆိုရင် ဒီနေရာမှာ မြှုပ်နှံထားတဲ့ ခွန်းဖန်က၊ မသေဝိညာဥ် တတိယအဆင့်ကို ရောက်ရှိထားတယ်လို့ ဆိုတယ်။ ခွန်းဖန်က ရေထဲမှာဆို ဧရာမ ငါးကြီးအသွင်နဲ့ ရှိနေပြီး၊ ပင်လယ်အတွင်းမှာ အကြီးမားဆုံး သတ္တဝါတစ်ကောင် ဖြစ်တယ်"

"ခွန်းဖန်ရဲ့ မူလခန္ဓာကိုယ် အရွယ်အစားဟာ မိုင်ထောင်ပေါင်းများစွာ ရှိတယ်။ ဒီထက်ပိုရှည်လျားရင်တောင်မှ၊ အံ့ဩဖွယ်ရာကောင်းတဲ့ ကိစ္စတစ်ရပ် မဟုတ်ဘူး"

"သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က ခွန်းဖန် အဆီအနှစ် အချို့ကို စုပ်ယူနိုင်တဲ့ ပိုးမွှားတွေတောင်မှပဲ၊ ခက်ထန်တဲ့ သားရဲတွေ အဖြစ်ကို ပြောင်းလဲနိုင်ကြတယ်"

အားလုံးတို့သည် ထိုစကားအား ကြားရသောအခါ၊ ခေါင်းများကို အသီးသီး ညိတ်လိုက်ကြ၏။ "မှန်လိုက်လေ။ ဒီကမ္ဘာကြီးက ခွန်းဖန်ရဲ့ ခန္ဓာကိုယ်နဲ့ ဝင်္ကပါနဲ့ ပေါင်းပြီးမှ ဖန်ဆင်းထားတာ။ ဝင်္ကပါက ပြောင်းလဲသွားတာနဲ့အမျှ၊ စွမ်းအားကြီးတဲ့ အကန့်အသတ်တွေက ပေါ်လာခဲ့တယ်"

ချန်းယွင်သူတော်စင်၊ ချောင်ဝေနှင့် ကျန်သောသူများသည် မတတ်နိုင်ကြပဲ၊ လင်းဖုန်းထံသို့ ကြည့်လိုက်ကြ၏။ လင်းဖုန်းသည် ခွန်းဖန်၏ သွေးကို အသုံးပြုကာ ကန့်သတ်နယ်မြေအား ကျော်သွားခဲ့သော်လည်း၊ သူသည် ခွန်းဖန် လျှို့ဝှက်ကျမ်းစာ၏ ဝင်ပေါက်ကိုသာ ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။ အတွင်းမှ ကမ္ဘာအထဲတွင် အခြားစွမ်းအားကြီးသည့် ကန့်သတ်ချက်များ အမြောက်အမြား ရှိနိုင်ပေသည်။

အကယ်၍ လင်းဖုန်း၏ လက်တွင်းတွင် ခွန်းဖန်၏သွေးများ ရှိသေးပါက၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အနေဖြင့် အားသာချက် ကြီးမားစွာ ရနိုင်မည် မဟုတ်ပါလော။

"အားလုံးပဲ၊ ကိုယ်ဝင်စေချင်တဲ့ သူတွေကို ရွေးကြပါ" လင်းဖုန်းက ပြောလိုက်သည်။

သူသည် ဇူရီနှင့် ကျန်သောသူများ၏ အရှေ့သို့ ရောက်လာခဲ့ရာ၊ ရှောင်ပုတန်က ရယ်လိုက်သည်။ "ဆရာခင်ဗျ၊ ကျွန်တော်က အဲ့ဒီဓာတ်တော်ကို တကယ်ပဲ လိုချင်နေတယ်"

ဇူရီက ပြောလိုက်သည်။ "ဂျူနီယာလေး၊ ဒါက မြင့်မြတ်တဲ့ ဗုဒ္ဓရဟန်းတော် တစ်ပါးရဲ့ အကြွင်းအကျန် ဖြစ်တယ်။ တစ်ယောက်က ပြစ်မှားကျူးလွန်ပြီးမှ မှော်အိုင်တမ် တစ်ခုအဖြစ် ဖန်ဆင်းထားတာ ဖြစ်တယ်။ ဒီအတိုင်းပဲ ထားလိုက်ရင် ကောင်းမယ်"

ရှီထျန်းဟောင်၏ နှုတ်ခမ်းများသည် တွန့်သွားခဲ့ကာ၊ "ဒုတိယ စီနီယာ၊ စီနီယာက အခုလေးတင် စိတ်ဝင်စားတယ်လို့ ပြောနေခဲ့တယ် မဟုတ်လား"

"ဟုတ်တယ်၊ ငါက ဒီအတိုင်း ပြောခဲ့တယ်" ဇူရီက သူ၏ခေါင်းအား ညိတ်လိုက်သည်။ "ဒါပေမဲ့ ငါက ဒီဓာတ်တော်ကို စိတ်ဝင်စားတာ မဟုတ်ဘူး။ ဒီအထဲက အေကာလာ တထာဂတ မန္တန်ဆိုတဲ့ မြင့်မြတ်တဲ့ ဗုဒ္ဓအဆုံးအမတွေကို စိတ်ဝင်စားတာ။ ငါက ဒီရဟန်းတော် ကျင့်ကြံခဲ့တဲ့ သဘောတရားတွေကို နားလည်သဘောပေါက်လိုတာ ဖြစ်ပြီး၊ နတ်ရေကန်ဂိုဏ်းကလိုမျိုး မှော်အိုင်တမ် အဖြစ်နဲ့ အသုံးချချင်တာမျိုုး မဟုတ်ဘူး"

လင်းဖုန်းသည် ထိုစကားအား ကြားလိုက်သောအခါ၊ ဘာမှမပြောခဲ့ပဲ သူ၏ နှုတ်ခမ်းများသည် တွန့်သွားခဲ့သည်။

သူသည် ဓာတ်တော် ၂၄ခုအား မဟာမိုးကြိုး ကျောင်းတော်ကြီး၏ အပျက်အစီးများ အကြားတွင် ပြန်လည်မြှုပ်နှံပေးခဲ့ပြီး ဖြစ်သော်လည်း၊ သူတို့အား စတင်ရရှိခဲ့စဥ်က လင်းဖုန်းသည် ကျင့်ကြံမှုအဆင့် နိမ့်သေးသည့်အတွက်၊ သူတို့အား မှော်အိုင်တမ်အဖြစ် အသုံးပြုကာ ရန်သူများအား ရင်ဆိုင်ခဲ့ရသည်။

ဒါသည် သူကျင့်ကြံမှုအဆင့် နိမ့်ခဲ့စဥ် အတိတ်က အရိပ်မည်းကြီးပမာ ဖြစ်နေခဲ့၏။

"ဒီဓာတ်တော်ကို အနာဂတ်မှာ မဟာမိုးကြိုး ကျောင်းတော်ကြီးမှာ ပြန်လည် မြှုပ်နှံရမယ်" လင်းဖုန်းက ဇူရီနှင့် ရှီထျန်းဟောင်ကိုကြည့်ကာ ပြောလိုက်သည်။ "ဒါပေမဲ့ ဒီအထဲက အေကာလာ တထာဂတ မန္တန်ကို လေ့ကျင့်ဖို့ဆိုတာက၊ ထင်သလောက် မလွယ်ကူဘူး"

အကယ်၍ ဤမျှသာ လွယ်ကူပါက၊ ချောင်ဝေနှင့် နတ်ရေကန်ဂိုဏ်းတို့သည် သူ့အား ရယူပြီး ဖြစ်နေလိမ့်မည်။

ထိုဓာတ်တော် ၂၄ပါးနှင့် ပတ်သတ်၍မူ၊ လင်းဖုန်းသည် ၂၄ကောင်းကင် ရဟန္တာဝင်္ကပါအား အသုံးပြု၍၊ အမျက်ဒေါသ အေကာလာမီးတောက်နှင့် ညက်ညောသော ခိစတိဂါဘ ခန္ဓာကိုယ်တို့အား ထုတ်ဖော်နိုင်ခဲ့သည်။

သို့သော်လည်း ဒါသည် သူက အေကာလာ ပညာရပ်နှင့် ခိစတိဂါဘ သျှတ္တရအား လေ့ကျင့်ပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။

သို့မဟုတ်လျှင် ဓာတ်တော်များ အတွင်းမှ စွမ်းအားများကို ထုတ်ဖော်ရန် အမတန်မှ ခက်ခဲပေမည်။

နတ်ရေကန်ဂိုဏ်း၏ များပြားလှသော အရင်းအမြစ်များဖြင့်၊ နှင်းတောင်ထိပ် ဂရန်းမာစတာသည် ထိုဓာတ်တော်အား အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ သို့သော်လည်း သူထုတ်သုံးနိုင်ခဲ့သည့် အေကာလာ တထာဂတ မန္တန်မှာ မဖြစ်စလောက်လေးပင် ဖြစ်၏။

"အေကာလာ တထာဂတ မန္တန် တစ်ခုလုံးကို ရယူဖို့အတွက်ဖိုရင် မဖြစ်နိုင်ဘူး။ ချောင်ဝေရယ် ရေခဲနဲ့ မီးလျှံ အကြီးအကဲ နှစ်ယောက်တို့ကလည်း မတတ်နိုင်ဘူး။ တကယ်လို့ အကြမ်းနည်းကို အသုံးပြုလိုက်လို့ရှိရင်၊ ဓာတ်တော်က ပျက်စီးသွားမယ်။ ပြီးတော့ အထဲက မန္တန်ကို လေ့ကျင့်ချင်ရင် အကြမ်းနည်းကို အသုံးပြုလို့ မရနိုင်ဘူး။"

ရှီထျန်းဟောင်က သူ၏ပုခုံးများအား တွန့်လိုက်သည်။ သူသည် အတင်းအကျပ်လည်း မတောင်းဆိုနေခဲ့ပေ။ သူ၏အာရုံသည် လျှင်မြန်စွာနှင့်ပင် ခွန်းဖန်၏ လျှို့ဝှက်ကျမ်းစာ အပေါ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ "ဆရာ၊ ဆရာက တကယ်ပဲ လိုက်မဆင်းဘူးလား"

"ဟုတ်တယ်၊ ဆရာက အပြင်ကနေပဲ စောင့်ကြည့်နေမယ်" လင်းဖုန်းက သူ၏ခေါင်းအား ညိတ်လိုက်သည်။ သူအပြင် သူ၏ကိုယ်ပွားသည်လည်း လိုက်ဆင်းလိမ့်မည် မဟုတ်ချေ။ ဒါသည် သူနှင့် အခြားအကြီးအကဲများ၏ သဘောတူညီချက် ဖြစ်သည်။

ပြီးတော့ ဇူရီနှင့် ကျန်သောသူများသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါအား ယူဆင်းသွားလိမ့်မည် မဟုတ်ပေ။ ဒါသည် သဘောတူညီချက်အရ မဟုတ်ပဲ၊ လင်းဖုန်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်သည်။

ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာသည် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသောအခါ၊ လင်းဖုန်းသည် အတန်ငယ် စိုးရွံ့နေခဲ့၏။ အကယ်၍ အနည်းငယ်မျှသာ နောက်ကျခဲ့သော်၊ ရှောင်ယန်မှလွဲ၍ သူ၏ လက်ရင်းတပည့်များ အားလုံးတို့သည် ကြွေလွင့်သွားကြပေမည်။

ထို့ကြောင့်ပင် သူသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါအား သူနှင့်အတူ ထားခဲ့ခြင်း ဖြစ်၏။ အကယ်၍ တစ်စုံတစ်ခု ဖြစ်လာခဲ့သော်၊ သူသည် ခွန်းဖန် လျှို့ဝှက်ကျမ်းစာ ရှိနေသော ကမ္ဘာငယ်အား တည်ငြိမ်အောင် ထိန်းထားနိုင်မည် ဖြစ်သည်။

သူသည် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါအား တွေးမိသောအခါ၊ သူ၏ဒေါသများ ပေါက်ကွဲလာခဲ့သည်။ "ချုံးချိ၊ မင်းတို့က ငါ့နဲ့ မတွေ့ရအောင် ဆုတောင်းပေတော့။ မဟုတ်လို့ရှိရင် မင်းတို့အားလုံးကို အမျိုးဖြုတ်ပစ်မယ်"

သဲလွန်စ အားလုံးတို့အား ပေါင်းစည်းပြီးသွားသောအခါ၊ လင်းဖုန်းသည် တောက်ပစန္ဒာ ဂရန်းမာစတာအား ထောက်ပံ့နေသော မိစ္ဆာ မဟာပဏ္ဍိတသည်၊ ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးသို့ လာရောက်တိုက်ခိုက်သော ချုံးချိ မိစ္ဆာ မဟာပဏ္ဍိတဖြစ်ကြောင်းကို ကောက်ချက်ချနိုင်ခဲ့သည်။

နေမင်း အဆီအနှစ် ကျောက်တုံး၊ ရှေးဟောင်း မီးတောက်ဝိညာဥ်၊ ရှေးဟောင်း မိုးမခ သစ်ပင်… အစရှိသည်တို့သည်၊ ထိုမိစ္ဆာ မဟာပဏ္ဍိတက တောက်ပစန္ဒာ ဂရန်းမာစတာအား ရှာခိုင်းခဲ့သော ရတနာများပင် ဖြစ်ကြ၏။

နေမင်း အဆီအနှစ် ကျောက်တုံးသည် မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကဲ့သို့ ရှားပါးသည့် ပစ္စည်းဖြစ်၏။ သူ့တွင် စွမ်းအင်များကို အားဖြည့်ပေးနိုင်သည့် နေရောင် အဆီအနှစ်များ ပါရှိသည်။ ခက်ထန်သော အကြွင်းမဲ့မီးတောက်များနှင့် မတူပဲ၊ နေရောင် အဆီအနှစ်များသည် ပို၍ နူးညံ့သိမ်မွေ့ပေသည်။

ရှေးဟောင်း မီးတောက်ဝိညာဥ်သည် နတ်ဘုရားနယ်မြေ အနောက်ပိုင်းမှ သဲကန္တာရ အတွင်းတွင် အစပြုလာသည့် ရတနာတစ်ပါး ဖြစ်သည်။ သူ၏ မီးအနွယ်ဝင် စိတ်ဝိညာဥ် စွမ်းအင်များသည် အသန့်စင်ဆုံး ဖြစ်၏။ အရည်အသွေး အားဖြင့်ဆိုရလျှင်၊ သူသည် အကြွင်းမဲ့မီးတောက် ခုနှစ်မျိုးထက် မနိမ့်ကျပေ။

တစ်ခုရှိသည်မှာ အကြွင်းမဲ့မီးတောက်များသည် အသုံးပြုပြီးလျှင် ပြန်လည်ဖြည့်တင်းနိုင်စွမ်း ရှိပြီး၊ ရှေးဟောင်း မီးတောက်ဝိညာဥ်သည် တစ်ခေါက် အသုံးပြုပြီးလျှင် နည်းနည်းသွားခြင်း ဖြစ်သည်။

ရှေးဟောင်းမိုးမခ သစ်ပင်သည် အပင်နှင့် သစ်သားတို့၏ သန့်စင်သော အဆီအနှစ်များ ပါရှိသည့်၊ သစ်သားအနွယ်ဝင် ရတနာတစ်ပါး ဖြစ်၏။

သူတို့အားလုံးတို့သည် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါအား ဖန်ဆင်းရန် လိုအပ်သည့် ရတနာများပင် ဖြစ်ကြ၏။

သူတို့သည် ပြီးပြည့်စုံခြင်း မရှိသေး၍ အကောင်းဆုံး ရတနာများ မဟုတ်ကြသော်လည်း၊ သူတို့သည် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ စွမ်းအား အတော်များများကို ထုတ်လွှတ်နိုင်စွမ်း ရှိကြသည်။

အကယ်၍ ဝင်္ကပါအား လည်ပတ်ရန် လိုအပ်သည့် ရတနာအားလုံးအား ရရှိခဲ့မည် ဆိုပါက၊ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါသည်၊ ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးတွင်ထက် များစွာပို၍ အစွမ်းထက်လာခဲ့မည် ဖြစ်သည်။

ပြည့်စုံခြင်းအကြောင်းအား ပြောရလျှင် မင်းတု၏ ရုပ်အလောင်းသည်၊ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ မည်းမှောင်သော နတ်ဆိုးစွမ်းအားကို အားဖြည့်ပေးနိုင်သည့်၊ အကောင်းဆုံး ပစ္စည်းတစ်မျိုး ဖြစ်သည်။

ထိုအရာများ အားလုံးတို့ကို အတည်ပြုပြီးသောအခါ၊ လင်းဖုန်းသည် ခန့်မှန်းချက် တစ်ခုအား ထုတ်နိုင်ခဲ့သည်။

ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာအား တိုက်ခိုက်အပြီးတွင်၊ ချုံးချိ မဟာပဏ္ဍိတသည် မဟာချင် အင်ပါယာ၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်နိုင်ခဲ့သော်လည်း၊ သူသည် မဟာလွင်တီးခေါင် ကုန်းမြေသို့ မပြန်ခဲ့ပေ။ ထို့အစား သူသည် လေဟာနယ် အချိန်ကာလတို့ ကမောက်ကမ ဖြစ်နေသည့် အလယ်ကမ္ဘာတွင်သာ နေနေခဲ့သည်။

ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ တည်ရှိနေမှုကို ဖော်ထုတ်၍အပြီးတွင်၊ မဟာလွင်တီးခေါင် ကုန်းမြေမှ စွမ်းအားကြီး မိစ္ဆာမျိုးနွယ်စုများသည်၊ ထိုဝင်္ကပါအား မျက်စိကျနေကြသည်။

ထို့ကြောင့် ချုံးချိ မိစ္ဆာမျိုးနွယ်စုသည် မဟာလွင်တီးခေါင် ကုန်းမြေသို့ ပြန်သွားပါက၊ ဒုက္ခနှင့် လှလှနှင့် တွေ့မည် ဖြစ်သည်။ သူတို့သည် အရာအားလုံး တည်ငြိမ်သွားစေရန်၊ အချိန်ကာလ တစ်ခုအထိ စောင့်ရမည် ဖြစ်၏။

ယခင်က ချုံးချိ မဟာပဏ္ဍိတသည် မဟာချင် အင်ပါယာ၏ နယ်နိမိတ် အတွင်းသို့ လူမသိ သူမသိနှင့် ကျူးကျော်ဝင်ရောက်လာနိုင်ခဲ့ကာ၊ မြောက်ပိုင်းဝင်ရိုးစွန်း ပင်လယ်အနီးတွင် ပုန်းအောင်းနေနိုင်ခဲ့၏။ ဒါသည် လူသားကလန်အတွင်းမှ တစ်စုံတစ်ယောက်က သူ့အား အကူအညီ ပေးထားခြင်းကြောင့် ဖြစ်သည်။ သူတို့သည် သူ့အား ဖုံးကွယ်ထားရန် အထူးနည်းလမ်းတစ်ခု အသုံးပြုခဲ့သည်။

တောက်ပစန္ဒာ ဂရန်းမာစတာ၏ မူလမှော်တံလျှပ် ယောက်သွား အဆောင်လက်ဖွဲ့ကို မြင်ပြီးသွားသောအခါ၊ လင်းဖုန်းသည် အရာအားလုံးကို သဘောပေါက်သွားခဲ့သည်။ တောက်ပစန္ဒာ ဂရန်းမာစတာသည် ထိုအိုင်တမ်ကို အသုံးပြုခဲ့ခြင်းမှာ၊ အင်မော်တယ် ဝိညာဥ် အဆင့်အောက်မှ သူများသည် သူ့အား ဖော်ထုတ်ရန် ခက်ခဲခြင်းကြောင့် ဖြစ်၏။

အကယ်၍ ချုံးချိ မဟာပဏ္ဍိတကသာ ထိုအိုင်တမ်ကို အသုံးပြုခဲ့ပါက၊ သူ၏ အော်ရာကို မထုတ်ဖော်ပဲ အဝေးတွင်သာ နေခဲ့လျှင်၊ အင်မော်တယ် ဝိညာဥ် အဆင့်က အကြီးအကဲ တစ်ယောက်သည်ပင် သူ့အား ဖော်ထုတ်နိုင်ရန် ခက်ခဲမည် ဖြစ်သည်။

ထိုသဲလွန်စများ အားလုံးကို စုစည်းပြီးသွားသောအခါ၊ လင်းဖုန်းသည် ထိုသတင်းအား ယန့်မင်းရွဲ့နှင့် ဟင်းလင်းပြင် ဘုရားကျောင်းတို့အား ပို့ပေးလိုက်သည်။

နတ်ဘုရား နယ်မြေသည် လူသားကျင့်ကြံသူများ၏ နယ်မြေဖြစ်ပြီး၊ ဟင်းလင်းပြင် ဘုရားကျောင်း ဘုရားကျောင်းသည် ကွန်ဆာဗေးတစ် ပါတီမှဖြစ်စေ၊ ရှေ့ဆောင်လမ်းစဥ် ပါတီမှဖြစ်စေ၊ မိစ္ဆာများနှင့် ပတ်သတ်ရာတွင် သဘောထား အတူတူပင် ဖြစ်သည်။

မိစ္ဆာကလန်များမှ ခြိန်းခြောက်မှုများ အားလုံးအား သူတို့အနေနှင့် အလေးအနက်ထား၍ တုံ့ပြန်သည်။ ထို့အပြင် ရန်သူများအား တိုက်ခိုက်ဖို့သည် သူတို့အတွက် ဦးစားပေးတာဝန် ဖြစ်သည်။

ယန့်မင်းရွဲ့သည်လည်း ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါအား စုံစမ်းရန် တာဝန်ယူထားရသူ ဖြစ်၏။ သူမ၏ စုံစမ်းမှု ရလဒ်များနှင့် လင်းဖုန်း၏ သဲလွန်စများကို ပေါင်းစပ်လိုက်သောအခါ၊ သူမသည် ထိုအလယ်ကမ္ဘာမှ မိစ္ဆာမျိုးနွယ်စုသည် ချုံးချိ မဟာပဏ္ဍိတနှင့်၊ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါတို့နှင့် ဆက်စပ်နေမည်ဟု ကောက်ချက်ချလိုက်သည်။

မြောက်ပိုင်းလေပြင်း ပင်လယ်တွင် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါအား ထိန်းချုပ်နေသည်မှာ၊ မိစ္ဆာ မဟာပဏ္ဍိတ တစ်ဦးတည်း မကပေ။ တောက်ပစန္ဒာ ဂရန်းမာစတာသည် ထိုအလယ်ကမ္ဘာတွင် မိစ္ဆာ မဟာပဏ္ဍိတ တစ်ဦးတည်းကို တွေ့ခဲ့သော်လည်း၊ သူတစ်ယောက်တည်းကသာ ထွက်လာပြီး သူနှင့် တွေ့ဆုံသည်လည်း ဖြစ်နိုင်သည်။

ယခုအချိန်တွင် မှန်းဆရသည်မှာ ချုံးချိ မိစ္ဆာမျိုးနွယ်စု တစ်ခုလုံးသည်၊ ထိုအလယ်ကမ္ဘာတွင် ပုန်းအောင်းနိုင်ခြေ ရှိနေသည်။

ယန့်မင်းရွဲ့နှင့် ဟင်းလင်းပြင် ဘုရားကျောင်းတို့သည် ပြင်ဆင်ရန် အချိန်အနည်းငယ် ယူကာ၊ သဲလွန်စတို့၏ ဖြစ်နိုင်ခြေများကို ပြန်လည်သုံးသပ်နေခဲ့သည်။

ထို့ကြောင့် လင်းဖုန်းသည် ခွန်းဖန် လျှို့ဝှက်ကျမ်းစာနှင့် ပတ်သတ်သော ကိစ္စကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပြီးတာနှင့် သူသည် တောက်ပစန္ဒာ ဂရန်းမာစတာထံမှ အဆောင်လက်ဖွဲ့ဖြင့်၊ ထိုအလယ်ကမ္ဘာ၏ နေရာကို ရှာဖွေနိုင်မည် ဖြစ်သည်။ ပြီးတာနှင့် သူသည် ယန့်မင်းရွဲ့နှင့် အခြားသူများကို ခေါ်ဆောင်ကာ၊ သူတို့အား သွားဖမ်းနိုင်မည် ဖြစ်၏။

ခဏအကြာတွင် အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများသည်၊ ခွန်းဖန် လျှို့ဝှက်ကျမ်းစာ အတွင်းသို့ မည်သူတို့ကို စေလွှတ်မည် ဆိုသည်ကို ဆုံးဖြတ်ပြီးသွားကြသည်။ အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်မှ ဂရန်းမာစတာများက အဖွဲ့ကို ဦးဆောင်ကာ၊ အခြား အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများနှင့် အနာဂတ် ပါရမီရှင်များက လိုက်ပါသွားကြမည် ဖြစ်သည်။

ခေါင်းဆောင်များသည် ရတနာကို ရယူရန် တာဝန်ယူရမည် ဖြစ်ပြီး၊ ကျန်သူများမှာ အတွေ့အကြုံ ရယူရန် ဖြစ်၏။

လင်းဖုန်း၏ဘက်တွင် ခန်းနန်ဟွာနှင့် မြောင်ရှီးဟောင်တို့ နှစ်ယောက်စလုံက ပါလာသည်။ သူတို့နှင့်အတူ ကျဲယု၊ ကွေနွားဘုရင်၊ ဖေးလျှန်ဘုရင်၊ ထွမ်းထွမ်းတို့က ခံစစ်ကို ကူညီမည် ဖြစ်ပြီး၊ ဇူရီနှင့် ရှီထျန်းဟောင်တို့ကလည်း ပါသဖြင့် သူ၏လူထုတ်ပုံသည်လည်း တောင့်တင်းပေသည်။

သို့သော်လည်း အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူ တစ်ယောက်က ဦးဆောင်ခြင်း မရှိသဖြင့်၊ သူတို့သည် ခွန်းဖန် လျှို့ဝှက်ကျမ်းစာ အတွင်းသို့ ဝင်ရောက်ရာတွင် အနည်းငယ် အားနည်းနေသကဲ့သို့ ထင်နေရ၏။

အထူးသဖြင့် လင်းဖုန်းသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါအား သိမ်းလိုက်ပြီး၊ ဇူရီတို့အား ပေးလိုက်ခြင်း မရှိသည်ကို တွေ့လိုက်ရသော် အခြားသူများ၏ မျက်လုံးများသည် တောက်ပလာကြ၏။

အချို့သူများသည် နှာမှုတ်လိုက်ကြကာ ခွန်းဖန် လျှို့ဝှက်ကျမ်းစာ အတွင်းသို့ ဝင်ရောက်သွားပြီးပါက၊ လက်စားချေမည့် အတွေးများကို တွေးနေကြ၏။

ထိုသူများသည် သူတို့ကိုယ်သူတို့ ဟုတ်နေကြပြီဟု ထင်နေကြသော်လည်း၊ လင်းဖုန်းက သူတို့အား အကဲခတ်မိနေခဲ့သည်။ သူသည် ပြုံးလိုက်ပြီး သူ၏လက်ကို အသာဝှေ့ယမ်းလိုက်ရာ၊ မီးတောက်တစ်ခုသည် လက်ကနဲဖြစ်သွားပြီး၊ ရှီထျန်းဟောင်၏ မျက်ခုံးအကြားသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင် အပြာရောင်ခန်းမ သူတော်စင်သည် လျှောက်လာခဲ့ပြီး၊ ကွေနွားဘုရင်၏ အနောက်တွင် ပုန်းကွယ်နေခဲ့သော ကောင်မလေးအား ကြည့်လိုက်ကာ ပြုံး၍မေးလိုက်သည်။ "မင်းက ကျွင်းမိသားစုကလား"

ကျွင်းကျိနင်သည် အနည်းငယ် ကသိကအောက် ဖြစ်သွားခဲ့ပြီး၊ ခါးသီးစွာနှင့် ရင်ထဲမှနေ၍ ရယ်လိုက်သည်။ "ကြည်ညိုလေးစားရပါသော အရှင်သူတော်စင်၊ ဘယ်လိုလုပ်ပြီး ကျွန်မလို ကောင်မလေးကို မှတ်မိနေရတာလဲ။ ကျွန်မမိသားစုသာ သိသွားလို့ရှိရင်၊ နတ်ဘုရားနယ်မြေကို လာကြပြီး ကျွန်မကို ပြန်ခေါ်သွားတော့မယ်"

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

6.8K 474 22
Title - I Inherit an auction house at the start trillion times rebate လေလံအိမ်ရဲ့အရှင်သခင် ဘာသာပြန် - ချိတ်/ဇော်ထက်နိုင် မူရင်းစာရေးဆရာ - Place of Be...
48.2K 5.3K 93
စုပင်းတစ်ယောက် အိပ်နေရင်း သူနေထိုင်တဲ့ ကမ္ဘာထက်ပိုအဆင့်မြင့်တဲ့ အခြားကမ္ဘာတစ်ခုကို ကူးပြောင်းရောက်ရှိသွားပြီး ထိုကမ္ဘာသည် နည်းပညာမြင့်သော်လည်း ကြယ်တ...
87.5K 11.7K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
545K 74.8K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...