ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.1K 8.8K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၄၁၃ - ၄၁၄

415 50 0
By KazunoMora

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ :  အပိုင်း ၃

အပိုင်း ၄၁၃ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ

နတ်ရေကန်ဂိုဏ်းမှ အကြီးအကဲ၏ စွပ်စွဲချက်အား ကြားလိုက်သောအခါ၊ ကျန်သောသူများသည် မျက်မှောင်များကို ကြုတ်လိုက်ကြ၏။

ငယ်ရွယ်သော ကျင့်ကြံသူများသည် ရင်ထဲမှနေ ကျိတ်၍ ရယ်နေကြ၏။ ထိုအခြေတည်ဝိညာဥ် အဆင့်မှ ဂရန်းမာစတာ ပြောလိုက်သော အရာသည်၊ သူ့ကိုယ်သူ ပြန်ဆဲနေခြင်းနှင့် တူနေပေသည်။

နတ်ရေကန်ဂိုဏ်းမှ ထိုဂရန်းမာစတာသည် ဒေါသတကြီးဖြင့် စကားပြောမှားသွားခဲ့သည်ဟု ထင်နေရသော်လည်း၊ အမှန်မှာမူ သူက ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ခြင်း ဖြစ်သည်။ သူသည် အခြားသူများ၏ ဒေါသမီးများကို တောက်လောက်လာစေရန် ယပ်ခတ်ပေးခဲ့ခြင်း ဖြစ်ကာ၊ အားလုံးကို အုပ်စုဖွဲ့၍ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ရန်တိုက်ပေးခဲ့ခြင်း ဖြစ်သည်။

ဇူရီ၊ ရှီထျန်းဟောင်နှင့် ကျန်သောသူများသည် အချင်းချင်း ကြည့်လိုက်ကြသော်လည်း၊ ဘာမှမသိသည့် ပုံစံမျိုး ဖမ်းထားခဲ့ကြသည်။

ကျူးကော်ဖန်းလင်က တစ်ခစ်ခစ်နှင့် ရယ်လိုက်ကာ ပြောလိုက်သည်။ "ကျွန်မတို့က ဒီနေရာကို ရောက်လာတဲ့ အချိန်မှာ ရှုခင်းတွေက လှလွန်းလို့၊ တစ်ပတ်ပတ်ကြည့်နေတာ။ ဒါပေမဲ့ စီနီယာက ကျွန်မတို့ရဲ့ အနောက်ကို လိုက်လာခဲ့တယ်။ ကျွန်မကလည်း စီနီယာက ဘာဖြစ်လို့ ကျွန်မတို့ အနောက်ကို လိုက်လာသလဲ ဆိုတာကို သိချင်နေခဲ့တာ"

နတ်ရေကန်ဂိုဏ်းမှ အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ ဂရန်းမာစတာသည် ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။ "ကောင်မစုတ်၊ မဟုတ်တာတွေ လျှောက်ပြောနေတယ်၊ သေစမ်း!"

သူ၏လက်အား ဝှေ့ယမ်းလိုက်ရာ၊ ရေခဲမီးတောက်များသည် ကွေနွားဘုရင်၏ အပေါ်တွင် ထိုင်နေသည့် ကောင်မလေးထံသို့ ရောက်ရှိလာကြသည်။

နတ်ရေကန်ဂိုဏ်းမှ အခြားကျင့်ကြံသူများ၏ မျက်နှာများသည်လည်း အလွန်အမင်း မသာမယာ ဖြစ်နေကြသည်။ သူတို့၏ မှော်စွမ်းအင်များကို ထုတ်လွှတ်လိုက်ကြကာ၊ ဇူရီ၊ ရှောင်ပုတန်နှင့် အခြားသူများထံ ဦးတည်လိုက်ကြ၏။

သူတို့အနက်မှ တစ်ယောက်သည်၊ အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်မှ ဂရန်းမာစတာ တစ်ယောက်ဖြစ်သည်။ သူသည် ဘာမှမလုပ်ခဲ့သော်လည်း သူ၏ အကြည့်သည်၊ ကွေနွားဘုရင်နှင့် မဟူရာနဂါး ကျဲယုတို့၏ အပေါ်တွင် အာရုံစိုက်ထားခဲ့သည်။ သူ၏တာဝန်မှာ သူတို့ မလွတ်မြောက်စေရန် တားဆီးခြင်းပင် ဖြစ်သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ဂုဏ်သတင်း ကျော်ကြားလာသော်လည်း၊ မြောက်ဝင်ရိုးစွန်း ပင်လယ်တွင် နာမည်ကြီးခြင်း မရှိသေးပေ။ ထို့ကြောင့် ကျန်သော လူအုပ်ကြီးသည် သတိထားနေကြသော်လည်း၊ ကြောက်ရွံ့ကြခြင်း မရှိခဲ့ပေ။

အထူးသဖြင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ခေါင်းဆောင် လင်းဖုန်းက ရှိမနေဟု သဘောပေါက်လိုက်ကြသည့် အချိန်တွင် ဖြစ်သည်။ ပြီးတော့ နတ်ရေကန်ဂိုဏ်းက ဦးဆောင်နေပြီ ဖြစ်သဖြင့်၊ သူတို့အားလုံးတို့သည် တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့ကြသည်။

ဇူရီသည် ဝင်ရောက်လာခဲ့သော ရေခဲမီးတောက်များကို တည်ငြိမ်စွာနှင့် စိုက်ကြည့်နေခဲ့သည်။ သူသည် ကျဲယု၏ ခေါင်းပေါ်မှ ပျံသန်းသွားခဲ့ကာ၊ ထိုရေခဲမီးတောက်များကို ရင်ဆိုင်ခဲ့သည်။

သူသည် လေဟာနယ် အတွင်းမှာ မနှေးလွန်း မမြန်လွန်းသော ခြေလှမ်းများဖြင့် ချီတက်သွားခဲ့သည်။ မယိမ်းမယိုင်သော ယုံကြည်ချက်များဖြင့် ပြည့်နေခဲ့သကဲ့သို့ ဖြစ်၏။

သူ၏ခြေလှမ်းများအောက်မှနေ၍ အနက်ရောင်နှင့် အဖြူရောင် မှော်စွမ်းအင်တို့သည် တစ်စပြီးတစ်စ အရှေ့သို့ တက်လာခဲ့ကာ၊ အရောင်နှစ်မျိုးတို့ဖြင့် ဖွဲ့စည်းထားသည့် ဧရာမ ယဇ်ပုလ္လင်တစ်ခု ပေါ်လာခဲ့သည်။

ထိုယဇ်ပုလ္လင်သည် မန်ဒလာ ပန်းပွင့်နှင့် တူသော်လည်း၊ တူမနေခဲ့ပေ။ မျက်စိကျိန်းလုမတတ် အလင်းတန်းများသည် မည်းနက်နေသော မျဥ်းကြောင်းများနှင့် ရောထွေးယှက်တင်နေကြကာ၊ ကောင်းကင်ယံပေါ်က ကြယ်စင်များ လည်ပတ်နေကြသည့် လမ်းကြောင်းများကဲ့သို့ ဖြစ်နေခဲ့သည်။

ဇူရီသည် ထိုယဇ်ပုလ္လင်အပေါ်တွင် ထိုင်နေခဲ့၍၊ သူ့ထံသို့ ပြေးဝင်လာနေကြသည့် ရေခဲမီးတောက်များကို ကြည့်နေခဲ့၏။ ချက်ချင်းဆိုသလိုပင် သူ၏ မျက်လုံးများသည် စတင်ပြောင်းလဲလာကြသည်။

သူ၏ ညာဘက်မျက်လုံးမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ထိုအလင်းရောင်မှနေ၍ နွေးထွေးမှုများ မထွက်ပေါ်နေခဲ့ပဲ၊ ရှေးကျသည့် ဝင်းဖိတ်သော အလင်းရောင် သက်သက်သာ ဖြစ်သည်။

သူ၏ ဘယ်ဘက်မျက်လုံးမှာမူ မည်းနက်နေ၍ မျက်လုံးအဖြူသားများ ပျောက်သွားခဲ့ကာ၊ မျက်လုံးပေါက်အတွင်းတွင် သန့်စင်သော အမှောင်ထုသာ ကျန်နေခဲ့တော့သည်။ အလင်းရောင် တစ်စက်မှ မရှိသော နက်ရှိုင်းလှသည် အသူရာ ချောက်အလား ဖြစ်နေခဲ့၏။

ခဏအကြာတွင် ဇူရီ၏ ညာဘက်မျက်လုံးအတွင်းမှ အလင်းရောင်သည် ရုတ်တရက် ပျောက်ကွယ်သွားကာ၊ အဆုံးမဲ့ အမှောင်ထုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုမြင်ကွင်းသည် မဆုံးနိုင်သည့် အမှောင်ထုက ကျဆင်းလာခဲ့၍၊ ကမ္ဘာကြီးအား ဖုံးအုပ်သွားခြင်းနှင့် တူနေခဲ့သည်။

အန္တိမ အမှောင်ထုအတွင်းမှ အလင်းရောင် မွေးဖွားလာခြင်း၊ ဝင်ရိုးစွန်း ပြောင်းပြန်လှန်မှု! အလင်းနှင့် အမှောင်တို့၏ အပြန်အလှန် ပြောင်းလဲမှုများအကြားတွင်၊ ပြောက်တိပြောက်ကျား စကားလုံးများ မွေးဖွားလာခဲ့သည်။

အလင်းနှင့် အမှောင်တို့၏ အကြားတွင် မညီမညာနှင့် ဖရိုဖရဲ ဖြစ်နေသည်ဟု ထင်နေခဲ့ရသော်လည်း၊ သူတို့အကြားမှ ဆက်သွယ်မှုမှာ သိမ်မွေ့စွာနှင့် အဆက်အစပ် ကင်းမဲ့နေခဲ့သည်။ အလင်းသည် အမှောင်အား လာမနှောင့်ယှက်ခဲ့သလို၊ အမှောင်ကလည်း အပြန်အလှန်ပင် ဖြစ်၏။

အတောက်ပဆုံး အလင်းတန်းနှင့် အငြိမ်သက်ဆုံး အမှောင်ထုသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားချိန်တွင်၊ ကျန်သော အလင်းနှင့် အမှောင်များသည် သီးသန့်သာ ဖြစ်နေခဲ့သည်။

အလင်းနှင့် အမှောင်တို့ဖြင့် ဖန်ဆင်းထားသည့် စကားလုံးများသည်၊ ဇူရီ၏ ထိန်းချုပ်မှုအောက်တွင် လျှင်မြန်စွာနှင့် တုန်ခါနေသော စကားပြေအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့တွင် ဘဝ သီအိုရီ၏ ကြီးမြတ်သော အဆီအနှစ်များနှင့်၊ လူသားတို့၏ အတိတ်မှ တိုးတက်သော အနာဂတ်ဆီသို့ ပြောင်းလဲတိုးတက်လာပုံကို ဖော်ပြထားခဲ့သည်။ ထိုစကားလုံးများသည် လေစီးကြောင်းအား ဆန့်ကျင်၍၊ ရေခဲမီးတောက်များကို လွင့်ပြယ်စေခဲ့သည်။

ထိုမှော်ကျိန်စာအား ဖော်ထုတ်လိုက်သောအခါ၊ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသော မြောက်ဝင်ရိုးစွန်း ပင်လယ်မှ ကျင့်ကြံသူများသည်၊ စိတ်ဓာတ်များ ကျသွားပြီး ရှုံးနိမ့်သကဲ့သို့ ခံစားလိုက်ရသည်။

ဒဏ္ဍာရီမှာ အကြောင်းအရာ တစ်ခုဖြစ်ပြီး၊ ဒဏ္ဍာရီအား မျက်မြင်တွေ့ရခြင်းသည် အကြောင်းအရာ တစ်ခုဖြစ်၏။ ဒဏ္ဍာရီများ၊ ကောလဟာလများကို မည်မျှပင် အသေးစိတ် ကြားဖူးခဲ့သော်လည်း၊ ထိုဒဏ္ဍာရီကို ကိုယ်တွေ့ကြုံခဲ့ရခြင်းနှင့် မည်သို့မှ မယှဥ်နိုင်ပေ။

သူတို့အားလုံးတို့သည် ဇူရီက၊ အခြေတည် ဝိညာဥ် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်အား ယှဥ်ပြိုင်နိုင်သည်ကို၊ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ကြရသည်။ ထိုသူများတွင် မယုံနိုင်သော ခံစားချက်များ စတင်မွေးဖွားလာကြ၏။ "ကျင့်ကြံမှု အဆင့်ကြီး တစ်ခုလုံးကို ကျော်လွန်နိုင်တယ်"

"ငါကြားဖူးထားတာက ရှီထျန်းဟောင်ကပဲ ဒီလိုမျိုး စွမ်းဆောင်နိုင်တာဆို၊ အခုက ဇူရီကလည်း တတ်နိုင်နေပါလား။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက လူတိုင်းက ဒီလိုပဲ အစွမ်းထက်ကြတာလား"

နတ်ရေကန်ဂိုဏ်းမှ ဇူရီနှင့် တိုက်ခိုက်နေသော ဂရန်းမာစတာမှာ၊ နှင်းတောင်ထိပ် ဂရန်းမာစတာ ဖြစ်သည်။ သူသည် အသက်တစ်ထောင် မပြည့်သေး၍၊ အသက်သိပ်မကြီးသေးဟု ဆို၍ရသည်။ သို့ဖြစ်၍ သူ၏ ကျင့်ကြံမှု အဆင့်နှင့်ဆိုလျှင်၊ သူသည် နတ်ရေကန်ဂိုဏ်း၏ အလယ်အလတ် မျိုးဆက်မှ ပါရမီရှင် တစ်ဦးဟု ပြောနိုင်ပေသည်။

ဤကဲ့သို့ ဇူရီ၏ တိုက်ခိုက်ခြင်းအား ခံခဲ့ရသောအခါ၊ နှင်းတောင်ထိပ် ဂရန်းမာစတာသည် အရှက်ကွဲသကဲ့သို့ ခံစားခဲ့ရ၏။ သူသည် အေးစက်စွာနှင့် ရယ်လိုက်ကာ ပြောလိုက်သည်။ "ကောင်စုတ်လေး၊ မင်းရဲ့ အကန့်အသတ်တွေကို သိပြီး၊ ဘာလုပ်နိုင်လဲ ဘာမလုပ်နိုင်ဘူးလဲ ဆိုတာကို သိလိုက်စမ်းပါ"

သူသည် ဒေါသထွက်နေခဲ့သော်လည်း သူ၏ တိုက်ပွဲဝင်စိတ်ဓာတ်သည် မပျက်ပြားသွားပဲ၊ ခက်ထန်မှုရော တိကျမှုပါ ဆက်ရှိနေခဲ့သည်။

ဇူရီ၏ ဖယ်ရှားခြင်းကို ခံခဲ့ရသော ရေခဲမီးတောက်များမှာ ထပ်မံ၍ တောက်ပလာကြကာ၊ ယခင်ကထက်ပို၍ ရက်စက်ကြမ်းကြုတ်လာခဲ့သည်။

ရေခဲမီးတောက်သည် လွန်စွာ ကျယ်ပြန့်လာကြ၍၊ အဖြူရောင် မီးတောက်များသည် အစိုင်အခဲများနှင့်ပင် တူနေခဲ့၏။ သူတို့သည် မီးတောက်များနှင့် တူနေကြသေးသော်လည်း၊ တစ်ယောက်မှ သူတို့၏ လှုပ်ရှားမှုများကို သေချာ မမြင်နိုင်ကြတော့ပေ။

ယခုအခါတွင် အစိုင်အခဲ ဖြစ်သွားပြီဟု ထင်နေရသည့် ရေခဲမီးတောက်သည်၊ ဧရာမ ကုဗတုံး တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့ကာ၊ ဇူရီအား အတွင်းတွင် အကျဥ်းချထားခဲ့သည်။

အခြေတည် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများ၏ အထူးစွမ်းရည်ဖြစ်သော အချိန်ကာလနှင့် လေဟာနယ်အား နှောင်ဖွဲ့နိုင်မှုကို၊ ဤအချိန်တွင် အစွမ်းကုန် ထုတ်လွှတ်လိုက်ကာ ဇူရီအား အတွင်းတွင် ချုပ်နှောင်ထားခဲ့သည်။ ရေခဲမီးတောက် ကုဗတုံး အတွင်းတွင် သီးသန့်လေဟာနယ် တစ်ခုအလားဖြစ်ကာ၊ ပြင်ပကမ္ဘာနှင့် သက်သက်စီ ဖြစ်နေခဲ့၏။

ဤနေရာ အတွင်းတွင် ဇူရီက သူသည် ကောင်းကင်နှင့် မြေကြီး အတွင်းမှ စိတ်ဝိညာဥ် စွမ်းအင်များကို စုပ်ယူ၍ မရတော့ပဲ၊ စကြာဝဠာနှင့် ဆက်သွယ်မှု ပြတ်တောက်သွားသည်ဟု ခံစားခဲ့လိုက်ရသည်။

ရေခဲမီးတောက်တို့၏ ပြောင်းလဲခြင်းမှ ဖြစ်ပေါ်လာသည့်၊ အပူနှင့် အအေး စိတ်ဝိညာဥ် စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အား အဆက်မပြတ် တိုက်ခိုက်နေကြ၏။

ဇူရီသည် ထိုမြင်ကွင်းအား ကြည့်နေကာ တိတ်ဆိတ်စွာ အတည်ပြုလိုက်သည်။ "အခြေတည် ဝိညာဥ် အလယ်အလတ် အဆင့်က ဂရန်းမာစတာ တစ်ယောက်ရဲ့ စံနှုန်းဟာ၊ စဦးပိုင်း အဆင့်နဲ့ အတော့်ကို ကွာခြားလှပါတယ်"

သူသည် မှော်ကျိန်စာ တစ်ခုအား ဖော်ထုတ်လိုက်ကာ၊ သူ၏လက်အား ဝှေ့ယမ်းလိုက်သည်။ တောက်ပလှသော လျှပ်စီးစက်လုံး တစ်ခုသည် လေပေါ်သို့ ပျံတက်သွားကာ၊ မိုးကြိုးသွားများဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည့် အဖြူရောင် လျှပ်စီးကွန်ရက်တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။

ဒါသည် သူက လင်းဖုန်းထံမှ ရရှိထားခဲ့သည့် အခြေတည် ဝိညာဥ် အဆင့်မှ မှော်အိုင်တမ်ဖြစ်သည့်၊ အထီးကျန်မိုးကြိုး နတ်ဘုရားလိုက်ကာ ဖြစ်သည်။

လျှပ်စီးလိုက်ကာသည် ကောင်းကင်ပေါ်တွင် လျှင်မြန်စွာနှင့် ကျယ်ပြန့်လာကာ၊ နေမင်းကိုပင် ဖုံးလွှမ်းသွား၍ ကောင်းကင်အား လွှမ်းခြုံသွားခဲ့သည်။ ကွန်ရက်တစ်လျှောက် ပေါက်ကွဲနေသည့် မိုးကြိုးသွားများသည် ထိုးတက်လာခဲ့၍၊ ဧရာမ မိုးကြိုးနဂါးများက အချင်းချင်း ရောယှက်နေသည့်ပုံ ပေါက်နေခဲ့၏။

အဖြူရောင် လျှပ်စီးများအကြားတွင် လေထုသည် အစိုင်အခဲ အဖြစ်သို့ ပြောင်းသွား၍၊ တစ်ခုနှင့်တစ်ခု ထပ်နေကြသည်ဟု ထင်နေရသည်။ သူတို့သည် အဆက်မပြတ် တုန်ခါနေကြကာ၊ နှင်းတောင်ထိပ် ဂရန်းမာစတာ၏ ရေခဲမီးတောက်များနှင့်  ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ပေါက်ကွဲကုန်ကြသည်။

ထိုအချိန်တွင် အစက ရေခဲမီးတောက်၏ ဖမ်းချုပ်ခြင်းအား ခံခဲ့ရသည့် လေထုနှင့် လေဟာနယ်များမှာ လွတ်မြောက်သွားကြသည်။

အခြေတည်ဝိညာဥ် အဆင့်မှ မှော်အိုင်တမ် တစ်ခု၏ အကူအညီဖြင့်၊ ဇူရီသည် နှင်းတောင်ထိပ် ဂရန်းမာစတာ၏ ရေခဲမီးတောက် လှောင်အိမ်အား ဖွင့်လှစ်နိုင်ခဲ့သည်။

ရေခဲပင်လယ်မှ ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ သို့သော်လည်း နှင်းတောင်ထိပ် ဂရန်းမာစတာသည် အေးဆေးတည်ငြိမ်နေခဲ့ကာ၊ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူ၏ညာလက်မှနေ၍ ထူးခြားသော မှော်ကျိန်စာ တစ်ခုအား ထုတ်လွှတ်လိုက်၏။

တစ်ခဏအတွင်းမှာပင် ရေခဲမီးတောက်ဖြင့် ဖန်ဆင်းထားသည့် လှောင်အိမ်မှနေ၍၊ အဖြူရောင် မြူခိုးငွေ့များအား ထုတ်လွှတ်လိုက်သည်။ ထိုအဖြူရောင် မြူခိုးငွေ့များသည်၊ ဇူရီ၏ အထီးကျန်မိုးကြိုး နတ်ဘုရားလိုက်ကာ၏ မှော်စွမ်းအင်များနှင့် ထိတွေ့လိုက်ကြသောအခါ၊ ပေါက်ကွဲလောင်ကျွမ်း နေကြသော ဧရာမ မီးတောက်များ အဖြစ်သို့ ပြောင်းလဲသွားကြ၏။

နတ်ရေကန်ဂိုဏ်း၏ လျှို့ဝှက် မှော်ကျိန်စာ၊ ရေခဲလောင်ကျွမ်းခြင်း ပညာရပ်!

ထိုမှော်ကျိန်စာသည် နာမည်ကြီးသည်ဟု ဆိုရမည်ဖြစ်ပြီး၊ လူအတော်များများက သိနေကြ၏။ သူတို့သည် နှင်းတောင်ထိပ် ဂရန်းမာစတာ၏ ပစ်မှတ်များ မဟုတ်ကြသော်လည်း၊ သူတို့၏ ရင်များမှာ တစ်ဒိန်းဒိန်းနှင့် ခုန်လာကြ၍၊ မျက်ခုံးများသည် တစ်ဆတ်ဆတ်နှင့် လှုပ်လာကြသည်။

ရေခဲလောင်ကျွမ်းခြင်း ပညာရပ်သည်၊ ပစ်မှတ်၏ မှော်စွမ်းအင်အား သူ၏ကိုယ်ပိုင် လောင်စာအဖြစ် အသုံးချ၍၊ သူ့မီးတောက်၏ စွမ်းအားကို အားကောင်းအောင် ပြုလုပ်ထားခြင်းပင် ဖြစ်သည်။ ပြိုင်ဘက်၏ မှော်စွမ်းအင် အားကောင်းလေလေ၊ ရေခဲလောင်ကျွမ်းခြင်း မှော်ကျိန်စာ၏ စွမ်းအားက ကြီးမားလေလေပင် ဖြစ်၏။

ရေခဲလောင်ကျွမ်းခြင်း မှော်ကျိန်စာအား ခုခံရန် ရန်သူ၏ ထပ်အားဖြည့်လိုက်သည့် မှော်စွမ်းအင်များသည်၊ မီးတောက်များ အတွင်းသို့ ပစ်ထည့်လိုက်သည် သစ်ကိုင်းခြောက်များပမာ ဖြစ်သွားမည် ဖြစ်ကာ၊ ရေခဲလောင်ကျွမ်းခြင်း နည်းစနစ်၏ စွမ်းအားကို ကြီးမားစေမည် ဖြစ်သည်။ ထိုသူသည် သူ၏ ကိုယ်ပိုင် မှော်စွမ်းအင်ဖြင့်၊ ရန်သူ၏ အင်အားကို စစ်ကူပေးနေသကဲ့သို့ ဖြစ်နေခဲ့ပေမည်။

နှင်းတောင်ထိပ် ဂရန်းမာစတာ၏ ထိုမှော်ကျိန်စာ ထုတ်သုံးလိုက်သည်ကို မြင်လိုက်သောအခါ၊ ဘေးမှလူများ အားလုံး၏ အမူအရာများသည် လေးနက်လာကြသည်။

သူတို့သည် ရေခဲလောင်ကျွမ်းခြင်း မှော်ကျိန်စာအား မြင်ဖူးကြသည်။ ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးတွင်၊ တောက်ယုတင်းသည် ထိုမှော်ကျိန်စာအား အသုံးပြုခဲ့ဖူးသည်။ ထိုမှော်ကျိန်စာအား လေ့ကျင့်ရန်အတွက် လိုအပ်ချက်သည် ကြီးမားလှသည်။ ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူများပင် ကျင့်ကြံရန် မဖြစ်နိုင်ပဲ၊ အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများမှပင် လေ့ကျင့်နိုင်မည် ဖြစ်၏။

တောက်ယုတင်းသည် ထိုမှော်ကျိန်စာအား အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်အနေဖြင့် လေ့ကျင့်နိုင်ခဲ့ပြီး၊ လူအများအား အထင်ကြီးစေခဲ့ကာ နေ့ချင်းညချင်း နာမည်ကြီးသွားခဲ့သည်။

သူမ၏ ပင်ကိုစွမ်းရည်အား ချီးကျူးခြင်းမှာ နိမ့်ကျသော ကျင့်ကြံမှု အဆင့်နှင့်ပင်၊ ရှုပ်ထွေးသော မှော်ကျိန်စာအား လေ့ကျင့်နိုင်၍ ဖြစ်၏။ သို့သော်လည်း သူမသည်၊ ဤမှော်ကျိန်စာအား အဆင့်မြင့်မြင့် နားလည်တတ်မြောက်ထားသည်ဟု ပြောလျှင်တော့ လွန်ရာကျပေမည်။ သူမတတ်မြောက်ခဲ့သည်မှာ အပေါ်ယံကို ရှပ်ကြည့်နိုင်ရုံသာ ဖြစ်သည်။

ဘာပဲပြောပြော နတ်ရေကန်ဂိုဏ်း၏ စွမ်းအားအကြီးဆုံး မှော်ကျိန်စာ တစ်ခုအနေနှင့်၊ ရေခဲလောင်ကျွမ်းခြင်း မှော်ကျိန်စာ၏ ခက်ခဲမှုမှာ ငြင်းဖွယ်မရှိပေ။

သို့သော်လည်း နှင်းတောင်ထိပ် ဂရန်းမာစတာ၏ လက်ထဲမှနေ၍ ထုတ်လွှတ်ခံခဲ့ရသောအခါ၊ သူသည် ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်သည်ကို တွေ့နိုင်ခဲ့သည်။ သူသည် ထိုနည်းစနစ်အား အခြေခံကျကျ နက်ရှိုင်းစွာ နားလည်ထားသည်ဟု ပြောနိုင်ပေသည်။

ဇူရီ၏ အလင်းနှင့်အမှောင် စကားလုံးများ ဖြစ်စေ၊ အထီးကျန်မိုးကြိုး နတ်ဘုရားလိုက်ကာ၏ အဖြူရောင် မိုးကြိုးသွားများ ဖြစ်စေ၊ သူတို့၏ စွမ်းအားများသည် နှင်းတောင်ထိပ် ဂရန်းမာစတာ၏ အဖြူရောင် မြူခိုးငွေ့များ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၍၊ ထိုမှော်ကျိန်စာ၏ လောင်စာအဖြစ် အသုံးချခြင်းကို ခံခဲ့ရသည်။

ဤအခြေအနေသို့ ရောက်နေခဲ့သော်လည်း ဇူရီ၏ အမူအရာများမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ၏လက်များကို ဝှေ့ယမ်းလိုက်ကာ အလင်းအမှောင် စကားလုံးများဖြင့်၊ နောက်ထပ် ကြီးကျယ်ခမ်းနားသည့် စာစီစာကုံး တစ်ပုဒ်အား ရေးလိုက်သည်။ ဤအကြိမ်တွင် ဇူရီသည် ဤစာစီစာကုံး၏ ဒုတိယ လင်္ကာပိုဒ်ကို ရေးခဲ့လိုက်၏။

ထိုဒုတိယ လင်္ကာပိုဒ် ပြီးဆုံးသွားသောအခါ နဂိုစာပိုဒ် အပေါ်မှနေ၍၊ ကြီးကျယ်မြင့်မြတ်သည့် အဆုံးမဲ့ အမှန်တရား အဓိပ္ပာယ်များသည် စီးဆင်းထွက်ပေါ်လာကြသည်။ အတားအဆီးများ၊ အနှောင်အဖွဲ့များ၊ အခက်အခဲများ၊ အနှောင့်အယှက်များ အားလုံးတို့သည် မရှိကြတော့ပဲ၊ အကျော်လွှားခံခဲ့ရကာ အရှုံးပေးခဲ့လိုက်ရသည်။

ရန်သူအား မကြာမီ အောင်နိုင်တော့မည်၊ အခက်အခဲတို့အား မကြာမီ ကျော်လွှားနိုင်တော့မည်၊ ကမ္ဘာကြီး၏ နယ်နိမိတ်တို့အား မကြာမီတွင် ကျော်ဖြတ်နိုင်တော့မည် ဖြစ်သည်။ လူသားတို့၏ မရပ်တန့်နိုင်သော ကြီးကျယ်မြင့်မြတ်မှုသည် ဆက်လက်ချီတက်နေမည် ဖြစ်၏!

အထီးကျန်မိုးကြိုး နတ်ဘုရားလိုက်ကာသည် သန့်စင်သော အဖြူရောင်လျှပ်စီး အလွှာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ၊ အလင်းအမှောင် စကားလုံးများဖြင့် ဖွဲ့စည်းထားသည့် ကြီးကျယ်ခမ်းနားသည့် စာစီစာကုံးအား ရစ်ဖွဲ့ခဲ့လိုက်သည်။ စာသားများကို စက္ကူပေါ်တွင် ပုံနှိပ်လိုက်သည့် အလားဖြစ်၏။

အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော စွမ်းအားများသည် အတားအဆီးများ အားလုံးကို ကျော်လွှားနိုင်ခဲ့၏။ ရေခဲလောင်ကျွမ်းခြင်း မှော်ကျိန်စာကပင် သူ့အား မဖျက်ဆီးနိုင်တော့ပေ။

အသက်ဝင်လာသော စာစီစာကုံးသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့ကာ ဘေးပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့ပြီး၊ ရေခဲလောင်ကျွမ်းခြင်း မှော်ကျိန်စာ၏ မြူခိုးငွေ့များနှင့် မီးတောက်များကို ငြိမ်းသက်ခဲ့သည်။ ပြီးတာနှင့် ရေခဲမီးတောက်များကိုလည်း ဖျက်ဆီးပစ်ကာ၊ အစောက အဖမ်းချုပ်ခံထားသည့် လေဟာနယ်ကို ပြန်ဖွင့်ပေးခဲ့သည်။

စီးဆင်းနေသော အလင်းတန်းများ၏ အဆုံးတွင်၊ ဇူရီသည် ဖြည်းဖြည်းချင်း တစ်လှမ်းချင်း လျှောက်လှမ်း၍ ထွက်လာခဲ့၏။ ခြေလှမ်းတစ်လှမ်း လှမ်းအပြီးတိုင်းတွင်၊ အလင်းနှင့်အမှောင် အလင်းတန်းများသည် ရှေ့သို့ဆန့်တန်းလာကြ၍ လမ်းကြောင်းတစ်ခုအား ဖော်ဆောင်ပေးလိုက်သည်။

နတ်ရေကန်ဂိုဏ်းမှ ကျင့်ကြံသူများသည် အံ့ဩတကြီး ဖြစ်ကုန်ကြသည်။ နှင်းတောင်ထိပ် ဂရန်းမာစတာမှာ ပြောဖွယ်ရာ မရှိတော့ပေ။ ဇူရီ၏ တာအိုနည်းစနစ်နှင့် မှော်ကျိန်စာများသည် ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု၊ တစ်စုံတစ်ယောက်မှ ထင်မထားကြချေ။

အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူဖြစ်သည့် နှင်းတောင်ထိပ် ဂရန်းမာစတာသည်၊ သူ့အား မည်သို့မှ မလုပ်နိုင်ရုံတင် မကပဲ သူ၏ အစွမ်းအထက်ဆုံး မှော်ကျိန်စာသည်ပင် အဖျက်ဆီးခံလိုက်ရ၏။

ရေခဲပင်လယ်မှ အခြားကျင့်ကြံသူများသည် ပို၍ပင် အံ့အားသင့်နေကြ၏။ "ဇူရီက အသာစီး ရနေတာလား!" ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်နှင့်၊ အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်တို့ ရင်ဆိုင်ရာတွင်၊ ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူက အသာစီး ရနေခဲ့၏။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်တိုင်းသည် ဤမျှပင် ကြောက်မက်ဖွယ်ကောင်းသည်လော။

ဇူရီက သူ့ထံသို့ တစ်လှမ်းချင်း အေးဆေးလျှောက်လာနေသည်ကို ကြည့်နေခဲ့ကာ၊ နှင်းတောင်ထိပ် ဂရန်းမာစတာသည် ကျောရိုးထဲမှနေ၍ စိမ့်တက်လာခဲ့သည်။

နတ်ရေကန်ဂိုဏ်း၏ စခန်းအတွင်းမှ မုတ်ဆိတ်ဖြူနှင့် အကြီးအကဲတစ်ယောက်သည် ထွက်လာခဲ့ကာ ပြောလိုက်သည်။ "လူငယ်လေး၊ တော်လောက်ပြီ၊ ရပ်သင့်တဲ့အချိန်မှာ ရပ်လိုက်ပါ။ တစ်လက်မလောက် အလျှော့ပေးလိုက်တာကို၊ တစ်မိုင်လောက် တက်မလာချင်ပါနဲ့"

ဇူရီက သာမန်သာ ပြန်ဖြေလိုက်၏။ "ဒီစကားကို ခင်ဗျားတို့ နတ်ရေကန်ဂိုဏ်းကို ပြန်ပြောရရင် ပိုသင့်တော်ပါလိမ့်မယ်။ ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေး စကတည်းက၊ ခင်ဗျားတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို အဆက်မပြတ် ရန်စပြီး စိန်ခေါ်နေခဲ့တယ်။ ခင်ဗျားတို့တတွေက ဘယ်အချိန်ကျမှ ရပ်သင့်မှန်းကို သိမှာလဲ"

မုတ်ဆိတ်ဖြူ အဘိုးအိုသည် မျက်နှာပျက်သွားခဲ့သည်။ "ကြည့်ရတာ ငါကမင်းကို သင်ခန်းစာလေး ပေးမှနဲ့တူတယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်က သူ့တပည့်တွေကို ကောင်းကောင်း မဆုံးမထားဘူး၊ ငါကမင်းကို သူ့အစား ဆုံးမပေးမယ်"

ဇူရီက နောက်ထပ်တစ်ခေါက် သာမန်သာ ပြန်ပြောလိုက်သည်။ "ခင်ဗျားက အကြီးအကဲ တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မလေးစားရင်၊ ဘယ်သူက ခင်ဗျားကို လေးစားမှာလဲ"

"ဟွန့်!" မုတ်ဆိတ်ဖြူ အဘိုးအိုသည် ဘာမှထပ်မပြောတော့ပဲ အေးစက်စွာနှင့် ရယ်လိုက်ကာ၊ ခက်ထန်ကြီးမားသော မှော်စွမ်းအင် လှိုင်းလုံးကြီးအား ထုတ်လွှတ်လိုက်သည်။ အံဩဖွယ် ကောင်းလှစွာ သူ၏ ကျင့်ကြံမှု အဆင့်မှာ အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်တွင် ရှိနေပေသည်!

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu




ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၄

အပိုင်း ၄၁၄ : အရှက်ကင်းမဲ့ခြင်း

ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးတွင် နတ်ရေကန်ဂိုဏ်း၏ခေါင်းဆောင် ချောင်ဝေနှင့် လင်းဖုန်းတို့သည်၊ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။

ဤကဲ့သို့သော မလိုအပ်သည့် ပဋိပက္ခများကို စတင်ခဲ့သည်မှာ ချောင်ဝေပင်ဖြစ်၏။

သို့သော်လည်း ချောင်ဝေ၏ အပြုအမူများ နောက်ကွယ်တွင် နက်ရှိုင်းသည့် ရည်ရွယ်ချက်တစ်ခု ရှိပြီး၊ ချောင်ဝေတစ်ယောက်သာ သိကာ နတ်ရေကန်ဂိုဏ်းမှ ကျန်သောသူများ မသိကြပေ။

သို့သော်လည်း သူတို့သည် သူတို့၏သခင်ကသည့် အကွက်အတိုင်းသို့ တစ်သွေမသိမ်း လိုက်ကနေကြပေသည်။

ထို့အပြင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် နတ်ရေကန်ဂိုဏ်းတို့၏ ပဋိပက္ခများ အတွင်းတွင်၊ ခံခဲ့ရသူများမှာ နတ်ရေကန်ဂိုဏ်းကပင် ဖြစ်နေကြ၍ သူတို့အား မခံချိ မခံသာ ဖြစ်စေခဲ့သည်။

ချောင်ဝေကလည်း သူသည် သူရဲဘောကြောင်သည်ဟု အထင်ခံရမည် စိုးသည့်အတွက်၊ သူ၏ ဂိုဏ်းသားများက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ရန်စခြင်များကို မတားဆီးခဲ့ပေ။

မုတ်ဆိတ်ဖြူ အဘိုးအိုသည် နတ်ရေကန်ဂိုဏ်း၏ အကြီးအကဲ တစ်ယောက်ဖြစ်ပြီး၊ အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သူသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား မကျေမနပ် ဖြစ်နေသော်လည်း သူ၏ စိတ်ခံစားချက်များကို ထိန်းနိုင်ခဲ့ပြီး၊ နှင်းတောင်ထိပ် ဂရန်းမာစတာကဲ့သို့ ရောက်ရောက်ချင်း ဆောက်နှင့်မထွင်းခဲ့ပေ။

သို့သော်လည်း အံ့ဖွယ်ကောင်းလှစွာ အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ နှင်းတောင်ထိပ် ဂရန်းမာစတာသည်၊ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်မှ ဇူရီအား ရှုံးနိမ့်သွားခဲ့သည်။ ဘေးမှ ကြည့်နေသူများအဖို့ ဒါသည် နတ်ရေကန်ဂိုဏ်း၏ မျက်နှာကို အိုးမည်းသုတ်ခဲ့ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ မုတ်ဆိတ်ဖြူ အဘိုးအိုသည် ထိုင်ကြည့်မနေနိုင်တော့ပဲ၊ ဝင်ပါလာရခြင်း ဖြစ်၏။

နတ်ရေကန်ဂိုဏ်းမှ ရွှေရောင်ဗဟိုချက် အဆင့် ကျင့်ကြံသူများသည် ဇူရီအား ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေကြသဖြင့်၊ အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်က ဝင်ပါခဲ့ရသည်။ သို့တိုင်အောင် အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူက မယှဥ်နိုင်ခဲ့သဖြင့်၊ နောက်ဆုံးအဆင့်မှ ကျင့်ကြံသူက ဝင်လာခဲ့ရ၏။ ဒါသည် အတော့်ကို မျက်နှာပျက်စရာ ကိစ္စပင် ဖြစ်သည်။

ဇူရီနှင့် ကျန်သောသူများသည် ထိုမုတ်ဆိတ်ဖြူ အဘိုးအိုအား ရှုံးနိမ့်သွားခဲ့လျှင်ပင်၊ ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်သွားခြင်းပင် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ထိုမုတ်ဆိတ်ဖြူ အဘိုးအိုသည် ယင်းကဲ့သို့ပင် အရှုံးကို လက်မခံနိုင်ခဲ့ပေ။ သူသည် လူငယ်များကို အနိုင်ကျင့်သည်ဟု အစွပ်စွဲခံရမည် ဖြစ်သော်လည်း၊ အရှက်တကွဲ အရှုံးပေးရမည်ထက် စာလျှင် အများကြီး တော်ဦးမည် ဖြစ်သည်။

မုတ်ဆိတ်ဖြူ အဘိုးအိုသည် လက်သင်္ကေတပေါင်း များစွာကို ထုတ်ဖော်လိုက်၍၊ မှော်ကျိန်စာ တစ်ခုအား ထုတ်လွှတ်လိုက်သည်။ သူ၏ ခေါင်းပေါ်မှနေ၍ အလင်းတန်းမျာ ထွက်ပေါ်လာခဲ့ကာ၊ ပေပေါင်းရာနှင့်ချီ၍ မြင့်မားသည် နှင်းတောင်တစ်ခုက ပေါ်ထွက်လာခဲ့သည်။

ထိုတောင်ထိပ်တွင် စုစည်းထားသော နှင်းများမှာ စတင်၍ အရည်ပျော်လာခဲ့၏။ အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့ကာ၊ တောင်ထိပ်မှနေ၍ အငွေ့တစ်ထောင်းထောင်းနှင့် ချော်ရည်များ ထွက်လာကြသည်။

ပွဲမြန်မြန်သိမ်းနိုင်ရန် မုတ်ဆိတ်ဖြူ အဘိုးအိုသည်၊ သူ၏ စကြာဝဠာ ပုံသဏ္ဌာန်အား ချက်ချင်း ထုတ်ဖော်ခဲ့သည်။ သူ၏ စကြာဝဠာ ပုံသဏ္ဌာန်မှာ လူသားပုံစံမဟုတ်ပဲ ဧရာမ မီးတောင်ကြီး တစ်လုံးဖြစ်သည်။

ထိုမီးတောင်ကြီး၏ အော်ရာများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်၊ ကြီးကျယ်ခန့်ညားသည့် စိတ်ဝိညာဥ် စွမ်းအင်များကို ထုတ်လွှတ်ခဲ့သည်။ ထိုစွမ်းအားများမှာ သန်မာသိပ်သည်းလှသည့်အတွက်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ လူများအားလုံး၊ မိစ္ဆာသခင် အလယ်အလတ် အဆင့်မှ ကွေနွားဘုရင်နှင့် မိစ္ဆာသခင် စဦးပိုင်း အဆင့်မှ ကျဲယုတို့သည်၊ ထိုအော်ရာအား မခံနိုင်ကြတော့ပေ။

ကျန်သောသူများ အားလုံးတို့သည် အခွင့်အရေး ပေါ်လာသောအခါ လက်လွတ်မခံကြပဲ၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရှိရာသို့ ပြေးလာကြ၏။

သူတို့အများစုသည် အနည်းငယ် တွက်ချက်အပြီးတွင် ပြဿနာ တစ်ခုကို တွေ့ရှိလိုက်ရသည်။ ယွဲ့ဟုန်ယန်၊ ကျူးကော်ဖန်းလင်နှင့် ကျွင်းကျိနင်တို့မှာ ရွှေရောင်ဗဟိုချက် အဆင့်သို့ မရောက်ကြသေးသဖြင့်၊ သူတို့သည် တွက်ချက်မှုအတွင်းတွင် မပါကြပေ။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ကျန်သောသူများ အနက် မိစ္ဆာနှစ်ကောင် ရှိသည်။ တစ်ကောင်မှာ လူသားကျင့်ကြံသူ၏ အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်တွင်ရှိပြီး၊ ကျန်တစ်ကောင်မှာ အခြေတည်ဝိညာဥ် စဦးပိုင်း အဆင့်တွင် ရှိနေ၏။

သူတို့အပြင် ကျန်ရှိနေသော ရှောင်ယန်နှင့် ရှောင်ပုတန်တို့မှာ ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်တွင်သာ ရှိနေကြသော်လည်း၊ သူတို့၏ တိုက်ပွဲစွမ်းရည်မှာ အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ ဂရန်းမာစတာ တစ်ယောက်နှင့် ယှဥ်နိုင်ပေသည်။

ကွေနွားမျိုးနွယ်စုနှင့် နဂါးမျိုးနွယ်စုတို့မှာ ရှေးပဝေသဏီခေတ်မှ ရှားပါးမျိုးနွယ်စုများ ဖြစ်ကြသည်။ သူတို့သည် အလွန်အမင်း သန်စွမ်းကြကာ၊ မိစ္ဆာကမ္ဘာမှ မိစ္ဆာအများစုတို့ထက် စွမ်းအားကြီးကြသည်။

ထိုအကြောင်းအရာများကို ပြန်စဥ်းစားလိုက်သောအခါ၊ မုတ်ဆိတ်ဖြူ အဘိုးအိုသည် သူတို့လေးယောက်အား တစ်ပြိုင်နက် တိုက်ခိုက်မည်ဆိုလျှင် လွယ်ကူလိမ့်မည် မဟုတ်ချေ။

နတ်ရေကန်ဂိုဏ်းမှ လူများပင် စိုးရိမ်ပူပန်နေကြသေးလျှင်၊ ကျန်သောသူများ အနေနှင့် ဆိုဖွယ်ရာ မရှိတော့ပေ။

သူတို့သည် မုတ်ဆိတ်ဖြူ အဘိုးအိုက နိုင်ပွဲမရမည်ကို သံသယမရှိနေကြချေ။ သို့သော်လည်း နိုင်ပွဲရယူရန်မှာ အချိန်အတော်ကြာကြာ လိုအပ်မည် ဖြစ်သည်။

နှင်းတောင်ထိပ် ဂရန်းမာစတာ၏ မျက်လုံးများမှနေ၍ မီးတောက်မီးလျှံများ ထွက်လာခဲ့ကာ၊ ဇူရီထံသို့ ကြည့်လိုက်ကာ ဟိန်းဟောက်လိုက်သည်။ "ကောင်စုတ်လေး! မင်းနဲ့ငါ တစ်ယောက်တည်းပဲ ကမ္ဘာပေါ်မှာ ရှိနိုင်လိမ့်မယ်၊ နှစ်ယောက်မရှိနိုင်ဘူး!"

စကားဆုံးသည်နှင့် နှင်းတောင်ထိပ် ဂရန်းမာစတာသည် အရှေ့သို့ ခုန်ထွက်လာခဲ့ကာ၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား နှစ်ယောက်တစ်ယောက် တိုက်ခိုက်လိုက်၏။

မုတ်ဆိတ်ဖြူ အဘိုးအိုကလည်း နှင်းတောင်ထိပ် ဂရန်းမာစတာသည် ဟန်ပြနေခြင်း ဖြစ်ကြောင်းကို သဘောပေါက်နေခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ သူ့အား အောင်ပွဲ လျှင်မြန်စွာ ရရှိရန် ဖြစ်သည်။

သူသည် ဘာမှမတုံ့ပြန်ခဲ့ပဲ သူ၏ မျက်လုံးများအား မှိတ်လိုက်ကာ၊ သူ၏ စကြာဝဠာ ပုံသဏ္ဌာန်အား အာရုံစိုက်လိုက်သည်။ ဝုန်းကနဲ မြည်ဟည်းသံနှင့် အတူ တောင်ကြီးသည် ဇူရီ၊ ရှီထျန်းဟောင်နှင့် ကျန်သောသူများ အပေါ်သို့ ကျရောက်လာခဲ့၏။

နှင်းတောင်ထိပ် ဂရန်းမာစတာသည် သူ၏ ဒေါသကို မထိန်းနိုင်ပဲ မဆင်မခြင် ပြုလုပ်နေသည်ဟု ထင်နေရသော်လည်း၊ သူသည် လွန်စွာ တည်ငြိမ်အေးနေခဲ့သည်။ သူသည် ဇူရီနှင့် ရင်ဆိုင်ခဲ့အပြီးတွင် သူ၏ အဆင့်အတန်းကို သိခဲ့ပြီး ဖြစ်သည်။

သို့ဖြစ်၍ ရှီထျန်းဟောင်၏ စွမ်းရည်များကိုလည်း အကြမ်းဖျင်း ခန့်မှန်း၍ရသည်။

ထို့ကြောင့် နှင်းတောင်ထိပ် ဂရန်းမာစတာသည်၊ သူစတင် ဝင်ရောက်ခဲ့သည်နှင့် ရှိသမျှအစွမ်း အကုန်ထုတ်သုံးခဲ့သည်။ သူကနေ၍ မှော်ကျိန်စာတစ်ခု ထုတ်လွှတ်လိုက်ရာ၊ ရွှေရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုရွှေရောင် အလင်းတန်းသည် လေပေါ်တွင် လွင့်မျောသွားခဲ့ကာ၊ ဗုဒ္ဓဂိုဏ်းမှ မှော်စွမ်းအင် ပေါက်ကွဲမှုများအလား ပေါက်ကွဲသွားခဲ့သည်။ မရေမတွက်နိုင်သော ဗုဒ္ဓသင်္ကေတများနှင့် ဘုရားစာများ ရွတ်ဖတ်သရဇ္ဇယ်သံများသည်၊ ပတ်ဝန်းကျင်သို့ လွင့်ပျံ့သွားခဲ့၏။ ရွှေရောင်အလင်းတန်းများက တောက်ပနေကြကာ၊ မြောက်ဝင်ရိုးစွန်းမှ ရေခဲရှုခင်းများအား ရောင်ပြန်ဟပ်စေခဲ့သည်။

မုတ်ဆိတ်ဖြူ အဘိုးအို၏ စကြာဝဠာ ပုံသဏ္ဌာန်၏ ဘေးတွင် ရှိနေသော်လည်း၊ ကြီးကျယ်ခမ်းနား သန်စွမ်းလှသည့် ဗုဒ္ဓရောင်ခြည် စက်ဝန်းတော်သည် မမှေးမှိန်နေခဲ့ပေ။

အားလုံးတို့၏ အာရုံတို့သည် ထိုဗုဒ္ဓအလင်းတန်း၏ အလယ်ဗဟိုသို့ ရောက်သွားကြ၏။ ထိုနေရာတွင် လက်ဖဝါး အရွယ်ခန့်ရှိသော ဆေးလုံးလေးသည်၊ ဗုဒ္ဓစွမ်းအားများကို ထုတ်လွှတ်နေလျှက် ရှိ၏။

ထိုဗုဒ္ဓအလင်းတန်း ဖြတ်သန်းသွားသည့် နေရာတစ်လျှောက်ရှိ အချိန်ကာလ လေဟာနယ်တို့မှာ၊ တစ်စစီ ပြိုကျပျက်စီးသွားခဲ့သည်။

"ဓာတ်တော်တစ်ခု" ဇူရီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ "သူ့ရဲ့ စွမ်းအားတွေက အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်က ပျံလွန်တော် မူသွားခဲ့တဲ့၊ ရဟန်းတစ်ပါးရဲ့ ဓာတ်တော်တစ်ခုနဲ့ တူညီနေတယ်"

အားလုံးတို့သည်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြကာ၊ လေအေးများကို ရှူရှိုက်နေမိကြသည်။

မဟာမိုးကြိုး ကျောင်းတော်ကြီး ပျက်စီးသွားအပြီးတွင် သူတို့၏ စေတီပုထိုးများမှာ အဖျက်စီးခံလိုက်ရပြီး၊ ဓာတ်တော်အများစုတို့မှာ မဟာကျိုး အင်ပါယာ၏ သိမ်းပိုက်ခြင်းအား ခံခဲ့ရ၏။ အချို့သာ ပြင်ပကမ္ဘာသို့ ပျံ့နှံ့ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

နှင်းတောင်ထိပ် ဂရန်းမာစတာသည် ဓာတ်တော်တစ်ခုကို ရရှိနိုင်ခဲ့ပြီး သန့်စင်နိုင်ခဲ့ကာ၊ သူ၏ကိုယ်ပိုင် မှော်အိုင်တမ် တစ်ခုအဖြစ်ကို ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။

နှင်းတောင်ထိပ် ဂရန်းမာစတာက သူ၏ မှော်အိုင်တမ်ကို ထုတ်ယူလိုက်သည့် အချိန်တွင်၊ ကွေနွားဘုရင်၏ ခေါင်းပေါ်တွင် ထိုင်နေခဲ့ကာ ငြိမ်သက်စွာ အကဲခတ်နေခဲ့သည် ရှီထျန်းဟောင်သည်၊ ရုတ်တရက် ထလာခဲ့ကာ အော်ဟစ်လိုက်သည်။ "ဒီအိုင်တမ်က မဆိုးဘူး!"

လူအုပ်ကြီးသည် ရှီထျန်းဟောင်၏ မှတ်ချက်ကို ကြားလိုက်ရသောအခါ ဆွံ့အသွားကြသည်။ သူ၏ ခန္ဓာကိုယ် အပေါ်သို့ ကျရောက်လာခဲ့လျှင် ပို၍ မဆိုးမည် မဟုတ်ပါလော။

နှင်းတောင်ထိပ် ဂရန်းမာစတာသည် ခံပြင်းဒေါသ ထွက်သွားခဲ့သော်လည်း၊ ပြုံးရုံသာ ပြုံးနေခဲ့သည်။ သူသည် ဘာမှဆက်၍ မပြောခဲ့ပဲ၊ မှော်ကျိန်စာ တစ်ခုကိုသာ ထုတ်ဖော်ခဲ့၏။ ဓာတ်တော်မှနေ၍ နောက်ထပ် တောက်ပသည့် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

မျက်စိကျိန်းလုမတတ် အလင်းတန်းများ အကြားတွင်၊ ဓာတ်တော်သည် တဖြည်းဖြည်းချင်း ရွှေရောင် ရှေးဟောင်းရုပ်ပွားတော် တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။

ထိုဗုဒ္ဓရုပ်ပွားတော်၏ မျက်လုံးများသည် အနည်းငယ် စောင်းနေပြီး၊ သူ၏ ခြေထောက်များမှာ ဟင်းလင်းပြင်၏ အပေါ်တွင် တင်ပုလ္လင်ခွေထားခဲ့၏။ သူ၏လက်များမှာ အမူအရာများဖြင့် ပြည့်နေ၍၊ သူ၏မျက်နှာမှာ နွေးထွေး၍ နှစ်လိုဖွယ် ကောင်းလှပေသည်။

ဇူရီ၊ ရှီထျန်းဟောင်နှင့် ကျန်သောသူများသည် ထိုဗုဒ္ဓဆင်းတုတော်အား စတင်မြင်တွေ့လိုက်ရသည့် အချိန်တွင်၊ သူတို့သည် တည်ငြိမ်အေးချမ်းမှုများကို ခံစားခဲ့ရ၏။ ထိုရွှေရောင်ဗုဒ္ဓသည် ဘဝ၏ အတွေ့အကြုံများ၊ လောက၏ အခက်အခဲများ အားလုံးကို လွန်မြောက်သွားပြီးသကဲ့သို့ ဖြစ်နေခဲ့သည်။ သူသည် အတိတ်တွင် စိတ်ဓာတ် မယိမ်းမယိုင်ပဲ ကြံ့ကြံ့ခံနိုင်ခဲ့သကဲ့သို့၊ အနာဂတ်တွင်လည်း ထိုအတိုင်းပင် ဖြစ်နေဦးမည် ဖြစ်သည်။ သူသည် လွတ်မြောက်မှုကို တစ်သက်စာ ရရှိခဲ့ပြီး ဖြစ်သည်။

သူသည် ကမ္ဘာလောက တစ်ခုလုံးတွင် အဖြောင့်မတ်၊ အမှန်ကန်ဆုံးသော တည်ရှိမှုအဖြစ် ရှိနေခဲ့၍၊ နတ်ဆိုးများ အားလုံးကို သုတ်သင်ဖယ်ရှားမည် ဖြစ်သည်။

"အေကာလာ တထာဂသ မန္တန်! ဒီဗုဒ္ဓကျင့်ကြံသူဟာ အသက်ရှင်နေစဥ်က တထာဂတ ဓမ္မကျမ်းစာထဲက အစွမ်းအထက်ဆုံး နည်းစနစ်ဖြစ်တဲ့၊ အေကာလာ တထာဂသ မန္တန်ကို လေ့ကျင့်တတ်မြောက်ထားခဲ့တယ်" ဇူရီက တိုးညင်းစွာဖြင့် ပြောလိုက်သည်။

မဟာမိုးကြိုး ကျောင်းတော်ကြီး၏ အမြင့်မြတ်ဆုံး အစွမ်းအထက်ဆုံး ကျမ်းစာမှာ၊ အမှန်ဆိုရလျှင် တထာဂတ ဓမ္မကျမ်းစာပင် ဖြစ်သည်။

လင်းဖုန်းနှင့် ဇူရီတို့သည် ရှကျိုးမြို့တွင် အဆုံးမဲ့ အလင်းတန်း တထာဂတမန္တန်အား ရရှိခဲ့ပြီး၊ သူ့အားလေ့လာရန် အခွင့်အရေး တစ်ခုကို ရခဲ့ဖူးသည်။ သူသည် ကျမ်းစာ အပြည့်အစုံ မဟုတ်ခဲ့သော်လည်း၊ သူ့အားလေ့လာခြင်းမှနေ၍ အကျိုးအမြတ် များစွာတို့အား ရရှိခဲ့၏။

အေကာလာ တထာဂတ မန္တန်သည်၊ အဆုံးမဲ့ အလင်းတန်း တထာဂတ မန္တန်ထက် အနည်းငယ်ပို၍ အစွမ်းပိုထက်သည်။ သူသည် မဟာမိုးကြိုး ကျောင်းတော်ကြီး၏ အစွမ်းအထက်ဆုံး မှော်ကျိန်စာ ဖြစ်၏။ သူ၏ မဟာမိုးကြိုး ကျောင်းတော်အတွက် အရေးပါမှုသည်၊ ဥပေက္ခာ မဟာလမ်းစဥ်နှင့် ဟင်းလင်းပြင်၏ ယင်ယန်လမ်းကြောင်း မှော်ကျိန်စာတို့က ဟင်းလင်းပြင် ဘုရားကျောင်းအတွက် အရေးပါမှုနှင့် ယှဥ်နိုင်သည်။

ဤအေကာလာ တထာဂတ မန္တန်အား လေ့ကျင့်ထားနိုင်သည့်အတွက်၊ ထိုဗုဒ္ဓကျင့်ကြံသူသည် ထိုအချိန်ကာလက မဟာမိုးကြိုး ကျောင်းတော်ကြီး၏ အရေးပါသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်းကို သိနိုင်ပေသည်။

ကံမကောင်းစွာနှင့်ပင် ထိုကျင့်ကြံသူ သေဆုံးသွားအပြီးတွင်၊ သူ၏ အုတ်ဂူသည် အဖောက်ခံခဲ့ရ၏။ သူနှင့်အတူ မြှုပ်နှံထားသည့် ဓာတ်တော်များသည် အခိုးယူခံခဲ့ရ၍၊ စွမ်းအားကြီးမားသော မှော်အိုင်တမ် တစ်ခုအဖြစ် အသန့်စင်ခံခဲ့ရပေသည်။

ရှီထျန်းဟောင်သည် ထိုရွှေရောင်ရှေးဟောင်း ဗုဒ္ဓအား အချိန်အကြာကြီး ကြည့်ရှုနေခဲ့ကာ ပြောလိုက်သည်။ "သူက မဆိုးရုံတင် မကဘူး…"

ဘေးမှကြည့်နေသူများသည် ထိုသနားစရာ ကောင်းလှသော ကောင်လေးအား ကြည့်လိုက်ကာ၊ ရယ်ရမလို မျက်ရည်များ ကျရမလို ဖြစ်ကုန်ကြ၏။ သူသည် ယခုအချိန်မှပင် ထိုအရာသည် မဆိုးရုံတင် မကပဲ၊ သူ့အား တိုက်ခိုက်နိုင်ခဲ့ပါက သူသည် ကြမ်းပြင်ပေါ်တွင် အလူးအလဲ ခံစားသွားရမည်ကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ရှီထျန်းဟောင်၏ ထပ်ပြောလိုက်သော စကားသည်၊ လူများအားလုံးအား သွေးအန်လုမတတ် ဖြစ်သွားစေခဲ့၏။ "… ငါက အခုဆိုရင် ပိုလိုချင်သွားပြီ!"

အားလုံးတို့၏ နှုတ်ခမ်းတို့သည် သူ၏မှတ်ချက်အား ကြားအပြီးတွင် တွန့်ကုန်ကြသည်။ "ဘယ်လောက်အထိတောင် မသိတတ်တဲ့ ကလေးလေးလဲ!"

လေပေါ်တွင် လွင့်မျောနေသည် ရှေးဟောင်းဗုဒ္ဓသည် ရှီထျန်းဟောင်၏ မှတ်ချက်အား ကြားရအပြီးတွင်၊ ဒေါသထွက်သွားသည့်အလား လက်သီးများအား ဆုပ်လိုက်သည်။ ထို့နောက်တွင် ဝုန်းကနဲ မြည်ဟည်းသံနှင့် အတူ ပတ်ဝန်းကျင်မှ စိတ်ဝိညာဥ် စွမ်းအင်များသည်၊ ဗုဒ္ဓလက်သီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဖြည်းညင်းသော်လည်း တည်ငြိမ်စွာဖြင့် သူသည် သူ၏ လက်မောင်းအား မြှောက်လိုက်ကာ၊ အရှေ့သို့ ထိုးချလိုက်၏။ ထိုလှုပ်ရှားမှုမှား နှေးကွေးသည်ဟု ထင်နေရသော်လည်း၊ လျှင်မြန်စွာနှင့် အရှေ့သို့ ရောက်ရှိလာခဲ့သည်။

သူထိုးချခဲ့သော လက်သီးမှာ အင်အားများစွာ ပါနေ၍၊ ကောင်းကင်ယံတွင် လျှို့ဝှက်ဆန်းကြယ်သော လမ်းကြောင်းတစ်ခုက ပေါ်လာခဲ့သည်။

ထိုလက်သီးချက်ဖြင့် ဟင်းလင်းပြင် တစ်ခုလုံးသည် အက်ကွဲကြောင်းများ ပေါ်လာခဲ့ကာ၊ နှစ်ခြမ်းပိုင်းသွားခဲ့၏။

လေဟာနယ်သည် ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းသွားခဲ့၍၊ စွမ်းအားများ၏ ပေါက်ကွဲမှုကြောင့် လေထုကြီးသည် အက်ကြောင်းများဖြင့် ပြိုကွဲကုန်ကြသည်။

ရှီထျန်းဟောင်သည် တည်ငြိမ်နေခဲ့သေးပြီး၊ ရယ်လိုက်ကာ ပြောလိုက်သည်။ "ဒုတိယ စီနီယာ၊ ကျွန်တော်က အဲ့ဒါကို လိုချင်တယ်။ မပျက်စီးစေနဲ့နော်"

ဇူရီက ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။ "မင်းသဘောပဲ။ ဒါပေမဲ့ ငါကလည်း ကြိုပြောထားလိုက်မယ်၊ ငါလည်း အဲ့ဒါကို စိတ်ဝင်စားတယ်"

မုတ်ဆိတ်ဖြူ အဘိုးအိုနှင့် နှင်းတောင်ထိပ် ဂရန်းမာစတာတို့ အပါအဝင် အားလုံးတို့သည်၊ ညီအစ်ကို နှစ်ယောက်သား၏ စကားကို ကြားပြီးသောအခါတွင် မှင်သက်သွားကြ၍ သူတို့အား တွေတွေကြီး စိုက်ကြည့်နေခဲ့ကြသည်။

"လခွမ်းပဲ၊ သူတို့က ဘာများတွေးနေကြပါလိမ့်။ သူတို့က အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်က တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ် ဆိုတာကိုရော သိကြရဲ့လား" လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။ "အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်ဆိုတာက၊ အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်နဲ့ အမတန်မှ ကွာခြားတယ်ကွ!"

"မာန်မာန ထောင်လွှားလိုက်ကြတဲ့ သူတွေ! အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်တွေက ကိုယ့်ရဲ့အောင်မြင်မှုတွေမှာ သာယာနေပြီး၊ ကိုယ့်စွမ်းရည်တွေကို ပိုတွက်ပြီး မျက်စိတွေ ကန်းကုန်ကြပြီနဲ့ တူတယ်"

"သူတို့နှစ်ယောက်စလုံးက သူတို့ကိုယ်သူတို့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်လို့များ ထင်နေကြလား မသိဘူး။ သူတို့က ဒီကနေ့မှာ အကြီးအကျယ် ရှုံးနိမ့်ပြီး အဖမ်းခံရမှာ သေချာနေတယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်က မာနတွေကို နိမ့်ချပြီး၊ သူတို့ကို ပြန်ရွေးရမှာ သေချာနေပြီ"

ဇူရီနှင့် ရှီထျန်းဟောင်တို့သည် လူအုပ်ကြီး အတွင်းမှ ဝေဖန်သံများကို မကြားသကဲ့သို့ပင် နေနေကြ၏။ ရှီထျန်းဟောင်သည် ကွေနွားဘုရင်၏ ခေါင်းပေါ်သို့ မောက်မာစွာနှင့် ပြန်ထိုင်ချလိုက်ကာ၊ ပွဲကြည့်နေသည့် ပုံစံသို့ ပြန်နေလိုက်သည်။

ဇူရီသည် သူ၏လက်ကို တည်ငြိမ်စွာဖြင့် ဝှေ့ယမ်းလိုက်ရာ အလင်းစက်လေး တစ်ခုက ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့၍၊ လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါတစ်ခုအဖြစ်သို့ ပြန့်ကားသွားခဲ့သည်။

ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ!

ကွဲပြားခြားနားသော သင်္ကေတပေါင်း များစွာတို့သည်၊ မှော်ဝင်္ကပါ၏ အတွင်းတွင် ပေါ်ပေါက်လာကြ၍ ပုံစံတစ်မျိုးကို ဖော်ဆောင်လိုက်ကြသည်။ ကွဲပြားနေသော အနက်နှင့်အဖြူ ပုံစံများသည် ကောင်းကင်တစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့၏။

ဇူရီနှင့် ရှောင်ပုတန်တို့က ဤမျှ ယုံကြည်ချက် ရှိနေရခြင်းမှာ၊ သူတို့သည် မဟာရန်သူများနှင့် တွေ့ရသည့်အချိန်တွင် အသုံးပြုရန်အတွက်၊ လင်းဖုန်းက သူတို့အား ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါအား ပေးထားခြင်းကြောင့်ပင် ဖြစ်သည်။

အားလုံးတို့သည် သူတို့၏ ခေါင်းပေါ်မှ ဧရာမ ဝင်္ကပါကြီးအား ကြည့်လိုက်၍ မှင်သက်သွားကြကာ၊ တစ်ချိန်တည်းမှာပင် အထင်ကြီးလေးစားသွားကြသည်။ အချို့သူများသည် ကြည့်ရင်နှင့်ပင် မူးဝေလာကြ၏။

မုတ်ဆိတ်ဖြူ အဘိုးအိုနှင့် နှင်းတောင်ထိပ် ဂရန်းမာစတာတို့ အပါအဝင်၊ နတ်ရေကန်ဂိုဏ်းမှာ ကျင့်ကြံသူ အားလုံးတို့သည် နေရာတွင်ပင် မူးမေ့လုမတတ် ဖြစ်ကုန်ကြသည်။

******!

အရှက်မရှိလိုက်တာ!

သူတို့ဂိုဏ်း၏ တောင်ကို ကြိုက်သည့်နေရာသို့ ယူဆောင်သွားနိုင်သည့်အပြင်၊ သူတို့သည် သူတို့၏ ဂိုဏ်းအကာအကွယ် ဝင်္ကပါကိုလည်း အသုံးအဆောင် ပစ္စည်းကဲ့သို့ ခါးပိုက်အထဲတွင် ထည့်ထား၍ ရနေခဲ့သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၊ မင်းတို့က ဘာဖြစ်လို့ ဒီလောက်အထိ အရှက်ကင်းမဲ့နိုင်ရတာလဲ!

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

58.3K 5.7K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်...
12.1K 463 144
Review မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီ...
225K 29.5K 198
ပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Actio...
11.2K 848 40
အညွန်း.. ဖျက်ဆီးခြင်း နတ်ဘုရား တစ်ပါးဖြစ်တဲ့ ချန်ပေ ကအလွန်တရာကို ပျင်းရိလှတာကြောင့် အပျင်းပြေ သေမျိုးလောက ထဲကို ဝင်ရောက်ခြေဆန့်ရာကနေ ပုံပြင်ဒဏ္ဍာရီတစ...