ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.1K 8.8K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၃၉၁ - ၃၉၂

457 51 0
By KazunoMora

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၂ : အပိုင်း ၁

အပိုင်း ၃၉၁ : ကြီးမြတ်သော ခေါင်းဆောင်အသစ်

လင်းဖုန်းသည် ယုကျင်းတောင်ထိပ်မှ မဟူရာကောင်းကင် ရတနာသစ်ပင်၏ အပေါ်တွင်၊ ငြိမ်သက်စွာထိုင်နေခဲ့၏။ သူသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းမှ၊ ခက်ထန်သော တိုက်ပွဲများကို အာရုံမစိုက်ထားခဲ့ပေ။ သူ၏ သံမဏိသစ်ပင် ကိုယ်ပွားသည်ပင်လျှင် တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့သည်။

ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းတွင် ပိတ်ထားသော၊ ယုရိလွမ်နှင့် အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူ သုံးယောက်တို့မှလွဲ၍၊ လင်းဖုန်းသည် ယုရှီးလင် အပါအဝင် ကျန်အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ လေးယောက်တို့အား မည်သို့မှ မပြုလုပ်ခဲ့ပေ။ သူတို့အား ဝင်္ကပါအတွင်း၌သာ ထည့်ထားခဲ့သည်။

ခက်ထန်လှသော တိုက်ပွဲတစ်ခု အပြီးတွင်၊ ဝင်္ကပါအတွင်းမှ တိုက်ပွဲသည် အဖြေပေါ်လာခဲ့ပြီ ဖြစ်သည်။

မျက်စိများကိုမှိတ်၍ အနားယူနေသော လင်းဖုန်းသည်၊ ရုတ်တရက် သူ၏မျက်လုံးများအား ဖွင့်လိုက်ကာ ပြုံးလိုက်၏။ သူသည် ဝင်္ကပါအတွင်းသို့ လှမ်းကြည့်လိုက်သည်။

ဝင်္ကပါအတွင်းမှ အလင်းရောင်များသည် ပြိုးပြိုးပြက်ပြက် တောက်ပလာခဲ့ကာ၊ အတွင်းမှ ပုံရိပ်တစ်ခုက ထွက်လာခဲ့၏။ သူ၏ ခြေလှမ်းများမှာ ဒယီးဒယိုင် ဖြစ်နေခဲ့၍၊ ခန္ဓာကိုယ်မှာ တုန်ခါနေခဲ့၏။ သူသည် လွန်စွာအားနည်းနေသောပုံ ပေါက်နေခဲ့၏။

သို့သော်လည်း သူ၏ မျက်လုံးအစုံမှာ တစ်ခါမှ မမြင်ဖူးသော စွမ်းအားများဖြင့်၊ အလွန်အမင်း တောက်ပနေခဲ့သည်။

"ဆရာ!" ရှီထျန်းဟောင်သည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ သူသည် လင်းဖုန်းအား ကြည့်လိုက်ကာ ပြုံး၍ပြောလိုက်သည်။ "ကျွန်တော် အနိုင်ရသွားခဲ့ပြီ"

ဤအချိန်တွင် ရှီထျန်းဟောင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည်၊ အပြာရောင်သန်းကာ အေးခဲနေခဲ့သည်။ သူ၏ တစ်ကိုယ်လုံးတွင် အက်ကွဲကြောင်းများဖြင့် ပြည့်နေခဲ့၏။ သို့သော်လည်း ထိုအက်ကွဲကြောင်းများတွင် သွေးများကို မတွေ့ခဲ့ရပေ။ ရေခဲသလင်းကျောက်များသာ ကြမ်းပြင်ပေါ်သို့ အဆက်မပြတ် ပြုတ်ကျနေကြသည်။

မဟာပဏ္ဍိတ၏ အရေပြားကသာ မကာကွယ်ထားခဲ့လျှင်၊ ရှောင်ပုတန်သည် အသက်ပင် ဆုံးရှုံးသွားနိုင်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရေခဲရုပ်ထု ဖြစ်သွားကာ၊ ကြေမွသွားနိုင်သည်။

ယခုအချိန်တွင်ပင် သူ၏ တစ်ကိုယ်လုံးမှာ ကွဲကြေလွယ်သော ရွံ့ရုပ်ပမာ ဖြစ်နေခဲ့၏။ အခြေတည်ဝိညာဥ် အဆင့် မဆိုထားနှင့်၊ ရွှေရောင်ဗဟိုချက် အဆင့်၊ အခြေခံအုတ်မြစ် အဆင့်၊ ချီသာဝကအဆင့်က ကျင့်ကြံသူ တစ်ယောက်၊ သို့မဟုတ် သာမန်လူတစ်ယောက်ကပင် သူ့အား တစ်စစီ ခြေမွပစ်နိုင်ပေသည်။

သူ၏ ခန္ဓာကိုယ် အတွင်းမှ ယခင်က စိတ်ဝိညာဥ် စွမ်းအားများဖြင့် ပြည့်ဝနေသော အပေါက်ကိုးပေါက် ရွှေရောင်ဗဟိုချက်သည်၊ ယခုအခါတွင် ဆောင်းခိုနေသကဲ့သို့ အားနည်းသွားကာ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်၍နေခဲ့သည်။

မိုးသောက်ပန်း ဝင်ရိုးစွန်း ကြေးမုံနှင့် ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုတို့သည်၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းတွင်သာ ကျန်နေခဲ့၏။ ရှီထျန်းဟောင်သည် သူတို့အား ပြန်၍ မယူလာနိုင်ခဲ့ပေ။ ယူလာနိုင်ခဲ့လျှင်လည်း သူတို့နှစ်ခုစလုံးတို့သည်၊ အပြင်းအထန် ပျက်စီးသွားခဲ့ကာ အရောင်များ မှေးမှိန်နေကြပြီ ဖြစ်သည်။

သူသည် ကလေးလေး ဘဝတုံးက သူ၏ အန္တိမ စိတ်ဝိညာဥ်တာဝါ အခိုးယူ ခံခဲ့ရစဥ် အချိန်မှလွဲ၍၊ ယခုအချိန်သည် ရှီထျန်းဟောင်၏ အားအနည်းဆုံး အချိန်ဖြစ်သည်။ သူသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍၊ အသက်အန္တရာယ်ပင် စိုးရိမ်နေရ၏။

သူ၏ ဒဏ်ရာများသည် ပြင်းထန်လှသော်လည်း၊ သူ၏ အမူအရာမှာ ရွှင်လန်းတက်ကြွနေခဲ့၍ သူ၏ မျက်လုံးအစုံမှာ ဝင်းလက်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့် ကျင့်ကြံမှုဖြင့်၊ သူသည် အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်ဖြစ်သော၊ ယုရှီးလင်အား သတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သူသည် သူ၏ ကျင့်ကြံမှုအဆင့် အကန့်အသတ်များကို ချိုးဖောက်ကာ၊ သူ့ထက်များစွာ သန်စွမ်းသည့် ပြိုင်ဘက်တစ်ယောက်အား သတ်နိုင်ခဲ့သည်။

ပြီးတော့ သူ၏ပြိုင်ဘက်သည် အားနည်းသောသူတစ်ယောက် မဟုတ်ချေ။ ယုရှီးလင်သည် ရွှမ်းမင်မန္တန်အား လေ့ကျင့်ထား၍၊ ရွှမ်းမင် အကြွင်းမဲ့ရေအား ကျင့်ကြံထားနိုင်သူ ဖြစ်၏။ သူသည် အစွမ်းထက်သည်မှာ မှန်သော်လည်း၊ အပြင်းအထန် အကြိတ်အနယ် တိုက်ပွဲအပြီးတွင် ရှောင်ပုတန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့လိုက်ရသည်။

ဤတိုက်ပွဲ၏ ရလဒ်များသည် ပျံ့နှံ့သွားပါက၊ ရှီထျန်းဟောင်၏ နာမည်သည် မူလကောင်းကင် ကမ္ဘာကြီး အတွင်းတွင် ကျော်ကြားသွားမည် ဖြစ်သည်။ ဒါသည် သူ၏ ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးမှ စွမ်းဆောင်ချက်များထက်ပင်၊ ပို၍ အထင်ကြီးဖွယ် ကောင်းပေသည်။

သူနှင့် မကြာမီ တိုက်ခိုက်ရမည့် ရှီထျန်းရီနှင့် တိုက်ပွဲတွင်၊ အားလုံး၏ အလေးပေးချက်များသည် ရှီထျန်းဟောင်ဘက်သို့ အလေးသာသွားခဲ့သည်။ အရှေ့က တစ်ယောက်မှာ မည်မျှပင် စွမ်းအားကြီးသည် ဆိုသော်လည်း၊ သူသည် ထိုကဲ့သို့သော အရာမျိုးကို တစ်ခါမှ မစွမ်းဆောင်နိုင်ခဲ့ဖူးပေ။

လင်းဖုန်းသည် သူ၏အရှေ့မှ တပည့်လေးအား ကြည့်လိုက်ကာ၊ သူ၏ခေါင်းကို ကျေနပ်အားရစွာဖြင့် ညိတ်လိုက်၏။ "ဆရာက အကုန်မြင်ခဲ့ပြီးပြီ! အရမ်းလှတဲ့ အကွက်ပဲ!" သူ၏ လက်ချောင်းများကို လှုပ်လိုက်ရာ၊ ခရမ်းရောင် တိမ်တိုက်တစ်စနှင့် မဟာလမင်း အကြွင်းမဲ့ရေ တစ်စက်တို့က ကျဆင်းလာခဲ့ကာ၊ ရှောင်ပုတန်၏ အားနည်းနေသော ခန္ဓာကိုယ်အား လွှမ်းခြုံသွားခဲ့သည်။

လင်းဖုန်းသည် ယန်ချင်အား ခေါ်လိုက်ကာ၊ ရှောင်ပုတန်လေး ရှိနေသော ကောင်းကင်ကမ္ဘာငယ်အား ပေးလိုက်၍ ပြောလိုက်သည်။ "သူ့ကို မင်းရဲ့ ဗိမာန်ကို ခေါ်သွားပြီး၊ လုံလောက်တဲ့ မဟာလမင်း အကြွင်းမဲ့ရေတွေကို ပြင်ဆင်ထား။ သူ့ရဲ့အထဲကို မင်းရဲ့ဂျူနီယာလေးကို နစ်ထားလိုက်၊ ငါက မှော်ကျိန်စာ ဝင်္ကပါ တစ်ခုကို ပြင်ဆင်ပေးမယ်"

"ဟုတ်ကဲ့ပါ၊ ဆရာသခင်" ယန်ချင်သည် ကောင်းကင်ကမ္ဘာငယ်လေးအား ဂရုတစိုက် လှမ်းယူလိုက်၏။ သူသည် အတွင်းသို့ ကြည့်လိုက်ကာ၊ ကျိုးပဲ့လွယ်သော ရွံ့ရုပ်ထုလေးနှင့် တူနေသော ရှောင်ပုတန်အား သတိပြုမိလိုက်သည်။ သူ၏ ဂျူနီယာလေးအား ထိုကဲ့သို့သော အခြေအနေမျိုးဖြင့် တွေ့လိုက်ရသောကြောင့်၊ သူ၏ ရင်ထဲတွင် ဝမ်းနည်းစွာနှင့် ခံစားခဲ့ရသည်။ ပြီးတာနှင့် သူသည် သူ၏ နိဗ္ဗာန်ကမ္ဘာသို့ လျှင်မြန်စွာဖြင့် ပြေးသွားခဲ့သည်။

ရှီထျန်းဟောင်အား ပြုစုအပြီးတွင် လင်းဖုန်းသည်၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းသို့ အာရုံပြန်စိုက်လိုက်သည်။ ဇူရီသည် အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်နှင့် အပြင်းအထန် တိုက်ခိုက်နေခဲ့၏။ မည်သူက အသာစီး ရနေသည်မှာ ပြော၍ခက်ပေသည်။

သို့သော်လည်း လေနတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူသည် စိတ်မသက်မသာ ဖြစ်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ခန်းနန်ဟွာသည် တစ်ဘက်တွင် ငြိမ်သက်စွာ ရပ်နေခဲ့ကာ၊ အချိန်မရွေး တိုက်ပွဲအတွင်းသို့ ဝင်လာနိုင်သောကြောင့် ဖြစ်သည်။

သူသည် လင်းဖုန်း၏ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းတွင် ပိတ်မိနေခဲ့ပြီး၊ အသက်ရှင်လျှက် ထွက်သွားနိုင်မည်မှာ မသေချာပေ။ ထိုကဲ့သို့သော ကြီးမားလှသည့် ဖိအားမျိုးသည်၊ သူ့အား မသက်မသာဖြစ်အောင် လုပ်နိုင်ပေသည်။

အခြားတစ်ဘက်တွင် ဝမ်လင်းသည် ငရဲကမ္ဘာ၏ ဖျက်ဆီးခြင်း အဆင့်သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ သူသည်လည်း လေနတ်ဘုရားဂိုဏ်းမှ အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ၊ ကျင့်ကြံသူ တစ်ယောက်နှင့် ယှဥ်ပြိုင်တိုက်ခိုက်နေခဲ့၏။

ဝမ်လင်းသည် ရွှေရောင်ဗဟိုချက် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ မကြာသေးသော်လည်း၊ သူ၏ တိုက်ပွဲစွမ်းရည်များမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ဇူရီ၏ ပြိုင်ဘက်ကဲ့သို့ပင် သူ၏ပြိုင်ဘက်သည် ကွေနွားဘုရင်၏ စိုက်ကြည့်ခြင်းကို ခံနေရသဖြင့်၊ စိတ်ဓာတ်အခြေအနေ ပျက်ပြားနေခဲ့သည်။

ခန်းနန်ဟွာနှင့် ကွေနွားဘုရင်တို့သည် လင်းဖုန်း၏ အသံလွှင့်မှုကို ရရှိထားခဲ့ကြသဖြင့်၊ သူတို့သည် ဤတိုက်ပွဲတွင် အနိုင်ရရှိခဲ့ပြီကို သိခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ဤတိုက်ပွဲကို ဝင်ရောက်စွက်ဖက်ကြခြင်း မရှိခဲ့ပေ။

ဇူရီနှင့် ဝမ်လင်းတို့သည် သူတို့၏ အခြေတည်ဝိညာဥ် အဆင့်မှ ပြိုင်ဘက်များနှင့် တိုက်ခိုက်နေကြကာ၊ အတွေ့အကြုံများ တိုးပွားအောင် ဆောင်ရွက်နေကြသည်ကို၊ သူတို့သည် ဘေးမှသာ ငြိမ်သက်စွာနှင့် စောင့်ကြည့်ကာ အားပေးနေကြသည်။

အစောပိုင်းက ရှီထျန်းဟောင်နှင့် ယုရှီးလင်တို့၏ တိုက်ပွဲတွင်လည်း၊ မြောင်ရှီးဟောင်သည် ယုမိသားစုမှ အခြေတည်ဝိညာဥ် စဦးပိုင်း အဆင့်မှ ကျင့်ကြံသူ တစ်ယောက်ကို ကျဲယုနှင့် ထွမ်းထွမ်းတို့၏ လက်အတွင်းသို့ အပ်ထားခဲ့ကာ၊ ရှီထျန်းဟောင်နှင့် ယုရှီးလင်၏ တိုက်ပွဲကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။ သူသည် တိုက်ပွဲအတွင်းသို့ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့သော်လည်း၊ တစ်ခုခု အမှားအယွင်း ရှိခဲ့လျှင် အချိန်မရွေး ဝင်ရောက်နိုင်ရန် ပြင်ဆင်ထားခဲ့သည်။

သို့သော်လည်း ရှီထျန်းဟောင်သည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြမ်းတမ်းလှ၏။ သူသေကိုယ်သေ စိတ်ဓာတ်မျိုးဖြင့် ယုရှီးလင်အား သုတ်သင်နိုင်ခဲ့ကာ၊ မြောင်ရှီးဟောင်၏ ဝေဝေဆာဆာ ချီးမွမ်းမှုများကို ခံခဲ့ရပေသည်။

"အရှင်၊ ကျွန်တော်က ချီးကျူးရပါလိမ့်မယ်။ ယန်ချင်ကလွဲလို့ အရှင့်ရဲ့ တပည့်တွေ အကုန်လုံးက၊ အရိုးစိမ့်အောင် ကြောက်မက်ဖွယ် ကောင်းလှပါတယ်" မြောင်ရှီးဟောင်သည် သက်ပြင်းတစ်ချက် ချလိုက်ကာ၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းမှ ထွက်လာခဲ့၍၊ လင်းဖုန်း၏ အနားသို့ ပြန်ရောက်လာခဲ့သည်။ "ထျန်းဟောင်က အသက်ဒီလောက် ငယ်သေးပေမဲ့ အရမ်းကြမ်းလွန်းတယ်။ ဒီကအစ်ကို ရှီးဟောင်အနေနဲ့ တကယ့်ကို အံ့ဩတုန်လှုပ်ရပါတယ်"

လင်းဖုန်းက ပြုံးလိုက်ကာ ပြန်ပြောလိုက်သည်။ "ရှီးဟောင်၊ မင်းကမှားနေပြီ"

"ဘာဖြစ်လို့လဲ၊ အရှင်" မြောင်ရှီးဟောင်သည် အံ့အားသင့်သွားခဲ့သည်။ လင်းဖုန်းက ရှင်းပြလိုက်၏။ "ငါ့ရဲ့တပည့်တွေ အားလုံးက အရိုးစိမ့်အောင် ကြောက်ဖို့ကောင်းတဲ့ သူတွေချည်းပဲ။ တစ်ခုရှိတာက တချို့သူတွေက ဖုံးကွယ်ထားကြသေးလို့ပါ"

"ပြီးတော့ သူတို့ရဲ့ အခြားအပိုင်းကို မဖော်ပြပဲ တစ်သက်လုံး ဖုံးကွယ်ထားတဲ့ သူတွေက၊ ပိုပြီးတော့ ကြောက်မက်ဖွယ်ရာ ကောင်းလှတယ်"

ထိုစကားကို ကြားလိုက်သည်နှင့်၊ မြောင်ရှီးဟောင်သည် နိဗ္ဗာန်ကမ္ဘာအား အဓိပ္ပာယ်ပါပါနှင့် လှမ်းကြည့်လိုက်၏။

ထိုအချိန်တွင် လင်းဖုန်းသည် ကောင်းကင်ယောက်သွား ရွှေပုလဲအား ထုတ်ယူလိုက်သည်။ သူ့အား အသေးစိတ် အကဲခတ်လိုက်သောအခါ၊ ပုလဲအတွင်းတွင် နို့နှစ်ဖြူရောင် အော်ရာများသည် တစ်ခါတစ်ရံတွင် ရွှေရောင်ပြောင်းသွားသည်ကို တွေ့ရှိနေရ၏။

"ဒီကောင်းကင်ယောက်သွား ရွှေပုလဲဟာ၊ မိစ္ဆာကလန်ရဲ့ အမွေအနှစ် ဖြစ်တာမဖြစ်တာကို မပြောသေးနဲ့။ ဒါက တကယ့်ရတနာ တစ်ပါး ဖြစ်တာကတော့၊ သံသယဖြစ်ဖွယ်ရာ မရှိဘူး" လင်းဖုန်းက တွေးလိုက်၏။ "ကောင်းကင်လေပြင်း သူတော်စင်က ကောင်းကင်ကိုးလွှာ လေပြင်းဝင်္ကပါ နှစ်ခုကို ဖန်ဆင်းနိုင်တာ၊ ဒီရတနာကြောင့်များလား"

လင်းဖုန်းသည် ထိုကောင်းကင်ယောက်သွား ရွှေပုလဲသည် ရောင်ပြန်ဟပ်၍ အတုခိုးကာ ပုံတူပွားနိုင်သည့်၊ အရည်အသွေး ရှိလိမ့်မည်ဟု ခန့်မှန်းနေခဲ့သည်။ ထိုပုလဲမှ ထုတ်လုပ်ခဲ့သော ပုံတူသည်၊ မူလရင်းမြစ်နှင့် လုံးဝတူနိုင်ပေမည်။

ကမာယောက်သွားသည် ပုံရိပ်ယောင် ပညာရပ်နှင့် ပတ်သတ်လာလျှင်၊ မိစ္ဆာမျိုးနွယ်စု အတွင်းတွင် အစွမ်းအထက်ဆုံးသော မျိုးနွယ်စု တစ်ခုဖြစ်သည်။

လင်းဖုန်းသည် ကောင်းကင်ယောက်သွား ရွှေပုလဲနှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း၊ သူသည် အနည်းငယ် တုန်ခါသွားပြီးနောက် လင်းဖုန်းအား တုံ့ပြန်မှု မလုပ်ခဲ့ပေ။

"သူ့ကို ရွှေပုလဲလို့ နာမည်ပေးထားတော့၊ သူ့က လုံးဝရွှေရောင် ပြောင်းသွားမှသာ သူ့ရဲ့ ပုံစံအမှန်ကို မြင်ရမှာ ဖြစ်တယ်" လင်းဖုန်းက ပုလဲအတွင်းမှ လှည့်ပတ်နေသော အဖြူရောင် အော်ရာများကို ကြည့်လိုက်ကာ တွေးလိုက်သည်။ သူသည် ယခုအချိန်တွင် နားလည် သဘောပေါက်လာခဲ့ပြီ ဖြစ်၏။

ကောင်းကင်ယောက်သွား ရွှေပုလဲ၏ ပုံတူပွားနိုင်သော စွမ်းရည်သည်၊ အသုံးပြုပြီးသွားလျှင် အားပြန်ဖြည့်ရန် အချိန်အနည်းငယ် လိုအပ်၏။ ပြီးမှသာ သူ့အား နောက်ထပ်တစ်ခေါက် အသုံးပြုနိုင်ပေမည်။

ကြည့်ရသည်မှာ ကောင်းကင်လေပြင်း သူတော်စင်သည်၊ ထိုပုလဲအား အသုံးပြုကာ ကောင်းကင်ကိုးလွှာ လေပြင်းဝင်္ကပါ နောက်တစ်ခုအား ပုံတူပွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"နှမြောစရာ ကောင်းတာက ကောင်းကင်လေပြင်း သူတော်စင်ဟာ၊ ဝင်္ကပါ တစ်ခုကိုပဲ ထိန်းချုပ်နိုင်စွမ်း ရှိခဲ့တယ်။ တကယ်လို့ သူက ဝင်္ကပါနှစ်ခုစလုံးကို တပြိုင်နက်တည်း အသုံးပြုနိုင်ရင်၊ ငါက သူ့ရဲ့ ခံစစ်တွေကို ချိုးဖောက်ဖို့ အချိန်ပိုယူရမှာပဲ"

လင်းဖုန်းသည် ကောင်းကင်ယောက်သွား ရွှေပုလဲနှင့် ကစားနေရင်း တွေးနေခဲ့သည်။ "သူက ရွှေရောင်ပြန်ပြောင်းပြီးသွားရင်၊ ငါက အသုံးပြုနိုင်လိမ့်မယ်။ သူ့ရဲ့ စွမ်းရည်တွေက အကန့်အသတ် ရှိသလား မသိဘူး"

သူက သက်မဲ့ပစ္စည်းတွေကိုသာ ပုံတူပွားနိုင်တာလား။ ပုံတူပွားထားတဲ့ ပစ္စည်းတွေရဲ့ စွမ်းအားက အကန့်အသတ် ရှိသလား။ ပုံတူပစ္စည်းတွေက အချိန် အကန့်အသတ် ရှိသလား"

လင်းဖုန်းသည် ထိုပုလဲအား အလွန်အမင်း စိတ်ဝင်စားနေခဲ့၏။ ပြီးတော့ ယန့်မင်းရွဲ့ထံမှ ရရှိခဲ့သော သတင်းကြောင့်၊ သူသည်ပို၍ သတိထားပေရမည်။

"တော်ဝင်မိစ္ဆာ ဧကရာဇ်ရဲ့ အမွေအနှစ်" လင်းဖုန်းသည် သူ၏မျက်ခုံးအား အနည်းငယ် တွန့်လိုက်သည်။ မိစ္ဆာကလန် အတွင်းတွင် သူတို့၏ မသေဝိညာဥ်အား ဖန်ဆင်းထားနိုင်သော မိစ္ဆာများကို မဟာပဏ္ဍိတဟုခေါ်ကာ၊ လူသား ကျင့်ကြံသူများ၏ အင်မော်တယ် ဝိညာဥ် အဆင့်နှင့် တူပေသည်။

တံခါးပိတ် ကျင့်ကြံနေကြသည် ရှေးကျသည့် မဟာပဏ္ဍိတအချို့မှလွဲ၍၊ ယခုလက်ရှိ လှုပ်ရှားနေကြသော မဟာပဏ္ဍိတ မိစ္ဆာဆယ်ပါးအား၊ မိစ္ဆာပဏ္ဍိတ ဆယ်ပါးဟု ခေါ်ကြသည်။

ထိုဆယ်ပါး အတွင်းတွင် ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတအား အစွမ်းအထက်ဆုံးဟု၊ အားလုံးက သတ်မှတ်ထားကြသည်။ သို့သော်လည်း သူမသည်ပင်လျှင် တော်ဝင်မိစ္ဆာ ဧကရာဇ်ဘွဲ့ကို မခံယူနိုင်ပေဓ

တော်ဝင်မိစ္ဆာ ဧကရာဇ် ဆိုသည်မှာ၊ မိစ္ဆာကလန် အတွင်းမှ အခြားအဖွဲ့ဝင် အားလုံး၏ အပေါ်တွင် ရှိနေသည်။ သူ/သူမသည် မဟာလွင်တီးခေါင် ကုန်းမြေမှ၊ မိစ္ဆာကလန် ကျင့်ကြံသူ အယောက်တိုင်းအား အမိန့်ပေးနိုင်စွမ်းရှိသည်။

နောက်ဆုံး တော်ဝင်မိစ္ဆာ ဧကရာဇ်သည်၊ လူသားနှင့် မိစ္ဆာတို့၏ နောက်ဆုံးတိုက်ပွဲတွင် ကျဆုံးသွားခဲ့၏။ လူသားမျိုးနွယ်စုတို့သည် အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ အမြောက်အမြားတို့အား စတေး၍၊ သူ့အား သုတ်သင်နိုင်ခဲ့၏။ သူ၏ ကျဆုံးသွားပြီး နောက်မှသာ လူသားတို့သည် နောက်ဆုံးနိုင်ပွဲအား ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အောင်ပွဲအတွက် ပေးဆပ်ခဲ့ရသည့် တန်ဖိုးသည်၊ လူသားတို့၏ နောက်ထပ် စစ်ပွဲဆင်နွဲနိုင်ခြင်းအား ကန့်သတ်ခဲ့သည်။ နောက်ဆုံးတွင် ဒါသည် ပွတ်ကာသီကာ အနိုင်ရခဲ့သည့် နိုင်ပွဲတစ်ခုသာ ဖြစ်သည်။

ထိုအချိန်မှစ၍ မဟာလွင်တီးခေါင် ကုန်းမြေသည်၊ စစ်ရှုံးနိုင်ငံ တစ်နိုင်ငံအလား ဖြစ်သွားခဲ့သည်။ နောက်ထပ် တော်ဝင်မိစ္ဆာ ဧကရာဇ်တစ်ပါးက ပေါ်မလာနိုင်သေးချေ။

ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတသည် အလားအလာရှိသောသူတစ်ယောက် ဖြစ်သည်။ သို့သော်လည်း ရှေ့ဆက်ရမည့်လမ်းမှာ အများကြီး ကျန်သေး၏။

အစွမ်းထက်သော မိစ္ဆာများ အနေဖြင့်၊ သူတို့သည် သူတပါး လက်အောက်ခံ ဖြစ်ရမည်ကို မနှစ်မြို့ချေ။ ကြည့်ရသည်မှာ ရွှေကျီး မဟာပဏ္ဍိတသည်လည်း ထိုရာထူးကို လိုချင်နေပုံရ၏။

ထို့ကြောင့်ပင် သူသည် ကောင်းကင်ယောက်သွား ရွှေပုလဲ၏ သတင်းအား ရရှိသောအခါ၊ ရယူရန် စိတ်ပိုင်းဖြတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

လင်းဖုန်းသည် အတန်ငယ် တွေးလိုက်ကာ၊ ကောင်းကင်ယောက်သွား ရွှေပုလဲအား ပြန်သိမ်းလိုက်သည်။ "လူသားစွမ်းအားစုတွေ အထဲမှာ၊ ဟင်းလင်းပြင် ဘုရားကျောင်းက မိစ္ဆာကမ္ဘာရဲ့ လှုပ်ရှားမှုတွေကို ဂရုအစိုက်ဆုံး ဖြစ်တယ်။ သူတို့က ဒီကောင်းကင်ယောက်သွား ရွှေပုလဲ အကြောင်းကို ကြားထားတာ အကြာကြီး ရှိပေမဲ့ မလှုပ်ရှားခဲ့ဘူး။ ကြည့်ရတာ သူတို့က ဒါကို လှည့်ကွက်လို့ပဲ ထင်နေကြတာ ဖြစ်မယ်"

"ဒါပေမဲ့လည်း ဒီလိုကိစ္စမျိုးမှာ ဘယ်သူက အတိအကျ ပြောနိုင်မှာလဲ" လင်းဖုန်းသည် ပြုံးလိုက်ကာ သူ၏ခေါင်းကို ခါလိုက်၏။ "ပထမ၊ ကိုယ့်ရဲ့အရှေ့က ကိစ္စကို မြန်မြန်ဖြတ်ရမယ်။ ဒီကိစ္စက အချိန်ဆွဲနေတာ ကြာသွားခဲ့ပြီ"

သူ၏ အမိန့်ပေးမှုအောက်တွင်၊ ဇူရီနှင့် ဝမ်လင်းတို့အား ဘေးမှ စောင့်ကြည့်နေကြသည့် ခန်းနန်ဟွာနှင့် ကျန်သောသူများသည် တိုက်ပွဲအတွင်းသို့ ဝင်ပါခဲ့ကြရာ၊ ရန်သူများက ချက်ချင်း ရှုံးနိမ့်သွားကြလေသည်။

လင်းဖုန်းသည် သူ၏ ဝင်္ကပါကို ဖြန့်လိုက်ကာ၊ ယခု ဖမ်းဆီးထားသော အခြေတည်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ သုံးယောက်အား၊ အစောပိုင်းက ဖမ်းဆီးထားသည့် ယုရိလွမ်နှင့် အခြားသုံးယောက်တို့နှင့် ပေါင်းစည်းလိုက်သည်။

ဝင်္ကပါအား ပြန်သိမ်းပြီးနောက် လင်းဖုန်းသည်၊ အားလုံးကို ကြည့်လိုက်ကာ ပြုံးလိုက်သည်။ "ကဲ၊ သွားကြစို့!"

ယုကျင်းတောင်သည် ထပ်ဖန်တစ်ခါ ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်ပျောက်ကွယ် သွားခဲ့သည်။ ဤအချိန်တွင် လေနတ်ဘုရားဂိုဏ်းနှင့် ယုမိသားစုတို့မှ ရန်စ၍ ဖြစ်ပွားသော တိုက်ပွဲသည်၊ သူတို့ဘက်မှ အရှုံးကြီး ရှုံးသွားခဲ့လေတော့သည်။

ယုမိသားစုမှ ခေါင်းဆောင် ရွှမ်းမင်သူတော်စင် ယုရှင်းတောက်သည်၊ အရှုံးကို လက်ဝယ်ပိုက်၍ ထွက်ပြေးသွားရသည်။ အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူ တစ်ယောက်နှင့်၊ အလယ်အလတ် အဆင့်မှ ကျင့်ကြံသူ နှစ်ယောက်တို့က အနှိမ်နင်း ခံလိုက်ရ၏။ သေဆုံးခဲ့သော ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူများမှာ မရေမတွက်နိုင်ပေ။

လေနတ်ဘုရားဂိုဏ်းသည် သူတို့၏ခေါင်းဆောင် ကောင်းကင်လေပြင်း သူတော်စင် အပါအဝင်၊ တစ်ဂိုဏ်းလုံးအား ဖျက်ဆီးခံလိုက်ရ၏။

ဤအခွင့်အရေးကို အသုံချကာ နတ်ဘုရား နယ်မြေအတွင်းသို့ လာရောက်သောင်းကျန်းသည့်၊ ရွှေကျီး မဟာပဏ္ဍိတသည် ခွန်းလွန်တောင်၏ အောက်ခြေတွင် လင်းဖုန်း၏ ဖိနှိပ်ထားခြင်းကို ခံခဲ့ရ၏။

ထိုသတင်းသည် မကြာမီတွင် ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားပေတော့မည်။

မြောက်ပိုင်းရေခဲလွင်ပြင်ရှိ နတ်ရေကန်တွင် နေနေခဲ့သော ရေခဲမီးလျှံ သူတော်စင် ချောင်ဝေသည်၊ အနောက်တောင်ဘက်သို့ ကြည့်လိုက်ကာ အကြာကြီး ငြိမ်သက်သွားခဲ့သည်။

အချိန်အတော်ကြီး ကြာပြီးနောက်တွင်၊ သူ၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့သည်။ သူပြန်ပေါ်လာသော အချိန်တွင်၊ သူသည် နတ်ရေကန်ဂိုဏ်း၏ မြင့်မြတ်နယ်မြေ အတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုနေရာတွင် အစွမ်းထက်သော ပုဂ္ဂိုလ်နှစ်ယောက်တို့ ရှိနေကြ၏။

Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၂ : အပိုင်း ၂

အပိုင်း ၃၉၂ : အဝေးသို့တိုင်အောင် ရောက်ရှိသွားသော အကျိုးသက်ရောက်မှုများ

နတ်ရေကန်ဂိုဏ်း၏ မြင့်မြတ်နယ်မြေ အတွင်းတွင်၊ ရေခဲနှင့် မီးလျှံတို့နှင့်သာ တည်ဆောက်ထားသည့် ကမ္ဘာတစ်ခု ရှိသည်။ သူ့အနက် တစ်ဝက်မှာ ရေခဲများဖြင့် အေးခဲနေကာ၊ ကျန်တစ်ဝက်မှာ မီးလျှံများဖြင့် တောက်လောင်နေ၏။ နှစ်ဘက်စလုံးတို့ကို နယ်နိမိတ်များ ကွဲပြားစွာ ဘောင်ခတ်ထား၏။ နှစ်ဦးနှစ်ဘက်တို့မှာ ပဋိပက္ခ မရှိသလို၊ ပေါင်းစည်းခြင်းလည်း မရှိခဲ့ပေ။

ချောင်ဝေသည် ထိုမီးလျှံနှင့် ရေခဲတို့ဖြင့် ဖန်ဆင်းထားသော ကမ္ဘာအတွင်းတွင်၊ ငြိမ်သက်စွာနှင့် ရပ်နေခဲ့သည်။ သူ့၏ဘေးမှ ပုဂ္ဂိုလ် နှစ်ဦးတို့မှာလည်း ငြိမ်သက်နေကြ၏။

အတော်ကြီး ကြာပြီးမှ မီးလျှံကမ္ဘာ အတွင်းမှ အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။ "စိတ်မပူနဲ့၊ သူလာပါစေ။ ငါတို့နှစ်ယောက်က သူ့ကို ဧည့်ခံပေးလိုက်မယ်"

ထို့နောက် ရေခဲအတွင်းမှ စူးရှသည့် အသံအိုတစ်ခုက ပေါ်လာခဲ့သည်။ "အခုလောလောဆယ်မှာ တောင်တန်းမြစ်ပြင် ဆေးမီးဖိုနဲ့၊ ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုတို့ရဲ့ ကိစ္စကို ခဏ ဘေးဖယ်ထားကြရအောင်"

"ငါတို့နှစ်ယောက် တံခါးပိတ် လေ့ကျင့်တာ ပြီးသွားမှသာ၊ မင်းက စပြီးတိုက်ခိုက်နိုင်မယ်။ ဒီအချိန်မတိုင်ခင်မှာ၊ ဘာကိုမှ အလောတကြီး မလုပ်နဲ့"

ချောင်ဝေ၏ အမူအရာတို့မှာ ငြိမ်သက်နေခဲ့ပြီး၊ ဘာတစ်ခွန်းမှ မပြောပဲ ခေါင်းကိုသာ ညိတ်လိုက်၏။

မီးလျှံကမ္ဘာ အတွင်းမှ အသံတစ်ခုသည် ထပ်ထွက်လာခဲ့သည်။ "ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုက ရှီထျန်းဟောင်ဆိုတဲ့ ကောင်လေးအနားမှာ ရှိနေခဲ့တာ။ အချိန်ကျလာလို့ရှိရင်၊ သူက မဟာချင် အင်ပါယာက ဒွိစုံသူငယ်အိမ်နဲ့ ကျင့်ကြံသူကို လက်စားချေလိမ့်မယ်"

"အဲ့ဒီအချိန်မှာ အဲ့ဒီတိုက်ပွဲမှာ အင်အားစု များစွာတို့ကလည်း၊ ပါဝင်ဆင်နွဲကြလိမ့်မယ်။ တိုက်ပွဲအခြေအနေကို အသေအချာ သုံးသပ်ပြီးမှ၊ မင်းက လှုပ်ရှားရလိမ့်မယ်"

ချောင်ဝေက ပြီးမှပြောလိုက်သည်။ "ကျွန်တော်ကလည်း ဒီအတိုင်းပဲ စဥ်းစားထားပါတယ်။ ဂိုဏ်းတူဦးလေးတို့ နှစ်ယောက်စလုံးက၊ တံခါးပိတ် ကျင့်ကြံနေတာ နှစ်ပေါင်းတစ်ထောင် ရှိတော့မယ်။ တကယ်လို့ ကျွန်တော်တို့ဂိုဏ်းက အကျပ်အတည်းနဲ့ မကြုံရဘူးဆိုရင်၊ ကျွန်တော်က ဦးလေးတို့ နှစ်ယောက်ကို ဒုက္ခမပေးချင်ပါဘူး"

ရေခဲမီးလျှံ အကြီးအကဲ နှစ်ယောက်အနက်မှ တစ်ယောက်က ပြောလိုက်သည်။ "ငါတို့ နှစ်ယောက်ကလည်း၊ ငါတို့ရဲ့ ကြိုးပမ်းအားထုတ်ထားတာတွေကို အလဟဿ ဖြစ်မသွားစေချင်ဘူး"

အခြားတစ်ယောက် ဝင်ပြောလိုက်၏။ "တောင်တန်းမြစ်ပြင် ဆေးမီးဖိုက ပိုပြီးတော့ အရေးကြီးတယ်။ ဒါပေမဲ့ အချိန်မကျသေးဘူး။ တကယ်လို့ အချိန်ကျလာလို့ရှိရင်၊ ငါတို့နှစ်ယောက်စလုံးက တံခါးပိတ် ကျင့်ကြံနေတာကို ရပ်တန့်လိုက်မယ်"

ချောင်ဝေက သူ၏ခေါင်းအား ညိတ်လိုက်သည်။ "ကျွန်တော် နားလည်ပါတယ်။ ဦးလေးတို့ ကျေးဇူးပြုပြီး စိတ်မပူကြပါနဲ့"

သူ့ဂိုဏ်းမှ မြင့်မြတ်နယ်မြေ အတွင်းမှ ထွက်ခွာခဲ့အပြီးတွင်၊ ချောင်ဝေသည် နှင်းတောင်တန်း အပေါ်သို့ ပြန်ရောက်လာခဲ့သည်။ သူသည် အနောက်တောင်ပိုင်းကို လှမ်းကြည့်လိုက်ကာ၊ အချိန်အတော်ကြီးကြာမှ သက်ပြင်းတစ်ချက်အား ချလိုက်သည်။ သူ၏ရင်အတွင်းမှ လေးလံစွာဖြင့် ခံစားခဲ့ရသည်။

"ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးတုံးက၊ ငါကအတော် အလောတကြီး လုပ်ခဲ့မိတယ်"

***************

မဟာချင် အင်ပါယာ၏ အရှေ့တောင်ပိုင်းမှ အလင်းဓားမြန်ဂိုဏ်း၏ နယ်မြေဖြစ်သော ရှင်းယွင်တောင်ထိပ်ပေါ်တွင်၊ လူအချို့သည် ချောက်ကမ်းပါး အစွန်းတွင် မတ်တတ်ရပ်နေကြ၏။ သူတို့သည် ခွန်းလွန်တောင်ရှိရာဘက်သို့ မျက်နှာမူ၍ ကြည့်နေကြသည်။

သူတို့အနက်မှ တစ်ယောက်မှာ စာသင်သားနှင့် တူသည့်၊ သတ်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်၏။ သူသည် အလင်းဓားမြန်ဂိုဏ်းမှ အခြေတည် ဝိညာဥ် အလယ်အလတ် အဆင့်မှ၊ ခရမ်းရောင်တိမ်တိုက် ဂရန်းမာစတာပင် ဖြစ်သည်။ ထိုအချိန်တွင် သူ၏ အမူအရာသည် အတန်ငယ် ထူးဆန်းနေခဲ့၏။ သူ့အား ကြည့်ရသည်မှာ ဒုက္ခရောက်နေသလို၊ ပျော်ရွှင်နေသလို၊ ကြောက်ရွံ့သလို ဖြစ်နေခဲ့၏။ အထူးသဖြင့် သူသည်၊ ခါးသီးစွာနှင့် ခံစားနေရ၏။

သူ၏အနောက်တွင် အလင်းဓားမြန်ဂိုဏ်းမှ အခြား အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်၊ အနီရောင်တိမ်တိုက် ဂရန်းမာစတာနှင့် မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာတို့ ဖြစ်ကြ၏။

သူတို့တစ်ယောက်မှ ခရမ်းရောင်တိမ်တိုက် ဂရန်းမာစတာ၏ အမူအရာကို ကြည့်၍ ဟာသမလုပ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော်၊ သူတို့သည်လည်း ထိုအတိုင်းပင် ခံစားနေကြရ၍ ဖြစ်သည်။

အနီရောင်တိမ်တိုက် ဂရန်းမာစတာသည် ခါးသီးစွာနှင့် ပြုံးလိုက်၍၊ သူမ၏ခေါင်းကို ခါလိုက်သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ကျွန်မတို့ဂိုဏ်းကို လာတုံးက၊ သူတို့ရဲ့ စွမ်းအားတွေ အကုန်လုံးကို အသုံးမပြုခဲ့လို့ တော်သေးတယ်။ မဟုတ်လို့ရှိရင်..."

အခြေတည် ဝိညာဥ် အဆင့်မှ အမျိုးသမီး ကျင့်ကြံသူသည် သူမ၏ခေါင်းကို ခါလိုက်ကာ၊ ရှေ့ဆက်မပြောတော့ချေ။ အခြား အခြေတည် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများသည်၊ သူမ၏ စကားကို သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

အစောပိုင်းတွင် ရှောင်ယန်သည် မုယုံယန်ရန်နှင့် သုံးနှစ်အလွန်က အကြွေးကို ဆပ်ရန်အတွက်၊ အလင်းဓားမြန်ဂိုဏ်းကို ရောက်လာခဲ့သည်။

ရှကျိုးမှ ရှောင်ယန်၏ အစွမ်းများကို ကိုယ်တိုင် တွေ့ခဲ့ရအပြီးတွင်၊ ဆရာဘိုးဘိုးတစ်ယောက် အနေဖြင့်၊ မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာသည် မုယုံယန်ရန်က ရှောင်ယန်၏ ပြိုင်ဘက်မဟုတ်ဟု သိခဲ့လိုက်၏။

ထိုအချိန်တွင် အလင်းဓားမြန်ဂိုဏ်းသည် အခြားနည်းလမ်းများကို အသုံးပြု၍၊ ထိုပြိုင်ပွဲအား အနိုင်တိုက်နိုင်ရန် စဥ်းစားခဲ့သေး၏။ သို့သော်လည်း သူတို့သည် လင်းဖုန်းနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် ဆက်ဆံရေး မပျက်လိုသဖြင့်၊ သူတို့၏ အကြံအား နောက်ဆုတ်ခဲ့သည်။

အခုအချိန်တွင် သူတို့သည် ကြောက်ရွံ့နေကြသည့် နည်းတူ၊ ပျော်လည်း ပျော်ရွှင်နေကြ၏။ သူတို့သည် စာအုပ်ကြီးအတိုင်း လုပ်ခဲ့ကာ၊ ညစ်ပတ်သော နည်းလမ်းများကို အသုံးမပြုခဲ့ကြပေ။ နို့မဟုတ်လျှင် ရလဒ်များသည် ကြေကွဲဖွယ်ရာ ဖြစ်သွားခဲ့ပေမည်။

တစ်ယောက်မှ ကျယ်လောင်စွာ ဝန်မခံခဲ့ကြသော်လည်း၊ ခရမ်းရောင်တိမ်တိုက် ဂရန်းမာစတာ အပါအဝင် ကျန်သောသူများ အားလုံးတို့သည်၊ လေနတ်ဘုရားဂိုဏ်း၏ စွမ်းအားနှင့် သူတို့ အလင်းဓားမြန်ဂိုဏ်း၏ စွမ်းအားများသည်၊ အတူတူလောက်ပဲ ဖြစ်သည်ဟု ရင်ထဲမှနေ၍ သိထားကြ၏။

အလင်းဓားမြန်ဂိုဏ်းမှ တပည့်များသည်၊ ဓားကျင့်ကြံသူများသာ ဖြစ်ကြသည်။ သူတို့သည် ဓားသိုင်းများကို ကျွမ်းကျင်ကြ၍၊ သတ်ဖြတ်ခြင်းအား ကျင်လည်ကြသည်။

အခြားတစ်ဘက်တွင် လေနတ်ဘုရားဂိုဏ်းမှ တပည့်များသည် လေနတ်ဘုရား ဒြပ်မဲ့နည်းစနစ်အား လေ့ကျင့်ထား၍၊ ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်းအား ဆင့်ခေါ်နိုင်ကြသည်။ သူတို့၏ စွမ်းအားများကို လျှော့တွက်၍ မရပေ။

သူတို့ဂိုဏ်းများ ပိုင်ဆိုင်ထားကြသည့် တိမ်တိုက်ကောင်းကင် အလင်းဓားမြန် ဝင်္ကပါနှင့် ကောင်းကင်ကိုးလွှာ လေပြင်းဝင်္ကပါတို့သည်၊ စွမ်းရည် အတူတူလောက်ပင် ရှိကြ၏။

ထို့ကြောင့် ဒါသည် ပြဿနာပင် ဖြစ်၏။ အကယ်၍ လင်းဖုန်းသည် ကောင်းကင်ကိုးလွှာ လေပြင်းဝင်္ကပါအား အလွယ်တကူ ဖျက်ဆီးနိုင်လျှင်၊ သူသည် တိမ်တိုက်ကောင်းကင် အလင်းဓားမြန် ဝင်္ကပါအား အလွယ်တကူပင် ဖျက်ဆီးနိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ပါက၊ အလင်းဓားမြန်ဂိုဏ်းသည်ပင် ရှုံးနိမ့်သွားမည် ဖြစ်သည်။

ထိုကောက်ချက်ကို ချပြီးနောက်တွင်၊ ခရမ်းရောင်တိမ်တိုက် ဂရန်းမာစတာသည် ရင်ထဲမှနေ၍ မရေမရာမှုများကို ခံစားခဲ့ရသည်။

ရှင်းယွင်တောင်ထိပ်၏ ကောင်းမွန်သော နေရာတစ်ခုတွင်၊ အလင်းဓားမြန် ဓားမာစတာသည် ငြိမ်သက်စွာနှင့် တင်ပုလ္လင်ခွေ ထိုင်နေခဲ့၏။ သို့သော်လည်း သူ၏ အကြည့်မှာလည်း ခွန်းလွန်တောင်ဘက်သို့ စူးစိုက်ထားခဲ့သည်။

သူ၏ မျက်လုံးအစုံမှာ လင်းလက်လာလိုက်၊ မှေးမှိန်သွားလိုက် ဖြစ်နေခဲ့၏။ ထပ်မံလင်းလက်လာပြန်ကာ ဤကဲ့သို့ အဆက်မပြတ် ဆက်တိုက် ဖြစ်နေခဲ့သည်။

***************

မိုးကြိုးတောင်၏ ခရမ်းရောင်တိမ်တိုက် တောင်ထိပ်ပေါ်တွင်၊ ခရမ်းရောင် တိမ်တိုက်ဂိုဏ်းက တည်ရှိနေသည်။

တောင်ထိပ်ပေါ်တွင် ပြင်းထန်သည့် အနက်ရောင် မုန်တိုင်းတစ်ခုက ဖုံးလွှမ်းထားခဲ့သည်မှာ၊ နှစ်ပေါင်း သောင်းနှင့်သိန်းနှင့် ချီခဲ့ပြီ ဖြစ်၏။ နေရောင်ကို တစ်ခါမှ မမြင်ရချေ။ တစ်ယောက်သည် လျှပ်စီးလက်နေမှုများနှင့် မိုးခြိန်းသံများကိုသာ မြင်နိုင်ကြားနိုင်ကြ၏။ မည်းမှောင်နေသော တိမ်တိုက်များသည် ပင်လယ်အတွင်းမှ လှိုင်းလုံးများကဲ့သို့ လှည့်ပတ်နေကြ၏

အသစ်ရောက်လာသော တပည့်များမှလွဲ၍၊ ခရမ်းရောင် တိမ်တိုက်ဂိုဏ်းမှ တပည့်များသည် ထိုမြင်ကွင်းအား အသားကျနေပြီ ဖြစ်သည်။ တပည့်သစ်များ အနေနှင့်၊ ထိုမြင်ကွင်းသည် နိမိတ်ဖတ်ပြီး ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေခဲ့၏။ သူတို့သည် သူတို့၏ ခေါင်းအပေါ်သို့ မိုးကြိုးသွား တစ်ခုသည် မည်သည့်အချိန် ကျလာမည်ကို စိုးရိမ်ထိတ်လန့်နေခဲ့ကြသည်။

ခွန်းလွန်တောင်မှ တိုက်ပွဲရလဒ်များသည် နေရာအနှံ့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ ခရမ်းရောင် တိမ်တိုက်ဂိုဏ်းသည်လည်း ထိုသတင်းကို ရရှိခဲ့၏။

ခရမ်းရောင် တိမ်တိုက်ဂိုဏ်း၏ ဗိမာန်တစ်ခု အရှေ့တွင်၊ မိန်းကလေး တစ်ယောက်သည် ခွန်းလွန်တောင်ဘက်သို့ လှမ်းကြည့်နေခဲ့၏။ သူမသည် ပြုံးလိုက်ကာ သူ၏ခေါင်းအား ခေါ်လိုက်သည်။ "'ရှောင်ပုတန်'လို့ခေါ်တဲ့ ကောင်ကလေးက ဒီလောက်အထိတောင် စွမ်းအားကြီးလိမ့်မယ်လို့၊ မယုံနိုင်ခဲ့ဘူး။ ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်က ကျင့်ကြံမှုနဲ့၊ သူက အခြေတည် ဝိညာဥ် အလယ်အလတ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ကို သတ်နိုင်ခဲ့တယ်။ ဒါက တစ်ခါမှ မကြားဖူးတဲ့ အဖြစ်အပျက် တစ်ခုပဲ"

အမျိုးသားတစ်ယောက်သည် ပြုံးလိုက်ပြီး၊ သူ၏ ပါးနှစ်ဘက်မှ ပါးချိုင့်များကို ဖော်ပြလိုက်သည်။ သူသည် ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးတွင် ပါဝင်ယှဥ်ပြိုင်ခဲ့သည့်၊ ခရမ်းရောင် တိမ်တိုက်မှ တပည့်တစ်ယောက်ဖြစ်သူ ဂူလေပင် ဖြစ်သည်။

အမျိုးသမီး တပည့်မှာ သူ၏ ဂိုဏ်းတူ ကျင့်ကြံသူ၊ လီကွေရင်ပင် ဖြစ်၏။ သူမသည် သက်ပြင်းချလိုက်ကာ ခေါင်းကို ခါလိုက်သည်။ "စိတ်ဝိညာဥ် အစည်းအဝေးတုံးက၊ သူ့ရဲ့စီနီယာ ဇူရီနဲ့ ယှဥ်ပြိုင်တိုက်ခိုက်ပုံကို ကျွန်မတို့အားလုံး တွေ့ခဲ့ရတယ်။ သူက ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာလှပေမဲ့၊ ဒီလောက်အထိကြီး စွမ်းအားကောင်းလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ"

ကောင်းကင်မိုးကြိုး ဘုံကျောင်း၏ ခန်းမဆောင် အတွင်းတွင်၊ အပြာရောင်ခန်းမ သူတော်စင်သည် သူ၏ ခေါင်းကို ခါလိုက်ကာ သက်ပြင်းချလိုက်သည်။ "ကောင်းကင်လေပြင်းနဲ့ ရွှမ်းမင်တို့ နှစ်ယောက်စလုံးက ရှုံးနိမ့်သွားကြတယ်။ ဒါက လက်ခံလို့ ရသေးတယ်။ ဒါပေမဲ့ သူက ရွှေကျီး မဟာပဏ္ဍိတကို ဖိနှိပ်ထားနိုင်ခဲ့ပြီး၊ မြင့်မြတ်သော ကောင်းကင်လေပြင်းတောင်ကို ဖြိုခွဲနိုင်ခဲ့တယ်။ ဒါကတော့ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေပဲ"

သူ၏ မျက်နှာချင်းဆိုင်နေရာတွင် သာမန်သူများထက် အရပ်အမောင်း ပိုကောင်းသည့်၊ သက်လတ်ပိုင်း လူကြီးတစ်ယောက် ရပ်နေခဲ့သည်။ သူ့ကို ကြည့်ရသည်မှာ သာမန်ပင် ဖြစ်သော်လည်း၊ သူထုတ်လွှတ်နေခဲ့သည့် အော်ရာများမှာ အပြာရောင်ခန်းမ သူတော်စင်ထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေသေးသည်။

သူ၏ပုံစံကို ကြည့်လိုက်လျှင် သူသည် မိုးရွာချရန် ငြင်းဆန်နေခဲ့သည့်၊ လေးလံသည့် မိုးကြိုးတိမ်တိုက် တစ်ခုနှင့် တူနေခဲ့၏။ သူသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့သော်လည်း၊ သူ့ထံတွင် ရူးသွပ်လောက်အောင် များပြားသော စွမ်းအားများကို ပိုင်ဆိုင်ထား၏။

သူသည် ခရမ်းရောင်တိမ်တိုက်ဂိုဏ်း၏ လက်ရှိခေါင်းဆောင်၊ မိုးကြိုးတိမ်တိုက် သူတော်စင်ပင် ဖြစ်ပေသည်။

အပြာရောင်ခန်းမ သူတော်စင်၏ စကားများကို ကြားပြီးနောက်တွင်၊ မိုးကြိုးတိမ်တိုက် သူတော်စင်သည် သူ၏ခေါင်းအား ညိတ်လိုက်ကာ ပြောလိုက်သည်။ "အစ်ကိုကြီးပြောတာ မှန်တယ်"

သူ၏ စကားသံများသည် အလွန်ကို ထူးဆန်းပေသည်။ သူပြောလိုက်သော စကားလုံးတိုင်းသည်၊ မိုးခြိန်းသံအလား ဖြစ်နေခဲ့၏။

အပြာရောင်ခန်းမ သူတော်စင် ပြောထားသည့်အတိုင်း ယုရှင်းတောက် လွတ်မြောက်သွားသည့် သတင်းထက်စာလျှင်၊ ကောင်းကင်လေပြင်း သူတော်စင်၏ ကောင်းကင်ကိုးလွှာ လေပြင်းဝင်္ကပါဖြင့် ကာကွယ်ထားသည့်၊ မြင့်မြတ်သော လေပြင်းတောင်အား လင်းဖုန်းက အလွယ်တကူ ချေမှုန်းခဲ့သည့် သတင်းက ပို၍ သတိပြုဖွယ် ကောင်းပေသည်။

ရွှေကျီး မဟာပဏ္ဍိတသည် နတ်ဘုရား နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာတိုင်း၊ မှဲ့တစ်ပေါက်မှ မစွန်းပဲနှင့် ပြန်သွားနိုင်ခဲ့သည့် အပြင်၊ မြောက်မြားလှစွာသော မည်းတူးနေသည့် အရိုးစုများကို ချန်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် အဟန့်တားခံလိုက်ရမည်ကို၊ မည်သူမျှ ကြိုမမြင်နိုင်ခဲ့ပေ။

အပြာရောင်ခန်းမ သူတော်စင်သည်၊ မိုးကြိုးတိမ်တိုက် သူတော်စင်၏ စီနီယာ ဖြစ်သော်လည်း၊ သူသည် ရိုသေစွာနှင့် မေးလိုက်၏၊ "ဂိုဏ်းချုပ်၊ ကျွန်တော်တို့က ရှေ့ဆက်ပြီး ဘာဆက်လုပ်ကြမလဲ"

မိုးကြိုးတိမ်တိုက် သူတော်စင်က ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။ "ကြည့်ရတာ မင်းက ခွန်းလွန်တောင်ကို ခရီးတစ်ခေါက် သွားရမယ်နဲ့ တူတယ်"

အပြာရောင် ခန်းမ သူတော်စင်သည် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ရန်သူတွေ အများကြီး ရှိတယ်။ သူတို့နဲ့ ရန်သူမဖြစ်တာက တစ်ပိုင်း၊ ဒါပေမဲ့ သူတို့နဲ့ ဒီလောက်ကြီး ရင်းနှီးအောင်နေဖို့ လိုလို့လား"

"အခြေအနေပေါင်း များစွာတို့မှာ၊ မိတ်ဆွေနဲ့ ရန်သူအကြားမှာ ခြားထားတဲ့ မျဥ်းကြောင်းက ထင်သလောက် မရိုးရှင်းဘူး" မိုးကြိုးတိမ်တိုက် သူတော်စင်က ပြောလိုက်သည်။ "ငါက သတင်းကြားထားတယ်။ စူတောင်ဓားဂိုဏ်းက လီရှုံဓားမာစတာက ဒီတိုက်ပွဲမှာ ပါဝင်ဆင်နွဲချင်ခဲ့ပေမဲ့၊ သူ့ကို ဟင်းလင်းပြင် ဘုရားကျောင်းက တားဆီးခဲ့တယ်လို့ သိရတယ်"

အပြာရောင်ခန်းမ သူတော်စင်သည် တွေဝေငေးမောသွားခဲ့ကာ မေးလိုက်သည်။ "ဟင်းလင်းပြင် ဘုရားကျောင်းက သူတို့ရဲ့ အစီအစဥ်ကို အသစ်ပြန်ဆွဲနေတာလား"

မိုးကြိုးတိမ်တိုက် သူတော်စင်သည် နောက်ထပ်ဆက်၍ ရှင်းမပြတော့ပေ။ "မဟာမိုးကြိုး ကျောင်းတော်ကြီးက အဖျက်ဆီးခံရ အပြီးမှာ၊ ဟင်းလင်းပြင် ဘုရားကျောင်းက သူတို့ရဲ့ အစီအစဥ်တွေကို တစ်ချိန်လုံး ပြောင်းလဲနေခဲ့တယ်။ ဒီကနေ့မှာ သူတို့ရဲ့ အကြံအစည်တွေက တဖြည်းဖြည်း အသီးအပွင့်တွေ ပွင့်လာခဲ့ပြီ"

အပြာရောင်ခန်းမ သူတော်စင်က ပြောလိုက်သည်။ "ဒါဆိုရင်လည်း ကျွန်တော်က ခွန်းလွန်တောင်ကို ခရီးတစ်ထောက် သွားလိုက်ပါဦးမယ်"

မိုးကြိုးတိမ်တိုက် သူတော်စင်က ပြောလိုက်သည်။ "စီနီယာ ဖြည်းဖြည်းသွားပါ"

***************

မဟာချင် အင်ပါယာ၏ ရှီးလင်မြို့တော် မြောက်ပိုင်းတွင်၊ နန်းရင်းဝန် အိမ်တော် အတွင်း၌ အသက်သုံးဆယ်ခန့် ရှိသော စာသင်သား တစ်ယောက်သည်၊ ကြိမ်ထိုင်ခုံ တစ်ခုပေါ်တွင် ထိုင်နေခဲ့၏။

သူသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ တည်ကြည်ခန့်ညားပေသည်။ သူ၏ မျက်နှာမှာ ကြည်လင်ရှင်းသန့်နေ၍၊ သူ၏ မျက်လုံးအစုံမှာ ပင်လယ်သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းကာ၊ သူဘာတွေးနေသနည်း ဆိုသည်ကို ကြည့်ရုံနှင့် သိနိုင်မည် မဟုတ်ချေ။

ထိုသာမန်စာသင်သားနှင့် တူနေသောသူမှာ၊ မဟာချင် အင်ပါယာ အတွင်းမှ လူတိုင်းကြောက်ရသော နန်းရင်းဝန် ဝူချင်လျှိုဖြစ်သည်။ ထိုအချိန်တွင် သူသည် ငြိမ်သက်စွာ ထိုင်နေကာ၊ သူ၏လက်သည် သူ၏အရှေ့မှ စားပွဲခုံပေါ်သို့ ညင်သာစွာ ခေါက်နေခဲ့သည်။

သူ၏ဘေးတွင် လူငယ်တစ်ယောက်က တိုးညင်းစွာဖြင့် ပြောလိုက်သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ယုမိသားစုကို ချမ်းသာပေးလိုက်ပြီး၊ လေနတ်ဘုရားဂိုဏ်းကိုတော့ ဖျက်ဆီးခဲ့တယ်"

"မျှော်လင့်ထားတဲ့ အတိုင်းပါပဲ" ဝူချင်လျှိုက လက်ချောင်းများကို စားပွဲပေါ်တွင် ခေါက်နေရင်း ပြန်ပြောလိုက်သည်။ သူက ဖွဖွလေး ရယ်လိုက်သည်။ "တကယ်လို့ ငါဆိုရင်လည်း၊ ယုရှင်းတောက်ကို မဟာချင် အင်ပါယာ ဖြေရှင်းဖို့ ထားပေးခဲ့မှာပဲ။ လေနတ်ဘုရားဂိုဏ်းကို အရင်စာရင်းရှင်းပြီးမှ၊ သူနဲ့ စာရင်းရှင်းရမှာပေါ့"

"ဘယ်သူက ကိုယ်အိပ်ရာနဲ့ ကပ်ရပ်မှာ ရန်သူကို နေထိုင်ခွင့် ပြုနိုင်မလဲ။ လေနတ်ဘုရားဂိုဏ်းကို ရှင်းလင်းလို့အပြီးမှာ၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ခွန်းလွန်တောင်ကို အပိုင်စား ရသွားပြီ။ သူ့ရဲ့ လွှမ်းမိုးမှုနဲ့ စွမ်းအားတွေက အများကြီး တိုးတက်သွားပြီ။ နှစ်ဆတောင် မကပဲ၊ သုံးဆ၊ လေးဆ ဒါမှမဟုတ် ဒီထက်တောင် များနိုင်သေးတယ်"

ဝူချင်လျှိုက ပြီးတာနှင့် တိတ်ဆိတ်စွာ ဆက်ပြောလိုက်သည်။ "နယ်မြေတစ်ခုလုံးကို ငြိမ်သက်စေပြီး၊ ပြိုင်ဘက်တွေကို ရှင်းလင်းအပြီးမှာ၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ဒီဖြစ်ရပ်မှာ အကျိုးအရှိဆုံး ဖြစ်သွားခဲ့တယ်"

"ရှုထောင့်တစ်မျိုးကနေ ကြည့်လိုက်ရင်၊ ဒါက မဟာချင် အင်ပါယာရဲ့ မိသားစုကြီးတွေကို ရှင်းလင်းဖို့ အကြံအစည်နဲ့ တူနေတယ်။ တစ်ယောက်ဟာ သူ့ရဲ့ အိမ်တွင်း ပြဿနာတွေကို အရင်ဖြေရှင်းဖို့ လိုအပ်တယ်"

ထိုလူငယ်က ဆက်ပြောလိုက်သည်။ "ဒီဖြစ်ရပ် ပြီးခဲ့တာ ရက်ပေါင်း အနည်းငယ် ရှိသွားခဲ့ပြီ။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက အခုအချိန်အထိ၊ ခွန်းလွန်တောင်က ဂိုဏ်းငယ်လေးတွေကို စုစည်းဖို့ မဖိတ်ခေါ်သေးဘူး။ အထူးသဖြင့် ခွန်းလွန်တောင်ခြေ တောင်ပိုင်းက ဂိုဏ်းလေးတွေကိုပေါ့"

ဝူချင်လျှိုက ပြုံးလိုက်သည်။ "လုပ်ဖို့ မလိုပါဘူး။ လေနတ်ဘုရားဂိုဏ်း ပျက်စီးသွားပြီးတဲ့ နောက်မှာ၊ ခွန်းလွန်တောင်ကို ထိန်းချုပ်ဖို့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ဘယ်ဂိုဏ်းကမှ ယှဥ်ပြိုင်ရဲကြတော့မှာ မဟုတ်ဘူး။ ဘယ်သူမှ သူ့တို့နဲ့ ရန်သူဖြစ်ချင်ကြမှာ မဟုတ်ဘူး။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက အခုဆိုရင်၊ ခွန်းလွန်တောင်မှာ ခေါင်းဆောင်ဖြစ်သွားခဲ့ပြီ"

"ဒီလိုမျိုး ဖြစ်ရပ်မှာ အလိုက်သင့်ပဲ လိုက်ပါစီးမျောသွားတာ အကောင်းဆုံးပဲ။ ခွန်းလွန်တောင်က အလယ်အလတ် ဂိုဏ်းတွေနဲ့ ဂိုဏ်းငယ်လေးတွေက၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို အလိုအလျှောက် အညံ့ခံလာကြမှာပဲ။ တကယ်လို့များ သူတို့ကို ဆင့်ခေါ်ပြီး အသိအမှတ် ပြုခိုင်းမယ်ဆိုရင်၊ မျက်နှာပျက်စရာ ဖြစ်သွားလိမ့်မယ်"

သူက သက်ပြင်းတစ်ချက် ချလိုက်သည်။ "ကြည့်ရတာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်က တော်တော့ကို မရိုးရှင်းဘူး"

ထိုလူငယ်က မေးလိုက်သည်။ "ဒါဆိုရင် ကျွန်တော်တို့ရဲ့ အကြံအစည် ဒုတိယပိုင်းကို စလို့ရပြီလား"

ဝူချင်လျှိုက သူ၏ခေါင်းကို ညိတ်လိုက်သည်။ "ဟုတ်တယ်၊ အချိန်ကျပြီ"

***************

မဟာကျိုး အင်ပါယာ၏ မြို့တော် ထျန်းကျင်းတွင်၊ ကျိုးဧကရာဇ် လျှမ်ပန်းသည် သူ၏ နဂါးပုလ္လင် အပေါ်တွင် ထိုင်နေခဲ့ကာ အတွေးနက်နေခဲ့၏။ အချိန်အတော်ကြာမှပင် သူ၏ခေါင်းကို မော့လိုက်ကာ၊ သူ၏အရှေ့မှ လူသုံးယောက်အား ကြည့်လိုက်သည်။ ရွှမ်ကျိအမတ် ဇူဟုန်ဝူ၊ ယန့်မင်းရွဲ့နှင့် မေဝူလန်တို့ ဖြစ်ကြ၏။

"မင်းရဲ့သား ဇူရီက မကြာခင်မှာ စာမေးပွဲ လာဖြေဖို့ မဟာကျိုး အင်ပါယာကို ပြန်လာလိမ့်မယ်"

Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu

Continue Reading

You'll Also Like

18.4K 1.8K 36
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
390K 58.9K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...