ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.6K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်

398 49 0
By KazunoMora

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၂၀

အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်

လင်းဖုန်း၏ သံမဏိသစ်ပင် ကိုယ်ပွားသည် တောင်ကြားများအတွင်းတွင် လျှင်မြန်စွာ ရွေ့လျားနေခဲ့၍၊ လျှိုမြောင်တစ်ခုအတွင်းသို့ မကြာခင်တွင် ရောက်ရှိသွားခဲ့သည်။ ထိုလျှိုမြောင်သည် ချက်ချင်းပင် လင်းလက်စွာနှင့် တောက်ပသွားခဲ့၏။

"အိုး?" လင်းဖုန်းသည် မျက်မှောင်ကြီးကို အတန်ငယ်ကြုတ်လိုက်သည်။ ထိုအလင်းတန်းကို ဖော်ထုတ်လိုက်သော မှော်အိုင်တမ်သည် ရွှေရောင်ဗဟိုချက် အဆင့်မှ မှော်အိုင်တမ်သာ ဖြစ်သည်။  မည်ကဲ့သို့မျှ ထူးခြားမှုများ မရှိခဲ့ပေ။

လင်းဖုန်းအား အံ့ဩစေသော အချက်မှာ၊ ထိုမှော်အိုင်တမ်အား အသုံးပြုခဲ့သူမှာ ချီသာဝက အဆင့်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်နေခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ဆိုသော်၊ လင်းဖုန်း၏ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အပါအဝင် ဂိုဏ်းအများစုသည်၊ တပည့်တစ်ယောက်၏ ကျင့်ကြံမှု အဆင့်ထက် တစ်ဆင့်သာပိုမြင့်သော မှော်အိုင်တမ်များကိုသာ ပေးကြခြင်း ဖြစ်သည်။

လင်းဖုန်းသည် သူ၏ တပည့်များ အပေါ်တွင် လွန်စွာ ရက်ရောသောသူဖြစ်သည်။ သူ၏ ရက်ရောမှုများကို အခြားဂိုဏ်းများကပင် အားကျနေရ၏။ ရှောင်ယန်တို့တတွေသည် အခြေခံအုတ်မြစ် အဆင့်တွင် ရှိကြတုံးက၊ သူတို့သည် ရွှေရောင်ဗဟိုချက် အဆင့်မှ မှော်အိုင်တမ် တစ်ခုစီ ရှိကြ၏။

သူတို့သည် ရွှေရောင်ဗဟိုချက်ကို ဖော်ဆောင်နိုင်အပြီးတွင်၊ သူတို့အား အခြေတည်ဝိညာဥ် အဆင့်မှ မှော်အိုင်တမ် တစ်ခုစီ ပေးထားခဲ့သည်။ သူတို့သည် အခြေတည်ဝိညာဥ်အား ဖန်ဆင်းနိုင်ခဲ့ပါကလည်း၊ လင်းဖုန်းသည် သူတို့အား မှော်ရတနာ တစ်ခုစီ ပေးဦးမည် ဖြစ်သည်။ သို့သော်လည်း ထိုအချိန်မှာ လိုဦးမည်ဖြစ်ပြီး၊ လင်းဖုန်းကလည်း ထိုကဲ့သို့ တတ်နိုင်မလား ဆိုသည်ကို မသေချာသေးပေ။

အစောပိုင်းက ရှင်းယွင်တောင်ထိပ်တွင်၊ မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာအား ရှောင်ယန်အား ပေးလိုက်ချိန်တွင်၊ ထိုတိုက်ပွဲသည် ရှောင်ယန်နှင့် ရှီချုံးယွမ်တို့၏ အကြားမှ တိုက်ပွဲမဟုတ်တော့ပဲ၊ မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာနှင့် နတ်ဆိုးအရိပ်ဓားတို့၏ အကြားမှ တိုက်ပွဲနှင့် ပိုတူသွားခဲ့သည်။

ချီသာဝက အဆင့်မှ ကျင့်ကြံသူ တစ်ယောက်အား ရွှေရောင်ဗဟိုချက် အဆင့်မှ မှော်အိုင်တမ်ကို ပေးထားခြင်းသည်၊ လင်းဖုန်း၏ အရှေ့မှ ဖြစ်ရပ်ကဲ့သို့ နှမြောစရာကြီး ဖြစ်သွားပေမည်။

သူသည် ဒါအား မတော်တဆ ကောက်ရထားခြင်း မဟုတ်လျှင်၊ တစ်စုံတစ်ယောက်က သူ့အား အရမ်းကို အလိုလိုက်ထားခြင်း ဖြစ်ရမည်။

အကယ်၍ အကြီးအကဲ တစ်ယောက်၏ စောင့်ရှောက်မှုကို ပေးထားချင်လျှင်၊ ရွှေရောင်ဗဟိုချက် အဆင့်မှ အဆောင်လက်ဖွဲ့က ပို၍ သင့်တော်ပေသည်။

လင်းဖုန်းသည် လျှိုမြောင်အတွင်းသို့ ရောက်ရှိသွားသောအချိန်တွင်၊ အသက် ၁၂-၁၃နှစ်ခန့် ရှိသော မိန်းကလေး တစ်ယောက်သည်၊ အခြေခံအုတ်မြစ် အဆင့်မှ ပြိုင်ဘက်သုံးယောက်တို့၏ ဝိုင်းရံမှုကို ခံနေခဲ့ရသည်။ ကြည့်ရသည်မှာ ရွှေရောင်ဗဟိုချက် အဆင့်က မှော်အိုင်တမ်သာ မရှိလျှင်၊ သူမသည် ရှုံးနိမ့်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူမသည် အနှေးနှင့်အမြန် ရှုံးနိမ့်တော့မည် ဖြစ်၏။ အကယ်၍ သူမ၏ ပြိုင်ဘက်တို့သည် သူမအား အရှင်ဖမ်းလိုခြင်း မရှိခဲ့လျှင်၊ သူမသည် ယခုအချိန်တွင် သေနေလောက်ပြီ ဖြစ်သည်။

"ကျွင်းမိသားစုနဲ့ လော်မိသားစုတို့နဲ့ စစ်ဖြစ်ချင်နေတယ်ဆိုတော့၊ မင်းတို့ရဲ့ ယန်မိသားစုက ရှေးဟောင်း ယွင်ထန်းကမ္ဘာမှာ ခြေကုပ်ယူချင်နေတာလား?"

ထိုမိန်းကလေးသည် သူ၏လက်ကို လှုပ်လိုက်၍ ဓားအလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်ကာ၊ ပြိုင်ဘက်များကို နောက်ဆုတ်စေခဲ့လိုက်၏။

အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံသူများသည် ထိုမိန်းကလေးငယ်လေး၏ လက်အတွင်းမှာ ဓားကိုကြည့်လိုက်ကာ၊ သူတို့၏ မျက်လုံးအတွင်းတွင် သတိထားမှုနှင့် လောဘများဖြင့် ပြည့်လာခဲ့သည်။ သူမ၏ စကားကို ကြားအပြီးတွင် သူတို့က ရယ်လိုက်သည်။ "မိသားစု နှစ်ခုစလုံးနဲ့ စစ်ဖြစ်ရတာ၊ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့က ဒီသတင်းကို ဘယ်ပေးဖြန့်ပါ့မလဲ?"

"ငါတို့က နင့်ကို အခက်တွေ့အောင် မလုပ်ချင်ပါဘူး။ နင်က လော်မိသားစုက ဟိုကံဆိုးမလေးဆီကို ခေါ်သွားပေးရင်၊ နင့်ကို လွှတ်ပေးမယ်လေ"

ထိုမိန်းကလေးက သူတို့အား သရော်သလိုဖြင့် ကြည့်လိုက်သည်။ "ငါကဒီလောက် အယုံလွယ်လိမ့်မယ်လို့ ထင်နေတာလား?"

ထိုကျင့်ကြံသူများက ရယ်လိုက်သည်။ "ကျွင်းကျိနင်၊ နင်က ယုံယုံ မယုံယုံ၊ ငါတို့က ဒီကနေ့မှာ နင့်ဆီကနေ ဟိုလော်မိသားစုက ကောင်မစုတ်လေးရဲ့ နေရာကို ပြောခိုင်းရမယ်"

ထိုကောင်မလေးမှာ ဒေါသထွက် ခါးသီးစွာနှင့်၊ သူမ၏ လီယွမ်ဓားအား တင်းကျပ်စွာနှင့် ဆုပ်ကိုင်လိုက်သည်။

"ငါ့ရဲ့ နမော်နမဲ့နိုင်မှုကိုပဲ အပြစ်တင်ရမယ်။ ငါက အသံလွှင့်ကျောက်တုံးကို ပြုတ်ကျစေခဲ့တယ်" ကျွင်းကျိနင်သည် သူမ၏ ရင်ထဲမှနေ၍ ကျိန်ဆဲနေခဲ့သည်။ "မဟုတ်လို့ရှိရင်၊ အိမ်ကနေပြီး အကူအညီ တောင်းခံလို့ မရခဲ့ရင်တောင်၊ ခရမ်းရောင် တိမ်တိုက်ဂိုဏ်းကနေပြီး စစ်ကူတောင်းခံလို့ရတယ်"

သူမသည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်၍၊ သူမ၏ မှော်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်သော ဆေးလုံးနှစ်လုံးအား မျိုချလိုက်သည်။ သူမ၏ လီယွမ်ဓားကို ဝှေ့ယမ်းလိုက်၍၊ သူမ၏ ရန်သူများအား နောက်ထပ် နောက်ဆုတ်စေခဲ့သည်။

သူမသည် လျှိုမြောင်၏ အခြေအနေကို အကဲခတ်လိုက်ကာ၊ လွတ်မြောက်နိုင်ရန် အခွင့်အရေးအား ရှာဖွေနေခဲ့၏။ "ချင်းဝူက ဘယ်လိုနေမှန်း မသိဘူး။ သူမက ခဏနေတုံးက ဒဏ်ရာရသွားခဲ့တယ်၊ သူမရဲ့ ဒဏ်ရာက ပြင်းထန်သလား မသိဘူး?"

ကျွင်းကျိနင်သည် လျှိုမြောင်အား ရှာဖွေနေသည့် အချိန်တွင်၊ အရပ်ရှည်ရှည် ကြေးနီရောင် အသားအရေနှင့် လူငယ်တစ်ယောက်က တောင်ကုန်းတစ်ခုပေါ်မှနေ၍၊ သူတို့၏ တိုက်ပွဲအား စိတ်ဝင်တစားဖြင့် ကြည့်ရှုနေသည်ကို တွေ့လိုက်ရ၏။

ကျွင်းကျိနင်သည် မှင်သက်သွားခဲ့သည်။ "ဒီလူက ဘယ်အချိန်က ရောက်လာတာလဲ? သူ့ကို အရင်က မတွေ့မိပါဘူး။ လီယွမ်ဓားကတောင် ငါ့ကို သတိမပေးခဲ့ဘူး"

ကျွင်းကျိနင်၏ စိတ်ရှုပ်ထွေးသွားသော အမူအရာကို ကြည့်လိုက်ကာ၊ ထိုကျင့်ကြံသူများကလည်း သူတို့အား လှည့်စားနေသည်ဟု စိုးရိမ်သွားကြသည်။ သူတို့အနက်မှ တစ်ယောက်သည် သူမ၏ အကြည့်နောက်သို့ လိုက်၍ကြည့်လိုက်ရာ၊ သူသည်လည်း အံ့ဩထိတ်လန့်သွားခဲ့သည်။

သူတို့၏ ပြိုင်ဘက်က လှည့်စားနိုင်သော်လည်း၊ ကိုယ်အချင်းချင်းကတော့ လှည့်စားမည် မဟုတ်ချေ။ ထို့ကြောင့် ကျန်သောလူနှစ်ယောက်ကလည်း သတိထား၍ လှည့်ကြည့်လိုက်ရာ၊ လင်းဖုန်း၏ သံမဏိသစ်ပင် ကိုယ်ပွားအား တွေ့လိုက်ရကာ၊ တုန်လှုပ်သွားခဲ့၏။ "ဒီလူက ငါတို့ ဘာမှမသိလိုက်ပဲ ရောက်နေခဲ့တာလား?"

လင်းဖုန်းသည် သူ့ကိုယ်သူ ပုန်းကွယ်နေဖို့ စိတ်ပင်မကူးခဲ့ပေ။ သူသည် တောင်ကုန်းပေါ်တွင်သာ ဒီအတိုင်းရပ်နေခဲ့၍၊ အောက်မှတိုက်ပွဲအား ကြည့်ရှုနေခဲ့သည်။

သူသည် ထိုအချိန်တွင် စိတ်ထဲမှ အလွန်နေ၍ ကောင်းနေခဲ့သည်။ "ကြည့်ရတာ မိသားစုတစ်ခုရဲ့ နည်းစနစ်တွေကို အမွေဆက်ခံတာက၊ တပည့်ခံတာလို့ ပြောလို့မရဘူး။ ဒီလိုသာဆိုရင် အနာဂတ်မှာ တပည့်တွေကို ထပ်ပြီးလက်ခံလိုက်ရှိရင်၊ အဲ့ဒီကျင့်ကြံမှု မိသားစုတွေထဲက ပါရမီရှင်တွေကိုလည်း ရွေးလို့ရပြီပေါ့"

"မကောင်းတဲ့ အကြံရှိတဲ့ လူအချို့ကို ဖယ်လိုက်လို့ရှိရင်၊ အလားအလာရှိတဲ့ ပါရမီရှင်တွေက အများကြီးပဲ။ မဆိုးဘူး၊ မဆိုးဘူး"

လင်းဖုန်းသည် ပြုံးလိုက်ကာ သူ၏ စွမ်းရည်စိစစ်ခြင်း ကိရိယာအား ကြည့်လိုက်သည်။ "စနစ်၏ တွက်ချက်မှု ပြီးဆုံးသွားပါပြီ။ ပစ်မှတ်၏ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်"

"အရိုးအရင်းမြစ် - ၈၊ သဘောပေါက် နားလည်နိုင်စွမ်း - ၇၊ စိတ်စွမ်းအား - ၆၊ ကောင်းချီးမင်္ဂလာ - ၇"

"သုံးသပ်ချက် : ပစ်မှတ်၏ ပင်ကိုစွမ်းရည်မှာ အနည်းငယ် မြင့်မားသော အဆင့်တွင် ရှိပါတယ်။ ဗဟိုတပည့် ဖြစ်လာနိုင်ရန် အရည်အချင်းနှင့် ပြည့်စုံပါတယ်။ ပစ်မှတ်အား တပည့်အဖြစ် သိမ်းသွင်းရန် အကြံပြုပါတယ်"

လင်းဖုန်းက သူ၏ခေါင်းကို ညိတ်လိုက်သည်။ "စုစုပေါင်းတန်ဖိုး ၂၈ရှိတယ်။ ၃၀တော့ မပြည့်တဲ့အတွက် ငါရဲ့ လက်ရင်းတပည့် လုပ်ဖို့တော့ အဆင့်မမီဘူး။ ဒါပေမဲ့ ရှောင်ပုတန် တပည့်လုပ်လို့တော့ ရတယ်"

"အမှတ် ၃၀ ပြည့်ဖို့ကလည်း လွယ်တဲ့ကိစ္စမဟုတ်ဘူး" လင်းဖုန်းက တွေးလိုက်ကာ၊ ကျွင်းကျိနင်၏ မှော်စွမ်းအင် လှုပ်ရှားမှုများကို သေချာစွာနှင့် အကဲခတ်လိုက်သည်။ သူသည် ခေါင်းထဲတွင် အချက်အလက် အချို့ကို မှတ်သားလိုက်သည်။

ယုကျင်းတောင်ပေါ်တွင် လင်းဖုန်း၏ မူလခန္ဓာကိုယ်သည်၊ ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာ အတွင်းမှ ထွက်လာပြီဖြစ်သည်။ သူသည် မဟူရာနဂါး ကျဲယုအား ဆင့်ခေါ်လိုက်၏။ ကျဲယုက သူ၏အရှေ့သို့ ရောက်လာအပြီးတွင် ဦးညွှတ်လိုက်သည်။ "ဆရာ၊ ကျွန်တော့်ကို ဘာများ ညွှန်ကြားဖို့ ရှိပါသလဲ?"

လင်းဖုန်းက မေးလိုက်သည်။ "ကျဲယု၊ ငါမှတ်ထားတာ မမှားရင်၊ မင်းက ရှေးဟောင်းယွင်ထန်း ကမ္ဘာထဲမှာ မိသားစုကြီး၇ခု ရှိတယ်လို့ ပြောဖူးတယ်။ ပြီးတော့ အဲ့ဒီမိသားစု ၇ခုဟာ၊ နတ်ဘုရား နယ်မြေထဲက အင်အားစု ၇ခုကို ကိုယ်စားပြုတယ်လို့ ပြောဖူးတယ်"

ကျဲယုသည် ခေါင်းညိတ်လိုက်ကာ ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်။ သူတို့မိသားစုတွေထဲက တစ်ခုဟာ၊ ဟင်းလင်းပြင် ဘုရားကျောင်းကို ကိုယ်စားပြုပါတယ်။ ကျွန်တော်က ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အဖွဲ့ဝင်တစ်ယောက် အနောက်ကနေ လိုက်ပြီးတော့၊ ရှေးဟောင်းယွင်ထန်း ကမ္ဘာထဲကို ဝင်ဖူးတဲ့အတွက် အဲ့ဒီကမ္ဘာရဲ့ သတင်းတွေကို သိနေခဲ့တာပါ"

"ခရမ်းရောင်တိမ်တိုက် ဂိုဏ်းကလည်း ရှေးဟောင်းယွင်ထန်း ကမ္ဘာထဲမှာ ရှိတယ်မလား? သူတို့မှာရော ကိုယ်ပိုင် ကိုယ်စားပြုတဲ့ မိသားစုများ ရှိသလား?" လင်းဖုန်းက မေးလိုက်သည်။ ကျဲယုက သူ၏ခေါင်းကို ညိတ်လိုက်ကာ၊ "မှန်ပါတယ်။ ခရမ်းရောင် တိမ်တိုက်ဂိုဏ်းကို ကိုယ်စားပြုတဲ့ မိသားစုက၊ ကျွင်းမိသားစု ဖြစ်ပါတယ်"

လင်းဖုန်းသည် အခြေအနေ အရပ်ရပ်ကို သဘောပေါက်သွားခဲ့ကာ၊ ခေတ္တမျှ တွေးနေခဲ့သည်။ "ရှေးဟောင်းယွင်ထန်း ကမ္ဘာမှာ ယန်မိသားစုရော ရှိသလား?"

ကျဲယုက သေချာစွာနှင့် ဖြေလိုက်၏။ "ရှိပါတယ်။ ယန်မိသားစုကလည်း မိသားစုကြီး ၇ခုထဲမှာ ပါပါတယ်။ ယန်မိသားစုရဲ့ အနောက်မှာက သံသရာဂိုဏ်း ရှိပါတယ်"

"သံသရာဂိုဏ်း?" လင်းဖုန်းသည် အချိန်အနည်းငယ်မျှ စဥ်းစားလိုက်သည်။ သူသည် ထိုဂိုဏ်းအား ကြားဖူးသော်လည်း၊ ကောလဟာလ အနေဖြင့်သာ ကြားဖူးခြင်းဖြစ်သည်။ သူတို့ဂိုဏ်းနှင့် တစ်ခါမှ မဆက်ဆံဖူးချေ။

သံသရာဂိုဏ်းသည် နတ်ဘုရားနယ်မြေ၏ တောင်ပိုင်းမှ၊ စွမ်းအားကြီးသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ သူသည် မဟာကျိုး အင်ပါယာမှနေ၍၊ ရှေးဟောင်းကမ္ဘာ စိမ့်မြေဖြင့် ခွဲခြားထားသည်။ သူ၏တောင်ပိုင်းတွင် မိစ္ဆာကလန်တို့၏ မဟာလွင်တီးခေါင် ကုန်းမြေတို့နှင့် ဆက်သွယ်ထားသော၊ မဟာ လေဟာနယ် ဆက်ကြောင်းသာ ရှိတော့သည်။

လူသားကျင့်ကြံသူတို့၏ သတ်မှတ်ချက်အရ၊ သံသရာဂိုဏ်းသည် ခရမ်းရောင် တိမ်တိုက်ဂိုဏ်း၊ နတ်ရေကန်ဂိုဏ်း၊ ကောင်းကင်မာစတာ ဓားဂိုဏ်းတို့နည်းတူ ကြီးမားသော အင်အားစု တစ်ခုဖြစ်သည်။ သို့သော်လည်း သူတို့သည် မြင့်မြတ်နယ်မြေ သုံးခု၊ မဟာချင်နှင့် မဟာကျိုး အင်ပါယာတို့ထက်တော့ အားနည်းသည်။

သို့သော်လည်း လင်းဖုန်းနားလည်ထားသည်မှာ၊ သံသရာဂိုဏ်းသည် အလွန်သန်မာသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့သည်။ သူသည် အဆင့်တစ်ဆင့် ကျသွားရခြင်းမှာ၊ ဂိုဏ်းအတွင်းမှ ကြီးမားလှသော ပြည်တွင်းစစ် တစ်ခုကြောင့် ဖြစ်သည်။ သူသည် မဟာချင် အင်ပါယာ၏ အတွင်းမှ၊ အငြင်းပွားမှုများထက် များစွာပို၍ ဆိုးဝါးပေသည်။

မဟာချင် အင်ပါယာမှ တော်ဝင်မိသားစုနှင့် မိသားစုကြီးများ၏ ဆက်ဆံရေးသည် သိပ်မပြေလည်လှသော်လည်း၊ အားလုံးသည် တည်ငြိမ်သော အခြေအနေတွင် ရှိနေသည်။ နှစ်ဦးနှစ်ဘက် စလုံးတို့သည် အချင်းချင်း ထိန်းသိမ်းနိုင်စွမ်း ရှိကြသည်။

သံသရာဂိုဏ်းမှာမူ၊ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းခန့်ကတည်းက၊ ဂိုဏ်းတွင်းမှ ဂိုဏ်းခွဲအချင်းချင်းတို့သည် သဘောထား ကွဲလွဲမှုများ ဖြစ်ခဲ့ကြ၏။ သမိုင်းအလိုအရဆိုလျှင်၊ အက်ကွဲကြောင်းပေါင်း များစွာတို့ ပေါ်ပေါက်ခဲ့ကြ၏။

ထို့အပြင် မိစ္ဆာကမ္ဘာနှင့် ဖြစ်ပွားသော စစ်ပွဲတွင်၊ သံသရာဂိုဏ်းမှ ကျင့်ကြံသူများသည် ကြီးမားသော အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်ပွဲအပြီးတွင် သံသရာဂိုဏ်းသည် လမ်းစဥ်ခြောက်ခု ကွဲသွားခဲ့သည် - ကောင်းကင်၊ အသူရာ၊ လူသား၊ သားရဲ၊ ငရဲနှင့်ကျတ်တစ္ဆေ ဟူ၍ဖြစ်သည်။ သူတို့အချင်းချင်းသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကတောက်ကဆများစွာ ဖြစ်ပွားခဲ့ကာ၊ သံသရာဂိုဏ်း၏ လွှမ်းမိုးနိုင်မှုကို အကျိုးသက်ရောက်မှု ရှိစေခဲ့သည်။

ထိုအချိန်မှစ၍ အကြီးအကဲများစွာတို့သည် ထွက်ခွာသွားကြ၍၊ အခြားနေရာများတွင် ကိုယ်ပိုင်ဂိုဏ်းများကို ထူထောင်ခဲ့ကြလေသည်။

သူတို့အထဲမှ တစ်ယောက်သည် မဟာချင် အင်ပါယာမှ မိသားစုကြီး လေးစုအတွင်းတွင် အပါအဝင်ဖြစ်သော၊ ဟော်မိသားစုကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

အတိတ်တွင် လင်းဖုန်းသည် ဝမ်လင်းအား၊ တစ္ဆေတစ်ထောင်ဂိုဏ်းမှ စီးခုံးနန်၏ လက်အတွင်းမှ ကယ်တင်ခဲ့ရဖူးသည်။ ဒါသည် သံသရာဂိုဏ်း၏ ကျတ်တစ္ဆေလမ်းစဥ်မှ ဆင်းသက်လာသောဂိုဏ်း ဖြစ်သည်။

ထိုမှနေတဆင့် သံသရာဂိုဏ်းသည်၊ အတိတ်က မည်မျှလောက် တိုးတက်စည်ပင်ခဲ့သနည်း ဆိုသည်မှာ သိသာနေ၏။

သံသရာဂိုဏ်း၏ သွေးကွဲမှုများသည် ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ လမ်းစဥ်ခြောက်ခု၏ ပဋိက္ခများမှာ ပြေငြိမ်းဖို့ရန် အလားအလာများ မရှိနေခဲ့ပေ။

"ရှေးဟောင်းယွင်ထန်း ကမ္ဘာမှာ ယန်မိသားစုဟာ၊ လော်မိသားစုနဲ့ မဟာရန်ဖြစ်တယ်။ သူတို့မိသားစု နှစ်ခုရဲ့ နယ်နိမိတ်တွေက နီးစပ်စွာနဲ့ ဆက်စပ်နေပြီး၊ သူတို့ရဲ့ ယှဥ်ပြိုင်မှုက နှစ်ပေါင်းထောင်နဲ့ချီပြီးမှ ရှည်ကြာနေပြီ" ကျဲယုက ဆက်ပြီး ရှင်းပြလိုက်သည်။ "လော်မိသားစုက မဟာကျိုး အင်ပါယာရဲ့ ကိုယ်စားလှယ်ဖြစ်တယ်"

ထိုစကားကို ကြားရသောအခါ၊ လင်းဖုန်းသည် သူ၏မျက်မှောင်ကြီးအား ကြုတ်လိုက်သည်။ "မဟာကျိုး အင်ပါယာနဲ့ သံသရာဂိုဏ်း အတွင်းမှာ၊ ရန်ငြိုးရန်စ ရှိတယ်လို့တော့ မကြားမိပါဘူး"

ကျဲယုက သူ၏ခေါင်းကို ညိတ်လိုက်၏။ "အရှင် ပြောတာမှန်တယ်။ ဒါက ယန်နဲ့လော် မိသားစုတို့ရဲ့ အငြင်းပွားမှု သက်သက်ပဲ။ သူတို့ဟာ နတ်ဘုရား နယ်မြေထဲမှာ သံသရာဂိုဏ်းနဲ့ မဟာကျိုး အင်ပါယာတို့ရဲ့ အကျိုးအမြတ်တွေရယ်၊ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေရယ်ကို မထိခိုက်လို့ရှိရင်တော့၊ သူတို့နှစ်ဂိုဏ်းစလုံးက မမြင်ချင်ယောင်ဆောင်နေကြတာပဲ"

ကျဲယု၏ စကားအရ လင်းဖုန်းသည် နတ်ဘုရားနယ်မြေ အတွင်းမှ အင်အားစုကြီးများ၏ အငြင်းပွားမှုသည်၊ ရှေးဟောင်းယွင်ထန်း ကမ္ဘာသို့ ကူးစက်လာခြင်း မရှိသေးသည်ကို သိလိုက်ရ၏။ မိသားစုကြီး ၇စုတို့သည် ကျောထောက်နောက်ခံများ ရှိကြသော်လည်း၊ သူတို့တွင် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် အချို့လည်း ရှိကြသေး၏။

ဥပမာ အနေနှင့်၊ မဟာကျိုး အင်ပါယာနှင့် မဟာချင် အင်ပါယာတို့သည် ဆက်ဆံရေးများ မကောင်းကြသော်လည်း၊ သူတို့ အသီးသီး ထောက်ခံထားကြသည့် လော်မိသားစုနှင့် တန်မိသားစုတို့သည်၊ ရန်သူဖြစ်ကြရမည်ဟု မဆိုလိုပေ။

ထို့အတူပင် ရှေးဟောင်းယွင်ထန်း ကမ္ဘာအတွင်းမှ မိသားစုနှစ်ခု၏ တင်းမာနေသော ဆက်ဆံရေးသည်၊ သူတို့၏ ကျောထောက်နောက်ခံများကလည်း ထိုကဲ့သို့ ဖြစ်နေရမည်ဟု မဆိုလိုပေ။

လင်းဖုန်းက ရယ်လိုက်သည်။ "စိတ်ဝင်စားစရာပဲ"

ခွန်းလွန်တောင်ပေါ်တွင်လည်း၊ သူ၏ သံမဏိသစ်ပင် ကိုယ်ပွားသည် ကျွင်းကျိနင်နှင့် ယန်မိသားစုတို့မှ ကျင့်ကြံသူတို့၏ တိုက်ပွဲကို ကြည့်လိုက်ကာ ရယ်နေခဲ့သည်။ သူရှိနေခြင်းကြောင့် သူတို့ နှစ်ဦးနှစ်ဘက်တို့မှာ တိုက်ခိုက်နေကြသော်လည်း၊ စိတ်က လင်းဖုန်းထံတွင် ရောက်နေခဲ့သည်။

လင်းဖုန်း၏ ရုတ်တရက် ပေါ်ပေါက်လာမှုသည်၊ သူက မည်သည့်ဘက်ကို ကူညီမည်မှန်း မသိနေရသဖြင့်၊ အားလုံးအား ရင်တမမနှင့် ဖြစ်စေခဲ့သည်။

ကျွင်းကျိနင်သည် လင်းဖုန်းအား ကြည့်လိုက်ပြီး၊ သူမ၏ မျက်လုံးအစုံမှာ ရုတ်တရက် တောက်ပလာခဲ့သည်။ "ဒီလူရပ်နေတဲ့ပုံက သူ့အိမ်အထဲမှာ ရပ်နေတဲ့ပုံပဲ။ မဟုတ်မှလွဲရော…"

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

39.9K 3.5K 199
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
81.2K 9.1K 119
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...
85K 10.1K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...