ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.6K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း

382 47 0
By KazunoMora

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၁၄

အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း

"စာအုပ်ကြီး အတိုင်းပဲ မစဥ်းစားပဲ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားပြီး၊ အကန့်အသတ်တွေရဲ့ အထဲကနေ ခုန်ထွက်ရမယ်။ မင်းတို့ရဲ့ နှလုံးသားအတိုင်း စဥ်းစားမယ်ဆိုရင် ပုံရိပ်ယောင်တွေကို ကျော်လွှားနိုင်ပြီး၊ ဒီဝင်္ကပါထဲက ထွက်ဖို့က မခက်ခဲ့ပါဘူး" ရှောင်ပုတန်က ပျော်ရွှင်မြူးတူးစွာနှင့် ပြောလိုက်သည်။

သူ၏ဘေးတွင် ဝမ်လင်းက တိတ်တဆိတ်ဖြင့် ပြောလိုက်သည်။ "ကိုယ့်ရဲ့ စိတ်ဓာတ်တွေကို မယိမ်းယိုင်စေပဲ ခိုင်မာစွာ ထားရမယ်။ ကိုယ့်ရင်ထဲက အစစ်အမှန် ပုံရိပ်နဲ့ ပုံရိပ်ယောင်တွေကို  ဖယ်ရှားရမယ်"

သူသည် ခရမ်းရောင်တိမ်တိုက် ဝင်္ကပါအတွင်းသို့ ငေးကြည့်လိုက်ကာသည်။ "ကျွန်တော်က အထဲကို မဝင်ရပေမဲ့၊ ဒီဝင်္ကပါအထဲက ခရမ်းရောင် တိမ်တိုက်တွေက သွေးလေချောက်ချားပြီး စိတ်ကယောက်ကတမ်း ဖြစ်စေတယ် ဆိုတာကို သတိထားမိတယ်။ စိတ်ရှုပ်ထွေးမှုတွေ၊ စိတ်အနှောင့်အယှက်တွေကို ဖယ်ရှားပြီး နှလုံးသားကို ကြည်လင်စွာ ထားနိုင်မှ၊ ဝင်္ကပါအထဲကနေ ထွက်နိုင်မယ့် နည်းလမ်းကို ရှာနိုင်မှာ ဖြစ်တယ်"

သူ့လက်ရင်းတပည့်များ၏ စကားဝိုင်းကို နားထောင်နေရင်း လင်းဖုန်း၏ အကြည့်သည်၊ လေပေါ်မှ ဒုတိယမျိုးဆက် တပည့်များ၏ ပုံရိပ်အပေါ်သို့ ကျရောက်သွားခဲ့သည်။ "ပင်ကိုစွမ်းရည် ခြားနားမှုက ကြီးမားသေးတာပဲ" သူသည် တိတ်တဆိတ်နှင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

အကယ်၍ ရှောင်ယန်နှင့် ကျန်သောသူများ ဖြစ်ခဲ့လျှင်၊ သူတို့သည် ချီသာဝက အဆင့်မှာပင် ဖြစ်စေကာမူ၊ ဝင်္ကပါအတွင်းသို့ ဝင်သွားပြီးလျှင် လင်းဖုန်း၏ သဲလွန်စများဖြင့်၊ မှန်ကန်သော လမ်းကြောင်းကို လျှင်မြန်စွာနှင့် ရှာတွေ့နိုင်မယ် ဖြစ်သည်။ ယခု ဒုတိယမျိုးဆက် တပည့်များမှာ အထူးချွန်ဆုံးသော တပည့်များသည်ပင်လျှင်၊ အရင်ဆုံး ဝင်္ကပါအတွင်းမှ နရံများကို ဝင်တိုက်မိပြီးမှ ဝင်ပေါက်သို့ ပြန်လာကာ၊ အသစ်တစ်ဖန် ပြန်စဥ်းစားနေရသည်။

သို့သော်လည်း လင်းဖုန်းသည် ထိုအရာများကို ကြိုတင်မျှော်လင့်ပြီးသား ဖြစ်၏။ ဂိုဏ်းတစ်ဂိုဏ်းသည် ရှောင်ယန်တို့ကဲ့သို့ ရှာမှရှားသော ပါရမီရှင်များကို လိုအပ်သကဲ့သို့၊ ဂိုဏ်း၏ အခြေခံအဖြစ် ပါရမီ အမျိုးမျိုးရှိသော တပည့်များကိုလည်း လိုအပ်မည် ဖြစ်သည်။ သူတို့နှစ်မျိုးက အချင်းချင်း အပြန်အလှန် စောင့်ရှောက်ခြင်းအားဖြင့်၊ ဂိုဏ်းတစ်ဂိုဏ်း၏ ရေရှည်တိုးတက်အောင်မြင်မှုကို သေချာစေနိုင်မည် ဖြစ်သည်။

ဝင်္ကပါအတွင်းတွင် ရှုယွင်စန်း၏ မျက်လုံးအစုံသည် ရုတ်တရက် တောက်ပလာခဲ့သည်။ သူသည် သူ၏အနောက်မှ ဝင်ပေါက်ကို ပြန်လှည့်ကြည့်လိုက်၏။ "စာအုပ်ကြီး အတိုင်းပဲ မစဥ်းစားပဲ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားပြီး၊ အကန့်အသတ်တွေရဲ့ အထဲကနေ ခုန်ထွက်ရမယ်။ မင်းတို့ရဲ့ နှလုံးသားအတိုင်း စဥ်းစားမယ်ဆိုရင် ပုံရိပ်ယောင်တွေကို ကျော်လွှားနိုင်ပြီး၊ ဒီဝင်္ကပါထဲက ထွက်ဖို့က မခက်ခဲ့ပါဘူး"

"ဝင်ပေါက်ကပဲ ထွက်ပေါက်ဖြစ်နေမလား?" သူသည် ဝင်ပေါက်ရှိရာသို့ လျှောက်လာလိုက်သော်လည်း၊ မမြင်နိုင်သော အရံအတားတစ်ခု၏ တားဆီးထားခြင်းကို ခံလိုက်ရသည်။

ရှုယွင်စန်းသည် စိတ်ဓာတ်မကျသွားခဲ့ပဲ အနည်းငယ်သာ မျက်မှောင်ကြုတ်သွားခဲ့သည်။ "မဟုတ်ဘူးလား? တကယ်လို့ ဒီလိုပဲသာဆိုရင်၊ ဒါက ကလေးကစားတဲ့ လှည့်စားတဲ့ ကစားနည်းမျိုးပဲ ဖြစ်သွားမယ်"

သူသည် ပြန်လှည့်လိုက်ကာ ဝင်္ကပါအား အသေအချာ သုံးသပ်လိုက်သည်။ ဝင်ပေါက်မှ ဝင်လာပြီးသည်နှင့် အရှေ့တွင်၊ ဘေးတစ်ဘက်တစ်ချက်စီတွင် လမ်းတစ်ကြောင်းစီရှိသော ခရမ်းရောင် နရံကြီး ရှိသည်။ သို့သော်လည်း ရှုယွင်စန်းသည် စမ်းသပ်ကြည့်ပြီးသား ဖြစ်သည်။ လမ်းကြောင်း နှစ်ခုစလုံးတို့သည် လမ်းမှန်များမဟုတ်ပဲ၊ နောက်ဆုံးတွင် လမ်းပိတ်များတွင်သာ အဆုံးသတ်သွားကြသည်။

ရှုယွင်စန်းသည် ဤဝင်္ကပါတွင် ထွက်ပေါက်ရှိသည်ကို ယုံကြည်နေသည်။ သို့သော်လည်း ထွက်ပေါက်ကို ရှာမတွေ့ခြင်းသာ ဖြစ်သည်။

ခဏအကြာတွင် ရှုယွင်စန်း၏ မျက်လုံးအစုံသည် တောက်ပလာခဲ့၏။ သူသည် နောက်ထပ်တစ်ဖန် ခရမ်းရောင်တိမ်တိုက် ဝင်္ကပါအတွင်းသို့ ဝင်သွားခဲ့သည်။

ဝင်ပေါက်မှ လမ်းကြောင်းများမှာ ယခင်ကအတိုင်းပင် တစ်ကြောင်းမှာ ဘယ်ဘက်၊ တစ်ကြောင်းမှာ ညာဘက်သို့ ခွဲသွားနေ၏။ သို့သော်လည်း ဤတစ်ကြိမ်တွင် ရှုယွင်စန်းသည် သူတို့နှစ်ခုအတွင်းတွင် တစ်ခုကိုမှ မရွေးခဲ့ပေ။ သူသည် တည့်တည့်သာ လျှောက်သွားခဲ့၍၊ အရှေ့မှ ခရမ်းရောင် နရံကြီးကို ထိပ်တိုက်တိုးခဲ့လိုက်သည်။

ရှုယွင်စန်းသည် ဤခရမ်းရောင် နရံကြီးကို ဖျက်ဆီးရန်အတွက်၊ စွမ်းအားများကို ထုတ်မသုံးခဲ့ပေ။ သူသည် စိတ်ဓာတ်ပြတ်သားစွာနှင့် တစ်လှမ်းပြီးတစ်လှမ်း၊ နရံဆီသို့ ဦးတည်၍ လျှောက်လှမ်းသွားခဲ့သည်!

ထူးဆန်းသော မြင်ကွင်းတစ်ခုက ပေါ်ပေါက်လာခဲ့သည်။ ခရမ်းရောင် နရံမှနေ၍ ရေကန့်လန့်ကာ တစ်ခုကဲ့သို့၊ လှိုင်းတွန့်များက ပေါ်ထွက်လာခဲ့သည်။ ရှုယွင်စန်း၏ ခန္ဓာကိုယ်သည် နရံအား တိုက်ရိုက်ဖြတ်သန်းကာ၊ အခြားတစ်ဘက်သို့ ရောက်ရှိသွားခဲ့သည်။

ထိုမြင်ကွင်းအား ကြည့်နေခဲ့ကာ ဝင်္ကပါ၏ ပြင်ပတွင် ရှောင်ယန်၊ ဇူရီနှင့် ကျန်သောသူများက စတင်၍ ရယ်လိုက်ကြ၏။

"နောက်ဆုံးမှာ တစ်စုံတစ်ယောက်က သဘောပေါက်သွားပြီပဲ။ ကျွန်တော်က စိတ်လှုပ်ရှားလွန်းလို့ သေတော့မယ်" ရှောင်ပုတန်က အသံစူးစူးဖြင့် ရယ်လိုက်သည်။ "ဒါက ဒီလောက်အထိ ရိုးစင်းတာကို၊ ဘာဖြစ်လို့ တစ်ယောက်ကမှ အရင်က မစဥ်းစားမိကြတာလဲ?"

ရှောင်ယန်နှင့် ကျန်သောသူများသည် ဆွံ့အစွာနှင့် သူတို့၏ ခေါင်းများကို ခါလိုက်ကြ၏။ ဤဝင်္ကပါသည် လုံးဝကို ချိတ်ပိတ်ထားခြင်းကြောင့်၊ လမ်းကြောင်းတစ်ခုချင်းဆီကို လျှောက်သွားနေခြင်းဖြင့် လမ်းကြောင်းမှန်ကို ရှာတွေ့မည် မဟုတ်ပေ။ ဝင်ပေါက်သာရှိ၍ ပုံမှန်နည်းလမ်းအားဖြင့် ထွက်ပေါက်မရှိသော ဝင်္ကပါတစ်ခု ဖြစ်သည်။

မှန်ကန်သော ဖြေရှင်းနည်းမှာ ဝင်ပေါက်မှနေ၍၊ နရံများကို ဖြတ်၍ တည့်တည့်လျှောက်လှမ်းရန် ဖြစ်သည်။ ဤလမ်းအတိုင်း ခရမ်းရောင်တိမ်တိုက် ဝင်္ကပါတစ်ခုလုံးအား ဖြတ်၍ ကျော်ဖြတ်ရန် ဖြစ်သည်။

ရှောင်ပုတန်သည် ရယ်ရမ်းသွေး၍ ဆက်ပြောလိုက်သည်။ "အမှန်ဆိုရင် ဒီဝင်္ကပါကို ဖြေရှင်းရတာက လွယ်ပါတယ်။ တစ်ယောက်က ပုံမှန်တွေးနေကျ အတွေးတွေရဲ့ အထဲကနေ ချိုးဖောက်ထွက်ရမယ်။ ဒါပေမဲ့ ဆရာ့ရဲ့ ဝင်္ကပါကလည်း၊ သူတို့တွေရဲ့ နဂို အမှတ်အသားတွေကို ပြုပြင်တဲ့အထိကို အရှက်မဲ့လှပါတယ်။ ဒီလို ဝင်္ကပါမျိုးကို စည်းကမ်းတွေကို လိုက်နာပြီး ဖြတ်ကျော်ချင်တယ် ဆိုရင်တော့၊ ခံသွားရမှာပဲ မဟုတ်ဘူးလား?"

ဝင်္ကပါအတွင်းတွင် လမ်းကြောင်းအမှန်ကို ရှာဖွေနိုင်ပြီးနောက်တွင်၊ ရှုယွင်စန်းသည် သူ၏ ထင်မြင်ချက်အား မှန်မမှန် စမ်းသပ်ရန် အခြားနေရာများတွင်လည်း စမ်းသပ်ခဲ့သေးသည်။ နောက်ဆုံးတွင် ဝင်ပေါက်နှင့် တည့်တည့်ဖြစ်သော နရံသည်သာလျှင် ထွက်ပေါက်ဖြစ်ပြီး၊ ကျန်သောနေရာများ အားလုံးတွင် သူသည် နရံနှင့်သာ ဝင်ဆောင့်ခဲ့မိသည်။

ရှုယွင်စန်းသည် လမ်းကြောင်းတစ်လျှောက်မှ နရံများကို ဖြတ်ကျော်၍၊ အရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ လမ်းတစ်ဝက်သို့ ရောက်သောအခါ၊ သူသည် ဖြောင့်တန်းနေသော လမ်းကြောင်းတစ်ခုကို ရင်ဆိုင်တွေ့လိုက်ရသည်။

သူသည် ထိုလမ်းကြောင်းအတိုင်း ဆက်လျှောက်နေခဲ့၏။ သူသည် လမ်းဆုံလမ်းခွနှင့် ထပ်မံကြုံတွေ့ ခဲ့ရသောအခါ၊ သူသည် ဘယ်ဘက်ကိုမှ မရွေးချယ်ခဲ့ပဲ နရံကိုသာ ဖြတ်လျှောက်ခဲ့သည်။ ထင်ထားသည့်အတိုင်း သူသည် နရံအား ဖြတ်ကျော်နိုင်ခဲ့ပြန်သည်။

ထိုလမ်းအတိုင်း ဆက်လျှောက်လာခဲ့ရာ၊ ရှုယွင်စန်းသည် မကြာမီတွင် ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ အတွင်းမှ ထွက်လာနိုင်ခဲ့သည်။ သူသည် နောက်ဆုံးနရံအား ဖြတ်ကျော်ပြီးသောအခါ၊ ဝင်္ကပါ၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

ရှုယွင်စန်း၏ မျက်နှာတွင် အောင်မြင်မှုကြောင့်ဖြစ်သော အပြုံးတစ်ခုက ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း ချက်ချင်းပင် သူသည် သူ၏အနောက်တွင် တစ်စုံတစ်ခုကို ခံစားမိခဲ့ရသည်။ သူက အနောက်သို့ လှည့်ကြည့်လိုက်ရာ၊ သူနှင့် မရှေးမနှောင်းပင် ဝင်္ကပါအတွင်းမှ လူတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရ၏။ ပိန်ပိန်ပါးပါး အသားမည်းမည်းနှင့် ယင်းလော်ရှသည်လည်း၊ နရံကို ဖြတ်ကျော်၍ ထွက်လာခဲ့သည်။

သူတို့နှစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ယင်းလော်ရှသည် သူ၏ခေါင်းကို ခါလိုက်သည်။ "ငါကမင်းကို အနိုင်မယူနိုင်သေးဘူး" ရှုယွင်စန်းသည် ပြုံးလိုက်သည်။ "နောက်ပိုင်းမှာ အခွင့်အရေးတွေ ပေါ်လာပါလိမ့်မယ်"

သိပ်မကြာမီမှာပင် လီရှင်းဖေးနှင့် လျှိုရှဖုန်းတို့သည်လည်း၊ ဝင်္ကပါ၏ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တို့အား သဘောပေါက်နိုင်ကြ၍၊ တစ်ယောက်ပြီးမှ တစ်ယောက် ထွက်လာနိုင်ခဲ့ကြသည်။

လင်းဖုန်းသည် ရှောင်ယန်နှင့် ကျန်သောသူများကို လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။ "ကဲ၊ မင်းတို့ကလည်း သွားပြီးတော့ ပြင်ဆင်မှုတွေ သွားလုပ်ထားကြဦး။ ငါ့ရဲ့စမ်းသပ်မှု ပြီးဆုံးသွားရင်၊ မင်းတို့က တပည့်ရွေးရမယ့် အချိန်ကို ရောက်လာတော့မယ်။ ပွင့်ပွင်းလင်းလင်း ပြောရရင် အလားအလာ ရှိတဲ့သူတွေက သိပ်မများပဲ၊ သူတို့မှာလည်း ရွေးချယ်ပိုင်ခွင့် ရှိနေကြတယ်။ မင်းတို့သဘောကျတဲ့သူက မင်းတို့နား ရောက်လာမလား ဆိုတာကို စောင့်ကြည့်ကြတာပေါ့"

ဇူရီနှင့် ကျန်သောသူများသည် အပြုံးများကို ဖလှယ်လိုက်ကြပြီး၊ သူတို့၏ကိုယ်ပိုင် ဗိမာန်များဆီသို့ အလင်းတန်းများအဖြစ် ပျံသန်းထွက်ခွာသွားကြသည်။

ငရဲမီး ချောက်ကမ်းပါး၊ ကောင်းကင်ဘုံကျောင်း၊ သစ်တောဗိမာန်၊ ဆီးနှင်းမုန်တိုင်းချိုင့်ဝှမ်း၊ နိဗ္ဗာန်ကမ္ဘာနှင့် မြေရိုင်းလျှိုမြောင် - ဗိမာန်ခြောက်ခုတို့သည် တပြိုင်နက်တည်း တောက်ပသော အလင်းတန်းများဖြင့် လင်းလက်လာခဲ့သည်။

ရှောင်ယန်သည် သက်တန့်တိမ်တိုက် တံတား၏ သယ်ယူပို့ဆောင်ခြင်း စွမ်းရည်ဖြင့်၊ ငရဲမီး ချောက်ကမ်းပါးသို့ ပြန်လာနိုင်ခဲ့သည်။ "ဆရာ၊ ကျွန်တော့်ကို ကူညီပါဦး"

လင်းဖုန်းသည် ပြုံးလိုက်ကာ အတွေးတစ်ချက်နှင့်ပင်၊ ငရဲမီး ချောက်ကမ်းပါးမှ အကြွင်းမဲ့မီးတောက် သုံးခုတို့သည် ပြင်းထန်လှပစွာဖြင့် ကခုန်လာကြသည်။ ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်နှင့် နန်းမင် အကြွင်းမဲ့ မီးတောက်တို့သည် အဖိနှိပ်ခံလိုက်ရ၍၊ မဟာသူရိယ အကြွင်းမဲ့ မီးတောက်သာလျှင် နေမင်း၏ ရွှေရောင်အလင်းတန်းများဖြင့် ကျန်ရှိနေခဲ့သည်။

"မင်းက နန်းမင် အကြွင်းမဲ့ မီးတောက်ကို မထိန်းချုပ်နိုင်သေးဘူး။ ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်က ကြမ်းတမ်းလွန်းတယ်။ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ဆိုရင် လုံလောက်ပြီ" လင်းဖုန်းက ရှောင်ယန်အား မှော်စွမ်းအင်ဖြင့် အသံလွှင့်ကာ ပြောလိုက်သည်။ ရှောင်ယန်က ခေါင်းညိတ်လိုက်ကာ၊ ငရဲမီး ချောက်ကမ်းပါးတွင် စိတ်ရှည်စွာဖြင့် စောင့်မျှော်နေခဲ့သည်။

အချိန်မှာ လျှင်မြန်စွာနှင့် ပြည့်သွားခဲ့ပြီး လင်းဖုန်းက အကဲခတ်လိုက်ရာ၊ ဝင်္ကပါအတွင်းမှ အောင်မြင်စွာနှင့် ထွက်လာနိုင်သူမှာ ၁၁ယောက်သာ ရှိသည်ကို တွေ့လိုက်ရ၏။ ဒုတိယမျိုးဆက် အတွင်းမှ တပည့်၉ယောက်နှင့် ကျန်နှစ်ယောက်မှ ရှောင်ဟွမ်းကျိနှင့် အခြားကလေး တစ်ယောက်ဖြစ်သည်။

ချီကျင့်ကြံမှုတွင် ကလေးများသည် ပို၍အားကောင်းသော်လည်း၊ အရိုးအရင်းမြစ်၊ သဘောပေါက် နားလည်နိုင်စွမ်းနှင့် အထူးသဖြင့် စိတ်စွမ်းအားတို့တွင် သူတို့သည် အားနည်းသဖြင့်၊ သူတို့အတွင်းမှ အနည်းငယ်သည်သာလျှင် စမ်းသပ်မှုကို အောင်မြင်စွာနှင့် ကျော်ဖြတ်နိုင်ခဲ့ကြသည်။

"အချိန်ပြည့်ပြီ" လင်းဖုန်းသည် သူ၏လက်အား တည်ငြိမ်စွာနှင့် ဝှေ့ယမ်းလိုက်ရာ၊ ခရမ်းရောင်တိမ်တိုက် ဝင်္ကပါကြီးသည် ရုတ်ချည်းပင် ကွယ်ပျောက်သွားခဲ့သည်။ ခရမ်းရောင် တိမ်တိုက်များသည် ဝင်္ကပါအတွင်းမှာ ကျန်နေကြသောသူများကို မတင်ပေးလိုက်ခဲ့၏။

ထိုဆယ်ကျော်သက်များ၏ မျက်နှာများတွင် ညှိုးငယ်သော အကြည့်များပေါ်လာခဲ့၍၊ ရှုယွင်စန်းနှင့် ကျန်သောသူများအား ကြည့်လိုက်ကာ လေးစားအားကျသော အကြည့်များဖြင့် ပြည့်လာခဲ့သည်။

လင်းဖုန်းသည် လေပေါ်တွင် ရပ်နေခဲ့ကာ၊ သူ၏ ပုံစံသည် စကြာဝဠာနှင် တစ်သားတည်းကဲ့သို့ ဖြစ်နေခဲ့သည်။ သူ၏အသံသည် အလွန်မကျယ်လှသော်လည်း၊ လေဟာနယ် တစ်ခုလုံးတွင် ပဲ့တင်ခတ်နေခဲ့သည်။

"စမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့ လူတွေက၊ မင်းတို့ရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ ရွေးချယ်နိုင်ကြတယ်။ မင်းတို့ရဲ့ စိတ်ထဲမှာရှိတဲ့ ဆရာရဲ့ ဗိမာန်ကို ဆက်သွားနိုင်ကြတယ်။ ဒါက မင်းတို့ရဲ့ ဒုတိယ စမ်းသပ်မှု ဖြစ်သွားလိမ့်မယ်။ ဗိမာန်တိုင်းမှာ ကွဲပြားခြားနားတဲ့ အကာအကွယ် ဝင်္ကပါနဲ့ အတားအဆီးတွေ ရှိကြတယ်။ သူတို့ကို အောင်မြင်စွာနဲ့ ဖြတ်ကျော်နိုင်မှသာ၊ မင်းတို့ရဲ့ စမ်းသပ်မှုက ပြီးဆုံးမှာဖြစ်တယ်။ မအောင်မြင်တဲ့သူတွေက နောက်ထပ် အခွင့်အရေးတစ်ခုကို ထပ်စောင့်ရမှာ ဖြစ်တယ်"

ရှုယွင်စန်း၊ ယင်းလော်ရှတို့နှင့် ကျန်သောသူများ၏ စိတ်ဓာတ်များသည်၊ ချက်ချင်းပင် ပြန်လည်ပြုတ်ကျသွားကြသည်။ ခရမ်းရောင်တိမ်တိုက် ဝင်္ကပါအတွင်းမှ ထွက်လာနိုင်၍ လျှော့ထားသော စိတ်များသည်၊ ချက်ချင်းပင် ပြန်လည်တင်းကြပ်သွားကြ၏။ သူတို့သည် ရိုသေလေးစားလှစွာဖြင့် လင်းဖုန်းအား တပြိုက်နက် ဦးညွှတ်လိုက်ကြသည်။ "အရှင့်ရဲ့ ဆန္ဒအတိုင်းပါ"

မအောင်မြင်ခဲ့ကြသော ကျန်နေသေးသည့် တပည့်နှင့် ကလေးများသည်လည်း၊ အဝေးမှ ဗိမာန်ခြောက်ခုအား စိတ်ဝင်စားစွာဖြင့် စိုက်ကြည့်နေကြသည်။ သူတို့သည် ဆရာရွေးရန် အခွင့်အရေး မရခဲ့သော်လည်း၊ ရှုယွင်စန်းနှင့် ကျန်သောသူများက ဒုတိယ စမ်းသပ်မှုအား အောင်မြင်နိုင်မည်လောကို သိချင်နေကြ၏။

တစ်ချိန်တည်းမှာပင် သူတို့သည် ရှောင်ယန်နှင့် ကျန်သောသူများက၊ မည်သို့သော အခက်အခဲမျိုးကို ပြင်ဆင်ထားကြမည်ကို သိချင်နေကြသည်။ စပ်စုလိုစိတ်အပြင် နောက်တစ်ခေါက် သူတို့က စာမေးပွဲ ဖြေဆိုသည့်အခါ၊ မည်ကဲ့သို့သော ပြင်ဆင်မှုများ ပြုလုပ်ထားရမည်ကို သိချင်နေကြခြင်း ဖြစ်သည်။

သူတို့သည် ဆရာရွေးချယ်ပိုင်ခွင့် ရှိကြသည်ကို ကြိုတင်သိရှိထားပြီး ဖြစ်ကြသဖြင့်၊ ရှုယွင်စန်းနှင့် ကျန်သောသူများသည် မည်သူ့ကို ရွေးချယ်မည်ကို စိတ်ထဲတွင် ကြိုတင်စဥ်းစားထားပြီးသား ဖြစ်နေကြ၏။ ထို့ကြောင့် ယခုအချိန်တွင် သူတို့သည် ချီတုံချတုံ မဖြစ်နေကြပဲ လင်းဖုန်းအား ပြိုင်တူဦးညွှတ်လိုက်ကြကာ၊ သူတို့၏ ပစ်မှတ်ဗိမာန်များဆီသို့ အသီးသီး ချီတက်သွားကြသည်။

ယင်းလော်ရှသည် လင်းဖုန်းအား တစ်ချက်စိုက်ကြည့်လိုက်ကာ၊ သူ၏အံကို တိတ်တဆိတ် ကြိတ်လိုက်သည်။ "တကယ်လို့များငါက ဝင်္ကပါထဲက အဖြေမှန်ကို ချက်ချင်းဖော်ထုတ်နိုင်ခဲ့ရင်၊ ရှုယွင်စန်းကို နိုင်ရုံတင်မကပဲ ဂရန်းမာစတာကိုပါ ဆရာအဖြစ် ရနိုင်ဦးမယ်"

လင်းဖုန်းသည် ထို၁၁ယောက်တို့၏ ရွေးချယ်မှုများကို တိတ်တဆိတ် လေ့လာနေခဲ့၍၊ သူ၏မျက်နှာတွင် စိတ်ဝင်စားသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "စိတ်ဝင်စားစရာပဲ"

လူအရေအတွက်နှင့်ဆိုလျှင်၊ ရှောင်ယန်နှင့် ဇူရီတို့သည် နာမည်အကြီးဆုံး ဆရာများ ဖြစ်ကြသည်။ သူတို့နှစ်ယောက် ပေါင်းလိုက်လျှင် တပည့်တစ်ဝက်ကျော်အား ဆွဲဆောင်နိုင်ခဲ့သည်။

ဒါသည် အကြောင်းရင်းပေါင်း များစွာတို့ကြောင့် ဖြစ်၏။ ဒုတိယမျိုးဆက် တပည့်များသည် တစ်ယောက်မှ ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးသို့ မတက်ရောက်ခဲ့ရပေ။ သူတို့ပြန်လာသော အခါတွင်လည်း၊ အစည်းအဝေးမှ အကြောင်းအရာများကို သူတို့အား တစ်ယောက်မှ မပြောပြခဲ့ပေ။ ထို့ကြောင့် သူတို့သည် ထိုအစည်းအဝေးမှ၊ လင်းဖုန်း၏ လက်ရင်းတပည့်များ၏ စွမ်းဆောင်ရည်များကို မသိခဲ့ကြပေ။

လင်းဖုန်း၏ လက်ရင်းတပည့် ခြောက်ယောက်တို့နှင့် ပတ်သတ်၍၊ ဆယ်ကျော်သက်တို့သည် အမှန်ဆိုလျှင် သိပ်၍ နားမလည်သေးကြပေ။ ထို့ကြောင့် သူတို့သည်၊ သူတို့၏ ယခင်မှ ထင်မြင်ချက်များ အပေါ်တွင်သာ မူတည်၍ ရွေးချယ်ခဲ့ကြသည်။

သူတို့အထဲတွင် ရှောင်ယန်သည် လင်းဖုန်း၏ တပည့်ကြီးဖြစ်ကာ၊ ဇူရီသည် သူတို့ဂိုဏ်းအတွင်းသို့ စဝင်ကတည်းက နည်းစနစ်များကို တာဝန်ယူ သင်ကြားပေးခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် နာမည်အကြီးဆုံး ဖြစ်နေရသည်မှာ၊ အကျိုးအကြောင်း ဆီလျှော်ပေသည်။

လူငယ်များ အနေနှင့် လင်းဖုန်း လက်ရင်းတပည့်များ၏ အစွမ်းအစကို တိုက်ရိုက်ကြည့်ရှုခဲ့ရခြင်းမှာ၊ ဂိုဏ်းဖွင့်ပွဲ မတိုင်ခင်မှ ရှကျိုးမြို့ပြင် တိုက်ပွဲတွင် ဖြစ်သည်။ ရွှေရောင်ဗဟိုချက် အဆင့်မှ ရှောင်ယန်၊ ဇူရီနှင့် ရှောင်ပုတန်တို့သည်၊ အခြေတည်ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်ယောက်စီတို့ကို ခုခံကာကွယ်နိုင်ခဲ့ကာ၊ ရှိသမျှလူတို့အား အံ့ဩတုန်လှုပ်စေခဲ့သည်။

အခြေခံအုတ်မြစ် စဦးပိုင်း အဆင့်မှ ဝမ်လင်းမှာ မထင်ရှားခဲ့သည်မှာ၊ အမှန်တရားပင် ဖြစ်သည်။

ရှောင်ပုတန် အနေနှင့်မူ၊ သူ၏ အသွင်အပြင်မှာ ချစ်စရာကောင်းသော ကလေးငယ်တစ်ယောက် ပုံစံသာ ရှိသေးသည်။ သူတို့သည် သူ့၏ စွမ်းအင်နှင့် ခွန်အားများကို သိနေကြသော်လည်း၊ သူ့ထက် အသက်ပိုကြီးကြသော ဒုတိယမျိုးဆက် တပည့်များအနေဖြင့်၊ သူ၏တပည့်အဖြစ် ခံယူရန် ဆန္ဒမရှိကြပေ။ ထို့ကြောင့် သူ၏ မြေရိုင်းလျှိုမြောင်တွင် ကြွက်တစ်ကောင် ကြောင်တစ်မြီးမှ မရှိခဲ့ပေ။

ထို့ကြောင့် ယခင်က စိတ်လှုပ်ရှားတက်ကြွနေခဲ့သော ရှောင်ပုတန်လေးသည်၊ စိတ်ပျက်လက်ပျက်ဖြင့် မြေရိုင်းလျှိုမြောင်၏ ဝင်ပေါက်ရှေ့တွင် လက်မှိုင်ချကာ ထိုင်နေခဲ့ပြီး၊ တပည့်များက အခြားဗိမာန်များထံသို့ လျှောက်သွားနေကြသည်ကို တွေတွေကြီး စိုက်ကြည့်နေခဲ့သည်။

ယန်ချင်၏ နိဗ္ဗာန်ကမ္ဘာသည်လည်း အလားတူပင် ကန္တာရသဖွယ် ခြောက်ကပ်နေခဲ့၏။ ယခင်က ယန်ချင်နှင့် ဒုတိယမျိုးဆက် တပည့်များသည်၊ ဂိုဏ်းဖွင့်ပွဲ အခမ်းအနားတွင် အတူတကွ ဂိုဏ်းထဲသို့ ဝင်ခဲ့ကြသူများ ဖြစ်သည်။ နောက်ဆုံးတွင် သူက ခုန်ပျံကျော်လွှားကာ၊ လင်းဖုန်း၏ လက်ရင်းတပည့် တိုက်ရိုက်ဖြစ်သွားခဲ့သည်။

သူတို့သည် ယန်ချန်မှာ အခြေခံအုတ်မြစ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်ကို သိနေခဲ့ကြသော်လည်း၊ ထိုလူငယ်များမှာ မာနရှိသေးကြပြီး သူ့ထံသို့သွားကာ သူ၏တပည့်အဖြစ် မခံယူလိုကြပေ။

လင်းဖုန်းက ယန်ချင်အား အကဲခတ်လိုက်ရာ၊ သူသည် စိတ်တည်ငြိမ်နေရုံတင် မကပဲ စိတ်သက်သာရာပင် ရနေခဲ့သည်ကို တွေ့လိုက်ရ၏။

သူသည် သူနှင့်အတူတူ ဂိုဏ်းအတွင်းသို့ ဝင်ခဲ့သော သူများကို၊ တပည့်အဖြစ် လက်ခံရန် ကသိကအောက် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ယခုအခြေအနေတွင် သူက စိတ်လက်ပေါ့ပါးနေခဲ့ခြင်း ဖြစ်သည်။

"ရည်မှန်းချက် မရှိတဲ့ ကောင်စုတ်လေး!" လင်းဖုန်း၏ နှုတ်ခမ်းများသည် တွန့်သွားခဲ့ကာ၊ "မင်းကို သင်ကြားပြသဖို့၊ ငါက အတော်ကြိုးစားရဦးမယ်"

တစ်ချိန်တည်းတွင်ပင် ယွဲ့ဟုန်ယန်သည် ယန်ချန်နည်းတူ၊ ကသိကအောက် အခြေအနေနှင့် ကြုံတွေ့နေရသည်။ သို့သော်လည်း သူမသည် ခြောက်ယောက်အတွင်းတွင် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သဖြင့်၊ သူမကို ရွေးချယ်လိုသူ တပည့်အချို့လည်း ရှိသေးသည်။

သူမနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် ရှောင်ဟွမ်းကျိအပြင်၊ ဒုတိယမျိုးဆက်မှ အမျိုးသမီး တပည့်တစ်ဦးသည် ဆီးနှင်းမုန်တိုင်း ချိုင့်ဝှမ်းအား ရွေးချယ်ခဲ့သည်။

လင်းဖုန်းသည် နူးညံ့သိမ်မွေ့ ညင်သာပုံပေါက်နေသည့် ထိုမိန်းကလေးအား ရယ်ချင်စွာဖြင့် ကြည့်လိုက်ကာ၊ သူ၏ခေါင်းကို ဆက်တိုက်ခါယမ်းလိုက်သည်။ "မင်းက ဒီတစ်ခေါက်တော့ မှားသွားပြီ။ ဟုန်ရန်ရဲ့ ကြမ်းတမ်းခက်ထန်တဲ့ ပုံစံကို၊ အမျိုးသမီး တော်တော်များများက သင်ယူနိုင်မှာ မဟုတ်ဘူး"

ထိုအချိန်မှာပင် ဒုတိယမျိုးဆက် တပည့်များအတွင်းတွင် အထူးချွန်ဆုံး ဖြစ်ကြသော၊ ရှုယွင်စန်း၊ ယင်းလော်ရှ၊ လီရှင်းဖေးနှင့် လျှိုရှဖုန်းတို့သည်၊ သူတို့၏ ရွေးချယ်မှုများကို အသီးသီး ပြုလုပ်လိုက်ကြသည်။

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

97.1K 12.2K 91
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
58.8K 5.8K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်...
179K 28.9K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
541K 75.4K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဉ်ရှုသေဆုံးခဲ့သည်။ သို့သော် သူမ၏ကံကောင်းမှုအနည်းငယ်ကြောင့် သနားစရ...