ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80K 8.8K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ

439 50 0
By KazunoMora

အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ

အလင်းဓားမြန် ဓားမာစတာသည် ကောင်းစွာဖုံးကွယ်ထားခဲ့သော်လည်း၊ လင်းဖုန်းသည် သူ၏ စိတ်ရှုပ်ထွေးနေသော အကြည့်၏နောက်ကွယ်မှ အကြောင်းရင်းအား သိနေခဲ့ပေသည်။

ကသိကအောက်ဖြစ်ခြင်း၊ ဒွိဟဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း.. ခံစားချက်ပေါင်း မျိုးစုံတို့သည် ရစ်ပတ်ဖွဲ့နှောင်နေကြ၏။

လင်းဖုန်းသည် အချိန်ခဏကြာမျှ စဉ်းစားလိုက်ပြီး၊ အလင်းဓားမြန် ဓားမာစတာသည် အဘယ်ကြောင့် ဤမျှအထိ စိတ်ဓာတ်ကျနေမှန်းကို သဘောပေါက်ခဲ့သည်။ ထိုအဖြစ်သည် ရှောင်ပုတန်လေး ယူပြန်လာခဲ့သော ကောင်းကင်ဖာထေး နွယ်ပင်နှင့် ဆက်စပ်နေခဲ့သည်။

အလင်းဓားမြန် ဓားမာစတာ၏ ဘေးတွင်ရပ်နေသော ထောင်ရောင်ရောင်သည်လည်း၊ စိတ်ဓာတ်ကျနေသော အမူအရာများ ပေါက်နေခဲ့သည်။

အခြေတည်ဝိညာဉ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်အား သတ်ပြီးသွား၍ သူမ၏ ရွှေရောင်ဗဟိုချက် ကွဲအက်သွားသောအခါ၊ ထောင်ရောင်ရောင်သည် ရှင်းယွင်တောင်ထိပ်တွင် တံခါးပိတ်၍ ဒဏ်ရာကို ကုစားနေခဲ့သည်။ သူမ ဒဏ်ရာကုစားနေသည်မှာ နှစ်ပေါင်းရာနှင့်ချီ၍ ကြာသွားခဲ့သည်။ ဤအချိန်တွင် သူမက အပြင်သို့ ထွက်လာခဲ့၍ ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေးသို့ လာတက်ရခြင်းမှာ၊ ကောင်းကင်ဖာထေး နွယ်ပင်အား လိုချင်သောကြောင့် ဖြစ်သည်။

ထိုနွယ်ပင်ကိုရမှသာ သူမ၏ အက်ကွဲနေသော ရွှေရောင်ဗဟိုချက်အား ဖာထေးနိုင်၍၊ အပြည့်အဝ ကောင်းမွန်နိုင်ရန် အခွင့်အရေး ရှိမည်ဖြစ်သည်။

ထောင်ရောင်ရောင်၏ ပါရမီစွမ်းရည်နှင့်ဆိုလျှင် သူမ၏ ဒဏ်ရာကြောင့်သာ မဟုတ်လျှင်၊ အခြေတည်ဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်မည်။

ထောင်ရောင်ရောင် အနေနှင့် ရွှေရောင်ဗဟိုချက် အဆင့်တွင် ဆက်နေရခြင်းသည် ညှင်းပန်းမှုတစ်ခုနှင့် တူနေပြီး၊ အလင်းဓားမြန်ဂိုဏ်း တစ်ခုလုံး အနေနှင့်လည်း ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခုဖြစ်သည်။

သို့သော်လည်း အရာအားလုံးတို့သည် နောက်ဆုံးတွင် အချည်းနှီးသာ ဖြစ်ခဲ့၏။ ကောင်းကင်ဖာထေး နွယ်ပင်သည် ရှောင်ပုတန်၏ လက်အတွင်းသို့ ကျရောက်သွားခဲ့သည်။ အလင်းဓားမြန် ဓားမာစတာနှင့် ထောင်ရောင်ရောင်တို့သည် အဘယ်မှာ စိတ်ဓာတ်မကျပဲ နေနိုင်ပါမည်နည်း?

သို့သော်လည်း ကောင်းကင်ဖာထေး နွယ်ပင်သည် အစကတည်းက ပိုင်ရှင်မရှိချေ။ အရည်အချင်း ပိုရှိသည့်သူက ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ အလင်းဓားမြန် ဓားမာစတာသည် လင်းဖုန်းအား ထိုနွယ်ပင်ကို သူ့အားပေးမည်ဟု မျှော်လင့်နေလျှင်လည်း သဘာဝမကျပေ။ သူတို့နှစ်ယောက်တို့သည် အစကတည်းက နီးကပ်သော ဆက်ဆံရေးများ ရှိကြသည် မဟုတ်ချေ။

လင်းဖုန်းထံမှ လုယူရအောင်လည်း မဖြစ်နိုင်ပေ။ လင်းဖုန်း၏ လက်ရှိစွမ်းရည်များအရဆိုလျှင်၊ သူ့ဆီမှ ဓားမြတိုက်မည်ဆိုလျှင် ရူးနေ၍ပင် ဖြစ်ပေမည်။

ထို့ကြောင့် အလင်းဓားမြန် ဓားမာစတာ လုပ်နိုင်သော တစ်ခုတည်းသော အရာမှာ၊ လင်းဖုန်းနှင့် ဆက်သွယ်၍ ကောင်းကင်ဖာထေးနွယ်ပင်အား သူ၏ကိုယ်ပိုင် မှော်အိုင်တမ်များနှင့် အလှဲအလှယ်ပြုလုပ်ရန် တောင်းဆိုဖို့ပင်ဖြစ်သည်။

ထို့ကြောင့်ပင် အလင်းဓားမြန် ဓားမာစတာသည် ကသိကအောက်ဖြစ်နေပြီး၊ ဒွိဟဖြစ်နေကာ စိတ်ဓာတ်ကျနေရခြင်း ဖြစ်သည်။

ယခင်က ရှင်းယွင်တောင်ထိပ်ပေါ်တွင် မုယုံယန်ရန်က ရှောင်ယန်အား ရှုံးနိမ့်ပြီးသောအခါ၊ အလင်းဓားမြန် ဓားမာစတာသည် မုယုံယန်ရန်အား သူ၏ တပည့်အဖြစ် လက်ခံခဲ့သည်။ သူသည် လက်ရင်းတပည့် လက်မခံသည်မှာ နှစ်ပေါင်းရာနှင့်ချီခဲ့ပြီ ဖြစ်၍၊ မုယုံယန်ရန်အား ယခုအချိန်တွင် လက်ခံခဲ့ခြင်းမှာ လင်းဖုန်းအား တိတ်တဆိတ် စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သူသည် လင်းဖုန်းအား သူ၏ လက်ရင်းတပည့်သည်၊ ရှောင်ယန်အား ပြန်လည်စိန်ခေါ်၍ လက်စားပြန်ချေမည်ဟု ကြေငြာခဲ့ခြင်း ဖြစ်သည်။

နှစ်ဦးနှစ်ဘက် စလုံးတို့သည် ရှောင်ယန်နှင့် မုယုံယန်ရန်တို့၏ တိုက်ပွဲသည် ယခုအချိန်မှ စတင်ခြင်း ဖြစ်ကြောင်းကို သိနေခဲ့ပေသည်။

ထို့ကြောင့်လည်း အလင်းဓားမြန် ဓားမာစတာသည်၊ လင်းဖုန်းအား စိန်ခေါ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေးတွင် အလင်းဓားမြန် ဓားမာစတာသည်၊ ရှောင်ပုတန်လေးနှင့် ယှဉ်ပြိုင်ခဲ့သော စုန့်ချင်းယွမ် အပေါ်တွင် လောင်းကြေးထပ်ခဲ့သည်။ တစ်ဘက်တွင် သူက စုန့်ချင်းယွမ်အား အလေးပိုပေးခဲ့ခြင်း ဖြစ်ကာ၊ အခြားတစ်ဘက်တွင် သူတို့ဂိုဏ်း နှစ်ဂိုဏ်းအကြားမှ ပြိုင်ဆိုင်မှုအား ဆက်နေခဲ့ခြင်း ဖြစ်၏။

ထိုကဲ့သို့သော အခြေအနေမျိုးတွင်၊ အလင်းဓားမြန် ဓားမာစတာသည် လင်းဖုန်းအား အကူအညီ တောင်းရန်မှာ ဒွိဟဖြစ်သော အခြေအနေပင် ဖြစ်သည်။

သို့သော်လည်း အလင်းဓားမြန် ဓားမာစတာနှင့် အလင်းဓားမြန် ဂိုဏ်းအတွက်မူ၊ ထောင်ရောင်ရောင်၏ အရေးပါမှုသည် မုယုံယန်ရန်နှင့် ယှဉ်လိုက်လျှင် သိသိသာသာကြီး ပိုများပေသည်။

ထို့ကြောင့်ပင် အလင်းဓားမြန် ဓားမာစတာသည် သူ၏စိတ်ကို လျှင်မြန်စွာနှင့် တည်ငြိမ်အောင် လုပ်လိုက်ပြီး၊ လင်းဖုန်းထံသို့ လျှောက်လာခဲ့သည်။ သူက ဖြည်းညင်းစွာ ပြောလိုက်၏။ "မာစတာလင်း၊ ကျုပ်မှာ ခင်ဗျားဆီကနေ အကူအညီ တောင်းခံစရာ တစ်ခုရှိတယ်"

လင်းဖုန်းက အနည်းငယ် ပြုံးလိုက်ကာ၊ တဲ့တိုးမေးလိုက်သည်။ "ခင်ဗျားက ကောင်းကင်ဖာထေး နွယ်ပင်အတွက် လာတာမလား?"

အလင်းဓားမြန် ဓားမာစတာက သူ၏ခေါင်းကို ညိတ်လိုက်သည်။ "မာစတာလင်းက ရိပ်မိနေပြီ ဆိုတော့လည်း၊ ကျုပ်က သွယ်ဝိုက်ပြီးတော့ ပြောမနေတော့ဘူး။ ထောင်ရောင်ရောင်က သူမရဲ့ ဒဏ်ရာတွေကို ကုစားဖို့အတွက်၊ ဒီနွယ်ပင်ကို လိုအပ်နေတယ်။ မာစတာလင်းက ဒီနွယ်ပင်ကို အလှဲအလှယ် ပြုလုပ်လိမ့်မယ်လို့ ကျုပ်က မျှော်လင့်နေပါတယ်။ မာစတာလင်း ဆုံးရှုံးသွားတဲ့ အရာတွေကို ပြန်လည်ဖြည့်ဆည်းပေးဖို့ ကျုပ်ဘက်က အဆင့်သင့် ရှိပါတယ်"

လင်းဖုန်းသည် သူ၏ခေါင်းကို ဖြည်းညင်းစွာနှင့် ခါယမ်းလိုက်သည်။ "ခင်ဗျားကို စိတ်ပျက်မိစေခဲ့လို့ စိတ်မကောင်းပါဘူး။ ကျုပ်မှာကလည်း ကောင်းကင်ဖာထေး နွယ်ပင်ကို အသုံးပြုဖို့ နေရာလေးတွေ ရှိနေတယ်"

အလင်းဓားမြန် ဓားမာစတာသည် တိတ်ဆိတ်သွားခဲ့၍၊ လင်းဖုန်းအား စိုက်ကြည့်နေခဲ့သည်။ လင်းဖုန်းကလည်း သူ့အား တည်ငြိမ်စွာနှင့်ပင် ပြန်လည်စိုက်ကြည့်နေခဲ့၏။ အလင်းဓားမြန် ဓားမာစတာသည် လင်းဖုန်းသည် သူ့အား တမင်သက်သက် လုပ်နေခြင်းမဟုတ်ပဲ၊ နွယ်ပင်၏ တန်ဖိုးကို မြှင့်တင်ချင်နေခြင်းလည်း မဟုတ်မှန်းကို သိလိုက်သည်။

အလင်းဓားမြန် ဓားမာစတာ၏ စိတ်ဓာတ်သည် အောက်ဆုံးသို့ ပြုတ်ကျသွားခဲ့သည်။ သူစိုးရိမ် အပူပန်ဆုံးသော အရာမှာ ဒါပင်ဖြစ်သည်။ သူက လင်းဖုန်းတွင် ထိုနွယ်ပင်အား အသုံးပြုစရာ ကိစ္စတစ်ခုရှိမည်ကို စိုးရိမ်နေခဲ့သည်။ ဤသို့ဖြစ်လျှင် သူ့ထံမှ နွယ်ပင်အား ရယူရန် ခက်ခဲမည် ဖြစ်ပေသည်။

သို့သော်လည်း လင်းဖုန်း၏ စကားများသည် သူအား မျှော်လင့်ချက်များ ပေးစွမ်းနိုင်ခဲ့သည်။ "ကျုပ်က ဒီနွယ်ပင်ကို ကျုပ်တို့ဂိုဏ်းရဲ့ ဆေးတောင်ကြားမှာ စိုက်ထားမယ်။ တစ်နှစ်ကြာပြီးနောက်မှာ ခင်ဗျားက ထောင်ရောင်ရောင်ကို ခေါ်ပြီးတော့၊ ကျုပ်ဆီမှာ နွယ်ပင်လာရှာနိုင်ပါတယ်"

အလင်းဓားမြန် ဓားမာစတာ၏ မျက်မှောင်အစုံမှာ ကြုတ်သွားခဲ့သည်။ အချိန်အတန်ငယ် ကြာပြီးသောအခါ သူမေးလိုက်သည်။ "မာစတာလင်းက အဲ့ဒါကို ဘာနဲ့ အလှဲအလှယ် ပြုလုပ်ချင်နေသလဲ မသိဘူး?"

လင်းဖုန်းက ရယ်လိုက်သည်။ "အချိန်ကျလာရင်၊ ကျုပ်ကအရင် အကြောင်းကြားလိုက်ပါ့မယ်"

အလင်းဓားမြန် ဓားမာစတာ၏ မျက်လုံးအစုံမှာ လင်းလက်လာခဲ့ကာ၊ ခေါင်းကိုညိတ်လိုက်သည်။ "ကောင်းပြီလေ"

ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ တိုက်ခိုက်မှုကြောင့်၊ ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး၏ အဆုံးသတ်သည် အများစုအတွက် မလှမပ ဖြစ်ခဲ့သော်လည်း၊ လင်းဖုန်းနှင့် သူ၏ တပည့်များသည် အကျိုးအမြတ်ပေါင်းများစွာ ရရှိခဲ့ပေသည်။

မြင်တွေ့ရသော ဆုလာဘ်များသည် ပြိုင်ပွဲအသီးသီးတွင် အနိုင်ရခဲ့သော လောင်းကြေးများပင် ဖြစ်သည်။

ရေခဲမှတ်အောက် ဆီးနှင်းပေါက်၊ နေမင်းအဆီအနှစ် ကျောက်တုံး၊ ကမ္ဘာကို ဗဟိုပြုသော မီးကြာပန်း၊ စက်ဝိုင်းကိုးဝိုင်း ရေခဲသစ်ခွ၊ ကျူယန်ရေခဲပန်းပွင့်၊ ရေခဲငှက်၊ ဝင်ရိုးစွန်းနှစ်ဘက် နတ်ပန်းပွင့်၊ သွေးကြောရှစ်ချောင်း ဂျင်ဆင်း၊ ရှောင်စန်းဓား အမွေအနှစ်နှင့် မိုးသောက်ပန်း ဝင်ရိုးစွန်း ကြေးမုံတို့ ဖြစ်ကြသည်။

စိတ်ဝိညာဉ် အားဖြည့်ဆေးပင်၊ ပြင်းထန်ပေါက်ကွဲ ဆေးပင်၊ ကောင်းကင်ဖာထေး နွယ်ပင်၊ ကောင်းကင် ကျောက်ပုလ္လင်နှင့် လိပ်ခွံတို့ကို ထပ်မံထည့်တွက်လျှင်၊ သူတို့သည် ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းမှာ ရတနာသိုက်ကို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရရှိပြီးခဲ့ပြီ ဖြစ်သည်။

ကုန်သွယ်ခြင်းမှလည်း ဇူရီသည် မင်းတု၏ သွားကို ရရှိခဲ့သည်။ ရှောင်ပုတန်လေးက လုပ်ကြံသတ်ဖြတ်ခြင်း ခံရအပြီးတွင်၊ မဟာချင် အင်ပါယာမှ အိုင်တမ်ပေါင်း မြောက်မြားစွာတို့ကိုလည်း လည်ပင်းညှစ်နိုင်ခဲ့သေးသည်။

ထိုအိုင်တမ်များကို စုပေါင်းလိုက်လျှင်၊ သူတို့ ရိပ်သိမ်းနိုင်ခဲ့သော အကျိုးအမြတ်များက မသေးလှချေ။

လက်ဆုပ်လက်ကိုင်ပြ၍ မရသော အကျိုးအမြတ်များမှာ၊ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါနှင့် တိုက်ပွဲအပြီးတွင် မြင့်တက်လာသော လင်းဖုန်း၏ ဂုဏ်သတင်းနှင့်၊ စိတ်ဝိညာဉ် အစည်းအဝေး တစ်လျှောက်တွင် ကျော်ကြားလာခဲ့သော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။ ထိုအရာများ အားလုံးတို့သည် လင်းဖုန်းအား အလွန်အမင်း ကျေနပ်အားရစေခဲ့သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ကြီးစိုးလွှမ်းမိုးနိုင်မှုတို့ကို သက်သေပြနိုင်ရုံတင် မကပဲ၊ သူ၏ တပည့်များသည် သူတို့၏ အစွမ်းများကို ထုတ်ဖော်ပြသခဲ့ကာ၊ သူတို့၏ ဂုဏ်သတင်းတို့ကို တည်ဆောက်နိုင်ခဲ့ကြသည်။

ယနေ့မှစ၍ သတင်းများ ပျံ့နှံ့သွား အပြီးတွင် လင်းဖုန်း၏ တပည့်များသည်၊ မူလကောင်းကင် ကမ္ဘာ၏ အနာဂတ် ပါရမီရှင်များအဖြစ် အသတ်မှတ် ခံရတော့ပေမည်။

"ဒါပေမဲ့ အကုန်လုံးကလည်း ကောင်းတာမဟုတ်ဘူး" လင်းဖုန်းက တစိမ့်စိမ့် တွေးနေခဲ့၏။ "ရှောင်ပုတန်လေးကို ပစ်မှတ်ထားခဲ့တဲ့ လူသတ်သမားတွေ၊ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါကို ယူဆောင်လာခဲ့တဲ့ ချုံးချိမိစ္ဆာမျိုးနွယ်စု၊ ဒါတွေက ပြန်လည် သုံးသပ်ရမယ့် အရာတွေပဲ"

ချုံးချိဟူသည် တောက်တီ၊ ဟွန်းတွမ်း၊ တောက်ဝူတို့နှင့်အတူ ရှေးဟောင်း မကောင်းဆိုးဝါး မဟာမိစ္ဆာ လေးကောင်အနက်တွင် အပါအဝင် ဖြစ်သည်။ တောင်ပံတစ်စုံ၊ အချွန်အတက် အမွေးများနှင့် ချုံးချိတို့သည် နွားသိုးနှင့် ကျားတို့၏ ခန္ဓာကိုယ် ပုံစံမျိုး ရှိလေသည်။ သူတို့သည် မိစ္ဆာကလန်များ အကြားတွင်၊ အရက်စက် အကြမ်းကြုတ်ဆုံး မျိုးနွယ်စုတစ်ခု ဖြစ်ပေသည်။

ချုံးချိ မဟာပဏ္ဍိတသည် လက်ရှိ မိစ္ဆာပဏ္ဍိတ ဆယ်ပါးအနက်တွင် တစ်ပါးအပါအဝင် ဖြစ်သည်။ သူသည် ခွင့်မလွှတ်တတ်သော မိစ္ဆာတစ်ပါး ဖြစ်သည့်အတွက်၊ အခြားမိစ္ဆာမျိုးနွယ်စုတို့မှ မဟာပဏ္ဍိတတို့သည် သူ့အား အကြောင်းမရှိပဲ ရန်မစရဲကြချေ။

ချုံးချိတို့သည် မဟာချင် အင်ပါယာနှင့် ရန်ငြိုးရန်စများ ရှိကြ၍၊ သူတို့သည် မဟာချင် အင်ပါယာအား တိုက်ခိုက်ရန် အခွင့်အရေး ပေါ်လာသောအခါ၊ လက်လွတ်ခံလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း မေးခွန်းဟောင်းကိုသာ ပြန်ကောက်ရမည် ဖြစ်သည်။ ချုံးချိတို့သည် မိစ္ဆာကမ္ဘာမှ မဟာလွင်တီးခေါင် ကုန်းမြေတွင် နေကြသည် ဖြစ်၏။ လေဟာနယ် ကွာဟမှုတို့မှာ မြောက်ပိုင်းလေပြင်း ပင်လယ်နှင့်၊ မိုင်ပေါင်း သိန်းနှင့်ချီ၍ ဝေးကြသည်။ သူတို့သည် အဘယ်နည်းလမ်းမျိုးဖြင့် မဟာချင် အင်ပါယာ၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာနိုင်ကြကာ၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာကို တိုက်ခိုက်နိုင်ကြသနည်း?

လင်းဖုန်းသည် တစ်စုံတစ်ယောက်ကမှ ထိုကိစ္စကို ကြိုးကိုင်ထားခြင်းမရှိဟု မယုံကြည်နေပေ။ ထို့အတူ အခြား အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများကလည်း လက်မခံနိုင်ကြပေ။

ထို့ကြောင့်ပင် ရှီကျုံးယွဲ့၊ ရွှင်ပျော်ပျော် သူတော်စင်နှင့် လောင်းကစား သူတော်စင်တို့ကလည်း ဒေါသထွက်နေကြခြင်း ဖြစ်သည်။ သူတို့သည် ယင်းကိစ္စ၏ အမှန်တရားအား ဖော်ထုတ်နိုင်ရန် ကြိုးစားကြရမည် ဖြစ်သည်။

ထို့အပြင် ချုံးချိမိစ္ဆာမျိုးနွယ်စုတို့သည် ပျောက်ဆုံးနေသည်မှာ ကြာခဲ့ပြီဖြစ်သော၊ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါအား ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ မဟာချင် အင်ပါယာ အတွက်မူ ထိုသတင်းသည် သတင်းဆိုးတစ်ခု ဖြစ်သည်။ ဒါသည် သူတို့၏မြို့တော် ရှီးလင်နှင့် ကျန်သော မဟာချင်၏ နယ်နိမိတ်များတွင်၊ သတိထားရတော့မည့် အခြေအနေ ဖြစ်သည်။

ဤကိစ္စသည် မဟာချင် အင်ပါယာ၏ အမြင့်ဆုံး အဆင့်မှ လူများနှင့် တိုင်ပင်ဆွေးနွေးရမည့် ကိစ္စဖြစ်၏။ လိုအပ်သော ပြင်ဆင်မှုများကို ကြိုတင်လုပ်ဆောင်ထားရမည် ဖြစ်သည်။ အထူးသဖြင့် တစ်စုံတစ်ယောက်က သူတို့အား အကူအညီ ပေးနေခဲ့ခြင်းမှာ၊ ရှီကျုံးယွဲ့နှင့် ကျန်သောသူများကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ယခုအချိန်တွင် ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာသည် အပြင်းအထန် တုန်ခါလာခဲ့သည်။ ကမ္ဘာနှစ်ခုအကြားမှ ဝင်ပေါက်သည် စတင်ပိတ်နေခဲ့ပြီ ဖြစ်သည်။

အစောပိုင်းက လင်းဖုန်းနှင့် ကျန်သောသူများသည် သူတို့၏ တပည့်များကို အလျှင်အမြန် ထွက်ခွာခိုင်းခဲ့သည်မှာ၊ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်။ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ တိုက်ခိုက်မှုကြောင့်၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာသည် ပုံမှန်ဆိုလျှင် တစ်လကြာအောင် ပွင့်ရမည့်အစား၊ ရက်အနည်းငယ်အကြာတွင် ပြန်ပိတ်သွားခဲ့သည်။

ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေးသည် တရားဝင်ပြီးဆုံးသွားခဲ့ကာ၊ ကန့်လန့်ကာချ ပိတ်သိမ်းခဲ့ပြီ ဖြစ်သည်။ အားလုံးတို့သည်လည်း သူတို့လာရာနေရာသို့ ပြန်သွားကြရတော့မည် ဖြစ်သည်။

အားလုံးတို့သည် ရောထွေးနေသော ခံစားချက် ကိုယ်စီနှင့် ဖြစ်နေကြသည်။ ပါဝင်ဆင်နွှဲခဲ့ကြသော ကျင့်ကြံသူ အားလုံးတို့သည်၊ ထိုအတွေ့အကြုံများကို သူတို့၏ စိတ်ထဲတွင် ခတ်နှိပ်ပြီးသား ဖြစ်နေကြသည်။ ပြိုင်ဆိုင်မှု ပြင်းထန်လှသော ပြိုင်ပွဲများ ဖြစ်စေ၊ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ တိုက်ခိုက်မှုဖြစ်စေ၊ သူတို့သည် အများ၏ စိတ်ထဲတွင် ထာဝရ အမှတ်ရနေကြမည် ဖြစ်သည်

ခေါင်းဆောင်အသီးသီး အတွက်မူ သူတို့တွေးရမည့် ပြဿနာပေါင်းစုံနှင့်၊ လုပ်ဆောင်ရမည့် အရာများစွာတို့က စောင့်ကြိုနေကြသည်။ ဤစိတ်ဝိညာဉ် အစည်းအဝေးသည် အားလုံး၏ အစသာ ဖြစ်ပေသည်။

လင်းဖုန်းသည်လည်း ကျဲယုနှင့် ကွေနွားဘုရင်တို့ကို ခေါ်လိုက်ကာ၊ အိမ်အပြန်ခရီးကို စတင်လိုက်သည်။

သူနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည်၊ ယခုအချိန်အထိပင် ခံစားလို့ကောင်းဆဲ ရှိသေးသည်။ လင်းဖုန်းသည် သူ၏တပည့်များအား ထပ်မံ၍ပင် ယှဉ်ပြိုင်ကြစေလိုသေးသည်။

ရှောင်ပုတန်သည် ယွဲ့ဟုန်ယန်အား ကြည့်လိုက်ကာ ရယ်လိုက်သည်။ "နံပါတ်လေး စီနီယာ၊ စီနီယာ သတိထားမိလား? စီနီယာကို လက်ထပ်ခွင့်တောင်းတဲ့ ရှီဆောင်ချန်းလေ၊ နတ်ရေကန်ဂိုဏ်းက တောက်ယုတင်းကို သွားရှာသေးတယ်၊ ဟားဟားဟား!"

ယွဲ့ဟုန်ယန်၏ မျက်ခုံးပါးအစုံမှာ မြင့်တက်သွားခဲ့၍၊ "သူ့အကြောင်းကို ဆက်မပြောပါနဲ့တော့၊ တကယ့်ငကြောင်ပဲ"

ကျူးကော်ဖန်းလင်ကလည်း ရယ်လိုက်သည်။ "ကျွန်မလည်း တွေ့လိုက်တယ်။ ဒါပေမဲ့ ကြည့်ရတာ၊ သူမရဲ့ ငြင်းပယ်တာကို ခံလိုက်ရတဲ့ပုံပဲ။ သူကတကယ့်ကို ရူးမိုက်တာပဲ၊ သူ့ခေါင်းထဲမှာ ဘာတွေ တွေးနေမှန်းကို မသိပါဘူး"

ရှီဆောင်ချန်းသည် တောက်ယုတင်းအား ချဉ်းကပ်ကာ ယွဲ့ဟုန်ယန်အား ချစ်ခွင့်ပန်ခဲ့သကဲ့သို့၊ လေးနက်သော မျက်နှာထားဖြင့် လက်ထပ်ခွင့် တောင်းခဲ့သည်ကို ပြန်တွေးလိုက်ကာ အားလုံးသည် ပြုံးစိစိနှင့် ဖြစ်လာကြသည်။

ဇူရီနှင့် ဝမ်လင်းတို့ပင် မနေနိုင်တော့ပဲ ရယ်လိုက်ကြသည်။

လင်းဖုန်းသည်လည်း ရယ်ချင်ပက်ကျိ ဖြစ်လှစွာနှင့် တွေးလိုက်သည်။ "တကယ်လို့များ ချောင်ဝေကသာ တောက်ယုတင်းနဲ့ စုန့်ချင်းယွမ်တို့ကို ပေးစားဖို့ အစီအစဉ် မရှိဘူးဆိုရင်၊ သူမနဲ့ ရှီဆောင်ချန်းတို့ရဲ့ ချစ်ကြည်ရေး မင်္ဂလာပွဲက ဖြစ်လာနိုင်တယ်"
"တောက်ယုတင်း၊ တောက်ဇီချွမ်…" လင်းဖုန်းသည် သူ၏ခေါင်းကို မော့လိုက်ကာ၊ အချိန်အတန်ကြာအောင် စဉ်းစားနေခဲ့သည်။ ပြီးတာနှင့် ထိုကိစ္စကို ခေါင်းထဲမှ ဖယ်ထားလိုက်ကာ၊ ရှောင်ပုတန်အားကြည့်ကာ ရယ်လိုက်သည်။ "အိုး၊ ဟုတ်သားပဲ၊ မင်းတို့ရဲ့ အစ်ကိုကြီးက ပြန်လာပြီကွ"

သူတို့တစ်အုပ်စုသည် လင်းဖုန်း၏ စကားကို ကြားသောအခါ၊ မျက်လုံးများ တောက်ပလာကြ၏။ လင်းဖုန်းက သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ၊ ရှောင်ယန်က မြေပြင်ပေါ်သို့ ကျလာသည်ကို တွေ့လိုက်ရသည်။

ရှောင်ယန်၏ အားနည်းနေသော ပုံစံအား တွေ့လိုက်ရသောအခါ၊ အားလုံးတို့သည် အံ့ဩတုန်လှုပ်သွားကြကာ၊ ဒေါသထွက်လာကြ၏။ ရှောင်ပုတန်သည် ဒေါသတကြီးနှင့် အော်လိုက်သည်။ "ဘယ်သူ့လက်ချက်လဲ?"

ဇူရီ၏ မျက်မှောင်တို့သည် ကြုတ်သွားခဲ့၏။ ဝမ်လင်းနှင့် ယွဲ့ဟုန်ယန်တို့သည် အေးစက်သော အော်ရာများကို ထုတ်လွှတ်နေခဲ့ကြသည်။ ယန်ချင်သည်ပင်လျှင် စိတ်တိုသော အမူအရာများ ပေါက်လာခဲ့သည်။

"စိတ်လျှော့၊ စိတ်လျှော့" လင်းဖုန်းက သူ၏လက်အား ဝှေ့ယမ်းလိုက်သည်။ ရှောင်ယန်၏ အခြေအနေကို ရှင်းပြလိုက်အပြီးတွင်၊ ရှောင်ပုတန်နှင့် ကျန်သောသူများသည် အံ့အားသင့် မှင်သက်စွာနှင့် ရှောင်ယန်အား စိုက်ကြည့်နေကြသည်။ ခဏအကြာတွင် အားလုံးသည် ရယ်မောလိုက်ကြသည်။

"ဟားဟားဟားဟားဟားဟား!"

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu 

Continue Reading

You'll Also Like

10.5K 1.1K 74
အဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြို...
109K 18.3K 89
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
44.1K 4.2K 167
ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယန်ချီက စနစ်တစ်ခုကို မတော်တဆ ရရှိသွားခဲ့တ...
58.1K 5.7K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်...