ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.6K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း

405 47 0
By KazunoMora

အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း

ကောင်းကင်အကာအကွယ် ထီး၏အောက်တွင်၊ လင်းဖုန်းသည် ကောင်းကင်ပေါ်မှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသော ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါကို ကြည့်နေခဲ့သည်။ ထိုဝင်္ကပါမှနေ၍ နောက်ဆုံးအနေဖြင့်၊ ဧရာမ ကြက်သွေးရောင်ရင့်ရင့် အနီရောင်အလင်းတန်း တစ်ခုအား ထုတ်လွှတ်လိုက်သည်။

သူသည် တတိယ တိုက်ခိုက်မှုနှင့် အလားသဏ္ဌာန် တူသော်လည်း၊ ယခုတွင် မားစ်၏ စကြာဝဠာ စွမ်းအားများကို အသုံးပြုထားခြင်း ဖြစ်သည်။ ကြက်သွေးရောင်ရင့်ရင့် အနီရောင် အလင်းတန်းတွင် ခက်ထန်လှသော မီးတောက်များကို သိုမှီးထားကာ၊ မီးဝင်္ကပါများ ရာနှင့်ထောင်နှင့်ချီ၍ ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုအလင်းတန်း အတွင်းမှ မီးအနွယ်ဝင် စိတ်ဝိညာဉ် စွမ်းအင်များသည် အလွန်သိပ်သည်းလှ၏။ လင်းဖုန်း၏ အတွေ့အကြုံအရဆိုလျှင် ထိုကဲ့သို့သော ပြင်းထန်လှသည့် မီးတောက်များသည်၊ မြေပြင်မှ လွင်ပြင်ကျယ်ကြီးအား မီးပင်လယ် အဖြစ်သို့ ပြောင်းလဲနိုင်ကာ အငွေ့ပင် ပျံစေနိုင်မည် ဖြစ်သည်။

အကြွင်းမဲ့မီးတောက် ခုနှစ်ပါးတို့သည် အဆင့်တစ်ဆင့် ပိုမြင့်ကြသည် ဆိုသော်လည်း၊ သူမြင်ဖူးခဲ့သမျှ အကြွင်းမဲ့ မီးတောက်များသည် ပမာဏ အကန့်အသတ် ရှိကြသည်။ သူအခု မြင်တွေ့နေရသော အရာများနှင့် ယှဉ်လိုက်လျှင်၊ ရေတစ်ပေါက်နှင့် ပင်လယ်တစ်ခုကဲ့သို့ပင် ဖြစ်၏။ ဒါသည် အကြွင်းမဲ့ မီးတောက်တို့၏ ဖျက်ဆီးနိုင်စွမ်းနှင့် ထိုအလင်းတန်း၏ ဖျက်ဆီးနိုင်စွမ်းအားတို့၏၊ အရွယ်အစား ပမာဏ ကွာခြားမှုကို နှိုင်းယှဉ်ပြခြင်း ဖြစ်သည်။

လင်းဖုန်းသည် သူ၏လက်ချောင်းများဖြင့် ထီးကြီးကို ပို၍ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့၏။ သူသည် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ တတိယ တိုက်ခိုက်မှုအား ခုခံကာကွယ်ခဲ့သည် အချိန်တွင်၊ ပြင်းထန်စွာ တုန်ခါမှုကို ခံစားခဲ့ရ၍ ထီး၏လက်ကိုင်ကို လွတ်သွားမတတ်ပင် ဖြစ်သွားခဲ့ရသည်။ အခုအချိန်တွင်မူ၊ ပို၍ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုက လာနေပေပြီ။

ထီး၏အပေါ်မှ လေဟာနယ်နှင့် အချိန်ကာလများသည်၊ ထပ်ဖန်တစ်ခါ ပြောင်းလဲ၍သွားပြန်သည်။ တစ်ကီလိုမီတာမျှ ကျယ်ပြန့်သော အလင်းတန်းကြီးသည်၊ ထိုပြောင်းလဲမှု ဖြစ်စဉ်မှနေ၍ ပါးလျ၍ သွားပေသည်။ သူသည် တစ်ပေလောက်သာရှိသော ပြင်းထန်စွာ တောက်လောင်နေသည့် မီးဘောလုံးလေး အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ၊ ကောင်းကင်အကာအကွယ် ထီးပေါ်သို့ အရှိန်ပြင်းထန်စွာနှင့် ကျရောက်လာခဲ့သည်။

ထိုမီးဘောလုံး၏ တိုက်ခိုက်မှုနှင့်အတူ၊ မြေပြင်ကို လှုပ်ခါသွားစေသော တုန်ခါမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ မီးတောက်မီးလျှံများသည် ထီးပေါ်မှ လွင့်စင်သွားခဲ့၏။ သို့သော်လည်း ထီးကြီးမှာ အကောင်းအတိုင်းပင် ရှိသေးသည်။ သူသည် မပျက်စီးခဲ့ရုံတင် မကပဲ၊ ခြစ်ရာလေး တစ်စွန်းတစ်စမှပင် အထင်ခဲ့ပေ။

ထီးပေါ်မှနေ၍ လွင့်စင်သွားခဲ့သော မီးတောက်မီးလျှံများသည်၊ ထီး၏စွမ်းအားများ လွှမ်းခြုံထားသည့် နေရာပြင်ပသို့၊ တောင်တစ်လုံး အရွယ်အစားရှိသည့် မီးကြယ်ပျံကြီး အသွင်သို့ ပြောင်းလဲကာ ကျရောက်သွားခဲ့သည်။ သူ၏ဘေးပတ်ပတ်လည်မှ ပတ်ဝန်းကျင်တို့သည် မီးတောက်များ၏ လွှမ်းခြုံမှုကို ချက်ချင်းခံလိုက်ကြရသည်။

လေပေါ်မှ ရှီကျုံးယွဲ့ဖြစ်စေ၊ ကောင်းကင်ပေါ်မှ အလင်းဓားမြန် ဓားမာစတာတို့ အဖွဲ့ဖြစ်စေ၊ မြေပြင်ပေါ်မှ အပြာရောင်ခန်းမ သူတော်စင်တို့ဖြစ်စေ၊ သူတို့အားလုံးတို့သည် လင်းဖုန်းက ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ တိုက်ခိုက်မှုအား ရင်ဆိုင်ခုခံခဲ့သည်ကို စိုက်ကြည့်နေကြ၏။ ထိုတိုက်ခိုက်မှုအား ရင်ဆိုင်ခဲ့ရသည့် အချိန်မှာပင်၊ လင်းဖုန်းသည် ဘာမှမဖြစ်သကဲ့သို့ နေနေခဲ့၏။

ထိုအခြင်းအရာသည် လူအားလုံးအား ဆွံ့အစေခဲ့သည်။ အထူးသဖြင့် ရှီကျုံးယွဲ့ဖြစ်သည်။

ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါက ထုတ်လွှတ်လိုက်သော စတုတ္ထ တိုက်ခိုက်မှုသည်၊ သူနှင့် ပုန်းကွယ်နေသော နဂါးချောက်တို့၏ ပူးပေါင်းတိုက်ခိုက်မှုထက် အများကြီးပို၍ ပြင်းထန်သည်ကို၊ သူ၏ရင်ထဲမှနေ၍ သိနေခဲ့၏။

သူသည်ပင်လျှင် ထိုစတုတ္ထ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည် ဆိုပါက၊ သူသည် ရှောင်ရှားရုံသာ တတ်နိုင်မည် ဖြစ်သည်။ မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်ခဲ့မည် ဆိုပါက ဒဏ်ရာအပြင်းအထန် ရရှိနိုင်ရုံတင် မကပဲ၊ အသက်ပင် ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်လေသည်။

သို့သော်လည်း ထိုကဲ့သို့သော အကြီးအကျယ် ပျက်စီးစေနိုင်သော တိုက်ခိုက်မှုအား ခုခံ၍အပြီးတွင်၊ လင်းဖုန်းသည် မှဲ့တစ်ပေါက်မှပင် မစွန်းခဲ့ချေ။ ကောင်းကင် အကာအကွယ် ထီးကြောင့်ဖြစ်စေ၊ လင်းဖုန်း၏ ကိုယ်ပိုင်စွမ်းအားကြောင့်ဖြစ်စေ၊ ဒါသည် ရှီကျုံးယွဲ့က သူ့အားရင်ဆိုင်ရန် နည်းလမ်းမရှိဟူ၍ ဖော်ပြနေခြင်း ဖြစ်သည်။

ထိုအခြင်းအရာသည် အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများအားလုံးအား၊ ပြောစရာစကား ရှာမရ ဖြစ်စေခဲ့သည်။

အချိန်အတန်ကြာမှ ရှီကျုံးယွဲ့က လေးနက်သော အသံဖြစ်ပြောလိုက်သည်။ "ဒီတစ်ခေါက်မှာတော့၊ ကျုပ်တို့က မာစတာလင်းကို ဒီရေတွေကို ပြောင်းပြန်လှန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရမယ်!"

ပထမဆုံး သူသည် သူ၏ဝင်္ကပါဖြင့်၊ ပြိုကျလုဆဲဆဲ ဖြစ်နေသော ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာအား ကယ်တင်ပေးခဲ့၏။ ပြီးတာနှင့် သူသည် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ တတိယ တိုက်ခိုက်မှုအား တစ်ယောက်တည်း ခုခံပေးခဲ့သည်။

နောက်ဆုံးအနေနှင့် သူသည် ပို၍ပင် အင်အားပြင်းထန်သော ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ စတုတ္ထ တိုက်ခိုက်မှုအား၊ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။

ဤတိုက်ပွဲတွင် လင်းဖုန်းသည်၊ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ ပြိုင်ဘက်ကင်းသော ဒဏ္ဍာရီအား ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။

သူမရောက်လာခင်က ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါသည် ပထမ တိုက်ခိုက်မှုဖြင့်၊ မြောက်ပိုင်းလေပြင်း ပင်လယ်၏ အကာအကွယ် ဝင်္ကပါအား ဖျက်ဆီးနိုင်ခဲ့ပြီး၊ ဒုတိယ တိုက်ခိုက်မှုအား အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲ များစွာတို့က ပူးပေါင်း ကာကွယ်ခဲ့ရသည်။

အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများ အားလုံး၏ ရင်ထဲတွင်၊ လင်းဖုန်း၏ ခံစစ်စွမ်းရည်မှာ ယခုရှိနေကြသောသူများထဲတွင် အကောင်းဆုံးဖြစ်ပြီး၊ သူတို့အားလုံး၏ လေးစားမှုကို ခံယူနိုင်ခဲ့သည်။

လင်းဖုန်းသည် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါအား ကိုယ်တိုင် မတိုက်ခိုက်ခဲ့သော်လည်း၊ ဤတိုက်ပွဲအပေါ်တွင် သူ၏ အကျိုးသက်ရောက်မှုမှာ အခြားသူများထက် ပိုသာပေသည်။ ရှီကျုံးယွဲ့က သူသည် ဒီရေတို့အား ပြောင်းပြန်လှန်ပေးနိုင်သည်ဟု ပြောခြင်းမှာ၊ ပုံကြီးချဲ့၍ ပြောဆိုနေခြင်း မဟုတ်ပေ။

"ဒီလောက်လည်း မဟုတ်ပါဘူး၊ အန်းလျှန်မင်းသား" လင်းဖုန်းက ပြန်တုံ့ပြန်လိုက်သည်။ "တစ်ဘက်လူရဲ့ နောက်ခံကို သိရပြီလား?"

ရှီကျုံးယွဲ့နှင့် ကျန်သောသူများသည်၊ မြေပေါ်တွင် တောက်လောင်နေကြသော မီးတောက်များကို ငြိမ်းသက်လိုက်ကြသည်။

"ကျုပ်က ပြောရမှာ ရှက်ပေမဲ့၊ တစ်ဘက်လူက သူ့ရဲ့ဝင်္ကပါ ပြိုလဲသွားတာနဲ့ ချက်ချင်း ထွက်ပြေးသွားခဲ့တယ်" ရှီကျုံးယွဲ့သည် ခေါင်းကိုခါလိုက်ကာ ပြောလိုက်သည်။ "ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ ပြိုကွဲပျက်စီးသွားခြင်းက၊ ပတ်ဝန်းကျင်ရဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကို ဖရိုဖရဲ ဖြစ်စေခဲ့ပြီး လေဟာနယ် တစ်ခုလုံးကို ကစဉ့်ကလျား ဖြစ်စေခဲ့တယ်။

"တစ်ဘက်သားရဲ့ ကျင့်ကြံမှု အဆင့်အတန်းဟာ ကျုပ်ထက် မနိမ့်ကျဘူး။ သူက ဒီလိုမျိုး ရှုပ်ထွေးနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီးတော့ ထွက်ပြေးသွားတော့၊ ကျုပ်တို့ကလည်း မဟန့်တားနိုင်ခဲ့ဘူး"

ရှီကျုံးယွဲ့သည် နက်ရှိုင်းသော လေသံဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ သူ့ရဲ့ မိစ္ဆာစွမ်းအား ပြောင်းလဲမှုတွေကို သုံးသပ်ပြီး၊ ဒါက ချုံးချိမိစ္ဆာမျိုးနွယ်စုတို့ရဲ့ လက်ချက်လို့ ကျုပ်ကပြောနိုင်တယ်။ သူတို့က ရက်စက်ကြမ်းကြုတ်တဲ့ မျိုးနွယ်စုဖြစ်ပြီး၊ ဘယ်လိုလုပ်ပြီး အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့တဲ့ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါကို၊ ထိန်းချုပ်နိုင်တဲ့ အခွင့်အရေးရခဲ့သလဲ ဆိုတာကိုတော့ ကျုပ်လဲမသိဘူး"

လင်းဖုန်းသည် သူ၏မျက်မှောင်အား အတန်ငယ် ကြုတ်လိုက်သည်။ "ဒီနေရာက မိစ္ဆာကမ္ဘာရဲ့ မဟာလွင်တီးခေါင် ကုန်းမြေနဲ့ အမတန်မှ ဝေးကွာတာပဲ။ ဘယ်လိုလုပ်ပြီး ဒီမိစ္ဆာအုပ်စုက အန်းလျှန်မင်းသားနဲ့ မဟာချင် အင်ပါယာတို့ရဲ့ စောင့်ကြပ်နေမှုကို၊ သတိမထားမိစေပဲ ဝင်လာနိုင်ရတာလဲ?

ရှီကျုံးယွဲ့သည် အမတန်မှ ကသိကအောက် ဖြစ်သွားခဲ့ကာ၊ ခေါင်းကိုငုံ့လိုက်သည်။ "မဟာချင် အင်ပါယာက ဒီကိစ္စကို အသေအချာ စုံစမ်းစစ်ဆေးပြီး၊ အားလုံးကို ကျေနပ်လောက်တဲ့ အဖြေတစ်ခုကို ပေးပါမယ်"

လင်းဖုန်းပင်ဖြစ်စေ၊ လက်ဝဲမင်းသားရှန်၊ အလင်းဓားမြန် ဓားမာစတာ၊ နေမင်းအလင်းတန်း ဓားမာစတာ၊ အပြာရောင်ခန်းမ သူတော်စင်၊ ဟော်ရှု သို့မဟုတ် ချောင်ဝေတို့ဖြစ်စေ၊ သူတို့တစ်ယောက်ချင်းစီ တို့သည် ယခုအချိန်တွင် အလွန်အမင်း လေးနက်နေကြ၏။ ဒေါသထွက်နေကြသော အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများနှင့်အတူ၊ နဂိုက တင်းမာနေသော အခြေအနေ တစ်ခုလုံးသည် ပို၍ စိတ်ကျဉ်းကျပ်ဖွယ် ဖြစ်လာခဲ့ပေသည်။

ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါသည် စွမ်းအားကောင်းသည်ဆိုသော်လည်း၊ အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများက ထွက်ခွာသွားချင်မည်ဆိုလျှင် ဟန့်တားနိုင်စွမ်းရှိမည် မဟုတ်ပေ။

သို့သော်လည်း ဤနေရာတွင် ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ၏ ဝင်ပေါက်က ရှိနေသည်။ အကယ်၍သာ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါက သူ့အားဖျက်ဆီးနိုင်ခဲ့ပါက၊ အဓိက စွမ်းအားစုများ၏ ပါရမီရှင် အဖူးအပွင့် အားလုံးတို့သည် တစ်ခါတည်း အသတ်ခံလိုက်ကြရမည် ဖြစ်သည်။

တုခွမ်း၊ စန်းလျှိုဟဲ၊ ထောင်ရောင်ရောင်၊ လီတုံးထောင်၊ ယွမ်မေ့၊ ဂူလေ၊ ဟော်မင်၊ စုန့်ချင်းယွင်နှင့် တောက်ယုတင်းတို့သည်၊ သူတို့ဂိုဏ်းများမှ ထိပ်သီးတပည့်များဖြစ်ကြသည်။ ထိုဂိုဏ်းများတွင် ပါရမီရှင်ပေါင်း မြောက်မြားစွာ ရှိကြသည် ဆိုသော်လည်း၊ ထိုအုပ်စုအား ဆုံးရှုံးသွားခဲ့လျှင် လွန်စွာနစ်နာမည် ဖြစ်သည်။

သူတို့ ရင့်ကျက်လာကြသောအခါတွင်၊ သူတို့သည် သက်ဆိုင်ရာ ဂိုဏ်းများ၏  ထောက်တိုင်များ ဖြစ်လာကြမည် ဖြစ်ပြီး၊ သမိုင်းစာအုပ်တွင် မှတ်တမ်းရေးထိုးနိုင်ကြသည့် သူများသာ ဖြစ်ကြသည်။ အကယ်၍ သူတို့ကသာ ဤနေရာတွင် အသတ်ခံလိုက်ကြရလျှင်၊ သူတို့၏ ဂိုဏ်းများတွင် အကြီးအကျယ် နစ်နာဆုံးရှုံးမှုများ ဖြစ်ခဲ့ကြမည် ဖြစ်သည်။

မဟာချင် အင်ပါယာ အနေနှင့်လည်း၊ ရှီရှင်းယွမ်နှင့် ရှီဆောင်ချန်းတို့သည် ထိုအုပ်စုအတွင်းတွင် ပါသည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အနေနှင့်မူ၊ ပြောဘွယ်ရာ မရှိတော့ချေ။ ရှောင်ယန်မှအပ လင်းဖုန်း၏ လက်ရင်းတပည့်များ အားလုံးတို့သည်၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းတွင် ရောက်ရှိနေကြသည်။ အကယ်၍ သူတို့သာ မရှိကြတော့ပါက၊ လင်းဖုန်းနှင့် ရှောင်ယန်တို့ နှစ်ယောက်တည်း အနာဂတ်တွင် မည်သို့ဆက်လုပ်ရမည်ကို သိနိုင်တော့မည် မဟုတ်ချေ။

တစ်စုံတစ်ယောက်၏ အကွက်ချခြင်းကို ခံခဲ့ရသဖြင့်၊ အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲ တစ်အုပ်စုတို့သည် စိတ်ဓာတ်ကျနေကြ၏။

ချောင်ဝေသည် ဘာမှမပြောနိုင်ခဲ့ပဲ အသံလွှင့်ကျောက်တုံး တစ်ခုအား ခြေမွလိုက်၏။ သူ၏ မှော်စွမ်းအင်ကို အသုံးချလိုက်ကာ ဝူချင်လျှိုနှင့် ဆက်သွယ်လိုက်သည်။
ဝူချင်လျှိုနှင့် အဆက်အသွယ် ရသောအခါ၊ သူက ဝေဖန်လိုက်သည်။ "ဒါက ခင်ဗျားပြောတဲ့ ပြောင်းလဲမှုတစ်ခု ဆိုတာလား?"

ဝူချင်လျှိုက တည်ငြိမ်စွာနှင့် ပြန်ဖြေလိုက်သည်။ "ဟင်၊ ချုံးချိမိစ္ဆာမျိုးနွယ်စုက လှုပ်ရှားခဲ့ပြီလား? သူတို့က ဘာနည်းလမ်းမျိုးကို အသုံးပြုခဲ့သလဲ?"

ချောင်ဝေက အေးစက်စွာနှင့် ပြန်ပြောလိုက်သည်။ "ခင်ဗျားက မသိဘူးလား?"

"ကျုပ်က သတင်းတော့ ရထားတယ်" ဝူချင်လျှိုက ပြန်ဖြေလိုက်သည်။ "ဒါပေမဲ့ ဒါက သူများ ပြောပြထားတာ။ အသေးစိတ်ကိုတော့ ကျုပ်က အသေအချာ မသိဘူး"

အချိန်ခဏတာမှ တွေဝေနေခဲ့ပြီး သူကဆက်ပြောလိုက်သည်။ "ကျုပ်က ဒီအကြံအစည်ကို အကောင်အထည်ဖော်တဲ့သူ မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင်၊ ဘယ်သူက စတင်လှုပ်ရှားသလဲ၊ ဘယ်သူက ထောက်ပံ့နေသလဲ ဆိုတာကို မသိဘူး။ ကျုပ်က ဒီသတင်းကို ရထားသူ သက်သက်ပဲ"

ချောင်ဝေသည် အချိန်အတန်ငယ်မျှ ငြိမ်သက်သွား၍၊ အဖြစ်အပျက် တစ်ခုလုံးအား အသေးစိတ် ပြန်ပြောပြလိုက်သည်။

"အိုး? လက်စသတ်တော့ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါပဲ။ တကယ့်ကို အံ့အားသင့်ဖွယ် ကောင်းတာပဲ" ဝူချင်လျှိုသည် ထိုအဖြစ်အပျက်ကို စိတ်ဝင်စားနေခဲ့သည်။ "ဒါပေမဲ့လည်း၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်ရဲ့ စွမ်းရည်တွေကတော့၊ ကျုပ်ရဲ့ ခန့်မှန်းချက် အတွင်းမှာပဲ ရှိနေတယ်"

ချောင်ဝေက မျက်မှောင်ကြီးအား ကြုတ်လိုက်သည်။ "ခင်ဗျားက မိစ္ဆာမျိုးနွယ်စုတို့ရဲ့ တိုက်ခိုက်မှုကို အကြောင်းပြုပြီးမှ၊ လင်းဖုန်းရဲ့ စွမ်းရည်တွေကို ဖော်ထုတ်ချင်နေခဲ့တာလား?"

ဝူချင်လျှိုက ပြန်ဖြေလိုက်သည်။ "ဒါက အဓိက အကြံအစည် မဟုတ်ပေမဲ့၊ အကျိုးအမြတ်တော့ ရရှိခဲ့တယ်။ ကျုပ်အတွက်တော့ ကျေနပ်စရာပဲ"

သူက သူ့ကိုယ်သူ ရေရွတ်လိုက်၏။ "သူ့ရဲ့ဝင်္ကပါက လေဟာနယ်တွေကို တည်ငြိမ်အောင် လုပ်နိုင်တယ်။ အလယ်ကမ္ဘာတစ်ခုက ကြီးမားလွန်းတယ် ဆိုပေမဲ့၊ နယ်နိမိတ်က လေဟာနယ်တွေကို တည်ငြိမ်အောင် လုပ်နိုင်ဖို့ကတော့ အရမ်းကြီးမခက်ခဲဘူး"

"ဒါပေမဲ့ သူ့ရဲ့ ကောင်းကင် အကာအကွယ်ထီးက၊ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါကို ခုခံနိုင်တယ်ဆိုတော့၊ သူ့ရဲ့ အကန့်အသတ်က ဘယ်လောက်အထိ ရှိမလဲ?"

ချောင်ဝေက အသံပြတ်ပြတ်ဖြင့် ဖြတ်ပြောလိုက်သည်။ "ဒီအကြောင်းတွေကို နောက်မှပြောတာပေါ့။ ကျုပ်အခုသိချင်နေတာက ချုံးချိမိစ္ဆာမျိုးနွယ်စုကို၊ နတ်ဘုရားနယ်မြေ အတွင်းကို လွယ်လွယ်ကူကူနဲ့ ဝင်နိုင်အောင် ကူညီပေးခဲ့တဲ့သူကိုပဲ"

ဝူချင်လျှိုက ရယ်မောလိုက်၏။ "တကယ်လို့ ခင်ဗျားရဲ့ စွမ်းအားတွေဟာ အကြီးအကျယ် လျှော့နည်းသွားမယ်ဆိုရင်၊ အကျိုးအမြတ် အကြီးဆုံး ရမယ့်သူက ဘယ်သူဖြစ်မလဲ?"

"ကျုပ်ပြောပြီးသားပဲ၊ ကျုပ်က ဒီအစီအစဉ်မှာ ဘာမှမပါဘူး။ ကျုပ်က ဘေးကနေ ထိုင်ကြည့်နေတဲ့သူ သက်သက်တစ်ယောက်ပဲ"

ချောင်ဝေက ပြောလိုက်သည်။ "ခင်ဗျားက အခြေအနေ တစ်ခုလုံးကို သိနေတာတောင်၊ ဘာမှမကူညီပဲနဲ့ ဘေးကနေ စောင့်ကြည့်နေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက ဒီကနေ အကျိုးအမြတ် ရနေနိုင်လို့ပဲ"

"ခင်ဗျားပြောတာမှန်တယ်" ဝူချင်လျှိုသည် တည်ငြိမ်စွာနှင့် ဝန်ခံလိုက်ကာ ရယ်လိုက်သည်။ "ဒါပေမဲ့ ဒီကိစ္စဟာ ခင်ဗျားတို့ တပည့်တွေပါ ပါနေတဲ့အတွက်၊ ကျုပ်က ကျေရာကျေကြောင်း လုပ်ပေးပါ့မယ်"

ချောင်ဝေသည် ငြိမ်သက်သွားခဲ့၍၊ သူတို့နှစ်ဦးအကြားမှ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။ သူသည် အချိန်အတန်ငယ်မျှ စဉ်းစားလိုက်ပြီး၊ သူ၏အကြည့်ကို လင်းဖုန်းထံသို့ ပို့လိုက်သည်။ သူ၏ ခေါင်းအတွင်းတွင် အကြံပေါင်း မြောက်မြားစွာ ပေါ်လာခဲ့သည်။

လင်းဖုန်းသည်လည်း ခေါင်းအတွင်းတွင် အတွေးပေါင်း များစွာတို့နှင့် ပြည့်နှက်နေခဲ့သည်။ "ဒီစိတ်ဝိညာဉ် အစည်းအဝေးမှာ ပါဝင်ကြတဲ့ အဖွဲ့တွေဟာ၊ မဟာချင် အင်ပါယာရဲ့ တော်ဝင်မိသားစုတို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိကြတယ်။ ဒီလိုမျိုး ကိစ္စအကြီးကြီးကို လုပ်ဆောင်နိုင်တဲ့၊ သံသယဖြစ်ဖွယ် အုပ်စုသုံးစု ရှိတယ်။

"မဟာကျိုး အင်ပါယာ၊ မဟာချင် အင်ပါယာရဲ့ အခြားမိသားစုတွေနဲ့ တော်ဝင်မိသားစု ကိုယ်တိုင်ပဲ"

လင်းဖုန်းက သူ၏ မျက်ခုံးအစုံကို ပင့်လိုက်သည်။ "မေးရမယ့် မေးခွန်းက၊ ဝူချင်လျှိုက ဘယ်သူ့ဘက်မှာ ရပ်တည်နေတာလဲ?"

သူက မဟာချင် အင်ပါယာရဲ့ တော်ဝင်မိသားစုကို သစ္စာရှိနေတာလား၊ ဒါမှမဟုတ် လွှမ်းမိုးမှုရှိတဲ့ အခြားမိသားစုတွေဘက်ကို ပါနေတာလား?

ယခင်က ရှင်းယွင်တောင်ထိပ်တွင် ချုံးယွမ်မင်းသားအား မျက်နှာပျက်အောင် လုပ်ဆောင်ခဲ့ခြင်းသည်၊ သူ၏ ရည်မှန်းချက် အစစ်အမှန်လော၊ သို့မဟုတ် လှည့်ကွက်ဆင်နေသည်လော?

"ဒီနှစ်ခုရဲ့ အကြားက ကွာဟမှုဟာ အမတန်ကိုမှ ကြီးမားတယ်" လင်းဖုန်း သက်ပြင်းချလိုက်သည်။ "သူက တခြားမိသားစုတွေကို ထောက်ခံနေတယ် ဆိုရင်၊ သူက ရှီမိသားစုကို တိတ်တိတ်ကလေး ထောက်ပံ့ပြီး၊ ရှီထျန်းရီကို အလေးပေးလိမ့်မယ်။ ရှောင်ပုတန်က အနာဂတ်မှာ ရှီထျန်းရီနဲ့ ရင်ဆိုင်တဲ့ အခါမှာ၊ သူက ပြဿနာ အကြီးကြီး ဖြစ်လာလိမ့်မယ်"

"ဒါပေမဲ့ သူက တော်ဝင်မိသားစုဘက်မှာသာ ရှိခဲ့မယ်ဆိုရင်၊ သူက ရှောင်ပုတန်လေးအတွက် အကူအညီ ကြီးကြီးမားမား ဖြစ်လာလိမ့်မယ်။ ချင်ဧကရာဇ်ရဲ့ သဘောထားအရသာ လုပ်ဆောင်ရတယ် ဆိုပေမဲ့၊ ငါက ကိစ္စတော်တော်များများကို လွတ်လွတ်လပ်လပ် လုပ်ဆောင်လို့ ရလိမ့်မယ်"

လင်းဖုန်းသည် ခေါင်းများပူအောင် စဉ်းစားနေခဲ့သော်လည်း၊ အဖြေရေရေရာရာ ထွက်မလာခဲ့ပေ။ သူသည် ခေါင်းကိုသာ ခါလိုက်၍၊ အရာအားလုံးကို ယာယီ မေ့ဖျောက်ထားလိုက်သည်။

ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါသည် ပြိုကွဲသွားကာ၊ ချုံးချိမိစ္ဆာ မျိုးနွယ်စုသည်လည်း ဆုတ်ခွာသွားပြီဖြစ်၍၊ ကျန်သောသူများသည် အတန်ငယ် စိတ်သက်သာရာ ရလာကြပြီ ဖြစ်သည်။ ရှီကျုံးယွဲ့သည် ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းတွင်၊ ပိတ်မိနေကြသော သူများအား ထွက်လာစေခဲ့ပြီ ဖြစ်သည်။

ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ တိုက်ခိုက်မှုများအား ရင်ဆိုင်ခဲ့ရချိန်တွင်၊ သူတို့သည် ကာကွယ်မှုများ ခံနေကြရသည် ဖြစ်သည်။ အချို့သူများသည် သိပင်မသိကြပဲ ထွက်လာကြသည့် အချိန်မှပင်၊ ဘေးပတ်ဝန်းကျင်မှ အပျက်အစီးများကို ကြည့်လိုက်ကြကာ ကြောက်ရွံ့ထိတ်လန့် ကုန်ကြသည်။

ဤကပ်ဆိုးအပြီးတွင် ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာသည် အလွန်အမင်း မတည်မငြိမ် ဖြစ်နေခဲ့သည်။ အကြီးအကဲများ အားလုံးတို့သည်လည်း အသံလွှင့်ကျောက်တုံးများကို အသုံးပြုကာ၊ သူတို့၏ တပည့်များနှင့် ဆက်သွယ်နေခဲ့သည်။

ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာအတွင်းသို့ ရက်အနည်းငယ်မျှ ဝင်ခဲ့ကြရသော သူများမှာ၊ အချိန်အကန့်အသတ်ကြောင့် သူတို့ရရှိခဲ့သော အကျိုးအမြတ်များမှာ သိပ်မများကြသောကြောင့်၊ အနည်းငယ် မကျေမနပ် ဖြစ်နေကြသည်။

သို့သော်လည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာမှ ထွက်လာကြသောအခါတွင်၊ လင်းဖုန်းအား တွေ့လိုက်သောအခါ စိတ်ဓာတ်များ တက်ကြွနေကြသည်။

သူတို့နှင့် စတွေ့တွေ့ချင်းမှာပင် ရှောင်ပုတန်သည် သူ၏မှော်စွမ်းအင်ကို အသုံးပြုကာ၊ လင်းဖုန်းနှင့် ဆက်သွယ်လိုက်သည်။

"ဆရာခင်ဗျ၊ မုကျိဟိုင်က ကျွန်တော့်ကို တိတ်တိတ်ကလေး လုပ်ကြံဖို့ ကြိုးစားလို့၊ ကျွန်တော်က သင်ခန်းစာ ပြန်ပေးလိုက်တယ်"

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

58.8K 5.8K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်...
87K 11.6K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
179K 29K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
544K 74.7K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...