ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80.7K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း

408 56 0
By KazunoMora

အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း

သူ၏မှော်စွမ်းအင်ကို အသုံးပြု၍ ရှောင်ယန်၏ အတွင်းဒဏ်ရာ အခြေအနေကို စမ်းစစ်လိုက်အပြီးတွင်၊ လင်းဖုန်း၏မျက်နှာတွင် ထူးခြားသော အမူအရာ တစ်ခုက ပေါ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရှောင်ယန်၏ ဒဏ်ရာမှာ ပြင်ပစွမ်းအားများကြောင့် မဟုတ်ပေ။ ပြီးတော့လည်း နန်းမင် အကြွင်းမဲ့မီးတောက်မှာ တိုက်ခိုက်မှု အပြီးတွင် သူ၏ ကိုယ်အတွင်း၌ ကျန်နေခဲ့သော၊ မီးတောက် အကြွင်းအကျန်လည်း မဟုတ်ပေ။

လင်းဖုန်း၏ သုံးသပ်ချက်များ အရဆိုလျှင်၊ ရှောင်ယန်သည် နန်းမင် အကြွင်းမဲ့ မီးတောက်အား သူ့ဘာသာသူ ကြိုးစားစုပ်ယူနေခြင်း ဖြစ်သည်။ အကြွင်းမဲ့မီးတောက် သုံးမျိုးတို့သည် သူ၏ ခန္ဓာကိုယ် အတွင်းတွင် အချင်းချင်း ပဋိပက္ခဖြစ်လာကြလိမ့်မည်ဟု သူက မျှော်လင့်ထားခဲ့မည် မဟုတ်ပေ။

အခြားစကားလုံးဖြင့် ပြောရလျှင်၊ ရှောင်ယန်၏ လက်ရှိအခြေအနေသည် သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သောကြောင့် ဖြစ်သည်။

မဟာအကြွင်းမဲ့ မီးတောက်ခုနှစ်မျိုး တို့သည်၊ ကောင်းကင်နှင့် မြေကြီးတို့အား လောင်ကျွမ်းနိုင်စွမ်း ရှိကြသည်။ သူတို့အချင်းချင်း ဆုံတွေ့ခဲ့မည်ဆိုလျှင်၊ အချင်းချင်း ဆက်ဆံရေး ကောင်းနိုင်ကြမည် မဟုတ်ပေ။

သူတို့သည် ခေါင်းဆောင်နေရာကို လုနေကြသော ကျားများအလား ဖြစ်နေကြပေမည်။ အနိုင်ရသူ တစ်ယောက် ပေါ်မလာမခြင်း၊ တိုက်ခိုက်မှုကို ရပ်တန့်ကြလိမ့်မည် မဟုတ်ချေ။

အစပထမတွင် ရှောင်ယန်သည် မဟာသူရိယ အကြွင်းမဲ့ မီးတောက်နှင့် ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်တို့အား အောင်မြင်စွာ ထိန်းချုပ်နိုင်ခြင်းမှာ၊ ထူးခြားသော အကြောင်းရင်းများကြောင့် ဖြစ်သည်။

မဟာသူရိယ အကြွင်းမဲ့ မီးတောက် အနေနှင့်မူ၊ သူသည် မဟာကောင်းကင် နေမင်းရောင်စဉ် ကျမ်းစာအား လေ့ကျင့်ထားနိုင်ခဲ့သည်။ ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက် အတွက်ဆိုလျှင်၊ သူသည် ရောင်ခြည်နတ်ဆိုး အာဏာရှင်ဓားအား ပိုင်ဆိုင်ထားနိုင်ခဲ့သည်။

ထိုအကြောင်းရင်း နှစ်မျိုးကြောင့်သာ သူသည် မဟာကောင်းကင် တာအိုကျမ်းစာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်နှင့် မျှခြေရောက်အောင် ပေါင်းစပ်ညှိနှိုင်းနိုင်ခဲ့ကာ၊ မီးတောက်နှစ်မျိုးတို့၏ စွမ်းအားကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် အန္တရာယ် မဖြစ်ရုံတင် မကပဲ၊ အကြွင်းမဲ့ မီးတောက်များကို အခြေခံကာ သူ၏ရွှေရောင်ဗဟိုချက်ကို အခြားသော ခရမ်းရောင် ရွှေရောင်ဗဟိုချက် ကျင့်ကြံသူများထက် အဆင့်မြင့်အောင် ကျင့်ကြံနိုင်ခဲ့သည်။

သို့သော်လည်း ထိုမျှခြေမှာ အတင်းအကြပ် လုပ်ယူထားရခြင်း ဖြစ်ပြီး၊ ပင်ကိုအားဖြင့် အားနည်းလေသည်။ ယခုအချိန်တွင် သူသည် သူ၏ခန္ဓာကိုယ် အတွင်းသို့ နန်းမင် အကြွင်းမဲ့ မီးတောက်အား ထပ်မံထည့်သွင်းလိုက်သောအခါ၊ ထိုမျှခြေသည် ချက်ခြင်းပင် လုံးဝ ပျက်စီးသွားပေတော့သည်။ အကြွင်းမဲ့မီးတောက် သုံးမျိုးတို့သည် ရှောင်ယန်၏ ခန္ဓာကိုယ် အတွင်းတွင် ဆူပူသောင်းကျန်းနေကြ၍၊ သူ့အား မုန်တိုင်းမိထားသော လှေပျက်ကြီးအလား ဖြစ်စေခဲ့သည်။

"မင်းရဲ့ ဇနီးလောင်းလေးက၊ သူမတို့ မျိုးနွယ်စုရဲ့ နန်းမင်အကြွင်းမဲ့ မီးတောက်ကို သင်ပေးလိုက်တာလား?" လင်းဖုန်းသည် ရှောင်ယန်အား ကြည့်လိုက်ကာ၊ ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့သည်။ "မင်းအပေါ်မှာ ထားရှိတဲ့ သူမရဲ့ မေတ္တာတွေဟာ ကြီးမြတ်လှပါပေတယ်၊ ဒါပေမယ့် မင်းတို့ငတုံးလေး နှစ်ကောင်တို့က အရမ်းကာရောနိုင်လွန်းအားကြီးတယ်"

လင်းဖုန်းသည် ခါးသီးစွာဖြင့် ပြုံးလိုက်ကာ သူ၏ခေါင်းအား ခါလိုက်သည်။ "ငါကလည်း မင်းက နန်းမင် အကြွင်းမဲ့ မီးတောက်ကို၊ ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့ ရလာမယ်လို့ ထင်မထားခဲ့ဘူး။ အခုတော့ ပြဿနာ အကြီးကြီး တက်ပြီနဲ့တူတယ်"

သူ၏လက်ကို ဆန့်တန်းလိုက်ရာ အဆုံးမဲ့ ခရမ်းရောင် ဓာတ်ငွေ့များ ထွက်ပေါ်လာခဲ့၍၊ ရှောင်ယန်အား ဖုံးလွှမ်းသွားခဲ့သည်။

လင်းဖုန်း၏ မှော်စွမ်းအင်တို့မှာ ရှောင်ယန်၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားကြသည်နှင့် အတူ၊ သူသည် ရှောင်ယန်၏ ကိုယ်တွင်းတွင် ထင်ရာစိုင်းနေကြသည့် အကြွင်းမဲ့မီးတောက် သုံးခုတို့အား ဖိနှိပ်ထားနိုင်ခဲ့သည်။ သူတို့သည် လင်းဖုန်း မှော်စွမ်းအင်တို့၏ အညှာအတာ ကင်းမဲ့စွာ ရိုက်နှက်ခြင်းတို့အား ခံခဲ့ကြရသည်။

ထိုအကြွင်းမဲ့မီးတောက် သုံးခုတို့သည်  အသိဉာဏ်ရှိသကဲ့သို့ ဖြစ်နေကြ၏။ သူတို့သည် တစ်ပြိုင်နက် ဒေါသများ ထွက်လာကြ၍၊ အချင်းချင်း နည်းဗျူဟာအရ စစ်ပြေငြိမ်းလိုက်ကြကာ လင်းဖုန်းအား အတူတကွ တိုက်ခိုက်လိုက်ကြသည်။

ဤတိုက်ပွဲမှာ ရှောင်ယန်၏ ကိုယ်အတွင်းတွင် ဖြစ်နေခဲ့သဖြင့်၊ လင်းဖုန်းသည် သူ၏စွမ်းအားများကို သတိတကြီးဖြင့် ထိန်းသိမ်းကာ ရှောင်ယန်အား ဒဏ်ရာမရအောင် ဂရုစိုက်နေခဲ့ရ၏။

သို့သော်လည်း သူသည် အကြွင်းမဲ့မီးတောက်များအား အလျှော့ပေးမည် မဟုတ်ပေ။ ထို့အစား သူသည် သူတို့အား ထိန်းချုပ်ရန် ကြိုးစားနေခဲ့၏။ ဤအကြွင်းမဲ့ မီးတောက်များကို ထင်တိုင်းပေး၍ ကြဲထားလျှင်၊ ရှောင်ယန်၏ ဒဏ်ရာများသည် ပို၍ပို၍ ပြင်းထန်လာပေလိမ့်မည်။

လင်းဖုန်း၏ မျက်လုံးအစုံသည် တောက်ပလာခဲ့သည်။ သူ၏ မျက်လုံးအတွင်းတွင် စကြာဝဠာကြီး၏ ပျက်စီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း၊ မူလဓာတ်သဘာဝတို့အား ဖန်ဆင်းခြင်းနှင့် ကောင်းကင်နှင့် မြေကြီးတို့ ကွဲကွာသွားခြင်းကို တွေ့မြင်နိုင်၏။

လင်းဖုန်း၏ အတွင်းမှ စွမ်းအားတို့သည် စကြာဝဠာကြီး၏ ကစဉ့်ကလျား ဖြစ်နေသော လေစီးကြောင်းများအား တည်ငြိမ်စေနိုင်၏။ ထိုစွမ်းအားတို့၏ ဖိအားများအောက်တွင်၊ အကြွင်းမဲ့ မီးတောက်သုံးခုတို့သည် ဖြည်းဖြည်းချင်း တပ်ဆုတ်သွားကြ၏။ သူတို့သည် အကျအဆုံး ကြီးမားစွာနှင့် ဆုတ်ခွာခဲ့ရ၍၊ ရှောင်ယန်၏ ရွှေရောင်ဗဟိုချက် အတွင်းသို့ ပြန်ဝင်သွားကြ၏။

သူ၏ကိုယ်အတွင်းမှ အကြွင်းမဲ့ မီးတောက်တို့သည် တည်ငြိမ်သွားကြသောအခါ၊ ရှောင်ယန်၏ နာကျင်နေသော အမူအရာများသည် အေးချမ်းလာခဲ့သည်။ သူသည် အားနည်းနေဆဲ ဖြစ်သော်လည်း၊ အန္တရာယ် အကြီးမားဆုံး အချိန်ကာလကို ကျော်ဖြတ်လာနိုင်ခဲ့ပြီ ဖြစ်သည်။

ခဏအကြာတွင် သူသည် သတိပြန်ဝင်လာ၏။ သူသည် လင်းဖုန်းအား ကြည့်လိုက်ကာ ခါးသီးစွာနှင့် ပြုံးလိုက်သည်။ "အစောပိုင်းက ကျွန်တော့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေခဲ့တယ်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ဆရာ့ရဲ့ အကူအညီကို ထပ်လိုလာလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး"

လင်းဖုန်းကလည်း သူ့အား ရှုံ့မဲ့နေသော မျက်နှာကြီးဖြင့် ကြည့်လိုက်သည်။ "ဒါက ကိုယ့်ဒုက္ခကိုယ် ပြန်ရှာထားတာဆိုတော့၊ တခြားလူတွေရဲ အနိုင်အကျင့်ခံရတာထက်တောင် ဆိုးသေးတယ်။ မင်းက သူများတွေရဲ့ အရိုက်နှက်ကို ခံခဲ့ရတယ်ဆိုရင်၊ ငါက သူတို့ကို ပြန်ရိုက်နှက်ပေးလို့ရသေးတယ်။ အခုတော့ ငါက ဘာတတ်နိုင်ဦးမှာလဲ?"

"ငါကမင်းကိုပဲ ရိုက်ရမလား?"

ရှောင်ယန်က စပ်ဖြီးဖြီးနှင့် ပြန်ဖြေလိုက်သည်။ "ဆရာ၊ စိတ်လျှော့ပါခင်ဗျ။ ကျွန်တော်က နန်းမင် အကြွင်းမဲ့ မီးတောက်ကို စုပ်ယူလိုက်တဲ့ အချိန်တုံးက၊ ဒီလောက်အထိ ပြဿနာတွေ ပေါ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူးဗျ"

"မင်းက အလိုကြီးလေလေ၊ အရနည်းလေလေပဲ ဖြစ်လိမ့်မယ်" လင်းဖုန်းက သူ၏ခေါင်းကို ပုတ်လိုက်ကာ ပြောလိုက်သည်။ "မင်းရဲ့လက်ရှိ ကျင့်ကြံမှု အဆင့်နဲ့ ငါတို့ဂိုဏ်းရဲ့ မှော်ကျိန်စာတွေကို နားလည်နိုင်မှု စွမ်းပကားနဲ့ ဆိုရင်၊ အကြွင်းမဲ့မီးတောက် သုံးခုကို တပြိုင်နက်တည်း ထိန်းချုပ်နိုင်ဖို့က မဖြစ်နိုင်သေးဘူး"

လင်းဖုန်းက ဆက်ပြောလိုက်သည်။ "မင်းကလည်း အစကတည်းက ရိပ်စားမိထားတယ် မဟုတ်လား? မင်းက အကြွင်းမဲ့မီးတောက် သုံးခုစလုံးကို ထိန်းချုပ်ချင်တယ် ဆိုရင်၊ အနည်းဆုံးတော့ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်ကို ရောက်ပြီးတော့၊ အပြစ်အနာအဆာ မရှိတဲ့ ရွှေရောင်ဗဟိုချက်ကို ဖန်ဆင်းထားနိုင်ရမယ်"

ရှောင်ယန်၏မျက်နှာမှာ ရှုံ့မဲ့သွားခဲ့သည်။ "ဟုတ်တယ်ဗျ၊ ဒီအကြွင်းမဲ့ မီးတောက်တွေက ကျွန်တော့်ကိုယ်ထဲမှာ သောင်းကျန်းနေကြတုံးက၊ သူတို့ကို ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်မှာ ရှိခဲ့ရင် ထိန်းချုပ်နိုင်လိမ့်မယ်လို့ ခံစားနေရတယ်"

"ဒီအချိန်ကစပြီး ယုကျင်းတောင်ပေါ်ကို ပြန်ရောက်တဲ့ အချိန်အထိ၊ မင်းက တံခါးပိတ်ပြီး လေ့ကျင့်နေရမယ်။ တစ်စုံတစ်ယောက်နဲ့မှ ရန်ဖြစ်လို့ မရဘူး။ မင်းက ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်ကို ရောက်သွားပြီးမှ ထပ်ဆွေးနွေးကြတာပေါ့" လင်းဖုန်းက ပြောလိုက်သည်။ "ငါ့ရဲ့ ကာကွယ်မှုနဲ့ဆိုရင်၊ မင်းက သူများတွေနဲ့ တိုက်ခိုက်လို့တော့ ရတယ်။ ဒါပေမဲ့ မင်းက တစ်ချိန်လုံး ငါ့ရဲ့ အကာအကွယ်အောက်မှာ နေချင်လို့လား?"

ရှောင်ယန်၏ မျက်နှာပေါ်တွင် ခါးသီးသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူ၏ရင်ထဲတွင်လည်း လင်းဖုန်း၏ အကူအညီမပါပဲ၊ သူသည် ဖရိုဖရဲ ဖြစ်နေသော ထိုအကြွင်းမဲ့မီးတောက် သုံးမျိုးကို ဖိနှိပ်နိုင်စွမ်း မရှိမှန်းကို သိနေခဲ့ပေသည်။

အခြားလူများနှင့် တိုက်ခိုက်မည် ဆိုပါက၊ ရှောင်ယန်သည် သူ၏ကိုယ်ပိုင် မှော်စွမ်းအင်ကိုသာ အသုံးပြုပြီးမှ တိုက်ခိုက်မည် ဆိုပင်လျှင်၊ အကြွင်းမဲ့မီးတောက် သုံးခုတို့အား ထိန်းချုပ်နိုင်မှုမှ ကင်းလွတ်သွားမည် ဖြစ်သည်။

လင်းဖုန်းက တစ်ချိန်လုံး ကြက်မကြီးကဲ့သို့ ရင်အုပ်မကွာ ဘေးမှနေ၍ စောင့်ရှောက်ပေးနေရမည် ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့သော အခြေအနေမျိုးသည်၊ ရှောင်ယန်အတွက် အိမ်မက်ဆိုးသဖွယ် ဖြစ်နေမည် ဖြစ်သည်။

ရှောင်ယန်၏ ခါးသီးနေသော မျက်နှာအား ကြည့်လိုက်ကာ၊ လင်းဖုန်းသည် ရင်ထဲမှနေ၍ သက်ပြင်းတစ်ချက်အား ချလိုက်သည်။

သူ့ဂိုဏ်းမှ စီနီယာ အကျဆုံး တပည့်သည် ယာယီ မသန်မစွမ်း ဖြစ်သွားပေပြီ။

ယခုအချိန်မတိုင်ခင်က ရှောင်ယန်သည် လင်းဖုန်း၏ နံပါတ်တစ် တိုက်ခိုက်ရေးသမားဟု ဆို၍ရသည်။

သူ၏ ပင်ကိုစရိုက်သည် အကြောက်တရားကင်းမဲ့ကာ ခေါင်းမာတတ်သည်။ သူ့ဂိုဏ်းအား စိန်ခေါ်မှု မှန်သမျှတို့ကို၊ သူသည် ပထမဦးဆုံး ရင်ဆိုင်တုံ့ပြန်တတ်သူ ဖြစ်သည်။

အခုအချိန်တွင်မူ သူသည် မွေးကင်းစ ကလေးငယ်ကဲ့သို့ ကူရာမဲ့ အခြေအနေသို့ ရောက်နေခဲ့ပေပြီ။ အတိတ်နှင့် ပစ္စပ္ပုန်တို့၏ ကွာခြားချက်ကို ကြည့်လိုက်ကာ၊ လင်းဖုန်းသည် ရယ်ချင်ပက်ကျိ ဖြစ်လာခဲ့၏။

လင်းဖုန်း၏ ရယ်ချင်စိတ်ကို အောင့်အည်းထားသည့်ပုံကို ကြည့်လိုက်ကာ၊ ရှောင်ယန်၏ နှုတ်ခမ်းအစုံတို့သည် ချီတုံချတုံ ဖြစ်လှစွာနှင့် တွန့်သွားခဲ့၏။ မကြာမီပင် သူသည်လည်း အားရပါးရ အော်ရယ်လိုက်သည်။ သူ၏ခေါင်းကိုခါလိုက်ကာ၊ သူသည်လည်း သူ၏ ကံမကောင်းမှုကို သဘောပေါက်နေခဲ့သည်။

လင်းဖုန်းက ပြုံးလိုက်ကာ ပြောလိုက်သည်။ "ကိစ္စမရှိဘူး၊ စိတ်ကိုလျှော့ထားပါ။ ဒါက ကံဆိုးမိုးမှောင်ကျရုံ သက်သက် မဟုတ်ပါဘူး။ ကျင့်ကြံမှု အပေါ်မှာပဲ အာရုံစိုက်ထားပါ။ မင်းက ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်ကို ရောက်ပြီးသွားလို့ရှိရင်၊ မင်းရဲ့ခန္ဓာကိုယ်ထဲက အကြွင်းမဲ့မီးတောက် သုံးခုရဲ့ စွမ်းအားနဲ့ မင်းရဲ့ စွမ်းအားတွေဟာ အဆပေါင်းများစွာ တိုးတက်လာလိမ့်မယ်"

ပြီးတာနှင့် သူက ဆက်ပြောလိုက်သည်။ "မင်းက ယင်လေပြင်း ကပ်ဘေးကို အခွင့်ကောင်းယူကာ အသုံးချနိုင်ခဲ့ရင်၊ နန်းမင် အကြွင်းမဲ့ မီးတောက်ကို မင်းရဲ့ ရွှေရောင်ဗဟိုချက် အတွင်းကို ပေါင်းစည်းနိုင်လိမ့်မယ်။ အဲ့ဒီလိုဆိုရင် မင်းရဲ့ ရွှေရောင်ဗဟိုချက်ဟာ အဆင့်တစ်ဆင့် မြင့်သွားပြီး၊ မင်းက အခြေတည်ဝိညာဉ်ကို ဖော်ဆောင်တဲ့ အခါမှာ မင်းအတွက် အများကြီး အကျိုးပြုနိုင်လိမ့်မယ်"

"ဒါပေမဲ့ ဒီလိုလုပ်ရင်လည်း အန္တရာယ်တွေ အများကြီးနဲ့ ရင်ဆိုင်ရနိုင်တယ်။ ယင်လေပြင်း ကပ်ဘေးကို ရင်ဆိုင်တဲ့အခါမှာ၊ ပုံမှန်ထက် အဆပေါင်း တစ်ထောင်လောက် ခက်ခဲသွားနိုင်တယ်။ သေသေချာချာ အစီအစဉ် ချပြီးမှ ပြုလုပ်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ မင်းစိတ်ပူဖို့ မလိုပါဘူး။ ဆရာက မင်းကိုကူပြီးတော့ စီစဉ်ပေးပါမယ်။ မင်းအခုလုပ်ဖို့ လိုတာက အကြွင်းမဲ့ မီးတောက်သုံးခုကို ထိန်းချုပ်နိုင်အောင် တည်ငြိမ်စွာနဲ့ ကျင့်ကြံပြီး၊ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်ကို တက်လှမ်းနိုင်အောင် ပြင်ဆင်ဖို့ပဲ"

ရှောင်ယန်သည် သူ၏ခေါင်းကို ညိတ်လိုက်ကာ ပြောလိုက်သည်။ "ကျွန်တော်နားလည်ပါတယ်။ ဆရာ့ကို စိတ်မပျက်စေရပါဘူး"

ပြီးတာနှင့် လင်းဖုန်း၏ ရင်ထဲမှ စပ်စုလိုစိတ်များက ထောင်းကနဲ ထလာခဲ့ကာ၊ ရယ်ပြီးမှ မေးလိုက်သည်။ "ဒီလိုဆိုတော့ နန်းမင် အကြွင်းမဲ့ မီးတောက်က မင်းရဲ့ ဇနီးလောင်းလေးက ပေးထားတာပေါ့? အခြေအနေကို ပြောပြပါဦး"

ရှောင်ယန်က အသံသဲ့သဲ့ဖြင့် ရယ်ကာ ပြောလိုက်သည်။ "ဟုတ်ကဲ့၊ သူမနဲ့ တွေ့ပြီးသွားပါပြီ။ နန်းမင်အကြွင်းမဲ့ မီးတောက်ကို သူမကပဲ ပေးထားတာပါ။ သူမက ကျွန်တော့်ကို သူမမိသားစုရဲ့ လျှို့ဝှက်မှော်ကျိန်စာဖြစ်တဲ့၊ မြင့်မြတ်သော လီဟော်မန္တန်ကိုလည်း သင်ပေးခဲ့ပါသေးတယ်"

လင်းဖုန်း၏ မျက်နှာသည် တွန့်သွားခဲ့ပြီး ပြောလိုက်သည်။ "မင်းက လက်တံရှည်လှချည်လား။ ကောင်းလေစွ၊ ရှောင်ယန်။ မင်းက လက်ဖွဲ့ပစ္စည်းကို ရခဲ့ပြီပေါ့"

သို့သော်လည်း ရှောင်ယန်၏ စိတ်ဓာတ်မှာ လျှင်မြန်စွာနှင့် ကျသွားခဲ့၏။ "ဒါပေမဲ့၊ ကျွန်တော်က ကျန်းအာနဲ့ ခဏလေးပဲ တွေ့လိုက်ရတယ်။ သူမက အခုအချိန်မှာ သူမရဲ့ မိသားစုအတွင်းမှာ ကိစ္စတစ်စုံတစ်ခု ဖြစ်ပွားနေတယ်လို့ ပြောတယ်"

လင်းဖုန်းက ခေါင်းကိုညိတ်လိုက်သည်။ "ကြည့်ရတာ သူတို့မိသားစုက၊ မူလအကြံအစည်အတိုင်း ဆက်မလုပ်ကြတော့ဘူးနဲ့ တူတယ်"

သူသည် ရှောင်ယန်အား ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။ "ဒါက ရှောင်ကျန်းအာရဲ့ လက်ထပ်ပွဲ အစီအစဉ်တွေကို အကျိုးသက်ရောက်မှု ရှိနိုင်သလား မသိဘူး။ ပုံမှန်ဆိုရင် သူမရဲ့ ပင်ကိုစွမ်းရည်နဲ့ အရည်အချင်းတွေအရ ဆိုရင်၊ သူမက သူမရဲ့ ဖူးစာရှင်ကို စိတ်ကြိုက်ရွေးချယ်လို့ ရရမယ်။ ဒါပေမဲ့ သူတို့မိသားစုက သူတို့ရဲ့ မူလ အစီအစဉ်အတိုင်း ဆက်လုပ်လိမ့်မယ်ဆိုရင်၊ အခြေအနေက သိပ်လှမှာ မဟုတ်ဘူး"

ရှောင်ယန်က တိုးညင်းစွာဖြင့် ပြောလိုက်သည်။ "အဲဒီလိုသာဆိုရင် ကျွန်တော်က ဒီနေရာကို ပြန်လာပြီး၊ သူမကို ခေါ်သွားရလိမ့်မယ်"

လင်းဖုန်း၏အတွေး : "ရှောင်ယန်၊ မင်းက အခုအချိန်မှာ သူမနဲ့ လက်မထပ်ရသေးပေမဲ့၊ ဒီလောက်အထိ လောကြီးနေစရာ မလိုပါဘူး။ အခက်အခဲ အနည်းငယ် ရှိပေမဲ့၊ ဒါက မင်းရဲ့ တောက်ပနေတဲ့ ဘဝလမ်းကြောင်းမှာ အချိုပေါ် သကာလောင်းသလိုမျိုး ဖြစ်သွားမှာပါ"

"မင်းရဲ့ မိန်းကလေးကို လုယူချင်နေကြတဲ့ လူတွေဟာ၊ သူတို့က ဘယ်သူ့ကို အပြစ်လုပ်မိမှန်း မသိကြဘူး။ ရိုးသားစွာနဲ့ ပြောရရင်၊ သူတို့ဟာ မင်းကို လက်ဆောင်တွေ လာပေးနေကြတဲ့ သူတွေပဲ။ မင်းက သူတို့ဆီကနေ ကောင်းကျိုးများစွာတို့ကို ရနိုင်မှာပဲ ဖြစ်တယ်"

"ဪ၊ ဒါနဲ့ဆရာ၊ ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေးရဲ့ အခြေအနေက ဘယ်လိုရှိသလဲ?" ရှောင်ယန်က ရုတ်တရက် စဉ်းစားမိ၍ မေးလိုက်သည်။ "ဒီနေရာကို လာခဲ့ရတဲ့အတွက်၊ ဆရာ့ရဲ့ အစီအစဉ်တွေများ ပျက်သွားသလား?"

လင်းဖုန်းက ပြုံးလိုက်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ အခြေခံအုတ်မြစ် အဆင့် ပြိုင်ပွဲမှာ၊ ဝမ်လင်း၊ ယွဲ့ဟုန်ယန်နဲ့ ယန်ချင်တို့ သုံးယောက်စလုံးက ထိပ်ဆုံး၈ယောက်အတွင်းမှာ ပါနိုင်ကြတယ်။ နောက်ဆုံးမှာ ယွဲ့ဟုန်ယန်နဲ့ ဝမ်လင်းတို့က ဖိုင်နယ်မှာ တွေ့ဆုံခဲ့ပြီး ပထမနဲ့ ဒုတိယ နေရာတွေကို အသီးသီး ယူနိုင်ခဲ့တယ်။ ဟုန်ယန်က အခြေခံအုတ်မြစ် အဆင့် ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တယ်"

ထိုစကားကို ကြားရသောအခါ ရှောင်ယန်၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာများက ပေါ်လာခဲ့သည်။ သူက တစ်ခုခု ပြောရန် ကြံရွယ်ခဲ့ဆဲတွင်၊ ခေတ္တမျှ ငြိမ်သွားခဲ့ကာ ဂရုတစိုက် မေးလိုက်သည်။ "နံပါတ်ငါး ဂျူနီယာက ဘယ်သူ့ကို ရှုံးသွားတာလဲ?"

လင်းဖုန်းသည် သူ့စိတ်ထဲမှ အတွေးများကို ရိပ်စားမိလိုက်ကာ ပြုံးလိုက်သည်။ "ယန်ချင်က ကံမကောင်းဘူး။ ကွာတားဖိုင်နယ်မှာ သူက ဟုန်ယန်နဲ့ မဲကျခဲ့တယ်"

ရှောင်ယန်သည် ထိုစကားအား ကြားလိုက်သောအခါ စိတ်အေးသွားခဲ့ကာ၊ သူတစ်ပါး ဒုက္ခရောက်သည်ကို ပျော်နေသည့် အမူအရာများ ပေါ်လာခဲ့သည်။ "ဟီးဟီး၊ ဒါဆိုရင် သူ့ကံက အတော်ဆိုးတယ်လို့ပဲ ပြောရမယ်! တတိယ ဂျူနီယာကို တွေ့ခဲ့ရင်တောင် စတုတ္ထဂျူနီယာကို တွေ့တာထက် ကံကောင်းတယ်လို့ ပြောလို့ရတယ်! သူက သူမရဲ့ ကောင်းကောင်းတွယ်တာကို ခံခဲ့ရတယ်မလား?"

လင်းဖုန်းက ပြုံးလိုက်ကာ ဆက်ပြောလိုက်သည်။ "ရွှေရောင်ဗဟိုချက် အဆင့် ပြိုင်ပွဲမှာ၊ ဇူရီနဲ့ ထျန်းဟောင်တို့ နှစ်ယောက်စလုံးက ဖိုင်နယ်ကို တက်နိုင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ထျန်းဟောင်က အနိုင်ရသွားခဲ့တယ်"

ရှောင်ယန်က တစ်ဟားဟားနှင့် ရယ်လိုက်သည်။ "ကောင်းလေစွ! ကောင်းလေစွ! ကျွန်တော့်စိတ်ထဲမှာ အခုမှပဲ ပေါ့သွားတော့တယ်!"

လင်းဖုန်းက သူ့အား မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်သည်။ "ဘာတွေစိတ်ပေါ့နေတာလဲ? သူတို့နှစ်ယောက်စလုံးက ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်ကို ရောက်သွားကြပြီ"

ရှောင်ယန်သည် ပြုံးလိုက်ကာ မာနအပြည့်ဖြင့် ပြောလိုက်သည်။ "ဒါဆိုရင် ပိုကောင်းတာပေါ့! ဘယ်သူက ပိုပြီးတော့ သန်မာသလဲ ဆိုတာကို ယှဉ်ပြိုင်ဖို့ မစောင့်နိုင်…"

စကားမဆုံးခင်တွင်ပင်၊ သူ၏အသံမှာ ရပ်သွားခဲ့၏။ သူ၏စွမ်းအားများမှာ ပျောက်ဆုံးနေခဲ့ပြီ ဖြစ်ကြောင်းကို ရုတ်တရက် အမှတ်ရလိုက်၏။ သူသည် ယခုအချိန်တွင် ဇူရီနှင့် ရှောင်ပုတန်တို့အား မဆိုထားနှင့်၊ ဝမ်လင်း၊ ယွဲ့ဟုန်ယန်နှင့် ယန်ချင်တို့ကိုပင် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

ပို၍ ရိုးသားပွင့်လင်းစွာနှင့် ပြောရလျှင်၊ သူသည် ကျူးကော်ဖန်းလင်ကိုပင် မယှဉ်နိုင်တော့ပေ။

ရှောင်ယန်သည် နာကျင်နေသော အပြုံးဖြင့်၊ လင်းဖုန်းအား ရှက်ကိုးရှက်ကန်းဖြင့် ကြည့်လိုက်၏။ "ကျွန်တော်တို့ အားလုံးက ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်ကို ရောက်သွားပြီးမှ၊ ယှဉ်ပြိုင်ကြတာပေါ့"

လင်းဖုန်းသည် မအောင့်ထားနိုင်တော့ပဲ အားရပါးရ ရယ်ခဲ့လိုက်သည်။ သူသည် ရှောင်ယန်နှင့် ဟာသဆက်ပြောချင်နေခဲ့သော်လည်း၊ ရင်ခုန်သံတစ်ချက်မှားသွားခဲ့ကာ တွေးလိုက်သည်။ "မြောက်ပိုင်းလေပြင်း ပင်လယ်မှာ ဘာတွေဖြစ်နေတာလဲ? အင်မော်တယ် ဝိညာဉ် အဆင့်က အကြီးအကဲတွေ အများကြီး ရှိနေတာတောင်၊ ဘာဖြစ်လို့ အမှားအယွင်းတွေ ဖြစ်နေရတာလဲ?"

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

48.1K 5.3K 93
စုပင်းတစ်ယောက် အိပ်နေရင်း သူနေထိုင်တဲ့ ကမ္ဘာထက်ပိုအဆင့်မြင့်တဲ့ အခြားကမ္ဘာတစ်ခုကို ကူးပြောင်းရောက်ရှိသွားပြီး ထိုကမ္ဘာသည် နည်းပညာမြင့်သော်လည်း ကြယ်တ...
48.7K 3.8K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
87.1K 11.6K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
80.7K 8.9K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...