ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

81K 8.9K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၆ --- အပိုင်း ၃၂၇
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ

434 44 0
By KazunoMora

အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ

ရှီကျုံးယွဲ့နှင့် ကျန်သော အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများသည်၊ ရှောင်ပုတန်လေးက စိတ်ဝိညာဉ် စွမ်းအင်များအား စုပ်ယူ၍ အရေအတွက်သုံးခု အင်းရှစ်ကွက် သင်္ကေတအား ဖန်ဆင်းခဲ့သည်ကို ကြည့်နေကြ၏။

ပုံမှန်ဆိုလျှင် ကျင့်ကြံသူတစ်ယောက်၏ မှော်ကျိန်စာမှာ အမျိုးအစား တစ်မျိုးတည်း ဖြစ်၏။ သူတို့သည် ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်သို့ ရောက်ရှိပြီးသွားလျှင်၊ သူတို့သည် သူတို့၏ ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ် စွမ်းအင် တစ်မျိုးကိုသာလျှင် ထိန်းချုပ်နိုင်စွမ်း ရှိမည်ဖြစ်သည်။

ပို၍ကောင်းမွန်သော တာအိုနည်းစနစ်များ အတွက်ဆိုလျှင်၊ သူတို့အား ပြည့်စုံစွာ လေ့ကျင့်ပြီးနိုင်သော ကျင့်ကြံသူများသည် သူတို့၏ ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ် စွမ်းအင်များကို တစ်မျိုးထက်ပို၍ အသုံးပြုနိုင်ကြမည် ဖြစ်သည်။

ဥပမာ အနေဖြင့် မဟာချင် အင်ပါယာမှ တော်ဝင်နဂါး ငါးကောင်တို့၏ လျှို့ဝှက်ကျမ်းစာမှ အစိတ်အပိုင်း ငါးခုစလုံးတို့အား ကျွမ်းကျင်တတ်မြောက်သွားပြီးသော၊ ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်သည်၊ စိတ်ဝိညာဉ် စွမ်းအင်ငါးမျိုးအား ထိန်းချုပ်နိုင်မည်ဖြစ်ကာ နဂါးငါးကောင်အား ဖန်ဆင်းနိုင်မည် ဖြစ်သည်။ သူတို့သည် သတ္တု၊ သစ်သား၊ မီးတောက်၊ ရေပြင်နှင့် မြေကြီးတို့၏ စွမ်းအားများကို ထုတ်သုံးနိုင်မည် ဖြစ်၍၊ ထိပ်တန်းတကာ့ ထိပ်တန်းအဆင့် တာအိုနည်းစနစ်ဟူ၍ ပြော၍ရပေသည်။

သို့သော်လည်း ရှောင်ပုတန်နှင့် ဇူရီနှစ်ယောက်စလုံးတို့သည် ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ် စွမ်းအင် ရှစ်မျိုးအား စုပ်ယူနိုင်ခဲ့၍၊ သူတို့၏ အရေအတွက်သုံးခု အင်းရှစ်ကွက်တို့အား ဖန်ဆင်းနိုင်ခဲ့ကြသည်။ ထိုကဲ့သို့သော ထူးခြားဖြစ်စဉ်မျိုးသည် လူတစ်ယောက်ကသာ ပြုလုပ်နိုင်ခဲ့ပါက၊ သူသည် သူ၏ကိုယ်ပိုင် စွမ်းအားများကြောင့် ဖြစ်နိုင်သည်ဟု ယူဆနိုင်စရာ ရှိသေးသည်။

သို့သော်လည်း လူနှစ်ယောက်က ဖြစ်ရပ်တစ်ခုတည်းကို တူညီစွာ ဖန်တီးနိုင်ခဲ့သည် ဆိုခဲ့လျှင်၊ ဖြေရှင်းစရာ အကြောင်းပြချက် တစ်ခုသာ ရှိတော့သည်။ ဒါသည် သူတို့၏ လေ့ကျင့်မှု၏ ရလဒ်ဖြစ်သည်။

"ဒီလောက်အထိ ကြောက်စရာကောင်းလှတဲ့ ဘယ်လို တာအိုနည်းစနစ်မျိုးလဲ?" နေမင်းအလင်းတန်း ဓားမာစတာက သက်ပြင်းတစ်ချက်ချလိုက်ရင်း၊ အနည်းငယ် တုန်လှုပ်နေသော ပုံစံမျိုးဖြင့် မေးလိုက်သည်။

အလင်းဓားမြန် ဓားမာစတာက ချီတုံချတုံ ဖြစ်လှစွာနှင့် ပြောလိုက်သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ အကြီးဆုံးတပည့် ရှောင်ယန်က၊ ရှင်းယွင်တောင်ထိပ်မှာ ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်ကို တက်လှမ်းခဲ့စဉ်က၊ ဒီလိုမျိုး ဖြစ်ရပ်မျိုးကို မမြင်ခဲ့ရဘူး။ သူက သူ့ဘေးက မီးအနွယ်ဝင် စိတ်ဝိညာဉ် စွမ်းအင်တွေကိုသာ စုပ်ယူခဲ့ပြီး၊ မီးနတ်ဆိုး အသွင်ကို ပြောင်းသွားခဲ့တာ"

သူ၏ အကြည့်မှာ ထိတ်လန့်တုန်လှုပ်မှုများကို မကွယ်ဝှက်နိုင်ခဲ့ပဲ ဆက်ပြောလိုက်သည်။ "နေပါဦး၊ သူထိန်းချုပ်နိုင်ခဲ့တဲ့ မီးအနွယ်ဝင် စိတ်ဝိညာဉ် စွမ်းအင်တွေရဲ့ ပမာဏက သိပ်မဟုတ်သေးဘူး။ ရှင်းယွင်တောင်ထိပ်မှာ ဒီလောက်အထိ မီးအနွယ်ဝင် စွမ်းအင်တွေ မရှိနိုင်ဘူး။ ကြည့်ရတာ သူက တခြား စိတ်ဝိညာဉ် စွမ်းအင်တွေကို လောင်ကျွမ်းပစ်လိုက်တာ ဖြစ်မယ်"

ထိုအထိ ပြောလိုက်အပြီးတွင်၊ သူ၏ အမူအရာမှာ ရှုပ်ထွေးသည့်ပုံ ဖြစ်သွားခဲ့သည်။ အခြား အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲ တစ်ယောက်ချင်းဆီတို့သည်လည်း၊ ရှုပ်ထွေးသော အမူအရာများ ဖြစ်လာကြသည်။

ပုံမှန်ဆိုလျှင် ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်သည်၊ သူတို့အတွက် မျက်စိထဲ ထည့်စရာ အဆင့်အတန်း မဟုတ်ချေ။ သို့သော်လည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ မှော်ကျိန်စာများသည် ကြောက်မက်ဖွယ်ရာ စွမ်းအင်နှင့် အလားအလာများကို ထုတ်ဖော်ပြသခဲ့သဖြင့်၊ သူတို့ထံတွင် အချက်ပေး ခေါင်းလောင်းသံများ မြည်လာခဲ့သည်။

အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများ အားလုံးတို့သည်၊ လင်းဖုန်းအား တိတ်တဆိတ် အကဲခတ်လိုက်ကြ၏။

ဤရိုက်ချက်သည် အစောပိုင်းက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်များ၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်များထက်ပင် ပိုပြင်းလေသည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတွင် ယခုကဲ့သို့ အစွမ်းထက်လှသည် တာအိုနည်းစနစ်များ ပိုင်ဆိုင်ထားလျှင်၊ သူတို့တွင် အလွန်အမင်း ပြောင်မြောက်သည့် ပါရမီရှင်များကို မပိုင်ဆိုင်ထားခဲ့လျှင်ပင်၊ သူတို့၏ တိုးတက်လာမှုကို တားဆီးနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

လင်းဖုန်းသည် ရှီကျုံးယွဲနှင့် ကျန်သောသူများကို လှည့်ကြည့်ရန်ပင် မလိုခဲ့ပဲ၊ စနစ်ကြီးအတွင်းမှ သူ၏ ရေပန်းစားမှုနှင့်အတူ သူ့ဂိုဏ်း၏ ရေပန်းစားမှုတို့သည် လျှင်မြန်စွာနှင့် တိုးတက်လာနေသည်ကို သိနိုင်ခဲ့သည်။ သူတို့၏ ရင်ထဲမှ အံ့ဩလေးစားမှုများကို ခံစားနေနိုင်ပေသည်။

လင်းဖုန်းသည် ရှောင်ပုတန်နှင့် ဇူရီတို့ အပေါ်တွင် စိတ်ကျေနပ်စွာနှင့် စိုက်ကြည့်လိုက်ရင်း ပြောလိုက်သည်။ "ကောင်းတယ်၊ အရမ်းကောင်းတယ်။ အခုဆိုရင် မင်းတို့နှစ်ယောက်စလုံးက ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်ကို ရောက်သွားကြပြီ ဆိုတော့၊ အကောင်းဆုံး ယှဉ်ပြိုင်တိုက်ခိုက်လို့ရပြီ။ မင်းတို့က ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်ကို ရောက်သွားပြီးရင်၊ ငါ့မှာက မင်းတို့ကို သင်ပေးဖို့ နောက်ထပ် နည်းစနစ်တွေနဲ့ မှော်ကျိန်စာတွေ ရှိသေးတယ်ကွ"

"မဟာကောင်းကင် တာအိုကျမ်းစာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်က အစပိုင်းပဲ ရှိသေးတယ်"

လင်းဖုန်းသည် သူ၏ မှော်စွမ်းအင်တို့အား ရုပ်သိမ်းလိုက်၍၊ ခရမ်းရောင် တိမ်တိုက်ကမ္ဘာလေးက ပြယ်လွင့်သွားခဲ့သည်။ ရှောင်ပုတန်လေးသည် အတွင်းမှ ထွက်လာခဲ့ကာ၊ အသက်ရှူထုတ်လိုက်၍ ဇူရီအား ကြည့်လိုက်သည်။ တည်ငြိမ်စွာ ပြုံးလိုက်၍ ပြောလိုက်သည်။ "ဒုတိယ စီနီယာ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ညွှန်ကြားပြသပေးပါ"

ဇူရီက အနည်းငယ် ပြုံးလိုက်ကာ ပြောလိုက်သည်။ "ဂျူနီယာလေး၊ ကျေးဇူးပြု၍ အရှေ့ကကြွပါ"

သူတို့ နှစ်ဦးအကြားမှ ဆက်ဆံရေးမှာ လှိုက်လှိုက်လှဲလှဲ ရှိနေချိန်တွင်၊ နတ်ရေကန်ဂိုဏ်းမှ တပည့်များ၏ မျက်နှာများသည်ကား၊ ညိုမည်းနေသော တိမ်တိုက်များကဲ့သို့ ပုပ်သိုးနေပေသည်။

ရှောင်ပုတန်လေးသည် ယင်မီးတောင် ကပ်ဘေးအား ကျော်ဖြတ်ပြီးသွား၍၊ အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်သို့ တက်လှမ်းနိုင်သွားသည့် အချိန်မှစ၍၊ နတ်ရေကန်ဂိုဏ်းမှ တပည့်များ၏ တပည့်အများစုမှာ ဒေါသအိုးများ ပေါက်ကွဲနေကြ၏။

ဤမြင်ကွင်းအား ကြည့်နေခဲ့သော စုန့်ချင်းယွမ်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူနှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင်၊ ရှောင်ပုတန်လေးသည် သူ၏ စွမ်းအားကို အကုန်မထုတ်ရသေးသောကြောင့် ဖြစ်သည်။

သူသည် သူ၏ စွမ်းအားများကို သူ၏ ဒုတိယ စီနီယာနှင့် တိုက်ခိုက်ရန်အတွက်သာ၊ သိုလှောင်ထားခဲ့သည်။ စုန့်ချင်းယွမ် အနေနှင့်မူ၊ ထိုကဲ့သို့သော စွမ်းအားများကို လိုအပ်မည် မဟုတ်ချေ။

ထိုကဲ့သို့ သိရှိခဲ့ရခြင်းသည် စုန့်ချင်းယွမ်နှင့် အခြားနတ်ရေကန်ဂိုဏ်းမှ တပည့်များကို၊ စိတ်ဓာတ်ကျ၍ ရူးသွပ်လုမတတ် ဖြစ်စေခဲ့သည်။ သူတို့သည် သူတို့၏ ကြေကွဲဝမ်းနည်းမှုများကို ရေရွတ်၍ပင် မရတော့ချေ။

သို့သော်လည်း အမှန်တရားမှာ စုန့်ချင်းယွမ်နှင့် တိုက်ခိုက်ခဲ့ချိန်တွင်၊ ရှောင်ပုတန်သည် အနိုင်ရရှိရန် သူ၏စွမ်းအားကို အကုန်ထုတ်ရန် မလိုခဲ့ပေ။

ထိုအချက်သည် နတ်ရေကန်ဂိုဏ်းမှ တပည့်များကို အလွန်အမင်း အသုံးမကျသည့် ခံစားချက်မျိုးကို ခံစားစေခဲ့သည်။ အထူးသဖြင့် စုန့်ချင်းယွမ်ဖြစ်သည်။

နတ်ရေကန်ဂိုဏ်း၏ ခေါင်းဆောင် ချောင်ဝေသည်ပင်လျှင်၊ တည်ငြိမ်နေသော မျက်နှာထားနှင့် ရှိနေခဲ့သော်လည်၊ မယုံနိုင်လောက်အောင် အသုံးမကျဟု ခံစားနေရသည်။

နတ်ရေကန်ဂိုဏ်းမှ တပည့်များမှလွဲ၍၊ ကျန်သော ပရိသတ်များမှာ ဇူရီနှင့် ရှောင်ပုတန်တို့အား မျှော်လင့်တကြီးနှင့် စိုက်ကြည့်နေကြသည်။ အစပထမတွင် ဇူရီနှင့် ရှောင်ပုတန်တို့ အကြားတွင်၊ မည်သူနိုင်မည် ဆိုသည်ကို မေးခွန်းထုတ်စရာ မလိုခဲ့ပေ။

မည်သူက သိမည်နည်း၊ မျက်စိတစ်မှိတ် အတွင်းတွင်၊ ရှောင်ပုတန်လေးသည် ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည်။

ယင်မီးတောက် ကပ်ဘေးကို ရင်ဆိုင်ခဲ့ရာတွင်၊ သူသည် ဇူရီထက်ပင် လွယ်ကူစွာနှင့် ဖြတ်သန်းနိုင်ခဲ့သည်။ ကပ်ဘေးအား ဖြတ်သန်းခဲ့ အပြီးတွင်၊ အားနည်းနေသော ပုံစံမျိုးကို မတွေ့ရချေ။ ထို့အစား သူသည် အကောင်းဆုံး အခြေအနေတွင် ရှိနေခဲ့သည်။

ထို့ကြောင့် ချန်ပီယံလုပွဲသည် ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာခဲ့သည်။ အားလုံးတို့သည် မည်သည့် တပည့်က အစွမ်းပိုထက်သည်ကို သိနိုင်ရန်၊ မစောင့်နိုင်ကြတော့ပဲ ဖြစ်နေခဲ့သည်။

လင်းဖုန်းသည် ရှောင်ပုတန်နှင့် ဇူရီတို့က ပုန်းကွယ်နေသော နဂါးချောက် အတွင်းကို ဝင်သွားသည်ကို ကြည့်နေခဲ့ရင်း၊ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ကျလာခဲ့သည်။ သူသည် တောက်ယုတင်းနှင့် တိုက်ပွဲအပြီးတွင် မှော်ကျိန်စာနှင့် ပတ်သတ်၍ အတွေးသစ် အမြင်သစ်များကို ရရှိခဲ့၍၊ လင်းဖုန်း၏ ကာကွယ်မှုအောက်တွင် တံခါးပိတ်၍ လေ့ကျင့်နေသော ဝမ်လင်းဖြစ်သည်။
လင်းဖုန်းက ပြုံးလိုက်သည်။ "ဝမ်လင်း၊ မင်းရဲ့ လေ့ကျင့်မှုတွေ ပြီးဆုံးသွားတာ အချိန်တော်ပဲ။ မင်းက စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်တဲ့၊ ဖိုင်နယ်ပွဲကို ကြည့်ရတော့မယ်"

ဝမ်လင်းသည် ဇူရီနှင့် ရှောင်ပုတန်တို့၏ ပျောက်ကွယ်သွားသော ပုံရိပ်များကို ကြည့်လိုက်ကာ၊ မျက်လုံးအစုံမှာ လင်းလက်လာခဲ့သည်။ "ဒုတိယ စီနီယာနဲ့ ဂျူနီယာလေးတို့က ရွှေရောင်ဗဟိုချက် အဆင့်ရဲ့ ချန်ပီယံဘွဲ့ကို လုကြတော့မှာလား?"

စကားဆုံးသည်နှင့် ဝမ်လင်းသည် ငြိမ်သက်သွားခဲ့၏။ သူသည် ပုန်းကွယ်နေသော နဂါးချောက် အတွင်းသို့ အာရုံအပြည့်နှင့် စိုက်ကြည့်နေခဲ့သည်။ သူ့အတွက်မှာ ထိုတိုက်ပွဲကို ကြည့်ရခြင်းသည်၊ မဖော်ပြနိုင်သော အကျိုးကျေးဇူးများကို ရနိုင်မည် ဖြစ်သည်။

ယွဲ့ဟုန်ယန်နှင့် ယန်ချင်တို့ အပါအဝင်၊ ထွမ်းထွမ်းနှင့် ကျူးကော်ဖန်းလင်တို့ပင် ငြိမ်သက်နေခဲ့ပြီး၊ ပုန်းကွယ်နေသော နဂါးချောက် အတွင်းသို့ စိုက်ကြည့်နေကြ၏။

သို့သော်လည်း သူတို့၏ အကြည့်များသည် ဝမ်လင်း၏ အပေါ်သို့ ကျရောက်သွားသောအခါ၊ အနည်းငယ် ပြောင်းလဲသွားကြသည်။

ဝမ်လင်းသည် အခြေခံအုတ်မြစ် အဆင့်တွင်သာ ရှိသေးသည်ဟု သိထားကြသော်လည်း၊ သူ၏ တံခါးပိတ် လေ့ကျင့်မှုမှ ထွက်လာခဲ့ အပြီးတွင်၊ သူသည် ပြောင်းလဲမှု ကြီးကြီးမားမား တစ်ခုနှင့် ကြုံတွေ့လာခဲ့သည်ဟု သူတို့က ခံစားနေကြရသည်။

"ဘာများလဲ?" သူတို့လေးယောက်စလုံးက တစ်ပြိုင်နက်တည်း တွေးလိုက်ကြသော်လည်း၊ ခေါင်းများကိုသာ ခါနိုင်လိုက်ကြ၏။

ကျင့်ကြံမှုအဆင့် အမြင့်ဆုံးဖြစ်သော ထွမ်းထွမ်းသည် ဝမ်လင်းအား ကြည့်လိုက်ကာ တွေးလိုက်သည်။ "တစ်ခုခုတော့ ထူးခြားနေတယ်"

သို့သော်လည်း ဝမ်လင်းသည် အဓိက အာရုံစိုက်ရမည့်သူ မဟုတ်ပဲ၊ ပြပွဲ၏ ကြယ်ပွင့်များမှာ ဇူရီနှင့် ရှောင်ပုတန်တို့သာ ဖြစ်သည်။

သူတို့နှစ်ယောက်သား ပုန်းကွယ်နေသော နဂါးချောက် အတွင်းသို့ ရောက်သွားသောအခါ၊ ရှောင်ပုတန်လေးက သူ၏လက်များကို ပွတ်သပ်နေရင်း ပြောလိုက်သည်။ "ဒုတိယ စီနီယာ၊ အရင်က အတိုင်းပဲ။ ကျွန်တော်က စီနီယာနဲ့ ယှဉ်ပြိုင်တဲ့ အချိန်မှာ၊ ကျွန်တော့်ရဲ့ အစွမ်းအကုန်သုံးမယ်နော်"

စကားဆုံးသည်နှင့် ရှောင်ပုတန်သည် ခြေထောက်ဆောင့်လိုက်ကာ၊ သူ၏တစ်ကိုယ်လုံးသည် ဇူရီရှိရာဆီသို့ မြားတစ်ချောင်းအလား တိုးဝင်သွားခဲ့သည်။

ရှောင်ပုတန်၏ စကားသည် ဇူရီအား၊ သူတို့နှစ်ဦးအကြားက လွန်လေပြီးသော အချိန်တုံးက ပထမဦးဆုံး ယှဉ်ပြိုင်ပွဲကို ပြန်လည် အမှတ်ရစေခဲ့သည်။ ထိုအချိန်သည် ယွဲ့ဟုန်ယန်နှင့် ယန်ချင်တို့က ဂိုဏ်းအတွင်းသို့ မဝင်ရသေးသည့် အချိန်ဖြစ်သည်။ ထိုအချိန်တွင် ရှောင်ပုတန်နှင့် သူတို့ နှစ်ယောက်စလုံးတို့သည် အခြေခံအုတ်မြစ် အဆင့်တွင်သာ ရှိသေးသည်။

ထိုအချိန်တွင် ရှောင်ပုတန်လေးသည် အမြဲတစေ အလောတကြီး လုပ်ဆောင် တတ်သည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်စလုံးတို့၏ စွမ်းအားများမှာ တူညီနေခဲ့သော်လည်း၊ ရှောင်ပုတန်လေး၏ စိတ်မရှည်မှုက အခွင့်ကောင်းယူ၍ ဇူရီက အနိုင်ယူနိုင်ခဲ့သည်။

ထိုမြင်ကွင်းသည် သူ၏စိတ်ထဲတွင် ပြန်ပေါ်လာခဲ့သော်လည်း၊ သူ၏ ဂျူနီယာလေးသည် အမှားတစ်ခုကို နှစ်ခေါက်ပြုလုပ်မည် မဟုတ်ဟု၊ ဇူရီက သိနေခဲ့သည်။

ထို့ကြောင့် ဇူရီ၏ နည်းဗျူဟာသည် ပြောင်းလဲသွားခဲ့၏။ သူသည် စက်ဝိုင်းပတ် ပြေးနေ၍ ရှောင်ပုတန်လေးအား အားအင်ကုန်ခမ်းအောင် မကြိုးစားတော့ပဲ၊ သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်၏။

ဇူရီသည် အသက်တစ်ချက် ပြင်းပြင်းရှူလိုက်ကာ၊ သူ၏ တစ်ကိုယ်လုံးမှနေ၍ အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော အလင်းတန်းများသည် ပုန်းကွယ်နေသော နဂါးချောက် အတွင်းတွင် ကြက်ခြေခတ်နေကြကာ၊ ဧရာမ မန်ဒလာတစ်ခု အသွင်ကို ဖန်ဆင်းလိုက်၏။

အလင်းမန်ဒလာ!

မန်ဒလာ၏ အလည်ဗဟိုတွင် အလင်းရောင် ပုံရိပ်တစ်ခုသည် ထိုင်နေခဲ့၏။ သူ၏ လက်နှစ်ဘက်ကို လက်အုပ်ချီထားပြီး၊ တင်ပုလ္လင်ခွေ ထိုင်နေခဲ့သည်။ အထဲမှနေ၍ တစ်ယောက်သည် အသိစိတ် ဉာဏ်ပညာများဖြင့် ပြည့်နှက်နေသော၊ ဗုဒ္ဓ၏ အဆုံးအမတို့နှင့် ပြည့်ဝနေသော အဆုံးမဲ့ အလင်းတန်းများကို တွေ့နေနိုင်၏။

အခြားသူများနှင့် မတူပဲ တစ်ဂိုဏ်းတည်းမှ တပည့်များဖြစ်၍၊ ရှောင်ပုတန်နှင့် ဇူရီတို့သည် တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်း နားလည်နေကြ၏။ သူတို့သည် တစ်ယောက်က ပိုင်ဆိုင်ထားသော လျှို့ဝှက်ဖဲချပ်များကိုလည်း ကောင်းစွာသိနေကြ၏။ သို့ဖြစ်၍ အနိုင်ရချလျှင်၊ တစ်ယောက်သည် ထူးခြားဆန်းသစ်သော အရာတစ်ခုကို ထုတ်ဖော်ပြသမှ ရပေမည်။

ဇူရီသည် လင်းဖုန်းထံမှ အတိတ်က မဟာမိုးကြိုး ကျောင်းတော်ကြီး၏ အဖိုးတန် အဆုံးအမတစ်ခု ဖြစ်သော၊ ထာဝရ အလင်းသခင် တထာဂတ မန္တန်အား သင်ကြားခဲ့ရစဉ်တွင်၊ သူသည် မဟာကောင်းကင် တာအိုကျမ်းစာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်နှင့် ပူးပေါင်းခဲ့သည်။ ယခုအချိန်တွင် သူသည် ထိုမန္တန်သီးသန့်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ၊ ရှောင်ပုတန်သည် မအောင့်နိုင်ခဲ့ပဲ ရယ်လိုက်သည်။ "ထာဝရ အလင်းသခင် တထာဂတ မန္တန်က ထူးခြားတယ် ဆိုပေမဲ့၊ သူက ကျွန်တော်တို့ရဲ့ မဟာကောင်းကင် တာအိုကျမ်းစာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်ကို ယှဉ်နိုင်ပါ့မလား? ဒုတိယစီနီယာ၊ မတူတဲ့ လှည့်ကွက်တစ်ခုကို သုံးချင်ရင် ဆိုရင်တော့၊ ဒီထက်ကောင်းတဲ့ဟာကို အသုံးပြုဖို့ လိုလိမ့်မယ်"

စကားဆုံးသည်နှင့် ရှောင်ပုတန်သည် သူ၏ညာလက်ကို မြှောက်လိုက်ရာ၊ လေပြင်းနှင့် မိုးကြိုး အမြောက်အမြားတို့သည် သူ၏ညာလက်တွင် စတင်၍ စုစည်းလာကြသည်။ မတူညီသော စွမ်းအားနှစ်ခုတို့သည် ပူးပေါင်းကခုန်နေကြ၍၊ စွမ်းအားမှာ ဆထက်တပိုး တိုးတက်လာကြ၏။ သူတို့ ကြီးထွားလာကြသောအခါ၊ ပျောက်ကွယ်သွားကြ၍ ကမ္ဘာအား ဖျက်ဆီးနိုင်သော အင်အားမျိုးကို ပြသနိုင်ခဲ့သည်။

ရှောင်ပုတန်လေးသည် လက်သီးဖြင့် ထိုးချလိုက်၏။ ဒါသည် သူ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်မှ ကောင်းကင်တူအစုံဖြစ်သည်။ ရှောင်ပုတန်သည် ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး၊ သူသည် ချောက်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များကိုပါ စုပ်ယူ၍ သူ၏ လက်သီးချက်အား အားဖြည့်ထားခဲ့သည် ဖြစ်၍၊ ထိုလက်သီးချက်သည် အစောပိုင်းက စုန့်ချင်းယွမ်အား ထိုးနှက်ခဲ့သော လက်သီးချက်ထက် အဆပေါင်းများစွာ ပို၍ စွမ်းအားကြီးပေသည်။

ထိုလက်သီးချက်နှင့်အတူ၊ သူသည် အလင်းရောင် မန်ဒလာအား ထိုးနှက်လိုက်၏။ ဒါသည် တန်ပေါင်းတစ်ထောင်လေးသော တူကြီးဖြင့်၊ ကြွေအိုးလေးတစ်လုံးအား ရိုက်ခွဲခဲ့သည်နှင့် တူနေပေသည်။

အလင်းမန်ဒလာသည် ရင်သပ်ရှုမောဖွယ် ကောင်းလှသော်လည်း၊ သူသည် ရှောင်ပုတန်လေး၏ လက်သီးချက်ကို ကာကွယ်ရန် မစွမ်းနိုင်ပေ။

သို့သော်လည်း အလင်း မန်ဒလာသည် အလင်းတန်း အပိုင်းအစများအဖြစ် ပြိုကွဲသွားသော်လည်း၊ သူသည် လုံးဝ ပျောက်ကွယ်မသွားခဲ့ပေ။ ထို့အစား သေးငယ်သော အလင်းတန်း အစိတ်အပိုင်းများသည် ရှောင်ပုတန်လေးအား လွှမ်းခြုံသွားခဲ့သည်။

ထိုအချိန်တွင် မရေမတွက်နိုင်သော အမှောင်ထုတို့သည် မည်သည့်နေရာမှ ထွက်လာမှန်း မသိပဲ ထွက်ပေါ်လာကြ၍၊ အလင်းတန်းများနှင့် ပူးပေါင်းသွားကြသည်။ မျက်စိတစ်မှိတ် အတွင်းတွင် သူသည်၊ အနက်နှင့် အဖြူရောင် ယဇ်ပုလ္လင်တစ်ခုအဖြစ် ပေါင်းလဲသွားကြသည်။

ရှောင်ပုတန်သည် စကြဝဠာ အသေးစားလေး တစ်ခုအတွင်းတွင် ပိတ်မိနေသကဲ့သို့၊ ထိုယဇ်ပုလ္လင်အတွင်းတွင် ပိတ်မိနေခဲ့သည်။ သူ၏အရှေ့မှ မှောင်မိုက်နေသော လေဟာနယ် ဗလာထုကြီး အတွင်းတွင်၊ တောက်ပနေသော ကြယ်စင်စုများသည် နဂါးငွေ့တန်းအလား ဖြစ်နေခဲ့သည်။

ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ်!

နဂါးငွေ့တန်းအတွင်းမှ ဇူရီ၏ အသံကို ရှောင်ပုတန်က ကြားလိုက်ရ၏။ "ဂျူနီယာလေးပြောတာ မှန်ပါတယ်။ ဒါပေမဲ့လည်း ငါက သိတာပေါ့၊ ငါက ဒီလိုလုပ်မယ့် လူမျိုးလို့ ဂျူနီယာက ထင်နေတာလား?"

"ဒါပေမဲ့ ပြိုင်ပွဲဝင်တိုင်းဟာ ပြိုင်ပွဲကို တရားမျှတစွာနှင့် ကျွမ်းကျင် ပိုင်နိုင်စွာနဲ့ အနိုင်ရအောင် ကြိုးစားရမယ်။ တရားမျှတမှုနဲ့ ကျင်လည်မှုနဲ့ ပေါင်းစည်းထားခြင်းသာလျှင်၊ အနိုင်ရမယ့် အကြောင်းရင်းဖြစ်တယ်"

ထိုအသံနှင့်အတူ ရှောင်ပုတန်သည် ဇူရီ ဆင့်ခေါ်ထားသော မန်ဒလာ ကမ္ဘာကြီးသည်၊ သူ့အား အလည်ဗဟိုတွင် ထားခဲ့ပြီး လျှင်မြင်စွာနှင့် သူ့ထံသို့ ပြိုကျပျက်စီးလာခဲ့သည်ကို တွေ့လိုက်ရသည်။

ဝင်္ကပါ တစ်ခုလုံးသည် ရှောင်ပုတန်လေး၏ ခြေထောက်အောက်မှ ပြိုကျပျက်စီးလာခဲ့သည်။ ဇူရီဖန်တီးထားသော ကမ္ဘာတစ်ခုလုံးသည်၊ အလျှင်အမြန်ပင် ကိုယ့်ကိုယ် ပြန်လည် ဖျက်ဆီးနေခဲ့၏။

ဇူရီဖော်ဆောင်ထားခဲ့သော မန်ဒလာတစ်ခုလုံးသည်၊ ကောင်းကင်နှင့် မြေကြီးတို့၏ ဖျက်ဆီးနိုင်သော စွမ်းအားများနှင့် တူနေ၏။ အကယ်၍ သူသည် တစ်ခဏအတွင်း ပေါက်ကွဲပျက်စီးသွားခဲ့ပါက၊ ရှောင်ပုတန်၏ ကျင့်ကြံမှု အဆင့်နှင့် သူလုပ်နိုင်သည်မှာ တစ်ခုသာ ရှိနေ၏။

"ယု!" ရှောင်ပုတန်၏ အမူအရာသည် တည်ငြိမ်နေခဲ့ပြီး၊ သူသည် ပျာယာခတ်ခြင်း အလျဉ်းမရှိခဲ့ပေ။ သူ၏ လက်သီးသေးသေးလေးအား မြှောက်လိုက်၍၊ ရွှမ်ဟွမ်ကမ္ဘာလေးခု မှော်ကျိန်စာ အနက်မှ 'ယု' မှော်ကျိန်စာအား အသက်သွင်းလိုက်၏။

တစ်ခဏလေး အတွင်းမှာပင်၊ လေဟာနယ် တစ်ခုလုံးသည် စွမ်းအား အမြောက်အမြားတို့ဖြင့် ပြည့်သွားခဲ့၏။ အလင်းထုနှင့် အမှောင်ထုကြီး တစ်ခုလုံးသည် မရေမတွက်နိုင်သော တိုင်လုံးများဖြင့် ပြည့်သွားခဲ့ပြီး၊ ကမ္ဘာကြီး တစ်ခုလုံးအား တောင်တန်းတစ်ခုကဲ့သို့ ခိုင်မာနေအောင် ထောက်ပံ့ထားသကဲ့သို့ ဖြစ်နေခဲ့၏။

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

6.8K 474 22
Title - I Inherit an auction house at the start trillion times rebate လေလံအိမ်ရဲ့အရှင်သခင် ဘာသာပြန် - ချိတ်/ဇော်ထက်နိုင် မူရင်းစာရေးဆရာ - Place of Be...
2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
103K 12.8K 91
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
88K 9.7K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...