ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Un...

By KazunoMora

80K 8.8K 92

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၃၁၄ --- အပိုင်း ၃၁၅
အပိုင်း ၃၁၆ --- အပိုင်း ၃၁၇
အပိုင်း ၃၁၈ --- အပိုင်း ၃၁၉
အပိုင်း ၃၂၀ --- အပိုင်း ၃၂၁
အပိုင်း ၃၂၂ --- အပိုင်း ၃၂၃
အပိုင်း ၃၂၄ --- အပိုင်း ၃၂၅
အပိုင်း ၃၂၈ --- အပိုင်း ၃၂၉
အပိုင်း ၃၃၀ : ရူးမိုက်သော လောင်းကြေး
အပိုင်း ၃၃၁ : နောက်ဆုံးသိုင်းကွက်
အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ
အပိုင်း ၃၃၃ : ကျုပ်က ရင်ဆိုင်ချင်တဲ့ အချိန်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်မယ်
အပိုင်း ၃၃၄ : တပည့်တို့၏ အကြားမှ နောက်ဆုံးတိုက်ပွဲ
အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု
အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!
အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!
အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်
အပိုင်း ၃၃၉ : ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် ပြန်လုပ်ခြင်း
အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
အပိုင်း ၃၄၁ : အားလုံးလိုချင်သောအရာ
အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း
အပိုင်း ၃၄၃ : ခက်မသုံးဖြာ နည်းဗျူဟာ
အပိုင်း ၃၄၄ : ကျော်ကြားမှုနှင့် အောင်ပွဲ
အပိုင်း ၃၄၅ : ရှောင်ယန်အား စော်ကားခြင်းနှင့် ရယ်မောလှောင်ပြောင်ခြင်း
အပိုင်း ၃၄၆ : အချက်သုံးချက်
အပိုင်း ၃၄၇ : ဒီရေအား ပြောင်းလဲနိုင်ရန်၊ ဖဲချပ်အားလုံးကို အသုံးချခြင်း
အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု
အပိုင်း ၃၄၉ : ပြဿနာကို ဖန်တီးခြင်း
အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်
အပိုင်း ၃၅၃ : ပန်းပေါင်းတစ်ရာ ဖူးပွင့်လာခြင်း
အပိုင်း ၃၅၄ : ပစ္စည်းကောင်းတွေဆိုတာ ရဖို့မလွယ်ဘူး
အပိုင်း ၃၅၅ : ပင်ပန်းကြီးစွာ ကြိုးစားခဲ့ခြင်းမှ ရလဒ်များကို ရရှိခြင်း
အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း
အပိုင်း ၃၅၇ : နောက်ဆုံးတွင် ဆရာများ ဖြစ်သွားကြခြင်း
အပိုင်း ၃၅၈ : ကိုယ်ပိုင် ဘုံဗိမာန်ငယ်များ
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း
အပိုင်း ၃၆၁ : လင်းဖုန်း၏ စာမေးပွဲ
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
အပိုင်း ၃၆၃ : ပုန်းကွယ်နေတဲ့သူ တစ်ယောက် ရှိသေးတယ်
အပိုင်း ၃၆၄ : ဝင်္ကပါအတွင်းမှ ထွက်ရန် မှန်ကန်သော နည်းလမ်း
အပိုင်း ၃၆၅ : ဒုတိယမျိုးဆက် တပည့်များက ဆရာများကို ရွေးချယ်ခြင်း
အပိုင်း ၃၆၆ : ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဘက်
အပိုင်း၃၆၇ : ထူးဆန်းသော လူငယ်တစ်ယောက်
အပိုင်း ၃၆၈ : ဒါက အိမ်မက်လား၊ အနာဂတ်က အဖြစ်မှန်လား?
အပိုင်း ၃၆၉ : မသိစိတ်က ခုခံလိုခြင်း
အပိုင်း ၃၇၀ : ရှေးဟောင်းကမ္ဘာမှ ဧည့်သည်တစ်ယောက်
အပိုင်း ၃၇၁ : ခြေမွပစ်ခြင်း
အပိုင်း ၃၇၂ : ဘယ်သူက ဘယ်သူ့ကို ဆုံးမမှာလဲ?
အပိုင်း ၃၇၃ - ၃၇၄
အပိုင်း ၃၇၅ - ၃၇၆
အပိုင်း ၃၇၇ - ၃၇၈
အပိုင်း ၃၇၉ - ၃၈၀
အပိုင်း ၃၈၁ - ၃၈၂
အပိုင်း ၃၈၃ - ၃၈၄
အပိုင်း ၃၈၅ - ၃၈၆
အပိုင်း ၃၈၇ - ၃၈၈
အပိုင်း ၃၈၉ - ၃၉၀
အပိုင်း ၃၉၁ - ၃၉၂
အပိုင်း ၃၉၃ - ၃၉၄
အပိုင်း ၃၉၅ - ၃၉၆
အပိုင်း ၃၉၇ - ၃၉၈
အပိုင်း ၃၉၉ - ၄၀၀
အပိုင်း ၄၀၁ - ၄၀၂
အပိုင်း ၄၀၃ - ၄၀၄
အပိုင်း ၄၀၅ - ၄၀၆
အပိုင်း ၄၀၇ - ၄၀၈
အပိုင်း ၄၀၉ - ၄၁၀
အပိုင်း ၄၁၁ - ၄၁၂
အပိုင်း ၄၁၃ - ၄၁၄
အပိုင်း ၄၁၅ - ၄၁၆
အပိုင်း ၄၁၇ - ၄၁၈
အပိုင်း ၄၁၉ - ၄၂၀
အပိုင်း ၄၂၁ - ၄၂၂
အပိုင်း ၄၂၃ - ၄၂၄
အပိုင်း ၄၂၅ - ၄၂၆
အပိုင်း ၄၂၇ - ၄၂၈
အပိုင်း ၄၂၉ - ၄၃၀
အပိုင်း ၄၃၁ : ကံကောင်းခြင်း
အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း
အပိုင်း ၄၃၃ - ၄၃၄ - ၄၃၅
အပိုင်း ၄၃၆ - ၄၃၇ - ၄၃၈
အပိုင်း ၄၃၉ - ၄၄၀ - ၄၄၁
အပိုင်း ၄၄၂ - ၄၄၃ - ၄၄၄
အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇
အပိုင်း ၄၄၈ - ၄၄၉ - ၄၅၀
အပိုင်း ၄၅၁ -၄၅၂ - ၄၅၃
အပိုင်း ၄၅၄ - ၄၅၅ - ၄၅၆
အပိုင်း ၄၅၇ - ၄၅၈ - ၄၅၉
အပိုင်း ၄၆၀ - ၄၆၁ - ၄၆၂
အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅
အပိုင်း ၄၆၆ - ၄၆၇ - ၄၆၈
အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁
အပိုင်း ၄၇၂ - ၄၇၃ - ၄၇၄
အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇
အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀
အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃
အပိုင်း ၄၈၄ - ၄၈၅ - ၄၈၆
အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉
အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂
အပိုင်း ၄၉၃ - ၄၉၄ - ၄၉၅
အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈
အပိုင်း ၄၉၉ - ၅၀၀
အပိုင်း ၅၀၁ - ၅၀၂ - ၅၀၃
အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆
အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉
အပိုင်း ၅၁၀ - ၅၁၁ - ၅၁၂
အပိုင်း ၅၁၃ - ၅၁၄ - ၅၁၅
အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈
အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁
အပိုင်း ၅၂၃ - ၅၂၄ - ၅၂၅
အပိုင်း ၅၂၆ - ၅၂၇ - ၅၂၈
အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁
အပိုင်း ၅၃၂ - ၅၃၃ - ၅၃၄
အပိုင်း ၅၃၅ - ၅၃၆ - ၅၃၇
အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀
အပိုင်း ၅၄၁ - ၅၄၂ - ၅၄၃
အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆
အပိုင်း ၅၄၇ - ၅၄၈ - ၅၄၉
အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂
အပိုင်း ၅၅၃ - ၅၅၄ - ၅၅၅
အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈
အပိုင်း ၅၅၉ - ၅၆၀ - ၅၆၁
အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄
အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇
အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀
အပိုင်း ၅၇၁ : မင်းရဲ့အဖေကို သေချာကြည့်ထားရင် ကောင်းမယ်
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
အပိုင်း ၅၇၃ : ကောင်းကင်ဖျက်ဆီးဓား သုံးပုံနှစ်ပုံ ထွက်လာခြင်း
အပိုင်း ၅၇၄ : လင်းဖုန်း၏ ဓားသယ်ဆောင်သူ
အပိုင်း ၅၇၅ : တိုက်ပွဲတိုက်မည့်နေ့
အပိုင်း ၅၇၆ : ငါက သက်ညှာခဲ့ရင်တောင် မင်းက အရိုက်နှက်ခံရဦးမှာပဲ
အပိုင်း ၅၇၇ : နဂါးတိုက်ပွဲ စင်မြင့်၏ အလယ်တွင်
အပိုင်း ၅၇၈ : နဂါးကျောက်တုံးဂိတ် ပေါ်လာခြင်း၊ အဆုံးတိုင် တိုက်ခိုက်ခြင်း
အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!
အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ
အပိုင်း ၅၈၁ : ရှီထျန်းရီ၊ မင်းရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ
အပိုင်း ၅၈၂ : အစွမ်းအထက်ဆုံး ထိပ်တိုက်တိုက်ခိုက်မှု
အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း
အပိုင်း ၅၈၄ : တရားစီရင်ချက်ချဖို့ အချိန်ကျပြီ
အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်
အပိုင်း ၅၈၆ : လင်းဖုန်း၏ စွမ်းအားနှင့် မှော်ရတနာတို့၏ သဘာဝများ
အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
အပိုင်း ၅၈၉ : စူတောင်က နောက်ဆုံးမှာ ရောက်လာခဲ့ပြီ
အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း
အပိုင်း ၅၉၁ : သူတော်စင် ကောင်းကင်ဓားချီ ထွက်လာသောအခါ ကြမ္မာပန်းတိုင်သည်...
အပိုင်း ၅၉၂ : ယုကျင်းတောင်အား အင်မော်တယ်ဝိညာဥ် အတွင်းတွင်း ပေါင်းစည်းခြင်း
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာနှစ်မျိုးကဝန်းရံတိုက်ခိုက်ခြင်း
အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...
အပိုင်း ၅၉၅ : ပြိုင်ဘက်ကင်း!
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်...
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်
အပိုင်း ၅၉၉ : တစ်ယောက်၏ ခန္ဓာကိုယ် အချုပ်အနှောင်များကို ဖယ်ရှားပြီး...
အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း
အပိုင်း ၆၀၁ : ရှဧကရာဇ်၏ အမွေအနှစ်၊ နတ်ဘုရားနယ်မြေ ဆေးမီးဖို
အပိုင်း ၆၀၂ : ဟင်းလင်းပြင် ဘုရားကျောင်း၏ တတိယလမ်းစဥ်
အပိုင်း ၆၀၃ : ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း၏ စိတ်နေသဘောထား
အပိုင်း ၆၀၄ : ဒုတိယအကြိမ် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား
အပိုင်း ၆၀၅ : ရန်သူတို့၏ ရောက်လာခြင်း
အပိုင်း ၆၀၆ : တောင်များကို ရွှေ့ကာ ပင်လယ်များကို ဖန်ဆင်းခြင်း
အပိုင်း ၆၀၇ - ၆၀၈
အပိုင်း ၆၀၉ - ၆၁၀
အပိုင်း ၆၁၁ - ၆၁၂ - ၆၁၃
အပိုင်း ၆၁၄ - ၆၁၅ - ၆၁၆
အပိုင်း ၆၁၇ - ၆၁၈ - ၆၁၉ - ၆၂၀
အပိုင်း ၆၂၁ - ၆၂၂ - ၆၂၃ - ၆၂၄
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
အပိုင်း ၆၂၆ : လက်ထောက် ခန်းမသခင် ချင်းကွမ်းဘုရင်
အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း
အပိုင်း ၆၂၈ : ရှုံ့တွတွန့်လိမ်နေသော ကမ္ဘာ
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
အပိုင်း ၆၃၁ : ကမ္ဘာနှစ်ခု အတွင်းမှ အကောင်းဆုံး
အပိုင်း ၆၃၂ : သမိုင်းတွင် စိတ်မချရဆုံးသော မိစ္ဆာ မဟာပဏ္ဍိတ
အပိုင်း ၆၃၃ : နံရံတိုင်းတွင် နားများရှိသည်
အပိုင်း ၆၃၄ : အကျိုးအမြတ်များကို ဝေမျှပေးခြင်း
အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်
အပိုင်း ၆၃၆ : ကျွမ်းကျင်ပါးနပ်စွာနှင့် စီမံခန့်ခွဲခြင်း
အပိုင်း ၆၃၇ : အင်္ကျီလက်ဝတွင် ဖဲချပ်များစွာ ရှိခြင်း
အပိုင်း ၆၃၈ : ကမ္ဘာနှစ်ခုတို့အတွက် အကောင်းဆုံး
အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ
အပိုင်း ၆၄၀ : ယုကျင်းတောင်၊ ယင်ယန်ပင်လယ်
အပိုင်း ၆၄၁ : ခေတ်သစ်တစ်ခု စတင်ခြင်း
အပိုင်း ၆၄၂ : ကလေးကြိုက်သူများအား သတိထားပါ
အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း
အပိုင်း ၆၄၄ : စိတ်ဝိညာဥ် အားဖြည့်ဆေးလုံးများ အမြောက်အမြား ထုတ်လုပ်ခြင်း
အပိုင်း ၆၄၅ : မုန်တိုင်းမကျခင် ငြိမ်သက်ခြင်း
အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်
အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...
အပိုင်း ၆၄၈ : ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း စီနီယာပိုကျသူ
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
အပိုင်း ၆၅၀ : မင်းကငါ့တပည့်ရဲ့ မှော်အိုင်တမ်ကို ယူသွားတော့ ငါကမင်းရဲ့...
အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅
အပိုင်း ၆၅၆ - ၆၅၇ - ၆၅၈ - ၆၅၉ - ၆၆၀

အပိုင်း ၃၂၆ --- အပိုင်း ၃၂၇

446 49 0
By KazunoMora

အပိုင်း ၃၂၆ : ဇူရီ၏ ဒဿန အမြင်

ကျောင်ကျုံချန်း၏ ပညာရပ် ခြောက်မျိုးအား တပြိုင်နက်တည်း ထုတ်လွှတ်လိုက်ခြင်းသည်၊ ကစဉ့်ကလျား ဖြစ်စဉ်နှင့် မတူခဲ့ပဲ အတူတကွ ပေါင်းစည်းစုဝေးသွားကြ၍၊ စွမ်းအားကောင်းသော တိုက်ခိုက်မှု လှိုင်းလုံးကြီး တစ်ခုအသွင်သို့ ပြောင်းသွားခဲ့သည်။ သူသည် လွန်စွာအားကောင်းလှသဖြင့်၊ အချိန်လှိုင်းလုံးကြီးပင်လျှင် ရိုက်ခတ်ဖယ်ရှားခြင်း မပြုနိုင်သည့် အော်ရာအသွင်ကို ပေးစွမ်းနိုင်ခဲ့သည်။

ထိုအချိန်တွင် ကွန်ဖြူးရှပ်၏ တပည့် သန်းပေါင်းများစွာတို့နှင့် သူတို့၏ ဉာဏ်ပညာ၊ ကိုယ်ကျင့်စရိုက် တို့သည်၊ သူနှင့် တစ်သားတည်း ဖြစ်နေခဲ့၏။ သူတို့၏ စွမ်းအားများနှင့်အတူ၊ ကျောင်ကျုံချန်း၏ အော်ရာအား အထောက်အပံ့ ပေးနေကြ၏။

သူသည် လုံးဝကို မရပ်တန့်နိုင်ခဲ့ပေ!

ထိုကဲ့သို့ ကြီးမားသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် ဇူရီ၏ စာလုံးများမှာ တုန်ခါနေကြပြီး၊ သူ၏ စာစီစာကုံးသည်လည်း ပြိုကွဲတော့မည့်ပုံ ပေါက်နေခဲ့၏။ သူ၏ အရေးအသားအား ရှေ့ဆက်ရန် မဖြစ်နိုင်တော့ပေ။

ပုန်းကွယ်နေသော နဂါးချောက်၏ အပြင်မှ ကြည့်နေသူများမှာ၊ ကျောင်ကျုံချန်း၏ စွမ်းအားတို့၏ မူလရင်းမြစ်အား နားလည်နိုင်စွမ်း ရှိသည်ဖြစ်ဖြစ်၊ မရှိပဲ ဖြစ်ဖြစ်၊ သူတို့သည် ရပ်တန့်နိုင်စွမ်း မရှိသော ခွန်အားတို့ကို ခံစားနေရ၍၊ သူတို့၏ အားနည်းသော စိတ်ဝိညာဉ်များသည် တုန်ခါလာကြပေသည်။

အခြေတည်ဝိညာဉ် အဆင့်မှ ဂရန်းမာစတာတို့ပင်၊ ကိုယ့်ကိုယ်ကိုယ် သံသယများ ဝင်လာကြသည်။ သူတို့၏ နှလုံးခုန်ချက်များ မှားကုန်ကြ၍၊ သူတို့သည် ယင်းကဲ့သို့ တိုက်ခိုက်မှုများကို ခံခဲ့ရပါက၊ ရင်ဆိုင်နိုင်မည်လောဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကုန်ကြသည်။

အခြေတည်ဝိညာဉ် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူများသာ၊ ထိုကဲ့သို့သော တိုက်ခိုက်မှုများ အရှေ့တွင် တည်ငြိမ်စွာနှင့် နေနိုင်ကြသည် ဖြစ်၏။ သို့သော်လည်း သူတို့၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပေါ်လာကြ၍၊ ထိုတိုက်ခိုက်မှု၏ စွမ်းအားများကို လေ့လာနေကြသည်။

စုန့်ချင်းယွမ်သည် သူ၏အကြည့်ကို ပုန်းကွယ်နေသော နဂါးချောက် အတွင်းမှ မခွာပဲ၊ "ကြည့်ရတာ ကျောင်ကျုံချန်းက ဇူရီထက်၊ ခေါင်းတစ်လုံး ပိုမြင့်တယ်နဲ့ တူတယ်။ ဇူရီက ရှုံးခါနီးနေပြီ။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ စံချိန်ကျိုးဖို့က သိပ်မလိုတော့ဘူး"

ထိုအချိန်တွင် သူသည် တစ်ချိန်တည်းတွင်ပင် လေးနက်နေ၍၊ နောင်တလည်း ရနေခဲ့သည်။

ဇူရီ၏ အဆက်မပြတ် ပြန်လည်တုံ့ပြန်မှုတို့ကို ကျော်လွှားနိုင်ရန်၊ ကွန်ဖြူးရှပ်ဝါဒီတို့၏ စွမ်းအားနှင့် သူ၏ စွမ်းအားတို့ကို ပူးပေါင်းနိုင်ခဲ့သည့် ကျောင်ကျုံချန်း၏ စွမ်းရည်ကို ချီးကျူးနေခဲ့သော်လည်း၊ စုန့်ချင်းယွမ်သည် သူ၏ဖဲချပ်များ အားလုံးကို ထုတ်သုံးလိုက်သည့် ကျောင်ကျုံချန်းအား ရင်ဆိုင်နိုင်ပါ့မည်လော ဟူသည်ကို၊ သူကိုယ်တိုင်ကလည်း မသေချာနေခဲ့ပေ။

တစ်ချိန်တည်းမှာပင် စုန့်ချင်းယွမ်သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ရှုံးပွဲမရှိ စံချိန်ကို ရိုက်ချိုးနိုင်မည့်သူမှာ၊ သူမဟုတ်သောကြောင့် မချင့်မရဲ ဖြစ်နေခဲ့၏။ ကြည့်ရတာ ထိုဂုဏ်သိက္ခာကို ရရှိနိုင်သူမှာ၊ ကျောင်ကျုံချန်းပင် ဖြစ်လိမ့်မည်နှင့် တူသည်။

ရှောင်ပုတန်၊ ယွဲ့ဟုန်ယန်နှင့် ယန်ချင်တို့ပင်လျှင်၊ ပုန်းကွယ်နေသော နဂါးချောက် အတွင်းသို့ စိုးရိမ်နေသော မျက်နှာထားများဖြင့် စိုက်ကြည့်နေကြသည်။ ကျောင်ကျုံချန်း၏ တိုက်ခိုက်မှုမှ ဖြာထွက်လာသော ဖိအားများသည်၊ လွန်စွာပင် လွှမ်းမိုးနိုင်စွမ်း ကောင်းလှပေသည်။

"ဆရာသခင်!" ယန်ချင်က လင်းဖုန်းအား စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်၍ ခေါ်လိုက်သည်။ သို့သော်လည်း သူမြင်ခဲ့ရသည်မှာ တည်ငြိမ်အေးဆေးနေသော လင်းဖုန်းပင် ဖြစ်သည်။ ထို့အပြင် သူ၏ နှုတ်ခမ်းတွင်၊ အပြုံးတစ်ခုကိုပင် ပြုံးနေနိုင်သေးသည်။

လင်းဖုန်းက သူ၏တပည့်များကို စိုက်ကြည့်လိုက်ပြီး၊ ညင်သာစွာ ပြုံးလိုက်သည်။ "မင်းတို့ရဲ့ ဒုတိယ စီနီယာက အခုလေးတင်ပဲ နိုင်သွားပြီ"

ဘေးမှလူများမှာ လင်းဖုန်း၏ အသံကို ကြားလိုက်ရသောအခါ၊ အံ့ဩတုန်လှုပ်သွားကြသည်။ ချက်ချင်းပင် သူတို့၏ ခေါင်းများကို လှည့်လိုက်ကြ၍၊ တိုက်ပွဲရှိရာဆီသို့ ကြည့်လိုက်ကြ၏။ ဇူရီသည် ကျောင်ကျုံချန်း ရိုက်ထုတ်လိုက်သည့်၊ အလွန့်အလွန်ကို ဗိုလ်ကျကြီးစိုးနိုင်သည့် တိုက်ခိုက်မှု ရှိရာဆီသို့ ကြောက်ရွံ့မှု ကင်းမဲ့စွာန လျှောက်လှမ်းသွားနေသည်ကို တွေ့လိုက်ရ၏။ သူ့ထံမှ တွေဝေခြင်း၊ ချီတုံချတုံ ဖြစ်ခြင်းမျိုးတို့ကို လုံးဝ မတွေ့ခဲ့ရပေ။

"လူသားချင်း စာနာထောက်ထားမှု ဝါဒရဲ့ တိုးတက်ကြီးပွားလာမှုဟာ၊ ရှေးဟောင်း ဓလေ့ထုံးစံတွေ အတွင်းမှာပဲ နစ်မြှုပ်နေတာ မဟုတ်ဘူး။ သူက အချိန်ဒီရေတွေရဲ့ ပြောင်းလဲသွားမှုကနေ အတိုက်စားခံရဖို့ကို ခွင့်ပြုမှာ မဟုတ်ဘူး" ဇူရီသည် ပြတ်သားသော၊ ပြဋ္ဌာန်းပြီးသော ကြံ့ခိုင်သည့် စိတ်ဓာတ်အစုံနှင့် ရှေ့သို့ တစ်လှမ်းခြင်း လျှောက်လာခဲ့သည်။

သူ၏ အရှေ့သို့ လှုပ်ရှားမှုနှင့်အတူ၊ သူ၏ ခန္ဓာကိုယ်မှ မှော်စွမ်းအင် လှိုင်းလုံးများသည် တစ်လုံးပြီး တစ်လုံး ရိုက်ခတ်လာကြ၍၊ သူ၏ ခြေထောက်အောက်တွင် ဧရာမ ယဇ်ပုလ္လင်ကြီးတစ်ခု ပေါ်လာခဲ့သည်။ သူ၏ မှော်စွမ်းအင်တို့သည် စစ်တုရင်ခုံကဲ့သို့ အဖြူနှင့်အနက် စပ်ထားခဲ့ပြီး၊ မျက်စိကျိန်းလောက်သည့် အဖြူရောင် မျဉ်းကြောင်းများနှင့် မှောင်မိုက်လှသည် အနက်ရောင် မျဉ်းကြောင်းများသည် ရောထွေးယှက်တင် ဖြစ်နေကြကာ၊ ကောင်းကင်ပေါ်မှ ကြယ်များကဲ့သို့ ဂြိုလ်နက္ခတ် လမ်းကြောင်းပုံစံမျိုးကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။

ထိုယဇ်ပုလ္လင်သည် မန်ဒလာနှင့် တူနေသကဲ့သို့၊ တစ်ချိန်တည်းတွင်ပင် မတူညီနေပေ။ အလင်းနှင့်အမှောင် စွမ်းအင် နှစ်မျိုးစလုံးတို့သည်၊ ပြည့်စုံစွာ ညီမျှနေကြ၏။

ဇူရီသည် ယဇ်ပုလ္လင်အပေါ်တွင် မတ်တတ်ရပ်နေခဲ့၍၊ ကျောင်ကျုံချန်းအား မျက်နှာမူကာ ရေရွတ်လိုက်၏။ "အတိတ်ကို သင်ခန်းစာယူပြီး ဆန်းသစ်တဲ့ အနာဂတ်ကို တည်ဆောက်ရမယ်။ ဒါက လူသားချင်း စာနာထောက်ထားမှု ဝါဒရဲ့ ဖွံ့ဖြိုးတိုးတက်မှု အစစ်အမှန် ဖြစ်တယ်။ ဒါက ငါတို့မျိုးဆက်ရဲ့ အမှန်ကန်ဆုံး ပညာရှာဖွေခြင်း ဖြစ်တယ်။ အမှန်တရားကို ရှာဖွေခြင်း!"

သူ၏ဘယ်လက်ကို နောက်ပစ်ထားလိုက်ရင်း၊ ဇူရီသည် သူ၏ညာလက်ဖြင့် လေပေါ်တွင် စာလုံးများကို ရေးလိုက်၏။ တောက်ပသော စာလုံးများနှင့် မှေးမှိန်သော စာလုံးများတို့သည်၊ ပေါ်ထွက်လာကာ လေပေါ်တွင် ကခုန်နေကြချိန်တွင်၊ မပြီးဆုံးသေးသော စာစီစာကုံးသည် ထပ်မံပေါ်ပေါက်လာခဲ့သည်။ တစ်ယောက်မှ မတုံ့ပြန်နိုင်သေးခင်တွင်၊ ပထမစာပိုဒ်မှာ ပြီးဆုံးသွားခဲ့သည်။

နိဒါန်းစာပိုဒ်သာ ဖြစ်သော်လည်း စာစီစာကုံး ပေါ်ပေါက်လာမှုမှနေ၍၊ မယုံနိုင်သော စွမ်းအား အမြောက်အမြားတို့ ထွက်ပေါ်လာကြ၏။ သူ၏ တောက်ပမှုသည် အလင်းလက်ဆုံး နေများလများကို၊ လွှမ်းမိုးထားနိုင်ခဲ့၏။ သို့သော်လည်း သူ၏ စွမ်းအားတို့မှာ ဗိုလ်ကျလွှမ်းမိုးလိုခြင်း မရှိခဲ့ချေ။ သူ့ထံမှနေ၍ ရန်ငြိုးထားသော၊ ဆိုးရွားသော ရည်ရွယ်ချက်မျိုးကို အာရုံမခံနိုင်ခဲ့ချေ။ သို့သော်လည်း ရှိနေကြသော သူအားလုံးတို့မှာ မတတ်နိုင်ကြပဲ၊ အံ့ဩစွာနှင့် ဦးညွှတ်လိုစိတ်များ ဖြစ်ပေါ်လာကြ၏။

ပုံမှန်ယှဉ်ပြိုင်တိုက်ခိုက်သည့် ကျင့်ကြံသူ သိုင်းသမားတို့၏၊ ဒေါမာန်ကြီးကြီးနှင့် ကြမ်းတမ်းခက်ထန်စွာ ယှဉ်ပြိုင်ပုံနှင့် မတူပဲ၊ ဇူရီ၏ စာစီစာကုံးမှာ ယဉ်ကျေးမှုနှင့် ဉာဏ်ပညာတို့ ဖြာထွက်နေ၍၊ သူ၏ စိတ်ဓာတ်နှင့် စရိုက်တို့မှာ စာလုံးတစ်လုံးချင်းဆီတွင် စိမ့်ဝင်နေပေသည်။

ယခုအချိန်တွင် သူ၏ ကိုယ်တွင်း၌ရှိသော ယဉ်ကျေးမှု အနုပညာတို့မှာ၊ အတောက်ပဆုံး ပုံစံဖြင့် လင်းလက်လာကြသည်။ ဖြာထွက်နေသော ဉာဏ်ပညာအစွမ်းတို့မှာ၊ ကျောင်ကျုံချန်းအား ရှေ့ဆက်မတိုးနိုင်အောင် ဟန့်တားထားနိုင်ခဲ့သည်။

ကျောင်ကျုံချန်း၏ ပညာရပ်တို့မှ ပင်ကိုအစွမ်းအစတို့သည် သူ၏ခေါင်းပေါ်တွင် စုစည်းနေခဲ့ကာ၊ အလင်းတန်း တိုင်လုံးတစ်ခု အနေဖြင့်၊ ကောင်းကင်၏ မျက်နှာကြက်တိုင်အောင် တက်သွားခဲ့သည်။ သူသည် အလွန်အမင်းကို သိပ်သည်းလှ၍၊ မရေမတွက်နိုင်သော စာလုံးများသည် တိုင်လုံးကြီးထံမှ ထွက်လာခဲ့ကာ၊ အံ့အားသင့်ဖွယ် စာစီစာကုံး တစ်ပုဒ်အဖြစ်သို့ ပြောင်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဇူရီသည် သူ့တစ်သက်စာ စုဆောင်းခဲ့ပြီး သူ၏ကိုယ်တွင်း၌ ဖိနှိပ်ထားခဲ့သည့်၊ ဉာဏ်ပညာနှင့် ယဉ်ကျေးမှု အနုပညာတို့ကို ဆက်လက်၍ ထုတ်လွှင့်နေခဲ့သည်။ သူတို့သည် ကျယ်ပြန့်လှသည့် ပင်လယ်တစ်ခုပမာ၊ သူ၏ ပတ်ဝန်းကျင် အားလုံးကို လွှမ်းမိုးထားနိုင်ခဲ့သည်။

ထိုဉာဏ်ပညာ အော်ရာနှင့် ထိတွေ့သည့်သူ မှန်သမျှတို့သည်၊ ချက်ချင်းပင် သူတို့၏ ဘိုးစဉ်ဘောင်ဆက်မှ အသိဉာဏ် ဗဟုသုတတို့ကို ထိုးထွင်းသိမြင်နိုင်သည့် ဉာဏ်များ ပေါ်လာမည် ဖြစ်သည်။ သူတို့၏ ရင်တွင်း အနက်ရှိုင်းဆုံးနေရာမှ စိုးရိမ်ပူပန် ကြောင့်ကြမှုများကိုပင်လျှင်၊ ဉာဏ်အလင်း ပွင့်စေနိုင်မည် ဖြစ်သည်။

အလင်းနှင့်အမှောင် မျဉ်းကြောင်းများဖြင့် ရှုပ်ထွေးစွာ ယက်လုပ်ထားသည့် စကားလုံးများဖြင့် ဖွဲ့စည်းထားသော စာစီစာကုံးသည်၊ ကျောင်ကျုံချန်း ဆင့်ခေါ်ထားသော ပညာရပ် ခြောက်မျိုးဖြင့် ပြင်းထန်စွာ ထိတွေ့မိကြသည်။ ကြီးမားသော ပေါက်ကွဲမှုများ ဖြစ်မလာခဲ့သလို၊ နားကွဲလုမတတ် အသံမျိုးကိုလည်း မကြားခဲ့ရပေ။ သို့သော်လည်း တစ်ဖက်သက် ဆန်လွန်းလှသည်!

ကျောင်ကျုံချန်းသည် သူ၏ မီတာတစ်ရာကျော် ရှည်လျားသည့် ပုံရိပ်ကြီးက၊ ဖြည်းညင်းစွာ တစ်စပြီး တစ်စ ကြွေကျသွားခဲ့သည်ကို ငြိမ်းချမ်းစွာနှင့် ကြည့်နေခဲ့၏။

သူသည် မှော်စွမ်းအင် ထိန်းချုပ်မှုများကို ရုပ်သိမ်းလိုက်ပြီး၊ သူ၏လက်နှစ်ဘက်ကို ရင်ဘတ်အရှေ့တွင် ထားလိုက်၍၊ ဇူရီအား ဦးညွှတ်လိုက်၏။ "ကျုပ်ကို လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားက လူအများကို ပညာပေးပြီး ဉာဏ်အလင်းပွင့်စေချင်တဲ့ ရည်ရွယ်ချက်တွေကို ပြသပြီး၊ ကျုပ်ကို အနိုင်ယူနိုင်ခဲ့တယ်။ ခင်ဗျားရဲ့ ဗဟုသုတတွေနဲ့ အစွမ်းတွေကို ပေါင်းစည်းနိုင်တဲ့ စွမ်းရည်ဟာ၊ အံ့ဩမှင်သက်ဖွယ် ကောင်းလှပြီး လေးစားမှုနဲ့ ထိုက်တန်ပါတယ်။ ကျုပ်အရှုံးပေးလိုက်ပါပြီ"

ဇူရီကလည်း စိတ်ကြီးဝင်သည့်ပုံ တစ်စက်မှ မပြခဲ့ပဲ၊ အလွန်အမင်းကို လေးနက်သည့် အမူအရာမျိုးဖြင့် ပြန်လည်ဦးညွှတ်ခဲ့သည်။ "ကျုပ်ရဲ့ အနာဂတ် အောင်မြင်မှုတွေဟာ၊ ခင်ဗျားရဲ့ ဒီကနေ့ ကူညီမှုနဲ့ လမ်းညွှန်မှုတွေ မပါပဲ မဖြစ်နိုင်ပါဘူး"

ပုန်းကွယ်နေသော နဂါးချောက်၏ ပြင်ပတွင် လူအုပ်စု အနည်းငယ်တို့သည်၊ ဇူရီနှင့် ကျောင်ကျုံချန်းတို့၏ စကားများကို ကြားခဲ့ပြီးနောက်တွင် အတွေးနက်သွားကြသည်။

သူတို့နှစ်ယောက်၏ တိုက်ပွဲအား ကြည့်ပြီးနောက်တွင် အများစုကို နားမလည်နိုင်ကြသော်လည်း၊ သူတို့သည် သူတို့၏ ကျင့်ကြံမှုမှာ အတားအဆီးများကို ချိုးဖျက်ရန်အတွက် အတွေးသစ် အမြင်သစ် အချို့ကို ရရှိခဲ့ကြသည်။

လင်းဖုန်းနှင့် ကျန်သော အကြီးအကဲများမှာ အားလုံးကို မြင်တွေ့ရပြီးနောက်တွင်၊ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေကြသည်။

သူတို့သည် သူတို့ဂိုဏ်းများမှ တောက်ပသော ကြယ်ပွင့်တို့သည်၊ ယခုတိုက်ပွဲမှ မရေမတွက်နိုင်သော အကျိုးအမြတ်တို့အား ရိပ်သိမ်းနိုင်ခဲ့သည်ကို သိနေကြသည်။

သူ၏လူများကလည်း ဤတိုက်ပွဲကို ကြည့်ရှုခြင်းအားဖြင့် အကျိုးအမြတ် တစ်စုံတစ်ခုကို ရနိုင်ခဲ့သည်ကို သိနေခဲ့သဖြင့်၊ လင်းဖုန်းသည် အတော့်ကို ကျေနပ်အားရ ဖြစ်နေခဲ့သည်။ ရှောင်ပုတန်နှင့် ယွဲ့ဟုန်ယန်တို့၏ မျက်လုံးများမှနေ၍ အလင်းတန်း ဖျော့ဖျော့လေးအား တွေ့နိုင်ခဲ့ကာ၊ သူတို့ ရရှိခဲ့သော အကျိုးအမြတ်များ၊ အတွေးအမြင်သစ်များကို ဖော်ပြနေခဲ့သည်။

ယန်ချင်၏ မှော်စွမ်းအင်မှာလည်း တိုးတက်လာခဲ့ကာ၊ သူ၏ကိုယ်တွင်းမှ အော်ရာပင်လယ်တွင် လှိုင်းထန်လာခဲ့သည်။ သူ၏ စိတ်ဝိညာဉ် တာဝါ၏ အပေါ်ဘက်တွင်၊ လုံခွက်ပုံရိပ် ရေးရေးလေးက ပေါ်လာခဲ့သည်။ သူ၏ ထိုတိုက်ပွဲအား ကြည့်ရှုခြင်းမှ ရရှိလာသော အတွေးအမြင်များသည်၊ အခြေခံအုတ်မြစ် အဆင့် နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ရန် စတင်ပေးလိုက်ခြင်း ဖြစ်သည်။

လင်းဖုန်းက ထိုအခြင်းအရာအား သတိပြုမိလိုက်သဖြင့်၊ ချက်ချင်းဆိုသလိုပင် ထိုတိုးတက်မှုအား ပိတ်ပင်တားဆီးလိုက်သည်။ ယန်ချင်အား ဖိနှိပ်မှုကို လက်ပြောင်းလွှဲပေးလိုက်ကာ၊ လုံခွက် စုစည်းလာမှုအား အဆုံးသတ်စေခဲ့သည်။

ယန်ချင်သည် သတိပြန်ဝင်လာခဲ့ကာ လင်းဖုန်းအား ကြည့်လိုက်သည်။ လင်းဖုန်းက ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။ "မင်းဆီမှာ မဟာကောင်းကင် တာအိုကျမ်းစာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်နဲ့ မဟာလမင်းအား အမှန်တကယ် နားလည်ခြင်း ဆိုတဲ့ အခြေခံ နှစ်မျိုးရှိတယ်။ မင်းက ငါအခုမင်းကို သင်ကြားပေးမယ့် မှော်ကျိန်စာ တစ်မျိုးကို လေ့လာတတ်ကျွမ်း သွားပြီးမှသာ၊ နောက်တစ်ဆင့်တက်ဖို့ အချိန်တန်မှာပဲ ဖြစ်တယ်"

"ဆရာရဲ့ အချိန်မီ သတိပေးမှုကို ကျေးဇူးတင်ပါတယ်! ကျွန်တော်က စိတ်လိုက်မာန်ပါ လုပ်ခဲ့မိပါတယ်" ယန်ချင်သည် သူ၏ခေါင်းအား ကသိကအောက် ဖြစ်လှစွာနှင့် ညိတ်ပြလိုက်သည်။ "ကျွန်တော်က အခြေခံ ကောင်းကောင်း ဆောက်တည်နိုင်အောင်၊ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ နောက်ထပ် အလွယ်လမ်းကို ထပ်မလိုက်တော့ပါဘူး"

လင်းဖုန်းက ရယ်လိုက်သည်။ "ရိုးအလှတဲ့ ကောင်ကလေး၊ ကိုယ့်ကိုယ်လည်း ဖိအားတွေ သိပ်ပေးမနေပါနဲ့။ မင်းက အလျှင်အမြန်တိုးတက်လာတာကို ကြည့်ပြီးတော့၊ ငါက ပျော်တာထက်တောင် ပိုပါသေးတယ်"

သူ့ဆရာ၏ စကားကို ကြားရသောအခါ၊ ယန်ချင်သည် ပြန်၍ပြုံးလာနိုင်ခဲ့သည်။ လင်းဖုန်းက ဇူရီဘက်သို့ လှည့်ကြည့်လိုက်သည်။ "ဒီကနေ့ဟာ မင်းရဲ့ ကွာဟမှုတွေကို ချိုးဖောက်ပြီး၊ အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်ကို ရောက်ရှိဖို့ အချိန်မကျသေးပေမဲ့၊ ဇူရီကတော့ လုံလောက်တဲ့ ဉာဏ်ပညာနဲ့ အတွေ့အကြုံတို့ကို စုဆောင်းနိုင်ခဲ့ပြီ ဖြစ်တာမို့၊ ပိတ်ထားတဲ့ တံခါးကိုဖွင့်ပြီး နောက်တစ်ဆင့်တက်ဖို့ အချိန်တန်ပြီ။

လင်းဖုန်းက ရှီကျုံးယွဲ့အား ပြောလိုက်သည်။ "အန်းလျှန်မင်းသား၊ ကျုပ်က ခင်ဗျားရဲ့ အကူအညီ တစ်စုံတစ်ရာကို လိုနေပါတယ်"

ပုန်းကွယ်နေသော နဂါးချောက် အတွင်းသို့ ကြည့်လိုက်ကာ၊ ရှီကျုံးယွဲ့၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ပေါ်လာခဲ့သည်။ သူက သက်ပြင်းအရှည်ကြီးအား ချလိုက်ကာ၊ ပြန်ဖြေလိုက်၏။ "ဒါက အချိုပေါ်ကို သကာလောင်းသလို ဖြစ်သွားမယ့်အတွက်၊ ကျုပ်က ခင်ဗျားကို ကူညီဖို့ ဝန်မလေးပါဘူး"

ရွှင်ပျော်ပျော် သူတော်စင်နှင့် လောင်းကစား သူတော်စင်တို့သည် ငြိမ်သက်စွာပင် ရပ်နေကြ၍၊ ပုန်းကွယ်နေသော နဂါးချောက် အတွင်းသို့ ကြည့်နေကြ၏။ သူတို့၏ မျက်နှာ နှစ်ခုစလုံးမှာ သူတို့ရင်ထဲက ခံစားချက်များအတိုင်း၊ နီမြန်းမြန်း ဖြစ်နေကြ၏။

အခြားသော အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများသည်လည်း အမူအရာ အမျိုးမျိုး ဖြစ်နေကြကာ၊ ပုန်းကွယ်နေသော နဂါးချောက် အတွင်းသို့ အာရုံစိုက်ထားကြ၏။

အပြာရောင်ခန်းမ သူတော်စင်သည် သူ၏ မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခု ရှိနေခဲ့၍၊ လက်ဝဲမင်းသားရှန်နှင့် နေမင်းအလင်းတန်း ဓားမာစတာတို့၏ မျက်နှာများပေါ်တွင် ရှုပ်ထွေးသော ခံစားချက်များကို တွေ့နိုင်ပေသည်။

နတ်ရေကန်ဂိုဏ်းချုပ် ချောင်ဝေမှာ အနည်းငယ် မျက်မှောင်ကြုတ်နေ၍၊ ဟော်ရှုနှင့် အလင်းဓားမြန် ဓားမာစတာတို့မှာ ဟန်ပန်အမူအရာ ကင်းမဲ့နေကြ၏။

ထိုအချိန်တွင် ဇူရီသည် ပုန်းကွယ်နေသော နဂါးချောက် အတွင်းတွင် တင်ပုလ္လင်ခွေကာ ထိုင်ချလိုက်၏။ သူထံသို့ ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ်နှင့် ဖွဲ့စည်းထားသော ယဇ်ပုလ္လင်မှ၊ မှော်စွမ်းအင် စွမ်းအားစုများသည် တစ်တန်းပြီးတစ်တန်း ပြေးဝင်လာကြကာ၊ တစ်ကိုယ်လုံးကို လွှမ်းခြုံရစ်ပတ်ထားခဲ့သည်။

ပုန်းကွယ်နေသော နဂါးချောက် အတွင်းမှ မြောက်မြားလှစွာသော စိတ်ဝိညာဉ် စွမ်းအင်တို့သည်၊ ရှီကျုံးယွဲ့၏ ခွင့်ပြုချက်ဖြင့် ဇူရီ၏ လောဘတကြီး စုပ်ယူခြင်းကို ခံနေရပေသည်။ ပုန်းကွယ်နေသော နဂါးချောက်သည် စိတ်ဝိညာဉ် စွမ်းအင်များကို နှစ်သက်သလို စီးဆင်းစေခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကာ၊ သူ၏ စီးဆင်းမှုကို မဟန့်တားခဲ့ပေ။

ဇူရီ၏ ခန္ဓာကိုယ် အတွင်းတွင်၊ ရွှေရောင်ဗဟိုချက်သည် အလင်းနှင့်အမှောင် နှစ်နေရာ ကွဲပြားနေ၏။ တစ်ခြင်းသည် မျက်စိကျိန်းလောက်သည် အလင်းရောင်ကို ထုတ်လွှတ်နေ၍၊ ကျန်တစ်ခြမ်းက အမှောင်တကာ့ အမှောင်ဆုံး ဖြစ်နေခဲ့သည်။ အလင်းနှင့်အမှောင် နေရာများသည် သူတို့အကြားတွင် ကိုယ့်ကိုယ် လှည့်ပတ်နေခဲ့ကာ၊ ရွှေရောင်ဗဟိုချက်သည် ငြိမ်သက်ကာ အေးချမ်းနေခဲ့၏။

ရုတ်တရက်ပင် အလွန်ကျယ်လောင်သော အသံတစ်ခုကို ကြားခဲ့ရ၏။ သူ၏ ခြေထောက်အောက်မှနေ၍ ကြောက်မက်ဖွယ်ရာ ပြင်းထန်သော ယင်မီးတောက်တစ်ခုက ပေါ်လာခဲ့၏။ ထိုမီးတောက်သည် သူ၏ တစ်ကိုယ်လုံးအား လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ကာ၊ နောက်ဆုံးတွင် ရွှေရောင်ဗဟိုချက်အနားသို့ ရောက်မှ ရပ်တန့်သွားခဲ့သည်။

နားမလည်နိုင် ဖြစ်နေကြသော ချောက်ပြင်ပမှ လူထုကြီးသည်၊ ထိုမြင်ကွင်းအား ကြည့်နေကြ၍ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံသူ အားလုံးတို့မှာ၊ ရွှေရောင်ဗဟိုချက် အဆင့်မှ ဖြစ်စဉ်များနှင့် အကျွမ်းတဝင် မရှိကြသဖြင့် အလွန်အမင်း စိတ်ရှုပ်ထွေးနေကြ၏။ အခြားတစ်ဘက်တွင်မူ ရွှေရောင်ဗဟိုချက် အဆင့်နှင့် အခြေတည်ဝိညာဉ် အဆင့်မှ ကျင့်ကြံသူများမှာ၊ ဇူရီက ကျောင်ကျုံချန်းနှင့် ပြင်းထန်သော တိုက်ပွဲအပြီးတွင် ယင်မီးတောက် ကပ်ဘေးကို ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သဖြင့်၊ စိတ်လိုက်မာန်ပါ ပြုလုပ်ခဲ့ခြင်းအား အံ့အားသင့် မှင်သက်နေကြသည်။

ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက်၊ တစ်ယောက်သည် ယင်မီးတောက်၏ ကပ်ဘေးအား ကျော်ဖြတ်ရမည် ဖြစ်သည်။ ယင်မီးတောက်သည် ရွှေရောင်ဗဟိုချက် အတွင်းမှ မသန့်စင်မှုများကို လောင်ကျွမ်းပစ်နိုင်မည်ဖြစ်ကာ၊ တစ်ယောက်ကို နောက်ထပ် လုံးလုံး အသစ်ဖြစ်သော အဆင့်တစ်ဆင့်သို့ ရောက်ရှိစေနိုင်မည် ဖြစ်သည်။

သို့သော်လည်း တစ်ယောက်သည် ယင်မီးတောက်၏ ကပ်ဘေးများကို မကျော်ဖြတ်နိုင်ခဲ့လျှင်၊ ချက်ချင်းပင် ပြာပုံဘဝသို့ ရောက်ရှိသွားမည် ဖြစ်သည်။ အရေးပါသည့် အချိန်အခိုက်အတန့် ခဏဝယ်၊ နောက်တစ်ကြိမ် ပြန်လည်ကြိုးစား၍ ရနိုင်မည် မဟုတ်ချေ။

ဇူရီ၏ လုပ်ဆောင်ချက်ကို ကြည့်နေကြရင်း၊ လူအားလုံးတို့၏ ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ စဉ်းစားနေမိခဲ့ကြသည်။ "သူက ရူးနေတာပဲ ဖြစ်ရမယ်!"

မည်သည့် ကျောထောက်နောက်ခံပင် ရှိစေကာမူ၊ ရွှေရောင်ဗဟိုချက် စဦးပိုင်း အဆင့်မှ ကျင့်ကြံသူများသည် ယင်မီးတောက် ကပ်ဘေးတို့အား ရင်ဆိုင်တော့မည်ဆိုလျှင်၊ အဆုံးစွန်သော ကြိုတင်ပြင်ဆင်မှုများကို လုပ်ထားရသည် ဖြစ်၏။ နောက်ဆုတ်ဖို့ မဖြစ်နိုင်သည့် လမ်းအား လျှောက်တော့မည်ဆိုလျှင်၊ သူတို့၏ ခန္ဓာကိုယ် အခြေအနေအား အကောင်းဆုံး အခြေအနေသို့ ရောက်အောင် သေချာပြင်ဆင် ထားရသေး၏။ သူတို့၏ စီနီယာများ၊ ဆရာများက ဘေးတွင်ရှိနေသည် ဆိုစေကာမူ၊ သူတို့၏ အသက်နှင့်ရင်း၍ ပေါ့ပေါ့တန်တန် မစွန့်စားရဲကြပေ။

သို့သော်လည်း ဇူရီသည် အစွမ်းထက်လှသော ပြိုင်ဘက်ဖြစ်သည့် ကျောင်ကျုံချန်းနှင့်၊ ရှည်ကြာလှသော တိုက်ပွဲတစ်ခုကို တိုက်၍အပြီးမှာပင် သူ၏ ကံစမ်းဖို့ရာ ဆုံးဖြတ်ခဲ့၏။ ထိုကဲ့သို့သော အပြုအမူမျိုးမှာ လူအများ၏ မျက်စိအတွင်းတွင်၊ အလွန်အမင်း တရားလွန် ဖြစ်နေခဲ့သည်ဟု ထင်နေရ၏။

လင်းဖုန်းနှင့် ရှီကျုံးယွဲ့ကဲ့သို့ သူများသာလျှင်၊ ယခုလက်ရှိ ဇူရီသည် သူ့ဘဝ၏ အကောင်းဆုံး အချိန်ကို ရောက်ရှိနေသည် ဆိုသည်ကို သိထားကြ၏။

သူသည် မှော်စွမ်းအင်များ အမြောက်အမြားအား သုံးစွဲခဲ့ရသဖြင့်၊ ခန္ဓာကိုယ် အားနည်းနေသည်မှာ မှန်၏။ သို့သော်လည်း တာအိုဝါဒအား နားလည်သဘောပေါက်မှုနှင့် သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းသည်၊ ဒီထက်ပို၍ မကောင်းနိုင်တော့ချေ။

အမှန်အတိုင်း ဆိုရလျှင် သူသည် နောက်ထပ်လုံးဝ မစောင့်နိုင်တော့ပေ။ သူက နောက်တစ်ဆင့် တက်ရမည်လောဟု တွေဝေနေသော တစ်စက္ကန့်သည်၊ ပုပ်သွားသော အချိန် တစ်စက္ကန့် ဖြစ်သည်။

ထို့ကြောင့်ပင် ဇူရီသည် ပုန်းကွယ်နေသော နဂါးချောက် အတွင်းမှ ထွက်မသွားပဲ၊ ချောက်အတွင်းတွင်သာ ကပ်ဘေးနှင့် ရင်ဆိုင်ရင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အချိန်အကြာကြီး ကုန်ဆုံးသွားသကဲ့သို့ ဖြစ်နေသလို၊ ခေတ္တခဏမျှသာ ကြာသေးသည်ဟု ယူဆရသည့် အချိန်အပြီးတွင်၊ ဇူရီသည် မျက်လုံးအစုံကို ဖွင့်လိုက်ကာ ကလေးကဲ့သို့ အပြစ်ကင်းစင်သော အပြုံးကို ပြုံးလိုက်သည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ဓာတ်ရှစ်ပါး ဖြစ်ကြသော - ကောင်းကင်၊ မြေကြီး၊ မိုးကြိုး၊ လေပြင်း၊ ရေပြင်၊ မီးတောက်၊ တောင်တန်းနှင့် ရေအိုင်တို့သည် သူ၏ဘေးတွင် ပေါင်းစပ်စုစည်းကာ နေကြပေသည်။

ဓာတ်ရှစ်ပါးတို့၏ အပေါ်တွင် အဖြူနှင့်အနက် နှစ်ရောင်စပ်ထားသော အလင်းတန်း နှစ်တန်းတို့သည်၊ ဝန်းရံလှည့်ပတ်နေကြကာ ပုံရိပ်ယောင် ခံစားမှုမျိုးကို ပေးစွမ်းနိုင်ခဲ့ပေသည်။

ထိုဓာတ်များသည် ဇူရီ၏ မှော်စွမ်းအင်များမှ ဖန်တီးထားခြင်း မဟုတ်ပေ။ သူတို့သည် ပုန်းကွယ်နေသော နဂါးချောက် အတွင်းမှ စိတ်ဝိညာဉ် စွမ်းအင်များအား၊ ကောက်နှုတ်စုစည်းထားခြင်းသာ ဖြစ်သည်။

ရုပ်ဝတ္တု ပစ္စည်းများအား ထိုးထွင်းကြည့်ရှုနိုင်၍၊ ရိုးရှင်းသော အကဲခတ်မှုမှနေ အတွေးသစ်၊ အမြင်သစ်များကို ရရှိနိုင်ခြင်း။ ကောင်းကင်နှင့် မြေကြီးတို့အား ဆက်သွယ်နိုင်ခြင်း။ တစ်ယောက်၏ ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ် စွမ်းအင်တို့ကို ထုတ်နှုတ်နိုင်ခြင်း။

ထိုအရာများသည် ဇူရီက ယင်မီးတောက်၏ ကပ်ဘေးကို အောင်မြင်စွာနှင့် ကျော်လွှားနိုင်ခဲ့ကာ၊ ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဟု ဖော်ပြနေသော သက်သေများပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အားလုံး၏ အာရုံများသည် ရှောင်ပုတန်၊ ရှီရှင်းယွမ်နှင့် စုန့်ချင်းယွမ်တို့၏ အပေါ်သို့ ကျရောက်သွားကြသည်။

သူတို့ယခုအချိန်တွင် အသိချင်ဆုံးသော အရာမှာ၊ သူတို့သုံးယောက်ထဲက မည်သူသည် ကံမကောင်းစွာနှင့် ဇူရီအား ရင်ဆိုင်ရမည်ကို ဖြစ်သည်။

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\

အပိုင်း ၃၂၇ : သူနဲ့ ဘယ်သူမှ ရင်ဆိုင်ချင်မှာ မဟုတ်ဘူး!

ပုန်းကွယ်နေသော နဂါးချောက်၏ အပြင်သို့ ထွက်လာပြီးသောအခါ၊ ဇူရီသည် လင်းဖုန်းထံသို့ လျှောက်သွားခဲ့ကာ ဦးညွှတ်လိုက်သည်။ ပြီးတာနှင့်သူသည် ကျောင်ကျုံချန်း ရှိနေသော မဟာချင် အင်ပါယာ စခန်းဘက်သို့ မျက်နှာမူလိုက်ကာ၊ လေးစားသော အမူအရာ တစ်ခုအား ပြုလုပ်လိုက်၏။

ကျောင်ကျုံချန်းသည် ယဉ်ကျေးသော အမူအရာဖြင့် ပြန်လည်တုံ့ပြန်လိုက်ပြီး၊ ရှီကျုံးယွဲ့၊ ရွှင်ပျော်ပျော် သူတောစင်နှင့် ကျူးကော်ကွမ်းတို့အား အရိုအသေ ပြုလိုက်သည်။ သူက တည်ငြိမ်စွာနှင့် ပြောလိုက်သည်။ "ကျွန်တော့်ရဲ့မိတ်ဆွေ ဇူရီနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ယှဉ်ပြိုင်ခဲ့အပြီးမှာ၊ ကျွန်တော်ဟာ အများကြီး သင်ယူခဲ့ရပြီး ကျွန်တော်အရင်က ဖတ်ထားတဲ့ အရာတွေကို အပြည့်အဝ နားမလည်ခဲ့သေးဘူး ဆိုတာကို သဘောပေါက်လာခဲ့ပါတယ်"

"ဒါကြောင့်မို့ ကျွန်တော့်ကို ပြန်သွားပြီး လေ့ကျင့်ခွင့် ပြုပါလို့၊ ခွင့်ပြုချက် တောင်းခံပါတယ်။ တကယ်လို့ ဖြစ်နိုင်မယ် ဆိုလို့ရှိရင်၊ ကျွန်တော်က ဒီစိတ်ဝိညာဉ် အစည်းအဝေးရဲ့ ကျန်တဲ့အပိုင်းတွေကို ဆက်မတက်တော့ပါဘူး"

ကျန်သောသောသူများ အားလုံးတို့သည် မထင်မှတ်ထားသော သတင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး၊ အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲ သုံးယောက်တို့သည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်ကြ၏။ ရွှင်ပျော်ပျော် သူတော်စင်က အကြံပေးလိုက်သည်။ "စိတ်ဝိညာဉ် အစည်းအဝေးပြီးရင်၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာထဲမှာ လေ့ကျင့်တဲ့ အပိုင်းက ရှိသေးတယ်။ ဒီကမ္ဘာက နှစ်ပေါင်း တစ်ထောင်မှာ တစ်ခါပဲ ပွင့်တာ။ ဒီလိုမျိုး အခွင့်အရေးက လွယ်လွယ်နဲ့ မရဘူး"

ကျောင်ကျုံချန်းသည် စိတ်လက်ပေါ့ပါးစွာနှင့် ရယ်မောလိုက်၏။ "ကျွန်တော်က ဇူရီနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပြီးတော့၊ အများကြီး အကျိုးအမြတ် ရရှိခဲ့ပြီးပါပြီ။ ကျွန်တော်ရခဲ့တဲ့ အကျိုးကျေးဇူးတွေက၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာအထဲက ရရှိမယ့် အကျိုးကျေးဇူးထက်တောင်မှ ပိုနေပါပြီ။ ကျွန်တော်က အခုအချိန်ကို အသုံးချပြီးမှ ကျွန်တော်ရရှိခဲ့တဲ့ အရာတွေကို ကျေညက်အောင် လေ့လာမယ်ဆိုရင်၊ ပိုကောင်းမယ်လို့ ယုံကြည်နေပါတယ်"

ရှီကျုံးယွဲ့သည် အချိန်ခဏကြာအောင် အသေအချာ စဉ်းစားခဲ့ပြီးနောက်၊ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ၊ မင်းသွားချင်တယ်ဆိုရင် သွားနိုင်ပါတယ်"

အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများအား ဂါရဝပြုအပြီးတွင်၊ ကျောင်ကျုံချန်းသည် ဇူရီထံသို့ လာခဲ့ကာ ပြောလိုက်သည်။ "မင်းက မဟာကျိုး အင်ပါယာရဲ့ နန်းတွင်းစာမေးပွဲမှာ ပထမစာသင်သား ဘွဲ့ကို ရယူနိုင်မယ့် သတင်းကောင်းကို၊ မကြာမီမှာ ကြားရဖို့ မျှော်လင့်ပါတယ်"

သူ၏စကားဆုံးသည်နှင့်၊ ကျောင်ကျုံချန်းသည် တွေဝေနေခြင်း အလျဉ်းမရှိပဲ လှည့်ကာ ထွက်ခွာသွားခဲ့သည်။

စိတ်ဝိညာဉ် အစည်းအဝေးကို လာတက်ကြသော လူအုပ်ကြီးမှာ၊ ဤတိုက်ပွဲသည် ကျောင်ကျုံချန်းက အိမ်ပြန်သွားခြင်းနှင့် အဆုံးသတ်သွားမည်ဟု ထင်မထားကြသဖြင့်၊ အချင်းချင်း ဝေဖန်ဆွေးနွေးသံများဖြင့် ဆူညံနေကြသည်။

ရှီဆောင်ချန်းသည် ပါးစပ်အကျယ်ကြီး ပွင့်နေခဲ့ကာ၊ ရေရွတ်လိုက်သည်။ "သူက ဒီလိုပဲ ပြန်သွားတာလား? ဇူရီနဲ့ တိုက်ပွဲဟာ သူ့အပေါ်ကို ဒီလောက်အထိ သက်ရောက်မှု ကြီးမားလိမ့်မယ်လို့၊ ကျွန်တော်က ထင်မထားမိဘူး"

သူ၏ဘေးတွင် ရှိနေသော ရှီရှင်းယွမ်သည် ချောင်းခြောက်တစ်ချက် ဆိုးလိုက်ကာ၊ ဇူရီ၊ ရှောင်ပုတန်နှင့် ကျန်သောသူများအား စိုက်ကြည့်လိုက်၍၊ သူမ၏ခေါင်းကို ခါလိုက်သည်။ "ဇူရီကို ရွှေရောင်ဗဟိုချက် အဆင့်သာ ရှိသေးတယ်ဆိုပြီးတော့ အထင်မသေးလိုက်နဲ့။ သူက သူ့ကို အကြီးမားဆုံး တားဆီးထားတဲ့ အကန့်အသတ်ကို ချိုးဖောက်နိုင်ခဲ့ပြီ ဖြစ်လို့၊ အနာဂတ်မှာ ဒီထက်ပိုမြန်တဲ့ အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက်လာတော့မှာ"

"တကယ်လို့များ တစ်ခုခုသာ မဖြစ်ခဲ့ရင်၊ သူ့ရဲ့ကိုယ်ပိုင် ဒဏ္ဍာရီ ရေးထိုးမှာကို ဘယ်သူကမှ တားဆီးနိုင်တော့မှာ မဟုတ်ဘူး"

ရှီရှင်းယွမ်၏ အတိုင်းပင် လူအများစုက တွေးနေကြ၏။ ဇူရီ၏ အလားအလာမှာ ထင်ရှားနေ၍၊ သူ၏ တိုးတက်မှု ဖြစ်စဉ်ကို ရပ်တန့်၍ ရနိုင်မည် မဟုတ်ချေ။

ဇူရီအား ကြည့်နေ၍ ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူ အမြောက်အမြားတို့သည်၊ သူတို့၏ ယုံကြည်ချက်များကို တိုက်စားနေသော နားလည်ရန် ခက်ခဲသည့် အကြောက်တရား တစ်မျိုးကို ခံစားနေကြရသည်။

တစ်ယောက်သည် သူ၏ခန္ဓာကိုယ် အတွင်းတွင် ရွှေရောင်ဗဟိုချက်ကို ဖော်ဆောင်နိုင်သည် ဆိုခြင်းမှာ၊ သူတို့တွင် ပင်ကိုယ်စွမ်းရည်နှင့် စိတ်ဓာတ်ကြံခိုင်မှုများ အတိုင်းအတာ တစ်ခုအထိ ရှိသည်ဟု ဆိုနိုင်၏။ ကြောက်ရွံ့ခြင်း ဆိုသည်မှာ သူတို့နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော ခံစားချက် တစ်မျိုးဖြစ်၏။ သို့သော်လည်း ယခုအချိန်တွင် ဇူရီအား ကြည့်နေကြကာ၊ သူတို့သည် အချိန်အကြာကြီး မေ့လျော့နေခဲ့သော ကြောက်ရွံ့မှုသည် ထပ်မံပေါ်ပေါက်လာခဲ့သည်။

ရွှေရောင်ဗဟိုချက် စဦးပိုင်း အဆင့်တွင်ပင်လျှင်၊ ဇူရီသည် ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ အားလုံးနီးပါးတို့ကို ကျော်တက်သွားနိုင်ခဲ့ပေပြီ။ အခြေတည်ဝိညာဉ် အဆင့်မှ မှော်အိုင်တမ် တစ်ခု၏ အကူအညီဖြင့်၊ သူသည် အခြေတည်ဝိညာဉ် စဦးပိုင်း အဆင့်မှ မည်သည့် ဂရန်းမာစတာကိုမဆို စိန်ခေါ်နိုင်ပေသည်။

ဟော်မင်သည်ပင်လျှင် ရွှေရောင်ဗဟိုချက် အဆင့်တွင် ထိပ်တန်းကျင့်ကြံသူ တစ်ယောက်ဟု ဆိုနေနိုင်ပေပြီ။ သို့သော်လည်း သူသည် ဇူရီ၏ လက်အောက်တွင် ရှုံးနိမ့်ခြင်းဟူသော ကံကြမ္မာအောက်မှ ရုန်းမထွက်နိုင်ခဲ့ပေ။
ကျောင်ကျုံချန်းသည် ဟော်မင်ထက်ပင် ပို၍ အစွမ်းထက်ကာ၊ ဇူရီအား အစပထမတွင် ဖိနှိပ်ထားနိုင်ခဲ့၏။ သို့သော်လည်း နောက်ဆုံးတွင် သူလည်း ချမ်းသာအပေးမခံခဲ့ရပေ။ ထို့အပြင် သူ၏ ရှုံးနိမ့်မှုသည်၊ ဇူရီအား ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်သို့ တက်ရောက်နိုင်ရန်၊ လမ်းခင်းပေးသကဲ့သို့ ဖြစ်သွားခဲ့၏။

ယခုမူ ဇူရီ၏ စွမ်းအားများသည်၊ သူ၏ အဆင့်နှင့်အတူ မြင့်တက်လာခဲ့ပေပြီ။ သူနှင့် တန်းတူရည်သူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည့်၊ ရွှေရောင်ဗဟိုချက် အဆင့်မှ အခြားကျင့်ကြံသူများ ရှိနိုင်ပါသေးမည်လော?

အမှန်အတိုင်း ဆိုရလျှင် ယခုရှိနေကြသူ အများစုတို့သည်၊ အခြေတည်ဝိညာဉ် အဆင့်မှ ဂရန်းမာစတာတို့အား ခိုးခိုးပြီးတော့ စိုက်ကြည့်နေကြသည်။

အခြေတည်ဝိညာဉ် အဆင့်မှ ဂရန်းမာစတာများ၏ အမူအရာတို့သည် ကွဲပြားနေကြသော်လည်း၊ အများအားဖြင့် သုန်သုန်မှုန်မှုန်နှင့် မကြည်မသာ ဖြစ်နေကြသည်။ အမှန်အတိုင်း ပြောရလျှင်၊ အခြေတည်ဝိညာဉ် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူများသည်ပင်လျှင်၊ ဇူရီအား အလေးအနက် ထားလာကြပြီ ဖြစ်သည်။

ကျောင်ကျုံချန်း၏ တိုက်ပွဲအတွင်းမှ နောက်ဆုံးတိုက်ခိုက်မှုသည်၊ အခြေတည်ဝိညာဉ် အဆင့်မှ ဂရန်းမာစတာ များစွာတို့၏ မျက်စိကျခြင်းကို ခံနေရပြီးဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင် ဇူရီ၏ ကျော်လွှားအနိုင်ယူခြင်းအား ခံခဲ့လိုက်ရသည်။

ပြီးတော့ ထိုတိုက်ပွဲ အပြီးတွင်၊ ဇူရီသည် ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်အား တက်လှမ်းနိုင်သွားခဲ့ကာ၊ နောက်ထပ်အာရုံစိုက်မှုများကို ခံခဲ့ရ၏။

လူအုပ်ကြီးအား ပို၍ စိုးရိမ်စေခဲ့သည်မှာ ရင်းနှီးကျွမ်းဝင်ပြီးသာ မေးခွန်းဟောင်းပင် ဖြစ်၏။

သူက ရွှေရောင်ဗဟိုချက် စဦးပိုင်း အဆင့်တွင်ပင်၊ ယခုကဲ့သို့ အံ့အားသင့်ဖွယ် ထူးချွန်ပြောင်မြောက်သော စွမ်းရည်များကို ထုတ်ဖော်ပြသနေနိုင်ပါက၊ သူက ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်သို့ ရောက်ခဲ့လျှင် မည်မျှပင် အစွမ်းထက်နေမည်နည်း?

သူက အခြေတည်ဝိညာဉ်အား ဖော်ဆောင်နိုင်သည့် အချိန်တွင် မည်ကဲ့သို့ ဖြစ်သွားမည်နည်း?

အားလုံးတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ကျင့်ကြံသူ တစ်အုပ်စုကို၊ လှည့်ကာ ငေးကြည့်နေကြ၏။ အားလုံး၏ ခေါင်းထဲတွင် အတွေးတစ်ခုက မြည်ဟည်းနေ၏။ "ကြည့်.. ကြည့်ရတာ၊ ဒီဂိုဏ်းထဲက တပည့်တွေအားလုံးက ဒီလိုမျိုး အလားအလာနဲ့ စွမ်းရည်တွေ ရှိနေကြသလိုပဲ?"

လင်းဖုန်းသည် စနစ်ကြီး အတွင်းမှ ရေပန်းစားမှု တန်ဖိုးထိုးတက်လာနေသည်ကို ကြည့်လိုက်ကာ၊ စိတ်ကျေနပ်မှု အပြည့်နှင့် ခေါင်းညိတ်လိုက်၏။ "ကောင်းလေစွ၊ ကြည့်ရတာ ဒီအစည်းအဝေးက လာရတာက အကျိုးတော်တော် ရှိသားပဲ"

သူက ဇူရီဘက်သို့ လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။ "ဇူရီ၊ ထိုင်ပြီးတော့ မင်းရဲ့ အသက်ရှူတာကို စနစ်ကျအောင် ထိန်းချုပ်လိုက်။ မင်းသင်ယူခဲ့ရသမျှကို စုစည်းပြီး၊ အခြေခံကို ခိုင်မာအောင် ကြိုးစား။ မင်းစုဆောင်းထားတာက အများအပြား ရှိနေပြီး၊ အနည်းငယ်ကိုသာ အသုံးချရသေးတယ်။ ခဏနေက အဖြစ်က ဘာမှမဟုတ်သေးပဲ၊ အစပထမသာ ဖြစ်တယ်။ မင်းရဲ့ စုစည်းထားတဲ့ အသိအမြင် ဉာဏ်ပညာတွေကို ပထမဦးဆုံး အသုံးပြုလိုက်ခြင်းကတောင်၊ မင်းကို ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်ကို တက်လှမ်းစေနိုင်ခဲ့တယ်"

ဇူရီက ပြုံးလိုက်ကာ သူ၏ခေါင်းကို ညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ၊ ဆရာသခင်။ ကျွန်တော်ကလည်း ဒီအတိုင်းပဲ ခံစားမိပါတယ်" ပြီးတာနှင့် သူသည် တင်ပုလ္လင်ခွေ ထိုင်ချလိုက်ကာ၊ ယခုလေးတင် ယင်မီးတောက်၏ ကပ်ဘေးအား ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည့်၊ သူ၏ ရွှေရောင်ဗဟိုချက်အား စွမ်းအားဖြည့်ရန် ကျင့်ကြံနေခဲ့၏။

ရွှင်ပျော်ပျော်သူတော်စင်က ချောင်းခြောက်တစ်ချက်ကို ဆိုးလိုက်ကာ၊ ပြောလိုက်သည်။ "ကျုပ်တို့ရဲ့ စိတ်ဝိညာဉ် အစည်းအဝေးမှာ၊ တိုက်ပွဲပြီးတာနဲ့ ကျင့်ကြံမှု နောက်တစ်ဆင့်ကို တက်သွားနိုင်တယ်ဆိုတာ ရှားပါးဖြစ်စဉ်ပဲ။ ဒါကို လှပပြည့်စုံတဲ့ အဖြစ်အပျက် တစ်ခုလို့ ဆိုနိုင်ပါတယ်။ ကျုပ်က ဒီကနေတစ်ဆင့်၊ မာစတာလင်းကို ဂုဏ်ပြုလိုက်ပါတယ်!"

လင်းဖုန်းက ညင်သာစွာ ပြုံးလိုက်သည်။ "ကျုပ်ကပဲ အန်းလျှန်မင်းသား၊ ရွှင်ပျော်ပျော်သူတော်စင်နဲ့ လောင်းကစား သူတော်စင်တို့ကို၊ သဘောထား ကြီးမြတ်မှုအတွက် ကျေးဇူးတင်ရမှာပါ"

"အရှင်လင်းက အားနာလွန်း အားကြီးနေပါပြီ" ရှီကျုံးယွဲ့က ပြောလိုက်ကာ၊ ရွှင်ပျော်ပျော် သူတော်စင်အား ကြည့်လိုက်သည်။ "ထိပ်ဆုံးလေးယောက်ကို အတည်ပြုပြီးသွားပြီ ဆိုတော့၊ စတုတ္ထအဆင့် ပြိုင်ပွဲရဲ့ ပွဲစဉ်တွေကို ရေးဆွဲကြရအောင်"

ရွှင်ပျော်ပျော် သူတော်စင်သည် ခေါင်းညိတ်လိုက်၍ သူ၏လက်အား ဝှေ့ယမ်းလိုက်သည်။ နာမည်လေးခုသည် လေပေါ်တွင် ပေါ်လာခဲ့သည်။ သူတို့သည် ကျန်ရှိနေသေးသော ပြိုင်ပွဲဝင်များ ဖြစ်ကြသည့်၊ ဇူရီ၊ ရှီထျန်းဟောင်၊ ရှီရှင်းယွမ်နှင့် စုန့်ချင်းယွမ်တို့ ဖြစ်ကြ၏။

ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ၊ ကျင့်ကြံသူ အမြောက်အမြားတို့သည် သူတို့၏ ကိုယ်ပိုင် စွမ်းဆောင်ရည်တို့ကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ကြသည်။

ထိပ်ဆုံးလေးယောက် အတွင်းတွင်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် နှစ်နေရာကို သိမ်းပိုက်နိုင်ခဲ့ပြန်သည်။ အားလုံးအား ပို၍ ကသိကအောက် ဖြစ်စေသည့် အချက်မှာ၊ သူတို့က ပြိုင်ပွဲဝင် နှစ်ယောက်သာ ဝင်ပြိုင်ခြင်းဖြစ်၍၊ ထိုပြိုင်ပွဲဝင် နှစ်ယောက်ကပဲ ထိပ်ဆုံးလေးယောက်အတွင်းသို့ ဝင်နိုင်ခြင်းဖြစ်သည်။

ပြီးတော့ အစောက ဇူရီ၏ ပြသခဲ့သော စွမ်းဆောင်ရည်အရ၊ သူသည် ချန်ပီယံဖြစ်မည်ဟု ထင်ကြေးအပေးခံနေရပေပြီ!

ရှီရှင်းယွမ်၏ ဇူရီအပေါ် သုံးသပ်ချက် အပြီးတွင်၊ အနည်းဆုံးတော့ ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး အတွင်းတွင်၊ သူ့အား စိန်ခေါ်ချင်သည့်သူ၊ စိန်ခေါ်ရဲသည့်သူ တစ်ယောက်မှရှိမည် မဟုတ်ပေ။

သူ့ကို တစ်ယောက်မှ မရင်ဆိုင်ချင်နေကြပေ!

မဟာချင် အင်ပါယာနှင့် နတ်ရေကန်ဂိုဏ်းမှ ကျင့်ကြံသူများသည်၊ သူတို့၏ အဖွဲ့ဝင်များသည် ဇူရီနှင့် မဲမကျပါစေနှင့်ဟု မိုးနတ်မင်းကြီးထံ တိုင်တည်၍ ဆုတောင်းနေကြသည်။ သူတို့၏ ဂိုဏ်းသူဂိုဏ်းသား များသည်၊ သူ၏အရှက်ခွဲမှု ခံရမည်ကို မလိုလားနေကြပေ။

သူတို့၏ အဖွဲ့ဝင်များသည် ဇူရီအား ယှဉ်ပြိုင်အနိုင်ယူနိုင်မည် ဆိုလျှင်ပင်၊ ပေးဆပ်ရမည့် တန်ဖိုးမှာ မနည်းမနောပင် ဖြစ်ပေလိမ့်မည်။ အနိုင်ရသူသည် ဖိုင်နယ်တွင် ယှဉ်ပြိုင်ရန် ခွန်အားရှိနိုင်တော့မည် မဟုတ်ပေ။

ယခုအချိန်တွင် မဟာချင် အင်ပါယာနှင့် နတ်ရေကန်ဂိုဏ်းတို့သည်၊ ရွှင်ပျော်ပျော်သူတော်စင်အား ဇူရီနှင့် ရှောင်ပုတန်တို့အား တစ်အုပ်စုတည်းကျအောင် မဲနှိုက်ပေးနိုင်ရန် ဆုတောင်းနေကြလေသည်။

လူထူးလူဆန်း တစ်ယောက်ကို တခြား လူထူးလူဆန်း တစ်ယောက်နဲ့ ပေးတိုက်လိုက်ပါ!

သို့သော်လည်း မတူညီသော အတွေးအခေါ်နှင့် လူတစ်ချို့လည်း ရှိသေးပေသည်။ သူတို့သည် သူတို့၏ ကိုယ်စားလှယ်များအား၊ ရှောင်ပုတန်လေးနှင့် မဲကျချင်နေစေကြသည်။

ရှီရှင်းယွမ်ဖြစ်စေ၊ စုန့်ချင်းယွမ်ဖြစ်စေ၊ သူတို့နှစ်ယောက်စလုံးတို့သည် သန်မာသော အစွမ်းတို့ကို ပြသထားကြပြီးသာ ဖြစ်သည်။ သူတို့နှစ်ယောက်သာ တစ်အုပ်စုတည်း ကျခဲ့ပါက၊ မည်သူက အနိုင်ရမည်ဆိုသည်ကို ပြောရန် ခက်ပေလိမ့်မည်။

ပြောင်းပြန်ဖြစ်လှစွာ ရှောင်ပုတန်၏ ယခင်က စွမ်းဆောင်ရည်တို့မှာ၊ ကျန်သောသုံးယောက်နှင့် စာလျှင်၊ အနည်းငယ် အားနည်းနေသယောင် ထင်နေရ၏။ သူ၏ ယခုထက်တိုင် အရှင်းမပျောက်သေးသော ဒဏ်ရာများအား ထည့်တွက်လိုက်လျှင်၊ သူသည် မဲအကျသင့်ဆုံး ပြိုင်ဘက်ပင်ဖြစ်သည်။

ရှီဆောင်ချန်းသည်လည်း မဟာချင် အင်ပါယာနှင့် နတ်ရေကန်ဂိုဏ်းတို့မှ ကျန်သောသူများနှင့် တူညီသော အတွေးအခေါ်များရှိလေသည်။  သို့သော်လည်း သူ၏ ထင်မြင်ယူဆချက်များအား ရှီရှင်းယွမ်အား တင်ပြလိုက်သောအခါ၊ ဣန္ဒြေကြီးမား၍ လျှောက်ပတ်စွာ နေလေ့ရှိသော သူ၏အစ်မသည် သူ့အား မျက်စောင်းတစ်ချက် ထိုးလိုက်လေ၏။

"မင်းက အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ တိုက်ပွဲကို ကြည့်ချင်တယ်ဆိုရင်၊ ဘယ်သူနဲ့ကျကျ ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါတို့က ဖိုင်နယ်ကို ရောက်ချင်တယ် ဆိုရင်တော့၊ စုန့်ချင်းယွမ်က သင့်တော်တဲ့ ပြိုင်ဘက်ဖြစ်တယ်" ရှီရှင်းယွမ်က ဆက်ပြောလိုက်၏။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက နှစ်ယောက်ကတော့၊ သူတို့အချင်းချင်းပဲ ပြန်ကျရင် ကောင်းမယ်"

ရှီဆောင်ချန်းသည် သူ့အစ်မ၏ တုံ့ပြန်မှုများကြောင့် အတွေးရခက်သွားလေ၏။ "ဒါပေမဲ့၊ အစ်မရာ၊ ရှီထျန်းဟောင်က သူ့ဒဏ်ရာတွေကနေ ပြန်ကောင်းလာပြီး သူ့ရဲ့ အရင်ပုံစံကို ပြန်ရရင်တောင်၊ အစ်မရဲ့ ပြိုင်ဘက်မဟုတ်သေးပါဘူး"

ရှီရှင်းယွမ်သည် ချက်ချင်း ပြန်မဖြေသေးပဲ၊ ရှီထျန်းဟောင်ဘက်သို့ အကြာကြီး စိုက်ကြည့်လိုက်ပြီးမှ တီးတိုးရေရွတ်လိုက်သည်။ "အခုကြည့်ရတာတော့ ဒီပုံအတိုင်းပဲ။ ဒါပေမဲ့ ငါ့ရဲ့ စိတ်ထဲမှာ မသက်မသာ ခံစားချက်မျိုးကို ခံစားနေရတယ်"

"ဘာဖြစ်လို့လဲဆိုတော့ ထျန်းဟောင်က ဒီလောက်စွမ်းအားပဲ ပိုင်ဆိုင်ထားမယ်ဆိုရင်၊ သူက ဒွိစုံသူငယ်အိမ်နဲ့ သူကို ဘယ်တော့မှာ လက်စားချေလို့ ရမှာမဟုတ်ဘူး။ သူတို့နှစ်ယောက်ရဲ့ အကြားက ကွာခြားချက်က ကြီးလွန်းတယ်"

ရှီရှင်းယွမ်က ဆက်လက်ပြီး သူမဘာသာ ရေရွတ်နေခဲ့သည်။ "ထျန်းဟောင်ရဲ့ အန္တိမ စိတ်ဝိညာဉ် တာဝါကို ရယူပြီးတော့၊ သူ့ရဲ့ ဒွိစုံသူငယ်အိမ်ရဲ့ အစွမ်းနဲ့ပါ ပေါင်းလိုက်ရင်၊ ရှီထျန်းရီရဲ့ အလားအလာတွေဟာ မှန်းဆလို့ မရနိုင်တော့ဘူး။ ထျန်းဟောင်က ဒီအကြောင်းကို လူတိုင်းထက် ပိုသိတာပေါ့"

"ဒါပေမဲ့ ထူးခြားတဲ့ အကြောင်းတစ်ခုကြောင့်၊ ငါက ဒီအချက်ကြောင့် အကျိုးသက်ရောက်မှု မရှိဘူးဆိုတဲ့ သဘောထားနဲ့ ယုံကြည်မှုကို အာရုံခံမိနေခဲ့တယ်။ သူက ရှီထျန်းရီကို ရှာဖွေပြီး လက်စားချေဖို့ကို၊ နည်းနည်းလေးမှ ဂရုမစိုက်ဘူးဆိုတဲ့ ယုံကြည်ချက်မျိုး ရှိနေခဲ့တယ်။ ပြီးတော့ ဒီယုံကြည်ချက်က သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာဆီကနေ လာတာမဟုတ်ဘူး။ သူကိုယ်တိုင်ဆီကနေ လာတာ"

ထိုအချိန်တွင် ရှီရှင်းယွမ်သည် စိတ်ရှုပ်ထွေးကာ အကြံရ ခက်နေခဲ့သည်။ "ဒီလိုမျိုး ယုံကြည်ချက်မျိုးနဲ့ ဆိုရင်၊ သူ့ရဲ့ စွမ်းရည်တွေဟာ၊ ယခုလက်ရှိ မြင်နေရတာတွေထက် အများကြီး ပိုကောင်းသင့်တယ်။ သူက သူ့ရဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားချင်တယ် ဆိုရင်လည်း၊ မုကျိဟိုင်နဲ့ ပြိုင်ပွဲမှာ ဒီလို မလုပ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နည်းနည်းလေး အတိမ်းအစောင်း ဖြစ်သွားလို့ရှိရင်၊ သူက ရှုံးနိမ့်သွားနိုင်လို့ပဲ"

ရှီရှင်းယွမ်က ထိုအကြောင်းကို တစ်စိမ့်စိမ့်နှင့် စဉ်းစား၍ ကောင်းနေဆဲမှာပင်၊ ရွှင်ပျော်ပျော် သူတော်စင်သည် ထိုနာမည်ပြား လေးခုတို့ကို ကြေးအိုးကြီးအတွင်းသို့ ထည့်လိုက်ပြီး ဖြစ်သည်။ လျှင်မြန်စွာနှင့်ပင် သူသည် ပထမဦးဆုံး နာမည်ပြားကို ဆွဲထုတ်လိုက်သည်။

ရှီထျန်းဟောင်။

ပြီးတာနှင့် ရွှင်ပျော်ပျော် သူတော်စင်သည် ရှောင်ပုတန်၏ ပြိုင်ဘက်အား ရွေးချယ်လိုက်၏။

စုန့်ချင်းယွမ်။

စုန့်ချင်းယွမ်၏ နာမည်ကို ကြေငြာလိုက်ပြီးသည့်နောက်တွင်၊ နတ်ရေကန်ဂိုဏ်းမှ တပည့်တို့၏ ပျော်ရွှင်စွာနှင့် ဟစ်ကြွေးသံတို့ကို ကြားလိုက်ရသည်။

သူတို့၏ မျက်စိအတွင်းတွင်၊ ထိုရလဒ်ထက် ကောင်းသောရလဒ် မရှိနိုင်တော့ချေ။ ဇူရီအား မည်ကဲ့သို့ ရင်ဆိုင်မည်ကို ရှီရှင်းယွမ်က တွေးပါစေတော့။

နတ်ရေကန်ဂိုဏ်းမှ အခြေတည်ဝိညာဉ် အဆင့် ဂရန်းမာစတာများနှင့်၊ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူများသည် ထိုဟစ်ကြွေးသံများကို ကြားလိုက်ရသောအခါ၊ အော်ခဲ့သော တပည့်ငယ်လေးများကို ခက်ထန်စွာနှင့် စိုက်ကြည့်နေကြသည်။

သူတို့၏ အမူအရာများသည် စုန့်ချင်းယွမ်က ဇူရီအား အနိုင်ယူနိုင်ရန် ယုံကြည်မှု မရှိနေဟု၊ ကျန်သောသူများအား ပြောပြနေရာ ရောက်နေပေသည်။

သူတို့ကိုယ်တိုင်သည်ပင်လျှင် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းများကို ချနိုင်ခဲ့သော်လည်း၊ ဟန်ကိုယ်ဖို့ရသေးသည် ဖြစ်၏။ သူတို့ဂိုဏ်း၏ မျက်နှာက ရှိသေးသည် မဟုတ်ပါလား။

စုန့်ချင်းယွမ်သည် တည်ငြိမ်စွာနှင့် အမူအရာ ကင်းမဲ့စွာပင် ရှိနေခဲ့၏။ အမှန်တွင် သူက ဆင်ခြင်သုံးသပ်နေခဲ့ခြင်း ဖြစ်သည်။ "ဇူရီက ငါထင်ထားတာထက် ပိုသန်မာတာပဲ။ အရင်က ငါကသူ့ကို အရမ်း စွမ်းအားကြီးတဲ့သူလို့၊ ကြိုးစားပြီး တွက်နေခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါကသူ့ကို လျှော့တွက်မိသေးတာပဲ"

"တကယ်လို့ တတိယအဆင့်က သူ့ရဲ့ပြိုင်ဘက်က ကျောင်ကျုံချန်း မဟုတ်ပဲ ငါဖြစ်နေမယ် ဆိုရင်တော့၊ ငါ့အတွက် ခက်ခဲတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်"

သူ၏အကြည့်ကို ရှောင်ပုတန်ဘက်သို့ ပို့လိုက်ပြီးနောက်၊ သူ့ကိုယ်သူ တွေးနေခဲ့သည်။ "ဒါဆိုတော့ ငါက ဒီကောင်လေးကိုလည်း လျှော့တွက်မိနေသလား? သူက မုကျဟိုင်နဲ့ တိုက်ပွဲမှာ ဒဏ်ရာအတော်လေး ရခဲ့တယ် ဆိုပေမဲ့၊ သူ့ရဲ့ လျှို့ဝှက်ဖဲချပ်တွေကို သိမ်းထားသေးသလား ဆိုတာက ပြောမရဘူး"

"ငါ့ရဲ့ လျှို့ဝှက်ဖဲချပ်ကို ဖိုင်နယ်အတွက် သိမ်းထားသေးတယ် ဆိုပေမဲ့၊ အခြေအနေကို ကြည့်ပြီးတော့ မီးစင်က ကြည့်ကရမယ်။ တကယ်လို့ လိုအပ်မယ်ဆိုရင်၊ ထုတ်သုံးရမှာပဲ"

စုန့်ချင်းယွမ်သည် အတွေးနက်နေဆဲတွင်၊ သူ၏ဆရာ ချောင်ဝေ၏ မှော်စွမ်းအင်ဖြင့် အသံလွှင့်၍ ပြောလာသည်ကို ကြားလိုက်ရ၏။ "ချင်းယွမ်၊ ငါ့ဆီမှာ မင်းကိုလုပ်စေချင်တဲ့ အရာတစ်ခုရှိတယ်။ မင်းက ရှီထျန်းဟောင်နဲ့ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲမှာ၊ ဒီတစ်ချက်ကို သေချာမှတ်ထားရမယ်"

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

96.3K 9.6K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
390K 49.9K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
109K 18.3K 89
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...