||Completed|| ကိုကို့ကို သက်တ...

By Daisy16502

655K 76.5K 2.2K

#Copy right မိမှာစိုးလို့ နာမည်ပြောင်းထားပါတယ် Title: I give half of my life to you Author: 城南花开 Genre: Roman... More

Description
(Unicode) Chapter 1
(Zawgyi) Chapter 1
(Unicode) Chapter 2
(Zawgyi) Chapter2
(Unicode)Chapter 3: တွေ့ဆုံခြင်း
(Zawgyi)Chapter 3:ေတြ႕ဆုံျခင္း
(Unicode)Chapter 4: သူ့ကိုဂရုစိုက်ပေးပါ
(Zawgyi) Chapter 4: သူ႕ကိုဂ႐ုစိုက္ေပးပါ
(Unicode)Chapter 5 : သူ့ကိုမနှောက်ယှက်နိုင်ဘူး
(Zawgyi)Chapter 5 : သူ႕ကိုမႏွောက္ယွက္နိုင္ဘူး
(Unicode)Chapter 6: အပြင်ထွက်ကြရအောင်
(Zawgyi)Chapter 6: အျပင္ထြက္ၾကရေအာင္
(Unicode) Chapter 7:သစ္စာရှိတဲ့မောင်လေး
(Zawgyi) Chapter 7:သစၥာရွိတဲ့ေမာင္ေလး
(Unicode)Chapter 8: ပုံပြင်ပြောချိန်
(Zawgyi)Chapter8: ပံုျပင္ေျပာခ်ိန္
(Unicode)Chapter 9: ငတုံးမလေး
(Zawgyi) Chapter9: ငတုံးမေလး
(Unicode) Chapter 10: ဖုန်းနံပါတ်
(Zawgyi) Chapter 10: ဖုန္းနံပါတ္
(Unicode)Chapter 11: အခန်းကိုဖွလိုက် (ဂူတောင်နိဝူးလီ)
(Zawgyi) Chapter 11 : အခန္းကိုဖြလိုက္ (ဂူ ေတာင္နိဝူးလီ)
(Unicode )Chapter 12: ပြောင်းဖူးဖုတ်နဲ့ စပ်လျဉ်း၍
(Zawgyi) Chapter 12: ေျပာင္းဖူးဖုတ္ႏွင့္စပ္လ်ဥ္း၍
(Unicode) Chapter 13: သန်းခေါင်ယံစွန့်စားခရီး
(Zawgyi) Chapter 13: သန္းေခါင္ယံစြန့္စားခရီး
(Unicode)Chapter 14: သခင်လေး ရေကျောက်ပေါက်ခြင်း
(Zawgyi) Chapter 14: သခင္ေလးေရေက်ာက္ေပါက္ျခင္း
(Unicode) Chapter 15:ကိုကို ဆေးရုံတင်ရတယ်
(Zawgyi) Chapter15:ကိုကိုေဆးရံုတင္ရတယ္
(Unicode) Chapter 16: စိုးမိုးခြယ်လှယ်တတ်တဲ့ သခင်လေး
(Zawgyi) Chapter 16: စိုးမိုးျခယ္လွယ္တတ္တဲ့သခင္ေလး
(Unicode)Chapter 17: ထက်မြတ်တဲ့သခင်လေး
(Zawgyi)Chapter 17: ထက္ျမတ္တဲ့သခင္ေလး
(Unicode) Chapter 18: ပြန်ပေးဆွဲခံရခြင်း
(Zawgyi) Chapter 18:ျပန္ေပးဆြဲခံရျခင္း
(Unicode)Chapter 19: အကျဉ်းချထားခံရခြင်း
(Zawgyi) Chapter 19 : အက်ဉ္းခ်ထားခံရျခင္း
(Unicode)Chapter 20 :မတော်တဆမှု
(Zawgyi)Chapter 20:မေတာ္တဆမႈ
(Unicode)Chapter 21: လွတ်မြောက်ခြင်း
(Zawgyi) Chapter 21: လြတ္ေျမာက္ျခင္း
(Unicode)Chapter 22 :အံ့ဖွယ် တဟောင်
(Zawgyi) Chapter 22: အံ့ဖြယ္ တေဟာင္
(Unicode)Chapter 23: မွေးစားခြင်း
(Zawgyi) Chapter 23: ေမြးစားျခင္း
(Unicode)Chapter 24: မမွေးစားတော့ဘူး
(Zawgyi) Chapter 24 :မေမြးစားေတာ့ဘူး
(Unicode)Chapter 25 : အိမ်ပြန်ချင်လား
(Zawgyi) Chapter 25: အိမ္ျပန္ခ်င္လား
(Unicode)Chapter 26 : အိမ်ပြန်ပြီ
(Zawgyi) Chapter 26 : အိမ္ျပန္ၿပီ
(Unicode) Chapter 27 :ကိုကို ဖုန်းချသွားတယ်
(Zawgyi)Chapter 27 : ကိုကိုဖုန္းခ်သြားတယ္
(Unicode)Chapter 28 :ကိုကို အိမ်က ထွက်ပြေးလာတာလား
(Zawgyi) Chapter 28:ကိုကို အိမ္က ထြက္ေျပးလာတာလား
(Unicode)Chapter 29 : ကိုကို့ဆီသွားမယ်!
(Zawgyi) Chapter 29 : ကိုကို႔ဆီသြားမယ္!
( Unicode) Chapter 30 : ကိုကို့ဆီ သွားလည်ခြင်း
(Zawgyi) Chapter 30 :ကိုကို႔ဆီ သြားလည္ျခင္း
(Unicode)Chapter 31: အားကစား အကယ်ဒမီ
(Zawgyi) Chapter 31: အားကစား အကယ္ဒမီ
(Unicode)Chapter 32 : ကိုကို့ကိုရှာဖွေခြင်း
(Zawgyi)Chapter 32: ကိုကို႔ကို ရွာေဖျြခင္း
(Unicode) Chpater33: ညီမချစ်
(Zawgyi) Chapter 33 : ညီမခ်စ္
(Unicode)Chapter 34 : ဝမ်းသာလုံးဆို့လျက်
(Zawgyi) Chapter 34 :ဝမ္းသာလံုးဆို႔လ်က္
(Unicode)Chapter 35 : ငါ့မှာအခု ပိုက်ဆံရှိပြီ
(Zawgyi)Chapter 35:ငါ့မွာ အခု ပိုက္ဆံရိွၿပီ
(Unicode)Chapter 36 : ချီးကျုးပေးမယ်
(Zawgyi) Chapter 36 : ခ်ီးက်ူးေပးမယ္
(Unicode)Chapter 37 : စကတ်ဝတ်ထားတယ်
(Zawgyi) Chapter 37 : စကတ္ဝတ္ထားတယ္
(Unicode)Chapter 38 : ချစ်သူကောင်လေး
(Zawgyi) Chapter 38 : ခ်စ္သူေကာင္ေလး
(Unicode)Chapter 39 : ကိုကို လာလည်ခြင်း
(Zawgyi)Chapter 39 : ကိုကို လာလည္ျခင္း
(Unicode)Chapter 40 : ကိုကိုသာလျှင် အကောင်းဆုံး
(Zawgyi) Chapter 40 : ကိုကိုသာလ်ွင္အေကာင္းဆံုး
(Unicode) Chapter 41 :နိုင်ငံတကာ ပြိုင်ပွဲ
(Zawgyi) Chapter 41 : ႏိုင္ငံတကာၿပိဳင္ပြဲ
(Unicode)Chapter 42 : အရိုးသားဆုံး ချန်ပီယံ
(Zawgyi) Chapter 42 : အရိုးသားဆံုးခ်န္ပီယံ
(Unicode)Chapter 43 : ချစ်သူကောင်မလေး
(Zawgyi)Chapter 43 : ခ်စ္သူေကာင္မေလး
(Unicode) Chapter 44 : ဒီမိန်းကလေးပဲ
(Zawgyi)Chapter 44 : ဒီမိန္းကေလးပဲ
(Unicode)Chapter 45 : အတူထာဝရ
(Zawgyi)Chapter 45 : အတူထာဝရ
(Unicode)Chapter 46 : လက်မထပ်ဘူး
(Zawgyi)Chapter 46 : လက္မထပ္ဘူး
(Unicode)Chapter 47 : လူကြီးတွေလို မနေရအောင်
(Zawgyi) Chapter 47:လူႀကီးေတြလို မေနရေအာင္
(Unicode)Chapter 48 : ဒါသူမ သူငယ်ချင်းပဲ
(Zawgyi)Chapter 48 :ဒါသူမ သူငယ္ခ်င္းပဲ
(Unicode)Chapter 49 : ဒီအတိုင်း ပိုက်ဆံပါပဲဟာ
(Zawgyi)Chapter 49 : ဒီအတိုင္း ပိုက္ဆံပါပဲ
(Unicode)Chapter 50 : ကိုကိုနဲ့ပြန်ဆုံပြီ
(Zawgyi) Chapter 50 : ကိုကိုနဲ႔ျပန္ဆံုၿပီ
(Unicode) Chapter 51 : ကိုကို့ဓာတ်ပုံကပ်မယ်
(Zawgyi)Chapter 51 : ကိုကို႔ ဓတ္ပံုကပ္မယ္
(Unicode) Chapter 52: အိပ်မက်
(Zawgyi) Chapter 52: အိပ္မက္
(Unicode) Chapter 53 : ပြိုင်ပွဲအကြောင်း
(Zawgyi) Chapter 53 : ၿပိဳင္ပြဲအေၾကာင္း
(Unicode)Chapter 54 : ဒရာမာကွင်း
(Zawgyi) Chapter 54 : ဒရာမာကြင္း
(Unicode) Chapter 55 : ပြိုင်ပွဲပြိုင်နေစဉ်
(Zawgyi) Chapter 55: ၿပိဳင္ပြဲၿပိဳင္ေနစဥ္
(Unicode) Chapter 56:သူမကို သူတစ်ယောက်တည်းပျိုးထောင်ပေးနိုင်တယ်
(Zawgyi) Chapter 56:သူမကို သူတစ္ေယာက္တည္းပ်ိဳးေထာင္ေပးႏိုင္တယ္
(Unicode) Chapter 57: ငါသာရှုံးသွားရင်
(Zawgyi)Chapter 57: ငါသာရႈံးသြားရင္
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chaper 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106 (ဇာတ်သိမ်း)
ကျေးဇူးတင်လွှာ

Chapter 91

3.8K 539 26
By Daisy16502

Unicode

နမ်းမယ် နမ်းမယ်

လင်းမြောင် တစ်နာရီလောက်သာ အိပ်ပျော်သွား၏။ နိုးလာတော့ သူမ အိပ်ချင်မူးတူးဖြင့် ပြောလာသည်။

“ညီမလေးကျင်း နိုးပြီလား ငါတို့ လေ့ကျင့်ဖို့သွားရမယ်”

“ဘာညီမလေးကျင်းမှ မရှိဘူး ကိုကိုပဲရှိတယ်” ယုကျင်းရွှမ်က ပြုံးစိစိဖြင့်ဆိုလာသည်။

ထိုပြန်ဖြေသံကြောင့် လင်းမြောင် အလန့်တကြားနဲ့ နိုးကြားလေတော့သည်။ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ယုကျင်းရွှမ်က အပြုံးတစ်ခုချိတ်ဆွဲလျက် သူမကို ငုံ့ကြည့်နေ၏။

“လေ့ကျင့်ရေးသွားစရာလည်းမလိုဘူး။ အင်္ကျီတွေခြောက်နေပြီ မီးပုံပွဲကိုသွားကြမယ်”

ယုကျင်းရွှမ်က ချိုသာစွာပြောလာရင်း သူနဲ့လင်းမြောင်ရဲ့ အဝတ်တွေကိုပြန်ရုပ်လာကာ သူမကို ဝတ်ပေးလာသည်။

လင်းမြောင် ယုကျင်းရွှမ်ရဲ့ ရင်ခွင်ထဲမှ ရှက်ကိုးရှက်ကန်းဖြင့်ထွက်လာ၏။ နာနာခံခံဖြင့် လက်တွေကို ဆန့်ထုတ်ပေးလိုက်ကာ သူ့ကို အင်္ကျီဝတ်ပေးစေလိုက်သည်။

သူမတို့ကြက်တောင်အသင်းတွင် လင်းမြောင်က အမြဲတမ်း တခြားသူတွေကို ဂရုစိုက်တတ်၏။ ကိုကြီးဆွေ့ဆိုတဲ့  နာမည်ပြောင်က အလကား ရလာခဲ့တာမဟုတ်။ သို့သော်ငြား ကိုကို့ရှေ့တွင်တော့ သူမက ထာဝရ ဆွေ့ဆွေ့သာ...သူ့ရဲ့ဆွေ့ဆွေ့သာလျှင်ဖြစ်သည်။

ယုကျင်းရွှမ် သူမရဲ့ခေါင်းလေးပေါ် ဦးထုပ်ဆောင်းပေးလိုက်ပြီး ပြူတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။

“အပြင်မှာ နှင်းတွေကျနေပြီ ကိုကိုတို့ ကြာကြာနေလို့တော့ မရလောက်ဘူး”

လင်းမြောင်လည်းပဲ နှင်းကျနေတယ်ဆိုတာ သိလိုက်သည်။

နှင်းပွင့်များသာ ညင်သာသည်။ နှင်းမိုးတို့သည်းထန်လျှင်တောင် နှင့်ပွင့်များက ဖြေးဖြေးသာ ကျဆင်းလျက် အောက်ဘက်မှ ကမ္ဘာမြေကြီးကို ညင်ညင်သာသာနမ်းရှိုက်၏။

လင်းမြောင်မှာ တစ်ရေးအိပ်လိုက်ရတဲ့ကျေးဇူးကြောင့် သူမရဲ့အင်အားတွေ ပြန်လည်ဖြည့်တင်းလာသည်။ သူမ ယုကျင်းရွှမ်ကို ဆွဲခေါ်ကာ လှေကားကို ပြေးဆင်းလိုက်၏။

ကောင်းကင်ကြီးက ပိန်းပိတ်အောင်မှောင်နေသည်။ ဒီလိုညပေါင်းများစွာ လင်းမြောင် မြင်တွေ့ဖူးခဲ့သည်။ ဒီမှာလို မိုးကုတ်စက်ဝိုင်းအဆုံးတွင် တောင်တွေနှင်းတွေသာ အဆုံးသတ်နေမည့်အစား သူမ ပြည်ပတွင် မြင်ဖူးခဲ့သမျှက မိုးမျှော်တိုက်များနှင့် လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့နေသည့်များသာဖြစ်လေသည်။

လင်းမြောင်တစ်ယောက်  ကလေးငယ်လေးပမာ တက်ကြွလာသည်။ မီးပုံပွဲက မစသေး သူမက နှင်းလူရုပ်လုပ်ဖို့ရာ နှင်းတွေကို လုံးနေလေသည်။

ယုကျင်းရွှမ်ကလည်း သူမဘေးတွင် နှင်းတွေကို လုံးနေ၏။ ကိုယ်စီကိုယ်စီ နှင်းလုံးအကြီးကြီးပေါ်မှာ နှင်းလုံးအသေးကိုတင်လိုက်တော့ နှင်းလူရုပ်ရဲ့ ခန္ဓာကိုယ်ဖြစ်ပေါ်လာသည်။ ထို့နောက် ယုကျင်းရွှမ်က သူတို့ရဲ့ နှင်းလူရုပ် နှာခေါင်းနှင့် မျက်လုံးများအတွက် မုန်လာဥနီနှစ်လုံးနှင့် စပျစ်သီးလေးလုံး တောင်းလာခဲ့သည်။

ယုကျင်းရွှမ်ရဲ့နှင်းလူရုပ်က လင်းမြောင်ရဲ့ နှင်းလူရုပ်ထက် ပိုကြီးသည်။ ယင်းနှင်းလူရုပ်နှစ်ခုက ဘေးချင်းကပ်လျက် တည်ရှိနေသည်။ လင်းမြောင်က မြေပေါ်မှာ တုတ်ချောင်းဖြင့် စာရေးလိုက်သည်။

နှင်းလူရုပ်အသေးရှေ့တွင် “ဆွေ့ဆွေ့’ ဟုရေးထားပြီး အကြီးရှေ့တွင် “ကိုကို” ဟာရေးထားတာ ယုကျင်းရွှမ် တွေ့လိုက်ရချေသည်။

“ငါတို့က မနက်ဖြန်ပြန်ရမှာလေ။ သူတို့ကို ရှုခင်းကြည့်ရအောင် ဒီမှာ ထားခဲ့လိုက်မယ်” လင်းမြောင်က ဆိုလာသည်။

ယုကျင်းရွှမ် သူမကို ဆွဲခေါ်ကာ နဖူးလေးကို နမ်းရှိုက်ပြီး “အိုကေ”

သူ့အတွက် ပထမဆုံးမဟုတ်သော်ငြား သူမကိုနမ်းပြီးတိုင်း သူရှက်လို့နေစဲပါပင်။

ထိုစဉ်မှာပဲ မီးပုံပွဲက စတင်နေလေသည်။ သူတို့ကိုလူတစ်ချို့ လာခေါ်ကြသည်။

ထိုသူများက ယုကျင်းရွှမ်ရဲ့ သူငယ်ချင်းများဖြစ်လေသည်။

လင်းမြောင်က လူအများနှင့်အတူထိုင်ချလိုက်သည်။ မဟုတ်သေးဘူး...ယုကျင်းရွှမ်ဘေးမှာ ထိုင်တာ ဖြစ်လောက်သည်။

သူတို့က သိုးသားကင် စားနေကြတာမှန်း သူမ သိလိုက်ရသည်။ သူမနှင့်ယုကျင်းရွှမ်ကတော့ သူမအမေထည့်ပေးလိုက်တဲ့ အသားခြောက်ကိုသာစားနေကြ၏။

အားကစားအုပ်ချုပ်ရေးက အားကစားသမားတွင်ကို ရက်တိုပရိုမိုင်းတွေ စားမိပြီး ဆေးစစ်သည့်အခါ မအောင်မှာ စိုးသဖြင့် အပြင်ကအသားတွေစားခွင့်မပြု။ ထို့ကြောင့် ဒီကို တစ်အိတ်လိုက်ကြီး ယူလာခဲ့တာဖြစ်သည်။

လင်းမြောင်က စည်းကမ်းတွေကို အမြဲတမ်း တင်းတင်းကျပ်ကျပ်လိုက်နာသည်။ ထို့ကြောင့် တစ်ယောက်ယောက်က သူမကို လာစားဖို့ပြောလာလျှင် အနံ့ကြောင့် သူမပါးစပ်ကသွားရေယိုနေတယ်ဆိုပေမယ့်လည်း ခေါင်းခါလျက် “တော်ပြီ ကျေးဇူးပါ”

လင်းမြောင်က သူ့မကိုယ်သူမ ထိန်းချုပ်ဖို့ လုံးပန်းနေရတာကိုမြင်တော့ ယုကျင်းရွှမ် သူမကို တိုးတိုးလေးပြောသည်။ “ပြန်ရောက်ရင် ကိုကို မင်းအတွက် လုပ်ပေးမယ်”

ယုကျင်းရွှမ်က လင်းမြောင်ကို လမ်းလျှောက်ဖို့ ခေါ်လာခဲ့လိုက်သည်။

ဒီညက အလွန်ပင်တိတ်ဆိတ်လှသည်။ နှင်းထဲမှာ လမ်းလျှောက်နေသည့်အသံပင် ကြားနေရသည်။

လင်းမြောင်က ယုကျင်းရွှမ်နဲ့ဒီလိုလမ်းလျှောက်ရတာကို သဘောကျသည်။ သူနဲ့သာလျှင် နှင်းထဲမှာ လမ်းလျှောက်ရတာကို သဘောကျ၏။

ထို့နောက်… လင်းမြောင် မနေနိုင်စွာ နှင်းတွေကိုလုံးပြီး ယုကျင်းရွှမ်ထံပစ်ပေါက်လိုက်သည်။

ယုကျင်းရွှမ်အနည်းငယ် ကြောင်နသွားသည်။ သူမရဲ့ ရွှင်မြူးနေတဲ့ အမူအရာလေးကြောင့် ကိုယ်ကိုကိုင်းလျက် နှင်းတစ်ချို့ကိုကောက်ကာ လုံးလိုက်ပြီး ပြန်ပစ်လိုက်သည်။

နှစ်ယောက်သား နှင်းထဲမှာ ပြေးတမ်းလိုက်တမ်းကစားရင်း  အခွင့်ရတိုင်း တစ်ယောက်နဲ့တစ်ယောက် နှင်းလုံးတွေဖြင့် ပစ်ပေါက်နေကြလေသည်။

တခြားတစ်ဖက်မှာ သိုးသားကင်စားနေကြတဲ့ စင်ဂယ်လေးများကတော့ တစ်ချက်ကြည့်မိရုံဖြင့် သူတို့ပါးစပ်ထဲက အသားက အရသာမရှိတော့သည့်နှယ်။

သူတို့အကုန်လုံးက ဒီနှစ်ယောက်ထက် ငါးနှစ်ခြောက်နှစ်မျှကြီးကြပေမယ့် သူတို့တွေအကုန်လုံးက စင်ဂယ်ဖြစ်နေစဲ…

သိုးသားကင်ကတောင် အရသာမရှိတော့သလိုပဲ။

ကလေးပေါက်စနှစ်ယောက်လို သူတို့ရဲ့ နှင်းလုံး တိုက်ပွဲပြီးဆုံးသွားပြီးနောက် အခန်းသို့ ပြန်လာခဲ့ကြသည်။

သူတို့ရဲ့ပထမဆုံးအလုပ်က ရေချိုးဖို့သာလျှင်ဖြစ်သည်။

“ဆွေ့ဆွေ့ ရေသွားချိုး အအေးမပတ်စေနဲ့”

ယုကျင်းရွှမ်က ဆိုလာသည်။

လင်းမြောင် ကုတ်အင်္ကျီကို ချွတ်လိုက်တော့ ယုကျင်းရွှမ်က သူမဆီကနေ အခြောက်ခံဖို့ယူသွားလိုက်သည်။ မနက်ဖြန်ဆို အဝတ်တွေက နွေးပြီးသက်သောင့်သက်တာရှိနေမှာ သေချာသည်။

ထို့နောက် သူ့ကုတ်အင်္ကျီကိုလည်းချွတ်လိုက်ပြီး လင်းမြောင်ရေချိုးပြီးမှာကို စာဖတ်ရင်းစောင့်နေလေသည်။

ရေချိုးခန်းက သိပ်မဝေး။ ရေကျသံကို မလွဲမသွေကြားလို့နေရသည်။

ယုကျင်းရွှမ် စာအုပ်ထဲ ထပ်ပြီးအာရုံစိုက်၍မရတော့။

သူ့နားထင်ကို ပွတ်လိုက်မိသည်။ သူကအရမ်းငယ်နေသေးလို့လား? ဖြစ်လောက်တယ်။ ဇီဝဗေဒမှာ လူပျိုဖော်ဝင်ချိန်ဆို ဒီလိုပဲလူတိုင်းဖြစ်လိမ့်မယ်လို့ ပြောထားတာ။ဆိုလိုတာက သူကပုံမှန်ပဲ။ သူ စိတ်ငြိမ်ငြိမ်ထားဖို့လိုတယ် စိတ်ငြိမ်ဖို့။

လင်းမြောင်က သူမတို့ကျောင်းတွင် ညတိုင်းမြန်မြန်လုပ်တတ်သဖြင့် သူမက ခေါင်းလျှော်ရေချိုးတာ မြန်သည်။ ခဏနေတော့ သူမ ထွက်လို့လာသည်။

“ကိုကိုလည်း ရေသွားချိုးသင့်ပြီနော် အအေးလည်းမပတ်စေနဲ့”

သူမပြောရင်းဆိုရင်းဖြင့် ရေချိုးခန်းထဲမှ ထွက်လို့လာသည်။

ယုကျင်းရွှမ် ပြန်ဖြေပေးလိုက်ပြီး သူအသံက ခပ်အက်အက်။

ရေချိုးခန်းထဲသို့ ဝင်သွား၏။ရေငွေ့တွေက မပျောက်သွားသေး။ လေရဲ့ရနံ့က တမူထူးခြားစွာ အနံ့အသက်ကောင်းနေလျက် ပူအိုက်စိုထိုင်းနေသည်။

လွန်ခဲ့တဲ့မိနစ်အနည်းငယ်က လင်းမြောင် ဒီနေရာမှာပဲ ရေချိုးသွားခဲ့သည်။

ဒီအသိက သူ့ပါးစပ်နဲ့ လည်ချောင်းတွေကို ခြောက်လာစေပြန်၏။

လင်းမြောင်က ဆံပင်ကို ဒရိုင်ယာဖြင့် မှုတ်နေရင်းအပြင်ဘက်မှ နှင်းတွေကို ကြည့်၍နေသည်။ အရမ်းလှတာပဲ! သူမ ဓာတ်ပုံရိုက်ပြီး ထျန်ကျင်းဆီသို့ မပို့ပဲမနေမိတော့။

“ညီမလေးကျင်း ဒီနေရာက နှင်းတွေက အရမ်းလှတာပဲ”

ထျန်ကျင်းက အလျင်အမြန် စာပြန်လာသည်။

“ကိုကြီးဆွေ့ ငါလိုင်းပေါ်မှာမြင် ပြီးသွားပြီ။ နင်က နင့်ကောင်လေးနဲ့ အရမ်းပျော်နေတာပဲနော်~ နှင်းလူရုပ်တွေလုပ်လိုက် နှင်းလုံးတွေနဲ့ပစ်လိုက်ကြနဲ့~”

လင်းမြောင် “…”

သူမ နှလုံးခုန်သံတွေ လွဲသွားရတော့သည်။ တစ်ယောက်ယောက်က ဓာတ်ပုံရိုက်သွားတာလား။ ပြီးပြီပေါ့... အမေရောမြင်ပြီလား? အန်တီယုနဲ့ တခြားကိုကိုရဲ့ မိသားစုဝင် တွေကရော

စိတ်လျော့စိတ်လျော့ ငါတို့အဆင်ပြေလောက်မှာပါ။ အရင်တုန်းကလည်း ကစားဖို့ အကြိမ်ပေါင်းမနည်းထွက်ခဲ့ဖူးတာပဲ။ ငါတို့တွဲနေကြတယ်လို့ သူမတွေးလောက်ပါဘူး။ ကိုယ့်ကိုယ်ကို မခြောက်နေနဲ့။

ယုကျင်းရွှမ်ရေချိုးဖို့ အချိန်အနည်းငယ်သာကြာသည်။ လင်းမြောင် သူ့ကို ဒီအကြောင်း ချက်ချင်းပြောပြလိုက်၏။

ယုကျင်းရွှမ်သူမကို ဖက်ကာ မချီလိုက်ပြီး ပြုံးလျက် အသံတိုးတိုးဖြင့်ပြောလာသည်။

“ဘာမှ မဖြစ်ဘူး မကြောက်နဲ့နော် သူတို့က ကိုကို့တို့ကို ကန့်ကွက်မှာမဟုတ်ပါဘူး”

ရှင်းရှင်းပြောရရင် သူ့မိသားစုက လင်းမြောင်လေးကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ကြရသည်။ သူ့အဖေပင်လျှင် လင်းမြောင်က သူတို့မိသားစုတစ်စိတ်တစ်ပိုင်းဖြစ်လာပါက ကောင်းဘူးလို့ မတွေးချေ။

ပြီးတော့ လင်းမြောင်ရဲ့အမေအတွက်ဆိုလျှင် ယုကျင်းရွှမ် သူမနဲ့ အကြိမ်ပေါင်းမနည်းတွေ့ခဲ့ဖူးသည်။ သူမရဲ့အမေက ကျိုးကြောင်းစဉ်းစားတတ်သဖြင့် သူမကလည်း လူမှုရေးသက်မှတ်ချက်တွေကြောင့်နှင့် သူတို့ကို ကန့်ကွက်လိမ့်မည်မဟုတ်။

“စိတ်မပူနဲ့ စိတ်မပူနဲ့ ကိုကိုက မင်းနဲ့ အမြဲတမ်းရှိနေမှာ”

ယုကျင်းရွှမ် သူမရဲ့နဖူးလေးကို နမ်းလာပြီးနောက် သူမရဲ့မျက်ခုံးနှစ်ခုကြားက တွန့်ချိုးနေသော နေရာလေးကို နမ်းလိုက်သည်။ သူမကို သူ့ပထမဆုံး စနမ်းဖူးကတည်းက သူထိုအရာကို စွဲလမ်းလာခဲ့သည်။ သူတို့ရဲ့အသားချင်းထိကပ်နေတာကို သူသဘောကျ၏။
ထင်ထားတဲ့အတိုင်း လင်းမြောင်ရဲ့ အာရုံကပြောင်းလို့သွားသည်။သူမခေါင်းမော့ပြီး သူ့နဖူးကို ရှက်ကိုးရှက်ကန်းဖြင့် ပြန်နမ်းလိုက်သည်။ အခုနှစ်ယောက်လုံးကထိုင်နေကြတာကြောင့် ပိုပြီးတော့ လွယ်ကူသွားလေတော့သည်။

ယုကျင်းရွမ်မှာ ငှက်သိုက်မုန့်က နမ်းလိုက်မိသည့်အလား သူ့နှလုံးသား ချိုမြိန်နူးညံ့ကာ အချစ်တွေဖြင့် ပြည့်လို့နေသည်။ သူ့မှာ မနေနိုင်စွာဖြင့် သူမရဲ့ပါးပြင်လေးကို မွှေးကြူလိုက်မိသွားသည်။

လင်းမြောင်ကလည်း သူ့ပါးပြင်ကို ပြန်၍နမ်းသည်။ ဒါပေမယ့် မော့ပြီး ပြန်နမ်းလိုက်တော့ နေရာလွဲသွားပြီး သူ့နှုတ်ခမ်းစွန်းကိုသာ နမ်းလိုက်မိသွားလေတော့သည်။

နှစ်ယောက်သား တောင့်ခဲ့သွားပြီးနောက် လင်းမြောင် မျက်နှာနီရဲလျက် ထလိုက်ပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့်

“အမ်…အာ…အဝတ်တွေခြောက်မခြောက်သွားကြည့်လိုက်အုန်းမယ်…”

Zawgyi

နမ္းမယ္ နမ္းမယ္

လင္းေျမာင္ တစ္နာရီေလာက္သာ အိပ္ေပ်ာ္သြား၏။ နိုးလာေတာ့ သူမ အိပ္ခ်င္မူးတူးျဖင့္ ေျပာလာသည္။

“ညီမေလးက်င္း နိုးၿပီလား ငါတို႔ ေလ့က်င့္ဖို႔သြားရမယ္”

“ဘာညီမေလးက်င္းမွ မရွိဘူး ကိုကိုပဲရွိတယ္” ယုက်င္း႐ႊမ္က ၿပဳံးစိစိျဖင့္ဆိုလာသည္။

ထိုျပန္ေျဖသံေၾကာင့္ လင္းေျမာင္ အလန႔္တၾကားနဲ႕ နိုးၾကားေလေတာ့သည္။ မ်က္လုံးကို ဖြင့္ၾကည့္လိုက္ေတာ့ ယုက်င္း႐ႊမ္က အၿပဳံးတစ္ခုခ်ိတ္ဆြဲလ်က္ သူမကို ငုံ႕ၾကည့္ေန၏။

“ေလ့က်င့္ေရးသြားစရာလည္းမလိုဘူး။ အကၤ်ီေတြေျခာက္ေနၿပီ မီးပုံပြဲကိုသြားၾကမယ္”

ယုက်င္း႐ႊမ္က ခ်ိဳသာစြာေျပာလာရင္း သူနဲ႕လင္းေျမာင္ရဲ႕ အဝတ္ေတြကိုျပန္႐ုပ္လာကာ သူမကို ဝတ္ေပးလာသည္။

လင္းေျမာင္ ယုက်င္း႐ႊမ္ရဲ႕ ရင္ခြင္ထဲမွ ရွက္ကိုးရွက္ကန္းျဖင့္ထြက္လာ၏။ နာနာခံခံျဖင့္ လက္ေတြကို ဆန႔္ထုတ္ေပးလိုက္ကာ သူ႕ကို အကၤ်ီဝတ္ေပးေစလိုက္သည္။

သူမတို႔ၾကက္ေတာင္အသင္းတြင္ လင္းေျမာင္က အၿမဲတမ္း တျခားသူေတြကို ဂ႐ုစိုက္တတ္၏။ ကိုႀကီးေဆြ႕ဆိုတဲ့  နာမည္ေျပာင္က အလကား ရလာခဲ့တာမဟုတ္။ သို႔ေသာ္ျငား ကိုကို႔ေရွ႕တြင္ေတာ့ သူမက ထာဝရ ေဆြ႕ေဆြ႕သာ...သူ႕ရဲ႕ေဆြ႕ေဆြ႕သာလွ်င္ျဖစ္သည္။

ယုက်င္း႐ႊမ္ သူမရဲ႕ေခါင္းေလးေပၚ ဦးထုပ္ေဆာင္းေပးလိုက္ၿပီး ျပဴတင္းေပါက္အျပင္ကို ၾကည့္လိုက္သည္။

“အျပင္မွာ ႏွင္းေတြက်ေနၿပီ ကိုကိုတို႔ ၾကာၾကာေနလို႔ေတာ့ မရေလာက္ဘူး”

လင္းေျမာင္လည္းပဲ ႏွင္းက်ေနတယ္ဆိုတာ သိလိုက္သည္။

ႏွင္းပြင့္မ်ားသာ ညင္သာသည္။ ႏွင္းမိုးတို႔သည္းထန္လွ်င္ေတာင္ ႏွင့္ပြင့္မ်ားက ေျဖးေျဖးသာ က်ဆင္းလ်က္ ေအာက္ဘက္မွ ကမာၻေျမႀကီးကို ညင္ညင္သာသာနမ္းရွိုက္၏။

လင္းေျမာင္မွာ တစ္ေရးအိပ္လိုက္ရတဲ့ေက်းဇူးေၾကာင့္ သူမရဲ႕အင္အားေတြ ျပန္လည္ျဖည့္တင္းလာသည္။ သူမ ယုက်င္း႐ႊမ္ကို ဆြဲေခၚကာ ေလွကားကို ေျပးဆင္းလိုက္၏။

ေကာင္းကင္ႀကီးက ပိန္းပိတ္ေအာင္ေမွာင္ေနသည္။ ဒီလိုညေပါင္းမ်ားစြာ လင္းေျမာင္ ျမင္ေတြ႕ဖူးခဲ့သည္။ ဒီမွာလို မိုးကုတ္စက္ဝိုင္းအဆုံးတြင္ ေတာင္ေတြႏွင္းေတြသာ အဆုံးသတ္ေနမည့္အစား သူမ ျပည္ပတြင္ ျမင္ဖူးခဲ့သမွ်က မိုးေမွ်ာ္တိုက္မ်ားႏွင့္ လမ္းေပၚတြင္ ယာဥ္ေၾကာပိတ္ဆို႔ေနသည့္မ်ားသာျဖစ္ေလသည္။

လင္းေျမာင္တစ္ေယာက္  ကေလးငယ္ေလးပမာ တက္ႂကြလာသည္။ မီးပုံပြဲက မစေသး သူမက ႏွင္းလူ႐ုပ္လုပ္ဖို႔ရာ ႏွင္းေတြကို လုံးေနေလသည္။

ယုက်င္း႐ႊမ္ကလည္း သူမေဘးတြင္ ႏွင္းေတြကို လုံးေန၏။ ကိုယ္စီကိုယ္စီ ႏွင္းလုံးအႀကီးႀကီးေပၚမွာ ႏွင္းလုံးအေသးကိုတင္လိုက္ေတာ့ ႏွင္းလူ႐ုပ္ရဲ႕ ခႏၶာကိုယ္ျဖစ္ေပၚလာသည္။ ထို႔ေနာက္ ယုက်င္း႐ႊမ္က သူတို႔ရဲ႕ ႏွင္းလူ႐ုပ္ ႏွာေခါင္းႏွင့္ မ်က္လုံးမ်ားအတြက္ မုန္လာဥနီႏွစ္လုံးႏွင့္ စပ်စ္သီးေလးလုံး ေတာင္းလာခဲ့သည္။

ယုက်င္း႐ႊမ္ရဲ႕ႏွင္းလူ႐ုပ္က လင္းေျမာင္ရဲ႕ ႏွင္းလူ႐ုပ္ထက္ ပိုႀကီးသည္။ ယင္းႏွင္းလူ႐ုပ္ႏွစ္ခုက ေဘးခ်င္းကပ္လ်က္ တည္ရွိေနသည္။ လင္းေျမာင္က ေျမေပၚမွာ တုတ္ေခ်ာင္းျဖင့္ စာေရးလိုက္သည္။

ႏွင္းလူ႐ုပ္အေသးေရွ႕တြင္ “ေဆြ႕ေဆြ႕’ ဟုေရးထားၿပီး အႀကီးေရွ႕တြင္ “ကိုကို” ဟာေရးထားတာ ယုက်င္း႐ႊမ္ ေတြ႕လိုက္ရေခ်သည္။

“ငါတို႔က မနက္ျဖန္ျပန္ရမွာေလ။ သူတို႔ကို ရႈခင္းၾကည့္ရေအာင္ ဒီမွာ ထားခဲ့လိုက္မယ္” လင္းေျမာင္က ဆိုလာသည္။

ယုက်င္း႐ႊမ္ သူမကို ဆြဲေခၚကာ နဖူးေလးကို နမ္းရွိုက္ၿပီး “အိုေက”

သူ႕အတြက္ ပထမဆုံးမဟုတ္ေသာ္ျငား သူမကိုနမ္းၿပီးတိုင္း သူရွက္လို႔ေနစဲပါပင္။

ထိုစဥ္မွာပဲ မီးပုံပြဲက စတင္ေနေလသည္။ သူတို႔ကိုလူတစ္ခ်ိဳ႕ လာေခၚၾကသည္။

ထိုသူမ်ားက ယုက်င္း႐ႊမ္ရဲ႕ သူငယ္ခ်င္းမ်ားျဖစ္ေလသည္။

လင္းေျမာင္က လူအမ်ားႏွင့္အတူထိုင္ခ်လိဳက္သည္။ မဟုတ္ေသးဘူး...ယုက်င္း႐ႊမ္ေဘးမွာ ထိုင္တာ ျဖစ္ေလာက္သည္။

သူတို႔က သိုးသားကင္ စားေနၾကတာမွန္း သူမ သိလိုက္ရသည္။ သူမႏွင့္ယုက်င္း႐ႊမ္ကေတာ့ သူမအေမထည့္ေပးလိုက္တဲ့ အသားေျခာက္ကိုသာစားေနၾက၏။

အားကစားအုပ္ခ်ဳပ္ေရးက အားကစားသမားတြင္ကို ရက္တိုပရိုမိုင္းေတြ စားမိၿပီး ေဆးစစ္သည့္အခါ မေအာင္မွာ စိုးသျဖင့္ အျပင္ကအသားေတြစားခြင့္မျပဳ။ ထို႔ေၾကာင့္ ဒီကို တစ္အိတ္လိုက္ႀကီး ယူလာခဲ့တာျဖစ္သည္။

လင္းေျမာင္က စည္းကမ္းေတြကို အၿမဲတမ္း တင္းတင္းက်ပ္က်ပ္လိုက္နာသည္။ ထို႔ေၾကာင့္ တစ္ေယာက္ေယာက္က သူမကို လာစားဖို႔ေျပာလာလွ်င္ အနံ႕ေၾကာင့္ သူမပါးစပ္ကသြားေရယိုေနတယ္ဆိုေပမယ့္လည္း ေခါင္းခါလ်က္ “ေတာ္ၿပီ ေက်းဇူးပါ”

လင္းေျမာင္က သူ႕မကိုယ္သူမ ထိန္းခ်ဳပ္ဖို႔ လုံးပန္းေနရတာကိုျမင္ေတာ့ ယုက်င္း႐ႊမ္ သူမကို တိုးတိုးေလးေျပာသည္။ “ျပန္ေရာက္ရင္ ကိုကို မင္းအတြက္ လုပ္ေပးမယ္”

ယုက်င္း႐ႊမ္က လင္းေျမာင္ကို လမ္းေလွ်ာက္ဖို႔ ေခၚလာခဲ့လိုက္သည္။

ဒီညက အလြန္ပင္တိတ္ဆိတ္လွသည္။ ႏွင္းထဲမွာ လမ္းေလွ်ာက္ေနသည့္အသံပင္ ၾကားေနရသည္။

လင္းေျမာင္က ယုက်င္း႐ႊမ္နဲ႕ဒီလိုလမ္းေလွ်ာက္ရတာကို သေဘာက်သည္။ သူနဲ႕သာလွ်င္ ႏွင္းထဲမွာ လမ္းေလွ်ာက္ရတာကို သေဘာက်၏။

ထို႔ေနာက္… လင္းေျမာင္ မေနနိုင္စြာ ႏွင္းေတြကိုလုံးၿပီး ယုက်င္း႐ႊမ္ထံပစ္ေပါက္လိုက္သည္။

ယုက်င္း႐ႊမ္အနည္းငယ္ ေၾကာင္နသြားသည္။ သူမရဲ႕ ႐ႊင္ျမဴးေနတဲ့ အမူအရာေလးေၾကာင့္ ကိုယ္ကိုကိုင္းလ်က္ ႏွင္းတစ္ခ်ိဳ႕ကိုေကာက္ကာ လုံးလိုက္ၿပီး ျပန္ပစ္လိုက္သည္။

ႏွစ္ေယာက္သား ႏွင္းထဲမွာ ေျပးတမ္းလိုက္တမ္းကစားရင္း  အခြင့္ရတိုင္း တစ္ေယာက္နဲ႕တစ္ေယာက္ ႏွင္းလုံးေတြျဖင့္ ပစ္ေပါက္ေနၾကေလသည္။

တျခားတစ္ဖက္မွာ သိုးသားကင္စားေနၾကတဲ့ စင္ဂယ္ေလးမ်ားကေတာ့ တစ္ခ်က္ၾကည့္မိ႐ုံျဖင့္ သူတို႔ပါးစပ္ထဲက အသားက အရသာမရွိေတာ့သည့္ႏွယ္။

သူတို႔အကုန္လုံးက ဒီႏွစ္ေယာက္ထက္ ငါးႏွစ္ေျခာက္ႏွစ္မွ်ႀကီးၾကေပမယ့္ သူတို႔ေတြအကုန္လုံးက စင္ဂယ္ျဖစ္ေနစဲ…

သိုးသားကင္ကေတာင္ အရသာမရွိေတာ့သလိုပဲ။

ကေလးေပါက္စႏွစ္ေယာက္လို သူတို႔ရဲ႕ ႏွင္းလုံး တိုက္ပြဲၿပီးဆုံးသြားၿပီးေနာက္ အခန္းသို႔ ျပန္လာခဲ့ၾကသည္။

သူတို႔ရဲ႕ပထမဆုံးအလုပ္က ေရခ်ိဳးဖို႔သာလွ်င္ျဖစ္သည္။

“ေဆြ႕ေဆြ႕ ေရသြားခ်ိဳး အေအးမပတ္ေစနဲ႕”

ယုက်င္း႐ႊမ္က ဆိုလာသည္။

လင္းေျမာင္ ကုတ္အကၤ်ီကို ခြၽတ္လိုက္ေတာ့ ယုက်င္း႐ႊမ္က သူမဆီကေန အေျခာက္ခံဖို႔ယူသြားလိုက္သည္။ မနက္ျဖန္ဆို အဝတ္ေတြက ေႏြးၿပီးသက္ေသာင့္သက္တာရွိေနမွာ ေသခ်ာသည္။

ထို႔ေနာက္ သူ႕ကုတ္အကၤ်ီကိုလည္းခြၽတ္လိုက္ၿပီး လင္းေျမာင္ေရခ်ိဳးၿပီးမွာကို စာဖတ္ရင္းေစာင့္ေနေလသည္။

ေရခ်ိဳးခန္းက သိပ္မေဝး။ ေရက်သံကို မလြဲမေသြၾကားလို႔ေနရသည္။

ယုက်င္း႐ႊမ္ စာအုပ္ထဲ ထပ္ၿပီးအာ႐ုံစိုက္၍မရေတာ့။

သူ႕နားထင္ကို ပြတ္လိုက္မိသည္။ သူကအရမ္းငယ္ေနေသးလို႔လား? ျဖစ္ေလာက္တယ္။ ဇီဝေဗဒမွာ လူပ်ိဳေဖာ္ဝင္ခ်ိန္ဆို ဒီလိုပဲလူတိုင္းျဖစ္လိမ့္မယ္လို႔ ေျပာထားတာ။ဆိုလိုတာက သူကပုံမွန္ပဲ။ သူ စိတ္ၿငိမ္ၿငိမ္ထားဖို႔လိုတယ္ စိတ္ၿငိမ္ဖို႔။

လင္းေျမာင္က သူမတို႔ေက်ာင္းတြင္ ညတိုင္းျမန္ျမန္လုပ္တတ္သျဖင့္ သူမက ေခါင္းေလွ်ာ္ေရခ်ိဳးတာ ျမန္သည္။ ခဏေနေတာ့ သူမ ထြက္လို႔လာသည္။

“ကိုကိုလည္း ေရသြားခ်ိဳးသင့္ၿပီေနာ္ အေအးလည္းမပတ္ေစနဲ႕”

သူမေျပာရင္းဆိုရင္းျဖင့္ ေရခ်ိဳးခန္းထဲမွ ထြက္လို႔လာသည္။

ယုက်င္း႐ႊမ္ ျပန္ေျဖေပးလိုက္ၿပီး သူအသံက ခပ္အက္အက္။

ေရခ်ိဳးခန္းထဲသို႔ ဝင္သြား၏။ေရေငြ႕ေတြက မေပ်ာက္သြားေသး။ ေလရဲ႕ရနံ႕က တမူထူးျခားစြာ အနံ႕အသက္ေကာင္းေနလ်က္ ပူအိုက္စိုထိုင္းေနသည္။

လြန္ခဲ့တဲ့မိနစ္အနည္းငယ္က လင္းေျမာင္ ဒီေနရာမွာပဲ ေရခ်ိဳးသြားခဲ့သည္။

ဒီအသိက သူ႕ပါးစပ္နဲ႕ လည္ေခ်ာင္းေတြကို ေျခာက္လာေစျပန္၏။

လင္းေျမာင္က ဆံပင္ကို ဒရိုင္ယာျဖင့္ မႈတ္ေနရင္းအျပင္ဘက္မွ ႏွင္းေတြကို ၾကည့္၍ေနသည္။ အရမ္းလွတာပဲ! သူမ ဓာတ္ပုံရိုက္ၿပီး ထ်န္က်င္းဆီသို႔ မပို႔ပဲမေနမိေတာ့။

“ညီမေလးက်င္း ဒီေနရာက ႏွင္းေတြက အရမ္းလွတာပဲ”

ထ်န္က်င္းက အလ်င္အျမန္ စာျပန္လာသည္။

“ကိုႀကီးေဆြ႕ ငါလိုင္းေပၚမွာျမင္ ၿပီးသြားၿပီ။ နင္က နင့္ေကာင္ေလးနဲ႕ အရမ္းေပ်ာ္ေနတာပဲေနာ္~ ႏွင္းလူ႐ုပ္ေတြလုပ္လိုက္ ႏွင္းလုံးေတြနဲ႕ပစ္လိုက္ၾကနဲ႕~”

လင္းေျမာင္ “…”

သူမ ႏွလုံးခုန္သံေတြ လြဲသြားရေတာ့သည္။ တစ္ေယာက္ေယာက္က ဓာတ္ပုံရိုက္သြားတာလား။ ၿပီးၿပီေပါ့... အေမေရာျမင္ၿပီလား? အန္တီယုနဲ႕ တျခားကိုကိုရဲ႕ မိသားစုဝင္ ေတြကေရာ

စိတ္ေလ်ာ့စိတ္ေလ်ာ့ ငါတို႔အဆင္ေျပေလာက္မွာပါ။ အရင္တုန္းကလည္း ကစားဖို႔ အႀကိမ္ေပါင္းမနည္းထြက္ခဲ့ဖူးတာပဲ။ ငါတို႔တြဲေနၾကတယ္လို႔ သူမေတြးေလာက္ပါဘူး။ ကိုယ့္ကိုယ္ကို မေျခာက္ေနနဲ႕။

ယုက်င္း႐ႊမ္ေရခ်ိဳးဖို႔ အခ်ိန္အနည္းငယ္သာၾကာသည္။ လင္းေျမာင္ သူ႕ကို ဒီအေၾကာင္း ခ်က္ခ်င္းေျပာျပလိုက္၏။

ယုက်င္း႐ႊမ္သူမကို ဖက္ကာ မခ်ီလိုက္ၿပီး ၿပဳံးလ်က္ အသံတိုးတိုးျဖင့္ေျပာလာသည္။

“ဘာမွ မျဖစ္ဘူး မေၾကာက္နဲ႕ေနာ္ သူတို႔က ကိုကို႔တို႔ကို ကန႔္ကြက္မွာမဟုတ္ပါဘူး”

ရွင္းရွင္းေျပာရရင္ သူ႕မိသားစုက လင္းေျမာင္ေလးႀကီးျပင္းလာတာကို ေစာင့္ၾကည့္ခဲ့ၾကရသည္။ သူ႕အေဖပင္လွ်င္ လင္းေျမာင္က သူတို႔မိသားစုတစ္စိတ္တစ္ပိုင္းျဖစ္လာပါက ေကာင္းဘူးလို႔ မေတြးေခ်။

ၿပီးေတာ့ လင္းေျမာင္ရဲ႕အေမအတြက္ဆိုလွ်င္ ယုက်င္း႐ႊမ္ သူမနဲ႕ အႀကိမ္ေပါင္းမနည္းေတြ႕ခဲ့ဖူးသည္။ သူမရဲ႕အေမက က်ိဳးေၾကာင္းစဥ္းစားတတ္သျဖင့္ သူမကလည္း လူမႈေရးသက္မွတ္ခ်က္ေတြေၾကာင့္ႏွင့္ သူတို႔ကို ကန႔္ကြက္လိမ့္မည္မဟုတ္။

“စိတ္မပူနဲ႕ စိတ္မပူနဲ႕ ကိုကိုက မင္းနဲ႕ အၿမဲတမ္းရွိေနမွာ”

ယုက်င္း႐ႊမ္ သူမရဲ႕နဖူးေလးကို နမ္းလာၿပီးေနာက္ သူမရဲ႕မ်က္ခုံးႏွစ္ခုၾကားက တြန႔္ခ်ိဳးေနေသာ ေနရာေလးကို နမ္းလိုက္သည္။ သူမကို သူ႕ပထမဆုံး စနမ္းဖူးကတည္းက သူထိုအရာကို စြဲလမ္းလာခဲ့သည္။ သူတို႔ရဲ႕အသားခ်င္းထိကပ္ေနတာကို သူသေဘာက်၏။
ထင္ထားတဲ့အတိုင္း လင္းေျမာင္ရဲ႕ အာ႐ုံကေျပာင္းလို႔သြားသည္။သူမေခါင္းေမာ့ၿပီး သူ႕နဖူးကို ရွက္ကိုးရွက္ကန္းျဖင့္ ျပန္နမ္းလိုက္သည္။ အခုႏွစ္ေယာက္လုံးကထိုင္ေနၾကတာေၾကာင့္ ပိုၿပီးေတာ့ လြယ္ကူသြားေလေတာ့သည္။

ယုက်င္း႐ြမ္မွာ ငွက္သိုက္မုန႔္က နမ္းလိုက္မိသည့္အလား သူ႕ႏွလုံးသား ခ်ိဳၿမိန္ႏူးညံ့ကာ အခ်စ္ေတြျဖင့္ ျပည့္လို႔ေနသည္။ သူ႕မွာ မေနနိုင္စြာျဖင့္ သူမရဲ႕ပါးျပင္ေလးကို ေမႊးၾကဴလိုက္မိသြားသည္။

လင္းေျမာင္ကလည္း သူ႕ပါးျပင္ကို ျပန္၍နမ္းသည္။ ဒါေပမယ့္ ေမာ့ၿပီး ျပန္နမ္းလိုက္ေတာ့ ေနရာလြဲသြားၿပီး သူ႕ႏႈတ္ခမ္းစြန္းကိုသာ နမ္းလိုက္မိသြားေလေတာ့သည္။

ႏွစ္ေယာက္သား ေတာင့္ခဲ့သြားၿပီးေနာက္ လင္းေျမာင္ မ်က္ႏွာနီရဲလ်က္ ထလိုက္ၿပီး အထစ္ထစ္ အေငါ့ေငါ့ျဖင့္

“အမ္…အာ…အဝတ္ေတြေျခာက္မေျခာက္သြားၾကည့္လိုက္အုန္းမယ္…”






Continue Reading

You'll Also Like

905K 73K 126
ဘာသာျပန္သူ - May King *မင်း တစ်ခါမှ မပိုင်ဆိုင်တဲ့အရာကို ဘယ်လို ဆုံးရှုံးနိုင်မှာလဲ။ *သူများ သနားတာကို လိုချင်တဲ့အတွက် မင်းရဲ့ အမေရင်းကိုယ်တိုင် အဆိပ...
1.1M 88.9K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
227K 22.4K 72
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
305K 30.6K 128
Translation work of HanMay & GinYu (Best Novels Collection Team- BNC Team) U can search 'Best Novels Collection Team' on Fb💛 Every Tuesday & bonus...