တီခ်ယ္က ဆည်းလည်းလေး

By PonePone2177

151K 10.4K 450

'' တီခ်ယ္သိလား တီချယ်အသံကသမီးအတွက်တော့ဆည်းလည်းလေးလိုပဲ ကြားလိုက်တာနဲ့ပြေးတွေ့လိုက်ချင်တာမျိူး'' ... More

Episode ( 1 )
Episode 1 Unicode
Episode 2
Episode 2 Unicode
Episode 3
Episode 3 Unicode
Episode 4
Episode 4 Unicode
Episode 5
Episode 5 Unicode
Episode 6
Episode 6 Unicode
Episode 7
Episode 7 Unicode
Episode 8
Episode 8 Unicode
Episode 9
Episode 9 Unicode
Episode 10
Episode 10 Unicode
Episode 11
Episode 11 Unicode
Episode 12
Episode 12 Unicode
Episode 13
Episode 13 Unicode
Episode 14
Episode 14 Unicode
Episode 15
Episode 15 Unicode
Episode 16
Episode 16 Unicode
Episode 17
Episode 17 Unicode
Episode 18
Episode 18 Unicode
Episode 19
Episode 19 Unicode
Episode 20
Episode 20 Unicode
Episode 21
Episode 21 Unicode
Episode 22
Episode 22 Unicode
Episode 23
Episode 23 Unicode
Episode 24
Episode 24 Unicode
Episode 25
Episode 25 Unicode
Episode 26
Episode 26 Unicode
Episode 27
Episode 28
Episode 28 Unicode
Episode 29
Episode 29 Unicode
Episode 30
Episode 30 Unicode
Episode 31
Episode 31 Unicode
Episode 32
Episode 32 Unicode
Episode 33 ဇာတ္သိမ္း
Episode 33 ဇာတ်သိမ်း
မြဝတ်ရည်မေ
စာ
hey
စာအုပ်အတွက်
စာအုပျအတှကျ

Episode 27 Unicode

2.3K 232 11
By PonePone2177

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း၂၇

တိုက်ခတ်လာတဲ့ လေေအေးအေးကြားထဲမှာ ထိုင်နေတဲ့ မိမိဟာ အချိန်ဘယ်လောက်ရှိပြီလဲမသိပါ။ ခရေပင်အောက်က သစ်သားခုံအသေးလေးပေါ်မှာ ထိုင်လျက် အဝေးကိုသာငေးနေမိပါသည်။ ရှည်လျားတဲ့ဆံနွယ်နက်နက်တွေကိုတော့ ကပိုကရိုစည်းနှောင်ထားသည်။ ခပ်နွမ်းနွမ်းမြန်မာချည်ဝမ်းဆက်တစ်စုံကိုသာ ဝတ်ဆင်ထားပေမဲ့ ထိုဝမ်းဆက်သည်လည်း သူမခန္ဓာကိုယ်ပေါ်တွင် နွဲ့နှောင်ပြီးလှပစွာနေရာယူထားသည်။ ဖြောင့်စင်းနေတဲ့ နှာတံတို့သည် အအေးဓာတ်ကြောင့် အနည်းငယ် ရဲနေသည်။ မျက်စံနက်နက်တွေကိုတော့ ဘေးကနေကြည့်ရင်တောင် လွမ်းစရာလို့ပြောနိုင်လောက်တဲ့အထိပင်။ ထိုသူကတခြားသူမဟုတ် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်မေဂျာကဆရာမလေး ဒေါ်မြဝတ်ရည်မေသာ။

"ဆရာမေလး"

အသံလာရာဆီသို့ လှည့်ကြည့်မိတော့ သူမ ဘေးနားကနေ ကပ်ထိုင်လျက် ခေါ်လာတဲ့ ကျောင်းသူငယ်ငယ်လေး စံပယ်။ ဘယ်လောက်ထိများ အတွေးလွန်နေလို့ စံပယ်လာထိုင်တာတောင် မသိရတာမျိူးလဲ။

"ပြောလေ သမီးရဲ့"

မြ မေးတော့ ထိုကလေးမလေးက ရယ်နေပြန်သည်။ ထို၇တန်းကျောင်းသူကောင်မလေးသည် မြရဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်လေသည်။

"အေမက ထမင်းစားမယ်တဲ့"

''ဟုတ္သလား "

မြ ပြောသည်ကို ခေါင်းအသာငြိမ့်ပြသည့် ထိုကလေးမလေးကို အသဲယားစွာဖြင့် သူမရဲ့ပါးဖောင်းဖောင်းလေးတွေကို ဆွဲလိမ်မိလိုက်သည်။ အေတြးထဲမွာ ယုယက ပြန်ပေါ်လာပြန်သည်။ ယုယရဲ့ ပါးပြင်ကိုတော့ မြ လွမ်းမိသား။

ယုယ နိုင်ငံခြားထွက်သွားထဲက သူမကိုယ်တိုင် တက္ကသိုလ်ကနေထွက်ကာ ခုလိုတောရွာက စာသင်ကျောင်းလေးတစ်ကျောင်းတွင်သာ အေးအေးဆေးဆေး အလုပ်ဝင်ခဲ့သည်လေ။ လူကသာ ဒီတောရွာလေးမှာရှိတာပါ။ စိတ္ကေတာ့ ယုယဆီမွာသာ။

"ဆရာမ နောက်မှစားလိုက်မယ်လို့ပြောလိုက်နော် သမီးတို့ပြန်ချင်တယ်ဆိုလည်း ပြန်ကြနော် ဆရာမကိုစိတ်မပူနဲ့ဟုတ်ပြီလား"

မြ ပြောသည်ကို ထိုကလေးမလေးက ခေါင်းအသာငြိမ့်ပြ၍ ပြေးထွက်သွားပြန်သည်။ ထိုကလေးမလေးကို မြ ငေးကာကြည့်နေမိသည်။ အိမ်ကိုလည်းမဆက်သွယ်ပဲ ဒီနေရာမှာ နေလာတာ၅နှစ်နီးပါးနေလာခဲ့သည်။ ဖေဖေကတော့ ကျန်းမာရေးမကောင်းဖူးဟု ကြားရသည်။ သို့ပေမဲ့လည်း မြ မပြန်ဖြစ်ပေ။ မိဘကျေးဇူးကန်းတာမျိူးမဟုတ်ပေမဲ့လည်း။ မေမေ မရှိတဲ့နောက်ပိုင်း နောက်အိမ်ထောင်ပြုကာ မြကို ပစ်ပယ်ခဲ့သည့် ဖေဖေ့ကို စိတ်နာနေမိခြင်းသာ။ ခြေထောက်တွင်စီးထားသည့် သည့် ကတ္တီပါဖိနပ်အနက်လေးကို ငုံကာကြည့်မိသည်။ အတော်တောင်ဟောင်းနွမ်းနေလေပြီ။ ဒီတစ်ခါ မြို့ဈေးသွားရင်တော့ အသစ်တစ်ရံ ဝယ်ရဦးမည်ဟု တွေးမိသည်။ ထို့နောက်တွင်တော့ ကပိုကရိုတွေဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိပါသည်။

"ကြည့်ရဆိုးလိုက်တာ"

ထိုသို့သာ တိုးတိုးလေးပြောရင်း အဝေးတစ်နေရာသို့သာ ပြန်ကြည့်နေမိပြန်သည်။ မြရဲ့ သမီးလေးယုယသာ ရှိနေခဲ့ရင် ''တီချယ်ရယ် ကြည့်ရမဆိုးပါဖူး လှတောင်လှနေသေးတယ်"လို့ပြောမှာသေချာသည်။ စိတ်ကူးနဲ့တွေးကာ ပြုံးမိပြန်သည်။ လွမ်းတယ်သမီးငယ်လေး။

~

''ယုယ မတွေ့တာကြာလို့လားမသိဖူး နင်ရုပ်ဆိုးလာတယ်နော်"

ခင်ခင်အပြောကို ကျော်ခေါင်နဲ့လင်းအောင်က ရယ်သည်။ ကော်ဖီဆိုင်အသေးလေးအတွင်းထဲမှာ သူမတို့သူငယ်ချင်းတွေက ထောင့်ကျကျနေရာမှာ ထိုင်နေကြသည်။

"ကျေးဇူးတင်ပါတယ် ခုလိုပြောပေးလို့ ကန်တော့ပွဲနဲ့ကျေးဇူးလာဆပ်မယ်"

ခင်ခင့်ကို ပတ်ကနဲပြန်ပြောမိသည်။ စောနကရယ်နေသည့်နှစ်ကောင်က ယုယပြောတော့မှ ပိုရယ်နေကြသည်။

"နေပါဦး နင်တို့အဆင်ပြေကြတယ်မလား "

ယုယမေးတော့လည်း ဒင်းတို့က ခေါင်းညိမ့်ပြသည်သာ။

"လင်းအောင် ရဲအလုပ်ကအဆင်ပြေတယ်မလား"

ယုယ အမေးကို လင်းအောင်က ဟန်ပိုလျက် သူ့မေးစေ့ကို လက်ညိုးနဲ့လက်မ သုံးကာ ပွတ်သပ်နေသည်။ မသိရင် ဆရာကြီးစတိုင်နဲ့ပင်။

"အဆင်ပြေပါတယ် ငါကရဲအုပ်ပဲဖြစ်နေပြီလေ"

လင်းအောင်ကို ရဲဖြစ်မယ်မထင်ခဲ့ပေမဲ့လည်း ယုယ မျှော်လင့်မိပါသေးသည်။ သူ့ပုံစံက ရဲတစ်ယောက်ပုံစံပင်။ ခန္ဓာကိုယ်က ယောကျာ်းပီသည်လေ။ မိန်းကလေးတွေ ကြွေစရာပုံစံပင်။

"အင်းပါ ကျော်ခေါင်ကကော ခုအလုပ်တွေအဆင်ပြေတယ်မလား"

နွဲ့နှောင်းသည့် ကျော်ခေါင်ကတော့ ယုယ မ်က္လုံးထဲ ဘာမှမပြောင်းလဲပါ။

"အလုပ်ကအဆင်ပြေပါတယ် "

"ဒါဆိုအဆင်မပြေတာကဘာလဲ"

ခင်ခင်ရဲ့ လျင်မြန်တဲ့အမေးကြောင့် ယုယ ရယ်မိသွားသည်။ အရင်လိုပဲ ခင်ခင်မက စပ်စုစိန်ပင်။

"အဆင်မပြေတာက ရှေ့လကမှ ငါနဲ့စေ့စပ်ထားတဲ့ ကောင်မလေးနဲ့ပွဲပြီးသွားပြီ"

ကျော်ခေါင်နဲ့စေ့စပ်ထားတဲ့သူဆိုရင် ယုယ ကျောင်းသွားမတက်ခင်က ကျော်ခေါင်ပြောခဲ့သည့် ကောင်မလေးသာရှိသည်။

"သူက ဘယ်လိုဖြစ်တာလဲ နင့်ကိုထားသွားတာလား"

''ငါ့ကို ထားသြားတာမဟုတ္ဖူး။ သူနဲ့ငါ့ကိုလူကြီးချင်းသဘောတူထားပေမဲ့ ငါ့နောက်ကွယ်မှာလည်း ဖောက်ပြန်သေးတယ်လေ အဲ့တော့လူကြီးတွေသိသွားတော့ ပွဲပြတ်သွားတာပဲ။"

ကျော်ခေါင်အပြောကို ယုယတို့ သုံးယောက်ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့သာနားထောင်မိသည်။ ဘာနေနေ ကျော်ခေါင်ကလည်း ထိုမိန်းကလေးကိုချစ်သည်မှ မဟုတ်ပဲလေ။

"ယုယ ငါနင့်ကိုပြောစရာရှိတယ်"

ရုတ်တရက်ထပြောလာတဲ့ ခင်ခင်ကြောင့် ယုယ ခေါင်းသာငြိမ့်ပြမိသည်။ စားပွဲပေါ်က ကော်ဖီခွက်ကိုတော့ လက္က ယူလိုက်မိသည်။

"တီချယ်မြလေ သူရှိတဲ့နေရာကို ငါသိတယ် "

ရုတ်ချည်းထပြောလိုက်တဲ့ ခင်ခင့်အသံကြောင့် ကော်ဖီခွက်ကို ကိုင်ထားတဲ့ ယုယ လက်တွေလေထဲမှာ ရပ်တန့်နေတယ်။ နားထဲမွာ ဆည်းလည်းအသံတွေ ကြားနေရသည်။

"သိပြီလား ဘယ်မှာလဲ ခင်ခင်ပြောလေ"

အလောတကြီးမေးလာတဲ့ ယုယကို ခင်ခင်ကပြုံးပြသည်။

"နင်သူ့ကိုချစ်နေတုန်းလား"

ထိုစကားကို ကျော်ခေါင်က ဝင်ပြောတော့ ယုယ ငြိမ်ကျသွားသည်။ မျက်လုံးတွေကတော့ ဂနာမငြိမ်ပေ။ နူတ်ခမ်းကို လျှာဖြင့်သပ်မိသည်။

"အင်း "

ဂရုဏာသက်စွာ ယုယကို ကြည့်နေတဲ့ ခင်ခင်တို့ကို ယုယ ရယ်ပြရသေးသည်။

"ဘာမှမဖြစ်ပါဖူးဟ ပြောပါ နင်တို့ကလည်း"

"တီချယ်မြက တောရွာတစ်ခုမှာပဲ ဧရာဝတီတိုင်းဖက်မှာရှိတယ် ငါကြားတာကတော့ ဧရာဝတီတိုင်းပျဉ်းသုန်းကြီးမှာတဲ့"

ခင်ခင်က မှန်းဆဆ(ဝေခွဲမရသော်လည်း) ထိုသို့ ဆိုသည်။ ရင်ထဲမှ စိတ်လူပ်ရှားမူကို မနည်းထိန်းထားရသည်။

"နင်ကဘယ်လိုသိတာလဲ"

သိလိုသည်ကို မေးတော့လည်း ခင်ခင်ကမျက်စောင်းထိုးသည်။

"အော် ငါကဆရာမတွေဆီခနခနသွားတော့ အဲ့ကေနသိလာရတာဟ။ တီချယ်မြက ကျောင်းဆရာမလုပ်နေတယ်ဆိုလားပဲ ငါတော့သိပ်မသိပါဖူး"

ခင်ခင့်အပြောအဆုံးမှာတော့ ယုယ ကျော်ခေါင်နဲ့လင်းအောင်တို့ သက်ပြင်းအရှည်ကြီးကိုသာ ပြိုင်တူချမိလု်ိက်ကြပါသည်။

"ဒါနဲ့ခင်ခင် နင်က အလုပ်မှာလည်းအဆင်ပြေတယ် နင့်အမေရဲ့အထည်ဆိုင်တွေကိုဦးစီးနေတယ်။ ဒါ့ဖြင့်နင့်လက်တွဲဖော်လေးဘာလေးမထားဖူးလား"

တစ်အောင့်အကြာတိတ်သွားတဲ့ စကားဝိုင်းအတွင်းထံကနေမှ လင်းအောင်ရဲ့ အသံကဦးစွာထွက်လာသည်။

"မထားသေးပါဖူး ငါဒီအတိုင်းလေးနေချင်သေးတယ်"

အေးအေးဆေးဆေးလေးသာ ပြောချလိုက်တဲ့ ခင်ခင်အပြုအမူကြောင့် ယုယေသဘာက်စြာ ပြုံးလိုက်မိသည်။ ခင်ခင်က အတော်ရင်ကျက်သည်လေ။ နောက်ပြီးလူကြီးလည်းဆန်လာသည်။ အမူအကျင့်တွေကတော့ မပြောင်းသေးပါ။ အဲ့မနက်မှာတော့ ယုယတို့သူငယ်ချင်းတွေ စကားများထိုင်ပြောအပြီး တစ်ယောက်တစ်နေရာဆီ လမ်းခွဲလိုက်ကြသည်။

''ယုယ ဟေး "

ကုမ္ပဏီ အတွင်းမှာ ထိုင်နေတဲ့ ယုယကို အသံဆာဆာဖြင့် ပြေးကာ ခေါ်လာသည့် စုတေးသာ။ ခင်ခင်တို့နဲ့တွေ့ပြီးမှ ယုယ ကုမ္ပဏီသို့လာရခြင်းပင်။

"တိုးတိုးခေါ်စမ်းပါဟယ်"

စုတေးသာအား အ့ံကြိတ်ပြကာ သတိပေးရသေးသည်။ ဒါကိုပင် စုတေးသာက သူမဘေးနားအတင်းကပ်နေပြန်သည်။

"ယုယ နင့်ကိုမခေါ်သေးဖူးလား"

ခပ်တိုးတိုးမေလာတဲ့ စုတေးသာကို ယုယမကြည့်ပေ။ သူမဝင်ရမည့်တံခါးကိုသာ စိုက်ကြည့်နေမိသည်။

"ယုယအောင် ညီမေလး အထဲလာတော့နော် နောက်ပြီးစုတေးသာကောနော်"

ခုမွေရာက္လာတဲ့ စုတေးသာက ယုယ လက်မောင်းကို အတင်းဆွဲချိတ်ထားသည်။ ယုယ နေရခက်စွာ စုတေးသာလက်တွေကို ဖယ်ချလိုက်သည်။

"စုတေးသာမရယ် ခုကအလုပ်ရှင်နဲ့တွေ့ရမှာ ကိုယ့်ကိုကိုယ်ထိန်းဦး စိုးရိမ်မနေနဲ့"

ယုယ ပြောတော့မှ ငြိမ်သွားတဲ့ စုတေးသာကို စောနကလာခေါ်တဲ့အမကော ယုယေကာ ကြည့်ကာပြုံးလိုက်မိတော့သည်။

"ကဲ ထိုင်"

သူမတို့ကို အလုပ်ခန့်မယ့်သူများက နိုင်ငံခြားသားတွေပင်ဖြစ်သည်။ အသားဖြူဖြူနဲ့ နိုင်ငံခြားသားနှစ်ယောက်က ခုံမှာထိုင်နေပြီး အသားမဖြူသော်လည်း မမဲသည့် အမျိူးသမီးတစ်ယောက်က ထိုလူနှစ်ယောက်ဘေးမှာ မတ်တပ်ရပ်နေသည်။ ကြည့်ရတာ သူကေတာ့ ကျိန်းသေမြန်မာအမျိူးသမီးဖြစ်လိမ့်မည်။

"နာမည်က ယုယနဲ့စုတေးသာနော်"'

အင်္ဂလိပ်လိုပြောလာသည့် ထိုလူဖြူလူကို ယုယ ကြည့်ရင်းအင်္ဂလိပ်လိုဟုကဲ့ဟုသာ ဖြေလိုက်ရသည်။ နောက်ပြီးသူကပဲဆက်ပြောပါသည်။

"သိပ်တော့မမေးတော့ပါဖူး လန်ဒန်ကျောင်းထွက်တွေလည်းဖြစ်တယ် နောက်ပြီးဒီမှာလည်း တာဝန်ယူတယ်ဆိုတဲ့ လက်မှတ်ထိုးပေးထားတော့ ဒီကုမ္ပဏီမှာမင်းတို့ကိုလိုအပ်နေတာလည်းပါတော့ မနက်ဖြန်အလုပ်ဆင်းလို့ရတယ်။ ပထမကေတာ့ အတွင်းရေးမှူးကိုမင်းတို့အလုပ်ရပြီဆိုတာ ဖုန်းဆက်ခိုင်းမလို့ပဲလေ မနေ့ညကတောင်စုတေးသာကို ဖုန်းဆက်သေးတယ်ပြောတယ်။ ခုမှပြန်တွေးမိတာက မင်းတို့လည်းနားချင်မယ်ထင်လို့မနက်မှလာဆင်းလိုက်တော့။"

အနောက်တိုင်းဝတ်စုံနဲ့ လူဖြူက ထိုသို့ပြောတော့ ယုယ မျက်ခုံးများအနည်းငယ်တွန့်လိုက်မိသည်။

"ကျမကို ကျေးဇူးပြုပြီးတာဝန်ယူတယ်ဆိုတဲ့သူရဲ့လက်မှတ်ပြပေးလို့ရမလား"

ထိုလူဖြူသည် ယုယပြောသည်ကို ရတာပေါ့ဟုပြောလျက် စာရွက်တစ်ရွက်အား ယုယရှေ့သို့ထိုးပေးသည်။

"ဒါက .."

အင်တာဗျူးဖြေပြီးထဲက ယုယ တွေးနေမိပါသည်။ လန်ဒန်မှာရှိနေတဲ့ အန်တီဝတ်လွှာက မိမိအတွက် တာဝန်ယူတယ်ဆိုတဲ့ လက်မှတ်ပါထိုးပေးထားသည်လေ။ ကျောင်းကပေးတဲ့ကုမ္ပဏီမှာ အလုပ်ဝင်ရသည့်မို့ ယုယပိုကြိုးစားရပါမည်။ အန်တီဝတ်လွှာကိုလည်းကျေးဇူးတင်မိသည်။

"ယုယ အလုပ်မနက်ဖြန်ဆင်းရမယ်နော်"

"အင်း အန်တီဝတ်လွှာကလှမ်းပြောထားတာပဲ"

ခပ်တိုးတိုးသာပြောမိတော့ စုတေးသာကလည်းရယ်ပြီးဟုတယ်လို့ပြန်ပြောသည်။

"ယုယ ဖုန်းလာနေတယ်"

အိတ်အတွင်းကဖုန်းအားထုတ်ကာ ကိုင်လိုက်မိသည်။ စုတေးသာကတော့ ကားငှါးကာထွက်သွားချေပြီ။

"ဟယ်လို အန္တီ"

"ခေါ်လိုက်ရတာကွယ်"

အပြစ်တင်သည့်အသံမျိူးမဟုတ်ပဲ စိုးရိမ်သည့်အသံဖြင့် ပြောလာတဲ့ အန်တီဝတ်လွှာကို ယုယအားနာသွားသည်။ စောနကအင်တာဗျူးခန်းမှာမို့ ဖုန်းအသံပိတ်ထားပြီး ပြန်မဖွင့်မိသည်လေ။

"ဟုတ်တယ် ယုယ အင်တာဗျူးအခန်းထဲရောက်နေလို့လေ"

"အင်း အလုပ်ရပြီဆိုတော့ ကြိုးစားထားနော် "

ဟုတ်တာပဲလေ။ အန်တီဝတ်လွှာကတော့ သူမကိုအလုပ်ရအောင်အထိ အဆင်ပြေအောင်လုပ်ပေးခဲ့သည်။ သူမကပဲ ကြိုးစားရတော့မည်။ သို့သော်ငြားလည်း အန်တီဝတ်လွှာကို အားနာမိသည်။ ကျောင်းတက်တုန်းကလည်း လိုလေသေးမရှိထောက်ပ့ံပေးခဲ့သည်။ ခုအလုပ်ဝင်တော့လည်း အနောက်ကနေပ့ံပိုးပေးနေသည်လေ။

"ကဲကြည့် တိတ်နေပြန်ပြီ "

ဆူငေါင့်ငေါင့်အသံကြောင့် ယုယ မသိမသာသက်ပြင်းချမိသည်။

"ဟုတ် ယုယ လမ်းလျှောက်နေလို့ပါအန်တီ"

ယုယ ပြောသည်ကို အန်တီဝတ်လွှာကခနမျှတိတ်သွားပြန်သည်။

"ယုယ အန္တီ ရှေ့အပတ်ထဲပြန်လာခဲ့မယ် "

Episode 28 မျှော်ရန် 💞🍂
3.2.2022 🦋🌳
(ပြီးနိုးနိုးနဲ့ဇာတ်ကရှည်လာတယ် မပြီးလေကြိုက်လေပဲမလား။ )

Continue Reading

You'll Also Like

233K 9.4K 105
[Unicode+zawgyi] jenlisa&chaesoo♥♥♥ lisa&chae=Tom boy♥♥♥ jennie&jisoo=lesbain♥♥♥
280K 5.9K 36
18+ ကိုမှဇတ်အိမ်လေးနဲ့သွားမှာ ukeက ဒွိလိင် ပါ ကြိုက်မှဖက်ပါ မီးနီခန်းတွေပါတာမို့ ထွေထွေထူးထူးမပြောတော့ပါဘူး
68.4K 5.4K 35
မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z ...
1.1K 219 7
+រឿងបន្តពី អ្នកបម្រើម្ចាស់តូច ខ្ញុំស្រឡាញ់គាត់..ហើយគាត់ក៏ស្រឡាញ់ខ្ញុំ ខុសធ្ងន់ត្រង់គាត់មានគូរហើយ.. > We love each other, but we can't be togethe...