mysterious fate

By Spring70747519

1.9M 145K 3.1K

Zawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန... More

intro
အခန်း(1)
အခန်း(2)
အခန်း(3)
အခန်း(4)
အခန်း(5)
အခန်း(6)
အခန်း(7)
အခန်း(8)
အခန်း(9)
အခန်း(10)
အခန်း(11)
အခန်း(12)
အခန်း(13)
အခန်း(14)
အခန်း(15)
အခန်း(16)
အခန်း(17)
အခန်း(18)
အခန်း(19)
အခန်း(20)
အခန်း(21)
အခန်း(22)
အခန်း(23)
အခန်း(24)
အခန်း(25)
အခန်း(26)
အခန်း(27)
အခန်း(28)
အခန်း(29)
အခန်း(30)
အခန်း(31)
အခန်​:(32)
အခန်း(33)
အခန်း(34)
note
အခန်း(35)
A/N
အခန်း(36)
အခန်း(37)
အခန်း(38)
အခန်း(39)
အခန်း(40)
အခန်း(41)
အခန်း(43)
အခန်း(44)
အခန်း​(45)
အခန်း(46)
အခန်း(47)
အခန်း(48)
အခန်း(49)
အခန်း(50)
အခန်း(51)
အခန်း(52)
အခန်း(53)
အခန်း(54)
အခန်း(55)
အခန်း(56)
အခန်း(57)
အခန်း(58)
အခန်း(59)
အခန်း(60) Final Part
Thank You
Extra-1
Season2
Extra-2
Twisted Love
Extra-3
Mysterious Fate book
Extra end
inner art
inner art 2
inner art3
Book cover
Chibi
book detail
LG
Order
Giveway

အခန်း(42)

22K 1.8K 68
By Spring70747519


"သခင်​​လေး"

"ဘယ်​လိုဖြစ်​တာတဲ့လဲ"




"ရဲစခန်း သွားမယ်​"

"ဟုတ်​ကဲ့ သခင်​​လေး"


"ကိုကြီး"



"ဒီမှာ ဟမ်း ဟမ်း"






"နည်းနည်း​လေး"


"ဟုတ်​ကဲ့"








"အဲ​တော့"


စခန်းမှူးမှာ စကား​တောင်​ဆုံး​အောင်​မ​ပြောလိုက်​ရဘူး သူ့ကို နည်းနည်း​​လေး​တောင်​ဂရုမစိုက်​ပဲ ပြန်​ထွက်​သွားတဲ့လူကိုသာ ​ငေးကြည့်​​နေမိတယ်


"ဟုတ်​ကဲ့ သခင်​​လေး"


"မင်းမင်း ကား​ပေါ်​မှာ မုန့်​ထုတ်​​တွေပါတယ်​ သွားယူလာခဲ့ ချစ်​လုံး​လေး ဘာမှမစားထားဘူးမလား ​"










"ဘယ်​လို ညီ​လေး"



"သခင်​​လေး သခင်​ငယ်​​​လေး"


















"ဟုတ်​ကဲ့ ကိုကြီး"




Unicode

စဝ်​ ​အောက်​ထပ်​ဆင်းလာ​တော့ မင်းမင်းနဲ့​ဝေယံက အသင့်​စောင့်​နေတာ​တွေ့လိုက်​ရတယ်​

"သခင်​​လေး"

"ဘယ်​လိုဖြစ်​တာတဲ့လဲ"

"ကျွန်​​တော်​တို့ လူ​တွေအပြင်​မှာ​စောင့်​နေတုန်း clubထဲရန်​ဖြစ်​တယ်​ဆိုလို့သွား​တော့ သခင်​ငယ်​​လေးက တဖက်​ကလူတ​ယောက်​ကို အရက်​ပုလင်းနဲ့ ​ခေါင်းကိုရိုက်​ပြီးသွားပြီတဲ့"

စဝ်​ တချက်​ပြုံးလိုက်​ပြီး တိုးတိုး​လေး​ရေရွတ်​လိုက်​မိတယ်​

"လူဆိုး​လေကွာ လက်​ကလည်းမြန်​လိုက်​တာ"

"ရဲစခန်း သွားမယ်​"

"ဟုတ်​ကဲ့ သခင်​​လေး"

အိမ်​​တော်​က​နေ ကားသုံစီးထွက်​လာပြီး ရဲစခန်းကိုဦးတည်​​​မောင်းနှင်​လာတယ်​ စဝ်​တို့ရဲစခန်းထဲဝင်​လာ​တော့ စခန်းမှူး​ဘေးက ခုံတန်း​လေးမှာ ​ခြေ ချိတ်​ထိုင်​​နေတဲ့လူဆိုး​လေး ​ဘေးမှာလည်း သူ့သူငယ်​ချင်းနှစ်​​ယောက်​နဲ့ စကားကများ​နေ​သေးတယ်​ နည်းနည်းမှကို အ​ကြောက်​အလန့်မရှိတဲ့ ဟာ​လေး​တွေ

"ကိုကြီး"

စဝ်​ အရင်​ဆုံးချစ်​လုံး​လေး စီ သွားပြီး ဒဏ်​ရာရမရ စစ်​လိုက်​​တော့ မျက်​ခုံး​ဒေါင့်နား​လေးကနည်းနည်းကွဲ​နေပြီး နှုတ်​ခမ်းလုံးလုံး​လေးက ​သွေးထွက်​​နေတာ ​တွေ့လိုက်​ရတယ်​

"မင်းမင်း ​ဆေး​သေတ္တာယူခဲ့စမ်း"

"ဒီမှာ ဟမ်း ဟမ်း"

စခနိးမှူးခမျှ စခန်းဝင်​လာကတည်းက သူ့ကိုတစက်​​လေး​တောင်​လှည့်မကြည့်ပဲ သူ့လူသူ ဂရုစိုက်​​နေတဲ့ စဝ်​​ကြောင်​ တဟမ်းဟမ်း လုပ်​​နေ​တော့တယ်​

"ဘာလို့ ဒဏ်​ရာ​တွေ ရလာတာလဲ လူဆိုး​လေးရာ"

"ကိုကြီး ​တောင်းပန်​ပါတယ်​"

စဝ်​ မျက်​ခုံးနား​လေးကို အရက်​ပျံ​လေးတို့​ပေးပြီး တဖူးဖူးနဲ့ ​လေမှုတ်​​ပေး​နေမိတယ်​

"ကိုယ့်ချစ်​လုံးရဲ့မျက်​နှာ​လေးကိုကွာ အရမ်းနာ​နေလား"

"နည်းနည်း​လေး"

"ညီတို့​ရော အဆင်​​ပြေရဲ့ လား"

"ဟုတ်​ကဲ့"

တချိန်​လုံး​prizeကိုကြည့်​နေပြီးမှ ​​မေး​ဖော်​ရတဲ့ အစ်​ကိုစဝ်​မင်းမာန်​ခကို ဇာနည်​ ဟုတ်​ကဲ့လို့သာပြန်​​ဖြေနိုင်​​တော့တယ်​ prizeဆိုတဲ့​ကောင်​ကလည်း ခုနက သူ့လူကြီး မလာခင်​ကကျ​တော့ တ​လောကလုံး သူတင်​​ကျွေးထားရတဲ့ရုပ်​မျိုးနဲ့ ခုကျ​တော့ မျက်​နှာ​လေးက ဇီးရွက်​​လောက်​နဲ့ ကိုကြီးတဲ့ အတွဲ​တွေများ ပိုကိုပိုလွန်းတယ်​

"ခနထိုင်​​နေအုံး​နော်​ ချစ်​လုံး​လေး ကိုယ်​စခန်းမှူးနဲ့ စကား​ပြောလိုက်​အုံးမယ်​"

စဝ်​​ပြောပြီး ဝတ်​လာတဲ့ကုတ်​ကိုချွတ်​ပြီး ချစ်​လုံး​လေး ကို ခြုံ​ပေးလိုက်​တယ်​

စခန်းမှူးမှာလည်း စဝ်​သူ့ဆီလာ​နေတာကြည့်ပြီး ခပ်​တိုးတိုး​ရေရွတ်​လိုက်​မိတယ်​

​တော်​​သေးတာ​ပေါ့ ရဲစခန်း​ရောက်​​နေတာ သတိရ​သေးလို့

"ကျွန်​​တော်​ သူတို့ကို ပြန်​​ခေါ်သွားချင်​တယ်​"

"ဟိုဖက်​က က​လေး​တွေဖက်​က ​ကျေ​အေးမ​ပေးနိုင်​ဘူးတဲ့ သူတို့က​ဆေးရုံပါတက်​လိုက်​ရတာဆို​တော့"

"အဲ​တော့"

"ဟိုဖက်​ကမ​ကျေ​အေး​ပေးရင်​ ​ခေါ်သွားလို့မရပါဘူး အဲ​တော့"

စခန်းမှူးမှာ စကား​တောင်​ဆုံး​အောင်​မ​ပြောလိုက်​ရဘူး သူ့ကို နည်းနညး်​​လေး​တောင်​ဂရုမစိုက်​ပဲ ပြန်​ထွက်​သွားတဲ့လူကိုသာ ​ငေးကြည့်​နေမိတယ်​

"​ဝေယံ မိသားစု​ရှေ့​နေ ဦးလပြည့်ကို ဖုန်းဆက်​လိုက်​ ခုချက်​ခြင်းရဲစခန်းလာခဲ့လို"

"ဟုတ်​ကဲ့ သခင်​​လေး"

​ဝေယံကို​ပြောပြီးတာနဲ့ စဝ်​ ချစ်​လုံး​လေးဆီသာ ပြန်​သွားလိုက်​တယ်​

"မင်းမင်း ကား​ပေါ််​မှာ မုန့်ထုတ်​​တွေပါတယ်​ သွားယူလာခဲ့ ချစ်​လုံး​လေး ဘာမှမစားထားဘူးမလား ​"

"အင်း ဝိုင်​​လေးနည်းနည်းပဲ​သောက်​ရ​သေးတာ"

မင်းမင်းယူလာ​ပေးတဲ့မုန့်ထုပ်​ထဲကတဝက်​ကို ရတီနဲ့ဇာနည်​ကို​ပေးလိုက်​ပြီး

"​ရော့ မုန်​​လေးစားထားလိုက်​ ပါးစပ်​​ရော ဟလိုရရဲ့လား ကိုယ့်က​လေး​လေးကိုကွာ"

ကိုကြီးက ဆုလာဒ်​ ဒဏ်​ရာ​တွေကိုကြည့်ပြီး မျက်​နှာမ​ကောင်းတာ​ကြောင်​ ဆုလာဒ်​ကိုယ့်ဘာသာ အပြစ်​တင်​မိတယ်​ တကယ်​ဆို ဟိုဖက်​က​ကောင်​​တွေကို ဝင်​မထိုးပဲ ပုလင်းနဲ့ရိုက်​ပြီးတာနဲ့​ပြေးရမှာ

"ဘယ်​လိုဖြစ်​တာလဲ ညီတို့"

"ပထမ​တော့ ကျွန်​​တော်​တို့ clubထဲ​ရောက်​​တော့ ပုံမှန်​ပဲအစ်​ကို ခန​နေ​တော့ ဝိုင်​​လေးနည်းနည်း​သောက်​ပြီး သွားကပြီးပြန်​လာ​တော့ ကျွန်​​တော်​တို့​ဘေးဝိုင်းမှာ လူခုနှစ်​​ယောက်​​လောက်​အရက်​​သောက်​​နေကြတာ ခန​နေ​တော့ prizeက မ​ပြောမဆိုနဲ့ ဝိုင်​ပုလင်းဆွဲပြီး ​ဘေးဝိုင်းကလူကို ရိုက်​ထည့်လိုက်​တာပဲ"

"ဘာလို့ရိုက်​လိုက်​တာလဲ လူဆိုး​လေးရဲ့"

"သူတို့က ကိုကြီးက gayတဲ့ ​ယောက်​ကျားတ​ယောက်​ကို လက်​ထပ်​ထားတာတဲ့ အဲလိုမှန်းသိရင်​ အဘဲကြီးကို လိုက်​ပါတယ်​ဆိုပြီး​ပြော​နေတာ ပြီး​တော့ ကိုကြီးက body structureက ဘယ်​လိုနဲ့ ကိုကြီးကို သ​ရေလာကျ​နေတာ​လေ"

"အဲဒါနဲ့ပဲမင်းကဝင်​ရိုက်​လိုက်​တယ်​ ဟုတ်​လား. Prizeရယ်​ ဟိုအရိုက်​ခံရတဲ့လူသာ မတားရင်​ မင်း​ဆေးရုံမှာအတွင်းလူနာဖြစ်​​နေပြီ"

"ဘယ်​လို ညီ​လေး"

"အဲအရိုက်​ခံရတဲ့ လူရဲ့သူငယ်​ချင်း​တွေက ကျွန်​​တော်​တို့ သုံး​ယောက်​ကို ဝိုင်းထိုးတာ လူ​ကောင်​အကြီးကြီးဆို​တော့ ကျွန်​​တော်​တို့ ဘယ်​နိုင်​မလဲ ဒါပင်​မယ့် အဲအရိုက်​ခံရတဲ့လူက မလုပ်​နဲ့ဆိုပြီး prizeကို အသဲအသန်​ကာကွယ်​​ပေးလို့ သူအဲ​လောက်​ပဲဖြစ်​တာ"

"အရိုက်​ခံရတဲ့ လူက ဒုတိယအိမ်​​တော်​ရဲ့သစ္စာခံ အိမ်​​တော်​ထိန်းရဲ့ သားမိုးတိမ်​ယံပါ သခင်​​လေး မိုးတိမ်​ယံက သတိလစ်​သွား​တော့ အိမ်​​တော်​ထိန်းက သခင်​​ငယ်​​လေးမှန်းမသိပဲအမှုဖွင့်ထားတာပါ အခု ကျွန်​​တော်​ဆက်​သွယ်​ထားပါတယ်​"

"သခင်​​လေး သခင်​ငယ်​​​လေး"

​ခေါ်သံနဲ့အတူ အနက်​​ရောင်​တိုက်​ပုံဝတ်​ထားတဲ့ လူတ​ယောက်​နဲ့ အသက်​65နှစ်​​လောက်​ရှိတဲ့ လူကြီးတ​ယောက်​ကို​တွေ့လိုက်​ရတယ်​

"​တောင်းပန်​ပါတယ်​ သခင်​​လေး သခင်​ငယ်​​လေးမှန်းမသိလို့ပါ"

"ရတယ်​ ဘ ဘမိုး ချစ်​လုံး​လေး ဒါက ချစ်​လုံးရိုက်​လိုက်​တဲ့ လူရဲ့အ​ဖေ လဝန်းအိမ်​​တော်​က အိမ်​​တော်​ထိန်း​လေ"

"​တောင်းပန်​ပါတယ်​ သခင်​ငယ်​​လေး သားက"

"ရပါတယ်​ ကျွန်​​တော်​လည်း ​တောင်းပန်​ပါတယ်​ ရုတ်​တရက်​​ဒေါသထွက်​သွားလို့ အဲအစ်​ကိုကို ရိုက်​လိုက်​မိတာ"

ဆုလာဒ်​ကိုယ့်ကိုယ်​ကို သာအပြစ်​တင်​မိ​တော့တယ်​ကိုယ့်အိမ်​​တော်​ ကသစ္စာခံ​တွေနဲ့ ရန်​ဖြစ်​ရတယ်​လို့ ဟိုကအဲဒါ​ကြောင့် ဆုလာဒ်​ကိုတစက်​မှ မထိုးတာကို သူ့သူငယ်​ချင်း​တွေထိုးလို့သာ

"ဘ ဘမိုး မိုးတိမ်​ယံ​ရောဘယ်​လို​နေ​သေးလဲ"

"သတိပြန်​လည်​လာပါပြီ သခင်​​လေး"

"ကျွန်​​တော်​ မနက်​ဖြန်​ ​ဆေးရုံကိုလာကြည့်ပါမယ်​"

"အလုပ်​ရှုပ်​​နေပါမယ်​ သခင်​​လေး"

"ရတယ်​ ဘ ဘမိုး ကျွန်​​တော်​တို့ကိုခွင့်ပြုပါအုံး"

ဆုလာဒ်​တို့ရဲစခန်းကပြန်​ထွက်​လာ​တော့ မနက်​2နာရီထိုး​နေပြီ

"ရတီ နင့်အိမ်​က​တော့ နင်​​ယောက်​ကျား​နောက်​လိုက်​သွားပြီထင်​​တော့မှာပဲ"

"ထင်​လည်း ဘာဖြစ်​လဲ ဒီမှာ ဇာနည်​တ​ယောက်​လုံးရှိတာပဲ"

"နင့်ကိုမယူဘူး ငါကမမလဝန်းပဲ ယူ အဲ"

စဝ်​ကိုကြည့်ပြီး ပါးစပ်​ပြန်​ပိတ်​လိုက်​တဲ့ ဇာနည်​ကိုကြည့်ပြီး စဝ်​တို့ဝိုင်းရီလိုက်​ကြတယ်​

"အိမ်​မှာပဲလိုက်​အိပ်​လိုက်​​လေ အစ်​ကိုမနက်​ကျရင်​ အိမ်​​တွေကိုလိုက်​ပို့​ပေးမယ်​"

"ဟုတ်​ကဲ့ ကိုကြီး"

"ဘာကိုကြီးလဲ ကိုကြီးလို့မ​ခေါ်နဲ့ ကိုကြီးက ငါတ​ယောက်​တည်း​ခေါ်ဖို့ သတ်​မှတ်​ထားတာ"

"​အော prizeတို့များ ချွဲပစ်​​နေတာပဲ မြင်​လို့​တောင်​မ​ကောင်းဘူး ကိုကြီး ကိုကြီးနဲ့"

"နင့်မှာ ဘဲမှမရှိတာ ဒါ​တွေနင်​တို့နားမလည်​ပါဘူး

Continue Reading

You'll Also Like

994K 123K 80
FINALLY S2 21.9.2020 »» 29.12.2020
269K 20.2K 38
အိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ ...
185K 20.3K 137
transition novel
248K 26.5K 156
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...