mysterious fate
By Spring70747519
1.8M 141K 3.1K
Zawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန... More
intro
အခန်း(1)
အခန်း(2)
အခန်း(3)
အခန်း(4)
အခန်း(5)
အခန်း(6)
အခန်း(7)
အခန်း(8)
အခန်း(9)
အခန်း(10)
အခန်း(11)
အခန်း(12)
အခန်း(13)
အခန်း(14)
အခန်း(15)
အခန်း(16)
အခန်း(17)
အခန်း(18)
အခန်း(19)
အခန်း(20)
အခန်း(21)
အခန်း(22)
အခန်း(23)
အခန်း(24)
အခန်း(25)
အခန်း(26)
အခန်း(27)
အခန်း(28)
အခန်း(29)
အခန်း(30)
အခန်း(31)
အခန်​:(32)
အခန်း(33)
အခန်း(34)
note
အခန်း(35)
A/N
အခန်း(36)
အခန်း(37)
အခန်း(38)
အခန်း(39)
အခန်း(41)
အခန်း(42)
အခန်း(43)
အခန်း(44)
အခန်း​(45)
အခန်း(46)
အခန်း(47)
အခန်း(48)
အခန်း(49)
အခန်း(50)
အခန်း(51)
အခန်း(52)
အခန်း(53)
အခန်း(54)
အခန်း(55)
အခန်း(56)
အခန်း(57)
အခန်း(58)
အခန်း(59)
အခန်း(60) Final Part
Thank You
Extra-1
Season2
Extra-2
Twisted Love
Extra-3
Mysterious Fate book
Extra end
inner art
inner art 2
inner art3
Book cover
Chibi
book detail
LG
Order
Giveway
အခန်း(40)
22.2K 1.8K 92
By Spring70747519
"ရပ်​လိုက်​"
"ဟုတ်​ကဲ့ပါ သခင်​​လေး"
"​ပေါင်​​ပေ့သွားမယ်​"
"ဟုတ်​ ​ကော​ကော"
"ဘယ်​လို ​ပေါင်​​ပေ့"
After 1 month later
"ညီက​တော့​လေ"
"အင်း အရမ်း​တော်​တယ်​"
Unicode
အနီအနက်​နဲ့ ​ရောထားတဲ့ ခန်းမကျယ်​တခု တခန်းလုံးကို လင်းထိန်​​အောင်​ မီး​တွေထွန်းထားတာ ​နေ့ခင်းအလားပဲ အခန်းထဲမှာ​တော့ လူနှစ်​​ယောက်​ကို ကြိုးနဲ့ အ​ပေါ်မှာ​မြှောက်​ချီထားတာ​ကြောင့် ​လေထဲမှာတန်းလန်းကြီးဖြစ်​​နေတယ်​ အခန်းထဲမှာလည်း အိမ်​​တော်​ကအလုပ်​သမား​တွေ​ခေါ်ထားတာ​ကြောင့် လူအများအပြား ​ရောက်​​နေတယ်​​လေ
"သခင်​​လေး ​တောင်း​တောင်းပန်​ပါတယ်​ ခွင့်လွှတ်​​ပေးပါ"
"ဦးစိုင်း သူတို့ကို ပါးစပ်​ပိတ်​ခိုင်းထားလိုက်​ အသံတအားဆူတယ်​ ပြီး​တော့ ကျန်​တဲ့လူ​တွေ အကုန်​ကြည့်ထား ငါ့ရဲ့ကြင်​ယာဖက်​ကို မ​လေးမစားလုပ်​ရင်​ ဒီနှစ်​​ယောက်​လိုပဲ အပြစ်​​ပေးခံရမယ်​"
"ဟုတ်​ ဟုတ်​ကဲ့ပါသခင်​​လေး"
ပုံမှန်​မြင်​​နေကြ နူးညံ့တဲ့ မျက်​ဝန်း​တွေ ခပ်​ပြုံးပြုံး နှုတ်​ခမ်း​တွေနဲ့ သခင်​​လေးက စူးရှ​တောက်​ပပြီး နှုတ်​ခမ်းက ခပ်​တင်းတင်းဖြစ်​​နေကတည်းက ဘယ်​​လောက်​​တောင်​စိတ်​ဆိုး​နေလဲ သိသာလွန်းတယ်​
"​ဝေယံနဲ့ မင်းမင်း စရိုက်​​တော့ ငါရပ်​လို့ မ​ပြောမချင်း ဆက်​ရိုက်​"
ကြာပွတ်​သံ တ​ဖြောင်း​ဖြောင်းနဲ့အတူ ပါးစပ်​ပိတ်​ထားတာ​ကြောင့် ​အော်​ဟစ်​သံ​တွေအစား တဝူးဝူး တဝါးဝါး ​အော်​ဟစ်​သံများသာ ခန်းမထဲ ပျံ့နှံ​နေ​တော့တယ်​
"ကိုကို မဟုတ်​ဘူး သခင်​​လေး ​တောင်းပန်​ပါတယ်​ ကျွန်​မ အပြစ်​ပါ ခွင့်လွှတ်​​ပေးပါ"
မမ​လေးစန္ဒာက သခင်​​လေးကို ဒူး​ထောက်​ပြီး အတင်းကို​တောင်​ပန်​​နေတာကို ​ဒေါ်နန်းစိတ်​မ​ကောင်းစွာ ကြည့်​နေမိတယ်​ တကယ်​ဆို မမ​လေးစန္ဒာက သခင်​​လေးရဲ့ကြင်​ယာ​​လောင်း ဆိုပြီး ငယ်​ငယ်​​လေးကတည်းက မျိုးနွယ်​စုက သတ်​မှတ်​ပြီး ​စောင့်​ရှောက်​လာကြတာ သခင်​​လေးက သိပ်​ဂရုမစိုက်​ပင်​မယ့် မမ​လေးက​တော့ သခင်​​လေးကို သ​ဘောကျ​နေပုံရတယ်​ ငယ်​ငယ်​​လေးကတည်းက မျိုးနွယ်​စု သခင်​မဖြစ်​ဖို့ သူ့ကိုယ်​သူ perfectဖြစ်​​အောင်​​နေတယ်​​လေ အဲဒါ​ကြောင့်လည်း စင်​ကာပူမှာ​ကျောင်းသွားတက်​ဖြစ်​တာ​ပေါ့ ခုရိုက်​ခံ​နေရတဲ့ နှင်းနှင်းနဲ့​ကျော်​ဇင်​ကလည်း မမ​လေးနဲ့အတူတူကြီးလာ​တော့ မမ​လေးကအရမ်းမျက်​နှာသာ​ပေးပြီး ချစ်​ခင်​တာ
တ​တောက်​​တောက်​နဲ့ ကျ​နေတဲ့​သွေး​တွေများလာတဲ့​နောက်​မှာ နှင်းနှင်း​ရော ​ကျော်​ဇင်​​ရော သတိလစ်​သွားပင်​မယ့် သခင်​​လေးအမိန့်မရတာ​ကြောင့် ကြာပွတ်​သံ​တွေက​တော့ ဆက်​ပြီးထွက်​​ပေါ်​နေတယ်​
ဆုလာဒ်​မြင်​လိုက်​ရတဲ့မြင်​ကွင်း​ကြောင့် အလန့်တကြားတားလိုက်​မိတယ်​
"ဟာ ​ကော​ကော ​တော်​ပါ​တော့ ​သေသွားလိမ့်မယ်​"
"ကို​ဝေယံနဲ့ ကိုမင်းမင်းလည်း ရပ်​​တော့​လေ"
"ရပ်​လိုက်​"
"ဒီ​နေ့ မြင်​ခဲ့တဲ့ အရာအားလုံးကို ​ခေါင်းထဲမှာ​သေချာစွဲ​အောင်​ ကြည့်ထား ​နောက်​အခါ သခင်​​တွေကို မ​လေးမစားလုပ်​ရင်​ အဲ့ထက်​ဆိုးတဲ့ အဖြစ်​​တွေကို မြင်​ရမယ်​"
"ဟုတ်​ကဲ့ပါ သခင်​​လေး"
"ဒီ​နေ့ကစပြီး တလတိတိ တတိယအိမ်​​တော်​ရဲ့ ဝင်​​ငွေအားလုံးပိတ်​ပင်​တယ်​ စန္ဒာနဲ့ ဒီနှစ်​​ယောက်​ကို တသက်​တာလုံး အိမ်​​တော်​ထဲ​ ​ခြေ ချခွင့် ပိတ်​ပင်​တယ်​"
အစ်​ကို့ရဲ့တည်​တင်း​နေတဲ့ မျက်​နှာ​ကြောင့် ဆုလာဒ်​နည်းနည်း​တော့လန့်သွားမိတယ်​ အစ်​ကိုက အမြဲတမ်းပြုံး​နေတဲ့လူဆို​တော့ အစ်​ကို အဲလိုစိတ်​တိုပြီး ​သွေး​အေး​အေးနဲ့ ရိုက်​နှက်​တာကို ထိုင်​ကြည့်​နေနိုင်​မယ်​လို့ ဆုလာဒ်​တခါမှမထင်​ခဲ့ဘူး တကယ်​ဆိုမနှုတ်​ဆက်​တာ​လောက်​က ​သွေးထွက်​​အောင်​ရိုက်​နှက်​ ရ​လောက်​​အောင်​ အပြစ်​မကြီးဘူးလို့ ဆုလာဒ်​ထင်​တာပဲ
"​ပေါင်​​ပေ့သွားမယ်​"
"ဟုတ်​ ​ကော​ကော"
ညိုလုံး​လေး​ နည်းနည်းလန့်သွားမယ်​ဆိုတာ စဝ်​သ​ဘော​ပေါက်​လိုက်​တယ်​ ပုံမှန်​အားဖြင့် နှုတ်​မဆက်​တာက အပြစ်​အဲ​လောက်​မကြီးပင်​မယ့် တတိယအိမ်​​တော်​ဖြစ်​​နေတာ​ကြောင့် စဝ်​ သတိထားကိုင်​တွယ်​မိတာ စန္ဒာကို ကြင်​ယာ​လောင်းဆိုပြီး သတ်​မှတ်​ဖို့ တတိယအိမ်​​တော်​ကရည်​ရွယ်​ထားခဲ့တာ သတ်​မှတ်​အရည်​အချင်းလည်းရှိပြီး ​သွေးအမျိုးအစားလည်းတူ​တော့ စပ်​သာ ညိုလုံး​လေးကို မရခဲ့ရင်​ အသက်​25နှစ်​ပြည့်တာနဲ့ ထိန်းမြားရ​တော့မှာ
တတိယအိမ်​​တော်​က မျိုးနွယ်​စုအာဏာကိုရဖို့ ကြိုးစား​နေတဲ့အပြင်​ စန္ဒာဆိုတာကလည်း အရမ်းကို​မောက်​မာတဲ့ မိန်းက​လေးမျိုးမလို့ စဝ်​က အရင်​ကတည်းကသ​ဘောမကျတာ ခုလည်း ညိုလုံး​လေးကို သတ်​သတ်​ အ​ရေးမစိုက်​သလိုလုပ်​တာ ခုချိန်​ စဝ်​သာ အပြစ်​မ​ပေးလိုက်​ရင်​ ​နောက်​ကျရင်​ ဒီထက်​ ဆိုးဝါးတာ​တွေကိုလုပ်​​တော့မှာ
"လန့်သွားတာလား ​ပေါင်​​ပေ့"
စဝ်​ဆွဲ​ခေါ်လာတဲ့တ​လျှောက်​ စပ်​မျက်​နှာကို ​ငေးရင်းပါလာတာ​ကြောင့်
"နည်းနည်းပါ ​ပေါင်​​ပေ့က ​ကော​ကော စိတ်​မဆိုးတတ်​ဘူးထင်​​နေတာ ခုလို စိတ်​ဆိုးတာ မြင်​ရ​တော့ အံ့သြသွားတာ"
"ကိုယ်​က လူပဲ​ပေါင်​​ပေ့ရဲ့ စိတ်​​တော့ဆိုးတတ်​တာ​ပေါ့"
"ဒါပင်​မယ့် ​ကော​ကောက စိတ်​ဆိုး​နေလည်း ​ချောတာပဲ​နော်​"
"ဘယ်​လို ​ပေါင်​​ပေ့"
"​ကော​ကော ကစိတ်​ဆိုး​နေလည်းရုပ်​မဆိုးသွား​တော့ ​ပေါင်​​ပေ့တို့အတွက်​ဂုဏ်​ယူစရာပဲ​နော်​ ​ယောက်​ကျား​ချော​ချော ရထားတယ်​ဆိုပြီး"
"ဟားဟား ​ပေါင်​​ပေ့ရယ်​ အရမ်းချစ်​စရာ​ကောင်း​အောင်​မ​နေနဲ့ ကိုယ်​အသဲယား​နေပြီ"
"သူ့ဘာသာ ချစ်​ဖို့​ကောင်း​နေတာ​တော့ မတတ်​နိုင်​ဘူး​လေ ​ကော​ကောရဲ့"
"ဟုတ်​ပါပြီ ချစ်​စရာ​လေး​ရေ စာသွားကြည့်ရ​အောင်​ "
စဝ်​ စိတ်​ကို ကြည်​လင်​​စေချင်​လို့ ညိုလုံး​လေးက ရီစရာ​တွေ ​ပြော​နေမှန်းသိပင်​မယ့် စဝ်​တကယ်​ စိတ်​ကြည်​လင်​သွားတယ်​ ညိုလုံး​လေးက စဝ်​ရဲ့ စိတ်​ကြည်​​ဆေး​လေး
After 1 month later
"​ဟေး.စာ​မေးပွဲပြီးပြီ ​ဟေ့"
စဝ်​ လာကြိုတာနဲ့  ကား​ပေါ်​ပြေးတက်​ပြီး ​အော်​ဟစ်​​နေတဲ့ ညိုလုံး​လေး​ကြောင့် စဝ်​ပြုံးလိုက်​မိတယ်​
"​တော်​​တော်​ ​ပျော်​​နေတယ်​​ပေါ့ ညီ"
"​ပျော်​တာ​ပေါ့ စာ​မေးပွဲ ဆိုတာ ​ကျောင်းသား​တွေအတွက်​အိမ်​မက်​ဆိုးပဲ"
"ညီက​တော့​လေ"
"ဒါနဲ့ အစ်​ကို ​ခန့်မှန်း​ပေးတဲ့ ​မေးခွန်း​တွေအကုန်​ပါတယ်​သိလား အစ်​ကိုဘယ်​လိုခန့်မှန်းလိုက်​တာလဲ"
"ဒီလိုပါပဲ ကိုယ်​​တော်​တယ်​မလား"
"အင်း အရမ်း​တော်​တယ်​"
"ဒါနဲ့ ​ကိုယ်​တို့​လောင်းထားတာ မှတ်​မိ​သေးလား"
စဝ်​ကား​မောင်းရင်း ညိုလုံး​လေးကို ​ပြောလိုက်​​တော့ ညိုလုံး​လေးက ရီပြီး
"မှတ်​မိတာ​ပေါ့ အစ်​ကိုက ဘာလိုချင်​တာလဲ"
Continue Reading
You'll Also Like
955K 67.6K 128
Title~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင...
373K 25.5K 48
"ခြေချရာမှာ စွန်းထင်းသွားနိုင်တဲ့ လှည့်ပြန်ခွင့်မရှိ​တော့မယ့် ရပ်ဝန်း...." "ဟင့်အင်း...ငါဆင်းသက်မယ့် ငါ့ရဲ့နိဗ္ဗာန်" U&Z StartDate(16,Dec,2021) ...
44.4K 5.6K 16
126K 7.3K 46
အရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက...