GL Fiction ( OC ) By ( Pone )
တီခ်ယ္က ဆည်းလည်းလေး
အပိုင်း ၁၉
"တီချယ် သမီး နမ်းချင်တယ် ခွင့်ပြုပေးမလား"
ယဉ်ကျေးပြီး စည်းရှိသည့် ယုယကို သူမ ခ်စ္တာ ဒါတွေကြောင့်လည်း ပါသည်။ ခေါင်းအသာ ငြိမ့်ပြတော့ သူမ အပေါ်ကို အုပ်မိုးလာတဲ့ ယုယ။ အရမ်းကိုပင်ပန်းနေတဲ့ ကလေးငယ်ကို ချော့ချင်တာကြောင့် သူပြုသမျှနုလိုက်တော့သည်။
နူတ်ခမ်းတို့ကို နက်နက်ရိူင်းရိူင်း နမ်းရိူက်လာလိုက်သည်။ အေတြးထဲမွာ နမ်းရိူက်နေရတာက မြဝတ်ရည်မေ ဆိုတဲ့ ဒီမိန်းမ။ ကျောပေါ်ကို ကုပ္တြယ္လာတဲ့ လက်ချောင်းများကို ဆြဲယူကာ နူတ်ခမ်းအစုံနဲ့ နမ်းရိူက်လိုက်သည်။ တုန်ရီနေတဲ့ တီချယ့်နူတ်ခမ်းတွေကို ခနတာ ထပ်ကြည့်မိသည်။ မျက်လုံးတွေက ကတောင်ကရမ်းဖြစ်နေသည့်ပုံပင်။ ဒီသန္တာရောင် နူတ်ခမ်းတစ်စုံကို နမ်းရိူက်ရတာ ရေငတ်မပြေတဲ့ သူလိုမျိူး။
နားထဲမွာ ထူးအိမ်သင်ရဲ့ မင်းမရှိတဲ့နောက် သီချင်းသံက ဆူညံလာတယ်။ ထိုသီချင်းထဲမှ ထူးအိမ်သင်ရဲ့အသံသည် မင်းမရှိရင်အသက်မရှင်ချင်ဖူး စာသားကို တမ်းတမ်းတတကို သီဆိုနေသလို။ ယုယလည်း တီချယ် မရှိရင် အသက်မရှင်ချင်ဖူး။ စီးကျနေတဲ့ မျက်ရည်တွေကိုတော့ တီချယ် ခံစားမိလိမ့်မည်။ ဒါ့အပြင် တီချယ်လည်း ထိုနည်းတူစွာ မျက်ရည်များ စီးကျနေသည်။ အရမ်းကိုပင်ပန်းနေတာမို့ ယုယ ဘာမှမတွေးတော့ပါ။ ဖြူဖြူဥဥ ကိုယ်လုံးလေးက မထိရက္စရာပါ။ တကယ်ကို မထိရက္စရာ။ ဘာလို့ အဲ့လောက်တောင် မထိရက်မကိုင်ရက် လွရတာပါလဲ။ ဘယ်ဘုရားရှင်က ဖန်တီးထားလို့ ခုလိုဖြစ်တည်မူမျိုး ဖြစ်နေရပါသလဲ။ ဖြူဖွေးဖွေး ရင်ဘတ်တွေဆီ မျက်နှာအပ်တော့ နားထဲမွာ ဂီတသံကို ကြားလိုက်ရသလိုပဲ။ ဒါမဲ့ ဂီတသံ ဟုတ်မနေဖူး။ တီချယ့် ခပ်တိုးတိုးအသံ။ ကယောင်ကတမ်းဖြင့် ယုယ ကျောကို ဖက္တြယ္လာတဲ့ လက်တွေ လက်သည်းရှည်ရှည်လေးတွေက မသိမသာ ကျောပြင်မှာ စူးကနဲ့။
ရင်ဖက်ဆီက မှဲ့အနက်လေးကို နူတ်ခမ်းများဖြင့် ဆြဲကာ ရိူက်မိသည်။ တီခ်ယ္က မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ ဒီမိန်းမက တကယ်ကို ပြိုလဲချင်စရာ။ ခပ်တင်းတင်းမျက်လုံးတွေဆီ နူတ်ခမ်းများကို အပ်မိတော့ ယုယ ဆံပင်တိုများကို အတင်းဆွဲလာတဲ့ တီချယ်။ စိတ်ရှည်လက်ရှည်နဲ့ပင် တစ်ကိုယ်လုံးက အလှတရားများကို နမ်းမိသည်။ အရမ်းကို နားထောင်ကောင်းတဲ့ သံစဉ်တွေကိုလည်း အဆက်မပြတ် ကြားနေရသည်။ အသံမ်ား ကျယ်လာရင် ယုယ ပခုံးဖွေးဖွေးတွေကို တီခ်ယ္က သွားစွယ်စွယ်များဖြင့် ခဲပါသည်။ စိတ်တွေလျော့လိုက်ပုံရတဲ့ တီချယ့်ကို ယုယ ငေးကာကြည့်ရင်း ပြုံးမိသည်။ ဒီညလေးကိုတော့ ယုယ ပိုင်ခဲ့ပါသေးသည်။
~~
"တီချယ် သိလား ယုယက တီချယ်ကို ချစ်တယ်ဆိုတာ "
ခြံထဲမှာ ထိုင်ကာ တီချယ်နဲ့ ယုယ တစ်ယောက်ကိုတစ်ယောက် ထွေးပွေ့ထားမိကြသည်။
"သိတာပေါ့ကွယ် "
ရင်ခွင်ထဲက တီခ်ယ္က ခပ်ဖွဖွပြုံးသည်။ ဒီညက်မှ ကောင်းကင်မှာ ကြယ်တွေ စုံနေသလိုပင်။ ထူးဆန်းစွာနဲ့ပဲ သူကော တီချယ်ကော အချစ်စခန်းဖွင့်ပြီးတော့ ခုလို ခြံထဲမှာ လာထိုင်နေကြသည်လေ။ ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းသည်။ ကောင်းကင်ပေါ်က လရောင်နဲ့တင် တီချယ့်အလှက ပိုထင်းလွန်းသည်။
"ယုယက ချစ်စရာလေးနော် ဘယ်လိုပြောရမလဲ ယုယက သူများတွေလို လှတာမျိူးမဟုပဲ ဒီတိုင်းချစ်စရာလေး နူတ်ခမ်းရဲရဲလေးနဲ့ ပါးပြင်အိအိကလေး နှာတံကျတော့လည်း လုံးလုံးလေး နဖူးကလည်းအရမ်းမကျယ်ပဲ လှတယ်နော် အထူးသဖြင့် ယုယကေလ မျက်လုံးလေးတွေ သိပ်လှတာပဲ။ မ်က္စံက နက်နက်လေးနဲ့ လူတစ်ယောက်ကို ကြည့်ရင်များ မျက်လုံးလေး ကလယ်ကလယ်နဲ့ ချစ်စရာလေးကွယ်"
ဒီညေတာ့ သူမ မျက်နှာပေါ်က အစိတ်အပိုင်းတွေကို ကိုင်ကြည့်ပြီး ဝေဖန်နေတဲ့ အမျိူးသမီးကို ဒီတိုင်းသာ ကြည့်နေလိုက်သည်။ အေးချမ်းလွန်းတဲ့ တီချယ့်မျက်နှာက အပြစ်ပြောစရာမရှိ။ ဇင်ယော်တောင် မျက်ခုံးများကို တီခ်ယ္က ပိုင်ဆိုင်ထားသေးသည်။ မျက်တောင်ကော့ကော့လေးတွေက ကြောက်စရာ။ အဲ့မျက်လုံးတွေကများ မျက်စောင်းတစ်ချက် ထိုးလိုက်ရင် ဒီလူသေနိုင်တယ်။
"လကြီးက သာလိုက်တာ ကြယ်တွေကလည်း လင်းနေတာပဲ "
ရင်ခွင်ထဲမှာ ကြောင်တစ်ကောင်လို ဝပ်နေတဲ့ တီခ်ယ္က ကောင်းကင်ကြီးကိုလည်း ဝေဖန်လိုက်သေးသည်။ ခြုံထားတဲ့ ပဝါကို ပိုလုံအောင် ယုယ ခြုံပေးလိုက်ရင်း တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမိသည်။ မထူးဆန်းနေဖူးလား လူတွေ အိပ်နေတဲ့အချိန်မှာ သူတို့က မကြောက်မရွံနဲ့ ခြံထဲမှာ နေနေတယ်ဆိုတာ။
"လေတွေအေးတယ် အနားကိုပိုတိုးထား "
"အောင်မယ် ရှင် အသားယူချင်နေတာ မဟုတ္ဖူးလား"
ယုယ အပြောကို မျက်စောင်းခဲကာ ပြောလာတဲ့ တီချယ်။ ဒီအမျိုးသမီးက ခုလိုမှ ချစ်စရာပိုကောင်းနေသလိုပင်။
"တီချယ်ကို မြတ်နိုးလိုက်ရတာ "
"သမီးရဲ့ ချစ်စကားတွေက မကုန်နိုင်တော့ဖူးထင်တယ်နော်"
ယုယ ပြောတာကို ခစ်ကနဲ့ရယ်ကာ ပြောလာတဲ့ တီချယ့် ခေါင်းကို ခပိဖြဖြ နမ်းရိူက်မိသည်။
"ကုန်မှာ မဟုတ္ဖူး လောကမှာရှိတဲ့ ငှက်တွေ ပျံနေတဲ့ အချိန်ထိ ပင်လယ်သမုဒ္ဒရာတွေ မခမ်းသေးတဲ့အထိ ပြောနေဦးမှာပဲ ယုယက တီချယ့်ကို သိပ်ချစ်တာကိုး"
ထိုသို့ ဆိုပြန်တော့လည်း ထိုမိန်းမက ရှက်တက်သေးသည်။ တကယ္ခက္တယ္မလား။ ရှေ့သို့ဝဲကျနေတဲ့ ဆံစအနည်းငယ်ကို တီခ်ယ္က နား နောက်သို့သပ်တင်သည်။
"တီချယ် ဟိုးမှာ မြင်နေရတဲ့ ကြယ်လေးကိုတွေ့လား"
ယုယ လက်ညိုးထိုးပြရာကို တီခ်ယ္က မော့ကြည်သည်။ နောက်ပြီး ရင်ခွင်ထဲကနေ ခေါင်းအသာ ငြိမ့်ပြသည်။
"သမီးလေ တီချယ့်ကို လွမ်းတိုင်း အဲ့ကြယ်ကိုကြည့်နေမယ်နော် နောက်ပြီး ဟိုး..ကဖိုးလမင်းကြီးကိုလည်း ငေးနေမယ်"
ယုယရဲ့ စကားအဆုံး လေထုသည် တိတ်ဆိတ်သွားသည်။ ရင်ထဲမှာ မကောင်းလှပါ။ ဝမ်းနည်းစိတ်တို့သည် ရက်စက်ခြင်းနဲ့အတူ ရောယှက်နေသည်။
"ယုယ ကေလး တီခ်ယ္ကေလ သမီးကို အဲ့ကြယ်လေးလို တောက်ပစေချင်တာ ဒါကိုသိရဲ့လား "
မမြင်ရပေမဲ့ တီချယ်နားလည်မှာပါလေ။ ယုယ ခေါင်းငြိမ့်ပြသည်ကို။
"တီချယ် ယုယကိုချစ်သလား"
ရုတ်တရက်ထမေးလိုက်တဲ့ ယုယကြောင့် မြဝတ်ရည်မေလည်း ယုယ ရင်ခွင်ထဲကနေ ထွက်လိုက်သည်။ ယုယ မျက်နှာကို မြင်ချင်သည်။
"တီချယ် ယုယကို ခ်စ္လား မချစ်ဖူးလားဆိုတာကို ယုယ ကျောင်းတက်ပြီး ပြန်လာရင် အဖြေပေးမယ် "
မျက်နှာချင်းဆိုင် ယုယကို ကြည့်လာတဲ့ တီချယ့်ကို ယုယ မျက်ရည်များ ဝဲကာ ကြည့်မိသည်။
"ဒါ့ဖြင့် တီချယ် အိမ်ထောင်ပြုမှာဆို"
မြရဲ့ ကေလးက ဒါကို စိုးရိမ်သတဲ့လား။ မရယ်မိအောင် ကိုယ့်ကိုကိုယ် ထိန်းချူပ်လိုက်မိပါသည်။ ဟန်ပိုကာမူလျက် ပြီတီတီ မျက်နှာထားလုပ်မိသည်။
"အမလေးတော် ကျူပ်သာ အိမ်ထောင်ပြုရင် စောနက ကိစ္စက ဖြစ်သွားမလား"
အားကြီးနဲ့ ပြောလာတဲ့ တီချယ့်အသံကြောင့် ယုယ ရှက်သွေးဖြာရပြန်သည်။
"သမီးကို ယုံကြည်လို့ တီချယ် သမီးနဲ့အတူနေခဲ့တာလေကွယ်"
ဒီလိုပြောတော့လည်း ထိုကလေးမက နားရွက်တွေရဲနေပြန်သည်လေ။
"သမီး သိပါတယ် "
"ဒါဖြင့် သွားအိပ်ကြမယ် အချိန်လည်းကြည့်ဦး"
ယုယ လက်ထဲက အနက်ရောင်နာရီလေးကို ငုံကြည့်မိတော့ တစ္နာရီ ထိုးခါနီးလေပြီ။ တီချယ့် ပါးကို ခပ္ဖြဖြ နမ်းကာ အိမ်အပေါ်သို့ ခေါ်လာမိသည်။
အခန်းထဲမှာ အိပ်ပျော်နေတဲ့ တီချယ့်ကို ထားခဲ့ကာ ယုယ တစ်ယောက်တည်း ဧည့်ခန်းကို ထွက်လာမိသည်။ ကတ်ဆက်တင်ထားတဲ့ ဗီဒို အမြင့်လေး ဆီသို့ ခြေလှမ်းများကို ဦးတည်ရသည်။ ဘာရယ်မဟုတ် သီချင်းနားထောင်လာချင်မိရုံပင်။ ကတ်ဆက်ထဲမှာ အခွေရှိနေတာကြောင့် ခလုတ်ကိုသာ ဖွင့်ပြီး ထိုင်ခုံ အရှည်ပေါ်မှာ ကျောပေးကာ လှဲမိသည်။ သံစဉ်တွေကို နားထောင်ချင်သည်လေ။
ထွက်ပေါ်လာတဲ့ တီးလုံးသံနဲ့တင် ဘာသီချင်းလဲ ယုယ သိလိုက်ရသည်။
" ပျော်ချင်တိုင်းလည်း မေပ်ာ္ရပါ..ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ..မသိသေးတဲ့ ဒီလောကရဲ့အထာ..အချစ်ဆိုတာ လျိူဝှက်ချက်တစ်ခုပါ.."
ထိုသီချင်းကို တီခ်ယ္က နားထောင်သတဲ့လား။ ဒါ့ကြောင့်လည်း ကတ်ဆက်ထဲမှာ ရှိနေတာလေ။ သီချင်းသံကို စိတ်ထဲမှာ မွတ္ကာ ခပ်တိုးတိုးလေး ဆိုမိသည်။
"နေသာခိုက်မှာ မြင်လို့လေ... တွေ့တဲ့အခါတိုင်းလည်း မိုးမအုံ့ပါဘူး မပြောသာ..ခန့်မှန်းလို့ မရကောင်းတဲ့ အခြင်းအရာ..အချစ်ဆိုတာ လျိူ့ဝှက်ချက်တစ်ခုပါ။..အပြုံးနဲ့ ယှဉ်တွဲ နွဲ့ခဲ့ဘူးတာလည်း အခါခါ..နောက်ဆုံးတော့ အပိုသာ ကျန်မြဲပါ..ကိုယ့်အတွက် မှာတော့ အချစ်စစ်ဆိုတာဟာလေ..ထာဝစဉ် ပေးဆပ်ရခြင်းပါ..''
မ်က္လုံးမ်ား မှိတ်ထားသော်လည်း က်လာတဲ့ မျက်ရည်များကို ယုယ သုတ်မိသည်။ စိတ်မပျော်လို့ သီချင်းနားထောင်မိကာမှ သူ့အဖြစ်က ဒီသီချင်းနဲ့ တူနေရတယ်လို့။ ဒါမဲ့လည်း ယုယ အဆုံးထိနားထောင်ပါဦးမည်။
"ယုံကြည်လွန်းတဲ့ ဒီအချစ်မှာ ဘဝတစ်ခုကို ရင်းနှီး မီးနဲ့ရေနဲ့ကစားလာ..အနိုင်အရူံးတော့ ကိုယ်လည်းမသိသေးပါ..အချစ်ဆိုတာ လျိူ့ဝှက်ချက်တစ်ခုပါ...''
"ယုယ ကေလး"
တီချယ့်အသံကြောင့် ယုယ အလန့်တကြား မျက်လုံးများကို ဖွင့်ကြည့်မိသည်။ ဆံနွယ်ရှည်များကို ချလျက် မြန်မာပါတိတ် ခပ်နွမ်းနွမ်းကလေးနဲ့ တီခ်ယ္က ယုယကို ပြုံးကြည့်နေသည်။
"ဘယ်လို ရောက်လာတာလဲ အိပ်ရာနိုးတာလား"
ယုယ မေးတော့မှ ခေါင်းသာငြိမ့်ပြသည်။ သူမ မျက်လုံးတွေသည် ဘယ်လောက်အိပ်ချင်နေမှန်း ယုယ သိလေသည်။
"ကဲ လာပါ သွားအိပ်ကြမယ်"
ပခုံးကို ဖက္ကာ ယုယ ခေါ်တော့လည်း လိုက်ပါလာတာပါပဲ။ ကတ္ဆက္ဆီက စိုင်းထီးဆိုင်သီချင်းသည် ပြီးနေလေပြီ။ ကတ်ဆက် ခလုတ်ကို ပိတ္ကာ တီချယ့်ကို သိပ်ရပေဦးမည်။ ဘာကြောင့်များ တီခ်ယ္က အဲ့လောက် ကလေးဆန်နေရတာလဲဆိုတာ ယုယ သိချင်မိပါသေးသည်။
~. .
ဒီနေ့သည် တက္ကသိုလ်အောင်စာရင်းထွက်သည့်နေပင်။ ကျောင်းဝန်းထဲမှာတော့ ကျောင်းသားတွေပြုံနေတော့မှာ ယုယ သိပါသည်။ ခင်ခင်ကော ကျော်ခေါင်ကော လင်းအောင်ပါ ရှိနေလိမ့်မည်။ ယုယကေတာ့ ဒီနေ့ကို ကြိုတင်ကြောက်ရွံခဲ့ပါသည်။ အခန်းထဲမှာ ဇင်းကန်လျောက်နေတဲ့ ယုယကို ဘယ်သူ့မှ မြင်မည်မဟုတ်ပေ။
"ဆည်းလည်းလေးများပွတ်တိုက်ရိုက်သံလို ခေါင်းလောင်းလေးများထိုးနှက်လိုက်သံလို "
စားပွဲပေါ်မှ ထမြည်လာသည့် ဖုန်းအား ယုယ အလျင်အမြန်ကိုင်ရသည်။
"ဟယ်လို လင်းအောင်"
"ယုယ နင်အောင်တယ် အောင်တာမှ ဂုဏ်ထူးကြီးနဲ့ကိုအောင်ချလာတာ အမှတ်တွေကလည်း လန်ထွက်နေတာပဲ"
တစ္ဖက္က လင်းအောင်ရဲ့ အသံသည် အမောတကြီး ယုယအား ဝမ်းသာအားရ ပြောနေသည်။ ဝမ်းနည်းစိတ်တို့သည် မထိန်းချူပ်နိုင်ခဲ့ပါ။ သို့ပေမဲ့ ယုယ မငိုချတော့ပါ။ သူမ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းပဲ ဆုံးအောင်လျောက်ရမည်။
"ဟုလား နင်တို့ကော အောင်ကြလား"
အသံများမတုန်အောင် ထိန်းကာပြောမိပါသည်။
"အောင်တယ်ဟ ခင်ခင်လည်းအမှတ်များတယ် နင်ကအများဆုံးပဲ "
လင်းအောင်အား ကျေးဇူးတင်စကား ပြော၍ လက်ထဲကဖုန်းကို ကတုန်ကယင်ဖြင့် စားပွဲပေါ်တင်ရသည်။ သူမ အမှတ်တွေများတယ်တဲ့။ ဒါကဖြစ်သင့်ပါတယ်။ ယုယ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ မိမိကိုယ်သာ အသိဆုံးပါ။ သိုသော်ငြား ဒီကောင်မလေး ယုယက ပျော်မနေခဲ့ပါဖူး။
Episode 20 မျှော်ရန် 💞🍂
10.1.2022 🦋🌳