GL Fiction ( OC ) By ( Pone )
အပိုင်း ၁၈
တီခ်ယ္က ဆည်းလည်းလေး
"သမီးက ဝတ်လွှာချိူမဟုတ်လား"
ဖေဖေ့ရဲ့ တအ့ံတျသအသံက နားထဲမွာ ဆူည့ံလာတယ်။ ဘေးနားက အမျိူးသမီးကလည်း လိုတာထက် ပိုပြုံးနေသည်လေ။
"မှတ်မိတာကို ကျေးဇူးတင်ပါတယ်။ သမီးကဝတ်လွှာချိူပါ။ နောက်ပြီး ယုယလေးကို အရမ်းချစ်တဲ့ ဆရာမလေးပေါ့။"
ဖေဖေနဲ့သူမကို သေချာကြည့်၍ အန်တီဝတ်လွှာ ကထိုသို့ပြောပါသည်။
"တင်ရေ ဒီမွာဘယ္သူလဲ လာကြည့်လှည့်ဦး"
အိမ်ထဲက မေမေ့ကိုပါ အော်ခေါ်နေသည့် ဖေဖေ့အသံက ဟိန်းထွက်နေသယောင်ပင်။ ဖေဖေ့ အသံကြောင့်နေမှာ မေမေကော မမေကာ ထွက်လာကြလေသည်။ ဒီပုံစံနဲ့ဆို စကားစ ရှည်မှာသိတာကြောင့် ယုယ အန္တီ ဝတ်လွှာဖက်သို့ မျက်နှာလှည့်ကာ ကြည့်မိသည်။
"အန္တီ အိမ်ထဲသွားရအောင်လေ ဖေဖေတို့လည်းအထဲရောက်မှ အလွမ်းသယ်ကြတော့"
ခပ်ဆက်ဆက်ပြောကာ အိမ်ပေါ်သို့တက်သွားသည့် ယုယကို အနောက်မှကျန်ခဲ့တဲ့ ဖေဖေတို့က သေချာကြည့်လေသည်။
"သမီးလာနော် ယုယ ဒီကလေးကတော့လေ ဧည့်သည်ကို "
မေမေ့ရဲ့ ဝမ်းသာအာရနဲ့ အိမ်ပေါ်ခေါ်နေမူကို ယုယ ကြားပါသေးသည်။ ဧည့်ခန်းမှာ ဝင်ထိုင်ကာ ထိုလူကြီးတွေကိုစောင့်နေလိုက်သည်။
"ယုယကနော် ခုထိ အရင်အတိုင်းပဲ တကယ့်ဂျစ်တူးလေး"
ယုယ ဘေးကခုံအလွတ်ကို ဝင်ထိုင်ကာ ပြောလာတဲ့ ဝတ်လွှာဆိုတဲ့ အမျိူးသမီးကြောင့် ကျောများကို မတ်လိုက်သည်။
"အန်တီတို့က သမီးကိုမတွေ့တော့လို့ ဘယ်များရောက်သွားလဲထင်နေတာ ခုလိုတွေ့ရတော့ တကယ်ဝမ်းသာပြီးအ့ံသြရတယ်။"
"ဟုတ်တယ် အန်တီတင်ရဲ့ သမီး ရုတ်တရက်ကြီးအိမ်ပြောင်းသွားတာလေ နူတ်တောင်မဆက်ခဲ့ရဖူး။ အဲ့တုန်းကတော့ ယုယလေးကို လာနူတ်ဆက်မလို့လေ ဒါမဲ့ အလောတကြီးဖြစ်သွားတယ်ရယ်။ ကျောင်းတက်လာတဲ့ ယုယကိုတော့ ဖက်ပြီးနူတ်ဆက်ခဲ့ပါသေးတယ်။ အဲ့နေ့ပဲ ယုယနဲ့နောက်ဆုံးတွေ့ရတာပဲ"
ထိုမိန်းမရဲ့ စကားများကိုတော့ မေမေတို့က ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေကြသည်။ မမကို ကြည့်တော့ သူ့ရဲ့ မျက်မှန်ကိုသာ အပေါ်ပင့်ကာတင်နေသည်။
"ခုကော ယုယနဲ့ ဘယ်လိုပြန်တွေ့ကြတာလဲ"
ဖေဖေ့ရဲ့ အမေးကို ထိုအမျိူးသမီးက ခပ်တိုးတိုး သက်ပြင်းချသည်။ အနီးဆုံးမွာ နေတဲ့ ယုယကေတာ့ ထိုသက်ပြင်းချသံကို တိုးတိတ်စွာ ကြားရပါသေးသည်။
"ယုယကို ခုစာသင်နေတဲ့ မြဝတ်ရည်မေက သမီးရဲ့သူငယ်ချင်းလေ။ ယုယ ဟိုတစ်ခါ အိမ်ကို မြနဲ့လိုက်လာတုန်းက သိသွားကြတာ "
"ကဲကြာ ဘာနေနေ ဦးတို့နဲ့ညစာ စားပြီးမှပြန် ဟုတ်ပြီလား"
ဖေဖေ့ရဲ့ အသံအဆုံး ထိုမိန်းမက လက္ကာ ပြသည်။
"မဟုတ္တာ သမီးပြန်တော့မှာပါ။ ခုလည်း ယုယကေလး ကို လိုက်ပို့တာလေ "
"အဲ့လိုတော့ မလုပ်ပါနဲ့ ဒီမွာ ညစာတော့ စားသွားနော် မေမေက ဟင်းကို ရှယ်ချက်ထားတယ်လေ ''
မမကပါ ထိုသို့ ဝင်ပြောပါသည်။ ယုယ ထိုမိန်းမရဲ့ ယုယ ကလေးလို့ခေါ်သံကြောင့် တီချယ့်ကို သတိရမိပါသေးသည်။
"သမီးက ယုယုနွယ်မဟုတ်လား အမေလး အရွယ်တောင် မနည်းရောက်လာပြီ ''
မျက်နှာကြီး ပြုံးဖြီးကာ ပြောနေသည့် အန်တီဝတ်လွှာကြောင့် ယုယလည်း လိုက်ပြုံးမိပါသည်။ မမကေတာ့ ခေါင်းသာငြိမ့်ပြသည်။
"အဲ့ဒါဆို သမီး ရေချိူးဦးမယ်နော် မေမေတို့ စကားပြောချင်ပြောထားနှင့်လေ "
ထိုသို့ ပြော၍ ထ ထွက်သွားတော့မည့် သူမ လက်များကို အန်တီဝတ်လွှာက ခပ်တင်းတင်းညစ်ထားသည်။
"ယုယနဲ့ လိုက်ချင်လိုက်သွားလေ သမီးတို့က ညစာပြင်ရဦးမှာမို့လေ။ ယုယ ညီမလေးဆရာမကို အခန်းထဲခေါ်ပြီး စကားပြောချည်"
အညစ္ခံထားရတဲ့ လက်တို့ကို မမကတွေ့တာကြောင့် ထိုသို့ဆိုပါသည်။ ယုယ ခေါင်းသာ အသာငြိမ့်ပြီး အန်တီဝတ်လွှာကို ပြုံးပြမိသည်။
"လာ အန္တီ သမီးနဲ့လိုက်ခဲ့ချေ။"
ခပ်အေးအေးလေး ခေါင်းငြိမ့်ပြသည့် အန်တီဝတ်လွှာကို ယုယ ပြုံးသာပြသည်။ မေမေတို့ကို အန်တီဝတ်လွှာက နူတ်ဆက်ကာ ယုယ ခေါ်ဆောင်ရာကို လိုက်ခဲ့ပါသည်။
"သမီး အခန်းလေးကချစ်စရာလေးပဲနော်"
ဒီလောက်ရှင်းနေတဲ့ အခန်းကို ချစ်စရာလေးဟု ပြောသည့် ထိုအမျိူးသမီး စကားကြောင့် ယုယ မရယ်မိအောင် ထိန်းထားရသည်။ ဒါကိုပင် ဒီအမျိူးသမီးက ကုတင်ပေါ်တွင်တက်ထိုင်ကာ ဟိုကြည့် ဒီကြည့် လုပ်နေတုန်း။
"အန္တီ သမီး ရေသွားချိူးဦးမယ်နော် နေလို့ဖြစ်ရဲ့လား"
အမှန်တကယ် စိတ်ရင်းနဲ့ မေးလာသည့် ယုယစကားကို ဝတ်လွှာ ပြုံးမိသည်။ ခပ်ရှည်ရှည် အနည်းငယ်သာ ရှည်ကျနေတဲ့ နှားရွက်နှစ်ဖက်အောက်က ဆံစလေးတွေကို လွန်စွာသဘောကျတာကြောင့် ယုယကို မိမိအနားဆီသို့ လက်ယပ်ခေါ်မိသည်။ မတုံမနှေး ဝတ်လွှာ အနားရောက်လာတဲ့ ယုယ။
"ဒီဆံပင်လေးကလေ ဘာလို့ထားလိုက်တာလဲ ညှပ်ရင်လည်း အကုန်ညှပ်လိုက်တာမဟုဖူး"
ယုယ ဆံပင် တို့ကို ခပ်ဖွဖွကိုင်ကာ ပြောလာတဲ့ ထိုအမျိူးသမီးကို ယုယ ကြည့်ကာ ပြုံးမိသည်။ မိမိနဲ့ နီးနေသည့် သူမ အနားကေန ခြေလှမ်းနှစ်လှမ်း နောက်သို့ လှမ်းကာ သူမကို သေချာကြည့်မိသည်။
"ဒီဆံပင်ကို တစ်ယောက်သောသူက ချစ်တာမို့ မညှပ်ပဲထားလိုက်တာ နောက်ပြီး ယုယလည်း သဘောကျလို့ သဘောကျတယ်ဆိုတာထက် ယုယ အရမ်းချစ်ရတဲ့သူက ဒီဆံစအနည်းငယ်ကို တယုတယ က်ိုင်ပြီး ကျစ်ပေးတက်လို့ ပိုသဘောကျတာ။ နောက်ပြီး အဲ့အမျိူးသမီးစိတ်မရှည်တာတို့ အသဲယားတဲ့အခါမျိူးတွေဆို ဒီဆံပင်ကို ဆွဲလို့ရအောင် ထားလိုက်တာပဲ"
စကားအရှည်ကြီးပြောကာ သေချာစွာရှင်းပြသည့် ယုယကို ဝတ်လွှာ ငေးမောမိပါသည်။ ဒီကေလးက ချစ်ရတဲ့သူရှိနေပြီတဲ့လား။
"အန္တီ သမီးရေသွားချိူးပြီနော်"
ကျောခိုင်းကာ လှည့်ထွက်သွားတဲ့ ယုယကို ဝတ်လွှာ အတွေးတွေနဲ့သာ ငေးရပါသည်။
"သမီး စားနော် အားမနာနဲ့ ယုယ ထည့်ပေးလိုက်လေ"
မေမေက ဧည့်ဝတ်ပျူငှါစွာ ဟင်းများကို အန်တီဝတ်လွှာ ပန်းကန်ထဲသို့ ထည့်ပေးသည်။ ယုယကိုလည်း ထည့်ခိုင်းသေးပြန်သည်။ ယုယ ထိုအမျိူးသမီး ပန်းကန်ကို ကြည့်လိုက်တော့ ထမင်းကနည်းနည်း ဟင်းများသာ ပေါ်နေလေသည်။ ကြက်သားဟင်း ဆီပြန်ကို ဖေဖေက ခပ်ထည့်ပေးပြီး မုန့်လာဥ ချည်ဟင်းများကို မေမေက ခပ်ထည့်ပေးထားသေးသည်။ ဒါ့အပြင် မမကလည်း ငါးဟင်းဆီပြန်ကိုပါ ထည့်ပေးထားလေသည်။
"ဟယ် တီချယ် အိမ်ထဲဝင်လေ"
မမရဲ့အသံအဆုံး ယုယ ခေါင်းများ ခနတာကြီးသွားသလိုပင်။ အိမ်ရှေ့မျက်နှာသာကို ကျောခိုင်းထားတဲ့ယုယ။ ဒါ့အပြင် သူမ နည်းတူ သူမေဘးမွ အိမ်ရှေ့မျက်နှာကို ကျောခိုင်းထိုင်ထားတဲ့ ထိုအမျိူးသမီး။
"ယုယကို သတိတရရှိလာလို့လေ ခုတော့ ထမင်းစားနေတာဆိုတော့ မြ ပြန်ဦးမယ်"
ချာကနဲပင် လှည့်ထွက်တော့မယ့် တီချယ်ကို တားရန် ယုယ ထမင်းစားဝိုင်းမှ အလျင်အမြန်ထရပါသည်။ အိမ်အောက်စင့်သို အျမန္သြားကာ တီချယ့်ကို တားရသည်။ ပါးစပ်ထဲက ထမင်းလုတ်ကိုလည်း အမြန်မြိုချရသည်။ သူမ အျဖစ္က ငိုရမည်လား။ ရယ်ရမည်လား မသိတော့ပါ။
"ခနလေးနေပါဦးလား "
တီချယ့် လက်တွေကို ဆြဲကာ တားတော့ တီခ်ယ္က ယုယကို သေချာစွာ ကြည့်သည်။ ဘာစကားမှမဆိုပဲ အိမ်အပေါ်သို့ တက်သွားလေသည်။ ကြောင်အစွာဖြင့် တီချယ့် အေနာက္ကေန လု်ိက်ရပါသည်။ ဒီအမျိူးသမီးကိုက ထူးဆန်းတာပါဆို။
"ထမင်းဝင်စားသွား သမီး"
ဖေဖေက တီချယ့်ကို ထမင်းစားရန်ပြောသော်လည်း တီခ်ယ္ကေတာ့ သူ့ဘေးနားမှာ မတ်တပ်ရပ်နေတဲ့ ယုယကို တစ်ချက်ကြည့်သည်။ နောက်ပြီး အန်တီဝတ်လွှာကို ကြည့်သည်။
"မြ စားလာခဲ့ပါတယ် တော်ပြီ ဧည့်သည်ကိုသာ ဧည့်ခံလိုက်နော်"
အန်တီဝတ်လွှာ က ယုယနဲ့ တီချယ်ကို ကြည့်သည်။ စားထားတဲ့ ထမင်းတွေ အပေါ်ကို ပြန်တက်နေသလား။ အစာမကြေနေသလားမသိပါ။
"ဝတ်လွှာ ဖြည်းဖြည်းစားနော် ဒါနဲ့ဖေဖေတော့ ဒီည ထမင်းတစ်ယောက်တည်း စားနေရတော့မယ် ထင်တယ် "
ခစ်ကနဲ့ တစ်ချက်ရယ်ကာ တီခ်ယ္က ထိုသို့ဆိုပါသည်။ အန်တီဝတ်လွှာကို ကြည့်တော့ ထမင်းများဆက်မစားတော့တာကို သတိထားမိသည်။ ဖေဖေနဲ့မေမေကတော့ တီချယ့်ကို တစ်လှည့် အန်တီဝတ်လွှာကို တစ်လှည့်ကြည့်ပါသည်။ မမကေတာ့ ဝပြီဟုဆိုကာ အခန်းထဲဝင်သွားချေပြီ။
"တစ်ရက်တလေပဲ ရပါတယ် ဒါဖြင့် ဦးမောင်နဲ့ အန်တီတင် သမီးပြန်ဦးမယ်နော် ညစာကျွေးလို့ကျေးဇူးတင်ပါတယ် "
"ပြောစရာ လူတွေမှ မဟုတ်ပဲ နောက်လည်းလာလည်ပေါ့ "
အန်တီဝတ်လွှာက ပြုံးပြုံးလေးသာ ပြော၍ သူ့ရဲ့ လက်ကိုင်အိတ် အနက်ရောင်နဲ့ ကားသော့ကို ယူကာ ယုယ အနားလာရပ်သည်။
"ယုယ ကေလး အန်တီ့ကို အိမ်ရှေ့တော့ လိုက်ပို့မယ်မလား"
ယုယ တီချယ့်ကို တစ်ချက်ကြည့်တော့ ခေါင်းငြိမ့်ပြသည်။ သေဘာက လိုက်ပို့လိုက်ဆိုသည့်ပုံစံ။ မျက်နှာထားကတော့ တင်းမာနေလေသည်။ ဘာကိစ္စမဆို တီချယ့်ကို အမြဲအသိပေးပြီးမှ လုပ္တတ္တာက ယုယရဲ့အကျင့်ပင်။
"သမီး ယုယ အန္တီ သမီးကိုပြောစရာရှိတယ်ကွယ် "
ယုယတစ်ယောက် မြကို ကြည့်သည့် အကြည့်တွေကို ဝတ်လွှာ သိပါသည်။ မြကို ယုယ ချစ်နေတယ်။ နောက်ပြီး ကြောက်လည်းကြောက်ရသည့်ပုံပင်။
"ပြောလေ အန်တီရဲ့ သမီး နားထောင်နေတယ်လေ "
"သမီး သေချာနားထောင်နော် သမီးကို အန္တီက ငယ်ငယ်ထဲက ချစ်ရတာ နောက်ပြီး ခုထိလည်း သမီးကို အန္တီ သိပ္ခ်စ္တာ ဒါကိုနားလည်ပေးနော်။ မြဝတ်ရည်မေကို အရမ်းအယုံမလွယ်နဲ့ကလေး။ သူက ကြောက်ဖို့ကောင်းတယ်။ အန္တီ ပြောတာတွေကို သမီးနားလည်ဖို့ မျှော်လင့်ပါတယ် "
သူမရှေ့မှာ ရှိနေတဲ့ အန်တီဝတ်လွှာရဲ့ စကားမ်ားက ယုယ နားထဲမွာ အလုံးရင်းလိုက်ဝင်လာသည်။
"အန္တီ သွားပြီနော် ကေလး "
ယုယ ပါးကို ခပ်ဖွဖွလေးနမ်းကာ ထြက္သြားတဲ့ အမျိူးသမီးကို လိုက်ငေးကြည့်မိသည်။ ဒီလို ဇာတ်ရူပ်များထဲ ယုယက မသိလိုက်ပါပဲ ဝင်နေမိပြီလား။
"နဂိုထဲက ကြောက်စရာမှန်းသိပါတယ်။ သမီးကိုယ်တိုင်က အဲ့ကြောက်စရာကောင်းတဲ့ တီချယ့်ဘဝထဲကို အလုအယက်ကို ဝင်လာခဲ့တာ နာကျင်ရမယ်ဆိုရင်တောင် တီချယ်ပေးတဲ့ နာကျင်မူမို့ ယုယ ကျေကျေနပ်နပ်ကို ယူပါမည်။ သမီးမွ ဒီချစ်ခြင်းတွေကို မလွန်ဆန်နိုင်တာ"
အိမ်ပေါ်သို့ မတက်မှီ မြင်နေရတဲ့ တီချယ့်မျက်နှာကို ကြည့်ကာ ယုယ ခပ်တိုးတိုး ရေရွတ်မိသည်။ တီခ်ယ္ကေတာ့ ယုယကို ငေးနေသည်။ ယုယလည်း တီချယ့်ကို ပြုံးကြည့်နေမိသည်။
"တီချယ် "
". .."
ယုယ ခေါ်သည်ကို တီချယ် မထူးပေ။ မေမေတို့တော့ မရှိတော့ပေ။ ကြည့်ရတာ အိမ်နောက်ဖေးမှာ ပန်းကန်တွေဆေးနေတာနေမှာ။
"သမီး ပြန်လိုက်ပို့မယ်"
ဒီလိုအခြေနေကြီးက အိမ်ထဲမှာ စကားပြောဖို့ မသင့်တော်မှန်း ယုယ သိတာကြောင့် ခုလို ပြောရခြင်းပင်။
"သွားကြတာပေါ့ တီချယ့်အိမ်ကို တခါတည်းလိုက်ခဲ့ ဦးမောင်တို့ကို ပြောပြီးပြီ "
ဘာလို့များ မချစ်နိုင်ပဲ ခုလိုတွေ လာလုပ်ပြနေရတာလဲ။ ယုယ ရူးသွားတာမြင်ချင်နေတာလားဟုသာ စိတ်ထဲမှာ ပြောနေမိသည်။ တီချယ့်ကို ပိုပိုကြောက်လာမိသည်မှာ အမှန်ပင်။ အထူးသဖြင့် တီချယ့်အပြုအမူတွေကို ယုယ ကြောက်မိသည်။ ဒါကိုတော့ ယုယ မလိမ်ချင်ပါ။
တီချယ့်အိမ် ရောက်ရောက်ခြင်း ယုယ ဘာစကားမှမပြောပဲ အိပ်ခန်းထဲကိုသာ တန်းဝင်မိပါသည်။ ဒါကို တီခ်ယ္က လိုက်လာတာကို ယုယ သိပါသည်။ တီချယ့်ကို ကြည့်ရတာ အန်တီဝတ်လွှာက ဘာလို့ သူနဲ့အတူတူရှိနေလဲဆိုတာကို သိချင်နေသည့်ပုံပင်။ တီချယ့် လက်တွေကို ဆြဲကာ ယုယနဲ့ အတူတူ ကုတင်ပေါ်မှာ လှဲမိသည်။ တီခ်ယ္က ဗိုက်ပေါ်လက်များတင်ကာ အဖြူရောင်ခြယ်ထားသည့် အမိုးနံရံကိုသာ ငေးကြည့်နေသည်။ ယုယလည်း ထိုနည်းတူစွာ။ အသားချင်းထိနေရတာနဲ့တင် ယုယ ကြောက်မိသည်။
"တီခ်ယ္သိလား သမီးလေ လူ့လောကကြီးထဲမှာ တစ်ခါတလေကျရင် မနေချင်ခဲ့ဖူး အရမ်းကိုပင်ပန်းလာတဲ့ အခါကျရင် သမီးရဲ့စိတ်ထွက်ပေါက်က ဒါပဲလို့တွေးနေခဲ့မိတယ်။ ရူးကြောင်ကြောင်နိုင်ပေမဲ့ ထာဝရအတွက် အေးငြိမ်းရာက ဒါပဲရှိနေတာလေ။"
ယုယက နံရံကိုကြည့်ကာ တစ်ချက်ရယ်ရင်း ထိုစကားကို ဆိုသည်။ မြသည် ရင်ထဲမှာ တင်းကြပ်လာမိသည်။ သူတကယ် ဒီကလေးကို နှိပ်စက်နေတာလေ။ ကိုယ်တိုင်သိသည်။ သိသိရက်နဲ့ကို လုပ်နေခြင်းသာ။
"သမီး နောက်ခါကျရင် အဲ့လို အေးငြိမ်းမူကို မရှာပဲ တီချယ့်ဆီ အပြေးလာခဲ့ပေးပါလား သမီးရဲ့ အေးငြိမ်းရာက တီချယ် ဖြစ်ချင်တယ်"
ယုယ ငုတ်တုတ် ထထိုင်ကာ တီချယ့်ကို ကြည့်မိသည်။ တီချယ့် မျက်ဝန်းထဲမှာ မျက်ရည်တွေပြည့်နေသည်။
"တီချယ် သမီး နမ်းချင်တယ် ခွင့်ပြုပေးမလား"
Episode 19 မျှော်ရန် 💞🍂
7.1.2022 🦋🌳