GL Fiction ( OC ) By ( Pone )
တီချယ်က ဆည်းလည်းလေး
အပိုင်း ၁၅
"လာ ယုယ အိမ်ထဲသွားရအောင်လေ "
အံ့သြနေတဲ့ ယုယ တစ်ယောက် တီချယ် ခေါ်ရာနောက်ကိုသာ ငေးမောလျက် လိုက်ပါသွားရပြန်သည်။
"ထိုင်နော် တီချယ် ယူစရာရှိနေလို့ "
တီချယ်က ထိုသို့ပြော၍ ခြေလှမ်းကျဲများဖြင့် သူ့အနားက ထွက်သွားလေသည်။ ယုယသည်ပင် ဧည့်ခမ်းထဲမှာ ထိုင်နေရင်း အပြင်အဆင်တွေကို လိုက်ကြည့်နေပြန်သည်။ လိုက်ကာကြီးများက ခမ်းနားစွာ ခေါက်တင်ထားတဲ့ အောက်တွင်တော့ ကြည်လင်နေတဲ့ မှန်ချပ် အပြားလိုက်ကြီးများကို ယောင်အအ ငေးရပြန်သည်။ စားပွဲပေါ်ကို တစ်ချက်ကြည့်လိုက်တော့ အင်မတန် အင်မတန်မှ လှသည့် စားပွဲနဲ့အတူ ပန်းအိုး အသေးလေးကိုလည်း တွေ့ရပြန်သည်။ လက်ယပ်မခေါ်ပဲ သိမ်ငယ်စိတ်တို့က အလုအယက် ခိုအောင်းလာကြလေသည်။ ကိုယ်ချစ်တဲ့သူက ဤမျှလောက် ချမ်းသာလိမ့်မည်ဟု မသိခဲ့ပါ။
"သမီး ဒါသောက်လိုက်နော် "
ကမ်းပေးလာတဲ့ ကော်ဖီအေးဗူးလေးအား ယုယ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပါသည်။
"ဒီမှာ နေလို့ရတယ်မလား အို ကြာပါတယ် လာ တီချယ့်အခန်းထဲလိုက်ခဲ့တော့ တီချယ် စိတ်မချဖူးကွယ်"
ယုယ လက်တို့ကို ဆွဲကာ ထူရင်း ပြောလာသည့် တီချယ်။
"သမီး ပြန်ရောက်နေတာလား ဖေဖေလည်း မသိရပါလား"
အပေါ်ထပ်ဆီမှ ဆင်းလာတဲ့ အသက်အားဖြင့် ၅၀ကျော် ၆၀နားရှိသည့် ခပ်ဝဝနဲ့ လူတစ်ယောက်။ တီချယ်နဲ့တော့ သိပ်မဆင်ပေ။ သိုပေမဲ့ မျက်လုံးများသည် တူနေလေသည်။ တီချယ့် ဖခင်ပဲ ဖြစ်ရမည်။
"ဟုတ်တယ် ယူစရာလေး ရှိနေလို့ ပြီးရင် ပြန်မှာ"
ခပ်ပြတ်ပြတ် ပြောလာတဲ့ တီချယ့် အသံကြောင့် ယုယ သိလိုက်ပါသည်။ ဒီမိသားစုသည် မနွေးထွေးတက်။
"ဟား ဟား ဖေဖေ့ သမီးကတော့လေ ဒီအိမ်က သမီးအိမ်ပဲ စိတ်ကြိုက်နေလို့ရတယ် ဒါနဲ့ ဒီကလေးမက"
ယုယ လက်တွေကို တီချယ်က တွဲထားမြဲပင်။ ဒါကိုပင် ထိုလူက တွဲထားတဲ့ လက်တွေကို ကြည့်ကာမေးလာလေသည်။
"သမီး တပည့်လေးပါ ဖေဖေ့ မိန်းမကော"
"အော် ချိုလား အပြင်သွားတယ်"
"အင်း ဒါ့ဖြင့် တက်ပြီ"
ယုယ လက်တွေကို ဆုပ်ကိုင်ကာ အပေါ်သို့တက်လာတဲ့ တီချယ့်ကို အနောက်ကနေ ငေးနေရပြန်သည်။ ဒီမိန်းမက ဘာလဲ။
"တီချယ် တီချယ်"
"ပြောကွယ်"
ဗီဒိုထဲကို ခေါင်းဝင်လုမတက် ဘာကိုရှာနေမှန်း မသိတဲ့ တီချယ်။
"တွေ့ပြီ"
ဗူးတစ်ဗူးကို လက်ထဲက ကိုင်ကာ ယုယ အနားလျှောက်လာတဲ့ တီချယ်က လှသည်။ သိုတည်းမဟုတ် ကျက်သရေ ရှိသည်။ တီချယ့်ရဲ့ အခန်းထဲရှိ ကုတင်ပေါ်တွင် ယုယ ထိုင်နေခြင်းပင်။
"ဒီမှာ ပြစရာရှိတယ်"
ဗူးအနီလေးအား ယုယ ဘေးတွင် တင်ကာ ဖွင့်တော့မယ့် တီချယ့်ကို ယုယ ငေးကြည့်နေလိုက်သည်။
"သမီးအတွက်လေ နောက်ပြီး တီချယ့်ကို အဲ့လောက်မကြည့်နဲ့ကွယ် "
တီချယ်ပြောမှ အသိဝင်လာတဲ့ ယုယက ရှက်ရမ်းသာ ရမ်းမိပါသည်။
"မကြည့်ပါဖူး ဒီအတိုင်း ဘာလုပ်နေလဲ ကြည့်နေတာကို"
တီချယ့်ရယ်သံက အခန်းထဲသို့ ဖိတ်စင်ကျကုန်သည်။
"လှလား သမီးကိုလက်ဆောင်ပေးမလို့ဆိုပြီး တီချယ် ဝယ်ထားတာလေ ''
ကျောက်အဖြူလေးတစ်လုံး မြုပ်ထားသည့် ရွှေရောင်လက်စွပ်လေးတစ်ကွင်းပင်။ တဖြတ်ဖြတ်လတ်နေတဲ့ ကျောက်က ကျောက်မှဟုတ်ရဲ့လား။
"အဲ့လိုပစ္စည်းတွေ သမီး မယူတာ တီချယ် သိရဲ့နဲ့"
"သိပါရဲ့ တီချယ်က လက်ဆောင်ပေးတာပါကွယ် တနည်းပြောရရင် ဒါကဆုချတာ"
တီချယ့် စကားအဆုံး ယုယ အာမေဋိတ်သံ ပြုမိသည်။
"ဘာကို ဆုချတာလဲ သမီးဖြင့် နားမလည်တော့ဘူး ''
တီချယ်နဲ့ ဘေးချင်းကပ်ထိုင်နေတဲ့ ယုယပင် အငွေ့ပျံချင်မိလာသည်။
"စာကြိုးစားလို့လေ သမီး နိုင်ငံခြား သွားရတဲ့ခါကျရင် ဟိုကိုရောက်ရင် တီချယ့်ကို မမေ့အောင်လို့လေ။ ဒီလက်စွပ်လေး ဝတ်ထားတိုင်း တီချယ့်ကို သတိရနေအောင်"
တီချယ့် စကားကြောင့် ယုယ သက်ပြင်းသာချမိပါသည်။
"ဒီလက်စွပ်မပေးလည်း တီချယ့်ကို အမြဲသတိရနေမှာပဲကို"
"အင်းပါ ဘာဖြစ်ဖြစ် ယူပါနော်"
ချစ်စရာ ကြောင်လေးလို ဇတ်ကလေးပုနေတဲ့ တီချယ့်ကြောင့် ယုယ ငြင်းရခက်ပါသည်။ ယုယ မယူရင် ငိုတော့မယ့် မျက်နှာလေးနဲ့လေ။
"နေဦး ဒါက ကျောက်ကော ဟုတ်ရဲ့လား တဖြတ်ဖြတ်နဲ့ နောက်ပြီးတော့လေ"
" တီချယ် သိပါတယ် ဦးမောင်တို့ပြောမှာ စိုးလို့မလား မပူနဲ့နော် ဒါကို သမီး ဟိုမှာ ကျောင်းတက်မှ ဝတ်ပါ။ နောက်ပြီး ဒါက စိန်လေ"
ယုယ ထင်တဲ့အတိုင်းပါပဲလေ။ ဒီလောက် တောက်ပြောင်နေတာ ကျောက်မဟုတ်တန်ရာ။
"အင်းပါ လက်မခံချင်ဘူး "
"ဟယ် မရဖူးနော် တီချယ်က ပေးရင် ယူရမှာပဲ "
ဗူးအနီလေးကို တီချယ်က သူ့အိတ်ထဲ ပြန်ထည့်လေသည်။ ယုယ အနားကနေ ထွက်သွားကာ မှန်အပြည့်နဲ့ ကာထားသည့် ပြတင်းပေါက်အနားသို့ သွားရပ်ကာ အပြင်ကိုငေးနေပြန်သည်။ ယုယပင် ဒီအတိုင်း ထိုင်ရပ်သားပင်။
"သမီး တီချယ်ခုလို ပေးလို့ တစ်မျိုး မထင်စေချင်ဖူး ဘာလို့ ပေးလည်း တနေ့ကျရင် နားလည်လာမှာပါ။"
ဒီမိန်းမ အမြဲ လျို့ဝှက်ချက်တွေနဲ့ပင်။
"အင်း နားလည်ပါတယ် မဟုတ်လည်း တီချယ့်ကို သမီး မလွန်ဆန်နိုင်တာ သိရဲ့နဲ့"
ငိုသံအနည်းငယ် စွက်ကာပြောတဲ့ ယုယကြောင့် မြပင် မျက်လုံးများ ကျယ်လာရပါသည်။ ယုယ ကိုလှည့်ကြည့်ကာ မြရဲ့ လက်တွေကို ဆန့်ကာ ကမ်းပေးလိုက်မိသည်။ ဒီကလေး ဝမ်းနည်းလွယ်လွန်းသည်။
"လာခဲ့"
ခပ်မြန်မြန် ရင်ခွင်ထဲ တိုးဝင်လာတဲ့ မြရဲ့ကလေးမလေး။ မြရဲ့ ချစ်ရသူလေး။
"တီချယ်"
"ရှင်.."
ယုယ တစ်ယောက် တီချယ့် ရင်ခွင်ထဲမှ နေ၍ တီချယ့်အား ခေါ်တော့ အသံစွဲစွဲလေးဖြင့် ထူးလာသည့် တီချယ့်ကြောင့် ခစ်ခနဲ့ဖြင့် ရယ်မိပါသည်။
"ဒီကလေး ရယ်တာလား"
လက်မောင်းကို အသာပုတ်၍ ပြောလာတဲ့ တီချယ့်ကြောင့် ယုယ ရင်ခွင်ထဲမှ ထွက်ကာ တီချယ့် ခါးတို့ကို သိမ်းကာဖက်လိုက်မိသည်။ တီချယ် မငြင်းပေ။
"ဒီလိုတွေတောင် အဖက်ခံနေတာ သမီးကို မချစ်ဖူးလို့ ပြောရင် မယုံနိုင်ဖူး တကယ် တီချယ် သမီးကို ကြိတ်ချစ်နေတာမလား ပြောစမ်း ပြောစမ်း။"
တီချယ့် နှာခေါင်းချွန်ချွန်လေးကို လက်ဖြင့် အသာယာဖိလိုက်ကာ ယုယ မေးလိုက်မိသည်။
"မချစ်ဖူး မပြောပါဖူးနော် "
မျက်စောင်းထိုးကာ ပြောလာတဲ့ တီချယ့်ကြောင့် ယုယ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်သာ ငေးရပြန်သည်။ ဒီအမျိုးသမီးက လူကို အမျိုးမျိုးလုပ်နေတာမလား။
"ဒါမဲ့ ချစ်တယ်လို့လည်း တီချယ်မှ မပြောပဲ "
တီချယ် တိတ်သွားပြန်သည်။ ခါးပေါ်က ယုယ လက်တွေကို တီချယ်က အသာတွန်းဖယ်နေပြန်သည်။ ယုယ တစ်ယောက် အတွန်းချမခံပဲ ပိုလိုတင်းကျပ်စွာ ဖက်လိုက်တော့ တီချယ်က ငြိမ်ကျသွားပြန်သည်။ တီချယ့် လည်ပင်းဆီသို့ ယုယ မျက်နှာကို ပွတ်သပ်ကာ အပ်မိသည်။
"ဒီကလေး အရမ်းအသာယူနေတာပဲ ကျွန်မ ကိုယ်လုံးတော့ သမီးကိုယ်ထဲ မြုပ်ဝင်တော့မယ်"
"အင်း မြုပ်ဝင်ပါစေ မြုပ်ဝင်အောင်လုပ်ချင်လို့ ရမလား"
လည်ပင်းဆီမှ မျက်နှာကို ခွာကာ မေးတော့ တီချယ်က တစ်ချက်ပြုံးသည်။ တီချယ့် နူတ်ခမ်းနားသို့ ယုယ တိုးကပ်သွားမိပြန်သည်။ ဒါကို တီချယ်က သူ့ရဲ့ အောက်နူတ်ခမ်းကို သွားဖြင့် ဖိကိုက်ကာ တစ်ခုခုကို အကြီးအကျယ် တွေးတောနေဟန်ရှိသည်။
"ယုယ တီချယ်တို့ ပြန်ရအောင်လေ သမီးကို တီချယ် ချစ်တာ တပည့်တစ်ယောက်လိုဆိုတာထက် တီချယ့်ရဲ့ ကလေးလို ချစ်တာဆို ပိုမှန်မယ် သိတယ်မလား ဒါကို"
အသိစိတ်တွေ လွတ်နေတဲ့ ယုယကို တီချယ်က လေသံတိုးတိုးလေးဖြင့် အသိပေးသလို ပြောလာလေသည်။ ဆစ်ကနဲ့ပင် တီချယ့် အနားကနေ ခွာကာ ယုယ ပြုံးလိုက်မိသည်။
"နားလည်တယ် ပြန်ကြရအောင်လေ ယုယ အိပ်ချင်နေတယ်"
ကောက်ခါငင်ခါ ထပြောလာတဲ့ ယုယ စကားကြောင့် မြ ကြောင်နေမိပြန်သည်။ မြ အတွက် နားလည်ရအခက်ဆုံး ယုယပင်။
"ဟော ပြန်တော့မို့လား သမီး"
ဆိုဖာ ပေါ်တွင်ထိုင်နေတဲ့ ဖေဖေက မြကို ကြည့်ကာ မေးလာပြန်သည်။
"ဟုတ်ကဲ့"
တစ်ခွန်းသာ ပြောပြီး အိမ်ထဲမှ ထွက်လာသည့် မြရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားမိသည်။ သူတကယ် ဒီအိမ်ကြီးမှာ မနေချင်ပါ။
"မပြန်ပါနဲ့ဦးလား တစ်ညတလေ အိပ်ပါဦးလား "
ခြံထဲကနေ လမ်းလျောက်လာတဲ့ အမျိုးသမီးက မြကို ကြည့်ကာ ထိုသို့ ဆိုပြန်သည်။ ထို မိန်းမက တခြားသူမဟုတ် မြရဲ့ သူငယ်ချင်း ဖေဖေရဲ့ မိန်းမ ဝတ်လွှာချို။
"မအိပ်တော့ဖူး ငါပြန်ပြီ"
တုံးတိတိသာ ပြောပြီး ယုယ လက်ကို ဆွဲကာ အိမ်ရှေ့သို့ ထွက်လာမိသည်။ သိုပေမဲ့ ရပ်တန့်နေတဲ့ ယုယ ခြေလှမ်းတွေကြောင့် မြတစ်ယောက် ယုယကို လှည့်ကြည့်မိတော့ ယုယရဲ့ လက်တစ်ဖက်ကို ဆွဲကိုင်ထားတဲ့ ဝတ်လွှာချိုဆိုတဲ မြ မုန်းသည့် ထိုမိန်းမ။
"ဒီကလေး အရွယ်ရောက်လာပြီပဲနော် ဒါနဲ့ ချစ်စရာကောင်းလာလိုက်တာ အန်တီ လွမ်းနေတာ သိလား"
ခြံထဲမှ ဖြစ်ပျက်နေတဲ့ သူတို့သုံးယောက်ကိုတော့ အိမ်ထဲမှာ ရှိနေတဲ့ ဖေဖေကတော့ မြင်မည်မဟုတ်ပေ။ မြပင် ဒေါသများ အတော်ထွက်လာမိသည်။ ခုသူတို့ အနေထားက ယုယက အလယ်မှာ ရပ်နေပြီး ယုယရဲ့ လက် တစ်ဖက်ဆီကို ဒီအမျိုးသမီးနှစ်ယောက်က တစ်ဖက်ဆီ ဆွဲကိုင်ထားခြင်းပင်။ နားမလည်တဲ့ မျက်လုံးများဖြင့် တီချယ့်ကို ကြည့်မိတော့ တီချယ်က ဒေါသတို့ကို ထိန်းချူပ်ထားသူ ပမာပင်။
"အန်တီ လွမ်းနေတာသိလား ယုယအောင် "
သူမ နာမည်ကို သိနေတဲ့ ထိုအမျိုးသမီး အသံကြောင့် တီချယ့်ကို ကြည့်နေတဲ့ မျက်ဝန်းနက်နက်တွေကို ထိုအမျိုးသမီးထံပို့ရပြန်သည်။ မပြောမဆိုနဲ့ ယုယ ရင်ခွင်ထဲ တိုးဝင်လာတဲ့ သူစိမ်း အမျိုးသမီးကြောင့် ယုယ ဘာလုပ်ရမလဲ မသိတော့ပေ။ ဖက်ရမည်လား။ တွန်းထုတ်ရမည်လား မဝေခွဲတက်ပါ။
"ဒီမှာ ဝတ်လွှာ နင့်မှာ အရှက်မရှိဖူးလား နင်မေ့နေလား နင်က ငါ့ ဖေဖေရဲ့ မိန်းမဆိုတာကို"
ခုထိ ယုယ ရင်ခွင်ထဲက ထိုသူစိမ်း အမျိုးသမီးကတော့ ဘာသံမှကို ထွက်မလာပါ။
"လာ သမီး ပြန်မယ်"
ယုယ လက်တွေကို အတင်းဆွဲကာ ခေါ်လာတဲ့ တီချယ့်နောက်ကိုသာ ယုယ လိုက်ပါရပြန်သည်။ ဝတ်လွှာ ဆိုတဲ့ အမျိုးသမီးကို လှည့်ကြည့်မိတော့ ထိုအမျိုးသမီးက ယုယကို လက်များပြကာ နူတ်ဆက်နေလေသည်။ စိုစွက်နေတဲ့ မျက်လုံးတွေနဲ့ပင်။ အတိုင်းဆ မသိ လိုက်ခနဲ ဝမ်းနည်းလာသည့် မိမိ ရင်ဖက်ကို လက်ဖြင့် အသာဖိကာ တီချယ့် ကားထဲ ဝင်ရပါသည်။ ဘယ်သူတွေလဲ၊ ဘာတွေလဲ၊ ယုယ မသိပါ။
ကားမောင်းလာသည့် တစ်လျှောက်လုံး ယုယလည်း ဘာမှမပြောသလို တီချယ်လည်း ဘာမှမပြောခဲ့ပါ။ တီချယ့် အိမ်မှာ ညအိပ်ရမည်ဖြစ်တာကြောင့် တီချယ့် ကားလေးသည် ခြံထဲမှာ တုံခနဲရပ်သွားသည်။ ယုယ ဘာမှမပြောပဲ အိမ်ထဲကိုသာ ခပ်လေးလေးခြေလှမ်းများဖြင့် ဝင်လာမိသည်။ တွေးစရာတွေ များနေသည်လေ။
"ယုယ ကလေး "
ယုယရဲ့ အနောက်နားဆီမှ ထွက်လာတဲ့ အသံတိုးတိုးလေးကြောင့် တွေးနေတဲ့အတွေးတွေ လွှင့်စင်ကုန်သည်။
"ဟု တီချယ် "
ခုံအကျယ်ကြီးဆီ ဝင်ထိုင်လိုက်ရင်း ယုယ တီချယ့်မျက်နှာကို မော့ကြည့်ကာ ပြောမိသည်။
"ယုယ တစ်ခုခုပြောချင်နေတာလား"
မြ အမေးကို ယုယက ခေါင်းငြိမ့်ပြလေသည်။
"တီချယ် စောနက ယုယ လက်တွေကို ဆွဲထားတဲ့ အန်တီ ကလေ သူ့ကို ယုယ သနားနေမိတယ် သူ့ကို ယုယ သိခဲ့တယ်ထင်တယ်။ ဒါမဲ့ ဘယ်နေရာမှာ သိခဲ့လဲမသိဖူးဖြစ်နေတယ် နောက်ပြီးတော့လေ ယုယ ရင်ထဲမှာ နက်နက်ရိုင်းရိုင်းကို လွမ်းဆွတ်နေမိတယ်"
ငိုသံသဲ့သဲ့လေးနဲ့ပြောလာတဲ့ ယုယကြောင့် မြလည်း ယုယ ဘေးမှာဝင်ထိုင်လိုက်ကာ ယုယကို ထွေးပွေ့ထားမိပါသည်။
"သမီး မမှတ်မိဖူးလား အဲ့အန်တီက သမီးငယ်ငယ်တုန်းက သမီးကို ထိန်းပေးပြီး ချစ်ပေးခဲ့တဲ့ အန်တီလေ သမီးအရင်က ကျောင်းတက်တုန်းကဆို အဲ့တုန်းက သမီးက လေးတန်းပဲရှိဦးမှာ မမှတ်မိဖူးလားကွယ်"
ခပ်တိုးတိုးလေးသာ ပြောလာတဲ့ တီချယ့်အသံက လွန်စွာ နားထောင်လို့ကောင်းပါသည်။ သိုပေမဲ့ ယုယက ဘာလို့များ အတိတ်နဲ့ပတ်သပ်ရင် လွယ်လွယ်မေ့နိုင်ရတာလဲ။
"ယုယ ကလေး အရင်က အကြောင်းတွေကို မမှတ်မိဖူးဆိုတာက ကလေးတွေက သူတို့ ဦးနှောက်ထဲမှာ မှတ်ချင်တာကို မှတ်ပြီး မေ့ချင်တာဆို ချက်ချင်းကို မေ့ပစ်လိုက်ကြတယ် သမီးလည်းအဲ့လိုနေမှာပါ။ နောက်ကျ တဖြည်းဖြည်းမှတ်မိလာမှာပေါ့။ "
ရင်ခွင်ထဲက ယုယက ခေါင်းကို ဆစ်ကနဲငြိမ့်ပြသည်။ တိုးလျလျအသံလေးနဲ့ ထပ်ပြောလာပြန်သည်။
"ယုယ အရမ်းကို အိပ်ချင်နေတယ် တီချယ် သိပ်ပေးပါလား "
"ဒါပေါ့ လာ တီချယ်နဲ့အတူတူ အိပ်ကြမယ်"
ယုယ လက်တွေကို ဆွဲကိုင်ကာ ထလိုက်ရင်း မြကော ယုယ ကော အခန်းထဲသို့ ဝင်သွားလိုက်သည်။ ယုယကတော့ ကလေးပမာ မြရဲ့ ရင်ခွင်ထဲမှာ ငြိမ်ကာ အိပ်ပျော်နေလေပြီ။ မြသည်ပင် လွန်ခဲ့တဲ့အတိတ်တွေဆီ အလည်ရောက်မှန်းမသိ ရောက်နေခဲ့ပါသည်။
...~~
"ဟဲ့ မြ ငါနင့်ကို ငါ့ကလေးလေးနဲ့ မိတ်ဆက်ပေးမယ်"
ကျောင်းဝတ်စုံနဲ့ ဆရာမလေးလည်းဖြစ် မြရဲ့ သူငယ်ချင်းလည်းဖြစ်သည့် ဝတ်လွှာချိုဆိုတဲ့ ကျောင်းဆရာမလေး။
"အေးပါ ပြောပါဦး နင်အဲ့ကလေးကို ချစ်လို့လား"
"ဟုတယ် ငါ့အဲ့ကလေးကို အပိုင်လိုချင်တာ စကားသိပ်တက်တာပါဟယ် ငါ့နှလုံးသားကြီးကို ဖဲ့ခြွေနေသလိုပဲ"
ဝတ်လွှာအပြောကြောင့် မြ အသံများထွက်တဲ့ထိ ရယ်မိပါသည်။
"ဟော လာပြီ "
ဝတ်လွှာ လက်ညိုးထိုးပြသည့် နေရာကို မြကြည့်လိုက်တော့ တကယ်ကို ချစ်စရာ။ ကလေးလေးက ကျောင်းဝတ်စုံ ဂါဝန် အဖြူ အစိမ်းလေးနဲ့ပင်။ ဆံပင်တိုတွေကိုတော့ လက်နဲ့ရှောက်ဖွနေလေသည်။
"ယုယ ကလေး လာဦး ဆရာမဆီ လာပါဦး"
ဝတ်လွှာရဲ့အသံကို ကြားတော့ ထိုကလေးမလေးက ဝတ်လွှာဆီသို့ အပြေးအလွှားနဲ့ပင် ပြေးလာလေသည်။
"မပြေးပါနဲ့ဆိုကွယ် ချောလဲရင် ဆရာမက ငိုရဦးမယ် ကဲ ဆံပင်တွေကလည်း ဖွထားပြန်ပြီနော် ရိုက်လိုက်ရ"
ထိုကလေးလေးဆိုတဲ့ ယုယကတော့ ဝတ်လွှာရဲ့ လက်တွေကို အသေချာကို ဆုတ်ကိုင်ကာ ဝတ်လွှာကို ပြုံးပြနေလေသည်။
"မြ ဒါ ငါ့သမီးလေ ချစ်စရာလေးနော် ငါတော့ ဦးမောင်နဲ့အန်တီတင့်ရဲ့သမီးကို သွားတောင်းရတော့မယ်ဟယ် "
ဝတ်လွှာက ပြောလည်းပြော ထိုကလေးရဲ့ ဆံပင်တို့ကို လက်ဖြင့် သေချာထိုင်ကာ ဖိသပ်ပေးနေလေသည်။ ထိုကလေးကတော့ မြကိုပင် မကြည့် သူ့ဆရာမကိုသာ ကြည့်၍ ပြုံးပြနေလေသည်။
"အေးပါ နင်ချစ်လည်း ချစ်စရာပါ။ ကလေးက တယ်လည်းချစ်စရာကောင်းတာကိုး "
Episode 15 မျှော်ရန် 💞🍂
28.12.2021 🦋🌳