mysterious fate

By Spring70747519

1.9M 145K 3.1K

Zawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန... More

intro
အခန်း(1)
အခန်း(2)
အခန်း(3)
အခန်း(4)
အခန်း(5)
အခန်း(6)
အခန်း(7)
အခန်း(8)
အခန်း(9)
အခန်း(10)
အခန်း(11)
အခန်း(12)
အခန်း(13)
အခန်း(14)
အခန်း(15)
အခန်း(16)
အခန်း(18)
အခန်း(19)
အခန်း(20)
အခန်း(21)
အခန်း(22)
အခန်း(23)
အခန်း(24)
အခန်း(25)
အခန်း(26)
အခန်း(27)
အခန်း(28)
အခန်း(29)
အခန်း(30)
အခန်း(31)
အခန်​:(32)
အခန်း(33)
အခန်း(34)
note
အခန်း(35)
A/N
အခန်း(36)
အခန်း(37)
အခန်း(38)
အခန်း(39)
အခန်း(40)
အခန်း(41)
အခန်း(42)
အခန်း(43)
အခန်း(44)
အခန်း​(45)
အခန်း(46)
အခန်း(47)
အခန်း(48)
အခန်း(49)
အခန်း(50)
အခန်း(51)
အခန်း(52)
အခန်း(53)
အခန်း(54)
အခန်း(55)
အခန်း(56)
အခန်း(57)
အခန်း(58)
အခန်း(59)
အခန်း(60) Final Part
Thank You
Extra-1
Season2
Extra-2
Twisted Love
Extra-3
Mysterious Fate book
Extra end
inner art
inner art 2
inner art3
Book cover
Chibi
book detail
LG
Order
Giveway

အခန်း(17)

27.9K 2.3K 14
By Spring70747519



"​ဟုတ်​ကဲ့ သခင်​​လေး"









"လာထိုင်​ရ​အောင်​ ညီ"




"အင်း သားခ ​ပြော​လေ"






"သား"





"​ကျေးဇူးပါ ​မေ"







Unicode

"ထူးထူး​ထွေ​ထွေ မဟုတ်​ပါဘူး ညီကချစ်​ဖို့​ကောင်းတယ်​ ​ပြောတာပါ"

"​ဒေါ်နန်း ကျွန်​​တော့ luggage နဲ့ ညီ့ luggageကို ကျွန်​​တော့်​အခန်းထဲမှာထားဖို့ အလုပ်​သမား​တွေ ​ပြော​ပေးပါအုံး"

"​ဟုတ်​ကဲ့ သခင်​​လေး"

"ညီ အစ်​ကိုတို့လည်း အိမ်​ထဲဝင်​ရ​အောင်​"

ဆုလာဒ်​တို့ အိမ်​ထဲ​ရောက်​​တော့ ​မေတို့ကဧည့်​ခန်းထဲမှာထိုင်​​နေပြီး ရှမ်းဝတ်​စုံဝတ်​ထားတဲ့ ဦး​လေးကြီးနဲ့ အ​ဒေါ်ကြီး​တွေနဲ့စကား​ပြော​နေတာ​တွေ့လိုက်​ရတယ်​

"သားတို့လာ ဒီမှာ လူကြီး​တွေ​ရောက်​​နေပြီ"

"ဦးရီး​တော်​တို့ အရီး​တော်​တို့မင်္ဂလာပါ အ​စောကြီး​ရောက်​​နေတာလား"

"ဟုတ်​တယ်​ သားတို့မယ်​မယ်​ ကထွက်​လာပြီ​ပြောကတည်းက ဦးရီး​တော်​တို့က လာ​စောင့်​နေတာ ဒါသားရဲ့လက်​တွဲ​ဖော်​​လေးလား"

"ဟုတ်​တယ်​ ဦးရီး​တော်​ ညီ ဒါက အစ်​ကိုတို့ ရဲ့ ဒုတိယအိမ်​​တော်​နဲ့ တတိယအိမ်​​တော်​ ကဦးရဲ့​တော်​​တွေနဲ့ အရီး​တော်​​တွေ"

"မင်္ဂလာပါ ကျွန်​​တော်​ ကဖြိုးဆုလာဒ်​ပါ"

အစ်​ကိုနှုတ်​ဆက်​သလိုမျိုး လက်​အုပ်​ချီပြီးနှုတ်​ဆက်​လိုက်​​တော့ အစ်​ကိုက ပြုံးလိုက်​ပြီး

"လာထိုင်​ရ​အောင်​ ညီ"

"ဦးဖြို​တေဇတို့ဖက်​က မင်္ဂလာ​ဆောင်​ကို ဘယ်​လိုဖြစ်​​စေချင်​လဲ မြန်​မာနိုင်​ငံမှာ လိင်​တူလက်​ထပ်​တာ​တော့ တရားဝင်​ခွင့်ပြုထားတာမရှိ​ပင်​မယ့် ကျွန်​​တော်​တို့ကဖြစ်​​စေချင်​တာကို ဖြစ်​​အောင်​လုပ်​​ပေးမှာပါ"

"ကျွန်​​တော်​တို့ဖက်​က ဘာမှ​သေချာမစဉ်းထားမိဘူး သားငယ်​​လေးကိုလည်းတခါမှ ​ယောက်​ကျားတ​ယောက်​နဲ့ လက်​ထပ်​​ပေးရမယ်​လို့မစဉ်းထား​တော့ ဘယ်​လိုစီစဉ်​ရမှန်းမသိ​တော့ပါဘူး"

"ကျွန်​​တော်​တခု​လောက်​​တော့ဝင်​​ပြောပါရ​စေ"

"အင်း သားခ ​ပြော​လေ"

"ခုဆိုရင်​ ကျွန်​​တော်​နဲ့ ညီက ဘဝတသက်​တာလုံး လက်​တွဲသွားရမယ့်လူ​တွေပါ ကျွန်​​တော်​ရဲ့လက်​တွဲ​ဖော်​ ကို တရားဝင်​အသိအမှတ်​ပြုထားတဲ့ လက်​ထပ်​ပွဲမျိုးကို ဖန်​တီး​ပေးချင်​တယ်​"

"သားမှာအစီအစဉ်​ရှိ​နေတယ်​ လို့မယ်​မယ်​ထင်​တယ်​"

"ဟုတ်​တယ်​ မယ်​မယ်​ ဒီနယ်​တဝိုက်​မှာ သားက ဆက်​ခံသူ သခင်​​လေးဖြစ်​​ကြောင်း လူတိုင်း သိသလို သားရဲ့လက်​တွဲ​ဖော်​ကလည်း သားနည်းတူဆက်​ခံသူသခင်​​လေးဖြစ်​ရမယ်​"

"ဒါက မဖြစ်​နိုင်​ဘူးထင်​တယ်​ ဆက်​ခံသူဆိုတာ မျိုးနွယ်​တခုလုံးနဲ့သက်​ဆိုင်​တဲ့ကိစ္စပဲ မျိုးနွယ်​စု တခုလုံး ဆက်​ခံသူရဲ့အမိန့်ကိုနာခံရတာ ​လေးစားရတာ သားလည်းသိ​နေတာပဲ သားရဲ့ ကြင်​ယာဖက်​ကို မျိုးနွယ်​ တခုလုံးက​လေးစားမှာပါ ဒါပင်​မယ့် ဆက်​ခံသူအဖြစ်​သတ်​မှတ်​ဖို့က​တော့"

"ကျွန်​​တော်​​တောင်းဆိုတာမဟုတ်​ဘူး မျိုးနွယ်​စု ဆက်​ခံသူ ​ခေါင်း​ဆောင်​အ​နေနဲ့ အမိန့်​ပေးတာ လက်​ခံရမယ်​"

"သား"

"မယ်​မယ်​ ဘာမှမ​ပြောပါနဲ့​တော့ သားရဲ့လက်​ထပ်​ပွဲ​နေ့ကျရင်​ ညီ့ကိုပါဆက်​ခံသူအဖြစ်​​ကြော်​ငြာမယ်​ အဲဒါကို အားလုံးကလက်​ခံရမယ်​ ပြီး​တော့ သားနဲ့ ညီရဲ့ လက်​ထပ်​ပွဲကို တရားဝင်​ဖြစ်​​အောင်​ ဘန်​​ကောက်​က တရားရုံးမှာ လက်​ထပ်​မယ်​"

"​ကောင်းပြီ​လေ သားဖက်​က ​သေချာဆုံးဖြတ်​ပြီးရင်​လည်း ​ပေါ့ က ဘာမှမကန့်ကွက်​​တော့ပါဘူး သား​ရဲ့ဆုံးဖြတ်​ချက်​ကိုလက်​ခံ​ပေးမယ်​"

"​ကျေးဇူးတင်​ပါတယ်​ ​ပေါ့(အ​ဖေ) ဦးနဲ့အန်​တီ ကျွန်​​တော်​ ညီ့ကို တရားဝင်​အသိအမှတ်​ပြုပြီးပဲ လက်​ထပ်​ချင်​တယ်​ အဲဒါ​ကြောင့် ခုလိုစီစဉ်​ရတာပါ ကျွန်​​တော့်ကိုခွင့်ပြု​ပေးပါ ညီလည်းအစ်​ကို့ကိုခွင့်ပြု​ပေးပါ"

"သားတို့အဆင်​​ပြေရင်​ ပြီးတာပါပဲ ​မေ တို့ဖက်​က ခုချိန်​မှာသားတို့အဆင်​​ပြေရင်​ ပြီးတာပါပဲ"

"​ကျေးဇူးပါ ​မေ"

​မေမီ သူမကို ​မေ လို့​ပြောင်း​ခေါ်လိုက်​တဲ့ သားရဲ့လက်​တွဲ​ဖော်​ကို​ကြည့်လိုက်​မိတယ်​ အမြဲတမ်းမျက်​နှာ​လေးကပြုံး​နေပင်​မယ်​ သူမသားကိုကြည်​တဲ့အခါတိုင်းမှာ အမြဲတမ်း​နွေး​ထွေးစွာကြည့်တတ်​တယ်​ အရာရာကိုဖြည့်ဆည်း​ပေးမယ်​ဆိုတဲ့ အပြုံး​လေးက သားကို ကြည့်တိုင်းမှာ ​ပေါ်​နေတတ်​တယ်​ သားကို​ယောက်​ကျားတ​ယောက်​လက်​ထဲမထည့်​ပေးချင်​ပင်​မယ့် သားက စဝ်​မင်းမာန်​ခ ဆီမှာဆိုရင်​ လုံခြုံစိတ်​ချမယ်​ဆိုတာ အ​မေတ​ယောက်​နဲ့ယုံကြည်​​နေမိတာ​ကြောင့် သမက်​တ​ယောက်​အ​နေနဲ့ ​မေမီလက်​ခံ လိုက်​မိတယ်​

"သားတို့ ခနနားလိုက်​အုံးမယ်​ ​မေ နဲ့​ဖေလည်း နားချင်​မှာ​ပေါ့ ကျွန်​​တော်​အခန်းစီစဉ်​ထားပါတယ်​"

စဝ်​တို့ထွက်​သွားပြီးတာနဲ့ ဦးစပ်​သိင်္ခါတ​ယောက်​ မျိုးနွယ်​စုလူကြီး​တွေနဲ့ စကား​ပြောရ​တော့တယ်​

"ဆက်​ခံသူဆိုတာ ဘယ်​လိုအဓိပ္ပါယ်​လဲဆိုတာ အစ်​ကိုကြီးသိ​နေတာပဲ ကျွန်​​တော်​တို့မျိုးနွယ်​တခုလုံးရဲ့စီးပွား​ရေးတခုလုံး ဘာလို့တစိမ်းတ​ယောက်​ကို ​ပေးရမှာလဲ ကျွန်​​တော်​တို့ပိုင်​ဆိုင်​မှု​တွေသာ အဲက​လေးသိရင်​ ​လောဘမတတ်​နိုင်​ဘူးထင်​လား"

"တစိမ်းမဟုတ်​ဘူးညီ​လေး သူက သားရဲ့ကြင်​ယာဖက်​ သားနဲ့အတူ ကျိန်​စာကိုမျှ​ဝေခံစား​ပေးမယ့်သူပဲ ခုချိန်​မှာ သားကဆက်​ခံသူ မျိုးနွယ်​စု​ခေါင်း​ဆောင်​ပဲ သားသာဆုံးဖြတ်​ပြီးရင်​ သူ့အ​ဖေဖြစ်​တဲ့ကျွန်​​တော်​​တောင်​ ဝင်​တားလို့မရဘူး အဲ​တော့ ဘာမှမကန့်ကွက်​ကြပါနဲ့ ပြီး​တော့ သားက သူ့ကြင်​ယာဖက်​ကို ဘယ်​​လောက်​တန်​ဖိုးထားလဲဆိုတာ အားလုံးကမြင်​ထားပြီးသားပဲ နည်းနည်း​လေး​လောက်​​တောင်​ ​ဝေဖန်​တဲ့အသံမထွက်​လာ​စေနဲ့ ကိုယ့်အုပ်​စုကိုယ်​ နိုင်​​အောင်​ထိန်းကြပါ တကယ်​လို့တခုခုဖြစ်​လာပြီဆိုရင်​ သားကို ကျွန်​​တော်​လည်းထိန်းလို့ မရဘူးဆိုတာ အားလူံးနားလည်​ထားရင်​​ကောင်းမယ်​"

"မြတ်​ ကိုယ်​တို့လည်း နားရ​အောင်​"

Continue Reading

You'll Also Like

994K 123K 80
FINALLY S2 21.9.2020 »» 29.12.2020
282K 23K 10
မိဘစကား နားမထောင်တဲ့ ကလေးဆို ဘာဖြစ်တတ်တယ် တဲ့လဲ ? ။ ဒုက္ခရောက်တတ်ပါတယ် ။ ဟုတ်ပြီ ..... မိဘစကားနားမထောင်လို့ လူဆိုးတစ်ယောက်နဲ့ ပြန်ပေးဆွဲခံလိုက်ရတဲ့...
268K 20.2K 38
အိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ ...
21K 2.4K 7
I wish we never met! SEKAI Fanfiction Short Story