GL Fiction ( OC ) By ( Pone )
တီချယ်က ဆည်းလည်းလေး
အပိုင်း ၁၂
"သမီး ဒါကောစားလေ"
ထမင်းပန်ကန်ထဲသို့ ကြက်ဥကြော်တို့အား ထည့်ပေးနေသည့် တီချယ်။ ယုယတို့ ထမင်းဝိုင်းလေးက သိပ်တော့ စုံလှသည်မဟုတ်ပေ။ လက်ဖက်သုတ်နဲ့ကြက်ဥကြော်သာ။ ဒါမဲ့လည်း တီချယ်ရှိရုံနဲ့တင် ယုယတွက် ပြည့်စုံနေလေပြီ။
"တီချယ်"
ထမင်းငုံစားနေတဲ့ တီချယ့်ရဲ့ လက်တို့ကို အပေါ်ကနေ အုပ်ကာကိုင်လိုက်မိရင်း လေသံတိုးတိုးလေးနဲ့ခေါ်ရပြန်သည်။ တီချယ်ကတော့ သူ့ကို ပြုံးပြကာ ကြည့်နေလေသည်။
"မကြာခင်မှာ စာမေးပွဲကနီးလာပြီ သမီး အိမ်မှာပဲ စာလုပ်ဖြစ်မလား မသိပေမဲ့ နောက်ပိုင်းတွေကျရင် မတွေ့ဖြစ်လောက်တော့ဖူးထင်မိတယ် တီချယ်ကို သိစေချင်တာ တစ်ခုတည်း သမီးက သိပ်ချစ်တယ်ဆိုတာ တီချယ့်ကို အရမ်းလည်း မြတ်နိုးတယ်ဆိုတာ တစ်ခုပဲ "
ယုယ ပြောတာကို တီချယ်က မျက်ရည်အဝိုင်းသားနဲ့ငေးကြည့်နေသည်။ နောက်ပြီး ယုယရဲ့ လက်တွေကို ဆွဲယူကာ လက်ဖမိုးကို ခပ်ဖွဖွနမ်းသည်။
"တီချယ် သမီးကို ချစ်တယ်ဆိုတာထက်ပိုပါတယ် တစ်နေ့တော့ သမီးနားလည်းမှာပါ။ ခုချိန်မှာ တီချယ်မှာ ပြောစရာရှိမနေသေးဖူးကွယ် နားလည်တယ်မဟုတ်လားဟင်"
မျက်ရည်တွေဝဲနေတဲ့ မျက်နှာငယ်လေးနဲ့ ယုယ ကိုမေးလာတဲ့တီချယ်။ မျက်ရည်ကျသည့်တိုင် တီချယ်က လှနေဆဲပဲ။ တစ်မိုးအောက်တစ်ယောက် တီချယ်က အလှနတ်သမီးလေးပဲ။
"သမီးပြောသားပဲ တီချယ့်သဘော တီချယ့်ဆန္ဒပါပဲ"
". ."
"နောက်ပြီး သမီးကျိန်းသေပြန်လာမှာမို့ တီချယ်ကတော့ ဒီမှာ ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းမွန်မွန် နေရမယ်နော် တီချယ်အိမ်ထောင်ပြုသည်တိုင် သမီးကတော့ ချစ်နေမှာပဲ သမီးရဲ အချစ်တွေကို အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်တယ်နော် နောက်ပြီး တီချယ့်ကို သမီးချစ်တယ်ဆိုတာ နည်းနည်းလေးမှမမေ့လိုက်နဲ့နော် တီချယ်က သမီးရဲ့ဘဝပါ။ နောက်ပြီး ခုကျနေတဲ့ မျက်ရည်တွေ ပြုံးရယ်နေတဲ့ အပြုံးတွေကလည်း တီချယ်ဆိုတဲ့ ဒီလူသားလေးတွက်ပဲ ဘဝအသစ်ကို တီချယ်စတဲ့အခါကျရင်လည်း သမီးကို လွမ်းဆွတ်မနေပါနဲ့ ကောင်းမွန်တဲ့ မိသားစုကိုတည်ထောင်ပါ ကလေးလေးတွေနဲ့အတူတူ တီချယ်ပျော်နေတာကို သမီးကအဝေးကနေ ငေးကြည့်ပြီး ပျော်နေမှာ နောက်ပြီး အမြဲတမ်းမှတ်ထားပေးနော် သမီးအချစ်က တီချယ့်အပေါ်မှာ ပင်လယ်ရေတွေလို မကုန်ခမ်းတော့ဖူးဆိုတာကို ဒါကိုသိတယ်မလား"
တီချယ်က ငိုသည်။ ယုယ တစ်ခါမှမတွေ့ဖူးတဲ့ ငိုခြင်းမျိုးတွေနဲ့ငိုနေခဲ့သည်။ ထိုင်နေတဲ့ခုံပေါ်ကနေ ထလိုက်ကာ တီချယ့်ကို ဆွဲထူရသည်။ တီချယ့်ရဲ့ ငိုလို့တုန်နေတဲ့ ကိုယ်လုံးလေးကို မတ်တပ်အနေအထားနဲ့သာ ယုယ ဆွဲဖက်ထားမိသည်။ ယုယရဲ့ရင်ငွေ့များကြောင့် တီချယ်နွေးထွေးပါစေ။ ယုယရဲ့ အချစ်တွေ သံယောဇဉ်တွေကြောင့် တီချယ့်ဘဝပျော်ရွှင်ပါစေ ။ စိတ်ထဲက ဆုတောင်းမိသည်က ဒီအချစ်သည်သာပျော်ရွှင်ပါစေ။
မြတစ်ယောက်သည်လည်း ယုယ ရင်ခွင်ထဲမှ နေကာ ငိုနေမိသည်။ သူ့ကိုမှ ချစ်ရလေခြင်း။ ယုယက တကယ်ကိုချစ်စရာပါ။ သူလည်းချစ်ပါသည်။ ယုယဆိုတဲ့ လူသားလေးကို လောကကြီးက ပျော်ရွှင်မှူနဲ့နွေးထွေးမူ အကြင်နာတရားနဲ့အတူတူ လောကရဲ့ခံနိုင်ရည်အာများအား ပေးသနားကြပါဟု ဆုတောင်းမိသည်။
"လာပါ ခုတော့ အိပ်ကြမယ်နော် အပေါ်ကိုတက်နှင့် လိုက်ခဲ့မယ်"
ယုယ ပြောတာကို တီချယ်က ကလေးတစ်ယောက်လို ခေါင်းငြိမ့်ပြသည်။ စားပွဲပေါ်က ရေတစ်ခွက်ကို တီချယ်က ယူသောက်၍ အပေါ်သို့ တက်သွားလေသည်။ မြန်မာဝမ်းဆက် နီညိုရောင်ရဲ့အပေါ်မှာ အပွင့် ခပ်ကြီးကြီးများကိုခြယ်ထားသည့် ခပ်နွမ်းနွမ်းကို ဝတ်စုံကို ဝတ်ထားသည့် တီချယ့်ရဲ့နောက်ကျောကို ငေးမိပြန်သည်။ လွမ်းစရာ။
စားလက်စ ထမင်းပန်းကန်တွေကို ယုယ သိမ်းနေရင်းမှ တီချယ့် စားခဲ့သည့် ပန်းကန်လေးကို သေချာကိုင်ကြည့်မိသည်။
"နောက်ကျရင်တောင် ဒီလိုစားလက်စပန်းကန်လေးကို မတွေ့ရလောက်တော့ဖူးထင်ပါရဲ့ သိပ်ကိုချစ်ရတယ် ရင်ထဲမှာ ကြေမွနေရင်တောင် ဒီကြေမွတဲ့ဝမ်းနည်းမူက တီချယ့်ကြောင့်ဆိုတာနဲ့တင် ယုယ ပျော်ပါတယ်"
နှုတ်ခမ်းတွေကို ပြုံးကာ မျက်ရည်တွေကျလျက် ယုယ က တိတ်တဆိတ် ထိုသို့ပြောလေသည်။ အကုန်လုံးသိမ်းဆည်းပြီးမှ တီချယ်ရှိရာဆီသို့ ခြေလှမ်းတွေကို ဦးတည်ရသည်။ ဝတ်ထားသည့် ခပ်ပွပွ ဘောင်းဘီ အပြာနုရောင်ရဲ့အနားစတွေကို တစ်ချက်ဆုပ်ကိုင်မိသည်။
"တီချယ် ဝင်လာမယ်နော်"
အခန်းတံခါးကို ခပ်တိုးတိုးခေါက်ကာ ယုယ ဝင်လာမိသည်။ တီချယ်ကတော့ ဘေးတစ်စောင်းလေး အိပ်ပျော်နေလေရဲ့။ တီချယ့်နောက်ကျောကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ အိပ်နေတဲ့ မျက်နှာလေးကို ကြည့်ချင်တာကြောင့် ဘေးကနေသွားရပ်မိသည်။ ပြတင်းတံခါးဖွင့်ထားတာကြောင့် ထိုမှဝင်လာတဲ့ လရောင်နဲ့တင် တီချယ့်အလှကို ယုယ ငေးကြည့်မိနေသည်။ ဘေးနားက ခုံကို ဆွဲယူကာ ထိုင်လိုက်ရင်း လက်တစ်ဖက်ကို တီချယ့်ရဲ့ ဆံစတွေကို သပ်သင်ပေးလိုက်တော့ ပြုံးယောင်သမ်းသွားတဲ့မျက်နှာလှလှလေး။ ကြည့်လို့မဝ။ ရူလို့မဝရဲ့ယုယရဲ့ တက္ကသိုလ်ကျောင်းက ဆရာမလေး။
"တီချယ် ဒါကအချစ်လား သမီးတော့ တကယ်ချစ်နေတာ ဘာလို့ သမီးကို အဝေးတွန်းပို့နေရတာလဲဟင်"
ပြောပြီးသည်နှင့် တီချယ့်ပါးပြင်နုနုတို့ကို နမ်းရိုက်လိုက်မိသည်။ ပါးကွက်ကလေးနဲ့မို့ သနပ်ခါးနံရော ခရေပန်းနံကော နောက်ပြီး သနပ်ခါးပန်းရနံတို့ကော ရေထွေးနေလေရဲ့။ သူနမ်းတော့ တီချယ်က ပြုံးယောင်သမ်းနေပြန်သည်။ ယုယရဲ့ ရင်ဖက်ကို ကိုယ့်လက်များဖြင့် ဖိကာ ကိုင်လိုက်ရသည်။ ရင်ခုန်သံက ပုံမှန်မှမဟုတ်တော့တာလေ။
"အိပ်မက်လှလှမက်ပါစေ ယုယရဲ့ ချစ်မဝလး"
နဖူးပြင်အား ပိုကာ ထပ်နမ်းမိပြန်သည်။ ထို့နောက်တွင်တော့ ယုယလည်း တီချယ့်နောက်ကျောမှာ ဝင်လှဲကာ တီချယ့်ခါးတို့အား အနောက်ကနေ ဖက်လိုက်လိုက်မိသည်။ သူဖက်တော့မှ တီချယ်က လှုပ်ရွလာကာ ရင်ခွင်ထဲကို နောက်ကျောပေးလျက် တိုးဝင်လာလေသည်။ ထိတွေ့သွားတဲ့ ခန္ဓာကိုယ်နှစ်ခုက သံလိုက်လိုပင်။ တီချယ်ကတော့ မျက်လုံးတွေမှိတ်ထားဆဲပင်။ ဒါ့ကြောင့် ယုယတစ်ယောက် တီချယ်နိုးသွားပြီဆိုတာကို သိလေသည်။ တီချယ်က အအိပ်စက်သည်လေ။ သို့ပေမဲ့ တီချယ်က ငြိမ်ငြိမ်လေးသာ ဝပ်နေလေသည်။ ခြုံထားတဲ့ စောင်အား နှစ်ယောက်တူတူ ခါးထိခြုံလိုက်ရင်း ယုယသည် တီချယ့်ကို ပိုတိုးလို့ ဖက်တွယ်လိုက်တော့သည်။
. . ~
တဖြည်းဖြည်းနဲ့ ယုယတို့ပင် ကျောင်းစာမေးပွဲနီးလာကြပြီလေ။ ရှေ့အပတ်ထဲမှာပင် ဖြေရမယ့် တက္ကသိုလ်ဒုတိယနှစ် စာမေးပွဲအား ယုယတို့ဖြေရမည်။ တီချယ်နဲ့ယုယကတော့ ခုတော့ သိပ်မတွေ့ကြတော့ပေ။ နှစ်ယောက်လုံး မတိုင်ပင်ပါပဲ တစ်ယောက်နဲ့တစ်ယောက် ရှောင်နေမိကြသည်။ ယုယလည်း စားမေးပွဲနီးလာထဲက အိမ်နဲ့မခွာပဲ စာသာကျက်နေခဲသည်လေ။ တီချယ့်ကတော့ သူ့ကိုတွေ့တိုင်း စာလုပ်ဖို့ပဲပြောသည်လေ။ ဒီနှစ်စာမေးပွဲမှာသာ ယုယက သတ်မှတ်ထားသည့်အမှတ်တွေကျော်ခဲ့ပါက သေချာပေါက် ပညာသင်ဆုရပေလိမ့်မည်။ ဒီကြားထဲလိုက်နာခဲ့ရတဲ့ စည်းကမ်းတွေနည်းမှမနည်းတာလေ။
"ယုယ ယုယ"
"အင်း"
ခင်ခင်အခေါ်ကို အင်း တစ်လုံးတည်းသာ ပြောပြီး စာကိုပဲဆက်လုပ်နေမိသည်။
"နင်ရူးသွားမယ်နော် အဲ့လောက်ထိ အသည်းသန်လုပ်မနေနဲ့ စာလုပ်လို့ ကြောင်သွားတဲ့ထဲ နင်ပါသွားမယ်"
ခင်ခင်ပြောမှ ယုယက ကျောင်း အဝင်ဝကို ငေးကြည့်သည်။ နောက်ပြီးတိုးတိုးလေး ပြောမိပြန်သည်။
"ငါ့ရဲ့ကမ္ဘာကြီးက ငါ့ကို ပညာသင်ဆု လိုစေချင်တယ်တဲ့လေ"
ယုယ ငေးနေသည့်နေရာကို ခင်ခင်လိုက်ကြည့်မိတော့ တီချယ်မြဝတ်ရည်မေက ကျောင်းထဲသို့ ဝင်လာချေပြီ။ ခင်ခင် ယုယကို သနားမိသလို တီချယ့်ကိုလည်း သနားမိပြန်သည်။ ခင်ခင် သိသလောက်ဆို တီချယ်က သူ့မိဘတွေကို မလွန်ဆန်နိုင်လို့ အိမ်ထောင်ပြုရမည်ဆိုတာကိုပင်။ ကျန်တာကိုတော့ ခင်ခင်လည်း အသေချာပင် မသိပါ။ ယုယကလည်း ဒါကို သိလိမ့်မည်။ သူက တီချယ့်ကို အဲ့လောက်ချစ်တာ မသိဖူးဆိုတာ မဖြစ်နိုင်ဖူးလေ မပြောနိုင်လို့သာ ရင်ထဲမှာ သိမ်းထားတာပဲရှိပေမည်။
"လာ ပြန်ရအောင် နင်ခေါ်လို့ငါ ကျောင်းလာတာ အိမ်မှာပဲ စာလုပ်နေတာကို"
စာအုပ်တွေကို လွယ်အိတ်ထဲထည့်နေတဲ့ ယုယက ထိုသို့ဆိုပြန်သည်။
"အေးပါ တကယ်ပဲ "
ယုယနဲ့ခင်ခင်နဲ့လည်း အိမ်ကိုသာ အသီးသီးပြန်ခဲ့ကြလေသည်။
မြတစ်ယောက် သူ့ကို ခုံတန်းလေးတွေပေါ်မှာ ထိုင်ကာ ကြည့်နေတဲ့ ယုယနဲ့ခင်ခင်ကို တွေ့ပါသည်လေ။ ထိုကလေးကို စိတ်တွေ မစုစည်းမိမှာစိုး၍ မခေါ်ခဲ့ခြင်းသာဖြစ်သည်။ မဟုတ်တောင် ယုယ ထွက်သွားတဲ့အခါကျရင် သူ့ကြောင့်မငိုနေစေချင်ဖူးလေ။
စာကြည့်တိုက်လေးထဲမှာ ထိုင်နေတဲ့ မြက ပြတင်းတံခါးရဲ့အပြင်ကိုသာ ကြည့်၍ အတွေးများနေခဲ့သည်။ စာမေးပွဲရက်တွေ နီးလာလေ ယုယအား တွေ့ချင်တဲ့စိတ်ကို မနည်း ရိုက်ချိုးနေရသည်လေ။ အင်္ဂလိပ် စာအုပ်လေးထဲက အညိုရောင် စာရွက်အခေါက်အသေးလေးကို မြဝတ်ရည်မေ ထုတ်ကာကြည့်မိသည်။ ထိုစာရွက်လေးပေါ်တွင်တော့ ယုယရဲ့ လက်ရေးလေးဟာ လှပစွာနေရာယူထားလေသည်။ ရေးထားတဲ့ စာလုံးလေးကို မြဝတ်ရည်မေ ခပ်တိုးတိုး လိုက်ဖတ်မိသည်။
ထိုနေ့က ယုယသည် မြတစ်ယောက်အိပ်နေသည် အထင်နဲ့ စကားတွေအများကြီးပြောကာ မြကိုပင် နမ်းခဲ့လေသည်။ နောက်ပြီး မြ မသိအောင်ပင် အင်္ဂလိပ် ဖတ်စာအုပ် အထဲသို့ စာရွက်လေး တစ်ရွက်ကို ညှပ်ထားခဲ့လေသည်။ မြလည်း ကလေးတွေကို စာသင်ရင်းမှ ထိုစာရွက်က ထွက်ကျလာသည်လေ။ အဲ့နေ့က ယုယ ကျောင်းမလာခဲ့ပါ။ ထိုစာရွက် အညိုရောင် ခပ်မှိန်မှိန်လေးပေါ်တွင် ခဲရောင်ဘောပင်လေးနဲ့ရေးထားသည်မို့ မြတစ်ယောက်သေချာ ဖတ်ခဲ့ရသေးသည်။ ယုယ ရေးထားသည်က "REMEMBER LOVE ME" ဆိုတဲ့ စာလုံးလေကို အင်္ဂလိပ်လို ရေးထားခြင်းသာ။ အဓိပ္ပာယ်ကတော့ "ငါ့ကို အမြဲသတိရနေပေးပါ "တဲ့လေ။
"မေမေ သမီး စာကျက်ဦးမယ်နော် "
အဝတ်အပြဲတို့ကို ချူပ်နေတဲ့မေမေ့ကို ယုယ လှမ်းပြောကာ မိမိအခန်းထဲကို ဝင်လာမိသည်။ စားပွဲပေါ်မှာ ပျံကျဲနေတဲ့ စာအုပ်တွေကို ကြည့်ရင်း အသိစိတ်ထဲကနေ တီချယ့်ကိုလွမ်းဆွတ်မိပါရဲ့။
"တင်ရေ သမီးငယ် စာကျက်နေတာလား"
အိမ်ရှေ့မှ အသံတစ်ချို့ကြားရသော်လည်း ယုယ မထခဲ့ပါ။ ဖေဖေပြန်လာသည်ကို သိပေမဲ့လည်း စာကိုသာ ဆက်၍လုပ်နေခဲ့သည်။ ဖေဖေ့ရဲ့ သူမကို မေးတဲ့အသံနဲ့အတူ ရေခွက်ကိုချလိုက်တဲ့အသံက တစ်ပြိုင်တည်းပင်။ မနေနိုင်စွာ အိမ်ရှေ့ကို ထွက်ကာ ဖေဖေ့ကိုကြည့်မိပြန်သည်။ ဖေဖေက သူ့ကို တွေ့တော့ လက်ထဲက ဖော့ဗူးဖြင့်ထုတ်ထားတဲ့ မုန့်ထုတ်ကို မြှောက်ပြသည်။
"ဖေဖေ နန်းကြီးသုတ်ပဲလား"
နှာခေါင်းရူံကာ ပြောတော့ ဖေဖေက ရယ်သည်။ ထို မုန့်ထုတ်ကို ယုယ လှမ်းယူလိုက်တော့ ဖေဖေသည် သူထိုင်နေကျ ခုံပေါ်မှာ ကျောများကို မှီကာ ထိုင်နေလေသည်။
"ဖေဖေလည်း အဲ့ဒါပဲ ဝယ်တတ်တာကိုး"
ရယ်သံကြီးနဲ့ပြောလာတဲ့ ဖေဖေ့ကြောင့် ယုယ လိုက်ပြုံးမိသည်။ ချူပ်ပြီးသား အကျီင်္တွေကို ဗီဒိုထဲ ထည့်ပြီး ထွက်လာတဲ့မေမေကလည်းရယ်နေလေသည်။
"ရှင်ကလည်းနော် ပြန်လာတိုင်း ဒီနန်းကြီးသုတ်ပဲ "
"အော် တင်ကလည်း ကိုယ်က ဒါပဲဝယ်တတ်တာကိုး''
ဖေဖေသည် တစ်ခုခုစားဖို့ ဝယ်ဆို သူ့ပွဲရုံနားက နန်းကြီးသုတ်ကလွဲ၍ တခြားပင်မဝယ်တတ်ပါ။ ဒါကိုလည်း သူတို့အကုန်လုံးသိလေသည်။
"သမီး သွားထည့်လိုက်မယ်"
အိမ်နောက်ဖေးသို့ ယုယ ဝင်ကာ ပန်းကန်ပြားအဖြူ တစ်ချက်ထဲသို့ နန်းကြီးသုတ်တို့အား ထည့်ရသည့် မုန့်ဖက်အလုံးကြီးတို့ကိုတော့ သပ်သပ်ထည့်ထားသည်။ မေမေ နှယ်ပေးတာကို ပိုကြိုက်တာကြောင့် ယုယ အမြဲ နန်းကြီးသုတ်ထဲကပါသည့် အကြော်ကအစ ဘေးမှာသာပုံထားတတ်သည်။
"ရပြီ မေမေ နှယ်ပေးလေ"
ယုယ ပြောလည်းပြော မေမေ့ထံသို့ ပန်းကန်ပြားကို ကမ်းပေးလိုက်သည်။ မေမေက နန်းကြီးသုတ်မနှယ်တတ်သည့် ယုယကို ညိုငြင်ပုံမရပေ။ နန်းကြီးသုတ်ကို သေချာနှယ်ပေးနေတဲ့မေမေ့အနားကို ယုယ သွားနေမိသည်။ မေမေကတော့ ပြုံးနေတော့သည်။
"ယုယ မြည်းကြည့်ပါလား "
ခွံကျွေးလာတဲ့ မေမေ့လက်ထဲက နန်းကြီးသုတ်အဖက်တွေကို ကြည့်ရင်း ယုယ သရေပင်ကျနေလေပြီ။ အိမ်မှာ နန်းကြီးသုတ်ကို စားတာဆိုလို့ ယုယ တစ်ယောက်ပဲရှိသည်လေ။ မမက အီလိုဆိုပြီး မစားတတ်ပေ။ ဖေဖေနဲ့မေမေကတော့ မုန့်ဖက်အလုံးကြီးတွေကို မဝါးတတ်ဖူး လို့သာပြောတတ်သည်။ မေမေ ခွံကျွေးသည့် နန်းကြီးသုတ်အား ငုံကာစားလိုက်မိသည့် ယုယ။
"အန်တီတင်နဲ့ ဦးမောင် မြဝင်လာလို့ရမလား''
Episode 13 မျှော်ရန် 💞🍂
19.12.2021 🦋🌳