Like Love But Not [ Myanmar T...

Eri1485EXOL által

33.6K 4.1K 263

Hello... This is just a translation! Original author is Orange Rain and we translated from novelupdates.com. ... Több

Summary
Chapter - 1.1
Chapter - 1.2
Chapter - 1.3
Chapter - 1.4
Chapter - 2.1
Just Announcement
Chapter - 2.2
Chapter - 2.3
Chapter - 2.4
Chapter - 2.5
Chapter - 3.1
💫💫😩
Chapter - 3.2
Chapter - 3.3
Chapter - 3.4
Chapter - 4.2
Chapter - 4.3
Chapter - 4.4
Chapter - 5.1
Chapter - 5.2
Chapter - 5.3
Chapter - 5.4
Chapter - 5.5
Chapter - 6.1
Chapter - 6.2
Chapter - 6.3
Chapter - 6.4
Chapter - 7.1
Chapter - 7.2
Chapter - 7.3
Chpater - 7.4
Chapter - 9.1
Chapter - 9.2
Chapter - 10.1
Chapter - 10.2
Chapter - 10.3
Chapter - 11.1
Chapter -11.2
Chapter - 11.3
Chapter - 11.4
Chapter - 12.1
Chapter - 12.2
Please read!
Chapter - 12.3
Chapter - 12.4

Chapter - 4.1

718 134 9
Eri1485EXOL által

ZAWGYI


ငါ ေဘးတစ္ဖက္မွာရပ္‌ေနျပီး သူ႔ကို တိတ္တဆိတ္ၾကည့္ေနခဲ့တယ္။  ေလာင္ယြီခ်န္ ရဲ့ အမူအရာကင္းမဲ့ေနတဲ့ မ်က္ႏွာေပၚမွာ သိမ္ငယ္ထိတ္လန႔္မႈေတြ ျဖည္းညင္းစြာ ေပၚလြင္လာတာကို ျမင္လိုက္ရေတာ့ ငါ အေတာ္ေလးအံ့အားသင့္မိေလရဲ့။

ဒီပံုစံကို အရင္ကငါ ျမင္ဖူးတာ‌ေပါ့။ ဟိုးအရင္တုန္းက ရွမင္ရႈ ေဆးရံုတက္ခဲ့တုန္းကနဲ့ အလားတူပံုစံမ်ိဳးပဲ။ ရွမင္ရႈ အသက္မ႐ွင္ေတာ့ဘူးလို႔ သူထင္တဲ့ အခ်ိန္မွာပဲ   ထူးထူးျခားျခား နာက်င္ခံစားရတဲ့အျပဳအမူတစ္ခုျဖစ္တာမို႔‌ေလ။  အဲဒါက တျခားသူေတြအတြက္ ဘာလုပ္ရမွန္း မသိ‌ေအာင္ ခံစားရခက္ေစတယ္။ 

သူ ေဘာလုံးအသင္းကေန ထြက္ၿပီးကတည္းက သူ႕ရဲ့အေတြးေတြကို ဖုံးကြယ္ႏိုင္တဲ့သူတစ္ေယာက္ ျဖစ္လာခဲ့ၿပီး သူ႔ မ်က္ႏွာကအၿမဲတမ္း ေအးစက္ေန‌ေတာ့တယ္။

အခုေတာ့ သူ႕မ်က္ႏွာဖုံးက ဖန္ခြက္လို ကြဲသြားခဲ့‌ေလရဲ့။

ေလာင္ယြီခ်န္ ဟာ မာနႀကီးသူတစ္ေယာက္ဆိုတာ ငါသိတယ္။   သူ အားနည္းေနခ်ိန္မွာ တျခားသူကို ျမင္ခြင့္‌ေပးမွာမဟုတ္ဘူး။

တကယ္ေတာ့ သူက ျခဳံငုံၿပီး ထုတ္ေဖာ္မျပတတ္ေသးဘူး။  သူဆက္ၿပီး သ႐ုပ္ေဆာင္ႏိုင္ေပမယ့္ အနီးနားမွာ ဘယ္သူမွ မ႐ွိတဲ့အတြက္ သူ႕ရဲ႕ ဝမ္းနည္းမႈေတြကို ျဖည္းျဖည္းခ်င္း ျပသႏိုင္ခဲ့တယ္။  အထိေရာက္‌ေအာင္ျမင္ဆုံးေသာ သရုပ္ေဆာင္ေတြက  ငိုျခင္း သို႔မဟုတ္ ျပဳံးျခင္းမ႐ွိဘဲ မတ္တပ္ရပ္႐ုံျဖင့္ ဝမ္းနည္း‌ေစတဲ့ခံစားမွုနဲ့ ပရိသတ္ကို လႊမ္းျခဳံေစႏိုင္တယ္။  ေလာင္ယြီခ်န္လည္း ယခုအခ်ိန္တြင္ ထိုအတိုင္းပင္။

ငါ့ေၾကာင့္ျဖစ္ခဲ့တာလား???

သူငါ့ကိုမခ်စ္ေပမယ့္ ဂ႐ုစိုက္ေနပုံပဲ။  ငါ့ကို မုန္းတီးေနခဲ့ၿပီးအၿမဲတမ္းသူက သူ႕ကိုယ္သူ‌ေဖာ္ျပသထားသလိုမ်ိဳး ႏွလံုးသားမရိွတဲ့သူတစ္ေယာက္ေလ။

ဒါကငါ့ကို ‌ေပ်ာ္ရႊင္ေက်နပ္ေစဖို႔အတြက္လုံေလာက္ပါတယ္။

ဒါဟာ ငါ့လို ထာဝရခ်စ္​ရတဲ့သူအတြက္​ ​ေသခ်ာ​ေသခ်ာေပါဆုလာဘ္ပဲ။

ရွမင္ရႈ ျပန္ေရာက္တာ ေတာ္ေတာ္ေနာက္က်သြားတယ္။  သူ အျပင္ထြက္တုန္းကေလာက္ထိ ျဖဴေဖ်ာ့ေန‌ေသးေပမယ့္ သူ႕အမူအရာက ထူးဆန္းေနတယ္။

ငါနားမလည္ဘူး! သူသူဘာလို႔ငါ့ကိုအရမ္းစိတ္ပူေနတာလဲဟင္?

ဒီေလာက္သ႐ုပ္ေဆာင္႐ုံနဲ႔တင္ လုံေလာက္ပါၿပီ။  ေလာင္ယြီခ်န္က  ဒါကို စိတ္ေတာင္မ၀င္စားဘူး။

ငါတို႔က နီးစပ္ခဲ့တယ္လို႔ ယူဆလို့‌ေတာ့ရတယ္။ေလာင္ယြီခ်န္ ေၾကာင့္ ငါ မၾကာခဏ အရက္ေသာက္ေလ့ရိွၿပီး ကာရာအိုေကသြားခဲ့ၾကဖူးတယ္။  ငါအသက္႐ွင္စဥ္တုန္းက သူ႕ကို ဆိုးဆိုး႐ြား႐ြား မဆက္ဆံခဲ့ေပမဲ့  ေကာင္းေကာင္းလည္းမဆက္ဆံခဲ့ဖူးဘူး။ေလာင္ယြီခ်န္ ေၾကာင့္ သူ႔ကို ေပါင္းသင္းတာလို႔လဲအၿမဲ႐ွင္း႐ွင္းလင္းလင္းေျပာခဲ့တယ္။ ငါကသူ႔ကို ေလာင္ယြီခ်န္ ရဲ႕ "သူငယ္ခ်င္း" အျဖစ္ ဖိတ္ေခၚခဲ့ၿပီး ေလာင္ယြီခ်န္ကို သူ႕ဆီ မေပးခ်င္ဘူးဆိုတာ ႐ွင္း႐ွင္းလင္းလင္း ျပခဲ့ေသးတယ္။

ရွမင္ရႈျပန္ေရာက္လာတဲ့အခါ ေလာင္ယြီခ်န္က  သူ့ရဲ့ေအးစက္တဲ့အမူအရာသို႔ တစ္ဖန္ေျပာင္းလဲသြားတယ္။ရွမင္ရွုသာ စကားမေျပာပါက၊ သူစကားေျပာရန္ အစျပဳမည္မဟုတ္ေပ။  သူ ကေအးေအးေဆးေဆး ပံုစံျပဳမူရန္ ႀကိဳးစား‌ေန‌ေပမယ့္လည္း ရွမင္ရႈရဲ့လႈပ္႐ွားမႈတိုင္းကို သူၾကည့္ေနတယ္ဆိုတဲ့အခ်က္ကို ဖုံးကြယ္ထားႏိုင္ျခင္းမ႐ွိေပ။  ရွမင္ရႈရဲ့ လုပ္ေဆာင္ခ်က္‌ေတြမွ တစ္စုံတစ္ခုကို ဖတ္႐ႈရန္ ႀကိဳးစားေနပံုရေနတယ္။

ရွမင္ရႈဟာ သူႏွင့္ထိုကဲ့သို႔ေသာဂိမ္း‌ေတြကစားဖို႔ စိတ္အားထက္သန္ေနပုံမေပၚေပမယ့္လည္း သူက ရည္႐ြယ္ခ်က္႐ွိ႐ွိ ႏႈတ္ဆိတ္ေနဆဲပင္။သူ့အမူအရာကိုခန္မွန္းၾကၫ့္ရ‌သေလာက္ ိတ္ထဲမွာက်ိန္းေမာင္းေနပံုရတယ္။

ငါအဲဒီအၾကည့္ကိုျမင္လိုက္ရေတာ့ အရမ္းစိတ္မသက္မသာျဖစ္မိတယ္။ ဖန္းရွဲ႔ယီက သူ႕ကို အရာအားလုံးေျပာျပမိမွာကို ငါစိုးရိမ္မိတယ္။

ငါေသေနၿပီဆိုတာကို ေလာင္ယြီခ်န္မသိေစခ်င္ဘူး။

အစကေတာ့၊ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးကို ထိခိုက္မွာကို စိုးရိမ္တာေၾကာင့္ သူ႕ကို မေတြ႕ေစခ်င္ဘူး။  ဒါ​ေပမယ့္​ အခု​ေတာ့ ငါသူ႔ကိုေၾကာက္ေနတာေၾကာင့္မို႔လံုး၀မသိေစခ်င္ဘူး။

ေလာင္ယြီခ်န္က ေပ်ာ္႐ႊင္စြာ ရယ္ေမာၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ဘဝကို ျဖတ္သန္းမယ္လို႔ထင္ထားခဲ့တာ။သူ မေတာ္တဆ နင္းမိသြားခဲ့တဲ့ ျမက္ပင္ေလးျဖစ္တဲ့ငါ့အေပၚ အနည္းဆုံး စကၠန႔္အနည္းငယ္ေလာက္  အျပစ္႐ွိတယ္လို႔ ခံစားမိမယ္လို႔လည္းမထင္ထားခဲ့မိပါဘူး။  သူ႕ဘဝခရီးမွာ အဆုံးမဲ့ ေပ်ာ္႐ႊင္မႈေတြ ျပည့္ႏွက္ေနခဲ့တယ္။  ငါမေသခင္မွာ ဒီလိုေတြးထားေပမယ့္ ဒီ‌ေန့ရွမင္ရႈအိမ္ကထြက္သြားခ်ိန္သူ႔အေျခအေနကိုျမင္ၿပီး ငါထင္ခဲ့တာေတြအားလံုး မေသခ်ာေတာ့ဘူး။

ငါ ဟန္ေဆာင္ေနတာလား ဒါမွမဟုတ္ စိတ္ကူးယဥ္ဆန္ဆန္ ေတြးေနတာလားလို႔ မင္း‌ေမးႏိုင္တယ္။  ဒါေပမယ့္ ေလာင္ယြီခ်န္က အမွန္တကယ္ပင္ ငါထင္တာထက္ ပိုၿပီး ဂရုစိုက္လိမ့္မယ္ထင္တာပဲ။

သူငါ့ေပၚ နာၾကည္းမုန္းတီးမႈ ကင္းေနတာေကာင္းပါတယ္။

ငါအသက္႐ွင္ေနေသးခ်ိန္က သူ႕ကို လက္လႊတ္ဖို႔ ျငင္းဆန္ၿပီး သူ႕ကို အၿမဲတြယ္ကပ္ေနခဲ့တယ္။  ဒါေပမယ့္ငါ ေသၿပီးသည့္တိုင္ သူ႕ကိုစြဲလန္းဖို႔ဆႏၵမရိွခဲ့ဘူး။










UNICODE



ငါ ဘေးတစ်ဖက်မှာရပ်‌နေပြီး သူ့ကို တိတ်တဆိတ်ကြည့်နေခဲ့တယ်။  လောင်ယွီချန် ရဲ့ အမူအရာကင်းမဲ့နေတဲ့ မျက်နှာပေါ်မှာ သိမ်ငယ်ထိတ်လန့်မှုတွေ ဖြည်းညင်းစွာ ပေါ်လွင်လာတာကို မြင်လိုက်ရတော့ ငါ အတော်လေးအံ့အားသင့်မိလေရဲ့။

ဒီပုံစံကို အရင်ကငါ မြင်ဖူးတာ‌ပေါ့။ ဟိုးအရင်တုန်းက ရှမင်ရှု ဆေးရုံတက်ခဲ့တုန်းကနဲ့ အလားတူပုံစံမျိုးပဲ။ ရှမင်ရှု အသက်မရှင်တော့ဘူးလို့ သူထင်တဲ့ အချိန်မှာပဲ   ထူးထူးခြားခြား နာကျင်ခံစားရတဲ့အပြုအမူတစ်ခုဖြစ်တာမို့‌လေ။  အဲဒါက တခြားသူတွေအတွက် ဘာလုပ်ရမှန်း မသိ‌အောင် ခံစားရခက်စေတယ်။ 

သူ ဘောလုံးအသင်းကနေ ထွက်ပြီးကတည်းက သူ့ရဲ့အတွေးတွေကို ဖုံးကွယ်နိုင်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပြီး သူ့ မျက်နှာကအမြဲတမ်း အေးစက်နေ‌တော့တယ်။

အခုတော့ သူ့မျက်နှာဖုံးက ဖန်ခွက်လို ကွဲသွားခဲ့‌လေရဲ့။

လောင်ယွီချန် ဟာ မာနကြီးသူတစ်ယောက်ဆိုတာ ငါသိတယ်။   သူ အားနည်းနေချိန်မှာ တခြားသူကို မြင်ခွင့်‌ပေးမှာမဟုတ်ဘူး။

တကယ်တော့ သူက ခြုံငုံပြီး ထုတ်ဖော်မပြတတ်သေးဘူး။  သူဆက်ပြီး သရုပ်ဆောင်နိုင်ပေမယ့် အနီးနားမှာ ဘယ်သူမှ မရှိတဲ့အတွက် သူ့ရဲ့ ဝမ်းနည်းမှုတွေကို ဖြည်းဖြည်းချင်း ပြသနိုင်ခဲ့တယ်။  အထိရောက်‌အောင်မြင်ဆုံးသော သရုပ်ဆောင်တွေက  ငိုခြင်း သို့မဟုတ် ပြုံးခြင်းမရှိဘဲ မတ်တပ်ရပ်ရုံဖြင့် ဝမ်းနည်း‌စေတဲ့ခံစားမှုနဲ့ ပရိသတ်ကို လွှမ်းခြုံစေနိုင်တယ်။  လောင်ယွီချန်လည်း ယခုအချိန်တွင် ထိုအတိုင်းပင်။

ငါ့ကြောင့်ဖြစ်ခဲ့တာလား???

သူငါ့ကိုမချစ်ပေမယ့် ဂရုစိုက်နေပုံပဲ။  ငါ့ကို မုန်းတီးနေခဲ့ပြီးအမြဲတမ်းသူက သူ့ကိုယ်သူ‌ဖော်ပြသထားသလိုမျိုး နှလုံးသားမရှိတဲ့သူတစ်ယောက်လေ။

ဒါကငါ့ကို ‌ပျော်ရွှင်ကျေနပ်စေဖို့အတွက်လုံလောက်ပါတယ်။

ဒါဟာ ငါ့လို ထာဝရချစ်​ရတဲ့သူအတွက်​ ​သေချာ​သေချာပေါဆုလာဘ်ပဲ။

ရှမင်ရှု ပြန်ရောက်တာ တော်တော်နောက်ကျသွားတယ်။  သူ အပြင်ထွက်တုန်းကလောက်ထိ ဖြူဖျော့နေ‌သေးပေမယ့် သူ့အမူအရာက ထူးဆန်းနေတယ်။

ငါနားမလည်ဘူး! သူသူဘာလို့ငါ့ကိုအရမ်းစိတ်ပူနေတာလဲဟင်?

ဒီလောက်သရုပ်ဆောင်ရုံနဲ့တင် လုံလောက်ပါပြီ။  လောင်ယွီချန်က  ဒါကို စိတ်တောင်မဝင်စားဘူး။

ငါတို့က နီးစပ်ခဲ့တယ်လို့ ယူဆလို့‌တော့ရတယ်။လောင်ယွီချန် ကြောင့် ငါ မကြာခဏ အရက်သောက်လေ့ရှိပြီး ကာရာအိုကေသွားခဲ့ကြဖူးတယ်။  ငါအသက်ရှင်စဉ်တုန်းက သူ့ကို ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ပေမဲ့  ကောင်းကောင်းလည်းမဆက်ဆံခဲ့ဖူးဘူး။လောင်ယွီချန် ကြောင့် သူ့ကို ပေါင်းသင်းတာလို့လဲအမြဲရှင်းရှင်းလင်းလင်းပြောခဲ့တယ်။ ငါကသူ့ကို လောင်ယွီချန် ရဲ့ "သူငယ်ချင်း" အဖြစ် ဖိတ်ခေါ်ခဲ့ပြီး လောင်ယွီချန်ကို သူ့ဆီ မပေးချင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြခဲ့သေးတယ်။

ရှမင်ရှုပြန်ရောက်လာတဲ့အခါ လောင်ယွီချန်က  သူ့ရဲ့အေးစက်တဲ့အမူအရာသို့ တစ်ဖန်ပြောင်းလဲသွားတယ်။ရှမင်ရှုသာ စကားမပြောပါက၊ သူစကားပြောရန် အစပြုမည်မဟုတ်ပေ။  သူ ကအေးအေးဆေးဆေး ပုံစံပြုမူရန် ကြိုးစား‌နေ‌ပေမယ့်လည်း ရှမင်ရှုရဲ့လှုပ်ရှားမှုတိုင်းကို သူကြည့်နေတယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။  ရှမင်ရှုရဲ့ လုပ်ဆောင်ချက်‌တွေမှ တစ်စုံတစ်ခုကို ဖတ်ရှုရန် ကြိုးစားနေပုံရနေတယ်။

ရှမင်ရှုဟာ သူနှင့်ထိုကဲ့သို့သောဂိမ်း‌တွေကစားဖို့ စိတ်အားထက်သန်နေပုံမပေါ်ပေမယ့်လည်း သူက ရည်ရွယ်ချက်ရှိရှိ နှုတ်ဆိတ်နေဆဲပင်။သူ့အမူအရာကိုခန်မှန်းကြည့်ရ‌သလောက်ိတ်ထဲမှာကျိန်းမောင်းနေပုံရတယ်။

ငါအဲဒီအကြည့်ကိုမြင်လိုက်ရတော့ အရမ်းစိတ်မသက်မသာဖြစ်မိတယ်။ ဖန်းရှဲ့ယီက သူ့ကို အရာအားလုံးပြောပြမိမှာကို ငါစိုးရိမ်မိတယ်။

ငါသေနေပြီဆိုတာကို လောင်ယွီချန်မသိစေချင်ဘူး။

အစကတော့၊ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို ထိခိုက်မှာကို စိုးရိမ်တာကြောင့် သူ့ကို မတွေ့စေချင်ဘူး။  ဒါ​ပေမယ့်​ အခု​တော့ ငါသူ့ကိုကြောက်နေတာကြောင့်မို့လုံးဝမသိစေချင်ဘူး။

လောင်ယွီချန်က ပျော်ရွှင်စွာ ရယ်မောပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ဖြတ်သန်းမယ်လို့ထင်ထားခဲ့တာ။သူ မတော်တဆ နင်းမိသွားခဲ့တဲ့ မြက်ပင်လေးဖြစ်တဲ့ငါ့အပေါ် အနည်းဆုံး စက္ကန့်အနည်းငယ်လောက်  အပြစ်ရှိတယ်လို့ ခံစားမိမယ်လို့လည်းမထင်ထားခဲ့မိပါဘူး။  သူ့ဘဝခရီးမှာ အဆုံးမဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေခဲ့တယ်။  ငါမသေခင်မှာ ဒီလိုတွေးထားပေမယ့် ဒီ‌နေ့ရှမင်ရှုအိမ်ကထွက်သွားချိန်သူ့အခြေအနေကိုမြင်ပြီး ငါထင်ခဲ့တာတွေအားလုံး မသေချာတော့ဘူး။

ငါ ဟန်ဆောင်နေတာလား ဒါမှမဟုတ် စိတ်ကူးယဉ်ဆန်ဆန် တွေးနေတာလားလို့ မင်း‌မေးနိုင်တယ်။  ဒါပေမယ့် လောင်ယွီချန်က အမှန်တကယ်ပင် ငါထင်တာထက် ပိုပြီး ဂရုစိုက်လိမ့်မယ်ထင်တာပဲ။

သူငါ့ပေါ် နာကြည်းမုန်းတီးမှု ကင်းနေတာကောင်းပါတယ်။

ငါအသက်ရှင်နေသေးချိန်က သူ့ကို လက်လွှတ်ဖို့ ငြင်းဆန်ပြီး သူ့ကို အမြဲတွယ်ကပ်နေခဲ့တယ်။  ဒါပေမယ့်ငါ သေပြီးသည့်တိုင် သူ့ကိုစွဲလန်းဖို့ဆန္ဒမရှိခဲ့ဘူး။

Olvasás folytatása

You'll Also Like

1.8M 303K 160
Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်...
801K 25.4K 31
" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘ...
228K 12.2K 79
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1M 56K 47
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...