"သား"
"ရတယ် မယ်မယ်"
"ဟုတ်ကဲ့အစ်ကို "
"သား "
"မယ်မယ်"
Unicode
"တွေ့လိုက်ရင် သားငယ်လေးက ပြန်နေကောင်းမှာလား"
"ခုအိပ်ရာထဲလဲနေတဲ့အခြေအနေထက်တော့ ပိုကောင်းလာမှာပါ အမမေမီလင်း"
"ကောင်းပြီလေ တွေ့ပေးကြည့်တာပေါ့ တကယ်လို့ခင်ဗျားတို့ပြောတဲ့အတိုင်း မဖြစ်ရင် ဒီနေ့ကိစ္စအတွက် ခင်ဗျားတို့တောင်းပန်ရမယ်"
"တကယ်လို့ ဖြစ်ခဲ့ရင်ရော ဦးဖြိုးတေဇ သားတို့ကိုလက်ခံပေးမှာလား ကျွန်တော်တို့က သားကိုအဆုံးရှုံးမခံနိုင်ဘူး"
"အဲဒါကတော့အခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်ကြတာပေါ့ ဦးစဝ်သိင်္ခါ"
"မောင်ကြိုင် မောင်ကြိုင် မင်း သခင်လေးကိုခေါ်လာခဲ့"
ဒေါ်မြတ်မာလာနွယ် အသံအဆုံးမှာ အသားဖြူဖြူ မျက်လုံးမျက်ခုံး ကောင်းကောင်း ယောက်ကျားပီသတဲ့မျက်နှာမျိုးပိုင်ဆိုင်ထားတဲ့ ကောင်လေးတယောက်က ဝှီးချဲပေါ်မှာပါလာတာကိုတွေ့လိုက်ရတယ် ဖြူဖျော့နေတဲ့နှုတ်ခမ်းတွေက နေမကောင်းမှန်းသိသာပင်မယ့် လူငယ်လေးရဲ့ချောမော ခန်ညားမှုကို လျော့မသွားဘူးလို့ မေမီလင်းမှတ်ချက်ချလိုက်မိတယ်
"သားကလည်း သားငယ်လေးဖြိုးဆုလာဒ်လို့ပဲနေမကောင်းဖြစ်နေတာ 5ရက်လောက်ရှိပြီ သားကငယ်ငယ်လေးကတည်းက ကျွန်မတို့မျိုးနွယ်ရဲ့စိတ်ကျင့်စဉ်တွေကြောင့် သတိမေ့တာမျိုးတွေခုချိန်ထိ မဖြစ်သေးတာ"
"ဒီကအန်တီနဲ့ အန်ကယ်ကို ကျွန်တော်တောင်းပန်ပါတယ် တကယ်ဆို ညီက ကျွန်တော်ကိုကယ်ရင်း မတော်တဆ ဒီကျိန်စာမှာပါဝင်ပက်သက်ပြီး အခုလိုခံစားနေရတာပါ အဲဒီအတွက် ကျွန်တော်တကယ်ကို အနူးအညွတ်တောင်းပန်ပါတယ်"
"ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်ပါ့မလဲ သားနာမည်ကစဝ်မင်းမာန်ခနော်"
"ဟုတ်ကဲ့ပါအန်ကယ် ဟွတ် ဟွတ်"
"သား"
"ရတယ် မယ်မယ်"
ချောင်းဆိုးရင်း သွေးပါအန်လာတာကိုကြည့် ရင်း မေမီလင်း သက်ပြင်းကို သာချလိုက်မိတော့တယ် ဘယ်လိုကျိန်စာမျိုးမလိုအဲလောက်တောင် ကလေး2ယောက်ပေါ် ပြင်းထန်နေရတာပါလိမ့်
"အဲဒါဆို ကလေး2ယောက်ကိုတွေ့ပေးရအောင် သားငယ်လေးအခန်းသာခေါ်ခဲံလိုက်တော့ မေမီ"
"ဟုတ်ကဲ့အစ်ကို "
အိပ်ရာဖြူဖြူလေးပေါ်မှာ ဖြူဖျော့စွာ သတိမေ့နေတဲ့ ကလေးကိုကြည့်ရင်း ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်မိတယ် တကယ်ဆို ကလေးကကိုယ့်အသက်ကိုကယ်ရင်း ဒီလိုခံစားနေရတာမလား
"သား "
"မယ်မယ်"
"သားငယ်လေးကိုပွေ့ဖက်ပြီး ရင်ငွေ့ပေးမှရတော့မယ်ထင်တယ် မယ်မယ်က အဲလောက်ထိဖြစ်သွားမယ် မထင်ထားဘူး "
"ဟုတ်မယ်မယ် သားကိုကူညီပေးပါ"
"ဦးဖြိုးတေဇ သားတို့နှစ်ယောက်က မတွေ့ရတဲ့ ရက်ကကြာသွားတော့ တယောက်ရဲ့ကိုယ်ငွေ့ကိုတယောက်ရအောင် သူတို့2ယောက်ကို..."
ဦးဖြိုးတေဇက သက်ပြင်းချလိုက်ပြီး
"လုပ်ချင်တာသာလုပ်တော့ဗျာ "
စဝ်မင်းမာန်ခတယောက် ကုတင်ပေါ်မှာရှိတဲ့ဖြူလျော့လျော့ ဖြစ်နေတဲ့ကလေးကို အသာလေးထွေးပွေ့ထားလိုက်တယ်
သူ့သားကိုလာတောင်းတဲ့ ယောက္ခမရှေ့မှာ သူ့သားလေးကို officially ပွေ့ဖက်ခွင့်ရတဲ့ ကိုယ်က လောကမှာကိုယ်က ကံအကောင်းဆုံး ပါလားလို့တောင်တွေ့မိလိုက်ပြီး အသာပြုံးလိုက်မိတယ်
နောက်တပိုင်းမှဆက်ကြတာပေါ့