တီခ်ယ္က ဆည်းလည်းလေး
By PonePone2177
151K 10.4K 450
'' တီခ်ယ္သိလား တီချယ်အသံကသမီးအတွက်တော့ဆည်းလည်းလေးလိုပဲ ကြားလိုက်တာနဲ့ပြေးတွေ့လိုက်ချင်တာမျိူး'' ... More
Episode ( 1 )
Episode 1 Unicode
Episode 2
Episode 2 Unicode
Episode 3
Episode 3 Unicode
Episode 4
Episode 4 Unicode
Episode 5
Episode 5 Unicode
Episode 6
Episode 6 Unicode
Episode 7
Episode 7 Unicode
Episode 8
Episode 8 Unicode
Episode 9 Unicode
Episode 10
Episode 10 Unicode
Episode 11
Episode 11 Unicode
Episode 12
Episode 12 Unicode
Episode 13
Episode 13 Unicode
Episode 14
Episode 14 Unicode
Episode 15
Episode 15 Unicode
Episode 16
Episode 16 Unicode
Episode 17
Episode 17 Unicode
Episode 18
Episode 18 Unicode
Episode 19
Episode 19 Unicode
Episode 20
Episode 20 Unicode
Episode 21
Episode 21 Unicode
Episode 22
Episode 22 Unicode
Episode 23
Episode 23 Unicode
Episode 24
Episode 24 Unicode
Episode 25
Episode 25 Unicode
Episode 26
Episode 26 Unicode
Episode 27
Episode 27 Unicode
Episode 28
Episode 28 Unicode
Episode 29
Episode 29 Unicode
Episode 30
Episode 30 Unicode
Episode 31
Episode 31 Unicode
Episode 32
Episode 32 Unicode
Episode 33 ဇာတ်သိမ်း
Episode 33 ဇာတ်သိမ်း
မြဝတ်ရည်မေ
စာ
hey
စာအုပ်အတွက်
စာအုပျအတှကျ
Episode 9
1.1K 54 1
By PonePone2177
GL Fiction ( OC ) By ( Pone )
တီချယ်က ဆည်းလည်းလေး
အပိုင်း ၉
"ယုယ တံခါးဖွင့် "
အပြင်ကနေ တံခါးကို တဒုန်းဒုန်ထုနေသည့် မမ။ တီချယ်နဲ့စကားပြောပြီး ပြန်လာတည်းက ယုယ အိပ်မိနေတာပဲ။ ငိုရတာပင်ပန်းပြီး အိပ်ပျော်သွားတာနေမှာ။ လက်မှာပတ်ထားတဲ့ နာရီကို ကြည့်လိုက်တော့ ငါးနာရီပင်ထိုးတော့မည်။ ကုတင်ပေါ်က မြန်မြန်ဆင်းရင်း တံခါးဂျက်ကို ဖွင့်ပေးလိုက်သည်။
"ယုယ အိမ်ပြန်ရောက်ထဲက အခန်းထဲမှာပဲနေတယ်ဆို ခုတောင် မမ ပြန်လာလို့ ဖွင့်ပေးတာလား"
အခန်းထဲကို ဝင်ကာ တရေစပ်ပြောနေတဲ့ မမကြောင့် ယုယ ကုတင်ပေါ် ဝမ်းလျားမှောက်လိုက်မိသည်။
"မမ ငါပြောစရာရှိတယ် "
မမက တိတ်နေသည်။ ခနနေမှ သူ့ဘေးက ကုတင်စောင်းမှာ ထိုင်သည်။ ယုယ မငိုမိအောင် စိတ်ကိုတင်းနေပေမဲ့လည်း မျက်ရည်တို့သည် လက်ယပ်မခေါ်ပဲ မျက်စိမှိတ်ထားလျက် စီးကျနေပြန်သည်။ တစ်ခုခုဆို မျက်ရည်လွယ်သည့် အကျင့်ကိုလည်း ပြင်ရပေဦးမည်။
"ငိုနေတာလား "
ယုယ ခေါင်းကိုဖွဖွပွတ်လျက် မမက ဆိုသည်။ ယုယ အမြန်ပင် ထထိုင်ကာ မမ ရင်ခွင်ထဲအား တိုးဝင်ရသည်။ နောက်ပြီး မမရင်ခွင်ထဲမှာပဲ ယုယ ရိုက်ကြီးတငင် ငိုသည်။
"မမ ငါမှားသွားပြီထင်တယ်"
"ငါတီချယ့်ကို ချစ်တယ်လို့ ပြောမိတယ် ဆရာမတစ်ယောက်အနေနဲ့ မဟုတ်ပဲ ချစ်သူတစ်ယောက်လို ချစ်တယ်လို့ပြောမိတယ်"
ယုယ ခေါင်းကို မမက ပွတ်သပ်လျက် မငိုနဲ့လို့ တဖွဖွ ပြောသည်။ မမ ရင်ခွင်ထဲမှ ထွက်ကာ ဆံပင်တို တို့ကို သပ်သည်။ မမကတော့ သူ့ကိုကြည့်ကာ ပြုံးသည်။ ဒါပေမဲ့ မျက်လုံးထဲမှာ မျက်ရည်တွေဝဲနေသလိုပင်။
"မမညီမလေးကလေ တကယ် ကလေးလေးပဲ မငိုနဲ့ "
"မမ "
"အင်း သိတယ် ရှင်းပြစရာမလိုဖူး မမနားလည်တယ်"
မမက ယုယကို ​ခေါင်းငြိမ့်ကာ ပြုံးပြသည်။ အရာရာကို နားလည်ခွင့်လွှတ်ပေးသည့် မမကို ယုယ အန်မတန်ချစ်ပါသည်။
"ညီမလေးရဲ့ တီချယ်က ဘာပြောသေးလဲ "
သူ့အမေးကို ယုယက ခေါင်းကို အောက်သို့စိုက်ချသည်။ သက်ပြင်းကိုသာ တွင်တွင်ချပြန်သည်။
"သူက ဖွင့်ပြောတုန်းကတော့ သူ့ကိုစောင့်ပေးပါတဲ့ ခုမနက်ကျတော့ သူအိမ်ထောင်ပြုတော့မှာမို့ နိုင်ငံခြားပညာသင်ဆုကို ရအောင်ယူပြီးတိုင်းတစ်ပါးမှာ ကျောင်းသွားတတ်ပါတဲ့"
"ဒါဆို ညီမလေးက ဘယ်လိုလုပ်ဖို့တွေးထားလဲ"
"မသိဖူး မမရယ် ညီမလေးတော့ အဝေးကြီးကို ခနထွက်ပြေးချင်မိတယ် သူ့ရဲ့ မင်္ဂလာပွဲကိုလည်း ညီမလေး ရင်မဆိုင်နိုင်လောက်ဖူး"
ပြောပြီးသည်နှင့် ယုယ မျက်လုံးထဲမှ မျက်ရည်များ ကျဆင်းလာလေသည်။ ယုယနွယ်လည်း ညီမလုပ်သူရဲ့ မျက်ရည်များကို သုတ်ပေးလိုက်လေသည်။
"မမရဲ့ ညီမလေးက ကြံခိုင်ပါတယ် မမပြောစရာရှိတယ် မမကိုတီချယ်မြကခေါ်တွေ့တယ် နောက်ပြီး ညီမလေးကို ပညာသင်ဆုရအောင် ကြိုးစားခိုင်းတယ် သူအိမ်ထောင်ပြုတော့မယ်လို့တော့ပြောတယ် ဒါမဲ့ဘယ်ချိန် ဘယ်နေ့လဲတော့ မမလည်းမသိဖူး"
"အင်း သိပါတယ် ညီမလေးက သူ့အတွက်အနှောက်ယှက်ဖြစ်မှာစိုးလို့ အတင်းတွေနှင်နေတယ်ဆိုတာ"
"မမတော့ အဲ့လိုဖြစ်မယ်မထင်မိဖူး"
"အန်တီတင် သမီးဝင်လာမယ်နော်"
အိမ်ရှေ့မှ ကြားရတဲ့အသံကြောင့် ယုယနဲ့ မမရဲ့ စကားများပြတ်သွားသည်။ ဒါ့အပြင် ယုယ ကျောများမတ်သွားတော့သည်။ မမကတော့ အိမ်ရှေ့ကိုလှည့်ကြည့်သည်။ တံခါးပိတ်ထားသော်လည်း မမက တံခါးဝကို လှည့်ကြည့်သည်။ နောက်ပြီးမှ ယုယ ဖက်ကိုလှည့်ကြည့်ပြန်သည်။
"ညစ်စုတ်နေရောပဲနော် ရေချိုးမလား အိမ်ပြင်အရင်ထွက်ပါလေ ရှင့်ဧည့်သည်လာတယ်မလား"
မမက ယုယ ပခုံးကို သူ့လက်များဖြင့် ဖိကိုင်ကာ ထထွက်သွားလေသည်။ ယုယလည်း မမ နောက်ကနေ လိုက်သွားမိသည်။
"အန်တီတင်ကို လာခွင့်တောင်းတာ ယုယကို ဒီညခေါ်ထားဦးမယ်နော်"
မနက်က အိမ်ထောင်ပြုမှာမို့ မပတ်သက်စေချင်တဲ့ တီချယ်နဲ့ လားလားမျှမသက်ဆိုင်။ ခုပုံစံသည် မေမေကို ရယ်မောကာ စကားပြောနေလေသည်။ တော်တော် တတ်လည်းတတ်နိုင်တဲ့မိန်းမမျိုးဟုသာ တွေးလိုက်သည်။
"ခေါ်သွားလေ ယုယ တီချယ်နဲ့လိုက်သွားလိုက်နော် "
မေမေက ယုယကို လိုက်သွားမလားတောင် မမေးပါ။
"နေ့ခင်းက ပြန်လာထဲက အခန်းထဲကကို မထွက်ဖူးလေ ခုမှသူ့အမပြန်လာလို့ ထွက်လာတာ ပေစုတ်နေတာပဲ ရေသွားချိုး"
တီချယ့်ကို ပြုံးပြီးစကားပြောနေသည့် မေမေက ယုယကို ချက်ချင်းကြည့်ကာ မျက်ခုံးများတွန့်လျက် ရေအတင်းပင် ချိုးခိုင်းနေပြန်သည်။
"မေမေကလည်း သမီး အိပ်နေတာပါ မမလာမှ နိုးတာ မယုံရင် မေးကြည့်ချည် "
မမဖက်ကို လှည့်ပြီးပြောတော့ မမကရယ်သညိ။
"ဟုတ်တယ်မေကြီးရဲ့ သူအိပ်နေတာလေ ကဲပါ ရေသွားချိုး တီချယ်မြကိုအားနာစရာကြီး မြန်မြန်လုပ်"
"ဘယ်သူက လိုက်မယ် ပြောလို့လဲ"
ရုတ်တရက်ထပြောလိုက်တဲ့ ယုယ စကားကြောင့် တီချယ်မျက်နှာသည် ရိပ်ကနဲပျက်သွားသည်။ မေမေကတော့ ယုယ ကိုသေချာကြည့်သည်။ ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ မမကလည်း ယုယ ကိုမျက်ခုံးများတွန့်ပြလေသည်။
"သမီး မလိုက်ချင်လို့လား "
တိတ်နေတဲ့အတောတွင်း ထမေးလာသည့်အသံလေးကြောင့် ယုယ အားများပျက်မိသည်။ တီချယ့်ကို ကြည့်တော့ ငိုထားမှန်းသိသာသည်။ မျက်ခွံများမို့ကာ နီနေလေသည်။ ငိုချင်တဲ့စိတ်ကို ယုယ ထိန်းချူပ်လိုက်မိပြန်သည်။
"လိုက်ခဲ့မယ် ခနတော့စောင့် "
သူပြောမှ ဖြတ်ခနဲရယ်သည့် တီချယ့် မျက်နှာလေးကို ယုယ ခနမျှသာငေးပြီး အခန်းထဲသို့သာ ဝင်ခဲ့တော့သည်။ အော် တတ်လည်းတတ်နိုင်တဲ့ တီချယ်ပါလား။
"အန်တီ သမီးယုယ နောက်ကိုလိုက်သွားဦးမယ်နော်"
"အော် လိုက်သွားလေ သမီး"
အန်တီတင်နဲ့ ယုယရဲ့အမအား ထားခဲ့ပြီး ယုယ အခန်းထဲသို့ မြလည်းဝင်လာလိုက်တော့သည်။
"အမလေး ပလုတ်တုတ်"
ဖြုန်းခနဲ ဝင်လာတဲ့ တီချယ့်ကြောင့် ယုယ ထမိန်ကို ရင်ဖက်ထိ ဆွဲတင်ကာ ဝတ်ရသည်။ သူရေချိုးရန် အကျီင်္များ ချွတ်နေစဉ်မှာ တီချယ်က ဝင်လာသောကြောင့်ဖြစ်သည်။ ပန်းရောင်သန်းနေတဲ့ မျက်နှာကို မပေါ်လွင်စေရန် ယုယ အတတ်နိုင်ဆုံးထိန်းလိုက်ရသည်။
"ယောင်တာကလည်း ချစ်စရာကွယ်"
ပြောလည်းပြော သူ့ကုတင်ပေါ်မှာ တက်ထိုင်လိုက်တဲ့တီချယ်။ ဟိုကြည့်ဒီကြည့်နဲ့ သူ့အခန်းအား အကဲခတ်နေသည့်ပုံပင်။
"ကျွန်မ ရေချိုးတော့မယ်နော် "
"အင်း"
အင်းဟုသာပြောပြီး ပြတင်းတံခါးနားသို့သွားရပ်နေသည့် တီချယ်ကို ယုယ ကြည့်ကာပြုံးမိသည်။ ဒီအမျိုးသမီးကို ချစ်ရတာလည်းမလွယ်ပါလား။ စိတ်ဆိုးရင်တောင် အပြည့်စိတ်မဆိုးနိုင်ဖူးလေ။ ကိုယ့်အတွေးနဲ့ကိုယ်ခေါင်းခါလိုက်ရင်း ရေချိုးခန်းဆီသို့သာဝင်လာခဲ့တော့သည်။
"မင်းအခန်းက သပ်ရပ်သားပဲ မင်းတို့ ညီအမနှစ်ယောက် နေတာပေါ့နော်"
ရေစိုလက်စနဲ့ထွက်လာတဲ့ ယုယက အဝတ်တွေပါလဲလာသည်။ မျက်နှာကိုသဘတ်နဲ့သုတ်ကာ သူ့ကိုကြည့်သည်။
"အင်း မမနဲ့နေတာလေ ဒါ့ဖြင့် သွားရအောင်လား မိုးချူပ်နေပြီ"
အခန်းတံခါးနားလျှောက်သွားတဲ့ ယုယကို မြတစ်ယောက် အနောက်ကနေ ခါးတို့အား သိုင်းဖက်လိုက်မိသည်။ ယုယက ငြိမ်သက်နေသည်။
"တီချယ် သမီးကိုပညာသင်ဆုရစေချင်တယ် နောက်တစ်ခုက တီချယ်ခုလိုဆုံးဖြတ်တာက သမီးတွက်ချည်းပါပဲ"
ယုယသည် အနောက်သို့လှည့်ကာ ကြည့်သည်။ မြဝတ်ရည်မေသည် ခေါင်းကိုသာ ငုံထားသည်။
"သမီးနားမလည်သေးဖူး တီချယ်အိမ်ထောင်ပြုတော့မှာပဲ လာပါ ခုတော့ မှောင်နေပြီ တီချယ့်အိမ်သွားရအောင်"
ဘာမှဆက်မပြောချင်တော့တာကြောင့် တီချယ်လက်တွေကိုဆွဲကာ အခန်းထဲမှထွက်လာခဲ့သည်။ ဖေဖေတို့အား နှုတ်ဆက်ပြီး တီချယ့်အိမ်ကိုလိုက်သွားတော့သည်။ လမ်းလျှောက်ရင်း တီချယ်ကော ယုယကော ဘာစကားမှပင်မဆိုခဲ့ပါ။ ယုယလည်း ဘာစကားမှမပြောခဲ့ပါ။ ဒီလိုလေး ငြိမ်သက်ရတာကို သူကြိုက်ပါသည်။ အထူးသဖြင့် နောင်တစ်ချိန်မှာ တီချယ်နဲ့သူဝေးနိုင်တာမို့ ရတုန်းအချိန်လေးတွေကို ပူလောင်မူတွေနဲ့မကုန်စေချင်တော့တာအမှန်ပါ။ အကယ်၍ တီချယ်က အိမ်ထောင်ပြုခဲ့လည်း ယုယ ဒီတိုင်းလေး တီချယ်မြဝတ်ရည်မေဆိုတဲ့ အမျိုးသမီးအား ဆက်၍ချစ်နေဦးမှာဖြစ်သည်။
"သမီး "
". ..''
မြရဲ့အခေါ်အား ထူးမလာသည့် ယုယအောင်။
"အမြဲမှတ်ထားပေး တီချယ့်ဆုံးဖြတ်ချက်ကို ဘယ်တော့မှ နောင်တရမှာမဟုတ်ဖူး ခုလိုဆုံးဖြတ်ရတာ သမီးတွက်ချည်းပဲမို့ ပညာသင်ဆုကိုရအောင်ယူပေးပါ။ ကြိုးစားပေးပါ တီချယ့်တွက်မဟုတ်တောင် သမီးကအရမ်းကိုတော်တယ်ဆိုတာ သက်သေပြပေးပါ သမီးကကြယ်လေးတစ်လုံးထက်ပိုတယ်ဆိုတာ တီချယ်သိပြီသား"
ခုံပေါ်မှာ ထိုင်နေတဲ့ ယုယအနားကို လာထိုင်၍တီချယ်က ထိုသို့ဆိုပြန်သည်။ ဘာစကားမှမပြောသည့် သူ့ကိုလေ။ ခုလည်းနူတ်ဆိတ်နေဖို့ပဲ ယုယ သိပါသည်။ အတော်ကြာတော့မှ တီချယ့်ကို ယုယ ကြည့်သည်။
"တကယ်အဲ့လိုဖြစ်စေချင်ရင် ဖြစ်အောင်လုပ်ပေးမယ် တစ်နေ့မှာ တီချယ် "
ယုယ ပြောလက်စတို့ ခတ္တရပ်တန့်ကုန်သည်။ လေထဲမှာပဲ စကားတို့ပျောက်ကုန်သည်။ တီချယ်ကလေ သူ့တွက်ပဲသူကြည့်နေတယ်ထင်မိသည်။ ယုယ ဘာဖြစ်နေလဲဆိုတာကို တစ်ခွန်းတောင်မမေးပဲလေ။ ယုယ မျက်နှာကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်မိသည်။
"တစ်နေ့မှာ တီချယ့်ရဲခုလို ရွေးချယ်မူတွက်နောင်တရနေလိမ့်မယ် တကယ်ပဲ ယုယ တီချယ့်အနားမှာ မရှိရင် တီချယ် ပျော်မှာလား "
"အင်း"
ခေါင်းကို ခပ်ဖြေးဖြေးညိမ့်ခါ ဆိုသည်။
"ကောင်းပါပြီလေ ခုလိုယုယ ပညာသင်ဆုရသွားလို့ ဒီကနေထွက်သွားရမယ်ဆိုရင်တောင် သမီးကောင်းစားဖို့တွက်ထွက်သွားတယ်ဆိုတာထက် သမီးကတီချယ့်တွက် အနှောင့်ယှက်ဖြစ်မှာစိုးလို့ ထွက်သွားရတယ်ဆိုတာ သိထားပေးပါ။ နောက်ပြီး သမီး တီချယ့်ကိုချစ်တာ ဘာလိုချင်တပ်မက်မူမှ မပါဖူးဆိုတာကောသိထားပေးပါ"
သူပြောတာတွေကို တီချယ်က မျက်လုံးလှလှလေးတွေနဲ့ကြည့်သည်။ မျက်ဝန်းတွေကပြောနေတယ် တီချယ်သည်းခံနိုင်တယ် တီချယ်ခံနိုင်ရည်ရှိတယ်တဲ့လေ။ ဘယ်နေရာ ဘာတွေကများမှာနေလဲ ယုယ မသိချင်တော့ပါ။
"သမီး အိပ်တော့မယ် ညစားမစားတော့ဖူးနော်"
"တီချယ်ကော အိပ်တော့မှာလေ "
"ဟင် တီချယ်က ညစာမစားဖူးလား"
ခုံပေါ်ကထလျက်နဲ့ယုယ မေးတော့ တီချယ်က မျက်နှာလေးညိုးနေလေသည်။
"သမီးမှ မစားပဲ တီချယ်က ဘယ်လိုစားလို့ရမှာလဲ"
ခုထိ သူ့ကိုချွဲနေတဲ့ တီချယ့်ကြောင့် မျက်ရည်တို့က မဖိတ်ခေါ်ပဲကျလာမိသည်။ လက်ညိုးဖြင့် ထိုမျက်ရည်တွေကိုသုတ်လိုက်မိသည်။
"လာ တူတူသွားစားမယ်"
ထမင်းစားခန်းလေးထဲသို့ နှစ်ယောက်လုံးတူတူဝင်ခဲ့ကြသည်။ ဒီတစ်ခေါက်တော့ ထမင်းစားဝိုင်းမှာ အပ်ကျသံပင်မကြားရပဲ တိတ်နေတော့သည်။ ယုယ ရှေ့ကအမျိုးသမီးကို ကြည့်တော့ ထမင်းကိုသာငုံစားနေသည်။ ငိုချင်စိတ်ကို တင်းကာ ယုယ ထလိုက်မိသည်။
"သမီး တော်ပြီလား"
"တော်ပြီ သမီးညနေက အိမ်မှာလည်းစားလာသေးတယ်"
မုသားမဆိုချင်ပေမဲ့ သူ ဒီပုံစံနဲ့ဆက်စားလို့မရနိုင်တာကြောင့်ပင်။
"အင်း အဲ့ဒါဆို နားချင်နားလေ တီချယ်သီချင်းဖွင့်ပေးရမလား"
"မဖွင့်ပါနဲ့ သမီးအခန်းထဲသွားတော့မယ်နော်"
ကျောခိုင်းကာ ထွက်သွားတဲ့ ယုယကို မြကြည့်နေမိသည်။ တစ်နေ့ကျရင် သူ့စေတနာတွေကို ယုယနားလည်မယ်လို့ မျှော်လင့်မိပါသည်။
အခန်းထဲကိုဝင်လာလိုက်ရင်း ကုတင်ပေါ်မှာငြိမ်သက်စွာထိုင်နေမိသည်။ ဘာသီချင်းမှနားမထောင်ချင်ပါ။ အထူးသဖြင့် တီချယ်နဲ့တူတူ ခုလိုအချိန်မှာ နားမထောင်ချင်ပါ။ နောက်ဆုံးနားထောင်ရမယ့်သီချင်းမဖြစ်စေချင်ရုံပါ။
"သမီး ဝင်လာမယ်နော်"
အခန်းတံခါးကို ခပ်ဖွဖွလေးဖွင့်ကာ မြဝင်လာတော့ ကုတင်ပေါ်မှာ ပတ်လက်လေးဖြင့်အိပ်နေသည့်ယုယ။ စောင်ခြုံထားပေမဲ့ အောက်ပိုင်းတစ်ဝတ်သည် လွတ်နေလေသည်။ ယုယ ဘေးသို့ အသာအယာတိုးဝင်းကာ လှဲလိုက်မိသည်။ နောက်ပြီး ယုယ မျက်နှာပေါ်က ဆံပင်လေးတွေကိုသပ်သင်ပေးလိုက်ကာ နဖူးပြင် မကျဉ်းမကျယ်ကို နမ်းလိုက်သည်။
"အရမ်းပင်ပန်းနေမှန်းသိပါတယ် ဒါမဲ့ တီချယ့်ကို နားလည်ပေးပါ"
နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ယုယကို တင်းကျပ်စွာပွေ့ဖက်လိုက်မိသည်။ အမှတ်မထင် မျက်လုံးတို့က ယုယ ဘေးကိုကြည့်မိတော့ သနပ်ခါးပန်းများကိုတွေ့ရလေသည်။ ဒီကလေး တကယ်ပဲ ဒီသနပ်ခါးပန်းတွေကို အမြဲများဆောင်ထားသလား သံသယဝင်မိသည်။
နံနက်ခင်းနေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် အတင်းတိုးဝင်လာသည်။ စူးနေတဲ့နေရောင်ကြောင့် ယုယ မျက်လုံးတို့ ခပ်တင်းတင်းမှိတ်လိုက်ပြီးမှ ပြန်ဖွင့်ရသည်။ ဘေးနားကနွေးနေတဲ့အတွေ့ကြောင့် ကြည့်လိုက်မိတော့ သူမရဲ့ချစ်ရတဲ့ တီချယ်။ တီချယ်က ယုယ လက်တွေကို ဆုပ်ကိုင်ကာ အိပ်ပျော်နေသည်လေ။ ထိုမြင်ကွင်းက ယုယရဲ့ နှလုံးသားအား လှံဖြင့်ထိုးစိုက်လိုက်သလိုပါပဲ။ ဒီနေ့က တီချယ်နဲ့တူတူနိုးထခွင့်ရတဲ့ နောက်ဆုံးမနက်ခင်းပဲဖြစ်လိမ့်မည်။ တီချယ့်ပါးတို့ကို ခပ်ကြာကြာလေးဖိကပ်နမ်းလိုက်ကာ ရေချိုးခန်းဆီသို့ခြေလှမ်းများ ဦးတည်လိုက်တော့သည်။
Episode 10 မျှော်ရန် 💞🍂
11.12.2021 🦋🌳
Continue Reading
You'll Also Like
707K 40.7K 26
Jk - Possessive type #Warning Cv_ Pinterest
574K 14.9K 77
364K 24.8K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
1.3M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...