GL Fiction ( OC ) BY ( Pone )
တီချယ်က ဆည်းလည်းလေး
အပိုင်း ၇
"အန်တီကြီး ကပ်စေးနှဲတစ်ခု ဘယ်လောက်လဲ "
လင်းအောင်သည် ကပ်စေးနှဲများကိုကြည့်ကာ ဆိုသည်။
"တစ်ခုနှစ်ရာပါ "
ပုဆိုးအဟောင်းအား ခေါင်းပေါ်တင်ထားတဲ့ အသားညိုညို အဒေါ်ကြီးကထိုသို့ပြန်ပြောလေသည်။
"ဒါဆို ကျွန်တော်တို့ကို လေးခုပေးပါဗျ"
လင်းအောင်ရဲ့ စကားအဆုံး ထိုကပ်စေးနှဲသည် အဒေါ်ကြီးက ဝါးခြမ်းတုတ်များဖြင့် ကပ်စေးနှဲကို ယူကာ ရစ်ပတ်နေသည် မြေပဲ နှမ်းများဖြူးနေသည့် ကပ်စေးနှဲကို ခင်ခင်ကသရေယိုကျမတတ်ကြည့်သည်။ ကျော်ခေါင်လည်း ထိုနည်းတူစွာပင်။
ကမ်းပေးလာတဲ့ ပထမဦးဆုံး ကပ်စေးနှဲကို လင်းအောင်ကသူ့ဘေးက ခင်ခင့်ကိုပေးသည်။ ခင်ခင်က ကပ်စေးနှဲကို ကြည့်ရင်း ယုယကိုပြန်ပေးသည်။ ယုယကိုဆို အမြဲဦးစားပေးတတ်သည့် ခင်ခင်မဟုတ်လား။
နောက်တစ်ချောင်းမှ ခင်ခင်ကယူပြီးစားသည်။ ကျော်ခေါင်နဲ့လင်းအောင်တို့လည်း ကပ်စေးနှဲရမှ ယုယတို့ ငွေထုတ်ကာရှင်းလိုက်ကြသည်။
"ဟဲ့ ငါတို့ အတန်းသွားတတ်ရအောင် တီချယ်မြက မှာသွားတယ်လေ အတန်းမပျက်ကြဖို့"
ကျော်ခေါင်က သူ့ရဲ့ ကပ်စေးနှဲကို လျှာနဲ့လျပ်နေရင်းက ထို့သို့ဆိုလေသည်။
"ဟုတ်တယ် သွားတတ်ကြမယ် စာမေးပွဲဖြေရင် အမှတ်ကောင်းအောင်"
ကျော်ခေါင်အပြောကို ထောက်ခံနေတဲ့ ဂျိုသူမ ခင်ခင့်ကို ယုယကြည့်ကာ မဲ့ပြလိုက်သည်။ ကျောင်းတတ်ဖို့ ခုမှတတ်ကြွနေတဲ့ ခင်ခင်ပါလေ။
"ဆည်းလည်းလေးများပွတ်တိုက် ရိုက်သံလို
ခေါင်းလောင်းလေးများ..ထိုးနှက်လိုက်သံလို "
လွယ်အိတ်ထဲမှ ဖုန်းအား ကပျာကရာကိုင်ရသည်။ ထုံးစံအတိုင်း ဖုန်းဆက်တဲ့သူကြောင့် ယုယ ပြုံးရပြန်သည်။
"ဟယ်လို တီချယ်..ဟုတ်"
ဖုန်းအားပြောပြီးသည်နှင့် လွယ်အိတ်ထဲကိုပြန်ထည့်လိုက်ရင်း ခင်ခင်တို့ကို ကြည့်မိသည်။ ခုထိ ကပ်စေးနှဲအား ပယ်ပယ်နယ်နယ် စားနေကြခြင်းဖြစ်ပါသည်။
"ကဲ ငါတို့အတန်းသွားတတ်ကြရအောင်"
ယုယ အပြောကို သုံးယောက်သား ဒီတစ်ခါတော့မငြင်းတော့ပေ။ ခေါင်းများကိုပင် မဖော်၍ ကပ်စေးနှဲများစားလျက်ပင် ခေါင်းငြိမ့်ပြကြသည်။
တက္ကသိုလ် အဓိပတိလမ်းမကြီး တစ်လျောက် သူတို့သူငယ်ချင်းလေးယောက်ကတော့ ပျော်ရွှင်စွာလျောက်လှမ်းလာခဲ့ကြတော့သည်။
"ဟဲ့ ဟိုမှာ နင့်တီချယ် လာပြီ"
ခုံပေါ်မှောက်အိပ်နေတဲ့ ယုယကို ဘေးကခင်ခင်က သတောင်ဖြင့် တွက်ကာဆိုလေသည်။ ယုယနဲ့ ခင်ခင်က အလယ်မှာထိုင်ပြီး လင်းအောင်က ယုယဘေးမှာထိုင်သည်။ ကျော်ခေါင်ကတော့ ခင်ခင်ဘေးမှာထိုင်လေသည်။
"ကဲ တီချယ်တို့ မနေ့ကစာပဲဆက်သွားကြရအောင်"
တီချယ်စာသင်လာတဲ့ တစ်လျောက်လုံး ယုယသည် စာထဲစိတ်မနှစ်နိုင်ပါ။ လှပလွန်းတဲ့ တီချယ့်ကို ရှေ့တည့်တည့်မှာ မြင်နေရတာ မည်သူကများ စာဆက်လုပ်နိုင်ပါ့မလဲ။ လောကကြီးရဲ့ အလှတရားကိုရှေ့ထားပြီးတော့လေ။
လင်းအောင်သည် ယုယပခုံးအား အားနဲ့ဖက်သည်။ ငေးမနေနဲ့ဟုလည်း နား နားသို့ကပ်ကာ လေသံတိုးဖြင့်ပြောသည်။ ငေးနေရာမှ သတိဝင်လာတော့ စောနက စာသင်ပြီးပြုံးရွှင်နေတဲ့ တီချယ်က ယုယကို စိုက်ကြည့်နေလေသည်။ မျက်စောင်းသေးသေးလေးကိုလည်း လူအလစ်မှာထိုးတတ်သေးသည်။ ဘာများ လုပ်မိပြီလဲ ကိုယ့်ကိုကိုယ် ပြန်တွေးရသည်။ လောကရဲ့ အလှတရား လောကရဲ့ဆည်းလည်းလေးက စိတ်ဆိုးနေဟန်ရှိသည်ကိုး။
စာသင်ချိန်ပြီးတော့ တီချယ်က ယုယအနားသို့လာကာ ခပ်စောင်းစောင်းကြည့်သည်။ ယုယ ပြောလိုက်ချင်ပါရဲ့ ရိုးရိုးသတ်လည်း ဒီလူသားလေးက သေပြီးသားပါလို့လေ။
"ယုယ ဒီနေ့ ပြန်လွှတ်ရင် စောစောပြန်မယ်"
ထိုစကားသာပြော၍ အခန်းထဲမှ ထွက်သွားသည့် အလှတရားကိုလိုက်ငေးရပြန်သည်။
ဘေးနားကသုံးယောက်သည်လည်း ယုယတို့ကို ကြည့်ကာနေသည်။
"ကြားတဲ့တိုင်းပဲ ငါခုပြန်တော့မယ်"
လွယ်အိတ်ထဲသို့ စားပွဲပေါ်မှ စာအုပ်များထည့်ကာ လွယ်လိုက်ရင်း လင်းအောင်းဘေးကနေ ထွက်လာခဲ့တော့သည်။
ကျောင်းဝန်းထဲကစောင့်နေကျဖြစ်သည့် ခရေပင်ကြီးအောက်မှာ ချစ်ရပါသော တီချယ့်အား ယုယစောင့်နေမိပါသည်။ အပင်မှကြွေကျလာတဲ့ အရွက်ခြောက်ကလေးများကိုလည်း ဖမ်းဆုပ်နေမိသည်။
"ရောက်တာ ကြာပြီလားသမီး"
နောက်နားမှ ထွက်ပေါ်လာတဲ့အသံကြောင့် ယုယပြုံးလိုက်မိသည်။ ခနနေတော့မှ တီချယ့်ဖက်ကို လှည့်ကြည့်မိတော့ ယုယအား နဂါးမျက်စောင်းဖြင့်ကြည့်နေတဲ့ ယုယရဲ့တီချယ်။
"ဘယ်လိုကြီး ကြည့်နေတာလဲ ဘယ်လိုကြီး"
"ပြောစမ်း "
"ဟင်"
ယုယစကားအားဖြတ်လျက်ပြောလာတဲ့ တုံးတိတိ ဘာကိုပြောခိုင်းနေမှန်း မသိတဲ့ တီချယ့်ကြောင့် ယုယကြောင်သွားမိသည်မှာအမှန်ပင်။ နှုတ်ခမ်းတို့အား ခပ်ဖွဖွဖိကိုက်လိုက်မိသည်။
"စောနက အခန်းထဲမှာတုန်းက လင်းအောင်က ယုယအနားကပ်ပြီး ဘာတွေပြောနေတာလဲ နောက်ပြီး လက်ကလည်း ပိုင်စိုးပိုင်နင်း ပခုံးပေါ်တင်ထားသေးတယ်"
အနည်းငယ်စူနေတဲ့ နှုတ်ခမ်းနဲ့ တူတူ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ပြောလာတဲ့ တီချယ့်ကြောင့် ယုယမှာ ရီရခက်ခက် ငိုရခက်ခက်ပင်။ တီချယ့် ခါးတို့အား လက်တစ်ဖက်ဖြင့်သဲ့ကာ ဖက်လိုက်ရင်း
"လာပါ လမ်းလျှောက်ရင်း ပြောပြမယ် မျက်လုံးကြီးကကြောက်စရာ"
ထပ်မံရောက်ရှိလာတဲ့ မျက်လုံးများကြောင့် ယုယပြုံးကာနေမိပြန်သည်။ ခါးပေါ်ရောက်နေတဲ့ ယုယလက်တို့ကိုတော့ တီချယ်က မဖြုတ်ချခဲ့ပါ။
"လင်းအောင်က သမီးနားကပ်ပြီးပြောတာ တခြားမဟုတ်ပါဘူး။ သမီးက ငေးနေလို့ သူကသတိပေးတာပါ သမီးကလည်းသမီးပဲ အရမ်းငေးနေတာကိုး တီချယ်သိတဲ့တိုင်းပဲ သမီးကငေးတာတို့ အတွေးလွန်တာတို့ဆို ဘယ်သူခေါ်ခေါ်မကြားတော့ဖူးလေ "
သူပြောသည်ကို ခေါင်းစောင်းကာ ကြည့်လာတဲ့ တီချယ့်ကို ယုယပြုံးပြလိုက်မိသည်။
"ဒါ့ဖြင့် လက်တင်ထားတာကျတော့ရော"
"ဒါကျတော့ ဘယ်လိုပြောရမလဲနော်"
မေးစေ့အား လက်မဖြင့် ပွတ်ကာပြောလာတဲ့ ယုယကို မြကြည့်ကာ မုန်းမိသည်။
"အား နာတယ်"
ဆွဲလိမ်လိုက်တဲ့ ဗိုက်ခေါက်ကို လက်ဖြင့်ပွတ်နေသည့် ယုယကို မျက်စောင်းထိုးလာတဲ့ တီချယ်။
"စတာပါနော် လင်းအောင်ကလက်သာ တင်ထားတာ ပခုံးကို ခပ်ကြမ်းကြမ်း လူပ်နှိုးတာလေ "
"ပြီးရော ပြီးရော တစ်ခုကျန်သေးတယ်"
"ဟင် ဘာလဲ"
ကြောင်တောင်တောင်လေး ကြည့်လာတဲ့ ယုယကို မြကြည့်ကာ နေမိသည်။ လှမ်းနေတဲ့ ခြေလှမ်းတွေကို တက္ကသိုလ်အဝနားမှာ တုံခနဲ့ ရပ်လိုက်သည်။
" စောနက သမီးပြောတယ်လေ သမီးက တစ်ခုခုကိုငေးပြီး အတွေးလွန်နေရင် ဘာမှမကြားဖူးဆို အဲ့ဒါဘာတွေ တွေးနေတာလဲ"
ရင်ဖုံးအကျီင်္ လိမ္မော်ရောင်ခါးတိုတို့သည် တစ်ချက်ချက်လွတ်သွားတာကြောင့် တီချယ့်ရဲ့ဖွေးနေတဲ့ဗိုက်သား တို့ကို ခပ်စစမြင်ရသည်။ ခါးပေါ်သို့ လက်တစ်ဖက် ထောက်ကာ ပြောလာတဲ့တီချယ်က အရမ်းလှတဲ့ ကာတွန်းမလေးလိုပင်။
"အင်း ဘာတွေးလဲဆိုတော့"
နား နားကပ်ကာပြောလာတဲ့ ယုယကြောင့် အလိုက်မသိခုန်နေတဲ့ ရင်ဖက်အား လက်လေးဖြင့်အသာကိုင်ရသည်။
"ဘာတွေးလဲဆိုတော့ သမီးရဲ့အတွေးထဲမှာ အမျိုးသမီးတစ်ယောက်က နေရာယူထားနေတာလေ အဲ့အမျိုးသမီးက တီချယ်မြဝတ်ရည်မေဆိုတဲ့ ခပ်လှလှ ကော်မရုပ်လေးပဲ"
အတိုင်းသားကြားနေတဲ့ ရင်ခုန်သံတို့က တီချယ်ဆီကလား ယုယဆီကလား မဝေခွဲတတ်ခဲ့ပါ။ ခြေလှမ်းတို့အား နောက်သို့ဆုပ်ကာ တီချယ့်ကို ကြည့်ရသည်။ နူတ်ခမ်းကို သွားဖွေးဖွေးဖြင့် ဖိကိုက်နေတဲ့ တီချယ့်ကြောင့် ယုယ အနည်းငယ်ပြုံးလိုက်မိပါသည်။
"နောက်ကျ အဲ့အမျိုးသမီး အကြောင်းတွေ မတွေးနေနဲ့တော့ "
ဆူသလိုလိုနဲ့ ပျော့ပျောင်းသည့် အသံမျိုးနဲ့ပြောလာတဲ့ တီချယ့်ကြောင့် ယုယပင် ဘာပြောရမလဲ မသိတော့ပါ။
"ဟုတ်ကဲ့ပါရှင့် ဒါနဲ့ ကျွန်မတို့ ဒီနေ့ အိမ်တော့ရောက်မယ်မလား"
ယုယ ထိုသို့ပြောမှ လောကရဲ့အလှတရားက မျက်စောင်းထိုးသည်။ လက်မောင်းတို့ကို ချိတ်ကာ ရှေ့ကနေဦးဆောင်သွားတဲ့ အလှနတ်သမီး တီချယ့်ရဲ့ကျောပြင်ကိုသာ ကြည့်ရင်း ယုယ လိုက်ပါရတော့သည်။
......~~
"မေမေ သမီး တီချယ့်ဆီသွားဦးမယ်နော် သူ့ဆီမှာပဲ ညစာစားခဲ့တော့မယ် "
ခြံထဲကခုံပေါ်မှာ ထိုင်နေတဲ့မေမေက ဘာမှမပြောပဲ ခေါင်းသာငြိမ့်ပြသည်။ ဖေဖေကတော့ ပွဲရုံကပြန်မလာသေးပေ။ မမသည်လည်းပြန်မလာသေးပေ။
"သမီး မမတော့ပြန်ရောက်တော့မယ်"
ယုယကိုကြည့်ကာ ပြောလာတဲ့ မေမေ့စကားကို ယုယခေါင်းငြိမ့်ကာပြုံးပြလိုက်သည်။ အိမ်ထဲကနေ ထွက်ကာ အလှတရားရှိရာဆီသို့ ယုယ ရှေ့လမ်းများ တက်ကြွနေတော့သည်။
"ည်ီမလေး "
"အော် မမ"
ပြုံးလျက်ပင် လမ်းလျောက်နေတဲ့ ယုယ ကိုဘယ်ချိန်မှန်းရောက်နေတယ်မသိတဲ့ မမက ခေါ်လေသည်။ အလုပ်ကပြန်လာသည့် မမကမျက်နှာလေးနွမ်းနေပေမဲ့ ခုထိချောမောစွာနဲ့ ပြုံးရွှင်နေတုန်းပင်။ ဆေးရုံဝတ်စုံအား ဝတ်ထားသည့် မမကမသိလျှင် ဆရာဝန်မလေးနဲ့တောင်တူပေသည်။ မမကဖေဖေ့ကိုတူသည်။
"ဘာတွေပြုံးနေတာလဲနော်"
ခပ်ရွက်ရွက် ပြောလာတဲ့ မမကြောင့် ယုယ မျက်နှာမှာ ပန်းရောင်ပင်သန်းနေလေသည်။
"မမကလည်း ဘာမှမဟုတ်ပါဖူး တီချယ့်ဆီသွားမလို့လေ"
"အော် အက်လိုကိုး"
လက်တစ်ဖက်ကို ထောက်ကာ တစ်ဖက်က ထမင်းခြင်းလေးအား ကိုင်ထားတဲ့မမက တကယ်ကိုချစ်စရာကောင်းပေသည်။ အသားဖွေးဖွေးလေးနဲ့တူတူ မျက်လုံးဝိုင်းဝိုင်းလေးတွေထက်မှာ မျက်မှန်ဝိုင်းဝိုင်းလေးကိုလည်း တပ်ထားသေးသည်။ မမကအဝေးမှန်တာကြောင့် ခုလိုတပ်ထားခြင်းပင်။ ခုတော့ သူတို့နှစ်ယောက်လုံးက လမ်းမအလယ်မှာ ရပ်ကာ စကားပြောနေကြခြင်းဖြစ်သည်။
"မမပြန်လာပြီဆိုတော့ ယုယ မေမေ့ကိုစိတ်ချသွားပြီ အိမ်ပြန်လိုက်ဦးနော် ညီမလေးတော့သွားပြီ"
ပြောလည်းပြော နွယ့်အနားက ထွက်သွားတဲ့ ညီမလေးယုယကို သေချာကြည့်နေမိသည်။ ခနနေတော့မှ အိမ်ပြန်ဖို့ပင် ပြင်ရတော့သည်။ ယုယနွယ်ဖြစ်သည့်သူမက ကျောင်းကိုဆုံးခန်းတိုင်အောင် မတတ်ခဲ့ရပေမဲ့ သူမရဲ့ တစ်ဦးတည်းသော ညီမလေးကိုတော့ ပညာတတ်ဖြစ်စေချင်သည်လေ။ ဒါ့ကြောင့်လည်း ဆယ်တန်းကိုပင် ဆက်မတတ်တော့ပဲ ညီမလေးယုယကိုသာ သူမရဲ့ပခုံးတို့ဖြင့် ဖေကြီးနဲ့တူတူထမ်းတင်ပေးခဲ့ကြသည်။ သိုပေမဲ့ သူမပျော်ပါသည်။
"တီချယ်ရေ တီချယ်"
သော့ခတ်ထားတဲ့ တံခါးကြောင့် တီချယ့်အား ယုယအပြင်မှအော်ရသည်။
"လာပြီ သမီးရေ တီချယ်ရေချိုးတော့မလို့ကွယ်"
စကားတပြောပြောနဲ့ ခြံတံခါးသော့အား လက်သွယ်သွယ်လေးများဖြင့် ဖွင့်လာတဲ့ တီချယ်။
"ထမင်းလာစားဆိုလို့ လာတာလေ"
"ဟုပါပြီကွယ် တီချယ်က ကျွေးမှာပေါ့ "
ရယ်လျက်ပင် တီချယ်နဲ့ ယုယ တူတူ အိမ်ထဲသို့ ဝင်လာခဲ့ကြတော့သည်။
"ဒီမှာ ခနစောင့်ဦး တီချယ်ရေချိုးပြီးတာနဲ့ ထွက်လာခဲ့မယ် သမီး အတွက်သီချင်း တစ်ပုဒ်ဖွင့်ပြထားမယ်"
ကတ်ဆက်ဆီသို့ ခြေလှမ်းများ လှမ်းသွားတဲ့ တီချယ့်ကို ယုယ လိုက်ငေးရပြန်သည်။ လက်သွယ်သွယ်လေးများက စီထားတဲ့ တိပ်ခွေတစ်ခုကိုယူကာ ကတ်ဆက်ထဲကိုထည့်လိုက်လေသည်။ တီးလုံးအစထွက်လာထဲက ဘာသီချင်းလဲ ယုယ သိလိုက်ပါသည်။ စန္ဒာရား လှထွဋ် ရဲ့အလှတစ္စာတရား ပင် ဖြစ်သည်။
"မျက်စေ့မှိတ်ထားသော်ငြား သူ့အရိပ်ထင်နေတာ.. နှလုံးသားကို နားဆင်ငြား စကားတွေပြောနေလိုက်တာ.. သူဘယ်ကိုသွား ကိုယ့်အနားရှိနေသည်မှာ.. ဘာကြောင့်များလဲသိလား အချစ်ရာ"
ယုယအား ကတ်ဆက်အနားမှ ရပ်ကာကြည့်နေတဲ့ တီချယ်ကို သေချာကြည့်မိတော့ တီချယ်က သူ့ကိုထုံးစံအတိုင်း ပြုံးပြကာ လက်နှစ်ဖက်ကို နောက်သို့ပစ်လျက် ကြည့်နေလေသည်။ ခနနေတော့မှ သူ့ပခုံးအား လက်ဖြင့်ဖိကိုင်ကာ အခန်းထဲသို့ဝင်သွားတော့သည်။ ယုယမှာပင် ဧည့်ခန်းထဲက ခုံပေါ်မှာထိုင်ကာ တီချယ့်ကိုငေးနေရတုန်းပင်။ ကတ်ဆက်မှ ထွက်လာတဲ့ သီချင်းသံကိုလည်းနားထောင်နေမိသည်။
"အနုအလှလက်ကလေးတွေနဲ့ ယုယကြင်နာစွာ..ထွေးပွေ့ယူထား သူ့အားအတွေ့တွေနွေးနေဆဲပါ။..ဒီလိုမြင်ကြားခံစားရနေသည်မှာ ...
စက္ကန့် မခြားနှလုံးသားနဲ့အတူပါ..အသည်းအသက်နဲ့ ထပ်တူချစ်နေတာ..ဖြူစင်သောမေတ္တာ..မှန်ကန်သောသစ္စာ..ကျောက်ဆစ်ရုပ်အလားပမာ အသည်းစိုင်မှာ..စွဲခိုင်မှာ မပျောက်ပျက်နိုင်ပါ"
အခန်းထဲကနေ တလွင့်လွင့်ပျံလာတဲ့ ဆည်းလည်းလိုသာယာတဲ့ အသံလေးကိုလည်း ယုယကြားနေမိသည်။ နှုတ်ခမ်းတို့အား တွန့်ချိုးကာပြုံးလိုက်မိသည်။
Episode 8 မျှော်ရန်🍂💞
6.12.2021🦋🌳