တီခ်ယ္က ဆည်းလည်းလေး
بواسطة PonePone2177
151K 10.4K 450
'' တီခ်ယ္သိလား တီချယ်အသံကသမီးအတွက်တော့ဆည်းလည်းလေးလိုပဲ ကြားလိုက်တာနဲ့ပြေးတွေ့လိုက်ချင်တာမျိူး'' ... المزيد
Episode ( 1 )
Episode 1 Unicode
Episode 2
Episode 2 Unicode
Episode 3
Episode 3 Unicode
Episode 4
Episode 5
Episode 5 Unicode
Episode 6
Episode 6 Unicode
Episode 7
Episode 7 Unicode
Episode 8
Episode 8 Unicode
Episode 9
Episode 9 Unicode
Episode 10
Episode 10 Unicode
Episode 11
Episode 11 Unicode
Episode 12
Episode 12 Unicode
Episode 13
Episode 13 Unicode
Episode 14
Episode 14 Unicode
Episode 15
Episode 15 Unicode
Episode 16
Episode 16 Unicode
Episode 17
Episode 17 Unicode
Episode 18
Episode 18 Unicode
Episode 19
Episode 19 Unicode
Episode 20
Episode 20 Unicode
Episode 21
Episode 21 Unicode
Episode 22
Episode 22 Unicode
Episode 23
Episode 23 Unicode
Episode 24
Episode 24 Unicode
Episode 25
Episode 25 Unicode
Episode 26
Episode 26 Unicode
Episode 27
Episode 27 Unicode
Episode 28
Episode 28 Unicode
Episode 29
Episode 29 Unicode
Episode 30
Episode 30 Unicode
Episode 31
Episode 31 Unicode
Episode 32
Episode 32 Unicode
Episode 33 ဇာတ္သိမ္း
Episode 33 ဇာတ်သိမ်း
မြဝတ်ရည်မေ
စာ
hey
စာအုပ်အတွက်
စာအုပျအတှကျ
Episode 4 Unicode
3K 230 10
بواسطة PonePone2177
GL Fiction ( OC ) By ( Pone )
တီခ်ယ္က ဆည်းလည်းလေး
အပိုင်း ၄
မနက်စောစောထကာမြတစ်ယောက် ရေမိုးချိူး၍ကျောင်းသိုသွားရန်ပြင်ရလေသည်။ မနက်ကဝယ်ထားသည့် ပဲပြုတ်အား ထမင်းနဲ့နယ်ကာစားမိသည်။ မြကမနက်ဆို ထမင်းနဲ့ပဲပြုတ်စားရတာ လွန်စွာနှစ်သက်လေသည်.။
ယုယတစ်ယောက် မနက်နိုးသည်နှင့် မျက်နှာသစ်ကာလမ်းထိပ်သို့ထွက်လျှောက်လာမိသည်။ မမကေတာ့ ဆေးရုံအား စောစော သွားရမည်ဆို၍ ခုနစ်နာရီလောက်ထဲကပင်ထွက်သွားလေသည်။ ဒါ့ကြောင့် ယုယတစ်ယောက်တည်း ရပ်ကွက်ထဲသို့ လမ်းလျောက်လာရလေသည်။
သူမလမ်းလျှောက်နေစဉ်မှာပဲ သနပ်ခါးပါးကွက်ကြားလေးကို ညီအောင်လိမ်းခြယ်ထားပြီး၊ တင်ပါးအုပ်လုနီးနီးဆံပင်ရှည်တို့အား ဖဲပြားခေါင်းစည်းလေးနဲ့ ခပ်ဖွဖွချည်နှောင်ထားသည့် တီချယ်ကိုမြင်ရလေသည်။
ပဲပြုတ်သည်အားခေါ်ကာ ပဲပြုတ်တောင်းဘေးမှထိုင်ကာ ဝယ်နေသည့် တီချယ်ကတကယ့်မနက်ခင်းရဲ့ ဆည်းလည်းလေးပင်။ တီခ်ယ္ကေတာ့ သူ့ကိုပင်မတွေးသော်ငြား ပဲပြုတ်ဝယ်ပြီးသည်နှင့် အိမ်ထဲကိုသာတန်း၍ဝင်သွားလေသည်။ ယုယလည်းကျောင်းသွားမှ တီချယ်ကိုလာခေါ်ရမည်ဖြစ်တာကြောင့် ဒီတိုင်းလေးသာအိမ်သို့ပြန်ခဲ့လေသည်။
''မေမေရေ သမီးကျောင်းသွားတော့မယ်နော်"
ဖိနပ်စင်နားမှာထိုင်ကာ လှည်းဘိန်းသရေစိမ်း ကတီပါဖိနပ်လေးအားသေချာလက်ဖြင့် ပွတ်တိုက်လျက် ယုယ မေမေအားအော်နေမိသည်။ လှည်းဘိန်းဖိနပ်ကတော့ကတီပါဖိနပ်တွေထဲမှာ ဈေးကြီးသည့်ထဲတွင်ပါသည်ဟုဆိုရမည်။ တစ်ရံကို ခုနှစ်ထောင် ရှစ်ထောင်ကျော် အစားစားပင်ရှိလေသည်။
ယောကျာ်းစီးကတီပါ ဖိနပ်ကြိုးအပြားအကြီး ပုံစံနှင့်ပင်တူသည်။ သို့သော်ငြားလည်း ကြိုးအလုံးသေးလည်း မဟုတ်ပြန်။ မိန်းခလေးစီးမို့ ကတ္တီပါဖိနပ်ကြိုးအပြားကို အနည်းငယ်သာသေးထားခြင်းဖြစ်သည်။
''သမီး ဂရုစိုက်သွားနော်၊ ကားတွေလည်းသတိထားဦး။''
မေမေသည် ယုယအနားလာ၍ မှာနေကျ ထိုစကားအားထပ်၍မှာပြန်သည်။ မမအလုပ်မသွားခင်ကလည်း ထိုစကားကိုမှာနေတာ ယုယကြားမိပါရဲ့လေ။
ဖေဖေကတော့တရားခွေဖွင့်ထားသည့် ကတ်ဆက်ထဲကို အခွေတစ်ခွေထည့်၍နေလေသည်။ ကြည့်ရတာတရားခွေကိုထုတ်ပြီး သီချင်းခွေထည့်တော့မယ်ထင်ပါရဲ့.။
''သမီး မုန့်ဖိုးယူဦးမလား''
ကတ်ဆက်ကိုဖွင့်ရင်း မေးလာတဲ့ ဖေဖေ့စကားကြောင့် ယုယလည်းပြုံးလိုက်ကာ
''ရတယ်ဖေဖေ သမီးမှာရှိသေးတယ်။ အပြန်ကျရင်ဖေဖေကြိုက်တဲ့ လှည်းတန်းအဝိုင်းဖက်က ဘိန်းမုန့်ဝယ်ခဲ့မယ်နော်။''
''ကောင်းပြီ..ကောင်းပြီ''
ခေါင်းတစ်ဆက်ဆက်ငြိမ့်ကာပြောလာတဲ့ ဖေ့ဖေ့ကို ယုယေကာ မေမေကောကြည့်ကာ ရယ်လိုက်မိကြသည်။ ထို့နောက်တွင်တော့ ယုယလည်းကျောင်းသို့သွားရန် အိမ်မှထွက်လာခဲ့တော့သည်။အိမ်မှမထွက်ခင် ကြားလိုက်ရတဲ့သီချင်းသံကြောင့်ပြုံးမိပြန်သည်.။
ဝတ်ထားတဲ့ချည်သား ဝမ်းဆက်အသားရောင်လေးသည် ယုယနဲ့အတော်ပင်ကြည့်ကောင်းလေသည်။ ပခုံးကျော်ကျော်သာ ရှိတဲ့ဆံပင်တို့ကို ဒီတိုင်းသာဖြန့်ချထားလိုက်သည်။ ဖွေးလွန်းတဲ့အသားရေဟုပင် မဆိုနိုင်၊ ကြည်လင်သည့် အသားရေလို့သာဆိုနိုင်တဲ့ ယုယရဲ့အသားရောင်ကအန်မတန်မှလည်း တစ်မျိူးတစ်ဖုံ ကြည့်ကောင်းနေပြန်သည်။
အိမ်ရှေ့ကခုံလေးပေါ်မှာထိုင်ကာနေတဲ့ တီချယ့်အား ယုယလမ်းလျှောက်လာရင်းမှသေချာကြည့်နေမိသည်။ တီချယ်ကြည့်ရတာ ယုယကိုစောင့်နေတဲ့ပုံစံပါပဲ၊ စောင့်နေတယ်ဆိုမှ လက်ထဲမှာလည်းကျိန်ခြင်းတောင်းလည်းမပါပါလား တီချယ့်အနားရောက်တော့မှ
''တီချယ် ခြင်းကော အပြင်ဘာထွက်လုပ်နေတာလဲ''
မေးခွန်းနှစ်ခုကိုတစ်ပြိုင်တည်းမေးလာတဲ့ယုယကြောင့်တီချယ်ကခပ်ပြုံးပြုံး ခပ်အေးအေးပုံစံကလေးလုပ်ကာ
''ယုယ တီချယ်ဘယ်မေးခွန်းကိုအရင်စဖြေရမလဲ''
တီချယ်ထိုသို့ပြောမှ ယုယမျက်နှာသည် ပန်းရောင်ရေခဲချောင်းလိုဖြစ်နေလေပြီ ပန်းရောင်ရေခဲချောင်းစတော်ဘယ်ရီလို့လည်းခေါ်ရနိုင်တယ်။
''အာ''
ဘာပြောရမလဲမသိတဲ့ ယုယကတော့ထုံးစံအတိုင်း လွယ်ထားတဲ့လွယ်အိတ်ရဲ့ကြိုးမျှင်တွေကိုလိမ်နေပြန်သည်။ ဒါ့ကြောင့် မြဝတ်ရည်မေလည်း ယုယကိုကြည့်ကာ ရယ်လိုက်မိရင်း
''ကဲပါ တီချယ်ခြင်းကသွားယူရဦးမယ်။ အပြင်ရောက်နေတယ်ဆိုတာကသမီးကိုစောင့်နေတာ အိမ်ထဲဝင်ပြီးလက်ဖက်ရည်သောက်ဦးနော်''
''သမီး မနက်စာစားပြီးပြီလေ''
''စားပြီးလည်းထပ်စားရမယ် ''
ဆူပုတ်ပုတ် အပြောနဲ့ပြောလာတဲ့ တီချယ်ကြောင့် ယုယလည်းပြုံးလိုက်မိသည်။ သူ့ရှေ့ကတီချယ်ကတော့ လက်ရဲဇတ်ရဲနိုင်စွာ သူ့လက်တွေကိုတွဲလျက်ရှေ့ကလျောက်သွားလေပြီဖြစ်သည်။
တီချယ်ကျွေးတဲ့ မနက္စာအား အနည်းငယ်စားပြီးကျောင်းသို့ပျော်ရွှင်စွာ တီချယ်နဲ့တူတူသွားလိုက်ကြတော့သည်။
''ဟဲ့ ယုယ''
ကန်တင်းမှာထိုင်နေတဲ့သူ့ကို အသံကျယ်ကြီးနဲ့အော်ခေါ်လာသည့် ခင်ခင်.လူမရောက်သေးဖူး အသံအရင်ရောက်တယ်ဆိုတာ ခင်ခင်ကိုပြောတာနေမှာ
''ဖြည်းဖြည်းခေါ်ပါဟာ..လူတွေနင့်ကို ဝိုင်းကြည့်နေတာမရှက်ဖူးလား''
ယုယအပြောတို့အား ခင်ခင်တစ်ယောက် အေရးမယူပဲ သူ့ဘေးမှာဝင်ထိုင်လိုက်ကာ
''နင်ရေကန်ကိုကြည့်ပြီး ဘာတွေတွေးနေတာလဲ။''
''ဘာမှမဟုတ်ပါဖူး။ ဒီတိုင်းတွေးစရာလေးတွေရှိနေလို့လေ။ ''
ယုယအဖြေကို ခင်ခင်က သူ့ကိုသေချာကြည့်နေရင်း ကန်တင်းကိုပြန်လှည့်ကြည့်သည်။ တအောင့်နေတော့မှ
''ယုယ နင်တီချယ်ကိုဖွင့်ပြောဖို့တွက်စဉ်းစားနေတာလား ''
ခင်ခင်အပြောအဆုံးယုယသည် ခင်ခင်အားလှည့်ကြည့်ကာမျက်လုံးများပြူးနေလေသည် ။
''အက်လိုမဟုတ်ပါဖူးဟာ အချိန်တန်ရင်တော့ပြောရမှာပေါ့။ ''
ခင်ခင်လည်းယုယအပြောကိုမဲ့ရွှဲကာဖြင့်
''ယုယ နင်သိပ်မရူးနဲ့ နင့်တီချယ် တခြားတစ်ယောက်နဲ့ပါသွားမယ်။ တီခ်ယ္က အရွယ်လေးလည်းကောင်း ရုပ်ရည်လေးကလည်းချောတယ်။ သူ့ကိုလိုချင်တဲ့သူတွေမှ အများကြီးပဲ။''
ခင်ခင်ပြောတာလည်းဟုတ်ပါသည်လေ တီချယ်အားပိုးပန်းနေကြတဲ့ သူတွေရှိသည်လေ။ ခုခင်ခင်စကားက သူ့ကိုအနည်းငယ်တော့စိုးရိမ်စပြုလာလေပြီ။
'' နင်သိလားခင်ခင် ငါတီချယ်ကိုမထိရက်မကိုင်ရက်ကိုချစ်တာ လောကမှာတီချယ်အပေါ် ငါချစ်သလိုမျိူး ချစ်ပေးနိုင်မယ့်သူမရှိလောက်တော့ဖူး။ ငါကေလ တီချယ်ကိုငါ့အသက်ထက်ကို ခ်စ္တာ ငါ့မိဘတွေထက် ပိုချစ်တယ်လို့ပြောရရင် ငါ့မိဘတွေကိုအားနာမိပါရဲ့ ဒါမဲ့ငါ့မိဘတွေထက်ကိုတီချယ့်ကိုပိုချစ်နေတယ်လေ။ ''
ယုယစကားကြောင့်ခင်ခင်လည်းပြုံးလျက်နဲ့ပင်
''ငါတကယ်ကို ဂုဏ်ယူပါတယ်။ နင့်အချစ်က တီချယ့်အပေါ် အရမ်းလေးနက်လို့လေ။ ဒါမဲ့ နင်သိပ်တော့အချိန်မဆွဲနဲ့ တီချယ့်ကိုဖွင့်ပြောလိုက်ပါ။ တကယ်လို့များ တီချယ်ကငြင်းတယ်ဆိုပါစေဦး၊ နင်ချစ်တာတီချယ်သိဖို့အရေးကြီးတယ်ယုယ။''
''အင်း ငါနားလည်ပါတယ် ''
စကားများပြောရင်းသူငယ်ချင်းနှစ်ယောက်ကတော့ကန်ရေပြင်ကိုတွေတွေလေးငေးစိုက်နေကြတော့သည်။
''ဟိတ် အကျော်လေး ''
''အင်း ငါမပြောချင်တော့ဖူး ''
အနောက်ကနေကျော်ခေါင်အားလိုက်စနေတဲ့ လင်းအောင်ဖြစ်သည်။ ခင်ခင်နဲ့သူနဲ့ကတော့ ရှေ့မှာဖြစ်ပျက်နေတဲ့သူငယ်ချင်းနှစ်ယောက်အားကြည့်နေမိသည်။
''ယုယ နင်ဒီနေ့အတန်းတစ်ချိန်မတတ်ဖူးနော် ''
လင်းအောင်အမေးကို ဖြေရန် ခင်ခင်ကိုလှည့်ကြည့်ကာ အကူညီတောင်းမိသည် ။ဒါကိုပင် သိတဲ့ ခင်ခင်က
''အေးလေ ငါကောတတ်တာကျလို့ ငါတို့နှစ်ယောက်အပြင်မှာလျောက်လည်နေတာလေ ဟဲဟဲ''
အမှန်တော့ သူကောခင်ခင်ကော အတန်းပျက်၍ကန်တင်းမှာသွားထိုင်နေကြခြင်းဖြစ်သည် ။
''အော် အက်လိုလား အေးပါ''
သူတို့သူငယ်ချင်းတွေသည် အလိုက်သိကြသည် မိန်းခလေး နှစ်ယောက် ကျောင်းပြေးတာကိုပင် ယောကျာ်းလေးဖြစ်သည့် ကျော်ခေါင်ကော လင်းအောင်ကောက သူငယ်ချင်းဖြစ်လို့ဆိုပြီးစေ့စေ့စပ်စပ်မမေးတတ်ကြပေ။
''သမီး ''
''ဟင်.''
ယုယယောင်လျက်ပင် အနောက်ကခေါ်သူအားလှည့်ကြည့်မိသည်။ အနောက်မှာရပ်ကာ သူ့ပခုံးတို့အား ကိုင်ထားသည့် တီချယ်မြဝတ်ရည်မေဖြစ်လေသည်။ လက်ထဲမှဝတ်ထားသည့်နာရီအားအလျင်အမြန်ငုံကြည့်လိုက်မိသည်။
''ဟုတ္သားပဲ ပြန်ဖို့တောင်ရောက်တော့မယ်။ ဟဲ့ ငါတီချယ်နဲ့ပြန်တော့မယ်နော်။ ''
ခင်ခင်တို့အား နူတ်ဆက်ကာ တီချယ့်ဘေးကို ယုယသွားရပ်မိသည် ။ ဒါတင် ဘယ္ကဦးမလဲ တီချယ့် ကျိန်ခြင်းလေးကိုလည်း ဆွဲကာယူလိုက်ရင်းပေါ့။
ခပ်ပြုံးပြုံး ခပ်အေးအေးနဲ့အမျိူးသမီးကပြုံးသည်။ ဒီအပြုံးတွေကိုယုယသေချာကြည့်မိသည်။ နောက်ကျရင်တွေ့ချင်မှ တွေ့ရတော့မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့သာ။
''ခင်ခင်တို့လည်း ဂရုစိုက်ပြန်ကြနော် ''
တီခ်ယ္က စိတ်ပူတတ်သယောင် ခင်ခင်တို့ကိုလည်း သေချာစွာပြန်ဖို့ မှာနေပြန်သည်။
''ဟုတ္ကဲ့ပါ ''
ခင်ခင်ရဲ့ ဟုတ်ကဲ့ပါဆိုတဲ့ စကားအဆုံး တီချယ်ကယုယလက်ကို ခိုတွယ်တယ်။ ယုယေကာ တီချယ်ကော အဓိပတိလမ်းမကြီး တစ်လျှောက် ယှဉ်တွဲလျက်လျှောက်ခဲ့တော့သည်။
''တီချယ် ''
''ပြောကွယ် ''
ယုယခေါ်သံအား တီချယ်ပြုံးကာပြန်ဖြေသည်။
''သမီး အဝိုင်းနားက ဘိန်းမုန့်ဝင်ဝယ်မလို့လေ ဖေဖေ့တွက်ပါ။''
ယုယပြောသည်ကို တီချယ်ကတစ်ချက်တွေးနေသည်။တအောင့်ကြာမှ
''အင်း ကောင်းသား တီချယ်လည်းဝင်ဝယ်လေ ခုညတော့အိမ်ကိုလာအိပ်မှာမလား။ ''
ယုယလက်တွေသည် လေထဲမှာမျောလွင့်သွားသလိုပင်။ တီခ်ယ္ကေလ တီခ်ယ္က ယုယကို သူ့အိမ်ခေါ်သိပ်နေတာမလား။ အရင်ကလည်းကြားနေကျဆိုပေမဲ့ ခုတစ်ခါပြောတဲ့ တီချယ့်အသံက ချွဲနေသယောင်ယောင်။
''ဒါပေါ့ ''
ထိုစကားပဲယုယပြန်ဖြေမိသည်။ တီချယ်မြဝတ်ရည်မေဆိုတဲ့အမျိုးသမီးကတကယ်ကိုကြောက်စရာပင်ကောင်းသည်။
လှည်းတန်းနားက ဘိန်းမုန့်သည်ဆီ တီချယ်ကော ယုယကောလာလိုက်မိသည်။ မီးခိုးအနည်းငယ်ထွက်နေသလို ရှိသော်ငြားလည်း ထိုမီးခိုးအနံသည်ပင် ဘိန်းမုန့်အနံမွှေးနေသည်။ တီချယ့်ကိုကြည့်တော့ သူ့ရဲ့နူတ်ခမ်းကို လျှာဖြင့်သပ်နေသည်။
''တီချယ် စားချင်လို့လား ''
တီချယ်ကသူ့ကိုဖြတ်ခနဲကြည့်သည်။ ပြီးတော့မှ ဘိန်းမုန့်တွေကိုထပ်ကြည့်သည်။
''အင်း စားကောင်းမယ့်ပုံပဲနော် ''
ရယ်သံလွင်လွင်နဲ့ပြောလာတဲ့ တီချယ့်အသံကို ယုယနားထောင်ကာပြုံးမိသည်။ သူ့လက်ကိုတွဲထားတဲ့ တီချယ်လက်တွေက ခုထိမလွှတ်သေး။
''ဦးလေး ဘိန်းမုန့်ဘယ်လိုရောင်းလဲ ''
ယုယအမေးကို စွပ်ကျယ်လက်ပြတ် အစိမ်းရင့်ရောင်ဝတ်ထားပြီး ဘိန်းမုန့်ဖုတ်နေတဲ့ ခပ်ဝဝဦးလေးကြီးကဖြေသည်။
''တစ်ခုကို ငါးရာ တူမကြီး ''
ဗန်းအပြည့်ရှိတဲ့ ဘိန်းမုန့် အချပ်ကြီးအား ကတ်ကြေးဖြင့်ညှပ်ကာပြောသည်။ ဘိန်းမုန့်ရဲ့မွှေးနေတဲ့အနံက နက်သက်ဖူးစီပါမှန်းသိရသည်။
''ဒါဆို ငါးရာတန် နှစ်ချပ်တစ်ခုဆီကို နှစ်ထုတ် ထုတ်ပေးပါ။''
ယုယအပြောပြီးတာနဲ့ ဘိန်းမုန့်သည်ဦးလေးကြီးက ဘိန်းမုန်တွေကို ကတ်ကြေးဖြင့်စညှပ်နေလေပြီ။ အုန်းသီးစိတ်နဲ့ နှမ်းတွေ ဖြူးနေအောင်ပါသည်မို့ စားလို့ကောင်းမှာ အသေချာပင် တီချယ်ကတော့ယုယကိုကြည့်လုက် ဘိန်းမုန့်ကိုကြည့်လိုက်ဖြစ်နေသည်။
''ရော့ တူမကြီး ''
ကြွပ်ကြွပ်အိတ်ဖြင့်ထုတ်ထားသော ဘိန်းမုန့်နှစ်ထုတ်အားယုယ ယူလိုက်ရင်း လွယ်အိတ်ထဲမှ ငွေတို့အားထုတ်ဖိုပင်လိုက်စဉ်မှာပဲ တီခ်ယ္ကယုယ လက်တို့အားတား၍
''နေနေ တီချယ်ပေးလိုက်မယ် ''
ယုယလက်ထဲက ကျိန်ဆွဲခြင်းထဲက အိတ်လေးထဲမှ ငွေအချိူ့ကိုထုတ်ကာပေးလိုက်တဲ့ တီချယ့်ကြောင့် ယုယပင်တားလို့မမှီတော့ပါ။
ပေးလာတဲ့ ဘိန်းမုန့်သည် ဦးလေးကြီးရဲ့လက်ထဲမှ ဘိန်းမုန့်များကိုယူကာ၊
''တစ်ထုတ်ကို တီချယ်ယူနော် ''
ဘိန်းမုန့်အထုတ်အား ကျိန်ဆွဲခြင်းလေးထဲယုယထည့်ကာ ကျန်တဲ့တစ်ထုတ်ကိုတော့လက်ကနေကိုင်ထားလိုက်တော့သည်။ ထို့နောက်တွင်တော့ သူကောတီချယ်ကော မိမိတို့ရဲ့အိမ်လေးရှိရာဆီသို့ပြန်ခဲ့ကြတော့သည်။
''သမီး ခနစောင့်ပါလား သမီးရဲ့အိမ်ကို တီချယ်မလာတာကြာတော့ လို်က်ခဲ့မလို့လေ ဦးမောင်နဲ့အန်တီတင်ကိုလည်း သတိရလာလို့လေ နောက်ကျမှ တီချယ်နဲ့တူတူသမီးပါပြန်လိုက်ခဲ့ပေါ့။''
ယုယကမုန့်ကို ဖေဖေ့ကိုသွားပေးပြီး အိမ်မှာအကျီၤလဲပြီးမှတီချယ်ဆီလာနေကျပင်။ ခုတော့တီချယ်ကပါလိုက်မယ်ဆိုသည့်တိုင် သူမငြင်းခဲ့ပါ၊ ပြုံးပြုံးလေးပင်ခေါင်းညိမ့်ပြလိုက်ရင်း.
''ဟုတ်ကဲ့ တီချယ် ''
တီချယ်ရဲ့ ဧည့်ခန်းထဲမှ ကျွန်းဖြင့်ပြုလုပ်ထားသည့် နှစ်ယောက်မျှမက ထိုင်လို့ရသည့် ထိုင်ခုံပေါ်တွင် ယုယထိုင်ကာ တီချယ်အား စောင့်နေလိုက်သည်။ ခနေနမွ အခန်းထဲက ထြက္လာတဲ့ တီခ်ယ္က အဝတ်စားတို့ပင် လဲပြီးနေလေပြီ ပေါ့ပါးသည့် ဝမ်းဆက်လေး ဝတ်ထားလေသည်။
''သမီး သွားကြမယ်လေ ''
တတ်ကြွစွာပြောလာတဲ့ တီချယ်ကြောင့် ယုယလည်းခေါင်းငြိမ့်ပြလိုက်တော့သည်။ တီခ်ယ္ကေတာ့ ထုံးစံတိုင်း ယုယလက်မောင်းတို့အား ဖက်တွယ်ထားပြန်သည်။
တစ်ချက်ချက် ထြက္လာတဲ့ ခရေပန်းရနံတို့က ယုယအားစိန်ခေါ်နေကြသလိုပင်။
''တင်ရေ သမီးငယ်ပြန်လာပြီ ''
ဖေဖေက ထုံးစံတိုင်းသူ့ရဲ့ ကုလားထိုင်ခုံပေါ်တွင် ထိုင်ကာ မေမေအားလှမ်းအော်ပြန်သည်။ ဖေဖေဒီနေ့အလုပ်ကစောစောပြန်ရောက်တယ်ထင်ပါ့။
''ဟော တီချယ်မြကော ပါလာတယ် တင်ရေ ''
ဖေဖေကသူ့နောက်က တီချယ့်ကို တွေ့တော့ မေမေကိုထပ်အော်ပြန်သည်။ ဖေဖေကတကယ်ကိုချစ်ဖို့ကောင်းတယ်မလား။
''ဦးမောင် နေကောင်းရဲ့လား ''
ဖေဖေနားရောက်တော့ တီခ်ယ္က စိတ်လိုလက်ရ နေကောင်းကြောင်းမေးသည်။ မေမေကတော့ ခုထက်တိုင်ထွက်မလာသေးပေ။
''ကောင်းပါ့ ကောင်းပါ့ ဒေါင်ဒေါင်မြည်ပဲ။''
ရယ်လျက်ပြောလာတဲ့ ဖေဖေ့အသံကြောင့် သူကော တီချယ်ကော ပြုံးနေမိသည်။
''အိမ်ပေါ်သွားကြမယ်လေ။''
ဒီတစ်ခါတော့ ဖေဖေကရှေ့ကနေ အိမ်ပေါ်သို့တတ်သွားလေသည်။
''တီချယ် ယုယတို့လည်း တတ်ကြရအောင်လား ''
တီချယ့်ကို ကြည့်မိတော့ စည်းဝိုင်းအိုးကြီးရှိရာသို ့ကြည့်နေသည်မို့ ယုယလည်း လိုက်ကြည့်မိလိုက်တော့သည်။ တီခ်ယ္ကေလ ယုယစိုက်ထားတဲ့ သနပ်ခါးပန်းပင်ရှိရာကို သူ့ရဲ့ မျက်လုံးလှလှလေးတွေနဲ့ ငေးစိုက်ကြည့်နေတာလေ။
Episode 5 မျှော်ရန် 💞🍂
27.11.2021 🦋🌳 (ပုံမှန်စလုံးရေထက်များပြီး upလိုက်တယ်နော်)
واصل القراءة
ستعجبك أيضاً
294K 8.1K 53
ក្មេងក្រោមអាយុ18ឆ្នាំហាមចូលអាន តែបើចង់អានក៏ចូលអានទៅ សុំទោសចំពោះពាក្យណាដែលមិនសមរម្យ បើមិនពេញចិត្ត អូសរំលងចុះ ហាមខមិនអ្វីប៉ះពាល់ដល់អ្នកសរសេរ👌 ...
1.6M 91K 49
896K 101K 59
The contents of this fiction are purely the author's imagination.
150K 4.7K 44