တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်...

By SuzanneM4Y

24K 2.9K 200

Original novel - Of Mountains and Rivers (Shan He Biao Li - 山河表里) by Priest Year - 2015 No. of chapters - 77... More

Introduction
Story Brief
Chapter - 1: Prologue
Chapter -2: Prologue
Chapter - 3: Prologue
Chapter - 4: Prologue
Chapter - 5: Prologue
Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 8: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 9: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 11: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 12: ဤကမ္ဘာ (ဤကမာၻ)
Chapter -13: ဤကမ္ဘာ (ဤကမာၻ)
Chapter - 14: ဤကမ္ဘာ (ဤကမာၻ)
Chapter - 15: ဤကမ္ဘာ (ဤကမာၻ)
Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)
Chapter-17: ဤကမ္ဘာ ( ဤကမာၻ )
Chapter-18: ဤကမ္ဘာ ( ဤကမာၻ )
Chapter-19: ဤကမ္ဘာ ( ဤကမာၻ )
Chapter-20: ဤကမ္ဘာ ( ဤကမာၻ )
Chapter-21: ဤကမ္ဘာ ( ဤကမာၻ )
Chapter-22: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )
Chapter-24: ဤကမ္ဘာ ( ဤကမာၻ )
Chapter-25: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)
To my translation readers
Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Chapter - 28: အခြားကမ္ဘာ (အျခားကမာၻ)

479 79 7
By SuzanneM4Y

(Uni)

‼Warning - Slight gore and contents that can cause possible uncomfort ahead‼

(ထမင်းစာခါနီး/ ထမင်းစားနေတဲ့အချိန်မှာ မဖတ်ဖို့အကြံပေးချင်ပါတယ်။ Gore contents တွေ မဖြုံတတ်ဘူးဆိုလည်း သဘောပါပဲ 😬)

ခြောက်သွေ့ညှိုးနွမ်းနေသည့် သစ်ပင်

ချူဟွမ်၏မေးခွန်းကြောင့် အခြားသူနှစ်ယောက် ရပ်တန့်သွားကြရလေသည်။

အကြီးအကဲမှာ တဒင်္ဂမျှတွေဝေသွားရပြီး ဘာကိုမျှစဉ်းစား၍မရနိုင်တော့လောက်အောင် ဖြစ်သွားရသည့်တိုင် သူ့အနေဖြင့် အာဏာပြ၍မရနိုင်သည်ကို ဝန်ခံလိုက်ရန်ကလည်း ရှက်စရာကောင်းသည်ဟု တွေးမိသည့်အလျောက် မကျေမချမ်းဖြင့် ပြောလိုက်ပေ၏။
"ဘယ်သိမလဲ... မင်းက ထူးဆန်းတဲ့သတ္တဝါကောင်မို့လို့ နေရင်နေမှာပေါ့"

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ထိုသူကား မီးတိုင်တစ်ချောင်းပင်ယူမသွားဘဲ ထွက်ခွာသွားတော့သည်။ ဤနေရာရှိ ပုဂ္ဂိုလ်သုံးယောက်တို့အနက် အမှောင်ထဲတွင် မီးအလင်းရောင်လိုအပ်သည်မှာ ချူဟွမ်တစ်ယောက်တည်းသာ ရှိပုံရချေ၏။

ချူဟွမ်: "..."

အနှီလူအိုကြီးသည် "ထူးဆန်းသည့်သတ္တဝါကောင်"ဟူသော အသုံးအနှုန်းကိုပင် နားလည်သဘောပေါက်လေရာ ထိုသူ၏ ဝေါဟာရကြွယ်ဝမှုမှာ သေးတော့မသေးလှပေ။

သို့ရာတွင် ချူဟွမ်တစ်ယောက်သည်လည်း မိမိသိက္ခာကို အဖတ်ဆယ်နိုင်မည့်နည်းလမ်းများကို သိရှိပိုင်ဆိုင်ထားပါသည်။ သူ့အနေဖြင့် အကြီးအကဲ၏ 'ဆိတ်မျက်နှာ' ကို တစ်ချက်ကြည့်လိုက်သည်နှင့် စိတ်ခံစားချက်များ မျှတညီညွတ်သွားရမြဲဖြစ်ကာ - ဆိတ်တစ်ကောင်၏ မျက်လုံးထဲတွင် လူသားများအားလုံးသည် 'ထူးဆန်းသောသတ္တဝါ'များ ဖြစ်နေနိုင်သည်ပင်။

နန်ရှန်းမှာ အနေရခက်စွာဖြင့် ချောင်းဟန့်လိုက်၏။
"သူက အသက်ကြီးပြီမို့လို့ စိတ်က သိပ်မရှည်တော့တာပါ"

"သိသာပါတယ်ကွာ။ တခြားသူတွေအပေါ်လည်း သူက ဆိုးတာမှန်ပေမယ့် ငါ့အပေါ်မှာကျ ရှယ်ပလန်နဲ့ကို ဆိုးနေတာ"
ချူဟွမ်မှာ ခဏမျှ စဉ်းစားနေပြီးနောက် နားမလည်နိုင်စွာ မေးလာလေသည်။
"ငါက အဲ့လောက်တောင် စိတ်ရှုပ်ဖို့ ကောင်းတာလား?"

နန်ရှန်း: "ဖြစ်နိုင်တာကတော့ မင်းက ကြည့်လို့ကောင်းပြီး အပြောအဆိုလည်းတတ်တာကြောင့်မို့ နေမယ်"

/... အဲ့ သတ္တဝါအိုကြီးက တကယ်ပဲ ရုပ်ကြမ်းကြီးတွေနဲ့ တုတ်ထိုးအိုးပေါက် တည့်တိုးပြောတတ်တဲ့လူမျိုးတွေကိုပဲ သဘောကျတာလား? အဲ့လိုဆိုရင်တော့ သွားပြီ။ ကြည့်ရတာ ရှောင်ဖန်းတစ်ယောက်ပဲ သူ့ရဲ့ 'အသည်းကျော်လေး'ဖြစ်နိုင်တော့မယ်နဲ့ တူတယ်/

စင်စစ်အားဖြင့် ယခုကဲ့သို့သောအခြေအနေမျိုးတွင် ဤစကားမျိုးမှာ အခြားသူများအတွက်ဆိုလျှင် လျှာရိုးမရှိတိုင်းအာချောင်နေသည်ဟု ခံစားရစေမည်ဖြစ်သော်လည်း နန်ရှန်း၏နှုတ်မှ ထွက်လာသည့်အခါတွင်ကား ထိုစကားသည် မထင်မှတ်ဘဲ အလေးအနက်သဘောမျိုးသက်ရောက်သွားကာ အရေးပါသည့်စာရွက်စာတမ်းတစ်ခုခုထဲတွင် ပုံနှိပ်ဖော်ပြခံရတော့မည့်မလား ရှိပေသည်။ ထိုစကားကို ကြားလိုက်ရပြီးနောက်တွင် ချူဟွမ်တစ်ယောက် 'ဆိတ်အိုကြီး'ကြောင့် စိတ်နှလုံးညစ်ညူးနေခဲ့ရာမှ ပြန်လည်၍ ကြည်လင်ရွှင်ပျလာခဲ့တော့သည်။

ချူဟွမ်က နှာခေါင်းကိုပွတ်လျက် ပြောလာ၏။
"... မင်းက လူတွေကို ကောင်းကောင်းကြီး မြှောက်ပင့်ပြောတတ်တာကို ငါသိသွားပြီ။ သိမ်သိမ်မွေ့မွေ့လေးနဲ့ သဘောကျစရာကောင်းအောင် ပြောတတ်တာပဲ"

နန်ရှန်း : "ငါ့ 'အပါ'ကလည်း မင်းတို့ မြစ်တစ်ဘက်ကမ်းကပဲ။ အကြီးအကဲက သူ့အကြောင်း ခဏခဏပြောနေတာကို ကြားရတော့ အဲ့လူနဲ့ မင်းနဲ့ နည်းနည်းတူနေလို့ဖြစ်မယ်လို့ မင်းလည်း ခံစားရမှာပေါ့။ အကြီးအကဲက သူ့ဒေါသတွေကို မင်းအပေါ်ပုံချနေမိတာ ဖြစ်ပါလိမ့်မယ်။ စိတ်ထဲထားမနေပါနဲ့"

ဤစကားထဲတွင်ပါနေသည့် သတင်းအချက်အလက်ပမာဏသည်ကား အနည်းငယ်များပြားလွန်းလှပေ၏။ ချူဟွမ်မှာ အခြားသူတစ်ယောက်နေရာတွင် အစားထိုးအနေဖြင့် အကြောင်းမဲ့စိတ်ဆိုးခံနေရသည်ကို ခံပြင်းသင့်သည်ဟု ခံစားရသော်လည်း တစ်ဖန်စဉ်းစားကြည့်လိုက်မည်ဆိုပါက... သူ့အနေဖြင့် ကိုယ်စားဝင်၍စိတ်ဆိုးခံပေးနေရသောပုဂ္ဂိုလ်မှာ နန်ရှန်း၏ဖခင်ဖြစ်နေသောကြောင့် ကျေကျေနပ်နပ်ပင် လက်ခံလိုက်လေတော့သည်။

"မင်းရဲ့ မေးခွန်းအတွက်ကတော့ ငါလည်း သေချာမပြောနိုင်ဘူး"
နန်ရှန်းက အလေးအနက်ဆိုလေ၏။
"ဒါပေမယ့် ငါခန့်မှန်းမိတာ နည်းနည်းတော့ရှိတယ်။ ဒီကိစ္စက ငါ့အဖေနဲ့ တစ်ခုခုပတ်သက်နေမယ်ထင်တယ်"

ချူဟွမ်လည်း အကြီးအကဲချိတ်ထားပေးခဲ့သော နံရံထက်ရှိမီးတိုင်ကို လှမ်းယူလိုက်သည်။
"အိုကေ... ဒီကနေထွက်ပြီး ပြောကြရအောင်"

မွန်းကြပ်စရာကောင်းလှသော လိုဏ်ဂူအနေအထားနှင့် အတိတ်၏အချိန်ကာလတို့ထဲတွင် ပိတ်မိလျက်သားရှိနေကြသည့် လူသားများမှာ ချူဟွမ်ကို အတိုင်းထက်အလွန် စိတ်မသက်သာဖြစ်စေပါ၏။

ချူဟွမ်တစ်ယောက် ထိုနေရာမှထွက်လာသည့်တစ်လျှောက်လုံး အတွေးထဲတွင်နစ်မျောလျက်ရှိနေမိကာ-နန်ရှန်းပြောသည့်အရဆိုလျှင် ယခု သူသည်လည်း လီယီမျိုးနွယ်စုထဲတွင် ပိတ်မိနေပါပြီလော?

သူ့အနေဖြင့် မြစ်၏ကမ်းပါးနှစ်ဖက်မှာ 'ကမ္ဘာနှစ်ခု' ဖြစ်နေသည်ဆိုခြင်းကို လက်မခံနိုင်သေးချေ။ ချူဟွမ်မှာ ငယ်စဉ်တုန်းက ပထဝီဘာသာရပ်တွင် စာမေးပွဲကျဖူးသည့်တိုင် ကမ္ဘာကြီးသည် လုံးဝန်းသည်ဟု စွဲစွဲမြဲမြဲလက်ခံထားခဲ့သည်သာ ဖြစ်ပါသည်။

သို့ရာတွင် သူ၏ မကျယ်ပြန့်လှသေးသော အထွေထွေဗဟုသုတဖြင့် ဂူထဲရှိ သေလည်းမသေ၊ ရှင်လည်းရှင်မနေသည့်လူများအကြောင်းကို မဖြေရှင်းနိုင်ပဲရှိနေပေ၏။

ချူဟွမ်သည်ကား ကိုယ့်အကြောင်းကိုယ်သာစိတ်ဝင်စားသည့် လူပေလူတေတစ်ကောင်သာဖြစ်၍ ကြယ်စင်များကိုမော့ကြည့်ရင်း ဒဿနအတွေးအခေါ်မေးခွန်းများအကြား တမေ့တမောနစ်မျောလျက် စဉ်းစားအဖြေထုတ်နေလေ့ရှိသူမျိုးမဟုတ်ပါလေ။ သူ့တွေးခေါ်နိုင်စွမ်းဆိုသည်မှာ သူ့အရှေ့တွင်ရှိနေသည့် မြေကွက်တစ်ဧက၏သုံးပုံတစ်ပုံကိုပင် မည်သည့်အခါမျှ ကျော်လွန်နိုင်မည်မဟုတ်။ သူသည် တုံးအထုံထိုင်းလှသော ငြီးငွေ့ဖွယ်လူတစ်ယောက်ပင်။

သို့ဖြစ်ပေရာ ယခုအခါတွင်လည်း အနှီ 'တောင့်ခဲနေသည့်' လူသားများအနေဖြင့် မည်သို့ခံစားနေကြရမည်နည်းဆိုသည်ကို စဉ်းစားကြည့်၍မရနိုင်ပါချေ။

အကြီးအကဲပြောသည့်အတိုင်းသာ မှန်ခဲ့ပါလျှင် ထိုသူများအနေဖြင့် သူတို့ကိုယ်သူတို့ 'လှုပ်ရှားမှုများနှေးကွေးလာသည်'ကို မသိခဲ့ကြလေရာ ယခုအချိန်ထိလည်း သူတို့ 'တောင့်ခဲ' နေပြီဖြစ်ကြောင်းကိုရော သိနေနိုင်ပါဦးမည်လော?

ဂူထဲတွင် 'ကျောက်ရုပ်'ဖြစ်နေကြသည့် ဝါရင့်စစ်သားကြီးများအနေဖြင့် တစ်နေ့နေ့တွင် ပုံမှန်လူတစ်ယောက်အဖြစ်သို့ ပြန်ရောက်လာနိုင်ဦးမည်ဆိုပါလျှင် သူတို့မျက်တောင်တစ်ခတ်စာအချိန်လေးအတွင်း ကမ္ဘာကြီးတစ်ခုလုံး အကြီးအကျယ်ပြောင်းလဲသွားသည်ဟု ခံစားရပါမည်လော?

နှစ်ယောက်သား ဂူထဲမှ တိတ်ဆိတ်စွာထွက်လာခဲ့ကြကာ မျိုးနွယ်စုထံပြန်လာခဲ့ကြလေသည်။

မြူနှင်းများလျော့ပါးသွားချိန်တွင် လီယီမျိုးနွယ်စုထက်ရှိကောင်းကင်ကြီးမှာ ကြည်လင်ရှင်းလဲ့လျက်ရှိကာ နွေးထွေးသောနေရောင်ခြည်တို့ဖြင့် ပြည့်နှက်နေပေ၏။ အုံ့ဆိုင်းနေသောတိမ်လွှာစိုင်တို့မှာ မျက်စိတစ်မှိတ်စာအချိန်အတွင်းပင် မရပ်မနားခရီးနှင်သွားခဲ့ကြပြီဖြစ်၍ အဝေးတစ်နေရာရှိ တောင်ထိပ်တစ်ခုပေါ်မှ ငြိမ်သက်စွာရပ်ကြည့်နေမည်ဆိုပါလျှင် စိတ်ချမ်းမြေ့ဖွယ်ရာအတိရှိသည့် လောကနိဗ္ဗာန်တစ်ခုကို မြင်တွေ့ရမည်ဖြစ်ချေသည်။

သို့ရာတွင် အဆိုပါလောကနိဗ္ဗာန်သည်မူ နိုးကြားထကြွမှုတို့ဖြင့် ပြည့်နှက်နေကာ - မျက်နှာထားတင်းတင်းဖြင့် ကင်းလှည့်လျက်ရှိနေကြသည့် လူငယ်လူရွယ်များကိုမဆိုထားနှင့်။ တစ်နေကုန်တစ်နေခန်း တောင်တန်းများ‌ပေါ်တွင် ပြေးလွှားကျက်စားနေလေ့ရှိကြသည့် မြင်းများသည်ပင်လျှင် မိုးသက်လေပြင်းလာနေပြီဖြစ်ကြောင်းကို ခံစားမိကြပုံရကြ၏။ ၎င်းတို့အားလုံးပင် ခေါင်းဆောင်မြင်းနောက်မှလိုက်လျက် ရွာအနီးအနားတွင်စုဝေးနေကြပေသည်။ တစ်ခါတစ်ရံ၌ ဘေးဘီသို့ သတိကြီးစွာဖြင့်ကြည့်နေကြမည်ဖြစ်၏။

ချူဟွမ်မှာ သူနှင့်အတူ မြစ်ထဲတွင်အဆုံးသတ်ရလုနီးပါးဖြစ်ခဲ့ရသည့် မြင်းဖြူကြီးကို အတော်ဝေးဝေးတည်းက လှမ်းမြင်မိသဖြင့် လေချွန်သံရှည်တစ်ချက်ပြုလိုက်ချေသည်။ မြင်းဖြူကြီးမှာ လူယဉ်လှလေရာ အတူတကွသွားလာခဲ့ဖူးသည့် ထိုသူအား ချက်ချင်းပင်မှတ်မိနိုင်၍ လေချွန်သံကြားသည်နှင့် ထိုသူထံ တန်းတန်းမတ်မတ်ပြေးလာတော့၏။

ထိုသတ္တဝါ၏ ခြေထောက်များသည်ကား ထော့နဲ့ထော့နဲ့ဖြစ်နေသေးကာ - 'ခွေးရူး' ကြောင့်ရထားသောဒဏ်ရာများ ကောင်းကောင်းမပျောက်သေးဘဲ - မည်သို့ပင်ဖြစ်စေကာမူ အာဇာနည်မြင်းတစ်ကောင်သည်ကား မြင်းကောင်းတစ်ကောင်ဖြစ်နေဦးမည်ဖြစ်လေရာ ထုံးစံအတိုင်း ခွန်အားပြည့်ဝတက်ကြွနေမြဲပင်။

မြင်း‌ဖြူကြီးမှာ လည်ကိုစင်းလာလျက် ချူဟွမ်၏လက်ကိုပွတ်သပ်နေကာ လာချွဲလေသည်။

အစ်မကြီးချွင်းတစ်ယောက် သူ့ခြံထဲတွင် အလုပ်လုပ်နေရင်းဖြင့် လှုပ်လှုပ်ရှားရှားအသံများကြားရသဖြင့် လှည့်ကြည့်လာသည်တွင် ထိုသူနှစ်ယောက်ကို တွေ့လိုက်ရချေ၏။ ထိုအမျိုးသမီးမှာ သူ့လက်များကို အင်္ကျီဖြင့်သေသေချာချာသုတ်လိုက်ပြီးနောက် ချူဟွမ်အား ရှက်ကိုးရှက်ကန်းဖြင့်နှုတ်ဆက်လာပြီးနောက် ပုဆိန်ကိုပြန်ကောက်ကာ သူ့အလုပ်သူဆက်လုပ်နေပေတော့သည်။ ချူဟွမ်မှာ စစချင်းတွင် ထိုအမျိုးသမီး ထင်းခုတ်နေခြင်းဖြစ်မည်ဟု ထင်ခဲ့မိသော်လည်း အနီးကပ်ကြည့်လိုက်သည့်အခါတွင်ကား မြေပြင်ပေါ်တွင် အစီအရီလဲလျောင်းလျက်ရှိနေသည့် 'ခွေးရူး'သတ္တဝါများအား တသီတတန်းကြီးတွေ့လိုက်ရကာ အားလုံးပင်အသက်မရှိတော့ပြီဖြစ်လျက် အရှက်အကြောက်ကြီးလှသော အစ်မကြီးချွင်းသည် ထိုသတ္တဝါများကို တစ်ကောင်ပြီးတစ်ကောင် ခေါင်းဖြတ်နေခြင်းဖြစ်ချေ၏။

'ခွေးရူး'သတ္တဝါများမှာ အားနည်းချက်မရှိသလောက်ပင်ဖြစ်ကာ - ၎င်းတို့၏လည်ပင်းရှိ သေးငယ်လှသည့်နေရာကလေးတစ်ခုတည်းကိုသာ ခုတ်ဖြတ်၍ရနိုင်လေသည်။ ချွင်းသည်ကား ကျွမ်းကျင်လုပ်သားတစ်ယောက်၏ လျင်မြန်သွက်လက်မှုမျိုးပိုင်ဆိုင်ထားကာ အသေကောင်များကို ခြေဖြင့်နင်းလျက် ပုဆိန်သွားလွှဲချလိုက်သည်နှင့် ချိန်ရွယ်နေစရာပင်မလိုဘဲ ၎င်းတို့၏ပျော့ကွက်နေရာတည့်တည့်ကို တစ်ချက်မှမလွဲအောင် ခုတ်ဖြတ်နိုင်ပေ၏။

ချူဟွမ်မှာ တဒင်္ဂမျှအတွင်း ဤအခြေအနေကို မည်သို့မည်ပုံရင်ဆိုင်ရမည်ဆိုသည်ကို နားမလည်တော့လောက်အောင် ဖြစ်သွားရချေသည်။ သူ့စိတ်အလျဉ်မှာ ရှောင်ဖန်းထံသို့ရောက်သွားပြီးနောက်တွင် ထိုသူ့အတွက် စစ်မှန်သောလေးစားခြင်းတစ်မျိုး ပေါက်ဖွားလာမိ၏။ ချွင်းကိုကား လက်မတစ်ချက်သာ ထောင်ပြလိုက်လေသည်။

ချွင်းသည်မူ နဖူးပေါ်မှချွေးများကို လက်ဖြင့်သုတ်ရင်း မျက်နှာတစ်ခုလုံးနီရဲသွားတော့၏။ ထို့နောက် သူ့အနေဖြင့် စကားကောင်းကောင်းမပြောနိုင်ဘဲရှိမည်ကို စိုးရိမ်ကြီးစွာဖြင့်ပင် ချူဟွမ်အား ရှက်ကိုးရှက်ကန်း ရှင်းပြလာပေသည်။
"နေရာမတည့်... လိမ့်... လိမ့်*သွားမယ်"

ချူဟွမ်လည်း ချွင်းပြောချင်သည့်အဓိပ္ပာယ်ကို အဆက်အစပ်မရှိ ပြန့်ကျဲနေသည့်စကားလုံးအနည်းငယ်မှ ပြန်လည်စုစည်း၍ အဓိပ္ပာယ်ကောက်ကြည့်လိုက်ရ၏။

"လည်ပင်းနေရာကို တည့်အောင်မခုတ်နိုင်ရင် ပုဆိန်အသွား လိပ်ပြီးခွေ*သွားမှာလား?"

[1. "လိမ့်သွားမယ်" - ချွင်းပြောလိုက်တာ "卷" (juǎn) ဆိုတဲ့တစ်လုံးတည်းပါ။ အဲ့တစ်လုံးတည်းဆိုရင် "လိမ့်တယ်"၊ "လိပ်တယ်" လို့ အဓိပ္ပာယ်ရပါတယ်။

2. "ပုဆိန်အသွား လိပ်ပြီးခွေ" - ချူဟွမ်က "卷刀" (juǎn dāo) လို့ ပြန်ပြင်ပေးလိုက်တာပါ။ ဓားသွား၊ ပုဆိန်သွားတွေ လိပ်သွား၊ ခွေသွားတာမျိုးကို ပြောချင်ရင် "卷刀" လို့ သုံးရမှာဖြစ်ပါတယ်

တရုတ်စာအသုံးအနှုန်းတွေဆိုတော့ မြန်မာစာနဲ့က အတိအကျရှင်းနိုင်ဖို့ခက်တာမို့ အတတ်နိုင်ဆုံးတော့ ကြိုးစားပေးထားပါတယ်။ လိုအပ်ချက်ရှိရင် ပြောလို့ရပါတယ်နော်]

ချွင်းသည် ရိုးသားကြိုးစားလှသော အမျိုးသမီးတစ်ဦးဖြစ်၍ ထိုစာလုံးများကိုကြားလိုက်သည်နှင့် သူ့မျက်နှာမှာ ဝင်းပသွားကာ ချက်ချင်းပင် အကြိမ်ရေအနည်းငယ်မျှ ထပ်ခါတလဲလဲရွတ်ဆိုလျက် သေချာကျက်မှတ်နေတော့သည်။

ထိုအမျိုးသမီးမှာ ခေါင်းတခြားကိုယ်တခြားဖြစ်နေကြသည့် မိစ္ဆာသားရဲကောင်အလောင်းများအကြားတွင် အနား၌မည်သူမျှရှိမနေသည့်အလား စိတ်အားထက်သန်စွာဖြင့် တရုတ်စကားပြောလေ့ကျင့်နေသည့်အခါ သဘာဝအလျောက်ရက်စက်ကြမ်းကြုတ်မှုတစ်မျိုး ရုတ်တရက်ထွက်ပေါ်လာလေ၏။

"မုထားယီ ရဲ့ ဦးနှောက်အဆီနဲ့ သွေးက ဆေးအဖြစ် သုံးလို့ရတယ်"
နန်ရှန်းက သူ့ဘေးမှနေ၍ ရှင်းပြလာသည်။
"အဲ့ဒါကြောင့်မို့ အဲ့ဒါတွေကို သီးသန့်ခွဲထားရမယ်"

ချူဟွမ်မှာ သူ့ကို အကြီးအကဲပေးခဲ့ဖူးသည့် အမျိုးအမည်မသိ 'ဝက်စာ' တစ်ခွက်ကို သတိရသွားမိလေရာ ရုတ်တရက်ဖြူဖျော့သွားရတော့သည်။

"ဘယ်လို ဆေးမျိုးလဲ?"

"ဦီးနှောက်အဆီကို လိမ်းဆေး ဒါမှမဟုတ် ဆေးမှုန့်အဖြစ်လုပ်ပြီးရင် သွေးအမြန်တိတ်စေဖို့နဲ့ ဒဏ်ရာတွေကုသဖို့အတွက် သုံးတယ်။ မင်းမြင်ဖူးသလိုမျိုးပဲ။ အရင်က ငါ မင်းဒဏ်ရာတွေကို လိမ်းပေးတဲ့ဆေးလေ"

... ကံကောင်းထောက်မစွာဖြင့် ထိုအရာမှာ ကိုယ်ခန္ဓာပြင်ပအတွက်သာသုံးရမည့် ဆေးတစ်မျိုးဖြစ်နေပါ၏။

"သွေးကရော?"

"သွေးက... သွေး..."

နန်ရှန်း၏အမူအရာမှာ ရုတ်တရက် အနည်းငယ်ထူးဆန်းလာကာ စိတ်မသက်မသာဖြစ်သွားသည့်ဟန်ဖြင့် ခေတ္တမျှ တံတွေးမျိုချနေပြီးနောက် နားရွက်များ အနည်းငယ်နီရဲလာ၍... နောက်ဆုံးတွင်မူ မရှင်းမလင်းဖြေလာချေသည်။
"ဟို... သွေးက တခြားအသုံးဝင်တာတွေရှိတယ်"

ထိုသူ့မျက်လုံးများ ဂဏာမငြိမ်ဖြစ်သွားလျက် အကြည့်လွှဲသွားသည်နှင့် ချူဟွမ်တစ်ယောက် ချက်ချင်းပင် သဘောပေါက်သွားပါ၏။ သို့ရာတွင် ခေါင်းဆောင်ကြီး၏ ကြုံတောင့်ကြုံခဲရှက်သွေးဖြာနေမှုကို မြင်တွေ့လိုက်ရသည့်အခါ သူ့အနေဖြင့် ရုတ်တရက် အသည်းယားလာကာ စနောက်ချင်လာသည်နှင့် ရိုးသားဖြူစင်လှသည့်ပုံမျိုးဟန်ဆောင်လျက် မေးလိုက်လေသည်။
"ဘယ်လိုမျိုး 'တခြားအသုံးဝင်တာ'တွေလဲ?"

နန်ရှန်း : "..."

ယောက်ျားသားနှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် တဒင်္ဂမျှစူးစိုက်ကြည့်နေမိကြပြီးသည့်နောက် နန်ရှန်းကား အရှက်သိက္ခာကင်းမဲ့သည့် ဝါရင့်လူဆိုးကြီးကြောင့် မျက်နှာတစ်ခုလုံးရဲရဲနီသွားရရှာ၏။ ထိုသူ၏ တရုတ်စကားပြောစွမ်းရည်မှာ အစတည်းက ကောင်းလှသည်မဟုတ်လေရာ ထူပူသွားသည့်အချိန်တွင် ကြိုတင်ပြင်ဆင်ထားသည့် စကားလုံးများပင် ပျောက်ဆုံးသွားရတော့သည်။ လှုပ်ရှား၍မရနိုင်တော့ဘဲ ပူးကပ်နေကြသည့် လျှာနှင့် သွားတို့ကို နန်ရှန်းတစ်ယောက် ခက်ခက်ခဲခဲလှုပ်ရှားလိုက်သည်နှင့် အချင်းချင်းခလုတ်တိုက်ကုန်ကြကာ အတော်ကြီးကြာပြီးကာမှ အထစ်ထစ်အငေါ့ငေါ့ဖြင့် စကားတစ်ခွန်းထွက်လာနိုင်ပေ၏။
"အများကြီး လျှောက်မေးနေတာပဲလား? မင်း နားမလည်ပါဘူး -- စောစောတုန်းက ငါ... ငါ ဘာပြောနေခဲ့တာလဲ?"

ချူဟွမ်ကား "နားမလည်" ဟူသည့်စကားကို စိတ်ထဲတွင်သိမ်းဆည်းလျက် တိတ်တဆိတ်ကြိတ်ပြုံးနေမိသော်လည်း မျက်နှာထက်တွင်မူ ရိုးသားသည့်အမူအရာကို ထိန်းသိမ်းလျက် ကောင်းကောင်းမွန်မွန်ပင် ပြန်ဖြေလိုက်လေသည်။
"မင်းပြောနေတာ ငါ့ကိစ္စက မင်းအဖေနဲ့ တစ်ခုခုဆိုင်နေလိမ့်မယ်တဲ့"

နန်ရှန်းသည်ကား ထွက်ပေါက်ရသွားပြီဖြစ်သဖြင့် မျက်နှာပူစရာကောင်းလှသည့် အခြေအနေမှ ချက်ချင်းပင် အလျင်အမြန်ထွက်ပြေးလာတော့၏။

"ငါတို့မျိုးနွယ်စုက နောက်ပိုင်းကျတော့ အပြင်လူတွေ ဒီမှာနေလို့ရအောင် လုပ်ပေးလို့ရမယ့် နည်းလမ်းတစ်ခု ရှာတွေ့လာခဲ့တယ်"

နှစ်ယောက်သားမှာ ချူဟွမ်စာသင်နေကျ အဖြူရောင်သင်ပုန်းကျောက်ကြီးအောက်တွင် ထိုင်ချလိုက်ကြသည်။ ချူဟွမ်ကမူ တိတ်ဆိတ်စွာပင် နားစွင့်နေလျက် များများစားစား စကားဝင်မပြောပါလေ။

"အဲ့ဒီနောက်ပိုင်း နှစ်တိုင်း မြစ်လမ်းကြောင်းပွင့်ပြီး ကမ်းပါးနှစ်ဖက်ပြန်ဆက်သွားတဲ့အချိန် ငါတို့မျိုးနွယ်စုကလူတွေလွှတ်ပြီး ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ခိုင်းကြတယ်။ ငါတို့ တဖြည်းဖြည်းနဲ့ မင်းတို့ဘက်ခြမ်းကလူတွေနဲ့လည်း စပြီးအဆက်အသွယ်လုပ်ခဲ့ကြတယ်ဆိုပေမယ့် အဲ့တုန်းက သိပ်ပြီးအများကြီးမဆက်သွယ်ဖြစ်ခဲ့သေးဘူး။ ပြောရရင် အဲ့အစောပိုင်းနှစ်တွေတုန်းက မင်းတို့ဘက်ကမ်းမှာ အဲ့လောက်လည်း လူတွေအများကြီးမရှိသေးဘူးလေ။ အကြာကြီးလမ်းလျှောက်ပြီးကာမှ တောင်ပေါ်မှာနေတဲ့လူတစ်ချို့ကို ဟိုတစ်စု၊ ဒီတစ်စုလောက် တွေ့ရတာ။ ဒါပေမယ့် ငါတို့က အဝေးကြီးလည်းမသွားနိုင်ဘူးလေ"

"တကယ်လို့ 'လှုပ်ရှားခြင်းကာလ' ရောက်လာတဲ့အချိန်မှာ ငါတို့လူတွေ အပြင်ဘက်ရောက်နေခဲ့ရင် အဲ့နှစ်တုန်းကဧည့်သည်တွေလို ဖြစ်ကုန်ကြမလားလို့ စိုးရိမ်ရတယ်။ အဲ့အပြင် ငါတို့မှာ နယ်နိမိတ်ကန့်သတ်ချက်တွေရှိနေတယ်။ မင်းကိုလာကြိုတဲ့ခရိုင်မြို့နေရာမှာ။ ငါလည်း နည်းလမ်းပေါင်းစုံနဲ့ကြိုးစားကြည့်ခဲ့ဖူးပေမယ့် အဲ့နေရာကနေ ရှေ့ဆက်သွားလို့မရတော့ဘူး။ ငါတို့မျိုးနွယ်စုအတွက် အဲ့နေရာမှာ မမြင်ရတဲ့တံတိုင်းတစ်ခုရှိနေသလိုပဲမို့ - အဲ့တော့ အရင်တစ်ခေါက်တုန်းက လေယာဉ်စီးပြီး မင်းအိမ်ဆီလိုက်လာဖို့ ငါ့ကို မင်းပြောတာ... ငါစိတ်မကောင်းဖြစ်မိတာက အဲ့လိုလုပ်လို့ရမှာမဟုတ်တာကိုပဲ"

ချူဟွမ်မှာ စကားတစ်လုံးနှစ်လုံးမျှထံမှပင် ထိုသူ၏ စိတ်နှလုံးညှိုးချုံးသွားမှုကို ကြားသိခံစားလိုက်ရပေသည်။

"ကိစ္စမရှိပါဘူး။ တစ်နေ့ကျရင် ငါ့မိတ်ဆွေတစ်ယောက်ယောက်ကို ဓာတ်ပုံတွေရိုက်ပြီးပို့ပေးဖို့ တောင်းဆိုကြည့်လိုက်မယ်။ ပုံတွေကိုကြည့်ရရင် မင်းကိုယ်တိုင်ရောက်သွားသလိုပဲ နေမှာ။ အဲ့နောက်တော့ ဘာဆက်ဖြစ်သွားလဲ?"

"နောက်တော့ ငါ့အဖေရောက်လာရော။ သူက မြစ်ဒီဘက်ကမ်းကို တစ်ယောက်တည်းရောက်လာပြီး ဒဏ်ရာတွေလည်း အပြင်းအထန်ရထားတယ်။ 'အမား' က အဲ့ဒါကိုတွေ့သွားတော့ လူလွှတ်ပြီး သူ့ကို မျိုးနွယ်စုထဲခေါ်လာခဲ့တာ"

ချူဟွမ်၏မျက်ဝန်းများ မှေးကျဉ်းသွားကာ အဓိကအချက်ကို ချက်ချင်းပင် ဆွဲထုတ်နိုင်လိုက်၏။

ဤနေရာသည်ကား လူသူအရောက်အပေါက်နည်းလှသော ဝေးလံခေါင်သီလှသည့်နေရာတစ်ခုဖြစ်၍ နယ်စပ်နှင့်လည်း နီးပေသည်။ အစောပိုင်းနှစ်များကဆိုလျှင် ဤမျှလောက်ဝေးလံသည့်နေရာမျိုးတွင် လူမရှိသလောက်ပင်ဖြစ်လေ၏။ ဤနေရာသို့ တစ်ယောက်တည်းရောက်လာသည်ဆိုပါက ထိုပုဂ္ဂိုလ်မှာ နောက်ကြောင်းရှင်းလှသောသူတစ်ယောက်တော့ မဖြစ်တန်ရာ။

"သူက မျိုးနွယ်စုထဲမှာပဲနေရင်း ဒဏ်ရာတွေ သက်သာလာခဲ့တယ်။ 'အမား'က အစတည်းက သူ့ကိုတော်တော်သဘောကျမိပေမယ့် ဆောင်းတွင်းရောက်ခါနီးနေပြီမို့ 'လှုပ်ရှားခြင်းကာလ'ကိုလည်း ရောက်တော့မှာလေ။ သူ့ကို ပြန်ပို့မှဖြစ်တော့မှာမို့လို့ 'အမား'က သူ့ကို အကုန်အမှန်အတိုင်းပြောပြလိုက်ရော။ သူလည်း အဲ့ဒါကိုကြားပြီးတော့ တော်တော်စိတ်ဝင်စားသွားတာနဲ့ 'ထွက်သွားတယ်'ဆိုပေမယ့်လည်း အဝေးကြီးမသွားဘဲ မြစ်တစ်ဖက်ကမ်းမှာပဲ နေနေခဲ့တယ်။ သူက မြစ်တစ်ဖက်ကမ်းကနေ ယုန်တွေအများကြီးဖမ်းပြီးတော့ အဲ့ယုန်တွေကိုအမှတ်စဉ်တပ်၊ ပြီးရင် မျိုးနွယ်စုဝင်တွေဆီလွှတ်ပြီး အဲ့ကောင်တွေကို အစာအမျိုးမျိုးကျွေးခိုင်းကြည့်တယ်။ ရလဒ်ကတော့... အဲ့နှစ် 'လှုပ်ရှားခြင်းကာလ'ကို ရောက်တဲ့အခါ အဲ့ဘက်ကမ်းကယုန်တွေအားလုံးပဲ 'တောင့်ခဲ'သွားခဲ့ကြတယ်ဆိုပေမယ့် တစ်ကောင်တော့ကျန်နေခဲ့တယ်။ အဲ့တစ်ကောင်က တံခါးအစောင့်ရဲ့အရိုးပြာတွေကို ခိုးစားထားတာ"

ချူဟွမ်တစ်ယောက် သူနားကြားမှားသွားသည်ဟု ထင်လိုက်မိလေသည်။

"ခဏ... မင်း ခုနက ဘာပြောလိုက်တာ? ဘယ်သူ့ရဲ့ ဘာကြီးတွေ?"

နန်ရှန်းသည်ကား ဤသို့သောအခြင်းအရာမျိုးဖြင့် အသားကျနေခဲ့ချေပြီ။

"တံခါးအစောင့်တွေ - တံခါးအစောင့်ဆိုတာ ဟိုနေ့တုန်းက မြွေကြီးစီးပြီး မင်းကို မြစ်လယ်ခေါင်မှာ လာတားတဲ့တစ်ယောက်လိုမျိုးသူတွေ။ မင်းလည်း သူတို့ရဲ့ အရိုးပြာတွေကို စားဖူးပြီးပြီ"

ချူဟွမ်မှာ ခေါင်းတစ်ခုလုံးပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားရကာ သူ့တစ်ကိုယ်လုံးလည်း နေထိုင်၍မကောင်းတော့ဟု ခံစားလာရပေ၏။

"ငါ ဘယ်တုန်းက စားလိုက်မိတာလဲ?"

နန်ရှန်း : "မင်း အဲ့အရက်ကို ပထမဆုံးသောက်လိုက်တဲ့ အချိန်တုန်းကလေ... မှတ်မိလား? အဲ့ထဲမှာ စိမ်ထားတာ"

ချူဟွမ် : "..."

အရိုးပြာများနှင့် နှိုင်းစာလျှင် ချူဟွမ် ပထမကထင်ခဲ့မိသော အဆိပ်ငါးမျိုးအရက်ဟူသည် သောက်ရေသာသာမျှရှိသည့် မဖြစ်စလောက် ခပ်ပျော့ပျော့အရည်ကလေးတစ်မျိုးသာ ဖြစ်ပေလိမ့်မည်။

နန်ရှန်းမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ဖြစ်သွားသည့် ထိုသူ့မျက်နှာအား မြင်လိုက်ရပြီးနောက် ယဉ်ကျေးမှုဓလေ့ထုံးစံကွာဟချက်များအကြောင်း ပြန်လည်အမှတ်ရသွားကာ စိတ်ရှည်လက်ရှည် ရှင်းပြလာ၏။
"မင်းတို့ဘက်မှာဆိုရင် လူတွေသေတဲ့အခါ မီးသင်္ဂြိုဟ်တာ၊ ဒါမှမဟုတ် မြေမြှုပ်လိုက်တာမျိုးပဲ လုပ်တယ်‌ဆိုတာ ငါသိပါတယ်။ ငါတို့ဆီမှာတော့ မတူဘူး။ တံခါးအစောင့်တွေဆိုတာ တံခါးကနေ မွေးဖွားဖြစ်တည်လာပြီး မအိုမင်းခင်မှာ သေဆုံးကြရလိမ့်မယ်။ သူတို့ရဲ့ကိုယ်ခန္ဓာတွေက အရမ်းကိုအဖိုးတန်တယ်။ သူတို့သေသွားပြီးပြီဆိုရင် သူတို့ကို ဆေးဝါးအမျိုးမျိုးအဖြစ် ခွဲခြမ်းလိုက်ကြတာပဲ။ လူတွေဆိုတာ သေပြီးရင် ကောင်းကင်နဲ့မြေကြီးဆီကို ပြန်သွားကြရမယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးမလား?"

ချူဟွမ်ကား ရှုံ့ရှုံ့မဲ့မဲ့ဖြင့်ပင် ထိုသူ့အား တစ်ချက်မျှကြည့်လိုက်မိကာ - ဤသို့သော 'သဘာဝကျကျ' အဖြေမျိုးက သူ့အတွက် စိတ်သက်သာရာမရစေနိုင်ပါချေ။

မြေမြှုပ်ပြီးသည့်အခါတွင် အဏုဇီဝသက်ရှိအမျိုးမျိုးတို့နှင့် ကောင်းကင်ယံမှ လင်းတတို့၏ ချေဖျက်စားသုံးခြင်းကိုခံရခြင်းသည် အစာကွင်းဆက်သံသရာတွင်လည်ပတ်လျက် 'ကောင်းကင်ဘုံနှင့် မြေကြီးတို့ထံ ပြန်လည်လှည့်လည်သွား'ခြင်းဟု ဆိုနိုင်သော်လည်း ထို့အတွက်ကြောင့် ထိုဖြစ်စဉ်ထဲတွင် သူ့အနေဖြင့် "အဏုဇီဝသက်ရှိအမျိုးမျိုး" နှင့် "လင်းတ" တို့၏နေရာတွင် ကိုယ်စားဝင်၍ ၎င်းလုပ်ငန်းများကိုဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု မဆိုလိုပေ။

နန်ရှန်းကမူ သူတို့နှစ်ယောက်အကြားမှ အမြင်သုံးပါး* ကွာဟနေမှုများကို ထပ်မံ၍ရှင်းပြမလာတော့ဘဲ စကားဆက်လေသည်။
[အမြင်သုံးပါး - အမြင်သုံးပါးဆိုတာကတော့ လောကကြီးအ‌ပေါ်ထားတဲ့အမြင်၊ ဘဝအပေါ်ထားတဲ့အမြင်နဲ့ စံချိန်စံနှုန်းတွေအပေါ် တန်ဖိုးထားတဲ့အမြင်တွေ ဖြစ်ပါတယ်]

"ဒါပေမယ့် နောက်ပိုင်းကျတော့ ဒီလိုလုပ်တာက ယုန်တွေအတွက်ပဲလုပ်လို့ရတယ်ဆိုတာ သိလာရတယ်။ နောက်ပိုင်း ပိုကြီးတဲ့အကောင်တွေ... ဥပမာ သမင်တွေ၊ တောဝက်ရိုင်းတွေနဲ့ အစားထိုးပြီးစမ်းကြည့်တော့ အဲ့ဒါက အလုပ်မဖြစ်ဘူး။ သူက မြစ်တစ်ဖက်ကမ်းမှာ နှစ်တွေအများကြီးနေပြီးတော့ အကြိမ်ပေါင်းများစွာ ကျရှုံးလိုက်၊ ထပ်ကြိုးစားကြည့်လိုက် လုပ်ပြီးတဲ့နောက်မှ နောက်ဆုံးကျတော့ မြစ်တစ်ဖက်ကမ်းကလူတွေ ငါတို့ဘက်ကိုလာနေလို့ရအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားခဲ့တာ။ ငါတို့ 'ရိုးရာကန်တော့ပွဲ'လို့ခေါ်တဲ့အရာပေါ့"

ချူဟွမ် : "အဲ့ဒီ ရိုးရာကန်တော့ပွဲဆိုတာ ဘာကိုဆိုလိုတာလဲ?"

နန်ရှန်း : "အဲ့ဒါက သွေးဖလှယ်လိုက်တာ"

ချူဟွမ်၏စိတ်ထဲတွင် ပထမဆုံးပေါ်လာသည့်အတွေးတို့မှာ "မတူညီသည့်သွေးအမျိုးအစားများ ရောနှောဖလှယ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သွေးနီဥပျက်စီးမှုများ" နှင့် "စနစ်တကျပိုးသတ်မထားခြင်းကြောင့် သွေးမှတစ်ဆင့်ကူးစက်တတ်သော ရောဂါများ ကူးစက်ခံရနိုင်ခြင်း" စသော အများသိထားကြသည့် သိပ္ပံဆိုင်ရာအထွေထွေဗဟုသုတများပင်ဖြစ်ကာ - ထို့နောက်တွင်မှ နန်ရှန်းပြောသော "သွေးဖလှယ်ခြင်း"ဆိုသည်မှာ သူနားလည်ထားသည်နှင့် မတူနိုင်ကြောင်း တွေးမိလာပေသည်။

ချူဟွမ်လည်း မေးလိုက်၏။
"ဘယ်သူ့ရဲ့သွေးနဲ့လဲ?"

နန်ရှန်းက ဆိုလေသည်။
"တံခါးအစောင့်တွေရဲ့သွေး"

ထို "တံခါးအစောင့်များ" နှင့်ပတ်သက်၍ သံသယအချို့ရှိနေဆဲပင်ဖြစ်သည့်တိုင် ယခုအခါတွင်မူ ချူဟွမ်မှာ ထိုသူတို့အတွက် နက်ရှိုင်းလှသောလေးစားမှုတစ်ခု ပေါက်ဖွားလာရပြီဖြစ်ကာ - ဤမျိုးနွယ်စုသည်ကား သက်တမ်းရင့်တောင်ပေါ်ဂျင်ဆင်းများပမာပင်ဖြစ်၍ သူတို့ကိုယ်ခန္ဓာတစ်ခုလုံးမှာ ရတနာတစ်ပါးအလား အဖိုးထိုက်တန်လှပါ၏။

ချူဟွမ် : "ဒါပေမယ့် အဲ့ဒါက ငါနဲ့ဘာဆိုင်လို့လဲ?"

နန်ရှန်း : "မုထားယီ ရဲ့ လေအဆိပ်အတွက် တစ်ခုတည်းသောအဆိပ်ဖြေဆေးက တံခါးအစောင့်ရဲ့ သွေးပဲ။ မင်း အဲ့ဒါကို သောက်လိုက်တယ်လေ"

သို့ဆိုလျှင် မြစ်နံဘေးတုန်းက သူ့လည်ချောင်းထဲ နန်ရှန်း လောင်းထည့်ခဲ့သည့်အရာမှာ...

တစ်နှစ်မပြည့်သေးမီအချိန်အတွင်း၌ပင် သူသည် အရိုးပြာစား၍ လူသွေး‌သောက်ဖူးခဲ့လေပြီ။ ချူဟွမ်တစ်ယောက် ယခုအချိန်တွင်မူ လီယီမျိုးနွယ်ထဲ၌နေထိုင်နေစဉ်အတွင်း သူနေ့စဉ်စားနေသည့်အရာများ၏ ပါဝင်ပစ္စည်းများမှာ သာမန်မှဟုတ်ပါလေသလားဟု သံသယဝင်လာရလျက် - "လူဦးနှောက်ပေါင်း"၊ "လူအသည်းမီးကင်"၊ "လူဗိုက်သားမွှေကြော်" စသည်တို့ကဲ့သို့သောအရာမျိုးများ ဖြစ်နေနိုင်ပါမည်လော?

နှစ်ပေါင်းများစွာ လူသားတို့အကျိုးကို လိုလိုလားလားထမ်းပိုးလျက် ဥပဒေကိုလိုက်နာခဲ့ပြီးသည့်နောက်တွင်မူ သူသည် တစ်နည်းတစ်ဖုံဖြင့် လူသားစားသူတစ်ဦး ဖြစ်ခဲ့ရချေပြီ။ လောကဓံကံတရားမှာ သည်ထက်ပို၍ အပြောင်းအလဲအနိမ့်အမြင့် ကွာဟနိုင်ပါဦးမည်လော?

ချူဟွမ်၏လည်ချောင်းထဲတွင် တစ်စုံတစ်ခုဆို့နင်လာသကဲ့သို့ ဖြစ်လာရလျက် သူ့အစာအိမ်ထဲမှ ဆန်တက်လာသည့်အရည်ချဉ်များသည်ကား တောင်တန်းများကိုဖြိုဖျက်၍ ပင်လယ်များကိုမှောက်သွန်ပစ်နိုင်ရန် လုံလောက်ပေသည်။

"ဒါပေမယ့် အဆိပ်ဖြေဖို့သုံးတဲ့သွေးပမာဏနဲ့ တကယ့် 'ရိုးရာကန်တော့ပွဲ'မှာသုံးတဲ့ သွေးပမာဏနဲ့က အရမ်းကွာခြားတယ်။ မင်းရဲ့လက်ရှိအနေအတားကလည်း ကန်တော့ပွဲမှာသွေးဖလှယ်ပြီးသွားရင် ဖြစ်လာမယ့်ပုံစံနဲ့ လုံးဝကိုတခြားစီဖြစ်နေသေးတယ်။ အဲ့တော့ ငါထင်တာကတော့ မင်းကိုယ်ထဲကသွေးနဲ့ လေအဆိပ်နဲ့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်အာနိသင်ထိန်းထားသလို ဖြစ်နေတာကြောင့်မို့လို့ ဖြစ်မယ်။ ဒါပေမယ့် ဘယ်လိုအာနိသင်မျိုးတွေရှိပြီး ဘယ်လောက်ကြာတဲ့အထိထိန်းထားနိုင်မယ်ဆိုတာတော့ ငါလည်းမပြောနိုင်ဘူး"

ဤတစ်ကြိမ်တွင်မူ ချူဟွမ်သည် ထိုသူဆိုလိုချင်သည့်အဓိပ္ပာယ်ကို သဘောပေါက်နိုင်ခဲ့လေ၏။

"မင်းက ငါ့ကို ရိုးရာကန်တော့ပွဲကို လက်ခံဖို့ တိုက်တွန်းနေတာပဲ"

နန်ရှန်း : "မင်း ကြည့်ကြည့်"

ထိုသူက သူ့ခါးမှ ပုလင်းငယ်လေးတစ်လုံးကို ယူ၍ မြေပြင်ပေါ်ရှိ သေဆုံးလုနီးပါးဖြစ်နေသည့် ပေါင်းမြက်ပင်တစ်ပင်ပေါ်သို့ ထိုပုလင်းထဲမှ အရည်တစ်စက်နှစ်စက်မျှကို ဂရုတစိုက်ဖြင့် ချိန်ချိန်ဆဆလောင်းချလိုက်သည်။

ထို့နောက်တွင်ကား ချူဟွမ်၏ မယုံကြည်နိုင်သည့်အကြည့်များအောက်တွင်ပင် မြက်ခြောက်တမျှဖြစ်နေသည့် အပင်မှာ အမြစ်နေရာမှစ၍ တစ်ပင်လုံး စိမ်းလန်းနုနယ်လာကာ ညှိုးနွမ်းနေသည့် အခက်အလက်များသည်လည်း တဖြည်းဖြည်းပြန်လည်ဖြန့်ကျက်လာပြီးနောက် ထိပ်ဖျားမှ ခရမ်းရောင်ပန်းရိုင်းလေးတစ်ပွင့် ထွက်ပေါ်လာလျက် ရှင်သန်မှုကင်းမဲ့လုနီးဖြစ်နေသော ပတ်ဝန်းကျင်တွင် ကြက်အုပ်တစ်အုပ်အလယ်မှ ကြိုးကြာငှက်တစ်ကောင်အလား ငွားငွားစွင့်စွင့် တင့်တယ်နေတော့၏။

ထိုအရာမှာ... စစချင်းတုန်းက ချူဟွမ်ကို လီယီမျိုးနွယ်စုထံ ဆွဲဆောင်လာခဲ့သည့် "ရှင်သန်ခြင်းစွမ်းအင်"မျိုးပင်ဖြစ်၍ သူ့အနေဖြင့် နေ့ရောညပါ စိတ်ကူးယဉ်မိသည့်တိုင် ယခုချိန်ထိ မပိုင်ဆိုင်နိုင်သေးသောအရာပင်။

ချူဟွမ်၏စိတ်ထဲတွင်ပေါ်လာသည့် တစ်ခုတည်းသောအခြင်းအရာမှာ - "ခြောက်သွေ့သစ်ပင်ထံ နွေဦးရောက်လာလေပြီ" * ဟူ၍သာ။
["ခြောက်သွေ့သစ်ပင်ထံ နွေဦးရောက်လာလေပြီ" (枯木逢春) - ညှိုးနွမ်းခြောက်သွေ့နေတဲ့သစ်ပင်ဟာ ပြန်လည်စိမ်းစိုရှင်သန်လာပြီလို့ အဓိပ္ပာယ်ရပါတယ်]

"ဒါက 'ရိုးရာကန်တော့ပွဲ' ပဲ"
နန်ရှန်းက ဆိုလေသည်။

ချူဟွမ်မှာ ထိုပေါင်းမြက်ရိုင်းပင်ထံမှ ခက်ခက်ခဲခဲအကြည့်လွှဲလိုက်ရလျက် သူ့အသံသည်ပင် အနည်းငယ်မာကျောသွားကြောင်း တွေ့ရှိလိုက်ရ၏။

"ပေးရမယ့် အဖိုးအခက ဘာလဲ?"

"ရိုးရာကန်တော့ပွဲကိုလက်ခံမယ့် အပြင်လူတွေက ငါတို့နဲ့မတူဘူး။ သူတို့က ကန့်သတ်ခံထားရတာမျိုး မရှိဘူး။ သူတို့က မျိုးနွယ်စုထဲမှာ အချိန်မရွေးနေလို့ရသလို လမ်းကြောင်းပြန်ဆက်သွားတာနဲ့ မြစ်တစ်ဖက်ကမ်းကို ပြန်သွားလို့လည်းရတယ်။ ဒါပေမယ့် ကန်‌တော့ပွဲမှာ သွေးတွေအများကြီးသုံးရမှာ။ အဲ့သွေးက လေအဆိပ်အတွက် တစ်ခုတည်းသောဖြေဆေးပဲ။ အဲ့တော့ အဲ့ဒါက ငါတို့အတွက် ဘယ်လောက်တောင် တန်ဖိုးကြီးတယ်ဆိုတာ မင်းနားလည်နိုင်မှာပါ။ ပြီးတော့ ငါတို့ တောင်အစောင့်မျိုးနွယ်စုနဲ့ တံခါးအစောင့်တွေကြားမှာ ဟိုးအရင်ကတည်းက သွေးသစ္စာပြုထားတာရှိတယ်။ ငါတို့တွေအနေနဲ့ အလောင်းတွေကို အပြန်အလှန်သုံးလို့ရပေမယ့် အသက်ရှိနေတဲ့သူတွေကိုတော့ ထိခိုက်အောင်လုပ်လို့မရဘူး"
နန်ရှန်းက ဆိုပေသည်။
"ရိုးရာကန်တော့ပွဲကို လက်ခံမယ့်သူ*ဟာ စည်းမျဉ်းနှစ်ခုကိုလိုက်နာဖို့ ကျိန်ဆိုရလိမ့်မယ်"

["ရိုးရာကန်တော့ပွဲကို လက်ခံမယ့်သူ" - ရှုပ်သွားမှာစိုးလို့ ထပ်ရှင်းလိုက်တာဖြစ်ပါတယ်။ အပြင်လူတွေက ကန့်သတ်ခံထားရတာမျိုးမရှိဘူးဆိုတာ ကမ္ဘာနှစ်ခု လမ်းကြောင်းဆက်နေတဲ့အချိန် သူတို့သွားလာလို့ရတဲ့ နယ်နိမိတ်မြေကို ပြောတာပါ။ ရိုးရာကန်တော့ပွဲအတွက် တောင်အစောင့်တွေဘက်က ပေးဆပ်ထားရတဲ့အဖိုးအခက ကြီးမားတာကြောင့် အပြန်အလှန်အနေနဲ့ အပြင်လူဘက်က စည်းမျဉ်းနှစ်ချက် လိုက်နာပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်]

"ပထမအနေနဲ့ တောင်အစောင့်တွေနဲ့ တံခါးအစောင့်တွေကြားက သွေးသစ္စာကို လက်ခံလိုက်နာပြီး လောဘကြောင့်ပဲဖြစ်စေ၊ ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ တံခါးအစောင့်တွေကို ထိခိုက်အောင်မလုပ်ရဘူး"

"ဒုတိယအနေနဲ့ မျိုးနွယ်စုထဲမှာပဲ ထာဝရနေထိုင်ပြီးတော့ ဘယ်တော့မှ ငါတို့ဆီကနေ ခြေလှမ်းတစ်ဝက်တောင် ထွက်မသွားရဘူး"

နန်ရှန်းက ချူဟွမ်၏မျက်ဝန်းအစုံကို တည့်တည့်စိုက်ကြည့်လာ၏။

"မင်း ဒါကိုလက်ခံဖို့ ဆန္ဒရှိနိုင်မလား?"

-------------------

From author:

Hello, long time no see!

အကြာကြီးနေမှပေါ်လာပြီး ပြန်ပျောက်ရဦးမှာမို့ ဒါဒါတို့ကို သွေ့ပုချီပါနော်။ စာမေးပွဲအတွက် လုပ်ရမှာမို့ပါ 🤧

ဒီဘက်ကို အကြာကြီးလှည့်မကြည့်ဖြစ်လို့ E tran သမားတော့ တော်တော်အပိုင်းတွေများနေလောက်ပြီအောက်မေ့တာ သူက ကိုယ့်ထက်ဆိုးနေတယ်။ နောက်တစ်ပိုင်း (Chapter - 29) ကနေ မတက်သေးဘူး🙃

စာမေးပွဲပြီးရင်တော့ သူ့လည်း သွားသတိပေးဦးမှပါပဲ 😑

Please support NUG. အရေးတော်ပုံ အောင်ရမည် 💪

May you all be safe from Covid, too 🙏

22.11.2021

❤❤❤


(Zawgyi)

‼Warning - Slight gore and contents that can cause possible uncomfort ahead‼

(ထမင္းစာခါနီး/ ထမင္းစားေနတဲ့အခ်ိန္မွာ မဖတ္ဖို႔အႀကံေပးခ်င္ပါတယ္။ Gore contents ေတြ မၿဖဳံတတ္ဘူးဆိုလည္း သေဘာပါပဲ 😬)

ေျခာက္ေသြ႕ညႇိဳးႏြမ္းေနသည့္ သစ္ပင္

ခ်ဴဟြမ္၏ေမးခြန္းေၾကာင့္ အျခားသူႏွစ္ေယာက္ ရပ္တန႔္သြားၾကရေလသည္။

အႀကီးအကဲမွာ တဒဂၤမွ်ေတြေဝသြားရၿပီး ဘာကိုမွ်စဥ္းစား၍မရႏိုင္ေတာ့ေလာက္ေအာင္ ျဖစ္သြားရသည့္တိုင္ သူ႔အေနျဖင့္ အာဏာျပ၍မရႏိုင္သည္ကို ဝန္ခံလိုက္ရန္ကလည္း ရွက္စရာေကာင္းသည္ဟု ေတြးမိသည့္အေလ်ာက္ မေက်မခ်မ္းျဖင့္ ေျပာလိုက္ေပ၏။
"ဘယ္သိမလဲ... မင္းက ထူးဆန္းတဲ့သတၱဝါေကာင္မို႔လို႔ ေနရင္ေနမွာေပါ့"

စကားဆုံးသည္ႏွင့္တစ္ၿပိဳင္နက္ ထိုသူကား မီးတိုင္တစ္ေခ်ာင္းပင္ယူမသြားဘဲ ထြက္ခြာသြားေတာ့သည္။ ဤေနရာရွိ ပုဂၢိဳလ္သုံးေယာက္တို႔အနက္ အေမွာင္ထဲတြင္ မီးအလင္းေရာင္လိုအပ္သည္မွာ ခ်ဴဟြမ္တစ္ေယာက္တည္းသာ ရွိပုံရေခ်၏။

ခ်ဴဟြမ္: "..."

အႏွီလူအိုႀကီးသည္ "ထူးဆန္းသည့္သတၱဝါေကာင္"ဟူေသာ အသုံးအႏႈန္းကိုပင္ နားလည္သေဘာေပါက္ေလရာ ထိုသူ၏ ေဝါဟာရႂကြယ္ဝမႈမွာ ေသးေတာ့မေသးလွေပ။

သို႔ရာတြင္ ခ်ဴဟြမ္တစ္ေယာက္သည္လည္း မိမိသိကၡာကို အဖတ္ဆယ္ႏိုင္မည့္နည္းလမ္းမ်ားကို သိရွိပိုင္ဆိုင္ထားပါသည္။ သူ႔အေနျဖင့္ အႀကီးအကဲ၏ 'ဆိတ္မ်က္ႏွာ' ကို တစ္ခ်က္ၾကည့္လိုက္သည္ႏွင့္ စိတ္ခံစားခ်က္မ်ား မွ်တညီၫြတ္သြားရၿမဲျဖစ္ကာ - ဆိတ္တစ္ေကာင္၏ မ်က္လုံးထဲတြင္ လူသားမ်ားအားလုံးသည္ 'ထူးဆန္းေသာသတၱဝါ'မ်ား ျဖစ္ေနႏိုင္သည္ပင္။

နန္ရွန္းမွာ အေနရခက္စြာျဖင့္ ေခ်ာင္းဟန႔္လိုက္၏။
"သူက အသက္ႀကီးၿပီမို႔လို႔ စိတ္က သိပ္မရွည္ေတာ့တာပါ"

"သိသာပါတယ္ကြာ။ တျခားသူေတြအေပၚလည္း သူက ဆိုးတာမွန္ေပမယ့္ ငါ့အေပၚမွာက် ရွယ္ပလန္နဲ႔ကို ဆိုးေနတာ"
ခ်ဴဟြမ္မွာ ခဏမွ် စဥ္းစားေနၿပီးေနာက္ နားမလည္ႏိုင္စြာ ေမးလာေလသည္။
"ငါက အဲ့ေလာက္ေတာင္ စိတ္ရႈပ္ဖို႔ ေကာင္းတာလား?"

နန္ရွန္း: "ျဖစ္ႏိုင္တာကေတာ့ မင္းက ၾကည့္လို႔ေကာင္းၿပီး အေျပာအဆိုလည္းတတ္တာေၾကာင့္မို႔ ေနမယ္"

/... အဲ့ သတၱဝါအိုႀကီးက တကယ္ပဲ ႐ုပ္ၾကမ္းႀကီးေတြနဲ႔ တုတ္ထိုးအိုးေပါက္ တည့္တိုးေျပာတတ္တဲ့လူမ်ိဳးေတြကိုပဲ သေဘာက်တာလား? အဲ့လိုဆိုရင္ေတာ့ သြားၿပီ။ ၾကည့္ရတာ ေရွာင္ဖန္းတစ္ေယာက္ပဲ သူ႔ရဲ႕ 'အသည္းေက်ာ္ေလး'ျဖစ္ႏိုင္ေတာ့မယ္နဲ႔ တူတယ္/

စင္စစ္အားျဖင့္ ယခုကဲ့သို႔ေသာအေျခအေနမ်ိဳးတြင္ ဤစကားမ်ိဳးမွာ အျခားသူမ်ားအတြက္ဆိုလွ်င္ လွ်ာ႐ိုးမရွိတိုင္းအာေခ်ာင္ေနသည္ဟု ခံစားရေစမည္ျဖစ္ေသာ္လည္း နန္ရွန္း၏ႏႈတ္မွ ထြက္လာသည့္အခါတြင္ကား ထိုစကားသည္ မထင္မွတ္ဘဲ အေလးအနက္သေဘာမ်ိဳးသက္ေရာက္သြားကာ အေရးပါသည့္စာ႐ြက္စာတမ္းတစ္ခုခုထဲတြင္ ပုံႏွိပ္ေဖာ္ျပခံရေတာ့မည့္မလား ရွိေပသည္။ ထိုစကားကို ၾကားလိုက္ရၿပီးေနာက္တြင္ ခ်ဴဟြမ္တစ္ေယာက္ 'ဆိတ္အိုႀကီး'ေၾကာင့္ စိတ္ႏွလုံးညစ္ညဴးေနခဲ့ရာမွ ျပန္လည္၍ ၾကည္လင္႐ႊင္ပ်လာခဲ့ေတာ့သည္။

ခ်ဴဟြမ္က ႏွာေခါင္းကိုပြတ္လ်က္ ေျပာလာ၏။
"... မင္းက လူေတြကို ေကာင္းေကာင္းႀကီး ေျမႇာက္ပင့္ေျပာတတ္တာကို ငါသိသြားၿပီ။ သိမ္သိမ္ေမြ႕ေမြ႕ေလးနဲ႔ သေဘာက်စရာေကာင္းေအာင္ ေျပာတတ္တာပဲ"

နန္ရွန္း : "ငါ့ 'အပါ'ကလည္း မင္းတို႔ ျမစ္တစ္ဘက္ကမ္းကပဲ။ အႀကီးအကဲက သူ႔အေၾကာင္း ခဏခဏေျပာေနတာကို ၾကားရေတာ့ အဲ့လူနဲ႔ မင္းနဲ႔ နည္းနည္းတူေနလို႔ျဖစ္မယ္လို႔ မင္းလည္း ခံစားရမွာေပါ့။ အႀကီးအကဲက သူ႔ေဒါသေတြကို မင္းအေပၚပုံခ်ေနမိတာ ျဖစ္ပါလိမ့္မယ္။ စိတ္ထဲထားမေနပါနဲ႔"

ဤစကားထဲတြင္ပါေနသည့္ သတင္းအခ်က္အလက္ပမာဏသည္ကား အနည္းငယ္မ်ားျပားလြန္းလွေပ၏။ ခ်ဴဟြမ္မွာ အျခားသူတစ္ေယာက္ေနရာတြင္ အစားထိုးအေနျဖင့္ အေၾကာင္းမဲ့စိတ္ဆိုးခံေနရသည္ကို ခံျပင္းသင့္သည္ဟု ခံစားရေသာ္လည္း တစ္ဖန္စဥ္းစားၾကည့္လိုက္မည္ဆိုပါက... သူ႔အေနျဖင့္ ကိုယ္စားဝင္၍စိတ္ဆိုးခံေပးေနရေသာပုဂၢိဳလ္မွာ နန္ရွန္း၏ဖခင္ျဖစ္ေနေသာေၾကာင့္ ေက်ေက်နပ္နပ္ပင္ လက္ခံလိုက္ေလေတာ့သည္။

"မင္းရဲ႕ ေမးခြန္းအတြက္ကေတာ့ ငါလည္း ေသခ်ာမေျပာႏိုင္ဘူး"
နန္ရွန္းက အေလးအနက္ဆိုေလ၏။
"ဒါေပမယ့္ ငါခန႔္မွန္းမိတာ နည္းနည္းေတာ့ရွိတယ္။ ဒီကိစၥက ငါ့အေဖနဲ႔ တစ္ခုခုပတ္သက္ေနမယ္ထင္တယ္"

ခ်ဴဟြမ္လည္း အႀကီးအကဲခ်ိတ္ထားေပးခဲ့ေသာ နံရံထက္ရွိမီးတိုင္ကို လွမ္းယူလိုက္သည္။
"အိုေက... ဒီကေနထြက္ၿပီး ေျပာၾကရေအာင္"

မြန္းၾကပ္စရာေကာင္းလွေသာ လိုဏ္ဂူအေနအထားႏွင့္ အတိတ္၏အခ်ိန္ကာလတို႔ထဲတြင္ ပိတ္မိလ်က္သားရွိေနၾကသည့္ လူသားမ်ားမွာ ခ်ဴဟြမ္ကို အတိုင္းထက္အလြန္ စိတ္မသက္သာျဖစ္ေစပါ၏။

ခ်ဴဟြမ္တစ္ေယာက္ ထိုေနရာမွထြက္လာသည့္တစ္ေလွ်ာက္လုံး အေတြးထဲတြင္နစ္ေမ်ာလ်က္႐ွိေနမိကာ-နန္ရွန္းေျပာသည့္အရဆိုလွ်င္ ယခု သူသည္လည္း လီယီမ်ိဳးႏြယ္စုထဲတြင္ ပိတ္မိေနပါၿပီေလာ?

သူ႔အေနျဖင့္ ျမစ္၏ကမ္းပါးႏွစ္ဖက္မွာ 'ကမာၻႏွစ္ခု' ျဖစ္ေနသည္ဆိုျခင္းကို လက္မခံႏိုင္ေသးေခ်။ ခ်ဴဟြမ္မွာ ငယ္စဥ္တုန္းက ပထဝီဘာသာရပ္တြင္ စာေမးပြဲက်ဖူးသည့္တိုင္ ကမာၻႀကီးသည္ လုံးဝန္းသည္ဟု စြဲစြဲၿမဲၿမဲလက္ခံထားခဲ့သည္သာ ျဖစ္ပါသည္။

သို႔ရာတြင္ သူ၏ မက်ယ္ျပန႔္လွေသးေသာ အေထြေထြဗဟုသုတျဖင့္ ဂူထဲရွိ ေသလည္းမေသ၊ ရွင္လည္းရွင္မေနသည့္လူမ်ားအေၾကာင္းကို မေျဖရွင္းႏိုင္ပဲရွိေနေပ၏။

ခ်ဴဟြမ္သည္ကား ကိုယ့္အေၾကာင္းကိုယ္သာစိတ္ဝင္စားသည့္ လူေပလူေတတစ္‌ေကာင္သာျဖစ္၍ ၾကယ္စင္မ်ားကိုေမာ့ၾကည့္ရင္း ဒႆနအေတြးအေခၚေမးခြန္းမ်ားအၾကား တေမ့တေမာနစ္ေမ်ာလ်က္ စဥ္းစားအေျဖထုတ္ေနေလ့ရွိသူမ်ိဳးမဟုတ္ပါေလ။ သူ႔ေတြးေခၚႏိုင္စြမ္းဆိုသည္မွာ သူ႔အေရွ႕တြင္ရွိေနသည့္ ေျမကြက္တစ္ဧက၏သုံးပုံတစ္ပုံကိုပင္ မည္သည့္အခါမွ် ေက်ာ္လြန္ႏိုင္မည္မဟုတ္။ သူသည္ တုံးအထုံထိုင္းလွေသာ ၿငီးေငြ႕ဖြယ္လူတစ္ေယာက္ပင္။

သို႔ျဖစ္ေပရာ ယခုအခါတြင္လည္း အႏွီ 'ေတာင့္ခဲေနသည့္' လူသားမ်ားအေနျဖင့္ မည္သို႔ခံစားေနၾကရမည္နည္းဆိုသည္ကို စဥ္းစားၾကည့္၍မရႏိုင္ပါေခ်။

အႀကီးအကဲေျပာသည့္အတိုင္းသာ မွန္ခဲ့ပါလွ်င္ ထိုသူမ်ားအေနျဖင့္ သူတို႔ကိုယ္သူတို႔ 'လႈပ္ရွားမႈမ်ားေႏွးေကြးလာသည္'ကို မသိခဲ့ၾကေလရာ ယခုအခ်ိန္ထိလည္း သူတို႔ 'ေတာင့္ခဲ' ေနၿပီျဖစ္ေၾကာင္းကိုေရာ သိေနႏိုင္ပါဦးမည္ေလာ?

ဂူထဲတြင္ 'ေက်ာက္႐ုပ္'ျဖစ္ေနၾကသည့္ ဝါရင့္စစ္သားႀကီးမ်ားအေနျဖင့္ တစ္ေန႔ေန႔တြင္ ပုံမွန္လူတစ္ေယာက္အျဖစ္သို႔ ျပန္ေရာက္လာႏိုင္ဦးမည္ဆိုပါလွ်င္ သူတို႔မ်က္ေတာင္တစ္ခတ္စာအခ်ိန္ေလးအတြင္း ကမာၻႀကီးတစ္ခုလုံး အႀကီးအက်ယ္ေျပာင္းလဲသြားသည္ဟု ခံစားရပါမည္ေလာ?

ႏွစ္ေယာက္သား ဂူထဲမွ တိတ္ဆိတ္စြာထြက္လာခဲ့ၾကကာ မ်ိဳးႏြယ္စုထံျပန္လာခဲ့ၾကေလသည္။

ျမဴႏွင္းမ်ားေလ်ာ့ပါးသြားခ်ိန္တြင္ လီယီမ်ိဳးႏြယ္စုထက္ရွိေကာင္းကင္ႀကီးမွာ ၾကည္လင္ရွင္းလဲ့လ်က္ရွိကာ ေႏြးေထြးေသာေနေရာင္ျခည္တို႔ျဖင့္ ျပည့္ႏွက္ေနေပ၏။ အုံ႔ဆိုင္းေနေသာတိမ္လႊာစိုင္တို႔မွာ မ်က္စိတစ္မွိတ္စာအခ်ိန္အတြင္းပင္ မရပ္မနားခရီးႏွင္သြားခဲ့ၾကၿပီျဖစ္၍ အေဝးတစ္ေနရာရွိ ေတာင္ထိပ္တစ္ခုေပၚမွ ၿငိမ္သက္စြာရပ္ၾကည့္ေနမည္ဆိုပါလွ်င္ စိတ္ခ်မ္းေျမ့ဖြယ္ရာအတိရွိသည့္ ေလာကနိဗၺာန္တစ္ခုကို ျမင္ေတြ႕ရမည္ျဖစ္ေခ်သည္။

သို႔ရာတြင္ အဆိုပါေလာကနိဗၺာန္သည္မူ ႏိုးၾကားထႂကြမႈတို႔ျဖင့္ ျပည့္ႏွက္ေနကာ - မ်က္ႏွာထားတင္းတင္းျဖင့္ ကင္းလွည့္လ်က္ရွိေနၾကသည့္ လူငယ္လူ႐ြယ္မ်ားကိုမဆိုထားႏွင့္။ တစ္ေနကုန္တစ္ေနခန္း ေတာင္တန္းမ်ား‌ေပၚတြင္ ေျပးလႊားက်က္စားေနေလ့ရွိၾကသည့္ ျမင္းမ်ားသည္ပင္လွ်င္ မိုးသက္ေလျပင္းလာေနၿပီျဖစ္ေၾကာင္းကို ခံစားမိၾကပုံရၾက၏။ ၎တို႔အားလုံးပင္ ေခါင္းေဆာင္ျမင္းေနာက္မွလိုက္လ်က္ ႐ြာအနီးအနားတြင္စုေဝးေနၾကေပသည္။ တစ္ခါတစ္ရံ၌ ေဘးဘီသို႔ သတိႀကီးစြာျဖင့္ၾကည့္ေနၾကမည္ျဖစ္၏။

ခ်ဴဟြမ္မွာ သူႏွင့္အတူ ျမစ္ထဲတြင္အဆုံးသတ္ရလုနီးပါးျဖစ္ခဲ့ရသည့္ ျမင္းျဖဴႀကီးကို အေတာ္ေဝးေဝးတည္းက လွမ္းျမင္မိသျဖင့္ ေလခြၽန္သံရွည္တစ္ခ်က္ျပဳလိုက္ေခ်သည္။ ျမင္းျဖဴႀကီးမွာ လူယဥ္လွေလရာ အတူတကြသြားလာခဲ့ဖူးသည့္ ထိုသူအား ခ်က္ခ်င္းပင္မွတ္မိႏိုင္၍ ေလခြၽန္သံၾကားသည္ႏွင့္ ထိုသူထံ တန္းတန္းမတ္မတ္ေျပးလာေတာ့၏။

ထိုသတၱဝါ၏ ေျခေထာက္မ်ားသည္ကား ေထာ့နဲ႔ေထာ့နဲ႔ျဖစ္ေနေသးကာ - 'ေခြး႐ူး' ေၾကာင့္ရထားေသာဒဏ္ရာမ်ား ေကာင္းေကာင္းမေပ်ာက္ေသးဘဲ - မည္သို႔ပင္ျဖစ္ေစကာမူ အာဇာနည္ျမင္းတစ္ေကာင္သည္ကား ျမင္းေကာင္းတစ္ေကာင္ျဖစ္ေနဦးမည္ျဖစ္ေလရာ ထုံးစံအတိုင္း ခြန္အားျပည့္ဝတက္ႂကြေနၿမဲပင္။

ျမင္း‌ျဖဴႀကီးမွာ လည္ကိုစင္းလာလ်က္ ခ်ဴဟြမ္၏လက္ကိုပြတ္သပ္ေနကာ လာခြၽဲေလသည္။

အစ္မႀကီးခြၽင္းတစ္ေယာက္ သူ႔ၿခံထဲတြင္ အလုပ္လုပ္ေနရင္းျဖင့္ လႈပ္လႈပ္ရွားရွားအသံမ်ားၾကားရသျဖင့္ လွည့္ၾကည့္လာသည္တြင္ ထိုသူႏွစ္ေယာက္ကို ေတြ႕လိုက္ရေခ်၏။ ထိုအမ်ိဳးသမီးမွာ သူ႔လက္မ်ားကို အက်ႌျဖင့္ေသေသခ်ာခ်ာသုတ္လိုက္ၿပီးေနာက္ ခ်ဴဟြမ္အား ရွက္ကိုးရွက္ကန္းျဖင့္ႏႈတ္ဆက္လာၿပီးေနာက္ ပုဆိန္ကိုျပန္ေကာက္ကာ သူ႔အလုပ္သူဆက္လုပ္ေနေပေတာ့သည္။ ခ်ဴဟြမ္မွာ စစခ်င္းတြင္ ထိုအမ်ိဳးသမီး ထင္းခုတ္ေနျခင္းျဖစ္မည္ဟု ထင္ခဲ့မိေသာ္လည္း အနီးကပ္ၾကည့္လိုက္သည့္အခါတြင္ကား ေျမျပင္ေပၚတြင္ အစီအရီလဲေလ်ာင္းလ်က္ရွိေနသည့္ 'ေခြး႐ူး'သတၱဝါမ်ားအား တသီတတန္းႀကီးေတြ႕လိုက္ရကာ အားလုံးပင္အသက္မရွိေတာ့ၿပီျဖစ္လ်က္ အရွက္အေၾကာက္ႀကီးလွေသာ အစ္မႀကီးခြၽင္းသည္ ထိုသတၱဝါမ်ားကို တစ္ေကာင္ၿပီးတစ္ေကာင္ ေခါင္းျဖတ္ေနျခင္းျဖစ္ေခ်၏။

'ေခြး႐ူး'သတၱဝါမ်ားမွာ အားနည္းခ်က္မရွိသေလာက္ပင္ျဖစ္ကာ - ၎တို႔၏လည္ပင္းရွိ ေသးငယ္လွသည့္ေနရာကေလးတစ္ခုတည္းကိုသာ ခုတ္ျဖတ္၍ရႏိုင္ေလသည္။ ခြၽင္းသည္ကား ကြၽမ္းက်င္လုပ္သားတစ္ေယာက္၏ လ်င္ျမန္သြက္လက္မႈမ်ိဳးပိုင္ဆိုင္ထားကာ အေသေကာင္မ်ားကို ေျချဖင့္နင္းလ်က္ ပုဆိန္သြားလႊဲခ်လိုက္သည္ႏွင့္ ခ်ိန္႐ြယ္ေနစရာပင္မလိုဘဲ ၎တို႔၏ေပ်ာ့ကြက္ေနရာတည့္တည့္ကို တစ္ခ်က္မွမလြဲေအာင္ ခုတ္ျဖတ္ႏိုင္ေပ၏။

ခ်ဴဟြမ္မွာ တဒဂၤမွ်အတြင္း ဤအေျခအေနကို မည္သို႔မည္ပုံရင္ဆိုင္ရမည္ဆိုသည္ကို နားမလည္ေတာ့ေလာက္ေအာင္ ျဖစ္သြားရေခ်သည္။ သူ႔စိတ္အလ်ဥ္မွာ ေရွာင္ဖန္းထံသို႔ေရာက္သြားၿပီးေနာက္တြင္ ထိုသူ႔အတြက္ စစ္မွန္ေသာေလးစားျခင္းတစ္မ်ိဳး ေပါက္ဖြားလာမိ၏။ ခြၽင္းကိုကား လက္မတစ္ခ်က္သာ ေထာင္ျပလိုက္ေလသည္။

ခြၽင္းသည္မူ နဖူးေပၚမွေခြၽးမ်ားကို လက္ျဖင့္သုတ္ရင္း မ်က္ႏွာတစ္ခုလုံးနီရဲသြားေတာ့၏။ ထို႔ေနာက္ သူ႔အေနျဖင့္ စကားေကာင္းေကာင္းမေျပာႏိုင္ဘဲရွိမည္ကို စိုးရိမ္ႀကီးစြာျဖင့္ပင္ ခ်ဴဟြမ္အား ရွက္ကိုးရွက္ကန္း ရွင္းျပလာေပသည္။

"ေနရာမတည့္... လိမ့္... လိမ့္*သြားမယ္"

ခ်ဴဟြမ္လည္း ခြၽင္းေျပာခ်င္သည့္အဓိပၸာယ္ကို အဆက္အစပ္မရွိ ျပန႔္က်ဲေနသည့္စကားလုံးအနည္းငယ္မွ ျပန္လည္စုစည္း၍ အဓိပၸာယ္ေကာက္ၾကည့္လိုက္ရ၏။

"လည္ပင္းေနရာကို တည့္ေအာင္မခုတ္ႏိုင္ရင္ ပုဆိန္အသြား လိပ္ၿပီးေခြ*သြားမွာလား?"

[1. "လိမ့္သြားမယ္" - ခြၽင္းေျပာလိုက္တာ "卷" (juǎn) ဆိုတဲ့တစ္လုံးတည္းပါ။ အဲ့တစ္လုံးတည္းဆိုရင္ "လိမ့္တယ္"၊ "လိပ္တယ္" လို႔ အဓိပၸာယ္ရပါတယ္။

2. "ပုဆိန္အသြား လိပ္ၿပီးေခြ" - ခ်ဴဟြမ္က "卷刀" (juǎn dāo) လို႔ ျပန္ျပင္ေပးလိုက္တာပါ။ ဓားသြား၊ ပုဆိန္သြားေတြ လိပ္သြား၊ ေခြသြားတာမ်ိဳးကို ေျပာခ်င္ရင္ "卷刀" လို႔ သုံးရမွာျဖစ္ပါတယ္

တ႐ုတ္စာအသုံးအႏႈန္းေတြဆိုေတာ့ ျမန္မာစာနဲ႔က အတိအက်ရွင္းႏိုင္ဖို႔ခက္တာမို႔ အတတ္ႏိုင္ဆုံးေတာ့ ႀကိဳးစားေပးထားပါတယ္။ လိုအပ္ခ်က္ရွိရင္ ေျပာလို႔ရပါတယ္ေနာ္]

ခြၽင္းသည္ ႐ိုးသားႀကိဳးစားလွေသာ အမ်ိဳးသမီးတစ္ဦးျဖစ္၍ ထိုစာလုံးမ်ားကိုၾကားလိုက္သည္ႏွင့္ သူ႔မ်က္ႏွာမွာ ဝင္းပသြားကာ ခ်က္ခ်င္းပင္ အႀကိမ္ေရအနည္းငယ္မွ် ထပ္ခါတလဲလဲ႐ြတ္ဆိုလ်က္ ေသခ်ာက်က္မွတ္ေနေတာ့သည္။

ထိုအမ်ိဳးသမီးမွာ ေခါင္းတျခားကိုယ္တျခားျဖစ္ေနၾကသည့္ မိစာၦသားရဲေကာင္အေလာင္းမ်ားအၾကားတြင္ အနား၌မည္သူမွ်ရွိမေနသည့္အလား စိတ္အားထက္သန္စြာျဖင့္ တ႐ုတ္စကားေျပာေလ့က်င့္ေနသည့္အခါ သဘာဝအေလ်ာက္ရက္စက္ၾကမ္းၾကဳတ္မႈတစ္မ်ိဳး ႐ုတ္တရက္ထြက္ေပၚလာေလ၏။

"မုထားယီ ရဲ႕ ဦးေႏွာက္အဆီနဲ႔ ေသြးက ေဆးအျဖစ္ သုံးလို႔ရတယ္"
နန္ရွန္းက သူ႔ေဘးမွေန၍ ရွင္းျပလာသည္။
"အဲ့ဒါေၾကာင့္မို႔ အဲ့ဒါေတြကို သီးသန႔္ခြဲထားရမယ္"

ခ်ဴဟြမ္မွာ သူ႔ကို အႀကီးအကဲေပးခဲ့ဖူးသည့္ အမ်ိဳးအမည္မသိ 'ဝက္စာ' တစ္ခြက္ကို သတိရသြားမိေလရာ ႐ုတ္တရက္ျဖဴေဖ်ာ့သြားရေတာ့သည္။

"ဘယ္လို ေဆးမ်ိဳးလဲ?"

"ဦီးေႏွာက္အဆီကို လိမ္းေဆး ဒါမွမဟုတ္ ေဆးမႈန႔္အျဖစ္လုပ္ၿပီးရင္ ေသြးအျမန္တိတ္ေစဖို႔နဲ႔ ဒဏ္ရာေတြကုသဖို႔အတြက္ သုံးတယ္။ မင္းျမင္ဖူးသလိုမ်ိဳးပဲ။ အရင္က ငါ မင္းဒဏ္ရာေတြကို လိမ္းေပးတဲ့ေဆးေလ"

... ကံေကာင္းေထာက္မစြာျဖင့္ ထိုအရာမွာ ကိုယ္ခႏၶာျပင္ပအတြက္သာသုံးရမည့္ ေဆးတစ္မ်ိဳးျဖစ္ေနပါ၏။

"ေသြးကေရာ?"

"ေသြးက... ေသြး..."

နန္ရွန္း၏အမူအရာမွာ ႐ုတ္တရက္ အနည္းငယ္ထူးဆန္းလာကာ စိတ္မသက္မသာျဖစ္သြားသည့္ဟန္ျဖင့္ ေခတၱမွ် တံေတြးမ်ိဳခ်ေနၿပီးေနာက္ နား႐ြက္မ်ား အနည္းငယ္နီရဲလာ၍... ေနာက္ဆုံးတြင္မူ မရွင္းမလင္းေျဖလာေခ်သည္။
"ဟို... ေသြးက တျခားအသုံးဝင္တာေတြရွိတယ္"

ထိုသူ႔မ်က္လုံးမ်ား ဂဏာမၿငိမ္ျဖစ္သြားလ်က္ အၾကည့္လႊဲသြားသည္ႏွင့္ ခ်ဴဟြမ္တစ္ေယာက္ ခ်က္ခ်င္းပင္ သေဘာေပါက္သြားပါ၏။ သို႔ရာတြင္ ေခါင္းေဆာင္ႀကီး၏ ႀကဳံေတာင့္ႀကဳံခဲရွက္ေသြးျဖာေနမႈကို ျမင္ေတြ႕လိုက္ရသည့္အခါ သူ႔အေနျဖင့္ ႐ုတ္တရက္ အသည္းယားလာကာ စေနာက္ခ်င္လာသည္ႏွင့္ ႐ိုးသားျဖဴစင္လွသည့္ပုံမ်ိဳးဟန္ေဆာင္လ်က္ ေမးလိုက္ေလသည္။
"ဘယ္လိုမ်ိဳး 'တျခားအသုံးဝင္တာ'ေတြလဲ?"

နန္ရွန္း : "..."

ေယာက္်ားသားႏွစ္ဦးမွာ တစ္ေယာက္ႏွင့္တစ္ေယာက္ တဒဂၤမွ်စူးစိုက္ၾကည့္ေနမိၾကၿပီးသည့္ေနာက္ နန္ရွန္းကား အရွက္သိကၡာကင္းမဲ့သည့္ ဝါရင့္လူဆိုးႀကီးေၾကာင့္ မ်က္ႏွာတစ္ခုလုံးရဲရဲနီသြားရရွာ၏။ ထိုသူ၏ တ႐ုတ္စကားေျပာစြမ္းရည္မွာ အစတည္းက ေကာင္းလွသည္မဟုတ္ေလရာ ထူပူသြားသည့္အခ်ိန္တြင္ ႀကိဳတင္ျပင္ဆင္ထားသည့္ စကားလုံးမ်ားပင္ ေပ်ာက္ဆုံးသြားရေတာ့သည္။ လႈပ္ရွား၍မရႏိုင္ေတာ့ဘဲ ပူးကပ္ေနၾကသည့္ လွ်ာႏွင့္ သြားတို႔ကို နန္ရွန္းတစ္ေယာက္ ခက္ခက္ခဲခဲလႈပ္ရွားလိုက္သည္ႏွင့္ အခ်င္းခ်င္းခလုတ္တိုက္ကုန္ၾကကာ အေတာ္ႀကီးၾကာၿပီးကာမွ အထစ္ထစ္အေငါ့ေငါ့ျဖင့္ စကားတစ္ခြန္းထြက္လာႏိုင္ေပ၏။
"အမ်ားႀကီး ေလွ်ာက္ေမးေနတာပဲလား? မင္း နားမလည္ပါဘူး -- ေစာေစာတုန္းက ငါ... ငါ ဘာေျပာေနခဲ့တာလဲ?"

ခ်ဴဟြမ္ကား "နားမလည္" ဟူသည့္စကားကို စိတ္ထဲတြင္သိမ္းဆည္းလ်က္ တိတ္တဆိတ္ႀကိတ္ၿပဳံးေနမိေသာ္လည္း မ်က္ႏွာထက္တြင္မူ ႐ိုးသားသည့္အမူအရာကို ထိန္းသိမ္းလ်က္ ေကာင္းေကာင္းမြန္မြန္ပင္ ျပန္ေျဖလိုက္ေလသည္။
"မင္းေျပာေနတာ ငါ့ကိစၥက မင္းအေဖနဲ႔ တစ္ခုခုဆိုင္ေနလိမ့္မယ္တဲ့"

နန္ရွန္းသည္ကား ထြက္ေပါက္ရသြားၿပီျဖစ္သျဖင့္ မ်က္ႏွာပူစရာေကာင္းလွသည့္ အေျခအေနမွ ခ်က္ခ်င္းပင္ အလ်င္အျမန္ထြက္ေျပးလာေတာ့၏။

"ငါတို႔မ်ိဳးႏြယ္စုက ေနာက္ပိုင္းက်ေတာ့ အျပင္လူေတြ ဒီမွာေနလို႔ရေအာင္ လုပ္ေပးလို႔ရမယ့္ နည္းလမ္းတစ္ခု ရွာေတြ႕လာခဲ့တယ္"

ႏွစ္ေယာက္သားမွာ ခ်ဴဟြမ္စာသင္ေနက် အျဖဴေရာင္သင္ပုန္းေက်ာက္ႀကီးေအာက္တြင္ ထိုင္ခ်လိုက္ၾကသည္။ ခ်ဴဟြမ္ကမူ တိတ္ဆိတ္စြာပင္ နားစြင့္ေနလ်က္ မ်ားမ်ားစားစား စကားဝင္မေျပာပါေလ။

"အဲ့ဒီေနာက္ပိုင္း ႏွစ္တိုင္း ျမစ္လမ္းေၾကာင္းပြင့္ၿပီး ကမ္းပါးႏွစ္ဖက္ျပန္ဆက္သြားတဲ့အခ်ိန္ ငါတို႔မ်ိဳးႏြယ္စုကလူေတြလႊတ္ၿပီး ေဘးပတ္ဝန္းက်င္ကို ေထာက္လွမ္းၾကည့္ခိုင္းၾကတယ္။ ငါတို႔ တျဖည္းျဖည္းနဲ႔ မင္းတို႔ဘက္ျခမ္းကလူေတြနဲ႔လည္း စၿပီးအဆက္အသြယ္လုပ္ခဲ့ၾကတယ္ဆိုေပမယ့္ အဲ့တုန္းက သိပ္ၿပီးအမ်ားႀကီးမဆက္သြယ္ျဖစ္ခဲ့ေသးဘူး။ ေျပာရရင္ အဲ့အေစာပိုင္းႏွစ္ေတြတုန္းက မင္းတို႔ဘက္ကမ္းမွာ အဲ့ေလာက္လည္း လူေတြအမ်ားႀကီးမရွိေသးဘူးေလ။ အၾကာႀကီးလမ္းေလွ်ာက္ၿပီးကာမွ ေတာင္ေပၚမွာေနတဲ့လူတစ္ခ်ိဳ႕ကို ဟိုတစ္စု၊ ဒီတစ္စုေလာက္ ေတြ႕ရတာ။ ဒါေပမယ့္ ငါတို႔က အေဝးႀကီးလည္းမသြားႏိုင္ဘူးေလ"

"တကယ္လို႔ 'လႈပ္ရွားျခင္းကာလ' ေရာက္လာတဲ့အခ်ိန္မွာ ငါတို႔လူေတြ အျပင္ဘက္ေရာက္ေနခဲ့ရင္ အဲ့ႏွစ္တုန္းကဧည့္သည္ေတြလို ျဖစ္ကုန္ၾကမလားလို႔ စိုးရိမ္ရတယ္။ အဲ့အျပင္ ငါတို႔မွာ နယ္နိမိတ္ကန႔္သတ္ခ်က္ေတြရွိေနတယ္။ မင္းကိုလာႀကိဳတဲ့ခ႐ိုင္ၿမိဳ႕ေနရာမွာ။ ငါလည္း နည္းလမ္းေပါင္းစုံနဲ႔ႀကိဳးစားၾကည့္ခဲ့ဖူးေပမယ့္ အဲ့ေနရာကေန ေရွ႕ဆက္သြားလို႔မရေတာ့ဘူး။ ငါတို႔မ်ိဳးႏြယ္စုအတြက္ အဲ့ေနရာမွာ မျမင္ရတဲ့တံတိုင္းတစ္ခုရွိေနသလိုပဲမို႔ - အဲ့ေတာ့ အရင္တစ္ေခါက္တုန္းက ေလယာဥ္စီးၿပီး မင္းအိမ္ဆီလိုက္လာဖို႔ ငါ့ကို မင္းေျပာတာ... ငါစိတ္မေကာင္းျဖစ္မိတာက အဲ့လိုလုပ္လို႔ရမွာမဟုတ္တာကိုပဲ"

ခ်ဴဟြမ္မွာ စကားတစ္လုံးႏွစ္လုံးမွ်ထံမွပင္ ထိုသူ၏ စိတ္ႏွလုံးညႇိဳးခ်ဳံးသြားမႈကို ၾကားသိခံစားလိုက္ရေပသည္။

"ကိစၥမရွိပါဘူး။ တစ္ေန႔က်ရင္ ငါ့မိတ္ေဆြတစ္ေယာက္ေယာက္ကို ဓာတ္ပုံေတြ႐ိုက္ၿပီးပို႔ေပးဖို႔ ေတာင္းဆိုၾကည့္လိုက္မယ္။ ပုံေတြကိုၾကည့္ရရင္ မင္းကိုယ္တိုင္ေရာက္သြားသလိုပဲ ေနမွာ။ အဲ့ေနာက္ေတာ့ ဘာဆက္ျဖစ္သြားလဲ?"

"ေနာက္ေတာ့ ငါ့အေဖေရာက္လာေရာ။ သူက ျမစ္ဒီဘက္ကမ္းကို တစ္ေယာက္တည္းေရာက္လာၿပီး ဒဏ္ရာေတြလည္း အျပင္းအထန္ရထားတယ္။ 'အမား' က အဲ့ဒါကိုေတြ႕သြားေတာ့ လူလႊတ္ၿပီး သူ႔ကို မ်ိဳးႏြယ္စုထဲေခၚလာခဲ့တာ"

ခ်ဴဟြမ္၏မ်က္ဝန္းမ်ား ေမွးက်ဥ္းသြားကာ အဓိကအခ်က္ကို ခ်က္ခ်င္းပင္ ဆြဲထုတ္ႏိုင္လိုက္၏။

ဤေနရာသည္ကား လူသူအေရာက္အေပါက္နည္းလွေသာ ေဝးလံေခါင္သီလွသည့္ေနရာတစ္ခုျဖစ္၍ နယ္စပ္ႏွင့္လည္း နီးေပသည္။ အေစာပိုင္းႏွစ္မ်ားကဆိုလွ်င္ ဤမွ်ေလာက္ေဝးလံသည့္ေနရာမ်ိဳးတြင္ လူမရွိသေလာက္ပင္ျဖစ္ေလ၏။ ဤေနရာသို႔ တစ္ေယာက္တည္းေရာက္လာသည္ဆိုပါက ထိုပုဂၢိဳလ္မွာ ေနာက္ေၾကာင္းရွင္းလွေသာသူတစ္ေယာက္ေတာ့ မျဖစ္တန္ရာ။

"သူက မ်ိဳးႏြယ္စုထဲမွာပဲေနရင္း ဒဏ္ရာေတြ သက္သာလာခဲ့တယ္။ 'အမား'က အစတည္းက သူ႔ကိုေတာ္ေတာ္သေဘာက်မိေပမယ့္ ေဆာင္းတြင္းေရာက္ခါနီးေနၿပီမို႔ 'လႈပ္ရွားျခင္းကာလ'ကိုလည္း ေရာက္ေတာ့မွာေလ။ သူ႔ကို ျပန္ပို႔မွျဖစ္ေတာ့မွာမို႔လို႔ 'အမား'က သူ႔ကို အကုန္အမွန္အတိုင္းေျပာျပလိုက္ေရာ။ သူလည္း အဲ့ဒါကိုၾကားၿပီးေတာ့ ေတာ္ေတာ္စိတ္ဝင္စားသြားတာနဲ႔ 'ထြက္သြားတယ္'ဆိုေပမယ့္လည္း အေဝးႀကီးမသြားဘဲ ျမစ္တစ္ဖက္ကမ္းမွာပဲ ေနေနခဲ့တယ္။ သူက ျမစ္တစ္ဖက္ကမ္းကေန ယုန္ေတြအမ်ားႀကီးဖမ္းၿပီးေတာ့ အဲ့ယုန္ေတြကိုအမွတ္စဥ္တပ္၊ ၿပီးရင္ မ်ိဳးႏြယ္စုဝင္ေတြဆီလႊတ္ၿပီး အဲ့ေကာင္ေတြကို အစာအမ်ိဳးမ်ိဳးေကြၽးခိုင္းၾကည့္တယ္။ ရလဒ္ကေတာ့... အဲ့ႏွစ္ 'လႈပ္ရွားျခင္းကာလ'ကို ေရာက္တဲ့အခါ အဲ့ဘက္ကမ္းကယုန္ေတြအားလုံးပဲ 'ေတာင့္ခဲ'သြားခဲ့ၾကတယ္ဆိုေပမယ့္ တစ္ေကာင္ေတာ့က်န္ေနခဲ့တယ္။ အဲ့တစ္ေကာင္က တံခါးအေစာင့္ရဲ႕အ႐ိုးျပာေတြကို ခိုးစားထားတာ"

ခ်ဴဟြမ္တစ္ေယာက္ သူနားၾကားမွားသြားသည္ဟု ထင္လိုက္မိေလသည္။

"ခဏ... မင္း ခုနက ဘာေျပာလိုက္တာ? ဘယ္သူ႔ရဲ႕ ဘာႀကီးေတြ?"

နန္ရွန္းသည္ကား ဤသို႔ေသာအျခင္းအရာမ်ိဳးျဖင့္ အသားက်ေနခဲ့ေခ်ၿပီ။

"တံခါးအေစာင့္ေတြ - တံခါးအေစာင့္ဆိုတာ ဟိုေန႔တုန္းက ေႁမြႀကီးစီးၿပီး မင္းကို ျမစ္လယ္ေခါင္မွာ လာတားတဲ့တစ္ေယာက္လိုမ်ိဳးသူေတြ။ မင္းလည္း သူတို႔ရဲ႕ အ႐ိုးျပာေတြကို စားဖူးၿပီးၿပီ"

ခ်ဴဟြမ္မွာ ေခါင္းတစ္ခုလုံးေပါက္ကြဲထြက္ေတာ့မတတ္ ျဖစ္သြားရကာ သူ႔တစ္ကိုယ္လုံးလည္း ေနထိုင္၍မေကာင္းေတာ့ဟု ခံစားလာရေပ၏။

"ငါ ဘယ္တုန္းက စားလိုက္မိတာလဲ?"

နန္ရွန္း : "မင္း အဲ့အရက္ကို ပထမဆုံးေသာက္လိုက္တဲ့ အခ်ိန္တုန္းကေလ... မွတ္မိလား? အဲ့ထဲမွာ စိမ္ထားတာ"

ခ်ဴဟြမ္ : "..."

အ႐ိုးျပာမ်ားႏွင့္ ႏႈိင္းစာလွ်င္ ခ်ဴဟြမ္ ပထမကထင္ခဲ့မိေသာ အဆိပ္ငါးမ်ိဳးအရက္ဟူသည္ ေသာက္ေရသာသာမွ်ရွိသည့္ မျဖစ္စေလာက္ ခပ္ေပ်ာ့ေပ်ာ့အရည္ကေလးတစ္မ်ိဳးသာ ျဖစ္ေပလိမ့္မည္။

နန္ရွန္းမွာ မိုးႀကိဳးပစ္ခံလိုက္ရသကဲ့သို႔ျဖစ္သြားသည့္ ထိုသူ႔မ်က္ႏွာအား ျမင္လိုက္ရၿပီးေနာက္ ယဥ္ေက်းမႈဓေလ့ထုံးစံကြာဟခ်က္မ်ားအေၾကာင္း ျပန္လည္အမွတ္ရသြားကာ စိတ္ရွည္လက္ရွည္ ရွင္းျပလာ၏။
"မင္းတို႔ဘက္မွာဆိုရင္ လူေတြေသတဲ့အခါ မီးသၿဂႋဳဟ္တာ၊ ဒါမွမဟုတ္ ေျမျမႇဳပ္လိုက္တာမ်ိဳးပဲ လုပ္တယ္‌ဆိုတာ ငါသိပါတယ္။ ငါတို႔ဆီမွာေတာ့ မတူဘူး။ တံခါးအေစာင့္ေတြဆိုတာ တံခါးကေန ေမြးဖြားျဖစ္တည္လာၿပီး မအိုမင္းခင္မွာ ေသဆုံးၾကရလိမ့္မယ္။ သူတို႔ရဲ႕ကိုယ္ခႏၶာေတြက အရမ္းကိုအဖိုးတန္တယ္။ သူတို႔ေသသြားၿပီးၿပီဆိုရင္ သူတို႔ကို ေဆးဝါးအမ်ိဳးမ်ိဳးအျဖစ္ ခြဲျခမ္းလိုက္ၾကတာပဲ။ လူေတြဆိုတာ ေသၿပီးရင္ ေကာင္းကင္နဲ႔ေျမႀကီးဆီကို ျပန္သြားၾကရမယ္ဆိုတာ ထူးဆန္းတဲ့ကိစၥမဟုတ္ဘူးမလား?"

ခ်ဴဟြမ္ကား ရႈံ႕ရႈံ႕မဲ့မဲ့ျဖင့္ပင္ ထိုသူ႔အား တစ္ခ်က္မွ်ၾကည့္လိုက္မိကာ - ဤသို႔ေသာ 'သဘာဝက်က်' အေျဖမ်ိဳးက သူ႔အတြက္ စိတ္သက္သာရာမရေစႏိုင္ပါေခ်။

ေျမျမႇဳပ္ၿပီးသည့္အခါတြင္ အဏုဇီဝသက္ရွိအမ်ိဳးမ်ိဳးတို႔ႏွင့္ ေကာင္းကင္ယံမွ လင္းတတို႔၏ ေခ်ဖ်က္စားသုံးျခင္းကိုခံရျခင္းသည္ အစာကြင္းဆက္သံသရာတြင္လည္ပတ္လ်က္ 'ေကာင္းကင္ဘုံႏွင့္ ေျမႀကီးတို႔ထံ ျပန္လည္လွည့္လည္သြား'ျခင္းဟု ဆိုႏိုင္ေသာ္လည္း ထို႔အတြက္ေၾကာင့္ ထိုျဖစ္စဥ္ထဲတြင္ သူ႔အေနျဖင့္ "အဏုဇီဝသက္ရွိအမ်ိဳးမ်ိဳး" ႏွင့္ "လင္းတ" တို႔၏ေနရာတြင္ ကိုယ္စားဝင္၍ ၎လုပ္ငန္းမ်ားကိုေဆာင္႐ြက္ရန္ ဆႏၵရွိသည္ဟု မဆိုလိုေပ။

နန္ရွန္းကမူ သူတို႔ႏွစ္ေယာက္အၾကားမွ အျမင္သုံးပါး* ကြာဟေနမႈမ်ားကို ထပ္မံ၍ရွင္းျပမလာေတာ့ဘဲ စကားဆက္ေလသည္။
[အျမင္သုံးပါး - အျမင္သုံးပါးဆိုတာကေတာ့ ေလာကႀကီးအ‌ေပၚထားတဲ့အျမင္၊ ဘဝအေပၚထားတဲ့အျမင္နဲ႔ စံခ်ိန္စံႏႈန္းေတြအေပၚ တန္ဖိုးထားတဲ့အျမင္ေတြ ျဖစ္ပါတယ္]

"ဒါေပမယ့္ ေနာက္ပိုင္းက်ေတာ့ ဒီလိုလုပ္တာက ယုန္ေတြအတြက္ပဲလုပ္လို႔ရတယ္ဆိုတာ သိလာရတယ္။ ေနာက္ပိုင္း ပိုႀကီးတဲ့အေကာင္ေတြ... ဥပမာ သမင္ေတြ၊ ေတာဝက္႐ိုင္းေတြနဲ႔ အစားထိုးၿပီးစမ္းၾကည့္ေတာ့ အဲ့ဒါက အလုပ္မျဖစ္ဘူး။ သူက ျမစ္တစ္ဖက္ကမ္းမွာ ႏွစ္ေတြအမ်ားႀကီးေနၿပီးေတာ့ အႀကိမ္ေပါင္းမ်ားစြာ က်ရႈံးလိုက္၊ ထပ္ႀကိဳးစားၾကည့္လိုက္ လုပ္ၿပီးတဲ့ေနာက္မွ ေနာက္ဆုံးက်ေတာ့ ျမစ္တစ္ဖက္ကမ္းကလူေတြ ငါတို႔ဘက္ကိုလာေနလို႔ရေအာင္လုပ္ေပးႏိုင္မယ့္ နည္းလမ္းကို ရွာေတြ႕သြားခဲ့တာ။ ငါတို႔ '႐ိုးရာကန္ေတာ့ပြဲ'လို႔ေခၚတဲ့အရာေပါ့"

ခ်ဴဟြမ္ : "အဲ့ဒီ ႐ိုးရာကန္ေတာ့ပြဲဆိုတာ ဘာကိုဆိုလိုတာလဲ?"

နန္ရွန္း : "အဲ့ဒါက ေသြးဖလွယ္လိုက္တာ"

ခ်ဴဟြမ္၏စိတ္ထဲတြင္ ပထမဆုံးေပၚလာသည့္အေတြးတို႔မွာ "မတူညီသည့္ေသြးအမ်ိဳးအစားမ်ား ေရာေႏွာဖလွယ္လိုက္ျခင္းေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ ေသြးနီဥပ်က္စီးမႈမ်ား" ႏွင့္ "စနစ္တက်ပိုးသတ္မထားျခင္းေၾကာင့္ ေသြးမွတစ္ဆင့္ကူးစက္တတ္ေသာ ေရာဂါမ်ား ကူးစက္ခံရႏိုင္ျခင္း" စေသာ အမ်ားသိထားၾကသည့္ သိပၸံဆိုင္ရာအေထြေထြဗဟုသုတမ်ားပင္ျဖစ္ကာ - ထို႔ေနာက္တြင္မွ နန္ရွန္းေျပာေသာ "ေသြးဖလွယ္ျခင္း"ဆိုသည္မွာ သူနားလည္ထားသည္ႏွင့္ မတူႏိုင္ေၾကာင္း ေတြးမိလာေပသည္။

ခ်ဴဟြမ္လည္း ေမးလိုက္၏။
"ဘယ္သူ႔ရဲ႕ေသြးနဲ႔လဲ?"

နန္ရွန္းက ဆိုေလသည္။
"တံခါးအေစာင့္ေတြရဲ႕ေသြး"

ထို "တံခါးအေစာင့္မ်ား" ႏွင့္ပတ္သက္၍ သံသယအခ်ိဳ႕ရွိေနဆဲပင္ျဖစ္သည့္တိုင္ ယခုအခါတြင္မူ ခ်ဴဟြမ္မွာ ထိုသူတို႔အတြက္ နက္ရႈိင္းလွေသာေလးစားမႈတစ္ခု ေပါက္ဖြားလာရၿပီျဖစ္ကာ - ဤမ်ိဳးႏြယ္စုသည္ကား သက္တမ္းရင့္ေတာင္ေပၚဂ်င္ဆင္းမ်ားပမာပင္ျဖစ္၍ သူတို႔ကိုယ္ခႏၶာတစ္ခုလုံးမွာ ရတနာတစ္ပါးအလား အဖိုးထိုက္တန္လွပါ၏။

ခ်ဴဟြမ္ : "ဒါေပမယ့္ အဲ့ဒါက ငါနဲ႔ဘာဆိုင္လို႔လဲ?"

နန္ရွန္း : "မုထားယီရဲ႕ ေလအဆိပ္အတြက္ တစ္ခုတည္းေသာအဆိပ္ေျဖေဆးက တံခါးအေစာင့္ရဲ႕ ေသြးပဲ။ မင္း အဲ့ဒါကို ေသာက္လိုက္တယ္ေလ"

သို႔ဆိုလွ်င္ ျမစ္နံေဘးတုန္းက သူ႔လည္ေခ်ာင္းထဲ နန္ရွန္း ေလာင္းထည့္ခဲ့သည့္အရာမွာ...

တစ္ႏွစ္မျပည့္ေသးမီအခ်ိန္အတြင္း၌ပင္ သူသည္ အ႐ိုးျပာစား၍ လူေသြး‌ေသာက္ဖူးခဲ့ေလၿပီ။ ခ်ဴဟြမ္တစ္ေယာက္ ယခုအခ်ိန္တြင္မူ လီယီမ်ိဳးႏြယ္ထဲ၌ေနထိုင္ေနစဥ္အတြင္း သူေန႔စဥ္စားေနသည့္အရာမ်ား၏ ပါဝင္ပစၥည္းမ်ားမွာ သာမန္မွဟုတ္ပါေလသလားဟု သံသယဝင္လာရလ်က္ - "လူဦးေႏွာက္ေပါင္း"၊ "လူအသည္းမီးကင္"၊ "လူဗိုက္သားေမႊေၾကာ္" စသည္တို႔ကဲ့သို႔ေသာအရာမ်ိဳးမ်ား ျဖစ္ေနႏိုင္ပါမည္ေလာ?

ႏွစ္ေပါင္းမ်ားစြာ လူသားတို႔အက်ိဳးကို လိုလိုလားလားထမ္းပိုးလ်က္ ဥပေဒကိုလိုက္နာခဲ့ၿပီးသည့္ေနာက္တြင္မူ သူသည္ တစ္နည္းတစ္ဖုံျဖင့္ လူသားစားသူတစ္ဦး ျဖစ္ခဲ့ရေခ်ၿပီ။ ေလာကဓံကံတရားမွာ သည္ထက္ပို၍ အေျပာင္းအလဲအနိမ့္အျမင့္ ကြာဟႏိုင္ပါဦးမည္ေလာ?

ခ်ဴဟြမ္၏လည္ေခ်ာင္းထဲတြင္ တစ္စုံတစ္ခုဆို႔နင္လာသကဲ့သို႔ ျဖစ္လာရလ်က္ သူ႔အစာအိမ္ထဲမွ ဆန္တက္လာသည့္အရည္ခ်ဥ္မ်ားသည္ကား ေတာင္တန္းမ်ားကိုၿဖိဳဖ်က္၍ ပင္လယ္မ်ားကိုေမွာက္သြန္ပစ္ႏိုင္ရန္ လုံေလာက္ေပသည္။

"ဒါေပမယ့္ အဆိပ္ေျဖဖို႔သုံးတဲ့ေသြးပမာဏနဲ႔ တကယ့္ '႐ိုးရာကန္ေတာ့ပြဲ'မွာသုံးတဲ့ ေသြးပမာဏနဲ႔က အရမ္းကြာျခားတယ္။ မင္းရဲ႕လက္ရွိအေနအတားကလည္း ကန္ေတာ့ပြဲမွာေသြးဖလွယ္ၿပီးသြားရင္ ျဖစ္လာမယ့္ပုံစံနဲ႔ လုံးဝကိုတျခားစီျဖစ္ေနေသးတယ္။ အဲ့ေတာ့ ငါထင္တာကေတာ့ မင္းကိုယ္ထဲကေသြးနဲ႔ ေလအဆိပ္နဲ႔ ထိပ္တိုက္ေတြ႕ၿပီး အျပန္အလွန္အာနိသင္ထိန္းထားသလို ျဖစ္ေနတာေၾကာင့္မို႔လို႔ ျဖစ္မယ္။ ဒါေပမယ့္ ဘယ္လိုအာနိသင္မ်ိဳးေတြရွိၿပီး ဘယ္ေလာက္ၾကာတဲ့အထိထိန္းထားႏိုင္မယ္ဆိုတာေတာ့ ငါလည္းမေျပာႏိုင္ဘူး"

ဤတစ္ႀကိမ္တြင္မူ ခ်ဴဟြမ္သည္ ထိုသူဆိုလိုခ်င္သည့္အဓိပၸာယ္ကို သေဘာေပါက္ႏိုင္ခဲ့ေလ၏။

"မင္းက ငါ့ကို ႐ိုးရာကန္ေတာ့ပြဲကို လက္ခံဖို႔ တိုက္တြန္းေနတာပဲ"

နန္ရွန္း : "မင္း ၾကည့္ၾကည့္"

ထိုသူက သူ႔ခါးမွ ပုလင္းငယ္ေလးတစ္လုံးကို ယူ၍ ေျမျပင္ေပၚရွိ ေသဆုံးလုနီးပါးျဖစ္ေနသည့္ ေပါင္းျမက္ပင္တစ္ပင္ေပၚသို႔ ထိုပုလင္းထဲမွ အရည္တစ္စက္ႏွစ္စက္မွ်ကို ဂ႐ုတစိုက္ျဖင့္ ခ်ိန္ခ်ိန္ဆဆေလာင္းခ်လိုက္သည္။

ထို႔ေနာက္တြင္ကား ခ်ဴဟြမ္၏ မယုံၾကည္ႏိုင္သည့္အၾကည့္မ်ားေအာက္တြင္ပင္ ျမက္ေျခာက္တမွ်ျဖစ္ေနသည့္ အပင္မွာ အျမစ္ေနရာမွစ၍ တစ္ပင္လုံး စိမ္းလန္းႏုနယ္လာကာ ညႇိဳးႏြမ္းေနသည့္ အခက္အလက္မ်ားသည္လည္း တျဖည္းျဖည္းျပန္လည္ျဖန႔္က်က္လာၿပီးေနာက္ ထိပ္ဖ်ားမွ ခရမ္းေရာင္ပန္း႐ိုင္းေလးတစ္ပြင့္ ထြက္ေပၚလာလ်က္ ရွင္သန္မႈကင္းမဲ့လုနီးျဖစ္ေနေသာ ပတ္ဝန္းက်င္တြင္ ၾကက္အုပ္တစ္အုပ္အလယ္မွ ႀကိဳးၾကာငွက္တစ္ေကာင္အလား ငြားငြားစြင့္စြင့္ တင့္တယ္ေနေတာ့၏။

ထိုအရာမွာ... စစခ်င္းတုန္းက ခ်ဴဟြမ္ကို လီယီမ်ိဳးႏြယ္စုထံ ဆြဲေဆာင္လာခဲ့သည့္ "ရွင္သန္ျခင္းစြမ္းအင္"မ်ိဳးပင္ျဖစ္၍ သူ႔အေနျဖင့္ ေန႔ေရာညပါ စိတ္ကူးယဥ္မိသည့္တိုင္ ယခုခ်ိန္ထိ မပိုင္ဆိုင္ႏိုင္ေသးေသာအရာပင္။

ခ်ဴဟြမ္၏စိတ္ထဲတြင္ေပၚလာသည့္ တစ္ခုတည္းေသာအျခင္းအရာမွာ - "ေျခာက္ေသြ႕သစ္ပင္ထံ ေႏြဦးေရာက္လာေလၿပီ" * ဟူ၍သာ။
["ေျခာက္ေသြ႕သစ္ပင္ထံ ေႏြဦးေရာက္လာေလၿပီ" (枯木逢春) - ညႇိဳးႏြမ္းေျခာက္ေသြ႕ေနတဲ့သစ္ပင္ဟာ ျပန္လည္စိမ္းစိုရွင္သန္လာၿပီလို႔ အဓိပၸာယ္ရပါတယ္]

"ဒါက '႐ိုးရာကန္ေတာ့ပြဲ' ပဲ"
နန္ရွန္းက ဆိုေလသည္။

ခ်ဴဟြမ္မွာ ထိုေပါင္းျမက္႐ိုင္းပင္ထံမွ ခက္ခက္ခဲခဲအၾကည့္လႊဲလိုက္ရလ်က္ သူ႔အသံသည္ပင္ အနည္းငယ္မာေက်ာသြားေၾကာင္း ေတြ႕ရွိလိုက္ရ၏။

"ေပးရမယ့္ အဖိုးအခက ဘာလဲ?"

"႐ိုးရာကန္ေတာ့ပြဲကိုလက္ခံမယ့္ အျပင္လူေတြက ငါတို႔နဲ႔မတူဘူး။ သူတို႔က ကန္႔သတ္ခံထားရတာမ်ိဳး မ႐ွိဘူး။ သူတို႔က မ်ိဳးႏြယ္စုထဲမွာ အခ်ိန္မေ႐ြးေနလို႔ရသလို လမ္းေၾကာင္းျပန္ဆက္သြားတာနဲ႔ ျမစ္တစ္ဖက္ကမ္းကို ျပန္သြားလို႔လည္းရတယ္။ ဒါေပမယ့္ ကန္‌ေတာ့ပြဲမွာ ေသြးေတြအမ်ားႀကီးသုံးရမွာ။ အဲ့ေသြးက ေလအဆိပ္အတြက္ တစ္ခုတည္းေသာေျဖေဆးပဲ။ အဲ့ေတာ့ အဲ့ဒါက ငါတို႔အတြက္ ဘယ္ေလာက္ေတာင္ တန္ဖိုးႀကီးတယ္ဆိုတာ မင္းနားလည္ႏိုင္မွာပါ။ ၿပီးေတာ့ ငါတို႔ ေတာင္အေစာင့္မ်ိဳးႏြယ္စုနဲ႔ တံခါးအေစာင့္ေတြၾကားမွာ ဟိုးအရင္ကတည္းက ေသြးသစၥာျပဳထားတာရွိတယ္။ ငါတို႔ေတြအေနနဲ႔ အေလာင္းေတြကို အျပန္အလွန္သုံးလို႔ရေပမယ့္ အသက္ရွိေနတဲ့သူေတြကိုေတာ့ ထိခိုက္ေအာင္လုပ္လို႔မရဘူး"
နန္ရွန္းက ဆိုေပသည္။
"႐ိုးရာကန္ေတာ့ပြဲကို လက္ခံမယ့္သူ*ဟာ စည္းမ်ဥ္းႏွစ္ခုကိုလိုက္နာဖို႔ က်ိန္ဆိုရလိမ့္မယ္"

["႐ိုးရာကန္ေတာ့ပြဲကို လက္ခံမယ့္သူ" - ႐ႈပ္သြားမွာစိုးလို႔ ထပ္႐ွင္းလိုက္တာျဖစ္ပါတယ္။ အျပင္လူေတြက ကန္႔သတ္ခံထားရတာမ်ိဳးမ႐ွိဘူးဆိုတာ ကမ႓ာႏွစ္ခု လမ္းေၾကာင္းဆက္ေနတဲ့အခ်ိန္ သူတို႔သြားလာလို႔ရတဲ့ နယ္နိမိတ္ေျမကို ေျပာတာပါ။ ႐ိုးရာကန္ေတာ့ပြဲအတြက္ ေတာင္အေစာင့္ေတြဘက္က ေပးဆပ္ထားရတဲ့အဖိုးအခက ႀကီးမားတာေၾကာင့္ အျပန္အလွန္အေနနဲ႔ အျပင္လူဘက္က စည္းမ်ဥ္းႏွစ္ခ်က္ လိုက္နာေပးဖို႔ ေတာင္းဆိုတာျဖစ္ပါတယ္]

"ပထမအေနနဲ႔ ေတာင္အေစာင့္ေတြနဲ႔ တံခါးအေစာင့္ေတြၾကားက ေသြးသစၥာကို လက္ခံလိုက္နာၿပီး ေလာဘေၾကာင့္ပဲျဖစ္ေစ၊ ဘယ္လိုအေၾကာင္းေၾကာင့္ျဖစ္ေစ တံခါးအေစာင့္ေတြကို ထိခိုက္ေအာင္မလုပ္ရဘူး"

"ဒုတိယအေနနဲ႔ မ်ိဳးႏြယ္စုထဲမွာပဲ ထာဝရေနထိုင္ၿပီးေတာ့ ဘယ္ေတာ့မွ ငါတို႔ဆီကေန ေျခလွမ္းတစ္ဝက္ေတာင္ ထြက္မသြားရဘူး"

နန္ရွန္းက ခ်ဴဟြမ္၏မ်က္ဝန္းအစုံကို တည့္တည့္စိုက္ၾကည့္လာ၏။

"မင္း ဒါကိုလက္ခံဖို႔ ဆႏၵရွိႏိုင္မလား?"

-------------------

From author:

Hello, long time no see!

အၾကာႀကီးေနမွေပၚလာၿပီး ျပန္ေပ်ာက္ရဦးမွာမို႔ ဒါဒါတို႔ကို ေသြ႕ပုခ်ီပါေနာ္။ စာေမးပြဲအတြက္ လုပ္ရမွာမို႔ပါ 🤧

ဒီဘက္ကို အၾကာႀကီးလွည့္မၾကည့္ျဖစ္လို႔ E tran သမားေတာ့ ေတာ္ေတာ္အပိုင္းေတြမ်ားေနေလာက္ၿပီေအာက္ေမ့တာ သူက ကိုယ့္ထက္ဆိုးေနတယ္။ ေနာက္တစ္ပိုင္း (Chapter - 29) ကေန မတက္ေသးဘူး🙃

စာေမးပြဲၿပီးရင္ေတာ့ သူ႔လည္း သြားသတိေပးဦးမွပါပဲ 😑

Please support NUG. အေရးေတာ္ပုံ ေအာင္ရမည္ 💪

May you all be safe from Covid, too 🙏

22.11.2021

❤❤❤

Continue Reading

You'll Also Like

1.6M 196K 159
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
647K 87.7K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
702K 40.4K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
406K 8.9K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...