Uni
💕ခေတ်သစ်မင်းကုသ💕
Ep 26
"ဟဲ့ ဒီနေ့ကုမ္ပဏီကိုCEOအသစ်ရောက်လာမယ်တဲ့"
"ဒီတစ်ခါCEOက အရမ်းစည်းကမ်းတင်းကြပ်မယ်လို့ ဂျာကြီးပြောနေသံငါကြားခဲ့ရတယ်"
"ဟုတ်လား ဒါဆိုငါတို့တော့ရေသာခိုလို့မရတော့ဘူးပေါ့"
"ရေသာခိုဖို့မပြောနဲ့ ငါတို့အလုပ်မြဲအောင်ပဲဆုတောင်းနေရမှာ"
ဝန်ထမ်းတွေအချင်းချင်း ထိုစကားအားတီးတိုးပြောနေကြသည်မှာ ကုမ္ပဏီ၏ဌာနအနှံ့တွင်ပျံ့နှ့ံနေ၏။
ကုမ္ပဏီ၏ကားပါကင်ထဲသို့ Mercedes - Benz(CLA) အဖြူရောင်ကားတစ်စီးဝင်လာ၏။ ထိုကားပေါ်မှဆင်းလာသူသည်သွန်းခနှင့်ခွန်းဆက်ပိုင်ဖြစ်လေ၏။ ကုမ္ပဏီလုပ်ငန်းကိုစတင်လုပ်ဆောင်ရမည့်နေမို့ သွန်းခတစ်ယောက် စိတ်လှုပ်ရှားနေ၏။
"CEOရောက်ပြီဟေ့ ဝန်ထမ်းတွေအားလုံး meeting roomထဲမှာဆုံကြဖို့ဂျာကြီးကပြောခိုင်းလိုက်တယ်"
ဂျာကြီးရဲ့လက်ထောက်ဖြစ်သော ဒုမန်နေဂျာ၏ စကားကြောင့် အစောကစကားဖောင်ဖွဲ့နေကြတဲ့ဝန်ထမ်းတွေဟာ meeting roomထဲသို့သုတ်ခြေတင်ပြေးကြရသည်။ ထို့နောက် နေရာအသီးသီးတွင်ဝင်ထိုင်လိုက်ပြီး CEOအသစ်ဝင်လာမယ့်အချိန်ကိုစောင့်နေကြ၏။
"ဒေါက်.. ဒေါက်..ဒေါက်"
ဖိနပ်၏ခွာနှင့် သံမံတလင်းထိခတ်သံတွေဟာ တိတ်ဆိတ်နေတဲ့meeting roomထဲမှာထွက်ပါလာတယ်။ ဘောင်းဘီအိပ်ထောင်ထဲသို့ လက်နှစ်ဖက်နှိုက်လျှက် စမတ်ကျသော ခြေလှမ်းတွေဖြင့် တစ်လှမ်းချင်းလျှောက်လာပြီး အခန်းထဲသို့ဝင်လာသည့်CEOထံသို့ ဝန်ထမ်းတွေ၏အကြည့်ရောက်သွားတဲ့အခါမှာ ကမ္ဘာလောကကြီးခဏရပ်တန့်သွားသလိုခံစားလိုက်ရတယ်။ CEOအသစ်က စောက်ရမ်းချောလွန်းတဲ့အမျိုးသားတစ်ယောက်ဆိုတာ သူတို့လက်ခံလိုက်ရ၏။
စူးရှသည့်မျက်ဝန်းတစ်စုံရယ် ၊ နဖူးပေါ်လှန်တင်ထားတဲ့ရွှေရောင်ဆံပင်ရယ် ၊ တင်းတင်းစေ့ပိတ်ထားတဲ့နုတ်ခမ်းတစ်စုံရယ်ကြောင့် ထိုလူဟာအကြည့်နဲ့တင်ဩဇာအပြည့်ရှိသလိုခံစားရ၏။ အဖြူရောင် Suitအပြည့်ဝတ်ထားတဲ့ CEOဆိုသူဟာ သူ့လက်ထဲမှာကိုင်ထားတဲ့ လည်သာအိတ်အမဲကို အတွင်းရေးမှူးထံသို့ကမ်းလိုက်ပြီး meetingစားပွဲရဲ့ထိပ်ဆုံးခုံမှာဝင်ထိုင်လိုက်၏။
"ကျုပ်ကိုယ်ကျုပ်အရင်မိတ်ဆက်ပေးပါရစေ.. ကျုပ်က ဒီကုမ္ပဏီကိုပထမဦးဆုံးတည်ထောင်ခဲ့တဲ့ဥက္ကဌကြီးဦးဇေရတုရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူဖြစ်ပြီး အရင်ကအုပ်ချုပ်ခဲ့တဲ့CEOဦးစစ်မင်းပိုင်ရဲ့ခင်ပွန်း၊ အခုဒီကုမ္ပဏီကိုလက်ဆင့်ကမ်းအုပ်ချုပ်မယ့်CEOသွန်းခလို့ခေါ်ပါတယ်...
အားလုံးပဲကူညီပေးပါဦးလို့တောင်းဆိုပါတယ်.. ခင်ဗျားတို့ဘက်ကလည်း လိုအပ်တဲ့အကူအညီရှိခဲ့ရင် မန်နေဂျာကတစ်ဆင့်ကျုပ်ကိုပြောလို့ရပါတယ်.. ကျုပ်ဦးစီးလုပ်ဆောင်မယ့်လက်ထက်မှာ ဒီကုမ္ပဏီကိုအရင်ကထက်အဆများစွာတိုးတက်အောင်ဆောင်ရွက်ပါ့မယ်လို့ကတိပေးပါတယ်"
သွန်းခ၏ရှည်လျားစွာမိတ်ဆက်မှုအဆုံးမှာ ဝန်ထမ်းတွေဟာ သူတို့ကိုယ်သူတို့ တစ်ဦးချင်းမိတ်ဆက်မှု့စတင်၏။ အားလုံးမိတ်ဆက်မှု့ပြီးသွားတဲ့အခါ သက်ဆိုင်ရာဌာနဆီသို့ပြန်သွား၍ လုပ်စရာရှိသည့်အလုပ်များကိုဆက်လက်လုပ်ကိုင်ကြ၏။
"ပင်ပန်းနေပြီလား ငါ့ကောင်ရ! ရော့ ကော်ဖီလေးသောက်လိုက်ဦး"
ခွန်းဆက်ပိုင်သည် သွန်းခထံသို့ကော်ဖီခွက်လေးကမ်းပေးရင်းပြောလိုက်၏။ သွန်းခလည်း ခွန်းဆက်ပိုင်ထံမှကော်ဖီခွက်ကိုလှမ်းယူ၍ ဆုံလည်ထိုင်ခုံတွင်နောက်ကျောမှီချလိုက်၏။
"အေးကွာ ကုမ္ပဏီအလုပ်ကထင်သလောက်မလွယ်ကူဘူးပဲ.. ဒါတောင်မင်းက ငါ့ရဲ့အတွင်းရေးအမှူးအဖြစ်နဲ့အနားမှာကူညီပေးနေလို့ အနည်းငယ်သက်သာတာ.. ကျေးဇူးပါခွန်းဆက်ရာ"
"အဟွန်းး သူငယ်ချင်းတွေပဲကွာ ကျေးဇူးတင်စရာမလိုပါဘူး.. ဒါနဲ့ ငါမင်းအတွက်သတင်းဆိုးနဲ့သတင်းကောင်းပြောစရာရှိတယ်.. မင်း ဘယ်ဟာအရင်နားထောင်ချင်လဲ"
ခွနိးဆက်ပိုင်၏စကားကြောင့် သွန်းခတစ်ယောက် မျက်ခုံးတစ်ချက်ပင့်တင်၍ကြည့်လိုက်၏။
"မင်းဟာကအထူးအဆန်းပါလား.. ကုမ္ပဏီစဝင်တဲ့ရက်မှာ သတင်းကောင်းကိုပဲအရင်နားထောင်ချင်တာပေါ့ကွာ"
"ကောင်းပြီ သေချာနားထောင်နော်.. သတင်းကောင်းက မင်းရဲ့ယောက်ျားအခုဘယ်သူ့ဆီမှာရှိနေတယ်ဆိုသိရပြီ..."
"ဘုန်းး!!"
ခွန်းဆက်ပိုင်ရဲ့စကားကြောင့် သွန်းခဟာအံ့ဩလွန်းသဖြင့် စားပွဲခုံပေါ်သို့လက်ဖဝါးနှစ်ဖက်ဖြင့်ခပ်ပြင်းပြင်းရိုက်ရင်းမတ်တပ်ရပ်လိုက်၏။
"တ..တကယ်လား.. ဦးစစ်.. ဦးစစ်ဘယ်မှာရှိတာလဲ.. ပြောစမ်းပါ.. ဦးစစ်ကို အခုသွားတွေ့ရအောင်!"
"စိတ်အေးအေးထားစမ်းပါကွာ.. ပြန်ထိုင်လိုက်ဦး.. ငါပြောတဲ့စကားမဆုံးသေးဘူးလေ"
သွားမယ်တကဲကဲလုပ်နေတဲ့သွန်းခရဲ့ပုခုံးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ရင်း ထိုင်ခုံမှာပြန်ထိုင်ခိုင်းရ၏။
"မင်းကိုကစကားပုလ္လင်ခံနေတာပါကွာ အမြန်ပြောစမ်းပါ ငါ.. ငါ.. အရမ်းစိတ်လှုပ်ရှားနေပြီ"
"အေးပါကွာ.. ကိုစစ်ကသူ့ရဲ့မိသားစုအရင်းဆီကိုပြန်ရောက်နေတယ်.. သတင်းဆိုးက သူ့အစ်ကိုတွေကသူ့ကိုအိမ်ထဲကအိမ်ပြင်ထွက်ခွင့်ပိတ်ထားတယ်.. ပိုဆိုးတဲ့သတင်းက ကိုစစ်ရဲ့အမေဒေါ်ပတ္တမြားခင်အရင်ရက်ကကွယ်လွန်သွားပြီတဲ့"
"ဘာ! ဦးစစ်ကသူ့အစ်ကိုတွေဆီမှာပေါ့ဟုတ်လား.. ပြီးတော့ ဦးစစ်ရဲ့မေမေဆုံးပြီဆိုတော့ ဦးစစ်အရမ်းခံစားနေရမှာပဲ.. ဦးစစ်ကိုငါအရမ်းတွေ့ချင်တယ်ကွာ .. ငါ့ကိုလိုက်ပို့ပေးပါ"
"လိပ်စာအတိအကျမသိသေးဘူးဟ! ငါလည်းစုံစမ်းရသလောက်ပြောပြတာလေ.. လိပ်စာစုံစမ်းပြီးလို့သိရရင်ငါပြောပြပါ့မယ်"
ခွန်းဆက်ပိုင်ရဲ့စကားအဆုံးမှာ သွန်းခ၏မျက်နှာသည် ချက်ချင်းညှိုးကျသွား၏။ တကယ်တော့ ခွန်းဆက်ပိုင်သည် စစ်မင်းပိုင်နှင့် မထင်မှတ်ပဲနေရာတစ်ခုတွင် လူချင်းတွေ့ဆုံခဲ့ရသည်။ အရင်ကထက်အဆပေါင်းများစွာ ပြောင်းလဲသွားသည့်စစ်မင်းပိုင်၏ပုံစံကိုတွေ့လိုက်ချိန်မှာ ခွန်းဆက်ပိုင်သည် အလွန်အံ့ဩခဲ့ရသေးသည်။
"ကိုယ်နဲ့တွေ့ခဲ့တာမောင့်ကိုမပြောပါဘူးလို့ကတိပေးပါ ခွန်း.. ခုချိန်မှာကိုယ်စိတ်တွေရှုပ်ထွေးနေတယ်.. အဆင်သင့်ဖြစ်တဲ့နေ့ကျရင် မောင့်ဆီကို ကိုယ်သွားတွေ့မှာပါ"
စစ်မင်းပိုင်ပြောခဲ့သောစကားတွေကိုပြန်ကြားယောင်မိတော့ သူ သွန်းခအပေါ်လိမ်ညာလိုက်ရသည်။
{တောင်းပန်ပါတယ်သူငယ်ချင်း! မင်းရဲ့သက်ဆိုင်သူကိုယ်တိုင်ပြောပြရင်ပိုကောင်းမယ်ထင်လို့ ခဏတော့ထပ်ပြီးသီးခံလိုက်ပါဦး}
"ငါ့ကိုပြောပြပေးလို့ကျေးဇူးတင်ပါတယ်ခွန်းဆက်ရာ.. ဦးစစ်ရဲ့အိမ်လိပ်စာကိုရအောင်ထပ်ပြီးစုံစမ်းပေးပါဦးကွာ"
"စိတ်ချပါကွာ.. ငါ့သူငယ်ချင်းအတွက်ပဲဟာကို.. ငါအစွမ်းကုန်ကူညီပေးမှာပေါ့.. ကဲ ငါတို့လည်း ကုမ္ပဏီရဲ့ ပရောဂျက်ကိစ္စဆွေးနွေးရအောင် CEOကြီးခင်ဗျ"
"အဟားး.. မင်းကတော့လေ"
သူရွှတ်နောက်နောက်ပြောလိုက်မှ သွန်းခရဲ့မျက်နှာဟာ ပြုံးရိပ်သန်းလာသည်။ ထို့နောက်နှစ်ယောက်စလုံး အလုပ်ထဲတွင်သာစိတ်နှစ်လိုက်ကြသည်။
လက်ထဲတွင်ကိုင်ထားသော အဖြူအမဲကာလာနဲ့အကောင်အထည်တိကျစွာ မပေါ်လွင်သေးသော သန္ဓေသားပုံလေးကိုကြည့်ရင်း စစ်မင်းပိုင်ကြည်နူးမဝဖြစ်နေမိသည်။
မေမေ့ရဲ့နာရေးကိစ္စဆောင်ရွက်ပြီးရက်အနည်းငယ်အကြာမှာ မူမမှန်ဖြစ်နေတဲ့သူ့ခန္ဓာကိုယ့်အေခြနေကြောင့် အစ်ကိုနှစ်ယောက်ကစိတ်ပူလွန်ကာ သူ့အားဆေးရုံသွားခေါ်သွား၍ စစ်ဆေးခဲ့ကြရာမှ မောင့်ရဲ့ကိုယ်ပွားလေးက သူ့ဗိုက်ထဲမှာရှိနေတယ်ဆိုတာသိခဲ့ရသည်။
"ကိုကိုကြီးနဲ့ကိုလတ် ဘာတွေဝယ်လာပြန်တာတုန်း"
လက်ထဲမှာအထုပ်အပိုးအစုံဆွဲပြီးအိမ်ထဲဝင်လာတဲ့အစ်ကိုနှစ်ယောက်ကြောင့် အန်ထရာစတောင်းပုံလေးကို ဧည့်ခန်းစားပွဲပေါ်တွင်ခဏတင်ထားလိုက်ပြီး အစ်ကိုတွေလက်ထဲမှအထုပ်အချို့ကိုလက်လွှဲယူလိုက်သည်။
"အငယ့်ရဲ့ဗိုက်ထဲက ကိုကိုတို့ရဲ့ရတနာတုံးလေးအတွက် လိုအပ်မယ်ထင်တာလေးကိုဝယ်လာခဲ့တာပေါ့ဗျ"
ပြုံးရွှင်လျှက်ပြောလာသော ကိုကိုကြီးရဲ့စကားကြောင့် စစ်မင်းပိုင်ဟာ ယောင်ရမ်းလျှက်ပြားချပ်နေမြဲဖြစ်သော သူ့ဗိုက်လေးကိုကြောင်နနနဲ့ငုံ့ကြည့်လိုက်မိသည်။
"ကိုကိုကြီးကလည်း အခုမှငယ့်ရဲ့ကိုယ်ဝန်က နှစ်လပဲရှိသေးတာလေ"
သူပြောတာကို အစ်ကိုနှစ်ယောက်ကအာရုံမရောက်ဘူးထင်ပါရဲ့..။ အိတ်ထဲမှသူတို့ဝယ်လာသော ကလေးအသုံးဆောင်ပစ္စည်းတွေကိုခေါင်းချင်းဆိုင်ပြီးဆွဲထုတ်နေလေ၏။
" ဒီမှာကြည့်စမ်းအငယ်.. ဗိုက်ထဲကပိစိလေးက ဘာလေးထွက်လာမယ်ဆိုတာသေချာမသိသေးလို့ယောက်ျားလေးရော မိန်းကလေးအတွက်ပါအဆင်စေမယ့်ဟာလေးတွေပဲရွေးပြီးဝယ်လာခဲ့တာ"
ကိုလတ်ထုတ်ပြတဲ့ဖိနပ်သေးသေးလေးကိုလှမ်းယူရင်း စစ်မင်းပိုင်သဘောကျနေမိသည်။
"ဖိနပ်လေးကိုကြည့်ပါဦးကိုလတ်.. ငယ့်ရဲ့လက်ဖဝါးတစ်ဆုပ်စာပဲရှိတယ်နော် အသဲယားစရာလေး"
"ဟုတ်တယ်အငယ့်ရဲ့.. ဒီအင်္ကျီလေးတွေနဲ့ အိပ်ယာခေါင်းဦးတွေကိုလည်းကြည့်လိုက် အားလုံးက ပိစိလေးတွေချည်းပဲ"
" ကလေးတွေရဲ့အသားကနူးညံ့လို့ ကြမ်းတမ်းတာတွေအထိမခံဘူးဆိုလို့ အနှီးကိုပိုးသားနဲ့ပြုလုပ်ထားတဲ့အထည်အထူးမှာထားတာ. ကိုင်ကြည့်အငယ် အနှီးတွေက တအားနူးညံ့လွန်းတယ်"
စစ်ရှိန်သာက အနှီးထုပ်ကိုဖွင့်ပြီး စစ်မင်းပိုင်ထံသို့ကမ်းပေးလိုက်သည်။ စစ်မင်းပိုင်လဲ အနှီးတစ်ထည်ကိုကိုင်လျှက် ပါးမှာကပ်ပြီးပွတ်သပ်ကြည့်တော့ တကယ်ကိုပဲနူးညံ့လွန်းသည်။
"ဒါနဲ့နေပါဦး.. ဝယ်လာတဲ့ပစ္စည်းတွေကစုံလင်နေတာပဲ.. ဘယ်လိုဝယ်ခဲ့တာလဲ"
"အဟွန်း.. ဝန်ထမ်းကောင်မလေးကိုမေးတာပေါ့ဗျ.. တစ်စုံတစ်ခုတောင်မလစ်ဟင်းပါစေနဲ့လို့ပြောလိုက်တော့ အစစအရာရာသူပဲသေချာရှင်းပြပြီး လိုအပ်တာတွေပါလိုက်ပြပေးတာလေ"
စစ်လွန်းသာက အရှက်ပြေလည်ပင်းကိုလက်ဖဝါးနဲ့ပွတ်ရင်းပြန်ဖြေလေ၏။ လူပျိုလေးတွေဖြစ်ပြီး ကလေးအသုံးဆောင်တွေဝယ်လို့ ဝန်ထမ်းကောင်မလေးက သူတို့နှစ်ယောက်ကို အိမ်မှာကျန်ခဲ့တဲ့ဇနီးတွေကိုခေါ်မလာဘူးလားဟု အမေးခံရသေး၏။ ဘယ်သူဘယ်လိုထင်ထင်ဂရုမစိုက်ပါဘူး။
"ကိုယ်ဝန်ဆောင်နေစဥ်မှာ ကလေးပစ္စည်းတွေကြိုမဝယ်ကောင်းဘူးတဲ့ အချို့လူကြီးတွေပြောတာကို ငယ်ကြားဖူးတယ်"
သူပြောလိုက်တော့မှ ကလေးအရူးရူးနေကြတဲ့အစ်ကိုနှစ်ယောက်ဟာ မျက်လုံးတွေပြူးကျယ်ပြီး ဝယ်လာတဲ့ပစ္စည်းတွေကိုကြည့်လိုက် သူ့ဗိုက်လေးကိုလှမ်းကြည့်လိုက်နဲ့ပြာယာခက်ကုန်၏။
"ဒါ ဒါဆိုဘယ်လိုလုပ်ကြမလဲ ကိုကိုတို့ရဲ့ပိစိလေးတစ်ခုခုဖြစ်မှာလား.. ဒါတွေလွှင့်ပစ်လိုက်မယ်"
ကလေးကိုစိတ်ပူပြီး ဝယ်လာတဲ့ပစ္စည်းတွေကိုလွှင့်ပစ်ဖို့ကြံရွယ်နေတဲ့အစ်ကိုနှစ်ယောက်ကို သူအမြန်တားလိုက်ရ၏။
"အဲ့လိုမဟုတ်သေးဘူးလေ.. အခုဝယ်ထားတာတွေကို အခန်းထဲမှာသိမ်းထားလိုက်တော့မယ်.. နောက်ထပ်မဝယ်နဲ့တော့.. ကလေးမွေးပြီးမှလိုတာလေးတွေထပ်ဝယ်လို့ရတာပဲလေနော်"
"ဒါဆိုလည်းတော်သေးတာပေါ့ ကိုကိုတို့ရဲ့ပိစိလေးကိုစိတ်ပူသွားတာပဲ.. လာပါဦးအငယ်ရယ်.. ပိစိလေးကိုဖက်ထားပါရစေ"
စစ်မင်းပိုင်လဲအစ်ကိုနှစ်ယောက်ထိုင်နေတဲ့ Sofaပေါ်တွင်ပြောင်းရွှေ့ထိုင်လိုက်တော့ စစ်ရှိန်သာရော စစ်လွန်းသာကပါ sofaပေါ်တွင်ထိုင်နေရာမှ ကြမ်းပြင်ပေါ်သို့ဆင်းကာ စစ်မင်းပိုင်၏ခြေထောက်ချထားသောနောရာ၏ ဘေးတစ်ဖက်တစ်ချက်တွင်ထိုင်လိုက်ပြီး စစ်မင်းပိုင်၏ ဗိုက်လေးကို သူတို့ရဲ့လက်တွေဖြင့်သိုင်းဖက်ကာ ဗိုက်နားတွင်မျက်နှာအပ်ရင်း မျက်လုံးများမှိတ်လျှက်ပြုံးနေကြ၏။
"ဗိုက်ထဲကပိစိလေးကတော့ အပြင်ရောက်လာရင် သူ့ရဲ့ဘဘကြီးတွေအလိုလိုက်မှု့ကြောင့် ဆိုးသွမ်းနေမှာမြင်ယောင်မိသေးတယ် ခစ်ခစ်"
(မောင်နှစ်မတွေထဲမှာ အငယ်ကမွေးထဲကလေးဆိုလျှင် အဲ့ကလေးဟာ အငယ်ရဲ့ အစ်ကို၊ အစ်မတွေနှင့် ဘဘ/ကြီးကြီး တော်စပ်ပါသည်။ အကြီးကမွေးတဲ့ကလေးဆိုလျှင် အငယ်တွေနှင့် အဒေါ်/အန်တီလေး/ ဦးလေး/ လေးလေး တော်စပ်ပါသည်။)
"ဆိုးသွမ်းလဲဘာဖြစ်သေးလည်းအငယ်ရဲ့.. ကိုကိုတို့က ပိစိလေးအနောက်ကနေပိုက်ဆံထုတ်ပိုက်ပြီးလိုက်ရှင်းမှာပေါ့.. ပြီးတော့ ပိစိလေးကို အလိုက်သင့်တဲ့နေရာအလိုလိုက်ပြီး ဆုံးမသင့်တဲ့နေရာမှာဆုံးမမှာပေါ့ဗျ.. ဒါတွေပူမနေပါနဲ့... အငယ့်တာဝန်က ကျန်းမာရေးဂရုစိုက်ဖို့နဲ့ ပိစိလေးကိုချောချောချူချူမွေးနိုင်ဖို့အစစအရာရာဂရုစိုက်ရမယ် ကြားလား"
"ဟုတ်ကဲ့ပါဗျာ.. ကိုကိုတို့ရဲ့ရတနာလေးအတွက် ကျွန်တော်မျိုးဂရုစိုက်ပြီးနေပါ့မယ်"
"အငယ် ကလေးမွေးရင် လေး၊ငါးယောက်လောက် တစ်ပြိုင်တည်းမွေးပေးပါလား ဒါဆိုကိုကိုတို့အတွက် တူလေးတွေတူမလေးတွေအများကြီးရမှာပျော်စရာကြီး နော်ကိုကိုကြီး"
"ဟုတ်တယ်အငယ်..အနည်းဆုံး ပိစိလေး သုံးယောက်လောက်မွေးပေးပါလား ဟင်"
Puppy eyeတွေထုတ်သုံးကာ သူ့ကိုကြည့်ပြီးပြောလာတဲ့ အစ်ကိုနှစ်ယောက်ရဲ့စကားကြောင့် စစ်မင်းပိုင်မျက်ဖြူစိုက်မလိုဖြစ်သွားရသည်။
{ငယ့်ကို ကလေးထုတ်စက်လို့ထင်နေကြတာလား ကိုကိုတို့ရေ.. ဘုရား ဘုရား ဒီအစ်ကိုနှစ်ယောက်ကြာကြာနေရင် ငါ့ဘဝကြီး လုံးပါးပါးတော့မယ်ထင်တယ်!!}
စစ်မင်းပိုင်စိတ်ထဲကတွေးရင်း သူ့ဗိုက်ကိုသိုင်းဖက်က ဗိုက်နားမှာမျက်နှာကပ်ထားတဲ့ အစ်ကိုနှစ်ယောက်ရဲ့ဆံပင်လေးတွေထဲသို့ သူ့လက်ချောင်းလေးတွေဖြင့် ထိုးဖွ၍ပွတ်သပ်ပေးနေမိသည်။ ကိုကိုတို့တောင်ဒီလောက်ပျော်နေရင် ပိစိလေးရဲ့ဖခင်အရင်းဖြစ်တဲ့မောင်သာသိရင် ဘယ်လောက်တောင်ပျော်နေရှာမလဲ။
Ep 27ဆက်ရန်.....
Thank you for reading.
🌊Hlaing Kyoe Myinn🌊
💗💗💗💗💗💗💗💗💗💗💗💗💗
Zgi
💕ေခတ္သစ္မင္းကုသ💕
Ep 26
"ဟဲ့ ဒီေန႕ကုမၸဏီကိုCEOအသစ္ေရာက္လာမယ္တဲ့"
"ဒီတစ္ခါCEOက အရမ္းစည္းကမ္းတင္းၾကပ္မယ္လို႔ ဂ်ာႀကီးေျပာေနသံငါၾကားခဲ့ရတယ္"
"ဟုတ္လား ဒါဆိုငါတို႔ေတာ့ေရသာခိုလို႔မရေတာ့ဘူးေပါ့"
"ေရသာခိုဖို႔မေျပာနဲ႕ ငါတို႔အလုပ္ၿမဲေအာင္ပဲဆုေတာင္းေနရမွာ"
ဝန္ထမ္းေတြအခ်င္းခ်င္း ထိုစကားအားတီးတိုးေျပာေနၾကသည္မွာ ကုမၸဏီ၏ဌာနအႏွံ႕တြင္ပ်ံ့ႏွ႕ံေန၏။
ကုမၸဏီ၏ကားပါကင္ထဲသို႔ Mercedes - Benz(CLA) အျဖဴေရာင္ကားတစ္စီးဝင္လာ၏။ ထိုကားေပၚမွဆင္းလာသူသည္သြန္းခႏွင့္ခြန္းဆက္ပိုင္ျဖစ္ေလ၏။ ကုမၸဏီလုပ္ငန္းကိုစတင္လုပ္ေဆာင္ရမည့္ေနမို႔ သြန္းခတစ္ေယာက္ စိတ္လႈပ္ရွားေန၏။
"CEOေရာက္ၿပီေဟ့ ဝန္ထမ္းေတြအားလုံး meeting roomထဲမွာဆုံၾကဖို႔ဂ်ာႀကီးကေျပာခိုင္းလိုက္တယ္"
ဂ်ာႀကီးရဲ႕လက္ေထာက္ျဖစ္ေသာ ဒုမန္ေနဂ်ာ၏ စကားေၾကာင့္ အေစာကစကားေဖာင္ဖြဲ႕ေနၾကတဲ့ဝန္ထမ္းေတြဟာ meeting roomထဲသို႔သုတ္ေျခတင္ေျပးၾကရသည္။ ထို႔ေနာက္ ေနရာအသီးသီးတြင္ဝင္ထိုင္လိုက္ၿပီး CEOအသစ္ဝင္လာမယ့္အခ်ိန္ကိုေစာင့္ေနၾက၏။
"ေဒါက္.. ေဒါက္..ေဒါက္"
ဖိနပ္၏ခြာႏွင့္ သံမံတလင္းထိခတ္သံေတြဟာ တိတ္ဆိတ္ေနတဲ့meeting roomထဲမွာထြက္ပါလာတယ္။ ေဘာင္းဘီအိပ္ေထာင္ထဲသို႔ လက္ႏွစ္ဖက္ႏွိုက္လွ်က္ စမတ္က်ေသာ ေျခလွမ္းေတြျဖင့္ တစ္လွမ္းခ်င္းေလွ်ာက္လာၿပီး အခန္းထဲသို႔ဝင္လာသည့္CEOထံသို႔ ဝန္ထမ္းေတြ၏အၾကည့္ေရာက္သြားတဲ့အခါမွာ ကမၻာေလာကႀကီးခဏရပ္တန့္သြားသလိုခံစားလိုက္ရတယ္။ CEOအသစ္က ေစာက္ရမ္းေခ်ာလြန္းတဲ့အမ်ိဳးသားတစ္ေယာက္ဆိုတာ သူတို႔လက္ခံလိုက္ရ၏။
စူးရွသည့္မ်က္ဝန္းတစ္စုံရယ္ ၊ နဖူးေပၚလွန္တင္ထားတဲ့ေ႐ႊေရာင္ဆံပင္ရယ္ ၊ တင္းတင္းေစ့ပိတ္ထားတဲ့ႏုတ္ခမ္းတစ္စုံရယ္ေၾကာင့္ ထိုလူဟာအၾကည့္နဲ႕တင္ဩဇာအျပည့္ရွိသလိုခံစားရ၏။ အျဖဴေရာင္ Suitအျပည့္ဝတ္ထားတဲ့ CEOဆိုသူဟာ သူ႕လက္ထဲမွာကိုင္ထားတဲ့ လည္သာအိတ္အမဲကို အတြင္းေရးမႉးထံသို႔ကမ္းလိုက္ၿပီး meetingစားပြဲရဲ႕ထိပ္ဆုံးခုံမွာဝင္ထိုင္လိုက္၏။
"က်ဳပ္ကိုယ္က်ဳပ္အရင္မိတ္ဆက္ေပးပါရေစ.. က်ဳပ္က ဒီကုမၸဏီကိုပထမဦးဆုံးတည္ေထာင္ခဲ့တဲ့ဥကၠဌႀကီးဦးေဇရတုရဲ႕တစ္ဦးတည္းေသာအေမြဆက္ခံသူျဖစ္ၿပီး အရင္ကအုပ္ခ်ဳပ္ခဲ့တဲ့CEOဦးစစ္မင္းပိုင္ရဲ႕ခင္ပြန္း၊ အခုဒီကုမၸဏီကိုလက္ဆင့္ကမ္းအုပ္ခ်ဳပ္မယ့္CEOသြန္းခလို႔ေခၚပါတယ္...
အားလုံးပဲကူညီေပးပါဦးလို႔ေတာင္းဆိုပါတယ္.. ခင္ဗ်ားတို႔ဘက္ကလည္း လိုအပ္တဲ့အကူအညီရွိခဲ့ရင္ မန္ေနဂ်ာကတစ္ဆင့္က်ဳပ္ကိုေျပာလို႔ရပါတယ္.. က်ဳပ္ဦးစီးလုပ္ေဆာင္မယ့္လက္ထက္မွာ ဒီကုမၸဏီကိုအရင္ကထက္အဆမ်ားစြာတိုးတက္ေအာင္ေဆာင္႐ြက္ပါ့မယ္လို႔ကတိေပးပါတယ္"
သြန္းခ၏ရွည္လ်ားစြာမိတ္ဆက္မႈအဆုံးမွာ ဝန္ထမ္းေတြဟာ သူတို႔ကိုယ္သူတို႔ တစ္ဦးခ်င္းမိတ္ဆက္မႈ႕စတင္၏။ အားလုံးမိတ္ဆက္မႈ႕ၿပီးသြားတဲ့အခါ သက္ဆိုင္ရာဌာနဆီသို႔ျပန္သြား၍ လုပ္စရာရွိသည့္အလုပ္မ်ားကိုဆက္လက္လုပ္ကိုင္ၾက၏။
"ပင္ပန္းေနၿပီလား ငါ့ေကာင္ရ! ေရာ့ ေကာ္ဖီေလးေသာက္လိုက္ဦး"
ခြန္းဆက္ပိုင္သည္ သြန္းခထံသို႔ေကာ္ဖီခြက္ေလးကမ္းေပးရင္းေျပာလိုက္၏။ သြန္းခလည္း ခြန္းဆက္ပိုင္ထံမွေကာ္ဖီခြက္ကိုလွမ္းယူ၍ ဆုံလည္ထိုင္ခုံတြင္ေနာက္ေက်ာမွီခ်လိဳက္၏။
"ေအးကြာ ကုမၸဏီအလုပ္ကထင္သေလာက္မလြယ္ကူဘူးပဲ.. ဒါေတာင္မင္းက ငါ့ရဲ႕အတြင္းေရးအမႉးအျဖစ္နဲ႕အနားမွာကူညီေပးေနလို႔ အနည္းငယ္သက္သာတာ.. ေက်းဇူးပါခြန္းဆက္ရာ"
"အဟြန္းး သူငယ္ခ်င္းေတြပဲကြာ ေက်းဇူးတင္စရာမလိုပါဘူး.. ဒါနဲ႕ ငါမင္းအတြက္သတင္းဆိုးနဲ႕သတင္းေကာင္းေျပာစရာရွိတယ္.. မင္း ဘယ္ဟာအရင္နားေထာင္ခ်င္လဲ"
ခြနိးဆက္ပိုင္၏စကားေၾကာင့္ သြန္းခတစ္ေယာက္ မ်က္ခုံးတစ္ခ်က္ပင့္တင္၍ၾကည့္လိုက္၏။
"မင္းဟာကအထူးအဆန္းပါလား.. ကုမၸဏီစဝင္တဲ့ရက္မွာ သတင္းေကာင္းကိုပဲအရင္နားေထာင္ခ်င္တာေပါ့ကြာ"
"ေကာင္းၿပီ ေသခ်ာနားေထာင္ေနာ္.. သတင္းေကာင္းက မင္းရဲ႕ေယာက္်ားအခုဘယ္သူ႕ဆီမွာရွိေနတယ္ဆိုသိရၿပီ..."
"ဘုန္းး!!"
ခြန္းဆက္ပိုင္ရဲ႕စကားေၾကာင့္ သြန္းခဟာအံ့ဩလြန္းသျဖင့္ စားပြဲခုံေပၚသို႔လက္ဖဝါးႏွစ္ဖက္ျဖင့္ခပ္ျပင္းျပင္းရိုက္ရင္းမတ္တပ္ရပ္လိုက္၏။
"တ..တကယ္လား.. ဦးစစ္.. ဦးစစ္ဘယ္မွာရွိတာလဲ.. ေျပာစမ္းပါ.. ဦးစစ္ကို အခုသြားေတြ႕ရေအာင္!"
"စိတ္ေအးေအးထားစမ္းပါကြာ.. ျပန္ထိုင္လိုက္ဦး.. ငါေျပာတဲ့စကားမဆုံးေသးဘူးေလ"
သြားမယ္တကဲကဲလုပ္ေနတဲ့သြန္းခရဲ႕ပုခုံးႏွစ္ဖက္ကို လက္ႏွစ္ဖက္နဲ႕ဆုပ္ကိုင္ရင္း ထိုင္ခုံမွာျပန္ထိုင္ခိုင္းရ၏။
"မင္းကိုကစကားပုလႅင္ခံေနတာပါကြာ အျမန္ေျပာစမ္းပါ ငါ.. ငါ.. အရမ္းစိတ္လႈပ္ရွားေနၿပီ"
"ေအးပါကြာ.. ကိုစစ္ကသူ႕ရဲ႕မိသားစုအရင္းဆီကိုျပန္ေရာက္ေနတယ္.. သတင္းဆိုးက သူ႕အစ္ကိုေတြကသူ႕ကိုအိမ္ထဲကအိမ္ျပင္ထြက္ခြင့္ပိတ္ထားတယ္.. ပိုဆိုးတဲ့သတင္းက ကိုစစ္ရဲ႕အေမေဒၚပတၱျမားခင္အရင္ရက္ကကြယ္လြန္သြားၿပီတဲ့"
"ဘာ! ဦးစစ္ကသူ႕အစ္ကိုေတြဆီမွာေပါ့ဟုတ္လား.. ၿပီးေတာ့ ဦးစစ္ရဲ႕ေမေမဆုံးၿပီဆိုေတာ့ ဦးစစ္အရမ္းခံစားေနရမွာပဲ.. ဦးစစ္ကိုငါအရမ္းေတြ႕ခ်င္တယ္ကြာ .. ငါ့ကိုလိုက္ပို႔ေပးပါ"
"လိပ္စာအတိအက်မသိေသးဘူးဟ! ငါလည္းစုံစမ္းရသေလာက္ေျပာျပတာေလ.. လိပ္စာစုံစမ္းၿပီးလို႔သိရရင္ငါေျပာျပပါ့မယ္"
ခြန္းဆက္ပိုင္ရဲ႕စကားအဆုံးမွာ သြန္းခ၏မ်က္ႏွာသည္ ခ်က္ခ်င္းညွိုးက်သြား၏။ တကယ္ေတာ့ ခြန္းဆက္ပိုင္သည္ စစ္မင္းပိုင္ႏွင့္ မထင္မွတ္ပဲေနရာတစ္ခုတြင္ လူခ်င္းေတြ႕ဆုံခဲ့ရသည္။ အရင္ကထက္အဆေပါင္းမ်ားစြာ ေျပာင္းလဲသြားသည့္စစ္မင္းပိုင္၏ပုံစံကိုေတြ႕လိုက္ခ်ိန္မွာ ခြန္းဆက္ပိုင္သည္ အလြန္အံ့ဩခဲ့ရေသးသည္။
"ကိုယ္နဲ႕ေတြ႕ခဲ့တာေမာင့္ကိုမေျပာပါဘူးလို႔ကတိေပးပါ ခြန္း.. ခုခ်ိန္မွာကိုယ္စိတ္ေတြရႈပ္ေထြးေနတယ္.. အဆင္သင့္ျဖစ္တဲ့ေန႕က်ရင္ ေမာင့္ဆီကို ကိုယ္သြားေတြ႕မွာပါ"
စစ္မင္းပိုင္ေျပာခဲ့ေသာစကားေတြကိုျပန္ၾကားေယာင္မိေတာ့ သူ သြန္းခအေပၚလိမ္ညာလိုက္ရသည္။
{ေတာင္းပန္ပါတယ္သူငယ္ခ်င္း! မင္းရဲ႕သက္ဆိုင္သူကိုယ္တိုင္ေျပာျပရင္ပိုေကာင္းမယ္ထင္လို႔ ခဏေတာ့ထပ္ၿပီးသီးခံလိုက္ပါဦး}
"ငါ့ကိုေျပာျပေပးလို႔ေက်းဇူးတင္ပါတယ္ခြန္းဆက္ရာ.. ဦးစစ္ရဲ႕အိမ္လိပ္စာကိုရေအာင္ထပ္ၿပီးစုံစမ္းေပးပါဦးကြာ"
"စိတ္ခ်ပါကြာ.. ငါ့သူငယ္ခ်င္းအတြက္ပဲဟာကို.. ငါအစြမ္းကုန္ကူညီေပးမွာေပါ့.. ကဲ ငါတို႔လည္း ကုမၸဏီရဲ႕ ပေရာဂ်က္ကိစၥေဆြးႏြေးရေအာင္ CEOႀကီးခင္ဗ်"
"အဟားး.. မင္းကေတာ့ေလ"
သူ႐ႊတ္ေနာက္ေနာက္ေျပာလိုက္မွ သြန္းခရဲ႕မ်က္ႏွာဟာ ၿပဳံးရိပ္သန္းလာသည္။ ထို႔ေနာက္ႏွစ္ေယာက္စလုံး အလုပ္ထဲတြင္သာစိတ္ႏွစ္လိုက္ၾကသည္။
လက္ထဲတြင္ကိုင္ထားေသာ အျဖဴအမဲကာလာနဲ႕အေကာင္အထည္တိက်စြာ မေပၚလြင္ေသးေသာ သႏၶေသားပုံေလးကိုၾကည့္ရင္း စစ္မင္းပိုင္ၾကည္ႏူးမဝျဖစ္ေနမိသည္။
ေမေမ့ရဲ႕နာေရးကိစၥေဆာင္႐ြက္ၿပီးရက္အနည္းငယ္အၾကာမွာ မူမမွန္ျဖစ္ေနတဲ့သူ႕ခႏၶာကိုယ့္အေျခေနေၾကာင့္ အစ္ကိုႏွစ္ေယာက္ကစိတ္ပူလြန္ကာ သူ႕အားေဆး႐ုံသြားေခၚသြား၍ စစ္ေဆးခဲ့ၾကရာမွ ေမာင့္ရဲ႕ကိုယ္ပြားေလးက သူ႕ဗိုက္ထဲမွာရွိေနတယ္ဆိုတာသိခဲ့ရသည္။
"ကိုကိုႀကီးနဲ႕ကိုလတ္ ဘာေတြဝယ္လာျပန္တာတုန္း"
လက္ထဲမွာအထုပ္အပိုးအစုံဆြဲၿပီးအိမ္ထဲဝင္လာတဲ့အစ္ကိုႏွစ္ေယာက္ေၾကာင့္ အန္ထရာစေတာင္းပုံေလးကို ဧည့္ခန္းစားပြဲေပၚတြင္ခဏတင္ထားလိုက္ၿပီး အစ္ကိုေတြလက္ထဲမွအထုပ္အခ်ိဳ႕ကိုလက္လႊဲယူလိုက္သည္။
"အငယ့္ရဲ႕ဗိုက္ထဲက ကိုကိုတို႔ရဲ႕ရတနာတုံးေလးအတြက္ လိုအပ္မယ္ထင္တာေလးကိုဝယ္လာခဲ့တာေပါ့ဗ်"
ၿပဳံး႐ႊင္လွ်က္ေျပာလာေသာ ကိုကိုႀကီးရဲ႕စကားေၾကာင့္ စစ္မင္းပိုင္ဟာ ေယာင္ရမ္းလွ်က္ျပားခ်ပ္ေနၿမဲျဖစ္ေသာ သူ႕ဗိုက္ေလးကိုေၾကာင္နနနဲ႕ငုံ႕ၾကည့္လိုက္မိသည္။
"ကိုကိုႀကီးကလည္း အခုမွငယ့္ရဲ႕ကိုယ္ဝန္က ႏွစ္လပဲရွိေသးတာေလ"
သူေျပာတာကို အစ္ကိုႏွစ္ေယာက္ကအာ႐ုံမေရာက္ဘူးထင္ပါရဲ႕..။ အိတ္ထဲမွသူတို႔ဝယ္လာေသာ ကေလးအသုံးေဆာင္ပစၥည္းေတြကိုေခါင္းခ်င္းဆိုင္ၿပီးဆြဲထုတ္ေနေလ၏။
" ဒီမွာၾကည့္စမ္းအငယ္.. ဗိုက္ထဲကပိစိေလးက ဘာေလးထြက္လာမယ္ဆိုတာေသခ်ာမသိေသးလို႔ေယာက္်ားေလးေရာ မိန္းကေလးအတြက္ပါအဆင္ေစမယ့္ဟာေလးေတြပဲေ႐ြးၿပီးဝယ္လာခဲ့တာ"
ကိုလတ္ထုတ္ျပတဲ့ဖိနပ္ေသးေသးေလးကိုလွမ္းယူရင္း စစ္မင္းပိုင္သေဘာက်ေနမိသည္။
"ဖိနပ္ေလးကိုၾကည့္ပါဦးကိုလတ္.. ငယ့္ရဲ႕လက္ဖဝါးတစ္ဆုပ္စာပဲရွိတယ္ေနာ္ အသဲယားစရာေလး"
"ဟုတ္တယ္အငယ့္ရဲ႕.. ဒီအကၤ်ီေလးေတြနဲ႕ အိပ္ယာေခါင္းဦးေတြကိုလည္းၾကည့္လိုက္ အားလုံးက ပိစိေလးေတြခ်ည္းပဲ"
" ကေလးေတြရဲ႕အသားကႏူးညံ့လို႔ ၾကမ္းတမ္းတာေတြအထိမခံဘူးဆိုလို႔ အႏွီးကိုပိုးသားနဲ႕ျပဳလုပ္ထားတဲ့အထည္အထူးမွာထားတာ. ကိုင္ၾကည့္အငယ္ အႏွီးေတြက တအားႏူးညံ့လြန္းတယ္"
စစ္ရွိန္သာက အႏွီးထုပ္ကိုဖြင့္ၿပီး စစ္မင္းပိုင္ထံသို႔ကမ္းေပးလိုက္သည္။ စစ္မင္းပိုင္လဲ အႏွီးတစ္ထည္ကိုကိုင္လွ်က္ ပါးမွာကပ္ၿပီးပြတ္သပ္ၾကည့္ေတာ့ တကယ္ကိုပဲႏူးညံ့လြန္းသည္။
"ဒါနဲ႕ေနပါဦး.. ဝယ္လာတဲ့ပစၥည္းေတြကစုံလင္ေနတာပဲ.. ဘယ္လိုဝယ္ခဲ့တာလဲ"
"အဟြန္း.. ဝန္ထမ္းေကာင္မေလးကိုေမးတာေပါ့ဗ်.. တစ္စုံတစ္ခုေတာင္မလစ္ဟင္းပါေစနဲ႕လို႔ေျပာလိုက္ေတာ့ အစစအရာရာသူပဲေသခ်ာရွင္းျပၿပီး လိုအပ္တာေတြပါလိုက္ျပေပးတာေလ"
စစ္လြန္းသာက အရွက္ေျပလည္ပင္းကိုလက္ဖဝါးနဲ႕ပြတ္ရင္းျပန္ေျဖေလ၏။ လူပ်ိဳေလးေတြျဖစ္ၿပီး ကေလးအသုံးေဆာင္ေတြဝယ္လို႔ ဝန္ထမ္းေကာင္မေလးက သူတို႔ႏွစ္ေယာက္ကို အိမ္မွာက်န္ခဲ့တဲ့ဇနီးေတြကိုေခၚမလာဘူးလားဟု အေမးခံရေသး၏။ ဘယ္သူဘယ္လိုထင္ထင္ဂ႐ုမစိုက္ပါဘူး။
"ကိုယ္ဝန္ေဆာင္ေနစဥ္မွာ ကေလးပစၥည္းေတြႀကိဳမဝယ္ေကာင္းဘူးတဲ့ အခ်ိဳ႕လူႀကီးေတြေျပာတာကို ငယ္ၾကားဖူးတယ္"
သူေျပာလိုက္ေတာ့မွ ကေလးအ႐ူး႐ူးေနၾကတဲ့အစ္ကိုႏွစ္ေယာက္ဟာ မ်က္လုံးေတြျပဴးက်ယ္ၿပီး ဝယ္လာတဲ့ပစၥည္းေတြကိုၾကည့္လိုက္ သူ႕ဗိုက္ေလးကိုလွမ္းၾကည့္လိုက္နဲ႕ျပာယာခက္ကုန္၏။
"ဒါ ဒါဆိုဘယ္လိုလုပ္ၾကမလဲ ကိုကိုတို႔ရဲ႕ပိစိေလးတစ္ခုခုျဖစ္မွာလား.. ဒါေတြလႊင့္ပစ္လိုက္မယ္"
ကေလးကိုစိတ္ပူၿပီး ဝယ္လာတဲ့ပစၥည္းေတြကိုလႊင့္ပစ္ဖို႔ႀကံ႐ြယ္ေနတဲ့အစ္ကိုႏွစ္ေယာက္ကို သူအျမန္တားလိုက္ရ၏။
"အဲ့လိုမဟုတ္ေသးဘူးေလ.. အခုဝယ္ထားတာေတြကို အခန္းထဲမွာသိမ္းထားလိုက္ေတာ့မယ္.. ေနာက္ထပ္မဝယ္နဲ႕ေတာ့.. ကေလးေမြးၿပီးမွလိုတာေလးေတြထပ္ဝယ္လို႔ရတာပဲေလေနာ္"
"ဒါဆိုလည္းေတာ္ေသးတာေပါ့ ကိုကိုတို႔ရဲ႕ပိစိေလးကိုစိတ္ပူသြားတာပဲ.. လာပါဦးအငယ္ရယ္.. ပိစိေလးကိုဖက္ထားပါရေစ"
စစ္မင္းပိုင္လဲအစ္ကိုႏွစ္ေယာက္ထိုင္ေနတဲ့ Sofaေပၚတြင္ေျပာင္းေ႐ႊ႕ထိုင္လိုက္ေတာ့ စစ္ရွိန္သာေရာ စစ္လြန္းသာကပါ sofaေပၚတြင္ထိုင္ေနရာမွ ၾကမ္းျပင္ေပၚသို႔ဆင္းကာ စစ္မင္းပိုင္၏ေျခေထာက္ခ်ထားေသာေနာရာ၏ ေဘးတစ္ဖက္တစ္ခ်က္တြင္ထိုင္လိုက္ၿပီး စစ္မင္းပိုင္၏ ဗိုက္ေလးကို သူတို႔ရဲ႕လက္ေတြျဖင့္သိုင္းဖက္ကာ ဗိုက္နားတြင္မ်က္ႏွာအပ္ရင္း မ်က္လုံးမ်ားမွိတ္လွ်က္ၿပဳံးေနၾက၏။
"ဗိုက္ထဲကပိစိေလးကေတာ့ အျပင္ေရာက္လာရင္ သူ႕ရဲ႕ဘဘႀကီးေတြအလိုလိုက္မႈ႕ေၾကာင့္ ဆိုးသြမ္းေနမွာျမင္ေယာင္မိေသးတယ္ ခစ္ခစ္"
(ေမာင္ႏွစ္မေတြထဲမွာ အငယ္ကေမြးထဲကေလးဆိုလွ်င္ အဲ့ကေလးဟာ အငယ္ရဲ႕ အစ္ကို၊ အစ္မေတြႏွင့္ ဘဘ/ႀကီးႀကီး ေတာ္စပ္ပါသည္။ အႀကီးကေမြးတဲ့ကေလးဆိုလွ်င္ အငယ္ေတြႏွင့္ အေဒၚ/အန္တီေလး/ ဦးေလး/ ေလးေလး ေတာ္စပ္ပါသည္။)
"ဆိုးသြမ္းလဲဘာျဖစ္ေသးလည္းအငယ္ရဲ႕.. ကိုကိုတို႔က ပိစိေလးအေနာက္ကေနပိုက္ဆံထုတ္ပိုက္ၿပီးလိုက္ရွင္းမွာေပါ့.. ၿပီးေတာ့ ပိစိေလးကို အလိုက္သင့္တဲ့ေနရာအလိုလိုက္ၿပီး ဆုံးမသင့္တဲ့ေနရာမွာဆုံးမမွာေပါ့ဗ်.. ဒါေတြပူမေနပါနဲ႕... အငယ့္တာဝန္က က်န္းမာေရးဂ႐ုစိုက္ဖို႔နဲ႕ ပိစိေလးကိုေခ်ာေခ်ာခ်ဴခ်ဴေမြးနိုင္ဖို႔အစစအရာရာဂ႐ုစိုက္ရမယ္ ၾကားလား"
"ဟုတ္ကဲ့ပါဗ်ာ.. ကိုကိုတို႔ရဲ႕ရတနာေလးအတြက္ ကြၽန္ေတာ္မ်ိဳးဂ႐ုစိုက္ၿပီးေနပါ့မယ္"
"အငယ္ ကေလးေမြးရင္ ေလး၊ငါးေယာက္ေလာက္ တစ္ၿပိဳင္တည္းေမြးေပးပါလား ဒါဆိုကိုကိုတို႔အတြက္ တူေလးေတြတူမေလးေတြအမ်ားႀကီးရမွာေပ်ာ္စရာႀကီး ေနာ္ကိုကိုႀကီး"
"ဟုတ္တယ္အငယ္..အနည္းဆုံး ပိစိေလး သုံးေယာက္ေလာက္ေမြးေပးပါလား ဟင္"
Puppy eyeေတြထုတ္သုံးကာ သူ႕ကိုၾကည့္ၿပီးေျပာလာတဲ့ အစ္ကိုႏွစ္ေယာက္ရဲ႕စကားေၾကာင့္ စစ္မင္းပိုင္မ်က္ျဖဴစိုက္မလိုျဖစ္သြားရသည္။
{ငယ့္ကို ကေလးထုတ္စက္လို႔ထင္ေနၾကတာလား ကိုကိုတို႔ေရ.. ဘုရား ဘုရား ဒီအစ္ကိုႏွစ္ေယာက္ၾကာၾကာေနရင္ ငါ့ဘဝႀကီး လုံးပါးပါးေတာ့မယ္ထင္တယ္!!}
စစ္မင္းပိုင္စိတ္ထဲကေတြးရင္း သူ႕ဗိုက္ကိုသိုင္းဖက္က ဗိုက္နားမွာမ်က္ႏွာကပ္ထားတဲ့ အစ္ကိုႏွစ္ေယာက္ရဲ႕ဆံပင္ေလးေတြထဲသို႔ သူ႕လက္ေခ်ာင္းေလးေတြျဖင့္ ထိုးဖြ၍ပြတ္သပ္ေပးေနမိသည္။ ကိုကိုတို႔ေတာင္ဒီေလာက္ေပ်ာ္ေနရင္ ပိစိေလးရဲ႕ဖခင္အရင္းျဖစ္တဲ့ေမာင္သာသိရင္ ဘယ္ေလာက္ေတာင္ေပ်ာ္ေနရွာမလဲ။
Ep 27ဆက္ရန္.....
Thank you for reading.
🌊Hlaing Kyoe Myinn🌊