ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...
Od Vanilla_IceCream61
1.6M 249K 16.2K
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... Více
1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)
98
7.5K 1.4K 178
Od Vanilla_IceCream61
"ဒါဆိုလဲ မင်းထွက်ပြေးဖို့ကြိုးစားကြည့်လေ။ ငါတို့ရဲ့ ကာကွယ်မှုသာမရှိရင် မင်းကို နဂါးရဲ့ကတိအတွက် ခေါ်သွားချင်တဲ့သူတွေ အများကြီးပဲ။ ဒီနေ့လိုပေါ့။ " ဟျု့စ်က ဆယ်ကျော်သက်လေးကို အေးစက်စက်ကြည့်လိုက်သော်လည်း ၎င်း၏ စိတ်ရှုပ်ထွေးဖွယ်ရာ အသွင်အပြင်ကြောင့် မျက်လုံးများတုန်ယင်သွားကာ အကြည့်လွှဲလိုက်ရသည်။
"ငါ့အတွက်က ဘာခြားနားမှုမှ မရှိဘူးမဟုတ်လား။" ချင်းယွင်၏ မျက်ဝန်းများက အေးစက်စက် လှောင်ပြောင်မှု အပြည့်ပင်။ ဤလူတစ်စုတွင် ကိုယ်ပိုင်အသိမရှိပေ။ ဂျွိုက်က ယောက်ျားလေးပင်ဖြစ်စေ၊ မိန်းကလေးပင်ဖြစ်စေ၊ သူက တွန်းအားပေးခံရသည်ဖြစ်စေ၊ တွန်းအားပေးမခံရသည်ဖြစ်စေ သူ၏အသက်ကို စတူဒီယန်တစ်နိုင်ငံလုံးအတွက် ရည်စူးထားသည်။ ရလဒ်အနေဖြင့် ဤလူတစ်စုထံမှ ဤကဲ့သို့ ဆက်ဆံခံရမည်လား။
"ဘာကြောင့်လဲဆိုတော့ မင်းကအမြဲတမ်း အယောင်ဆောင်တစ်ယောက်ပဲ ဖြစ်နေမှာလေ။ မင်းသမီးဆိုရင်တော့ နဂါးဆီကနေ အနှစ်သက်ခံရလောက်တဲ့အထိ ကံကောင်းနိုင်ပေမဲ့ မဟာမှော်ဆရာရဲ့ အကူအညီသာမရှိရင် မင်းလိုအယောင်ဆောင်က သေမှာပဲ။" ဟျု့စ်၏ အသံတွင် မလိုမုန်းထားမှုများ၊ အထင်သေးခြင်းများပြည့်နေသည်။ သူက နောက်ပြန်လှည့်ထွက်သွားသည်။ သူ့ကိုယ်သူ လက်ခံယုံကြည်ရန်လား၊ သို့မဟုတ် လူငယ်လေး၏ တကယိ့အနေအထားကို ထောက်ပြရန်လားမသိသော်လည်း သူထပ်ပြောလိုက်သည်။ "မင်းက အယောင်ဆောင်တစ်ယောက်ပဲဆိုတာ မှတ်ထား။"
"ဒါပေမဲ့ သူမလွတ်မြောက်သွားတယ်လေ။ ဒီတော့ မင်းကယ်တင်ပေးရမှာက ငါဆိုတဲ့ ဒီအယောင်ဆောင်ပဲ။" လူငယ်လေး၏ အသံက ရထားလုံးကိုဖြတ်လာကာ ဟျု့စ်၏ နားအတွင်းသို့ရောက်လာပြီး မျက်လုံးများအား မထိန်းချုပ်နိုင်ဘဲ လှုပ်သွားစေသည်။
အယောင်ဆောင်ကောင် ဟုတ်လား။ ဟျု့စ်၏ စကားများကြောင့် ဂျွိုက်ဘာဖြစ်ခဲ့သည်ကို ချင်းယွင်ချက်ချင်းတွေးမိကာ နှာမှုတ်လိုက်သည်။
သူက ဤအဓိပ္ပါယ်မရှိသော ရှေးပစ္စည်းကြီးအား သယ်ထားရကာ မဟာမှော်ဆရာက အသက်ကို ခြိမ်းခြောက်ထားသည်။ သူက မင်းသမီးနှင့် ရုပ်တူသော်လည်း သူ၏နာမည်ကို လက်လွှတ်ရကာ ဤရယ်စရာမိန်းကလေးဝတ်စုံများကိုဝတ်၍ မင်းသမီးလေဒီယာအဖြစ် နာမည်ခံထားရသည်။ စတူဒီယန်နိုင်ငံတော်ကြီး အသက်ရှင်ရန်အတွက် ကုန်ပစ္စည်းတစ်ခုကဲ့သို့ လုယူခံရသည့် အရှက်ရမှုကို ခံစားခဲ့ရသည်။
နောက်ဆုံးတွင်တော့ သူနဂါးနှင့်တွေ့သောအခါ စိုးရိမ်ထိန်လန့်ကာ နောက်ပြန်ဆုတ်ခဲ့သည်။ သို့သော် သူကကမ္ဘာတစ်ခုလုံးထံမှ ပြစ်တင်ဝေဖန်ခံရပြန်သည်။ "အယောင်ဆောင်က တကယ့်ကို အယောင်ဆောင်ပဲ။ သူက မင်းသမီးလေဒီယာလိုမျိုး ဘယ်တော့မှ လှပရဲရင့်လာမှာ မဟုတ်ဘူး။"
ဂျွိုက်၏ အနောက်တွင် ပုန်းနေသော ဤကမ္ဘာ၏ ဇာတ်လိုက် မင်းသမီးလေဒီယာက မဟာမှော်ဆရာ၏ ချစ်မြတ်နိုးစွာ စောင့်ရှောက်မှုအောက်မှာပင် အပြင်ပြေးထွက်ကာ ဆော့ကစားနိုင်သေးသည်။ သို့သော် ဇာတ်လိုက်က ဇာတ်လိုက်ပင်။ မင်းသမီးလေဒီယာကို မြင်သောသူတိုင်းက သူမ၏လှပသောမျက်နှာနှင့် ကြင်နာတတ်သော နှလုံးသားကြောင့် ဆွဲဆောင်ခံလိုက်ရသည်။
နတ်သူငယ်ဘုရင်၊ သားရဲဘုရင်နှင့် မကောင်းဆိုးဝါးမျိုးနွယ်၏ နတ်ဆိုးဘုရင်ပင် လေဒီယာကို မတော်တဆ ချစ်မိသွားသည်။  'အယောင်ဆောင်' ဂျွိုက်ကြောင့် နိုးထလာသူ နဂါးသည်ပင် မင်းသမီးလေဒီယာကို စိတ်ဝင်စားလာသည်။
သို့သော် ထိုအချိန်တွင် မကောင်းဆိုးဝါးများနှင့် စတူဒီယန်နိုင်ငံတော်ကြီးက မင်းသမီးလေဒီယာကြောင့် စစ်ပြေငြိမ်းပြီးသားဖြစ်သည်။ သူတို့က နဂါးကို မလိုတော့သဖြင့် မင်းသမီးလေဒီယာကို ပိုးပန်းနေသူအချို့သည် နဂါးကိုသတ်ရန်အတွက် စုပေါင်းခဲ့ကြသည်။ မင်းသမီးလေဒီယာက ဘာမှအားစိုက်ထုတ်စရာပင်မလိုဘဲ ကုန်းမြေတိုက်ကြီး၏ တကယ့်အရှင်သခင်ဖြစ်လာသည်။
မည်သို့ပင်ဆိုစေ ဂျွိုက်က အရာအားလုံးကို သည်းခံကာ နောက်ပိုင်းတွင် မကောင်းဆိုးဝါးများ၏ ရက်စက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ဂျွိုက်က စတူဒီယန်နိုင်ငံတော်ကြီးကို ရိုးရိုးသားသား ကယ်တင်ပေးချင်သော်လည်း 'အယောင်ဆောင်' ဟူသည့်နာမည်ကို ဘယ်တော့မှ မဖယ်ရှားနိုင်တော့ပေ။
ချင်းယွင်က ရထားလုံးထဲတွင်ထိုင်နေရင်း ရုတ်တရက်ပြုံးလိုက်သည်။ သူ၏မျက်ဝန်းများက ကွေးနေသော်လည်း အပြုံး၌အေးစက်မှုများ ရှိနေသည်။ ဘယ်သူက အယောင်ဆောင်လဲ။ ယောက်ျားတွေရဲ့ အနောက်မှာပုန်းနေပြီး အရာအားလုံးကို အလွယ်တကူရသွားတဲ့ လေဒီယာကမှ အယောင်ဆောင်မဟုတ်ဘူးလား။
*****
အဝေးမှ မောရစ်တောင်တန်းများပေါ်ရှိ မှောင်မိုက်သော လှိုဏ်ဂူထဲ၌ အနီရင့်ရောင် ဒေါင်လိုက် သူငယ်အိမ်များ ရုတ်တရက်ပွင့်လာကာ တောင်တန်းတစ်ခုလုံး ဝရုန်းသုန်းကားဖြစ်သွားသည်။ ပတ်ဝန်းကျင်မှ အမျိုးမျိုးသော မှော်သားရဲတိရစ္ဆာန်များက အထိတ်တလန့်ဖြင့် ထွက်ပြေးသွားကြသည်။
ထို့နောက် အင်အားကြီးသောဖိအားတစ်ခု ဆင်းသက်လာသည်။ ယခုအထိ ထွက်မပြေးရသော မှော်သားရဲတိရစ္ဆာန်များမှာ သဘာဝရန်သူကို တွေ့လိုက်ရသလိုပင်။ သူတို့က ထွက်ပင်ထွက်မပြေးရဲတော့ဘဲ မြေကြီးပေါ်တွင်သာ ဝပ်နေရသည်။
နဂါးကြီး မောရစ် နိုးလာပြီ။
အမဲရောင် အကြေးခွံများမှာ ညအရောင်နှင့် အရောင်တူလုနီးနီးပင်၊ လရောင်လျှမ်းသောအခါမှသာ အလင်းပြန်လာသည်။ မောရစ်က သူ၏စွမ်းအင်ကို အလုံးစုံနိုးထလာစေရန်အတွက် ခန္ဓာကိုယ်အား ဆန့်လိုက်သည်။
သူက နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့သည်။ သူဤကမ္ဘာသို့ ပထမဆုံးရောက်လာစဉ်ကတည်းကပင် နှလုံးသား၏ လမ်းညွှန်မှုကို လိုက်နာခဲ့သည်။ ဤကုန်းမြေတိုက်သို့ အပြေးလာကာ သူ၏ 'ရတနာ' ကိုလာရှာသော်လည်း ကံမကောင်းစွာဖြင့် မောရစ်ရှာမတွေ့ပေ။
အဆုံးတွင်တော့ မောရစ်သည် သူ၏ 'ရတနာ' က မည်သည့်အရာဖြစ်သည်ကိုပင် မသိပေ။ ၎င်းက အလွန် အဖိုးတန်ကာ သူ့နှလုံးသားထဲထည့်၍ ဂရုစိုက်ပေးရမည့် တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက် ဟုသာသိထားသည်။
၎င်းကမည်သည့်အရာဖြစ်သည်ဖြစ်စေ၊ ထိုအရာကိုလိုအပ်သည်ကိုသာ မောရစ်သိသည်။ ရတနာကိုသာ မရှာနိုင်လျှင် သူ၏တည်ရှိမှုက ဘာအဓိပ္ပါယ်မှ မရှိပေ။ ကိုယ်တွင်းလစ်ဟာမှုက မောရစ်ကို ထိန်းချုပ်သဖြင့် မောရစ်သည် ရက်စက်ကြမ်းကြုတ်လာလိမ့်မည်။
ရတနာအဝှက်ခံထားသဖြင့် သူရူးသွပ်သွားကာ ဤကုန်းမြေတိုက်ကို ဖျက်ဆီးပစ်မိမည်စိုးသဖြင့် စိတ်ပျက်နေသော မောရစ်က အိပ်နေရန်ကိုသာရွေးချယ်ကာ စိတ်ဝိညာဉ်၏ နက်ရှိုင်းသောခေါ်သံအား စောင့်ဆိုင်းနေသည်။
ယနေ့ သူအိပ်မောကျနေရာမှ နိုးလာခြင်းမှာ သူ့ရတနာ၏ အသက်ရှူသံကို သတိမူမိသောကြောင့်ဖြစ်သည်။ ၎င်းမှာ မတိကျသော်လည်း၊ တစ်စုံတစ်ခုက မောရစ်၏ အာရုံကို နှောက်ယှက်ဟန့်တားနေသော်လည်း ရတနာက မည်သည့်နေရာတွင် ရှိသည်အား သူဝိုးတိုးဝါးတား ခံစားနိုင်သည်။
သူခေါင်းစောင်းကာ အလွန်ထူးခြားထည်ဝါသော နဂါးဟိန်းသံတစ်ချက်ဖြင့် မာန်ဖီလိုက်သည်။ သူ၏ကြီးမားသော အတောင်များကို ဖြန့်လိုက်သောအခါ လေပြင်းတစ်ချက်ပေါ်လာပြီး မောရစ်က မှောင်မည်းသော ညကောင်းကင်ထဲသို့ ပျံတက်သွားသည်။ ယခုအခါ သူ၏ နိုင်လိုမင်းထက်ဆန်သော အနီရောင်မျက်ဝန်းများ၌ စိတ်လှုပ်ရှားမှုများပြည့်နေသည်။
သူ၏အဖိုးတန်သောရတနာလေး၌ တောင်စမ်းရေကဲ့သို့ ကြည်လင်သော မျက်ဝန်းများရှိသည်။ သူက အနည်းငယ် ဒေါသကြီးကာ မာနကြီးကြီးပုံစံပေါက်စေရန်အတွက် မေးငေါ့ထားတတ်သည်။
အိုး၊ အရေးအကြီးအချက်က သူသည် ယောက်ျားလေး ဖြစ်ရမည်။
မောရစ်က သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးကို လှည့်ကာ တိကျသောလားရာတစ်ခုဘက်သို့ ပျံသန်းသွားသည်။
*****
မင်းသမီးနှင့် လိုက်ပါပို့ဆောင်သော အဖွဲ့က နှစ်သက်ကြည်နူးဖွယ်ကောင်းသည့် တောအုပ်၏ အခြားတစ်ဖက်ဆီသို့ ချီတက်နေသည်။  တောအုပ်ကို ဖြတ်ပြီးမှ စတူဒီယန်နိုင်ငံတော်၏ နယ်စပ်သို့ရောက်မည်ဖြစ်သည်။ ထို့နောက် နတ်သူငယ်များ၏ နယ်မြေကိုဖြတ်၍ နောက်ဆုံးတွင်တော့ နဂါးအိပ်နေရာမောရစ်တောင်တန်းသို့ ရောက်မည်ဖြစ်သည်။
လမ်းတစ်လျှောက်လုံးတွင် ဘယ်နားကထွက်လာမည်မှန်းမသိသော လူသားများရှိသကဲ့သို့ တောအုပ်အနက်ပိုင်းထဲ၌ ဖြတ်လတ်ကာအန္တရာယ်များသော သားရဲတိရစ္ဆာန်များလည်း ရှိသေးသည်။ တောကောင်များက သူတို့၏ ဗီဇရိုင်းများနှင့် အမဲလိုက်တတ်ပြီး အသိဉာဏ်ရှိသူများက 'ရတနာ' အဖြစ်နိုင်ဆုံးသော မင်းသမီးလေဒီယာကို နဂါးကတိနှင့်လဲလှယ်ရန်အတွက် အရဲကိုးချင်ကြသည်။
နေ့တိုင်းနီးပါးတွင် အန္တရာယ်အသစ် ကြုံရပြီး အစောင့်အကြပ်အရေအတွက်က တဖြည်းဖြည်း လျော့နည်းလာသည်။သို့သော် ခုခံရေးမှော်ကွက်ပါသော ရထားလုံးထဲတွင် ပုန်းကာအော်နေလေ့ရှိသူ မင်းသမီးက ဤ အန္တရာယ်များသော အခြေအနေ၌ ပို၍မကြာခဏပေါ်လာတတ်ကြောင်းကို သူရဲကောင်များ တွေ့လိုက်ကြရသည်။
သူမကယခုအထိ တရွတ်တိုက်ဆွဲနေသော လေးလံသည့်ဂါဝန်ရှည် ကြီးကို ဝတ်ဆင်ထားကာ မျက်နှာ၌ နူးညံ့လှပမှုက အမြဲစွဲကျန်နေဆဲဖြစ်သော်လည်း မင်းသမီးသည် ယခုအခါ သူတို့နှင့် တန်းတူတိုက်ခိုက်နိုင်လောက်အောင် ရဲရင့်လာသည်။ သူမ၏ တိုက်ခိုက်ပုံက အခြားလူများ ပါးစပ်အဟောင်းသားဖြစ်သည်အထိ အားကောင်းသည်။
ယခုတစ်ကြိမ်ကဲ့သို့ပင်။ ရွှေရောင်ဖျော့ဖျော့ဆံပင်နှင့် မိန်းကလေးက မကောင်းဆိုးဝါး ဝံပုလွေအုပ်စုထဲရောက်နေသော်လည်း ထိတ်ပျာမနေပေ။ ထိုအစား သူမလက်ထဲမှ လေးနှင့်မြားကိုသာ တည်ငြိမ်စွာ အပြည့်ဆွဲလိုက်သည်။ မြားသုံးချောင်းက မကောင်းဆိုးဝါး ဝံပုလွေများ၏ ခန္ဓာကိုယ်ကို တိတိကျကျဖောက်ဝင်သွားကာ တစ်ချောင်းက ခေါင်းဆောင်ဝံပုလွေ၏ မာကျောသောဦးခေါင်းခွံထဲကိုပင် ဖောက်ဝင်သွားသည်။
ဝံပုလွေဘုရင် သေသွားသည်ကို တွေ့သောအခါ ကျန်သောမကောင်းဆိုးဝါးဝံပုလွေများ ချက်ချင်းအုပ်စုကွဲကာ ပျောက်ကွယ်သွားသည်။
တိုက်ကွင်းပြင် အလယ်တွင် ရပ်နေသော 'အပျိုစင်' က သူမ၏ အနှောက်အယှက်ဖြစ်နေသော ဆံပင်ရှည်ကို ဖယ်လိုက်သည်။ သူမ၏ အပြာရောင်မျက်ဝန်းများတွင် စိတ်မရှည်မှု တစွန်းတစပေါ်လာသော်လည်း လှုပ်ရှားမှုများမှာ ဖော်ပြ၍မရအောင် ရဲစွမ်းသတ္တိရှိသည်။
အခင်းဖြစ်ရာနေရာမှ သူရဲကောင်းများမှာ မိန်းကလေး၏ အနည်းငယ်ပိုသန်မာလာသော အသွင်အပြင်နှင့် ရင်းနှီးပြီးသားဖြစ်သော်လည်း သူမယခုပြသသော ခွန်အားကြောင့် အံ့အားသင့်မိဆဲပင်။
သူတို့က စကတ်စကိုဆွဲကာ အနည်းငယ်မေးငေါ့ထားသော မြင့်မြတ်သည့်ပုံရိပ်ကို ကြည့်ရင်း သူမ၏ လိင်အမျိုးအစားကြောင့် သူတို့၏မျက်ဝန်းများထဲ၌ပေါ်လာခဲ့သော အထင်သေးခြင်းများ အကြွင်းမဲ့ပျောက်ကွယ်သွားသည်။
နတ်သူငယ်တို့က သူတို့ကာကွယ်ရမည်ဟုထင်ထားသော မိန်းကလေးသည် ယခုအခါ တိုင်းပြည်တစ်ခု၏ တကယ့်မင်းသမီးဖြစ်လာသည်။ သူမက ပုံပန်းသွင်ပြင်၌ မွေ့လျော်ကာ  ဆွေကြီးမျိုးကြီးမှ မွေးဖွားလာသော အရှိန်အဝါကို မှီခိုနေသော ပန်းတစ်ပွင့်မဟုတ်ပေ။ သူမ၏ အင်အားကြီးသော သန်မာမှုက ဤမိန်းကလေးကို ခေါင်းဆောင်တစ်ယောက်၏ ဆွဲဆောင်မှုရှိလာစေပြီး မြင့်မြတ်သူဟူသော စကားလုံးဖြင့် ကောင်းစွာကိုက်ညီစေသည်။
စီရိုဒီက ဝံပုလွေဘုရင်၏ ခေါင်းထိပ်ပေါ်မှ ဒဏ်ရာကိုသွားကြည့်ကာ လေအေးတစ်ချက်ရှိုက်မိသည်။ သူက မျက်နှာပျက်နေသော ဟျု့စ်ကို ပုခုံးတွန့်၍ကြည့်လိုက်သည်။ "မင်းတို့ရဲ့ လူသားမိန်းကလေးတွေကလည်း စီးနင်းပစ်ခတ်တာတွေသင်ကြားရပြီး ဒီလောက်သန်မာမယ်မှန်း ငါမထင်ထားမိဘူး။"
ငေးကြောင်ကြောင်ဖြင့် ဟျု့စ်က ငြင်းခုံချင်သော်လည်း အဆုံးတွင်တော့ ဘာမှမပြောခဲ့ချေ။
တိုက်ပွဲကို အဆုံးသတ်လိုက်သော ချင်းယွင်က ရထားလုံးထံသို့ ပြန်မသွားဘဲ ဒဏ်ရာရထားသောသူရဲကောင်းများထံသို့ လျှောက်သွားသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ကုသရန်အတွက် သူ၏လက်ထဲမှ အလင်းဖျော့ဖျော့ထွက်လာသည်။
၎င်းမှာ မင်းသားကြီးက ဂျွိုက်အား ရွေးချယ်ရသည့် နောက်ထပ်အကြောင်းပြချက်ပင်။ သူက လေဒီယာနှင့် တူညီသော ကုသရေးမှော်စွမ်းအင်ရှိသည်။ ထို့ကြောင့် ဂျွိုက်က စတူဒီယန်နိုင်ငံတော်၏ တော်ဝင်မိသားစုနှင့် ပက်သက်မှုအချို့ရှိမည်ဟု ချင်းယွင်သံသယဖြစ်မိသည်။
ထိုသို့တွေးမိသောအခါ ချင်းယွင်၏မျက်ဝန်းများ၌ ထေ့ငေါ့မှုပေါ်လာသည်။ အသွင်အပြင် တူသည့်အပြင် မှော်စွမ်းအင်ကလည်းတူနေရာ ထိုနှစ်ယောက်ကြားမှ သွေးသားစပ်ဆက်မှုကို မည်သူမဆိုတွေးနိုင်သည်။ ထို့ကြောင့် မဟာမှော်ဆရာက ဂျွိုက်ကို လေဒီယာအစားရွေးချယ်ကာ နဂါးဆီပို့လိုက်သော ရည်ရွယ်ချက်မှာ သူကလေဒီယာ၏ထီးနန်းဆက်ခံသူနေရာအား လုယူသွားမည်ကို စိုးရိမ်နေ၍ မဟုတ်လား။
ထပ်တွေးလျှင်လည်း အကျိုးမရှိပေ။ ချင်းယွင်က အဝေးမှ တောအုပ်အစွန်ကို ကြည့်လိုက်သည်။ သူမှန်းတာသာမှန်လျှင် မင်းသမီးလေဒီယာက နန်းတော်ထဲမှ လွတ်လာကာ မဟာမှော်ဆရာက သူမ၏အနောက်သို့ လိုက်နေလိမ့်မည်။ တဖြည်းဖြည်းဖြင့် သူတို့ နတ်သူငယ်နယ်မြေကို ရောက်လာသောအခါ ချင်းယွင်ကမဟာမှော်ဆရာအား စောင့်ဆိုင်း၍သတ်ဖြတ်ကာ သူ့ကိုယ်ပေါ်မှ ဤပစ္စည်းစုတ်ကို ဖယ်ရှားရမည်။
သူ၏နှလုံးသားထဲ၌ 'ရှေးပစ္စည်း' ဟူသောစကားလုံးထပ်ပေါ်လာသော်လည်း ချင်းယွင်၏မျကိနှာမှာ အမူအရာမဲ့နေသည်။ မှန်ထဲသို့ကြည့်ကာ လက်ရှိအသွင်အပြင်ကို တွေ့သောအခါ ချင်းယွင်မပြုံးမိချေ။
"မင်း ရပြီ။"
နတ်သူငယ်တစ်ယောက်၏ ခြေကျိုးလက်ကျိုးကို ကုသပြီးသောအခါ ချင်းယွင်ထလိုက်သော်လည်း ကျေးဇူးတင်နေသော နတ်သူငယ်၏ လက််ဖြင့် အဆွဲခံလိုက်ရသည်။
ထိုနတ်သူငယ်သူရဲကောင်းက သူ၏နဖူးနှင့် ချင်းယွင်၏လက်ဖမိုးကို ကပ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် အရှင်။ ဘုရားသခင်ရဲ့ ရောင်ခြည်က အရှင့်အပေါ်မှာထာဝရ တောက်ပနေပါစေ။"
လေးစားမှုပါသည့် ဤသို့သောကောင်းချီးစကားများက ထိုသူရဲကောင်းများ၏ပါးစပ်များထံမှ မကြာခဏထွက်လာလေ့ရှိသည်။ ယခုအခါ သူတို့၏အမြင်တွင် ချင်းယွင်က တည်ငြိမ်မှုနှင့် ပျော်ရွှင်မှုအတွက် လဲလှယ်ရမည့် ယဇ်ကောင်မဟုတ်တော့ဘဲ သူတို့ကျေးဇူးတင်ရမည့် ကယ်တင်ရှင်ဖြစ်လာသည်။
နတ်သူငယ်၏ အသံထွက်လာပြီးနောက် ချင်းယွင်မတုံ့ပြန်နိုင်သေးခင်ပင် တိရစ္ဆာန်များ ကမန်းတန်းပြေးလာသံကို ကြားလိုက်ရသည်။
ဘေးပတ်လည်မှ သူရဲကောင်းများ ချက်ချင်းမတ်တပ်ထရပ်ကြသည်။ ဝံပုလွေဘုရင် အသတ်ခံလိုက်ရသဖြင့် ထွက်ပြေးသွားသော မကောင်းဆိုးဝါးဝံပုလွေများသည်လည်း ဤဘက်သို့ပြန်ပြေးလာသဖြင့် သူတို့အံ့ဩသွားသည်။
"သတိထားကြ။ ဒီမှော်သားရဲကောင်တွေက စိတ်ဖောက်နေပြီ။"
အကုန်လုံးက သွေးရူးသွေးတန်းပြေးနေသော မှော်သားရဲကောင်များကို ချိန်ရန်အတွက် လက်နက်များအားကောက်ကိုင်ကြသည်။ သို့သော်ပြေးလွှားနေသော သားရဲကောင်များက သူတို့ကို သတိပင်မထားမိပေ။ ဤမှော်သားရဲကောင်များက ကြောက်စရာကောင်းသော သဘာဝရန်သူထံမှ အလိုက်ခံနေရပုံပေါ်သည်။ သူတို့က အမဲလိုက်ရန်အတွက် မေ့သွားကာ ပင်ကိုယ်အသိကို အားကိုး၍ ရူးရူးမိုက်မိုက် ပြေးလွှားနေကြသည်။
"ဘာ၊ ဘာတွေဖြစ်နေတာလဲ။" စီရိုဒီသည်လည်း အလွန်အံ့အားသင့်နေသည်။ နတ်သူငယ်များက တောအုပ်ထဲတွင် တစ်နှစ်ပတ်လုံးနေနေသဖြင့် မှော်သားရဲကောင်များ၏ အကျင့်စရိုက်ကို ကောင်းကောင်းနားလည်သည်။ သူက တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် အမူအရာ ချက်ချင်းအေးစက်သွားသည်။ "ဒီမှော်သားရဲကောင်အုပ်စုက သူတို့အသက်အတွက် ဒီလိုထိတ်ထိတ်ပျာပျာပြေးနေရတယ်ဆိုတာ၊ ပိုပြီးကြောက်ဖို့ကောင်းပြီး အင်အားကြီးတဲ့ တစ်စုံတစ်ခု ရှိနေလို့ပဲ။"
စီရိုဒီ၏ စကားကို ကြားလိုက်ရသောအခါ ရှိနေသောသူအားလုံး၏ မျက်နှာများ လေးနက်သွားသည်။ သူတို့က အခုလေးတင် အဆင့်ရှစ်မှော်သားရဲကောင်ကြီး ဖြတ်ပြေးသွားသည်ကိုပင် တွေ့လိုက်ရာ ၎င်းအနောက်မှ မှော်သားရဲကောင်သည် မည်မျှအင်အားကြီးမည်နည်း။
လူတိုင်းက အသက်ရှူအောင့်ထားကြစဉ် အမဲရောင်အရိပ်တချို့ တဖြည်းဖြည်း ပေါ်လာသည်။ သူတို့နီးလာသောအခါ ၎င်းတို့မှာ တောအုပ်ထဲသို့ အမဲလိုက်ထွက်လာသော လူနှစ်ယောက်၊ သုံးယောက်သာဖြစ်ကြောင်း အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။
သို့သော် စီရိုဒီက စိတ်မလျှော့ရဲသေးပေ။ အဘယ့်ကြောင့်ဆိုသော် ဦးဆောင်လာသော အမဲရောင်ဆံပင်နှင့်ယောက်ျားကို တွေ့လိုက်သောအခါ သူ့ခန္ဓာကိုယ်တွင် ချွေးစေးများထွက်လာသည်။
အန္တရာယ်၊ လုံးဝကို အန္တရာယ်ပဲ။
"မင်းရဲ့ ဂုဏ်ပုဒ်က ဘာလဲ။ ခုနက သားရဲကောင်လှိုင်းက မင်းနဲ့သက်ဆိုင်လား။" ဟျု့စ်က စီရိုဒီကဲ့သို့ အာရုံခံစားမှု မစူးရှသဖြင့် လူအနည်းငယ်ကိုသာ တွေ့လိုက်ရသောအခါ စိတ်အေးသွားသည်။
ဟျု့စ်၏ အမေးကိုကြားသောအခါ ဆံပင်အမည်းရောင်နှင့် အုပ်စု၏ခေါင်းဆောင်က မဖြေပေ။ ထိုအစား သူ၏ဖြူဖျော့ဖျော့မျက်နှာပေါ်မှ အနီရင့်ရောင်သူငယ်အိမ်များက ဟျု့စ်၊ စီရိုဒီနှင့်အခြားလူများကို သွေးအေးသတ္တဝါကဲ့သို့ ဖြည်းဖြည်းချင်းကြည့်ရှုပြီးမှ စိတ်ပျက်စွာအကြည့်လွှဲသွားသည်။
သူတို့၏ သခင်က မေးခွန်းကို မဖြေချင်မှန်းသိသောအခါ ဆံပင်အမည်းရောင်နှင့် လူ၏အနောက်မှ လူတစ်ယောက်ထွက်လာသည်။ "ငါတို့သခင်က နယ်စပ်မြို့က မြို့စားအိုလ်ဆန်ပဲ။ ငါတို့က တောအုပ်ထဲမှာ အမဲလိုက်ဖို့လာတာ။ ခုနက သားရဲကောင်လှိုင်းအကြောင်းတော့ ငါတို့ဘာမှ မသိဘူး။"
"အိုလ်ဆန် ဟုတ်လား။" ဟျု့စ်က မျက်မှောင်ကြုတ်ကာ ဤနာမည်ကို ကြားဖူးသကဲ့သို့ ခံစားရသည်။ ၎င်းက တဖြည်းဖြည်းနိမ့်ကျလာသည့် မြင့်မြတ်သောမိသားစုဟောင်း၏ နာမည်ဖြစ်ပုံပေါ်သည်။ သို့သော်နာမည်က နှစ်ရာပေါင်းများစွာကြာသည့်တိုင် အံ့ဩစရာကောင်းစွာ ဆင်းသက်လာနေသေးသည်။
အဓိကလူက ဂရုမစိုက်ပေ။ သူက စီရိုဒီနှင့် အခြားလူများကို ကြည့်မနေတော့ပေ။ ထိုအစား သူလိုချင်သောတစ်ယောက်အား ရှာမတွေ့မှန်း သေချာအောင် တစ်ချက်ကြည့်ပြီးသောအခါမှ ထွက်ခွာရန်အတွက် မြင်းကိုလှည့်လိုက်သည်။
ထိုအခိုက်အတန့်တွင်ပင် ကြည်လင်ချိုသာသောအသံလေး ထွက်လာသည်။ "နယ်စပ်မြို့ကဟုတ်လား။ ငါတို့ ရောက်တော့မှာလား။ အနီးအနားမှာ စျေးတစ်စျေးလောက်ရှိလား။"
ဤအသံကိုကြားလိုက်ရသောအခါ ဆံပင်အမည်းရောင်နှင့် ယောက်ျား၏ နားရွက်များလှုပ်သွားကာ ခေါင်းလှည့်၍ အသံပိုင်ရှင်ကို အနီရင့်ရောင်မျက်ဝန်းများဖြင့် ချက်ချင်းစူးစိုက်ကြည့်လာသည်။ သို့သော် ပြောလိုက်သူ၏ ပုံစံကိုတွေ့ပြီးနောက် များစွာစိတ်ပျက်သွားကာ လူပုံစံမောရစ်၏ မျက်ဝန်းများထဲ၌ ပဟေဠိဖြစ်လာသည်။
ကောင်လေးတစ်ယောက်သာ.....ဖြစ်လျှင် ပိုကောင်းမည်။
Pokračovat ve čtení
Mohlo by se ti líbit
1.2M 63.2K 50
423K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
53.2K 5.3K 92
This fic is coherence of system one o six. So you should read System one o six (Season1). It has in my profile so you can check and read it. Love you...