တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်...

By SuzanneM4Y

24K 2.9K 200

Original novel - Of Mountains and Rivers (Shan He Biao Li - 山河表里) by Priest Year - 2015 No. of chapters - 77... More

Introduction
Story Brief
Chapter - 1: Prologue
Chapter -2: Prologue
Chapter - 3: Prologue
Chapter - 4: Prologue
Chapter - 5: Prologue
Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 8: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 9: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 11: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 12: ဤကမ္ဘာ (ဤကမာၻ)
Chapter -13: ဤကမ္ဘာ (ဤကမာၻ)
Chapter - 14: ဤကမ္ဘာ (ဤကမာၻ)
Chapter - 15: ဤကမ္ဘာ (ဤကမာၻ)
Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)
Chapter-17: ဤကမ္ဘာ ( ဤကမာၻ )
Chapter-18: ဤကမ္ဘာ ( ဤကမာၻ )
Chapter-19: ဤကမ္ဘာ ( ဤကမာၻ )
Chapter-20: ဤကမ္ဘာ ( ဤကမာၻ )
Chapter-21: ဤကမ္ဘာ ( ဤကမာၻ )
Chapter-22: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )
Chapter-24: ဤကမ္ဘာ ( ဤကမာၻ )
Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter - 28: အခြားကမ္ဘာ (အျခားကမာၻ)
Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)
To my translation readers
Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Chapter-25: အခြားကမ္ဘာ (အျခားကမ႓ာ)

416 77 11
By SuzanneM4Y

(Uni)

ချူဟွမ့်လက်များကို မွေ့ယာစောင်အောက်သို့ ညင်သာစွာပြန်ထည့်ပေးထားလိုက်‌သည်။

ချူဟွမ်အတွက် ယခင်တစ်ခေါက်ပြုတ်ကျခဲ့စဉ်က ရရှိလာခဲ့သည့်စိတ်ဒဏ်ရာက အရိပ်တစ်ခုပမာခြောက်လှန့်နေဆဲဖြစ်ပုံရ၏။ သူပြုတ်ကျလာသည့်အချိန်တွင် သတိလည်တစ်ချက်မလည်တစ်ချက်ဖြစ်နေခဲ့သော သူ့အသိစိတ်မှာ အလွန်အင်အားကြီးလှသည့်ဖိစီးမှုတစ်ခုကြောင့် ပြန်လည်ကြည်လင်လာရလေသည်။

ဤအခိုက်အတန့်ကို အမိအရဖမ်းဆုပ်လျက် ချူဟွမ်တစ်‌ယောက် ကြောက်အားလန့်အားဖြင့် ထိုစဉ်တုန်းကအဖြစ်ကို အမှတ်ရဖြစ်အောင်ရမိလိုက်သေးချေသည်။
/"ငါ ခုန်ချလိုက်မိပြန်ပြီလား?"/

ထို့နောက် ထိုသို့လုပ်မိခြင်းမဟုတ်မှန်း ပြန်သတိဝင်လာသောအခါတွင်မှ စိတ်အေးလက်အေးဖြင့် ဆက်၍ပြုတ်ကျနိုင်လေတော့သည်။

ချူဟွမ်၏ဘယ်ဖက်တစ်ခြမ်းလုံး မလှုပ်နိုင်တော့ပြီဖြစ်သော်လည်း ထိုသူမှာ သူ့ကိုယ်ဟန်အနေအထားကို တတ်နိုင်သလောက်ချိန်ညှိပြင်ဆင်လိုက်ကာ သူမြေပေါ်ကျလာသည့်အချိန်တွင် ဇက်ကျိုး၍ဖြစ်စေ၊ ရှက်စရာကောင်းလောက်အောင် အမြင်ရဆိုးလှသည့် အခြားအနေအထားတစ်မျိုးမျိုးဖြင့်ဖြစ်စေ မရှုမလှအသက်ထွက်ရခြင်းမျိုး မတွေ့ကြုံရစေရန် ကြိုးစားလိုက်ပေ၏။

သို့ရာတွင် မကြာမီအချိန်အတွင်း၌ပင် သူ့အနေဖြင့် စိတ်အပူလွန်နေခဲ့ခြင်းသာဖြစ်ကြောင်း သိလိုက်ရလျက် - အဘယ်ကြောင့်ဆိုသော် နန်ရှန်းက သူ့ကိုမြေပေါ်ကျလာရန်ခွင့်မပြုဘဲ လက်နှစ်ဖက်ကိုဆန့်တန်းဆီးကြိုနေနှင့်ကာ ရင်ခွင်ထဲသို့ဆွဲယူပွေ့ဖမ်းထားလိုက်သောကြောင့်ပင်။

နန်ရှန်း၏လက်ဖဝါးပြင်မှာ နွေးထွေးကြံ့ခိုင်လှ၍ အလွန်လုံခြုံသည်ဟူသည့်ခံစားချက်မျိုးကို ပေးစွမ်းနိုင်သော်လည်း အနှီနွေးထွေးလုံခြုံသည့်ခံစားချက်ကား ချူဟွမ်၏လက်ရှိစိတ်အခြေအနေကို သက်သောင့်သက်သာဖြစ်အောင် မဖြေလျှော့ပေးနိုင်ပါလေ။ သူသည် အလွန့်အလွန်စိတ်ညစ်ညူးလျက်ရှိပြီး နန်ရှန်းရှေ့မှောက်ရောက်နေသည့်အခါတိုင်း သူ့အနေဖြင့် ဤမျှလောက်သူရဲကောင်းမဆန်သည့်ပုံမျိုးဖြစ်နေရတတ်သည်ကို လက်မခံနိုင်ဘဲရှိနေချေ၏။

/သစ်ကိုင်းတစ်ခုကြောင့် ထုတ်ချင်းပေါက်ဒဏ်ရာရလာရတယ်ဆိုတဲ့ မတရားစွပ်စွဲချက်ကြီးကိုတောင် မဖြေရှင်းရသေးဘူးလေကွာ!/

လူအနည်းငယ်မှာ ဟင်ကနဲဟာကနဲအာမေဍိတ်သံများနှင့်အတူ သူ့အနီးသို့ဝိုင်းလာကြပြီး ရှောင်ဖန်း၏မျက်နှာထားသည်မူ အတော်လေးခက်ထန်နေလေပြီ။ သူ့အနေဖြင့် မည်မျှလောက်အထိ ပုံဆိုးပန်းဆိုးအခြေအနေဖြစ်နေကြောင်း ချူဟွမ်တစ်ယောက်မသိတော့ပေ။ မည်သို့ပင်ဖြစ်စေ ရှောင်ဖန်း၏အမူအရာအရ ကြည့်ရသည်မှာ သူသည် မကြာမီအချိန်အတွင်း အနောက်အရပ်သို့ကြိုးကြာစီး၍ ပျံသန်းထွက်ခွာ*ရတော့မည့်ပုံပင်ဖြစ်ကာ - ထိုအစ်ကိုကြီးက တုန်ယင်နေသောလက်တစ်ဖက်ကို ဆန့်တန်းလာလျက် ချူဟွမ်၏အသက်ရှူနှုန်းကို စမ်းသပ်လာပေ၏။
[အနောက်အရပ်သို့ကြိုးကြာစီး၍ ပျံသန်းထွက်ခွာ (驾鹤西去) - အသက်ဆုံးရှုံးတာကို စာစကားပေစကားနဲ့ လှလှလေးသုံးတဲ့စကားလုံးဖြစ်ပါတယ်]

ချူဟွမ်လည်း အားစိုက်၍ သူ့ညာဘက်လက်ကိုမြှောက်လိုက်ကာ တစ်ဖက်လူ၏လက်ကောက်ဝတ်ပေါ်သို့ အားနည်းစွာလှမ်းတင်လိုက်ရင်း လှုပ်ယမ်းလိုက်၏။
"ကျုပ် အသက်ရှူနေပါသေးတယ်ဗျ"

မျိုးနွယ်စုထဲရှိလူများကား ထိုနေရာတွင်ပင် ဗုံးတစ်လုံးပေါက်ကွဲသွားသည့်အလား လှုပ်လှုပ်ရှားရှားဖြစ်သွားကြကာ ချူဟွမ်တစ်ယောက် သူတို့တီးတိုးပြောနေကြသည်ကို ကြားနေရလေသည်။

"သူ ဘယ်လိုလုပ်ပြီး လှုပ်ရှားနိုင်နေသေးတာလဲ?"

"ဒါပေမယ့် သူ 'ရိုးရာကန်တော့ပွဲ'ကို လက်မခံရသေးဘူးလို့ ခေါင်းဆောင်ကြီးက ပြောတယ်မလား?"

"အန်ခါရာယိယယ်... အခု ဒါက ဘာတွေဖြစ်နေတာလဲ?"

နန်ရှန်းတစ်ယောက် ဆက်၍သည်းမခံနိုင်တော့ဘဲ အသံတိုးတိုးဖြင့် ဆိုလိုက်ပေသည်။
"တိတ်ကြတော့။ ဘာတွေဒီလောက်ဆူညံနေကြတာလဲ?"

မျိုးနွယ်စုတစ်ခုလုံး ချက်ချင်းအသံတိတ်သွားကြ၏။

နန်ရှန်းက ချူဟွမ်၏ သွေးသံရဲရဲဒဏ်ရာကို ဖုံးအုပ်နေသည့်အဝတ်များအား ဆွဲဖြဲပစ်လိုက်သည်။ ဒဏ်ရာမှာ ချူဟွမ်ဓားဖြင့်ခွဲထားသောကြောင့် သွေးများ၊ အသားစများဖြင့် ဆိုးဆိုးရွားရွားမွစာကြဲလျက် ပုံပျက်နေပြီဖြစ်၍ မူရင်းဒဏ်ရာပုံသဏ္ဌာန်ကိုပင် ကောင်းကောင်းမမြင်ရတော့ချေ။

နန်ရှန်းမှာ မျက်မှောင်ကြုံ့သွားပြီးနောက် ချက်ချင်းပင် ထိုသူ့လက်မောင်းကိုဆွဲယူကာ ဒဏ်ရာကို လျှာဖြင့်လျှက်လိုက်လေသည်။

ချူဟွမ်တစ်ယောက် လုံးဝကိုရှော့ရသွားရတော့၏။ ဆင်ခြင်နိုင်သည့်အသိတရားက သူ့ကို နန်ရှန်းသည် မရိုးမသားရည်ရွယ်ချက်ဖြင့်လုပ်ခြင်းမဟုတ်ကြောင်း ပြောနေသော်လည်း ထိုအသိတရားမှာ သစ်ရွက်လှေငယ်လေးတစ်စင်းပမာပင်ဖြစ်ကာ မကြာမီပင် ယုတ္တိမတန်သည့်စိတ်ကူးများ၏ သမုဒ္ဒရာပြင်ကျယ်ကြီးထဲတွင် နစ်မြုပ်သွားပေတော့သည်။ သူ့နှလုံးသားတစ်ခုလုံးသည်ကား လှိုင်းရိုက်ခံလိုက်ရကဲ့သို့ တလှပ်လှပ်ဖြင့် ကမောက်ကမဖြစ်နေပြီဖြစ်၍ ထောင်ပေါင်းများစွာသောစကားလုံးများ အတူတကွစုဝေးရောက်ရှိလာကြပြီးနောက် တုံးတုံးအအနိုင်လှသော အောက်ပါစကားတစ်ခွန်းသည်သာ ဖြစ်ပေါ်လာနိုင်ပေ၏။
/"သ-သ-သ... သူ-သူ-သူ လျှာနဲ့လျှက်တယ်... ငါ့ကို လျှာနဲ့လျှက်တယ်!"/

ဤကဲ့သို့သော သွေးသားအလိုဆန္ဒများထုံလွှမ်းနေသည့် စိတ်ကူးယဉ်သာယာမှုသည် မကြာမီပင် ညစ်ညမ်းလှစွာသောပြစ်မှုကြီးတစ်ခုကျူးလွန်မိပြီဟု ချူဟွမ်ကို ခံစားလာရစေကာ - အတော်လေးကံမကောင်းလှစွာပင် ဤသူသည် သူ့ကိုယ်သူလူယုတ်မာကြီးဟု အထင်ရောက်နေရှာသည့် ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ယောက်သာ ဖြစ်ချေသည်။

သံသယဝင်ခံရမှုကို ရှောင်လွှဲလိုသည့်အလား ချူဟွမ်မှာ အလိုအလျောက် အနည်းငယ်လှုပ်ရှားရုန်းကန်လိုက်မိပြီး သူ၏ ချိန်ညှိနိုင်စွမ်းပျက်ယွင်းနေသည့်ကိုယ်ခန္ဓာကို တစ်ခြမ်းတည်းသုံးလျက် သူ့လက်ကိုပြန်ဆွဲယူရန် ကြိုးပမ်းလာချေ၏။

နန်ရှန်းက သူ့လက်ကို တင်းကြပ်စွာချုပ်ထားလေသည်။ ချူဟွမ်မှာ ထုံကျဉ်နေသောကြောင့် ထိုသူမည်မျှအားသုံးထားကြောင်းကို ခံစားသိရှိနိုင်စွမ်းမရှိသော်လည်း ထိုအားစိုက်မှုကြောင့် ထိုသူ့လက်ဖမိုးတွင် သွေးကြောစိမ်းများပြိုင်းပြိုင်းထ‌နေပြီဖြစ်ကြောင်းကို မြင်နေရပေသည်။

ဤမျှလောက်ကြမ်းတမ်းခက်ထန်လျက် ဒေါသထွက်နေသော နန်ရှန်း၏မျက်နှာထားကို အလွန်ရှားရှားပါးပါးတွေ့ရခဲလှ၏။ ထိုသူက ချူဟွမ်ကို စိတ်ဆိုးမာန်ဆိုးစူးစိုက်ကြည့်လာကာ အေးစက်စွာဆိုလေသည်။
"ဘာတွေ ရုန်းကန်နေတာလဲ? မင်း သေချင်နေတာလား?"

မောင်ခေါင်းပြောင်လေး၏ဖခင်ဖြစ်သူက သူ့သားအပေအတေအရိုင်းအစိုင်းလေးကို လက်တစ်ဖက်တွင်ချီထားလျက် ပူပန်စွာဖြင့်  အနားရောက်လာလေ၏။
"ဘာဒဏ်ရာလဲ? ဘယ်လိုနေသေးလဲ?"

"လေဒဏ်ရာ"
နန်ရှန်းက ပြောနေရင်းဖြင့် သူ့ခါးမှ ပုလင်းငယ်လေးတစ်လုံးဖြုတ်လိုက်ကာ ချူဟွမ်၏နှုတ်ခမ်းဝဆီသို့ တေ့ပေးလာပေသည်။
"မင်း ပါးစပ်ဟလိုက်"

ချူဟွမ်တစ်ယောက် သီးလုနီးပါးဖြစ်သွားရ၏။ သူသည် ထိုအရာများမှာ ဆေးမြစ်ဆေးရွက်တို့ဖြင့်ပြုလုပ်ထားသည့် တိုင်းရင်းဆေးတစ်မျိုးမျိုးဖြစ်မည်ဟု ထင်ခဲ့မိခြင်းဖြစ်ချေသည်။ လက်တွေ့တွင်ကား ဝင်လာသောအရည်များမှာ ခပ်နွေးနွေးဖြင့် ညှီစို့စို့အနံ့တစ်မျိုးရှိနေကာ ထူးခြားသည့် သံချေးအနံ့အရသာမျိုးရနေလျက် - သွေးတစ်ငုံစာဖြစ်ကြောင်း ထင်ရှားလှ‌ပေ၏။

ဘာသွေးတွေမှန်းလည်း မသိရလေ။

"မျိုချလိုက်"
နန်ရှန်းက သူ့မေးစေ့ကိုဖိထားကာ သူ့လက်တွင်ထည့်ထားသည့် အင်အားပမာဏသည်ကား လုံးဝကိုမညင်သာလှချေ။ ထိုသူသည် ချူဟွမ့်လည်ချောင်းထဲသို့ ထိုသွေးများကို ကြမ်းတမ်းလှစွာ အတင်းအကြပ်လောင်းချနေသည့်နီးပါးပင်ဖြစ်၏။

ထိုသူ၏ ပုံမှန်နှင့်မတူသော ကြမ်းတမ်းမှုက ချူဟွမ်၏စိုးရိမ်သောကများကို ထိန်းချုပ်ပေးနိုင်လိုက်သည်။ ထိုသူသည် အလွန်စိတ်ပူနေသည့်အမူအရာဖြင့် သွေးများကို အလျင်အမြန်တိုက်ကျွေးနေပေ၏။ ထိုသူ၏ လှပလွန်းသည့်မျက်ဝန်းများကား မီးလျှံတစ်ခုစွဲငြိတောက်လောင်နေသည့်အလားရှိနေကာ အလျင်စလိုပြေးလာသောကြောင့် ပြေလျော့သွားပြီဖြစ်သော ထိုသူ၏ဆံနွယ်ရှည်များမှာ ချူဟွမ်၏ကိုယ်ခန္ဓာတစ်ခုလုံးပေါ်သို့ ဖြာကျဖုံးလွှမ်းလျက်ရှိလေသည်။

ချူဟွမ်ကား ထိုနေရာတွင်ပင် စိတ်ညှို့ခံလိုက်ရသကဲ့သို့ရှိနေလျက် ထိုတစ်ခဏအတွင်း သူ့အနေဖြင့်တွေးနေမိသည်မှာ : သွေးတစ်ငုံစာမဆိုထားနှင့်၊ နန်ရှန်းက သူ့လည်ပင်းကိုညှစ်၍ ကျန့်ရွှယ်ဖုန်းဟို*အဆိပ်ကို တိုက်ကျွေးလာမည်ဆိုလျှင်ပင် တစ်ဖက်လူက သူ့ကို ဤမျှလောက်ခံစားချက်များပြည့်လျှံနေသည့် မျက်ဝန်းများဖြင့်ကြည့်နေသရွေ့...
[ကျန့်ရွှယ်ဖုန်းဟို (见血封喉) - အဆိပ်ရှိအပင်တစ်မျိုးဖြစ်ပါတယ်။ မြန်မာအခေါ်တော့ ဆူးလည်းမသိပါဘူး။ အပင်ပုံလေးတော့ အောက်ဆုံးမှာထည့်ပေးထားပါမယ်။ မြန်မာအခေါ်သိရင်လည်း ပြောပြသွားကြပါဦးနော်။ Scientific name က Antiaris toxicaria ပါ။ တရုတ်နာမည် ကျန့်ရွှယ်ဖုန်းဟို (见血封喉) ဆိုတဲ့အဓိပ္ပာယ်ကတော့ "သွေးမြင်ရုံဖြင့် နှုတ်ပိတ်ပြီး"ပါတဲ့။ ရှေးတုန်းက မြားဦးတွေထိပ်မှာ လူးလေ့ရှိတဲ့အဆိပ်လို့လည်း သိရပါတယ်]

သို့ဆိုလျှင် နန်ရှန်းကတိုက်ကျွေးချင်နေသမျှ သူ့အနေဖြင့် အားလုံးမျိုချရန် ဆန္ဒရှိနေသည်သာ။

/ကျစ်... ဒီဘဝမှာတော့ ဒီကောင်ကြီး နာမည်တစ်ခုတော့ရဖူးပြီပေါ့.../

နောက်တစ်ဒင်္ဂအတွင်း၌ နန်ရှန်းတစ်ယောက် သူ့ပခုံးပေါ်သို့  ချူဟွမ်၏လက်မောင်းကိုတင်လိုက်လျက် ဒူးနောက်ဖက်တံကောက်ကွေးနေရာဆီသို့ လက်လှမ်းလာချေ၏။

ချူဟွမ်မှာ ထိုအပြုအမူသည် မည်သည့်အဓိပ္ပာယ်မျိုးဖြစ်ကြောင်း သဘောပေါက်လိုက်မိရကား သူ၏ 'ချမ်းမြေ့သာယာ ချစ်ရိပ်သာ'အတွေးတို့ထဲတွင် တဝဲလည်လည်ဖြစ်နေရာမှ ရုတ်တရက်နိုးထလာပေတော့သည်။ သူက လျင်မြန်စွာပင် လက်ကိုပြန်ဆန့်တန်းထုတ်လိုက်ကာ သူ့ကိုတိုက်ရိုက်ပွေ့ချီတော့မည့် နန်ရှန်း၏လှုပ်ရှားမှုကို ပါးနပ်ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်လေ၏။
"ဟေ့... နေဦး။ နေပါဦး။ ဘာလဲ? ငါ... ငါ့ကို... "

နန်ရှန်းက သူ့စကားကို ဖြတ်ပြောလိုက်ပေသည်။
"အဲ့လိုမျိုးကို မကြိုက်ဘူးလား? ဒါဖြင့် ငါ မင်းကိုကုန်းပိုးမယ်"

ချူဟွမ်မှာ ထိုကမ်းလှမ်းချက်ကိုလည်း ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်ကာ သူ့မာနနှင့်သိက္ခာတို့ကို ထိန်းသိမ်းထားလိုက်လျက် နောက်ဆုံးလက်ကျန်အင်အားကို ဖျစ်ညှစ်သုံးလိုက်ပြီးနောက် ယိုင်တိယိုင်တိုင်ဖြင့် မတ်တပ်ရပ်လာလေသည်။

စင်စစ်အားဖြင့် ချူဟွမ်သည် အလှလေးများအတွက်ဆိုလျှင် သူရဲကောင်းများပင် အားနည်းသွားတတ်ကြကြောင်းကို လက်ခံထားနှင့်ပြီးဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ ထိုနာမ်စားသည် "သူရဲကောင်း" ဟူ၍သာဖြစ်ကာ အကယ်၍ "လူပျော့ညံ့တစ်ယောက်" ဟု ပြောင်းလဲအစားထိုးလိုက်မည်ဆိုပါက ထိုအခြင်းအရာသည် လှောင်ပြောင်စရာတစ်ခုအဖြစ် ပြောင်းလဲသွားမည်မဟုတ်ပါလော?

သူရဲကောင်းကြီးချူဟွမ်ကား လေးလံလွန်း၍ ငိုက်စိုက်ကျနေသည့်ခေါင်း၊ အားတစ်စက်မျှမရှိတော့ဘဲ ပျော့ခွေနေသည့်ခြေထောက်များဖြင့် အောင်မြင်စွာထလာနိုင်ပြီးသည့်နောက် ချက်ချင်းပင် ပြန်လဲကျလုနီးပါးဖြစ်သွားချေ၏။  ရှောင်ဖန်းမှာ ထိုအဖြစ်ကိုမြင်လိုက်ရပြီးနောက် လျင်မြန်သွက်လက်စွာပင် ပြေးချလာကာ ချူဟွမ်အတွက် လမ်းလျှောက်တုတ်တစ်ချောင်းအဖြစ် ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ခဲ့ပေသည်။ ရလဒ်အနေဖြင့်ကား သူ၏ စိတ်ရင်းစေတနာမှန်ဖြင့် နှလုံးသားဆီမှစီးဆင်းထွက်ပေါ်လာခဲ့သည့် 'ကူညီပါရစေခင်ဗျ' ရည်ရွယ်ချက်တို့မှာ နန်ရှန်းထံမှအကြည့်တစ်ချက်ကြောင့် ထိုနေရာတွင်ပင် ရပ်တန့်သွားရရှာသတည်း။

နန်ရှန်းက တိတ်ဆိတ်စွာဖြင့် ချူဟွမ်၏ ဒဏ်ရာရမထားသောလက်မောင်းတစ်ဖက်ကို သူ့လည်ပင်းပေါ်သို့သိုင်းတင်လိုက်ကာ လက်တစ်ဖက်ကိုဆန့်၍ ချူဟွမ်၏နောက်ကျောဘက်တွင် အသင့်အနေအထားဖြင့်ထားလျက် ချူဟွမ်ကိုထိမနေဘဲနှင့် ထိန်းရုံသာထိန်း၍ ကာကွယ်ပေးထားပေ၏။

ချူဟွမ်တစ်ယောက် သူ့နှလုံးအိမ်ထဲတွင် သံသယပေါင်းများစွာတို့ "ကြောင်ပြာလေး၏ အဘယ်ကြောင့်မေးခွန်း ၃၀၀၀" * အဖြစ် စီတန်းထွက်ပေါ်နေပြီဖြစ်သေည်လည်း စကားတစ်ခွန်းမှမဆိုခဲ့လေ။
["ကြောင်ပြာလေး၏ အဘယ်ကြောင့်မေးခွန်း ၃၀၀၀" (蓝猫淘气三千问) - ကလေးတွေအတွက် သိပ္ပံနဲ့ဆိုင်တဲ့ဗဟုသုတတွေကို တင်ဆက်ပေးတဲ့ ပညာပေးတရုတ်ကာတွန်းတစ်ခုပါ]

သို့ရာတွင် ယခုအချိန်၌ သူသည် သူ့ရင်ထဲမှ အလွန်ခိုင်မြဲလှသည့် ဝင်သက်တစ်ချက်အပေါ်တွင်သာ အလုံးစုံမှီခိုပုံအပ်ထားနေရကာ သူပါးစပ်ဟလိုက်လျှင်ပင် ထိုလေတစ်ရှိုက်စာကလေး ပျံ့လွင့်ပြိုကွဲသွားမည်ကို စိုးရွံ့နေမိလေရာ သူ့သံသယများကို ချိုးနှိမ်၍သာထားလျက် ဟာလာဟင်းလင်းဖြစ်နေသည်အထိ ရှင်းထုတ်ထားသည့်စိတ်ဖြင့် ဆက်လက်လျှောက်လှမ်းနေရချေသည်။

မကြာမီပင် အထိအတွေ့အာရုံကို တစ်စက်ကလေးမျှပင်မခံစားရတော့လောက်အောင် ထုံကျဉ်နေခဲ့သော သူ့ဘယ်ဖက်လက်မောင်းမှာ ပိတ်ထားသည့်သော့တစ်ခုပွင့်လာသကဲ့သို့ ခံစားလိုက်ရပြီးနောက် - အဆိပ်ပြေစပြုလာပုံရ၏။

သို့ရာတွင် ဤကိစ္စသည် ကောင်းလှသည်တော့မဟုတ်ပေ။ ထုံကျဉ်နေသည့်ခံစားချက် အနည်းငယ်လျော့ပါးသွားသည်နှင့်တစ်ပြိုင်နက် သူ့ဒဏ်ရာမှာ ရုတ်တရက် သောင်းပေါင်းများစွာသောပုရွက်ဆိတ်တို့က အနက်ရှိုင်းဆုံးနေရာအထိ လှိုက်စားနေသကဲ့သို့ နာနေသည့်တစ်နေရာချင်းမှ တစ်စိတ်တစ်ပိုင်းချင်းစီယားယံလာတော့သည်။ ထိုခံစားချက်မှာ ဒဏ်ရာနေရာမှအစပြုလျက် ကိုယ်ခန္ဓာတစ်ခုလုံးဆီသို့ နေရာလပ်မကျန်ပျံ့နှံ့လာကာ အထူးသဖြင့် အဆစ်အမြစ်နေရာများတွင် ခံရအခက်ဆုံးဖြစ်နေလျက် လူကို မြေကြီးပေါ်တွင်သာ လူးလှိမ့်နေချင်စိတ်ဖြစ်လာလုနီးနီးအထိ ဒုက္ခပေးနိုင်ပါ၏။

ချူဟွမ် တစ်ချက်လှုပ်ရှားလိုက်သည့်အခါတိုင်း သူ့အရိုးများကို ပိုးမွှားပေါင်းကုဋေကုဋာတို့ ဝါးမျိုကိုက်ခဲစားသောက်နေကြသကဲ့သို့ ခံစားနေရချေသည်။

သူ့ဒဏ်ရာထဲမှ ညိုပုပ်ပုပ်အရောင်သွေးမည်းများ စတင်စီးထွက်လာပြီဖြစ်ကာ ချူဟွမ်အနေဖြင့် ထိုကိစ္စကို ဂရုမစိုက်နိုင်တော့ပေ။ သွေးများမှာ သူ့ရှပ်အင်္ကျီလက်များတွင် လျင်မြန်စွာရွှဲနစ်စွန်းထင်းလာကာ သူ့လက်တစ်လျှောက် တစက်စက်စီးကျနေလေသည်။

သူ့မျက်နှာအနေအထားမှာ ပို၍အမြင်ရဆိုးလာနေလျက် သူ့ကိုယ်ပေါ်တွင်လည်း ချွေးစေးများပိုမိုများပြားလာကာ သူ့ကိုယ်ပေါ်တွင်လွှားထားသည့် လေကာအင်္ကျီသည်ပင် ရွှဲရွှဲစိုနေပြီဖြစ်လေ၏။

ဤကိစ္စသည် အဆိပ်ဖြေခြင်းနှင့် ဒဏ်ရာကုသခြင်းသာဖြစ်၍ ချူဟွမ်အနေဖြင့် ဤမျှလောက်အခံရခက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ဘဲ - ဘိန်းဖြူဖြတ်သည့်အခါ ကြုံတွေ့ရသည့်ယင်းထခြင်းဖြစ်စဉ်သည်ပင်လျှင် သည့်ထက်ပို၍ မဆိုးနိုင်လောက်ချေ။

ချူဟွမ်၏ကိုယ်ခန္ဓာမှာ နာကျင်မှုကိုချုပ်တည်းထားရခြင်းကြောင့် အလိုအလျောက် တောင့်တောင့်ကြီးဖြစ်နေပေသည်။ အကြောင်းမသိသူများဆိုလျှင် ဤပုဂ္ဂိုလ်သည် မာကျောကြံ့ခိုင်လှသည့်စိတ်ဓာတ်ဖြင့် မတ်မတ်ရပ်နေသည်ဟု ထင်မိကြမည်ဖြစ်၏။

ဤအခြေအနေမြင်ကွင်းမှာ လီယီမျိုးနွယ်စုတို့၏ မျက်လုံးထဲတွင် အလွန့်အလွန်အံ့အားသင့်စရာကောင်းလှသည့် အနေအထားပင်ဖြစ်လေသည်။

ဤနေရာရှိလူတိုင်းလိုလိုပင် အဆိပ်ဖြေခြင်းလုပ်ငန်းစဉ်ဟူသည် မည်သို့မည်ပုံဖြစ်ကြောင်းကို သိရှိကြချေ၏။ အချို့သူများဆိုလျှင် ကိုယ်တိုင်ကိုယ်ကျပင် တွေ့ကြုံခံစားခဲ့ကြရဖူးပေသည်။ ကိုယ်တိုင်မကြုံတွေ့ဖူးလျှင်ပင် ထိုသူများအနေဖြင့် အခြားသူများခံစားရသည်အားမြင်တွေ့ရမည့် အခွင့်အရေးကို နှစ်တိုင်းလိုလိုပင်ရကြပါ၏။ သံမဏိတမျှမာကျောကြံ့ခိုင်လှသည့် ယောက်ျားသားကြီးများပင် အော်ဟစ်မြည်တမ်းလျက် လူးလှိမ့်နေကြရသည့်မြင်ကွင်းတို့မှာ လီယီမျိုးနွယ်စုဝင်တို့၏ နှလုံးအိမ်ထဲဝယ် အရိပ်ပမာစွဲထင်နေခဲ့လေသည်။

အချို့သူများဆိုလျှင် အတိုင်းထက်အလွန်နာကျင်မှုကြောင့် ကိုယ့်ခေါင်းကိုယ် မဆိုင်းမတွ နံရံနှင့်ဝင်ဆောင့်ကြသည်အထိ ဖြစ်ကြသည်ဟုပင် ဆိုကြပေ၏။ တစ်ယောက်ဆိုလျှင် ဤနည်းဖြင့် ခေါင်းကွဲ၍သေပွဲဝင်ခဲ့ရဖူးလေသည်။

ချူဟွမ်တစ်ယောက် သူသေခါနီးနေပြီဟု ထင်ယောင်ထင်မှားဖြစ်လာလျက် သတိလက်လွတ်ဖြင့် မီရာကိုလှမ်းဆွဲလိုက်မိသည်တွင် - ကျောက်ဖြုတ်ထား၍ ဟောင်းလောက်ပေါက်ဖြစ်နေသော ခေါင်းဆောင်ကြီး၏ကျိုင်းကို လှမ်းဆွဲမိလျက်သားဖြစ်သွားလေ၏။

ကျိုင်းထိပ်ဖျားမှာ မီးစွဲနေဆဲဖြစ်၍ နန်ရှန်းက ချူဟွမ် လက်အပူလောင်မည်ဆိုသောကြောင့် ထိုသူ့လက်များကို ညင်သာစွာဆွဲခွာပေးလိုက်သည်။

ချူဟွမ့်လက်ချောင်းများရှိ အရိုးအဆစ်တို့မှာ ထင်ထင်ရှားရှားပေါ်ပေါ်လွင်လွင်မရှိလှသောကြောင့် လက်စွပ်ဝတ်လျှင် အလွယ်တကူကျွတ်မထွက်ဘဲ ပေကပ်၍မြဲမြံနေနိုင်မည့်လက်မျိုး မဟုတ်လေရာ ကျိုင်းနှင့် ခပ်ကြမ်းကြမ်းငြိသွားပြီးသည့်အခါတွင် သူ့လက်မှလက်စွပ်သည် ရုတ်တရက်ကျွတ်ထွက်သွားပြီး မြေပေါ်သို့ကျသွားကာ ကျောက်တုံးတစ်ခုနှင့်တိုက်မိပြီးနောက် ချွင်ကနဲမြည်သွားချေ၏။

ချူဟွမ်၏ လေးလံနေသောခြေလှမ်းများသည် ချက်ချင်းရပ်တန့်သွားကာ သူ့မျက်လုံးသူငယ်အိမ်လည်း ရုတ်တရက်ကျဉ်းမြောင်းသွားရပေသည်။
"ချူ... ချူအိုက်ကော်"

သူ့အသံမှာ အက်ကွဲနေသည့်အပြင် စကားလုံးများသည်လည်း လည်ချောင်းထဲမှ အပြင်သို့လုံးဝထွက်မလာသလောက်ပင် ဖြစ်နေ၏။ နန်ရှန်းတစ်ယောက် သူ့စကားကို တဒင်္ဂအတွင် မကြားနိုင်လိုက်ချေ။
"ဘာ?"

ချူဟွမ် : "လက်စွပ်... လက်..."

အရိပ်အခြေကြည့်၍ အလွန်လျင်မြန်စွာ အလိုက်သင့်အလျားသင့်ဆောင်ရွက်ပေးနိုင်သည့် အဆိပ်ရှိမြွေကလေးမှာ ချက်ချင်းလျှောတိုက်ရောက်ချလာပြီးနောက် မြေပေါ်ကျသွားသည့်လက်စွပ်ကို ကိုက်ချီသယ်ဆောင်လာလျက် နန်ရှန်းအား မျက်နှာချိုသွေးလာပေ၏။

ပလက်တီနမ်ပြောင်အကွင်းလေးမှာ လူတစ်ယောက်၏ကိုယ်မှအနွေးဓာတ်ဖြင့် ဖုံးလွှမ်းနေကာ ထိုပစ္စည်းတွင် စကားလုံးတို့ဖြင့်ဖော်ပြ၍မရနိုင်လောက်အောင် အဖိုးထိုက်တန်လှသည့်အရာတစ်မျိုးမျိုး ကိန်းဝပ်နေသည့်အလားရှိလေသည်။

နန်ရှန်းတစ်ယောက် သူနှင့်ချူဟွမ်တို့ စကားစမြည်ပြောခဲ့သည့်တစ်ခါတုန်းက တစ်ဖက်လူသည် လက်စွပ်၏အဓိပ္ပာယ်ကို အတည်ပေါက်တစ်ဝက် အရွှန်းဖောက်တစ်ဝက်နှင့် ပြောပြခဲ့ဖူးလေ၏။ နန်ရှန်းမှာ တစ်ချက်မျှရပ်နေမိပြီးနောက်မှ လက်စွပ်ကိုယူ၍ ချူဟွမ်ထံ ပေးလိုက်ပေသည်။

ချူဟွမ်ကား ချက်ချင်းပင် ထိုပစ္စည်းကို လက်ဖဝါးထဲ၌ဆုပ်ကိုင်ထားလျက် ထိုပစ္စည်းမှာ သာမညောင်ည ပြောင်လက်စွပ်ကလေးတစ်ကွင်းမျှသာမဟုတ်ဘဲ သူ့စိတ်ဝိဉာဉ်တစ်ခုလုံးဖြစ်သည့်အတိုင်း ရှိချေ၏။

နန်ရှန်းက ထိုသူ၏ သတိလက်လွတ်တုံ့ပြန်မှုကို တဒင်္ဂမျှအတွက် မျက်တောင်မခတ် စူးစိုက်ကြည့်နေမိကာ မလှုပ်မယှက်ရှိနေပေသည်။ ထို့နောက် သူဘာတွေးမိသွားသည်မသိရဘဲ သူ့အမူအရာမှာ ရုတ်တရက်ညှိုးငယ်သွားလေ၏။

သူမလှုပ်မယှက်ငြိမ်သက်နေသည်ကို ရှောင်ဖန်းတစ်ယောက်မြင်သွားပြီးနောက် ဇဝေဇဝါဖြစ်သွားလျက် နောက်ပြန်လှည့်ကြည့်လာလေသည်။
"ခေါင်းဆောင်ကြီး?"

နန်ရှန်းက “အင်း”ဟူ၍သာ တစ်ချက်ပြန်ဖြေလာကာ မျက်လွှာချလျက် ချူဟွမ်၏နောက်ကျောတွင် မထိမတို့ဝေ့ဝဲနေခဲ့သည့် သူ့လက်မောင်းဖြင့် ထိုသူ့ခါးအား ရစ်သိုင်းလိုက်ပေသည်။ ထို့နောက် တွဲကူဖေးမခြင်းတစ်ဝက်၊ ပွေ့ဖက်ထားခြင်းတစ်ဝက်ဖြင့် ချူဟွမ်ကို မျိုးနွယ်စုဆီသို့ပြန်ခေါ်လာပြီးနောက် နန်ရှန်း၏ မျိုးနွယ်စုခေါင်းဆောင်အိမ်တွင်ပင် သူ့ကိုနေရာချပေးထား၏။

အားလုံးအမြင်မှားနေကြခြင်းပေလော မသိရသော်လည်း မြူထုကြီးသည် ယခုအချိန်တွင် ယခင်ကလောက် သိပ်သည်းထူထပ်မနေတော့ပုံရနေချေသည်။

ရှောင်ဖန်းသည်ကား စိတ်မသာမယာဖြင့် မြင်းဖြူကြီးအား ၎င်း၏ဒဏ်ရာကြီးငယ်တို့ကို ကုသပေးရန်အတွက် ဆွဲခေါ်သွားကာ နန်ရှန်းကမူ အိပ်ရာနံဘေးတွင် ထိုင်ချလိုက်လေသည်။ ထိုသူက ချူဟွမ်တစ်ယောက် သတိလစ်နေချိန်တွင်ပင် လက်စွပ်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်ကို ကြည့်နေမိ၏။ နန်ရှန်းတစ်ယောက် သူ့လက်ဖြင့် ထိုသူ့လက်ကို ဆုပ်ကိုင်ထားလိုက်မိကာ ကျစ်ကျစ်ပါအောင်ဆုပ်ထားသည့် ထိုလက်ချောင်းများအား ဆွဲဖွင့်ချင်နေသည့်အလား ရှိနေပေသည်။

သို့ရာတွင် ထိုလှုပ်ရှားမှုမှာ လှုပ်လိုက်သည်ဆိုရုံလေးမျှသာဖြစ်၍ နန်ရှန်းအနေဖြင့် တကယ်အကောင်အထည်မဖော်ဖြစ်ခဲ့ပါချေ။

သူ့ပခုံးရိုးများ ရုတ်တရက်‌ပြေလျှောကျသွားကာ သူ့လက်ချောင်းများကိုလည်း လွှတ်ဖြည်‌လိုက်လျက် နောက်ဆုံးတွင် ထိုသူသည် ချူဟွမ်၏လက်များကို မွေ့ယာစောင်အောက်သို့သာ ညင်သာစွာ ပြန်ထည့်ပေးထားလိုက်တော့သည်။

ထို့နောက် နန်ရှန်းမှာ ချူဟွမ်ကို စူးစိုက်ကြည့်‌နေလျက် အချိန်အတော်ကြာအောင် ငေးငိုင်နေခဲ့ပေ၏။

ချူဟွမ်ပြန်နိုးလာချိန်ဝယ် အချိန်တစ်နေ့နှင့်တစ်ညတိတိ ကုန်လွန်သွားခဲ့လေပြီ။

----------------

T/N:

Antiaris toxicaria

Please support NUG. အရေးတော်ပုံ အောင်ရမည် 💪

May you all be safe from Covid, too 🙏

8.8.2021

❤❤❤

(

Zawgyi)

ခ်ဴဟြမ့္လက္မ်ားကို ေမြ႕ယာေစာင္ေအာက္သို႔ ညင္သာစြာျပန္ထည့္ေပးထားလိုက္‌သည္။

ခ်ဴဟြမ္အတြက္ ယခင္တစ္ေခါက္ျပဳတ္က်ခဲ့စဥ္က ရ႐ွိလာခဲ့သည့္စိတ္ဒဏ္ရာက အရိပ္တစ္ခုပမာေျခာက္လွန္႔ေနဆဲျဖစ္ပုံရ၏။ သူျပဳတ္က်လာသည့္အခ်ိန္တြင္ သတိလည္တစ္ခ်က္မလည္တစ္ခ်က္ျဖစ္ေနခဲ့ေသာ သူ႕အသိစိတ္မွာ အလြန္အင္အားႀကီးလွသည့္ဖိစီးမႈတစ္ခုေၾကာင့္ ျပန္လည္ၾကည္လင္လာရေလသည္။

ဤအခိုက္အတန္႔ကို အမိအရဖမ္းဆုပ္လ်က္ ခ်ဴဟြမ္တစ္‌ေယာက္ ေၾကာက္အားလန္႔အားျဖင့္ ထိုစဥ္တုန္းကအျဖစ္ကို အမွတ္ရျဖစ္ေအာင္ရမိလိုက္ေသးေခ်သည္။
/"ငါ ခုန္ခ်လိုက္မိျပန္ၿပီလား?"/

ထို႔ေနာက္ ထိုသို႔လုပ္မိျခင္းမဟုတ္မွန္း ျပန္သတိဝင္လာေသာအခါတြင္မွ စိတ္ေအးလက္ေအးျဖင့္ ဆက္၍ျပဳတ္က်ႏိုင္ေလေတာ့သည္။

ခ်ဴဟြမ္၏ဘယ္ဖက္တစ္ျခမ္းလုံး မလႈပ္ႏိုင္ေတာ့ၿပီျဖစ္ေသာ္လည္း ထိုသူမွာ သူ႕ကိုယ္ဟန္အေနအထားကို တတ္ႏိုင္သေလာက္ခ်ိန္ညႇိျပင္ဆင္လိုက္ကာ သူေျမေပၚက်လာသည့္အခ်ိန္တြင္ ဇက္က်ိဳး၍ျဖစ္ေစ၊ ႐ွက္စရာေကာင္းေလာက္ေအာင္ အျမင္ရဆိုးလွသည့္ အျခားအေနအထားတစ္မ်ိဳးမ်ိဳးျဖင့္ျဖစ္ေစ မ႐ႈမလွအသက္ထြက္ရျခင္းမ်ိဳး မေတြ႕ၾကဳံရေစရန္ ႀကိဳးစားလိုက္ေပ၏။

သို႔ရာတြင္ မၾကာမီအခ်ိန္အတြင္း၌ပင္ သူ႕အေနျဖင့္ စိတ္အပူလြန္ေနခဲ့ျခင္းသာျဖစ္ေၾကာင္း သိလိုက္ရလ်က္ - အဘယ္ေၾကာင့္ဆိုေသာ္ နန္႐ွန္းက သူ႕ကိုေျမေပၚက်လာရန္ခြင့္မျပဳဘဲ လက္ႏွစ္ဖက္ကိုဆန္႔တန္းဆီးႀကိဳေနႏွင့္ကာ ရင္ခြင္ထဲသို႔ဆြဲယူေပြ႕ဖမ္းထားလိုက္ေသာေၾကာင့္ပင္။

နန္႐ွန္း၏လက္ဖဝါးျပင္မွာ ေႏြးေထြးၾကံ့ခိုင္လွ၍ အလြန္လုံျခဳံသည္ဟူသည့္ခံစားခ်က္မ်ိဳးကို ေပးစြမ္းႏိုင္ေသာ္လည္း အႏွီေႏြးေထြးလုံျခဳံသည့္ခံစားခ်က္ကား ခ်ဴဟြမ္၏လက္႐ွိစိတ္အေျခအေနကို သက္ေသာင့္သက္သာျဖစ္ေအာင္ မေျဖေလွ်ာ့ေပးႏိုင္ပါေလ။ သူသည္ အလြန္႔အလြန္စိတ္ညစ္ညဴးလ်က္႐ွိၿပီး နန္႐ွန္းေ႐ွ႕ေမွာက္ေရာက္ေနသည့္အခါတိုင္း သူ႕အေနျဖင့္ ဤမွ်ေလာက္သူရဲေကာင္းမဆန္သည့္ပုံမ်ိဳးျဖစ္ေနရတတ္သည္ကို လက္မခံႏိုင္ဘဲ႐ွိေနေခ်၏။

/သစ္ကိုင္းတစ္ခုေၾကာင့္ ထုတ္ခ်င္းေပါက္ဒဏ္ရာရလာရတယ္ဆိုတဲ့ မတရားစြပ္စြဲခ်က္ႀကီးကိုေတာင္ မေျဖ႐ွင္းရေသးဘူးေလကြာ!/

လူအနည္းငယ္မွာ ဟင္ကနဲဟာကနဲအာေမဍိတ္သံမ်ားႏွင့္အတူ သူ႕အနီးသို႔ဝိုင္းလာၾကၿပီး ေ႐ွာင္ဖန္း၏မ်က္ႏွာထားသည္မူ အေတာ္ေလးခက္ထန္ေနေလၿပီ။ သူ႕အေနျဖင့္ မည္မွ်ေလာက္အထိ ပုံဆိုးပန္းဆိုးအေျခအေနျဖစ္ေနေၾကာင္း ခ်ဴဟြမ္တစ္ေယာက္မသိေတာ့ေပ။ မည္သို႔ပင္ျဖစ္ေစ ေ႐ွာင္ဖန္း၏အမူအရာအရ ၾကည့္ရသည္မွာ သူသည္ မၾကာမီအခ်ိန္အတြင္း အေနာက္အရပ္သို႔ႀကိဳးၾကာစီး၍ ပ်ံသန္းထြက္ခြာ*ရေတာ့မည့္ပုံပင္ျဖစ္ကာ - ထိုအစ္ကိုႀကီးက တုန္ယင္ေနေသာလက္တစ္ဖက္ကို ဆန္႔တန္းလာလ်က္ ခ်ဴဟြမ္၏အသက္႐ွဴႏႈန္းကို စမ္းသပ္လာေပ၏။
[အေနာက္အရပ္သို႔ႀကိဳးၾကာစီး၍ ပ်ံသန္းထြက္ခြာ (驾鹤西去) - အသက္ဆုံး႐ႈံးတာကို စာစကားေပစကားနဲ႔ လွလွေလးသုံးတဲ့စကားလုံးျဖစ္ပါတယ္]

ခ်ဴဟြမ္လည္း အားစိုက္၍ သူ႕ညာဘက္လက္ကိုေျမႇာက္လိုက္ကာ တစ္ဖက္လူ၏လက္ေကာက္ဝတ္ေပၚသို႔ အားနည္းစြာလွမ္းတင္လိုက္ရင္း လႈပ္ယမ္းလိုက္၏။
"က်ဳပ္ အသက္႐ွဴေနပါေသးတယ္ဗ်"

မ်ိဳးႏြယ္စုထဲ႐ွိလူမ်ားကား ထိုေနရာတြင္ပင္ ဗုံးတစ္လုံးေပါက္ကြဲသြားသည့္အလား လႈပ္လႈပ္႐ွား႐ွားျဖစ္သြားၾကကာ ခ်ဴဟြမ္တစ္ေယာက္ သူတို႔တီးတိုးေျပာေနၾကသည္ကို ၾကားေနရေလသည္။

"သူ ဘယ္လိုလုပ္ၿပီး လႈပ္႐ွားႏိုင္ေနေသးတာလဲ?"

"ဒါေပမယ့္ သူ '႐ိုးရာကန္ေတာ့ပြဲ'ကို လက္မခံရေသးဘူးလို႔ ေခါင္းေဆာင္ႀကီးက ေျပာတယ္မလား?"

"အန္ခါရာယိယယ္... အခု ဒါက ဘာေတြျဖစ္ေနတာလဲ?"

နန္႐ွန္းတစ္ေယာက္ ဆက္၍သည္းမခံႏိုင္ေတာ့ဘဲ အသံတိုးတိုးျဖင့္ ဆိုလိုက္ေပသည္။
"တိတ္ၾကေတာ့။ ဘာေတြဒီေလာက္ဆူညံေနၾကတာလဲ?"

မ်ိဳးႏြယ္စုတစ္ခုလုံး ခ်က္ခ်င္းအသံတိတ္သြားၾက၏။

နန္႐ွန္းက ခ်ဴဟြမ္၏ ေသြးသံရဲရဲဒဏ္ရာကို ဖုံးအုပ္ေနသည့္အဝတ္မ်ားအား ဆြဲၿဖဲပစ္လိုက္သည္။ ဒဏ္ရာမွာ ခ်ဴဟြမ္ဓားျဖင့္ခြဲထားေသာေၾကာင့္ ေသြးမ်ား၊ အသားစမ်ားျဖင့္ ဆိုးဆိုး႐ြား႐ြားမြစာႀကဲလ်က္ ပုံပ်က္ေနၿပီျဖစ္၍ မူရင္းဒဏ္ရာပုံသဏၭာန္ကိုပင္ ေကာင္းေကာင္းမျမင္ရေတာ့ေခ်။

နန္႐ွန္းမွာ မ်က္ေမွာင္ၾကဳံ႕သြားၿပီးေနာက္ ခ်က္ခ်င္းပင္ ထိုသူ႕လက္ေမာင္းကိုဆြဲယူကာ ဒဏ္ရာကို လွ်ာျဖင့္လွ်က္လိုက္ေလသည္။

ခ်ဴဟြမ္တစ္ေယာက္ လုံးဝကိုေ႐ွာ့ရသြားရေတာ့၏။ ဆင္ျခင္ႏိုင္သည့္အသိတရားက သူ႕ကို နန္႐ွန္းသည္ မ႐ိုးမသားရည္႐ြယ္ခ်က္ျဖင့္လုပ္ျခင္းမဟုတ္ေၾကာင္း ေျပာေနေသာ္လည္း ထိုအသိတရားမွာ သစ္႐ြက္ေလွငယ္ေလးတစ္စင္းပမာပင္ျဖစ္ကာ မၾကာမီပင္ ယုတၱိမတန္သည့္စိတ္ကူးမ်ား၏ သမုဒၵရာျပင္က်ယ္ႀကီးထဲတြင္ နစ္ျမဳပ္သြားေပေတာ့သည္။ သူ႕ႏွလုံးသားတစ္ခုလုံးသည္ကား လိႈင္း႐ိုက္ခံလိုက္ရကဲ့သို႔ တလွပ္လွပ္ျဖင့္ ကေမာက္ကမျဖစ္ေနၿပီျဖစ္၍ ေထာင္ေပါင္းမ်ားစြာေသာစကားလုံးမ်ား အတူတကြစုေဝးေရာက္႐ွိလာၾကၿပီးေနာက္ တုံးတုံးအအႏိုင္လွေသာ ေအာက္ပါစကားတစ္ခြန္းသည္သာ ျဖစ္ေပၚလာႏိုင္ေပ၏။
/"သ-သ-သ... သူ-သူ-သူ လွ်ာနဲ႔လွ်က္တယ္... ငါ့ကို လွ်ာနဲ႔လွ်က္တယ္!"/

ဤကဲ့သို႔ေသာ ေသြးသားအလိုဆႏၵမ်ားထုံလႊမ္းေနသည့္ စိတ္ကူးယဥ္သာယာမႈသည္ မၾကာမီပင္ ညစ္ညမ္းလွစြာေသာျပစ္မႈႀကီးတစ္ခုက်ဴးလြန္မိၿပီဟု ခ်ဴဟြမ္ကို ခံစားလာရေစကာ - အေတာ္ေလးကံမေကာင္းလွစြာပင္ ဤသူသည္ သူ႕ကိုယ္သူလူယုတ္မာႀကီးဟု အထင္ေရာက္ေန႐ွာသည့္ ဂုဏ္သေရ႐ွိလူႀကီးလူေကာင္းတစ္ေယာက္သာ ျဖစ္ေခ်သည္။

သံသယဝင္ခံရမႈကို ေ႐ွာင္လႊဲလိုသည့္အလား ခ်ဴဟြမ္မွာ အလိုအေလ်ာက္ အနည္းငယ္လႈပ္႐ွား႐ုန္းကန္လိုက္မိၿပီး သူ၏ ခ်ိန္ညႇိႏိုင္စြမ္းပ်က္ယြင္းေနသည့္ကိုယ္ခႏၶာကို တစ္ျခမ္းတည္းသုံးလ်က္ သူ႕လက္ကိုျပန္ဆြဲယူရန္ ႀကိဳးပမ္းလာေခ်၏။

နန္႐ွန္းက သူ႕လက္ကို တင္းၾကပ္စြာခ်ဳပ္ထားေလသည္။ ခ်ဴဟြမ္မွာ ထုံက်ဥ္ေနေသာေၾကာင့္ ထိုသူမည္မွ်အားသုံးထားေၾကာင္းကို ခံစားသိ႐ွိႏိုင္စြမ္းမ႐ွိေသာ္လည္း ထိုအားစိုက္မႈေၾကာင့္ ထိုသူ႕လက္ဖမိုးတြင္ ေသြးေၾကာစိမ္းမ်ားၿပိဳင္းၿပိဳင္းထ‌ေနၿပီျဖစ္ေၾကာင္းကို ျမင္ေနရေပသည္။

ဤမွ်ေလာက္ၾကမ္းတမ္းခက္ထန္လ်က္ ေဒါသထြက္ေနေသာ နန္႐ွန္း၏မ်က္ႏွာထားကို အလြန္႐ွား႐ွားပါးပါးေတြ႕ရခဲလွ၏။ ထိုသူက ခ်ဴဟြမ္ကို စိတ္ဆိုးမာန္ဆိုးစူးစိုက္ၾကည့္လာကာ ေအးစက္စြာဆိုေလသည္။
"ဘာေတြ ႐ုန္းကန္ေနတာလဲ? မင္း ေသခ်င္ေနတာလား?"

ေမာင္ေခါင္းေျပာင္ေလး၏ဖခင္ျဖစ္သူက သူ႕သားအေပအေတအ႐ိုင္းအစိုင္းေလးကို လက္တစ္ဖက္တြင္ခ်ီထားလ်က္ ပူပန္စြာျဖင့္  အနားေရာက္လာေလ၏။
"ဘာဒဏ္ရာလဲ? ဘယ္လိုေနေသးလဲ?"

"ေလဒဏ္ရာ"
နန္႐ွန္းက ေျပာေနရင္းျဖင့္ သူ႕ခါးမွ ပုလင္းငယ္ေလးတစ္လုံးျဖဳတ္လိုက္ကာ ခ်ဴဟြမ္၏ႏႈတ္ခမ္းဝဆီသို႔ ေတ့ေပးလာေပသည္။
"မင္း ပါးစပ္ဟလိုက္"

ခ်ဴဟြမ္တစ္ေယာက္ သီးလုနီးပါးျဖစ္သြားရ၏။ သူသည္ ထိုအရာမ်ားမွာ ေဆးျမစ္ေဆး႐ြက္တို႔ျဖင့္ျပဳလုပ္ထားသည့္ တိုင္းရင္းေဆးတစ္မ်ိဳးမ်ိဳးျဖစ္မည္ဟု ထင္ခဲ့မိျခင္းျဖစ္ေခ်သည္။ လက္ေတြ႕တြင္ကား ဝင္လာေသာအရည္မ်ားမွာ ခပ္ေႏြးေႏြးျဖင့္ ညႇီစို႔စို႔အနံ႔တစ္မ်ိဳး႐ွိေနကာ ထူးျခားသည့္ သံေခ်းအနံ႔အရသာမ်ိဳးရေနလ်က္ - ေသြးတစ္ငုံစာျဖစ္ေၾကာင္း ထင္႐ွားလွ‌ေပ၏။

ဘာေသြးေတြမွန္းလည္း မသိရေလ။

"မ်ိဳခ်လိုက္"
နန္႐ွန္းက သူ႕ေမးေစ့ကိုဖိထားကာ သူ႕လက္တြင္ထည့္ထားသည့္ အင္အားပမာဏသည္ကား လုံးဝကိုမညင္သာလွေခ်။ ထိုသူသည္ ခ်ဴဟြမ့္လည္ေခ်ာင္းထဲသို႔ ထိုေသြးမ်ားကို ၾကမ္းတမ္းလွစြာ အတင္းအၾကပ္ေလာင္းခ်ေနသည့္နီးပါးပင္ျဖစ္၏။

ထိုသူ၏ ပုံမွန္ႏွင့္မတူေသာ ၾကမ္းတမ္းမႈက ခ်ဴဟြမ္၏စိုးရိမ္ေသာကမ်ားကို ထိန္းခ်ဳပ္ေပးႏိုင္လိုက္သည္။ ထိုသူသည္ အလြန္စိတ္ပူေနသည့္အမူအရာျဖင့္ ေသြးမ်ားကို အလ်င္အျမန္တိုက္ေကြၽးေနေပ၏။ ထိုသူ၏ လွပလြန္းသည့္မ်က္ဝန္းမ်ားကား မီးလွ်ံတစ္ခုစြဲၿငိေတာက္ေလာင္ေနသည့္အလား႐ွိေနကာ အလ်င္စလိုေျပးလာေသာေၾကာင့္ ေျပေလ်ာ့သြားၿပီျဖစ္ေသာ ထိုသူ၏ဆံႏြယ္႐ွည္မ်ားမွာ ခ်ဴဟြမ္၏ကိုယ္ခႏၶာတစ္ခုလုံးေပၚသို႔ ျဖာက်ဖုံးလႊမ္းလ်က္႐ွိေလသည္။

ခ်ဴဟြမ္ကား ထိုေနရာတြင္ပင္ စိတ္ညိႇဳ႕ခံလိုက္ရသကဲ့သို႔႐ွိေနလ်က္ ထိုတစ္ခဏအတြင္း သူ႕အေနျဖင့္ေတြးေနမိသည္မွာ : ေသြးတစ္ငုံစာမဆိုထားႏွင့္၊ နန္႐ွန္းက သူ႕လည္ပင္းကိုညႇစ္၍ က်န္႔႐ႊယ္ဖုန္းဟို*အဆိပ္ကို တိုက္ေကြၽးလာမည္ဆိုလွ်င္ပင္ တစ္ဖက္လူက သူ႕ကို ဤမွ်ေလာက္ခံစားခ်က္မ်ားျပည့္လွ်ံေနသည့္ မ်က္ဝန္းမ်ားျဖင့္ၾကည့္ေနသေ႐ြ႕...
[က်န္႔႐ႊယ္ဖုန္းဟို (见血封喉) - အဆိပ္႐ွိအပင္တစ္မ်ိဳးျဖစ္ပါတယ္။ ျမန္မာအေခၚေတာ့ ဆူးလည္းမသိပါဘူး။ အပင္ပုံေလးေတာ့ ေအာက္ဆုံးမွာထည့္ေပးထားပါမယ္။ ျမန္မာအေခၚသိရင္လည္း ေျပာျပသြားၾကပါဦးေနာ္။ Scientific name က Antiaris toxicaria ပါ။ တ႐ုတ္နာမည္ က်န္႔႐ႊယ္ဖုန္းဟို (见血封喉) ဆိုတဲ့အဓိပၸာယ္ကေတာ့ "ေသြးျမင္႐ုံျဖင့္ ႏႈတ္ပိတ္ၿပီး"ပါတဲ့။ ေ႐ွးတုန္းက ျမားဦးေတြထိပ္မွာ လူးေလ့႐ွိတဲ့အဆိပ္လို႔လည္း သိရပါတယ္]

သို႔ဆိုလွ်င္ နန္႐ွန္းကတိုက္ေကြၽးခ်င္ေနသမွ် သူ႕အေနျဖင့္ အားလုံးမ်ိဳခ်ရန္ ဆႏၵ႐ွိေနသည္သာ။

/က်စ္... ဒီဘဝမွာေတာ့ ဒီေကာင္ႀကီး နာမည္တစ္ခုေတာ့ရဖူးၿပီေပါ့.../

ေနာက္တစ္ဒဂၤအတြင္း၌ နန္႐ွန္းတစ္ေယာက္ သူ႕ပခုံးေပၚသို႔  ခ်ဴဟြမ္၏လက္ေမာင္းကိုတင္လိုက္လ်က္ ဒူးေနာက္ဖက္တံေကာက္ေကြးေနရာဆီသို႔ လက္လွမ္းလာေခ်၏။

ခ်ဴဟြမ္မွာ ထိုအျပဳအမူသည္ မည္သည့္အဓိပၸာယ္မ်ိဳးျဖစ္ေၾကာင္း သေဘာေပါက္လိုက္မိရကား သူ၏ 'ခ်မ္းေျမ့သာယာ ခ်စ္ရိပ္သာ'အေတြးတို႔ထဲတြင္ တဝဲလည္လည္ျဖစ္ေနရာမွ ႐ုတ္တရက္ႏိုးထလာေပေတာ့သည္။ သူက လ်င္ျမန္စြာပင္ လက္ကိုျပန္ဆန္႔တန္းထုတ္လိုက္ကာ သူ႕ကိုတိုက္႐ိုက္ေပြ႕ခ်ီေတာ့မည့္ နန္႐ွန္း၏လႈပ္႐ွားမႈကို ပါးနပ္ကြၽမ္းက်င္စြာ ေ႐ွာင္တိမ္းလိုက္ေလ၏။
"ေဟ့... ေနဦး။ ေနပါဦး။ ဘာလဲ? ငါ... ငါ့ကို... "

နန္႐ွန္းက သူ႕စကားကို ျဖတ္ေျပာလိုက္ေပသည္။
"အဲ့လိုမ်ိဳးကို မႀကိဳက္ဘူးလား? ဒါျဖင့္ ငါ မင္းကိုကုန္းပိုးမယ္"

ခ်ဴဟြမ္မွာ ထိုကမ္းလွမ္းခ်က္ကိုလည္း ျပတ္ျပတ္သားသားပင္ ျငင္းဆိုလိုက္ကာ သူ႕မာနႏွင့္သိကၡာတို႔ကို ထိန္းသိမ္းထားလိုက္လ်က္ ေနာက္ဆုံးလက္က်န္အင္အားကို ဖ်စ္ညႇစ္သုံးလိုက္ၿပီးေနာက္ ယိုင္တိယိုင္တိုင္ျဖင့္ မတ္တပ္ရပ္လာေလသည္။

စင္စစ္အားျဖင့္ ခ်ဴဟြမ္သည္ အလွေလးမ်ားအတြက္ဆိုလွ်င္ သူရဲေကာင္းမ်ားပင္ အားနည္းသြားတတ္ၾကေၾကာင္းကို လက္ခံထားႏွင့္ၿပီးျဖစ္ေသာ္လည္း မည္သို႔ပင္ဆိုေစကာမူ ထိုနာမ္စားသည္ "သူရဲေကာင္း" ဟူ၍သာျဖစ္ကာ အကယ္၍ "လူေပ်ာ့ညံ့တစ္ေယာက္" ဟု ေျပာင္းလဲအစားထိုးလိုက္မည္ဆိုပါက ထိုအျခင္းအရာသည္ ေလွာင္ေျပာင္စရာတစ္ခုအျဖစ္ ေျပာင္းလဲသြားမည္မဟုတ္ပါေလာ?

သူရဲေကာင္းႀကီးခ်ဴဟြမ္ကား ေလးလံလြန္း၍ ငိုက္စိုက္က်ေနသည့္ေခါင္း၊ အားတစ္စက္မွ်မ႐ွိေတာ့ဘဲ ေပ်ာ့ေခြေနသည့္ေျခေထာက္မ်ားျဖင့္ ေအာင္ျမင္စြာထလာႏိုင္ၿပီးသည့္ေနာက္ ခ်က္ခ်င္းပင္ ျပန္လဲက်လုနီးပါးျဖစ္သြားေခ်၏။  ေ႐ွာင္ဖန္းမွာ ထိုအျဖစ္ကိုျမင္လိုက္ရၿပီးေနာက္ လ်င္ျမန္သြက္လက္စြာပင္ ေျပးခ်လာကာ ခ်ဴဟြမ္အတြက္ လမ္းေလွ်ာက္တုတ္တစ္ေခ်ာင္းအျဖစ္ ကူညီေဆာင္႐ြက္ေပးရန္ ရည္႐ြယ္ခဲ့ေပသည္။ ရလဒ္အေနျဖင့္ကား သူ၏ စိတ္ရင္းေစတနာမွန္ျဖင့္ ႏွလုံးသားဆီမွစီးဆင္းထြက္ေပၚလာခဲ့သည့္ 'ကူညီပါရေစခင္ဗ်' ရည္႐ြယ္ခ်က္တို႔မွာ နန္႐ွန္းထံမွအၾကည့္တစ္ခ်က္ေၾကာင့္ ထိုေနရာတြင္ပင္ ရပ္တန္႔သြားရ႐ွာသတည္း။

နန္႐ွန္းက တိတ္ဆိတ္စြာျဖင့္ ခ်ဴဟြမ္၏ ဒဏ္ရာရမထားေသာလက္ေမာင္းတစ္ဖက္ကို သူ႕လည္ပင္းေပၚသို႔သိုင္းတင္လိုက္ကာ လက္တစ္ဖက္ကိုဆန္႔၍ ခ်ဴဟြမ္၏ေနာက္ေက်ာဘက္တြင္ အသင့္အေနအထားျဖင့္ထားလ်က္ ခ်ဴဟြမ္ကိုထိမေနဘဲႏွင့္ ထိန္း႐ုံသာထိန္း၍ ကာကြယ္ေပးထားေပ၏။

ခ်ဴဟြမ္တစ္ေယာက္ သူ႕ႏွလုံးအိမ္ထဲတြင္ သံသယေပါင္းမ်ားစြာတို႔ "ေၾကာင္ျပာေလး၏ အဘယ္ေၾကာင့္ေမးခြန္း ၃၀၀၀" * အျဖစ္ စီတန္းထြက္ေပၚေနၿပီျဖစ္ေသည္လည္း စကားတစ္ခြန္းမွမဆိုခဲ့ေလ။
["ေၾကာင္ျပာေလး၏ အဘယ္ေၾကာင့္ေမးခြန္း ၃၀၀၀" (蓝猫淘气三千问) - ကေလးေတြအတြက္ သိပၸံနဲ႔ဆိုင္တဲ့ဗဟုသုတေတြကို တင္ဆက္ေပးတဲ့ ပညာေပးတ႐ုတ္ကာတြန္းတစ္ခုပါ]

သို႔ရာတြင္ ယခုအခ်ိန္၌ သူသည္ သူ႕ရင္ထဲမွ အလြန္ခိုင္ၿမဲလွသည့္ ဝင္သက္တစ္ခ်က္အေပၚတြင္သာ အလုံးစုံမွီခိုပုံအပ္ထားေနရကာ သူပါးစပ္ဟလိုက္လွ်င္ပင္ ထိုေလတစ္႐ိႈက္စာကေလး ပ်ံ႕လြင့္ၿပိဳကြဲသြားမည္ကို စိုး႐ြံ႕ေနမိေလရာ သူ႕သံသယမ်ားကို ခ်ိဳးႏွိမ္၍သာထားလ်က္ ဟာလာဟင္းလင္းျဖစ္ေနသည္အထိ ႐ွင္းထုတ္ထားသည့္စိတ္ျဖင့္ ဆက္လက္ေလွ်ာက္လွမ္းေနရေခ်သည္။

မၾကာမီပင္ အထိအေတြ႕အာ႐ုံကို တစ္စက္ကေလးမွ်ပင္မခံစားရေတာ့ေလာက္ေအာင္ ထုံက်ဥ္ေနခဲ့ေသာ သူ႕ဘယ္ဖက္လက္ေမာင္းမွာ ပိတ္ထားသည့္ေသာ့တစ္ခုပြင့္လာသကဲ့သို႔ ခံစားလိုက္ရၿပီးေနာက္ - အဆိပ္ေျပစျပဳလာပုံရ၏။

သို႔ရာတြင္ ဤကိစၥသည္ ေကာင္းလွသည္ေတာ့မဟုတ္ေပ။ ထုံက်ဥ္ေနသည့္ခံစားခ်က္ အနည္းငယ္ေလ်ာ့ပါးသြားသည္ႏွင့္တစ္ၿပိဳင္နက္ သူ႕ဒဏ္ရာမွာ ႐ုတ္တရက္ ေသာင္းေပါင္းမ်ားစြာေသာပု႐ြက္ဆိတ္တို႔က အနက္႐ိႈင္းဆုံးေနရာအထိ လိႈက္စားေနသကဲ့သို႔ နာေနသည့္တစ္ေနရာခ်င္းမွ တစ္စိတ္တစ္ပိုင္းခ်င္းစီယားယံလာေတာ့သည္။ ထိုခံစားခ်က္မွာ ဒဏ္ရာေနရာမွအစျပဳလ်က္ ကိုယ္ခႏၶာတစ္ခုလုံးဆီသို႔ ေနရာလပ္မက်န္ပ်ံ႕ႏွံ႔လာကာ အထူးသျဖင့္ အဆစ္အျမစ္ေနရာမ်ားတြင္ ခံရအခက္ဆုံးျဖစ္ေနလ်က္ လူကို ေျမႀကီးေပၚတြင္သာ လူးလွိမ့္ေနခ်င္စိတ္ျဖစ္လာလုနီးနီးအထိ ဒုကၡေပးႏိုင္ပါ၏။

ခ်ဴဟြမ္ တစ္ခ်က္လႈပ္႐ွားလိုက္သည့္အခါတိုင္း သူ႕အ႐ိုးမ်ားကို ပိုးမႊားေပါင္းကုေဋကုဋာတို႔ ဝါးမ်ိဳကိုက္ခဲစားေသာက္ေနၾကသကဲ့သို႔ ခံစားေနရေခ်သည္။

သူ႕ဒဏ္ရာထဲမွ ညိဳပုပ္ပုပ္အေရာင္ေသြးမည္းမ်ား စတင္စီးထြက္လာၿပီျဖစ္ကာ ခ်ဴဟြမ္အေနျဖင့္ ထိုကိစၥကို ဂ႐ုမစိုက္ႏိုင္ေတာ့ေပ။ ေသြးမ်ားမွာ သူ႕႐ွပ္အက်ႌလက္မ်ားတြင္ လ်င္ျမန္စြာ႐ႊဲနစ္စြန္းထင္းလာကာ သူ႕လက္တစ္ေလွ်ာက္ တစက္စက္စီးက်ေနေလသည္။

သူ႕မ်က္ႏွာအေနအထားမွာ ပို၍အျမင္ရဆိုးလာေနလ်က္ သူ႕ကိုယ္ေပၚတြင္လည္း ေခြၽးေစးမ်ားပိုမိုမ်ားျပားလာကာ သူ႕ကိုယ္ေပၚတြင္လႊားထားသည့္ ေလကာအက်ႌသည္ပင္ ႐ႊဲ႐ႊဲစိုေနၿပီျဖစ္ေလ၏။

ဤကိစၥသည္ အဆိပ္ေျဖျခင္းႏွင့္ ဒဏ္ရာကုသျခင္းသာျဖစ္၍ ခ်ဴဟြမ္အေနျဖင့္ ဤမွ်ေလာက္အခံရခက္လိမ့္မည္ဟု မေမွ်ာ္လင့္ခဲ့ဘဲ - ဘိန္းျဖဴျဖတ္သည့္အခါ ၾကဳံေတြ႕ရသည့္ယင္းထျခင္းျဖစ္စဥ္သည္ပင္လွ်င္ သည့္ထက္ပို၍ မဆိုးႏိုင္ေလာက္ေခ်။

ခ်ဴဟြမ္၏ကိုယ္ခႏၶာမွာ နာက်င္မႈကိုခ်ဳပ္တည္းထားရျခင္းေၾကာင့္ အလိုအေလ်ာက္ ေတာင့္ေတာင့္ႀကီးျဖစ္ေနေပသည္။ အေၾကာင္းမသိသူမ်ားဆိုလွ်င္ ဤပုဂၢိဳလ္သည္ မာေက်ာၾကံ့ခိုင္လွသည့္စိတ္ဓာတ္ျဖင့္ မတ္မတ္ရပ္ေနသည္ဟု ထင္မိၾကမည္ျဖစ္၏။

ဤအေျခအေနျမင္ကြင္းမွာ လီယီမ်ိဳးႏြယ္စုတို႔၏ မ်က္လုံးထဲတြင္ အလြန္႔အလြန္အံ့အားသင့္စရာေကာင္းလွသည့္ အေနအထားပင္ျဖစ္ေလသည္။

ဤေနရာ႐ွိလူတိုင္းလိုလိုပင္ အဆိပ္ေျဖျခင္းလုပ္ငန္းစဥ္ဟူသည္ မည္သို႔မည္ပုံျဖစ္ေၾကာင္းကို သိ႐ွိၾကေခ်၏။ အခ်ိဳ႕သူမ်ားဆိုလွ်င္ ကိုယ္တိုင္ကိုယ္က်ပင္ ေတြ႕ၾကဳံခံစားခဲ့ၾကရဖူးေပသည္။ ကိုယ္တိုင္မၾကဳံေတြ႕ဖူးလွ်င္ပင္ ထိုသူမ်ားအေနျဖင့္ အျခားသူမ်ားခံစားရသည္အားျမင္ေတြ႕ရမည့္ အခြင့္အေရးကို ႏွစ္တိုင္းလိုလိုပင္ရၾကပါ၏။ သံမဏိတမွ်မာေက်ာၾကံ့ခိုင္လွသည့္ ေယာက်္ားသားႀကီးမ်ားပင္ ေအာ္ဟစ္ျမည္တမ္းလ်က္ လူးလွိမ့္ေနၾကရသည့္ျမင္ကြင္းတို႔မွာ လီယီမ်ိဳးႏြယ္စုဝင္တို႔၏ ႏွလုံးအိမ္ထဲဝယ္ အရိပ္ပမာစြဲထင္ေနခဲ့ေလသည္။

အခ်ိဳ႕သူမ်ားဆိုလွ်င္ အတိုင္းထက္အလြန္နာက်င္မႈေၾကာင့္ ကိုယ့္ေခါင္းကိုယ္ မဆိုင္းမတြ နံရံႏွင့္ဝင္ေဆာင့္ၾကသည္အထိ ျဖစ္ၾကသည္ဟုပင္ ဆိုၾကေပ၏။ တစ္ေယာက္ဆိုလွ်င္ ဤနည္းျဖင့္ ေခါင္းကြဲ၍ေသပြဲဝင္ခဲ့ရဖူးေလသည္။

ခ်ဴဟြမ္တစ္ေယာက္ သူေသခါနီးေနၿပီဟု ထင္ေယာင္ထင္မွားျဖစ္လာလ်က္ သတိလက္လြတ္ျဖင့္ မီရာကိုလွမ္းဆြဲလိုက္မိသည္တြင္ - ေက်ာက္ျဖဳတ္ထား၍ ေဟာင္းေလာက္ေပါက္ျဖစ္ေနေသာ ေခါင္းေဆာင္ႀကီး၏က်ိဳင္းကို လွမ္းဆြဲမိလ်က္သားျဖစ္သြားေလ၏။

က်ိဳင္းထိပ္ဖ်ားမွာ မီးစြဲေနဆဲျဖစ္၍ နန္႐ွန္းက ခ်ဴဟြမ္ လက္အပူေလာင္မည္ဆိုေသာေၾကာင့္ ထိုသူ႕လက္မ်ားကို ညင္သာစြာဆြဲခြာေပးလိုက္သည္။

ခ်ဴဟြမ့္လက္ေခ်ာင္းမ်ား႐ွိ အ႐ိုးအဆစ္တို႔မွာ ထင္ထင္႐ွား႐ွားေပၚေပၚလြင္လြင္မ႐ွိလွေသာေၾကာင့္ လက္စြပ္ဝတ္လွ်င္ အလြယ္တကူကြၽတ္မထြက္ဘဲ ေပကပ္၍ၿမဲျမံေနႏိုင္မည့္လက္မ်ိဳး မဟုတ္ေလရာ က်ိဳင္းႏွင့္ ခပ္ၾကမ္းၾကမ္းၿငိသြားၿပီးသည့္အခါတြင္ သူ႕လက္မွလက္စြပ္သည္ ႐ုတ္တရက္ကြၽတ္ထြက္သြားၿပီး ေျမေပၚသို႔က်သြားကာ ေက်ာက္တုံးတစ္ခုႏွင့္တိုက္မိၿပီးေနာက္ ခြၽင္ကနဲျမည္သြားေခ်၏။

ခ်ဴဟြမ္၏ ေလးလံေနေသာေျခလွမ္းမ်ားသည္ ခ်က္ခ်င္းရပ္တန္႔သြားကာ သူ႕မ်က္လုံးသူငယ္အိမ္လည္း ႐ုတ္တရက္က်ဥ္းေျမာင္းသြားရေပသည္။
"ခ်ဴ... ခ်ဴအိုက္ေကာ္"

သူ႕အသံမွာ အက္ကြဲေနသည့္အျပင္ စကားလုံးမ်ားသည္လည္း လည္ေခ်ာင္းထဲမွ အျပင္သို႔လုံးဝထြက္မလာသေလာက္ပင္ ျဖစ္ေန၏။ နန္႐ွန္းတစ္ေယာက္ သူ႕စကားကို တဒဂၤအတြင္ မၾကားႏိုင္လိုက္ေခ်။
"ဘာ?"

ခ်ဴဟြမ္ : "လက္စြပ္... လက္..."

အရိပ္အေျခၾကည့္၍ အလြန္လ်င္ျမန္စြာ အလိုက္သင့္အလ်ားသင့္ေဆာင္႐ြက္ေပးႏိုင္သည့္ အဆိပ္႐ွိေႁမြကေလးမွာ ခ်က္ခ်င္းေလွ်ာတိုက္ေရာက္ခ်လာၿပီးေနာက္ ေျမေပၚက်သြားသည့္လက္စြပ္ကို ကိုက္ခ်ီသယ္ေဆာင္လာလ်က္ နန္႐ွန္းအား မ်က္ႏွာခ်ိဳေသြးလာေပ၏။

ပလက္တီနမ္ေျပာင္အကြင္းေလးမွာ လူတစ္ေယာက္၏ကိုယ္မွအေႏြးဓာတ္ျဖင့္ ဖုံးလႊမ္းေနကာ ထိုပစၥည္းတြင္ စကားလုံးတို႔ျဖင့္ေဖာ္ျပ၍မရႏိုင္ေလာက္ေအာင္ အဖိုးထိုက္တန္လွသည့္အရာတစ္မ်ိဳးမ်ိဳး ကိန္းဝပ္ေနသည့္အလား႐ွိေလသည္။

နန္႐ွန္းတစ္ေယာက္ သူႏွင့္ခ်ဴဟြမ္တို႔ စကားစျမည္ေျပာခဲ့သည့္တစ္ခါတုန္းက တစ္ဖက္လူသည္ လက္စြပ္၏အဓိပၸာယ္ကို အတည္ေပါက္တစ္ဝက္ အ႐ႊန္းေဖာက္တစ္ဝက္ႏွင့္ ေျပာျပခဲ့ဖူးေလ၏။ နန္႐ွန္းမွာ တစ္ခ်က္မွ်ရပ္ေနမိၿပီးေနာက္မွ လက္စြပ္ကိုယူ၍ ခ်ဴဟြမ္ထံ ေပးလိုက္ေပသည္။

ခ်ဴဟြမ္ကား ခ်က္ခ်င္းပင္ ထိုပစၥည္းကို လက္ဖဝါးထဲ၌ဆုပ္ကိုင္ထားလ်က္ ထိုပစၥည္းမွာ သာမေညာင္ည ေျပာင္လက္စြပ္ကေလးတစ္ကြင္းမွ်သာမဟုတ္ဘဲ သူ႕စိတ္ဝိဉာဥ္တစ္ခုလုံးျဖစ္သည့္အတိုင္း ႐ွိေခ်၏။

နန္႐ွန္းက ထိုသူ၏ သတိလက္လြတ္တုံ႔ျပန္မႈကို တဒဂၤမွ်အတြက္ မ်က္ေတာင္မခတ္ စူးစိုက္ၾကည့္ေနမိကာ မလႈပ္မယွက္႐ွိေနေပသည္။ ထို႔ေနာက္ သူဘာေတြးမိသြားသည္မသိရဘဲ သူ႕အမူအရာမွာ ႐ုတ္တရက္ညိႇဳးငယ္သြားေလ၏။

သူမလႈပ္မယွက္ၿငိမ္သက္ေနသည္ကို ေ႐ွာင္ဖန္းတစ္ေယာက္ျမင္သြားၿပီးေနာက္ ဇေဝဇဝါျဖစ္သြားလ်က္ ေနာက္ျပန္လွည့္ၾကည့္လာေလသည္။
"ေခါင္းေဆာင္ႀကီး?"

နန္႐ွန္းက “င္း”ဟူ၍သာ တစ္ခ်က္ျပန္ေျဖလာကာ မ်က္လႊာခ်လ်က္ ခ်ဴဟြမ္၏ေနာက္ေက်ာတြင္ မထိမတို႔ေဝ့ဝဲေနခဲ့သည့္ သူ႕လက္ေမာင္းျဖင့္ ထိုသူ႕ခါးအား ရစ္သိုင္းလိုက္ေပသည္။ ထို႔ေနာက္ တြဲကူေဖးမျခင္းတစ္ဝက္၊ ေပြ႕ဖက္ထားျခင္းတစ္ဝက္ျဖင့္ ခ်ဴဟြမ္ကို မ်ိဳးႏြယ္စုဆီသို႔ျပန္ေခၚလာၿပီးေနာက္ နန္႐ွန္း၏ မ်ိဳးႏြယ္စုေခါင္းေဆာင္အိမ္တြင္ပင္ သူ႕ကိုေနရာခ်ေပးထား၏။

အားလုံးအျမင္မွားေနၾကျခင္းေပေလာ မသိရေသာ္လည္း ျမဴထုႀကီးသည္ ယခုအခ်ိန္တြင္ ယခင္ကေလာက္ သိပ္သည္းထူထပ္မေနေတာ့ပုံရေနေခ်သည္။

ေ႐ွာင္ဖန္းသည္ကား စိတ္မသာမယာျဖင့္ ျမင္းျဖဴႀကီးအား ၎၏ဒဏ္ရာႀကီးငယ္တို႔ကို ကုသေပးရန္အတြက္ ဆြဲေခၚသြားကာ နန္႐ွန္းကမူ အိပ္ရာနံေဘးတြင္ ထိုင္ခ်လိုက္ေလသည္။ ထိုသူက ခ်ဴဟြမ္တစ္ေယာက္ သတိလစ္ေနခ်ိန္တြင္ပင္ လက္စြပ္ကိုတင္းၾကပ္စြာဆုပ္ကိုင္ထားသည္ကို ၾကည့္ေနမိ၏။ နန္႐ွန္းတစ္ေယာက္ သူ႕လက္ျဖင့္ ထိုသူ႕လက္ကို ဆုပ္ကိုင္ထားလိုက္မိကာ က်စ္က်စ္ပါေအာင္ဆုပ္ထားသည့္ ထိုလက္ေခ်ာင္းမ်ားအား ဆြဲဖြင့္ခ်င္ေနသည့္အလား ႐ွိေနေပသည္။

သို႔ရာတြင္ ထိုလႈပ္႐ွားမႈမွာ လႈပ္လိုက္သည္ဆို႐ုံေလးမွ်သာျဖစ္၍ နန္႐ွန္းအေနျဖင့္ တကယ္အေကာင္အထည္မေဖာ္ျဖစ္ခဲ့ပါေခ်။

သူ႕ပခုံး႐ိုးမ်ား ႐ုတ္တရက္‌ေျပေလွ်ာက်သြားကာ သူ႕လက္ေခ်ာင္းမ်ားကိုလည္း လႊတ္ျဖည္‌လိုက္လ်က္ ေနာက္ဆုံးတြင္ ထိုသူသည္ ခ်ဴဟြမ္၏လက္မ်ားကို ေမြ႕ယာေစာင္ေအာက္သို႔သာ ညင္သာစြာ ျပန္ထည့္ေပးထားလိုက္ေတာ့သည္။

ထို႔ေနာက္ နန္႐ွန္းမွာ ခ်ဴဟြမ္ကို စူးစိုက္ၾကည့္‌ေနလ်က္ အခ်ိန္အေတာ္ၾကာေအာင္ ေငးငိုင္ေနခဲ့ေပ၏။

ခ်ဴဟြမ္ျပန္ႏိုးလာခ်ိန္ဝယ္ အခ်ိန္တစ္ေန႔ႏွင့္တစ္ညတိတိ ကုန္လြန္သြားခဲ့ေလၿပီ။

----------------

T/N:

Antiaris toxicaria


Please support NUG. အေရးေတာ္ပုံ ေအာင္ရမည္ 💪

May you all be safe from Covid, too 🙏

8.8.2021

❤❤❤

Continue Reading

You'll Also Like

1.9M 126K 82
ကိုယ့္ကိုမခ်စ္ဘူး အႀကိမ္ႀကိမ္ေျပာလည္း ကိုယ္ကေတာ့ ေနာင့္ကိုအၿမဲခ်စ္သြားမွာ❣️
368K 26.4K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
93.7K 5K 113
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann